← Chapters

အခန်း (၅၃၆-၅၄၀)

Vol. 36 Ch. 536-540

အခန်း (၅၃၆-၅၄၀)

Vol. 36 Ch. 536-540

Chapter 536

ခြိမ်းခြောက်ခံရပြီးနောက် ဝူထျန်း တိတ်ဆိတ်ငြိမ်သက်နေသည်ကိုကြည့်ပြီး သံတမန်နှစ်ယောက်၏မျက်နှာများပေါ်တွင် အပြုံးများ ထင်ဟပ်လာသည်။

ကြည့်ရသည်မှာ ဝူထျန်းသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏စွမ်းအားကို ကြောက်ရွံနေသည့်ပုံပင်။

"အခုရော ဘယ်လိုလဲ"

"မင်း အခုအသိဝင်လာပြီမဟုတ်လား..."

"အခု မင်း စဥ်းစားဆုံးဖြတ်ပြီးတာနဲ့...ငါတို့နဲ့အတူ လိုက်ခဲ့စမ်း"

သူတို့နှစ်ယောက်၏ပါးစပ်ထောင့်များ မြင့်တက်သွားကာ သရော်တော်တော်ပြောဆိုသံများ ထွက်ပေါ်လာသည်။

သို့ရာတွင်...

သူတို့၏အသံများ အဆုံးမသတ်သေးမီမှာပင် တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ရပ်က လေဟာနယ်အတွင်းမှနေ၍ သူတို့၏ခေါင်းများထက်သို့ သက်ရောက်လာသည်။

ဤအချိန်အခိုက်အတန့်တွင်....

သူတို့နှစ်ယောက်သည် သူတို့၏နောက်ကျောများပေါ်၌ တောင်ကြီးတလုံးကို သယ်ဆောင်ထားသည့်အလား ခံစားလိုက်ရသည်။မြေပြင်ပေါ်ရှိ ကျောက်ပြားများအားလုံး ရုတ်တရက်ကွဲကြေသွားကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ဇော​ချွေးများ အဆက်မပြတ်ယိုစီးကျလာသည်။

သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်သောအချိန်တွင်....

ဝူထျန်းသည် မည်သည့်အရိပ်အယောင်မျှ မပြသဘဲ သူတို့အား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်ကို သူတို့ သိနားလည်သွားပေ၏။

သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ အကြီးအကျယ် ပျက်ယွင်းသွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ဝူထျန်း မင်း ဘာလုပ်တာလဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ကို တိုက်ခိုက်ဝံ့တာလဲ...ငါတိုကတိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ သံတမန်တွေ...မင်းက ရာထူးမြင့်မားတဲ့လူတွေကို အပြစ်ပြစ်ပြုဝံ့တာက မင်း အသက်ရှင်ရတာ ပင်ပန်းနေလိုလား"

"ဟမ့် သံတမန်တွေဆိုရင်ရော ငါက ဘာလုပ်ရမှာလဲ...မင်းတို့ကို သတ်ပစ်မယ်"

လေထုအတွင်း၌....

ဝူထျန်းထံမှနေ၍ မောက်မာထောင်လွှားစွာ ရယ်မောလိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"ဒါ့ပြင် ငါက မင်းတို့ကို သတ်ရုံတင်မကဘူး...နောင်အနာဂတ်မှာ ငါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ တော်ဝင်နန်းတော်အထိ လမ်းတလျှောက်လုံးကိုလည်း သတ်ဖြတ်ရလိမ့်မယ်"

"မင်း လုပ်ရဲလား"

သံတမန်နှစ်ယောက်သည် ပြူးကျယ်နေသောမျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ တုန်ရီနေသောလက်ညှိးများဖြင့် ဝူထျန်းကိုလက်ညှိးညွှန်ပြီး သူတို့၏အသံများတွင် ဒေါသများ ရောယှက်နေသည်။

"ငါ လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ မင်းတို့ မြင်ရလိမ့်မယ်"

မောက်မာထောင်လွှားစွာ ရယ်မောသံများအကြားမှနေ၍ ဝူထျန်း၏ကျစ်လစ်သိပ်သည်းသော လက်ဝါးပုံရိပ်ယောင်ကြီးသည် ထိုလူနှစ်ယောက်၏ခေါင်းများထက်သို့ တိုက်ရိုက်ကျရောက်သွားသည်။

ထိုနောက် မရေမတွက်နိုင်သော မျက်မြင်သက်သေများရှေ့တွင် သံတမန်နှစ်ယောက်သည် အသားပြားများဖြစ်သည်အထိ ရိုက်နှက်ခံရကာ သွေးအိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားပြီး နေရာမှာပင် ဆိုးဆိုးရွားရွား သေဆုံးသွားတော့သည်။

"အရှင်ဧကရာဇ်...."

ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

တော်ဝင်နန်းတွင်း၏ အရာရှိများဖြစ်ကြသော သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အရူးများမဟုတ်ချေ။တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ ပစ်ပေးလိုက်သော သံလွင်ခက်သည် ဆိုးရွားသောအရာဖြစ်နိုင်သည်ကို သူတို့အားလုံး ခန့်မှန်းမိပြီးဖြစ်သည်။

ဝူထျန်းအင်ပါယာအပေါ် သံတမန်နှစ်ယောက်၏ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ဒေါသထွက်သွားသော်လည်း ပြောဆိုနိုင်ခြင်းမရှိချေ။

သို့ရာတွင် သူတို့သည် မည်သည့်အရာအား တတ်နိုင်မည်နည်း....

တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ကိုယ်စားပြုသည့် သံတမန်များကို သူတို့ မည်သို့ပြုလုပ်နိုင်မည်နည်း....

သိုရာတွင် ဝူထျန်းသည် ဤသံတမန်နှစ်ယောက်ကို အမှန်တကယ် သတ်ဖြတ်ဝံ့မည်ဟု သူတို တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။

"အရှင်ဧကရာဇ်...ဒါက နည်းနည်းတော့ အဆင်အခြင်မဲ့ရာကျတယ် မဟုတ်လား"

"ဒါက အမှန်ပဲ...အရှင်ဧကရာဇ် တကယ်လို့ ဒီကိစ္စကို တိမ်တိုက်အထွတ်အထိပ်အင်ပါယာက ပြန်သိသွားမယ်ဆိုရင် ဝူထျန်းအင်ပါယာအတွက် ကြီးမားတဲ့ကပ်ဘေးတွေ ဆိုက်ရောက်လာနိုင်တယ်"

ခန်းမအတွင်း၌....

အရာရှိများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိုးရိမ်ပူပန်မှုများကို ဖွင့်ဟပြောဆိုလိုက်ကြသည်။

"ငါတို့က ဘာကိုကြောက်နေရမှာလဲ"

နဂါးပုလ္လင်ပေါ်၌ထိုင်နေသော ဝူထျန်းသည် သူ့၏အင်္ကျီလက်များကို ဝှေ့ယမ်းကာ အနည်းငယ်မျှ ဂရုစိုက်သည့်ပုံမရချေ။

"မင်းတို့ရဲ့စိုးရိမ်ပူပန်မှုတွေက ရည်ရွယ်ချက်ကောင်းရှိပေမယ့်...ငါ ပြောရမယ်ဆိုရင် မင်းတို့ရဲ့အမြင်တွေက ကျဥ်းလွန်းတယ်"

"အမြင်ကျဥ်းလွန်းတာလား"

နန်းတော်အတွင်းရှိ အရာရှိများသည် စိတ်ပျက်ညှိုးငယ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြောင်စီစီကြည့်ကာ ဝူထျန်း မည်သည့်အရာအားဆိုလိုသည်ကို သူတို့ နားလည်သဘောပေါက်ခြင်းမရှိချေ။

"အရှင်ဧကရာဇ်က ကျွန်တော်တို့ကို အလင်းပြပေးမယ်လို ကျွန်တော်တို့ မျှော်လင့်မိတယ်"

သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်ကြ၏။

"ငါ့ရဲ့ဆိုလိုရင်းက ရိုးရှင်းပါတယ်...ဒီနေ့ကနေစပြီးတော့ ငါတို့ဝူထျန်းအင်ပါယာက တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ရုံတင်မကဘူး...ငါတို့က တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ငါတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် ပြောင်းလဲရမယ်"

"ပြီးတော့ ငါ ဝူထျန်းက ပကတိနယ်မြေရဲ့ဧကရာဇ် ဖြစ်လာရမယ်"

ယုံကြည်ချက်ရှိပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံသည် အင်မော်တယ်စွမ်းအားများနှင့်ရောယှက်၍ ခန်းမတစ်ခုလုံးအနှံ ပျံ့နှံသွားသည်။

"ဘာ...."

အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာကာ....

ခန်းမအတွင်း၌ရှိနေသူတိုင်း အသက်ရှုမှားသွားသည်။

သူတို့သည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ဝူထျန်းကိုစူးစိုက်၍ ကြည့်နေကြသည်။

ဝူထျန်း၏ဦးနှောက်တွင် တစ်စုံတစ်ခု မှားယွင်းနေသလောဟု သူတို့အားလုံး သိချင်နေမိသည်။

နယ်မြေနှစ်ခုလုံးကို အင်ပါယာများဟု ခေါ်ဆိုသော်လည်း ဝူထျန်းအင်ပါယာနှင့် တိမ်တိုက်အထွတ်အထိပ်အင်ပါယာတို့သည် တူညီသောအဆင့်၌ ရှိမနေချေ။

တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဝူထျန်းအင်ပါယာ၏ပိုင်နက်အဖြစ်သို့ ပြောင်းလဲရန်ဟူသော စကားများကိုပြောဆိုရန် မည်မျှထိ မူးယစ်ရီဝေနေရမည်နည်း။

ဤသည်မှာ သူတို့သည် ဝူထျန်းကို မယုံကြည်သောကြောင့် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ဝူထျန်းကို အလွန်အမင်းရိုသေလေးစားကာ ဝူထျန်းအင်ပါယာ၏ ယုံကြည်ချက်တစ်မျိုးအဖြစ်ပင် သတ်မှတ်ထားသည်။

ဤစကားလုံးများထွက်ပေါ်လာချိန်တွင် သူတို့သည် ယုံကြည်လက်ခံနိုင်ခြင်းမရှိရုံသက်သက်ပင်။

အချိန်တခဏကြာသည်အထိ...

