အခန်း (၅၁၆-၅၂၀)
Vol. 35 Ch. 516-520
Chapter 516
"ဧကရာဇ်ကို သတင်းပို့ပါတယ်....ဖျက်ဆီးခြင်းအရှင်ကို သတင်းပို့ပါတယ်...ပစ်မှတ်က ချိတ်ပိတ်ထားတဲ့နေရာကို ရောက်တော့မယ်"
ထိုအချိန်မှာပင်....
လက်အောက်ငယ်သားတစ်ယောက် ရောက်ရှိလာကာ သတင်းပို့သည်။
ထိုစကားကိုကြားချိန်တွင် နန်းတော်အတွင်းရှိ လူများအားလုံး၏မျက်နှာများ လင်းလက်တောက်ပသွားသည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...လေညှင်းနဲ့မိုးတိမ်ဗိုလ်ချုပ်နှစ်ယောက်က အဲ့ဒီနေရာကိုအနီးကပ်စောင့်ကြည့်ရမယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အလျှင်အမြန်အမိန့်ပေးလိုက်သည်။
မူလက ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်တစ်ခုတွင် ထိုနေရာ၌ သူနှင့်ဖျက်ဆီးခြင်းအရှင်တို့ ကိုယ်တိုင်ကိုယ်ကျစောင့်ကြည့်ပါက အကောင်းဆုံးဖြစ်မည်ဟု တွေးထင်ခဲ့သည်။
သို့ရာတွင် သူတို့နှစ်ယောက်လုံးသည် ကြီးမားသောစွမ်းအားများကို ပိုင်ဆိုင်ထားကာ ကောင်းကင်ဘုံ၏မြင့်မြတ်အရှင်ကို ကိုယ်စားပြုသည်။ထိုနေရာအနီးသို့ သူတို့နှစ်ယောက် ချဥ်းကပ်သွားသည်နှင့် ကံကြမ္မာ၏ငြိစွန်းခြင်းကို ခံရမည်မှာ မလွဲမသွေပင်။
ထို့ကြောင့်....
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ကံကြမ္မာ၏အကျိုးဆက်များ နည်းပါးစေရန်အတွက် ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးသော လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို ထိုနေရာသို့သွားရန် တမင်သက်သက်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်....
ထိုနေရာရှိမြင်ကွင်းကို သူတို့ မျက်မြင်ကိုယ်တွေ့မကြုံနိုင်သော်လည်း ဤနေရာတွင်ရှိနေသောကံကြမ္မာအင်မော်တယ်အလင်းတိုင်၏ မြင့်တက်လာမှုမှတဆင့် တွေ့မြင်နိုင်သည်။
ထို့ကြောင့်...
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ ကံကြမ္မာအင်မော်တယ်အလင်းတိုင်လုံး၏နံဘေးတွင် ထိုင်လိုက်ကြ၏။
သူတို့သည် စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းလိုက်ကြသည်။
အုံ့ဆိုင်းနေသောတောင်တန်းများအတွင်းမှနေ၍....
လူရိပ်နှစ်ရိပ်သည် လျှို့ဝှက်နယ်မြေကို အနီးကပ်စောင့်ကြည့်နေသည်။
သူတို့သည် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်မှ စေလွှတ်ထားသော လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ပင်။
"ငါတို့ကို အရမ်းနီးကပ်တဲ့နေရာထိ ချဥ်းကပ်မသွားဖို့ ဧကရာဇ်က ညွှန်ကြားထားတယ်....ဒါကြောင့် ဒီနေရာက မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တဲ့ နေရာကောင်းတစ်ခုပဲ"
လေညှင်းစစ်ဗိုလ်ချုပ်က စိတ်အေးလက်အေး ပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ ဤနေရာသို့လာရောက်သည့် ရည်ရွယ်ချက်သည် စောင့်ကြည့်ရန်သာဖြစ်ပြီး မည်သည့်အရာကိုမျှ ကြားဝင်စွက်ဖက်၍မရချေ။
သူတို့ ပါဝင်ပတ်သက်လိုက်သည်နှင့်....
သူတို့နှစ်ယောက်လုံးသည် ကံကြမ္မာ၏သက်ရောက်ခြင်းကိုခံရကာ သူတို့၏နောက်ရှိ ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည်လည်း ခံစားရပေမည်။
"အမှန်ပဲ....ဒီနေရာက တကယ့်ကိုကောင်းမွန်တယ်....တကယ်လို့ ငါတို့ တွက်ဆထားတဲ့အချိန်အတိုင်းဆိုရင် သူက မကြာခင် ရောက်လာတော့မယ်"
မိုးတိမ်စစ်ဗိုလ်ချုပ်က ပြောဆိုသည်။
"အမှန်ပဲ...ဒီအချိန်မှာ ရောက်လာသင့်တယ်"
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူတို့သည် အဝေးတစ်နေရာသို့စူးစိုက်ကြည့်နေပြီး အပြည့်အဝအာရုံစူးစိုက်ထားကြသည်။
"သူ ဒီနေရာကိုရောက်လာပြီ"
နောက်ဆုံး၌ မိုးတိမ်စစ်ဗိုလ်ချုပ်က ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် မိုးတိမ်စစ်ဗိုလ်ချုပ်သည်လည်း ထိုနေရာသို့ အလျှင်အမြန်လှမ်းကြည့်လိုက်သည်။
တိကျသေချာစွာပင်....
အဝေးရှိလျှို့ဝှက်နယ်မြေ အစွန်အဖျားတွင် အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက် ရောက်ရှိလာကာ နယ်မြေအတွင်းသို့ တရွေ့ရွေ့ချဥ်းကပ်သွားသည်။
ရွှေအင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် ခြေလှမ်းတစ်လှမ်းချင်းလျှောက်လှမ်းရမည့်အစား ပျံသန်းသွားသင့်သည်။
သို့ရာတွင် ဤအစီအစဥ်များအကြားတွင် သူသည် လျှို့ဝှက်နယ်မြေသို့ ရောက်ရှိလုဆဲဆဲအချိန်၌ မြေပြင်ပေါ်ရှိ ရှုမျှော်ခင်းများကို သဘောကျနှစ်ခြိုက်မိသောကြောင့် တစ်လမ်းလုံး လမ်းလျှောက်လာခဲ့ခြင်းဖြစ်သည်။
လျှို့ဝှက်နယ်မြေ၏ချိတ်ပိတ်ထားသောနေရာသို့ ရောက်ရှိပြီးနောက် သူသည် ချိတ်စည်းတံဆိပ်မှ စွမ်းအားလှုပ်ခတ်မှုများကို အာရုံခံကာ ချိတ်စည်းတံဆိပ်ကိုချိုးဖျက်ပြီး အဝါရောင်ကောင်းကင်သားရဲကြီးကို လွှတ်ပေးရပေမည်။
အရာအားလုံးသည် ဤအဆင့်ထိ တိုးတက်လာပေ၏။
ကိစ္စများအားလုံး အစီအစဥ်အတိုင်း ဆက်လက်၍ဖြစ်ပွားနေသည်။
နောက်ထပ်အဆင့်တစ်ဆင့်မှာ ဤလူသည် ချိတ်စည်းဝင်္ကပါမှစွမ်းအားလှုပ်ခတ်မှုများကို အာရုံခံရန်ပင်။
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် ထိုနေရာသို့ စူးစိုက်၍ကြည့်လိုက်သည်။
လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားသော အဖြူရောင်ဝတ်စုံဝတ်လူသည် နယ်မြေအတွင်းပိုင်းသို့ဝင်ရောက်ရန် တမိုင်ခန့်သာလိုတော့ကြောင်း သူတို့နှစ်ယောက် မြင်တွေ့လိုက်ရသည်။
လျှို့ဝှက်နယ်မြေတစ်ခုလုံးသည် အချင်းဝက်နှစ်မိုင်ခန့်ရှိနေရာ သူသည် နယ်မြေတစ်ခုလုံး၏ အလွန်ဗဟိုချက်ကျသောနေရာသို့ ရောက်ရှိနေသည်ဟု ဆိုလိုခြင်းပင်။
သို့ရာတွင်....
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်နှစ်ယောက်၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်နိုင်စွာ ပစ်မှတ်သည် ထိုနေရာသို့ ရောက်ရှိသွားသည့်တိုင် ချိတ်စည်းဝင်္ကပါမှ စွမ်းအားလှုပ်ခတ်မှုများကို အာရုံခံမိခြင်းမရှိချေ။
"တစ်ခုခု မှားနေလို့လား"
လေညှင်းစစ်ဗိုလ်ချုပ်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"ဘာမှ မစိုးရိမ်နဲ့...သူက လမ်းတစ်ဝက်ပဲ ရောက်သေးတာမဟုတ်ဘူးလား"
မိုးတိမ်စစ်ဗိုလ်ချုပ်က အလျှင်အမြန်နှစ်သိမ့်ပေးလေသည်။
လေညှင်းစစ်ဗိုလ်ချုပ်က ခေါင်းညိတ်လိုက်၏။
ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံးသည် အသက်ရှူနှုန်းများကိုထိန်းသိမ်းကာ နောက်ထပ်ဖြစ်ပေါ်လာမည့် အတည်ပြုချက်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသည်။
နောက်ဆုံး၌....
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်၏မျက်လုံးများအောက်တွင် အဖြူရောင်ဝတ်စုံဝတ်လူသည် ရပ်တန့်သွားကာ သူ့၏ပတ်ဝန်းကျင်ကို စူးရှစွာကြည့်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး....
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
အမှန်အားဖြင့် မြင့်မြတ်သောဧကရာဇ်နှင့်ဖျက်ဆီးခြင်းအရှင်တို့၏ အစီအစဉ်များသည်အမှားအယွင်းမရှိနိုင်ချေ။
ဤအခြေအနေကို အာရုံခံကြည့်ပါက အဖြူရောင်ဝတ်စုံဝတ်လူသည် ချိတ်စည်းဝင်္ကပါမှစွမ်းအားလှုပ်ခတ်မှုများကို ရှာဖွေတွေ့ရှိသွားခြင်းဖြစ်ပေမည်။
နောက်ထပ်အဆင့်သည် ချိတ်စည်းတံဆိပ်ကို ချိုးဖျက်ရန်ပင်။
သူတို့နှစ်ယောက်သည် မျှော်လင့်တကြီးဖြင့် ဆက်လက်၍စောင့်ကြည့်လိုက်ကြ၏။
အဖြူရောင်ဝတ်စုံဝတ်လူသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို စူးစမ်းလေ့လာဆဲဖြစ်သည်အား သူတို့ မြင်တွေ့မိသည်။
"ဒီနေရာမှာ အရင်က အစွမ်းထက်တဲ့ ဝင်္ကပါတစ်ခုရှိနေပုံရတယ်....ဒီဝင်္ကပါထဲမှာ လျှို့ဝှက်နယ်မြေ ဒါမှမဟုတ် အင်မော်တယ်လှိုဏ်ဂူတစ်ဂူ ရှိနေသင့်တယ်မဟုတ်လား"
သူသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ သူ့၏မျက်နှာပေါ်တွင် နက်နဲစွာတွေးတောနေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်....
သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ သက်ပြင်းရှိုက်လိုက်သည်။
"ဒါပေမယ့်...ကြည့်ရတာတော့ ဒီဝင်္ကပါက ချိုးဖျက်ခံရပြီးသား ဖြစ်နေတဲ့ပုံပဲ"
"တကယ်လို့ ဒီနေရာမှာ လျှို့ဝှက်နယ်မြေ ဒါမှမဟုတ် အင်မော်တယ်လှိုဏ်ဂူတစ်ဂူရှိခဲ့ရင်တောင် ချိတ်စည်းဝင်္ကပါကျိုးပျက်သွားပြီးတဲ့နောက်မှာ ကျန်တာတွေကတော့ အကြွင်းအကျန်တွေပဲ"
"ငါ မျှော်လင့်ထားသလိုပဲ...."
"ဒီလောကကြီးထဲမှာ အရာအားလုံးက အနိမ့်အမြင့်ရှိတယ်...လှပတဲ့ရှုမျှော်ခင်းတွေကို မြင်ရပြီးတဲ့နောက်မှာ ခြောက်သွေ့ခြင်းနဲ့အကြွင်းအကျန်တွေရှိနေတယ်"
သူသည် လျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ရောက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ ဤနေရာတွင် ထပ်မံ၍တွယ်ကပ်နေခြင်းမရှိသောချေ။
သူ၏အဖြူရောင်ဝတ်ရုံကိုတစ်ချက်ခရမ်းလိုက်ခြင်းနှင့်အတူ သူသည်မိုးကောင်းကင်ရဲ့အတွင်းသို့ပြန်သန်းသွားကာအလင်းတန်းတတန်းအဖြစ်ပျောက်ကွယ်သွားတော့သည်။
အမ်
မျှော်လင့်သူကြီးစောင့်စားနေသော လေညင်းနှင့်မိုးတိမ်စစ်ဗိုလ်ကျုံးနှစ်ယောက်သည် ရုတ်တရက်ကျက်သေသေသွားလေ၏။
ဝမ်းဘဲတစ်ကောင် ၏အသံကဲ့သို့ တဂက်ဂက်အသံများကသူတို့၏ သွားများမှာထွက်ပေါ်လာသည်
သူ သူအဝေးသို့ပြန်သန်းသွားလေသလော
မည်သို့ ဖြစ်ပျက်သွားသနည်း....
မည်သည့်ကိစ္စများ ဖြစ်ပွားသွားခဲ့သနည်း....
သူသည် ချိပ်စည်းတံဆိပ်ကို စတင်၍ချိုးဖျက်သင့်သည်မဟုတ်လော...
မည်သည့်ကြောင့် သူ အဝေးသို့ ပျံသန်းသွားသနည်း....
ဤသည်မှာ ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။
ဤကိစ္စသည် သာမန်အသိအမြင်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေပေ၏။
မည်သည်ကြောင့် သူ အဝေးသို့ပျံသန်းသွားသနည်း....
မည်သည်ကြောင့် သူ ချိပ်စည်းတံဆိပ်ကို ချိုးဖျက်ခြင်းမပြုသနည်း....
ဤအချိန်အခိုက်အတန့်တွင် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များ တုန်ရီနေသည်။
သူတို့သည် ပြူးကျယ်နေသောမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေကာ သူတို့၏လက်များခြေထောက်များကို မည်သည့်နေရာတွင်ထားရမည်မှန်း မသိရှိတော့ဘဲ မည်ကဲ့သို့ဆက်လုပ်ရမည်ကိုလည်း မတွေးတောတတ်တော့ချေ။
ဤလူသည် အကြောင်းအရင်းမရှိဘဲ မည်သည်ကြောင့် အဝေးသို့ပျံသန်းသွားသည်ကို သူတို့ နားမလည်နိုင်ချေ။
"ဘုန်း...."
ထိုအချိန်မှာပင် ကျယ်လောင်သောတုန်ခါသံကြီးတစ်သံက လျှို့ဝှက်နယ်မြေမှ ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်မြေပြင်၏အရောင်အသွေး ပြောင်းလဲသွားပေ၏။
မိုးကောင်းကင်ယံကြီး တုန်ခါသွားကာ လေထုအတွင်း၌ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသည်။
မြေပြင်အက်ကွဲလာခြင်းနှင့်အတူ ကျန်းတစ်ရာကျော်မြင့်မားသော ချော်ရည်သားရဲကြီးသည် မြေအောက်မှ တွားသွားထွက်လာပေ၏။
"ဒါက ဘာလဲ...."
"အဝါရောင်ကောင်းကင် သားရဲကြီးလား"
ဤအချိန်အခိုက်အတန့်တွင် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် တဖန်ထပ်၍ အံ့အားသင့်တုန်လှုပ်သွားသည်။သူတို့၏စိတ်နှလုံးသားများအတွင်းမှ အံ့အားသင့်တုန်လှုပ်မှုလှိုင်းတစ်လှိုင်း မငြိမ်သက်သေးမီ နောက်ထပ်လှိုင်းတစ်လှိုင်း မြင့်တက်လာသည်။သူတို့သည် ဤကိစ္စကို ဥာဏ်မမှီတော့သကဲ့သို့ ခံစားမိလေ၏။
ပထမဆုံး ပစ်မှတ်ဖြစ်သောလူသည် လမ်းကြောင်းအတိုင်းမလိုက်ဘဲ အဝေးသို့ပျံသန်းသွားခဲ့သည်။
တစ်စုံတစ်ခု ဖြစ်ပျက်သွားသဖြင့် ထိုလူသည် အဝါရောင်ကောင်းကင်သားရဲကြီးကို လွှတ်မပေးခဲ့ခြင်းဖြစ်မည်ဟု သူတို့ တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုကြည့်ကြည့်တော့မှ အဝါရောင်ကောင်းကင်သားရဲကြီးသည် မြေအောက်မှတွားသွားထွက်လာသလော....
ဤသည်မှာ မည်ကဲ့သို့ ထူးခြားသည့်အခြေအနေမျိုးဖြစ်သနည်း....
ဤသည်မှာ ဖရိုဖရဲ ဖရိုဖရဲ ဖရိုဖရဲဆန်ပြီး လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေသောကိစ္စပင်။
အချိန်အတော်ကြာသည်အထိ လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် ဇဝေဇဝါဖြစ်နေခြင်းမှ ရုန်းထွက်နိုင်ခြင်းမရှိချေ။
Chapter 517
ထိုအချိန်မှာပင်....
အလင်းတန်းနှစ်တန်းက မိုးကောင်းကင်ယံကို ထပ်မံ၍ဖြတ်သန်းလာသည်။
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် လေထုအတွင်း၌ လူနှစ်ယောက်မတ်တတ်ရပ်ကာ မြေအောက်မှတွားသွားထွက်လာသော အဝါရောင်ကောင်းကင်သားရဲကြီးကို ငုံကြည့်နေသည်အား မြင်တွေ့လိုက်ရသည်။
"အခုထပ်ရောက်လာတဲ့နှစ်ယောက်က ဘယ်သူတွေလဲ"
"သူတို့က ဘယ်နေရာကနေ ထွက်လာတာလဲ"
လူနှစ်ယောက်သည် ရုတ်တရက်ဆန်စွာ ထပ်မံ၍ ထွက်ပေါ်လာသည်ကိုကြည့်ပြီး လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
ဤသည်မှာ လုံးလုံးလျားလျား ရှုပ်ထွေးနေသောကိစ္စတစ်ရပ်ပင်။
"သူတို့နှစ်ယောက်က အဝါရောင်ကောင်းကင်သားရဲကြီးကို အခုလိုပုံစံမျိုးနဲ့ကြည့်နေတာက သေဖို့တောင်းဆိုနေတာ မဟုတ်ဘူးလား"
"အမှန်ပဲ..."
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် အနီးကပ်စောင့်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောဆိုလိုက်ကြသည်။
အဝါရောင်ကောင်းကင်သားရဲကြီးသည် ဒေါသထွက်သွားကာ ထိုလူနှစ်ယောက်ကို လက်ဝါးတစ်ချက်တည်းဖြင့်ရိုက်သတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုက သူတို့၏မျက်လုံးများရှေ့၌ ထွက်ပေါ်လာမည်ဟု သူတို့တွေးထင်ခဲ့သည်။
သို့ရာတွင် အဝါရောင်ကောင်းကင်သားရဲကြီး၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောစွမ်းအားလှုပ်ခတ်မှုများ ထွက်ပေါ်လာပြီးနောက် ထိုလူနှစ်ယောက်၏ရှေ့၌ ဒူးထောက်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"ဘာ....."
ဤအချိန်အခိုက်အတန့်တွင် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်နေကာ သူတို့၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။
သို့ရာတွင် အဝါရောင်ကောင်းကင်သားရဲကြီးထံမှ ထွက်ပေါ်လာသောစကားများသည် သူတို့အား ပို၍ပင်ကြက်သေသေသွားစေပေ၏။
"အဝါရောင်ကောင်းကင်..."
"အရှင့်ကို အရိုအသေပြုပါတယ်"
အဝါရောင်ကောင်းကင်သားရဲကြီးသည် မြေပြင်ပေါ်တွင် နှိမ့်ချရိုကျိုးစွာဒူးထောက်ကာ ခယဝပ်တွားသောအသံဖြင့် ပြောဆိုသည်။
"မင်းက ငါ့ကိုပဲ အရိုအသေပြုတာလား"
"ငါ့ရဲ့စီနီယာအစ်မက ဘာလို့လဲ"
ကျားကျားချင်သည် မသိမသာမျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် ပြောဆိုသည်။
"မင်း မှတ်ထားရမှာက အခုချိန်ကနေစပြီးတော့ ငါက မင်းရဲ့အရှင်သခင် ဖြစ်ရုံတင်မကဘူး...ငါရဲ့ဂိုဏ်းတူစီနီယာတွေကလည်း မင်းရဲ့အရှင်သခင်တွေပဲ"
"ဟုတ်ကဲ့ပါ"
"အဝါရောင်ကောင်းကင်က အရှင်တို့နှစ်ယောက်လုံးကို အရိုအသေပြုပါတယ်"
မြေပြင်ပေါ်၌ဒူးထောက်နေသော အဝါရောင်ကောင်းကင်သားရဲကြီးသည် မည်သည့်စောဒကတက်ခြင်းမျှမရှိဘဲ ထပ်မံ၍အရိုအသေပြုလိုက်သည်။
ဤမြင်ကွင်းကိုကြည့်ပြီး ကျားကျားချင်သည် စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်ကာ သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။ထို့နောက် ကြီးမားသောအဝါရောင်ကောင်းကင်သားရဲကြီးသည် ကျန်းတစ်ဝက်စာအရွယ်အစားခန့်အထိ ကျုံဝင်သွားသည်။
ထို့နောက်မှနေ၍ အဝါရောင်ကောင်းကင်သားရဲကြီးသည် ထိုလူနှစ်ယောက်၏နောက်သို့လိုက်ကာ အလင်းတန်းသုံးတန်းအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။
အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက်...
လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာလေပြီ။
လေပြင်းတချက် ဝှေ့ယမ်းတိုက်ခတ်လာမှသာ လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားပြီး သူတို့၏အသိစိတ်များ ပြန်ဝင်လာကြသည်။
သူတို့နှစ်ယောက်သည် တယောက်ကိုတစ်ယောက်ကြည့်နေကာ မျက်လုံးအပြူးသားဖြစ်နေပြီး နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
မည်သည့်အချိန်မှ စတင်၍...
ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်မှော်သားရဲတကောင်ဖြစ်သော အဝါရောင်ကောင်းကင်သားရဲကြီးသည် ဤမျှထိ နာခံရို့ကျိုးသွားသနည်း....
ထိုသားရဲကြီးသည် မြေပြင်ပေါ်တွင်ဒူးထောက်၍ တခြားလူများကို အရှင်သခင်ဟုပင် ခေါ်ဆိုနေသလော....
သူတို့နှစ်ယောက်သည် သတင်းပြန်ပို့ရန် နေနေသာသာ မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မသိတော့ချေ။
အတိုချုပ်ပြောရလျှင်...
ပြဿနာကြီးတစ်ခုပင်....
ယခုလက်ရှိချိန်၌ အရာအားလုံးသည် သူတို့၏ထိန်းချုပ်နိုင်မှုမှ ကျော်လွန်နေကာ မည်သို့မျှထိန်းချုပ်နိုင်စွမ်းမရှိသည့်အဆင့်ထိ ကြီးထွားလာခဲ့သည်။
သူတို့ပြန်သွားစဉ်တွင် မည်သည့်အရာများဖြင့်ရင်ဆိုင်ရမည်ကို သူတို့မသိရှိချေ။သို့ရာတွင် ဤနေရာ၌ မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သည်ကို တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့အား အမြန်ဆုံးသတင်းပို့ရန် လိုအပ်သည်အား သူတို့ သိရှိထားသည်။
တိမ်တိုက်အထွတ်အထိပ်တော်ဝင်နန်းတော်၏ အတွင်း၌....
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် တပြိုင်နက်တည်း သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြသည်။
သူတို့၏မျက်လုံးများကို ဖွင့်လိုက်သောအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံသို့ တစ်ချိန်တည်းကြည့်လိုက်ကြ၏။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် ခပ်ဖျော့ဖျော့လင်းလက်နေသော ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှနေ၍ လှိုင်းဂယက်များ အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့်ပင်။
ဤသည်မှာ ကံကြမ္မာအင်မော်တယ်အလင်းတိုင် ပြောင်းလဲတော့မည့် လက္ခဏာရပ်ဖြစ်ပေ၏။
ဤမြင်ကွင်းကို ကြည့်ပြီး...
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များထင်ဟပ်လာသည်။
"ကံကြမ္မာအင်မော်တယ်အလင်းတိုင်ရဲ့ စွမ်းအားလှုပ်ခတ်မှုတွေအရ ကြည့်မယ်ဆိုရင်...ကိစ္စတွေအားလုံး အောင်မြင်ပြီးမြောက်သွားတာ ဖြစ်နိုင်တယ်"
ဖျက်ဆီးခြင်းအရှင်၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သူက စိတ်အေးလက်အေးပြောဆိုသည်။
"ဒါက အမှန်ပဲ"
"ကံကြမ္မာအင်မော်တယ်အလင်းတိုင်ရဲ့ နိမိတ်လက္ခဏာတွေအရ ဒီတကြိမ်အပြောင်းအလဲက သေးငယ်မှာမဟုတ်ဘူး"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ မျက်နှာပေါ်တွင်လည်း အပြုံးများထင်ဟပ်နေသည်။
အတိတ်နိမိတ်ကောင်းများ စတင်လာခြင်း....
ဤသည်မှာ အလွယ်ပြောရပါက ကောင်းမွန်သည့်စတင်မှုတစ်ခုပင်။
ဤကံကြမ္မာစွမ်းအားများသည် အလွန်အမင်းအရေးကြီးပေ၏။
ထိုအချိန်မှာပင် နန်းတော်၏ပြင်ပမှနေ၍ အလင်းတန်းနှစ်တန်း ပျံသန်းလာသည်။
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် ထိုနေရာသို့ ကြည့်လိုက်ကြရာ အလျင်စလိုပြန်လာသော လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တွေ့မြင်မိသည်။
"လာကြစမ်း...မင်းတို့အားလုံးက ငါနဲ့အတူ လေညှင်းနဲ့မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို ကြိုဆိုရမယ်....ဒီတကြိမ်မှာ သူတို့က ကြီးမားတဲ့အကျိုးဆောင်မှုကြီးကို အောင်မြင်ပြီးမြောက်ခဲ့တယ်....လေညှင်းနဲ့မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ရဲ့ အကျိုးဆောင်ခဲ့မှုတွေကို လျစ်လျူရှုလို့မရဘူး...ငါက သူတို့ကို ကြီးမားတဲ့ဆုလာဘ်တွေ ချီးမြှင့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သူ့၏လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့"
အမိန့်နာခံကြောင်း ပြောဆိုသည့်အသံများ ထွက်ပေါ်လာသည်။
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် တိမ်တိုက်အထွက်အထိပ်အင်ပါယာမှ ထိပ်သီးခေါင်းဆောင်များကိုဦးဆောင်၍ ပြန်လည်ရောက်ရှိလာသော လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်တို့ကို ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။
"ဧကရာဇ်ကို အရိုအသေပြုပါတယ်...ဖျက်ဆီးခြင်းအရှင်ကို အရိုအသေပြုပါတယ်"
ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော လူစုလူဝေးကို မြင်တွေ့ချိန်တွင် ပြန်လည်ရောက်ရှိလာသော လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်တို့သည် ပို၍ပင်ထိတ်လန့်ကြောက်ရွံ့သွားပေ၏။သူတို့သည် မြေပြင်ပေါ်၌ ပျာပျာသလဲဒူးထောက်ကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ဇောချွေးများ ယိုစီးကျလာသည်။
"အိုး ငါ့ရဲ့ဗိုလ်ချုပ်နှစ်ယောက်က တကယ့်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာပဲ...မင်းတို့ ထကြတော့...ဒီနေ့ ငါက မင်းတို့ကို ကြီးမားတဲ့ဆုလာဘ်တွေ ချီးမြှင့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ မျက်နှာထက်တွင် ကြီးမားသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
သာမာန်အားဖြင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူတို့ကဲ့သို့ အဆင့်နိမ့်စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်ပြီး များစွာဂရုစိုက်ခြင်းမရှိချေ။
သို့ရာတွင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ နိမိတ်လက္ခဏာများကိုကြည့်ပြီး အကဲဖြတ်ကြည့်ပါက ဤတစ်ကြိမ်အပြောင်းအလဲသည် သူတို့ စိတ်ကူးယဥ်တွေးတောထားထက် ပို၍ကြီးမားနေနိုင်သည်။
သူတို့သည် မြင့်မြတ်အရှင်ထံမှ ကြီးမားသောဆုလာဘ်များကိုယူဆောင်ကာ သံတမန်ထပ်မံ၍ ရောက်ရှိလာသည်ကိုပင် မြင်တွေ့နိုင်ပေမည်။
ထိုကြောင့် သူသည် ယခုအချိန်တွင် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို မြင်တွေ့ရသည်အား အလွန်နှစ်ထောင်းအားရဖြစ်နေသည်။
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏စကားများကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ငပဲများပင် တုန်ရီနေသည်။
ထိုကြောင့် သူတို့နှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပျာပျာသလဲရှင်းပြလိုက်၏။
"အရှင်....ကျေးဇူးပြုပြီးတော့ အရှင့်ရဲ့ဒေါသကို ထိန်းချုပ်ထားပါ...ငါတို့က...."
သို့ရာတွင်...
သူတို့၏စကားအဆုံးမသတ်သေးမီမှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ထပ်မံ၍ ကြားဖြတ်ဟန့်တားသည်။
"မင်းတို့နှစ်ယောက်က သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေပဲ...မင်းတို့ အရမ်းကြီးနှိမ့်ချရိုကျိုးနေတာကို ရပ်လိုက်ကြတော့.. မင်းတို့နှစ်ယောက်လုံး မတ်တတ်ထရပ်လိုက်ပါ...ဒီနေ့ ငါက မင်းတို့ကို ကြီးမားတဲ့ဆုလာဘ်တွေ ချီးမြှင့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အပြုံးတစ်ခုနှင့်အတူ နူးညံ့ညင်သာစွာပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လေညှင်းနှင့်မိုးတိမ်ဗိုလ်ချုပ်နှစ်ယောက်သည် ပို၍ပင်ထိတ်လန့်ကြောက်ရွံ့သွားပေ၏။
သောက်ချေးပဲ....
ကိစ္စများသည် မည်သည့်နည်းနှင့်မျှ ဤကဲ့သို့ ဖြစ်မလာနိုင်ချေ။
မည်သည်ကြောင့် သူတို့သည် ဤဆုလာဘ်ကို လက်ခံရရှိနိုင်မည်နည်း....
