အခန်း (၅၃၁-၅၃၅)
Vol. 36 Ch. 531-535
Chapter 531
ပိုင်လင်းထျန်သည် ပိုင်အိမ်တော်သို ပြန်လာခဲ့လေ၏။
လူငယ်နှစ်ယောက်က သူ့ကို အလျင်စလို ဆီးကြိုနှုတ်ဆက်သည်။
သူတို့အနက်မှတစ်ယောက်သည် ချောမောခန့်ညားပြီး သာလွန်ထူးကဲသော ပုံပန်းသွင်ပြင်ရှိကာ သူသည် ပိုင်မိသားစု၏အကြီးဆုံးသခင်လေး ပိုင်ယန်ချွမ်းပင်။
တခြားတစ်ယောက်၏ခန္ဓာကိုယ်တွင် ပတ်တီးများရစ်ပတ်ထားကာ ချိုင်းထောက်တစ်ချောင်းဖြင့် ထော့နဲ့ထော့နဲ့လမ်းလျှောက်နေရလေ၏။သူသည် ရီဖုန်း၏ကန်ချက်ကို ခံယူခဲ့ရသော ပိုင်ချီချူပင်။
"အဖေ..."
ပိုင်လင်းထျန် ပြန်လာသည်ကိုကြည့်ပြီး ပိုင်ချီချူသည် ချိုင်းထောက်ကိုအားပြု၍ ရှေ့သို့တိုးဝင်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"အဖေ ဘယ်လိုလဲ...ကျွန်တော်အတွက် အဲ့ဒီခွေးမသားကို ဖမ်းလာခဲ့ပြီလား...တကယ်လို့ အဖေ သူ့ကို ဖမ်းလာခဲ့ပြီဆိုရင် ကျွန်တော်ရဲ့လက်ထဲကို လွဲပြောင်းပေးပါ...ကျွန်တော်က သူ့ရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မယ်...အဲ့ဒီလိုလုပ်မှာသာ ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာရှိတဲ့ နာကြည်းမုန်းတီးမှုတွေကို ဖြေဖျောက်နိုင်လိမ့်မယ်"
ထိုစကားများကို ပြောဆိုနေစဉ်တွင်....
ပိုင်ချီချူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။သူသည် ရီဖုန်းအား မည်ကဲ့သို့ အပြစ်ပေးမည်ကို သူ့၏စိတ်နှလုံးသားအတွင်းမှနေ၍ အစီအစဉ်ချပြီးဖြစ်သည်။
သို့ရာတွင် ပိုင်လင်းထျန်သည် ရုတ်တရက် သူ့အား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဖြောင်း....."
ပြင်းထန်သောပါးရိုက်ချက်တစ်ချက်က ပိုင်ချီချူ၏မျက်နှာပေါ်သို ကျရောက်လာသည်။
"အဖေ...အဖေ ဘာလို့ ဒီလိုလုပ်တာလဲ"
ထိုပါးရိုက်ချက်ကြောင့် ပိုင်ချီချူသည် ကြက်သေသေသွားကာ မယုံကြည်နိုင်သောအကြည့်ဖြင့် ပိုင်လင်းထျန်ကို စူးစိုက်၍ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတာ မင်းက မေးရဲသေးတာလား...ငါ မင်းကို သေတဲ့အထိရိုက်မယ်...မင်းကို ရိုက်သတ်ပစ်မယ်"
ပိုင်လင်းထျန်သည် ပိုင်ချီချူ၏ဒဏ်ရာများနှင့်ပတ်သက်ပြီး အနည်းငယ်မျှ ဂရုမစိုက်ချေ။သူသည် သူ့၏ခြေဖဝါးကို ပြင်းပြင်းထန်ထန်မြှောက်ကာ ပိုင်ချီချူ၏ခန္ဓာကိုယ်ကို တစ်ချက်ပြီးတစ်ချက်ကန်ကျောက်ပြီး မရပ်မနား အော်ဟစ်ဆဲဆိုလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် အလွန်အမင်း ဒေါသထွက်နေပေ၏။
အကယ်၍ ဤသောက်ရေးမပါသော မသိတတ်သည့်သားကြောင့်သာ မဟုတ်ပါက မည်သည်ကြောင့် သူသည် ယမမင်း၏ခံတွင်းဝမှ ပြန်ထွက်၍မရလုနီးပါး ထိတ်လန့်ကြောက်ရွံခဲ့ရမည်နည်း။
သူ့၏နောက်သို့ နှစ်ရာပေါင်းများစွာကြာအောင် လိုက်ခဲ့သောအရိပ်သည် လုပမ်ဝေ၏လက်ညှိးတစ်ချောင်း လှုပ်ခတ်လိုက်ရုံဖြင့် သတိလစ်မေ့မြောသွားခဲ့သည်။ဤရန်ငြိုးရန်စနှင့်ပတ်သက်ပြီး သူ စောဒကတက်ရန်ပင် အခွင့်အရေးမရှိခဲ့ချေ။
"အစ်ကိုကြီး ငါ့ကို ကယ်ပါအုံး"
ယခင်ကတည်းက အပြင်းအထန်ဒဏ်ရာရရှိထားသော ပိုင်ချီချူသည် ယခုအချိန်၌ ပိုင်လင်ထျန်း၏ ပြင်းပြင်းထန်ထန်ရိုက်နှက်ခြင်းကို ခံနေရသည်။သူသည် အားကိုးရှာသည့်အနေဖြင့် ပိုင်ယန်ချွမ်း၏လက်ဝါးကို ဆုပ်ကိုင်လိုက်သည်။
သို့ရာတွင် ပိုင်ချီချူ၏ကူညီပေးရန် တောင်းဆိုမှုနှင့် ရင်ဆိုင်ရချိန်တွင် ပိုင်ယန်ချွမ်းသည် သူ့၏ခြေထောက်ဖြင့် မသိမသာကန်ထုတ်လိုက်၏။
သူသည် ပိုင်ချီချူကို ကူညီမပေးရုံသာမက သူ့၏မျက်နှာပေါ်တွင် ပြင်းထန်သော သရော်တော်တော်အရိပ်အယောင်များ ရှိနေသည်။
အသုံးမကျသောလူတစ်ယောက်သည် မည်သို့ပင်ဆိုစေကာမူ အသုံးမဝင်သော အမှိုက်ကောင်တစ်ကောင် ဖြစ်နေဆဲပင်။
သူတို့၏ဖခင်ဖြစ်သူသည် ယနေ့တွင် သူ့အတွက်လက်စားချေပေးရန် ပြင်ပသို့ထွက်ခွာသွားသည်ဟု သူ အမှန်တကယ်တွေးထင်နေသလော...
သူနှင့်ယွင်ကျင်းအကြားရှိ စေ့စပ်ပွဲသည် မိသားစုတစ်စုလုံး စိုးရိမ်ပူပန်နေရသည့် ကိစ္စကြီးတစ်ခုပင်။
မည်သို့ပင်ဆိုစေကာမူ...
သူသည် ပိုင်မိသားစု၏ ကောင်းကင်ဘုံချီးမြှောက်ခံတယောက်ဖြစ်ကာ နောင်အနာဂတ်တွင် ပိုင်မိသားစုအား နာမည်ဂုဏ်သတင်းမြင့်မားလာစေရန် ဦးဆောင်ပေးနိုင်မည့်လူပင်။
သူ ပိုင်ယန်ချွမ်းပင်လျှင် ယခုအချိန်ထိ ဤကိစ္စကို မေးမြန်းရခြင်း မရှိသေးချေ။မည်သည်ကြောင့် ပိုင်ချီချူသည် ရှေ့သို့ထွက်လာပြီး အသေးအမွှားရန်ပွဲတစ်ခုအကြောင်းကို မေးမြန်းဝံ့သနည်း။
ပိုင်ချီချူသည် ရိုက်သတ်ခံရသင့်ပေ၏။
ထိုအကြောင်းကို တွေးတောနေရင်း ပိုင်ယန်ချွမ်းသည် မေးမြန်းစုံစမ်းလိုသောအကြည့်ဖြင့် ပိုင်လင်းထျန်ထံသို ကြည့်လိုက်သည်။
ထိုနောက် သူက ပေါ့ပေါ့ပါးပါးမေးမြန်းလိုက်၏။
"အဖေ...ကျွန်တော်နဲ့ယွင်ကျင်းကြားမှာရှိတဲ့ စေ့စပ်ပွဲက ဘယ်လို ဖြစ်သွားပြီလဲဆိုတာ ကျွန်တော် သိလို့ရမလား"
သို့ရာတွင်....
ပိုင်လင်းထျန်သည် သူ့ကိုလည်းပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်ကာ တင်းမာခက်ထန်စွာ အော်ဟစ်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"မင်းရဲ့ နံစော်ပုပ်ပွနေတဲ့ပါးစပ်ကို ပိတ်ထားလိုက်စမ်း"
ပိုင်ယန်ချွမ်း၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။
သူသည် နေရာမှာပင် ကြက်သေသေသွားလေ၏။
မည်သည့်ကြောင့် ဖြစ်သနည်း....
သူသည် မိသားစု၏အရေးပါသောကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည် မဟုတ်လော...
သူ့၏ဖခင်သည် သူနှင့်ယွင်ကျင်းအကြားမှ စေ့စပ်ပွဲနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ဆုံးသူ မဟုတ်လော....
အတိုချုပ် ပြောဆိုရလျှင်...
ပိုင်မိသားစု၏ ကောင်းကင်ဘုံချီးမြှောက်ခံဖြစ်သော သူသည် ဤကဲ့သို့ ပါးရိုက်ခံရမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
သို့ရာတွင် ပိုင်လင်းထျန်သည် သူ့အား ထပ်မံ၍ ပါးနှစ်ချက်ရိုက်မည်ဟု သူ တွေးထင်မထားမိချေ။
ဤသည်မှာ ပိုင်ယန်ချွမ်းကို လုံးလုံးလျားလျား ကြက်သေသေသွားစေသည်။
ဤအချိန်အခိုက်အတန့်တွင် ပိုင်ညီအကိုနှစ်ယောက်လုံးသည် ပိုင်လင်းထျန်း၏မျက်လုံးအတွင်းမှ မကြည်မသာဖြစ်နေမှုများကို တွေ့မြင်မိသည်။
'ယွင်ကျင်း....'
ယခုအချိန်၌ သူသည် မည်သည့်သတ္တိမျိုးနှင့် ဤအကြောင်းကို တွေးတောဝံ့သနည်း....
သူ သေချင်နေသလော....
ယခုအချိန်၌ သူမထံတွင် မည်ကဲ့သို့ ကောင်းချီးပေးခံရမှုမျိုး ရှိနေသည်ကို သူ့၏သား မြင်တွေ့သင့်သည်။
မည်သည့်သတ္တိမျိုးဖြင့် သူ့၏သားသည် သူမကိုလက်ထပ်လိုဆဲ ဖြစ်နေသနည်း....
သူသည် သူမနှင့် ထိုက်တန်သလော....
ပိုင်မိသားစုသည်လည်း ဤကိစ္စဖြင့် ထိုက်တန်ပါသလော....
"မင်း ဘာမှ ထပ်မမေးနဲ့တော့...တကယ်လို့ မင်း မသေချင်ဘူးဆိုရင် ယွင်ကျင်းနဲ့ပတ်သက်ပြီး မေ့လိုက်တော့...ပစ္စည်းတွေ မြန်မြန်ထုတ်ပိုးပြီး ငါနဲ့အတူ တော်ဝင်မြိုတော်ကိုသွားဖို့ ချက်ချင်းပြင်ဆင်စမ်း"
ပိုင်လင်ထျန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ပိုင်ယန်ချွမ်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
သူသည် သုံးကြိမ်တိုင်တိုင် ပါးဖြတ်ရိုက်ခံရခြင်းအတွက် မကျေမနပ်ဖြစ်နေသော်လည်း ကိစ္စကြီးတစ်ခု ဖြစ်ပွားနေသည်ကိုလည်း သူ ကောင်းစွာသိရှိထားသည်။
ထိုကြောင့် သူသည် အမိန့်ကိုနာခံကာ ပစ္စည်းများကို အလျင်အမြန် ထုတ်ပိုးလိုက်တော့သည်။
မကြာမီမှာပင် သားအဖနှစ်ယောက်သည် အလင်းတန်းနှစ်တန်းအသွင် ပြောင်းလဲ၍ တော်ဝင်မြိုတော်ထံသိုဦးတည်ကာ ပျံသန်းခဲ့လေ၏။
****
တိုက်ပွဲစစ်မြေပြင်တစ်ခု၌....