ခန်းမအတွင်း၌ မေးခွန်းထုတ်သောအသံများ အကန့်အသတ်မရှိ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဝူထျန်းသည် အနည်းငယ်မျှ စိတ်အနှောင့်အယှက်ဖြစ်သွားခြင်းမရှိချေ။သို့ရာတွင် သူ့၏လက်ကို ဝှေ့ယမ်းကာ ကြီးမားကျယ်ပြန့်သော အရှိန်အဝါဖြင့် ခန်းမအတွင်းရှိလူများကို ဖိနှိပ်လိုက်၏။

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ဝူထျန်း၏အသံက ​ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

"ဒီဆုံးဖြတ်ချက်က နည်းနည်းအလှမ်းကျယ်လွန်းတယ်လို့ မင်းတို့ ထင်နေတယ်ဆိုတာ ငါ သိတယ်"

"ဒါပေမဲ့ ငါ မင်းတို့ကို ပြောပြနိုင်တာတစ်ခုက....ငါ ဒီဆုံးဖြတ်ချက်ကို ချခဲ့တဲ့အကြောင်းအရင်းက ဆရာကြီးရဲ့လမ်းညွှန်မှုတွေကြောင့်ပဲ"

"တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ရန်စမိတဲ့အတွက် မင်းတို့ ဘာမှစိုးရိမ်ပူပန်စရာမလိုဘူး...အကြောင်းအရင်းကတော့ ဆရာကြီးနဲ့အစ်ကိုကြီးတို့က ငါ့ကို အပြည့်အဝထောက်ပံ့ပေးမှာမလိုပဲ"

"အဓိကအချက်က အခုလက်တလောမှာ အမှန်တရားတွေပြည့်နှက်နေတဲ့ လောကကြီးဖြစ်လာအောင် ဖန်တီးဖိုအတွက် ဆရာကြီးက ရောက်နေပြီ"

ထိုစကားကိုကြားချိန်တွင်...

ခန်းမအတွင်းရှိ အရာရှိများအားလုံးသည် ဝူထျန်းထံသို့ ကြည့်လိုက်ကြသည်။သူ ရှေ့ဆက်ပြောမည့်စကားများကို သူတို့အားလုံး စောင့်ဆိုင်းနေကြကာ သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်စောင့်စားခြင်းများဖြင့် ပြည့်နှက်နေသည်။

ဝူထျန်းသည် ဤသို့ဖြစ်လာရန် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လူတိုင်း၏သိချင်စိတ်သည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာချိန်တွင် သူ့၏နှုတ်ခမ်း​ထောင့် မြင့်တက်သွားကာ ကျယ်လောင်သောအသံဖြင့် ဆက်လက်၍ ပြောဆိုလိုက်၏။

"ဆရာကြီးရဲ့ဆိုလိုရင်းက မင်းတို့ ဘာကိစ္စကို ရင်ဆိုင်ရပါစေ မကြောက်ကြနဲ့...ရဲရဲတင်းတင်းလုပ်ဆောင်ရမယ်"

ထိုစကားကိုကြားချိန်တွင်....

ခန်းမအတွင်းရှိ လူများအားလုံး၏ သုန်မှုန်နေသောမျက်နှာအမူအယာများ ပျောက်ကွယ်သွားကာ စိတ်လှုပ်ရှားခြင်းနှင့်တက်ကြွခြင်းတို့ကအစားထိုးဝင်ရောက်လာသည်။

ဝက်ဝံနက်သည် ရံဖန်ရံခါထွက်လာကာ ပြဿနာများရှာဖွေပြီး ရေများဝိုင်းရံနေသော အလယ်တွင်ရှိသည့် ဖုန်းယွီအင်ပါယာကို ဖျက်ဆီးလိုက်စဉ်ကတည်းက သူတို့အားလုံးသည် ရီဖုန်းနှင့်လုပမ်ဝေတို့ကို နတ်ဘုရားများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

လုပမ်ဝေ၏အရိုးအစအနများကို သန့်စင်ပြီးနောက် မိန်းကလေးခုနှစ်ယောက်သည် အထွတ်အထိပ်အရိုးပိုင်ရှင်များ ဖြစ်သွားသည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

ထိုကြောင့် အကယ်၍ ဤသည်မှာဆရာကြီး၏လမ်းညွှန်ချက် အမှန်တကယ်ဖြစ်နေပါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာနှင့်ပတ်သက်ပြီး မည်သည်ကြောင့် ထိတ်လန့်ကြောက်ရွံနေရမည်နည်း။

"ဒီနိမ့်ကျတဲ့လက်အောက်ငယ်သားက အရှင်ဧကရာဇ်ရဲ့အကြံအစည်ကို သဘောတူပါတယ်.... တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဖျက်ဆီးကြမယ်"

"အမှန်ပဲ...ကျွန်တော်လည်း ဒီကိစ္စကို ထောက်ပံ့ပေးမယ်"

"အခုချက်ချင်း စစ်သည်တွေကို စေလွှတ်လိုက်တာ အကောင်းဆုံးပဲ....ကျွန်တော်က ရှေ့ဆုံးကနေဦးဆောင်ပြီး တိုက်ခိုက်မယ်"

ဤအချိန်အခိုက်အတန့်တွင် စိတ်အားတက်ကြွစွာ ပြောဆိုလိုက်သောအသံမျိုးစုံ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် သူတို့သည် ဝူထျန်းထက်ပင် ပို၍စိတ်မရှည်ဖြစ်နေပေ၏။သူတို့သည် ယခုချက်ချင်း တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏တော်ဝင်နန်းတွင်းသို့အပြေးသွားကာ တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ခေါင်းကိုဖြတ်နိုင်ရန် လိုလားနေကြသည်။

"ဟား ဟား ဟား...ငါက မင်းတို့ကောင်တွေကို အရမ်းသဘောကျတယ်"

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ဝူထျန်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ​ ပြောဆိုလိုက်သည်။

"ဒါကြောင့် အခု ငါ မင်းတို့ကို ပြောမယ်....သံတမန်နှစ်ယောက်ကို သတ်လိုက်တဲ့ကိစ္စက ဘယ်လောက်ထိ အရေးပါနိုင်လဲ"

"အရှင်ဧကရာဇ်ပြောတာ အမှန်ပဲ...သံတမန်နှစ်ယောက်ကိုသတ်လိုက်တာက ဘာမှအရေးမပါဘူး"

"ဟား ဟား ဟား...တကယ်လို့ နောက်ထပ်နှစ်ယောက်ထပ်ရောက်လာရင် ပိုပြီးကောင်းလိမ့်မယ်...ဒါဆိုရင် ငါကိုယ်တိုင် လှုပ်ရှားပြီးတော့ သူတို့ကို သတ်လို့ရနိုင်တယ်"

"ဟား ဟား ဟား ဟား...."

ထိုအချိန်မှာပင် တက်ကြွစွာပြောဆိုနေသော အငွေ့အသက်များအောက်၌ တစ်စုံတစ်ယောက်သည် ရှေ့သို့ခြေလှမ်းတိုးကာ ပြောဆိုလေ၏။

"အရှင်ဧကရာဇ် ကျွန်တော့်မှာ တခြားအစီအစဉ်တစ်ခုရှိနေတယ်"

"အော်...ဘာအစီအစဉ်လဲဆိုတာ ငါ့ကို ပြောပါအုံး"

ဝူထျန်းက အလျင်စလိုမေးမြန်းသည်။

"ဒီလူနှစ်ယောက်ရဲ့အလောင်းတွေကို ပြန်ပို့ပြီးတော့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာ တော်ဝင်နန်းတွင်းရဲ့မျှော်စင်မှာ ချိတ်ဆွဲထားဖို ကျွန်တော် အကြံပြုချင်တယ်"

"ဒါက ကျွန်တော်တို့တွေ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို စစ်ကြေညာလိုက်ပြီဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖော်ပြနိုင်တဲ့နည်းလမ်းတစ်ခုပဲ"

ထိုစကားကိုကြားချိန်တွင်...

ဝူထျန်း၏မျက်လုံးများ စူးရှစွာတောက်ပသွားကာ သူ့၏ပေါင်ကို ပြင်းပြင်းထန်ထန်ရိုက်ပုတ်ပြီး မတ်တတ်ထရပ်လိုက်သည်။

"အကြံကောင်းပဲ...ဘယ်လောက်တောင်ကောင်းတဲ့အကြံလဲ"

ဝူထျန်းသည်လည်း ထိုသို့ပြုလုပ်ရန် စိတ်အားထက်သန်နေသည်။

အကယ်၍ ယခင်ကဆိုပါက ဤကိစ္စကို မည်သူမျှ ပြုလုပ်ဝံ့မည်မဟုတ်ချေ။တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဤကဲ့သိုနည်းလမ်းဖြင့် မည်သူက ရန်စစော်ကားဝံ့မည်နည်း။

သို့ရာတွင် သူ ဝူထျန်းသည် ယနေ့တွင်ပြုလုပ်ရပေမည်။

ဤသည်မှာ သူ ကျယ်ပြန့်သောအမြင်ရရှိလာခြင်း၏ ပထမဆုံးခြေလှမ်းပင်။

အကယ်၍ ဆရာကြီးသည် ဤကိစ္စကိုသိရှိသွားပါက သူ့ကိုစိတ်ပျက်မသွားမည်မှာ သေချာပေါက်ပင်။

Chapter 537

တိမ်တိုက်အထွတ်အထိပ်အင်ပါယာ...

ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏ နံဘေးတွင်ထိုင်နေသော ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်အင်ပါယာတို့သည် ဝူထျန်းအင်ပါယာထံမှ သတင်းများကို စောင့်ဆိုင်းနေကြသည်။

သူတို့အတွက်....

အင်ပါယာငယ်တစ်ခု၏ဧကရာဇ်တစ်ပါးကို သိမ်းသွင်းရန်မှာ အလွန်အမင်းလွယ်ကူသည့်ကိစ္စပင်။

ဤကိစ္စတွင် မည်သည့်အံ့အားသင့်စရာမျှ ရှိလာမည်မဟုတ်ချေ။

သို့ရာတွင် သူတို့သည် နှစ်ရက်လုံးလုံး စောင့်ဆိုင်းနေခဲ့သည်။

အချိန်နှစ်ရက် ကုန်ဆုံးသွားသည့်တိုင် ထိုနေရာသို့ စေလွှတ်ခဲ့သော သူတို့၏လက်အောက်ငယ်သားနှစ်ယောက်သည် မည်သည့်သတင်းမျှ ပြန်ပို့ခြင်းမရှိချေ။

"အဲ့ဒီနှစ်ယောက် တစ်ခုခုဖြစ်နေတာများလား"

ဖျက်ဆီးခြင်းအရှင်က စိုးရိမ်ပူပန်စွာ မေးမြန်းသည်။

"မင်းရဲ့စိုးရိမ်ပူပန်မှုတွေက အခြေအမြစ်မရှိဘူး"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က စိတ်အေးလက်အေးအမူအယာဖြင့် ပြောဆိုသည်။

"ပကတိနယ်မြေထဲမှာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာက မားမားမတ်မတ်ရပ်တည်နိုင်ပြီးတော့ မရေမတွက်နိုင်တဲ့အင်ပါယာငယ်တွေကနေ လက်ဆောင်ပဏ္ဍာဆက်သရတယ်...ဘယ်သူကမှ ငါလွှတ်လိုက်တဲ့ သံတမန်တွေကို ထိခိုက်နာကျင်အောင် လုပ်ရဲမှာမဟုတ်ဘူး"

"တကယ်လို့ သူတို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရတယ်ဆိုရင်တောင် အဲ့ဒီလက်အောက်ခံအင်ပါယာတွေက သူတို့ကို ကာကွယ်ပေးဖိုအတွက် အပြင်းအထန်ကြိုးစားကြလိမ့်မယ်"

"အကြောင်းကတော့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာက လွှတ်လိုက်တဲ့သံတမန်တွေ သေသွားတယ်ဆိုရင်...ဘယ်သူကမှ အဲ့ဒီတာဝန်ကို ယူနိုင်မှာမဟုတ်လိုပဲ"

သူ့၏အသံတွင် ယုံကြည်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ ပကတိနယ်မြေအတွင်းတွင် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ နာမည်ဂုဏ်သတင်းပင်။

"အရမ်းကောင်းတယ်"

ဖျက်ဆီးခြင်းအရှင်ကပြောဆိုကာ သူ စိတ်သက်သာရာရသွားသည်မှာ သိသာထင်ရှားလှ၏။ကြည့်ရသည်မှာ သူသည် အမှန်တကယ်ကို စိုးရိမ်ပူပန်လွန်ခဲ့ပုံပင်။

သို့ရာတွင်....