အကယ်၍ ဧကရာဇ်သည် သူတို့အား ဒေါသထွက်ကာ သတ်ဖြတ်လျှင်ပင် အခြေအနေကောင်းမွန်နေလေပြီ။မည်သည်ကြောင့် သူတို့သည် ဆုလာဘ်ကိုရရှိနိုင်မည်နည်း။
ဇော်ချွေးများရွှဲနစ်နေသော စစ်ဗိုလ်ချုပ်နှစ်ယောက်သည် သူတို့၏လက်များကိုအလျင်အမြန်ဝှေ့ယမ်းကာ စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
"အရှင်ဧကရာဇ်...ဒါက မှားယွင်းနေပြီ...အရှင် နားလည်မှုလွဲနေတာပဲ ဖြစ်မယ်...တကယ်က အဲ့ဒီလို မဟုတ်ဘူး...ကိစ္စတွေက အဲ့ဒီလိုမဟုတ်ဘူး"
သို့ရာတွင် သူတို့စကားပြောဆိုလိုက်သည်နှင့် သူတို့၏ရှေ့တွင်ရှိနေသော ဖျက်ဆီးခြင်းအရှင်၏ ကြားဖြတ်ဟန့်တားခြင်းကို ထပ်မံ၍ခံလိုက်ရသည်။
"မင်းတို့နှစ်ယောက် ထပ်ပြီးပြောနေစရာမလိုတော့ဘူး"
"ဒီကိစ္စက အရမ်းအရေးပါပြီးတော့ မင်းတို့နှစ်ယောက်က ဒါကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တယ်...ဧကရာဇ်က မင်းတို့ကို ကြီးမားတဲ့ဆုလာဘ်တွေ ချီးမြှင့်ရုံတင်မကဘူး ဖျက်ဆီးခြင်းအရှင်ဖြစ်တဲ့ ငါကလည်း မင်းတို့ကို ဆုလာလ်တွေ ရက်ရက်ရောရောချီးမြှင့်မယ်"
ဖျက်ဆီးခြင်းအရှင်ကလည်း ပြုံးရွှင်နေသောမျက်နှာဖြင့် ပြောဆိုသည်။
အိုး ဘုရားရေ....
ဤကိစ္စကိုပြန်လည်တွေးကြည့်ပါက အလွန်အဆင်ပြေချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သူ့ထံတွင် ဤကဲ့သို့ အဆင်ပြေချောမွေ့သော အချိန်ကာလာမျိုးမရှိခဲ့သည်မှာ ကြာမြင့်နေလေပြီ။
ကံကြမ္မာအင်မော်တယ်အလင်းတိုင်လုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်သည့်အတွက် မြင့်မြတ်အရှင်ထံမှရရှိမည့် ဆုလာဘ်များနှင့်နှိုင်းယှဉ်ပါက ဤအဆင့်နိမ့်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို ပေးကမ်းရသော သေးငယ်သည့်ဆုလာဘ်တစ်ခုသည် အသေးအမွှားပင်။
ထို့ကြောင့် သူတို့ကို ဆုလာဘ်များ ချီးမြင့်ရုံသာမက....
သူသည် သူတို့အား ရက်ရက်ရောရော ဆုချီးမြှင့်ရပေမည်။
Chapter 518
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိလေ၏။အကယ်၍ သူတို့သည် ဤမြင့်မြတ်သောတည်ရှိမှုကြီးနှစ်ယောက်၏ စကားများကို ထပ်မံ၍ အတင်းအကြပ်နားထောင်နေပါက နေရာမှာပင် သူတို့ ပြိုလဲကျသွားပေမည်။
ထို့ကြောင့် သူတို့နှစ်ယောက်က ပျာပျာသလဲ ရှင်းပြလိုက်၏။
"မဟုတ်ဘူး...ဒါက အမှန်မဟုတ်ဘူး...ကိစ္စတွေက ခုလိုမျိုး ဖြစ်သွားတာမဟုတ်ဘူး...."
"ဟုတ်တယ်...ဟုတ်တယ်...မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်...ငါတို့ သတ်မှတ်ထားတဲ့လူက လျှို့ဝှက်နယ်မြေရဲ့ချိပ်စည်းတံဆိပ်ကို မချိုးဖျက်နိုင်ခဲ့ဘူး"
သူတို့၏အသံများ ကျရောက်သွားသည်နှင့်...
ခန်းမအတွင်းရှိအခြေအနေ ချက်ချင်းတင်းမာစပြုလာသည်။
အစောပိုင်းက ပြုံးရွှင်နေသော ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏ မျက်နှာအမူအယာများ ချက်ချင်းမည်းမှောင်သွားသည်။
"မင်းတို့ ခုဏက ဘာပြောလိုက်တာလဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏အသံ အက်ရှရှဖြစ်သွားကာ သူက မေးမြန်းလိုက်၏။
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အက်ရှရှအသံဖြင့် မေးမြန်းသည်။
"အပြောင်းအလဲတစ်ခု ဖြစ်သွားပြီးတော့ ပစ်မှတ်က ချိတ်စည်းတံဆိပ်ကို မချိုးဖျက်ခဲ့ဘူးလို့ မင်းတို့ ပြောလိုက်တာလား"
"အတိအကျ ပြောစမ်း...ဘာတွေ ဖြစ်ခဲ့တာလဲ"
စစ်ဗိုလ်ချုပ်နှစ်ယောက်သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေသော်လည်း သူတို့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သတ္တိမွေးကာ အမှန်အတိုင်းပြောဆိုလိုက်သည်။
"အရှင်ဧကရာဇ်နဲ့ဖျက်ဆီးခြင်းအရှင်....ပစ်မှတ်က လျှို့ဝှက်နယ်မြေရဲ့ချိတ်စည်းတံဆိပ်ကို မချိုးဖျက်နိုင်ခဲ့ဘူး...သူက ချိတ်စည်းတံဆိပ်ကိုတောင် ရှာတွေ့ခဲ့တဲ့ပုံမရဘူး"
"ဘာ...."
ထိုစကားကိုကြားချိန်တွင် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့နှစ်ယောက်လုံး ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
ဖျက်ဆီးခြင်းအရှင်သည် စစ်ဗိုလ်ချုပ်နှစ်ယောက်ကိုဆုပ်ကိုင်ကာ သူ့၏ဒေါသများကိုချိုးနှိမ်ထားသောအသံဖြင့် မေးမြန်းလိုက်၏။
"ဒါဆိုရင် ငါ့ကိုပြောစမ်း...သူက အခု ဘယ်ရောက်သွားတာလဲ...သူက အခုလျှို့ဝှက်နယ်မြေထဲမှာ ရှိနေတုန်းပဲလား"
"မဟုတ်ဘူး....သူ အဲ့ဒီနေရာမှာ မရှိတော့ဘူး"
လေညှင်းစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်တွင် ချွေးများရွှဲနစ်နေကာ သူက ပြောဆိုသည်။
"သူက အဝေးကို ပျံသန်းသွားတယ်"
"အဝေးကို ပျံသန်းသွားတာလား"
ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် အလွန်အမင်း အံ့အားသင့်သွားလေ၏။
"ဒါပေမယ့် အဲ့ဒါက အဓိပ္ပါယ်မရှိဘူး"
ဖျက်ဆီးခြင်းအရှင်က အလျှင်အမြန် နားလည်သဘောပေါက်သွားကာ ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီလူက အဝါရောင်ကောင်းကင်သားရဲကြီးရဲ့ ချိတ်စည်းတံဆိပ်ကို မချိုးဖျက်ခဲ့ဘူးဆိုရင်....ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာကံကြမ္မာအင်မော်တယ်အလင်းတိုင်နဲ့ဆက်စပ်နေတဲ့ နိမိတ်လက္ခဏာတွေရှိနေတာလဲ"
ထိုစကားကိုကြားချိန်တွင်....
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည်လည်း အလျှင်အမြန် နားလည်သဘောပေါက်သွားကာ အံ့အားတသင့်အော်ဟစ်လိုက်သည်။
"အမှန်ပဲ....ကံကြမ္မာအင်မော်တယ်အလင်းတိုင်က အသေးစားပြောင်းလဲမှုတချို့ကို အလိုအလျောက် ထုတ်လွှတ်ခဲ့တယ်....အခုလက်ရှိပြသနေတဲ့ နိမိတ်လက္ခဏာတွေအရကြည့်ရင် အသေးအမွှားမဖြစ်နိုင်ဘူး...သိသာထင်ရှားတဲ့အရာတစ်ခု ဖြစ်ပွားလာမှသာ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို သက်ရောက်မှုရှိနိုင်တယ်"
"ငါ့ကို ပြောစမ်း....မင်းတို့ ငါ့ကို လှည့်စားနေကြတာလား"
အစောပိုင်းကပြုံးရွှင်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ပြင်းထန်သောအားဖြင့် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကိုဆုပ်ကိုင်ကာ လေထုအတွင်းသို့မြှောက်တင်လိုက်၏။ကြီးမားသောစွမ်းအားတစ်ရပ်က သူတို့အား နေရာမှစုပ်ယူလိုက်သည့်အလားပင်။
"အရှင်ဧကရာဇ် ငါတို့ မလုပ်ဝံ့ပါဘူး...ငါတို့က အရှင့်ကို လှည့်စားတာမဟုတ်ဘူး...ငါတို့ အခုထိ ပြောလို့မပြီးသေးဘူးလေ"
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်တွင် ကြေကွဲဝမ်းနည်းသော မျက်နှာအမူအရာများရှိနေကာ ခက်ခက်ခက်ခဲစကားပြောဆိုလိုက်ကြသည်။
"ဒါဆိုရင် ဘာလို့ မင်းတို့ရဲ့စကားကို တစ်ကြိမ်တည်းနဲ့ အပြီးသတ်အောင်မပြောခဲ့တာလဲ"
ဒေါသများဖြင့်ပြည့်နှက်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို ပါးဖြတ်ရိုက်လိုက်သည်။သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားပေ၏။
ထိုစကားကိုကြားချိန်တွင်.....
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် မျက်ရည်ကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ဤမြင့်မြတ်သောတည်ရှိမှုကြီးနှစ်ယောက်သည် သူတို့အား စကားပြောဆိုရန် အခွင့်အရေးမပေးခဲ့သည်မှာ သိသာထင်ရှားသည်။
အမှန်အားဖြင့် ဤကဲ့သို့ စောဒကတက်ခြင်းသည် သူတို့အတွက် ထိခိုက်မှုများသာ ပို၍ဖြစ်စေနိုင်သည်။သူတို့သည် ဤကိစ္စကို ဖွင့်ဟပြောဆိုဝံ့ခြင်းမရှိချေ။ထို့ကြောင့် သူတို့သည် အဖြစ်အပျက်များ၏ကြွင်းကျန်သောအပိုင်းကို ပြန်လည်တွေးတောကာ အသေးစိတ်ကျကျပြောဆိုလိုက်သည်။
"ပစ်မှတ်က ချိတ်စည်းတံဆိပ်ကို မချိုးဖျက်ဘဲထွက်ခွာသွားပေမယ့်...နောက်ပိုင်းမှာ အဝါရောင်ကောင်းကင်သားရဲကြီးက ချိတ်ပိတ်ခံထားရတဲ့နယ်မြေထဲကနေ သူ့အလိုလိုထွက်လာခဲ့တယ်"
"ဘာ...."
ထိုစကားလုံးများကိုပြောဆိုလိုက်ချိန်တွင် လှိုင်းပေါင်းတစ်ထောင် တဝုန်းဝုန်းရိုက်ခတ်လာသည့်အလားပင်။
ဤသည်မှာ ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏ မျက်လုံးများကို ပြူးကျယ်သွားစေကာ သူတို့၏မျက်နှာအမူအယာများ အလျှင်အမြန်ပြောင်းလဲသွားသည်။
"ဟား ဟား ဟား....."
