အခန်း (၅၂၁-၅၂၅)
Vol. 35 Ch. 521-525
Chapter 521
"ဒီကံကြမ္မာရမှတ်တွေကို ဘယ်လိုနည်းနဲ့ရနိုင်လဲဆိုတာ ဘယ်သူက သိမှာလဲ"
ရီဖုန်းသည် သူ့၏နဖူးကိုတို့ထိထားကာ မှန်းဆခြင်းမပြုဘဲ မနေနိုင်တော့ချေ။
အချိန်အတော်ကြာမေးမြန်းပြီးနောက် စနစ်ထံမှ လုံးလုံးလျားလျား တုံ့ပြန်မှုရှိမနေဆဲပင်။
ကြည့်ရသည်မှာ ဤရမှတ်များအတွက် သူသည် သူ၏တပည့်များကိုသာ မှီခိုနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ ယခင်က ဤကဲ့သို့လဲလှယ်ခြင်းစတိုးဆိုင်မရှိခဲ့ဖူးချေ။ဤသည်မှာ သူ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ပြီးနောက် တပည့်များကိုလက်ခံပြီးမှသာ ရရှိလာခဲ့ခြင်းဖြစ်သည်။
"ဟူး...."
"ဘာကောင်းကျိုးမှမပေးတဲ့ အမှိုက်ကောင်တစ်သိုက်က သူတို့ရဲ့နာမည်တွေကို ထင်ရှားကျော်ကြားအောင် လုပ်နိုင်ပြီးတော့...တစ်ကြိမ်တည်းနဲ့ ကံကြမ္မာရမှတ် ရာနဲ့ထောင်နဲ့ချီပြီးတော့ ငါ့ကို ပေးနိုင်ဖို့ပဲ ငါ မျှော်လင့်မိတယ်"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းရှိုက်လိုက်၏။
သူသည် ယခုလက်ရှိချိန်တွင် သူ၏နံဘေး၌ရှိနေသည့် ကျားတကောင်ကိုပင် ရိုက်နှက်နိုင်ခြင်းမရှိသော လုပမ်ဝေတို့တစ်သိုက်နှင့် မတူညီသည့် အစွမ်းထက်သော လက်ထောက်တစ်ယောက်ကိုသူ့၏နံဘေး၌ထားလိုသည်။အကောင်းဆုံးအနေဖြင့် သူတို့သည် သူ့၏ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ပေးနိုင်ပေမည်။
ထိုအချိန်မှာပင်....
အေးစက်သော လေလှိုင်းတစ်ရပ် ချဥ်းကပ်လာသည်။
ရီဖုန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူသည် ရှေ့ရှိတောအုပ်အတွင်း၌ ကြီးမားသောသက်ရှိများ ဆယ်ကောင်ကျော်ခန့်ရှိနေသည်ကို မြင်တွေ့မိလေ၏။
သူတို့သည် နှစ်ကျန်းခန့်ရှည်လျားကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အနက်ရောင်အစင်းကြားများပါသော အဝါရောင်သွားမွှေးများ လွှမ်းခြုံနေသည်။
"သောက်ချေးပဲ...နိမိတ်မကောင်းတဲ့ စကားတွေ ပြောခဲ့မိတာပါလား"
ရီဖုန်းသည် မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။
အမှန်အားဖြင့်.....
သူ့၏ရှေ့၌ထွက်ပေါ်လာသော သက်ရှိများသည် ကျားဆယ်ကောင်ကျော်ဖြစ်နေသည်။
ဤသည်မှာ ရီဖုန်းကို အလွန်အမင်းစိုးရိမ်ပူပန်သွားစေသည်။
သိုင်းပညာရပ်များကို လေ့ကျင့်ထားသဖြင့် သူသည် လက်နက်တစ်ခုကို ကိုင်ဆောင်ထားပါက ကျားတစ်ကောင်နှစ်ကောင်ခန့်ကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။သို့ရာတွင် ကျားဆယ်ကောင်ကျော်ကိုရင်ဆိုင်ရာမှာမူ ယေဘုယျကျကျပြောပါက သူသည် သေခြင်းတရားနှင့်ရင်ဆိုင်ရခြင်းသာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ သူ့၏ဆပ်ကပ်အဖွဲ့သည် ဤကျားဆယ်ကောင်ကျော်ကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
ရီဖုန်းသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
သို့ရာတွင် ငတုံးငအကောင် လုပမ်ဝေသည် ခါးထောက်ပြီး မတ်တတ်ရပ်နေကာ ကျားဆယ်ကောင်ကျော်ကိုကြည့်ပြီး သူ့၏လက်ခလယ်ကိုထောင်ပြလိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါတို့တော့ ဒုက္ခရောက်ပြီ"
ရီဖုန်းက ညည်းတွားလိုက်၏။
ဤလောကကြီးအတွင်းရှိ ကျားများသည် သူ့၏အတိတ်ဘဝမှကျားများနှင့် မတူညီကြောင်း သူ သိရှိထားသည်။ဤလောကကြီးအတွင်း၌ ပေါကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားများကြောင့် သာမန်တိရစ္ဆာန်များပင်လျှင် သူ့၏အတိတ်ဘဝအတွင်းမှတိရစ္ဆာန်များနှင့်နှိုင်းယှဉ်ပါက များစွာပို၍ဉာဏ်ရည်မြင့်မားသည်။
ထို့ကြောင့် လုပမ်ဝေ၏ ရန်စသောအပြုအမူသည် ထိုကျားများကို ဒေါသထွက်သွားစေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လုပမ်ဝေကိုယ်တိုင်ကမူ ဂရုစိုက်မည်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ သူသည် အရိုးပုံတစ်ပုံသက်သက်ပင်။အကယ်၍ သူတစ်စစီဖြစ်သွားလျှင်ပင် သူ့၏အစိတ်အပိုင်းများအား အတူတကွ ပြန်လည်တွဲဆက်နိုင်စွမ်းရှိသည်။
သို့ရာတွင် နေမထိထိုင်မသာဖြစ်နေသောလူမှာ ရီဖုန်းပင်။
"သောက်ရေးမပါတဲ့ အကောင်ကြီး...ထပ်ပြီး ပြဿနာမရှာစမ်းနဲ့...မင်းရဲ့အသက်အတွက် မြန်မြန်ပြေးစမ်း"
ရီဖုန်းသည် လုပမ်ဝေကိုကန်ကျောက်ပြီး မြေပြင်ပေါ်သို့လဲကျသွားစေကာ သူ့၏အနက်ရောင်ဝတ်ရုံကိုဆုပ်ကိုင်ပြီး စတင်၍ပြေးခဲ့တော့သည်။
ထိုနောက်....
ကျားများနှင့် ရီဖုန်း၏ဆပ်ကပ်အဖွဲ့အကြားတွင် ပြင်းထန်သော လိုက်လံဖမ်းဆီးမှုကြီး ဖြစ်ပွားခဲ့သည်။
သို့ရာတွင် ကံကြမ္မာသည် သူတို့၏ဘက်၌ရှိမနေချေ။ကျားများ၏လိုက်လံဖမ်းဆီးမူမှ လွတ်မြောက်ရမည့်အစား ဆပ်ကပ်အဖွဲ့သည် လမ်းဆုံးတခုကို ကြုံတွေ့လိုက်ရသည်။
သူတို့၏ရှေ့၌ရှိနေသည်မှာ ချောက်ကမ်းပါးစွန်းတစ်ခုပင်။
ထိုချောက်သည် ဆယ်ကျန်းကျော်နက်ပေ၏။
ချောက်၏အောက်၌ နောက်ကျိပြီးမည်းနက်နေသောမြစ်တစ်စင်း ရှိနေသည်။
'ဝေါင်း...'
ကျားများသည် ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းကာ သူတို့၏အပေါ်သို့ ခုန်အုပ်လေသည်။
"သောက်ချေးပဲ...ငါတို့မှာ ခုန်ချစရာကလွဲပြီးတော့ တခြားရွေးချယ်စရာမရှိတော့ဘူး"
ရီဖုန်းသည် အံ့တင်းတင်းကြိတ်ကာ ဝက်ဝံနက် ခွေးနှင့် တခြားကောင်များကို တစ်ကောင်ပြီးတစ်ကောင်တွန်းချကာ နောက်ဆုံး၌ သူကိုယ်တိုင် ခုန်ဆင်းလိုက်သည်။
သူ့၏အမြင်အရ....
အောက်သို့ခုန်ဆင်းခြင်းကသာ အသက်ရှင်လွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခုကို ရရှိပေမည်။
အကယ်၍ သူတို့ခုန်မချပါက ဖျက်ဆီး၍မရနိုင်သောလုပမ်ဝေမှလွဲ၍ တခြားသူများအားလုံး အမြစ်ပြတ်ချေမှုန်းခြင်း ခံရနိုင်ချေရှိသည်။
ထို့ကြောင့် အောက်သို့ခုန်ချခြင်းသည် ဥာဏ်ပညာရှိသော လှုပ်ရှားမှုတစ်ခုပင်။
မြစ်ကမ်းနံဘေးရှိ မြက်ခင်းစိမ်းစိမ်းများဆီမှနေ၍ ရနံ့သင်းပျံ့သော ညနေခင်းလေနုအေးများ တိုက်ခတ်လာသည်။
ရီဖုန်းနှင့်အပေါင်းအဖော်တစ်စုသည် မြစ်အတွင်းမှ ကမ်းပေါ်သို့တက်လိုက်၏။
သူ့၏အဝတ်အစားများကိုချွတ်၍ အခြောက်ခံရန် ပြင်ဆင်နေစဥ်မှာပင် အနက်ရောင်ငါးတစ်ကောင်က သူ့အား ရုတ်တရက်ခုန်အုပ်လေ၏။
ဖုန်မှုန့်များပေကျံကာ ဖရိုဖရဲဖြစ်နေသော ရီဖုန်းသည် သူ လောလောလတ်လတ်ချွတ်လိုက်သည့် အောက်ခံဘောင်းဘီကို ကိုင်ထားသည်။
ထိုနောက် သူသည် ကျန်းတဝက်ခန့်ရှိသောအနက်ရောင်ငါးကို ကျောက်တုံးတစ်တုံးဖြင့်သွေးထွက်သံယိုဖြစ်သည်အထိ ရိုက်နှက်လိုက်၏။
အနက်ရောင်ငါး၏မျက်လုံးများအတွင်းတွင် မုန်းတီးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဤလူများသည် လွန်ကဲသွားလေပြီ။သူတို့သည် အလွန့်အလွန် လွန်ကဲသွားလေပြီ။
ဤအနက်ရောင်မြစ်၏အုပ်စိုးသူအရှင်ဖြစ်ကာ အင်မော်တယ်နယ်ပယ် တည်ရှိမှုကြီးတစ်ကောင်ဖြစ်သော သူသည် ဤကဲ့သို့ လူသားတစ်ယောက်နှင့်နတ်ဆိုးသားရဲတချို့၏ အနိုင်ကျင့်မှုကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။ဤသည်မှာ သူ မည်သို့မျှ သည်းမခံနိုင်သောကိစ္စပင်။
သူ့၏ငါးမျက်လုံးအတွင်းတွင် ဆိုးညစ်သောအလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။
'ဟမ့်...'
'ငါရဲ့ညီအစ်ကိုတွေ ဒီနေရာကို မကြာခင်ရောက်လာတော့မယ်...သူတို့ရဲ့စွမ်းအားတွေကို မင်းတို့ ဘယ်လိုနည်းနဲ့ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့'
'သေကြစမ်း'
ထို့နောက် အနီးအနားရှိ ရေအတွင်းမှနေ၍ အုပ်စိုးသူအရှင်အနက်ရောင်ငါးနှင့် အရွယ်အစားတူညီသည့် အနက်ရောင်ငါးလေးကောင် ထွက်ပေါ်လာသည်။ထိုအနက်ရောင်ငါးများသည် သူတို့၏ကြီးမားသောပါးစပ်များကိုဖွင့်ဟကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဝါးမြိုခြင်းစွမ်းအားနှင့်အတူ ရီဖုန်းတို့အပေါင်းအဖော်တစ်စုထံသို့ ခုန်အုပ်လိုက်ကြသည်။
"အမ်"
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားပေ၏။
ဤအရုပ်ဆိုးဆိုးငါးများသည် အမှန်တကယ်ကို ထပ်မံ၍ ရှေ့တိုးလာဝံသလော....