အလောင်းများဖြင့် ပြည့်နှက်နေသည်။
စစ်တပ်နှစ်တပ်သည် တစ်ဖက်နှင့်တစ်ဖက်ထိပ်တိုက်ရင်ဆိုင်နေပြီး ရာထောင်ချီသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဤနေရာ၌ စုဝေးနေသည်။
ဝူထျန်းအင်ပါယာနှင့် အိမ်နီးချင်းဖုန်းယွီအင်ပါယာတို့သည် ဤနေရာကိုရရှိရန်အတွက် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်မှာ နှစ်ဝက်ခန့်ကြာမြင့်နေလေပြီ။
အကြောင်းအရင်းမှာ ရှေးဟောင်းအချိန်ကာလကတည်းက ဤနေရာသည် အင်ပါယာနှစ်ခုလုံး လုယက်နေကြသော နယ်စပ်နေရာတစ်နေရာဖြစ်နေသောကြောင့်ပင်။
ဤအချိန်အခိုက်အတန့်တွင် ဝူထျန်းအင်ပါယာဘက်ခြမ်းရှိ မြိုမျှော်စင်တခုပေါ်တွင် တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ဆင်ထားသော ဧကရာဇ်ဝူထျန်းရှိနေကာ မြေပြင်ပေါ်၌ဒူးထောက်နေသော ပိုင်လင်းထျန်၏သတင်းပိုမှုများကို နားထောင်နေသည်။
"မင်း ဘာပြောလိုက်တာလဲ"
"မင်းက တကယ့်ကိုပဲ ..ဆရာကြီးနဲ့ငါ့ရဲ့အစ်ကိုကြီးတို့ကို မင်း တကယ်တွေ့ခဲ့တာလား"
ပိုင်လင်းထျန်၏သတင်းပို့မှုကို နားထောင်ပြီးနောက် ဝူထျန်းသည် တုန်တုန်ရီရီဖြင့် မတ်တတ်ထရပ်လိုက်သည်။ထိုနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ပိုင်လင်းထျန်ကို ကြည့်လိုက်၏။
"ဒါက အမှန်ပါပဲ...သူတို့နှစ်ယောက်လုံးက အခုချိန်မှာ ကျွန်တော့်ရဲ့ယွင်မြိုမှာ ရှိနေပါတယ်"
ပိုင်လင်းထျန်က ရိုသေလေးစားစွာ ပြောဆိုသည်။
"ဆရာကြီး အစ်ကိုကြီး...ရှောင်ကျီးက နောက်ဆုံးတော့ မင်းတို့ကို တွေ့ရတော့မယ်"
ဝူထျန်း၏မျက်လုံးများအတွင်းတွင် မျက်ရည် များဖြင့် ချက်ချင်းပြည့်နှက်သွားကာ သူ့၏လည်ချောင်းအတွင်းမှနေ၍ မွန်းကြပ်ဆို့နင့်စွာ ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။
"အရှင်...."
မြင့်မြတ်သောဧကရာဇ်ထံတွင် ဤကဲ့သို့အမူအယာမျိုး ရှိနေသည်ကိုကြည့်ပြီး အမတ်ကြီးများသည် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့အားလုံး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
ပိုင်လင်းထျန်နှင့်အတူ လိုက်ပါလာသော ပိုင်ယန်ချွမ်းသည် ဤမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေလေ၏။
အရှင်ဧကရာဇ်ကို ဤကဲ့သို့ စိတ်ခံစားချက်မျိုး ဖြစ်စေသောသူမှာ မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း....
သို့ရာတွင်...
ဝူထျန်းသည် သူတို့ကို အနည်းငယ်မျှ ဂရုမစိုက်ချေ။
သူက ပိုင်လင်းထျန်ကိုကြည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။
"ဆရာကြီးနဲ့အစ်ကိုကြီးတို့က ငါ ဒီနေရာမှာရှိနေတာကို သိတာကြောင့် မင်းကို လာရှာခိုင်းတာလား"
"အရှင့်ကို သတင်းပို့ပါတယ်...သူတို့နှစ်ယောက်လုံး သိထားကြပါတယ်...ပြီးတော့ ဆရာကြီးက ဒီနေရာကိုလာဖို့အတွက် ကျွန်တော်ကို အထူးသီးသန့်ညွှန်ကြားခဲ့တာပါ"
ပိုင်လင်းထျန်က ပြောဆိုသည်။
"အော် တကယ်ပဲလား"
ဝူထျန်းက စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်၍ မေးမြန်းလေ၏။
"ငါ့ကို မြန်မြန်ပြောစမ်း...ဆရာကြီးက မင်းကို ဘာပြောလိုက်သေးလဲ"
"ဆရာကြီး ပြောခဲ့တာက...အရှင်ရဲ့ဇာတိမြေကို သူ ရောက်နေတဲ့အချိန်မှာ...အရှင်က အိမ်ရှင်ဖြစ်တာကြောင့် သူ့ကို ကောင်းကောင်းဧည့်ခံသင့်တယ်လို့ ပြောလိုက်ပါတယ်"
ပိုင်လင်းထျန်သည် တစ်စုံတစ်ခုကိုမျှ ဖုံးကွယ်ထားဝံ့ခြင်းမရှိဘဲ ပြောဆိုသည်။
"ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ်...ဆရာကြီးက အဲ့ဒီလိုပြောမှတော့ သူကငါ့ကို သူ့ရဲ့လူတစ်ယောက်လို့ ယူဆထားတယ်ဆိုတာ သေချာတယ်....ဟား ဟား ဟား"
ဝူထျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"အားလုံးပဲ နားထောင်ကြာစမ်း...မင်းတို့အားလုံး ငါနဲ့အတူ လိုက်လာပြီးတော့ ဆရာကြီးကို သွားတွေ့ရမယ်"
"ပြီးတော့ အင်ပါယာထဲမှာရှိတဲ့ ဂိုဏ်းတွေအားလုံးက မြင့်မြတ်အပျိုစင်တွေအားလုံး ငါ့ဆီကို ခေါ်လာခဲ့ကြစမ်း"
Chapter 532
"ဒါ့ပြင် မင်းတိုရဲ့ သမီးတွေထဲကတချို့က လှပချောမောတဲ့ မိန်းမပျိုလေးတွေမဟုတ်လား"
"သူတို့ကို ကောင်းကောင်းမွန်မွန် ဝတ်စားပြင်ဆင်ပြီးတော့ ငါ့ဆီကို စေလွှတ်လိုက်ကြစမ်း"
ဝူထျန်းက ထပ်မံ၍ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ပတ်ဝန်းကျင်၌ရှိနေသော လူများအကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဧကရာဇ်ဝူထျန်းသည် မည်သည်ကြောင့် ဤမျှထိကြီးမားသော ရှုပ်ထွေးမှုတစ်ခုကို ပြုလုပ်လိုသည်အား သူတို့ နားမလည်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်ဝူထျန်းသည် သူ့၏ဆရာကြီးနှင့်အစ်ကိုကြီးတို့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ညစာစားပွဲသို့ လူတိုင်း တက်ရောက်ခဲ့ကြခြင်းမရှိချေ။
ထိုလူများအကြားမှနေ၍ အမတ်ကြီးနှစ်ယောက်၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။
"အရှင်ဧကရာဇ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့သမီးငယ်လေးကို ချမ်းသာပေးပါ"
"ဒါက အမှန်ပါပဲ...ကျွန်တော်ရဲ့သမီးငယ်လေးကလည်း အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်... ကျေးဇူးပြုပြီးတော့ သူ့ကို ချမ်းသာပေးပါ"
သူတို့နှစ်ယောက်ထံမှနေ၍ စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။
အကယ်၍ ဧကရာဇ်ဝူထျန်းသည် သူတို၏သမီးများကို လိုချင်တပ်မက်သည်ဆိုပါက သူတို့သည် မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ ချက်ချင်းပေးအပ်ပေမည်။
သို့ရာတွင် သောက်ရေးမပါလှစွာပင် ဤဆရာကြီးဆိုသူသည် မည်ကဲ့သို့ လူစားမျိုးဖြစ်သည်ကို မည်သူ သိနိုင်မည်နည်း။
"ဟမ့်...."
သို့ရာတွင် ဧကရာဇ်ဝူထျန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ဒေါသတကြီးဖြင့် သူ့၏နံဘေးရှိ စားပွဲခုံကိုရိုက်ပုတ်ပြီး ကြေမွပျက်စီးသွားစေသည်။
"ငါက မင်းတို့ကို ကံကြမ္မာကောင်းတစ်ခုရဖို့ အခွင့်အရေးပေးခဲ့တာတောင် မင်းတို့က လက်မခံချင်ဘူးလား"
"သူတို့ကို ဆွဲထုတ်သွားပြီးတော့...."
"ခေါင်းဖြတ်လိုက်စမ်း...."
ဧကရာဇ်ဝူထျန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"မလုပ်ပါနဲ့ အရှင်ဧကရာဇ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
"အရှင်ဧကရာဇ် ကျွန်တော်တို့ မှားသွားပါတယ်"
သူတို့နှစ်ယောက်ထံမှ စူးရှကျယ်လောင်စွာအော်ဟစ်ငိုယိုသံများ ထွက်ပေါ်နေသော်လည်း ဝူထျန်းသည် သူတို့ကို လျစ်လျှူရှုထားကာ ပြင်ပသို့ တိုက်ရိုက်ဆွဲထုတ်သွားစေသည်။
ထိုနောက်မှနေ၍...
ဦးခေါင်းနှစ်ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအသံနှစ်သံ ထွက်ပေါ်လာကာ သူတို့နှစ်ယောက်သည် ခေါင်းပြတ်အလောင်းများ ဖြစ်သွားတော့သည်။
ဧကရာဇ်ဝူထျန်း၏ဒေါသသည် လက်ရှိနေရာတွင်ရှိနေသော လူတိုင်းကို ထိတ်လန့်ကြောက်ရွံသွားစေသဖြင့် သူတိုသည် အသံတစ်သံမျှ မထွက်ဝံ့တော့ချေ။
"ငါ မင်းတို့ကို နောက်ဆုံးတစ်ကြိမ် သတိပေးလိုက်မယ်"
"တကယ်လို့ ဆရာကြီးနဲ့အစ်ကိုကြီးတို့ကြောင့်သာ မဟုတ်ရင် ဒီနေ့ ခုလိုမျိုး အစွမ်းထက်နေတဲ့ဝူထျန်းအင်ပါယာဖြစ်လာဖို့ နေနေသာသာ ဒီနေ့ ငါဆိုတာ ရှိလာမှာမဟုတ်ဘူး"
"ဆရာကြီးနဲ့အစ်ကိုကြီးတို့ရဲ့ လိုအပ်ချက်တွေကို မင်းတို့အားလုံး ချွင်းချက်မရှိ ဖြည့်ဆည်းပေးရမယ်...သူတို့ကို မလေးမစားပြုမူတဲ့ ဘယ်သူမဆို ချက်ချင်းကွပ်မျက်ခံရမယ်"
ဝူထျန်း၏မေးခွန်းထုတ်ဖွယ်မလိုသောအသံ ထွက်ပေါ်လာပြီးနောက် လူများအားလုံးသည်တုံ့ပြန်သည့်အနေဖြင့် တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
"သွားကြစို့..."
"ဆရာကြီးကို သွားတွေ့ဖို့အတွက် ငါနဲ့အတူ လိုက်ခဲ့ကြစမ်း"
ဝူထျန်းသည် မတ်တတ်ထရပ်ကာ ပျာပျာသလဲ တိုက်တွန်းနှိုးဆော်လိုက်သည်။
"အရှင်ဧကရာဇ်...ဒီအမတ်အိုကြီးက ဆရာကြီးကိုတွေ့ချင်တဲ့ အရှင့်ရဲ့စိတ်အားထက်သန်မှုကို သိပါတယ်...ဒါပေမဲ့ အခုအချိန်မှာ တိုက်ပွဲစစ်မြေပြင်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ကြမလဲ"
ထိုအချိန်မှာပင် ဆံဖြူလူအိုကြီးတစ်ယောက်က ရှေ့သို့ထွက်လာကာ မေးမြန်းသည်။
"တိုက်ပွဲစစ်မြေပြင်လား...."
ဝူထျန်းက ညင်သာပေါ့ပါးစွာ တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဖြင့် သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီနယ်မြေ သူတို့ကို ပေးလိုက်တော့...ငါ ဒါကို ထပ်ပြီးမလိုချင်တော့ဘူး"
"အမ်...."
"ဒါကို မလိုချင်တော့တာလား"
လူအိုကြီး၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေကာ သူက ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"အရှင်ဧကရာဇ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီနေရာမှာ နှစ်ဝက်ကြာအောင် တိုက်ခိုက်ခဲ့ရတယ်...ငါတို့ ဒီနယ်မြေကို ရလုဆဲဆဲအခြေအနေကို ရောက်နေပြီ...ဖုန်းယွီအင်ပါယာရဲ့ဧကရာဇ် ဒဏ်ရာရထားတဲ့အချက်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါက ဘဝတစ်သက်မှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကောင်းကြီးကို လွက်လွတ်လိုက်တာပဲ...နောက်တစ်ကြိမ်ကျရင် ဒီလိုမျိုး လွယ်ကူမှာ မဟုတ်တော့ဘူး"
"လက်လွှတ်လိုက်တာလား...အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လာမှာမလို့လဲ"
ဝူထျန်းက အနည်းငယ်မျှ ဂရုစိုက်ခြင်းမပြုဘဲပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ဆရာကြီးနဲ့အစ်ကိုကြီးတို့ကို တွေ့ဖို့ထက် ပိုပြီးအရေးကြီးတဲ့ကိစ္စ မရှိဘူး"
"ပြီးတော့ တကယ်လို့ ငါက အစ်ကိုကြီးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆိုရင်...သူ ဒီနေရာကိုလာပြီးတော့ သာမာန်ကာလျှံကာ လေတချက်လည်လိုက်ရုံနဲ့ ဒီနယ်မြေတွေအားလုံးကို သိမ်းပိုက်နိုင်လိမ့်မယ်"
ဝူထျန်း၏စကားများကြောင့်...
လက်ရှိနေရာတွင်ရှိနေသောလူတိုင်း ဆွံအသွားသည်။
ထိုဆရာကြီးနှင့်အစ်ကိုကြီးဆိုသူတို့နှင့် ပတ်သက်ပြီး သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သိချင်စိတ်ပြင်းပြလာသည်။
မကြာမီမှာပင်....
