အထက် ကောင်းကင်ဘုံသို့ ခရီးနှင်ခြင်း၊ မိုးရွာသောညတွင် ဉာဏ်အလင်းပွင့်ခြင်း (၂)
Vol. 11 Ch. 165
~တာအိုဆရာလုံရှန်းသည် ကြည့်လိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ:
"အရင်တုန်းက... 'ဝမ်ချွမ်း' က... သေနေတဲ့ မျိုးစိတ်တစ်ခု ပို့လိုက်တာကို... မင်းက... အသက်ပြန်ရှင်အောင် လုပ်နိုင်ခဲ့တယ်...။ သူသာ... ဒါကို သိခဲ့ရင်... ဒေါသထွက်ပြီး အသက်ပြန်ရှင်လာနိုင်လောက်တယ်..."
ထိုစဉ်အခါက... 'မိစ္ခာဂိုဏ်း' သည် 'အစစ်အမှန်သိုင်းဂိုဏ်း'အား တိုက်ခိုက်ခဲ့ရုံသာမက... ပြန်လည် တည်ဆောက်နေသော 'ဝမ်' မျိုးနွယ်စု ကိုပါ တိုက်ခိုက်ခဲ့လေသည်။
'ကောင်းကင်ဘုံလူသားနယ်ပယ်' မှ ကျွမ်းကျင်သူ အများအပြား အတူတကွ ကျဆုံးသွားခဲ့ရပြီး... ဘိုးဘေး 'ဝမ်' မှာ ပျောက်ဆုံးသွားခဲ့သည်...။
တာအိုဆရာလုံရှန်းကမူ... ထိုသူ သေဆုံးသွားလောက်ပြီဟု ယူဆထားလိုက်၏။
နင်ချီက ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဆရာ... ဒီဘက်ကို လာတာ... ကိစ္စတစ်ခုခု ရှိလို့လားဗျ..."
ယေဘုယျအားဖြင့်... တာအိုဆရာလုံရှန်းသည် အကြောင်းအရာ တစ်စုံတစ်ရာ မရှိပါက... သူ့ကို လာရောက် နှောင့်ယှက်လေ့ မရှိပေ။
တာအိုဆရာလုံရှန်းက ခေါင်းညိတ်လိုက်ပြီး... အဓိက ကိစ္စကို ဖွင့်ဟ ပြောဆိုလိုက်သည်။
"အဲ့ဒါ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ကိစ္စပဲ...။ သူက... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. နဲ့... အလဲအလှယ် လုပ်ချင်နေတယ်..."
သူသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ တောင်းဆိုချက်များနှင့် ကတိများ အားလုံးကို ရှင်းလင်းစွာ ရှင်းပြလိုက်၏။
ထို့နောက် သူက မေးလိုက်သည်။
"ကိုးလေး.. ဒါကို ဖြစ်နိုင်မယ်လို့ ထင်လား...။ တကယ်လို့... မဖြစ်နိုင်ဘူးဆိုရင်...ဆရာ... သူ့ကို ငြင်းလိုက်တဲ့ အကြောင်းပြန်စာ ပို့လိုက်မယ်..."