နန်းတော်၏ပြင်ပမှာနေ၍ အရေးပေါ်သတင်းပိုသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။

ဘာတွေဖြစ်နေတာလဲ

"အရှင်ဧကရာဇ်....ဖျက်ဆီးခြင်းအရှင်...ဒီနေ့မနက်ခင်းမှာ ကျွန်တော်တို့တော်ဝင်မြိုတော်ရဲ့ မြိုရိုးမှာ အဝတ်နဲ့ထုတ်ပိုးခံထားရတဲ့အလောင်းနှစ်လောင်း ချိတ်ဆွဲထားတာကို တစ်ယောက်ယောက်က ရှာတွေ့ခဲ့တယ်"

သတင်းပို့ဆက်သားက ဒူးထောက်ပြီး ရိုသေလေးစားစွာ သတင်းပိုလေ၏။

"ဘာ...ထုတ်ပိုးခံထားရတဲ့အလောင်းတွေလား"

"ဒီလိုမျိုး ရဲတင်းတဲ့လုပ်ရပ်တစ်ခုကို ဘယ်သူကလုပ်ဝံ့တာလဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်နှာပေါ်တွင် ဒေါသထွက်သွားသော အမူအယာများ ချက်ချင်းထင်ဟပ်လာသည်။

တိမ်တိုက်အထွတ်အထိပ်အင်ပါယာ စတင်တည်ထောင်ခဲ့စဉ်မှစ၍ အလောင်းများကိုထုတ်ပိုး၍ မြိုရိုးပေါ်တွင်ချိတ်ဆွဲရန် နေနေသာသာ တော်ဝင်မြိုတော်အတွင်း၌ မည်သူမျှပြဿနာမရှာဝံ့ချေ။

ဤသည်မှာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏အခွင့်အာဏာကို တိုက်ရိုက်စိန်ခေါ်ခြင်းပင်။

မကြာမီမှာပင် ဒေါသထွက်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် တခြားအရာရှိများသည် မြိုရိုး၏အောက်ခြေထံသို အပြေးသွားလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် မြိုရိုး၏အောက်ခြေကို ပိတ်ဆို့ထားပြီးဖြစ်သည်။

ကျင့်ကြံခြင်းလောကအတွင်း၌ လူနှစ်ယောက်သေဆုံးသွားသည်မှာ ရေကြီးခွင်ကျယ်ကိစ္စတစ်ရပ်မဟုတ်ချေ။သို့ရာတွင် လူသေအလောင်းများကို တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏မြိုရိုးပေါ်၌ ချိတ်ဆွဲထားသည်မှာမူ လုံးလုံးလျားလျား ကွဲပြားခြားနားသောကိစ္စတစ်ရပ်ဖြစ်သွားလေပြီ။

ယခုလက်ရှိအချိန်၌ ထုတ်ပိုးခံထားရသောအလောင်းနှစ်လောင်းကို မြိုရိုးပေါ်၌ချိတ်ဆွဲထားဆဲပင်။

မြိုရိုးပေါ်ကိုမော့ကြည့်ချိန်တွင် ထုတ်ပိုးခံထားရသောအလောင်းနှစ်လောင်းသည် သွေးများဖြင့်ရွှဲနစ်နေကာ အနက်ရောင်သွေးစက်များက ရံဖန်ရံခါ အောက်သို့ယိုစီးကျနေသည်ကို သူတို့ တွေ့မြင်မိသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထုတ်ပိုးခံထားရသော အလောင်းနှစ်လောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။

လက်အောက်ငယ်သားနှစ်ယောက်သည် ရှေ့သို့တိုးကာ အဝတ်အစားဖြင့်ထုပ်ပိုးခံထားရသောအလောင်းနှစ်လောင်းကို ဖွင့်ကြည့်လိုက်သည်။

ပါးပါးလှီးခံထားရသော အသားစတစ်ပုံပင်။

ဤသည်မှာ လူသားတစ်ယောက်၏ပုံစံရှိမနေသဖြင့် သူတို့၏ပုံပန်းသွင်ပြင်များကိုလည်း ခွဲခြားသိမြင်နိုင်ခြင်းမရှိချေ။

ဤသည်မှာ ရန်စစော်ကားခြင်းဖြစ်ပေ၏။

ပြောင်ပြောင်တင်းတင်း ရန်စစော်ကားခြင်းပင်။

"ငါ့ရဲ့အမိန့်ကို နာခံကြစမ်း...မင်းတို့အားလုံး ဒီလူနှစ်ယောက်ရဲ့သရုပ်မှန်ကို တစ်ရက်အတွင်းဖော်ထုတ်နိုင်ရမယ်...ဒါ့ပြင် ဒီကိစ္စတွေအားလုံးအတွက် ဘယ်သူ့မှာလတာဝန်ရှိတယ်ဆိုတာကိုလည်း စုံစမ်းစစ်ဆေးရမယ်"

တိမ်တိုက်အထွတ်အထိတ်ဧကရာဇ်၏မျက်နှာ မည်းမှောင်သွားကာ ချက်ချင်းအမိန့်ပေးလိုက်သည်။

အမိန့်ကိုထုတ်ပြန်ပြီးနောက် သူနှင့်ဖျက်ဆီးခြင်းအရှင်တို့သည် နန်းတော်သို့ပြန်ခဲ့ကြလေ၏။

"ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘာမှဒေါသထွက်နေစရာမလိုပါဘူး...ငါတို့ရဲ့လက်အောက်ငယ်သားတွေကို ကိုင်တွယ်ဖြေရှင်းခွင့်ပြုလိုက်ပါ"

ဖျက်ဆီးခြင်းအရှင်က အနည်းငယ်မကြည်မသာ ဖြစ်နေသောအသံဖြင့် ပြောဆိုပြီးနောက် ထိုင်ချလိုက်သည်။

"ငါတို့အတွက် ကံကြမ္မာအင်မော်တယ်အလင်းတိုင်က အရေးအကြီးဆုံးကိစ္စပဲ"

ထိုစကားကိုကြားချိန်တွင်....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ရှက်ရွံသောမျက်နှာအမူအယာဖြင့် ခေါင်းညိတ်ပြလေသည်။

အမှန်အားဖြင့်....

သူသည် ဤကိစ္စနှင့်ပတ်သက်ပြီးများစွာဒေါသထွက်နေရန် မလိုအပ်ချေ။

ဤသည်မှာ မောက်မာထောင်လွှားသောလူတချို့မှ ပြဿနာရှာခြင်းသက်သက်ပင်။

မည်သို့ပင်ဆိုစေကာမူ သူတို့ထံ၌ ပို၍အရေးကြီးသောကိစ္စများ လုပ်ဆောင်ရန်ရှိနေသည်။

ထိုအကြောင်းကိုတွေးတောပြီးနောက် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်နှာပေါ်မှ ဒေါသအရိပ်အယောင်များ ပျက်ပြယ်သွားသည်။သူသည် ထုတ်ပိုးခံထားရသောအလောင်းများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု အနည်းငယ်လျော့ကျသွားလေ၏။

ဖျက်ဆီးခြင်းအရှင် ပြောဆိုခဲ့သည့်အတိုင်း ဤကိစ္စများကို သူ့၏လက်အောက်ငယ်သားများအား ကိုင်တွယ်ဖြေရှင်းခွင့်ပြုသည်က အကောင်းဆုံးဖြစ်ပေမည်။

"သတင်းပို့ပါတယ်"

"ဧကရာဇ်ကို သတင်းပို့ပါတယ်...အဲ့ဒီအလောင်းနှစ်လောင်းရဲ့အထောက်အထားတွေကို ရှာဖွေဖော်ထုတ်ပြီးပါပြီ"

ထိုအချိန်မှာပင် လက်အောက်ငယ်သားတစ်ယောက်က သတင်းပို့ရန်အတွက် ရောက်ရှိလာသည်။

သို့ရာတွင်.....

ထိုလက်အောက်ငယ်သား စကားပြောဆိုတော့မည့်အချိန်မှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏မျက်လုံးကိုဖွင့်ကြည့်ကာ သူ့၏လက်ကိုဝှေ့ယမ်းပြီး ကြားဖြတ် ဟန့်တားလိုက်သည်။သူက တည်ငြိမ်းအေးဆေးသောအသံဖြင့် ပြောဆိုသည်။

"မင်း ဒီကိစ္စကို အမတ်ချုပ်ကြီးဆီ သတင်းပို့သင့်တယ်...ငါတို့ကို လာပြီးပြောနေစရာ မလိုအပ်ဘူး"

သူသည် မူလက ထိုကိစ္စကြောင့် အနည်းငယ်ဒေါသထွက်နေကာ ရလဒ်များကိုသိရှိရန် စိတ်အားထက်သန်နေခဲ့သည်။သို့ရာတွင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်အကြောင်း တွေးတောပြီးနောက် သူသည် ထိုကိစ္စကို အသေးအမွှားဟုသာ ယူဆထားသည်။သူ့၏စိတ်အာရုံများအားလုံးကို ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံတွင်သာ အာရုံစူးစိုက်ထားပေ၏။

သူ့၏နံဘေးတွင်ရှိနေသော ဖျက်ဆီးခြင်းအရှင်သည်လည်း သူ့၏မျက်လုံးကို ဖွင့်ကြည့်ခြင်းမပြုပေ။မည်သို့ပင်ဆိုစေကာမူ ဤလူသေလောင်းနှစ်လောင်း၏သရုပ်မှန်သည် မည်သူမည်ဝါဖြစ်နေပါစေ သူ စိတ်ဝင်စားခြင်းမရှိချေ။

"ဒါပေမဲ့ အရှင်ဧကရာဇ်...အဲ့ဒီနှစ်ယောက်ရဲ့အဆင့်အတန်းတွေက တော်တော်လေးကြီးမားတယ်"

ထိုလက်အောက်ငယ်သားက အခက်တွေ့နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

စိတ်မရှည်သောအမူအယာတစ်ရပ်က တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။

"ကောင်းပြီ ကောင်းပြီလေ...မင်း ဒီနေရာကိုရောက်လာပြီဆိုမှတော့ အဲ့ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာနဲ့...သူတို့ရဲ့အဆင့်အတန်းတွေက ဘယ်လောက်ထိကြီးမားတယ်ဆိုတာ ငါ့ကို ပြောပြစမ်း"

သူသည် အချိန်တခဏကြာခန့်တွေဝေတုံဆိုင်းပြီးနောက် မကျေမနပ်တုံ့ပြန်လိုက်သည်။

"အဲ့ဒီလူနှစ်ယောက်က အရှင်ဧကရာဇ် ဝူထျန်းအင်ပါယာဆီကိုလွှတ်လိုက်တဲ့ သံတမန်နှစ်ယောက်ပါပဲ"

မြေပြင်ပေါ်၌ဒူးထောက်နေသော လက်အောက်ငယ်သားသည် သူ၏စကားလုံးများကိုသတိကြီးစွာထား၍ရွေးချယ်ကာ ပြောဆိုလိုက်၏။

"ဘာ...."