ဝူထျန်းသည် ထိပ်သီးခေါင်းဆောင်တချို့ကိုခေါ်ဆောင်ကာ ယွင်မြိုသို့ အပြေးသွားခဲ့တော့သည်။
သူသည် မူလက လူများအားလုံးကို ခေါ်ဆောင်သွားလိုခဲ့သည်။သို့ရာတွင် သူ ဂရုတစိုက်စဉ်းစားတွေးတောပြီးနောက် လုံလောက်သောခွန်အားမရှိသူများနှင့် အကျင့်စရိုက်ဆိုးရွားသူများသည် သူနှင့်အတူလိုက်ရန် အရည်အချင်းမပြည့်မီဟု ဆုံးဖြတ်ခဲ့သည်။
ထိုကြောင့် သူသည် လက်ရွေးစင်ဆယ်ယောက်ကျော်ကိုသာ ရွေးချယ်ခဲ့လေ၏။
ထိုလက်ရွေးစင်များသည်...
အခြေခံအားဖြင့် ဤနှစ်များအတွင်းတွင် သူနှင့်အတူ သွေးလွှမ်းသောတိုက်ပွဲများကို တိုက်ခိုက်ခဲ့ကာ ထူးချွန်သော စစ်ရေးအောင်မြင်မှုရရှိခဲ့သူများပင်။
သို့ရာတွင် ဤအကြောင်းအရင်းကြောင့် ဤလူများထံမှ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်နေကာ သူတို့အနက်မှအများစု၏ ဒဏ်ရာများသည် အပြည့်အဝ ပျောက်ကင်းခြင်းမရှိသေးချေ။
သူ တွေးတောသည်မှာ....
သူ၏ယခုလက်ရှိ အဆင့်အတန်းနှင့် ဤလက်ရွေးစင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ပေါင်းစပ်လိုက်ပါက ဆရာကြီးနှင့်အစ်ကိုကြီးတို့ သူ့အား များစွာစိတ်ပျက်သွားမည်မဟုတ်ချေ။
ဂိုဏ်းများ၏စီရင်ပိုင်ခွင့်အောက်မှ သူတော်စင်မိန်းမပျိုများနှင့် အမတ်ကြီးများ၏သမီးများကို မြင့်မားသော အနီရောင်အိမ်တော်ကြီးတစ်လုံး၌နေထိုင်ရန် စီစဥ်ပေးထားသည်။
အကြောင်းအရင်းမှာ သူ့၏အစ်ကိုကြီးသည် တီးမှုတ်ကခုန်မှုများနှင့် ဤကဲ့သို့ အငွေ့အသက်များကို ကြိုက်နှစ်သက်သည်အား သူ ကောင်းစွာသိရှိထားသောကြောင့်ပင်။
ထိုအရာများအားလုံးကို စီစဥ်ပြီးနောက် ဝူထျန်းသည် သူ၏လူများကိုခေါ်ဆောင်၍ ယွင်ကျင်း၏အိမ်တော်ထံသို့ သွားလိုက်သည်။
ဤအိမ်တော်ကိုမြင်တွေ့ချိန်တွင် ပိုင်ယန်ချွမ်းက ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်၍ကြည့်လိုက်၏။
"အဖေ...အဖေ....အရှင်ဧကရာဇ်ကို ခုလိုအဆင့်ထိရောက်အောင် လုပ်ပေးခဲ့တဲ့ ဆရာကြီးက ဒီနေရာမှာ ရှိနေတာလား"
ပိုင်ယန်ချွမ်းက ထိတ်လန့်တကြား မေးမြန်းသည်။
"အမှန်ပဲ..."
ပိုင်လင်းထျန်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေ၏။
ပိုင်ယန်ချွမ်း ထိတ်လန့်တုန်လှုပ်သွားသည်။
နောက်ဆုံး၌ သူ့အား မည်သည်ကြောင့် ပိုင်လင်းထျန် ပါးရိုက်ခဲ့သည်ကို သူ နားလည်သဘောပေါက်သွားလေပြီ။
ဤသည်မှာ သူ့ကို သတိပေးခြင်းပင်။
သူ ယွင်ကျင်းအား မည်သိုမျှ ရန်စစော်ကားခြင်းမပြုမိစေရန် ဖြစ်ပေ၏။
"မင်း လုပ်ရဲလား"
ပိုင်လင်းထျန်က သူ့ကို ကြည့်လိုက်သည်။
"ကျွန်တော် မလုပ်ရဲပါဘူး"
ပိုင်ယန်ချွမ်းက သူ့၏ခေါင်းကို အောက်သို့ငုံ့လိုက်သည်။
ယွင်ကျင်းထံတွင် သူ့၏ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်သော ခန္ဓာကိုယ်အမျိုးအစားရှိနေလျှင်ပင် သူ မည်သည့်အရာအား တတ်နိုင်မည်နည်း။
ဤကဲ့သို့ လူတစ်ယောက်၏ရှေ့တွင် ယွင်ကျင်းတစ်ယောက်နေနေသာသာ အကယ်၍ ယွင်ကျင်း ရာထောင်ချီ၍ရှိနေလျှင်ပင် သူ လက်လွှတ်ပေးရပေမည်။
ပိုင်လင်းထျန်က ပိုင်ယန်ချွမ်း၏ပခုံးကို ပုတ်လိုက်သည်။
သူ့၏သားဖြစ်သူသည် ထူးချွန်သောပါရမီအရည်အချင်းရှိသည့်အပြင် အခြေအနေနှင့်အချိန်အခါကို သိရှိသည်မှာ ပို၍ချီးမွမ်းဖွယ်ရာပင်။
"ဆရာကြီး....အစ်ကိုကြီး...ရှောင်ကျီးက မင်းတို့ကို လာတွေ့ပါတယ်"
တံခါးထံအရောက်တွင် ဝူထျန်းသည် ဒူးထောက်လိုက်ကာ သူ့၏မျက်လုံးအတွင်းမှ မျက်ရည်များစီးကျနေသည်။
တခြားသူများသည်လည်း သူ့၏နောက်တွင် ဒူးထောက်လိုက်ကြ၏။
ပြင်ပရှိအသံများကိုကြားချိန်တွင် ရီဖုန်းသည် လုပမ်ဝေနှင့်ယွင်ကျင်းတို့ကို ခေါ်ဆောင်ကာ ပြင်ပသို့ထွက်လိုက်သည်။
"ဆရာကြီး...အစ်ကိုကြီး..."
သူတို့ကို မြင်တွေ့လိုက်ရချိန်တွင် ဝူထျန်းသည် ပို၍ပင် အော်ဟစ်ငိုယိုကာ သူ့ထံမှနေ၍ မွန်းကြပ်ဆိုနင့်မှုများနှင့် ပြည့်နှက်နေသောအသံ ထွက်ပေါ်လာသည်
"အိုး...အို...ဒါက တကယ့်ကို ရှောင်ကျီးအာပါလား....မင်းတောင် အရွယ်ရောက်လာပြီပဲ"
ထိုမြင်ကွင်းကိုကြည့်ကာ ရီဖုန်းသည် ကျေနပ်အားရစွာရယ်ပြုံးပြီး ဝူထျန်း၏ခေါင်းကိုပုတ်၍ သူ မတ်တတ်ထရပ်ရန် ထူပေးလိုက်၏။
ထိုအကြောင်းကို တွေးတောကြည့်ပါက....
သူ ဝူထျန်းကို နောက်ဆုံးအကြိမ်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။
ထိုအချိန်တုန်းက လုပမ်ဝေ စနစ်မှထွက်လာသည်မှာ အချိန်သိပ်မကြာသေးသည့်အပြင် သူ့၏အနီး၌ ကျုံးချင်နှင့်တခြားတပည့်များလည်း ရှိမနေခဲ့ချေ။
ကြေကွဲဝမ်းနည်းစွာ အတိတ်ကို သတိရပြီးနောက်...
ရီဖုန်းသည် သူတို့အားလုံးကိုဦးဆောင်ကာ အိမ်တော်အတွင်းသို့ ဝင်လိုက်သည်။
ခန်းမအတွင်း၌ ရီဖုန်းနှင့်ဝူထျန်းတို့ ထိုင်လိုက်ကြပြီးနောက် တခြားလူများသည် မထိုင်ဝံ့ကြချေ။
"မင်းလည်း ထိုင်လေ"
သူ့၏နံဘေးရှိ ယွင်ကျင်းကိုကြည့်ပြီး ရီဖုန်းက အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားချိန်တွင်..
ယွင်ကျင်း၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် ထိတ်လန့်ကြောက်ရွံနေပေ၏။
ဧကရာဇ်ဝူထျန်း ရောက်ရှိလာမည်ကို သူမ သိရှိထားသော်လည်း အမှန်တကယ် သူ့အား မြင်တွေ့လိုက်ရသောအချိန်တွင် သူမသည် ကိုးရိုးကားယားဖြစ်ကာ တုန်လှုပ်နေဆဲပင်။
ဧကရာဇ်ဝူထျန်း ခေါ်ဆောင်လာသော လူများသည် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော နာမည်ဂုဏ်သတင်းများကို ပိုင်ဆိုင်ထားသူများဖြစ်ပေ၏။
သူတို့အားလုံးသည် ဝူထျန်းအင်ပါယာ၏ ထိပ်သီးတိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားသူများဖြစ်ကာ အဆင့်အတန်းမြင်မားသောအရာရှိများပင်။သူတို့ထိုင်ရန်အတွက် ထိုင်ခုံများမရှိလေရာ သူမသည် အမှန်တကယ် ဝင်ထိုင်ရမည်လော။
သို့ရာတွင်....
နောက်ဆုံး၌ ရီဖုန်း၏တိုက်တွန်းနှိးဆော်မှုအောက်တွင် ယွင်ကျင်းသည် စိုးရိမ်ပူပန်စွာဖြင့်ထိုင်ခုံ၌ဝင်ထိုင်ကာ သူမ၏လက်များနှင့်ခြေထောက်များကို မည်သည့်နေရာတွင် ထားရှိရမည့်အား မသိတော့ချေ။
ခန်းမအတွင်း၌...
ရီဖုန်းသည် ဝူထျန်းနှင့် သာမန်ကာလျှံကာ စကားစမြည် ပြောဆိုနေသည်။
ရိုးရှင်းစွာ စကားစမြည်ပြောဆိုပြီးနောက် ဝူထျန်းက ပြောဆိုသည်။
"ဆရာကြီး....ငါတို့တွေ နေရာပြောင်းပြီး စကားပြောကြမလား...ငါက ဝိုင်အရက်ကောင်းတွေနဲ့မိန်းမပျိုလေးတွေကို ပြင်ဆင်ထားပြီးပြီ....ငါက ဆရာကြီးနဲ့အစ်ကိုကြီးတိုကို ဧည့်ခံချင်တယ်"
"ဒါက ကောင်းသားပဲ"
ရီဖုန်းက အပြုံးနှင့် သဘောတူညီလိုက်သည်။
ထိုနောက် သူသည် ဝူထျန်း၏အစီအစဥ်ကို လိုက်နာခဲ့ကာ သူတို့လူစုသည် ယွင်မြိုအတွင်းရှိ အကြီးဆုံးအနီရောင်အိမ်တော်ထံသို့ သွားလိုက်ကြ၏။
ထိုနောက် သူတို့သည် အခန်းကျယ်ကြီးတစ်ခန်းအတွင်း၌ ထိုင်လိုက်ကြသည်။
ရီဖုန်းနှင့်သူမအကြားရှိ ဆက်ဆံရေးကြောင့် ယွင်ကျင်းသည်လည်း ဤနေရာသို့ဝင်ရောက်နိုင်သော ကံကြမ္မာကောင်းကြီးကို ရရှိခဲ့သည်။
"သူတို့ကို ခေါ်လိုက်တော့"
ထိုင်ခုံများပေါ်၌ နေရာယူပြီးနောက် ဝူထျန်းက လက်ခုပ်တီးလိုက်သည်။
ထိုနောက် အခန်းတံခါးပွင့်သွားကာ နတ်မိမယ်များတမျှလှပသော မိန်းမပျိုတစ်စုသည် အခန်းအတွင်းသို့ အတန်းလိုက်ဝင်လာကြလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး...
လုပမ်ဝေသည် လေချွန်လိုက်ကာ သူ့၏လှုပ်ရှားမှုများသည် လေထုကိုပင် ဗြောင်းဆန်သွားစေခဲ့သည်။
Chapter 533
"ဆရာကြီး....အစ်ကိုကြီး...ကျေးဇူးပြုပြီးတော့ ရှေ့ကိုသွားပြီး ရွေးကြပါ"
ဝူထျန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဤကောင်လေး....