နင်ချီသည် တွေးတော လေးနက်သွားခဲ့သည်။
လီလင်သည် 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ကို သင်ယူလိုသည်မှာ သဘာဝကျပါသည်...။ သို့သော်... လီလင်သည် 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ကို အမှန်တကယ် သင်ယူနိုင်မည် မဟုတ်ပေ...။ ၎င်းမှာ... နင်ချီက သူ့ကို လျှော့တွက်နေခြင်း မဟုတ်ဘဲ... 'ကောင်းကင်ဘုံ ဓားနည်းစနစ်' သည်... 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက် နည်းစနစ်' ကို ကျွမ်းကျင်ရန် လိုအပ်သောကြောင့် ဖြစ်သည်...။
ဤတစ်ဆင့်တည်းမှာပင်... အလွန်အမင်း ခက်ခဲလှပြီး... ထို့အပြင်... ၎င်းသည် 'ချီစွမ်းအင်' နှင့် 'ဓားစိတ်ဆန္ဒ' တို့တွင်... မြင့်မားသော ကျွမ်းကျင်မှုကို တောင်းဆိုပေသည်...။ ၎င်းသည်... 'ချီအနှစ်သာရ နယ်ပယ်' အဆင့်တွင်... 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ပြောင်းပြန်လှန် တိုက်ခိုက်နိုင်သော... ပြိုင်ဘက်ကင်း လျှို့ဝှက် နည်းစနစ်တစ်ခု ဖြစ်၏။
သို့သော်... နင်ချီက ချိန်ညှိပေးနိုင်ပါသည်...။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' တွင်သာ အသုံးပြုနိုင်မည့်... 'ဓားတာအို လျှို့ဝှက် နည်းစနစ်' တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ရုံ ဖြစ်သည်...။ အဓိက အချက်မှာ... လီလင်အား 'ဓားစိတ်ဆန္ဒ' ကို သင်ကြားပေးရန် ဖြစ်၏။
နင်ချီ သင်ကြားပေးရမည့် အဆင်မပြေမှုနှင့် ပတ်သက်၍မူ... ဤပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ပေသည်...။ 'ပုံသဏ္ဌာန်မဲ့ ချီခန္ဓာ' သည်... ကိုယ်စားထိုးအဖြစ် ဆောင်ရွက်နိုင်ပေလိမ့်မည်။
ဤသို့ တွေးတောလိုက်ရင်း... နင်ချီသည် ၎င်းမှာ ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်...။ ၎င်းသည်... အချိန် အနည်းငယ် ပိုပေး၍ ချိန်ညှိရုံမျှသာ ဖြစ်၏။... 'ဓားတာအို' တွင်... လိုအပ်သော ကြိုတင် သိုင်းပညာ အချို့ကို ဖန်တီးကာ... လီလင်အား တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ပေးပြီး... နောက်ဆုံးတွင်... 'ကောင်းကင်ဘုံ
လူသားနယ်ပယ်' အဆင့်တွင်... 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ၏ အားပျော့သော ပုံစံ တစ်ခုကို... ကျွမ်းကျင် ပိုင်နိုင်စေရန် ဖြစ်၏။
သူသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ 'ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း' ကို တပ်မက်သောကြောင့်... အာရုံစိုက်နေခြင်း မဟုတ်ပေ။
ထိုအစား... သူ စိတ်ဝင်စားသည်က 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ သြဇာလွှမ်းမိုးမှုကိုပင်...။ နင်ချီသည်... 'မြို့စောင့်မြောက်ပိုင်းဘုရင်' မှတစ်ဆင့်... 'သိုင်းသူတော်စင် နယ်ပယ်' နှင့် ပတ်သက်သော သတင်းအချက်အလက် အချို့ကို... ရရှိနိုင်မည်ဟု တွေးထင်မိသည်...။
အကြောင်းမှာ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် လက်ရှိ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' တွင် အဆင့် ခုနစ် ချိတ်ထားသော... ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ဦး မဟုတ်ပါလော။ သူက... 'ကောင်းကင်ဘုံလူသား နယ်ပယ် ပြီးပြည့်စုံခြင်း' အဆင့်တွင် ရှိနေနိုင်ကာ... 'သိုင်းသူတော်စင် နယ်ပယ်' နှင့် နီးစပ်နေနိုင်ဖွယ် ရှိသည်...။ ထို့အပြင်... တော်ဝင် မိသားစုဝင် တစ်ဦး ဖြစ်သည့်အလျောက်... သူသည် 'သိုင်းသူတော်စင်' လျှို့ဝှက်ချက် အချို့ကို သိရှိနိုင်ပေသည်။
ဒါက... နင်ချီ့အတွက်... မည်သည့် အမွေအနှစ်ထက်မဆို ပို၍ တန်ဖိုးရှိပေသည်...။ သို့သော်... သည်ကိစ္စမှာ 'မြို့စောင့်မြောက်ပိုင်းဘုရင်' က ဆန္ဒရှိ၊ မရှိ အပေါ်တွင်လည်း မူတည်နေခဲ့သည်။
နင်ချီသည် ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"ဆယ့်တစ်လေး (လီလင်) ကို... 'ဓားတာအို' သင်ပေးဖို့ကတော့... သဘာဝအတိုင်း ပြဿနာ မရှိပါဘူး...။ ဆယ် ( ကျွမ်းချန်) နဲ့... ဆယ့်တစ်လေးက... ကျွန်တော့်ရဲ့ ဂျူနီယာ ညီလေးတွေပဲ...။ နောင်တစ်ချိန်... သူတို့ရဲ့ နယ်ပယ်အဆင့်တွေ... လိုအပ်တဲ့ အဆင့်ကို ရောက်လာတဲ့အခါ... ကျွန်တော် သူတို့ကို သင်ပေးမှာပါ...။ ဒါပေမဲ့... 'မြို့စောင့်မြောက်ပိုင်းဘုရင်' နဲ့ ပတ်သက်လို့ကတော့... ကျွန်တော်... သူ့ဆီကနေ... သတင်း
အချက်အလက်တချို့ ရယူချင်ပါတယ်..."