အစောပိုင်းက သာမန်ကာလျှံကာ တုံ့ပြန်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။

ယခင်က ဤကိစ္စကို အနည်းငယ်မျှအာရုံစူးစိုက်ခြင်းမရှိသော ဖျက်ဆီးခြင်းအရှင်သည်လည်း မြေပြင်ပေါ်မှ ကုန်းရုန်း၍ထလာသည်။သူသည် ထိုလက်အောက်ငယ်သား၏လည်ပင်းကိုဖမ်းဆုပ်ကာ အေးစက်မှုများပြည့်နှက်နေသောအသံဖြင့် စကားတစ်လုံးချင်းပြောဆိုလိုက်သည်။

"မင်း ခုဏက ဘာပြောလိုက်တာလဲ...သေသွားတာက ဘယ်သူတွေလဲ"

"စိတ်အေးအေးထားပါ အရှင်တို...စိတ်အေးအေးထားပါ"

လည်ပင်းကိုဖမ်းဆုပ်ခံထားရသောလက်အောက်ငယ်သား၏ လည်ချောင်းမှနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာကာ တုန်တုန်ရီရီဖြင့် ပြောဆိုသည်။

"သေသွားတဲ့လူတွေက ဝူထျန်းအင်ပါယာကို အရှင်စေလွှတ်လိုက်တဲ့ သံတမန်နှစ်ယောက်ပါပဲ”

"မင်း ဘာလို့စောစောကမပြောတာလဲ"

တခြားတစ်ဖက်တွင်ရှိနေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။

"ဒါက အရှင်ဧကရာဇ်ရဲ့အမိန့်ပဲမဟုတ်လား...ကျွန်တော် ရောက်လာခဲ့ပေမယ့် အရှင်က ဒီကိစ္စကို အမတ်ချုပ်ကြီးဆီသတင်းပို့ဖို ကျွန်တော်ကို ပြောခဲ့တယ်လေ"

လက်အောက်ငယ်သားသည် ကြေကွဲဝမ်းနည်းနေသော မျက်နှာအမူအယာဖြင့် ငိုရှိက်ကာပြောဆိုသည်။

"မင်းက ပြန်ပြောရဲတာလား...သေစမ်း"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ထိုလူကိုနှစ်ခြမ်းဆုတ်ဖြဲကာ နေရာမှာပင် ဒေါသတကြီးမတ်တတ်ထရပ်လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ...ဘာတွေ ဖြစ်သွားခဲ့တာလဲ"

ဖျက်ဆီးခြင်းအရှင်သည်လည်း စိတ်မအေးသောအခြေအနေမျိုး၌ရှိနေကာ အော်ငေါက်လိုက်၏။

ထိုအချိန်မှာပင် သူတို့နှစ်ယောက်၏နောက်ရှိ ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှနေ၍ လှုပ်ခတ်မှုများ ထွက်ပေါ်လာသည်။

သူတို့သည် နောက်သို့ချာခနဲလှည့်ကြည့်လိုက်ပြီးနောက် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ဆိုးရွားသောနိမိတ်တစ်ခု မြင့်တက်လာကာ ကံကြမ္မာအင်မတယ်အလင်းတိုင် ကျဆင်းသွားတော့မည်ဟု ခံစားမိသည်။

မည်သည့်စုံစမ်းထောက်လှမ်းမှုမျိုးမျှ ပြုလုပ်ရန်မလိုအပ်ဘဲ ဝူထျန်းအင်ပါယာအတွင်းတွင် ဖြစ်ပျက်သွားသော မမျှော်လင့်သည့်ကိစ္စကြောင့် ဤကိစ္စ၏အခြေအနေ ပြင်းထန်မည်ကိုသူတို့ ခန့်မှန်းမိလေ၏။

ထိုပြင် သံတမန်နှစ်ယောက်ကို သတ်ဖြတ်လိုက်သူမှာ ဝူထျန်း ဖြစ်နိုင်​ချေများသည်။

ဤသည်မှာ ကံကြမ္မာစွမ်းအားများကို သူတို့ထံသို ယူဆောင်ပေးနိုင်သည့် ကောင်းကင်ဘုံ၏သားတော်သည် သူတို့၏ရန်သူဖြစ်လာပြီဟု ဆိုလိုခြင်းပင်။

"စိတ်အေးအေးထားပါ...ထိတ်ထိတ်ပျာပျာ ဖြစ်မသွားနဲ့"

"မမျှော်လင့်ထားတဲ့ အခြေအနေတွေ ရှိလာတတ်တာက ပုံမှန်ပါပဲ"

"အဲ့ဒီဝူထျန်းက နိမ့်ကျတဲ့လူတစ်ယောက်လေ.... တကယ်လို့ သူက ငါတိုရဲ့ရန်သူဖြစ်လာရင်တောင် ကံကြမ္မာစွမ်းအားတွေက အများကြီးလျော့ကျသွားမှာ မဟုတ်လောက်ဘူး"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က စိတ်အေးအေးထားရန် ပြောဆိုသည်။

"အင်း..."

ဖျက်ဆီးခြင်းအရှင်သည် ခေါင်းညိတ်ပြကာ တူညီသောနည်းလမ်းအတိုင်း သူ့ကိုယ်သူ နှစ်သိမ့်အားပေးလိုက်သည်။

သို့ရာတွင် ရုတ်တရက်....

ရွှမ်းခနဲအသံတစ်သံနဲ့အတူ....

ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ ဖရိုဖရဲအရောင်အသွေးများသည် သုံးပုံတစ်ပုံခန့်ကျဆင်းသွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူတို့နှစ်ယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်မှုကြောင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။

Chapter 538

သူတို့နှစ်ယောက်သည် ရင်ဘတ်များကိုဆုပ်ကိုင်ကာ သူတို့၏ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာတုန်ရီနေသည်။

သူတို့၏မျက်နှာများပေါ်တွင် မျက်ရည်များ ယိုစီးကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

အဝါရောင်ကောင်းကင်မဟာသားရဲကြီးကြောင့် ဆုံးရှုံးသွားခဲ့သော ကံကြမ္မာစွမ်းအားများကို သူတို့သည် ဝီရိယစိုက်ထုတ်ကာ ပြန်လည်ဖြည့်တင်းခဲ့ရသည်။သို့ရာတွင် ယခုအချိန်၌ ဝူထျန်းဟုခေါ်သော လူတစ်ယောက်ကြောင့် သူတို့သည်စမှတ်နေရာသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံးထံ၌ အကန့်အသတ်မရှိသောဒေါသများဖြင့် ပြည့်နှက်နေသည်။

"သတင်းပို့ပါတယ်"

ထိုအချိန်မှာပင် လက်အောက်ငယ်သားတစ်ယောက်က သတင်းပို့ရန်အတွက် ပျာပျာသလဲပြေးဝင်လာသည်။

"ဘာကိစ္စရှိလိုလဲ"

ဒေါသထွက်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အော်ဟစ်မေးမြန်းလိုက်သည်။

"ဝူထျန်းအင်ပါယာရဲ့ဧကရာဇ်ဝူထျန်းက ကျွန်တော်တို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်...သူတို့က ကျွန်တော်တို့နယ်စပ်မှာရှိတဲ့ မြိုသုံးမြိုကို သိမ်းပိုက်ပြီးသွားပြီ"

ထိုလက်အောက်ငယ်သားက ပျာပျာသလဲ သတင်းပိုလေ၏။

"ဘာ..."

ထိုသတင်းကိုကြားချိန်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ သူ့၏ခန္ဓာကိုယ်သည် ဒေါသများဖြင့်လောင်ကျွမ်းနေသည့်အလားပင်။

ဝူထျန်းဟူသော အသေးအမွှားကောင်သည် သူ စေလွှတ်လိုက်သော သံတမန်များကို သတ်ဖြတ်ရုံတင်မက တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ဖြစ်သော သူ့ကို ပြောင်ပြောင်တင်းတင်းစစ်ကြေငြာဝံ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

"ဝူထျန်း....အတင့်ရဲတဲ့အရူးကောင် အင်ပါယာငယ်တစ်ခုရဲ့ဧကရာဇ်လေးတစ်ပါးက ငါ့ကို စော်ကားမော်ကား ပြုမူဝံ့တယ်...မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ့၏လည်ပင်းမှနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

"ငါ သွားလိုက်မယ်"

သူ့၏နံဘေးတွင်ရှိနေသော ဖျက်ဆီးခြင်းအရှင်၏အသံတွေလည်း ဒေါသများဖြင့်ပြည့်နှက်နေသည်။

ဤသည်မှာ မူလက လက်အောက်ခံအင်ပါယာတစ်ခု၏ဧကရာဇ်ကို သိမ်းသွင်းရုံကိစ္စတစ်ရပ်ပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ကိစ္စများအလှည့်အပြောင်းဖြစ်လာသဖြင့် သူတို့သည် ဤကိစ္စကို အေးအေးလူလူ သဘောထားနိုင်ခြင်း မရှိတော့ချေ။

"အမှန်ပဲ....အဲ့ဒီလူ သေကိုသေရမယ်"

"ငါတို့တွေက ကံကြမ္မာအင်မော်တယ်အလင်းတိုင်ရဲ့စွမ်းအားတွေ တိုးတက်လာအောင် သူ့ကို ဆွဲမခေါ်နိုင်မှတော့ ငါတို့ ဆုံးရှုံးသွားတဲ့ကံကြမ္မာစွမ်းအားတွေအတွက် လျော်ကြေးအနေနဲ့ သူ့ကို သတ်ရမယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ ဆုံးဖြတ်ချက်ပြတ်သားသောအသံ ပဲ့တင်ထပ်လာကာ သူသည် ဝူထျန်းကို သေလူတစ်ယောက်အဖြစ် သတ်မှတ်ပြီးဖြစ်သည်။

ဖျက်ဆီးခြင်းအရှင်ကလည်း ခေါင်းညိတ်လိုက်၏။

ထိုနောက် သူသည် အလွန်လျင်မြန်စွာ ပျံသန်းသွားကာ သူ့၏အနီရောင်ဝတ်စုံသည် အနီရောင်အလင်းတန်းတတန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

...

"ဒင်...."

လက်ခံသူကိုဂုဏ်ပြုပါတယ်။

"လက်ခံသူရဲ့အမည်ခံတပည့်က ထူးချွန်ပြောင်မြောက်တဲ့အောင်မြင်မှုတွေ ရခဲ့တာကြောင့် ဆုလာဘ်အနေနဲ့ ကံကြမ္မာအမှတ်နှစ်မှတ် မင်းကို ချီးမြှင့်လိုက်တယ်"

"ဒင်...."