သူသည် အနည်းငယ်ရွှတ်နောက်နောက်နိုင်စွာ ကြီးပြင်းလာခဲ့ပုံပင်။
"ဒါကိုကြည့်ရတာ မဟုတ်သေးဘူးလေ"
ရီဖုန်းက ပြောဆိုသည်။
"ဆရာကြီး...ဒါက တကယ့်ကိုပဲ ဘာပြဿနာမှမရှိပါဘူး...သူတို့အားလုံးက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေပဲ...ကျေးဇူးပြုပြီးတော့ လွတ်လွတ်လပ်လပ်ရွေးချယ်ပါ ဆရာကြီး"
ဝူထျန်းက ရယ်မောလိုက်သည်။
"မင်းရဲ့လက်အောက်ငယ်သားတွေလား"
ရီဖုန်း၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားသည်။
"ကောင်းပြီလေ"
ထိုနောက် သူသည် ဝိုင်အရက်ငှဲပေးရန် သို့မဟုတ် တခြားတစ်စုံတစ်ခုပြုလုပ်ပေးရန်အတွက် မိန်းကလေးနှစ်ယောက်ကို ကြုံရာကျပန်း ရှာဖွေရွေးချယ်လိုက်သည်။
ဝူထျန်း၏လက်ကို တချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မိန်းကလေးနှစ်ယောက်သည် ရီဖုန်း၏နံဘေး၌ ထိုင်လိုက်၏။
တခြားတစ်ဖက်တွင် လုပမ်ဝေသည် ကြွင်းကျန်သောမိန်းကလေးများအားလုံးကို ရွေးချယ်လိုက်သည်။
ရီဖုန်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရတောင့်ရခဲပျော်ရွှင်ဖွယ်တွေ့ဆုံမှုကြီးပင်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူထျန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူ့၏အကိုကြီးသည် ယခင်အတိုင်း သူ့၏အကိုကြီး ဖြစ်နေဆဲပင်။
သို့ရာတွင် နံဘေးတဖက်၌ထိုင်နေသော ယွင်ကျင်း၏ခံစားချက်များသည် ကောင်းမွန်ခြင်းမရှိချေ။
အကြောင်းအရင်းမှာ ဤတန်းစီနေသောမိန်းကလေးများအားလုံးသည် ဝူထျန်းအင်ပါယာအတွင်းရှိ အထက်တန်းလွှာမိသားစုများမှ ဂုဏ်ယူဝံ့ကြွားရသော မိန်းမလှလေးများဖြစ်ကြောင်း သူမ သိရှိထားသောကြောင့်ပင်။ ထိုမိန်းကလေးများအကြားတွင် တော်ဝင်မင်းသမီးများပင် ပါဝင်နေပေ၏။
ဤမိန်းကလေးများ၏အဆင့်အတန်းသည် သူမထက် များစွာပို၍မြင့်မားသည်။
စွမ်းအားအရဖြစ်စေ ရုပ်ရည်အရဖြစ်စေ ထိုမိန်းကလေးများအားလုံးသည် သူမထက် များစွာပို၍သာလွန်သည်။
သို့ရာတွင်...
သူမတို့သည် ရီဖုန်းတို့လူစုအတွက် ဖျော်ဖြေရေးအရုပ်များသက်သက် ဖြစ်နေပေ၏။
သူမ ထပ်မံ၍ သိနားလည်သွားသည်မှာ...
သူမနှင့်ရီဖုန်းအကြားတွင် ကြီးမားသောကွာဟချက်ကြီးရှိနေခြင်းပင်။
သူမ၏စိတ်နှလုံးသားအတွင်းမှ သေးငယ်သောအတွေးများကို သူ့အား ထပ်မံ၍ ထုတ်ဖော်ပြသဝံ့တော့မည်မဟုတ်ချေ။ထိုသို့မဟုတ်ပါက သူမကိုယ်သူမ အရှက်ခွဲခြင်းသာ ဖြစ်ပေမည်။
ဤကဲ့သို့ တစ်စုံတစ်ယောက်သည်...
မည်သည်ကြောင့် သူသည် သူမကို အစဉ်အမြဲအထင်အမြင်သေးခြင်းမရှိဘဲ ဆက်ဆံနိုင်မည်နည်း...
ဝိုင်အရက်သောက်စားနေစဉ် ဝူထျန်းသည် ဤနှစ်များအတွင်း သူ ရရှိခဲ့သော အောင်မြင်မှုများကို ရီဖုန်းထံသို့ စိတ်အားထက်သန်စွာဖြင့် သတင်းပိုပြီး သူ ခေါ်ဆောင်လာသော လူတချို့နှင့် မိတ်ဆက်ပေးလေသည်။
ထိုနောက် သူက အလျှင်အမြန် ပြောဆိုသည်။
"ဆရာကြီး...ငါခေါ်လာတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုထင်လဲ"
ရီဖုန်းသည် အချိန်တခဏကြာ ရပ်တန့်သွားကာ ဝူထျန်းကိုကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"မင်း အမှန်အတိုင်း ကြားချင်လား"
"ဟုတ်ကဲ့"
ဝူထျန်းက မျှော်လင့်တကြီး ပြောဆိုလိုက်၏။
"အထူးအမှိုက်ကောင်တွေပဲ"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ရီဖုန်း၏ချီးမွမ်းမှုကို မျှော်လင့်နေသော ဝူထျန်းသည် ချက်ချင်းဝမ်းချုပ်သွားသကဲ့သို ခံစားမိသည်။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်စုကို လေ့ကျင့်ပေးနိုင်သဖြင့် သူ့၏ထူးခြားသောအတွေးအမြင်အပေါ် ဆရာကြီးက ချီးမွမ်းလိမ့်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် အကောင်းဆုံးလက်ရွေးစင်များကိုသာ ရွေးချယ်၍ ခေါ်ဆောင်လာခဲ့သော်လည်း သူတို့သည် ဆရာကြီး၏ဝေဖန်ပိုင်းခြားနိုင်သောအမြင်အာရုံအတွင်းသို့ မဝင်ရောက်နိုင်သလော....
သူတို့၏နံဘေးတွင် ဝိုင်အရက်သောက်စားနေသော ယွင်ကျင်းနှင့်သူတော်စင်မိန်းမပျိုများသည် မည်ကဲ့သို့ ပြောဆိုရမည်ကို မသိတော့သဖြင့် သူမတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
"ကောင်းပြီလေ"
ကူကယ်ရာမဲ့ဖြစ်နေသော ဝူထျန်းသည် ဤအချက်ကို လက်ခံရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို သူ ကောင်းစွာသိရှိထားသည်။သူ ဂရုတစိုက်စဉ်းစားတွေးတောပြီးနောက် ဤလူများသည် သူ့ဆရာကြီး၏ခွဲခြားသိမြင်နိုင်သော မျက်လုံးများအတွင်းသို့ အမှန်တကယ် မဝင်ရောက်နိုင်ခြင်းသာ ဖြစ်ပေမည်။
သို့ရာတွင် အကယ်၍ ဆရာကြီးသည် ဧကရာဇ်တစ်ပါးဟူသော သူ့၏လက်ရှိအဆင့်အတန်းကို သိရှိသွားပါက ဆရာကြီး အလွန်အားရကျေနပ်သွားမည်မဟုတ်လော...
ထိုကြောင့် သူက အပြုံးနှင့်ပြောဆိုလိုက်၏။
"တကယ်တော့ ငါ့ရဲ့လက်ရှိအဆင့်အတန်းက..."
သို့ရာတွင် သူ့၏စကားများ တစ်ဝက်တစ်ပျက်သို အရောက်မှာပင် ရီဖုန်းက သူ၏လက်ဝါးကိုကာပြပြီး ကြားဖြတ်ပြောဆိုသည်။
"ဘာမှ ထပ်ပြီးမပြောနဲ့တော့...ငါ ဒါကို အကြမ်းဖျဥ်းခန့်မှန်းထားပြီးပြီ"
ထိုစကားကိုကြားချိန်တွင်....
ဝူထျန်းသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ့၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ဆရာကြီး...မင်း အဲ့ဒီကိစ္စကို သိပြီးပြီလား"
"ငါ သိတာပေါ့"
ရီဖုန်းသည် ဝိုင်တစ်ငုံသောက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
ယခုလက်ရှိ ဝူထျန်း၏အဆင့်အတန်းသည် မည်သည့်အရာဖြစ်သည်ကို သူ ရှစ်ဆယ်မှကိုးဆယ်ရာခိုင်နှုန်းအထိ ခန့်မှန်းပြီးလေပြီ။
သူသည် တောပုန်းဓားပြ ပြည့်တန်ဆာခေါင်းတစ်ယောက်သာ ဖြစ်ပေမည်။
အကြောင်းအရင်းမှာ ဝူထျန်းခေါ်ဆောင်လာသော လူထွားကြီးတစုသည် ဓားသွားများကို သွေးများစွန်းထင်နေသည့် အကျင့်စရိုက်ရှိသူများဖြစ်ကြောင်း သူ ပြောဆိုနိုင်သောကြောင့်ပင်။ထိုလူများထံတွင် မျက်လုံးတစ်လုံးသာရှိနေခြင်း သို့မဟုတ် သူတို့၏မျက်နှာများပေါ်တွင် ရှည်လျားသော ကန့်လန့်ဖြတ်အမာရွတ်ကြီးများရှိနေခြင်းတို့ကြောင့် သူတို့သည် တောပုန်းဓားပြများမဟုတ်ပါက မည်သူများ ဖြစ်နေနိုင်သနည်း။
ပြည့်တန်ဆာခေါင်းဆိုသည့်အချက်ကမူ ပို၍ပင်သိသာထင်ရှားလှ၏။
သူတို့အား အဖော်ပြုပေးနေသော မိန်းမပျိုလေးများသည် သူ့၏လက်အောက်ငယ်သားများဖြစ်ကြောင်း ဝူထျန်းသည် အစောပိုင်းက ထုတ်ဖော်ဝန်ခံခဲ့သည်။
ဝူထျန်းက ရီဖုန်းအား အလွန်အမင်းကြည်ညို လေးစားနေသည်။
ဆရာကြီးသည် မည်သို့ပင်ဆိုစေကာမူ ဆရာကြီးပင်။
သူ စကားပြောဆို၍ အဆုံးမသတ်သေးမီမှာပင် ဆရာကြီးသည် အရာအားလုံးကို သိရှိထားပြီးလေပြီ။
"ဒါဆိုရင် ဆရာကြီး...ရှောင်ကျီး*က မင်းကို စိတ်မပျက်စေဘူး မဟုတ်လား"
ဝူထျန်းသည် စိတ်အားထက်သန်စွာဖြင့် မေးမြန်းကာ ရီဖုန်းက သူ့အား ချီးမွမ်းမည်ကို သူ မျှော်လင့်နေမိသည်။
သူ့၏ပုံပန်းသွင်ပြင်သည်....
စာသင်ခန်းအတွင်း၌ သူ့၏အိမ်စာကို ကောင်းမွန်စွာလုပ်ခဲ့သဖြင့် ဆရာဖြစ်သူ၏ချီးမွမ်းမှုကို ခံယူလိုသော ကျောင်းသားတစ်ယောက်နှင့် အတိအကျတူညီနေသည်။
သို့ရာတွင်...
ရီဖုန်းသည် သူ့၏ဝိုင်အရက်ခွက်ကို အောက်သိုချကာ သူ့၏ခေါင်းကိုခါးယမ်းပြီး တည်ငြိမ်စွာပြောဆိုသည်။
"အရမ်းစိတ်ပျက်ဖို့ကောင်းတယ်"
ဝူထျန်းသည် ချက်ချင်းအံအားသင့်တုန်လှုပ်သွားပေ၏။
သူတို့နှင့်အတူ သောက်စားပေးနေသော အနီးရှိယွင်ကျင်းနှင့်သူတော်စင်မိန်းမပျိုများသည်လည်း မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ကြကာ သူမတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဧကရာဇ်တစ်ပါး ဖြစ်နေသည့်တိုင် သူသည် ထိုဆရာကြီး၏စိတ်ကျေနပ်မှုကို မရရှိသလော...
ဝူထျန်းက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
"ဆရာကြီး ဘာလို့....ဘာလို့လဲ"
"မမှန်ကန်သေးလိုပဲ"
ရီဖုန်းက သူ့၏ဝိုင်ခွက်ကိုမြှောက်ကာ သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"မမှန်ကန်သေးတာလား"
ဝူထျန်းသည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။
အင်ပါယာတစ်ခု၏ဧကရာဇ် ဖြစ်နေသည့်တိုင် ဆရာကြီး၏မျက်လုံးများအတွင်းတွင် မမှန်ကန်သေးသလော....
"ဟူး...တကယ်တော့ ငါ မင်းကို အရင်က သင်ကြားထားပေးပြီးပြီ...လူတွေမှာ ရည်မှန်းချက်တချို့ ရှိရမယ်...မင်းရဲ့အမြင်ကို ဒီထက်ကျယ်အောင် လုပ်ရမယ်"
ရီဖုန်းက သူ့၏ဝိုင်အရက်ခွက်ကို အောက်သိုချရင်းပြောဆိုကာ နူးညံ့ညင်သာစွာဖြင့် ရှင်းပြလေသည်။
"အပေါ်ယံကိုကြည့်ရင်တော့ မင်းကိုကြည့်ရတာ ထင်ရှားကျော်ကြားပြီးတော့ တားမြစ်ထိန်းချုပ်တာတွေ ခံထားရတဲ့ပုံမပေါ်ဘူး...ဒါပေမဲ့ လက်တွေ့ဖြစ်ရပ်မှန်မှာက ဘယ်လိုလဲ"
ထိုစကားကိုကြားချိန်တွင် ဝူထျန်း၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။
"ရည်မှန်းချက် ရှိရမယ်...အမြင်ကျယ်ကျယ် ထားရမယ်...."
သူသည် ရီဖုန်း၏စကားများကို တိတ်တဆိတ်တီးတိုးရေရွတ်ကာ သူ ရုတ်တရက်နားလည်သဘောပေါက်သွားသဖြင့် သူ့၏မျက်လုံးများ တောက်ပသွားသည်။
ထိုအချိန်ကျမှသာ သူသည် ဤနှစ်များအတွင်းတွင် ဧကရာဇ်တစ်ပါးဖြစ်လာသည့် အချိန်မှစ၍ သူ့၏ရည်မှန်းချက်များ ပျောက်ဆုံးသွားခဲ့ကာ နေ့စဉ်နေ့တိုင်း သူ ပိုင်ဆိုင်ထားသောအောင်မြင်မှုများအပေါ်တွင် စိတ်ကြီးဝင်နေခဲ့သည်။
ရီဖုန်း၏ယခုလက်ရှိစကားလုံးများသည် သူ့အား ကောင်းမွန်စွာ နိုးထစေနိုင်ခဲ့သည်။
ဤသည်မှာ အမှန်ပင်။
ဧကရာဇ်တစ်ပါးသည် မည်မျှထိ အဖိုးတန်နိုင်မည်နည်း....
