အခန်း (၅၂၆-၅၃၀)
Vol. 36 Ch. 526-530
Chapter 526
"အမ် ဦးလေးပိုင်...ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ တစ်ခုခု မှားနေလိုလား"
ယွင်ကျင်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ငါ မင်းကို မေးနေတယ်လေ...မင်း ဒီစာအုပ်ကို ဘယ်နေရာကနေ ရလာတာလဲ"
ပိုင်လင်းထျန်၏အသံသည် အက်ရှရှဖြစ်စပြုလာကာ သူ့၏အလျင်စလိုနိုင်မှုသည် အကယ်၍ ယွင်ကျင်းသည် သူ့အားပြောဆိုခြင်းမပြုပါက သူမအား သတ်ဖြတ်တော့မည့်အလားပင်။
"ဒီစာအုပ်...ဒီစာအုပ်က အစ်ကိုကြီးရီ ပိုင်ဆိုင်တဲ့အရာပါ"
ယွင်ကျင်းသည် သိသိသာသာ ထိတ်လန့်ကြောက်ရွံနေပြီး သူမက အလျှင်အမြန်ပြောဆိုသည်။
"အစတုန်းကတော့ အစ်ကိုကြီးရီက ဒီစာအုပ်တွေကို အမှိုက်တွေဆိုပြီး လွှင့်ပစ်ချင်ခဲ့တယ်...ဒါပေမယ့် ဒါက နှမြောဖိုကောင်းတယ်လို့ ကျွန်မ တွေးမိတာကြောင့် အဲ့ဒါတွေကို ယူလာပြီးတော့ လွတ်နေတဲ့စာအုပ်စင်ပေါ်မှာ တင်ထားလိုက်တာပါ"
"အစ်ကိုကြီးရီ...."
"အစ်ကိုကြီးရီဆိုတာက ဘယ်သူလဲ...ငါ့ရဲ့သားကို ဒဏ်ရာရစေခဲ့တဲ့တစ်ယောက်လား"
ပိုင်လင်းထျန်က ပျာပျာသလဲ မေးမြန်းသည်။
"ဟုတ်ကဲ့"
ယွင်ကျင်းသည် သူမ၏နီမြန်းသောနှုတ်ခမ်းကိုကိုက်ကာ ဝန်လေးစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ထိုစကားကိုကြားချိန်တွင် ပိုင်လင်းထျန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိက်ကာ စကားတစ်ခွန်းမျှမဆိုဘဲ နောက်သို့ချာခနဲလှည့်ပြီး ရီဖုန်း၏အခန်းထံသို အလျှင်အမြန်သွားလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ယွင်ကျင်းသည် ထိတ်လန့်တကြားဖြစ်သွားကာ နောက်မှနေ၍ အလျင်စလို လိုက်ပါသွားလေ၏။
"ဦးလေးပိုင်...ကျေးဇူးပြုပြီးတော့ ကျွန်မရှင်းပြတာကို နားထောင်ပါအုံး...ကိစ္စတွေက ရှင်ထင်နေသလိုမျိုး မဟုတ်ပါဘူး"
"ဒါက ပိုင်ချီချူ အရင်ရန်စခဲ့တာကြောင့်ပဲ...သခင်လေးရီမှာ ရွေးချယ်စရာမရှိတော့တာကြောင့် လှုပ်ရှားခဲ့ရတာပါ"
"ပြီးတော့ သူ လှုပ်ရှားခဲ့ရတာက ကျွန်မကြောင့်ပဲ....တကယ်လို့ ရှင်က တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ကျွန်မကိုပဲ အပြစ်တင်ပါ...ဒါက သခင်လေးရီနဲ့ ဘာမှမဆိုင်ဘူး"
ယွင်ကျင်းသည် ပိုင်လင်းထျန်၏နောက်သို့ အမှီလိုက်ရင်း အလျင်စလိုရှင်းပြသည်။
သို့ရာတွင် ပိုင်လင်းထျန်ထံတွင် တင်းမာနေသောမျက်နှာအမူအယာရှိနေကာ ယွင်ကျင်း၏စကားကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။သူသည် ရီဖုန်း၏အခန်းထံသို့ အလျင်အမြန်သွားနေလေ၏။
ပိုင်လင်းထျန်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ယွင်ကျင်း၏မျက်နှာ ဖြူရော်သွားသည်။
ဤသည်မှာ ပြဿနာကြီးတစ်ခုဖြစ်ကာ အစစ်အမှန် ပြဿနာကြီးတစ်ခုပင်။
ရီဖုန်း၏အခန်းတံခါးရှေ့တွင် ရှိနေသော ယွင်လန်ထျန်းသည် အလျှင်အမြန်ပြေးလာသော ပိုင်လင်းထျန်ကို တွေ့မြင်မိသည်။သူ့၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်များထင်ဟပ်လာကာ သူက ပိုင်လင်းထျန်၏အနီးသို့ ချဉ်းကပ်သွားပြီး ပြောဆိုလိုက်၏။
"မိသားစုခေါင်းဆောင်ပိုင် ဘာမှစိတ်မပူပါနဲ့...ငါ အပြင်ကနေ ဘယ်လောက်ပဲ အော်နေပါစေ....သူက ထွက်မလာဘူး...ငါက အဲ့ဒီတံခါးကိုချိုးဖျက်ပြီးတော့ မင်းနဲ့ရင်ဆိုင်ဖြေရှင်းဖို့အတွက် အဲ့ဒီကောင်လေးကို ဆွဲထုတ်လာခဲ့မယ်"
ထိုစကားကိုပြောဆိုရင်း ယွင်လန်ထျန်း၏အရှိန်အဝါများ တစ်လိမ့်လိမ့်မြင့်တက်လာသည်။သူသည် ခြေတစ်လှမ်းရှေ့တိုးပြီး ရီဖုန်း၏အခန်းတံခါးရှေ့သို ရောက်ရှိသွားကာ အင်မော်တယ်စွမ်းအားများ လွှမ်းခြုံနေသော လက်ဝါးတစ်ဖက်ဖြင့် တံခါးထံဦးတည်ကာ ရိုက်နှက်လိုက်သည်။
"အဖေ မလုပ်နဲ့....."
ထိုမြင်ကွင်းကိုကြည့်ပြီး ယွင်ကျင်းက ဖြူရော်နေသောမျက်နှာနှင့် အော်ဟစ်လိုက်၏။
သို့ရာတွင် သူမ၏အော်သံသည် ပိုင်လင်းထျန်၏ရှေ့တွင် ဟန်ရေးပြမည်ဟု ဆုံးဖြတ်ထားသော ယွင်လန်ထျန်းကို ဟန့်တားနိုင်ခြင်းမရှိချေ။
သို့ရာတွင် ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်၌ ပိုင်လင်းထျန်သည် ရုတ်တရက် သူ့၏လက်ကိုမြှောက်ကာ ယွင်လန်ထျန်းကို ပါးတချက်ဖြတ်ရိုက်ပြီး မြေပြင်ပေါ်သို့လွင့်ထွက်သွားစေမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
ဤနေရာပတ်ဝန်းကျင်တဝိုက်လုံး ချက်ချင်း အေးစက်သွားသည်။
ယွင်ကျင်းသည် ကြက်သေသေသွားလေ၏။
မြေပြင်ပေါ်၌လဲလျောင်းနေသော ယွင်လန်ထျန်းသည် သူ့၏ပါးကိုကိုင်ကာ ဇဝေဇဝါဖြစ်နေသည်။
"ပိုင် မိသားစုခေါင်းဆောင်ပိုင်...ဘာလို့...ဘာလို့မင်း ငါ့ကို ရိုက်တာလဲ"
ယွင်လန်ထျန်းသည် ဝမ်းနည်းကြေကွဲစွာဖြင့် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
သို့ရာတွင် သူတို့နှစ်ယောက်လုံး ပို၍အံ့အားသင့်သွားရသည်မှာ တင်းမာခက်ထန်သောမျက်နှာအမူအယာရှိသည့် ပိုင်လင်းထျန်သည် မည်သည့်စကားတစ်ခွန်းမျှ မပြောဆိုခြင်းပင်။ထိုအစား သူသည် ရီဖုန်း၏အခန်းတံခါးထံသို ရိုသေလေးစားစွာ လျှောက်လှမ်းသွားကာ သူ့၏ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်၏။
"ယွင်မြိုရဲ့ပိုင်မိသားစုခေါင်းဆောင် ပိုင်လင်းထျန်က မြင့်မြတ်တဲ့ဧည့်သည်တော်ကို ဆီးကြိုနှုတ်ဆက်ပါတယ်"
"ယွင်မြိုကို လူကြီးမင်းရောက်လာတာ မသိခဲ့တဲ့အတွက် ငါ့မှာ အပြစ်ရှိပါတယ်"
ပိုင်လင်းထျန် ထိုစကားများကို ပြောဆိုနေချိန်တွင် သူ့၏နံဘေးတွင်ရှိသော သားအဖနှစ်ယောက်၏မျက်လုံးများသည် သူတို့၏မျက်လုံးအိမ်များမှ ကျွတ်ထွက်တော့လုမတတ်ပင်။
မည်သည်ကြောင့် ဖြစ်သနည်း.....
သူသည် ဤနေရာသို့ရောက်လာသည်မှာ တိုက်ခိုက်ပြီး တရားမျှတမှုကိုရှာဖွေရန် မဟုတ်လော....
သူ့၏သားကို ဒဏ်ရာရရှိအောင် ပြုလုပ်ခံရပြီးသည့်တိုင် မည်သည်ကြောင့် သူသည် ဤမျှထိအလွန်ရိုသေလေးစားစွာ ပြုမူနေသနည်း....
ထိုပြင် သူ့ထံတွင် အပြစ်ရှိသည်ဟုပင် ပြောဆိုခဲ့သလော....
သူတို့နှစ်ယောက်၏စိတ်နှလုံးသားများအတွင်းတွင် ရှိနေသောထိတ်လန့်တုန်လှုပ်မှုနှင့် အံ့အားသင့်မှုမုန်တိုင်းများသည် စကားလုံးဖြင့်ဖော်ပြနိုင်စွမ်းမရှိသောအဆင့်သို ရောက်ရှိနေလေပြီ။
မည်ကဲ့သို့ကိစ္စများ ဖြစ်ပွားသွားသည်ကို သူတို မတွေးတောနိုင်တော့ချေ။
သို့ရာတွင် ပိုင်လင်းထျန်သည် သူတို့နှစ်ယောက်၏အံ့အားသင့်တုန်လှုပ်နေမှုကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။သူသည် သူ့၏ခန္ဓာကိုယ်ကို ဆက်လက်၍ကွေးညွှတ်ကာ ရီဖုန်း၏အခန်းတံခါးရှေ့၌ မတ်တတ်ရပ်နေလေ၏။
ပိုင်လင်းထျန်၏အပြုအမူကိုကြည့်ပြီး ယွင်လန်ထျန်းနှင့်ယွင်ကျင်းတို့၏ စိတ်နှလုံးသားများအတွင်းတွင် မေးခွန်းအမြောက်အများရှိနေသော်လည်း သူတို့သည် ဤအချိန်အခိုက်အတန့်၌ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
သုဿန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကာ....
ဤကဲ့သို့ အဆုံးစွန်ဆုံးအဆင့်ထိ တိတ်ဆိတ်ငြိမ်သက်နေမှုအောက်တွင် နောက်ဆုံး၌ အသံတစ်သံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။
"ခေါ...."
"ခလူး..."