"...'သိုင်းသူတော်စင် နယ်ပယ်' နဲ့ ပတ်သက်တဲ့... သတင်းအချက်အလက်တွေပါ..."
ကြားလိုက်ရသောအခါ... တာအိုဆရာလုံရှန်းသည် တက်ကြွသွားခဲ့သည်။
'...သြော်... ကိုးလေးက... အချိန်မတိုင်ခင်... ကြိုတင် ပြင်ဆင်နေတာကိုး...'
သူ ခေါင်းညိတ်လိုက်ပြီး စဘောတူလိုက်သည်။
"ပြဿနာ မရှိဘူး...။ နောက်... ရက်နည်းနည်းလောက် ကြာရင်... ငါ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ဆီကို... မင်းရဲ့ အခြေအနေကို အကြောင်းကြားတဲ့ သတင်းစကား ပို့လိုက်မယ်...။ သူသာ... သဘောတူခဲ့ရင်..ဆရာ.. မင်းကို ချက်ချင်း လာပြောမယ် နော်..."
.
မည်သို့ပင် ဆိုစေကာမူ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည်... တောင်ပေါ်မှ ယခုလေးတင်မှ ဆင်းသက်သွားခဲ့ခြင်း ဖြစ်သည်...။ အကယ်၍ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က... ချက်ချင်း သဘောတူညီလိုက်သည်ဟု ပြောလိုက်ပါလျှင်... ၎င်းမှာ အနည်းငယ် ထူးဆန်းနေမည် ဖြစ်ပြီး... တသီးတခြား ဆိတ်ငြိမ်စွာ နေထိုင်တတ်သော... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ မူလစရိုက်နှင့်လည်း ကိုက်ညီမည် မဟုတ်ပေ။
ထို့နောက်... တာအိုဆရာလုံရှန်း ထပ်ပြောလိုက်သည်။
"ဆရာလည်း... ဒီကိစ္စကို ပိုပြီး အာရုံစိုက်ထားလိုက်မယ်...။ အချိန်ရရင်... မင်းကို ကူညီတဲ့အနေနဲ့... ငါ့ရဲ့ မိတ်ဆွေဟောင်း တချို့ဆီကနေ... စုံစမ်း မေးမြန်းကြည့်ပေးမယ်..."
အတိတ်တွင်... သူသည် 'သိုင်းသူတော်စင် နယ်ပယ်' နှင့် သက်ဆိုင်သော ကိစ္စရပ်များကို... အာရုံစိုက်မှု သိပ်မရှိခဲ့ပေ...။ အကြောင်းမှာ... ၎င်းသည် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်...။
'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို အောင်မြင်ရန် တစ်ခုတည်းမှာပင်... တစ်ဘဝတာ ကြိုးပမ်းအားထုတ်မှု လိုအပ်နေပြီး... 'သိုင်းသူတော်စင် နယ်ပယ်' မှာမူ... ခေတ်တိုင်းတွင် ဒဏ္ဍာရီတစ်ခု ဖြစ်နေခဲ့သည်။
သို့သော် ဤသို့ တွေးတောလိုက်မိသည်...။ သူ၏ တပည့်မှာ... ဆယ်နှစ်ပင် မပြည့်သေးဘဲ... ဤနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်...။
ဖြစ်နိုင်သည်မှာ... ဆယ်နှစ်အတွင်း... သူ 'သိုင်းသူတော်စင် နယ်ပယ်' ကို ထိတွေ့နိုင်လောက်ပေသည်...။
ထို့ကြောင့်... ကြိုတင် ပြင်ဆင်ထားရန်မှာ လိုအပ်လှပေသည်...။ ပေါ့ဆခဲ့မိသည့်အတွက်...တာအိုဆရာ
လုံရှန်းသည် သူ့ကိုယ်သူ အတွင်းစိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ထိုစဉ် နင်ချီက သွားများ ပေါ်အောင် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ဆရာနှင့် တပည့်တို့ ခဏမျှ ထွေရာလေးပါး ပြောဆိုကြပြီးနောက်... နင်ချီသည် တာအိုဆရာလုံရှန်းကို လိုက်ပါ ပို့ဆောင်ပေးလိုက်တော့သည်။
...
