← Chapters

တစ်လောကလုံး ဆွေးနွေးငြင်းခုံခြင်း၊ မိစ္ဆာဂိုဏ်း၏ လျှို့ဝှက် လှုပ်ရှားမှုများ

Vol. 11 Ch. 163

တစ်လောကလုံး ဆွေးနွေးငြင်းခုံခြင်း၊ မိစ္ဆာဂိုဏ်း၏ လျှို့ဝှက် လှုပ်ရှားမှုများ

Vol. 11 Ch. 163

~'ကောင်းကင်တာရာ မြေအသူရာ ဓားအခင်းအကျင်း’ သည်... 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ အဓိက အမှတ်တံဆိပ်ကြီးတစ်ခု ဖြစ်လာခဲ့ပြီး ဖြစ်လေသည်။

'...အရင်တုန်းက... ငါ 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ကို ဖန်တီးခဲ့တာက... ငါ့ရဲ့ 'ချီစွမ်းအင်' တွေကို ထုတ်လွှတ်ပြီး... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားနဲ့ ရောစပ်ဖို့ပဲ...။ အစွမ်းကတော့ လုံလောက်ပါတယ်...။ ဒါပေမဲ့... အသေးစိတ် သိမ်မွေ့မှုတော့ လိုသေးတယ်...။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားအပေါ် ငါ့ရဲ့ နားလည် သဘောပေါက်မှုက... အဲ့ဒီ အဆင့်ကို မရောက်သေးဘူးကိုး...'

ယခု... နင်ချီ၏ အခြေခံအုတ်မြစ်များ ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ... ၎င်းကို သဘာဝအတိုင်း ပိုမို အားကောင်းလာအောင် ပြုလုပ်နိုင်ပေပြီ။ ဤသည်မှာ သူ့အတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပါချေ။

'...ဒါပေမဲ့... အခုလက်ရှိ ငါ့ရဲ့ 'ကျောက်စိမ်းအရည် နယ်ပယ်'က 'ချီစွမ်းအင်' ပမာဏနဲ့ဆို... 'ကောင်းကင်ဘုံဓား ပြောင်းလဲခြင်း ကိုးမျိုး' ကတော့... တော်တော် လွယ်လွယ်ကူကူ ရှိပါသေးတယ်...။ ဒါပေမဲ့... ဒီထက် ပိုသွားရင်တော့... 'ကောင်းကင်တာရာ မြေမိစ္ဆာ ဓားအခင်းအကျင်း'နဲ့ အားအပြည့် ပေါင်းစပ်ဖို့တော့ ရနိုင်လောက်တယ်...။ အဲ့ဒီထက် ကျော်သွားရင်တော့... နောက်ဆက်တွဲမှာ နည်းနည်း အားနည်းသွားနိုင်တယ်...'

"...'ကောင်းကင်တာရာ မြေမိစ္ဆာ ဓားအခင်းအကျင်း'ကို... 'ကောင်းကင်ဘုံ ဓားနည်းစနစ်' နဲ့ အပြည့်အဝ တိုးတက်ပြောင်းလဲစေဖို့ဆိုရင်... 'မူလအမြုတေ နယ်ပယ်' ကို ရောက်ပြီးမှပဲ... အောင်မြင်နိုင်မယ်လို့ မျှော်လင့်ရမှာပဲ..."

"'ကောင်းကင်ယံမှ ဓားပေါင်း တစ်သောင်း' ကတော့... 'ကောင်းကင်ဘုံ လူသားနယ်ပယ်' ရောက်ပြီးမှပဲ ဖြစ်နိုင်မှာ..."

နင်ချီသည် အနည်းငယ် မျှော်လင့်နေမိသည်။

သူသည် ‘အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီ’ကို ကျင့်ကြံသူ ဖြစ်ပြီး လမ်းကြောင်းများစွာကို ကျွမ်းကျင်သူ ဖြစ်ပါ၏။ သို့တိုင်... လက်ရှိတွင်... သူ၏ 'ဓားတာအို' သည်... သတ်ဖြတ်နိုင်စွမ်းတွင် ဦးဆောင်နေခဲ့ပြီး... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' မှ အဆက်မပြတ် ရရှိနေသော တုံ့ပြန်မှုများ နှင့်အတူ... ဆက်လက်၍ ဦးဆောင်နေနိုင်ဖွယ် ရှိလေသည်။

'...ဒါပေမဲ့... 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ဆိုတာက... တကယ်တော့ 'ဓားစိတ်ဆန္ဒ’... 'ချီစွမ်းအင်' .. ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား... အဲ့ဒါတွေ ပေါင်းစပ်ထားတာပဲ...။ ငါ့ရဲ့ စွမ်းဆောင်နိုင်ရည်တွေနဲ့ဆို... ၎င်းကို 'ကောင်းကင်ဘုံ ဓားမသိုင်းနည်းစနစ် ဒါမှမဟုတ် 'ကောင်းကင်ဘုံ လှံသိုင်းနည်းစနစ်အဖြစ် ပြောင်းလဲလိုက်ဖို့က... ဘာပြဿနာမှ မရှိလောက်ဘူး...'