"ခွေးမသားတွေ ထွက်သွားကြစမ်း"
ရီဖုန်းသည် ဖိနပ်တစ်ဖက်ကိုဆုပ်ကိုင်ကာ ထိုငါးများကို ပစ်လိုက်သည်။
ရှေ့သို့တိုးဝင်လာသော အနက်ရောင်ငါးလေးကောင်သည် ကမ်းပေါ်၌ ချက်ချင်းကျွမ်းထိုးမှောက်ခုံဖြစ်သွားကာ ငါးသေများအလား သူတို့အားလုံး မျက်ဖြူလန်သွားသည်။သူတို့သည် ရုန်းကန်ခြင်းပင်မပြုနိုင်ဘဲ ဤအတိုင်း သေဆုံးသွားကြလေ၏။
ပထမဆုံးအနက်ရောင်ငါးကမူ သူ့၏မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သတိလစ်မေ့မျောသွားတော့သည်။
"ထွီ..."
"ငါတို့က ကျားတွေကို မရင်ဆိုင်နိုင်ဘူး...ဒါပေမဲ့ ငါတို့က မင်းတို့လို ငါးလေးတချို့ကို ဘာလို့မကိုင်တွယ်နိုင်ရမှာလဲ"
ရီဖုန်းသည် သူ့၏အောက်ခံဘောင်းဘီကိုရေညှစ်ရင်း တဖျစ်တောက်တောက် ပြောဆိုလေသည်။
"ဝိုး အရမ်းအစွမ်းထက်တာပဲ"
ထိုအချိန်မှာပင် အနီးအနားရှိလမ်းပေါ်မှ ခရီးသွားယာဥ်တန်းသည် ဤအဖြစ်အပျက်တစ်ခုလုံးကို မြင်တွေ့မိလေ၏။
အထူးသဖြင့် ရထားလုံးတစ်စီးမှလိုက်ကာ မြောက်တက်သွားကာ အလှမျက်နှာလေးတစ်ခုထွက်ပေါ်လာပြီး သူမက အံ့အားတသင့်ရေရွတ်လိုက်သည်။
သူတို့သည် ပကတိနယ်မြေအတွင်းရှိ ယွမ်မိသားစုမှဖြစ်ကာ ယွမ်အိမ်တော်သို့ အထူးသီးသန့်ကုန်စည်တချို့ကို သယ်ယူပို့ဆောင်ရန်အတွက် ခရီးထွက်လာခြင်းဖြစ်သည်။
ဤကုန်စည်များ၏ထူးခြားချက်ကြောင့် သိုလှောင်လက်စွပ်များအတွင်းသို့ ထည့်သွင်း၍မရသဖြင့် အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်စုသည် ရွေးချယ်စရာမရှိတော့ဘဲ ရှေးရိုးနည်းလမ်းအတိုင်း သယ်ယူပို့ဆောင်ရတော့သည်။
ထို့ပြင် ဤအနက်ရောင်မြစ်သည် ယွမ်အိမ်တော်သို့ သူတို့ပြန်ရန်အတွက် တစ်ခုတည်းသောလမ်းကြောင်းပင်။
ဒေသခံအင်အားစုတစ်စုဖြစ်သော သူတို့သည် ဤအနက်ရောင်မြစ်အတွင်း၌ မည်သည့်အရာများရှိနေသည်ကို ကောင်းစွာသတိပြုမိသည်။
အနက်ရောင်မှော်တားမြစ်ငါး ငါးကောင်သည် ယခင်ခေတ်ကာလမှ အသက်ရှင်သန်လာခဲ့ကာ မြစ်ကိုသိမ်းပိုက်ထားသည်။ထိုငါးများသည် ဆိုးသွမ်းသောပြစ်မှုမျိုးစုံကို ကျူးလွန်ကာ မူလက ကြည်လင်နေသောမြစ်ရေကို အနက်ရောင်သို့ ပြောင်းလဲသွားစေကာ အနီးရှိအင်အားစုများကို ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားစေသည်။
ထိုငါးများ၏စွမ်းအားအတိအကျကို မသိနိုင်သော်လည်း အလွန်အစွမ်းထက်သည်ကိုမူ သူတို့ သိရှိထားသည်။
အကြောင်းအရင်းမှာ ထိုငါးများကိုမြင်တွေ့ဖူးသော မည်သူမဆို သေဆုံးသွားသောကြောင့်ပင်။
ထို့ကြောင့် သူတို့သည် အနက်ရောင်မြစ်ထံသို့ရောက်ရှိလာသောအချိန်၌ အနက်ရောင်မှော်တားမြစ်ငါးများ ပြဿနာရှာမည်ကို ထိတ်လန့်ကြောက်ရွံ့နေမိသည်။
သို့ရာတွင်....
သူတို့၏ခန္ဓာကိုယ်များ တုန်ရီသည်အထိ ထိတ်လန့်ကြောက်ရွံ့နေခဲ့သော အနက်ရောင်မှော်တားမြစ်ငါး ငါးကောင်သည် သူတို့အားသတိမပြုမိချေ။ထို့ပြင် ဤကဲ့သို့အံ့အားသင့်ဖွယ်ကောင်းသောမြင်ကွင်းကို သူတို့ မျက်မြင်တွေ့လိုက်ရမည်ဟု မျှော်လင့်မထားမိချေ။
လူငယ်တစ်ယောက်သည် သူ့၏ဖိနပ်တစ်ဖက်ဖြင့် ထိုငါးများကို သတ်လိုက်သလော....
ဤမျက်မြင်ကိုယ်တွေ့ကြုံရသော ထိတ်လန့်တုန်လှုပ်မှုကို သူတို့ဖော်ပြရန်ပင် မစွမ်းတော့ချေ။
အမှတ်တမဲ့ဖြင့် လှပသောမျက်နှာလေးမှ ရီဖုန်းထံသို့ ကြည့်လိုက်သောအကြည့်တွင် ပြင်းထန်သော စွဲလန်းနှစ်သက်ခြင်းများနှင့် ပြည့်နှက်နေသည်။
Chapter 522
သူမသည် ရထားလုံးပေါ်မှ အလျင်စလို ခုန်ဆင်းလိုက်၏။
ထို့နောက် သူမ၏လက်အောက်ငယ်သားများကိုဦးဆောင်ပြီး ရီဖုန်းထံသို့ သွားလိုက်သည်။
လှပသောမြင်ကွင်းတစ်ခု ချဥ်းကပ်လာသဖြင့် ရီဖုန်း၏စိတ်အာရုံကို ဖမ်းစားသွားနိုင်သဖြင့် သူ့၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
'တော်တော်လှတဲ့ မိန်းကလေးပါလား'
"ယွင်ကျင်းက စီနီယာကို နှုတ်ဆက်ပါတယ်"
မိန်းကလေးသည် သူမ၏လှပသောခန္ဓာကိုယ်ကို ညွှတ်ကိုင်းကာ ရိုသေလေးစားစွာဖြင့် ရီဖုန်းကို နှုတ်ဆက်လိုက်၏။
ကျင့်ကြံသူတစ်ယောက် ဖြစ်နေသလော..
ယွင်ကျင်း၏လက်အတွင်းရှိ ဓားကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"စနစ် စစ်ဆေးစမ်း"
ရီဖုန်းက အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် စနစ်ထံမှ တုံ့ပြန်မှုထွက်ပေါ်လာသည်။
'စုံစမ်းခြင်းပစ်မှတ်...ယွင်ကျင်း'
'ပါရမီအရည်အချင်း...အထူးအမှိုက်'
ထိုအသံကိုကြားချိန်တွင် ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူမသည် ကျင့်ကြံသူတစ်ယောက်ဟု သူ တွေးထင်ခဲ့သော်လည်း ယခုကြည့်ကြည့်တော့မှ သူမသည် သာမန်လူတယောက်ပင်။ဤကဲ့သို့ ချောမောလှပသော မိန်းကလေးတစ်ယောက်သည် အမှန်တကယ်အားဖြင့် သူမသည် အမှိုက်တစ်စ ဖြစ်နေပေ၏။ဤဓားသည် သူမကိုယ်သူမ ကာကွယ်ရုံသက်သက်ဖြစ်ပေမည်။
သို့ရာတွင် ရီဖုန်းသည် တခြားလူများအပေါ်အထင်သေးခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူသူကိုယ်တိုင်ပင်လျှင် အမှိုက်တစ်စထက် များစွာပို၍ကောင်းမွန်ခြင်းမရှိချေ။
"စီနီယာ..."
ရီဖုန်း တုံ့ပြန်မှုမရှိသည်ကိုကြည့်ပြီး ယွင်ကျင်းက ထပ်မံ၍ နူးညံညင်သာစွာ ခေါ်ဆိုလိုက်၏။
'ဟိဟိ....ဒီကောင်မလေးက ငါ့ရဲ့ ဒီလိုပုံစံကိုကြည့်ပြီး စီနီယာတစ်ယောက်နဲ့တူတယ်လို့ ထင်နေတာလား"
ရီဖုန်းသည် အသိစိတ်ပြန်ဝင်လာပြီးနောက် သူ့၏ခြေချောင်းများကို လှုပ်ရှားလိုက်သည်။သူသည် သူ့၏ရေများစိုရွှဲနေဆဲဖြစ်သော ဘောင်းဘီကိုကြည့်ပြီး မရယ်မောဘဲ မနေနိုင်တော့ချေ။
ယွင်ကျင်းက သူမ၏ပါးစပ်ကိုဖုံးအုပ်ကာ ပြုံးလိုက်သည်။
အရူးတစ်ယောက်ကသာ ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သာမန်လူတစ်ယောက်ဟု မှတ်ယူပေမည်။သူမသည် ယခင်ကမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့ပြီးဖြစ်သည်။
ရီဖုန်း၏အပြုအမူများကမူ သူမ၏အမြင်အရ ဤစီနီယာသည် ရိုးရှင်းပြီးသိုသိုသိပ်သိပ်နေခြင်းဖြစ်ပေမည်။
"စီနီယာက အရမ်းနှိမ့်ချတတ်တာပဲ...ခုဏက စီနီယာသတ်လိုက်တဲ့အနက်ရောင်ငါး ငါးကောင်က ဒီနေရာမှာ သောင်းကျန်းနေခဲ့တာ...ဘယ်သူကမှ သူတို့ကို မနှိမ်နင်းနိုင်ဘူး...ဒါပေမဲ့ သူတို့ကို စီနီယာက အလွယ်တကူကိုင်တွယ်ဖြေရှင်းလိုက်တယ်...ဒီလိုမျိုးအစွမ်းထက်တဲ့ စွမ်းအားမျိုးရှိတဲ့သူကို ဒီမိန်းကလေးငယ်တစ်ယောက်က စီနီယာလို့ခေါ်တာ ဖြစ်သင့်တယ်မဟုတ်လား"
ယွင်ကျင်းက နူးညံညင်သာစွာ ပြောဆိုသည်။
'အမ်....'
'ငါ သိပြီ'
ရီဖုန်းသည် ရုတ်တရက်နားလည်သဘောပေါက်သွားကာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ဤမိန်းကလေးသည် သူ့အား မည်သည်ကြောင့် စီနီယာဟုခေါ်သည်ကို သူ သိချင်နေမိကာ ယခုကြည့်ကြည့်တော့မှ ဤငါးသေများကြောင့် ဖြစ်နေပေ၏။
"မိန်းကလေး...မင်းက အရမ်းယဥ်ကျေးလွန်းနေပြီ...သူတို့က ရုပ်ဆိုးတဲ့ အသေးအမွှားငါးလေးတွေလေ...အများဆုံးအနေနဲ့ သူတို့က တခြားငါးတွေထက် နည်းနည်းပိုကြီးရုံပဲရှိတာ....ဘာလို့ သူတို့က ခုလောက်ထိ ပြဿနာရှာနိုင်တာလဲ"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
ထိုစကားကို ကြားချိန်တွင်....