သူတို့သုံးယောက်လုံး အလျှင်အမြန် နားစွင့်လိုက်ကြ၏။
ဤအသံသည် ရီဖုန်း၏ဟောက်သံနှင့် တူညီနေသည်။
ပိုင်လင်းထျန်၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူက ချက်ချင်းပြောဆိုသည်။
"ဆရာကြီးက အနားယူနေမှတော့...ငါတို့ အခုချိန်မှာ သူ့ကို မနှောင့်ယှက်သင့်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ပိုင်လင်းထျန်သည် ထပ်မံ၍ဦးညွှတ်အရိုအသေပြုကာ အခန်းတံခါးရှေ့မှနေ၍ နောက်သို့အလျှင်အမြန် ဆုတ်ခွာလိုက်သည်။
သံသယများဖြင့်ပြည့်နှက်နေသော ယွင်လန်ထျန်းနှင့်ယွင်ကျင်းတို့သည် သူ့၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့သည်။
ပင်မခန်းမသို့ ပြန်လည်ရောက်ရှိချိန်တွင် ယွင်လန်ထျန်းသည် မအောင့်အည်းနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်တော့သည်။
"မိသားစုခေါင်းဆောင်ပိုင်...ဒီကိစ္စတွေအားလုံးက ဘယ်လိုဖြစ်တာလဲ"
ယွင်ကျင်း၏အကြည့်သည်လည်း ပိုင်လင်းထျန်ထံသို ကျရောက်နေသည်။
သူတို၏ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအယာများကိုကြည့်ပြီး ပိုင်လင်းထျန်သည် အသက်ပြင်းပြင်းတချက်ရှိက်ကာ တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။
"အရှင်ဝူထျန်း ငါတို့ကို ဘာပြောခဲ့လဲဆိုတာ မင်း မှတ်မိသေးလား"
ထိုစကားကိုကြားချိန်တွင် ယွင်လန်ထျန်း၏မျက်လုံးများ တောက်ပသွားသည်။
အရှင်ဝူထျန်းဟူသောစကားကို ကြားချိန်တွင် သူ့၏စိတ်နှလုံးသားအတွင်း၌ နက်ရှိင်းသောရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ဝူထျန်းအင်ပါယာ၏ ဂုဏ်ယူဖွယ်ဖြစ်ကာ အကြွင်းမဲ့ထိပ်သီးတည်ရှိမှုကြီး တစ်ယောက်ပင်။
သူ့၏အသက်နှစ်ဆယ်မပြည့်မီမှာပင် သူသည် ဝူထျန်းအင်ပါယာ၏ဧကရာဇ်ဖြစ်လာကာ အင်ပါယာတစ်ခုလုံးအတွင်းတွင် အစွမ်းထက်ဆုံး ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။
ဝူထျန်းအင်ပါယာအတွင်း၌ရှိနေသော လူတိုင်းသည် သူ့အားရိုသေလေးစားကာ ကြည်ညိုကြလေ၏။
အမှန်အားဖြင့် သူသည် အရှင်ဝူထျန်းနှင့်တွေ့ဆုံခွင့်ရရှိခဲ့ခြင်းမှာ ပိုင်လင်းထျန်ကို ကျေးဇူးတင်ရပေမည်။
"အဲ့ဒီအချိန်တုန်းက...အရှင်ဝူထျန်း ပြောခဲ့တာက သူ ဆယ်ကျော်သက်အရွယ်မှာ ပကတိနယ်မြေနဲ့အင်မော်တယ်မြစ်ကုန်းမြေအကြားက မချိတ်ဆက်မိတဲ့ လေဟာနယ်လှိင်းထန်မှုတွေကြောင့်....သူက အင်မော်တယ်မြစ်ကုန်းမြေထဲကို မတော်တဆကျရောက်သွားခဲ့တယ်"
"သူက ဇာတိမြေကို ဘယ်တော့မှပြန်မလာနိုင်တော့ဘူးလို့ တွေးထင်ခဲ့ပေမယ့် မြိုငယ်လေးတစ်ခုမှာ သူက ဆရာသခင်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်"
"အဲ့ဒီဆရာသခင်က သူ့ကို ကျင့်ကြံနည်းစနစ်တွေ သင်ပေးခဲ့တယ်...သူရဲ့ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်အတားအဆီးတွေကို ချိုးဖျက်ဖို သူ့ကို ကူညီပေးခဲ့တယ်...အဲဒီအချိန်ကနေစပြီးတော့သူကချောမွေ့တဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ခဲ့တယ်
"အဲ့ဒီဆရာသခင်ကြောင့် သူက လေဟာနယ်ကို ဆုတ်ဖြဲနိုင်တဲ့စွမ်းအားမျိုး ရရှိလာပြီးတော့ နယ်မြေနှစ်ခုဆက်စပ်ခြင်း မရှိသေးတဲ့အချိန်မှာပဲ သူက ပကတိနယ်မြေကို ပြန်ရောက်လာခဲ့တယ်"
"ဒါ့ပြင် အခုလက်ရှိ သူ့ရဲ့အောင်မြင်မှုတွေဖြစ်တဲ့ အင်ပါယာရဲ့နံပါတ်တစ်ထိပ်သီးကျင့်ကြံသူ အင်ပါယာရဲ့ဧကရာဇ် စတာတွေက...အဲ့ဒီဆရာသခင်ရဲ့ လမ်းညွှန်မှုကြောင့်တင် မကဘူး...သူတို့ ခွဲခွာခဲ့တဲ့အချိန်တုန်းက အဲ့ဒီဆရာသခင်က သူ့ကို ပြိုင်ဘက်ကင်းနတ်ဘုရားနည်းစနစ်တစ်ခု ပေးလိုက်တာကြောင့် ဖြစ်တယ်"
"ဒါပေမဲ့ ဒါက အရှင်ဝူထျန်းရဲ့နောင်တရစရာကိစ္စလည်း ဖြစ်နေခဲ့တယ်...အကြောင်းကတော့ အဲ့ဒီအချိန်တုန်းက သူ့ရဲ့အသက်ငယ်ရွယ်သေးတာကြောင့် မြိုငယ်လေး ဘယ်နေရာမှာရှိတယ်ဆိုတာ သူ မသိတော့ဘူး...ဒါကြောင့် သူတို့တွေ လမ်းခွဲပြီးတဲ့နောက်မှာ သူ့ရဲ့ဆရာသခင်ကို သူ ဘယ်တော့မှပြန်မတွေ့ရတော့ဘဲနဲ့ သူကိုယ်တိုင် ကျေးဇူးတင်စကားလည်း မပြောခဲ့ရဘူး"
"အဲ့ဒီလိုအကြောင်းအရင်းတွေကြောင့် အရှင်ဝူထျန်းက ငါတို့ကို တင်းတင်းကြပ်ကြပ် ညွှန်ကြားထားတယ်...တကယ်လို ငါတို့ထဲက ဘယ်သူမဆို အဲ့ဒီဆရာသခင်ကိုတွေ့တာနဲ့ လေးလေးစားစားဆက်ဆံပြီး သူ့ကို ချက်ချင်းအကြောင်းကြားရမယ်လို့ အမိန့်ထုတ်ပြန်ထားခဲ့တယ်"
ယွင်လန်ထျန်းက အသေးစိတ်ကျကျ ရှင်းပြလေသည်။
ထိုစကားများကိုပြောဆိုနေစဉ်တွင် သူ့၏မျက်လုံးများအတွင်းတွင် အရှင်ဝူထျန်းကို လေးစားကြည်ညိုရုံသာမက ဒဏ္ဍာရီလာဆရာသခင်အပေါ် နက်ရှိင်းသော မျှော်လင့်တောင်းတခြင်းမျိုး ရှိနေသည်။
သူ့၏နံဘေးရှိ ယွင်ကျင်းသည်လည်း ဤဇာတ်လမ်းကို အလွန်စိတ်ဝင်စားနေခဲ့သည်။
သူတို့၏အရိုင်းဆန်ဆုံးအိမ်မက်များအတွင်း၌ပင် သူတို့အင်ပါယာ၏ထိပ်သီးတည်ရှိမှုကြီးထံတွင် ဤကဲ့သို့ အတိတ်တစ်ခုရှိခဲ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။သူတို့သည် အရှင်ဝူထျန်းကဲ့သို့ တစ်စုံတစ်ယောက်ကို မြေတောင်မြှောက်ပေးခဲ့သော ဆရာသခင်နှင့်ပတ်သက်ပြီး ပို၍သိချင်စိတ်ပြင်းပြလာသည်။
ထိုဆရာသခင်သည် မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း။
"ဒါက အမှန်ပဲ"
"ကြည့်ရတာတော့ မင်းက အရှင်ဝူထျန်းရဲ့စကားတွေကို ရှင်းရှင်းလင်းလင်းမှတ်မိနေတဲ့ပုံပဲ"
ပိုင်လင်းထျန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ မိသားစုခေါင်းဆောင်ပိုင်...ငါတို့ရဲ့ရှေ့မှာ ရှိနေတဲ့လူက အရှင်ဝူထျန်း ပြောတဲ့ကိစ္စတွေနဲ့ ဘာများသက်ဆိုင်နေလို့လဲ"
ယွင်လန်ထျန်းက မေးမြန်းလိုက်ကာ သူသည် ဇဝေဇဝါဖြစ်နေဆဲပင်။
Chapter 527
"မင်း ဒါကိုကြည့်ပြီးသွားရင် မင်း သိသွားလိမ့်မယ်"
ထိုစကားကိုပြောဆိုရင်း ပိုင်လင်းထျန်သည် သူ့၏လက်အတွင်း၌ ကိုင်ထားသောစာအုပ်ကို အနီးရှိစားပွဲခုံတစ်လုံးပေါ်သို့ ဂရုတစိုက်တင်လိုက်သည်။
"ဒါက ဘာလဲ..."
ထိုစာအုပ်ကိုမြင်တွေ့ချိန်တွင် မျက်လုံးများကိုပြူးကျယ်သွားကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီသွားသည်။
သူသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံ တွဲလောင်းကျနေသောလျှာတစ်ချောင်းနှင့် သူ့၏ခေါင်းကို နောက်သိုချာခနဲလှည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။
"ဒါက...ဒါက အရှင်ဝူထျန်းရဲ့ နတ်ဘုရားနည်းစနစ် မဟုတ်လား"
"အရှင်ဝူထျန်းက ဒီနတ်ဘုရားနည်းစနစ်ကို ရတနာတစ်ပါးလို သဘောထားတာကြောင့် ဘယ်တော့မှ ဒါကို ချန်ထားခဲ့မှာမဟုတ်ဘူး...ဒီစာအုပ်က သူ့ရဲ့ဟာမဟုတ်ပေမယ့် ဒါကိုကြည့်ရတာ သူ့ရဲ့စာအုပ်နဲ့ တထပ်တည်းတူနေတယ်"
ပိုင်လင်းထျန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
သူသည် ယွင်လန်ထျန်း၏တုံပြန်မှုနှင့် ပတ်သက်ပြီး အံ့အားသင့်သွားခြင်းမရှိချေ။တော်ဝင်နန်းတွင်း၌ ညစာစားပွဲကျင်းပနေစဉ်တွင် အရှင်ဝူထျန်းသည် သူ့၏ဆရာသခင် သူ့အပေါ် သနားကြင်နာမှုကို ထုတ်ဖော်ပြောဆိုခဲ့ကာ ဤနတ်ဘုရားနည်းစနစ်စာအုပ်ကို သူတို့အား ထုတ်ပြခဲ့သည်။
ထိုကြောင့် သူတိုသည် စာအုပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးလေ၏။
ထိုနေရာတွင် ရှိနေခဲ့သောလူတိုင်း အံ့အားသင့်တုန်လှုပ်နေခဲ့ကာ ထိုမြင်ကွင်းကို မေ့ဖျောက်နိုင်စွမ်းမရှိခဲ့ချေ။
ယခုချိန်တွင် နတ်ဘုရားနည်းစနစ်စာအုပ်နှင့် တစ်ထပ်တည်းတူညီသောအရာကို မြင်တွေ့လိုက်ရသဖြင့် ဖြစ်ပျက်သွားသော ယွင်လန်ထျန်းထမ်း၏တုံပြန်မှုကိုကြည့်ပြီး သူ့၏စိတ်အခြေအနေ အလွန်တုန်လှုပ်နေသည်ကို သက်သေပြနေသည်။
ယွင်လန်ထျန်းသည် စာအုပ်မျက်နှာဖုံးကို ဂရုတစိုက်ထိတွေ့ကြည့်ပြီးနောက် သူ့၏အသက်ရှူနှုန်းများ သိသိသာသာလျင်မြန်လာသည်။
"ဒါဆိုရင် ဒီစာအုပ်က...."