ဤသို့ တွေးမိသောအခါ... နင်ချီ၏ နှုတ်ခမ်းများ အနည်းငယ် အပြုံးရိပ် သမ်းသွားခဲ့သည်။ သူသည် လက်ဟန် တစ်ခု ဖော်ဆောင်လိုက်ရာ... ရဲရင့်သော ခရမ်းရောင် အငွေ့အသက်များ သန်းနေသည့် ဓားမရှည် တစ်လက်သည်... အခန်းထဲမှ ပျံထွက်လာပြီး...လက်ထဲသို့ ကျရောက်လာခဲ့သည်။

သူသည် ၎င်းကို ညင်သာစွာ ပွတ်သပ်လိုက်၏။

ယခုလေးတင်မှ ရရှိထားသော 'ကောင်းကင်မိုးကြိုး ဓားမ' သည်... ချက်ချင်းပင် စူးရှရှ မြည်ဟည်းလာလေ၏။.. ဓားမပေါ်တွင် လျှပ်စီးများ ထစ်ချုန်းသွားကာ... အထက် ကောင်းကင်လွှာမှ မိုးကြိုး စွမ်းအား တစ်မျိုးမျိုးနှင့်ပင် ပဲ့တင်ထပ်သွားခဲ့သည်။

'...ဒီဓားမ... နည်းနည်း ထူးဆန်းသားပဲ...။ 'ကောင်းကင်မိုးကြိုး'ရဲ့ စွမ်းအားကို ဆွဲဆောင်နိုင်ပုံ ရတယ်...။ ‘မိုးကြိုး တုန်ဟီး ဓားမ အရှင်'က... အရင်က ဒီဓားမကို သုံးပြီး... စွမ်းအင်တွေ စုစည်းခဲ့တာ...။ သူ့ရဲ့ 'ဓားမ စိတ်ဆန္ဒ' ကို ထပ်ပြီး ချဲ့ထွင်ခဲ့တာ...။ ဒါပေမဲ့... 'ကောင်းကင်မိုးကြိုး ဓားမ' ရဲ့ စွမ်းဆောင်ရည် အပြည့်အဝကိုတော့ ထုတ်မသုံးနိုင်ခဲ့ဘူး...။ ကံကောင်းတာက... ငါက 'ဓားမ တာအို' အကြောင်း နည်းနည်းပါးပါး တီးမိခေါက်မိတယ်...။ ပြီးတော့... အရင်က 'မိုးကြိုး ကျား အမြုတေတု'နဲ့ ပေါင်းစပ်ခဲ့ဖူးတော့... 'မိုးကြိုး တာအို' အကြောင်းလည်း နည်းနည်းလေး သဘောပေါက်ထားတာမို့...'

“ဟီးဟီးဟီး..”

နင်ချီသည် ခပ်ဖွဖွ ရယ်မောလိုက်သည်။

'ကောင်းကင်မိုးကြိုး ဓားမ' ကို ကိုင်ဆောင်ထားလျက်... သူသည် ၎င်းကို ဝှေ့ယမ်းလိုက်ရာ... 'မိုးကြိုးနဂါး ဓားမချီ' တစ်ခု တိုးထွက်လာခဲ့ပြီး... မက်မွန်ပင် တစ်ပင်ကို မထိမိခင်မှာပင်... ချက်ချင်း ပျောက်ကွယ်သွားစေခဲ့သည်။

အကယ်၍သာ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည်... ဤသို့ လွယ်ကူ အေးဆေးသော မြင်ကွင်းကိုသာ တွေ့မြင်သွားခဲ့ပါလျှင်...လုံးဝ အံ့ဩဘနန်း ဖြစ်သွားပေလိမ့်မည်။ သူ၏ အမှတ်သညာဖြစ်သော သိုင်းပညာကို... အခြားတစ်ယောက်၏ လက်ထဲတွင်... ပြီးပြည့်စုံစွာ ပုံတူကူးယူသွားရုံသာမက... သူ့ကိုပင် ကျော်လွန်သွားခဲ့လေပြီ ။