ယွင်ကျင်း၏လှပသောမျက်နှာလေး ရှုံမဲ့သွားသည်။
အဆင့်မြင့်ဆရာကြီးများသည် အမှန်တကယ်ကို ဆရာကြီးများပင်။
အနက်ရောင်မှော်တားမြစ်ငါး ငါးကောင်သည် လူအများအား နာမည်ကြားရုံဖြင့် ထိတ်လန့်ကြောက်ရွံစေသည်။သို့ရာတွင် ဤဆရာကြီး၏ပါးစပ်မှ ထွက်လာစဥ်တွင် သူတို့သည် သာမာန်ထက်အနည်းငယ်ကြီးရုံမျှသာရှိသောငါးများ ဖြစ်နေသည်။
ထိုစကားများကို နားထောင်ကြည့်ပါက.....
ဤသည်မှာ လူသားတစ်ယောက် ပြောဆိုသည့် စကားများ ဟုတ်ပါသလော...
"အဲ့ဒီငါးတွေကို စီနီယာက အလွယ်တကူဖျက်ဆီးနိုင်ပေမယ့်...ငါတို့အတွက်တော့ သူတို့က ကပ်ဆိုးကြီးတစ်ခုပဲ"
ယွင်ကျင်းက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
ဤသည်မှာ အဓိပ္ပာယ်ရှိပေ၏။
သူမအား အထူးအမှိုက်တစ်ယောက် ဖြစ်နေစေရန် မည်သူက တောင်းဆိုခဲ့သနည်း။
ဤသည်မှာ ရီဖုန်း၏အတွေးပင်။
သို့ရာတွင် သူသည် ထိုစကားများကို ဖွင့်ဟပြောဆိုခြင်းမရှိချေ။
ဤမိန်းကလေးသည် သူ့အား စီနီယာဟုခေါ်ဆိုရန် ခေါင်းမာနေသဖြင့် သူမအား ထိုသို့ပြုလုပ်ရန် သူ ခွင့်ပြုရပေမည်။
ရိုးရှင်းစွာ စကားစမြည်ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏ဆပ်ကပ်အဖွဲ့ကိုခေါ်ဆောင်ပြီး ယွင်ကျင်း၏ခရီးသွားယာဥ်တန်းနှင့် ပူးပေါင်းခဲ့တော့သည်။
ခရီးသွားယာဥ်တန်းသည် တရွေ့ရွေ့ဖြင့် ယွင်အိမ်တော်သို့ဦးတည်ကာ ထွက်ခွာခဲ့သည်။
ရီဖုန်းကဲ့သို့ ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက် ခရီးသွားယာဥ်တန်းတွင်ရှိနေသဖြင့် သူတို့သည် အလွန်အမင်း စိတ်အေးလက်အေးဖြစ်နေကြသည်။ထို့ပြင် ရီဖုန်းအား နှုတ်ဆက်ရန်အတွက် လူများပို၍ပို၍ရောက်လာကြသည်။
ဤသည်မှာ ရီဖုန်းသည် ဤနေရာသို့ တစ်ကြိမ်တစ်ခါမျှမရောက်ဘူးသော်လည်း သူ၏မိတ်ဆွေများဖြင့် ပြည့်နှက်နေသည့် ပင်ကျင်းမြို့အလား သူ့အား ခံစားမိစေသည်။
"စကားမစပ်....စီနီယာ ဒီနေရာကို ဘာလို့ရောက်လာတာတာလဲ"
လမ်းခရီး၌ ယွင်ကျင်းက နူးညံ့ညင်သာစွာမေးမြန်းသည်။
"ဒါကိုပြောရရင် ရယ်စရာပဲ...တကယ်တော့ ငါတို့ ကျားဆယ်ကောင်ကျော်ရဲ့ လိုက်ဖမ်းတာကို ခံရတာကြောင့် ဒီနေရာကို ရောက်လာခဲ့တာပဲ"
ရီဖုန်းက ကူကယ်ရာမဲ့စွာ အပြုံးဖြင့်ပြောဆိုသည်။
ယွင်ကျင်းသည် သူမ၏လှပသောမျက်လုံးလေးများဖြင့် ရီဖုန်းကို စိုက်မကြည့်ဘဲ မနေနိုင်တော့ချေ။
"ကျား....ဆယ်ကောင်ကျော်လား"
"အမှန်ပဲ...ကျားတွေ....အကြီးကြီးတွေ....ကျားအကြီးကြီးတွေပဲ"
ရီဖုန်းသည် သူ့၏လက်ကိုဖြန့်ကားပြီး ထိုကျားများကို ဖော်ပြရန်အတွက် လက်ဟန်ခြေဟန်လုပ်ပြလိုက်၏။
ရီဖုန်း၏အလေးအနက်ထားသော ဖော်ပြမှုကိုကြည့်ပြီး ယွင်ကျင်းက သူမ၏ပါးစပ်ကိုဖုံးအုပ်ကာ ပြုံးလိုက်သည်။
ရီဖုန်းကိုကြည့်သော သူမ၏အကြည့်များတွင် တည်ကြည်လေးနက်သော အဓိပ္ပါယ်များရှိနေသည်။
ဤစီနီယာသည် အလွန်အမင်းအစွမ်းထက်ရုံသာမက အလွန်နှိမ့်ချတတ်ပြီး ဆက်ဆံရလွယ်ကူမည်ဟု သူမ မျှော်လင့်မထားမိချေ။
"စကားမစပ်....စီနီယာနဲ့အတူပါလာတဲ့သူတွေက ဘယ်သူတွေလဲ"
ရထားလုံး၏ပြင်ပတွင်ရှိနေသောအနက်ရောင်ဝတ်စုံဝတ်သက်ရှိတစ်စုကိုကြည့်ကာ ယွင်ကျင်းက နူးညံညင်သာစွာမေးမြန်းလိုက်သည်။
"သူတို့ကရော စီနီယာလို အစွမ်းထက်တာပဲလား"
"အစွမ်းထက်တာလား"
ရီဖုန်းက ပြုံးလိုက်သည်။
"သူတို့ကို စိတ်ထဲမထားနဲ့...သူတို့က အသုံးမကျတဲ့ အမှိုက်ကောင်တွေသက်သက်ပဲ"
ရီဖုန်းက တည်ငြိမ်စွာပြောဆိုသည်။
ယွင်ကျင်းက ခေါင်းညိတ်လိုက်၏။
ထိုအနက်ရောင်ဝတ်စုံဝတ်သက်ရှိတချို့ကို သူမထပ်မံ၍စူးစမ်းလေ့လာပြီးနောက် သူမ၏စိတ်နှလုံးသားအတွင်း၌ နားလည်သဘောပေါက်သွားသည်။
ထိုအနက်ရောင်ဝတ်စုံဝတ်သက်ရှိများကိုကြည့်ရသည်မှာ ခွန်အားတစိုးတစိမျှရှိပုံမရချေ။ခွေးသည် အိမ်စောင့်ခွေးတစ်ကောင်ဖြင့်သာ တူညီနေပေ၏။ကင်းခြေများကို ကြည့်ရသည်မှာလည်း သာမာန်ဖြစ်ကာ အနည်းငယ်စွမ်းဆောင်နိုင်ပုံရှိသည်မှာ ဝက်ဝံနက်တစ်ကောင်သာရှိသည်။သို့ရာတွင် အပေါ်ယံတွင်မူ ထိုဝက်ဝံနက်ကိုကြည့်ရသည်မှာ အနည်းငယ်မျှအန္တရာယ်ပြုနိုင်မည့်ပုံမရချေ။
သူတို့ထံတွင် မည်သည့်အရည်အချင်းမျှ အမှန်တကယ်ရှိမနေမည်ကို သူမ စိုးရိမ်မိသည်။
ပြောရမည်ဆိုလျှင် ရီဖုန်းကဲ့သို့ ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်နှင့် ကြုံတွေ့ရသည်ကပင် သူမအတွက် ကံကြမ္မာကောင်းကြီးတစ်ခုဖြစ်နေလေပြီ။မည်သည့်နည်းဖြင့် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်စုနှင့် သူမ ဆုံတွေ့ရန် ဖြစ်နိုင်မည်နည်း။ထိုကဲ့သို့ ဆရာကြီးများသည် ဂေါ်ဖီထုပ်များကဲ့သို့ ပေါများနေမည်မဟုတ်ချေ။
"ဒါနဲ့ စီနီယာ...စီနီယာရဲ့အစစ်အမှန်စွမ်းအားကို ပြောပြပေးနိုင်မလား"
ယွင်ကျင်း၏လှပသောမျက်လုံးလေးများ ရွေ့လျားသွားကာ သူမက ဂရုတစိုက်မေးမြန်းလိုက်၏။
"ငါလား...."
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"တကယ်တော့ ငါက မင်းထင်နေသလိုမျိုး အရမ်းတော်တဲ့လူ မဟုတ်ပါဘူး...ငါက သိုင်းပညာကို နှစ်တွေအကြာကြီး လေ့ကျင့်ထားခဲ့တဲ့ သာမန်သေမျိုးလေးတစ်ယောက်ပဲ..ပြီးတော့ ငါရဲ့အိပ်မက်က တနေ့နေ့မှာ သိုင်းဝိညာဉ်အဆင့်ကြံသူတစ်ယောက်လို တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ တည်ရှိမှုကြီးတစ်ခု ဖြစ်လာရမယ်"
"ခစ် ခစ်...."
ယွင်ကျင်းသည် သူမ၏နီမြန်းသောနှုတ်ခမ်းကိုဖုံးအုပ်ကာ ရယ်မောလိုက်သည်။သူမ၏ဆွဲဆောင်နိုင်မှုသည် ပန်းပွင့်တစ်ပွင့်အလား လှပနေပေ၏။
ရီဖုန်းကိုကြည့်ပြီး သူမ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။
"မင်း ဘာလို့ရယ်နေတာလဲ"
ရီဖုန်းက မှုန်တေတေမျက်နှာဖြင့် မေးမြန်းသည်။
"မဟုတ်ဘူး....ဘာမှ မဟုတ်ပါဘူး"
ယွင်ကျင်းက အလျှင်အမြန်ရှင်းပြသည်။
သို့ရာတွင် ဤစီနီယာသည် သူ့၏အစစ်အမှန်စွမ်းအားကို သူမအား ပြောမပြလိုခြင်းသာ ဖြစ်နိုင်ကြောင်း သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ နားလည်သဘောပေါက်ထားသည်။
သို့ရာတွင် ဤစီနီယာ၏တုံ့ပြန်သောနည်းလမ်းသည် လူများအား အသိအမှတ်မပြုဘဲမနေနိုင်ဖြစ်စေသည်။သူသည် သူမ ရှက်ကိုးရှက်ကန်းဖြစ်မနေစေရန် ရှောင်ကြဉ်၍ သူမ၏မေးခွန်းကိုဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ပြောရမည်ဆိုလျှင်....
ဤကဲ့သို့လူတစ်ယောက်ကို သဘောမကျဘဲမနေနိုင်ရန် လွန်စွာခက်ခဲသည်။
ယွင်အိမ်တော်သည် ယွင်မြို့၌တည်ရှိကာ ဝူထျန်းအင်ပါယာ၏ပိုင်နက်နယ်မြေအတွင်း၌ ပါဝင်သည်။
ကုန်ပစ္စည်းများပို့ဆောင်သည့်တာဝန် ပြီးဆုံးချိန်၌ ယွင်ကျင်းသည် ရီဖုန်းတို့ကို ခမ်းနားထည်ဝါသော အိမ်တော်တစ်လုံးအတွင်း၌ နေရာထိုင်ခင်းစီစဥ်ပေးခဲ့သည်။
ရီဖုန်းသည် ဤနေရာ၌နေထိုင်ရန် ပြောဆိုသော ယွင်ကျင်း၏တောင်းဆိုချက်ကို သဘောတူညီလိုက်သော အကြောင်းအရင်းမှာ သူ့၏ငွေကြေးများကို ချွေတာလိုသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ တည်းခိုရန်နေရာထိုင်ခင်း အလကားရသည့်ကိစ္စကို မည်သူက လက်မခံလိုဘဲ ရှိမည်နည်း....
