← Chapters

မြေခွေးညို့ငင်ကံကြမ္မာ ဒုတိယအဆင့်

Vol. 21 Ch. 269

မြေခွေးညို့ငင်ကံကြမ္မာ ဒုတိယအဆင့်

Vol. 21 Ch. 269

"ထားလိုက်တော့..."

အချိန်တခဏကြာ လေ့လာပြီးနောက် ကျန်းရွှမ်သည် ထိုနည်းစနစ်ကို ပို၍မြင့်မားသောအဆင့်သို့ မကျင့်ကြံသရွေ့ များစွာသက်ရောက်မှု ရှိမည် မဟုတ်ဘဲ အများဆုံးအနေဖြင့် အပိုစွမ်းရည်တစ်ခုကို ထပ်ပေါင်းပေးရုံသာ ဖြစ်မည်အား နားလည်သဘောပေါက်လိုက်သည်။

သူ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏အသိစိတ် ပြန်ဝင်လာပြီး ဖုယင်ယင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဒါဆိုရင် မင်းပြောတဲ့ အဲ့ဒီ 'အကဲဖြတ်မှု' က တကယ်တမ်း ဘာလဲ.... ငါ ဘာလုပ်ဖို့ လိုအပ်တာလဲ"

ဖုယင်ယင်က ရှင်းပြသည်။

"အသေးစိတ် အချက်အလက်တွေကိုတော့ အကဲဖြတ်မှု မစတင်ခင်မှာ မိသားစုခေါင်းဆောင်က ဆုံးဖြတ်မှာမလို့ ကျွန်မလည်း အတိအကျ မသိဘူး....ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရှင့်ရဲ့အရည်အချင်း ပိုပြီးမြင့်မားလေလေ ကျွန်မအတွက် ပိုကောင်းလေလေပဲ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဤအချိန်တွင် ဖုယင်ယင်သည် ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် တူညီပြီး သူက စတင်တည်ထောင်ခါစ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် တူညီသည်။ သူ၏အနာဂတ် အောင်မြင်မှုများ ကြီးမားလေလေ သူမရရှိမည့် အကျိုးအမြတ်ပိုများလေလေပင်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ ဒေဝါလီခံသွားပါက သူမသည် ရင်းနှီးမြှုပ်နှံသူအဖြစ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရပေမည်။

ဤသည်မှာ မြေခွေးညို့ငင်ကံကြမ္မာတွင် ကျွမ်းကျင်သောလူများက အလားအလာရှိသော ပါရမီရှင်များကို လှည့်ပတ်ညို့ငင်နေခြင်းနှင့် တူညီပြီး သူတို့ကို နန်းတွင်း စာမေးပွဲများတွင် ထိပ်တန်းဂုဏ်ထူးများ ရရှိစေရန် မျှော်လင့်နေကြသည့်အလားပင်။

ထို့ကြောင့် အစစ်အမှန် မြေခွေးညို့ငင်ကံကြမ္မာသည် ကြုံရာလူကို ပရောပရည်လုပ်ခြင်း သို့မဟုတ် သွေးဆောင်ခြင်း မပါဝင်ဘဲ ဂရုတစိုက် ရွေးချယ်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ရှီးရှီသည် ဧကရာဇ်ဖုချိုင်ကို မညို့ငင်နိုင်ခဲ့ပါက ထာဝရ အမှတ်ရနေမည် မဟုတ်ချေ။ အလားတူပင် သောင်းချန်သည် လွီပုကို မရွေးချယ်ခဲ့ပါက သမိုင်းတွင် သူမ၏နေရာကို ရရှိခဲ့မည် မဟုတ်ပေ။

မြေခွေးညို့ငင်ကံကြမ္မာ၏စွမ်းအားသည် ညို့ငင်ခံရသူနှင့်ဆက်သွယ်မှုအပေါ် များစွာမူတည်နေသည်။ ဤကိစ္စကို ထည့်သွင်းစဉ်းစားကြည့်လျှင် ကျန်းရွှမ်သည် ဖုယင်ယင်က သူ့ကို မရွေးချယ်မီ ကြီးမားသော စဉ်းစားဆင်ခြင်မှုများ ပြုလုပ်ခဲ့ရမည်ကို နားလည်သဘောပေါက်လိုက်သည်။

