အခန်း (၅၀၁-၅၀၅)
Vol. 34 Ch. 501-505
Chapter 501
"အမ်...စတုတ္ထအစ်ကို...မင်းက ငါ့ကိုပြန်ခေါ်ဖို့ ဒီနေရာကိုရောက်လာတာ မဟုတ်ဘူးလား"
ကျန်းဝူသည် အဓိပ္ပါယ်ပါသောအမူအယာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြုံးနှင့်ပြောဆိုသည်။
အမှန်အားဖြင့် ကျန်းစီသည် ဤနေရာသို့ရောက်ရှိလာစဥ်ကတည်းက ယခုရလဒ်မျိုးထွက်ပေါ်လာမည်ကို သူ ခန့်မှန်းပြီးဖြစ်သည်။
ဤကျွန်းပေါ်သို့ ရောက်ရှိလာပြီးနောက် မိုးမြေဂိုဏ်းအတွင်းသို့ မဝင်ချင်သောလူဟူ၍ လောကကြီးအတွင်း၌ မည်သူရှိနိုင်မည်နည်း....
ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူသည် ကျန်းစီကို တမင်သက်သက် အနည်းငယ်ကျီစယ်နေခြင်းဖြစ်သည်။
"အိုး...ပဉ္စမညီလေး...ငါ့ကို မကျီစားစမ်းပါနဲ့...အရင်က ငါ အကဲဖြတ်ညံဖျင်းခဲ့တာပါ"
ကျန်းစီက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။
"ပဉ္စမညီလေးက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တာပဲ...မင်းက အရမ်းဥာဏ်ကောင်းတယ်...အမှန်အတိုင်းပြောရမယ်ဆိုရင် ဖျက်ဆီးခြင်းအရှင်က လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ ငါလည်းမြင်တယ်"
"ဒီမိုးမြေဂိုဏ်းက တကယ့်ကို ဆွဲဆောင်နိုင်တယ်"
"ဒါပေမယ့် ပဉ္စမညီလေး...တကယ်လို့ ငါက မိုးမြေဂိုဏ်းထဲကိုဝင်မယ်ဆိုရင်...ဒီကျွန်းပေါ်မှာ ငါက တာဝန်ခံလုလိုပဲ ပေအများကြီးမြင့်အောင်ခုန်ပေါက်နိုင်မှာလား"
"ပြီးတော့ ငါ အသုံးပြုနိုင်တဲ့ အဆင့်မြင့်အင်မော်တယ်ရတနာတွေရဖို့ အခွင့်အရေးတစ်ခုရှိနိုင်လား"
"ဟား ဟား ဟား..."
ထိုစကားကိုကြားချိန်တွင် ကျန်းဝူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုသည်။
"စတုတ္ထအစ်ကို...ပေအနည်းငယ်လောက်ခုန်ပေါက်နိုင်တာက ဘာမှမဟုတ်သေးဘူး...ကျွန်းပေါ်မှာရှိတဲ့ ငါတို့ရဲ့စီနီယာအစ်ကိုတွေက အခုလိုမျိုးပြင်ပစွမ်းအားတွေကို ဆက်ပြီးတော့ လေ့လာလိုက်စားခြင်းမရှိတော့ဘူး"
"ဒါဆိုရင် မင်းတို့က ဘာကိုလေ့လာလိုက်စားကြတာလဲ"
ကျန်းစီက ပျာပျာသလဲမေးမြန်းသည်။
"ငါတို့လေ့လာလိုက်စားတဲ့အရာက တာအိုဥပဒေသတွေပဲ...သေမျိုးလောကအတွင်းမှာ တာအိုလမ်းကြောင်းသုံးထောင်ရှိတယ်လို့ ဆိုရိုးစကားရှိပေမယ့် ငါတို့ရဲ့ဆရာကြီးဆီမှာ မရေမတွက်နိုင်တဲ့ မဟာတာအိုလမ်းကြောင်းတွေရှိနေတယ်...ငါတို့ အရင်က တစ်ခါမှမကြားဖူးတဲ့အရာတွေကို ငါတို့ကို ကြားခွင့်ပြုပြီးတော့ အရင်က မမြင်တွေ့ဖူးတဲ့အရာတွေကိုလည်း မြင်တွေ့ခွင့်ရလိမ့်မယ်"
ကျန်းဝူက ဂုဏ်ယူဝံ့ကြွားမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"မဟာတာအို...."
"ဥပဒေသတွေလား...."
ကျန်းစီသည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်ကာ သူ့၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။သူသည် မိုးမြေဂိုဏ်းအတွင်းသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေပေ၏။
"မင်းပြောခဲ့တဲ့ အဆင့်မြင့်အင်မော်တယ်ရတနာတွေအတွက်ကတော့ ငါ မင်းကို လမ်းပြပေးမယ်...မင်းက ဆရာကြီးရဲ့တပည့်ဖြစ်လာတာနဲ့ လက်နက်တိုက်ထဲကနေပြီးတော့ မင်းလိုချင်တဲ့ ဘယ်အရာမဆို ယူလို့ရတယ်...တကယ်လို့ မင်း မိုးမြေဂိုဏ်းထဲမှာ အချိန်တော်တော်ကြာ နေပြီးပြီဆိုရင် သာမန်အင်မော်တယ်ပစ္စည်းတွေကို မင်း စိတ်ဝင်စားတော့မှာမဟုတ်ဘူး"
ကျန်းဝူက ဖြည့်စွက်၍ပြောဆိုသည်။
"အိုး...ပဉ္စမညီလေး ပြောနေတာကိုရပ်လိုက်တော့...မြန်မြန် မြန်မြန်လေး မင်းရဲ့အစ်ကိုကြီးကို မိုးမြေဂိုဏ်းထဲဝင်နိုင်အောင် ကူညီပေးစမ်းပါ"
ကျန်းစီက စိတ်အားထက်သန်စွာပြောဆိုလိုက်၏။
"ဟား ဟား ဟား...ဆရာကြီးက ဂိုဏ်းထဲကိုဝင်ချင်တဲ့ တပည့်တွေအတွက် လိုအပ်ချက်တွေကို အရမ်းတင်းကြပ်ထားတယ်ဆိုပေမယ့် မင်းမှာ မိုးမြေဂိုဏ်းက လက်ကမ်းကြော်ငြာရှိနေသရွေ့ မင်း ဂိုဏ်းထဲဝင်ဖို့အတွက် ပြဿနာမရှိဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းထဲမှာရှိတဲ့ စီနီယာတွေထဲက အများစုကလည်း ဒီလက်ကမ်းကြော်ငြာတွေကနေ ရောက်လာတာပဲ"
ကျန်းဝူက အပြုံးနှင့်ပြောဆိုသည်။
"ဆရာကြီးရဲ့ညွှန်ကြားချက်တွေအရ...လက်ကမ်းကြော်ငြာကိုရတဲ့လူတွေက ရွေးချယ်ခံတွေပဲ....သူတို့က ဆရာကြီးနဲ့ ကံကြမ္မာရေစက်ရှိတယ်....သူတို့က ဓလေ့ထုံးတမ်းတွေကို ဖြတ်ကျော်ပြီးတာနဲ့ မိုးမြေဂိုဏ်းထဲကို တိုက်ရိုက်ဝင်ရောက်နိုင်တယ်"
ကျန်းဝူက ဆက်လက်၍ပြောဆိုသည်။
"လက်ကမ်းကြော်ငြာ...ငါ့မှာရှိတယ်....ငါ့မှာရှိတယ်...ဟား ဟား ဟား...."
ကျန်းစီသည် သူ့၏လက်ကမ်းကြော်ငြာကို အလျှင်အမြန်ထုတ်ယူကာ အရူးအမူးနမ်းရှုံလိုက်၏။ထို့နောက် သူက ကျန်းဝူကိုဆွဲခေါ်ကာ ပြောဆိုသည်။
"ကံကောင်းထောက်မပြီးတော့ ငါက ဒီလက်ကမ်းကြော်ငြာကို သိမ်းထားခဲ့မိတယ်....ငါ့က တကယ့်ကို အမြော်အမြင်ရှိတဲ့လူပဲ"
"သွားကြစို့...ပဉ္စမညီလေး ငါ့ကို အဲ့ဒီနေရာဆီ မြန်မြန်ခေါ်သွားစမ်းပါ"
ကျန်းစီက စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်။
ထို့နောက် ကျန်းဝူသည် ကျန်းစီကို ရီဖုန်းထံသို့ ခေါ်ဆောင်သွားကာ ရိုးရှင်းသောတပည့်လက်ခံခြင်းလုပ်ငန်းစဥ်တစ်ခုကို ဖြတ်ကျော်စေခဲ့သည်။ရီဖုန်းသည် စိတ်ဓာတ်တက်ကြွစေသောစကားတချို့ကို ပြောဆိုပြီးနောက် ကျန်းစီသည် မိုးမြေဂိုဏ်းအတွင်းသို့ တရားဝင်ဝင်ရောက်ခဲ့လေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်လဝက်ခန့် ကုန်ဆုံးသွားလေပြီ။
ကျန်းဝူ၏နောက်သို့ ထပ်ချပ်မကွာလိုက်ပါရင်း ကျန်းစီသည် မိုးမြေဂိုဏ်းအတွင်း၌ လုံးလုံးလျားလျား အခြေကျလာခဲ့သည်။
သူသည် ကျမ်းစာဆောင်အတွင်း၌ တနေကုန်နစ်မြောနေကာ ကျန်းဝူထက်ပင် ပို၍အစွဲအလမ်းကြီးနေသည်။
ပကတိနယ်မြေ....
ဟိုင်ဖေးမျိုးနွယ်စု...