ယွင်မြို့သည် အလွန်ကြီးမားသဖြင့် သူသည် သာမာန်အရည်အချင်းရှိသော တပည့်တစ်ယောက်ကို ရှာဖွေတွေ့ရှိသင့်သည်။
Chapter 523
ရက်အနည်းငယ်အတွင်းတွင် ယွင်ကျင်းသည် ရီဖုန်းကို ခေါ်ဆောင်၍ ယွင်မြိုတစ်မြိုလုံး၌ အလည်အပတ်ခရီးထွက်ခဲ့သည်။
ရီဖုန်း၏စားရေးသောက်ရေး ကိစ္စများကို ယွင်ကျင်းမှ တာဝန်ယူထားသည်။
ထိုထက်ပို၍အရေးကြီးသည်မှာ ဤရက်များအတွင်းတွင် ရီဖုန်းသည် ခြူးတစ်ပြားမျှ ထုတ်မသုံးခဲ့ရခြင်းပင်။
ဤသည်မှာ ရီဖုန်းအား ဤမိန်းကလေးသည် အလွန်သဘောကောင်းသည်ဟု ခံစားမိစေသည်။
ယနေ့သည် ယွင်မြို့အတွင်း၌ သူတို့လည်ပတ်နေခြင်း၏နောက်ဆုံးနေ့ဖြစ်ပြီး သူတို့သည် နာမည်ကျော်ကြားသော ဝမ်ရှီရေအိုင်သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာရှိ ရှုမျှော်ခင်းများသည်လှပကာ ညစဉ်ညတိုင်း မီးအိမ်များမှအလင်းရောင်များဖြင့် တောက်ပနေသည်။ပါရမီရှိသော လူအမြောက်အများသည် ဤနေရာ၌ စုဝေးကြသဖြင့် မရေမတွက်နိုင်သောချစ်သူစုံတွဲများ၏စိတ်နှလုံးသားများအတွင်းမှ မြင့်မြတ်နေရာတစ်ခု ဖြစ်လာခဲ့သည်။
"စီနီယာ...ငါ နင့်ကို တခြားတစ်မျိုး ပြောင်းခေါ်လိုရမလား"
ယွင်ကျင်းသည် ရီဖုန်း၏နံဘေး၌ကပ်၍ လမ်းလျှောက်နေရင်း ခုန်ဆွခုန်ဆွလုပ်ကာ သူမက သတ္တိမွေး၍ မေးမြန်းလိုက်၏။
"မင်းက ငါ့ကို ဘယ်လိုခေါ်ချင်တာလဲ"
ရီဖုန်းက သူ့၏ခေါင်းကိုတိမ်းစောင်းကြည့်ပြီး တုံပြန်မေးမြန်းသည်။
"ဥပမာပြောရရင်....အစ်ကိုကြီးရီလို ခေါ်လိုရမလား"
ယွင်ကျင်းက မျှော်လင့်စောင့်စားနေသော အကြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
"မင်း အဲ့ဒီလိုခေါ်လို့ ရပါတယ်"
ရီဖုန်းက ပြုံးလိုက်၏။သူမသည် သူ့အား မည်ကဲသို့ခေါ်ဆိုသည်ကို သူ အလေးအနက်ထားနေမည်မဟုတ်ချေ။
"ဒါက အရမ်းကောင်းတာပဲ"
ယွင်ကျင်းသည် ကလေးတစ်ယောက်အလား စိတ်လှုပ်ရှားနေကာ သူမ၏လက်များကို ဖြန့်ကားပြီး ပြေးထွက်သွားတော့သည်။
တစ်ခါတရံတွင် သူမသည် ရယ်စရာကောင်းသောမျက်နှာမျိုး ရီဖုန်းကို လုပ်ပြသည်။
တစ်ခါတရံ သူမသည် ရီဖုန်းကို ရွှတ်နောက်နောက်ဖြင့် ကျီစယ်နေလေ၏။
တစ်ခါတစ်ရံ သူမသည် လမ်းနံဘေးရှိ ပန်းပွင့်တပွင့်ကိုခူးဆွတ်ကာ သူမ၏ခေါင်းပေါ်၌ပန်ပြီး သူမ၏လျှာကိုထုတ်ကာ သူမ လှပသလောဟု ရီဖုန်းကို မေးလေ့ရှိသည်။
သို့ရာတွင် ရီဖုန်းသည် ထိုအရာများအားလုံးကိုအာရုံစူးစိုက်ခြင်းမရှိချေ။သူ့၏မျက်လုံးအကြည့်သည် ပတ်ဝန်းကျင်တွင်သာ အစဥ်အမြဲကျရောက်နေကာ စူးစမ်းလေ့လာနေသည်။
သူသည် သူ့၏နောက်ဆုံးအဖိုးတန်တပည့်လေးနှင့်ပတ်သက်ပြီး စဉ်းစားတွေးတောနေဆဲပင်။
သို့ရာတွင် သူသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခဲ့သည့်တိုင် ယခင်နှင့်တူညီသော ရလဒ်များသာ ထွက်ပေါ်လာခဲ့သည်။တချို့သည်အမှိုက်ကောင်များဖြစ်ပြီး တချို့သည် အထူးအမှိုက်များဖြစ်ကာ တချို့ကိုမူ စနစ်မှစုံစမ်းထောက်လှမ်းရန် ပျင်းရိနေသည်။
ရီဖုန်း၏အာရုံစူးစိုက်မှုသည် သူမထံတွင် ရှိမနေသည်ကိုကြည့်ပြီး ယွင်ကျင်း၏လှပသောမျက်လုံးများအတွင်း၌ စိတ်ပျက်လက်ပျက်အရိပ်အယောင်များ ထင်ဟပ်လာသည်။
သို့ရာတွင် သူမသည် ထိုခံစားချက်ကို အလျှင်အမြန်ဖုံးကွယ်ပြီး ရီဖုန်း၏လက်ကိုဆုပ်ကိုင်ကာ အဝေးရှိ ရှုခင်းကြည့်လှေထံသို့ အပြေးသွားလိုက်သည်။
"ယွင်ကျင်း...."
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုစကားကိုပြောဆိုလိုက်သည်မှာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး ရေခဲတမျှအေးစက်သော အမူအယာဖြင့် ယွင်ကျင်းကိုကြည့်နေလေ၏။
ယွင်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ပိုင်ချီချူ....နင် ဒီနေရာမှာ ဘာလုပ်နေတာလဲ"
"ဟမ့်...ငါက မင်းကို မေးခွန်းထုတ်သင့်တာမဟုတ်ဘူးလား"
ပိုင်ချီချူက ခက်ထန်တင်းမာစွာပြောဆိုကာ သူ့၏ရေခဲတမျှအေးစက်သောအကြည့်သည် ရီဖုန်းထံသို့ကျရောက်သွားကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။
"ငါ မင်းကို မေးမယ်...သူက ဘယ်သူလဲ"
"သူက နင်နဲ့ ဘာမှမဆိုင်ဘူး"
ယွင်ကျင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ထိုသု့ပြောဆိုပြီးနောက် သူမသည် ရီဖုန်း၏လက်ကိုဆုပ်ကိုင်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"မင်း သွားလို့မရဘူး"
ပိုင်ချီချူသည် ခြေလှမ်းရှေ့တိုးကာ ရီဖုန်းနှင့်ယွင်ကျင်းတို၏လမ်းကြောင်းကို ပိတ်ဆိုဟန့်တားပြီး ပြောဆိုသည်။
"ယွင်ကျင်း....မင်းနဲ့ငါ့အကိုကြီးရဲ့ကြားမှာ စေ့စပ်စာချုပ်ရှိတယ်ဆိုတာကို မင်း နားလည်ထားတာ ပိုကောင်းလိမ့်မယ်....တကယ်လို့ ဒီနေ့ မင်း ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မလုပ်ဘူးဆိုရင်....မင်းကိုယ်တိုင်တင်မကဘူး...မင်းတို့ယွင်မိသားစုပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာလိမ့်မယ်"
"ပါးစပ်ပိတ်ထားစမ်း"
ယွင်ကျင်းက အော်ဟစ်ကာ စိုးရိမ်ပူပန်သောအကြည့်ဖြင့် ရီဖုန်းကိုကြည့်ပြီး အလျင်စလိုရှင်းပြသည်။
"အစ်ကိုကြီးရီ....သူ ပေါက်ကရပြောတာတွေကို နားမထောင်ပါနဲ့....ငါက ပိုင်ယန်ချွမ်းနဲ့ ဘယ်တုန်းကမှ စေ့စပ်စာချုပ် မလုပ်ခဲ့ဖူးဘူး....ဒါတွေအားလုံးက မိသားစုရဲ့အကျိုးစီးပွားအတွက်နဲ့ ငါ့ကိုဖိအားပေးခံခဲ့ရတာပဲ ငါကဒီကိစ္စကိုဘယ်တုန်းကမှအသိအမှတ်မပြုခဲ့ဖူးဘူး။
ထိုစကားကိုကြားချိန်တွင် ပိုင်ချီချူ၏မျက်နှာပေါ်၌ ဒေါသထွက်သွားသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ကောင်းတယ် ကောင်းတယ်...ယွင်ကျင်း မင်းကတကယ့်ကို တစ်ခုခုပဲ...ဒီလူရိုင်းကောင်ရဲ့ရှေ့မှာ မင်းက ငါ့ရဲ့အစ်ကိုကြီးဆီကနေ မင်း ခပ်ခွာခွာနေတယ်လို ပျာပျာသလဲ ရှင်းပြနေတယ်... တကယ်လို့ မင်း ဒီနေ့ ကိစ္စတွေကိုရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်ဘူးဆိုရင် ဒီနေရာကနေ ထွက်သွားဖို မင်း မစဉ်းစားနဲ့"
ပိုင်ချီချူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အေးစက်သောအငွေ့အသက်များထွက်ပေါ်နေကာ သူသည် သူတို့နှစ်ယောက်၏ရှေ့၌ အခိုင်အမာပိတ်ဆို့ဟန်တားထားလေ၏။
အခြေအနေသည် ရုတ်တရက် တင်းမာစပြုလာသည်။
တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသော ရီဖုန်းသည် နောက်ဆုံး၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားသဖြင့် ရှင်းပြရန်အတွက် ခြေတစ်လှမ်း ရှေ့သို့တိုးလိုက်သည်။
"မိတ်ဆွေလေး....ငါ့အထင်တော့ မင်း နားလည်မှုလွဲနေပြီ...ငါနဲ့မိန်းကလေးယွင်အကြားမှာ ဘာပတ်သက်မှုမှမရှိဘူး"
ယွင်ကျင်းသည် သူမ၏နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။
သို့ရာတွင် ပိုင်ချီချူထံမှနေ၍ အေးစက်စက်ရယ်မောသံတချက် ထွက်ပေါ်လာသည်။
"မင်းက ဘာကောင် မလို့လဲ...မင်းနဲ့ငါကြားမှာ ဘာစကားမှ ပြောစရာမရှိဘူး...ငါက မျက်လုံးကန်းနေတယ်လို မင်း ထင်နေတာလား"
ပိုင်ချီချူက အေးစက်တင်းမာစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
ဤကောင်စုတ်သည် အမှန်တကယ်ကို ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။
"ဘေးကိုဖယ်စမ်း"
ရီဖုန်းက မကြည်မသာအကြည့်ဖြင့် ပိုင်ချီချူကိုကြည့်ကာ အေးစက်စက်အသံဖြင့် ပြောဆိုလိုက်သည်။
"ငါ မဖယ်ပေးရင်...ဘာဖြစ်လာမှာမလိုလဲ"
ပိုင်ချီချူက မောက်မာထောင်လွှားစွာဖြင့် သူ့၏ခေါင်းကိုမော့ကာ သူ့၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
ရီဖုန်း၏မျက်နှာပေါ်၌ ဒေါသများမြင့်တက်လာကာ သူက လှုပ်ရှားမှုတစ်ခုလုပ်ရန် ဟန်ပြင်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ယွင်ကျင်းက အလျှင်အမြန် ဖြောင့်ဖျလေ၏။
"အစ်ကိုကြီးရီ ထားလိုက်တော့...နင်က သန်မာအားကောင်းတယ်ဆိုပေမယ့် ပိုင်ချီချူကလည်း အစွမ်းထက်တဲ့လူတစ်ယောက်ပဲ..သူ့ဆီမှာ ဝှက်ဖဲတွေအများကြီး ရှိနေနိုင်တယ်"
"အစွမ်းထက်တာလား...."