သူ့၏ရည်မှန်းချက်များကို သေးငယ်သောအင်ပါယာတစ်ခု၏ ဧကရာဇ်အဖြစ်သာ မည်သည်ကြောင့် ကန့်သတ်ထားရမည်နည်း...
သူသည် ဆရာကြီးကဲ့သို့ ကိစ္စများ၏နောက်ကွယ်မှ အမိန့်ပေးနိုင်ကာ သူ့၏လက်အတွင်း၌ လောကကြီးတစ်ခုလုံးကို ဆုပ်ကိုင်နိုင်သူဖြစ်အောင် ကြိုးစားသင့်သည်။
"ဆရာကြီး...ငါ နားလည်ပါပြီ"
ဝူထျန်းသည် ကျေးဇူးတင်စွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။
ထိုနောက် သူသည် ဗိုက်ပြည့်တင်းသည်အထိ စားသောက်ပြီးနောက် ထွက်ခွာသွားတော့သည်။
အကြောင်းအရင်းမှာ သူသည် ရီဖုန်း၏နံဘေး၌ ဆက်နေရန် မထိုက်တန်ဟု သူ့ကိုယ်သူ ခံစားမိသောကြောင့်ပင်။သူ့၏နိမ့်ကျသောဧကရာဇ်တစ်ပါးဟူသော အဆင့်အတန်းသည် ရီဖုန်းအတွက် အနည်းငယ်အရှက်ရစရာဖြစ်နေပေမည်။
သို့ရာတွင် သူ ထွက်ခွာမလာမီ ရီဖုန်းက သူ့အား နာမည်ခံတပည့်အဖြစ် လက်ခံခဲ့သည်။
ရီဖုန်းသည် သူ့အား တရားဝင်တပည့်တစ်ယောက်အဖြစ် လက်ခံလိုသော်လည်း ဤကောင်စုတ်လေး၏ ပါရမီအရည်အချင်းသည် အမှိုက်ဖြစ်နေပေ၏။ဤသည်မှာ အထူးအမှိက်အဆင့်ထက် သာလွန်သော်လည်း သူသည် သာမာန်အဆင့်သို့ မရောက်ရှိချေ။
ဤကဲ့သို့ ကြီးမားသောတိုက်တွန်းနှိုးဆော်မှုသည် ဝူထျန်း၏သွေးများကို လောင်ကျွမ်းပြီးဆူပွက်သွားစေသည်။
သူ့ကိုယ်သူ နာမည်ကျော်ကြားအောင် ပြုလုပ်ပြီးမှသာ ရီဖုန်းကို ထပ်မံ၍တွေ့ဆုံမည်ဟု သူ ကျိန်ဆိုခဲ့သည်။
တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၌....
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် သူတို့ရှေ့ရှိ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို စူးစိုက်၍ကြည့်နေကြလေ၏။
ကံကြမ္မာအင်မော်တယ်အလင်းတိုင်သည် အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာကြောင်း သူတို့ မြင်တွေ့ပြီးမှသာ နောက်ဆုံး၌ သူတို့၏အမူအယာများ ယခင်ထက်ကောင်းမွန်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤရက်များအတွင်းတွင် ညွှန်ကြားချက်များအရ ကံကြမ္မာအလင်းတိုင် ပြန်လည်ကောင်းမွန်လာစေရန် ကိစ္စတချို့ကို ပြုလုပ်ခဲ့ရသည်။
"နောက်ထပ်ကိစ္စတစ်ခုကို ကြည့်ကြစို့"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ပြောဆိုသည်။
"အင်း..."
ဖျက်ဆီးခြင်းအရှင်သည် ကောင်းကင်ဘုံလမ်းညွှန်စာအုပ်ကိုကိုင်ကာ အတွင်းရှိ လမ်းညွှန်ချက်ကို ကြည့်လိုက်သည်။
"ဝူထျန်းအင်ပါယာရဲ့ ဧကရာဇ်ဝူထျန်းက ကံကြမ္မာသားတော်ပဲ....နောက်ထပ်လမ်းညွှန်မှုက သူ့ကို အသုံးပြုနိုင်ဖိုအတွက် ငါတို့ဘက်ကို ဆွဲခေါ်ရမယ်"
ဖျက်ဆီးခြင်းအရှင်က ပြောဆိုသည်။
"အော်...."
"ကောင်းကင်ဘုံက ငါ့ကို တကယ်ကြီးကူညီနေတာပဲ"
ထိုစကားကိုကြားချိန်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"မင်း ဘာကိုဆိုလိုတာလဲ"
ဖျက်ဆီးခြင်းအရှင်က အလျင်စလို မေးမြန်းသည်။
"ရှေးဟောင်းအချိန်ကာလတွေကနေစပြီးတော့ အခုအချိန်အထိ ဝူထျန်းအင်ပါယာက ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ လက်အောက်ခံနယ်မြေတစ်ခုပဲ...အဲ့ဒီဝူထျန်းကို သိမ်းသွင်းဖို့ဆိုတာ တော်ဝင်အမိန့်တော်တစ်ခုထုတ်ပြန်လိုက်ရုံနဲ့ အောင်မြင်သွားနိုင်တဲ့ ကိစ္စလေးတစ်ခုပဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ရယ်မောရင်း ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် ဖျက်ဆီးခြင်းအရှင်၏မျက်လုံးများသည်လည်း တောက်ပသွားသည်။
ဤကဲ့သို့ ကံကြမ္မာကောင်းကြီးတစ်ခုရှိနေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
"ဒါဆိုရင် ငါတို့ နှောင့်နှေးကြန့်ကြာနေလို့မဖြစ်ဘူး...အဲ့ဒီဝူထျန်းဆိုတဲ့ကောင်ကို ဒီနေရာဆီ အမြန်ဆုံးလာခဲ့ဖို့ အမိန့်ထုတ်ပြန်ရမယ်...ငါတို့က သူ့ကိုထိန်းချုပ်နိုင်ပြီးတော့ သူက ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ လူတစ်ယောက်ဖြစ်လာတာနဲ့ ကံကြမ္မာအလင်းတိုင်က ဖရိုဖရဲအရောင်အသွေးတွေ အလိုအလျောက် မြင့်တက်လာလိမ့်မယ်"
ဖျက်ဆီးခြင်းအရှင်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"အရမ်းကောင်းတယ်...ဒီကိစ္စကိုကိုင်တွယ်ဖို့ ငါရဲ့လက်အောက်ငယ်သားတွေကို ချက်ချင်းအမိန့်ပေးလိုက်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အမိန့်များကို ချက်ချင်းထုတ်ပြန်ကာ သူ့၏လူများကို ဝူထျန်းအင်ပါယာထံသို့ စေလွှတ်လိုက်သည်။
ထိုလူများ ထွက်ခွာသွားသည်ကိုကြည့်ပြီး ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် အကြည့်ခြင်းဖလှယ်ကာ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။
ထိုနောက် သူတို့သည် စတင်၍စောင့်ဆိုင်းလိုက်ကြ၏။
ဝူထျန်း ရောက်ရှိမလာမည်ကို သူတို့ စိုးရိမ်ပူပန်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဝူထျန်းအင်ပါယာသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ လက်အောက်ခံနယ်မြေတစ်ခုပင်။တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ ဆင့်ခေါ်ပါက လက်အောက်ခံနယ်မြေတစ်ခု၏ဧကရာဇ်ထံတွင် ရွေးချယ်စရာမရှိတော့ဘဲ လာရောက်ရပေမည်။
လက်အောက်ခံနယ်မြေများကို ထိန်းချုပ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မဟာအင်ပါယာကြီးတချို့သည် လက်အောက်ခံအင်ပါယာများ၏ကံကြမ္မာများအား အသုံးပြုကာ လက်အောက်ခံအမှတ်အသားများကို ခတ်နှိပ်ထားကြသည်။
လက်အောက်ခံအင်ပါယာတစ်ခုအတွင်း၌ ဧကရာဇ်အသစ်တစ်ပါး နန်းတက်လာသည်နှင့် ထိုလက်အောက်ခံအမှတ်အသားသည် ထိုဧကရာဇ်နန်းကျခြင်း သို့မဟုတ် သေဆုံးသွားသည့်အချိန်အထိ အလိုအလျောက်ခတ်နှိပ်ပြီးသား ဖြစ်ပေမည်။
ဤအမှတ်အသား၏တည်ရှိနေခြင်းကြောင့် တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် လက်အောက်ခံဧကရာဇ်များ၏ သေရေးရှင်ရေးကို အချိန်မရွေးထိန်းချုပ်နိုင်သည်။
ဤသည်ကြောင့် အခြေခံအားဖြင့် ပကတိနယ်မြေအတွင်းတွင် ပုန်ကန်မှုများ တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားခြင်းဖြစ်သည်။
ထိုကြောင့် ဝူထျန်းသည် သေဆုံးသွားခြင်း သို့မဟုတ် ဧကရာဇ်အဖြစ်မှနန်းကျသွားခြင်းတို့မရှိပါက သူ့၏တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ ပေးအပ်သော အမိန့်များကို မလိုက်နာဘဲနေ၍ရမည်မဟုတ်ချေ။
Chapter 534
ဝူထျန်းအင်ပါယာ...
နန်းတော်အတွင်း၌....
အဓိကထိုင်ခုံနေရာ၌ ဝူထျန်း ထိုင်နေလေ၏။
နန်းတော်၏ပြင်ပမှာနေ၍ နတ်မိမယ်တမျှ ချောမောလှပသော မိန်းကလေးခုနှစ်ယောက်ခန့် အတွင်းသို့ဝင်ရောက်လာသည်။
"ဧကရာဇ်ကို အရိုအသေပြုပါတယ်"
ခန်းမအတွင်းသို့ ဝင်လာပြီးနောက် မိန်းမပျိုတစ်စုသည် ဝူထျန်းကို ဒူးထောက်အရိုအသေပြုရန် ဟန်ပြင်လိုက်ကြသည်။
သို့ရာတွင် သူတို ဦးညွှတ်အရိုအသေပြုတော့မည့်အချိန်မှာပင် နူးညံညင်သာသော အားလှိုင်းတစ်ရပ်က သူတို့ကို ထူမပေးလေ၏။
"မင်းတို့က ငါ့အစ်ကိုကြီးနဲ့ တရင်းတနှီးနေခဲ့တာကြောင့်...မင်းတို့က သူ့ရဲ့မိန်းမတစ်ပိုင်းတွေဖြစ်သွားပြီ...ဒါကြောင့် မင်းတို့က ငါ့ကို အရိုအသေပြုဖိုမလိုအပ်ဘူး...ငါ ဒါကို မခံယူနိုင်ဘူး"
ဝူထျန်းက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"
မိန်းမပျိုများသည် ကျေးဇူးတင်ကြောင်း အလျှင်အမြန် ပြောဆိုလိုက်ကြသည်။
"ဒါ့ပြင် မင်းတို့က ကောင်းကောင်းမွန်မွန် အမှုတော်ထမ်းခဲ့တာကြောင့်...ငါ့ရဲ့အစ်ကိုကြီးက မင်းတို့ကို တုံပြန်တဲ့အနေနဲ့ ဖုန်မှုန့်အရွယ်အစားရှိတဲ့ အရိုးအစအနတွေကို သူ့ရဲ့ခန္ဓာကိုယ်ကနေ ခြစ်ထုတ်ပေးခဲ့တယ်"
"အဲ့ဒါတွေကိုယူပြီးတော့ ကောင်းကောင်းသန့်စင်လိုက်ပါ"
ထိုစကားကို ပြောဆိုရင်း....
ဝူထျန်းသည် သူ့၏လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းခုနစ်တန်းက မိန်းမပျိုလေးများ၏လက်များအတွင်းသို ကျရောက်သွားသည်။
"မှတ်ထားကြပါ...မင်းတို့က ဒါတွေကို ကောင်းကောင်းသန့်စင်ရမယ်...တကယ်လို့ ဒါတွေကို အောင်အောင်မြင်မြင် သန့်စင်နိုင်မယ်ဆိုရင် မင်းတို့ခုနစ်ယောက်လုံးက အထွတ်အထိပ်အရိုးခန္ဓာကိုယ်ကို ရရှိလိမ့်မယ်...အနာဂတ်မှာ မင်းတို့ရဲ့အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင်...
မိန်းကလေးများ၏မျက်နှာများပေါ်တွင် အလွန်အမင်း ပျော်ရွှင်သွားသောအရိပ်အယောင်များ ချက်ချင်းထင်ဟပ်လာသည်။
အထွတ်အထိပ် အရိုးခန္ဓာကိုယ်....