ကျန်းရီတို့ညီအစ်ကိုသုံးယောက်သည် လေထုကိုဖြတ်သန်း၍ အလွန်လျှင်မြန်စွာ ပျံသန်းနေလေ၏။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ဖရိုဖရဲခန်းမအတွင်း၌နေထိုင်ကာ အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေသင့်သည်။
သို့ရာတွင် သူတို့၏ဟိုင်ဖေးမျိုးနွယ်စုမှ နှစ်ထောင်ပေါင်းများစွာကြာမြင့်သည်အထိ ကာကွယ်စောင့်ကြပ်လာခဲ့သော ကောင်းကင်ဘုံမီးတောက်ကြာပွင့်သည် ဤအချိန်အခိုက်အတန့်တွင် ရင့်မှည့်လာခဲ့သည်။
ထိုမီးတောက်ကြာပွင့်တွင် အကျိုးအာနိသင်တစ်ခုရှိသည်။
ထိုအရာကိုမှီဝဲပြီးနောက် လူတစ်ယောက်သည် ကျင့်ကြံရာ၌ ရှေ့ရေးအလားအလာနှင့်ပါရမီအရည်အချင်းတို့ တိုးတက်လာပေမည်။ဤသည်မှာ အလွန်အမင်းပြင်းထန်သော ထူးကဲမီးတောက်ရုပ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။
ဤသည်မှာ အဆင့်နိမ့်ဖြစ်သော်လည်း အလယ်အလတ်အဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်နေသော အင်မော်တယ်အဆင့်ဆေးပင်တစ်ပင်ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ရတနာဆေးပင်တစ်ပင် ရင့်မှည့်လာခြင်းကို သူတို့ညီအစ်ကိုသုံးယောက်သည် ပေါ့ပေါ့ဆဆ သဘောမထားဝံ့ချေ။
မီးတောက်ကြာပွင့် ရင့်မှည့်နေသောနေရာသို့ သူတို့သုံးယောက် သွားနေစဥ်တွင် ကျန်းရီက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။
"ဒုတိယနဲ့တတိယညီလေး....စတုတ္ထညီလေးက ပဉ္စမညီလေးကိုသွားခေါ်တာ လဝက်တောင်ကြာနေပြီ...ဘာလို့ သူတို့ အခုထိပြန်မလာသေးတာလဲမသိဘူး"
"သူတို့ မကြာခင် ပြန်ရောက်လာမှာပါ"
ကျန်းအာက ပြောဆိုသည်။
"တကယ်လို့ မမျှော်လင့်တာတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ"
ကျန်းရီက ထပ်မံ၍ မှန်းဆလိုက်သည်။
"စတုတ္ထနဲ့ပဉ္စမညီလေးရဲ့အကြားမှာ အမြဲတမ်းဆက်ဆံရေးကောင်းတစ်ခု ရှိနေတယ်....ဖြစ်နိုင်တာတော့ စတုတ္ထညီလေးက ပဉ္စမညီလေးရဲ့စကားတွေကြောင့် ဇဝေဇဝါဖြစ်သွားပြီး မိုးမြေဂိုဏ်းထဲကို ဝင်သွားတာများလား"
"အစ်ကိုကြီး မင်း ဘာတွေပြောနေတာလဲ...ဒီကိစ္စကို စတုတ္ထညီလေးက ကိုင်တွယ်နိုင်တယ်ဆိုတာ မင်း မယုံဘူးလား...သူထွက်မသွားခင်ကပဉ္စမညီလေးကို သေချာပေါက်ပြန်ခေါ်လာခဲ့မယ်လို့ သူ ကျိန်ဆိုသွားခဲ့တယ်...ဒါကြောင့် ဘာမှမစိုးရိမ်ပါနဲ့"
ကျန်းစန်းက အလျှင်အမြန်ပြောဆိုသည်။
"အမှန်ပဲ အစ်ကိုကြီး...စတုတ္ထညီလေးက သူ့ရဲ့စကားကို စောင့်ထိန်းတဲ့လူပါ....သူက ပဉ္စမညီလေးကို ပြန်ခေါ်လာမယ်လို့ ပြောခဲ့မှတော့....သူ သေချာပေါက် ပြန်ခေါ်လာမှာပါ...စိတ်အေးအေးထားပြီးတော့ ရက်နည်းနည်းလောက် ထပ်ပြီးစောင့်ကြည့်ကြတာပေါ့"
ကျန်းအာက ပြောဆိုလိုက်၏။
"မင်းတို့ပြောတာ အမှန်ပဲ..စတုတ္ထညီလေးက အဲ့ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ငါ ယုံကြည်တယ်"
ထိုစကားများကိုကြားပြီးနောက် ကျန်းရီသည်လည်း ခေါင်းညိတ်ပြကာ စိတ်အေးလက်အေး ပြောဆိုသည်။
"ဒါဆိုရင်လည်း နောက်ထပ်နှစ်ရက်လောက် ထပ်စောင့်ကြတာပေါ့"
သူတို့သုံးယောက်သည် စကားပြောဆိုနေရင်း နောက်ဆုံး၌ မီးတောက်ကြာပွင့် ရှိနေသောနေရာသို့ရောက်ရှိလာခဲ့သည်။
ဤမီးယောက်ကြာပွင့်သည် နှင်းကြာပွင့်နှင့် အသွင်သဏ္ဍာန်ခြင်း တူညီပေ၏။
ကြာပွင့်တစ်မျိုးသည် အေးစက်ပြီး တစ်ခြားကြာပွင့်သည် ပူပြင်းတောက်လောင်နေရုံသက်သက်ပင်။ကြာပွင့်တစ်မျိုးသည် အလွန်အမင်းအေးစက်သောနေရာများ၌သာ ပေါက်ရောက်နိုင်ကာ တခြားတစ်မျိုးသည် အလွန်အမင်းပူပြင်းသောနေရာတွင် ရှင်သန်ကြီးထွားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပူပြင်းခြောက်သွေ့နေသည်။ရေနွေးငွေ့များက ရံဖန်ရံခါ မြေပြင်မှဖြာထွက်နေသည်။ဤနေရာတွင် မည်သည့်စိမ်းလန်းသောအရိပ်အယောင်မျှရှိမနေချေ။ကြည့်ရသည်မှာ မီးတောက်များသည် လေထုအတွင်း၌ ပေါက်ကွဲနေသည့်အလားပင်။
"မီးတောက်ကြာပွင့်က နေ့ဝက်အတွင်းမှာ ရင့်မှည့်တော့မယ်...ငါတို့ညီအစ်ကိုသုံးယောက်က ဒီမီးလောက်ကြာပွင့်ကို သုံးစွဲပြီးတာနဲ့ ငါတို့ရဲ့ပါရမီအရည်အချင်းနဲ့ကျင့်ကြံဆင့်အခြေခံတွေ နောက်ထပ်အဆင့်တစ်ခုကို မြင့်တက်သွားလိမ့်မယ်...ငါတို့က ထူးကဲမီးတောက်ရုပ်ခန္ဓာကိုယ်ကို ရနိုင်လိမ့်မယ်"
မီးတောက်ကြာပွင့်ကိုကြည့်ပြီး ကျန်းရီကပြောဆိုသည်။
ကျန်းအာနှင့်ကျန်းစန်းတို့သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"အစ်ကိုကြီး ဒုတိယအစ်ကို တတိယအစ်ကို...ငါတို့ပြန်လာပြီ"
ထိုအချိန်မှာပင် ကျန်းစီနှင့်ကျန်းဝူတို့၏အသံများနှင့် အတူယှဉ်တွဲ၍ အစွမ်းထက်သောအရှိန်အဝါနှစ်ရပ်က အဝေးမှပျံ့လွင့်လာသည်။
"စတုတ္ထညီလေးနဲ့ ပဉ္စမညီလေးလား"
သူတို့သုံးယောက်လုံး အံအားသင်သွားသည်။ဤနေရာသို့အလာလမ်း၌ သူတို့သည် ဤလူနှစ်ယောက်အကြောင်း ပြောဆိုနေခဲ့ကာ ယခုအချိန်၌ သူတို့နှစ်ယောက် အလျှင်အမြန်ပြန်ရောက်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ထို့ကြောင့် သူတို့သုံးယောက်သည် ကျန်းစီနှင့်ကျန်းဝူတို့ကို အလျှင်အမြန် ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။
"စတုတ္ထညီလေးနဲ့ပဉ္စမညီလေးက နောက်ဆုံးတော့ ပြန်လာပြီ"
"အမှန်ပဲ...စတုတ္ထညီလေးက ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တကယ့်ကို ထူးချွန်တာပဲ...ငါတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ သူက သူ့ရဲ့ကတိစကားကိုစောင့်ထိန်းတယ်..ပဉ္စမညီလေးကို ပြန်ခေါ်လာခဲ့မယ်လို့ သူ ပြောခဲ့တဲ့အတိုင်းသူ လုပ်နိုင်ခဲ့တယ်"
"အခုအချိန်မှာ ငါတို့ညီအစ်ကိုငါးယောက်လုံး နောက်ဆုံးတော့ အတူတကွစုစည်းမိပြီ...ငါတို့က အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် ပွင့်လာမယ့်အချိန်ကို စောင့်ဆိုင်းရုံပဲကျန်တော့တယ်"
Chapter 502
ကျန်းရီတို့သုံးယောက်၏ စကားများကိုကြားချိန်တွင် ကျန်းစီနှင့်ကျန်းဝူတို့သည် ရယ်ရမည်လော ငိုရမည်လော မသိတော့ချေ။
"အစ်ကိုကြီး...ဒုတိယအစ်ကို...တတိယအစ်ကို...တကယ်တော့...တကယ်တော့...."
ကျန်းစီသည် သူ့၏နှာခေါင်းကိုပွတ်သပ်ကာ အပြုံးနှင့်ပြောဆိုသည်။
"ငါတို့ အခုပြန်လာတာက အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို လေ့လာဆင်ခြင်ဖို့ မဟုတ်ဘူး"
"ဒါဆိုရင် မင်းတို့ ဘာအတွက် ပြန်လာကြတာလဲ"
ကျန်းရီ၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူက မေးမြန်းလိုက်သည်။
"အင်း...တကယ်တော့ ငါလည်းပဲ မိုးမြေဂိုဏ်းကို ဝင်ပြီးပြီ...ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျန်းဝူနဲ့ငါက မင်းတို့သုံးယောက်ကို ငါတို့နဲ့အတူ မိုးမြေဂိုဏ်းကိုဝင်ဖို့ လာပြီးဖိတ်ခေါ်တာပဲ"
ကျန်းစီက ပြောဆိုသည်။
"ဘာ...."
လွန်ခဲ့သောအချိန်အခိုက်အတန့်က အလွန်စိတ်အားထက်သန်နေခဲ့သော လူသုံးယောက်၏မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားသည်။
"ကျန်းစီ...ကျန်းစီ...ဘယ်လိုလုပ်ပြီးတော့ မင်းက တကယ့်ကို...."
ကျန်းရီသည် ကြေကွဲဝမ်းနည်းမှုအပြည့်ဖြင့် ကျန်းစီကို ကြည့်လိုက်၏။
"မင်း ဘာလို့ ဒီလောက်ထိ ဇဝေဇဝါဖြစ်သွားတာလဲ....မင်းက ကျန်းဝူရဲ့လှည့်စားတာ ခံရမှာကို ငါ စိုးရိမ်နေခဲ့မိတယ်...ဒါပေမယ့် မင်းက တကယ်ကြီးဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး....."
"အမှန်ပဲ....ကျန်းစီ...ငါ မင်းကို ယုံကြည်ခဲ့တာတွေက အလကားဖြစ်သွားပြီ"
"မင်းက လမ်းလွဲသွားတဲ့ ကျန်းဝူကို ပြန်ခေါ်လာမယ်လို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် မင်းကိုယ်တိုင် ဒီလှည့်စားမှုထဲ ကျသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"မင်းက ငါတို့ကို တကယ်ပဲ စိတ်ပျက်စေတယ်"
သူတို့သုံးယောက်သည် မှုန်ကုပ်ကုပ်ဖြင့် ကျန်းစီနှင့်ကျန်းဝူကိုကြည့်ကာ ဆူပူကြိမ်းမောင်းလိုက်ကြ၏။
"အစ်ကိုကြီး...ဒုတိယအစ်ကို...တတိယအစ်ကို....ကျန်းဝူနဲ့ငါက ဇဝေဇဝါဖြစ်နေတာ မဟုတ်ဘူး...ဒီလိုဖြစ်ရတာ မိုးမြေဂိုဏ်းက အရမ်းအစွမ်းထက်တာကြောင့်ပဲ"
ကျန်းစီက အလျှင်အမြန် ရှင်းပြသည်။
"မင်းတို့ အခုလိုပြောတာက...မိုးမြေဂိုဏ်းကို မင်းတို့ မရောက်သေးလို့ပဲ...တကယ်လို့မင်းတို့ကအဲဒီနေရာကိုရောက်သွားမယ်ဆိုရင် မင်းတို့ရဲ့အမြင်တွေပြောင်းလဲသွားပြီးတော့ ဂိုဏ်းထဲကိုဝင်ဖို့ ချက်ချင်းစိတ်အားထက်သန်နေလိမ့်မယ်"
"ဒါကြောင့် ငါက အစ်ကိုတို့သုံးယောက်လုံးကို ငါတို့နဲ့အတူ မိုးမြေဂိုဏ်းကိုလိုက်ခဲ့ဖို့ ရိုးရိုးသားသားလာပြီးဖိတ်ခေါ်တာပဲ"
ကျန်းစီက စိတ်ရင်းမှန်ကိုပြသသော မျက်နှာအမူအယာဖြင့်ပြောဆိုသည်။
"ဟမ့်..."
ကျန်းရီသည် ကျန်းစီ၏စကားကို အလေးအနက်မထားဘဲ သူ့အား အေးစက်တင်းမာစွာကြည့်လိုက်၏။
"ငါတို့က မိုးမြေဂိုဏ်းထဲကို ဝင်မှာမဟုတ်ဘူး"
"ဒါက အမှန်ပဲ...အခုအချိန်မှာ အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို လေ့လာဆင်ခြင်တာထက် တခြားဂိုဏ်းတစ်ဂိုဏ်းကိုဝင်ဖို့က ပိုပြီးအရေးကြီးနိုင်မှာလား...အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်က မိုးကောင်းကင်တာအိုကို လေ့လာဆင်ခြင်နိုင်တယ်"
ကျန်းအာကလည်း ပြောဆိုသည်။
"မင်းတို့နှစ်ယောက်က တကယ့်ကို စိတ်ပျက်စရာပဲ..မင်းတို့ကိုယ်တိုင် ထင်ယောင်ထင်မှားဖြစ်နေရုံတင်မကဘူး...ငါတို့ကိုပါ မင်းတို့နဲ့အတူဆွဲချချင်နေတယ်"
ကျန်းစန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး...ဒုတိယအစ်ကို တတိယအစ်ကို...အရမ်းစိတ်မလှုပ်ရှားကြပါနဲ့...တကယ်လို့ မင်းတို့က ငါတို့နှစ်ယောက်နဲ့အတူ မိုးမြေဂိုဏ်းကိုလိုက်ခဲ့ပြီးတော့ တစ်ချက်လောက်ကြည့်မယ်ဆိုရင် မင်းတို့နားလည် သဘောပေါက်သွားလိမ့်မယ်"
ကျန်းစီက စိတ်အားထက်သန်စွာဖြင့် ရှင်းပြရန်ကြိုးစားလိုက်၏။
"ငါမသွားဘူးလို့ ငါ ပြောပြီးပြီ"
ကျန်းရီက အသံနက်ကြီးဖြင့်ပြောဆိုသည်။
"အခု ငါ မင်းတို့နှစ်ယောက်ကို ရွေးချယ်စရာတစ်ခုပေးမယ်"
"မင်းတို့နဲ့မိုးမြေဂိုဏ်းအကြားမှာ ကင်းကင်းရှင်းရှင်းဖြစ်အောင်နေပြီးတော့ ငါတို့နဲ့အတူပြန်လိုက်ပြီး အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် ပွင့်လာမယ့်အချိန်ကို စောင့်ဆိုင်းမလား ဒါမှမဟုတ် မင်းတို့က မိုးမြေဂိုဏ်းကိုပြန်သွားပြီးတော့ ငါတို့နဲ့ဘာမှမသက်ဆိုင်တော့သလို နေမလား"
ထိုစကားကိုကြားချိန်တွင် ကျန်းစီနဲ့ကျန်းဝူတို့၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
သူတို့သည် မည်သည်ကြောင့် မိုးမြေဂိုဏ်းနှင့် ကင်းကင်းရှင်းရှင်းနေနိုင်မည်နည်း....
"စတုတ္ထအစ်ကို...ငါတို့ ဘာလုပ်သင့်လဲ"
ကျန်းဝူက ပျက်ယွင်းနေသောမျက်နှာအမူအယာနှင့် မေးမြန်းလိုက်သည်။
"ဟူး...အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်က အရမ်းကောင်းတယ်လို့ အစ်ကိုကြီးက အခိုင်အမာယုံကြည်နေတယ်...ဒါပေမဲ့ မိုးမြေဂိုဏ်းက ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာ သူ မသိသေးဘူး...ပြီးတော့ အခုအချိန်မှာ သူက ဒေါသထွက်နေတယ်....ဟူး...."