ဤအတွေးသည် သူ့ကို အနည်းငယ် နေသာထိုင်သာ ရှိသွားစေသဖြင့် သူက မေးမြန်းလိုက်သည်။

"မင်းရဲ့ မြေခွေးညို့ငင်ကံကြမ္မာက ဘယ်အဆင့်ကို ရောက်နေပြီလဲ...ပြီးတော့ တခြားသူတွေကရော ဘယ်အဆင့်မှာ ရှိနေလဲ"

ဖုယင်ယင်က ရှက်ကိုးရှက်ကန်းဖြင့် တုံ့ပြန်အဖြေပေးသည်။

"ကျွန်မက ပထမအဆင့်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်သေးတယ်...အဆင့်မချိုးဖျက်နိုင်သေးဘူး...တခြားခြောက်ယောက်ထဲက လေးယောက်က ဒုတိယအဆင့်ကို ရောက်နေပြီ...ကျန်တဲ့ နှစ်ယောက်က ကျွန်မနဲ့ အတူတူပဲ..."

"ဒါက သိပ်ပြီး အသာစီး ရစေမှာ မဟုတ်ဘူး..."

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"သိပ်ပြီး မဟုတ်ဘူး"

ဆိုသည်မှာ သူ လျှော့ပေါ့ ပြောဆိုခဲ့ခြင်းပင်။ ဤသည်မှာ အမှန်အားဖြင့် သူမ၏အခွင့်အရေးသည် အောက်ဆုံးမှာ ရှိနေပေ၏။ အဆင့်တစ်ဆင့်သာ ကွာသော်လည်း ကံကြမ္မာတစ်ခု၏ ပထမအဆင့်နှင့် ဒုတိယအဆင့်ကြား ကွာဟချက်သည် ကြီးမားပြီး ပို၍မြင့်မားသော အဆင့်တွင် ရှိနေသူများကို သိသာသောအသာစီးရရှိမှုများ ပေးစွမ်းနိုင်သည်။

"မင်းရဲ့ကံကြမ္မာစွမ်းအင်တွေကို အသက်သွင်းလိုက်... ငါ့မှာ မင်းကို အချိန်တိုအတွင်း တိုးတက်လာအောင် ကူညီပေးနိုင်မယ့် နည်းလမ်း ရှိကောင်းရှိနိုင်တယ်"

ကျန်းရွှမ်က အချိန်တခဏကြာ စဉ်းစားပြီးနောက် အကြံပြုလိုက်သည်။

"ကျွန်မကို တိုးတက်အောင် ကူညီမှာလား..ရှင်က မြေခွေးညို့ငင်ကံကြမ္မာကို လေ့လာထားလို့လား"

ဖုယင်ယင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

ကျန်းရွှမ်သည် ဂျောက်ဂျက်လေးတစ်ခုအလား သူ၏ခေါင်းကို အသည်းအသန် ခါယမ်းပြီး အလျင်အမြန် ငြင်းဆိုလိုက်သည်။

"အဲ့ဒီလို မဟုတ်ဘူး... ငါက ငါ့ကိုကူညီပေးနိုင်တဲ့လူရှိနေရင် ကိစ္စတွေကို ပိုပြီးအောင်မြင်အောင် လုပ်နိုင်လိမ့်မယ်လို့ တွေးမိလို့ပဲ.... ဒါပေမဲ့ မင်း စိတ်မဝင်စားဘူးဆိုရင် ထားလိုက်တော့..."

"ဒါကို ထားလိုက်ဖို့ မလိုပါဘူး"

ဖုယင်ယင်က လှပကျက်သရေရှိစွာဖြင့် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ရှင် သိထားရမှာက ကျွန်မရဲ့ကံကြမ္မာကို အစွမ်းကုန် သုံးလိုက်တဲ့အချိန်ကျရင် ဒါက တော်တော်လေး အစွမ်းထက်တယ်...တကယ်လို့ ရှင် ညို့ငင်ခံလိုက်ရရင် ကျွန်မကို အပြစ်မတင်နဲ့..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

နောက်ထပ်စကားမဆိုတော့ဘဲ ဖုယင်ယင်၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်ပလာပြီး သူမ၏မူလပုံပန်းသဏ္ဌာန်ကို ပြန်လည်ရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူမ၏မြေခွေးညို့ငင်ကံကြမ္မာကို အစွမ်းကုန် အသက်သွင်းလိုက်သည်။ ကျဉ်းမြောင်းသော ရထားလုံးအတွင်းတွင် ပန်းရောင်ဖျော့ဖျော့အလင်းတန်းများဖြင့် တောက်ပလာပုံရပြီး ယစ်မူးစေသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ ထိုရနံ့ကို တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် လူတစ်ဦးကို တွေဝေသွားစေပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားစေနိုင်သည်။