သူမတို့သည် အထွတ်အထိပ်အရိုးပိုင်ရှင်များ ဖြစ်လာလိမ့်မည်ဟု သူမတို့ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဥ်တွေးတောထားမိခြင်းမရှိချေ။
ဤသည်မှာ ဒဏ္ဍာရီလာ အထွတ်အထိပ်အရိုးပင်။
ဤကဲ့သို့ ကောင်းချီးတစ်ခုရရှိမည်ဟု သူမတို့ ထင်မှတ်ထားမိခြင်းမရှိပေ။
"ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"
မိန်းကလေးခုနစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ၍ဒူးထောက်လိုက်ကြ၏။
"ငါ ပြောပြီးပြီ...မင်းတို့က ငါ့ရှေ့မှာ ဒူးထောက်ဖို့ ဒါမှမဟုတ် ငါ့ကိုကျေးဇူးတင်စကားပြောဖို့ မလိုအပ်ဘူး"
ဝူထျန်းက သူ့၏စွမ်းအားဖြင့် မိန်းကလေးခုနှစ်ယောက်ကို ညင်သာစွာ မထူပေးလိုက်ကာ ပြောဆိုသည်။
"တကယ်လို့ မင်းတို့က ကျေးဇူးတင်ချင်တယ်ဆိုရင် ငါ့ရဲ့အစ်ကိုကြီးကိုပဲ ကျေးဇူးတင်ကြပါ"
"မင်းတို့တွေ ပြန်ရောက်သွားတဲ့အချိန်ကျရင် သီဆိုတာနဲ့ကခုန်တာကို ကောင်းကောင်းလေ့ကျင့်ထားရမယ်...မင်းတို့တွေက ငါ့ရဲ့အစ်ကိုကြီးကိုတွေ့ဖို့ နောက်တကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူ့ကိုပျော်ရွှင်သွားအောင် မင်းတို့ သေချာပေါက် လုပ်နိုင်ရမယ်...မင်းတို့ နားလည်ပြီလား"
"ဟုတ်ကဲ့"
မိန်းကလေးခုနစ်ယောက်သည် ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ကြကာ အရိုးအစအနများကို ဂရုတစိုက် သိမ်းဆည်းလိုက်ကြသည်။
မိန်းကလေးခုနှစ်ယောက် ဤကဲ့သို့ကောင်းချီးပေးမှုကို ရရှိသွားစဉ်တွင် နဘေး၌မတ်တပ်ရပ်နေသောလူနှစ်ယောက်၏မျက်နှာများထက်တွင် ခါးသည်းသောအပြုံးများ ထင်ဟပ်လာကာ နောင်တရခြင်းကြောင့် သူတို့၏အူများပင်အစိမ်းရောင်သို့ ပြောင်းလဲနေလေပြီ။
ဝူထျန်းသည် သူတို့၏မျက်နှာအမူအယာများကို သတိပြုမိသဖြင့် သူ့၏ခေါင်းကို အနည်းငယ်တိမ်းစောင့်ကြည့်လိုက်သည်။သူ့၏အကြည့်တွင် သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
ဤလူနှစ်ယောက်သည် မြိုမျှော်စင်၌ သူ ခေါင်းဖြတ်ကွပ်မျက်ခိုင်းခဲ့သော အမတ်ကြီးနှစ်ယောက်ပင်။
သူသည် သူတို့အား အမှန်တကယ်သတ်ဖြတ်ခဲ့ခြင်း မရှိချေ။
ခေါင်းဖြတ်ခြင်းသည် အသေးစားပြစ်ဒဏ်တစ်ခုသာဖြစ်ပြီး ထိုအချိန်တုန်းက စံနမူနာပြဖြစ်ရန်အတွက် စေခိုင်းခဲ့ခြင်းဖြစ်သည်။
ထိုပြင် တချို့သောကျင့်ကြံဆင့်နယ်ပယ်များသို့အရောက်တွင် ခေါင်းဖြတ်ခြင်းကြောင့် သေဆုံးသွားခြင်းမရှိဘဲ သူတို့၏ကျင့်ကြံဆင့်စွမ်းအားတချို့သာ ဆုံးရှုံးနိုင်သည်။
"အစကတော့ အင်ပါယာအပေါ်မှာ မင်းတို့ရဲ့သစ္စာစောင့်သိမှုကို ငါ မှတ်ထားတာကြောင့်...ဒီကံကြမ္မာကောင်းကြီးကို မင်းတို့နဲ့အတူ အရင်ဆုံးဝေမျှချင်ခဲ့တယ်...ဒါပေမဲ့ အဲ့ဒီအစား မင်းတို့က ငါ့ရဲ့အမိန့်ကို ဖီဆန်ပြီးတော့ ဆရာကြီးနဲ့အစ်ကိုကြီးတို့ကို အထင်အမြင်သေးခဲ့တယ်"
"အခုအချိန်မှာ မင်းတို့က ခါးသည်းတဲ့အရသာကို မြည်းစမ်းကြည့်ပြီးပြီလို့ ငါ ထင်တယ်"
"အခုချိန်ကနေစပြီးတော့ မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြတော့"
တည်ငြိမ်သောအသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ သူတို့နှစ်ယောက်ထံတွင် နောင်တများနှင့်ပြည့်နှက်နေကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
အထွတ်အထိပ်အရိုး....
ဤသည်မှာ အထွတ်အထိပ်အရိုးပင်။
အကယ်၍ ထိုအချိန်တုန်းက ဤကဲ့သို့ကောင်းချီးပေးမှုမျိုး ရရှိမည်ကို သူတို့ ကြိုသိခဲ့ပါက မည်သည့်ကိစ္စမျိုး ရှိနေပါစေ သူတို့၏သမီးများကို စေလွှတ်မည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ယခုအချိန်၌ တစ်စုံတစ်ခုပြောဆိုရန် အလွန်နောက်ကျသွားလေပြီ။
တခြားအမတ်ကြီးများ၏သမီးများသည် အနာဂတ်တွင် အကန့်အသတ်မဲ့သော အောင်မြင်မှုများရရှိရန် မျှော်လင့်နိုင်ပေမည်။ထိုမိန်းကလေးခုနစ်ယောက်အကြား၌ တချို့သည် နောင်အနာဂတ်၌ ဧကရီများပင် ဖြစ်လာနိုင်သည်။
သူတို့၏သမီးများသည် အကယ်၍ မူလကထူးချွန်သူများဖြစ်လျှင်ပင် ယခုအချိန်၌ အလွန်အမင်းနိမ့်ကျသွားပြီဟု ယူဆနိုင်သည်။
အနာဂတ်၌ သူမတို့၏မျိုးဆက်တွင်...
ဤကောင်းချီးပေးမှုကို ရရှိထားသော မိန်းကလေးများထက် နိမ့်ကျသွားမည်မှာ သေချာပေါက်ပင်။
အမတ်ကြီးနှစ်ယောက်၏ မျက်နှာများပေါ်တွင် စိတ်ပျက်လက်ပျက် အမူအယာများ ထင်ဟပ်လာကာ ချက်ချင်းပင် နှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ရင့်ရော်သွားလေ၏။
နောက်ရက်အနည်းငယ်အတောအတွင်း၌ ဝူထျန်းသည် အင်ပါယာ၏အရေးကိစ္စများကို စတင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သည်။
အကြောင်းအရင်းမှာ သူသည် ဆရာကြီးရီဖုန်း၏သင်ပြပေးမှုများကို မည်သည့်အချိန်မျှမေ့လျော့တော့မည် မဟုတ်သောကြောင့်ပင်။
ပို၍မြင့်မားသောရည်မှန်းချက်....
ပို၍မြင့်မားသောအမြင်....
လောကကြီးအတွင်း၌နံပါတ်တစ်...
"အမှန်ပဲ...ငါက လောကကြီးအတွင်းမှာ နံပါတ်တစ်ထိပ်သီးတည်ရှိမှုကြီး ဖြစ်ချင်တယ်"
"တကယ်လို့ ငါက နံပါတ်တစ်နေရာကို လိုချင်ရင် ပကတိနယ်မြေတစ်ခုလုံးရဲ့ ဧကရာဇ်နေရာကို သိမ်းပိုက်နိုင်ဖို လိုအပ်တယ်...ဒီသေးငယ်တဲ့ ဝူထျန်းအင်ပါယာက ဘာမှ အရေးမပါဘူး"
"ဒါပေမဲ့ ငါ နန်းမစွန့်သေးခင်မှာ ဝူထျန်းအင်ပါယာအတွက် ပိုပြီးကြိုးစားဆောင်ရွက်ရမယ်"
ဝူထျန်းသည် နဂါးပုလ္လင်ပေါ်၌ထိုင်ကာ သူ့၏လက်ပေါ်မေးထောက်ရင်း စဉ်းစားတွေးတောနေသည်။
သူသည် ယခင်က ဖုန်းယွီအင်ပါယာနှင့် ယှဉ်ပြိုင်ခဲ့သောနယ်မြေကို သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုသိုပြုလုပ်မှသာ ဝူထျန်းအင်ပါယာသည် ရွှေကဲ့သို့ ကျစ်လစ်ခိုင်မာလာပေမည်။
သိုရာတွင် ဖုန်းယွီအင်ပါယာသည် အားနည်းခြင်းမရှိသဖြင့် သူ လွယ်လင့်တကူ ဖြုတ်ချနိုင်မည်မဟုတ်ချေ။
"ကြည့်ရတာတော့ ငါက ဆရာကြီးရဲ့အကူအညီကို လိုအပ်တဲ့ပုံပဲ"
ထိုကြောင့် ဝူထျန်းသည် အသံပေးပိုခြင်းကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။
သို့ရာတွင် ဒုတိယအကြိမ်တွေးတောပြီးနောက် ဆရာကြီးကို ဤကဲ့သို့ အသေးအမွှားကိစ္စတစ်ခုဖြင့် သူ နှောင့်ယှက်ရန်မှာ သင့်တော်မည့်ပုံမရချေ။
"ငါက အစ်ကိုကြီးကို အသိပေးတာပိုကောင်းလိမ့်မယ်"
အသံပေးပိုခြင်းကျောက်စိမ်းပြား လင်းလက်တောက်ပသွားသည်။
လုပမ်ဝေ၏အသံသည် တခြားတစ်ဖက်မှ ထွက်ပေါ်လာပေ၏။
"ဟေ့ ကြက်ပေါက်လေး..မင်းရဲ့အစ်ကိုကြီး ကူညီပေးဖို့ကို မင်း လိုအပ်နေတာလား"
"အစ်ကိုကြီး အဲ့ဒါက အမှန်ပဲ...ကြက်ပေါက်လေးက မင်း ဒီနေရာကိုလာပြီးတော့ နည်းနည်းလောက် ယောင်တောင်တောင်လုပ်ပေးဖို့ကို မျှော်လင့်မိတယ်"
ဝူထျန်းသည် နယ်မြေနှင့်ပတ်သက်ပြီး လုပမ်ဝေကိုပြောဆိုကာ သူ့၏ကူညီထောက်ပံ့မှုကိုရရှိရန် မျှော်လင့်နေမိသည်။
"ကြက်ပေါက်လေး...မင်းမှာ အမြင်မရှိဘူးလို့ ဆရာကြီးကပြောတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီလိုအသေးအမွှားကိစ္စလေးအတွက်နဲ့ မင်းက ငါ့ကို အနှောင့်အယှက်ပေးရလား"
လုပမ်ဝေ၏ကြိမ်းမောင်းလိုက်သောအသံက ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသည်။
ဤသည်မှာ ဝူထျန်းကို အလွန်အမင်း အရှက်ရသွားသကဲ့သို့ ခံစားရစေသည်။
"ကောင်းပြီ ကောင်းပြီလေ...မင်းရဲ့ ဝက်ဝံနက်အစ်ကိုလာပြီးတော့ ဆော့ကစားပေးလိမ့်မယ်... မင်း ခဏစောင့်နေစမ်း...ဒါက မကြာခင်မှာ အဆုံးသတ်သွားလိမ့်မယ်"
ထိုနောက် လုပမ်ဝေသည် ဝက်ဝံနက်နှင့် တိုင်ပင်ဆွေးနွေးနေသော တိုးညှင်းသည့်အသံများကို တခြားတစ်ဖက်မှ ကြားနေရသည်။
ထိုနောက် လုပမ်ဝေက တည်ငြိမ်စွာပြောဆိုသည်။
"အဲ့ဒီနယ်မြေကို သိမ်းပိုက်ဖို့ အဆင်သင့်ပြင်ဆင်ထားလိုက်တော့"
ထိုစကားကိုကြားချိန်တွင်....
ဝူထျန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။
သို့ရာတွင် သူ ကျေးဇူးတင်စကားမပြောဆိုရသေးမီမှာပင် အဝေးတစ်နေရာမှလာသောကြီးမားသော ရုန်းရင်းဆန်ခတ်နိုင်မှုကြီးတစ်ခုကို ခံစားမိသည်။
သူသည် အလွန်လျင်မြန်စွာ ပျံသန်းသွားကာ တော်ဝင်မြိုတော်အတွင်းရှိ အမြင့်ဆုံးတောင်ထိပ်ပေါ်သို ရောက်ရှိသွားသည်။
သူသည် စူးရှသောမျက်လုံးတစ်စုံဖြင့် အဝေးသို ကြည့်လိုက်မိစဉ်တွင်....
အဝေးတစ်နေရာရှိ မိုးကုပ်စက်ဝိုင်းအတွင်း၌ ကြီးမားသောတင်ပါးကြီးတစ်ဖက် ထွက်ပေါ်လာကာ မြေပြင်ပေါ်သို ပြင်းပြင်းထန်ထန် ဖင်ထိုင်ချလိုက်သည်ကို သူ တွေ့မြင်လိုက်ရသည်။
ဘုန်း.....
မြေပြင်တပြင်လုံး တုန်ခါသွားကာ...
ထိုနေရာနှင့် မိုင်ထောင်ချီဝေးကွာသော တော်ဝင်မြိုတော်အတွင်း၌ မြေငလျင်လိုင်းဂယက်များ ထွက်ပေါ်လာခဲ့သည်။
ဝူထျန်းသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေမိသည်။
"အစ်ကိုကြီး...ဒါက အရမ်းမြန်ပြီးတော့ အရမ်းကြောက်ဖိုကောင်းတာပဲ"
"ဒါက တော်တော်လေး ကြောက်ဖိုကောင်းတဲ့ ဆော့ကစားမှုတစ်ခုပဲ"
သူ့၏စိတ်နှလုံးသားအတွင်း၌ ကျေးဇူးတင်မှုကိုတိတ်တဆိတ်ခံစားရင်း ဝူထျန်းသည် ထိုနယ်မြေကိုသိမ်းပိုက်ရန်အတွက် စစ်သားများကို စေလွှတ်လိုက်တော့သည်။
ထိုနယ်မြေကို အင်အားစိုက်ထုတ်မှုကင်းမဲ့စွာဖြင့် သိမ်းပိုက်နိုင်ပြီးနောက် ဝူထျန်းသည် နောက်ဆုံး၌ ကိစ္စများအားလုံးကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ထိုကြောင့်....