ကျန်းဝူက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင် ရက်နည်းနည်းလောက် ထပ်စောင့်ကြရအောင်... အစ်ကိုကြီး စိတ်တည်ငြိမ်လောက်တဲ့အချိန်ကျမှ ငါတို့ ထပ်ပြီးပြန်လာကြမယ်"
ကျန်းစီက ပြောဆိုလိုက်၏။
"ကောင်းပြီလေ"
ကျမ်းဝူထံတွင်လည်း ရွေးချယ်စရာမရှိတော့သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်သည် ဆုံးဖြတ်ချက်ချပြီးနောက် သူတို့၏လက်များကိုပူးဆုပ်ကာ ပြောဆိုလိုက်သည်။
"အစ်ကိုကြီး ဒုတိယအစ်ကို တတိယအစ်ကို..ငါတို့ အရင်ဆုံး ထွက်သွားပါတော့မယ်...နောက်ရက်ကျရင် အစ်ကိုတို့သုံးယောက်ကို ငါတို့ ထပ်ပြီးလာရှာမယ်"
ထိုသို့ပြောဆိုပြီးနောက် ကျန်းစီနှင့်ကျန်းဝူတို့သည် အဝေးသို့ပျံသန်းသွားတော့သည်။
"မင်းတို့...မင်းတို့....."
ကျန်းရီသည် အလွန်ဒေါသထွက်နေသဖြင့်သူ့၏ရင်ဘတ် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။သူ့၏ညီနှစ်ယောက်သည် သူ တန်ဖိုးထားရသော ညီရင်းအစ်ကိုခံစားချက်များကိုလျစ်လျူရှုပြီး မိုးမြေဂိုဏ်းဘက်၌ အခိုင်အမာရပ်တည်လိုက်သည်ကို သူ စောင့်ကြည့်နေခဲ့ရလေ၏။
"အစ်ကိုကြီး...ဒေါသမထွက်ပါနဲ့"
ကျန်းအာနဲ့ကျန်းစီတို့သည် ကျန်းရီကို အလျှင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
"ကျန်းစီနဲ့ကျန်းဝူတို့က အသက်ငယ်သေးတယ်.. အခုအချိန်မှာ သူတို့က မှန်ကန်တဲ့လမ်းကြောင်းကနေ လွဲချော်နေသေးတာက ဖြစ်တတ်တဲ့သဘာဝပါပဲ....မီးတောက်ကြာပွင့်ကို ခူးဆွတ်ပြီးတဲ့အချိန်ကျရင်တော့ ငါတို့က အဲ့ဒီနေရာကိုသွားပြီး သူတို့ကိုပြန်ခေါ်ကြမယ်"
ထိုစကားကိုကြားချိန်တွင် ကျန်းရီသည် သူ့၏အသက်ရှူနှုန်းကို တည်ငြိမ်စေရန် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။အချိန်တခဏကြာပြီးနောက် သူသည် အနည်းငယ်ကောင်းမွန်လာသကဲ့သို့ ခံစားမိလေ၏။
နေဝက်ခန့်ကြာမြင့်ပြီးနောက်....
ကောင်းကင်နှင့်မြေပြင်အကြားတွင် အလွန်အမင်းပြင်းထန်သော လှုပ်ခတ်မှုတစ်ခုပျံ့နှံ့သွားသည်။
"မီးတောက်ကြာပွင့်က ရင့်မှည့်တော့မယ်"
စိတ်တည်ငြိမ်းအေးချမ်းမှု ရရှိသွားပြီဖြစ်သောကျန်းရီသည် မလှမ်းမကမ်းအကွာရှိ မီးတောက်ကြာပွင့်ကိုကြည့်ကာ တည်ကြည်လေးနက်စွာပြောဆိုသည်။
"အမှန်ပဲ...ငါတို့မျိုးနွယ်စုက ဒီအရာကို နှစ်ထောင်နဲ့ချီပြီးတော့ ကာကွယ်စောင့်ကြပ်ခဲ့ရတယ်...ဒီမီးထောက်ကြာပွင့်က နောက်ဆုံးတော့ရင့်မှည့်လာခဲ့ပြီ"
ကျန်းအာနှင့်ကျမ်းစီတို့သည်လည်း ခေါင်းညိတ်ပြကာ ပွင့်လန်းလာတော့မည့် မီးတောက်ကြာပွင့်ကို မျှော်လင့်တကြီးကြည့်လိုက်ကြသည်။
ထိုအချိန်မှာပင် တုန်လှုပ်ခြောက်ချားဖွယ်ကောင်းသော စွမ်းအားလှုပ်ခတ်မှုတစ်ရပ်က အဝေးတနေရာမှ ပျံလွင့်လာကာ သူတို့ထံသို့ အလျင်အမြန်ချဉ်းကပ်လာသည်။
"ဟမ့်...."
"ဒီမီးတောက်ကြာပွင့်အတွက် မင်းတို့ဝေစုမရမှာကို ငါ စိုးရိမ်မိတယ်"
အသံနက်ကြီးတစ်သံနှင့်အတူ နှာခေါင်းကောက်ကောက်နှင့်လူတစ်ယောက်က မိုးကောင်းကင်ယံမှဆင်းသက်လာသည်။
"မင်းက ဘယ်သူလဲ"
ကျန်းရီတို့သုံးယောက်၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ သူတို့က အသံနက်ကြီးဖြင့် မေးမြန်းလိုက်၏။
"အော်...မင်းတို့က ငါ့ကို မေ့သွားကြပြီလား"
ထိုလူက ရယ်မောသံတစ်ချက်နှင့်အတူ အေးစက်စက်ပြောဆိုသည်။
"မင်း....မင်းက ရွေးချယ်ခံတစ်ယောက်ဖြစ်တဲ့ အပြာရောင်အလင်းတိုင်ထဲက ဖန်ရှောင်ထျန်းမဟုတ်လား"
ကျန်းအာသည် ထိုလူကို မှတ်မိသဖြင့် အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်....ငါက ဖန်ရှောင်ထျန်းပဲ"
ဖန်ရှောင်ထျန်း၏နှုတ်ခမ်းထောင့် အထက်သို့ မြင့်တက်သွားသည်။
"မင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ကျန်းရီက အေးစက်တင်းမာစွာ မေးမြန်းသည်။
"ဒါက အသိသာကြီးလေ...ငါကလည်း ဒီမီးတောက်ကြာပွင့်ကို နှစ်ခြိုက်နေတာကြောင့် လိုချင်တယ်"
"ပြီးတော့ ငါက မင်းတို့ရဲ့ကံကြမ္မာကောင်းကိုလည်း လုယူချင်တယ်"
ထိုစကားကိုပြောဆိုနေရင်း ဖန်ရှောင်ထျန်း၏အသံ တိမ်ဝင်သွားသည်။
"ငါ့လို အဆင့်မြင့်ရွှေအင်မော်တယ်တစ်ယောက်က အပြာရောင်အလင်းတိုင်လုံးထဲမှာ ရှိနေတဲ့အချိန်မှာ မင်းတို့လို နိမ့်ကျတဲ့ ကောင်းကင်အင်မော်တယ်တွေက ဘာလို့ အနီရောင်အလင်းတိုင်လုံးထဲမှာ ထိုင်နေနိုင်တာလဲ"
"ဟမ့်....အင်မော်တယ်အလင်းတိုင်လုံးတွေအားလုံးက ကြိုတင်သတ်မှတ်ပြီးသား နေရာတွေပဲ....ခုချိန်မှာ မင်းက ငါတို့ထက် သန်မာအားကောင်းနေပါစေ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး...မင်းရဲ့ကံကြမ္မာနဲ့ပါရမီအရည်အချင်း နိမ့်ပါးတာကိုပဲ မင်း အပြစ်တင်နိုင်လိမ့်မယ်"
ကျန်းအာက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒါကြောင့် ငါက မင်းတို့ရဲ့ကံကြမ္မာကောင်းကြီးကို လုယူချင်တာပဲ"
ဖန်ရှောင်ထျန်းက အေးစက်စက်ရယ်မောလိုက်၏။
"မင်း...."
ကျန်းရီ၏မျက်နှာ သုန်မှုန်သွားကာ သူက ဒေါသတကြီး ပြောဆိုလိုက်သည်။
"ငါတို့အားလုံးက ကြိုတင်သတ်မှတ်ခံထားရတဲ့ လူတွေဖြစ်ပြီးတော့ အရေအတွက်ကို ပြောင်းလဲလို့မရဘူးဆိုတာ မင်း သိတယ်မဟုတ်လား...တကယ်လို့ မင်းက ငါတို့ကို သတ်မယ်ဆိုရင်တောင် ကောင်းကင်ဘုံရဲ့အမိန့်တော်ကနေ သိမ်မွေ့နက်နဲတဲ့ လွှမ်းမိုးမှုတွေ ရှိလာလိမ့်မယ်...ဒါကြောင့် မင်း ငါတို့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါ သိတယ်..."
"ဒါပေမယ့် ငါက အစကတည်းက မင်းတို့ကိုသတ်ဖို့ ကြံရွယ်မထားဘူး"
"ငါက မင်းတို့ရဲ့ မီးတောက်ကြာပွင့်ကို လုယူပြီးတော့ မင်းတို့ကို ပြင်းထန်တဲ့သင်ခန်းစာတစ်ခုပေးမယ်လို့ ငါ တွေးထားတယ်...ဒါဆိုရင် ငါက မင်းတို့ရဲ့ကံကြမ္မာကောင်းကို ခိုးယူပြီးတော့ အနီရောင်အလင်းတိုင်လုံးထဲကို ဝင်နိုင်လိမ့်မယ်"
ဖန်ရှောင်ထျန်းက အေးစက်စက် ရယ်မောလိုက်သည်။
"မင်း...."
ကျန်းညီအစ်ကိုသုံးယောက်သည် ဒေါသကြောင့် တုန်ရီသွားပေ၏။
အစွမ်းထက်သော ရွှေအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူတို့မျိုးနွယ်စု နှစ်ထောင်နှင့်ချီပြီး ကာကွယ်စောင့်ကြပ်လာခဲ့သော မီးတောက်ကြာပွင့်ကို မည်သည်ကြောင့် လိုလိုလားလား လွှဲပြောင်းပေးနိုင်မည်နည်း....
"ငါတို့က မင်းရဲ့အကြံအစည်ကို ခွင့်မပြုနိုင်ဘူး"
ကျန်းညီအစ်ကိုသုံးယောက်၏အရှိန်အဝါများ ပြင်းပြင်းထန်ထန် တလိမ့်လိမ့်ထလာသည်။
သူတို့သည် ဖန်ရှောင်ထျန်းကိုအလယ်တွင်ထားကာ ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။
ဤသို့ဖြင့် နောက်ဆုံး၌ နှစ်ဘက်စလုံး ထိပ်တိုက်ရင်ဆိုင်မိလေပြီ။
သို့ရာတွင်....
သူတို့ညီအစ်ကိုသုံးယောက် မည်မျှထိ အပေးအယူမျှစွာ ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ အကြွင်းမဲ့စွမ်းအားဖြင့် ရင်ဆိုင်ရချိန်တွင် အရာအားလုံးသည် တံလျှပ်ပမာပင်။
ရုတ်ချည်းဆိုသလိုပင် ဖန်ရှောင်ထျန်းကြောင့် ညီအကိုသုံးယောက်လုံး လွင့်ထွက်သွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။
"အိုး...ကြည့်ရတာတော့ ဒါက အချိန်ကျလာပြီပဲ"
ဖန်ရှောင်ထျန်းသည် မီးတောက်ကြာပွင့်ကို စောင်းငဲ့၍ကြည့်ပြီးနောက် အေးစက်စက်ရယ်မောကာ ထိုအရာကိုခူးဆွတ်ရန်အတွက် ရှေ့သို့တိုးလိုက်သည်။
"ရပ်လိုက်စမ်း"
ကျန်းညီအစ်ကိုသုံးယောက်သည် အော်ဟစ်ကြုံးဝါးကာ သူ့ကိုဟန့်တားရန်အတွက် ရုန်းကန်၍ မတ်တတ်ထရပ်လိုက်ကြသည်။
သို့ရာတွင် ဖန်ရှောင်ထျန်းကြောင့် သူတို့သည် ထပ်မံ၍လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မီးတောက်ကြာပွင့်ကို သူ ခူးဆွတ်နေသည်အား စောင့်ကြည့်ရုံသာတတ်နိုင်သောသည်။
"ကြည့်ကြပါအုံး...ဒါက အနီရောင်အင်မော်တယ်အလင်းတိုင်လုံးထဲက ရွေးချယ်ခံတွေတဲ့လား...ငါရဲ့ရိုက်ချက်တစ်ချက်ချင်းနဲ့တောင် မင်းတို့တွေက လဲကျသွားကြတယ်"
ဖန်ရှောင်ထျန်းသည် သူ့၏လက်အတွင်းရှိမီးတောက်ကြာပွင့်ကိုကိုင်မြှောက်ပြီးနောက် အလွန်အမင်း အထင်သေးသောအမူအယာဖြင့် သူတို့ကိုကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။
"ဘယ်လိုလဲ...ဒါကိုယူဖို့ အရမ်းမခက်ခဲဘူးမဟုတ်လား"
"ဒါက နည်းနည်းတော့သနားစရာပဲ....မင်းတို့မျိုးနွယ်စု နှစ်ထောင်နဲ့ချီပြီးတော့ ကာကွယ်စောင့်ကြပ်ခဲ့တဲ့ မီးတောက်ကြာပွင့်ကို ငါက ဒီအတိုင်းယူသွားရတော့မယ်....."