"ကံကြမ္မာစွမ်းအားတွေ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားတာကြောင့် မင်းရဲ့ဆုလာဘ်က နှစ်ဆတိုးပြီးတော့ ကံကြမ္မာရမှတ်လေးမှတ် ရရှိသွားပါပြီ"

"လက်ခံသူမှာ အခုလက်ရှိကံကြမ္မာရမှတ်စုစုပေါင်း ခြောက်မှတ်ရှိနေတယ်"

"အော်..."

အိပ်ချင်မူးတူးဖြစ်နေသော ရီဖုန်းသည် သူ့၏စိတ်အတွင်းမှအသံကို ကြားချိန်တွင် အံ့အားသင့်သွားသောကြောင့် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"နောက်ထပ်ကံကြမ္မာရမှတ် လေးမှတ်လား...အံ့အားသင့်စရာပဲ"

"ဒါက စနစ်ရဲ့စတိုးဆိုင်မှာ နတ်ဘုရားသားရဲတစ်ကောင်လဲလှယ်ဖို့အတွက် အဝေးကြီးလိုသေးပေမယ့် တဖြည်းဖြည်းစုဆောင်းနိုင်မှုတစ်ခုပဲ"

"ဒါပေမဲ့ ငါ့ရဲ့အမည်ခံတပည့်က ဘယ်သူလဲ"

"အော်...."

"ဒါက ရှောင်ကျီးအာ ဖြစ်လိမ့်မယ်"

ရီဖုန်းသည် ဇဝေဇဝါဖြင့် သူ့၏ခေါင်းကိုကုတ်ပြီးနောက် မည်သူမည်ဝါ၏လုပ်ရပ်ဖြစ်သည်ကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"ဒါပေမဲ့ တောပုန်းဓားပြ ပြည့်တန်ဆာခေါင်းတစ်ယောက်ဖြစ်တဲ့ ရှောင်ကျီးအာက ဘယ်လိုလုပ်ပြီးတော့ ထူးချွန်ပြောင်မြောက်တဲ့အောင်မြင်မှုမျိုးကို ရရှိနိုင်မှာလဲ"

"သူက ရွာတချို့ကိုလုယက်လိုက်တာလား..သူ အဲ့ဒီလို လုပ်ခဲ့တာများလား"

ရီဖုန်း၏ပါးစပ် အထိန်းအကွပ်မဲ့စွာဖြင့် ရှုံ့မဲ့သွားသည်။

သို့ရာတွင် ဤကိစ္စအတွက် သူ တတ်နိုင်သောအရာဟူ၍ မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ထိုကောင်စုတ်လေးသည် ကြီးပြင်းလာပြီဖြစ်သောကြောင့် ရီဖုန်းသည် သူ့၏ဆရာသခင်ဖြစ်သည့်တိုင် သူ့အား ထပ်မံ၍ထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။

ရီဖုန်းသည် ခေါင်းကုတ်ရင်းသန်းဝါးလိုက်ပြီးနောက် သူသည် ပြင်ပသို့ တစ်စုံတစ်ခုစားသောက်ရန်နှင့် သာမန်တပည့်တစ်ယောက်ကိုရှာဖွေရမည့် သူ့၏မျှော်လင့်ချက်အတွက် ကံစမ်းရန် ပြင်ပသို့ထွက်လိုက်သည်။

သို့ရာတွင်....

သူ့လမ်းပေါ်သို့ ခြေချလိုက်စဉ်မှာပင် အရာအားလုံး သိသိသာသာပြောင်းလဲနေသည်ကို သူ သတိပြုမိသွားပေ၏။

လမ်းများပေါ်ရှိ နေရာအနှံအပြား၌ အလံတံခွန်များ ချိတ်ဆွဲထားကာ....

စစ်သားများစုဆောင်းခြင်း စားနပ်ရိက္ခာများစုဆောင်းခြင်းတိုအပြင် ရံဖန်ရံခါ၌ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူများက သူ့၏ခေါင်းထက်မှ ပျံသန်းသွားသည်။

အခြေအနေတစ်ရပ်လုံး တင်းမာနေပေ၏။

"ဘာတွေ ဖြစ်နေတာလဲ"

ရီဖုန်းက အလွန်အမင်းအံအားသင့်တုန်လှုပ်သွားသည်။

ပတ်ဝန်းကျင်ကိုစုံစမ်းမေးမြန်းပြီးနောက် သူ ရောက်ရှိနေသော အင်ပါယာသည် တခြားအင်အင်ပါယာနှင့် ပဋိပက္ခဖြစ်ပွားနေကြောင်း သူ သိရှိလိုက်ရသည်။

ထိုပြင် ကံအကြောင်းမလှစွာဖြင့် ဤအင်ပါယာမှ ဆန့်ကျင်နေသည်မှာ မဟာအင်ပါယာကြီးတစ်ခုပင်။

"သောက်ချေးပဲ"

"ဒီအင်ပါယာကို အုပ်ချုပ်တဲ့ကောင်ရဲ့ခေါင်းမှာ အပေါက်တစ်ခု ရှိနေတာလား...ဒီလိုသေးငယ်တဲ့အင်ပါယာလေးတစ်ခုက ကြီးကျယ်ခမ်းနားတဲ့ မဟာအင်ပါယာကြီးကို တိုက်ခိုက်ဝံ့တယ်...သူတို့တွေက သေချင်နေကြတာလား"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ့၏နေ့လည်စာကို စားသောက်ရန် စိတ်မပါတော့ချေ။သူသည် အခန်းထံသို့ အပြေးပြန်သွားကာ အော်ဟစ်လိုက်၏။

"လုပမ်ဝေ...ပစ္စည်းတွေအားလုံး အမြန်သိမ်းစမ်း...အခုချက်ချင်း ဒီနေရာက ထွက်ခွာမယ်"

သူတို့၏ပစ္စည်းများကို အလျင်စလိုထုတ်ပိုးသိမ်းဆည်းပြီးနောက် ရီဖုန်းနှင့်လုပမ်ဝေတိုသည် ယွင်ကျင်းကိုချန်ထားခဲ့ကာ အလျှင်အမြန် ထွက်ပြေးသွားတော့သည်။

ယွင်ကျင်းသည် ထွက်ခွာသွားသော ရီဖုန်းတို့လူစုကိုကြည့်ပြီး သူမ၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့်စိုစွတ်လာသည်။

သူသည် ဤနေရာ၌ အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည့်တိုင် မည်သည့်ခံစားချက်မျှ မရှိသလော....

သူ ထွက်ခွာသွားစဉ်တွင် မည်သည်ကြောင့် နောက်သို့ပြန်လှည့်ကြည့်ခြင်း သို့မဟုတ် စကားတစ်ခွန်းမျှ ပြောဆိုခြင်း မရှိသနည်း။

"အိုက်ယား....ငါ့ရဲ့သမီးလေး...လက်လွှတ်ပေးလိုက်ပါတော့...မင်းက တခြားသူအတွက် ဘာအဓိပ္ပါယ်မှမရှိဘူး"

ထိုအချိန်မှာပင် ယွင်လန်ထျန်းသည် အနောက်မှနေ၍ လျှောက်လှမ်းလာကာ သူမကို နူးညံညင်သာစွာ နှစ်သိမ့်ပေးလေသည်။

"ငါတို့က အဲ့ဒီလိုအမြင့်မျိုးကိုမှန်းဖို မထိုက်တန်ဘူး...သူနဲ့ပတ်သက်ပြီး မေ့လိုက်တော့....."

"အဖေ...ကျွန်မ နားလည်ပါတယ်"

ယွင်ကျင်းသည် အားတင်းထားသော အပြုံးတစ်ခုနှင့် သူမ၏မျက်ရည်များကိုသုတ်ကာခေါင်းညိတ်ပြလိုက်သည်။

သို့ရာတွင် သူမ၏မျက်လုံးအကြည့်သည် ရီဖုန်းတို့လူစု ထွက်ခွာသွားသောနေရာတွင်သာ စူးစိုက်၍ကျရောက်နေဆဲဖြစ်ပေ၏။

သူတို့လူစုသည် သူမ၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည့် အချိန်ထိတိုင်ပင်။

.....

"ဟား ဟား ဟား...."

"ငါတို့ နောက်ထပ်မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ"

မြိုရိုးပေါ်၌ ကြေးနီရောင်တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားသော ဝူထျန်းသည် သူ သိမ်းပိုက်ထားပြီးခါစဖြစ်သော မြိုကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"အရှင်ဧကရာဇ်"

ထိုအချိန်မှာပင် အမတ်ကြီးတစ်ယောက် ချဉ်းကပ်လာသည်။

သူ့၏စကားအဆုံးမသတ်သေးမီမှာပင် ဝူထျန်းက သူ့ကို ကြားဖြတ်ဟန့်တားလေ၏။

"ငါ့ကို အရှင်ဧကရာဇ်လို မခေါ်နဲ့...ငါက ဧကရာဇ်တစ်ပါးမဟုတ်တော့ဘူး..တကယ်လို့ မင်းတို ငါ့ကို အဲ့ဒီလိုခေါ်ဆိုသုံးနှုန်းချင်တယ်ဆိုရင် ငါ တိမ်တိုက်အထွတ်အထိပ်အင်ပါယာတစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့ အချိန်အထိ စောင့်ကြစမ်း"

ဝူထျန်းက ရဲတင်းစွာဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်"

ထိုအမတ်ကြီးသည် သူ့၏ခေါင်းကိုငုံပြီး စိုးရိမ်ပူပန်စွာဖြင့်ပြောဆိုသည်။

"ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ရဲ့လုပ်ရပ်က အရမ်းသိသာထင်ရှားသွားတယ် မဟုတ်လား... ကျွန်တော်တို့က တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့မြိုအမြောက်အများကို သိမ်းပိုက်ထားနိုင်ပေမယ့် ဒါက သူတို့တွေ သတိလက်လွတ်နေခဲ့တာကြောင့်ပဲ....အခုအချိန်မှာ ကျွန်တော်တို့က ရပ်တန့်လိုမရတော့တဲ့အဆင့်ထိ ရောက်နေပြီ... ကျွန်တော်တို့အတွက် လွတ်တမ်းတစ်ခု ချန်ထားသင့်တယ်မဟုတ်လား"

"ဟမ့်...."

"ဘာလို့ လွတ်လမ်းတစ်ခုချန်ထားစရာ လိုအပ်မှာလဲ"

"ဒါက မင်းရဲ့ကန့်သတ်ထားတဲ့အမြင်နဲ့ ကြည့်လို့ပဲ"

"ပြီးတော့ ငါက ဘာကိုကြောက်နေရမှာလဲ...ငါရဲ့နောက်ကနေ ငါ့ရဲ့ဆရာကြီးနဲ့အစ်ကိုကြီးတို့က ထောက်ပံ့ပေးနေတယ်"

ဝူထျန်းက အကြောက်အလန့်ကင်းမဲ့စွာ ပြောဆိုသည်။

ထိုစကားများကိုကြားချိန်တွင် အမတ်ကြီးသည် အချိန်တစ်ခဏကြာခန့် ကြက်သေသေသွားသည်။

ထိုနောက် သူ့၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများ အလျှင်အမြန် ပျက်ပြယ်သွားတော့သည်။

အမှန်တကယ်ကိုပင်....