"သူ့ရဲ့ဟာလား..."
ယွင်လန်ထျန်း၏ အံ့အားသင့်တုန်လှုပ်နေသောအကြည့်သည် ရီဖုန်း၏အခန်းထံသို တိုက်ရိုက်ကျရောက်သွားပေ၏။
"အမှန်ပဲ"
ပိုင်လင်းထျန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ယွင်လန်ထျန်းသည် တံတွေးများကို ခက်ခက်ခဲခဲမြိုချကာ မေးမြန်းလိုက်သည်။
"ဒါဆိုရင် အဲ့ဒီလူက အရှင်ဝူထျန်းနှင့်တူညီပြီးတော့...အဲ့ဒီဆရာကြီးဆီကနေ ကောင်းချီးပေးမှုကို လက်ခံရရှိထားတဲ့ လူတစ်ယောက်လား"
ထိုစကားများနှင့်အတူ ပိုင်လင်းထျန်သည် မည်သည်ကြောင့် ရီဖုန်း၏အခန်းတံခါးရှေ့တွင် ထူးဆန်းသောအပြုအမူမျိုး ပြုလုပ်နေခဲ့သည်ကို သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။အကယ်၍ ဤကဲ့သိုကိစ္စမျိုးရှိနေပါက ပိုင်လင်းထျန်၏လှုပ်ရှားမှုများသည် လုံးလုံးလျားလျား လက်သင့်ခံနိုင်ကာ သူ ပါးဖြတ်ရိုက်ခံရသည်မှာ မမျှတသည့်ကိစ္စ မဟုတ်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်ဆန်းကြယ်သော ဆရာကြီးထံမှ ကောင်းချီးပေးမှုကိုလက်ခံရရှိကာ အင်ပါယာ၏နံပါတ်တစ်တည်ရှိမှုကြီးဖြစ်နေသော အရှင်ဝူထျန်းနှင့် တူညီသောကံကြမ္မာကို လက်ခံရရှိထားသူသည် သူနှင့် တူညီသည့်စွမ်းအားနှင့်အဆင့်အတန်းမျိုး ရှိနေနိုင်သည်။
တခြားတစ်နည်းပြောင်းဆိုရလျှင် အကယ်၍ ထိုလူ၏စွမ်းအားသည် သန်မာအားကောင်းခြင်းမရှိလျှင်ပင် လျှို့ဝှက်ဆန်းကြယ်သော ဆရာကြီးနှင့်ဆက်သွယ်မှုရှိနေပေမည်။အကယ်၍ ဤကိစ္စကို အရှင်ဝူထျန်း သိရှိသွားပါက ထိုလူကိုမြင့်မြတ်သောဧည့်သည်တော်တစ်ယောက်အဖြစ် ဆက်ဆံမည်မှာ သေချာပေါက်ပင်။
"ဒါက အဲ့ဒီလို မဟုတ်လောက်ဘူး"
ပိုင်လင်းထျန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူ့၏ခေါင်းကို ခါယမ်းလိုက်၏။
ထိုစကားကိုကြားချိန်တွင် ယွင်လန်ထျန်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိက်လိုက်သည်။
အကယ်၍ ဤကဲ့သိုကိစ္စမျိုးရှိနေပါက နောက်ဆက်တွဲရလဒ်များ ပြင်းထန်လာနိုင်သည်။အထူးသဖြင့် အစောပိုင်းက သူ တံခါးကိုချိုးဖျက်ရန် ကြိုးပမ်းခဲ့သော အပြုအမူကြောင့် ထိုလူ ဒေါသထွက်မထွက် မသေချာပေ။သို့ရာတွင် အကယ်၍ ဤကိစ္စသည် အရှင်ဝူထျန်း၏နားအတွင်းသို ရောက်ရှိသွားပါက သူ တောင့်မခံနိုင်သော အကျိုးဆက်များ ရှိလာနိုင်သည်။
"ဟူး...."
"ဒါက စိတ်သက်သာစရာတစ်ခုပဲ"
"တကယ်လို့ အဲ့ဒီကိစ္စက မဟုတ်ဘူးဆိုရင် နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်"
သူ့၏စိတ်အတွင်း၌ ဤကဲ့သို့ အတွေးမျိုးရှိနေကာ သူသည် ထပ်မံ၍ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက်ရှိက်လိုက်သည်။
သူ့၏နံဘေးတွင်ရှိနေသော ပိုင်လင်းထျန်က သူ့ကိုစောင်းငဲ့၍ကြည့်ကာ ပို၍အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"သူက အဲ့ဒီဆရာကြီးကိုယ်တိုင် ဖြစ်နေနိုင်တယ်"
"အင်း...."
ယွင်လန်ထျန်းသည် အမှတ်တမဲ့ခေါင်းညိတ်လိုက်ကာ ထိုလူသည် အရှင်ဝူထျန်းနှင့် ကံကြမ္မာခြင်းတူညီသူမဟုတ်သရွေ့ အဆင်ပြေသည်ဟု တိတ်တဆိတ်တွေးတောနေမိသည်။
ထိုဆရာကြီးနှင့်ဆက်စပ်နေခြင်းမရှိသော တစ်စုံတစ်ယောက် ဖြစ်နေပါက ဆရာကြီးကိုယ်တိုင်ဆိုလျှင်ပင်......
"အမ်...."
"ဟမ်..."
"အဲ့ဒီဆရာကြီး ကိုယ်တိုင်လား...."
ဤအချိန်အခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုလွဲချော်နေသည်ကို သိနားလည်သွားပေ၏။
သူ့၏မျက်လုံးများပြူးကျယ်နေကာ သူ့အား လျှပ်စီးဖြင့် ရိုက်ခတ်ခံရသည့်အလား နေရာမှာပင် တောင့်တင်းနေသည်။သူက ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်၏။
"မင်း ခုဏကပြောလိုက်တာ အဲ့ဒီလူက ဆရာကြီးကိုယ်တိုင် ဖြစ်နေနိုင်တာလား"
"ဒါက အမှန်ပဲ"
ပိုင်လင်းထျန်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။
"အကြောင်းအရင်းကတော့ အရှင်ဝူထျန်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ စကားတွေထဲမှာ...အဲ့ဒီဆရာကြီးရဲ့မျိုးရိုးနာမည်က ရီ လိုပါတယ်"
"ပြီးတော့ အခုလက်ရှိ အခန်းထဲမှာရှိနေတဲ့ မျိုးရိုးနာမည်ကလည်း ရီ ဖြစ်နေတယ်"
ဤရုတ်တရက်အတည်ပြုချက်ကို ကြားချိန်တွင် ယွင်လန်ထျန်းသည် သူ့၏စိတ်အတွင်းသို မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလား ခံစားလိုက်ရသည်။သူသည် ကြက်သေသေသွားကာ မြေပြင်ပေါ်သို လဲကျသွားလေ၏။
သူ့၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေကာ ကြောင်စီစီဖြစ်နေသော အမူအယာတစ်ရပ်ဖြင့် ပြည့်နှက်နေသည်။
သူ့၏နံဘေးတွင်ရှိနေသော ယွင်ကျင်း၏လှပသောမျက်လုံးလေးများလည်း ပြူးကျယ်နေသည်။သူမသည် သူမ၏နီမြန်းသောနှုတ်ခမ်းလေးများကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားကာ သူမ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုနှင့်အံ့အားသင့်မှုလှိုင်းများ လှုပ်ခတ်နေသည်။
အစောပိုင်းက ယွင်လန်ထျန်းနှင့်ပိုင်လင်းထျန်တိုအကြားမှ စကားပြောဆိုမှုများမှတစ်ဆင့် သူမသည် အင်ပါယာ၏ဧကရာဇ်ဖြစ်သော အရှင်ဝူထျန်း၏ အတိတ်နှင့်ပတ်သက်ပြီး သိရှိခဲ့ရသည်။ဤသည်မှာ ဧကရာဇ်ဝူထျန်းကဲ့သို လူစားမျိုးကို မြေတောင်မြောက်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ဆရာကြီးနှင့်ပတ်သက်ပြီး သူမအား သိချင်စိတ်ပြင်းပြစေခဲ့သည်။
ယခုအချိန်၌ လတ်တလောတွင် နေ့ရောညပါ သူမ၏နံဘေးတွင် အစဥ်အမြဲရှိနေခဲ့သော အစ်ကိုကြီးရီသည် ဧကရာဇ်ဝူထျန်းကိုမြေတောင်မြှောက်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောဆရာကြီးနှင့် တထပ်တည်းတူညီနေကြောင်း သူမ ထိတ်လန့်တုန်လှုပ်စွာ ရှာဖွေတွေ့ရှိမိသည်။
ဤသည်မှာ သူမကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေသွားစေနိုင်သည့် ကိစ္စမဟုတ်လော...