"ဟား ဟား ဟား...."
ဖန်ရှောင်ထျန်းက မောက်မာထောင်လွှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ဤကဲ့သို့ လှောင်ပြောင်သရော်မှုနှင့်ရင်ဆိုင်ရချိန်တွင် ကျန်းရီတို့သုံးယောက်သည် နီမြန်းနေသောမျက်လုံးများဖြင့် ဖန်ရှောင်ထျန်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကြ၏။
"အော်...ဒါနဲ့ မင်းတို့က ညီအစ်ကိုငါးယောက်ရှိတာ မဟုတ်ဘူးလား...မင်းတို့ညီအစ်ကိုတွေကြားမှာ အမြဲတမ်း ဆက်ဆံရေးကောင်းတစ်ခုရှိတယ်လို့ ငါ ကြားထားတယ်...အခုချိန်မှာ ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ မင်းတို့သုံးယောက်ပဲ ရှိနေတာလဲ ..တခြားအမှိုက်ကောင်နှစ်ကောင်က ဘယ်ရောက်သွားတာလဲ"
ဖန်ရှောင်ထျန်းသည် တွေဝေတုံ့ဆိုင်ခြင်းမရှိဘဲ ထပ်မံ၍ရန်စစကားပြောဆိုသည်။
ဤထိုးနှက်ချက်သည် ကျန်းရီတို့အတွက် ပို၍ပင်ပြင်းထန်ပေ၏။
ဤသည်မှာ သူတို့သုံးယောက်ကို အလွန်ဒေါသထွက်သွားစေသဖြင့် သူတို့သည် သွေးများအန်ထုတ်လိုက်ရသည်။
ဤသည်မှာ သူတို့၏နှလုံးသားများကို ဓားဖြင့်ထိုးစိုက်လိုက်သည့်အလားပင်။
"ဘာပြဿနာရှိလို့လဲ...သူတို့ကို ခေါ်လိုက်လေ ...တကယ်လို့ မင်းတို့ငါးယောက်ပူးပေါင်းပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ဒီလောက်ထိ ဆိုးဆိုးရွားရွာရှုံးနိမ့်မှာမဟုတ်ဘူး"
ဖန်ရှောင်ထျန်းက ဆက်လက်၍ထိုးနှက်လေသည်။
သူသည် သူတို့သုံးယောက်၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများကို တိုက်ခိုက်နေခြင်းဖြစ်ပေ၏။
ထို့နောက်မှ သူသည် ဤလူသုံးယောက်၏ကံကြမ္မာကောင်းများကို လုယူနိုင်ပေမည်။
"ဟား ဟား ဟား...."
ကျန်းရီတို့သုံးယောက်သည် သူ့အားအလွန်အမင်း မုန်းတီးနေကြသော်လည်း ကူကယ်ရာမဲ့ဖြစ်နေသည်ကိုကြည့်ပြီး သူသည်မောက်မာထောင်လွှားစွာ အော်ဟစ်ရယ်မောလိုက်သည်။
သူ့၏ရယ်မောသံ ကျရောက်သွားသောအချိန်မှာပင် အရိပ်နှစ်ရိပ်က မိုးကောင်းကင်ယံမှနေ၍ ပျံသန်းလာသည်။
ထိုအရိပ်နှစ်ရိပ်မှာ ကျန်းစီနှင့်ကျန်းဝူတို့ပင်။
ဤမြင်ကွင်းကိုကြည့်ပြီး ကျန်းရီတို့သုံးယောက်သည် မျှော်လင့်ချက်အပြည့်ဖြင့် သူတို့၏ခေါင်းများကိုမော့ကာ ရောက်ရှိလာသော သူတို့၏ညီနှစ်ယောက်ကို ကြည့်လိုက်ကြ၏။
"အော်...မင်းတို့ကောင်တွေက တကယ်ကြီးရောက်လာတာလား"
"ဒါပေမဲ့ ဘာအသုံးဝင်မှာလဲ...မင်းတို့နှစ်ယောက်က ငါ့အတွက် ကံကြမ္မာကောင်းတွေ ပိုပြီးပေးနိုင်ရုံသက်သက်ပဲ"
ဖန်ရှောင်ထျန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသော ကျန်းရီတို့သုံးယောက်သည် သူတို့၏မျှော်လင့်ချက်များ ဆုံးရှုံးသွားကာ ထပ်မံ၍ခေါင်းငိုက်စိုက်ကျသွားတော့သည်။
ဤသည်မှာ အမှန်ပင်။
ကျန်းစီနှင့်ကျန်းဝူတို့ ပြန်ရောက်လာလျှင်ပင် မည်သည်ကြောင့် အသုံးဝင်နိုင်မည်နည်း...
ရွှေအင်မော်တယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့နှစ်ယောက်သည် အလှည့်အပြောင်းတစ်ခုကိုပြုလုပ်ကာ မီးတောက်ကြာပွင့်ကို ပြန်လည်၍လုယူနိုင်မည်လော.....
ဖန်ရှောင်ထျန်းပြောဆိုသွားသကဲ့သို့ပင် သူတို့၏ညီနှစ်ယောက်သည် ကံကြမ္မာကောင်းများ ပို၍လာပေးရုံသက်သက်ဖြစ်နေမည်ကို သူတို့ စိုးရိမ်မိသည်။
Chapter 503
"ကျန်းစီ....ကျန်းဝူ...မြန်မြန်ထွက်ပြေးကြတော့"
"ငါတို့အတွက် ဘာမှမစိုးရိမ်နဲ့...သူက ငါတို့ကို သတ်မှာမဟုတ်ဘူး"
ကျန်းရီက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
မိုးမြေဂိုဏ်း၏ကိစ္စနှင့်ပတ်သက်ပြီး သူတို့ညီအစ်ကိုများအကြားတွင် မကျေမလည်ဖြစ်ခဲ့သော်လည်း ကျန်းရီတို့သုံးယောက်သည် ကျန်းစီနှင့်ကျန်းဝူတို့အတွက် တွေးတောပေးနေဆဲပင်။
ကောင်းကင်ဘုံ၏ ကြိုတင်သတ်မှတ်ထားသော ရွေးချယ်ခံ လူအရေအတွက် ရှိနေခြင်းကြောင့် ဖန်ရှောင်ထျန်းသည် သူတို့၏အသက်များကို အန္တရာယ်ပြုမည်မဟုတ်ချေ။သို့ရာတွင် သူတို့သုံးယောက်သည် ကျန်းစီနှင့်ကျန်းဝူတို့ကို စွန့်စားစေလိုခြင်းမရှိလေရာ သူတို့၏ကံကြမ္မာကောင်းများ ဆုံးရှုံးရမည့်အရေးကို ကြုံတွေ့စေမည့်ဘေးကို ထည့်ပြောရန်ပင်မလိုတော့ချေ။
သို့ရာတွင် ကျန်းဝူသည် ဖန်ရှောင်ထျန်းထံသို့ တစ်ယောက်တည်း တိုးဝင်သွားမည်ဟု သူတို့သုံးယောက် မျှော်လင့်မထားမိချေ။
ထို့နောက် ကျန်းစီသည် သူတို့ထံသို့ ပြေးလာပေ၏။
"အစ်ကိုကြီး ဒုတိယအစ်ကို တတိယအစ်ကို....မင်းတို့တွေ အဆင်ပြေကြလား"
ကျန်းစီသည် သူတို့သုံးယောက်ကို အလျှင်အမြန်ကူညီ၍တွဲထူပေးကာ စိုးရိမ်ပူပန်စွာဖြင့်မေးမြန်းသည်။
"ကျန်းစီ ငါတို့ကို စိုးရိမ်မနေနဲ့...မင်းရဲ့ပဉ္စမညီလေးကို နောက်ဆုတ်နိုင်အောင် မြန်မြန်သွားပြီးကူညီပေးလိုက်စမ်း...အဲ့ဒီဖန်ရှောင်ထျန်းက အရမ်းသန်မာအားကောင်းတယ်...ငါတို့ရဲ့ပဉ္စမညီလေး ဒုက္ခရောက်သွားနိုင်တယ်"
ကျန်းရီက ကျန်းစီကိုကြည့်ကာ အလျှင်အမြန်အော်ဟစ်လိုက်သည်။
"အစ်ကိုကြီးက အစိုးရိမ်လွန်နေပြီ"
ကျန်းစီကရယ်ပြုံးကာ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်၏။
"ပဉ္စမညီလေးက သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်"
"မင်း ဘာပေါက်ကရစကားတွေကို ပြောနေတာလဲ....ဖန်ရှောင်ထျန်းက ရွှေအင်မော်တယ်တစ်ယောက်...ဘယ်လိုလုပ်ပြီးတော့ ပဉ္စမညီလေးက သူ့ကို ရင်ဆိုင်နိုင်မှာလဲ"
ကျန်းရီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဟား ဟား ဟား...သူက ရွှေအင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် ဘာဖြစ်လာမှာမို့လို့လဲ...ငါတို့ရဲ့ပဉ္စမညီလေးက နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်ဖြစ်နေပြီ"
ကျန်းစီက ပြတ်ပြတ်သားသားပြောဆိုသည်။
"ဘာ..."
"နက်နဲသိမ်မွေ့ အင်မော်တယ်လား"
"ပဉ္စမညီလေးက နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်ဖြစ်နေပြီလို့ မင်း ပြောလိုက်တာလား"
"ကျန်းစီ...မင်း ရူးများရူးသွားတာလား"
"ဘယ်လိုလုပ်ပြီးတော့ ငါတို့ရဲ့ပဉ္စမညီလေးက နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက် ဖြစ်နိုင်မှာလဲ"
သူတို့သုံးယောက်သည် မယုံကြည်နိုင်သောအကြည့်ဖြင့် ကျန်းစီကိုစူးစိုက်ကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့ရာတွင် သူတို့၏အသံများ ကျရောက်သွားသောအချိန်မှာပင် ကျန်းစီ၏နောက်မှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီးတစ်သံထွက်ပေါ်လာသည်။
သူတို့လှည့်ကြည့်လိုက်သောအချိန်တွင် ကျန်းဝူသည် ဓားချက်တစ်ချက်တည်းဖြင့် ဖန်ရှောင်ထျန်း၏လက်တစ်ဖက်ကို ဖြတ်တောက်လိုက်သည်အား တွေ့မြင်လိုက်ရသည်။
"ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
သူတို့သုံးယောက်သည် မျက်လုံးအိမ်များကျွတ်ထွက်လုမတတ် ရှေ့သို့စူးစိုက်၍ကြည့်နေလေ၏။
သူတို့၏ခန္ဓာကိုယ်များသည်လည်း တုန်ရီနေသည်။
"ဘယ်လိုလုပ်ပြီးတော့ ကျန်းဝူက ဒီလောက်ထိအစွမ်းထက်လာတာလဲ...ဖန်ရှောင်ထျန်းက ရွှေအင်မော်တယ်တစ်ယောက်လေ...သူက ဘယ်လိုလုပ်ပြီးတော့ ဓားချက်တစ်ချက်တည်းနဲ့ ရွှေအင်မော်တယ်တစ်ယောက်ရဲ့လက်ကို ဖြတ်နိုင်ခဲ့တာလဲ"
ကျန်းရီ၏ပါးစပ်သည် ကြက်ဥတစ်လုံးဝင်စာပမာဏအထိ ပွင့်ဟနေကာ သူ့၏ထိတ်လန့်တုန်လှုပ်နေသောအသံကြီး ထွက်ပေါ်လာသည်။
"သူက ရွှေအင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် ဘာလို့ အရေးစိုက်ရမှာလဲ....ငါတို့ရဲ့ကျွန်းပေါ်မှာ ကခုန်နေတဲ့အဒေါ်ကြီးတွေလောက်တောင် အစွမ်းမထက်ဘူး...ငါ ခုဏက ပြောခဲ့သလိုပဲ ပဉ္စမညီလေးရဲ့စွမ်းအားက နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ကို ရောက်ရောက်နေပြီ....သူက ဒီလိုမျိုး အမှိုက်ကောင်ရွှေအင်မော်တယ်တယောက်ကို အလွယ်လေးရင်ဆိုင်ဖြေရှင်းနိုင်တယ်"
ကျန်းစီသည် အထင်အမြင်သေးစွာဖြင့် သူ၏နှုတ်ခမ်းကိုတွန့်ကွေးထားကာ တည်ငြိမ်အေးဆေးသောလေသံဖြင့် ပြောဆိုသည်။
သူ့၏အမူအယာသည် အလွန်အမင်းမောက်မာထောင်လွှားနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် လက်တစ်ဖက်ပြတ်သွားသော ဖန်ရှောင်ထျန်းသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် သူ့ရှေ့ရှိကျမ်းဝူကိုစူးစိုက်ကြည့်နေကာ သူ့၏မျက်နှာပေါ်တွင်ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"မင်း...မင်း ဘာလို့ ဒီလောက်ထိအစွမ်းထက်နေတာလဲ"
"မင်းက ဟိုင်ဖေးညီအစ်ကိုငါးယောက်ထဲက ပဉ္စမမြောက်တစ်ယောက် မဟုတ်ဘူးလား...မင်းရဲ့ခွန်အားက သူတို့ထဲမှာ အားအနည်းဆုံးမဟုတ်ဘူးလား...ဘာလို့ မင်းက အခုလိုစွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်တာလဲ"
ဖန်ရှောင်ထျန်းက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။
ယခင်ဓားချက်ကို ပြန်လည်တွေးတောမိချိန်တွင်သူသည် ထိတ်လန့်ကြောက်ရွံ့နေဆဲပင်။ အကယ်၍ သူ့ထံတွင် အသက်ကယ်နည်းလမ်းတချို့သာ ရှိမနေပါက ထိုဓားချက်သည် သူ့၏အသက်ကို တိုက်ရိုက်ယူဆောင်သွားပေမည်။
"ကျန်းစီ...အဲ့ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို မြန်မြန်ပြောပြစမ်း"
ကျန်းရီတို့သုံးယောက်သည် အသိဝင်လာကြကာ ကျန်းစီကိုဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းလိုက်ကြ၏။
"အစ်ကိုကြီးတို့ ...ပဉ္စမညီလေးမှာ အခုလိုစွမ်းအားမျိုး ရှိနေရတဲ့အကြောင်းအရင်းက တကယ်တော့ သူက မိုးမြေဂိုဏ်းထဲကိုဝင်ခဲ့လို့ပဲ"
ကျန်းစီက ရယ်မောလိုက်သည်။
"မိုးမြေဂိုဏ်းရဲ့စွမ်းအားက မင်းတို့တွေးတောနိုင်တာထက် ပိုပြီးကျော်လွန်နေတယ်ဆိုတာ ငါ အရင်ကတည်းက မင်းတို့ကို ပြောခဲ့ပါတယ်.... တကယ်လို့ အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို မိုးမြေဂိုဏ်းရှေ့မှာ နေရာချထားမယ်ဆိုရင်တောင် ဘာမှအရေးပါမှာမဟုတ်ဘူး"
"မိုးမြေဂိုဏ်း..."
