အထက် ကောင်းကင်ဘုံသို့ ခရီးနှင်ခြင်း၊ မိုးရွာသောညတွင် ဉာဏ်အလင်းပွင့်ခြင်း
Vol. 11 Ch. 164
~အစစ်အမှန်သိုင်းတောင်ပေါ်တွင်။
တပည့်များစွာ စုရုံးနေကြပြီး... လီလင် ၏ ဂိုဏ်းဝင် အခမ်းအနားကို ကျင်းပနေကြသဖြင့်... လေထုမှာ သက်ဝင် လှုပ်ရှားနေခဲ့၏။
လီလင်သည် မြေပြင်ပေါ်တွင် လေးစားစွာ ဒူးထောက်လိုက်ပြီး... ဦးညွှတ်လိုက်ကာ... ထို့နောက် သူ၏ ဆရာအတွက် လက်ဖက်ရည်ကို ဆက်သလိုက်သည်။
"ဆရာ... လက်ဖက်ရည် သုံးဆောင်ပါ..."
'...နောက်ဆုံးတော့... ငါ 'အစစ်အမှန်သိုင်းဂိုဏ်း' ထဲ ဝင်ခွင့်ရပြီ...။ ဟား...။ ဒီရက်ပိုင်းတွေ တွေ့ရ မြင်ရတာတွေက... ဒီဂိုဏ်းကို တကယ် သဘောကျစေတယ်...။ အထူးသဖြင့်... ဟို တပည့်စစ်စစ်တွေကြားက ညီအစ်ကို သံယောဇဉ်မျိုး...။ ငါ့မှာကျတော့... စံအိမ်တော်မှာ... တစ်ယောက်တည်း... တကယ် အထီးကျန်တာ...'
သူ့အနားသို့ ချဉ်းကပ်လာသော တော်ဝင်မိသားစုဝင်များမှာ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ သား ဆိုသော အဆင့်အတန်းကြောင့်သာ ပို၍ ဖြစ်ကြ၏။
တာအိုဆရာလုံရှန်း သည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း ပြုံးလိုက်သည်။
"ထတော့...။ ဒီနေ့ကစပြီး... မင်းက 'အစစ်အမှန်သိုင်းဂိုဏ်း' ရဲ့... ဆယ့်တစ်ယောက်မြောက် တပည့်စစ်စစ် ဖြစ်သွားပြီ...။ ငါတို့ဂိုဏ်းမှာ... တင်းကျပ်တဲ့ စည်းကမ်းတွေတော့ မရှိပါဘူး...။ ကိုယ့်ရဲ့ ကြည်လင်တဲ့ အသိစိတ်ဓာတ်နဲ့အညီပဲ ပြုမူ လုပ်ဆောင်ပါ...။ ဒီအချက်ကိုတော့... မင်း... အမြဲတမ်း သတိရနေရမယ်..."
သူသည်လည်း စိတ်ခံစားမှု ကောင်းမွန်နေခဲ့၏။
'...ဒီတစ်ခေါက်တော့... အရည်အချင်းကောင်းတဲ့ တပည့် နှစ်ယောက် ဆက်တိုက် လက်ခံရတာပဲ...။ ဟိုးအရင်... 'ချင်းဟယ်'တို့ကို သင်ပေးတုန်းကလို... စိတ်အားထက်သန်မှုတွေ... ပြန်ရလာသလိုပဲ...'
"ကျွန်တော်... နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားပါ့မယ်..."
လီလင်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
လူတိုင်း ပျော်ရွှင်စွာ ရယ်မောလိုက်ကြပြီး... ဂုဏ်ပြုစကား ဆိုကြလေသည်။
လီလင်သည် သူ၏ စီနီယာ အစ်ကို အစ်မများကို နှုတ်ဆက်လိုက်ပြီး... နင်ချီနှင့် အခြားသူများကလည်း ပြုံးလျက် လက်ဆောင်များ ပေးအပ်ကြသည်...။ ကျွမ်းချန် မှာ အတော်လေး စိတ်လှုပ်ရှားနေခဲ့၏...။
'...ငါနဲ့ လီလင်က... အစကတည်းက တော်တော် တည့်တာ...။ အခု... မျက်စိတစ်မှိတ်အတွင်း... စီနီယာနဲ့ ဂျူနီယာ ညီအစ်ကိုတွေ ဖြစ်သွားလိမ့်မယ်လို့ ဘယ်ထင်မှာလဲ...။ ဘဝဆိုတာ... တကယ် ထူးဆန်းတာပဲ...'