"သူက အစွမ်းထက်တယ်လို့ မင်း ထင်နေတာလား"
ရီဖုန်းက ယွင်ကျင်းကိုစောင်းငဲ့ကြည့်ကာ ပြောဆိုသည်။
သူသည် အော်ဟစ်ရယ်မောမိတော့လုမတတ်ပင်။
ဤကဲ့သို မေးခွန်းမျိုးအမေးခံရခြင်းသည် ယွင်ကျင်းကို သူမ၏ယုံကြည်ချက်များ ပျောက်ဆုံးသွားစေသည်။သူမက တွေဝေမိန်းမောနေသောအမူအယာဖြင့် မေးမြန်းသည်။
"သူက အစွမ်းထက်တဲ့လူ မဟုတ်ဘူးလား"
"ဟူး..."
"မင်းရဲ့အမြင်ကို နည်းနည်းလေးတော့ မြင့်အောင်ထားသင့်တယ်...သူက အထူးအမှိုက်ကောင်တစ်ကောင်ပဲ...သူ့ရဲ့လက်ထဲမှာ ဓားကျိုးတစ်လက် ရှိနေရုံနဲ့ သူက အစွမ်းထက်တယ်လိုယူဆနိုင်မှာလား"
ရီဖုန်းသည် သူ့၏စိတ်အတွင်းမှနေ၍ သက်ပြင်းတချက်ရှိုက်ကာ သူမကို သင်ကြားပေးခြင်းမပြုဘဲမနေနိုင်တော့ချေ။ဤမိန်းကလေး၏အမြင်သည် အလွန်နိမ့်ပါးသည်ဟု သူ တိတ်တဆိတ် ညည်းတွားလိုက်မိသည်။
"အမ်..."
ယွင်ကျင်း၏နှုတ်ခမ်းထောင့် ရှုမဲ့သွားကာ သူမက အမှတ်တမဲ့ မေးမြန်းလိုက်၏။
"အစ်ကိုကြီးရီ....နင်က သန်မာအားကောင်းတယ်ဆိုတာ ငါ သိပေမယ့်....ဒီလိုပြောတာက နည်းနည်းတော့ မောက်မာထောင်လွှားလွန်းတယ် မဟုတ်လား"
သို့ရာတွင် သူမ၏စကား အဆုံးသတ်သွားသော အချိန်မှာပင်....
ရီဖုန်းသည် ခြေထောက်တစ်ဖက်တည်းဖြင့် ပိုင်ချီချူကိုကန်ထုတ်လိုက်သည်ကို သူမ မြင်တွေ့လိုက်ရသည်။ပိုင်ချီချူသည် စူးရှကျယ်လောင်သော အသံတစ်သံနှင့်အတူ လွင့်ထွက်သွားကာ ရေအိုင်အတွင်းသို့ ပြုတ်ကျသွားလေ၏။
"ထွက်သွားစမ်း"
ရီဖုန်းသည် ဆဲဆိုရင်း သူ့၏လက်နှစ်ဖက်ကို ခါလိုက်သည်။သူသည် သူကန်ထုတ်လိုက်သော ပိုင်ချီချူထံသို့ တစ်ချက်ပင်စောင်းငဲ့ကြည့်ခြင်းမပြုချေ။
ဤမြင်ကွင်းကြောင့်.....
ပတ်ဝန်းကျင်ရှိ လူအများကြားမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ယွင်ကျင်းသည်လည်း ကြက်သေသေသွားလေ၏။
တစ်ချက်ကန်လိုက်ရုံဖြင့်...
ပိုင်ချီချူသည် လုံးလုံးလျားလျား ခုခံကာကွယ်နိုင်စွမ်းကင်းမဲ့ကာ ရှုံးနိမ့်သွားခဲ့သလော....
ယွင်ကျင်းက သူမ၏ပါးစပ်အတွင်း၌ ခြောက်သွေ့လာမှုကို ခံစားမိသည်။
သူမ၏လှပသောမျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
ရီဖုန်းသည် ပိုင်ချီချူထက် ပို၍သန်မာအားကောင်းမည်ကို သူမ သိရှိသော်လည်း များစွာပို၍သန်မာအားကောင်းနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ရီဖုန်းသည် အစောပိုင်းက မောက်မာထောင်လွှားနေသည်မှာ သူ့ထံ၌ ထိုကဲ့သို့ပြောဆိုရန် အရည်အချင်းမျိုးရှိနေကြောင်း သူမ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။သူ့၏မျက်လုံးများအတွင်း၌ ပိုင်ချီချူသည် အမှန်တကယ်ကို အထူးအမှိုက်ကောင်ပင်။
တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ်စိတ်မအေးမှုကို ခံစားမိလေ၏။
သူမနှင့်ရီဖုန်းအကြားရှိ ကွာဟချက်သည် သူမ တွေးတောထားသည်ထက် များစွာပို၍ကြီးမားကြောင်း သူမ သိနားလည်သွားသည်။
အထူးသဖြင့် အစောပိုင်းက ရီဖုန်း၏သင်ပြပေးမှုကို ခံရပြီးနောက် သူမသည် နိမ့်ကျသည်ဟုခံစားရကာ သူမကိုယ်သူမ သံသယဝင်မှုများ ပေါက်ဖွားလာသည်။
သို့ရာတွင် ပိုင်ချီချူ၏နောက်တွင် ပိုင်မိသားစုတစ်စုလုံး မားမားမတ်မတ်ရပ်တည်နေခြင်းကြောင့် သူမ၏မျက်လုံးအတွင်းတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
ဤသည်မှာ အကန့်အသတ်မရှိသောဒုက္ခများ ကျရောက်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပေ၏။
ထိုထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်မှာ ပိုင်မီသားစု၏နောက်တွင် သူတိုအားထောက်ပံပေးနေသည့် နက်နဲသိမ်မွေ့သော အင်အားစုကြီးတစ်စု ရှိနေခြင်းပင်။
"အစ်ကိုကြီးရီ နင် ပြဿနာတစ်ခုရှာမိပြီ...သူ့ရဲ့နောက်မှာ နောက်ခံအနေနဲ့ ပိုင်မိသားစုရှိနေတယ်... ပိုင်ချီချူကို ဒဏ်ရာရအောင် နင် လုပ်လိုက်တဲ့အတွက် သူတိုက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"
ယွင်ကျင်းက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ဒါဆိုရင်လည်း သူတို့ လာစမ်းပါစေ"
ရီဖုန်းကပခုံးတွန့်ကာ တည်ငြိမ်စွာပြောဆိုလိုက်၏။
"သခင်လေးတစ်ယောက်ဖြစ်တဲ့ သူက အမှိုက်တစ်စထက်မပိုဘူး...သူ့ရဲ့နောက်မှာရှိတဲ့ ပိုင်မိသားစုကလည်း ဘယ်လောက်မှ သန်မာအားကောင်းနေမှာမဟုတ်ဘူး...သူတို့က အမှိုက်တစ်သိုက်ပဲ ဖြစ်နေလိမ့်မယ်"
Chapter 524
ယွင်ကျင်းသည် ကြက်သေသေသွားလေ၏။
သူမသည် လုံးလုံးလျားလျား ဆွံအနေသည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း ရီဖုန်းစကားပြောဆိုလိုက်စဉ်တွင် ယုံကြည်ချက်အခိုင်အမာ ရှိနေသည်ကိုကြည့်ပြီး သူ့၏စိတ်သဘောထားသည် ပိုင်မိသားစုကို အနည်းငယ်မျှ ဂရုစိုက်ပုံမရချေ။ဤသည်မှာ သူမကို အလွန်အမင်းဆွဲဆောင်နိုင်သည်။
သို့ရာတွင် ပိုင်ချီချူနှင့် မတော်တဆကိစ္စဖြစ်ပွားပြီးနောက် သူမတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ဆက်လက်၍အလည်အပတ်သွားလာလိုစိတ် မရှိတော့ချေ။
ထိုကြောင့် သူတို့နှစ်ယောက်သည် အိမ်တော်သိုပြန်လာခဲ့တော့သည်။
အိမ်တော်သို့အပြန်လမ်း၌ လမ်းတလျှောက်လုံး ရီဖုန်းသည် တိတ်ဆိတ်ငြိမ်သက်နေကာ သူ့၏မျက်နှာသုန်မှုန်နေသည်။သူ အိမ်တော်သို့ပြန်ရောက်သည်နှင့် သူ့၏အခန်းအတွင်းသို ဝင်သွားလေ၏။
"ဟူး...."
ရီဖုန်း ဤကဲ့သို့ဖြစ်နေသည်ကိုကြည့်ပြီး ယွင်ကျင်းက ညင်သာစွာသက်ပြင်းတစ်ချက်ရှိက်လိုက်သည်။
"အစ်ကိုကြီးရီကိုကြည့်ရတာ ပိုင်မိသားစုနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်တဲ့ပုံမပေါ်ပေမယ့် သူ့ရဲ့စိတ်နှလုံးသားထဲမှာတော့ အရမ်းစိုးရိမ်ပူပန်နေလောက်တယ်"
အခန်းအတွင်း၌.....
ရီဖုန်းက ကျယ်လောင်စွာအော်ဟစ်ပြီး ဆဲဆိုနေသည်။
"သောက်ချေးပဲ...ငါ့ရဲ့နောက်ဆုံးအဖိုးတန်တပည့်လေးကို ငါ ဘယ်ချိန်ကျမှ ရှာတွေ့နိုင်မှာလဲ"
သူသည် ဤတပည့်ကို လပေါင်းများစွာကြာအောင်ရှာဖွေခဲ့သည့်တိုင် မည်သည့်အကြောင်းမျှ ထူးလာခြင်းမရှိချေ။
ထိုထက်ပို၍ဒေါသထွက်စရာကောင်းသောကိစ္စမှာ ယနေ့တွင် သူ၏ငွေများ ပျောက်ဆုံးသွားခဲ့ခြင်းပင်။
သူသည် ရွှေပြားလေးပြား ပျောက်ဆုံးသွားခဲ့ပေ၏။
ဤသည်မှာ သူ့အတွက် အလွန်ဒေါပွဖွယ်ရာပင်။
သို့ရာတွင် သူသည် ထိုရွှေပြားများကို ရှာမတွေ့ခဲ့ချေ။သူ ရှာတွေ့သည်မှာ အမှိုက်များတစ်စုသာဖြစ်နေသည်။
ဤသည်မှာ ယခင်က သူ့၏အိတ်အတွင်း၌ ထည့်ထားခဲ့သည့် 'ထိုက်ကျိလက်သီး' 'ခန်းဆောင်နီအိမ်မက်'အစရှိသည့် ရုပ်ပြကာတွန်းများနှင့်ဝတ္ထုစာအုပ်များပင်။
အတိတ်တွင် ရီဖုန်းသည် ငွေကြေးတချို့ရရန်အတွက် ထိုစာအုပ်များကိုရောင်းချရန် ကြိုးစားခဲ့သော်လည်း သူသည် ဤအလုပ်အကိုင်ကိုစွန့်လွှတ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူသည် အခန်းတံခါးကိုဖွင့်ကာ စာအုပ်များကိုပြင်ပသိုပစ်ချပြီး နူးညံညင်သာစွာ ပြောဆိုလိုက်၏။
"မိန်းကလေးယွင်...ငါ ခဏလောက် အနားယူချင်လိုပါ...ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပြီး ဒီအမှိုက်တွေကို လွှင့်ပစ်ပေးနိုင်မလား"
"ဟုတ်ကဲ့ပါ အစ်ကိုကြီးရီ"
ယွင်ကျင်းသည် စာအုပ်များကိုကောက်ယူပြီးနောက် ရီဖုန်းကို ထပ်မံ၍မနှောင့်ယှက်ဝံ့တော့သဖြင့် ခြံဝန်းထံသို လျှောက်သွားလိုက်သည်။
ပြင်ပရှိခြံဝန်းအတွင်း၌ လုပမ်ဝေနှင့်အပေါင်းအဖော်တစ်သိုက်သည် တံခါးရင်း၌ ခြေပစ်လက်ပစ်လဲလျောင်းနေကြသည်။
ထိုအချိန်မှာပင်....