"မိုးမြေဂိုဏ်းက တကယ်ကိုပဲ ဒီလောက်ထိအစွမ်းထက်တာလား"
သူတို့သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်ကြသည်။
အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်နှင့် ယှဉ်ပြိုင်နိုင်သောအရာဟူ၍ မည်သည့်အရာမျှ ရှိမည်မဟုတ်ဟု သူတို့ အစဉ်အမြဲယုံကြည်ခဲ့သည်။သူတို့ အထင်အမြင်သေးခဲ့သော မိုးမြေဂိုဏ်းသည် အမှန်အားဖြင့် အလွန်အစွမ်းထက်သည်ဟူသောအချက်ကို သူတို့လက်သင့်ခံနိုင်ရန်လည်း လွန်စွာခက်ခဲနေသည်။သို့ရာတွင် ယခုချိန်၌ အဖြစ်မှန်သည် သူတို့၏ရှေ့၌ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသောကြောင့် သူတို့ထံတွင် ရွေးချယ်စရာမရှိတော့ဘဲ ထိုအရာကို ယုံကြည်လက်ခံလိုက်ရသည်။
တစ်ခုသိထားရမည်မှာ ကျန်းဝူ၏ခွန်အားသည်ယခင်က ကောင်းကင်အင်မော်တယ်နယ်ပယ်တွင်သာရှိသည်။
ထို့ပြင် သူသည် ယခင်က သူတို့ငါးယောက်အနက်အားအနည်းဆုံးလူဖြစ်ပေ၏။
သို့ရာတွင် ယခုအချိန်၌ တစ်လဟူသော တိုတောင်းသောအချိန်ကာလအတွင်း၌ သူသည် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းသွားနိုင်ခဲ့သည်။
ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းကို 'ကြောက်မက်ဖွယ်ကောင်းသည်'ဟူသော စကားလုံးဖြင့် ဖော်ပြရန်ထက်ပင် ကျော်လွန်နေသည်။
"ကျန်းစီ အခု မင်းရော ဘယ်အဆင့်မှာလဲ"
ကျန်းရီသည် ကျန်းစီကိုထပ်မံ၍ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
"မင်းလည်း နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ကိုရောက်သွားပြီလို့တော့ ငါ့ကိုမပြောနဲ့"
"ငါက မရောက်သေးပါဘူး"
ကျန်းစီက ရယ်မောလိုက်သည်။
"ဟူး...ဒါဆိုရင် တော်ပါသေးရဲ့"
သူတို့သုံးယောက်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။အကယ်၍ ကျန်းစီသည် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပါက ဤသည်မှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော ကိစ္စဖြစ်သွားပေမည်။
သို့ရာတွင် သူတို့ အသက်ရှုမှန်သွားသောအချိန်မှာပင် ကျန်းစီ၏အသံက ဆက်လက်၍ထွက်ပေါ်လာသည်။
"ငါက မိုးမြေဂိုဏ်းထဲကိုဝင်တာ ကျန်းဝူထက် နည်းနည်းလေးနောက်ကျတာကြောင့် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ကို မရောက်သေးဘူးဆိုပေမယ့် အဲ့ဒီအမှိုက်ကောင်ရွှေမော်တယ်တွေ ထောင်နဲ့ချီပြီးလာရင်တောင် ခြေမွဖျက်ဆီးပစ်ဖို့ဆိုတာ ဘာပြဿနာမှမရှိဘူး"
ထိုစကားကိုပြောဆိုရင်း ကျန်းစီသည် ကြွားလုံးထုတ်လိုက်၏
"ကြည့်လိုက်အုံး...ငါ့ရဲ့ဖိနပ် အလယ်အလတ်ဆင့် အင်မော်တယ်ရတနာ..."
"ခေါင်းလောင်းငယ်လေးတွေ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာ...."
"လက်စွပ် အဆင့်မြင့်အင်မော်တယ်ရတနာ...."
"ပြီးတော့ ဒီဓားက အဆင့်မြင့်....."
"ဒီတစ်ခု ဒီတစ်ခု ဒီအရာတွေအားလုံးက အဆင့်မြင့်အင်မော်တယ်ရတနာတွေချည်းပဲ"
ကျန်းစီသည် မိုးမြေဂိုဏ်းမှ သူ ယူဆောင်လာသော သူ့၏လက်နက်အပြည့်အစုံကို ကြွားလုံးထုတ်ရင်း မိတ်ဆက်ပေးလေသည်။
အင်မော်တယ်ရတနာ ဆယ်ခုကျော်....
သူဌေးလက်သစ်တစ်ယောက်၏ချမ်းသာကြွယ်ဝမှုအလားပင်....
ဤမြင်ကွင်းသည်....
ကျန်းရီတို့သုံးယောက်၏မျက်လုံးများကို ကျွတ်ထွက်လုမတတ် ဖြစ်သွားစေသည်။
"ကျန်းစီ အဲ့ဒီအင်မော်တယ်ရတနာတွေကို မင်း ဘယ်နေရာကနေ ရလာတာလဲ"
ကျန်းရီတို့သုံးယောက်သည် တံတွေးများမြိုချကာ တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်၏။
"အဲ့ဒီမှော်ရတနာတွေအားလုံးက မိုးမြေဂိုဏ်းကနေ မင်း ယူလာတာလို့တော့ ငါတို့ကို မပြောနဲ့"
"ဒါက အမှန်ပဲ...ဒါတွေအားလုံးက ငါ မိုးမြေဂိုဏ်းကနေ ယူလာခဲ့တဲ့ ရတနာတွေပဲ"
ကျန်းစီက မောက်မာထောင်လွှားစွာဖြင့် ရယ်မောလိုက်သည်။
"ဟူး...."
ကျန်းရီတို့သုံးယောက်သည် ပင့်သက်ရှိုက်လိုက်ကြ၏။
မိုးမြေဂိုဏ်း၌ ဤမျှထိရတနာအမြောက်အများရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဤသည်မှာ အမှန်တကယ်ကို အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
"အစ်ကိုကြီး ဒုတိယအစ်ကို တတိယအစ်ကို ...ကျန်းစီ ပေါက်ကရပြောနေတာတွေကို နားမထောင်ကြနဲ့...အဲ့ဒီရတနာတွေက အမှိုက်တွေသက်သက်ပဲ"
ထိုအချိန်မှာပင် ကျန်းဝူသည် လျှောက်လှမ်းလာကာ ကျန်းစီကိုမျက်စောင်းထိုးကြည့်ပြီး ပြောဆိုသည်။
"ကျန်းဝူ...ဒါတွေအားလုံးက အတုတွေလို့ မင်း ဆိုလိုတာလား"
သူတို့သုံးယောက်သည် ကျန်းဝူကိုကြည့်ကာ အလျှင်အမြန်မေးမြန်းလိုက်သည်။
သူတို့သည်လည်း တူညှသောကိစ္စတစ်ခုကို တွေးတောမိလေ၏။
မည်သည်ကြောင့် ဆယ်နှင့်ချီသောရတနာပစ္စည်းများအားလုံးသည် အင်မော်တယ်ရတနာများဖြစ်နေနိုင်မည်နည်း။
Chapter 504
ကျန်းဝူ၏ရှင်းပြချက်ကြောင့် သူတို့သုံးယောက်လုံး ပို၍အံ့အားသင့်တုန်လှုပ်သွားသည်။
"ဒါတွေက အတုတွေမဟုတ်ပါဘူး...တကယ့်ကို အင်မော်တယ်ရတနာတွေပဲ...ဒီအင်မော်တယ်ရတနာတွေက ငါတို့မိုးမြေဂိုဏ်းရဲ့အမှိုက်တွေ ဖြစ်နေရုံသက်သက်ပဲ...ဘယ်သူကမှ ဒါတွေကို အသုံးမပြုကြဘူး...ဒါကြောင့် အဲဒါတွေကအမှိုက်တွေလို့ ငါက ပြောတာပါ"
ကျန်းဝူသည် ကျန်းရီတို့သုံးယောက်ကို ရှင်းပြနေရင်း သူ့၏ခေါင်းကိုတိမ်းစောင်း၍ ကျန်းစီကိုကြည့်ကာ ပြောဆိုသည်။
"မင်းလည်း အတူတူပဲ...ငါတို့ရဲ့စီနီယာတွေက တာအိုရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့စည်းမျဉ်းတွေကို လေ့လာလိုက်စားတယ်...ငါတို့က သူတို့ကို အတုယူသင့်တယ်...ဘာလို့ ဒီပြင်ပအင်မော်တယ်ရတနာတွေကို အသုံးပြုဖို့ကိုပဲ အမြဲအာရုံစိုက်နေတာလဲ...မင်းက တခြားလူတွေကို ခြောက်လန့်မှုအတွက် အဲ့ဒီအသုံးမကျတဲ့ရတနာပစ္စည်းတွေကိုတောင် ယူလာခဲ့သေးတယ်..ဒါက ငါတို့ရဲ့ဂိုဏ်းချုပ်ကို မျက်နှာပျက်စေတဲ့လုပ်ရပ်ပဲ"
"ဟီးဟီး...ငါ မှားသွားတယ်...ငါ မှားသွားပါတယ်"
ကျန်းရီသည် သူ့၏ခေါင်းကိုပွတ်သပ်နေရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုလိုက်၏။
"ငါက ဒါတွေကိုကြွားလုံးထုတ်ဖို့အတွက်ပဲတွေးတောမိတာ...ငါ တကယ်ကို ရူးသွပ်မိုက်မဲခဲ့တယ်...ဒါက ငါတို့ဂိုဏ်းချုပ်ကို အရှက်ရစရာဖြစ်သွားစေမယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး.... အခုချက်ချင်း ငါ ဒါတွေကို ဖယ်ရှားလိုက်မယ်"
သို့ရာတွင်...
ဤညီအစ်ကိုနှစ်ယောက်အကြားမှ စကားပြောဆိုနေမှုကို နားထောင်နေသော လူသုံးယောက်၏ပါးစပ်သည် ဘဲနှုတ်သီးအလား ကျယ်လောင်စွာပွင့်ဟနေတာ သူတို့၏ခန္ဓာကိုယ်များသည် နေရာမှာပင်တောင့်တင်းနေပေ၏။
ကြည့်ရသည်မှာ သူတို့နှင့်ရင်းနှီးကျွမ်းဝင်သော စတုတ္ထနှင့်ပဉ္စမညီငယ်လေးတို့ ဟုတ်ပါသေးသလော....
သူတို့၏စကားပြောဆိုနေခြင်းကို နားထောင်ရသည်မှာ လူသားများစကားပြောဆိုနေသည်နှင့် တူညီသေးသလော.....
"အစ်ကိုကြီး ဒုတိယအစ်ကို တတိယအစ်ကို....မင်းတို့ရဲ့ပါးစပ်တွေကို ဟလိုက်ပါ"
ထိုအချိန်မှာပင် ကျန်းဝူက အော်ဟစ်လိုက်သည်။
သူတို့သုံးယောက်သည် အမှတ်တမဲ့ဖြင့် သူတို့၏ပါးစပ်များကို ဟလိုက်ကြသည်။
သူတို့၏ပါးစပ်များအတွင်းသို့ ဆေးလုံးသုံးလုံး ကျရောက်လာပြီးနောက် အပူစီးကြောင်းတစ်ကြောင်းအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ခန္ဓာကိုယ်များအနှံ့ ပျံ့နှံ့သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင်....