ဖုယင်ယင်၏ဝတ်ရုံသည် သူမ၏ပခုံးများပေါ်မှ လျှောကျသွားပြီး သူမ၏ ဗလာကျင်းနေသော ပခုံးများနှင့်ခြေထောက်များကို စွဲမက်ဖွယ်ရာ မြင်ကွင်းများအဖြစ် လှစ်ဟပြနေသည်။

ကျဥ်းမြောင်းသောနေရာအတွင်းတွင် မြေခွေးညို့ငင်ကံကြမ္မာ၏စွမ်းအင်များ စီးဆင်းနေပြီး သူမ၏ဆွဲဆောင်မှုကို ပို၍ပင်မြှင့်တင်ပေးနေသည်။ သူမ၏ကျင့်ကြံမှုသည် ကံကြမ္မာပထမအဆင့်တွင်သာ ရှိနေသေးသော်လည်း ပတ်ဝန်းကျင်၏သက်ရောက်မှုကြောင့် ဒုတိယအဆင့်နီးပါးသို့ အမှန်တကယ် ရောက်ရှိနေသည်။

ဖုယင်ယင်က သူမသည် နောက်ဆုံးတွင် ကျန်းရွှမ်ကို သူမ၏ဖြားယောင်းမှုအောက်သို့ သူ၏ဆန္ဒအလျောက် ကျရောက်စေနိုင်ပြီဟု တွေးထင်လိုက်စဉ်မှာပင် သူ၏အထင်အမြင်သေးစွာ ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။

"မင်း လုပ်နေတာတွေအားလုံး မှားနေတယ်.... မင်း နှုတ်ခမ်းကိုက်မယ်ဆိုရင် အပေါ်သွားတွေက အောက်နှုတ်ခမ်းကို ညင်ညင်သာသာ ဖိထားရမှာ...ပြောင်းပြန်လုပ်ရမှာ မဟုတ်ဘူး"

"အဲ့ဒီလှုပ်ရှားမှုက အဆင်ပြေတယ်...ဒါပေမဲ့ မင်းရဲ့ခါးက အရမ်း တောင့်တင်းနေတယ်..ပြောရရင် အဲ့ဒီနေရာက ပျဉ်ပြားတစ်ချပ် ကျနေတာပဲ...လျှော့...လျှော့လိုက်အုံး"

"မင်းရဲ့အဝတ်အစားတွေကို ချွတ်တာက ဆွဲဆောင်မှုကို တိုးစေနိုင်တယ်.. ဒါပေမဲ့ အရမ်း ချွတ်လွန်းရင် သက်ရောက်မှု ပျက်သွားလိမ့်မယ်... ဒီပဝါပါးကို မင်းအပေါ်မှာ လွှမ်းခြုံထားလိုက်...လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်မျိုး ရှိနေတဲ့အချိန်မှာ ညှို့ငင်မှုက အကောင်းဆုံး အလုပ်လုပ်တယ်..."

...

ကျန်းရွှမ်သည် စိတ်မထိန်းနိုင်တော့ဘဲ ဖုယင်ယင်၏အနီးသို့ ပို၍နီးကပ်စွာ ချဥ်းကပ်သွားပြီး ချို့ယွင်းချက်များကို မရပ်မနားပြင်ဆင်ပေးလိုက်သည်။

ဤအမျိုးသမီးသည် အလွန်လှပချောမောသော်လည်း ကံကြမ္မာဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ကောင်းကင်ဘုံစာကြည့်တိုက်၏ စေ့စပ်သေချာစွာ ကြည့်ရှုမှုအောက်တွင် သူမ၏ ချို့ယွင်းချက်များသည် သိသာထင်ရှားနေကာ စာမျက်နှာတစ်မျက်နှာတည်းမှာပင် စာကြောင်းပေါင်းများစွာ ရှိနေသည်။

"ကျွန်မ..."