'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရပြီး... စိတ်သက်သာရာ ရစွာ ပြုံးလိုက်မိသည်။
သူ၏ ရွေးချယ်မှု မှန်ကန်ခဲ့သည်ဟု သူ ခံစားလိုက်ရ၏။
လီလင်၏ ဂိုဏ်းဝင် အခမ်းအနားကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုပြီးနောက်... သူသည် တောင်အောက်သို့ ဆင်းသက်၍ ထွက်ခွာသွားခဲ့သည်...။
သို့သော်... မထွက်ခွာမီ... သူသည် တာအိုဆရာလုံရှန်းနှင့်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. ထံမှ 'ဓားတာအို' အမြင်များ ဖလှယ်ခွင့်ရရန်... ဆွေးနွေးခဲ့ပြီး... လီလင် တစ်ဦးတည်းသာ ကြည့်ရှုမည် ဖြစ်ကြောင်းနှင့်... သူကိုယ်တိုင်မှာမူ... လုံးဝ ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ကတိပေးခဲ့လေသည်။
ထို့အပြင်... သူသည် တာအိုဆရာလုံရှန်းအား... 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ အနီးအနားတွင် ကျွမ်းကျင်သူ အများအပြားကို စီစဉ်ပေးထားမည် ဖြစ်ကြောင်း... ထို့ကြောင့်... အကယ်၍ အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက... သူတို့ကို လွတ်လပ်စွာ ဆက်သွယ်နိုင်ကြောင်း... ပြီးလျှင်... လီလင်၏ ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်များကိုလည်း... ပြင်ဆင်ပေးထားမည် ဖြစ်ကြောင်း... ထပ်လောင်း ပြောကြားခဲ့လေသည်။
ဤသည်မှာ... တာအိုဆရာလုံရှန်းကို အတော်လေး စိတ်လှုပ်ရှားသွားစေခဲ့သည်။
...
ရက်အနည်းငယ် ကြာပြီးနောက်၊
တာအိုဆရာလုံရှန်းသည် လီလင်အား... 'အစစ်အမှန်သိုင်း' အမွေအနှစ်ကို... တရားဝင် စတင် သင်ကြားပေးခဲ့သည်...။ သူသည် လီလင်အား... 'ပိအန်း ခန္ဓာကျင့်စဉ်' အား သင်ကြားပေးရန် စီစဉ်ထား၏။
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲတွင်။
လော့ဝမ်ထျန်းနှင့် ရှုံးရှီ တို့သည် ရပ်ကြည့်နေကြသည်...။ ထို
မြင်ကွင်းကို မျက်မြင်တွေ့နေရစဉ်... သူတို့၏ နှလုံးသားများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်...။
'...လွန်ခဲ့တဲ့ ခြောက်နှစ်... ခုနစ်နှစ်လောက်တုန်းက... ကိုးလေး (နင်ချီ) လည်း... ဒီ သိုင်းလောက လမ်းကြောင်းပေါ်ကို စစ ခြေချတုန်းက... ဆရာက... သူ့ကို 'ပိအန်း ခန္ဓာကျင့်စဉ်' ကို ဒီနေရာမှာပဲ သင်ပေးခဲ့တာ...'
'...အခု... မြင်ကွင်းက ပြန်ပေါ်လာပေမဲ့... သင်ယူတဲ့သူကတော့ ပြောင်းသွားပြီ...'
လီလင်သည် ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သော်လည်း... နင်ချီ၏ ထူးကဲလှသော အရည်အချင်းနှင့် နှိုင်းယှဉ်ပါက... သူသည် များစွာ နောက်ကျ ကျန်နေခဲ့သေး၏။
သူတို့ နှစ်ဦးသား အပြုံးတစ်ချက် ဖလှယ်လိုက်ကြပြီး... နှစ်ဦးလုံး သူတို့၏ အတိတ်မှ အဆင်မပြေ ဖြစ်ခဲ့ရမှုများကို ပြန်လည် သတိရသွားကြသည်။
'...ဆရာက... လီလင်ကို 'ပိအန်း ခန္ဓာကျင့်စဉ်' သင်ပေးတာ... နည်းနည်းတော့ အံ့ဩစရာပဲ...။ ဒါပေမဲ့... ပြန်စဉ်းစားကြည့်တော့လည်း... ဒါက မှန်ပါတယ်လေ...'