နေ့ဝက်မပြည့်မီမှာပင် သတင်းများသည် ဝူထျန်းအင်ပါယာတစ်ခုလုံးအနှံ ပျံ့နှံသွားခဲ့သည်။
အင်ပါယာတစ်ခုလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။
ဧကရာဇ်ဝူထျန်းသည် သူ့၏သဘောဆန္ဒနှင့် နန်းစွန့်ခဲ့လေ၏။
ဝူထျန်းအင်ပါယာ၏တော်ဝင်မြိုတော် ဂိတ်တံခါးရှေ့သို လူရိပ်နှစ်ရိပ် ပျံသန်းလာသည်။ထိုလူနှစ်ယောက်သည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှနေ၍ တော်ဝင်အမိန့်တော်ကိုပေးပိုရန် စေလွှတ်လိုက်သော လူနှစ်ယောက်ပင်။
"ငါတို့ နောက်ဆုံးတော့ ရောက်လာပြီ"
"အမှန်ပဲ....ဝူထျန်းက တော်ဝင်အမိန့်တော်ကို ငြင်းဆန်ဝံ့မှာ မဟုတ်ဘူး"
"အင်မော်တယ်အလင်းတိုင်ရဲ့ ကံကြမ္မာစွမ်းအားတွေ ပိုပြီးမြင့်တက်လာတော့မယ်"
သူတို့နှစ်ယောက်သည် တော်ဝင်မြိုတော်အတွင်းသို့ခြေမချမီ အပြုံးနှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သို့ရာတွင်....
သူတို့သည် တော်ဝင်မြိုတော်အတွင်းသို ဝင်ရောက်ပြီးနောက် မကြာမီမှာပင် ဧကရာဇ်ဝူထျန်း နန်းစွန့်သွားသောသတင်းများကို ရုတ်တရက် ကြားလိုက်ရသည်။
သူတို့နှစ်ယောက်သည်...
လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။
Chapter 535
လူနှစ်ယောက်သည် သစ်သားကြက်ရုပ်များအလား ကြက်သေသေသွားသည်။
အကယ်၍ ဝူထျန်းသည် နန်းစွန့်လိုက်ပါက သူတို့၏လက်အတွင်းရှိ တော်ဝင်အမိန့်တော်ကို မည်သူ့ထံ သွားရောက်၍ ပို့ဆောင်ရမည်နည်း။
မည်သို့ပင်ဆိုစေကာမူ....
သူတို့ ရင်ဆိုင်ဖြေရှင်းရမည့်လူသည် ဝူထျန်းပင်။
တိမ်တိုက်အထွတ်အထိပ် အင်ပါယာ၌....
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏နံဘေး၌ ပလ္လင်ခွေထိုင်နေလေ၏။
ထိုနောက် သူတို့နှစ်ယောက်သား မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။
"တကယ်လို့ ငါ ခန့်မှန်းတာမှန်တယ်ဆိုရင်...အခုအချိန်မှာ အဲ့ဒီလူနှစ်ယောက်က ဝူထျန်းအင်ပါယာကို ရောက်သွားလောက်ပြီမဟုတ်လား"
ဖျက်ဆီးခြင်းအရှင်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"အမှန်ပဲ"
"တကယ်လို့ မမျှော်လင့်ထားတဲ့ ဘာကိစ္စမှ မဖြစ်ဘူးဆိုရင်....အခုချိန်မှာ တော်ဝင်အမိန့်တော်က ဝူထျန်းရဲ့လက်ထဲကို ရောက်နေလောက်ပြီ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ပြောဆိုသည်။
"အဲ့ဒီဘက်ကနေ သတင်းတစ်ခု မကြာခင်ရောက်လာတော့မယ်လို့ ငါ ခန့်မှန်းသိတယ်"
သူ့၏အသံ ကျရောက်သွားသောအချိန်မှာပင်....
ကျောက်စိမ်းတံဆိပ်ပြား လင်းလက်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်လုံးများ တောက်ပသွားကာ သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"ကြည့်လိုက်အုံး...ငါ သိသားပဲ...ငါ အဲ့ဒီကိစ္စကို ပြောနေတဲ့အချိန်မှာပဲ...သတင်းစကားက ရောက်လာပြီ"
ထိုစကားကိုကြားချိန်တွင်....
ဖျက်ဆီးခြင်းအရှင်သည်လည်း ဝမ်းသာပျော်ရွှင်သွားပေ၏။
သို့ရာတွင်...
သူတို့နှစ်ယောက် ဝမ်းသာပျော်ရွှင်နေချိန်မှာပင် ကျောက်စိမ်းပြားထံမှ သတင်းစကားကြောင့် သူတို့နှစ်ယောက်သည် သစ်သားကြက်ရုပ်များအလား ကြက်သေသေသွားသည်။
ဝူထျန်းသည် နန်းစွန့်သွားလေပြီ။
ထိုသတင်းကြောင့် သူတို့နှစ်ယောက်သား အသက်ရှုမွန်းကြပ်သွားကာ သွေးများအန်ထုတ်လိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ...အတိအကျ ဘာတွေဖြစ်သွားခဲ့တာလဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်နှာ မည်းမှောင်သွားကာ သူက အော်ဟစ်လိုက်သည်။
"အဲ့ဒီဝူထျန်းအင်ပါယာဆိုတာ မူလက သူ့ဟာသူ နာမည်တစ်ခုပေးထားပြီးတော့ ဖရိုဖရဲဆန်တဲ့ အင်ပါယာငယ်လေးတစ်ခုပဲ....ပြီးတော့ ဝူထျန်း နန်းတက်လာတာ အချိန်သိပ်မကြာသေးဘူး...ဘယ်လိုလုပ်ပြီးတော့ သူက ရုတ်တရက်ကြီး နန်းစွန့်သွားတာလဲ"
သူ့၏နံဘေးရှိ ဖျက်ဆီးခြင်းအရှင်သည်လည်း ဇဝေဇဝါ ဖြစ်နေလေ၏။
ဝူထျန်းသည် အင်ပါယာတစ်ခုကို တည်ထောင်ခဲ့သည်မှာ ကြာမြင့်ခြင်းမရှိသေးသော်လည်း သူသည် မည်သည်ကြောင့် လွယ်လင့်တကူ လက်လွှတ်လိုက်သနည်း...
ဤသည်မှာ အရူးတစ်ယောက်၏လုပ်ရပ်အလားပင်။
"ဟမ့်..."
"သူ နန်းစွန့်လိုက်ရင်တောင် ဘာဖြစ်လဲ...သူက ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ လက်အောက်ခံ ဝူထျန်းအင်ပါယာထဲက လူတစ်ယောက် ဖြစ်နေတုန်းပဲ ...ငါ့ရဲ့တော်ဝင်အမိန့်တော်ကို ဘာနှောင့်နှေးမှုမှမရှိဘဲ ချက်ချင်းပို့လိုက်စမ်း"
မကြာမီမှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အဖြစ်မှန်ကိုလက်ခံလိုက်သည်။ထိုနောက် သူသည် အတွေးတစ်ခုရသွားပြီး ချက်ချင်းဆုံးဖြတ်ချက်ချကာ ထိုလူနှစ်ယောက်ထံသို့ အမိန့်ပေးလိုက်သည်။
"ဒါပေမယ့် အရှင်ဧကရာဇ်....တကယ်လို့ ဝူထျန်းက ဧကရာဇ်ဖြစ်နေတုန်းပဲဆိုရင်...ငါတို့က သူ့ကို လက်အောက်ခံအမှတ်အသားနဲ့ ထိန်းချုပ်လို့ရတယ်...ဒါပေမယ့် အခုချိန်မှာ သူက ဧကရာဇ်မဟုတ်တော့တာကြောင့် အဲ့ဒီအမှတ်အသားက အလိုအလျောက် ပျောက်ကွယ်သွားပြီ....တကယ်လို့ သူက တော်ဝင်အမိန့်တော်ကို မလိုက်နာဘူးဆိုရင်တောင်....ကျွန်တော်တို့မှာ သူ့ကို လွှမ်းမိုးနိုင်တဲ့စွမ်းအားမျိုးမရှိဘူး"
သူတို့အနက်မှတစ်ယောက်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ဟမ့်...လက်အောက်ခံအမှတ်အသား ပျောက်ကွယ်သွားပြီဆိုရင်တောင် ဘာဖြစ်လဲ...ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာက အမှတ်အသားမရှိတော့တာနဲ့ပဲ နိမ့်ကျတဲ့ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတော့ဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"မင်းတို့က ငါ့ရဲ့အမိန့်ကိုနာခံပြီးတော့ တော်ဝင်အမိန့်တော်ကို သူ့ဆီ အရင်ဆုံးသွားပေးလိုက်စမ်း...တကယ်လို့ သူ ရောက်မလာဘူးဆိုရင် တော်ဝင်အမိန့်တော်ကိုဖီဆန်မှုနဲ့ သေဒဏ်အပြစ်ပေးခံရမယ်...သူ ထွက်ပြေးမယ်ဆိုရင်တောင် လောကကြီးရဲ့ဘယ်နေရာမှာပဲရောက်နေနေ ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာက သူ့ရဲ့အသက်ကို အလွယ်တကူယူနိုင်တယ်လို့ သူ့ကို ပြောလိုက်စမ်း"
"ဟုတ်ကဲ့"
ထိုစကားကို ကြားချိန်တွင်....
အင်ပါယာသို့စေလွှတ်ခြင်း ခံလိုက်ရသူနှစ်ယောက်ကို ရဲဆေးတင်ပေးလိုက်သည့်အလားပင်။
သူတို့ပြန်တွေးကြည့်ပါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာနှင့်နှိင်းယှဉ်လျှင် သေးငယ်သော ဝူထျန်းအင်ပါယာကို မည်သည်ကြောင့် အရေးစိုက်ရမည်နည်း....
ဤဝူထျန်းဆိုသောကောင်သည်....
တော်ဝင်အမိန့်တော်ကို လက်ခံရန်အတွက် မည်သည့်သတ္တိမျိုးဖြင့် သူ ငြင်းဆန်ဝံ့မည်နည်း။
ထိုနောက် သံတမန်နှစ်ယောက်သည် မောက်မာထောင်လွှားစွာဖြင့် ဝူထျန်းအင်ပါယာ၏တော်ဝင်နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
တော်ဝင်နန်းတော်၏မဟာခန်းမအတွင်း၌
ဝူထျန်းသည် နန်းစွန့်လိုက်သော်လည်း သူသည် အချိန်အတိုင်းအတာတစ်ခုထိ နန်းတွင်းကိုစီမံအုပ်ချုပ်သည့်တာဝန်ကို ယူထားဆဲပင်။
သံတမန်နှစ်ယောက် ရောက်လာသည်ကိုကြည့်ပြီး ဝူထျန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို အစဉ်အမြဲ မနှစ်သက်ခဲ့ချေ။
သာမာန်အားဖြင့် သူတို့၏အင်ပါယာကဲ့သို့လက်အောက်ခံအင်ပါယာများ ရုန့်ရင်းဆန်ခတ်တိုက်ခိုက်နေစဉ်တွင် အထက်ရှိမဟာအင်ပါယာကြီးသည် သူတို့ကို ကြည့်ရှုခြင်းမပြုဘဲ သူတို့၏သေရေးရှင်ရေးကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။
သူတို့ထံတွင် အင်အားတချိုစုဆောင်းမှီသောအချိန်သို့ရောက်မှသာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် ကြီးမားသောအရင်းအမြစ်များကို ပဏ္ဍာဆက်သရန်အတွက် တောင်းဆိုလေ၏။
"ဒါဆိုရင် မင်းက ဝူထျန်းလား"
သူတို့နှစ်ယောက်သည် မဟာခန်းမအတွင်း၌မတ်တတ်ရပ်ကာ ဝူထျန်းကိုမော့ကြည့်ပြီး ကြီးကျယ်ခမ်းနားသောအသံဖြင့် ပြောဆိုလိုက်သည်။
"ဒါက ငါပဲ"
ဝူထျန်းက ခေါင်းညိတ်ပြလေသည်။
"ငါတို့နှစ်ယောက် ဒီနေရာကို ရောက်လာတာက တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ရဲ့ အမိန့်အရတော်ဝင်အမိန့်တော်ကို မင်းဆီလာပိုတာပဲ"
"ဝူထျန်းရဲ့ဉာဏ်ပညာနဲ့ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတဲ့အနေနဲ့ ဝူထျန်းအင်ပါယာအပေါ် ကောင်းကျိုးတွေ ပိုရဖို့အတွက် သတ်မှတ်ထားတဲ့နေ့မှာ တော်ဝင်နန်းတွင်းဆီလာဖို့ ဝူထျန်းကိုအမိန့်ပေးလိုက်တယ်"
တော်ဝင်အမိန့်တော်တွင် ပါဝင်သောအကြောင်းအရာသည် အလွန်တိုတောင်းပြီး ကျစ်လစ်ပြည့်စုံသည်။
ထိုနောက် အမိန့်တော်ကိုဖတ်သောလူသည် သူ့၏ခေါင်းကိုမော့ကာ ပြောဆိုသည်။
"တော်ဝင်အမိန့်တော်မှာပါတဲ့ အကြောင်းအရာတွေအပြင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ကနေ ပေးလိုက်တဲ့ နှုတ်ထွက်အမိန့်ရှိနေတယ်"
"ပြောစမ်း"
ဝူထျန်းက ပြောဆိုလိုက်၏။
"တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ရဲ့ ဆိုလိုရင်းက သူ မင်းကို အများကြီးသဘောကျတယ်...မင်းကို သူနဲ့တွေ့ဆုံဖို ဆင့်ခေါ်ရတဲ့အကြောင်းအရင်းက မင်းကို တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ဘုရင်ဘွဲ့ကို ခန့်အပ်ချင်လိုပဲ"
"ဘုရင်ဘွဲ့လား..."