အဝေးရှိ မိုးကောင်းကင်ယံအတွင်း၌ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်သိုက်သည် သူမတို၏ဓားပျံများကိုစီးနင်းပြီး ပျံသန်းနေသည်။သူမတို့သည် လှပပြီး ကျက်သရေရှိကာ လောကကြီးအတွင်းသိုဆင်းသက်လာသော နတ်မိမယ်များအလားပင်။
ပျင်းရိငြီးငွေ့နေသော ဆပ်ကပ်အဖွဲသားများသည် ရုတ်တရက် သူတို့၏ခေါင်းများကိုမော့၍ ကြည့်လိုက်ကြပြီး သူတို၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်တန်း ထင်ဟပ်နေသည်။
ယွင်ကျင်းသည်လည်း ဤမြင်ကွင်းကို သတိပြုမိလေ၏။
သူမသည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသောပုံရိပ်များကိုမော့ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏စိတ်နှလုံးသားအတွင်းမှာနေ၍ လုပမ်ဝေတိုကို စာနာသနားနေမိသည်။
သူမ၏စွမ်းအား အားနည်းနေစဉ်အချိန်တုန်းက မိုးကောင်းကင်ယံ၌ ပျံသန်းနေသောကျင့်ကြံသူများကို ဤကဲ့သို့ မနာလိုအားကျသောအကြည်မျိုးဖြင့် ကြည့်ခဲ့ဖူးကြောင်း သူမအမှတ်ရနေဆဲပင်။
ထိုကြောင့် ယခုချိန်၌ သူမသည် လုပမ်ဝေနှင့်အပေါင်းအဖော်များ၏ ခံစားချက်များကို စာနာမိလေ၏။
သူမက ထိုနေရာသိုလျှောက်လှမ်းသွားပြီး နူးညံညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"ဆရာလု ဘာမှစိတ်မပူပါနဲ့...တစ်နေ့ကျရင် နင့်ရဲ့အိပ်မက်တွေက အမှန်ဖြစ်လာမယ်လို ငါ ယုံကြည်တယ်"
"အော် တကယ်လား...အိပ်မက်တွေက တကယ်ကြီး အမှန်ဖြစ်လာနိုင်လား"
လုပမ်ဝေက စိတ်လှုပ်ရှားစွာမေးမြန်းသည်။
"တကယ်ပေါ့"
ယွင်ကျင်းသည် သူမ၏ကျစ်လစ်သေးသွယ်သောလက်သီးကိုမြှောက်ကာ အားပေးလိုက်၏။
သို့ရာတွင် ဤသည်မှာ သူမ တတ်စွမ်းသမျှ အရာအားလုံးပင်။လုပမ်ဝေ၏ပုလွန်းသောအရပ်အမောင်းမှတဆင့် ကျင့်ကြံရန်အတွက် မသင့်တော်သည်မှာ သိသာထင်ရှားသည်။
သူမသည် ခြံဝန်းထံသိုဆက်ဆက်၍လျှောက်လှမ်းခဲ့သော်လည်း လမ်းတဝက်အရောက်၌ ဤစာအုပ်များကိုစွန့်ပစ်ရန်မှာ နှမြောဖွယ်ကောင်းသည်ဟု သူမ ခံစားမိသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရီဖုန်း၏ပစ္စည်းများပင်။
အကယ်၍ သူ ထိုအရာများကိုထပ်မံ၍ မလိုအပ်တော့လျှင်ပင် သူမသည် အမှတ်တရအဖြစ် ထိုအရာများကို ထိန်းသိမ်းထားသည်က ကောင်းမွန်ပေလိမ့်မည်။
ထိုကြောင့် ယွင်ကျင်းသည် ထိုစာအုပ်များကို တိတ်တဆိတိသိမ်းဆည်းပြီး ခန်းမ၏နံဘေးရှိစာအုပ်စင်ပေါ်၌ တင်ထားလိုက်၏။
ယွင်အိမ်တော်၌....
"ဘာ...."
"ယွင်ကျင်းက သူ့ရဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ ပိုင်ချီချူကို ထိခိုက်ဒဏ်ရာရစေခဲ့တာလား"
လက်အောက်ငယ်သားတစ်ယောက်ထံမှ သတင်းကိုကြားချိန်တွင် ယွင်ကျင်း၏ဖခင်ဖြစ်ကာ ယွင်အိမ်တော်၏ခေါင်းဆောင်လည်းဖြစ်သော ယွင်လန်ထျန်းသည် စားပွဲခုံကိုရိုက်ပုတ်ကာ ခုန်ထလိုက်သည်။
"ဟုတ်ပါတယ် မိသားစုခေါင်းဆောင်...ဒါက နောက်ဆုံးရလာတဲ့ သတင်းတွေပါ"
သူ့၏နံဘေးတွင်ရှိနေသော အကြီးအကဲတစ်ယောက်က တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"ဘယ်လောက်တောင် အတင့်ရဲပြီးတော့ အဆင်အခြင်မဲ့တဲ့လုပ်ရပ်လဲ"
ယွင်လန်ထျန်း၏မျက်နှာသည် မည်းမှောင်နေကာ သူက တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သည်။
"ယွင်ကျင်းကို ပြန်ခေါ်လာခဲ့ဖိုတစ်ယောက်ယောက်ကို ခုချက်ချင်း အမိန့်ပေးလိုက်စမ်း...ဘာတွေဖြစ်ပျက်သွားခဲ့တာလဲဆိုတာ ငါ သူ့ကို မေးချင်တယ်"
"အင်း....မိသားစုခေါင်းဆောင် ငါတို့က သူ့ကိုသတိပေးဖိုအတွက် တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ပြီးပြီ...ဒါပေမဲ့ သူက ငြင်းဆန်ခဲ့တယ်....သူ့ဆီမှာ ဧည့်သည်တွေရှိနေတာကြောင့် ဒီအချိန်မှာ သူ့ကိုလာပြီး မနှောင့်ယှက်ဖို သူကပြောခဲ့တယ်"
အကြီးအကဲတစ်ယောက်က ပြောဆိုသည်။
"ဧည့်သည်တွေလား"
"ဘယ်ဧည့်သည်က ငါ သူ့ကိုအိမ်ပြန်လာဖိုခေါ်တာထက် ပိုပြီးအရေးကြီးနေတာလဲ"
ယွင်လန်ထျန်းက ဒေါသတကြီးမေးမြန်းသည်။
"ငါသိထားသလောက်ဆိုရင် ကြည့်ရတာတော့ အရင်တစ်ကြိမ်တုန်းက သခင်မလေးယွင်ကျင်း အထောက်အပံ့ပစ္စည်းတွေ ပိုဆောင်တဲ့အချိန်တုန်းက တွေ့ခဲ့တဲ့လူပဲဖြစ်မယ်...အဲ့ဒီလူကအနက်ရောင်မြစ်ထဲက အနက်ရောင်မှော်တားမြစ်ငါး ငါးကောင်ကိုသတ်ခဲ့တယ်"
အကြီးအကဲတစ်ယောက်က ရှင်းပြသည်။
"ကြည့်ရတာတော့ အဲ့ဒီလူနဲ့သခင်လေးပိုင်ကြားမှာ အချေအတင်ဖြစ်ပွားပြီးတော့ သခင်လေးပိုင် ဒဏ်ရာရသွားခဲ့တဲ့ပုံပဲ"
"ဟမ့် ဒါက လှည့်စားနေတာပဲ"
"အနက်ရောင်မှော်တားမြစ်ငါးတွေကို အမြစ်ပြတ်ချေမှုန်းခဲ့တာကြောင့် သူ့ရဲ့ခွန်အားကတကယ့်ကို ထူးခြားတယ်ဆိုပေမယ့်...ဒီအတွက်နဲ့ ငါတို့က ပိုင်မိသားစုကို အပြစ်ပြုဖိုထိုက်တန်မှာလား"
"သူက အဲဒီ့လိုလူမျိုးတစ်ယောက်ကို တွေ့ခဲ့တာနဲ့ အခုအချိန်မှာ မိသားစုကိုပြဿနာဖြစ်စေပြီးတော့ ပိုင်မိသားစုကို တွန်းလှန်လိုရပြီလို့ သူ တကယ်ကြီးထင်နေတာလား"
ယွင်လန်ထျန်း၏အသံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ့၏ရိုးသားဖြူစင်မှုကို ပြသရန်အတွက် ပိုင်မိသားစုထံသို သူ ကိုယ်တိုင်ကိုယ်ကျ အလည်အပတ်သွားသင့်သည်ဟု ခံစားမိသည်။ဤကိစ္စကို မည်ကဲ့သိုဖြေရှင်းရမည်ဟူသည်ကိုလည်း သူ တိုင်ပင်ဆွေးနွေးရပေမည်။
မည်သို့ပင်ဆိုစေကားမူ ပိုင်မိသားစု၏ဒုတိယသခင်လေးကို ထိခိုက်ဒဏ်ရာဖြစ်အောင်လုပ်ခဲ့ခြင်းသည် အသေးအမွှားကိစ္စမဟုတ်ချေ။
ပကတိနယ်မြေအတွင်း၌ ယွင်မိသားစု ဘေးကင်းလုံခြုံစွာ တည်ရှိနိုင်ခဲ့သည်မှာ ပိုင်မိသားစုကိုကျေးဇူးတင်ရပေမည်။
"လက်ဆောင်တွေ ပြင်ဆင်ထားစမ်း...ငါနဲ့အတူ ပိုင်မိသားစုကို အလည်အပတ်သွားဖို မင်းတို့ လိုက်ခဲ့ကြစမ်း"
ယွင်လန်ထျန်းက မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။
သို့ရာတွင် သူ့၏အသံကျရောက်သွားသောအချိန်မှာပင် တခြားအစွမ်းထက်သောအသံတစ်သံက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။
"မလိုတော့ဘူး...ငါ ဒီနေရာကို ရောက်လာပြီ"
ထိုစကားကိုကြားချိန်တွင်.....