"'...မိုးကြိုးတုန်ဟီး ဓားမအရှင်' ကတော့... 'ဓားမ တာအို' မှာ ပါရမီရှင် တစ်ယောက်လို့ သေချာပေါက် သတ်မှတ်လို့ ရပါတယ်...။ 'မိုးကြိုးတုန်ဟီး လျှို့ဝှက်ကျမ်း' သာ ရောက်လာရင်... ငါ သေချာ ဂရုစိုက်ပြီး နားလည်အောင် လုပ်ရမယ်..."

နင်ချီသည် 'ကောင်းကင်ဘုံလူသား လျှို့ဝှက်ကျမ်း’ အပေါ်တွင် အလွန် စိတ်ဝင်စားနေဆဲ ဖြစ်၏။

ယခု အခြေခံအုတ်မြစ်ကို စုဆောင်းနေပြီး... အနာဂတ်တွင် 'ကောင်းကင်ဘုံ

လူသားနယ်ပယ်' သို့ တက်လှမ်းပြီးသည့်အခါ... သူသည် ပို၍ပင် သူ၏ ပတ်ဝန်းကျင်တွင် သက်သောင့်သက်သာ ရှိနေပေလိမ့်မည်။

အာရုံနောက်စေသော အရာများကို ဖယ်ရှားလိုက်ပြီး... နင်ချီသည် သူ၏ အကြည့်ကို 'ကောင်းကင်မိုးကြိုး ဓားမ' ထံသို့ ရွှေ့လိုက်သည်။ ယခင် 'စိမ်းပြာ နက်နဲ ရတနာ ချပ်ဝတ်'ကဲ့သို့ပင်... သူသည် ရတနာ ချပ်ဝတ် သို့မဟုတ် ဓားမ တစ်လက်ကို ရရှိရန် ရည်ရွယ်ခြင်း မဟုတ်...။ 'ကောင်းကင်မိုးကြိုး ဓားမ' ၏ အနှစ်သာရနှင့်... ၎င်းက မိုးကြိုး စွမ်းအားကို ဆွဲငင်သော လုပ်ဆောင်မှု နိယာမကိုပါ... နားလည် သဘောပေါက်ရန် မျှော်လင့်

နေခဲ့ပါသည်။

နင်ချီ့ထံတွင် ကြိုတင် ခံစားမိမှု တစ်ခု ရှိနေခဲ့သည်။

'...ငါသာ... ဒါကို ပုံတူ ကူးယူနိုင်ခဲ့ရင်... ငါ... 'ပြိုင်ဘက်ကင်း လျှို့ဝှက် နည်းစနစ်' တစ်ခု ရလာလိမ့်မယ်...'

အကယ်၍ သူသာ ၎င်းကို ပုံတူကူးယူနိုင်ခဲ့ပါလျှင်... သူသည် 'ပြိုင်ဘက်ကင်း လျှို့ဝှက် နည်းစနစ်' တစ်ခုကို ရရှိလိမ့်မည် ဖြစ်လေသည်။

'ချီစွမ်းအင်' များ ဝန်းရံ လှည့်ပတ်လာပြီး... ခရမ်းရောင် အငွေ့အသက်များသည် 'ကောင်းကင်မိုးကြိုး ဓားမ' ပေါ်တွင် ရစ်သိုင်းနေခဲ့သည်...။

နင်ချီသည် အတွေးထဲတွင် နစ်မြုပ်သွားခဲ့ပြီး... 'ကောင်းကင်မိုးကြိုး ဓားမ' ၏ ပြောင်းလဲမှုများကို အာရုံခံစားနေခဲ့ရာ... 'ဝိညာဉ် အလင်းတန်း' များမှာ... စမ်းရေတွင်း တစ်ခုပမာ... အဆက်မပြတ် စီးဆင်းနေခဲ့၏...။

သို့သော် ခဏအကြာတွင်... သူ ညင်သာစွာ ခေါင်းခါလိုက်သည်။

"'...တကယ် နားလည် သဘောပေါက်ချင်ရင်... ငါ... အထက် ကောင်းကင်ဘုံကို တက်ရလိမ့်မယ်...။ ဒါမှမဟုတ်... မိုးရွာတဲ့ ရာသီဥတုကို စောင့်ရလိမ့်မယ်..."