သူတို့သုံးယောက် ရရှိထားသောဒဏ်ရာများ တစ်ဝက်မက သက်သာပျောက်ကင်းသွားကာ သူတို့၏ကျင့်ကြံဆင့်စွမ်းအားများ အနည်းငယ်မြင့်တက်လာသည်။
"ဒါ....ဒါက ဘာလဲ"
သူတို့သုံးယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်းဝူကို ကြည့်လိုက်ကြ၏။
"အကိုကြီးတို့သုံးယောက် အံ့အားသင့်မသွားပါနဲ့....ငါ ဒီနေရာကို ထွက်မလာခင်တုန်းက ငါ့ရဲ့စကားပြောချိုသာမှုကြောင့် ဒုတိယအစောင့်အရှောက်က ငါ့ကို ခွေးစာတချို့ပေးလိုက်တယ်"
ကျန်းဝူက သူ့၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"ခွေး...စာ....လား..."
ကျန်းရီတို့သုံးယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ ပင့်သက်ရှိုက်လိုက်ကြသည်။
ဤမိုးမြေဂိုဏ်းဟူသည်မှာ မည်သည့်နေရာမျိုးဖြစ်သနည်း...
အင်မော်တယ်ရတနာများသည် စွန့်ပစ်အမှိုက်များဖြစ်ကာ.....
သူတို့၏ဒဏ်ရာများကို ချက်ချင်းသက်သာပျောက်ကင်းသွားစေသော မှော်ဆန်သည့်ဆေးလုံးများသည် ခွေးစာများဖြစ်နေသလော....
သူတို့သည် အံ့အားသင့်နေခြင်းကြောင့် အချိန်တခဏကြာသည်အထိ စကားမပြောဆိုနိုင်တော့ချေ။
"အော်...ဒါနဲ့ အဲ့ဒီအမှိုက်ကောင်က အစ်ကိုကြီးတို့သုံးယောက်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်...ငါက အစ်ကိုကြီးတို့အတွက် လက်စားချေတဲ့အနေနဲ့ သူ့ကို ခုတ်ပိုင်းပစ်မယ်"
သူတို့၏ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည်ကိုကြည့်ပြီး ကျန်းဝူသည် သူ့၏လက်အတွင်းရှိ ဓားရှည်ကိုဝှေ့ယမ်းကာ ဖန်ရှောင်ထျန်းထံသို့ဦးတည်၍ လျှောက်လှမ်းသွားသည်။
"မင်း ဘာလုပ်မလို့ရောက်လာတာလဲ"
"ငါ့ကို မသတ်ပါနဲ့...ဒါက ငါ့ရဲ့ရူးသွပ်မိုက်မဲမှုတွေပါ"
"ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို မသတ်ပါနဲ့"
ထိုအခြင်းအရာကိုကြည့်ပြီး ဖန်ရှောင်ထျန်းသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် တောင်းပန်လေသည်။
တစ်ချိန်တည်းမှာပင် သူ့၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေကာ သူ့၏ဒဏ်ရာရထားသောလက်ကိုဆုပ်ကိုင်၍ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်နေသည်။
သူ့၏နှလုံးသားအတွင်း၌ အလွန်အမင်းနောင်တရနေမိသည်။
လွန်ခဲ့သောလဝက်ခန့်က ကောင်းကင်အင်မော်တယ်အဆင့်တွင်သာရှိနေသော ကျန်းဝူသည် ယခုအချိန်၌ နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်ဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"ခဏနေအုံး....ပဉ္စမညီလေး သူ့ကိုလွတ်ပေးလိုက်ပါ....သူက ကောင်းကင်ဘုံရဲ့ရွေးချယ်ခံတစ်ယောက်ဖြစ်နေတယ်...မင်း သူကို သတ်လို့ မရဘူး"
ထိုအချိန်မှာပင် ကျန်းရီသည် ကျန်းဝူကိုကြည့်ကာ အော်ဟစ်လိုက်သည်။
သူသည် ဖန်ရှောင်ထျန်းကို အလွန်အမင်းသတ်ဖြတ်လိုသော်လည်း ကောင်းကင်ဘုံ၏ရွေးချယ်ခံထားရသော တစ်စုံတစ်ယောက်ကို ရင်ဆိုင်နိုင်ရန် မည်သည့်နည်းလမ်းမျှမရှိကြောင်း သူ ကောင်းစွာသိရှိထားသည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ၏ရွေးချယ်ခံများသည် ကြိုတင်သတ်မှတ်ခံထားရသော အရေအတွက်ရှိနေသည်။
အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် ပွင့်လာသောအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံ၏ရွေးချယ်ခံ လူနှစ်ရာသုံးဆယ့်လေးယောက်သည် လောကကြီးအတွင်း၌သေချာပေါက် ရှိနေရပေမည်။
အကယ်၍ တစ်စုံတစ်ယောက်သည် တစ်ဖက်ရန်သူထက် ပို၍သန်မာအားကောင်းပြီး ထိုလူအား သတ်ဖြတ်ရန်ကြိုးစားလျှင်ပင် ကံကြမ္မာကြောင့် မတော်တဆကိစ္စများဖြစ်လာနိုင်ကာ ထိုလူ သေဆုံးခြင်းမှ လွတ်မြောက်သွားသည်ကို ခွင့်ပြုရပေမည်။
အတိုချုပ်ပြောဆိုရလျှင် အရာအားလုံးသည် နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်ပေ၏။
သို့ရာတွင် အဖြစ်မှန်မှာ ဤသို့ရှိနေသည်။အကယ်၍ ကျန်းဝူထံတွင် ဖန်ရှောင်ထျန်းကိုလွယ်လင့်တကူ သတ်ဖြတ်နိုင်သောစွမ်းအားမျိုးရှိနေလျှင်ပင် ယခုအချိန်၌ သူ ထိုသို့ပြုလုပ်နိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မိုးကောင်းကင်ကိုဖီဆန်ခြင်းပင်။
တစ်စုံတစ်ယောက်သည် မည်မျှပင် သန်မာအားကောင်းနေသည်ဖြစ်စေ မည်သည်ကြောင့် မိုးကောင်းကင်ကိုဖီဆန်၍ အနိုင်ရရှိနိုင်မည်နည်း...
ထိုစကားကိုကြားချိန်တွင် ဖန်ရှောင်ထျန်းသည်လည်း ရုတ်တရက်အသိဝင်လာခဲ့သည်။ယခင်က သူသည် ကျန်းဝူအား အသနားခံတောင်းပန်နေခဲ့သော်လည်း ယခုအချိန်၌ သူ ထိတ်လန့်ကြောက်ရွံခြင်းမရှိတော့ချေ။
သူသည် ရုတ်တရက်မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား...မင်းက ငါ့ထက် သန်မာအားကောင်းတယ်ဆိုရင်တောင် ဘာဖြစ်နိုင်မှာမလို့လဲ...မင်းက နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်ဖြစ်နေရင်လည်း ငါက ဘာလို့အရေးစိုက်ရမှာလဲ....ငါက ကောင်းကင်ဘုံရဲ့ရွေးချယ်ခံတစ်ယောက်ပဲ...ကောင်းကင်ဘုံက ငါ့ကို သေခွင့်ပြုမှမဟုတ်ဘူး...ဒါကြောင့် ဘယ်သူကမှ ငါ့ကို မသတ်နိုင်ဘူး"
"ခွေးမသားလေး မင်းက ငါ့ကို အရမ်းဒေါသထွက်စေတယ်....ငါ ဒီအကြွေးကို နောင်တစ်ချိန်ကျရင် အကြိမ်ပေါင်းထောင်သောင်းချီပြီး မင်း ပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်"
"မင်း စောင့်နေစမ်း"
"ဟား ဟား ဟား...."
သို့ရာတွင် သူ၏ရယ်မောသံသည် တစ်ဝက်တစ်ပျက်သို့ အရောက်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။
သူ့၏မျက်နှာပေါ်ရှိ အပြုံးသည်လည်း ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။
သူသည် မျက်လုံးအပြူးသားဖြင့် သူ့၏လည်ပင်းကို ခုတ်ပိုင်းလိုက်သောဓားကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
"ဘယ်လို....."
"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ...ငါကကောင်းကင်ဘုံရဲ့ရွေးချယ်ခံတစ်ယောက်လေ"
ထို့အသံနှင့်အတူ သူသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ့၏မျက်လုံးများအတွင်း၌ မလိုလားသော အရိပ်အယောင်များရှိနေကာ သူသည် ဦးခေါင်းမဲ့သောအလောင်းတစ်လောင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒါက....."
"ပဉ္စမညီလေး....မင်း ဘာလို့ ဒီလိုလုပ်လိုက်တာလဲ"
"သူက ကောင်းကင်ဘုံရဲ့ရွေးချယ်ခံတစ်ယောက်လေ....မင်း ဘာလို့ သူ့ကိုသတ်လိုက်တာလဲ"
ကျန်းရီတို့ညီအစ်ကိုသုံးယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့် မေးမြန်းလေသည်။
"ကောင်းကင်ဘုံရဲ့ရွေးချယ်ခံဆိုရင်တောင် ဘာလုပ်ရမှာလဲ....ဟောင်းနွမ်းနေတဲ့မိုးကောင်းကင်တာအိုက ငါတို့မိုးမြေဂိုဏ်းရဲ့လူတွေကို မထိန်းချုပ်နိုင်ဘူး"
ကျန်းဝူက သရော်တော်တော်ပြောဆိုကာ ဓားချက်တစ်ချက်ကို ထပ်မံ၍ထုတ်လွှတ်ပြီး ဖန်ရှောင်ထျန်း၏စိတ်ဝိညာဥ်ကို ကြေမွှပျက်စီးသွားစေသည်။ဖန်ရှောင်ထျန်းထံတွင် ကောင်းကင်ဘုံ၏ရွေးချယ်ခံဟူသော ကံကြမ္မာရှိနေသည့်တိုင် ထိုအရာသည် သူ့ကို ကယ်တင်ခြင်းမရှိချေ။
ဤကိစ္စသည်....
နောက်ဆုံး၌ တည်ငြိမ်သွားလေပြီ။
သို့ရာတွင် ကျန်းရီတို့သုံးယောက်သည် အချိန်အတော်ကြာသည်အထိ ထိတ်လန့်ကြောက်ရွံ့နေဆဲပင်။
အကယ်၍ သူတို့၏မျက်လုံးများဖြင့် မျက်မြင်ကိုယ်တွေ့ကြုံရခြင်းမရှိပါက လောကကြီးအတွင်း၌ မိုးမြေဂိုဏ်းဟုခေါ်သော အင်အားစုမျိုးရှိနေသည်ကို မည်သူကမျှ စိတ်ကူးယဥ်တွေးတောကြည့်ဖူးမည်နည်း။
ထို့ပြင် အကယ်၍ ဤကဲ့သို့အစွမ်းထက်သောအင်အားစုတစ်စုနှင့် ရင်ဆိုင်ရခြင်းတွင် မည်သူသည် တုန်လှုပ်ခြင်းမရှိဘဲ နေနိုင်မည်နည်း....