"သမီး...သမီးလေး...ငါ့ကို မြန်မြန်ပြောစမ်း...သူ့ရဲ့မျိုးရိုးနာမည်က တကယ့်ကိုပဲ ရီ လား"
ထိတ်လန့်တုန်လှုပ်နေသော ယွင်လန်ထျန်းသည် မြေပြင်မှ အလျှင်အမြန် မတ်တတ်ထရပ်ကာ ပျာပျာသလဲ မေးမြန်းသည်။
"ပြီးတော့ အဲ့ဒီစာအုပ်က တကယ်ပဲ သူရဲ့ဟာလား"
ယွင်လန်ထျန်းသည် မျှော်လင့်ချက်တစွန်းတစကို ဖက်တွယ်ထားဆဲဖြစ်သည်မှာ သိသာထင်ရှားလှ၏။
အကယ်၍ ဤလူသည် ဧကရာဇ်ဝူထျန်း ထုတ်ဖော်ပြောဆိုခဲ့သော ဆရာကြီးဖြစ်နေပါက ရှေ့ဆက်ဖြစ်လာနိုင်သည်များကို သူ စဉ်းစားတွေးသောမိသည်။ဤသည်မှာ သူသည် ထိုလူ၏အခန်းတံခါးကို ချိုးဖျက်ရန် ကြံစည်ခဲ့သဖြင့် ဧကရာဇ်အပေါ် မလေးစားသောပြစ်မှုကို ကျူးလွန်ခဲ့သည်ဖြစ်ရာ ရလဒ်အနေဖြင့်သူ့၏မိသားစုတစ်စုလုံး အမြစ်ပြတ်သုတ်သင်ခံရမည်မှာ သေချာပေါက်ပင်။
"သူ့ရဲ့မျိုးရိုးနာမည်က တကယ့်ကိုပဲ ရီ ပါ"
ယွင်ကျင်းက တည်ကြည်လေးနက်စွာ အတည်ပြုလိုက်သည်။
"ပြီးတော့ အဲ့ဒီစာအုပ်က သူ ကျွန်မကို ပေးခဲ့တာပဲ...သူက အဲ့ဒါတွေကို အမှိုက်တွေလိုပြောပြီးတော့ လွှတ်ပစ်ဖိုကိုတောင် ကျွန်မကို ပြောခဲ့သေးတယ်"
ပိုင်လင်းထျန်နှင့်ယွင်လန်ထျန်းတိုနှစ်ယောက်လုံး ဆွံအသွားသည်။
သို့ရာတွင် ကိစ္စများသည် ပို၍နက်ရှိင်းလာပြီဖြစ်ကြောင်း သူတို့ သိရှိပေ၏။
ဤလူ၏အဆင့်အတန်းသည် သူတို့တွေးတောထားသော ဆရာကြီး၏ပုံစံနှင့် တထပ်တည်းနီးပါး တူညီနေသည်။
သူတို့သည် ယခင်က ထိုလျှို့ဝှက်ဆန်းကြယ်သောဆရာကြီးကို မမြင်တွေ့ဖူးသော်လည်း ညစာစားပွဲ၌ သူ၏အကြောင်းများကို အတော်အသင့် သိရှိခဲ့ရသည်။ဤဆရာကြီးသည်သူ့၏အစစ်အမှန်စွမ်းရည်ကို မည်သည့်အခါမျှ ထုတ်ဖော်အသုံးပြုခြင်းမရှိဘဲ သာမန်သေမျိုးတစ်ယောက်အဖြစ်သာ အစဉ်အမြဲ ထွက်ပေါ်လာလေ့ရှိသည်။
လူတိုင်း၏မျက်လုံးများအတွင်း၌ တန်ဖိုးမဖြတ်နိုင်သော ရတနာများနှင့်နတ်ဘုရားနည်းစနစ်များသည် သူ့၏မျက်လုံးများအတွင်းတွင် သာမန်ပစ္စည်းများထက် မပိုချေ။
သူတော်စင်အဆင့် လက်ရေးလှစာရွက်များကို သူ့၏တင်ပါးကိုသုတ်ရန် အသုံးပြုကာ အင်မော်တယ်အဆင့်ရတနာများကို ခြေသုတ်အဝတ်စများအဖြစ် ထားရှိသည်။ဤသည်မှာ ထိုပုဂ္ဂိုလ်၏ သရုပ်မှန်ပင်။
အတိုချုပ်ပြောဆိုရလျှင် ထိုညစာစားပွဲအတွင်း၌ ဧကရာဇ်ဝူထျန်းသည် စကားများစွာပြောဆိုခဲ့ပေ၏။အဆုံးသတ်၌ သူ၏နန်းတွင်းမှလူများအရှေ့တွင် သူ့၏မျက်လုံးမှ မျက်ရည်များစီးကျလာကာ ထိုဆရာကြီးကို မည်မျှထိလွမ်းဆွတ်သတိရနေကြောင်း ဖော်ပြနေခဲ့သည်။
ယခုလက်ရှိချိန်၌ အခန်းအတွင်းမှလူ စွန့်ပစ်ခိုင်းခဲ့သောစာအုပ်သည် 'ထိုက်ကျိလက်သီး'စာအုပ် ဖြစ်နေသည်။
ပကတိနယ်မြေ၏အရပ်သုံးစကားနှင့် ပြောရပါက ဤကဲ့သို့ လူထူးလူဆန်းနှင့်တူသော အပြုအမူမျိုးကို ထိုလျှို့ဝှက်ဆန်းကြယ်သောဆရာကြီးကသာ လုပ်ဆောင်နိုင်ပေမည်။
Chapter 528
"မိသားစုခေါင်းဆောင်ပိုင်....မင်း ငါ့ကို ကယ်တင်ပေးပါ"
ယွင်လန်ထျန်း၏မျက်နှာသည် သွေးရောင်ကင်းမဲ့နေကာ သူ့၏အသံတွင် ငိုသံရောယှက်နေပြီး သူသည် ပိုင်လင်းထျန်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။
"ဟူး..."
ပိုင်လင်းထျန်က လေးလံသော သက်ပြင်းတစ်ချက် ရှိက်လိုက်သည်။
တချိန်တည်းမှာပင် သူသည် ယွင်လန်ထျန်း၏လက်ဝါးကို ခါထုတ်ကာ သူ့၏ခေါင်းကို ခါယမ်းပြလေသည်။
"ဧကရာဇ်ဝူထျန်းက သနားညှာတာမှုကို မပြသဘူးဆိုရင်...ဒီကိစ္စကနေ မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်ဘူး"
"ဒါပေမဲ့...ဒါပေမဲ့ ငါ ဒီလိုမျိုးကြီးမားတဲ့ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့မိတာက မင်းကြောင့်လေ"
ယွင်လန်ထျန်းက လက်မခံလိုသောအမူအယာဖြင့် အော်ဟစ်လိုက်သည်။
"ဒီကိစ္စတွေက ငါ့ကြောင့်ပြင်းထန်လာတယ်ဆိုတာ အမှန်ဖြစ်ပေမယ့်...တကယ်လို့ငါတို့နှစ်ယောက်လုံး ပြိုလဲကျသွားမယ်ဆိုရင် ငါတို့မိသားစုနှစ်စုလုံးရဲ့အနာဂတ်မှာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်လဲဆိုတာ မင်း နားလည်သဘောပေါက်မှာပါ...ဒါက ယွင်နဲ့ပိုင်မိသားစုနှစ်စုလုံး နောက်ခံကျောရိုးတွေ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား"
ပိုင်လင်းထျန်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ သူက ယွင်လန်ထျန်းကိုစူးစိုက်ကြည့်ပြီး စကားတစ်လုံးခြင်း ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ယွင်လန်ထျန်းသည် သူ့အား လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလားပင်။သူ့၏မျက်နှာ ဖြူရော်သွားကာ သူသည် မြေပြင်ပေါ်သို ဖင်ထိုင်ရက်သား လဲကျသွားပေ၏။
အကယ်၍ ပိုင်လင်းထျန် ပြောဆိုသကဲ့သို့ အမှန်တကယ်ဖြစ်လာပါက အကျိုးဆက်များကို သူ တွေးတောကြည်ဝံ့ခြင်းပင် မရှိချေ။
နောက်ခံကျောရိုးမရှိပါက မိသားစုကြီးနှစ်စုလုံးသည် တခြားသူများ၏ပစ်မှတ်ထားခြင်းကို ခံယူရမည်မှာ အနှေးနှင့်အမြန်ပင်။သူတို့သည် ချောက်နက်ကြီး၏အောက်ခြေသို့ ကျသည်အထိ နိမ့်ပါးသွားနိုင်ကာ အချိန်၏ရှည်လျားသောမြစ်ရေစီးကြောင်းအတွင်း၌ ပျောက်ကွယ်သွားပေမည်။
"ကံကောင်းထောက်မပြီးတော့...ငါ အချိန်မီအသိဝင်လာခဲ့တာကြောင့် ကြီးမှားတဲ့အမှားကို မကျူးလွန်ခဲ့မိဘူး"
ပိုင်လင်းထျန်က သက်ပြင်းတစ်ချက်ရှိက်ကာ ပြောဆိုသည်။
"ဒါကြောင့် မင်း စိတ်အေးအေးထားပါ....တကယ်လို့ ဝူထျန်းဧကရာဇ်က ဒီကိစ္စကြောင့် ဒေါသထွက်ပြီးတော့ မင်းကို သေဒဏ်ပေးမယ်ဆိုရင်တောင်....မင်းတိုရဲ့ယွင်မိသားစုမှာ နောက်ခံကျောရိုးတစ်ယောက် ရှိမလာမချင်း...ငါက ယွင်မိသားစုကိုကူညီပြီးတော့ အခြေအနေကို ထိန်းသိမ်းထားပေးမယ်"
"ကောင်းပြီ....ကောင်းပြီလေ...."
ယွင်လန်ထျန်းသည် သူ့၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းမလိုလားသော်လည်း သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ခက်ခက်ခဲခဲအားယူပြီး သူ့၏ခေါင်းကို ညိတ်ပြလိုက်သည်။
"ဒါပေမဲ့ ခုဏက မင်း ဆူပူသောင်းကျန်းနေတဲ့အချိန်မှာ...ဆရာကြီးက လျစ်လျှူရှုထားခဲ့တယ် ...ကြည့်ရတာတော့ သူက ငါတို့လို နိမ့်ကျတဲ့လူတွေကို တွေ့ချင်ပုံမရဘူး...ဒါကြောင့် ငါက ဧကရာဇ်ဆီကို အမြန်ဆုံးသတင်းပိုရမယ်"
ပိုင်လင်းထျန်က ထပ်မံ၍ တည်ကြည်လေးနက်စွာပြောဆိုသည်။
"ဒါကြောင့် ငါ အခုချက်ချင်း ထွက်သွားရလိမ့်မယ်...မင်းကတော့ ယွင်မိသားစုကို အမြန်ဆုံးပြန်ပြီး ကိစ္စတွေကို ဖြေရှင်းထားသင့်တယ်...ပြီးတာနဲ့ မင်းက ဧကရာဇ်ရဲ့တရားစီရင်မှုကို စောင့်ဆိုင်းနေရမယ်"
"ကောင်းပြီလေ"
ယွင်လန်ထျန်းက ခေါင်းညိတ်လိုက်ကာ သူ့၏မျက်နှာပေါ်တွင် စိတ်ပျက်ညှိးငယ်နေသောအမူအယာတစ်ရပ် ရှိနေသည်။
ပိုင်လင်းထျန်သည် ယွင်လန်ထျန်း၏ပခုံးကိုပုတ်ကာ တီးတိုးပြောဆိုလိုက်၏။
"သွားကြစို့...ငါက မင်း ရှုပ်ထွေးတဲ့ကိစ္စတချို့ကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် မင်းနဲ့အတူ အရိပ်ကို ထည့်ပေးလိုက်မယ်"
"ခဏနေအုံး..."
"အရိပ်က..."
သူသည် အရိပ်အကြောင်းကို တွေးတောမိချိန်တွင် တခြားကိစ္စတစ်ခုကို အမှတ်ရသွားသဖြင့် သူ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
စိတ်ပျက်ညှိးငယ်နေသောမျက်နှာရှိသည့် ယွင်လန်ထျန်း၏မျက်နှာသည်လည်း တောက်ပသွားပေ၏။
သူတို့နှစ်ယောက်သည် တယောက်ကိုတစ်ယောက်အမှတ်မထင်ကြည့်လိုက်ကြ၏။
ကြည့်ရသည်မှာ...
သူတိုနှစ်ယောက်လုံးသည် တူညီသောကိစ္စတစ်ခုကို တစ်ချိန်တည်း တွေးသောနေကြခြင်းပင်။
အကြောင်းအရင်းမှာ ထိုနေ့ညက ညစာစားပွဲတွင် ဧကရာဇ်ဝူထျန်းသည် ထိုဆရာကြီးအကြောင်း ပြောခဲ့သည့်အပြင် တခြားလူတစ်ယောက်အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုနေ့ညက မြင်ကွင်းကို ပြန်လည်တွေးသောမိစဉ်တွင် သူတို့၏စိတ်များအတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။
ဧကရာဇ်ဝူထျန်းသည် ပျင်းရိငြီးငွေ့သောအမူအယာဖြင့် စားပွဲ၏ထိပ်ဆုံး၌ထိုင်နေကာ သူ့၏မျက်လုံးများအတွင်း၌ မူးယစ်ရီဝေမှုအရိပ်အယောင်များ ရှိနေသည်။ထိုပြင် သူ့ထံတွင် အမှတ်တရများ နောင်တရနေမှုများဖြင့် ပြည့်နှက်နေပေ၏။
သူ ပြောဆိုခဲ့သည်မှာ အကယ်၍ ထိုလူကြီးမင်းသည် သူ့၏ကျင့်ကြံခြင်းလမ်းကြောင်းအတွက် ဥာဏ်အလင်းဖွင့်ပေးခဲ့သော ဆရာသခင်ဖြစ်ပါက တခြားတစ်ယောက်မှာ သူ့၏အစ်ကိုကြီးကောင်းပင်။
သူ့၏အစ်ကိုကြီးသည် အရပ်ရှည်ခြင်းမရှိဘဲ ဆရာကြီး၏အစေခံတယောက်သာ ဖြစ်သည်။သူသည် ဆရာကြီးကြောင့် ပွယောင်းသောအနက်ရောင်ဝတ်ရုံများကိုသာ အစဉ်အမြဲဝတ်ဆင်ရကာ ကြည့်ရသည်မှာ ရယ်ရွှင်ဖွယ်ကောင်းပေ၏။
သို့ရာတွင် ဤပုံပန်းသွင်ပြင်နှင့် မသက်ဆိုင်ဘဲ အစ်ကိုကြီးသည် ဆရာကြီးမှလွဲ၍ သူ မြင်တွေ့ခဲ့ဖူးသမျှ ကျင့်ကြံသူများအနက် အစွမ်းထက်ဆုံးထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။
သူသည် ယခုချိန်၌ အင်ပါယာအတွင်းတွင် နံပါတ်တစ်တည်ရှိမှုကြီးဖြစ်နေသည့်တိုင် သူ့အစ်ကိုကြီး၏လက်ချောင်းတစ်ချောင်းကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
သူ့၏အစ်ကိုကြီးသည် မိန်းကလေးများကိုကြိုက်နှစ်သက်ပေ၏။
ဝိုင်အရက်ကို ကြိုက်နှစ်သက်ကာ....