မိုးကြိုးကို ဆွဲဆောင်ရန်အတွက်... တစ်ဦးတစ်ယောက်သည် ကိုယ်ပိုင် အတွေ့အကြုံ တစ်ခု လိုအပ်ပေသည်...။ နင်ချီသည် 'ကောင်းကင်မိုးကြိုး' ၏ အစစ်အမှန် စွမ်းအားအပေါ်တွင်... အနည်းငယ် စိုးရိမ်ပူပန်မှု ရှိနေဆဲ ဖြစ်၏။

ဤလောကကြီးတွင်... အထက် ကောင်းကင်ဘုံ၌... ကြောက်မက်ဖွယ် လျှပ်စီးများ တည်ရှိနေသည်...။

'ကောင်းကင်ဘုံလူသားနယ်ပယ်' မှ ကျွမ်းကျင်သူ တစ်ဦးပင်လျှင်... အကယ်၍ အလွန် နက်ရှိုင်းစွာ စွန့်စား ဝင်ရောက်သွားပါက... အမှုန့်အဖြစ် ကြေမွသွားနိုင်သည်...။ ကောင်းကင်ယံ အလွန်ကို စူးစမ်းလေ့လာရန် ကြိုးပမ်းမှုများအကြောင်း... မှတ်တမ်းများစွာ ရှိခဲ့ပြီး... အားလုံးမှာ ကြောက်မက်ဖွယ် အကျိုးဆက်များဖြင့် ကျရှုံးခဲ့ရသည်သာ ဖြစ်လေသည်။

"...လောလောဆယ်တော့... 'မြို့စောင့် မြောက်ပိုင်းဘုရင်' က... 'အစစ်အမှန် သိုင်းတောင်' ပေါ်မှာ ရှိနေတုန်းပဲ...။ သူ ထွက်သွားမှ... ငါ ထပ်ကြိုးစား

ကြည့်မယ်...။ လောစရာ မလိုပါဘူး..."

နင်ချီသည် အလွန် စိတ်ရှည်သူ ဖြစ်ပြီး... 'ကောင်းကင်မိုးကြိုး ဓားမ' ကို ခဏမျှ လေ့လာပြီးနောက်... သူ၏ တည်ငြိမ်သော ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။

'ကောင်းကင်နှင့် မြေကြီး ကြိတ်စက်ဝန်း 'ချီ' စွမ်းအင် သန့်စင် နည်းစနစ်' ၏ တဒုန်းဒုန်း မြည်ဟည်းသံများသည်... သူ၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့ပြီး... နင်ချီ၏ စိတ်သည် လုံးဝ တည်ငြိမ် အေးချမ်းနေခဲ့တော့သည်။

...

ထိုအချိန်တွင်... 'တောက်ပအလင်း သိုင်းခန်းမဆောင်' ၌...။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် တာအိုဆရာ လုံရှန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။

စစ်ပွဲအပြီးတွင်... 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ချက်ချင်း မထွက်ခွာသွားသေးပါ...။ အကြောင်းမှာ... လီလင်က 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို နားလည် သဘောပေါက်

လိုသောကြောင့် ဖြစ်ရာ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ဤအရာကို ခွင့်ပြုခဲ့ရသည်...။

သူ၏ အတွင်းစိတ်ထဲမှ အချို့သော ရည်ရွယ်ချက်များကို အာရုံခံမိသဖြင့်... 'အစစ်အမှန်သိုင်းတောင်' ပေါ်တွင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။

ဤရက်များအတွင်း... 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် တိတ်တဆိတ် လေ့လာ အကဲခတ်ခဲ့ပြီး... 'အစစ်အမှန်သိုင်းဂိုဏ်း' သည် ထူးခြား ကောင်းမွန်လှသည်ဟု ပို၍ ပို၍ ခံစားလာရ၏။

'ထိုဂိုဏ်းမှ တပည့်များသည် အတော်လေး အရည်အချင်း ရှိကြပြီး... သူတို့ ပြသသော အချို့သော သိုင်းပညာများမှာ... သူ့ကိုပင် အံ့အားသင့်စေခဲ့သည်...။

ထိုကလေးများ၏ အခြေခံအုတ်မြစ်မှာ နက်ရှိုင်းလှသဖြင့်... နောက်ပိုင်းတွင် 'အစစ်အမှန်သိုင်း' အမွေအနှစ်၏ ဇာစ်မြစ်ကို သုတေသန ပြုလုပ်ရန်... သူ့ကို တွေးတောစေခဲ့သည်...။ ၎င်းမှာ မရိုးရှင်းဟု 'မြို့စောင့်မြောက်ပိုင်းဘုရင်’ ခံစားမိလေသည်။