အစပိုင်းတွင် ဖုယင်ယင်က ကျန်းရွှမ်သည် အဓိပ္ပာယ်မရှိသော စကားများကို ပြောနေသည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူ ဆက်လက် ပြောဆိုနေသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီလာပေ၏။

ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားများ မဟုတ်ဘဲ အလွန်တိကျမှန်ကန်နေသည်။

သူ၏ အကြံပြုချက်တစ်ခုချင်းစီသည် သူမ၏ ယခင်လစ်ဟာမှုများကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးနေသည်။ သူမ၏ကိုယ်ပိုင်လှုပ်ရှားမှုများအပေါ် သူမ မမြင်နိုင်သော်လည်း သူပြောသော ချို့ယွင်းချက်များကို ပြင်ဆင်ပြီးနောက် သူမ၏ ကောင်းကင်ကံကြမ္မာစွမ်းအင်စုပ်ယူမှု မည်မျှ အရှိန်မြန်လာသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူမ၏စွမ်းအားစီးဆင်းမှုသည်လည်း ယခင်ထက်ပို၍ ချောမွေ့သွားသည်။

"သူ... သူကမြေခွေးညို့ငင် ကံကြမ္မာကို နားလည်နေတယ်..."

သူမ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။

ဤနည်းစနစ်သည် အမျိုးသမီးများအတွက် သီးသန့်ဟု ဆိုကြသည်။ ယောကျ်ားတစ်ယောက်သည် ဤအရာကို မည်သည်ကြောင့် ကျွမ်းကျင်ပိုင်နိုင်နိုင်မည်နည်း။ သို့ရာတွင် ဤနေရာ၌ သူသည် သူမ၏လှုပ်ရှားမှုတိုင်းကို အံ့အားသင့်ဖွယ်ကောင်းသော တိကျမှုဖြင့် ဝေဖန်သုံးသပ်နေသည်။

"ဒါက... ဖြစ်နိုင်မလား...."

သူမထံ၌ ထူးဆန်းသော အတွေးတစ်ခု ထွက်ပေါ်လာပြီး သူမ၏နှလုံးသားကို တုန်ခါသွားစေသည်။

သူမသည် ယောကျ်ားပုံစံပေါက်သော်လည်း မိန်းမများကို စိတ်မဝင်စားဘဲ လိင်တူကိုသာ နှစ်သက်သော ယောကျ်ားများအကြောင်း ကြားဖူးသည်။ ထိုကဲ့သို့လူများသည် "လုံယန်"နှင့် "ဝတ်ရုံလက်ပြတ်"ပုံပြင်များကဲ့သို့ ထူးခြားသော နှစ်သက်မှုများကြောင့် နာမည်ကျော်ကြားသည်။

ကျန်းရွှမ်သည် ထိုကဲ့သို့လူများအနက်မှ တစ်ဦး ဖြစ်နိုင်သလော...

ထိုသို့မဟုတ်ပါက သူသည် သူမ၏ညို့ငင်မှုအောက်တွင် မည်သည်ကြောင့် မတုန်မလှုပ် နေနိုင်မည်နည်း။ ထို့ပြင် သူသည် စက်ဆုပ်ရွံရှာပုံပင် ပေါက်နေပေ၏။ ယောကျ်ားများကို မည်သို့ သွေးဆောင်ရမည်ဆိုသည့် သူ၏ထူးကဲသော အတွေးအမြင်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။

"နှမြောစရာပဲ..."

ဤကိစ္စကို နားလည်သဘောပေါက်သွားသဖြင့် ဖုယင်ယင်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။

သူမသည် အစပိုင်းက ကျန်းရွှမ်က သူ၏အရည်အချင်းသည် အလားအလာ ကောင်းကြောင်း သက်သေပြနိုင်ပါက သူမကိုယ်သူမ စတေးရလျှင်ပင် သူ့ကို ညို့ငင်နိုင်ရန် အစွမ်းကုန် ကြိုးစားမည်ဟု တွေးတောခဲ့သည်။ သို့ရာတွင် ယခုချိန်၌ သူမသည် သူ၏ "အစ်မကြီး" အဖြစ်နှင့်သာ ကျေနပ်လိုက်ရတော့မည့်ပုံ ပေါက်နေသည်။

သူမ၏အတွေးများကို သတိမထားမိဘဲ ကျန်းရွှမ်သည် သူမ၏ချို့ယွင်းချက် အားလုံးကို ထောက်ပြသွားပြီးနောက် သူမ၏တချို့လှုပ်ရှားမှုများ တောင့်တင်းနေဆဲ ဖြစ်သည်ကို မြင်လျှင် သူကိုယ်တိုင် သရုပ်ပြရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

ကျေးဇူးတင်ရမည်မှာ မြေခွေးညို့ငင်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှုသည် သူမကို ထိထိရောက်ရောက် လမ်းညွှန်ပေးနိုင်ရန်အတွက် လုံလောက်စွာ ပြီးပြည့်စုံသည်။