အချိန်တို့ တဖြည်းဖြည်း ကုန်ဆုံးသွားလေ၏။
လီလင်သည် 'အစစ်အမှန်သိုင်းဂိုဏ်း' ထဲသို့ တဖြည်းဖြည်း ပေါင်းစပ် ဝင်ရောက်လာခဲ့ပြီး... တပည့်ရင်းများ၏ အကူအညီဖြင့်... ကျွမ်းချန်၏ အနီးအနားတွင်... သေးငယ်သော ခြံဝင်းလေးတစ်ခုကို တည်ဆောက်ခဲ့ကာ... ၎င်းကို 'အရူးဓား ကျောင်းတော်' ဟု အမည်ပေးလိုက်သည်။
လီလင်သည် ကျွမ်းချန် 'မူလ ဓားအရိုး' ပိုင်ဆိုင်ထားသည်ကို သိရှိနေခဲ့ပြီး ဖြစ်ကာ... အံ့အားသင့်သွားခဲ့ပြီး... အတော်အတန် ဖိအားများသလို ခံစားလိုက်ရသည်...။
သို့သော်... မကြာမီမှာပင်... ဤဖိအားသည်... တွန်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်...။
နှစ်ဦးလုံး ဓားကို ချစ်မြတ်နိုးကြပြီး... တစ်ဦး၏ ကျွမ်းကျင်မှုများကို တစ်ဦးက အပြန်အလှန် စစ်ဆေးပေးကြကာ... အပြုသဘောဆောင်သော ယှဉ်ပြိုင်မှုမှတစ်ဆင့်... ပိုမို လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။
သည်အချက်ကလည်း 'အရူးဓား ကျောင်းတော်' ဟူသော အမည်၏ ဇာစ်မြစ် ဖြစ်လေသည်...။ လီလင်သည် 'ဓားတာအို' တွင် သူ၏ အရည်အချင်းမှာ... ကျွမ်းချန်လောက် မသန်မာကြောင်း သိရှိခဲ့သည်...။ အကယ်၍ သူသာ ကျွမ်းချန်နှင့် အမီ လိုက်ပါလိုပါလျှင်... သူသည် အပြင်းအထန် ကြိုးစားရမည် ဖြစ်ပြီး... ဓားအပေါ်တွင် ရူးသွပ်ကာ... အစွန်းရောက်နေမှ ဖြစ်ပေမည်။
တစ်ချိန်တည်းမှာပင်... လီလင်သည် 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' အကြောင်းကိုလည်း သိရှိသွားခဲ့ပြီး... ယခုနှစ် ဂိုဏ်းထဲသို့ စောစော မဝင်ရောက်ခဲ့မိသည့်အတွက်သာ... နောင်တရနေခဲ့မိသည်။
'...နောက်နှစ်... 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' ကျင်းပတဲ့ အချိန်ကျရင်တော့... စံအိမ်တော်ကနေ... ဖျော်ဖြေရေး ပစ္စည်းတချို့ ယူလာမှ ဖြစ်မယ်...'