တေးဂီတနှင့်ကခုန်မူများကို နှစ်ခြိုက်သည်။
ဝူထျန်းဧကရာဇ်သည် ထိုစကားများကိုပြောဆိုနေချိန်၌ သူ့၏လက်ကိုဝှေ့ယမ်းပြီး သူတို့အား အော်ဟစ်လိုက်သည်ကို သူတို့ ရှင်းရှင်းလင်းလင်း အမှတ်ရနေဆဲပင်။
"တေးဂီတကို မရပ်လိုက်နဲ့...ဆက်ပြီးတီးမှုတ်ကြ...ဆက်ပြီးကခုန်ကြစမ်း"
ဤမြင်ကွင်းသည် ပျော်ရွှင်ဖွယ်ကောင်းပြီး ပူလောင်ပြင်းရှသော အငွေ့အသက်များဖြင့် ပြည့်နှက်နေစဉ်တွင် ဝူထျန်းဧကရာဇ်က စကားတချို့ကို မရှက်မကြောက် ထုတ်ဖော်ပြောဆိုသည်။
"ငါ့ရဲ့အစ်ကိုကြီးက ဆရာကြီးဆီကနေ ရွှေပြားသုံးဆယ်ခိုးပြီးတော့ ငါ့ကို ဆောင်ကြာမြိုင်ဆီ ခေါ်သွားခဲ့တဲ့ ပထမဆုံးအကြိမ်ကို ငါ မှတ်မိနေတုန်းပဲ"
"အဲ့ဒီအချိန်တုန်းက ငါက မာနကြီးတဲ့လူတစ်ယောက်လေ...ငါ့ရဲ့မျက်နှာနီမြန်းနေပြီးတော့ အချိန်တခဏကြာတဲ့အထိ ဘာလုပ်ရမယ်ဆိုတာ ငါ မသိခဲ့ဘူး"
"အမှန်အတိုင်းပြောရရင် အဲ့ဒီမိန်းကလေးက သိပ်ပြီးကြည့်ကောင်းတာမဟုတ်ဘူး"
"ဒါပေမဲ့ ပြန်တွေးကြည့်မယ်ဆိုရင် အဲဒါက ငါ့အတွက် အပျော်ရွှင်ရဆုံးအချိန်ပဲ"
"ပြီးတော့ ငါ့ရဲ့အစ်ကိုကြီးက မြစ်ထဲမှာငါးပုစွန်တွေ ဖမ်းဖိုအတွက် ငါ့ကို ခေါ်သွားခဲ့တယ်...ငါတို့က လယ်ကွင်းထဲမှာ ကြက်တွေကို ဖမ်းပြီးတော့ မြက်ခင်းစိမ်းတွေပေါ်မှာ နှံကောင်တွေကို စားခဲ့ကြတယ်"
"ဟူး...တကယ်လို့ ငါ အချိန်တွေကို ပြန်လှည့်လို့ရမယ်ဆိုရင် ငါက အစ်ကိုကြီးရဲ့နောက်ကို လိုက်ချင်တယ်...ငါ ဧကရာဇ် မဖြစ်ချင်တော့ဘူး"
ထိုနေ့ညတုန်းက မြင်ကွင်းများနှင့် ဧကရာဇ်ဝူထျန်းပြောဆိုခဲ့သော စကားများက ပိုင်လင်းထျန်နှင့်ယွင်လန်ထျန်းတို၏ စိတ်များအတွင်း၌ ထွက်ပေါ်လာသည်။
ထိုအကြောင်းကိုတွေးတောရင်း သူတို့နှစ်ယောက်သည် အလင်းတန်းများအလား အရှေ့ခန်းမဆီသို တရကြမ်းပြေးထွက်သွားကြသည်။
တချိန်တည်းမှာပင် သူတို့သည် ပြေးလွှားနေရင်း ပိုင်လင်းထျန်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ 'ဘာမှမဖြစ်ပါစေနဲ့...ဘာမှမဖြစ်ပါစေနဲ့'ဟု တိတ်တဆိတ်ဆုတောင်းနေမိသည်။
သို့ရာတွင် သူတို့ အရှေ့ခန်းမသို့ရောက်ရှိသွားသောအချိန်မှာပင် ကျယ်လောင်သောဆူညံသံကြီးတစ်သံ မြည်ဟီးသွားသည်။
"ဘုန်း...."
ဤသည်မှာ ပေါက်ကွဲသံတစ်သံပင်။
မြေပြင်တပြင်လုံး တုန်ခါသွားပေ၏။
ထိုနောက် အနက်ရောင်အရိပ်တစ်ရိပ်သည် ကြယ်ပျံတစ်စင်းအလား လွင့်ထွက်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး သတိလစ်မေ့မြောသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ပိုင်လင်းထျန်နှင့်ယွင်လန်ထျန်တို့နှစ်ယောက်လုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို၏မျက်လုံးများ ပြူးကျယ်သွားပေ၏။
အကြောင်းအရင်းမှာ စားပွဲ၏အဓိကထိုင်ခုံ၌ထိုင်နေသော အနက်ရောင်ဝတ်ရုံဝတ်လူသည် လက်ချောင်းတစ်ချောင်းမြှောက်လိုက်ရုံဖြင့် အရိပ်ကို ဤမျှအဆင့်ထိ ထိခိုက်ဒဏ်ရာရရှိသွားစေသည်ကို သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်ကြုံတွေ့လိုက်ရခြင်းကြောင့်ပင်။
သူ့၏စွမ်းအားသည် မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသနည်း....
သူတို့ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
သို့ရာတွင် သူတို့၏ခန့်မှန်းချက်များသည် မှန်ကန်နေပြီး ထိုလူသည် ဧကရာဇ်၏အစ်ကိုကြီးကောင်း ဖြစ်နေနိုင်ကြောင်း သူတို့၏စိတ်နှလုံးသားများအတွင်းမှ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဤသည်မှာ ဧကရာဇ်မှနေ၍ လောကကြီးအတွင်းတွင် ချောမောခံညားဆုံးလူဟု အမွန်းတင်လေ့ရှိသော လုပမ်ဝေသာ ဖြစ်ပေမည်။
ထိုပြင် သူတို့၏နောက်သို့ လိုက်လာသော ယွင်ကျင်းသည် ဤမြင်ကွင်းကြောင့် ဆွံအသွားကာ ချက်ချင်းဆိုသလိုပင် သူမ၏နီမြန်းသောနှုတ်ခမ်းများကို ဖုံးအုပ်လိုက်၏။
သူမ၏လှပသောမျက်လုံးလေးများ ပြူးကျယ်သွားသည်။
အရိပ်၏စွမ်းအားကို ယွင်မြိုအတွင်း၌ မသိသူဟူ၍ မည်သူရှိသနည်း....
သို့ရာတွင် သူသည် လုပမ်ဝေ၏လက်ညှိးတစ်ချောင်းတည်းဖြင့် လွင့်ထွက်သွားခဲ့သလော...
ဤသည်မှာ....
ရီဖုန်း ပြောဆိုနေခဲ့သည့် ကျင့်ကြံနိုင်ခြင်းမရှိသော အမှိုက်ကောင်၏လက်ချက် ဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း...
Chapter 529
ယွင်ကျင်း၏စိတ်နှလုံးသားအတွင်း၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
သူမ၏စိတ်နှလုံးသား ဗြောင်းဆန်နေကာ....
သူမ၏မျက်နှာသည် ပူပြင်းမှုကြောင့် နီမြန်းနေပေ၏။
လုပမ်ဝေသည် မည်သို့မျှ ကျင့်ကြံနိုင်မည်မဟုတ်ဟု သူမ တွေးထင်ခဲ့စဉ်၌ သူမသည် ရိုးသားဖြူစင်စွာနှင့်စိတ်အားထက်သန်စွာ သူ့ကို အားပေးခဲ့သည်ကို သူမ အမှတ်ရနေဆဲပင်။သူသည် ပြင်းပြင်းထန်ထန်ကြိုးစားသရွေ့ သေချာပေါက် အောင်မြင်မှုရရှိမည်ဟုပင် သူမက သူ့ကို ပြောဆိုခဲ့သည်။
ယခု ထိုအကြောင်းကိုပြန်လည်တွေးတောကြည့်ပါက သူသည် သူမ၏အားပေးမှုကို အမှန်တကယ်လိုအပ်ခဲ့ပါသလော....
"ဘယ်လို ငရဲမျိုးလဲ...မင်းလို ငကြောက်ကောင်က ဒီဆန်ကုန်မြေလေးရဲ့ရှေ့မှာ လာရှုပ်ဝံ့တာလား"
"ဒါက သေလမ်းရှာတာမဟုတ်ရင် တခြားဘာရှိသေးလိုလဲ"
ဤအချိန်အခိုက်အတန့်တွင်...
အဓိကထိုင်ခုံနေရာ၌ထိုင်နေသော လုပမ်ဝေသည် သူ့၏စိတ်မရှည်မှုကို ဖော်ပြလိုက်၏။
ထိုနောက် သူ့၏အကြည့်သည် နံဘေးတစ်ဖက်၌ ကြက်သေသေနေသော ပိုင်လင်းထျန်နှင့်ယွင်လန်ထျန်းတိုထံသို ကျရောက်သွားသည်။
"မင်းတိုအမှိုက်နှစ်ကောင်ကရော ဘာကိစ္စရှိလိုလဲ...မင်းတို့ကရော ကြိုးစားကြည့်ဖို ကြံစည်နေတာလား"
"ငါတို့ မလုပ်ဝံ့ပါဘူး"
သူတို့နှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ရီနေပြီး မြေပြင်ပေါ်၌ဒူးထောက်ကာ သူတို့၏မျက်နှာများပေါ်မှနေ၍ ဇောချွေးများ ယိုစီးကျနေသည်။
ကြက်သေသေနေသောယွင်ကျင်းသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူမသည် ဘေးဘီဝဲယာကိုကြည့်ပြီး မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။ထိုကြောင့် သူမသည်လည်း ဒူးထောက်ရန်အတွက် ဟန်ပြင်လိုက်သည်။
"အိုး မိန်းမလှလေး...မင်း ဒီလိုလုပ်ဖိုမလိုပါဘူး"
လုပမ်ဝေ၏လေသံသည် ရုတ်ချည်းပြောင်းလဲသွားကာ သူက ခြေတစ်လှမ်း အလျှင်အမြန် ရှေ့သို့တိုးလိုက်သည်။ထိုနောက် ယွင်ကျင်း၏နူးညံ့ချောမွတ်သော လက်မောင်းကိုဆုပ်ကိုင်ကာ ညင်သာသောအသံဖြင့် ပြောဆိုသည်။
ယွင်ကျင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။
ယခင်က သူမတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန်ခဲ့သော်လည်း လုပမ်ဝေ၏ခွန်အားကိုသိရှိပြီးနောက် သူမသည် ယခင်ကဲ့သို စိတ်အေးလက်အေး ရှိမနေတော့ချေ။
ထိုကြောင့် လုပမ်ဝေ၏လုပ်ရပ်သည် သူမအားအံ့အားသင့်မှုနှင့်ဂုဏ်ယူဝမ်းမြောက်မှုတိုကို ခံစားရစေသည်။
သူမသည် မည်ကဲ့သို့ ကုသိုလ်ကောင်းမှုများကိုပိုင်ဆိုင်ထားသဖြင့် လုပမ်ဝေကဲ့သို့ ဆရာကြီးတစ်ယောက်၏ ကြင်နာစွာဆက်ဆံမှုကို ရရှိနေသနည်း။
"ဆရာကြီး....ငါ...."