သူတို့၏နောက်တွင် အစွမ်းထက်သောဆရာကြီးနှစ်ယောက်က ထောက်ပံ့ကူညီပေးနေပေ၏။ထိုကြောင့် သူတို့သည် တခြားမည်သည့်အရာကို ထိတ်လန့်ကြောက်ရွံရမည်နည်း။

"သတင်းပို့ပါတယ်"

ထိုအချိန်မှာပင် ကင်းထောက်တစ်ယောက်က ပျာပျာသလဲ ရောက်ရှိလာသည်။

"ပြောစမ်း...."

ဝူထျန်းက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အရှင့်ကို သတင်းပို့ပါတယ်...တိမ်တိုက်အထွတ်အထိပ်အင်ပါယာထဲမှာ ပျိုးထောင်ထားတဲ့ ကျွန်တော်တို့ရဲ့သူလျှိုတွေဆီက သတင်းပေးချက်အရ....ဖျက်ဆီးခြင်းအရှင်လို့ခေါ်တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က အရှင့်ရဲ့အသက်ကိုယူဖို့ လာနေတယ်...အရှင်က ကျေးဇူးပြုပြီးတော့ ဆုံးဖြတ်ချက်ချပေးပါ"

"ဒါတွေက အဲ့ဒီသူလျှိုဆီကနေ ပေးပို့လိုက်တဲ့ဖျက်ဆီးခြင်းအရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပါ"

ထိုစကားကိုကြားချိန်တွင် ဖျက်ဆီးခြင်းအရှင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလျှင်အမြန်ယူ၍ ကြည့်လိုက်သည်။

"သူ့ရဲ့စွမ်းအားကို အတိအကျမသိနိုင်ဘူး.. အနည်းဆုံးတော့ သူက တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နဲ့ တန်းတူအဆင့်မှာရှိတယ်"

ဝူထျန်းက တီးတိုးရေရွတ်ကာ သူ့၏မျက်လုံးများ စူးရှတောက်ပသွားသည်။

ဤသတင်းအချက်အလက်နှစ်ခုသက်သက်ဖြင့်....

တစ်ဖက်ရန်သူသည် သူ့၏အရည်အချင်းထက် များစွာပို၍သာလွန်နေသည်ကို သက်သေပြနိုင်သည်။

တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ လှုပ်ရှားမှုများသည် အမှန်တကယ်ကို လျင်မြန်ပေ၏။

သို့ရာတွင် သူသည် စိုးရိမ်မှုလွန်ကဲခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူ့၏မျက်နှာပေါ်တွင် ယုံကြည်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေဆဲပင်။သူသည် ဖျက်ဆီးခြင်းအရှင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို တိုက်ရိုက်ဆုတ်ဖြဲလိုက်သည်။

ထိုနောက် သူသည် အပြုံးတစ်ခုဖြင့် တီးတိုးရေရွတ်လိုက်၏။

"ကြည့်ရတာတော့ ငါက ဆရာကြီး ဒါမှမဟုတ် အစ်ကိုကြီးကို လှုပ်ရှားမှုတစ်ခုလုပ်ဖို့ တောင်းဆိုရမယ့်ပုံပဲ"

Chapter 539

ထိုစကားများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာများထက်တွင်မျှော်လင့်စောင့်စားသော အရိပ်အယောင်များထင်ဟပ်လာသည်။

နောက်ဆုံး၌....

သူတို့သည် ထိုဆရာကြီးတချို့ကို ထပ်မံ၍ အကူအညီတောင်းခံနိုင်မည်လော...

သူတို့အမှတ်ရနေသည်မှာ....

ယခင်တစ်ကြိမ်တုန်းက သူတို့အကူအညီတောင်းခံခဲ့စဉ်တွင် ဝက်ဝံနက်မှထုတ်ဖော်ပြသခဲ့သော အံ့အားသင့်ဖွယ်စွမ်းအားကြောင့် လူတိုင်းသည် ရိုးတွင်းခြင်ဆီထိလှိုက်အောင် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ဤမြင်ကွင်းသည် သူတို့၏မှတ်ဥာဏ်များအတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။

လူအများ၏စိတ်အားထက်သန်နေသော အကြည့်များအောက်တွင် ဝူထျန်းသည် အသံပေးပိုခြင်းကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။

သူသည် ထိုအရာကိုအသက်သွင်းကာ တစ်စုံတစ်ယောက်ကိုဆက်သွယ်ရန် ကြိုးစားလိုက်သည်။

သို့ရာတွင်....

အချိန်အတော်ကြာသည့်တိုင် ထိုအရာတွင် မည်သည့်တုံပြန်မှုမျှ ရှိမနေချေ။

ဤသည်ကြောင့် လူအများ၏မျက်နှာအမူအယာများကို ပြောင်းလဲသွားစေသည်။

"စိတ်ကို ငြိမ်ငြိမ်ထားကြစမ်း"

"ငါ့ရဲ့ဆရာကြီးနဲ့အစ်ကိုကြီးတို့က ပုံမှန်အတိုင်းဆိုရင် ဒီလိုမျိုးလောကီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်လေ့မရှိဘူး...သူတို့ကို ဒီကျောက်စိမ်းပြားကနေတဆင့် ဆက်သွယ်လို့မရတာက ပုံမှန်ပဲ...ဒါက နည်းနည်းအခက်တွေ့သွားရုံလေးပဲ"

ဝူထျန်းက တည်ငြိမ်စွာ ရှင်းပြသည်။

ထိုနောက် သူက အော်ဟစ်လိုက်သည်။

"တစ်ယောက်ယောက်....အမြန်ဆုံးအရှိန်နှုန်းနဲ့ ယွင်မြို့ကိုသွားပြီးတော့ ဒီနေရာက အခြေအနေတွေကို ငါ့ရဲ့ဆရာကြီးနဲ့အစ်ကိုကြီးဆီကို အကြောင်းကြားလိုက်စမ်း"

"ဟုတ်ကဲ့"

ရုတ်ချည်းဆိုသလိုပင် အရည်အချင်းရှိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ထွက်လာကာ ယွင်မြိုထံဦးတည်ပြီး တဟုန်ထိုးပျံသန်းသွားတော့သည်။

"အားလုံးပဲ...."

"အခုကတော့ ငါ့ရဲ့ဆရာကြီး ရောက်လာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းကြစို့"

ဝူထျန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ ထိုစကားများကို ပြောဆိုပြီးနောက် သူသည် မြို့မျှော်စင်ပေါ်၌ ပလ္လင်ခွေထိုင်လိုက်၏။

တခြားသူများသည်လည်း ဝူထျန်းနှင့်အတူ ထိုင်စောင့်နေကြတော့သည်။

အချိန်တစ်ညသည် တိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးသွားလေပြီ။

မနက်မိုးသောက်ချိန်သို့ ရောက်ရှိချိန်တွင် လူတိုင်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ကိုခံစားမိသဖြင့် သူတို့၏မျက်လုံးများကို တပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။

သူတို့ မော့ကြည့်လိုက်ချိန်တွင် မိုးကောင်းကင်ယံကြီး အရောင်ပြောင်းလဲနေသည်ကို သတိပြုမိလေ၏။

ဤသည်မှာ သွေးပင်လယ်ကြီးတစ်ခုအလား သွေးနီရောင်သန်းနေသည်။

ထိုသွေးပင်လယ်ကြီးအကြားမှနေ၍ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။

သူသည် မြင့်မားသော အထက်ကောင်းကင်ယံတွင် မတ်တတ်ရပ်နေကာ အေးစိမ့်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။သူ့၏ကြက်သွေးရောင်မျက်လုံးတစ်စုံသည် မြို့မျှော်စင်ပေါ်ရှိ လူများထံတွင်သာ စူးစိုက်၍ကျရောက်နေပေ၏။

ဤမြင်ကွင်းကိုကြည့်ပြီးနောက် ဝူထျန်းတို့လူစုသည် မတ်တတ်ထရပ်လိုက်ကြကာ သူတို့၏မျက်လုံးအကြည့်များအတွင်း၌ တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

ဝူထျန်းပင်လျှင် မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းအရင်းမှာ ဖျက်ဆီးခြင်းအရှင်သည် သူ တွေးတောထားသည်ထက် ပို၍သန်မာအားကောင်းနေသောကြောင့်ပင်။

ထိုလူထံမှ ထုတ်လွှတ်ထားသော အရှိန်အဝါသက်သက်ဖြင့် လူအများကို တုန်လှုပ်ချောက်ချားစေနိုင်စွမ်းရှိသည်။

အမှန်အားဖြင့် ထိုထက်ပို၍ စိုးရိမ်ပူပန်ဖွယ်အကောင်းဆုံးအချက်မှာ ဖျက်ဆီးခြင်းအရှင် ရောက်ရှိလာသော်လည်း ရီဖုန်းနှင့်လုပမ်ဝေတိုထံမှနေ၍ မည်သည့်သတင်းမျှ ရောက်ရှိမလာခြင်းပင်။

သို့ရာတွင်...

ရီဖုန်း၏နည်းလမ်းအမျိုးမျိုးကို ပြန်လည်တွေးတောမိချိန်တွင် ဝူထျန်း၏မျက်နှာပေါ်၌ စိတ်သက်သာရာရသွားသော အမူအယာတစ်ရပ်သည် တဖန်ပြန်၍ ထင်ဟပ်လာပေ၏။

သူ့၏အစွမ်းထက်သောဆရာကြီးသည် ကိစ္စရပ်တိုင်းကို နောက်ကွယ်မှနေ၍ အစဥ်အမြဲ အကွက်ချကြံစည်လေ့ရှိသည်။သူ့၏လှုပ်ရှားမှုများ မှားယွင်းသောအချိန်ဟူ၍ ရှိခဲ့ပါသလော။

ဤတစ်ကြိမ်တွင်လည်း သူ့၏ဆရာကြီးသည် မှားယွင်းမှုမရှိမည်မှာ သေချာပေါက်ပင်။

"မင်းက ဝူထျန်းလား"

ဖျက်ဆီးခြင်းအရှင်၏ ရေခဲတမျှအေးစက်သောအကြည့်သည် မြင်ကွင်းတစ်ခုလုံးကို ဖြတ်သန်းသွားကာ နောက်ဆုံး၌ ဝူထျန်းထံသို့ စူးစိုက်၍ကျရောက်သွားသည်။

"အမှန်ပဲ"

သူ့၏နောက်တွင် ရီဖုန်းရှိနေသည်ကို ပြန်အမှတ်ရမိသဖြင့် ဝူထျန်းသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။သူသည် ဖြည်းညှင်းစွာဖြင့် ခြေတစ်လှမ်းရှေ့တိုးလိုက်၏။

"အရမ်းကောင်းတယ်"

"သေစမ်း..."