သူသည်... လာမည့်နှစ် 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' ကျင်းပသည့် အချိန်တွင်... သူ ဘုရင့်စံအိမ်တော်မှ... ဖျော်ဖြေရေး အရာဝတ္ထု အချို့ကို ယူဆောင်လာရန် လိုအပ်မည်ဟု တွေးတောနေခဲ့သည်။
လီလင်သည် ရံဖန်ရံခါတွင်... နင်ချီ့အား 'ပိအန်း ခန္ဓာကျင့်စဉ်' အကြောင်းကိုလည်း မေးမြန်းတတ်သည်...။ နင်ချီသည် မည်သည့်အရာကိုမျှ ချုပ်တည်း မထားခဲ့ဘဲ... လီလင်၏ 'ခန္ဓာကျင့်စဥ် ပညာ' တိုးတက်မှုကို... အလွန်အမင်း လျင်မြန်စေခဲ့ရာ... ၎င်းက... လီလင်အား... ဤစီနီယာအစ်ကို ကိုး၏
ထူးကဲသော သဘာဝကို... ပို၍ သိရှိ နားလည်သွားစေခဲ့သည်။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'တို့၏ တိုက်ပွဲမှ ဂယက်ရိုက်ခတ်မှုများမှာ... တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
'အစစ်အမှန်သိုင်းဂိုဏ်း' သည်... ပုံမှန်ထက် ပို၍ သက်ဝင် လှုပ်ရှားလာခဲ့၏။
'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ၏ တည်ရှိမှုသည်... ထိပ်တန်း ဓားသမားများစွာကို... 'ဓားတာအို' အပေါ် လေးလေးနက်နက် တွေးတော ကြံဆရန် ဆွဲဆောင်နိုင်ခဲ့သည်...။ ကံကောင်းထောက်မစွာ... သူတို့အားလုံးမှာ အသိတရား ရှိကြပြီး... မည်သည့် အငြင်းပွားမှုမျှ မဖြစ်ပွားခဲ့ပေ...။
'တပည့်အရင်း' များ... မြို့ထဲတွင် ခဏတာမျှ ဝင်ထိုင်ပေးပြီးနောက်... သူတို့ စိတ်သက်သာရာ ရသွားခဲ့ကြပြီး... တောင်အောက်သို့ ဆင်းသက်၍ လေ့ကျင့်ရန် အတွေးများ ပေါ်ပေါက်လာခဲ့ကြသည်။
ကျန်းပိုင်ရှန်း မှာ... အတက်ကြွဆုံး ဖြစ်ခဲ့ပြီး...ကျန် တပည့်ရင်းများ၏ စနောက် ကြည်စယ်မှု ပစ်မှတ်အဖြစ်သို့ ချက်ချင်း ဖြစ်သွားခဲ့တော့သည်။
“ညီငါး .. 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'က... စီနီယာ ထျန်းကျန့်ကို လာစိန်ခေါ်တုန်းကလေ... တပည့်တစ်ယောက်က လာ ပြောတယ်...။ သူက... မင်းကို... မိန်းကလေး တစ်ယောက်နဲ့... ရင်းရင်းနှီးနှီး စကားတွေ ပြောပြီး ရယ်မောနေတာ တွေ့လိုက်တယ်တဲ့...။ အဲ့ဒီ မိန်းကလေးက... အဖြူရောင် ဝတ်စုံနဲ့... အံ့မခန်း လှတယ်ဆိုပဲ..."
စတုတ္ထ တပည့်... ဟဲယန်..က... အမူအရာပါပါဖြင့် ပြောဆိုလိုက်သည်။
လီလင်က ခစ်ခနဲ ရယ်မောလိုက်ပြီး "ငါး စီနီယာအစ်ကို... သူမက... ကျွန်တော်တို့ရဲ့... အနာဂတ်... စီနီယာ အစ်မ ငါး များ ဖြစ်မလားဗျ…” ဟု နောက်လိုက်သည်။
'တပည့်အရင်း' များအားလုံး ဝါးခနဲ ရယ်မောလိုက်ကြသည်။
ကျန်းပိုင်ရှန်းမှာတော့ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ပြီး... သူက လီလင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"မင်း... ကလေးတွေ... ဘာသိလို့လဲ...။ သွား... ကိုယ့်ဘာသာကိုယ် သွားဆော့ချေ..."
နောက်ပိုင်းတွင်... လူတိုင်း... ပျော်ရွှင်စွာ ဆက်လက် ရယ်မောနေကြသည်ကို မြင်သောအခါ... သူသည် အခြေအနေကို ပြတ်သားစွာ လက်ခံလိုက်တော့သည်။
"ဟုတ်တယ်... ဆိုတော့... ဘာဖြစ်လဲကွာ...။ သူ့နာမည်က... လင်ရူဟွာ တဲ့...။ ကျွန်တော်တို့က... အတူတူ... အတက်အကျ... အကောင်းအဆိုးတွေ ဖြတ်သန်းခဲ့ကြတာ...။ အပြန်အလှန်လည်း... သံယောဇဉ် ရှိကြတယ်...။ ဟမ်... ခင်ဗျားတို့... လူပျိုကြီး၊ အပျိုကြီးတွေကများ... ကျွန်တော့်ကို လာရယ်နေရဲတယ် ဟုတ်လား…”