"ဒါဆို ရလောက်ပြီ...မင်းရဲ့ ကံကြမ္မာစွမ်းအင်တွေကို ခဏလောက် ဆက်ပြီးလှည့်ပတ်လိုက်အုံး.... မင်း မကြာခင်မှာ အဆင့်ချိုးဖျက်နိုင်လောက်တယ်"

နောက်ထပ်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ကျန်းရွှမ်က ဖုယင်ယင်သည် ကံကြမ္မာစွမ်းအင်များကို ပို၍ထိရောက်စွာ စုပ်ယူနေပြီး သူမ၏ စွမ်းအားများ တည်ငြိမ်စွာ မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် စိတ်သက်သာရာရသွားပြီး နောက်သို့ဆုတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူမကိုကူညီခြင်းသည် သူ၏ကိုယ်ပိုင်အကျိုးကျေးဇူးအတွက်ပင်။အကယ်၍ သူမသည် ကံကြမ္မာကို တရားဝင်အမွေဆက်ခံနိုင်လျှင် သူသည် ကံကြမ္မာချပ်ပြား ငါးထောင်ကို ရရှိပေမည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိသော အစီအစဉ်တစ်ခုပင်။ ထိုသို့မဟုတ်ပါက လုံလောက်သော ညို့ငင်နိုင်စွမ်းမရှိဘဲ သူမသည် ကံကြမ္မာကို အမွေဆက်ခံနိုင်မည် မဟုတ်လေရာ သုံးရက်အတွင်း ကံကြမ္မာစွမ်းအင်တန်းဆယ်သန်း ရရှိရန် သူ၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားပေမည်။

သူမ၏ လျင်မြန်သောတိုးတက်မှုကို မြင်တွေ့သဖြင့် ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် သူမအားနောက်ထပ်ချို့ယွင်းချက်များ ပြင်ဆင်ပေးရန်အတွက် ကောင်းကင်ဘုံစာကြည့်တိုက်နှင့် စစ်ဆေးရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

အချိန်တခဏအတွင်းမှာပင် မရေမတွက်နိုင်သော ကံကြမ္မာစွမ်းအင်တန်းများသည် လေဟာနယ်အတွင်းမှ ပျံ့လွင့်လာပြီး ကောင်းကင်လမ်းစဉ် စာကြည့်တိုက်ထဲသို့ ရေလွှမ်းမိုးသည့်အလား ဝင်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် စာကြည့်တိုက်အတွင်းတွင် သိုလှောင်ထားသော စာအုပ်များမှ စွမ်းအင်များ ပွင့်အံ့ထွက်လာပြီး ကောင်းကင်ဘုံသောကကံကြမ္မာဖြင့် လွှမ်းခြုံထားသော မြေခွေးညို့ငင် ကံကြမ္မာထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။

ကံကြမ္မာစွမ်းအင်များသည် ပြင်းထန်စွာ တလိမ့်လိမ့်ထလာပြီး ယခင်ချို့ယွင်းချက်များအားလုံးကို ပြုပြင်ပေးကာ အကျိူးသက်ရောက်မှုကိုပင် အဆင့်များစွာ ခုန်တက်၍ မြှင့်တင်ပေးလိုက်သည်။ အချိနိတခဏအတွင်းမှာပင် ထိုကံကြမ္မာသည် သက်ရောက်မှုနှစ်ဆတိုးလာပြီး သူ့ထံမှနေ၍ ငြင်းပယ်နိုင်စွမ်းမရှိသော ညှို့ငင်နိုင်စွမ်းကို ထွက်ပေါ်စေသည်။

သို့ရာတွင် ဖုယင်ယင်၏ညို့ငင်မှုနှင့် မတူဘဲ သူ၏ညို့ငင်မှုသည် အကြည့်တစ်ချက်တည်းဖြင့် လူများကို အတွင်းစိတ်မှ အပေါ်ယံအထိ စွဲဆောင်နိုင်သော နက်ရှိုင်းသည့် ဆွဲဆောင်မှုတစ်ရပ်ကို ထုတ်လွှတ်နေသည်။

"...."

ကျန်းရွှမ်သည် လုံးလုံးလျားလျား ကြက်သေသေသွားပြီး မလှုပ်မယှက် မတ်တတ်ရပ်နေမိသည်။

သူသည် ဖုယင်ယင်ကို အဆင့်ချိုးဖျက်နိုင်အောင် လေ့ကျင့်ပေးနေခဲ့ခြင်းပင်။ သို့ရာတွင် သူသည် မည်သည်ကြောင့် အရင်ဦးအောင် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သနည်း။

All Chapters