သူ့အတွက် အကျေနပ်ဆုံးသော အပိုင်းမှာ... တာအိုဆရာ လုံရှန်း၏ သင်ကြားပြသနိုင်စွမ်းပင် ဖြစ်လေသည်။

အချို့လူများသည် သဘာဝအတိုင်း ဆရာများ ဖြစ်လာရန် သင့်တော်ကြသည်...။ ယခင်က... 'လော့ဖူ ဓားအရှင်' နှင့် ဖြစ်ပွားခဲ့သော အဖြစ်အပျက်သည်... 'မြို့စောင့်မြောက်ပိုင်းဘုရင်' အား... ဆရာတစ်ဦး ဖြစ်လာရန်မှာ... အစွမ်းခွန်အား တစ်ခုတည်းသာ မဟုတ်ဘဲ... ကိုက်ညီမှုသည်လည်း အရေးပါကြောင်း... နားလည် သဘောပေါက်သွားစေခဲ့သည်။

တာအိုဆရာလုံရှန်းက ကျွမ်းချန်အား သင်ကြားပေးနေသည်ကို သူ တွေ့မြင်ခဲ့ရပြီး... သူ့ကိုယ်တိုင်ပင် ထိုကဲ့သို့သော သင်ကြားမှု စွမ်းပကားကို မပိုင်ဆိုင်ကြောင်း မိမိကိုယ်ကို ဝန်ခံလိုက်ရသည်...။ ၎င်းက သူ၏ နှလုံးသားထဲမှ အတွေးကို ပိုမို အားကောင်းလာစေခဲ့ပြီး... ယနေ့၏ မြင်ကွင်းသို့ ဦးတည်လာစေခဲ့တော့သည်။

"မြို့စောင့်မြောက်ပိုင်းဘုရင်... 'အစစ်အမှန်သိုင်းတောင်' မှာ နေရတာ အဆင်ပြေရဲ့လား ခင်ဗျာ...။ တကယ်လို့... လစ်ဟင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင်... ကျွန်‌တော်တို့ကို ခွင့်လွှတ်ပါ..."

တာအိုဆရာလုံရှန်းသည် အဘယ့်ကြောင့် 'မြို့စောင့်မြောက်ပိုင်းဘုရင်' ယနေ့ လာရောက် လည်ပတ်သည်ကို နားမလည်နိုင် ဖြစ်နေခဲ့သော်လည်း... ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ပြန်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု တာအိုဆရာလုံရှန်း တွေးဆလိုက်သည်...။

မည်သို့ပင် ဆိုစေကာမူ... လွန်ခဲ့သော ရက်များအတွင်း သူသည် ရှားရှားပါးပါးသာ ပေါ်ထွက်လာခဲ့၏။

သို့သော်... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ထံမှ ပထမဆုံး စကားလုံးများက... တာအိုဆရာလုံရှန်းကို ဆွံ့အသွားစေခဲ့သည်။ သူသည် နွေးထွေးစွာ ပြုံးလိုက်သည်။

"စစ်မှန်သူ လုံရှန်း... ယဉ်ကျေးနေဖို့ မလိုပါဘူး...။ ကျုပ် ဒီနေ့ လာလည်တာက... တောင်းဆိုစရာ တစ်ခု ရှိလို့ပါ..."

"ပြောပါ... မြို့စောင့်မြောက်ပိုင်းဘုရင်...။ တကယ်လို့... အဲ့ဒါက...ကျွန်‌တော်တို့ 'အစစ်အမှန်သိုင်းဂိုဏ်း' ရဲ့ စွမ်းဆောင်နိုင်ရည် အတွင်းမှာ ရှိတယ်ဆိုရင်... ကျုပ်တို့ အစွမ်းကုန် ကြိုးစားပေးမှာ သေချာပါတယ်..."

တာအိုဆရာလုံရှန်း၏ မျက်နှာအမူအရာသည် တည်ကြည်သွားခဲ့သည်...။ သူသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ ယခင်က ဝင်ရောက် ကူပေးခဲ့သော ကျေးဇူးတရားကို အမြဲတမ်း သတိရနေခဲ့၏။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် လေးနက်သော မျက်နှာထားကို ပြသလိုက်သည်။

"ကျုပ်... လင်အာလေးကို... 'အစစ်အမှန်သိုင်းဂိုဏ်း' ထဲ ဝင်ခွင့်ပြုစေချင်တယ်..."