ဖျက်ဆီးခြင်းအရှင်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူသည် အလွန်လျှင်မြန်စွာနှင့်သိသာထင်ရှားစွာ ပြင်းထန်သောလက်ဝါးတစ်ချက်ကို ဝူထျန်းထံဦးတည်ပြီး ရိုက်နှက်လိုက်သည်။

ကံကြမ္မာစွမ်းအားများ ဆုံးရှုံးသွားခြင်းကြောင့် သူ့၏ဒေါသများ လောင်ကျွမ်းနေကာ ဝူထျန်းအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်မှာ သိသာထင်ရှားလှ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ဝူထျန်းသည် သူ့၏ကျင့်ကြံဆင့်စွမ်းအားများကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရှိန်အဝါဖြင့် ဖြန့်ကျက်လိုက်သည်။

သို့ရာတွင် သူသည် ဖျက်ဆီးခြင်းအရှင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သည်ကို ကြိုတင်သိရှိထားသဖြင့် အဝေးသို့ရှောင်တိမ်းလိုက်၏။

သို့ရာတွင်....

သူ အလျှင်အမြန် ရှောင်တိမ်းလိုက်သော်လည်း ဖျက်ဆီးခြင်းအရှင်၏စွမ်းအားတစွန်းတစသည် သူ့အား ရိုက်ခတ်မိဆဲပင်။

ဝူထျန်းသည် မြေပြင်ပေါ်၌ တရွတ်တိုက်လွင့်ပါသွားကာ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

"အရှင်...."

"အရှင်...."

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ဝူထျန်းအင်ပါယာဘက်မှလူများ၏ မျက်နှာများထက်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူတို့၏အသံများကို အလျှင်အမြန် ပေးပို့လိုက်ကြ၏။

"ထိတ်ထိတ်ပျာပျာ ဖြစ်မနေကြနဲ့...သူ ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး"

ဝူထျန်းသည် အက်ကွဲကြောင်းအတွင်းမှ တွားသွားထွက်လာကာ သူ့၏ပါးစပ်ထောင့်များကိုသုတ်ပြီး အေးစက်တင်းမာသောအကြည့်ဖြင့် ဖျက်ဆီးခြင်းအရှင်ကိုကြည့်ကာ ပြောဆိုလိုက်သည်။

ဖျက်ဆီးခြင်းအရှင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

"မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တာကြောင့် မင်းမှာ အရည်အချင်းတချို့ ရှိတယ်ဆိုပေမယ့်....ငါ မင်းကိုသတ်ဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို ခြေမွှဖျက်ဆီးတာလောက် ရိုးရှင်းတဲ့ကိစ္စပဲ...

ဒီလိုစကားမျိုးကိုပြောနိုင်တဲ့ သတ္တိမျိုး မင်း ဘယ်နေရာကနေ ရလာတာလဲ"

ဖျက်ဆီးခြင်းအရှင်က အေးစက်တင်းမာစွာ အော်ငေါက်လိုက်၏။

"ဟမ့်...."

"ငါ မင်းကို ကြောက်နေမှာမဟုတ်ဘူး...အကြောင်းအရင်းကတော့ ငါ့ရဲ့ဆရာနဲ့အစ်ကိုကြီးတို့က ငါ့ကို ကာကွယ်ပေးမှာမလိုပဲ"

"ငါ့ရဲ့ဆရာက ကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာရှိတဲ့ အရာအားလုံးကို တွက်ချက်ထားပြီးပြီ....ဒီနေ့ မင်းရောက်လာတယ်ဆိုတာတောင် ငါ့ဆရာရဲ့အစီအစဥ်တွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်တယ်"

ဝူထျန်းသည် သူ့၏ရင်ကိုကော့ထားကာ သူ့၏အသံသည် အကြောက်အလန့်ကင်းမဲ့နေပေ၏။

ထိုစကားကိုကြားချိန်တွင် ဖျက်ဆီးခြင်းအရှင်၏မျက်ခုံးနှစ်ခုကြား၌ လှုပ်ခတ်မှုတစ်ခုဖြစ်ပွားသွားသည်။

သူ့၏စိတ်နှလုံးသားအတွင်း၌ ဝူထျန်းပြောဆိုသော ဆရာကြီးနှင့်အစ်ကိုကြီးတို့အကြောင်းကို စတင်၍စဉ်းစားတွေးတောလိုက်သည်။

အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကိစ္စကတည်းက တစ်စုံတစ်ယောက်သည် ကိစ္စများအားလုံး၏နောက်ကွယ်မှ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း သူ အစဉ်အမြဲခံစားမိသည်။

ဖြစ်နိုင်သည်မှာ....

ကိစ္စရပ်များအားလုံးကို နောက်ကွယ်မှာနေ၍ ဝင်ရောက်နှောင့်ယှက်နေသောလူသည် သူ့၏ဆရာကြီးနှင့်အစ်ကိုကြီးဟု ဝူထျန်းမှရည်ညွှန်းသူများ ဖြစ်ပေမည်။

ဤသည်မှာ ဖျက်ဆီးခြင်းအရှင်ကို ပို၍သိချင်စိတ် ပြင်းပြသွားစေသည်။

သူ့၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကိုအစဉ်အမြဲစူးစမ်းလေ့လာနေကာ မမျှော်လင့်သောဖြစ်ရပ်များ ဖြစ်ပွားလာမည်ကို ကာကွယ်တားဆီးထားသည်။

မည်သို့ပင်ဆိုစေကာမူ....

ကံကြမ္မာစွမ်းအားများ၏အရေးကိစ္စကို ဝင်ရောက်နှောက်ယှက်ဝံ့သောလူသည် မည်သည့်နည်းနှင့်မျှ သာမန်လူတစ်ယောက်မဖြစ်နိုင်​ချေ။သူ သတိကြီးစွာထားသည်မှာ ပို၍ကောင်းမွန်ပေမည်။

အချိန်တခဏကြာပြီးနောက်....

အဝေးရှိမိုးကောင်းကင်ယံအတွင်းမှနေ၍ ပုံရိပ်တစ်ရိပ် လျှင်မြန်စွာပျံသန်းလာသည်။

ရုတ်ချည်းဆိုသလိုပင် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ပေ၏။

ဝူထျန်း၏မျက်လုံးများ ယခင်ထက်ပို၍ တောက်ပသွားသည်။

အကြောင်းအရင်းမှာ ယခုရောက်ရှိလာသူသည် ရီဖုန်းကိုရှာဖွေရန်အတွက် ယွင်မြိုသို့ သူစေလွှတ်လိုက်သောလူ ဖြစ်နေသောကြောင့်ပင်။

"ဟား ဟား ဟား...."

"ငါ့ရဲ့ဆရာကြီးနဲ့အစ်ကိုကြီးတို့က မကြာခင် ရောက်လာတော့မယ်"

ရုတ်ချည်းဆိုသလိုပင် သူသည် ဖျက်ဆီးခြင်းအရှင်ကိုကြည့်ကာ မောက်မာထောင်လွှားစွာ အော်ဟစ်ရယ်မောလိုက်သည်။

ဤသည်ကြောင့် ဖျက်ဆီးခြင်းအရှင်သည် ပို၍သတိကြီးစွာထားလိုက်၏။

အကြောင်းအရင်းမှာ ယခုပျံသန်းလာသူအပြင် သူသည် တခြားမည်သည့်တည်ရှိမှုမျိုးကိုမျှ အာရုံခံ၍ မရသောကြောင့်ပင်။ဤသည်မှာ ရောက်ရှိလာသောလူသည် အရိပ်များအတွင်း၌ပုန်းအောင်းနေနိုင်ကာ သူ့ကဲ့သို့ အစွမ်းထက်သူတစ်ယောက် ဖြစ်နေနိုင်သည်။

"ဟား ဟား ဟား ..ငါ့ကို မြန်မြန်ပြောစမ်း...ငါ့ရဲ့ဆရာကြီးနဲ့အစ်ကိုကြီးတို့ ဘယ်မှာလဲ"

ထိုလူချဥ်းကပ်လာသောအချိန်တွင် ဝူထျန်းက စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်၏။

သို့ရာတွင်....

ထိုလူ၏မျက်နှာအမူအယာသည် အလွန်အမင်းမကြည့်မသာဖြစ်နေလေ၏။သူသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ချက်ချင်းဒူးထောက်ကာ အထစ်ထစ်အငေါ့ငေါ့ပြောဆိုသည်။

"အရှင်...အရှင်....အရှင်ဝူ....ဆရာကြီးနဲ့အရှင်လုတို့က မနေ့ညက အလျှင်အမြန်ထွက်သွားကြတယ်...သူတို့က ဝူထျန်းအင်ပါယာထဲကနေထွက်သွားတာ ဖြစ်နိုင်တယ်"

ထိုစကားလုံးများ ကျရောက်လာသည်နှင့်...

ဝူထျန်း၏မျက်နှာ ရှုမဲ့သွားသည်။

သူ့၏စိတ်နှလုံးသား လေးလံသွားကာ သူ ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဆရာကြီး...

သွားပြီ...ထွက်သွားပြီဟု ဆိုလိုက်သလော....

မည်သည်ကြောင့်နည်း....

ဆရာကြီးသည် အရာအားလုံး၏နောက်ကွယ်မှ ကြိုးကိုင်သူမဟုတ်လော....

မည်သည်ကြောင့် သူတို ထွက်သွားကြသနည်း....

မည်သည့်ကြောင့် သူတို့သည် သူ့အား ကာကွယ်ပေးခြင်းမရှိသနည်း....

ဝူထျန်းအင်ပါယာအတွင်းရှိ တခြားလူများ၏ စိတ်နှလုံးသားများအတွင်းမှ မျှော်လင့်ချက်များသည်လည်း ချက်ချင်းပျက်ပြယ်သွားကာ သူတို့အားလုံး၏မျက်နှာများ ဖြူရော်သွားသည်။

သတိကြီးစွာထားနေသော ဖျက်ဆီးခြင်းအရှင်သည် ထိုစကားများကိုကြားချိန်တွင် အချိန်တခဏခန့် ကြက်သေသေသွားသည်။

သူ အလွန်အမင်းသတိကြီးစွာ ထားနေခဲ့သည့်ကိစ္စသည် ဤကဲ့သို့ ဖြစ်လာခဲ့သလော...

"ဟမ့်...."

"ငါ့ရဲ့အချိန်ကို ဖြုန်းတီးနေတာပဲ...မင်းကိုယ်မင်း ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်လို မင်း တကယ်ကြီးထင်နေတာလား...ငရဲကို သွားစမ်း"

ဖျက်ဆီးခြင်းအရှင်သည် သူ့အား ကစားနေသည်ဟု တွေးထင်ကာ သူ့၏စိတ်ရှည်မှုများအားလုံး ပျောက်ကွယ်သွားသည်။သွေးနီရောင်ပင်လယ်ကြီးတစ်ခုက လေထုအတွင်း၌ပြည့်နှက်သွားကာ ဝူထျန်းကို ချက်ချင်းလွှမ်းခြုံသွားလေ၏။

ရုတ်ချည်းဆိုသလိုပင်....

ဝူထျန်းသည် ထူထပ်သိပ်သည်းသော သွေးပင်လယ်ကြီး၏လွမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။

ထိုနောက် သူ့၏ခေါင်းထက်သို့ သွေးနီရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ဆင်းသက်လာသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်....