ယွင်လန်ထျန်း၏ခန္ဓာကိုယ် တုန်ရီသွားကာ ရောက်ရှိလာသောဧည့်သည်ကို ဆီးကြိုနှုတ်ဆက်ရန်အတွက် သူက တံခါးထံသို့အလျင်အမြန်သွားလိုက်၏။
တံခါး၏ပြင်ပ၌ လူနှစ်ယောက် မတ်တတ်ရပ်နေသည်။
လူတစ်ယောက်ထံတွင် အဆင့်မြင့်သူတစ်ယောက်၏မြင့်မြတ်သောအရှိန်အဝါမျိုး ရှိနေသည်။
တခြားတစ်ယောက်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ထံမှနေ၍ ရေခဲတမျှအေးစက်သော လေအေးများ ထွက်ပေါ်နေကာ အန္တရာယ်များသော ခံစားချက်တစ်ရပ်ကို ပေးစွမ်းနိုင်သည်။
ခေါင်းဆောင်လူကြီးသည် ပိုင်မိသားစုခေါင်းဆောင် ပိုင်လင်းထျန်မှတပါး တခြားသူမဟုတ်ချေ။
သူ့၏နံဘေးရှိ အနက်ရောင်ဝတ်စုံဝတ်လူသည် ပိုင်လင်းထျန်၏ သီးသန့်သက်တော်စောင့်ဖြစ်ကာ သူ့၏စွမ်းအားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။သူသည် ပိုင်လင်းထျန်၏နံဘေး၌ အစဉ်အမြဲရှိနေကာ ယေဘုယျအားဖြင့် သူ့ကို အရိပ်ဟု သိရှိထားကြသည်။
"မိသားစုခေါင်းဆောင်ပိုင်ကို နှုတ်ဆက်ပါတယ်...အရှင်အရိပ်ကို နှုတ်ဆက်ပါတယ်"
ယွင်လန်ထျန်းက ပျာပျာသလဲ အရိုအသေပြုလိုက်သည်။
"သွားကြစို့...ကျင်းအာဆီကို အလည်တစ်ခေါက်သွားဖိုအတွက် ငါနဲ့အတူ လိုက်ခဲ့စမ်း"
ပိုင်လင်းထျန်က သူ့၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလေသည်။
"စကားမစပ်....မင်း ခုဏကပြောခဲ့တဲ့လူကို ငါ တွေ့ချင်တယ်"
"ဒါက...ဒါက နာမည်မရှိတဲ့ အညတရတစ်ယောက်ပါ...သူ့ရဲ့အရည်အချင်းက ထူးခြားတယ်ဆိုပေမယ့် ဘယ်လိုလုပ်ပြီးတော့ မင်းကိုယ်တိုင်ဂရုစိုက်ဖို့လောက်အထိ ထိုက်တန်မှာလဲ"
ယွင်လန်ထျန်းက အလျှင်အမြန်ပြောဆိုသည်။
"မင်းနဲ့အရိပ်တို့က ဒီနေရာမှာပဲ စောင့်နေကြပါလား...ငါက အဲ့ဒီလူကို သွားဖမ်းပြီးတော့ မင်းတိုကိုလက်ဆောင်အဖြစ်ပေးမယ်"
"အဲ့ဒီလိုလူမျိုးတစ်ယောက်အတွက်နဲ့ ငါကိုယ်တိုင် ဒီနေရာကို ရောက်လာခဲ့မှာမဟုတ်ဘူး...ငါ အဲ့ဒီနေရာကိုသွားရတဲ့ အဓိကအကြောင်းအရင်းက ကျင်းအာကိုတွေ့ပြီးတော့ သူနဲ့ပိုင်ယန်ချွမ်းရဲ့ကိစ္စကို ထပ်ပြီးဆွေးနွေးညှိနှိုင်းချင်လိုပဲ"
ပိုင်လင်းထျန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ပိုင်မိသားစုခေါင်းဆောင်က အရမ်းကြင်နာတတ်တာပဲ"
ယွင်လန်ထျန်းက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ယွင်ကျင်းသည် အထူးသီးသန့်ခန္ဓာကိုယ်အမျိုးအစားတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း အမှန်အားဖြင့် သူမ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကို အဆင့်မြှင့်တင်ရာ၌ အသုံးမဝင်ချေ။
သို့ရာတွင်ပိုင်လင်းထျန်၏အကြီးဆုံးသာဖြစ်ကာ ပိုင်မိသားစု၏သခင်လေးဖြစ်သော ပိုင်ယန်ချွမ်းကျင့်ကြံသော နည်းစနစ်တစ်ခုအတွက် ဤရုပ်ခန္ဓာကိုယ်အမျိုးအစား လိုအပ်နေသည်။
နှစ်ကိုယ်တူကျင့်ကြံခြင်းဖြင့် သူမအတွက်လည်း အကျိုးကျေးဇူးအမြောက်အများ ရရှိနိုင်ပေမည်။
ပိုင်ယန်ချွမ်းကို ပိုင်မိသားစု၏နောက်အနာဂတ်ခေါင်းဆောင်ဟု သတ်မှတ်ထားသဖြင့် သူနှင့်ယွင်ကျင်းအကြားမှ စေ့စပ်ပွဲကို ပိုင်လင်းထျန်သည် အလွန်အမင်း အာရုံစူးစိုက်နေသည်မှာ သဘာဝကျပေ၏။
ထိုသို့မဟုတ်ပါက သူသည် မည်သည့်နည်းဖြင့် ယွင်ကျင်းကို နာမည်ဂုဏ်သတင်းကြီးမားသော ပိုင်မိသားစုအတွင်းသို့ လက်ထပ်ပြီးဝင်ရောက်ခွင့်ပြုမည်နည်း။
ပိုင်လင်းထျန်သည် ပိုင်ချီချူ၏ဒဏ်ရာနှင့်ပတ်သက်ပြီး သူ့၏စိတ်အတွင်း၌ တေးမှတ်မထားသည်မှာ သိသာထင်ရှားသည်။သို့ရာတွင် သူသည် ပိုင်ချီချုကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ရီဖုန်းကိုမူ အလွတ်မပေးမည်မှာ သေချာပေါက်ပင်။
သူသည် ဤကိစ္စကိုအခွင့်အရေးယူ၍ ယွင်ကျင်းနှင့်တွေ့ဆုံကာ ကိစ္စများအားလုံးကို ဖြေရှင်းရပေမည်။
ပိုင်လင်းထျန် ယွင်လန်ထျန်းနှင့်အရိပ်တို့သည်ယွင်ကျင်း၏သီးသန့်အိမ်တော်သို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။
Chapter 525
ယွင်ကျင်း၏အိမ်တော်တံခါးကို တွန်းဖွင့်ခြင်းခံလိုက်ရသည်။
မဖိတ်ခေါ်ထားသော ဧည့်သည်သုံးယောက်ဖြစ်သည့် ပိုင်လင်းထျန် ယွင်လန်ထျန်းနှင့်အရိပ်တို့သည် အတွင်းသို ကျူးကျော်ဝင်ရောက်လာပေ၏။
အိမ်တော်အတွင်းရှိ အငွေ့အသက်များ ချက်ချင်းပြင်းထန်စပြုလာသည်။
ကျရောက်လာတော့မည့် အန္တရာယ်ကို အာရုံခံမိသည့်အလား အထက်မှနေ၍ အရိပ်သုံးရိပ် ဆင်းသက်လာသည်။
ဝက်ဝံတစ်ကောင်...
ခွေးတစ်ကောင်....
ထိုနောက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော တစ်စုံတစ်ယောက်....
ခွေး၏ခေါင်းပေါ်တွင် တွယ်ကပ်နေသော ကင်းခြေများငယ်တစ်ကောင်ကမူ ရောက်ရှိလာသူသုံးယောက်ကို လုံးလုံးလျားလျား လျစ်လျှူရှုထားလေ၏။
အရိပ်သုံးရိပ်ဆင်းသက်လာပြီးနောက် လုပမ်ဝေသည် ပိုင်လင်းထျန်တိုသုံးယောက်ကို စောင်းငဲ့ကြည့်ကာ ခန်းမအတွင်းရှိ အဓိကထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။
ထိုနောက် သူ့၏ခြေထောက်များကို သာမာန်ကာလျှံကာ ချိတ်လိုက်၏။
လုပမ်ဝေ၏ဘေးတစ်ဖက်တစ်ချက်တွင် ခွေးနှင့်ဝက်ဝံနက်တို့က မတ်တတ်ရပ်လိုက်ကြသည်။
သူတို့၏အပြုအမူများကိုကြည့်ပြီး ရောက်ရှိလာသော ဧည့်သည်များ၏ခေါင်းဆောင် ပိုင်လင်းထျန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ဒီအနက်ရောင်ဝတ်စုံဝတ်လူက ပိုင်ချီချူကို ဒဏ်ရာရစေခဲ့တဲ့ တစ်ယောက်လား"
ပိုင်လင်းထျန်က အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
"မိသားစုခေါင်းဆောင်ပိုင်...အဲ့ဒါက သူ မဟုတ်ဘူး"
ယွင်လန်ထျန်းက တိုးညှင်းစွာ ပြောဆိုသည်။
"ဒါဆိုရင် သူတို့က ဘယ်နေရာကနေ ရောက်လာတာလဲ"
ပိုင်လင်းထျန်က မျက်မှောင်ကြုတ်ကာ မေးမြန်းသည်။
"အနက်ရောင်ဝတ်ရုံဝတ်လူက အဲ့ဒီလူရဲ့ လက်အောက်ငယ်သားလို့ ငါ ကြားထားတယ်...ဝက်ဝံနက်နဲ့ခွေးတိုက အဲ့ဒီလူရဲ့ အိမ်မွေးတိရစ္ဆာန်တွေပဲ"
ယွင်လန်ထျန်းက ပြောဆိုလေ၏။
"အရင်ကရထားတဲ့ ယုံကြည်ရတဲ့သတင်းအချက်အလက်တွေအရဆိုရင်...အဲ့ဒီသုံးယောက်မှာ စွမ်းအားတွေအများကြီး ရှိမနေဘူး"
"လက်အောက်ငယ်သားလား"
ပိုင်လင်းထျန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူ့၏မျက်လုံးအကြည့်များသည် လုပမ်ဝေတိုထံမှနေ၍ တခြားနေရာသို့ ရွှေ့ပြောင်းသွားသည်။
သူတို့သည် လက်အောက်ငယ်သားများသာဖြစ်သဖြင့် သူ့၏စွမ်းအားများကိုဖြုန်းတီးပြီး အရှုပ်အထွေးများပြုလုပ်ရန် မထိုက်တန်ချေ။
ထိုကြောင့် သူက ရိုးရှင်းစွာ အမိန့်ပေးလိုက်၏။
"အရိပ်...ငါ သူတို့ကို မင်းနဲ့ထားခဲ့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် လုပမ်ဝေတိုတစ်စုကိုဖြတ်ကျော်ကာ ယွင်လန်ထျန်းနှင့်အတူ အတွင်းဘက်ခြံဝန်းထံသိုဦးတည်၍ သွားလိုက်သည်။
ပိုင်လင်းထျန်နှင့်ယွင်လုံထျန်းတို ထွက်ခွာသွားပြီးနောက် အရိပ်သည် သူ့၏လက်ဝါးကို ဝှေ့ယမ်းကာ ခွေးခြေတစ်လုံးကို သူ့၏နောက်သို့ ရွေ့လျားလာစေသည်။
ထိုနောက် သူသည် လုပမ်ဝေနှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်၏။
"ဒေါင်...."
လုပမ်ဝေနှင့်သူ့၏အကြားတွင် ကြမ်းပြင်ပေါ်သို ဓားရှည်တစ်လက် ထွင်းဖောက်သွားသော စူးရှသည့်အသံ ထွက်ပေါ်လာသည်။
"မင်းရဲ့အပြုအမူအရ အကဲဖြတ်ကြည့်ရရင်....မင်းမှာ အရည်အချင်းတချိုရှိနေမယ်လို ငါ ထင်တယ်"
အရိပ်သည် လုပမ်ဝေကိုကြည့်၍ ပြောဆိုကာ သူ့၏အသံတွင် အဓိပ္ပါယ်တချို့ ရောယှက်နေသည်။
လုပမ်ဝေသည် အရိပ်ကို အနည်းငယ်မျှ အာရုံစိုက်ခြင်းမရှိချေ။
"ဟမ့်...."
အရိပ်သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ့၏အင်္ကျီလက်ကြားမှ အဖြူရောင်အဝတ်စတစ်စကို ထုတ်ယူပြီး သူ့၏ဓားမှဓားသွားကို ညင်သာစွာသုတ်လိုက်သည်။
"တကယ်တော့ အခုလက်ရှိအခြေအနေကို မင်း သိသင့်တယ်...ငါ့ရဲ့အရှင်သခင် ဒီနေရာမှာရှိနေတာကြောင့် စကားတွေအများကြီးပြောပြီးတော့ သူက အချိန်မဖြုန်းချင်ခဲ့ဘူး"
အရိပ်က ပြောဆိုသည်။
"ဒါပေမယ့်...."