လီလင်မှာမူ အတော်လေး စိတ်လှုပ်ရှားနေခဲ့၏။
'...ဒီရက်ပိုင်းတွေ... ဆယ်လေး (ကျွမ်းချန်) ဆီက... 'အစစ်အမှန် သိုင်း ခန္ဓာကျင့်စဉ် ကိုးခု' နဲ့... 'ကောင်းကင်ဘုံလူသား' ကိုးယောက်က 'သိုင်းသူတော်စင်'ကို တိုက်ခိုက်ခဲ့တဲ့ အကြောင်းတွေ... ခဏခဏ ကြားနေရတာ...။ ငါတော့... ဒီ 'အစစ်အမှန် သိုင်း ခန္ဓာကျင့်စဉ် ကိုးခု' ကို လေ့လာခွင့်ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ...။ အခု... ဆရာက... ငါ့ကို သင်ပေးမယ်တဲ့...'
သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း... ကျွမ်းချန် ထံမှ 'အစစ်အမှန် သိုင်း ခန္ဓာကျင့်စဉ် ကိုးခု' နှင့်... 'ကောင်းကင်ဘုံလူသား' ကိုးဦးက 'သိုင်းသူတော်စင်' ကို တိုက်ခိုက်ခဲ့သည့် အကြောင်းအရာများကို... အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရပြီး... မူလက သူ 'အစစ်အမှန် သိုင်း ခန္ဓာကျင့်စဉ် ကိုးခု' ကို လေ့လာရန် အခွင့်အရေး ရရှိတော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း... မမျှော်လင့်ဘဲ... သူ၏ ဆရာက သူ့ကို သင်ကြားပေးခဲ့လေသည်။
သို့သော်... စိတ်လှုပ်ရှားမှု အပြီးတွင်... သူသည် တုံ့ဆိုင်းစွာ မေးမြန်းလိုက်မိသည်။
"ဆရာ... စီနီယာအစ်ကို ကိုး (နင်ချီ) က... 'ပိအန်း ခန္ဓာကျင့်စဉ်' ကို ကျင့်ကြံနေတာ မဟုတ်ဘူးလား...။ ကျွန်တော်က... ဒီသိုင်းကွက်ကို လေ့ကျင့်လိုက်ရင်..."
သူသည် စီနီယာအစ်ကို ကိုးထံမှ တစ်စုံတစ်ရာကို ယူလိုက်သကဲ့သို့... အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်...။ 'အစစ်အမှန် သိုင်း ခန္ဓာကျင့်စဉ် ကိုးခု' ကို... တစ်ဦးလျှင် တစ်ခုသာ ကန့်သတ်ထားကြောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသော်ငြားလည်း... တပည့်များအားလုံး ထိုသို့ ထင်မှတ်နေကြလေသည်။
တာအိုဆရာလုံရှန်းက ပြုံးလိုက်ပြီး ဆိုသည်။
"ပြဿနာ မရှိပါဘူး...။ ကိုးလေးမှာ... သူ့ရဲ့ ကိုယ်ပိုင် လမ်းကြောင်း ရှိတယ်...။ နောက်ပိုင်း... 'ပိအန်း ခန္ဓာကျင့်စဉ်' နဲ့ ပတ်သက်ပြီး... မင်း နားမလည်တာတွေ ကြုံလာခဲ့ရင်... သူ့ကို တိုင်ပင် ဆွေးနွေးလို့ ရတယ်...။ ကိုးလေးရဲ့ 'ပိအန်း ခန္ဓာကျင့်စဉ်' က... ဒီဆရာ့ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်ကွ..."