နောက်ဆုံး၌ သူတို့နှစ်ယောက်သည် အကြည့်ခြင်းဖလှယ်ကာ ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။
"ဒါဆိုရင် အဲ့ဒီကိစ္စက အဲ့ဒီလို ဖြစ်သွားတာလား....အဲ့ဒီလို ဖြစ်သွားခဲ့တာလား..."
"ကြည့်ရတာတော့ ငါတို့ရဲ့ဘက်မှာ ကံကြမ္မာရှိနေတဲ့ပုံပဲ"
ဤမြင့်မြတ်သောတည်ရှိမှုကြီးနှစ်ယောက်၏ရယ်မောသံသည် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို ကြက်သေသေသွားစေသည်။
ဤမြင့်မြတ်သောတည်ရှိမှုကြီးနှစ်ယောက်သည် သူတို့၏အသိစိတ်များ လွတ်ကင်းသွားခဲ့သလော.....
သူတို့သည် ဤအခြေအနေ၏အတိမ်အနက်ကို နားလည်နိုင်စွမ်း မရှိသလော....
စစ်ဗိုလ်ချုပ်နှစ်ယောက်သည် စိုးရိမ်ပူပန်သွားကာ ဆက်လက်၍ ဖြစ်ပွားသွားခဲ့သောကိစ္စများကို အလျှင်အမြန်ရှင်းပြလိုခဲ့သည်။
သို့ရာတွင် သူတို့စကားပြောဆိုရန် ဟန်ပြင်လိုက်သည့်အချိန်မှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူတို့အား မတ်တတ်ထရပ်နိုင်ရန် ညင်သာစွာကူညီပေးလိုက်သည်။
"အိုး ငါ့ရဲ့ချစ်လှစွာသောစစ်ဗိုလ်ချုပ်တို့...ခုဏက ငါ မင်းတို့ကို နားလည်မှုလွဲသွားတယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ဝမ်းမြောက်ပျော်ရွှင်နေသောအမူအယာနှင့် ပြောဆိုသည်။
"ဒီကိစ္စမှာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်သွားပေမယ့် ဒါက ငါတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ လုံးလုံးလျားလျားကိုက်ညီနေတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့အစီအစဉ်အရဆိုရင် ပစ်မှတ်နဲ့ငါတို့ကြားမှာရှိတဲ့ ဆက်ဆံရေးက ဘယ်လောက်ပဲဝေးကွာနေပါစေ ကံကြမ္မာရဲ့သက်ရောက်မှုကို ငါတို့ ခံယူရမှာပဲ"
"ဒါပေမဲ့ တကယ်လို့ အဝါရောင်ကောင်းကင်သားရဲကြီးက ချိတ်စည်းတံဆိပ်ကနေ သူ့ဟာသူ လွတ်မြောက်လာခဲ့တာဆိုရင် ဒါက လုံးဝကွဲပြားခြားနားသွားပြီ...ဆိုလိုတာကတော့ ငါတို့တွေက ကံကြမ္မာရဲ့ချည်နှောင်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိတော့ဘဲနဲ့ ငါတို့လိုချင်တဲ့ရလဒ်ကို ရရှိခဲ့တာပဲ...ဒါက ငါတို့လိုချင်တဲ့အရာ အတိအကျမဟုတ်ဘူးလား"
"ဟား ဟား ဟား...."
"ဒါကြောင့် မင်းတို့နှစ်ယောက် ကြောက်နေစရာမလိုတော့ဘူး...ငါက မင်းတို့ကို ဆုလာဘ်တွေ ရက်ရက်ရောရော ချီးမြှင့်မှာပါ"
"အမှန်ပဲ...ဧကရာဇ်ပြောတာ မှန်တယ်...ကိစ္စတွေရဲ့အလှည့်အပြောင်းက ငါတို့ရဲ့ဆန္ဒတွေနဲ့ တစ်ထပ်တည်းကျနေတယ်"
ဖျက်ဆီးခြင်းအရှင်က ပြောဆိုသည်။ သူ့၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခဲ့ကာ ပြုံးရွှင်နေသောမျက်နှာတစ်ခုအဖြစ်သို့ ရောက်ရှိသွားလေ၏။သူက ဆက်လက်၍ ပြောဆိုလေသည်။
"ဒါကြောင့် မင်းတို့ရဲ့ကြီးမားတဲ့အကျိုးဆောင်မှုအတွက် မင်းတို့က ကြီးကျယ်ခမ်းနားပြီးတော့ ထူးခြားတဲ့ဆုလာဘ်တစ်ခုကို ရစေရမယ်"
"အရှင်ဧကရာဇ်ကို ဂုဏ်ပြုပါတယ်...ဖျက်ဆီးခြင်းအရှင်ကို ဂုဏ်ပြုပါတယ်"
"ငါတို့ရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာက ထာဝရတည်မြဲနေတော့မယ်"
ဤအချိန်အခိုက်အတန့်တွင်....
နန်းတော်တစ်ခုလုံးရှိ လူများ၏မျက်နှာများပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်သောမျက်နှာအမူအယာများဖြင့် ပြည့်နှက်နေသည်။ခန်းမအတွင်းရှိ ထိပ်သီးခေါင်းဆောင်များသည် ဒူးထောက်လိုက်ကြကာ ဝမ်းသာလှိုက်လှဲစွာဖြင့် ဂုဏ်ပြုစကားပြောဆိုလိုက်ကြသည်။
သို့ရာတွင် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် သူတို့၏မျက်ရည်များကို ထိန်းမထားနိုင်တော့ချေ။
ငါ့ခြေထောက်ကြီးကိုပဲ ဂုဏ်ပြုလိုက်ပါလား....
ငါတို့ရဲ့ဆန္ဒတွေနဲ့ တစ်ထပ်တည်းကျတယ်ဆိုတာ ဘယ်လို သောက်ရေးမပါတဲ့စကားမျိုးလဲ....
ထာဝရတည်မြဲမှုကိုရနိုင်တော့မယ်ဆိုတာ ဘယ်လို ပေါက်ကရစကားမျိုးလဲ...
မင်းတို့က ဘာလို့ ငါတို့ကို စကားဆုံးအောင်ပြောခွင့်မပေးရတာလဲ....
စိတ်ပျက်လက်ပျက်ဖြင့် သူတို့နှစ်ယောက်သည်အလျင်စလိုဒူးထောက်ကာ စိုးရိမ်ပူပန်စွာဖြင့် တောင်းပန်လိုက်သည်။
"အရှင်ဧကရာဇ် ဖျက်ဆီးခြင်းအရှင်...ဒါက မင်းတို့ တွေးထင်ထားသလိုမဟုတ်ဘူး...ကျေးဇူးပြုပြီးတော့ ငါတို့ပြောမဲ့စကားတွေကို နားထောင်ကြပါအုံး"
သို့ရာတွင် သူတို့၏စကားများသည် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ ကြားဖြတ်နှောက်ယှက်ခြင်းကို ခံလိုက်ရလေ၏။
"တိတ်စမ်း"
သူသည် သူ့၏လက်ညှိုးကိုမြှောက်ပြီး သူ့၏နှုတ်ခမ်းထံဖိကပ်ကာ တီးတိုးပြောဆိုသည်။
"ကံကြမ္မာအင်မော်တယ်အလင်းတိုင်က နိမိတ်လက္ခဏာတွေ ပြီးဆုံးသွားတာနဲ့ ကြီးမားတဲ့အပြောင်းအလဲတွေ စတင်လာတော့မယ်...ငါ့ရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာက မြင့်မြတ်အရှင်ရဲ့ နောက်လိုက်တွေဖြစ်တာကြောင့် ငါတို့ရဲ့ကံကြမ္မာတွေလည်း အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်...ခုလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အချိန်အခိုက်အတန့်မှာ လူတိုင်းက တိတ်တိတ်ဆိတ်ဆိတ်နေပြီးတော့ အနီးကပ်စောင့်ကြည့်ရမယ်"
ထိုသို့ပြောဆိုပြီးနောက်....
သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ခန်းမတစ်ခုလုံးအတွင်း၌ စိမ့်ဝင်သွားကာ အသံများအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
ထိုသို့ပြုလုပ်ပြီးနောက်....
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် အကြည့်တချက်ဖလှယ်လိုက်ကြသည်။သူတို့၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ ထက်ရှသောအကြည်များဖြင့် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံသို့ ကြည့်လိုက်ကြ၏။
နန်းတော်အတွင်းရှိ တခြားထိပ်သီးခေါင်းဆောင်များ၏ မျက်နှာများပေါ်တွင်လည်း မျှော်လင့်တောင့်တနေသောအမူအယာများရှိနေသည်။
သူတို့သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံတွင် ဖြစ်ပွားလာမည့် ကြီးမားသောအပြောင်းအလဲများကို စောင့်ဆိုင်းနေကြတော့သည်။
Chapter 519
နန်းတော်အတွင်းတွင်ရှိနေသော လူများအားလုံး၏ စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေခြင်းအောက်တွင်....
ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ အားကောင်းသော စွမ်းအားအတက်အကျများကို ထုတ်လွှတ်ပြီး ပြင်ပသို့ စက်ဝိုင်းများသဏ္ဍာန် လှိုင်းထနေသည်။
တစ်ချိန်တည်းမှာပင်...
ကံကြမ္မာ နက္ခတ်ဗေဒ တာအိုကဲ့သို့ ထူးဆန်းသောအားလှိုင်းများက နံဘေးပတ်ဝန်းကျင်၌ မျောလွင့်လာသည်။
နောက်ဆုံး၌ နိမိတ်လက္ခဏာများ အချိန်တခဏကြာ ထင်ဟပ်ပြီးနောက် ကံကြမ္မာအင်မော်တယ်အလင်းတိုင်လုံးအတွင်းရှိ ဖရိုဖရဲအရောင်အသွေးများ လှိုင်းထန်လာသည်။
"ဒါက ရွေ့လျားသွားပြီ"
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏စိတ်များ တုန်ရီသွားကာ ဤမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စူးစိုက်၍ကြည့်လိုက်ကြသည်။
စိတ်လှုပ်ရှားမှုကြောင့် သူတို့၏နှလုံးသားများသည် သူတို့၏လည်ပင်းများထိ မြင့်တက်လာတော့လုမတတ်ပင်။
သို့ရာတွင်...
သူတို့၏အနီးကပ်အာရုံစူးစိုက်မှုအောက်တွင် သူတို့၏တင်ပါးများကို သူတို့၏လက်များဖြင့် ဆုပ်ကိုင်ထားကြသည်။သူတို့စောင့်ကြည့်နေသော ကံကြမ္မာအင်မော်တယ်အလင်းတိုင်သည် 'ဝှစ်'ခနဲအသံနှင့်အတူ သုံးပုံတစ်ပုံခန့် ပြုတ်ကျသွားခဲ့သည်။
"ဘုတ်...."