တာအိုဆရာလုံရှန်းမှာ ခက်ခဲသွားသည်ကို တွေ့လိုက်ရသည်...။

'...ဒုက္ခပါပဲ...။ အခုလေးတင်ပဲ... ကြီးကြီးကျယ်ကျယ် ကတိစကားတွေ ပေးလိုက်မိပြီးမှ... အရှက်ကွဲရတော့မှာပဲ...'

"အဲ…..ဒါက... ကျွန်တော်က... မလိုလားလို့တော့ မဟုတ်ပါဘူး...။ ဒါပေမဲ့... စီနီယာ ထျန်းကျန့်က... တပည့် လက်ခံဖို့... ဆန္ဒရှိမှာ မဟုတ်မှာကို... ကျွန်တော် စိုးရိမ်မိလို့ပါ..."

သူသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' က... လီလင်အား 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ကျောင်းတော်သို့ ဝင်ရောက်စေရန် ရည်ရွယ်သည်ဟု အလိုအလျောက် ထင်မှတ်လိုက်မိသည်...။ ၎င်းမှာ... မေးခွန်းထုတ်စရာ မရှိလောက်အောင်ပင်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' မှာ... သူ၏ ကိုယ်ပိုင် တပည့်ငယ်လေး ဖြစ်နေကြောင်း... သူတစ်ယောက်တည်းသာ သိရှိပြီး... တပည့်များ လက်ခံရန်မှာ မဖြစ်နိုင်သောကြောင့်တည်း။

'မြို့စောင့်မြောက်ပိုင်းဘုရင်' က ခေါင်းခါလိုက်ပြီး ရယ်မောလိုက်သည်။

"မဟုတ်ဘူး... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ ကျောင်းတော်ကို ဝင်ဖို့ မဟုတ်ပါဘူး...။ ကျုပ်က... လင်အာလေးကို... ခင်ဗျားရဲ့ ကျောင်းတော်ထဲ... စစ်မှန်သူ... ခင်ဗျားရဲ့ တပည့်အဖြစ် ဝင်စေချင်တာပါ...။ ကျေးဇူးပြုပြီး... စစ်မှန်သူ... သူ့ကို လက်ခံပေးပါ...။ တပည့်ခံတဲ့ အခမ်းအနားအတွက်... ကျုပ်... ရက်ရောတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးပါ့မယ်..."

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် တွေ့ဆုံပြီးနောက်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် အစွမ်းထက်သော်လည်း... ဆရာတစ်ဦး ဖြစ်လာရန် လုံးဝ မသင့်တော်ကြောင်း... သူ ခံစားမိလိုက်သည်...။ အလွန်အမင်း အေးစက်လွန်း... အလွန်အမင်း ခံစားချက် ကင်းမဲ့လွန်းနေ၏။

တာအိုဆရာလုံရှန်းမှာ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

'...ဟင်...။ 'မြို့စောင့်မြောက်ပိုင်းဘုရင်' က... လီလင်ကို... ငါ့တပည့် ဖြစ်စေချင်လို့ တောင်းဆိုလိမ့်မယ်လို့... ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး...'

"ဒါက... ကျွန်တော့်မှာ... ဘယ်လို အရည်အချင်း... ဘယ်လို စွမ်းဆောင်ရည်မျိုးများ ရှိနေလို့ပါလဲ...။ ကျွန်တော်က... မင်းသားလေးကို... နှောင့်နှေးကြန့်ကြာစေမှာ... စိုးရိမ်မိပါတယ်..."

သူသည် မိမိကိုယ်ကို သိရှိပါသည်...။ 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ မင်းသားလေးက တပည့်ခံရန် ရှာဖွေနေသည် ဆိုလျှင်... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ဝင် အစွမ်းထက် ပုဂ္ဂိုလ်များ အပါအဝင်... လူများစွာတို့က စိတ်အားထက်သန်စွာ လက်ခံကြမည်မှာ သေချာပါသည်...။ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အဆင့် နှစ်ဆယ့်တစ် ရှိသော 'လော့ဖူ ဓားအရှင်' ကို... တစ်ချိန်က ဘုရင့်စံအိမ်တော်သို့ ဖိတ်ကြားခဲ့သော်လည်း... နောက်ပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်း သူ ကြားသိခဲ့ရ၏။