ထိုနောက် သူ့၏လေသံ ပြောင်းလဲသွားသည်။
"ငါ့ရဲ့အရှင်က မင်းတိုနဲ့ စကားတွေအများကြီးပြောဖို စိတ်မဝင်စားပေမယ့်....မင်းတို့ရဲ့အပြုအမူတွေက ငါ့ရဲ့အရှင်ကို ဒေါသထွက်စေတယ်"
"ဒါကြောင့် ငါ့ရဲ့အရှင်က ပြတ်ပြတ်သားသား အမိန့်မပေးခဲ့ရင်တောင်...သူ့ရဲ့နောက်ကို နှစ်ရာနဲ့ချီပြီးလိုက်ခဲ့တဲ့ ငါက မင်းတို့ကို သင်ခန်းစာတစ်ခုပေးသင့်တယ်လို့ ငါ ထင်တယ်...."
အတွင်းဘက်ခြံဝန်းကို ဖြတ်သန်းသွားပြီးနောက် ပိုင်လင်းထျန်နှင့်ယွင်လန်ထျန်းတို့သည် အတွင်းဘက်အဆောင်ထံသို့ ရောက်ရှိသွားလေ၏။
သူ့၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ခြင်းနှင့်အတူ လူနှစ်ယောက်သည် မတူညီသောအခန်းနှစ်ခန်း၌ ရှိနေသည်ကို ပိုင်လင်းထျန်က ရှာဖွေတွေ့ရှိမိသည်။
ဤသည်မှာ ယွင်ကျင်းနှင့် ဟောက်သံများထွက်ကာ နှစ်ခြိုက်စွာအိပ်မောကျနေသော ရီဖုန်းပင်။
ထိုလူနှစ်ယောက်သည် သူတို့၏ရောက်ရှိလာမှုကို မသိရှိသည်မှာ သိသာထင်ရှားလှ၏။
"မိသားစုခေါင်းဆောင်ပိုင်....."
ယွင်လန်ထျန်းသည် သူ့၏ခေါင်းကို အနည်းငယ်ညွှတ်ကာ အမိန့်များကိုလက်ခံရန် စောင့်ဆိုင်းလိုက်သည်။
"အင်း...."
ပိုင်လင်းထျန်က ခေါင်းညိတ်ပြကာ ယွင်ကျင်း၏အခန်းကိုတစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"မင်း အဲ့ဒီလူကို ခေါ်ခဲ့စမ်း...ငါက စေ့စပ်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ ယွင်ကျင်းနဲ့ စကားသွားပြောလိုက်မယ်"
"ဟုတ်ကဲ့"
ယွင်လန်ထျန်း၏မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ သူက ရီဖုန်း၏အခန်းထံသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
ယွင်လန်ထျန်း ထွက်ခွာသွားပြီးနောက် ပိုင်လင်းထျန်သည် အချိန်တခဏကြာခန့် မတ်တတ်ရပ်နေကာ မည်ကဲ့သိုပြောဆိုရမည်ကို သူ့၏စိတ်နှလုံးသားအတွင်းမှနေ၍ ပြင်ဆင်လေသည်။
သူ့၏အကြီးဆုံးသား ပိုင်ယန်ချွမ်းသည် အလွန်အမင်း ပါရမီအရည်အချင်းရှိပေ၏။ပိုင်ယန်ချွမ်းသည် ပိုင်မိသားစုကို ပို၍မြင့်မားသော အဆင့်အတန်းတစ်ခုဆီသို ပို့ဆောင်ပေးနိုင်မည်ဟု သူ ကြိုတင်သိရှိထားသည်။
ဤရည်မှန်းချက်ပန်းတိုင်အတွက်...
ပိုင်လင်းထျန်သည် မည်သည့်အရာကိုမဆိုပေးဆပ်ရန် ဆန္ဒရှိပေ၏။
ထိုကြောင့် သူသည် နာမည်ဂုဏ်သတင်းကြီးမားသော ပိုင်မိသားစုခေါင်းဆောင်ဖြစ်သည့်တိုင် သူ့၏အဆင့်အတန်းကိုနှိမ့်ချ၍
စေ့စပ်ပွဲကိစ္စကိုဆွေးနွေးရန် ဂျူနီယာတစ်ယောက်ထံသို့ သူကိုယ်တိုင် လိုလိုလားလားရောက်ရှိလာခြင်းဖြစ်သည်။
သူ ပြောဆိုရမည့်အချက်များကို သူ့၏စိတ်နှလုံးသားအတွင်း၌ ဆုံးဖြတ်ကာ ယွင်ကျင်း သဘောတူညီစေရန်အလို့ငှာ ညှိနှိုင်းမှုတချို့ကိုပြုလုပ်ရန်ပင် သူ ပြင်ဆင်ထားခဲ့သည်။
သို့ရာတွင် သူ ခြေတစ်လှမ်းရှေ့တိုးတော့မည့်အချိန်မှာပင် သူ၏အကြည့်သည် ခန်းမ၏နံဘေးတွင်ရှိနေသော စာအုပ်စင်တစ်စင်ပေါ်သို ရုတ်တရက် ကျရောက်သွားသည်။
ထိုစာအုပ်စင်၏အစွန်ဆုံးတွင် 'ထိုက်ကျိ လက်သီး'ဟု ရေးသားထားသော စာအုပ်သည် သူ့၏အမြင်အာရုံကို နက်ရှိုင်းစွာဆွဲဆောင်သွားနိုင်ခဲ့သည်။
သူသည် ခြေလှမ်းကျဲကြီးများဖြင့် ထိုနေရာသို့သွားလိုက်၏။
ထိုနောက် သူ၏ကျဥ်းမြောင်းနေသောမျက်စိသူငယ်အိမ်တစ်စုံဖြင့် ထိုက်ကျိလက်သီး၏မိတ္တူစာအုပ်ကို အနီးကပ်စူးစိုက်ကြည့်လိုက်သည်။
သူ့၏ခန္ဓာကိုယ် ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါသွားပေ၏။
ဤစာအုပ်သည် ယခင်က သူ ကံကြမ္မာကောင်းတစ်ခုကြောင့် တွေ့မြင်ခွင့်ရခဲ့သော စာအုပ်နှင့်တထပ်တည်းတူညီနေသဖြင့် သူ့အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"မဖြစ်နိုင်ဘူး...ဒါက တကယ်ပဲလား"
ဤမြင်ကွင်းသည် ပိုင်လင်းထျန်၏အသိစိတ်ကို ကင်းလွတ်သွားလုမတတ် ထိတ်လန့်တုန်လှုပ်သွားစေကာ ဤအချိန်အခိုက်အတန့်တွင် သူ့၏အသက်ရှူနှုန်းများ လျှင်မြန်လာသည်။
သူ့၏တုန်ရီနေသောလက်များသည် 'ထိုက်ကျိလက်သီး'စာအုပ်မျက်နှာဖုံးပေါ်သို ကျရောက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ထိုအရာကိုလှန်လိုက်သည်။
စာအုပ်၏ထောင့်တစ်နေရာ ထွက်ပေါ်လာကာ အတွင်းရှိမြင်ကွင်းကို တစွန်းတစတွေ့မြင်ပြီးနောက် ပိုင်လင်းထျန်၏စိတ်အတွင်း၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလားပင်။တစ်ချိန်တည်းမှာပင် သူ အလွန်ထိတ်လန့်ကြောက်ရွံသွားသဖြင့် မသိစိတ်မှနေ၍ ခြေလှမ်းတော်တော်များများ နောက်ဆုတ်လိုက်မိသည်။
"ဒါက အဲ့ဒီဆရာကြီးလား"
"ဒါမှမဟုတ် တူညီတဲ့ကောင်းချီးပေးမှုကိုရထားတဲ့ တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမလား"
သူသည် အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သူ့၏နံဘေးသို လျှောက်လှမ်းလာသည်။
"ဦးလေးပိုင်ကို အရိုအသေပြုပါတယ်....ဦးလေးပိုင်ကို ဆီးကြိုနှုတ်ဆက်ဖို့ကို ပျက်ကွက်ခဲ့မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့မယဉ်ကျေးမှုကို ခွင့်လွှတ်ပေးပါ"
ယခုရောက်ရှိလာသူမှာ သူမ၏အခန်းအတွင်းမှနေ၍ ထွက်လာသော ယွင်ကျင်းပင်။
ဤအချိန်အခိုက်အတန့်တွင် သူမ၏အသားအရေ အနည်းငယ်ဖြူရော်နေသည်။
အကြောင်းအရင်းမှာ သူမအတွက် ပိုင်လင်းထျန်၏အလည်အပတ်လာမှုသည် ဂုဏ်ယူစရာတစ်ခုမဟုတ်ဘဲ အစစ်အမှန်ထိတ်လန့်တုန်လှုပ်ဖွယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ထိုပြင် သူမသည် သူ အလည်အပတ်လာရသောအကြောင်းအရင်းအတွက် ကောင်းမွန်သောအတွေးမျိုးရှိမနေချေ။
ဤသည်မှာ သူမနှင့်ပိုင်ယန်ချွမ်းအကြားရှိ စေ့စပ်ပွဲကိစ္စအတွက် ဖြစ်ပေမည်။
ထိုသို့မဟုတ်ပါက ရီဖုန်းသည် ပိုင်ချီချူကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ကိစ္စပင်။
ပိုင်လင်းထျန်ရောက်လာခြင်းမှာ ဤအကြောင်းအရင်းနှစ်ခုအနက်မှ တစ်ခုကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် မည်သည့်အကြောင်းအရင်း ဖြစ်နေပါစေ ယွင်ကျင်းသည် ကြီးမားသောပြဿနာနှင့် ရင်ဆိုင်ရပေမည်။
သို့ရာတွင် သူမထွက်ပြေးနိုင်မည် မဟုတ်ကြောင်းကိုလည်း သူမ သိရှိထားသည်။
သူမသည် ဤကိစ္စကို ရင်ဆိုင်ရုံသာ တတ်နိုင်ပေမည်။
ယွင်ကျင်းက သူမ၏နီမြန်းသောနှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ သူမ၏စိတ်နှလုံးသားအတွင်း၌ ဆုံးဖြတ်ချက်တစ်ခုကို ချထားပြီးဖြစ်သည်။
စေ့စပ်ပွဲကိစ္စအတွက်ကို သူမ အကြင်းမဲ့ ငြင်းဆန်ရပေမည်။
ရီဖုန်း၏ကိစ္စအတွက်ကိုမူ သူမသည် သူ့ရှေ့မှနေ၍ ရပ်တည်ပေးရပေမည်။
ယွင်ကျင်းက ခေါင်းအနည်းငယ်မော့ပြီး အံ့တင်းတင်းကြိတ်ကာ ပိုင်လင်းထျန်သည် သူမအား မည်ကဲ့သို့ အပြစ်တင်စကားပြောဆိုမည်ကို စောင့်ဆိုင်းနေလိုက်သည်။
သို့ရာတွင်...
ပိုင်လင်းထျန်သည် သူ့၏လက်နှစ်ဖက်ဖြင့် သူမ၏ပခုံးများကိုဆုပ်ကိုင်ကာ ပျာပျာသလဲမေးမြန်းလာမည်ဟု သူမ မျှော်လင့်မထားမိချေ။
"ငါ မင်းကို မေးမယ်...ဒီစာအုပ်ကို ဘယ်နေရာကနေ ရလာတာလဲ"
"ဟမ်...."
"ဒါက..."
ဤရုတ်တရက်မေးခွန်းသည် ယွင်ကျင်းကို လုံးလုံးလျားလျား သတိလက်လွတ် ဖြစ်သွားစေပေ၏။
သူမသည် ပိုင်လင်းထျန်၏စစ်ဆေးမေးမြန်းမှုကို တုံ့ပြန်ရန်အတွက် ပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် ပိုင်လင်းထျန်သည် ဇာတ်ညွှန်းအတိုင်းမသွားဘဲ ထိုအစား ဤကိစ္စအကြောင်းကို မေးမြန်းလာမည်ဟု မည်သူက မျှော်လင့်ထားမိမည်နည်း။
Thank For Reading.