ဤရုတ်တရက်ပြုတ်ကျသွားခြင်းသည် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏ မျက်လုံးအိမ်များကို ကျွတ်ထွက်သွားစေတော့လုမတတ်ပင်။
သူတို့၏ခြေသလုံးကြွက်သားများလည်း တုန်ခါသွားကာ အကြောများဆွဲသွားလုနီးပါး ဖြစ်သွားခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူတို့နှစ်ယောက်သည် အထိန်းအကွပ်မဲ့စွာဖြင့် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
သူတို့၏မျက်နှာများပေါ်မှ အမူအယာများ လျှင်မြန်စွာ ပြောင်းလဲသွားကာ မျှော်လင့်စောင့်စားခြင်းမှ အကြွင်းမဲ့မည်းမှောင်သွားကာ ခရမ်းရောင်ဖြစ်စပြုလာသည်။
ခန်းမအတွင်းရှိ တခြားထိပ်သီးခေါင်းဆောင်များသည်လည်း ဤမြင်ကွင်းကြောင့် ထပ်တူထပ်မျှ ထိတ်လန့်ကြောက်ရွံသွားကာ သူတို့၏မျက်နှာများပေါ်တွင် မူမမှန်သောအမူအယာများ ထင်ဟပ်လာသည်။
ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ကို ကြိုတင်သိရှိပြီးဖြစ်သော လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ထံတွင်သာ ခါးသည်းသောမျက်နှာအမူအယာရှိနေသည်။
သူတို့နှစ်ယောက် အသိမဝင်သေးမီမှာပင် အစွမ်းထက်သောအားလှိုင်းနှစ်ရပ်က သူတို့ကို ရစ်ပတ်လွှမ်းခြုံသွားကာ မြင့်မြတ်သောတည်ရှိမှုကြီးနှစ်ယောက်၏ရှေ့သို့ ရောက်ရှိသွားစေသည်။
"ပြောစမ်း...အဲ့ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ"
"ငါတို့မသိအောင် မင်းတို့ တစ်ခုခုကို ဖုံးကွယ်ထားတာလား"
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် သူတို့နှစ်ယောက်ကို တစ်ယောက်စီဆုပ်ကိုင်ကာ နီမြန်းနေသောမျက်လုံးများဖြင့် အော်ဟစ်လိုက်ကြ၏။
သောက်ချေးပဲ....
ဤကံကြမ္မာစွမ်းအားများကိုစုဝေးရန် မည်သည်ကြောင့် ခက်ခဲနေရသနည်း....
တိမ်တိုက်အထွတ်အထပ်အင်ပါယာသည် အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးမက ပကတိနယ်မြေ၌ပင် ပြိုင်ဘက်ကင်းဖြစ်သည့်တိုင် ကံကြမ္မာစွမ်းအားကို အများဆုံးအနေဖြင့် သုံးပုံနှစ်ပုံသာ စုစည်းနိုင်ခဲ့သည်။
ထို့ပြင် ဤအရာသည် ရုတ်တရက် သုံးပုံတစ်ပုံထိ ထိုးကျသွားခဲ့ရာ သူတို့နှစ်ယောက်သည် သွေးများအန်ထွက်တော့လုမတတ်ပင်။
"အ....အရှင်ဧကရာဇ်....ဖျက်ဆီးခြင်းအရှင်....ဘယ်လိုလုပ်ပြီးတော့ ငါတို့က တစ်ခုခုကို ဖုံးကွယ်ထားဝံ့မှာလဲ....ငါတို့ ပြောမယ့်စကားတွေက ခုထိအဆုံးမသတ်သေးဘူးလေ"
သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီနေကာ စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
"ဒါဆိုရင် မင်းတို့က ဘာလို့စကားဆုံးအောင်မပြောတာလဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် လေညှင်းစစ်ဗိုလ်ချုပ်ကို ပါးဖြတ်ရိုက်ပြီး မြေပြင်ပေါ်သို့လဲကျသွားစေကာ စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"အမှန်ပဲ...မင်းတို့ ဘာလို့ စကားဆုံးအောင်မပြောတာလဲ...မင်းတို့က ရူးသလိုကြောင်သလိုနဲ့ ဟိုလိုလိုဒီလိုလို လုပ်နေကြတယ်..မင်းတို့အသုံးကျတာ ဘာရှိလဲ"
ဖျက်ဆီးခြင်းအရှင်သည်လည်း ထပ်တူထပ်မျှပင် မိုးတိမ်စစ်ဗိုလ်ချုပ်ကို ပြင်းပြင်းထန်ထန်ရိုက်ပြီး မြေပြင်ပေါ်သို့လဲကျသွားစေကာ ဒေါသတကြီးအော်ဟစ်လိုက်၏။
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်လုံး အလွန်အမင်းစိတ်ပျက်လက်ပျက်ဖြစ်နေသည်။သူတို့က အံ့တင်းတင်းကြိတ်ကာ ရှင်းပြလိုက်သည်။
"အရှင်ဧကရာဇ် ဖျက်ဆီးခြင်းအရှင်...ဒါက ငါတို့မပြောချင်လို့ မဟုတ်ပါဘူး....ဒါပေမဲ့ အရှင်တို့နှစ်ယောက်က ငါတို့ကို အခွင့်အရေးမပေးဘူးလေ...ငါတို့ပြောနေတာ တဝက်တစ်ပျက်ကိုရောက်တိုင်း အရှင်တို့က ကြားဖြတ်ဟန့်တားခဲ့တယ်...ငါတို့က တစ်ကြိမ်တည်းနဲ့ ဒီစကားတွေကို အဆုံးသတ်အောင် ပြောချင်ခဲ့တာပါ"
"ပါးစပ်ပိတ်စမ်း..မင်းတို့ကို ဒီလိုပြောဖို့ ငါ ခွင့်ပြုထားလို့လား"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် လေညှင်းစစ်ဗိုလ်ချုပ်၏ခေါင်းကို ထပ်မံ၍ရိုက်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါ မင်းတို့ကို သေသေချာချာမေးမယ်...မြန်မြန်လေး ငါတို့ကို ပြောပြစမ်း...ဘာတွေဖြစ်ခဲ့တာလဲ"
ဖျက်ဆီးခြင်းအရှင်သည် ဒေါသတကြီးအော်ဟစ်လိုက်၏။
"ဟုတ်...ဟုတ်ကဲ့...ငါတို့ ပြောပါ့မယ်"
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် မတရားခံရသော မျက်နှာအမူအယာများဖြင့် မြေပြင်ပေါ်တွင်ဒူးထောက်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"အဝါရောင်ကောင်းကင်သားရဲကြီးက ချိတ်ပိတ်ခံထားရတာကနေ သူ့ဟာသူ ထွက်လာပြီးတဲ့နောက်မှာ လူနှစ်ယောက်ရောက်လာတယ်....သူတို့က လူငယ်တစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ပဲ....သူတို့ရဲ့စွမ်းအားတွေကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ရဘူး...သူတို့က အောက်ကိုငုံကြည့်နေပြီးတော့ မကြာခင်မှာပဲ အဝါရောင်ကောင်းကင်သားရဲကြီးက သူတို့ကိုဒူးထောက်ပြီး အရှင်သခင်တွေလို့ သတ်မှတ်ခဲ့တယ်"
"ဘာ...."
"အဝါရောင်ကောင်းကင်က လူသားတွေကို အရှင်သခင်တွေအနေနဲ့ သတ်မှတ်လိုက်တာလား"
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
ဤသို့ဖြစ်လာမည်ဟု သူတို့ တကြိမ်တစ်ခါမျှ စိတ်ကူးယဥ်တွေးတောခဲ့မိခြင်းမရှိချေ။
အဝါရောင်ကောင်းကင်သားရဲကြီးသည် အမှန်တကယ်ကိုပင် လူသားများအား အရှင်သခင်များအဖြစ် သတ်မှတ်ခဲ့သလော....
နောက်ဆုံး၌ ကံကြမ္မာအင်မော်တယ်အလင်းတိုင်သည် မည်သည်ကြောင့် ဤကဲ့သို့ ထိုးကျသွားခဲ့သည်ကို သူတို့ နားလည်သဘောပေါက်သွားလေပြီ။
မူလက သူတို့၏မြင့်မြတ်အရှင်နှင့် အဝါရောင်ကောင်းကင်သားရဲကြီးအကြားတွင် ဆက်သွယ်ချက်တချို့ရှိနေသည်။အဝါရောင်ကောင်းကင်သားရဲကြီး လွတ်လာသည်နှင့် ယေဘုယျကျကျပြောဆိုရလျှင် မြင့်မြတ်အရှင် အသုံးပြုရန်အတွက် ဖြစ်လာပေမည်။
ထို့ကြောင့် ကံကြမ္မာစွမ်းအားများ၏အရင်းအမြစ်သည် အဝါရောင်ကောင်းကင်သားရဲကြီး၏ချိတ်စည်းတံဆိပ်ကို ချိုးဖျက်ခြင်း၏ အကြောင်းအရင်းနှင့် ဆက်စပ်နေသည်။
သို့ရာတွင် မတော်တဆကိစ္စတစ်ရပ် ဖြစ်ပွားလာခဲ့ကာ....
အဝါရောင်ကောင်းကင်သားရဲကြီးသည် တခြားသူများကို အရှင်သခင်များအဖြစ်အသိအမှတ်ပြုခဲ့ပေ၏။
"သောက်ချေးပဲ သောက်ချေးပဲ...."
ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏မျက်နှာများ ခရမ်းရောင်သို့ပြောင်းလဲသွားကာ သူတို့သည် လက်သီးတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကြ၏။ဤသည်မှာ သူတို့၏လက်သည်းများပင် ကွဲအက်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။သူတို့သည် မှုန်တေတေအကြည့်များဖြင့် လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
"ပြောစမ်း...အဲ့ဒီလိုနှစ်ယောက်က ဘယ်သူတွေလဲ”
သူတို့နှစ်ယောက်သည်စကားတစ်လုံးချင်းမေးမြန်းလိုက်၏
လေညှင်းနှင့်မိုးတိမ်စစ်ဗိုလ်ချုပ်နှစ်ယောက်သည် သူတို့၏ခေါင်းများကိုမော့ကာ ငိုသံပါကြီးနှင့် ပြောဆိုသည်။
"ငါတို့ မသိပါဘူး"
"မသိဘူးလား"
"အမှိုက်ကောင်တွေ...မင်းတို့အမှိုက်ကောင်နှစ်ကောင်က သေနေလို့လား...မင်းတို့ အသုံးဝင်တာ ဘာရှိလဲ"
ဒေါသတကြီးဖြင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူတို့နှစ်ယောက်အား အသားပြားများဖြစ်သည်အထိ ရိုက်နှက်လိုက်တော့သည်။
"လာကြစမ်း....တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့အင်အားတွေအားလုံးကို အသုံးပြုပြီးတော့ အဝါရောင်ကောင်းကင်သားရဲကြီး ဘယ်နေရာမှာရှိတယ်ဆိုတာ စုံစမ်းစစ်ဆေးရမယ်...ပြီးတော့ အဲ့ဒီလူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာကို မင်းတို့အားလုံး စုံစမ်းရမယ်"
"ဒီဧကရာဇ်ရဲ့ပါးစပ်နားကို ရောက်နေတဲ့အစာကို လုယူခဲ့တဲ့အတွက် သူတို့ကို တန်ကြေးကြီးကြီးပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
"ဟုတ်ကဲ့"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏အသံ ကျရောက်သွားသည်နှင့် ခန်းမအတွင်းရှိထိပ်သီးခေါင်းဆောင်များအားလုံး တုံ့ပြန်လိုက်ကြသည်။
ထို့နောက် တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးသည် နေရာအနှံ့ဖြန့်ကျက်၍ စုံစမ်းစစ်ဆေးကြတော့သည်။
တိမ်တိုက်အထွတ်အထိပ် အင်ပါယာတစ်ခုလုံးအတွင်း၌....