တာအိုဆရာလုံရှန်းသည်... သူ နောက်ဆုံးတွင် 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၌ နေရာတစ်နေရာ ရရှိလိမ့်မည်ဟု ယုံကြည်သော်လည်း... သူသည် 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ယခုလေးတင်မှ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး... အခြေခိုင်အောင် စုဆောင်းရန် အချိန် လိုအပ်နေဆဲ ဖြစ်လေသည်။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် နေရာမှ ထရပ်လိုက်ပြီး... ဦးညွှတ်ကာ... ရိုးရာ အရိုအသေ ပေးလိုက်သည်။

"စစ်မှန်သူ... မိမိကိုယ်ကို နှိမ့်ချနေစရာ မလိုပါဘူး...။ ပွင့်ပွင့်လင်းလင်း ပြောရရင်... ခင်ဗျားရဲ့ သင်ကြားရေး နည်းလမ်းတွေကို ကျုပ် လေ့လာပြီးပါပြီ...။ လောက ထိပ်တန်းလို့တောင် သတ်မှတ်နိုင်ပါတယ်...။ လင်အာလေးက... သူ့အမေကို စောစောစီးစီး ဆုံးရှုံးလိုက်ရတော့... နည်းနည်း ဆော့ကစားလွန်းတယ်...။ ဒါပေမဲ့... 'အစစ်အမှန်သိုင်းတောင်' ပေါ်မှာတော့... သူ... ထူးထူးခြားခြား ပျော်ရွှင်နေခဲ့တယ်...။ တကယ်လို့... သူသာ ခင်ဗျားရဲ့ ကျောင်းတော်ထဲ ဝင်ခွင့်ရခဲ့ရင်... ဒါက သူ့ရဲ့ ကံကောင်းမှုပါပဲ...။ ကျုပ်မှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး...။ ကျုပ်က... လင်အာလေးအတွက်... ဆရာကောင်းတစ်ယောက် ရှာပေးချင်ရုံ သက်သက်ပါ...။ ကျေးဇူးပြုပြီး... ဒီတစ်ခုတည်းကိုတော့... ဖြည့်ဆည်းပေးဖို့ ကျုပ် တောင်းဆိုပါတယ်..."

'မြို့စောင့်မြောက်ပိုင်းဘုရင်’၏ စကားလုံးများမှာ ရိုးသားလှပြီး... သူ၏ အမူအရာမှာ အလွန် နှိမ့်ချနေခဲ့သည်။

အတိတ်တွင်... သူသည် လီလင် ပစ်မှတ်ထားခံရမည်ကို စိုးရိမ်၍ မလိုလားခဲ့သော်လည်း... ယခု 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အစွမ်းထက်သော ပြသမှုနှင့်... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' က ဓားသမားများစွာကို ဆွဲဆောင်နေခဲ့ရာ... လုံခြုံရေး အခြေအနေမှာ ကြီးမားစွာ မြင့်တက်လာခဲ့လေပြီ။

အကယ်၍ သူသာ အစွမ်းထက် ပုဂ္ဂိုလ်များစွာကို 'အစစ်အမှန်သိုင်းမြို့တော်' တွင် အခြေချ နေထိုင်ရန် စီစဉ်ပေးလိုက်ပါလျှင်... လီလင်သည် ဘုရင့်စံအိမ်တော်တွင် နေထိုင်သည်ထက်ပင် ပိုမို လုံခြုံသွားနိုင်သည်...။ အကြောင်းမှာ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ကိုယ်တိုင်... လီလင်၏ ပတ်ဝန်းကျင်တွင် အမြဲတမ်း ရှိမနေနိုင်သောကြောင့် ဖြစ်၏။

တာအိုဆရာလုံရှန်းသည် စိတ်လှုပ်ရှားသွားခဲ့သည်။ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ အဆင့် ခုနစ် ချိတ်သော ပြိုင်ဘက်ကင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက... သူ့ကိုယ်တိုင်ထံသို့ ဤမျှ ရိုးသားစွာ ဦးညွှတ် တောင်းဆိုခြင်းသည်... 'အစစ်အမှန်' ရည်ရွယ်ချက်ကို ပြသနေခဲ့သည်။

သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်...။

'...မိဘတွေရဲ့ နှလုံးသားက... ဘယ်လောက်တောင် ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပါသလဲ...'