ကျန်းရီတို့သည် ကျန်းစီတို့၏အနီးသို့လျှောက်လှမ်းလာကာ ရှက်ကိုးရှက်ကန်းဖြင့် သူတို့၏ခေါင်းများကိုပွတ်သပ်ပြီး ပြောဆိုလိုက်၏။
"အဲ စတုတ္ထညီလေးနဲ့ပဉ္စမညီလေး...အင်း...ငါတို့လည်း မိုးမြေဂိုဏ်းကိုဝင်လို့ရလား"
ထိုသို့ပြောဆိုပြီးနောက် သူတို့သုံးယောက်၏မျက်နှာများ နီမြန်းသွားသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခင်က သူတို့အား သေသည်အထိရိုက်နှက်လျှင်ပင် မိုးမြေဂိုဏ်းအတွင်းသို့ ဝင်မည်မဟုတ်ဟု ပြောဆိုခဲ့သည့်အား သူတို့ အမှတ်ရနေဆဲပင်။
"မင်းတို့ ဝင်လို့ရတာပေါ့....ငါတို့နှစ်ယောက် ဒီတစ်ကြိမ်ပြန်လာရတဲ့ရည်ရွယ်ချက်က အစ်ကိုကြီးတို့သုံးယောက်ကို မိုးမြေဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်ဖို့အတွက်ပဲ"
ကျန်းဝူက အပြုံးနှင့်ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
သူတို့သုံးယောက်၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
သို့ရာတွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သောကြောင့် ထပ်မံ၍မေးမြန်းလိုက်ကြ၏။
"ဒါပေမဲ့ မိုးမြေဂိုဏ်းက ငါတို့ကိုအထင်အမြင်သေးနေရင် ဘယ်လိုလုပ်မလဲ...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဂိုဏ်းက အရမ်းအစွမ်းထက်နေမှတော့ ငါတို့ကို အထင်သေးနိုင်တယ်လေ...ဟုတ်တယ်မလား"
"အစ်ကိုကြီးတို့သုံးယောက်က ဘာလို့ ဒီလိုမျိုးတွေပြောရတာလဲ...သာမန်လူတွေက မိုးမြေဂိုဏ်းထဲကိုဝင်ရင် မဖြစ်နိုင်ဘူး...ဒါပေမဲ့ မင်းတို့ရဲ့လက်ထဲမှာ လက်ကမ်းကြော်ငြာရှိနေသရွေ့ မင်းတို့က ဂိုဏ်းထဲကို အလွယ်တကူဝင်ရောက်နိုင်တယ်...ဘာလို့လဲဆိုရင် အဲ့ဒီလက်ကမ်းကြော်ငြာကိုရထားတဲ့သူက မိုးမြေဂိုဏ်းထဲကို ဝင်ဖို့ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ပြီးသားဖြစ်နေတာကြောင့်ပဲ"
ကျန်းဝူက အလျှင်အမြန်ရှင်းပြသည်။
"ဒါဆိုရင် ငါတို့မှာ လက်ကမ်းကြော်ငြာရှိနေသရွေ့ငါတို့က မိုးမြေဂိုဏ်းထဲကို ဝင်လို့ရပြီပေါ့...ဒါက အရမ်းကောင်းတာပဲ"
သူတို့သုံးယောက်သည် ရုတ်တရက်အလွန်အမင်း စိတ်သက်သာရာရသွားသည်။
"ဒါဆိုရင် အစ်ကိုကြီးတို့သုံးယောက် ဘယ်အချိန်မှာ စပြီးထွက်ခွာမှာလဲ"
ကျန်းစီက မေးမြန်းသည်။
"ငါတို့မှာ ပစ္စည်းတချို့ ထုတ်ပိုးစရာတွေ ကျန်နေသေးတယ်...ငါတို့ အကုန်လုံးပြင်ဆင်ပြီးတာနဲ့ ချက်ချင်းထွက်ခွာမယ်"
ကျန်းရီက ပြောဆိုသည်။
"ကောင်းပြီလေ...မင်းတို့ အခုချက်ချင်း ထွက်မသွားသေးဘူးဆိုမှတော့ ငါက မိုးမြေဂိုဏ်းကို အရင်ပြန်ပြီး အစ်ကိုကြီးတို့သုံးယောက် ရောက်လာမယ့်အချိန်ကို စောင့်နေမယ်"
ကျန်းစီက ပြောဆိုလိုက်၏။
"ကောင်းတယ် ဘာပြဿနာမှမရှိဘူး...ငါတို့ မကြာခင်လာခဲ့မယ်"
ကျန်းရီတို့သုံးယောက်သည် ညီငယ်နှစ်ယောက်ထွက်ခွာသွားသည်ကို ပို့ဆောင်နှုတ်ဆက်လိုက်ကြသည်။
ထိုကိစ္စများအားလုံးကိုဖြေရှင်းပြီးနောက် ကျန်းစီနှင့်ကျန်းဝူတို့သည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ မိုးမြေဂိုဏ်းထံသို့ တန်းတန်းမတ်မတ် ပြန်သွားတော့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ကျမ်းစာဆောင်အတွင်းမှ အကန့်အသတ်မရှိသော မဟာတာအိုဥပဒေသများက ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
"ဒီလိုဖြစ်လာမယ်လို့ ငါ တကယ်ကို မျှော်လင့်မထားမိဘူး...အရင်တုန်းက ငါတို့ တကယ့်ကို မဆင်မခြင်လုပ်ခဲ့မိတာပဲ"
ညီငယ်နှစ်ယောက်ကို ပို့ဆောင်နှုတ်ဆက်ပြီးနောက် ကျမ်းရီသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။
"ပဉ္စမညီလေးမှာ ခွဲခြားသိမြင်နိုင်တဲ့ အမြင်အာရုံမျိုးရှိနေလို့သာပဲ"
"ဒါက အမှန်ပဲ....တစ်လအတွင်းမှာ ပဉ္စမညီလေးက နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့ပြီ....ဒီလိုမျိုး ကောင်းချီးပေးခံရတဲ့ အင်မော်တယ်အသိုက်အမြုံတစ်ခုကို ငါ အပြေးသွားဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး...ဟားဟားဟား"
ကျန်းစန်းက ပြောဆိုသည်။
"ငါလည်း မစောင့်နိုင်တော့ဘူး"
ကျန်းအာက ပြောဆိုလေ၏။
"ကောင်းပြီလေ ညီလေးတို့....ဒါဆိုရင်လည်း ငါတို့ အမြန်ဆုံးထွက်ခွာကြစို့"
"ဟား ဟား ဟား...."
ကျန်းရီသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူသည် မိုးမြေဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်လအတွင်းတွင် နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက် ဖြစ်လာရမည်ဟု သူ၏စိတ်အတွင်းမှ စဉ်းစားတွေးတောလိုက်သည်။
ဤသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ရာပင်။
သို့ရာတွင် သူ ရယ်မောနေရင်း....
ရုတ်တရက် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ နားလည်သဘောပေါက်သွားသည်။
သူ့၏မျက်နှာ ချက်ချင်းမည်းမှောင်သွားကာ သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်ပါးဖြတ်ရိုက်ပြီး အော်ဟစ်လိုက်၏။
"အို မဟုတ်သေးဘူး...ငါရဲ့လက်ကမ်းကြော်ငြာက ချော်ရည်ထဲကိုကျသွားပြီးတော့ မြေအောက်မှာချိတ်ပိတ်မိနေပြီ"
Chapter 505
ဤအချိန်အခိုက်အတန့်တွင်....
ကျန်းရီသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ခုန်ဆွခုန်ဆွလုပ်နေသည်။
သူသည် သူ့ကိုယ်သူ ပါးနှစ်ကြိမ်ဖြတ်ရိုက်ကာ ဤကဲ့သို့ ရူးသွပ်မိုက်မဲသောကိစ္စများကို လုပ်ဆောင်ခဲ့မိသောကြောင့် နောင်တရနေမိသည်။
"ဒုတိယညီလေးနဲ့တတိယညီလေး....အစ်ကိုကြီးက မင်းတို့ကို အကူအညီတောင်းချင်တယ်...ချိတ်ပိတ်ခံထားရတဲ့လက်ကမ်းကြော်ငြာကို ပြန်ရနိုင်မယ့် နည်းလမ်းတစ်ခုလောက် ငါ့ကိုကူညီပြီး စဥ်းစားပေးကြပါအုံး"
ကျန်းရီသည် ပျက်ယွင်းနေသောမျက်နှာအမူအယာနှင့် ကျန်းအာနှင့်ကျန်းစန်းတို့ကို အကူအညီတောင်းခံလိုက်၏။
သို့ရာတွင် ကျန်းအာနှင့်ကျန်းစန်းတို့သည် သူတို့၏ခေါင်းများကို ခါယမ်းပြလေသည်။
"ဒုတိယညီလေးနဲ့တတိယညီလေး....မင်းတို့ရဲ့အစ်ကိုကြီးကို ခုလိုမျိုးစွန့်ပစ်တော့မှာလား"
ကျန်းရီက တင်းမာခက်ထန်သောမျက်နှာဖြင့် အော်ငေါက်လိုက်သည်။
"အစ်ကိုကြီး...မင်း ဘာလို့ ခုလိုပြောတာလဲ...ငါတို့က အချင်းချင်းမှီခိုအားထားရတဲ့ ညီအစ်ကိုတွေလေ....ခုဏက ငါ စဥ်းစားနေခဲ့တာ...အစ်ကိုကြီးက ငါတို့အငယ်တွေကို အမြဲတမ်းကာကွယ်ပေးခဲ့တယ်...အခုချိန်မှာ ငါတို့က မင်းကို ပြန်ပြီးကာကွယ်ပေးဖို့ အလှည့်ကျလာပြီ မဟုတ်ဘူးလား"
ကျန်းအာက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
"ဒါကြောင့် ညီလေးတို့က မိုးမြေဂိုဏ်းထဲကို အမြန်ဆုံး ဝင်ရလိမ့်မယ်....အဲ့ဒီလိုမှပဲ ငါတို့ရဲ့ခွန်အားတွေ မြင့်တက်လာပြီးတော့ အစ်ကိုကြီးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလား"
"ဒါက အမှန်ပဲ....ဒုတိယအစ်ကိုပြောတာ မှန်တယ်"
ကျန်းစီက အလျှင်အမြန် သံယောင်လိုက်သည်။
"ဒါကြောင့် ငါနဲ့ဒုတိယအစ်ကိုက စတုတ္ထညီလေးနဲ့ပဉ္စမညီလေးတို့ကို အရင်သွားတွေ့လိုက်မယ်...အစ်ကိုကြီးက ဒီနေရာမှာ နေခဲ့ပြီးတော့ လက်ကမ်းကြော်ငြာကို ဖြည်းဖြည်းချင်းရှာပါ...တကယ်လို့ မင်း အဲ့ဒါကိုရှာမတွေ့ရင်လည်း ဘာမှစိတ်မပူနဲ့...ငါတို့က မင်းကို ကာကွယ်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက်....
ကျန်းအာနှင့်ကျန်းစန်းတို့သည် မည်သည့်စကားမျှ ထပ်မံ၍မပြောဆိုတော့ဘဲ မိုးကောင်းကင်ယံအတွင်းသို့ပျံသန်းကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ကျန်းရီသည် တွန့်လိမ်နေသောနှုတ်ခမ်းဖြင့် ကျန်ခဲ့တော့သည်။
ဤကဲ့သို့ ကြောင်သူတော် ညီရင်းအစ်ကိုဆက်ဆံရေးမျိုး....
သို့ရာတွင် သူသည် အပူငွေ့များ တထောင်းထောင်းထနေသော ချော်ရည်များကို နောက်ပြန်လှည့်ကြည့်မိစဥ်တွင် သူ ချက်ချင်းငိုယိုလိုက်မိသည်။
သောက်ချေးပဲ....
ဤသည်မှာ မည်ကဲ့သို့ အပြစ်မျိုး ဖြစ်သနည်း....
အစပထမတွင် လက်ကမ်းကြော်ငြာကို သူ အလွန်လျှင်မြန်စွာ လွှင့်ပစ်ခဲ့သည်အား ပြန်လည်တွေးတောမိချိန်တွင်....
ဤသည်မှာ သူသည် ကျောက်တုံးတစ်တုံးကိုကိုင်မြှောက်၍ သူ့ခြေထောက်ကို သူပြန်ထုလိုက်သည့်အလားပင်။
သို့ရာတွင် ကျန်းစီ၏ခန္ဓာကိုယ်ပေါ်တွင် ပြည့်နှက်နေသော အင်မော်တယ်ရတနာများနှင့် ကျန်းဝူ၏နက်နဲသိမ်မွေ့အင်မော်တယ်စွမ်းအားတို့အကြောင်းကို ပြန်လည်တွေးတောမိစဥ်တွင် ကျန်းရီသည် တခြားကိစ္စများကို ဂရုမစိုက်နိုင်တော့ချေ။
သူသည် မျက်လုံးစုံမှိတ်ကာ သူ့၏ခြေထောက်နှစ်ချောင်းကိုစုပြီး ချော်ရည်ပူများအတွင်းသို့ ဦးစိုက်၍ထိုးဆင်းလိုက်တော့သည်။
"အူး...."
"ငါ ပူလွန်းလို့သေတော့မယ်"
သူသည် ချော်ရည်ပူများအတွင်းသို့ ကျရောက်သွားသည်နှင့် ကျန်းရီသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။ချော်ရည်ပူများအကြား၌ သူ့၏မျက်လုံးများအတွင်းမှ မျက်ရည်များယိုစီးကျလာကာ သူ့၏လိင်အင်္ဂါပင် လောင်ကျွမ်းခြင်းခံရသဖြင့် နီမြန်းသွားသည်။
ရက်ပေါင်းများစွာ ကုန်လွန်သွားလေပြီ။
ကျန်းရီသည် ချော်ရည်များအတွင်း၌ ကူးခတ်နေဆဲဖြစ်ပြီး သူ့၏စိတ်အတွင်းတွင် လက်ကမ်းကြော်ငြာသာရှိနေသည်။
အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်အတွက်ကမူ သူ မေ့လျော့နေသည်မှာ အထက်ကိုးကောင်းကင်ထက်ပင် ကျော်လွန်နေလေပြီ။
ဖရိုဖရဲနယ်မြေအတွင်း၌....