သူ လီလင်အား 'ပိအန်း ခန္ဓာကျင့်စဉ်' ကို သင်ကြားပေးရန် ရွေးချယ်လိုက်ခြင်းသည်... ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း မဟုတ်ဘဲ... စဉ်းစား ချင့်ချိန်ထားသော အစီအစဉ်တစ်ခုသာ ဖြစ်လေသည်။
'အစစ်အမှန် သိုင်း ခန္ဓာကျင့်စဉ် ကိုးခု' သည်... 'အစစ်အမှန်သိုင်း' အမွေအနှစ်၏ အခြေခံအုတ်မြစ် ဖြစ်သည်...။
ကနဦးတွင်... 'ချင်ယွင်’ ၏ ထွက်ခွာသွားခြင်းက...တာအိုဆရာလုံရှန်းကို စိတ်သောက ရောက်စေခဲ့ပြီး... ဤကိစ္စရပ်တွင် အခက်အခဲ ကြုံတွေ့ခဲ့ရသည်...။
သို့သော် နောက်ပိုင်းတွင်... အစ်ကိုကြီး 'နတ်ဘုရားဓား’ က...မသေဆုံးမီ... ကျွမ်းချန်ကို သူ့ထံ အပ်နှံခဲ့ခြင်းက... တာအိုဆရာလုံရှန်း၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ချိုးဖျက်ပေးခဲ့လေသည်။
ထိုသို့ ဖြစ်လာခဲ့သောကြောင့်... ၎င်းသည် ကိုးကွက်ကို ပြန်လည် စုစည်းလိုက်ခြင်းမျှသာ ဖြစ်၏။
နင်ချီသည် 'အစစ်အမှန်သိုင်း လမ်းစဉ် စောင့်ရှောက်သူ’ ဖြစ်ပြီး... 'အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်’ကို လေ့ကျင့်နေရာ... 'ပိအန်း ခန္ဓာကျင့်စဉ်' မှာ လစ်လပ်သွားခဲ့လေသည်။
မမျှော်လင့်ဘဲ... နောက်ပိုင်းတွင် သူ နောက်ထပ် တပည့်များ လက်ခံနိုင်ဖွယ် မရှိတော့ပေ။
လီလင်မှာ အတော်လေး တုန်လှုပ်သွားခဲ့သည်...။
သူသည် စီနီယာအစ်ကိုကိုး ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ...။ ဤအချိန်အတွင်း... သူသည် ကျွမ်းချန်ထံမှ စီနီယာအစ်ကိုကိုး၏ ထူးခြားသော စွမ်းရည် အများအပြားကို ကြားသိခဲ့ရသော်လည်း... 'ပိအန်း ခန္ဓာကျင့်စဉ်' ကို... သူ၏ ဆရာထက်ပင် ပိုမို နက်ရှိုင်းစွာ လေ့ကျင့်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"လာ... ဆက်လေ့ကျင့်ရအောင်..."
တာအိုဆရာလုံရှန်းသည် 'ပိအန်း ခန္ဓာကျင့်စဉ်' ၏ အနှစ်သာရကို ရှင်းပြလိုက်ရာ... လီလင်သည်... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ သား အမှန်တကယ်ပင် ဖြစ်၍... ချက်ချင်း သဘောပေါက် နားလည်သွားခဲ့သည်...။
၎င်းက... တာအိုဆရာလုံရှန်းအား... ဆရာ တစ်ဦး၏ ပျော်ရွှင်မှုများကို အပြည့်အဝ ခံစားစေနိုင်ခဲ့၏။
ခဏအကြာတွင်... သူသည် လော့ဝမ်ထျန်းနှင့် ရှုံးရှီ တို့ကို... လီလင်နှင့်အတူ လေ့ကျင့်စေခဲ့ပြီး... သူကိုယ်တိုင်မှာမူ... 'တာအိုရှာဖွေခြင်း ကျောင်းတော်'ဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
'တာအိုရှာဖွေခြင်း ကျောင်းတော်' ထဲတွင်...။
နင်ချီသည် 'ကောင်းကင်မိုးကြိုး ဓားမ' အား ဆက်လက်၍ နားလည် သဘောပေါက်ရန် ကြိုးစားနေခဲ့သည်...။
'မြို့စောင့်မြောက်ပိုင်းဘုရင်' တောင်အောက်သို့ ဆင်းသက်သွားပြီးကတည်းက... သူသည် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။... သတိကြီးစွာ ထားနေစရာ မလိုတော့ဘဲ... 'ဓားမ စိတ်ဆန္ဒ' အား မကြာခဏ ထုတ်လွှတ်ကာ... 'မိုးကြိုးနဂါး ဓားမချီ' ကို ဝှေ့ယမ်းလျက်... ၎င်း၏ ပြောင်းလဲမှုများကို မြည်းစမ်းနေခဲ့သည်...။