တာအိုဆရာလုံရှန်းသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' ကို ထူမပေးလိုက်ပြီး... သူ၏ အတွေးများကို ဖော်ထုတ် ပြောကြားလိုက်သည်။

"မြို့စောင့်မြောက်ပိုင်းဘုရင်... ဒီလို မလုပ်ပါနဲ့...။ ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျွန်တော်လည်း... ဒီကလေး... လီလင်ကို တော်တော်လေး သဘောကျပါတယ်...။ သူ့ရဲ့ နားလည်နိုင်စွမ်းနဲ့..ကျင့်ကြံခြင်း အရိုးက.. ထူးချွန်ပြီး... 'ဓားတာအို' အပေါ်မှာလည်း... ရိုးသားမှု ရှိတယ်...။ ကောင်းကောင်း သွေးပေးလိုက်ရင်... ကြီးကျယ်တဲ့ အောင်မြင်မှုတွေ သေချာပေါက် ရရှိမှာပါ..."

"မြို့စောင့်မြောက်ပိုင်းဘုရင်ရဲ့ ယုံကြည်မှုကို ရရှိတဲ့အတွက်... ဂုဏ်ယူပါတယ်...။ ဒီနေ့ကစပြီး... သူက... ကျွန်တော့် ကျောင်းတော်ရဲ့... ဆယ့်တစ်ယောက်မြောက် ''အစစ်အမှန်' မျိုးဆက်' ဖြစ်လာပါပြီ..."

'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ ရည်ရွယ်ချက်ကို နားလည် သဘောပေါက်သွားသောအခါ... တာအိုဆရာလုံရှန်းသည် ပြတ်သားစွာ သဘောတူညီလိုက်သည်။

သူသည် မြှောက်ပင့် ပြောဆိုနေခြင်း မဟုတ်...။ လီလင်၏ မွေးရာပါ အရည်အချင်းအရ... သူသည် အမှန်တကယ်ပင် ထိုက်တန်သော တပည့်တစ်ဦး ဖြစ်ပါသည်...။

ကလေး၏ မူလစရိုက်မှာ အနည်းငယ် ဆော့ကစားလွန်းသော်လည်း... အခြေခံအားဖြင့် ကြင်နာသော နှလုံးသား ပိုင်ရှင် ဖြစ်၏။ ယခင်က... 'လော့ဖူ ဓားအရှင်' က ဓားကို အတင်းအကျပ် ငှားရမ်းရန် ကြိုးပမ်းသောအခါ... မင်းသားလေးသည် တက်ကြွစွာ ရှေ့ထွက်၍ ဆန့်ကျင် ပြောဆိုခဲ့သည် မဟုတ်ပါလော...။

ဤအချက်အပြင်...

လီလင်ကို တပည့်အဖြစ် လက်ခံလိုက်ခြင်းသည်လည်း... 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ နောက်ကွယ်တွင် ခိုင်မာသော အထောက်အပံ့တစ်ခု ရပ်တည်နေပြီဟု အဓိပ္ပာယ် သက်ရောက်ပေသည်...။ အနာဂတ်တွင် 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ဒုက္ခပေးလိုသော အခြားသူများသည်... ဂရုတစိုက် စဉ်းစားရပေတော့မည်။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် အပြုံးတစ်ပွင့်ကို ပြသလိုက်သည်။

သူ၏ နှလုံးသားထဲမှ အလေးချိန်တစ်ခု လျော့ပါးသွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်... စစ်မှန်သူ...။ ဒါ့အပြင်... နောက်ထပ် တစ်ခု ရှိပါသေးတယ်...။ လင်အာလေးက... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ 'ဓားတာအို' ကို... အလွန်အမင်း လေးစား ကြည်ညိုပါတယ်...။ ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို... ခင်ဗျားကတစ်ဆင့်... ဖြတ်သန်း ပြောကြားပေးလို့ ရနိုင်မလား...။ တကယ်လို့... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က... သူ့ရဲ့ 'ဓားတာအို' ကို... လင်အာလေးနဲ့ မျှဝေပေးဖို့ ဆန္ဒရှိတယ်ဆိုရင်... ကျုပ်... ကျုပ်ရဲ့ 'ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း'နဲ့ လဲလှယ်ဖို့ ဆန္ဒရှိပါတယ်...။ ဒါမှမဟုတ်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အတွက်... တခြား စိတ်ဝင်စားစရာ အမွေအနှစ်တွေကို... ရှာဖွေပေးဖို့လည်း... ဆန္ဒရှိပါတယ်..."

တာအိုဆရာလုံရှန်းသည် အတွင်းစိတ်ထဲတွင် လှုပ်ရှားသွားပြီး... ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့၊ တကယ်လို့... ကျွန်တော့်မှာ... စီနီယာ ထျန်းကျန့်နဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရခဲ့ရင်... ကျွန်တော်... အမှန်အတိုင်း ဖြတ်သန်း ပြောကြားပေးပါ့မယ်…”

All Chapters