ကြီးမားသော မုန်တိုင်းကြီး တိုက်ခတ်စပြုလာကာ....
နံရံတစ်ချပ်ကိုပင် လစ်ဟာသွားခြင်းမရှိဘဲ စုံစမ်းရှာဖွေနေကြ၏။
ပြိုင်ဘက်ကင်းရက်စက်ကြမ်းကြုတ်မှော်သားရဲတစ်ကောင်ဖြစ်သော အဝါရောင်ကောင်းကင်၏ထွက်ပေါ်လာမှုကြောင့် ကျင့်ကြံသူများအကြားတွင် ပြင်းထန်သောလှိုင်းများ ဖြစ်ပွားလာခဲ့သည်။ထို့နောက် ကျင့်ကြံသူအများစုသည် အဝါရောင်ကောင်းကင်သားရဲမှနေ၍ အရှင်သခင်များဟု လိုလိုလားလားသတ်မှတ်ခဲ့သော လူငယ်နှင့်အမျိုးသမီးအကြောင်းနှင့်ပတ်သက်ပြီး မှန်းဆပြောဆိုနေကြသည်။
"သောက်ရေးကို မပါဘူး"
ခရီးသွားလာနေသော ရီဖုန်းသည် လမ်းပေါ်၌ သွားလာနေစဥ်တွင် ဆဲဆိုလိုက်သည်။
ပြင်ပ၌ အချိန်အတော်ကြာသွားလာပြီးနောက် သူတို့သည် အထူးအမှိုက်ပါရမီရှိသူများ သို့မဟုတ် ပျင်းရိငြီးငွေ့သူများကိုသာ တွေ့ရှိခဲ့ရပြီး သာမန်အရည်အချင်းရှိသူဟူ၍ တစ်ယောက်တလေကိုပင် မတွေ့ရှိခဲ့ရချေ။
ဤမျှထိ လွန်ကဲနေရုံသာမက....
သူ့၏နံဘေးရှိ အပေါင်းအဖော်များကို တစ်ချက်ကြည့်လိုက်မိချိန်တွင် ရီဖုန်း၏စိတ်အခြေအနေ ပို၍ဆိုးရွားသွားသည်။
နှေးကွေးသောခရုသည် ထည့်ပြောရန်မလိုအပ်ဘဲ အသုံးပြုနိုင်သည်ဆိုရုံမျှပင်။
ကြွင်းကျန်သူများကမူ...
ရူးကြောင်ကြောင်ဖြစ်နေသည့် အနက်ရောင်ဝတ်ရုံဝတ် လုပမ်ဝေ....
ဖော်လန်ဖားလုပ်နေသော ခွေးတစ်ကောင်...
မည်သည့်နေရာမှ ရောက်ရှိလာသည်မှန်းမသိရဘဲ ခွေး၏ခန္ဓာကိုယ်ပေါ်တွင် အစဥ်အမြဲတွယ်တက်နေသော ကင်းခြေများတစ်ကောင်....
ပျင်းရိထုံထိုင်းနေပုံရသော ဝက်ဝံတစ်ကောင်...
မိုးမြေဂိုဏ်းအတွင်း၌ သူနှင့်ရင်းနှီးကျွမ်းဝင်သူများသာရှိနေသဖြင့် အဆင်ပြေသော်လည်း ဤကဲ့သို့ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော နေရာတစ်နေရာ၌ ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်လာသည်နှင့် တူညီနေပေမည်။
ဟူး...
သူသည် နောက်ဆုံးတပည့်တစ်ယောက်ကို အလျှင်အမြန်ရှာဖွေကာ ကျင့်ကြံခြင်းလမ်းကြောင်းကို အလျှင်အမြန်လျှောက်လှမ်းလိုသည်။
ကျင့်ကြံသူတစ်ယောက်ဖြစ်သည်နှင့် သူသည်ဇနီးမယားတစ်ယောက် ရှာဖွေရန်အတွက် အခြေခံအုတ်မြစ်တစ်ခု ရှိလာပေမည်။
နေ့စဉ်နေ့တိုင်း ဤအရူးတစ်စုကို ဦးဆောင်သွားလာနေရန် မည်သူက ဆန္ဒရှိမည်နည်း...
'ဒင်....'
'လက်ခံသူကို ဂုဏ်ပြုပါတယ်...မင်းရဲ့ဆဋ္ဌမတပည့်နဲ့ သတ္တမတပည့်တို့က ကုန်းမြေထဲမှာ သူတို့ရဲ့နာမည်ကို ထင်ပေါ်ကျော်ကြားအောင် လုပ်နိုင်ခဲ့တယ်...ဒါကြောင့် မင်းကို ကံကြမ္မာရမှတ်နှစ်မှတ် အထူးသီးသန့် ဆုချီးမြင့်ပါတယ်'
ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သောအသံတစ်သံက သူ့၏စိတ်ပင်လယ်အတွင်း၌ မြည်ဟီးလာသည်။
"အမ်...."
"ဆဋ္ဌမတပည့်နဲ့သတ္တမတပည့်တို့က သူတို့ရဲ့နာမည်တွေကို ကျော်ကြားလာအောင် လုပ်နိုင်ခဲ့တာလား"
ရီဖုန်းသည် အနည်းငယ် အံ့အားသင့်သွားလေ၏။
သို့ရာတွင် ဆဋ္ဌမတပည့်နှင့် သတ္တမတပည့်တို့သည် မည်သူများဖြစ်သနည်း.....
အချိန်အတော်ကြာသည်အထိ စဉ်းစားတွေးတောပြီးနောက် ရီဖုန်းသည် သူတို့ကိုရှင်းရှင်းလင်းလင်း မမှတ်မိသဖြင့် သူထပ်မံ၍စဉ်းစားတွေးတောခြင်း မပြုတော့ချေ။
သူတို့၏နာမည်များကို ကျော်ကြားအောင် ပြုလုပ်နိုင်ခဲ့ခြင်းအတွက်ကိုမူ ရီဖုန်းသည် အနည်းငယ်မျှဂရုစိုက်ခြင်းမပြုပေ။
ဤအမှိုက်ကောင်တပည့်များသည် သူတို့၏နာမည်များကို မည်သည့်နည်းဖြင့် ထင်ရှားကျော်ကြားအောင် ပြုလုပ်နိုင်မည်နည်း။
သူတို့သည် ရွာတချို့တွင် တောင်းရမ်းစားသောက်ရာမှလူသိများလာခြင်း သို့မဟုတ် တစ်နေရာရာတွင်ရန်ဖြစ်ရင်း အနိုင်ရရှိခြင်းတို့မှတစ်ဆင့် နာမည်ကောင်းရရှိသွားခြင်း ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ ဤအသုံးမကျသောအရူးကောင်တစ်စုသည် ကောင်းမွန်သောကိစ္စတစ်ခုပြုလုပ်နိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။
အများဆုံးအနေဖြင့် ချီယီထုံကဲ့သို့ အရည်အချင်းအရှိဆုံး တပည့်တစ်ယောက်သည် ပြင်ပသို့ထွက်ကာ တစ်နေရာရာ၌ စားသောက်ဆိုင်ဖွင့်ခြင်းမှတဆင့် ထိုက်သင့်သောနာမည်ဂုဏ်သတင်းကို ရရှိလာနိုင်သည်။
သို့ရာတွင် ဤကံကြမ္မာရမှတ်များကိုမူ....
ရီဖုန်းသည် အနည်းငယ် သိချင်စိတ်ပြင်းပြသွားပေ၏။
စနစ်သည် ယခင်က ဤရမှတ်များကို တစ်ကြိမ်တခါမျှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိချေ။
ဤရမှတ်များသည် မည်သည့်အတွက်ဖြစ်သနည်း....
Chapter 520
ရီဖုန်းသည် စနစ်ကိုမေးမြန်းရုံမှတပါး တခြားမတတ်နိုင်တော့ချေ။
'ဒင်....'
ရင်းနှီးကျွမ်းဝင်သောအသံတစ်သံမြည်ဟီးလာပြီးနောက် စနစ်၏အသံက ဆက်လက်၍ထွက်ပေါ်လာသည်။
'ကံကြမ္မာရမှတ်တွေနဲ့ စနစ်ရဲ့ လဲလှယ်ခြင်းစတိုးဆိုင်ကနေ မင်းလိုချင်တဲ့အရာတွေကို လဲလှယ်နိုင်တယ်'
"အမ်...."
ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားပေ၏။
ဤချေးထုတ်စနစ်တွင် အမှန်တကယ်ကိုပင် လဲလှယ်ခြင်းစတိုးဆိုင်တစ်ခု ရှိနေသလော.....
ရီဖုန်းသည် သိချင်စိတ်ပြင်းပြစွာဖြင့် စနစ်၏လဲလှယ်ခြင်းစတိုးဆိုင်ကို အလျင်စလို ဖွင့်လိုက်သည်။
တိကျသေချာစွာပင်....
လင်းလက်တောက်ပသော စတိုးဆိုင်စာမျက်နှာတစ်ခုက ရီဖုန်း၏မျက်လုံးများရှေ့၌ ထွက်ပေါ်လာပြီး ထိုအရာတွင် လဲလှယ်နိုင်သောပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ထိုပစ္စည်းများ၏နာမည်များကို ကြည့်ပြီးနောက် ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ရိုးရှင်းစွာပြောရပါက သူ ထိုအရာများကို ကြည့်ရှုနိုင်စွမ်းမရှိချေ။
ဥပမာအနေဖြင့်.....
ဝါးမြိုခြင်းနတ်ဘုရား ဖားပြုတ်သားရဲ
မိုးကောင်းကင်ချိုးဖျက်ခြင်း အဖြူရောင်အလွှာကြက်ပေါက်....