သူသည် လုံလောက်စွာ ပြင်းထန်သော မိုးကြိုးမုန်တိုင်း ရာသီဥတုကို စောင့်ဆိုင်းနေခဲ့ပြီး... အကယ်၍ မဖြစ်နိုင်ပါက... အထက် ကောင်းကင် သို့ လေ့လာရန် တက်ရောက်ရန် စီစဉ်ထားခဲ့၏။
ဟုတ်ပါသည်... သူသည် သူ၏ အသက်ကို တန်ဖိုးထားပြီး... နက်ရှိုင်းစွာ ဝင်ရောက် စူးစမ်းမည် မဟုတ်သည်မှာ သေချာပါ၏။
တာအိုဆရာလုံရှန်း 'တာအိုရှာဖွေခြင်း ကျောင်းတော်' ထဲသို့ ဝင်ရောက်လာသောအခါ... နင်ချီ ဓားမတစ်လက် ဝှေ့ယမ်းလိုက်သည့်အခါ... 'မိုးကြိုးနဂါး' ဟိန်းဟောက်သွားသည်။... ထို့နောက် ကောင်းကင်ယံကို ငြိမ်းသတ်လိုက်သည်ကို... တွေ့မြင်လိုက်ရသည်။
သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အကယ်၍သာ နင်ချီ ထိုနေရာတွင် အမှန်တကယ် ရပ်မနေခဲ့ပါလျှင်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ရောက်ရှိလာသည်ဟု သူ ထင်မှတ်မိပေလိမ့်မည်။
တစ်စုံတစ်ယောက်၏ အဆုံးစွန်သော ကျွမ်းကျင်မှုကို... တစ်ကြိမ် တွေ့ဆုံလိုက်ရုံမျှဖြင့်... အံ့ဩဖွယ်ရာ... သင်ယူ လိုက်နိုင်ခဲ့သည်တကား။
နင်ချီသည် လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
"ဆရာ..."
သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ... 'ကောင်းကင်မိုးကြိုး ဓားမ' သည် အိမ်ထဲသို့ ပျံသန်း ဝင်ရောက်သွားခဲ့သည်...။
အကယ်၍ အခြားတစ်ယောက်သာ ရောက်လာခဲ့ပါလျှင်... နင်ချီက 'ကောင်းကင်မိုးကြိုး ဓားမ' ကို... ရှေးမဆွကပင် သိမ်းဆည်းလိုက်မည် ဖြစ်သော်လည်း... ရောက်ရှိလာသူမှာ တာအိုဆရာလုံရှန်း ဖြစ်ကြောင်း သိရှိပြီး... ယခုလေးတင်မှ အမြင်သစ်ရရှိထားခဲ့သဖြင့်... မရပ်တန့်လိုက်ခြင်း ဖြစ်လေသည်။
သူသည် တာအိုဆရာလုံရှန်းကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး... ထို့နောက် လက်ဖက်ရည် ဖျော်ပေးလိုက်သည်။
တာအိုဆရာလုံရှန်းသည် တစ်ငုံ သောက်လိုက်ရာ... လန်းဆန်းသွားသလို ခံစားလိုက်ရပြီး... သူ၏ အတွေးများမှာ အတိုင်းအတာတစ်ခုအထိ ကြည်လင် တောက်ပသွားခဲ့သည်...။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး... သူ မေးလိုက်သည်။
"ဒီလက်ဖက်ရည် ကောင်းတယ်...။ ဘယ်က ရတာလဲ..."
နင်ချီသည် သူ၏ ဘေးမှ... ခါးအထိပင် မြင့်နေပြီ ဖြစ်သော... 'ဉာဏ်အလင်း လက်ဖက်ပင်' ကို ညွှန်ပြလိုက်ပြီး... ပြုံးလိုက်သည်။
"ဒါက... လက်ဖက်ရွက်တွေရဲ့ အစွမ်းတော့ မဟုတ်ပါဘူး..ဆရာ..။ 'ဉာဏ်အလင်း လက်ဖက်ပင်' ပျိုးပင်လေးတွေက... မနက်တိုင်း နှင်းရည်တွေ စုပေးတယ်...။ ကျွန်တော်က... ထျန်းရှန်းကို... စုဆောင်းခိုင်းထားတာ...။ ဆရာသာ... သဘောကျတယ်ဆိုရင်... နောင်ကျ... ထျန်းရှန်းကို... ဆရာ့ဆီ နည်းနည်း ပို့ခိုင်းလိုက်ပါ့မယ်…”