ဝူထျန်း၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ဒါက အမှန်ပဲ...ဘုရင်ဘွဲ့..."
"ဒီဘုရင်ဘွဲ့ရဲ့အရေးပါပုံကို မင်း သိတယ် မဟုတ်လား"
"တိမ်တိုက်အထွတ်အထိပ်အင်ပါယာတစ်ခုလုံးကို ကြည့်ရင်တောင် ဘုရင်ဘွဲ့ကို ခန့်အပ်ခံထားရတာဆိုလို့ လူနှစ်ယောက်ပဲ ရှိတယ်...ပြီးတော့ အဲ့ဒီလူနှစ်ယောက်က လက်အောက်ခံအင်ပါယာတွေရဲ့အစွမ်းထက်တဲ့ဧကရာဇ်တွေပဲ"
"အစတုန်းကတော့ ဘယ်လိုကိစ္စမျိုးပဲရှိနေနေ ဒါက မင်းတို့ဝူထျန်းအင်ပါယာရဲ့ အလှည့်မဟုတ်ဘူး...ဒါပေမဲ့ အရှင်ဧကရာဇ်က မင်းကို လေးစားတာကြောင့် ဒီတော်ဝင်အမိန့်တော်ကို ထုတ်ပြန်ကြေငြာလိုက်တာပဲ"
"ဒါကြောင့် မင်းက မြန်မြန်လေးဒူးထောက်ပြီး အရှင်ဧကရာဇ်ရဲ့ချီးမြှောက်မှုကို ကျေးဇူးတင်သင့်တယ်မဟုတ်လား"
သို့ရာတွင်....
ဝူထျန်းက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
အကြောင်းအရင်းမှာ သူသည် တစ်စုံတစ်ခုမူမမှန်သည်ကို အာရုံရနေသောကြောင့်ပင်။
အတိတ်တွင် ဘုရင်ဘွဲ့ကို ချီးမြှင့်ခြင်း၏ရည်ရွယ်ချက်မှာ မည်သို့ ဖြစ်သနည်း....
ဤသည်မှာ လက်အောက်ခံအင်ပါယာများကို ပို၍ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်ထက် မပိုချေ။ထိုကြောင့် ဘုရင်တစ်ပါးကို ခန့်အပ်ရန်အတွက် လိုအပ်ချက်အနေဖြင့် အုပ်ချုပ်သူဧကရာဇ်တစ်ယောက်ဖြစ်နေရန် လိုအပ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဧကရာဇ်တစ်ပါးမဟုတ်ပါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှနေ၍ ဘုရင်ဘွဲ့ကိုခန့်အပ်သည့်အတွက် မည်ကဲ့သို့ တန်ဖိုးရှိမည်နည်း။
သို့ရာတွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ဤစည်းမျဉ်းကို သူ့အတွက်ဖြင့် ချိုးဖျက်ခဲ့သည်။
အကြောင်းအရင်းမှာ မည်သို့ ရှိနေသနည်း..
မည်သို့ပင်ဆိုစေကာမူ သူ ဝူထျန်းအင်ပါယာအတွင်း၌ အောင်မြင်ပြီးမြောက်ခဲ့သော အရာရာတိုင်းသည် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏လေးစားမှုကို အမှန်တကယ်ရရှိနိုင်မည်ဟု သူ မယုံကြည်ချေ။
ဤကိစ္စများအကြားတွင် အကြံအစည်တချို့ ရှိနေနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဤလောကကြီးအတွင်းတွင် အလကားစားရသောနေ့လယ်စာဟူ၍ မရှိချေ။
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် တစ်စုံတစ်ခုကို အကွက်ချကြံစည်နေခြင်းဖြစ်ပေမည်။
ထိုပြင် သူ ဝူထျန်းသည် ဘုရင်တစ်ပါးဖြစ်လာခြင်းအတွက် အနည်းငယ်မျှ ပျော်ရွှင်မည်မဟုတ်ချေ။
သူသည် ဝူထျန်းဧကရာဇ်ဟူသောနေရာမှ နှုတ်ထွက်ခဲ့ပြီးလေပြီ။ထိုကြောင့် သူသည် မည်သည့်အခွင့်အာဏာမျှမရှိသော အသုံးမဝင်သည့်ဘုရင်တစ်ပါးဖြစ်ရန် မည်သည်ကြောင့် သွားရမည်နည်း။
သောက်ရေးမပါသောနေရာအား သူ လက်ခံနိုင်ခြင်းမရှိချေ။
အကယ်၍ ဆရာကြီးသည် သူ အလွန်အမြင်ကျဥ်းမြောင်းသည်ကို သိရှိသွားပါက အလွန်အမင်းစိတ်ပျက်သွားပေမည်။
ထိုကြာင့် ဝူထျန်းသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ ပြောဆိုလိုက်၏။
"ငါက ဧကရာဇ်တစ်ပါး ဒါမှမဟုတ် ဘုရင်တစ်ပါးဖြစ်ဖို့ကို စိတ်မဝင်စားဘူး...ဒါကြောင့် ငါက တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ရဲ့ကြင်နာမှုကို အသိအမှတ်ပြုပေမယ့် ကျေးဇူးပြုပြီးတော့ မင်းတို ပြန်ကြပါ"
ထိုစကားကိုကြားချိန်တွင်...
သံတမန်နှစ်ယောက်၏မျက်ခုံးများ မြင့်တက်သွားသည်။
သူတို့၏မျက်နှာများသည် သိသိသာသာ သုန်မှုန်သွားပေ၏။
"ဝူထျန်း....မင်း ဘာပြောလိုက်တယ်ဆိုတာ မင်းသိလား"
သူတို့နှစ်ယောက်သည် ပြင်းပြင်းထန်ထန် အော်ငေါက်ကာ အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"မင်းရဲ့စကားလုံးတွေက တော်ဝင်အမိန့်တော်ကိုသိသိသာသာ ဖီဆန်နေတာပဲ"
ဝူထျန်းသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သူသည် သံတမန်နှစ်ယောက်ကို သာမန်ကာလျှံကာကြည့်နေကာ သူ့၏ဆိုလိုရင်းသည် အလွန်သိသာထင်ရှားပေ၏။
ဤသည်မှာ သံတမန်နှစ်ယောက်ကို ဒေါသထွက်သွားစေသည်။
"ဒီကိစ္စရဲ့အကျိုးဆက်တွေကို မင်း သိလား"
"တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ရဲ့ သဘောထားကို ဆန့်ကျင်ဝံ့တာက အမြစ်ပြတ်သုတ်သင်ခံရတဲ့အထိ အပြစ်ဒဏ်ခံရနိုင်တယ်"
"မင်းတင်မကဘူး...မင်းရဲ့ဝူထျန်းအင်ပါယာတစ်ခုလုံး ကြီးမားတဲ့ထိုးနှက်ချက်တွေကို ခံစားရလိမ့်မယ်"
"မင်း ဒီကိစ္စကို သေချာတွေးကြည့်စမ်း ..အဲ့ဒီအကျိုးဆက်တွေကို မင်း ခံယူနိုင်မှာလား"
သူတို့နှစ်ယောက်ထံမှနေ၍ ရေခဲတမျှအေးစက်သောအသံများ ထွက်ပေါ်လာကာ သူတို့၏ခြိမ်းခြောက်နေမှုကို ဖုံးကွယ်ထား၍မရချေ။
ဤသည်ကြောင့် ဝူထျန်းက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။
သူ ဝူထျန်းသည် မည်သည့်အရာကိုမျှ ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။
သို့ရာတွင် သူသည် ဝူထျန်းအင်ပါယာတစ်ခုလုံး ငြိစွန်းပတ်သက်လာမည်ကို သိရှိသွားသောအချိန်၌ သူ့ထံ၌ စိုးရိမ်ကြောင့်ကြမှုများ ရှိလာသည်။
သူ မည်သည့်အရာကို ပြုလုပ်သင့်သနည်း...
ဝူထျန်းသည် အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။
ထိုကိစ္စကို စဉ်းစားတွေးတောပြီးနောက် သူသည် ဆရာကြီးထံသို့ ထပ်မံ၍ အကြံဉာဏ်တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။
သူသည် အသံပေးပိုခြင်းကျောက်စိမ်းပြားကိုတိတ်တဆိတ်ထုတ်ယူကာ ရီဖုန်းထံသို့ သတင်းစကားတစ်ခု ပေးပိုလိုက်သည်။
"သောက်ရေးမပါတဲ့ ခွေးကောင်"
"အဲ့ဒီရွှေပြားလေးပြားကိုခိုးသွားတာ မင်း မဟုတ်လား"
"ငါ မင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"
ယွင်ကျင်း၏အိမ်တော်အတွင်း၌ ရီဖုန်းသည် လုပမ်ဝေကို အမဲဖျက်နေစဉ်၌ သတင်းစကားကို လက်ခံရရှိခဲ့သည်။
ရီဖုန်းသည် ကျောက်စိမ်းပြားကို သာမန်ကာလျှံကာ ထုတ်ယူလိုက်၏။
ဤကျောက်စိမ်းပြားသည် သူ့၏အတိတ်ဘဝမှ မိုဘိုင်းဖုန်းနှင့်တူညီကာ ဤလောကကြီးအတွင်းတွင် အတော်အသင့်ချမ်းသာကြွယ်ဝသူများပင် အသုံးပြုနိုင်သော သာမန်ပစ္စည်းတစ်ခုဖြစ်သည်။
ထိုအကြောင်းကို တွေးတောကြည့်ပါက သူ့၏ကျောက်စိမ်းပြားသည် တစ်စုံတစ်ယောက်မှ သူ့အား လက်ဆောင်ပေးထားခဲ့ပုံရသည်။
သူ့အား မည်သူက ပေးခဲ့သည်ကိုမူ သူ မေ့လျော့သွားလေပြီ။
"ရှောင်ကျီး ဘာကိစ္စလဲ"
ရီဖုန်းက ကျောက်စိမ်းပြားကိုကောက်ယူကာ ပျင်းရိငြီးငွေ့စွာဖြင့် မေးမြန်းလိုက်၏။
"ဆရာကြီး...ငါ့မှာ အရေးကြီးတဲ့ရွေးချယ်မှုတွေ ရှိနေတာကြောင့် မင်းဆီကနေ အကြံဉာဏ်တောင်းခံတာပါ"
ဝူထျန်းက ရိုသေလေးစားစွာ ပြောဆိုသည်။
"အော်...အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ငါ မင်းကို အရင်က မပြောခဲ့ဘူးလား"
"အမြင်"
"အမြင်"
"အမြင်"
"အတိုချုပ်ပြောရရင် မင်း ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အချိန်မှာ ကြောက်ရွံတဲ့စိတ် မရှိရဘူး...ရဲရဲတင်းတင်း ရှေ့ဆက်ရမယ်"
"ကောင်းပြီလေ...အခုအချိန်မှာ ငါ အလုပ်များနေတယ်...မင်းနဲ့စကားဆက်ပြောဖို အချိန်မရှိတော့ဘူး...ဒါပဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ကျောက်စိမ်းပြားကို ပြန်လည်သိမ်းဆည်းကာ သူ့၏အင်္ကျီလက်များကို လိပ်တင်ပြီး လုပမ်ဝေကို ဆက်လက်၍အမဲဖျက်လိုက်သည်။
အသံမကြားရတော့သော ကျောက်စိမ်းပြားကိုကြည့်ပြီး နေရာမှာပင် ကြက်သေသေနေကာ ဆရာကြီး၏စကားများက သူ့၏စိတ်အတွင်း၌ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေသည်။
"ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ မကြောက်ရွံရဘူး...ရဲရဲတင်းတင်း ရှေ့ဆက်ရမယ်"
"ဆရာကြီးရဲ့စကားတွေက တစ်ခုခုကို ရည်ညွှန်းနေတဲ့ပုံရတယ်"
ဝူထျန်း၏မျက်လုံးများ မှေးစင်းသွားကာ ထိုစကားလုံးများအကြားမှနေ၍ ထိုးထွင်းသိမြင်မှုတချိုကို ရရှိသွားပုံပင်။
"အမြင်ကျယ်ရမယ်"
"ဆရာကြီးက ငါ့ကို အမြင်ကျယ်ဖို ထပ်ခါတလဲလဲ အလေးပေးပြောဆိုခဲ့တယ်"
"ဒါဆိုရင် တိမ်တိုက်အထွတ်အထိပ်အင်ပါယာထက် အမြင်ပိုကျယ်တာက ဘာလဲ"
ဝူထျန်းသည် တီးတိုးရေရွတ်နေရင်း သူ့၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။
သူ့၏စိတ်နှလုံးသားအတွင်း၌ ထိုးထွင်းသိမြင်မှုများ တဖန်ထပ်၍ ရရှိသွားလေပြီ။
ရှီး....
သူသည် သူ့၏သွားကြားမှတဆင့် လေအေးတစ်ချက် ရှိက်သွင်းလိုက်၏။
ဤသည်မှာ သူ့အပေါ်ဆရာကြီး၏မျှော်လင့်ချက်ပင်...ထိုအရာသည်အလွန်မြင့်မားပေ၏။