ဖျက်ဆီးခြင်းအရှင်သည် သူ့၏မျက်လုံးများကို ထပ်မံ၍ဖွင့်လိုက်၏။
အကြောင်းအရင်းမှာ နောက်ဆုံးတစ်ကြိမ် သူ နိုးထလာသောအချိန်သည် တစ်လခန့်ကြာမြင့်သွားပြီဖြစ်သောကြောင့်ပင်။
ဖျက်ဆီးခြင်းအရှင်၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
ယခင်လတုန်းက ခန်းမအတွင်းတွင် လူအမြောက်အများ မရှိသော်လည်း ယခုချိန်တွင် လူ ဆယ်ယောက် သို့မဟုတ် အယောက်နှစ်ဆယ်ကျော်ထက် ပိုရှိနေနိုင်သည်။
အကယ်၍ ကံကောင်းပါက လူများဆယ်နှင့်ချီ၍ ရောက်ရှိနေပေမည်။
"အရေးအကြီးဆုံး အနီရောင်အင်မော်တယ်အလင်းတိုင်လုံးနဲ့ အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးတွေထဲမှာ လူဘယ်လောက်များများ ထပ်ပြီးရောက်နေလဲဆိုတာ ငါ ခုထိမသိရသေးဘူး"
"ငါ ရှေ့ကိုထွက်ပြီးတော့ သွားကြည့်ရမယ်"
သူသည် မတ်တတ်ထရပ်ကာ သူ့၏မျက်လုံးကိုဖွင့်ပြီး စူးရှသောအကြည့်ဖြင့် ခန်းမထံသို့ကြည့်လိုက်၏။
ပထမဆုံး သူ့၏အကြည့် ကျရောက်သွားသောနေရာသည် အနီရောင်အလင်းတိုင်လုံးများထံသို့ပင်။
အကယ်၍ သူ ထိုနေရာသို့ မကြည့်မိပါက အဆင်ပြေနိုင်သော်လည်း သူ့၏အကြည့် ကျရောက်သွားချိန်တွင် ဆိုးဆိုးရွားရွားမြင်ကွင်းတစ်ခုကို မြင်တွေ့မိသဖြင့် သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
မူလက အနီရောင်အလင်းတိုင်လုံးအတွင်းတွင် လူခုနစ်ယောက်ရှိသည်။ဤအချိန်နှစ်လအတွင်းတွင် လူဦးရေတိုးမလာရုံသာမက ပိုင်ဖျောင်ဖျောင်နှင့်ယွင်ယောင်ယောင်တို့သာကျန်ရစ်ပြီး ဟိုင်ဖေးမျိုးနွယ်စု၏ညီအစ်ကိုငါးယောက် ပျောက်နေသည်။
"ဘာတွေ ဖြစ်နေတာလဲ...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ဖျက်ဆီးခြင်းအရှင်က အော်ဟစ်ကြုံးဝါးလိုက်သည်။
"အရှင် ထိတ်ထိတ်ပျာပျာ ဖြစ်မသွားပါနဲ့....ဟိုင်ဖေးမျိုးနွယ်စုရဲ့ညီအစ်ကိုငါးယောက်က ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖြေရှင်းနေတာဖြစ်နိုင်တယ်...ကြည့်လိုက်အုံး...သူတို့ရဲ့ကိုယ်ပွားတွေက ဒီနေရာမှာ ရှိနေတုန်းပဲမဟုတ်လား"
ငွေရောင်မျက်နှာဖုံးစွပ်လူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ရိုသေလေးစားစွာ ပြောဆိုသည်။
ဖျက်ဆီးခြင်းအရှင်သည် နံဘေးတစ်ဖက်သို့ စောင်းငဲ့ကြည့်ပြီးနောက် သူ့၏အမူအယာ အနည်းငယ်ကောင်းမွန်သွားကာ ခေါင်းညိတ်ပြလိုက်၏။
အမှန်တကယ်ကိုပင်....
ဟိုင်ဖေးညီအစ်ကိုငါးယောက် ချန်ထားခဲ့သော စိတ်ဆန္ဒကိုယ်ပွားများ ထိုနေရာတွင်ရှိနေဆဲပင်။ဖြစ်နိုင်ချေရှိသည်မှာ သူတို့သည် တစ်စုံတစ်ခုပြုလုပ်ရန် ထွက်သွားခြင်းဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ စိတ်ဆန္ဒကိုယ်ပွားဖန်တီးရန် ကျင့်ကြံသူတစ်ယောက်၏စိတ်နှင့်ကျင့်ကြံဆင့်စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုရသည်။
အကယ်၍ သူတို့သာ အမှန်တကယ်ထွက်ခွာသွားပါက စိတ်စွမ်းအားများ အလဟဿကုန်ဆုံးစေရန် စိတ်ဆန္ဒကိုယ်ပွားများကို ဤနေရာ၌ ချန်ထားခဲ့မည်မဟုတ်ချေ။
သို့ရာတွင် အကယ်၍ ဟိုင်ဖေးညီအစ်ကိုငါးယောက် ထွက်ခွာမသွားလျှင်ပင် ဖျက်ဆီးခြင်းအရှင်သည် အလွန်စိတ်ဓာတ်ကျနေဆဲဖြစ်ပေ၏။
အကြောင်းအရင်းမှာ နှစ်လအတွင်းတွင် အနီရောင်အလင်းတိုင်လုံးအတွင်းသို့ နောက်ထပ် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာသောကြောင့်ပင်။
အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးနောက်.....
သူသည် အပြာရောင်အလင်းတိုင်လုံးများထံသို့ကြည့်လိုက်၏။
အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးများမှ နယ်ရုပ်များသည် အနီရောင်အင်မော်တယ်အလင်းတိုင်လုံးများအတွင်းမှ နယ်ရုပ်များထက် နိမ့်ကျသော်လည်း အရေးကြီးသောအစိတ်အပိုင်းဖြစ်နေဆဲပင်။
အနီရောင်အင်မော်တယ်အလင်းတိုင်လုံးများအတွင်းတွင် လူတစ်ယောက် တိုးမလာသဖြင့် အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးများတွင်လည်း ထိုသို့ဖြစ်မနေစေရန် သူ မျှော်လင့်နေမိသည်။
သို့ရာတွင် သူ ကြည့်လိုက်မိသည်နှင့်....
ဖျက်ဆီးခြင်းအရှင်၏ပါးစပ် မဲ့ရွဲ့သွားကာ သူ့၏နှလုံးသွေးကြောများ ပိတ်ဆို့သွားတော့လုမတတ်ပင်။
အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးများတွင် လူတစ်ယောက် ပိုတိုးမလာရုံသာမက လူတစ်ယောက်ပင် ပျောက်ကွယ်သွားခဲ့သည်။
ထို့ပြင် ပျောက်ကွယ်သွားသောလူသည် ဟိုင်ဖေးညီအစ်ကိုငါးယောက်နှင့်မတူညီဘဲ စိတ်ဆန္ဒကိုယ်ပွားပင် မကျန်ရှိခဲ့ချေ။သူ့ရှေ့ရှိလူသည် ဆံပင်တစ်ချောင်းပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခြင်းပင်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ဖျက်ဆီးခြင်းအရှင်သည် အော်ဟစ်ကြုံးဝါးကာ သူ့၏လက်ကိုဆွဲဆုပ်လိုက်ရာ ကောင်းကင်ဘုံသဘာဝလွန်ပုံရိပ်တစ်ခု မြင့်တက်လာပြီး စတင်၍ ခြေရာခံတော့သည်။
ငွေရောင်မျက်နှာဖုံးစွပ်နှင့်လူသည် လှုပ်ရှားဝံ့ခြင်းမရှိဘဲ နေရာမှာပင်ဒူးထောက်နေကာ ဖျက်ဆီးခြင်းအရှင်၏ခြေရာခံနေမှုကို တိတ်တဆိတ်စောင့်ဆိုင်းနေသည်။
နောက်ဆုံး၌ ခြေရာခံမှု အဆုံးသတ်သွားချိန်တွင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော အသံတစ်သံက ဖျက်ဆီးခြင်းအရှင်၏နှုတ်မှ ထွက်ပေါ်လာသည်။
"သေသွားတာ....သူက တကယ်ကြီး သေသွားတာလား"
နံဘေးတစ်ဖက်၌ ဒူးထောက်နေသော ငွေရောင်မျက်နှာဖုံးစွပ်လူသည် ထိုသတင်းကိုကြားချိန်တွင် သူ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ကောင်းကင်ဘုံ၏ရွေးချယ်ခံတစ်ယောက် အမှန်တကယ် သေဆုံးသွားခဲ့သလော....
ဤသည်မှာ ကိစ္စကြီးတစ်ရပ်ပင်။
တစ်ခုသိထားရမည်မှာ ကောင်းကင်စက်ဝန်းတွက်ချက်မှုအရ ဖျက်ဆီးခြင်းအရှင်သည် ဆယ်လကြာပြီးနောက် အင်မော်တယ်မြစ်ကုန်းမြေတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများဖြင့် စည်ပင်တိုးတက်လာမည်ကို ကောက်ချက်ချနိုင်ခဲ့သည်။
ခေတ်ကာလအဆက်ဆက်တွင် စုစည်းလာခြင်းမှတဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏အရေအတွက်သည် နှစ်ရာ့သုံးဆယ့်လေးယောက်သို့ ရောက်ရှိလာပေမည်။
မတော်တဆမှုများအရဖြစ်စေ အကြောင်းနှင့်အကျိုးများ တခြားအကြောင်းအရင်းများကြောင့်ဖြစ်စေ ဤလူနှစ်ရာသုံးဆယ့်လေးယောက်သည် မည်သည့်ပြောင်းလဲမှုမျိုးမျှ မရှိနိုင်ချေ။
အကြောင်းအရင်းမှာ ဤသည်က ဆယ်လကြာလျှင်ဖြစ်ပေါ်လာမည့် မူရင်းရလဒ်ဖြစ်သောကြောင့်ပင်။
ဤသည်မှာ ဖျက်ဆီးခြင်းအရှင်သည် မဟာအကြံအစဥ်ကြီးကို စီစဥ်ခဲ့ကာ နောက်ထပ်ဆယ်လအကြာတွင် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကိုဖွင့်ရန် ကြံရွယ်ခဲ့သည့် အကြောင်းအရင်းလည်းဖြစ်သည်။
ထို့ကြောင့် အကယ်၍ ယခုချိန်တွင် တစ်စုံတစ်ယောက် ပျောက်ကွယ်နေလျှင်ပင် ပုံမှန်သာဖြစ်ပြီး အဆုံးသတ်တွင် အထွတ်အထိပ်အခြေအနေ၌ရှိနေသော လူနှစ်ရာ့သုံးဆယ့်လေးယောက် ရှိနေရပေမည်။
သို့ရာတွင် ယခုချိန်၌ အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် မပွင့်သေးမီအချိန်တွင် ရွေးချယ်ခံနှစ်ရာ့သုံးဆယ့်လေးယောက်အနက်မှ တစ်ယောက်သည် သေဆုံးသွားလေပြီ။ဤကိစ္စသည် လွန်စွာကြီးမားပေ၏။
"ဘာတွေဖြစ်နေတာလဲ"
ဖျက်ဆီးခြင်းအရှင်၏လက်ဝါးများပင် တုန်ရီနေသည်။
တစ်ယောက်သေဆုံးသွားခြင်းမှာ လူနှစ်ရာသုံးဆယ့်လေးယောက်ကို မစုစည်းနိုင်တော့ဟု ဆိုလိုခြင်းပင်။
ထို့ပြင် သူ့၏မဟာအစီအစဥ်ကြီးကိုလည်း စတင်၍ရတော့မည် မဟုတ်ချေ။
သို့ရာတွင် သူသည် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။ဤသည်မှာ အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးအတွင်းမှ လူတစ်ယောက် လျော့နည်းသွားခြင်းသာဖြစ်သည်။အနီရောင်အင်မော်တယ်အလင်းတိုင်လုံးအတွင်းမှ တစ်စုံတစ်ယောက်မဟုတ်သရွေ့ သူ အင်အားတချို့စိုက်ထုတ်လိုက်ပါက ထိုနေရာကို ဖာထေးနိုင်ပေမည်။
သို့ရာတွင် သူ့အတွက် ပို၍ဒေါသထွက်စေသောကိစ္စများ ဆက်လက်၍ဖြစ်ပွားလာသည်။
ဤသည်မှာ အစောပိုင်းက တည်ရှိနေခဲ့သော ဟိုင်ဖေးမျိုးနွယ်စုမှ ညီအစ်ကိုငါးယောက်၏စိတ်ဆန္ဒကိုယ်ပွားများ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ခြင်းပင်။
"အမ်...."
ထိုမြင်ကွင်းကိုကြည့်ပြီး မြေပြင်ပေါ်၌ ဒူးထောက်နေသော ငွေရောင်မျက်နှာဖုံးစွပ်လူ၏မျက်လုံးများ ကျွတ်ထွက်လုမတတ်ဖြစ်သွားသည်။
ဖျက်ဆီးခြင်းအရှင်သည်လည်း ကူကယ်ရာမဲ့စွာဖြင့် သူ့၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
"သောက်ချေးပဲ...."
နောက်ဆုံးစိတ်ဖြေသိမ့်ဖွယ်ရာလေးပင် ပျောက်ကွယ်သွားလေပြီ။
"ဘယ်လိုသောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ"
"ကောင်းကင်ဘုံသဘာဝလွန်ပုံရိပ် ထပ်ပြီးမြင့်တက်လာစမ်း"
"ငါ့အတွက် စစ်ဆေးပေးစမ်း"
ဖျက်ဆီးခြင်းအရှင်၏မျက်နှာ သုန်မှုန်နေကာ အသံနက်ကြီးဖြင့် ပြောဆိုလေ၏။
ရုတ်တရက် သဘာဝလွန်ပုံရိပ်တစ်ခု ထပ်မံ၍မြင့်တက်လာသည်။
သူသည် ဤလူ၏သေဆုံးသွားခြင်းကို ဖော်ထုတ်လိုခြင်းအပြင် ဟိုင်ဖေးမျိုးနွယ်စုမှလူငါးယောက် မည်သည့်နေရာသို့ သွားသည်ကိုရှာဖွေလိုသည်။ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ မည်သည့်အပြောင်းအလဲများ ဖြစ်ပွားခဲ့သည်ကို ရှာဖွေဖော်ထုတ်ရန်ပင်။