မိုးကောင်းကင်ကိုကျော်ဖြတ်နိုင်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဧကရာဇ်ဂဏန်း....
"ဒါက ဘယ်လို သောက်ရေးမပါတဲ့အရာတွေလဲ"
ရီဖုန်း၏ပါးစပ်မှနေ၍ ဆဲဆိုသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုပစ္စည်းများအကြောင်း မိတ်ဆက်အညွှန်းများကို ဖတ်ရှုပြီးနောက် ဆဲဆိုနေသော ရီဖုန်း၏ပါးစပ် ချက်ချင်းပိတ်သွားသည်။
ဤနာမည်များသည် ချဲ့ကားလွန်းသော်လည်း မိတ်ဆက်အညွှန်းသည်မူ အမှန်တကယ်ကိုကောင်းမွန်ပေ၏။
ဥပမာအနေဖြင့် ဝါးမြိုခြင်းနတ်ဘုရား ဖားပြုတ်သားရဲသည် မိတ်ဆက်အညွှန်းအရဆိုပါက အထွတ်အထိပ်အခြေအနေ၌ရှိနေစဉ် ကောင်းကင်နှင့်မြေပြင်ကိုပင် ဝါးမြိုနိုင်သော ရှေးဟောင်းရက်စက်ကြမ်းကြုတ်မှော်သားရဲတစ်ကောင်ပင်။
ရိုးရှင်းသောမိတ်ဆက်အညွှန်းများအပြင် ဤအရာများအကြောင်းကို ရိုးရှင်းသည့်ရုပ်ပုံဖြင့်မိတ်ဆက်ခြင်းလည်း ရှိနေသည်။
ဤနမူနာရုပ်ပုံများကိုကြည့်ခြင်းအားဖြင့် ထိုအရာများသည် အစွမ်းထက်သည်ဟု ရီဖုန်းအား အမှန်တကယ်ခံစားရစေသည်။
ထိုရုပ်ပုံများအတွင်း၌....
ဖားတကောင်သည် ကြီးမားသောမေးရိုးကို ဖွင့်ဟကာ တစ်လုတ်တည်းဖြင့် တောင်တလုံးလုံးအား မြိုချလိုက်သည်ပုံစံရှိနေသည်။
ဤအရှိန်အဝါ....
ဤကိုယ်နေဟန်ထား....
ရိုးရှင်းစွာပြောရပါက အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိပေ၏။
"အံ့အားသင့်စရာပဲ"
ရီဖုန်းသည် လေးစားကြည်ညိုစွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်ကာ ရုတ်တရက် ထိုဖားကိုလိုချင်လာခဲ့သည်။
သူ စိတ်ကူးယဉ်ကြည့်ချိန်တွင်....
နောင်အနာဂတ်၌ သူ ကျင့်ကြံနိုင်သောအချိန်သို့ ရောက်ရှိလာပါက ဤကဲ့သို့ ရှေးဟောင်းရက်စက်ကြမ်းကြုတ် ဝါးမြိုခြင်းနတ်ဘုရားဖားပြုတ်သားရဲကို သူနှင့်အတူ ခေါ်ဆောင်သွားရပေမည်။ထိုသို့ဆိုပါက သူသည် ကျင့်ကြံခြင်းလောကအတွင်း၌ မောက်မာထောင်လွှားစွာ ထင်ရာစိုင်းနိုင်မည်မဟုတ်လော...
"ဟား ဟား ဟား...."
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
သို့ရာတွင် စျေးနှုန်းကို ကြည့်လိုက်မိစဥ် ဤ....
ရီဖုန်းသည် နှင်းကိုက်နာရှိနေသောခရမ်းသီးတစ်လုံးအလား သူ့၏မျက်နှာတစ်ခုလုံးရှုံမဲ့ကာ စိတ်ပျက်သွားသည်။
ဤဖားသည် အမှန်တကယ်ကိုပင် ကံကြမ္မာရမှတ်တစ်ရာ ကျသင့်ပေမည်။
ထို့ပြင် သူကိုယ်သူပြန်ကြည့်ပါက သူ့ထံတွင် စိတ်ပျက်ဖွယ်ကောင်းစွာပင် ကံကြမ္မာရမှတ်နှစ်မှတ်သာရှိသည်။
"အသုံးမဝင်ဘူး....အသုံးမဝင်ဘူး...အသုံးမဝင်တဲ့ကောင် နှစ်ကောင်ပဲ"
ရီဖုန်းသည် သူ မေ့လျော့နေသော ဆဋ္ဌမတပည့်နှင့်သတ္တမတပည့်တို့ကို ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ မနေနိုင်တော့ချေ။
တိကျသေချာစွာပင်....
သူ့၏ယခင်ခန့်မှန်းချက်များသည် မှားယွင်းခြင်းမရှိချေ။သူ့၏တပည့်များအားလုံးသည် နိမ့်ပါးနေသော အရည်အချင်းရှိသူများသာ ဖြစ်မည်မှာသေချာပေါက်ပင်။ထိုသို့မဟုတ်ပါက သူသည် မည်သည်ကြောင့် ကံကြမ္မာရမှတ်နှစ်မှတ်သာရရှိမည်နည်း။
ဤကံကြမ္မာရမှတ်နှစ်မှတ်နှင့် သူ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း...
သူသည် ဖားခြေထောက်တစ်ချောင်းကိုပင် လဲလှယ်နိုင်မည် မဟုတ်ချေ။
"သောက်ချေးပဲ..."
ရီဖုန်းသည် ဆဲဆိုရင်း စနစ်၏စတိုးဆိုင်အတွင်းမှ လဲလှယ်နိုင်သောပစ္စည်းများကို ဆက်လက်၍ကြည့်လိုက်သည်။
ဧကရာဇ်ဂဏန်းနှင့်ဖားပြုတ်ကဲ့သို့သော ရှေးဟောင်းရက်စက်ကြမ်းကြုတ်မှော်သားရဲများအပြင် လဲလှယ်နိုင်သောနတ်ဘုရားလက်နက်တစ်ချို့လည်း ရှိနေသည်။
ဥပမာအနေဖြင့်....
အီးပေါလော ဆူးချွန်....
စက်ယန္တရားတုတ်....
အမှန်အားဖြင့်...
နာမည်များသည် မူမမှန်ဘဲ ကြောင်တောင်တောင်နိုင်ဆဲဖြစ်သော်လည်း မိတ်ဆက်အညွှန်းများသည်မူ မယုံကြည်နိုင်လောက်အောင်ပင် ကောင်းမွန်သည်။
ထိုအချိန်မှာပင် ရီဖုန်းသည် ပို၍မယုံကြည်နိုင်ဖွယ်ကောင်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။
ထိုအရာတွင် ကိုယ်ပိုင်အတန်းအစား ရှိနေပေ၏။
ထိုအရာ၏နာမည်သည်
'လောကကြီးအတွင်း၌နံပါတ်တစ်တိုက်ခိုက်သူ'ဟုပင်။
ထို့ပြင် ထိုအရာကို'လဲလှယ်၍မရ'ဟု ပြသထားသည်။
အကြောင်းအရင်းမှာ ဤအရာသည် လဲလှယ်၍မရခြင်းမဟုတ်ဘဲ အရောင်သည် အနက်ရောင်နှင့်အဖြူရောင်ရှိသဖြင့် တိကျသောသတင်းအချက်အလက်ကို မမြင်နိုင်သောကြောင့်ပင်။
သို့ရာတွင် အနက်ရောင်နှင့်အဖြူရောင်အတွင်းမှ ဝိုးတဝါးပုံရိပ်ကို ကြည့်ခြင်းအားဖြင့် ဤအရာသည် ရင်းနှီးကျွမ်းဝင်သူတစ်ယောက်နှင့် တူညီနေသည်ဟု ရီဖုန်းက အနည်းငယ်ခံစားမိသည်။
သူ သည်းမခံနိုင်တော့သဖြင့်....
ရီဖုန်း၏အကြည့်သည် ခွေးနှင့်ဝက်ဝံနက်၏နံဘေးမှ ချော်ထွက်သွားပြီး လုပမ်ဝေပေါ်သို့ ကျရောက်သွားသည်။
ယခုလက်ရှိအချိန်တွင် လုပမ်ဝေသည် သူ၏လက်အတွင်း၌ ပန်းပွင့်ငယ်တစ်ပွင့်ကို ကိုင်ထားလေ၏။
သူ့၏ထုံထိုင်းနေသောအသွင်အပြင်ဖြင့် ထိုပန်းပွင့်ငယ်မှ ပွင့်ဖတ်များကိုချွေနေသည်။
"ငါ အချစ်စစ်ကို ရှာနိုင်မယ်...."
"ငါ အချစ်စစ်ကို မရှာနိုင်ဘူး..."
"ငါ အချစ်စစ်ကို ရှာနိုင်မယ်..."
"ငါ အချစ်စစ်ကို မရှာနိုင်ဘူး..."
ဤငတုံးကောင်၏ ပုံပန်းသွင်ပြင်ကိုကြည့်ပြီးနောက် 'လောကကြီးအတွင်း၌ နံပါတ်တစ်တိုက်ခိုက်သူ'ဟူသော စာတန်းကို ပြန်ကြည့်မိချိန်တွင် ရီဖုန်း၏မျက်နှာ မင်ကဲ့သို့မည်းမှောင်သွားသည်။
ဤကဲ့သို့ ရယ်ရွှင်ဖွယ်ကောင်းသောအတွေးမျိုး ရှိလာခြင်းအတွက် ရီဖုန်းက ရှက်ကိုးရှက်ကန်းပြုံးလိုက်သည်။
ဤနှစ်ယောက်သည်.....
မည်သည့်နည်းဖြင့် သူတို့သည် တူညီသောလူ ဖြစ်နိုင်မည်နည်း.....
စနစ်သည် လက်ဆောင်အဖြစ် လုပမ်ဝေကို သူ့အားပေးအပ်စဉ်အချိန်၌ 'လောကကြီးအတွင်း၌ နံပါတ်တစ်တိုက်ခိုက်သူ'ဟူသော အကြောင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ဖော်ပြခဲ့ပုံရသည်။ သို့ရာတွင် ရီဖုန်းသည် ထိုကိစ္စကို တစ်ကြိမ်တစ်ခါမျှ အလေးအနက်မထားခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သူ့၏ကန်ချက်တချက်ကိုပင် တောင့်မခံနိုင်သူသည် မည်သည့်နည်းဖြင့် လောကကြီးအတွင်း၌နံပါတ်တစ်တိုက်ခိုက်သူ ဖြစ်နိုင်မည်နည်း....
ဤသည်မှာ အမှန်တကယ်ကို ဟာသပြက်လုံးတစ်ခုပင်။