ယွင်ကျင်းသည် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။
"အိုး မိန်းကလေးယွင်...."
"မင်း ဘာမှစိုးရိမ်နေစရာ မလိုပါဘူး"
"ငါ့လိုမျိုး ချောမောခန့်ညားတဲ့ ယောက်ျားတစ်ယောက်က မိန်းမလှလေးတွေကို ချစ်မြတ်နိုးပြီးတန်ဖိုးထားတယ်"
ယွင်ကျင်း၏ကြောက်ရွံနေသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး လုပမ်ဝေသည် သူမ၏ကျောကိုညင်သာစွာပွတ်သပ်ကာ တိုးညင်းသောအသံဖြင့် သူမကို နှစ်သိမ့်ပေးလိုက်၏။
"လူလိမ်ကောင်..."
"မင်း ထပ်ပြီးလှည့်စားဖို ကြိုးစားနေပြန်ပြီလား"
ထိုအချိန်မှာပင် ဆဲဆိုသံတစ်သံနှင့်အတူယှဥ်တွဲကာ အဝေးမှနေ၍ လဖက်ရည်ပန်းကန်လုံးတစ်လုံး ပျံ့လွင့်လာပြီး လုပမ်ဝေ၏ခေါင်းကို တိုက်ရိုက်ထိမှန်သွားသည်။
"အား...."
"အရှင်...ငါ မှားပါတယ်"
ထိုထိခိုက်မှုကြောင့် လုပမ်ဝေ၏မျက်လုံးများ တောက်ပသွားကာ သူက စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ဒူးထောက်လိုက်၏။
တစ်ခုသိထားရသည်မှာ...
ရီဖုန်းသည် အစောပိုင်းကမှ နိုးလာခဲ့ခြင်းပင်။
ထိုပြင် သူသည် အိပ်ချင်မူးတူးဖြင့် မကြည်မသာဖြစ်နေဆဲပင်။
သူတို့သည် ဤကဲ့သို့ အခြေအနေတစ်ခုတွင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ကောင်းစွာသိနားလည်ထားသည်။ဤသည်မှာ ရန်မစရန်နှင့်အမှားကိုဝန်ခံရန်ပင်။
ဤရုတ်တရက်အပြောင်းအလဲသည် ယွင်လန်ထျန်းနှင့်ပိုင်လင်းထျန်တို့ကို ထိတ်လန့်တုန်လှုပ်သွားစေကာ သူတို့အား မချိတင်ကဲဖြစ်သွားစေသည်။
စကားတစ်ခွန်းဖြင့် လုပမ်ဝေကို ဒူးထောက်သွားအောင် မည်သူက ပြုလုပ်ဝံသနည်း...
ထိုဆရာကြီးသည် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သလော....
သူတို့၏စိတ်အတွင်း၌ ဤကဲ့သို့အတွေးမျိုး ရောက်ရှိလာသည်နှင့်အတူ သူတို့၏အသက်ရှူနှုန်းများ လျှင်မြန်စပြုလာသည်။
သူတို့သည် စိတ်လှုပ်ရှားနေသဖြင့် သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များထင်ဟပ်နေကာ သူတို့၏ခြေထောက်များနှင့်လက်များကို မည်သည့်နေရာတွင် ထားရှိရမည့်အား မသိတော့ချေ။သူတို့၏နဖူးများမှနေ၍ ဇောချွေးများ ယိုစီးကျလာသည်။
ယွင်ကျင်းသည်လည်း သူမ၏နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ ရီဖုန်း၏ရှေ့၌ ယခင်ကဲ့သို့ လွတ်လပ်ပေါ့ပါးသောအမူအယာမျိုးဖြင့် သူမ ဆက်မနေဝံ့တော့ချေ။သူမသည် နံဘေးတစ်ဖက်၌ ကူကယ်ရာမဲ့စွာ မတ်တတ်ရပ်နေမိသည်။
နောက်ဆုံး၌....
သူတို့၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင်....
အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက် အခန်းအတွင်းမှ ထွက်လာသည်။
အကြည့်တစ်ချက်ဖြင့်ပင် ဤလူသည် ဧကရာဇ်ဝူထျန်း ပြောဆိုခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောဆရာကြီးဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သွားသည်။
သူ့ကိုကြည့်ရသည်မှာ သန့်ရှင်းစင်ကြယ်နေပြီး တခြားကမ္ဘာလောကမှဆင်းသက်လာသည့် အငွေ့အသက်မျိုးရှိနေကာ သေမျိုးလောကနှင့် အနည်းငယ်မျှ မသက်ဆိုင်သည့်အလားပင်။
တစ်ချိန်တည်းမှာပင် သူ့၏ခန္ဓာကိုယ်တွင် မည်သည့်စွမ်းအားလှုပ်ခတ်မှုမျိုးမျှ ရှိမနေဘဲ ဧကရာဇ်ဝူထျန်း၏ဖော်ပြချက်နှင့် လုံးလုံးလျားလျား ကိုက်ညီနေသည်။
"ဆရာကြီးကို အရိုအသေပြုပါတယ်"
ပိုင်လင်းထျန်နဲ့ယွင်လန်ထျန်းတိုသည် မြေပြင်ပေါ်၌ ဒူးထောက်နေသော သူတို၏ဒူးများကို နေရာရွှေ့ပြောင်းလိုက်ကြကာ ရိုသေလေးစားသောအမူအယာဖြင့် ရီဖုန်းကို အရိုအသေပြုလိုက်သည်။
"မင်းတို့က ငါ့ကို အရိုအသေပြုနေတာလား"
"မင်းတို့က ဘယ်သူတွေလဲ"
ရီဖုန်းက မေးမြန်းကာ အံ့အားသင့်သောအကြည့်ဖြင့် သူတိုကို ကြည့်လိုက်သည်။
"ဆရာကြီးကို သတင်းပို့ပါတယ်"
"ငါက ယွင်မိသားစုရဲ့ယွင်လန်ထျန်းပါ"
"ငါက ပိုင်မိသားစုရဲ့ပိုင်လင်းထျန်ပါ"
သူတို့နှစ်ယောက်သည် ရိုသေလေးစားသောလေသံဖြင့် တပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။
"ယွင်မိသားစုနဲ့ ပိုင်မိသားစုလား..."
ရီဖုန်းသည် မျက်မှောက်ကြုတ်ပြီးနောက် မလှမ်းမကမ်းတစ်နေရာရှိ မြေပြင်ပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာ လဲကျနေသောလူကို ကြည့်ကာ မေးမြန်းလိုက်၏။
"ပြီးတော့ သူက ဘယ်သူလဲ"
"ဆရာကြီးကို သတင်းပိုပါတယ်....သူ...သူက ငါ့ရဲ့လက်အောက်ငယ်သားအရိပ်ပါ..သူက အဆင်အခြင်မဲ့တာကြောင့် ဆရာကြီးရဲ့ဘေးကလူ ရိုက်နှက်တာကို ခံခဲ့ရတာပါ"
ပိုင်လင်းထျန်သည် ထိုအကြောင်းကိုရှင်းပြနေစဉ်တွင် သူ့၏မျက်နှာပေါ်မှ ဇောချွေးများယိုစီးကျနေကာ သူက လုပမ်ဝေထံသို့ စောင်းငဲ့၍ကြည့်လိုက်သည်။
"ငါ သိပြီ"
ရီဖုန်း၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ဤသည်မှာ ပိုင်ချီချူ၏နောက်ခံဖြစ်သော ပိုင်မိသားစုမဟုတ်လော....
ဥာဏ်ကောင်းသူတစ်ယောက်ဖြစ်သော သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်ကို ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။
ထိုကြောင့် သူက သရော်တော်တော် ပြောဆိုလိုက်သည်။
"တကယ်လို့ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင်...မင်း ဒီနေရာကို ရောက်လာတာက မင်းရဲ့သားကိုထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက်....ငါ့ကို ပြဿနာလာရှာတာပဲ ဖြစ်မယ်...ဟုတ်တယ်မလား"
"ငါတို့ မလုပ်ဝံ့ပါဘူး"
သူတို့နှစ်ယောက်သည် မြေပြင်ပေါ်၌ဒူးထောက်ကာ ထပ်ခါတလဲလဲ ဦးတိုက်အရိုအသေပြုလိုက်ကြသည်။
ရီဖုန်းသည် သူတို့ကိုလျစ်လျူရှုကာ ဆက်လက်၍ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ မင်းတို့အတူ ပူးပေါင်းလာတာတောင်မှ ...ငါရဲ့လက်အောက်ငယ်သားတွေကို ရှုံးနိမ့်သွားမယ်လို့ မင်းတို့ မျှော်လင့်မထားမိဘူး မဟုတ်လား"
"ဒါကြောင့် မင်းတို့က ဒူးထောက်ပြီးတောင်းပန်ဖို့ ရွေးချယ်လိုက်တာလား"
ရီဖုန်း၏စကားလုံးများသည် ချက်ကောင်းကိုထိမှန်မိသဖြင့် သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ ပျက်ယွင်းနေကာ ဝက်အသည်းကဲ့သို့ နီမြန်းနေပေ၏။
"ကောင်းပြီလေ...မင်းတို့ ဘာလို့ ဘာစကားတစ်ခွန်းမှ မပြောကြတာလဲ"
"ပိုင်မိသားစုက အရမ်းနက်နဲသိမ်မွေ့တယ် မဟုတ်လား"
ရီဖုန်းက သူတို့ကို မျက်နှာသာပေးခြင်းမရှိချေ။ပိုင်ချီချူသည် မောက်မာထောင်လွှားပြီး ကျိုးကြောင်းဆီလျော်မှုမရှိရုံသာမက သူ့အား တိုက်ခိုက်ရန်အတွက် လူများကိုပင် စေလွှတ်ခဲ့သည်။ပိုင်မိသားစုမှလူများသည် မည်သည့်နည်းနှင့်မျှ လူကောင်းများမဖြစ်နိုင်ချေ။
"ငါတို့ မလုပ်ဝံ့ပါဘူး"
မြေပြင်ပေါ်၌ ဒူးထောက်နေသော လူနှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီနေသည်။
"ဟမ့် အစကတော့ ပိုင်မိသားစုက အရမ်းနက်နဲသိမ်မွေ့မယ်လို ငါ တကယ်ကြီး ထင်ထားခဲ့တာ... မင်းတိုက ငါ့ရဲ့နံဘေးက 'တန်ဖိုးမရှိတဲ့အမှိက်ကောင်'လိုခေါ်တဲ့ကောင်ကိုတောင် အနိုင်မယူနိုင်ဘူး....မင်းတိုရဲ့ အသုံးမကျတဲ့အရည်အချင်းတွေနဲ့ ငါရဲ့ရှေ့ကို ဘယ်လိုလုပ်ပြီး လာဝံ့တာလဲ"
ရီဖုန်းက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် အိပ်ယာထခါစအချိန်ဖြစ်နေလေရာ သူ့၏ဒေါသများက ချက်ချင်းပွင့်အံ့ထွက်လာသည်။
သူ၏စကားလုံးများကြောင့် လူနှစ်ယောက်၏မျက်နှာများ ရှုမဲ့သွားသည်။
ဝူထျန်းအင်ပါယာတစ်ခုလုံးအတွင်း၌ 'တန်ဖိုးမရှိသော အမှိုက်ကောင်'ဟု သူ ခေါ်ဆိုနေသောလူကို အနိုင်ယူနိုင်သည့် တစ်စုံတစ်ယောက် ရှိနိုင်ပါသလော.....
Chapter 530
ရီဖုန်း၏ဒေါသများ တဟုန်းဟုန်းတောက်လောင်နေသည်ကိုကြည့်ပြီး ပိုင်လင်းထျန်သည် နောင်တရနေရုံမှအပ သူ့၏စိတ်နှလုံးသားအတွင်းတွင် နာကြည်းမှုန်းတီးမှုကို ခံစားရခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤလူ၏သရုပ်မှန်ကို သူ အမှန်တကယ် မသိရှိခဲ့ချေ။
အကယ်၍ သူ ဤကိစ္စကို ကြိုတင်သိရှိခဲ့ပါက သူ့ထံတွင် ယခုထက် သတ္တိအဆတစ်ရာပိုရှိနေလျှင်ပင် သူ ဤကဲ့သို့ ပြုလုပ်ဝံ့မည် မဟုတ်ချေ။
ထိုကြောင့် သူသည် အံ့တင်းတင်းကြိတ်ကာ မဝံ့မရဲဖြင့် ဧကရာဇ်ဝူထျန်း၏နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
"ဆရာကြီး...ငါတို့က ကြီးလေးတဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့မိတယ်ဆိုတာ ငါတို သိပါတယ်...ဒါပေမဲ့ ဧကရာဇ်ဝူထျန်းရဲ့မျက်နှာကိုထောက်ပြီးတော့ ငါတိုရဲ့အသက်တွေကိုချမ်းသာပေးဖို ငါ မျှော်လင့်မိတယ်"
"ဝူထျန်း...."
"ဝူထျန်းက ဘယ်သူလဲ"
ရီဖုန်းက မျက်မှောင်ကြုတ်ကာ ဇဝေဇဝါဖြင့် ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။
"အမ်...."
သူတို့နှစ်ယောက်သည် ချက်ချင်းတောင့်တင်းသွားလေ၏။
ဤလူသည် ဧကရာဇ်ဝူထျန်းကို မသိရှိသလော...
ထိုသို့မဟုတ် သူတို့သည် လူမှားနေခြင်း ဖြစ်သလော....
သိုရာတွင် ဤကဲ့သိုကိစ္စမျိုး မဖြစ်နိုင်ချေ။ ဤလူ၏ခွန်အား နည်းလမ်းများ ပုံပန်းသွင်ပြင် စိတ်နေသဘောထားနှင့် တခြားအခန်းကဏ္ဍများအရ ဧကရာဇ်ဝူထျန်းပြောဆိုသော လျှို့ဝှက်ဆန်းကြယ်သည့် ဆရာကြီးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ဆရာကြီး ကျေးဇူးပြုပြီးတော့ ထပ်ပြီးစဉ်းစားကြည့်ပါအုံး....ဝူထျန်းလေ...အသံထွက်အရဆိုရင်တော့ သူ့ကို ခိုထျန်းဝူလို ခေါ်ကြတယ်"
ပိုင်လင်းထျန်က စိတ်အားထက်သန်စွာဖြင့် ပြောဆိုသည်။
"အော်...အဲ့ဒါက ခိုထျန်းဝူ...ဝူထျန်းလား"
"အမှန်ပဲ...အမှန်ပဲ...အဲ့ဒီ ဝူထျန်းဆိုတဲ့တစ်ယောက်ပါ"
ပိုင်လင်းထျန်က စိတ်လှုပ်ရှားစွာဖြင့် တုံပြန်သည်။
"တောင်းပန်ပါတယ်....ငါ အဲ့ဒီလူနဲ့ပတ်သတ်ပြီး နည်းနည်းလေးတောင် မမှတ်မိဘူး...ငါ့ကို လှည့်စားမနေကြနဲ့...ငါ့ကိုပြောစမ်း...မင်းတို့က ငါနဲ့ ဘယ်လိုဖြေရှင်းချင်လဲ"
ရီဖုန်းက သူ့၏သိုလှောင်လက်စွပ်အတွင်းမှ ဓားရှည်တစ်လက်ကိုထုတ်ယူကာ သူ့၏လက်ဖြင့်ဆုပ်ကိုင်ပြီး ပိုင်လင်းထျန်၏ခေါင်းကို ချိန်ရွယ်လိုက်သည်။
ထိုဓားရှည်ထွက်ပေါ်လာသည်နှင့် အေးစိမ့်သောရှိန်အဝါတစ်ရပ်က သူတို့ကို လွှမ်းခြုံထားသည်။ပိုင်လင်းထျန်က ဤဓားသည် ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်တစ်ခုဖြစ်ကြောင်း ချက်ချင်းသိရှိသွားကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် သူ့၏အပေါ့အလေးများကို ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားခဲ့သည်။
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
ဤလူသည် မည်သည်ကြောင့် အရှင်ဝူထျန်းကို မသိရှိသနည်း....
ပိုင်လင်းထျန်၏မျက်နှာပေါ်တွင် ခါးသည်းမှုများနှင့် ပြည့်နှက်နေကာ စိုးရိမ်ပူပန်နေခြင်းကြောင့် သူ့၏မျက်ရည်များ စီးကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ထိုအချိန်မှာပင် သူသည် ခန်းမအတွင်းရှိ နံရံပေါ်တွင်ချိတ်ဆွဲထားသော ပုံတူပန်းချီကားတစ်ချပ်ကို ရုတ်တရက်သတိပြုမိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူ့အတွက် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဖမ်းမိသွားသည့်အလား သူ ခံစားမိလေ၏။
အကြောင်းအရင်းမှာ ဤပုံတူပန်းချီကားသည် အရှင်ဝူထျန်း၏ရုပ်ပုံမှတပါး တခြားအရာမဟုတ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ဝူထျန်းသည် ဝူထျန်းအင်ပါယာတစ်ခုလုံး၏ ကံကြမ္မာဖြစ်ကာ စိတ်စွမ်းအားထောက်တိုင်ကြီးလည်း ဖြစ်သည်။ထိုကြောင့် အိမ်တိုင်းတွင် သူ့အား အရိုအသေပြုရန်အတွက် သူ့၏ပုံတူပန်းချီကားကို ချိတ်ဆွဲထားလေ့ရှိသည်။
ထိုကြောင့် သူသည် ဝူထျန်းဧကရာဇ်၏ပုံတူပန်းချီကားကို လက်ညှိးညွှန်ပြကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"ဆရာကြီး...ကျေးဇူးပြုပြီးတော့ မင်းရဲ့ခေါင်းကိုလှည့်ပြီး တစ်ချက်ကြည့်လိုက်ပါ...အဲ့ဒါက သူပဲ...သူက အရှင်ဝူထျန်းပါ"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက သူ့၏အကြည့်ကို အမှတ်တမဲ့ရွှေ့ပြောင်းလိုက်သည်။
တိကျသေချာစွာပင် နံရံပေါ်၌ ပုံတူပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။
ရီဖုန်းသည် သူ့၏မျက်လုံးများကိုကျဉ်းမြောင်းကာ အချိန်အတော်ကြာ ဂရုတစိုက်လေ့လာဆန်းစစ်ပြီးနောက် သူ့၏စိတ်အတွင်း၌ နားလည်သဘောပေါက်မှုတစ်ချိုကို ရရှိသွားခဲ့သည်။
ထိုနောက် သူက ပြောဆိုသည်။
"ဒါဆိုရင် မင်းတို့က အဲ့ဒီအမှိုက်ကောင်လေးအကြောင်းကို ပြောနေတာလား..မင်းတို့ ငါ့ကို ဘာလို စောစောကမပြောတာလဲ...ငါက သူ့ကို အမြဲတမ်း ကောင်စုတ်လေးလိုပဲခေါ်တယ်"
ဤအချက်သိုအရောက်တွင် ရီဖုန်းသည် စိတ်ခံစားချက်တစ်ခုကို ခံစားမိလေ၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ဤပုံတူပန်းချီကားနှင့်တူညီသော ကောင်ငယ်လေးတစ်ယောက်သည် သိုင်းပညာခန်းမသို့ ရောက်ရှိလာခဲ့ဖူးသည်ကို သူ အမှတ်ရနေဆဲပင်။
ထိုကောင်စုတ်လေးသည် အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ကာ ဆင်းရဲနွမ်းပါးသောကလေးတစ်ယောက်ဖြစ်သဖြင့် သူ့၏သိုင်းပညာခန်းမ၌ အချိန်တခဏကြာနေထိုင်ခဲ့သည်။ရီဖုန်းက ဤကောင်စုတ်လေူရောက်ရှိလာပုံသည် ကျုံးချင်နှင့်အနည်းငယ်တူညီသည်ဟု သူ တွေးတောမိသည်။
သို့ရာတွင် ကျုံးချင်နှင့်မတူညီသည်မှာ ဤကောင်စုတ်လေးသည် လုံးလုံးလျားလျား အသုံးမကျသူတစ်ယောက် ဖြစ်နေခြင်းပင်။
သူ့ထံ၌ ကျင့်ကြံခြင်းပါရမီရှိရန် နေနေသာသာ သိုင်းပညာရပ်များကို လေ့ကျင့်ရန်ပင် ပါရမီအရည်အချင်းမရှိချေ။
ကျုံးချင်သည် အနည်းဆုံးအနေဖြင့် သိုင်းပညာရပ်များတွင် သာမန်ပါရမီအရည်အချင်းနှင့် နားလည်သဘောပေါက်မှုတချို့ရှိနေသည်။သို့ရာတွင် ဤကောင်စုတ်လေးကိုမူ အထူးအမှိုက်ကောင်တစ်ကောင်ဟုသာ သတ်မှတ်နိုင်သည်။သူသည် နေ့စဉ်ဘဝအတွင်း၌ပင် ဝက်တစ်ကောင်ကဲ့သို့ ထုံထိုင်းသူဖြစ်သည်။
'မျောက်မက်မွန်သီးခူးဆွတ်ခြင်း'ဟူသော လှုပ်ရှားမှုကို သူ့ကိုယ်သူခုခံကာကွယ်နိုင်ရန်အတွက် ရီဖုန်းသင်ကြားပေးခဲ့စဉ်၌ အချိန်အတော်ကြာ ယူခဲ့ရသည်။
ရီဖုန်းသည် နောက်ဆုံး၌ ဧကရာဇ်ဝူထျန်းကို မှတ်မိသွားသည်အားကြည့်ပြီး ပိုင်လင်းထျန်သည် အလွန်အမင်းစိတ်လှုပ်ရှားစပြုလာပေ၏။
သို့ရာတွင် ရီဖုန်း၏စကားများကိုကြားချိန်၌ သူ၏မျက်နှာ ထပ်မံ၍သုန်မှုန်သွားသည်။
အမှိုက်ကောင်လေးဟု ဆိုသလော....
ကောင်စုတ်လေးဟု ဆိုသလော....
သူသည် သူတို့ဝူထျန်းအင်ပါယာ၏အမြင့်မြတ်ဆုံးဧကရာဇ် ဟုတ်မဟုတ်ကိုပင် သူ သံသယဝင်လာမိသည်။
"အင်း...."
"မင်းတို့က ရှောင်ကျီးအာကို တကယ်ကြီးသိနေမယ်လို ငါ မျှော်လင့်မထားမိဘူး...ငါ့ကို ပြောစမ်း...မင်းတို့နဲ့သူအကြားမှာ ဘယ်လိုပတ်သတ်မှုမျိုးရှိနေတာလဲ"
ရီဖုန်းက ထိုလူနှစ်ယောက်ကို မေးမြန်းလိုက်သည်။
သူတိုနှစ်ယောက်က ရိုသေလေးစားစွာ တုံပြန်သည်။
"ဆရာကြီး....ငါတို့က ဧကရာဇ်ဝူထျန်းရဲ့ လက်အောက်ငယ်သားတွေပါ"
"လက်အောက်ငယ်သားတွေလား...."
ရီဖုန်းသည် သူတို့ကို စောင်းငဲ့ကြည့်ကာ အထင်အမြင်သေးစွာဖြင့် မှတ်ချက်ပေးလေသည်။
"မင်းတို့လို လက်အောက်ငယ်သားတွေက ဒီလောက်ထိ အားနည်းနေမှတော့....ဒီနှစ်တွေအတွင်းမှာ ရှောင်ကျီးအာက ဘာကိုမှ ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ပုံမရဘူး"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။
ဤကောင်လေးသည် ကျင့်ကြံရန်အတွက် ပါရမီအရည်အချင်းများစွာမရှိသော်လည်း သူ့၏အကျင့်စရိုက်မှာ အလွန်ကောင်းမွန်သည်။
အကယ်၍ ဤကောင်လေးသည် ကံကြမ္မာကောင်းတစ်ခုရှိလာပါက တစ်စုံတစ်ခုအောင်မြင်မှု ရရှိလာမည်ဟု ရီဖုန်း ယခင်က တွေးတောခဲ့ဖူးသည်။
ဤကောင်လေးသည် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်မည်ဟုလည်း သူ တွေးထင်ခဲ့ပေ၏။သိုရာတွင် ယခုကြည့်ရသလောက် ထိုကောင်လေးထံတွင် အခြေခံအုတ်မြစ်ငယ်လေးတစ်ခု ရှိပုံရသော်လည်း ကောင်းမွန်စွာ နေထိုင်နေသည်ဟု ယူဆနနိုင်ခြင်းမရှိချေ။
သို့သော် ရီဖုန်း၏စကားများကြောင့် လူနှစ်ယောက်၏နှုတ်ခမ်းများ မဲ့ရွဲသွားသည်။
ဧကရာဇ်ဝူထျန်းသည် ဝူထျန်းအင်ပါယာ၏ရိုသေလေးစားရသော အုပ်ချုပ်သူအရှင်ဖြစ်ကာ အမြင့်မြတ်ဆုံးတည်ရှိမှုကြီးပင်။သို့ရာတွင် ဤဆရာကြီး၏ပါးစပ်အတွင်း၌ သူသည် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိသော တစ်စုံတစ်ယောက် ဖြစ်သွားခဲ့သလော။
"ဒါနဲ့....ရှောင်ကျီးအာက ဒီနေရာမှာ နေတာလား"
ရီဖုန်းက မေးမြန်းလိုက်သည်။
"ဆရာကြီး...အရှင်ဝူထျန်းက တကယ့်ကိုပဲ ဒီနေရာကလူပါ"
သူတို့နှစ်ယောက်က ရိုသေလေးစားစွာ တုံပြန်သည်။
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။
ကံကြမ္မာ၏အလှည့်အပြောင်းကြောင့် သူသည် ရှောင်ကျီးအာ၏ဇာတိမြိုသို့ ရောက်ရှိနေခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
"မင်းတို့နှစ်ယောက် သူ့ဆီသွားပြီးတော့ ငါ ဒီနေရာမှာ ရောက်နေတယ်ဆိုတာ သူ့ကို အသိပေးလိုက်စမ်း...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက သူ့ရဲ့ဇာတိမြိုလေ...အိမ်ရှင်တစ်ယောက်အနေနဲ့ သူက ငါ့ကို ကောင်းကောင်းမွန်မွန်ဧည့်ခံသင့်တယ်....ဟုတ်တယ်မလား"
ရီဖုန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ ထိုလူနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်၏မျက်လုံးများ တောက်ပသွားသည်။
ရီဖုန်း ဤသို့ပြောဆိုလာသဖြင့် ကြည့်ရသည်မှာ သူတကို ခွင့်လွှတ်ပေးလိုက်သည်ပုံပင်။ထိုသိုမဟုတ်ပါက အရှင်ဝူထျန်းကိုအကြောင်းကြားရန်အတွက် သူသည် သူတို့အား စေလွှတ်မည်မဟုတ်ချေ။
သူတို့နှစ်ယောက်သည် ရီဖုန်းကို ကျေးဇူးတင်ကြောင်းပြောဆိုပြီးနောက် ပျာပျာသလဲ ထွက်ခွာသွားတော့သည်။
သူတို့နှစ်ယောက်ထွက်ခွာသွားပြီးနောက် ရီဖုန်း၏အကြည့်သည် လုပမ်ဝေထံသို့ စူးစူးဝါးဝါးကျရောက်သွားသည်။သို့ရာတွင် ဤအသုံးမကျသော အမှိုက်ကောင်သည် တစ်နေ့နေ့တွင် အသုံးဝင်သောကိစ္စတစ်ခု လုပ်ဆောင်နိုင်မည်ဟုယူဆပြီး သူ ထပ်မံ၍ ဆူပူကြိမ်းမြောင်းခြင်း မပြုတော့ချေ။
ထိုအစား သူ၏အကြည့်သည် ယွင်ကျင်းထံသို ရွှေ့ပြောင်းသွားပေ၏။
ရီဖုန်း၏အကြည့်ကို အာရုံခံမိချိန်၌ ယွင်ကျင်း၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။သူမသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏နှုတ်ခမ်းကိုကိုက်ကာ သူမ၏လက်များခြေထောက်များကို မည်သည့်နေရာတွင် ထားရှိရမည့်အား မသိတော့ချေ။
"မိန်းကလေးယွင်...ရှောင်ကျီးအာရောက်လာတဲ့အချိန်ကျရင် အပြင်ကိုထွက်ပြီးတော့ ငါတို့တွေ ပျော်စရာတချို့ကို အတူရှာကြစို့"
ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
မည်သိုပင်ဆိုစေကာမူ ဤမိန်းကလေးသည် အလွန်ကောင်းမွန်သူတစ်ယောက်ဟု သူ တွေးတောမိသည်။ဤအချိန်အတောအတွင်းတွင် သူမကြောင့် သူ ငွေကြေးအမြောက်အများကို ချွေတာနိုင်ခဲ့လေ၏။
ရှောင်ကျီးအာ ရောက်ရှိလာချိန်တွင် သူမကို ထမင်းတနပ်ဖိတ်ကျွေးကာ ပျော်စရာတချို့ရှာဖွေရန် လိုအပ်ပေလိမ့်မည်။
"ဟမ်...."
"အမ်..."
"ငါက အဲ့ဒီလို လုပ်လိုရလား"
"အရှင်ဝူထျန်းက ငြင်းဆန်ရင် ဘယ်လိုလုပ်မလဲ"
ယွင်ကျင်းသည် အံ့အားသင့်သွားကာ သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သွားသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
ရီဖုန်းသည် သူမအားဖိတ်ခေါ်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ စဉ်းစားတွေးတောထားခြင်းမရှိချေ။
တစ်ခုသိထားရမည်မှာ ရီဖုန်း၏ပါးစပ်မှ ပြောဆိုနေသော ရှောင်ကျီးအာသည် ဝူထျန်းအင်ပါယာ၏ မြင့်မြတ်သောဧကရာဇ်ပင်။
အတိတ်တွင် သူမသည် ဧကရာဇ်ဝူထျန်းနှင့် ပြင်ပသို့အတူထွက်ရန် နေနေသာသာ သူ့အား တွေ့ဆုံခွင့်ရရန်ပင် အိပ်မက်မက်မက်ခဲ့ဖူးချေ။
ဤကဲ့သို့တွေ့ဆုံခွင့်ရမည့် အခွင့်အရေးသည် သူမနှင့် မည်သည်ကြောင့် ထိုက်တန်မည်နည်း...
"ဒါက ပြဿနာမရှိဘူး...တကယ်လို ရှောင်ကျီးအာက ငြင်းရဲတယ်ဆိုရင် ငါ သူ့ရဲ့တင်ပါးကို လက်ဝါးနဲ့ရိုက်လိုက်မယ်"
ရီဖုန်းက သာမန်ကာလျှံကာ အပြုံးနှင့် ပြောဆိုသည်။သူသည် ပျင်းရီငြီးငွေ့စွာ အကြောဆန့်ပြီးနောက် သူ့၏တမှေးအိပ်ခြင်းကို ဆက်လက်ပြုလုပ်ရန်ရည်ရွယ်၍ အခန်းအတွင်းသို့ ပြန်ဝင်သွားတော့သည်။
ယွင်ကျင်းသည် သူမ၏နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ကာ ရီဖုန်း၏ပုံရိပ်ကို စောင့်ကြည့်နေလေ၏။
ယနေ့အဖြစ်အပျက်များသည် သူမ အိမ်မက်တစ်ခုအတွင်းသို့ ရောက်ရှိနေသည့်အလား သူမကို ခံစားရစေသည်။
သူမ၏နံဘေးတွင်ရှိနေခဲ့သော ရီဖုန်းနှင့်လုပမ်ဝေတို့သည် ပြိုင်ဘက်ကင်းဆရာကြီးများဖြစ်နေရုံသာမက သူမသည် အရှင်ဝူထျန်းနှင့်တွေ့ဆုံခွင့်ရရန်အတွက် ကံကြမ္မာကောင်းကြီးတစ်ခုလည်း ဖြစ်နေသည်။
သို့ရာတွင် တစ်ချိန်တည်းမှာပင် သူမ၏စိတ်နှလုံးသားအတွင်း၌ မငြိမ်မသက်ဖြစ်လာမှုကို ခံစားမိသည်။
သူမကဲ့သို့ နိမ့်ကျသူတစ်ယောက်သည် ဝူထျန်းအင်ပါယာ၏ ဧကရာဇ်ဖြစ်သော အရှင်ဝူထျန်း၏အမြင်အာရုံကို ဖမ်းစားနိုင်ရန် ထိုက်တန်ပါသလော....
အရှင်ဝူထျန်း၏အမြင်အာရုံကို ဖမ်းစားရန်နေနေသာသာ သူ့၏ရှေ့၌ သူမသည် နိမ့်ကျပြီးမထင်ရှားသော တည်ရှိမှုတစ်ခုထက် ပိုမည်မဟုတ်ချေ။
ဤကဲ့သို့ ကွာဟချက်မျိုး...
ဤသည်မှာ မိုးနှင့်မြေအလား ကြီးမားသောကွာဟချက်ကြီးပင်။
သူမသည် ခါးသည်းသောအပြုံးတစ်ခုကို အားယူပြုံးကာ သူမ၏စိတ်နှလုံးသားအတွင်း၌ တလိမ့်လိမ့်ထနေသော ခါးသည်းမှုများကို ခံစားမိသည်။
ဖြစ်နိုင်သည်မှာ ရီဖုန်း၏မျက်လုံးများအတွင်း၌ သူမသည် သူ့အတွက် ပျော်ရွှင်မှုတချို့ယူဆောင်လာပေးသော ဂျူနီယာတယောက်သက်သက်သာ ဖြစ်ပေမည်။