ဝူထျန်း၏မျက်လုံးအတွင်း၌ အနီရောင်သွေးကြောများဖြင့် ပြည့်နှက်လာကာ သူ့၏မျက်နှာပေါ်တွင် မလိုလားသောအမူအယာများဖြင့် ပြည့်နှက်နေသည်။

"ဆရာကြီး..."

"ဘာလို့လဲ"

"ဘာလို ဒီလိုမျိုးတွေ ဖြစ်လာတာလဲ"

"ဆရာကြီးက ငါ့ကို တိမ်တိုက်အထွတ်အထိပ်အင်ပါယာကိုတိုက်ခိုက်ဖိုအတွက် အရိပ်အမြွတ်ပြခဲ့တာ မဟုတ်လား...ဘာလို ငါ့ကိုကူညီထောက်ပံ့မပေးဘဲနဲ့ ထွက်ခွာသွားတာလဲ...ငါ ဒါကို လက်မခံနိုင်ဘူး"

ဝူထျန်း၏မလိုလားသောအော်ဟစ်ကြုံးဝါးသံကြီးနှင့် အတူယှဉ်တွဲ၍ ဖျက်ဆီးခြင်းအရှင်၏လက်ဝါးသည် နောက်ဆုံး၌ ကျရောက်လာလေပြီ။

"ဘုန်း...."

ကြီးမားသောချိုင့်နက်ကြီးတစ်ခုက မြေပြင်ပေါ်၌ ထင်ဟပ်လာသည်။

တိုက်ခိုက်မှု၏အလယ်ဗဟို၌ရှိနေသော ဝူထျန်းသည် အစပထမ၌ ပူပြင်းလောင်ကျွမ်းမှုကို ခံစားလိုက်ရသည်။ထိုနောက်မှနေ၍ သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး ကြေမွှပျက်စီးသွားကာ သွေးများက သူ့၏ဒွာရခုနှစ်ပေါက်မှ ယိုစီးကျလာသည်။သူသည် မြေပြင်ပေါ်သို့လဲကျသွားပြီးနောက် သေဆုံးသွားတော့သည်။

"ဟမ့်..."

ဝူထျန်းသည် လုံးလုံးလျားလျား သေဆုံးသွားပြီဖြစ်ကြောင်းကို သိရှိပြီးနောက် ဖျက်ဆီးခြင်းအရှင်သည် အေးစက်စက်နှာမှုတ်လိုက်သည်။ ထိုနောက် သူသည် တခြားလူများအားလုံးကိုသာမန်ကာလျှံကာ တချက်ကြည့်ကာ သွေးနီရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် ပျောက်ကွယ်သွားတော့သည်။

သူ့၏ပစ်မှတ်သည် ဝူထျန်းတစ်ယောက်တည်းဖြစ်သည်မှာ သိသာထင်ရှားနေပြီး သူသည်တခြားလူများကို အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိချေ။

"အရှင်ဧကရာဇ်"

"အရှင်..."

ဖျက်ဆီးခြင်းအရှင် ထွက်ခွာသွားပြီးနောက် ဝူထျန်းအင်ပါယာမှ အရာရှိများသည် နောက်ဆုံး၌အသိဝင်လာကာ အသက်ကင်းမဲ့နေသော ဝူထျန်း၏ခန္ဓာကိုယ်ထံသို တဟုန်ထိုးအပြေးသွားကြတော့သည်။

ဝူထျန်း၏ရုပ်ပျက်ဆင်းပျက်အလောင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရချိန်တွင် ငိုကြွေးသံများက လေထုအတွင်း၌ ပြည့်နှက်သွားသည်။

လူအမြောက်အများသည် မြေပြင်ပေါ်၌ဒူးထောက်လိုက်ကြကာ ဝမ်းနည်းပူဆွေးစွာပြောဆိုနေသော အသံမျိုးစုံက ပဲ့တင်ထပ်နေတော့သည်။

Chapter 540

ဝူထျန်းအင်ပါယာတစ်ခုလုံးအနှံ ပူဆွေးဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် ဖျက်ဆီးခြင်းအရှင်သည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာထံသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

ဖျက်ဆီးခြင်းအရှင်ကိုယ်တိုင် ဤကိစ္စကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် မည်သည့်မတော်တဆကိစ္စမျှ ဖြစ်လာနိုင်ခြင်းမရှိချေ။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်နှာထက်တွင် အေးစက်ပြီး အထင်အမြင်သေးသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဟမ့်..."

"ငါတို့ကိုဆန့်ကျင်ဖို ကြိုးစားခဲ့တဲ့အတွက်...ဒါက ရလဒ်ပဲ"

ထိုသို့ပြောဆိုပြီးနောက်....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံသို့ဦးတည်၍ သွားလိုက်ကြတော့သည်။

"ဝူထျန်းဆိုတဲ့ကောင်ကြောင့် ငါတို့ရဲ့ကံကြမ္မာစွမ်းအားတွေ လျော့ကျသွားခဲ့တယ်...အခု သူ သေသွားမှတော့ ဆုံးရှုံးသွားတဲ့ ကံကြမ္မာစွမ်းအားတွေ ပြန်ရောက်လာနိုင်တယ် မဟုတ်လား"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ပြောဆိုသည်။

"အမှန်ပဲ"

ဖျက်ဆီးခြင်းအရှင်က ခေါင်းညိတ်ပြလေ၏။

အကြောင်းအရင်းမှာ အရာအားလုံးတွင် ကျိုးကြောင်းဆက်စပ်မှုများ ရှိနေခြင်းကြောင့်ပင်။

တစ်စုံတစ်ယောက်ကို ခေါ်ယူနိုင်ခြင်းသည် ကံကြမ္မာစွမ်းအားများကို မြင့်တက်စေနိုင်ပြီး ရန်သူများဖြစ်လာခြင်းသည် ကံကြမ္မာစွမ်းအားများကို လျော့ကျစေနိုင်သည်။ထိုကြောင့် ထိုလူသေဆုံးသွားချိန်တွင် ကံကြမ္မာစွမ်းအားများသည် မြင့်တက်ခြင်းလည်းမရှိ လျော့ကျသွားခြင်းလည်းမရှိဘဲ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေမည်။

"နည်းနည်းလောက် ထပ်ပြီးစောင့်ကြစို့..ဒါက ကံကြမ္မာစွမ်းအားတွေ အပြောင်းအလဲဖြစ်တာကြောင့် နှောင့်နှေးကြန့်ကြာနေနိုင်တယ်"

ဖျက်ဆီးခြင်းအရှင်က တည်ငြိမ်စွာပြောဆိုသည်။

"ငါ သိပြီ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ခေါင်းညိတ်ပြလေသည်။

ထိုနောက် သူတို့သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏ ဘေးတစ်ဖက်တချက်၌ ထိုင်လိုက်ကြသည်။

ထိုနောက် သူတို့သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်အတွင်းရှိ အပြောင်းအလဲများကို စောင့်ဆိုင်းလိုက်ကြ၏။

တိကျသေချာစွာပင်....

နေ့ဝက်ခန့်ကြာပြီးနောက် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံတွင် လှုပ်ခတ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့နှစ်ယောက်သည် မျက်လုံးများကိုတပြိုင်နက်တည်း ဖွင့်လိုက်ကြကာသူတို၏မျက်နှာများ ချက်ချင်းတောက်ပသွားသည်။

ဤအတိတ်နိမိတ်များအောက်တွင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှနေ၍ ညင်သာသောအလင်းတန်းများ အစဥ်အမြဲဖြာထွက်နေသည်။

အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကံကြမ္မာအင်မော်တယ်အလင်းတိုင်သည် နောက်ဆုံး၌ အစစ်အမှန်ပြောင်းလဲမှု စတင်လာလေပြီ။

လူနှစ်ယောက်၏စိတ်လှုပ်ရှားနေသော အကြည့်များအောက်တွင် ကံကြမ္မာအလင်းတန်းများသည် သူတို့နှစ်ယောက် ဝူထျန်းနှင့်မတွေ့ခင် အခြေအနေထိ ပြန်၍မြင့်တက်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့နှစ်ယောက်သည် စိတ်သက်သာရာရသွားကာ တပြိုင်နက်တည်း သက်ပြင်းရှိုက်လိုက်ကြသည်။

"ဒါကို နောက်ဆုံးတော့ ပြန်ပြီးထိန်းသိမ်းနိုင်ခဲ့ပြီ"

ဖျက်ဆီးခြင်းအရှင်က အပြုံးနှင့်ပြောဆိုသည်။

"အမှန်ပဲ...ဒါက မလွယ်ကူဘူး"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ထင်ဟပ်လာသည်။

ဝူထျန်းအပေါ်တွင် အင်အားများစွာ စိုက်ထုတ်ခဲ့ရသဖြင့် ဤအချိန်ကာလအတောအတွင်းသည် အချည်းနှီးဖြစ်သွားသော်လည်း ဆုံးရှုံးသွားသော ကံကြမ္မာစွမ်းအားများကို ပြန်လည်ရယူနိုင်ခဲ့သဖြင့် သူတို့ ဤကိစ္စကို လက်သင့်ခံနိုင်သည်။

ဆုံးရှုံးမှုများရှိမလာသရွေ့ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ပြီးပြည့်စုံအောင်လုပ်ရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။

"ကောင်းပြီလေ..."

"ဝူထျန်းရဲ့အရေးကိစ္စကို ဖြေရှင်းလို့ပြီးသွားပြီ...ကောင်းကင်ဘုံစာအုပ်ရဲ့လမ်းညွှန်မှုအရ နောက်ထပ်တာဝန်တစ်ခုကို ငါတို့ မြန်မြန်လေးလုပ်ကြရအောင်"

ဖျက်ဆီးခြင်းအရှင်က ပြောဆိုသည်။

"ငါတို့က အခုလတ်တလောမှာ အချိန်တွေအများကြီး ဖြုန်းတီးခဲ့တယ် ..တကယ်လို့ ငါတို့ ထပ်ပြီးနှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် မြင့်မြတ်အရှင်က ငါတို့ကို စိတ်ကျေနပ်တော့မှာမဟုတ်ဘူး"

"ကောင်းပြီလေ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကာ သူ့၏လက်ကိုဝှေ့ယမ်း၍ ကောင်းကင်ဘုံစာအုပ်ကို ထုတ်ယူလိုက်သည်။

သို့ရာတွင် ထိုစာအုပ်ကိုထုတ်ယူနေစဉ်မှာပင် သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် အနီးရှိ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံသို့ သူ့၏ခေါင်းကို ပျာပျာသလဲလှည့်ကြည့်လိုက်၏။

သူ့၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင်....

အစောပိုင်းက တည်ငြိမ်သွားသော ကံကြမ္မာအင်မော်တယ်အလင်းတိုင်တွင် စွမ်းအားလှုပ်ခတ်မှုအရိပ်အယောင်များ တဖန်ထပ်၍ထင်ဟပ်လာသည်။

ဖျက်ဆီးခြင်းအရှင်သည်လည်း ထိုမြင်ကွင်းကိုသတိပြုမိသွားသဖြင့် ထိတ်လန့်တကြားမေးမြန်းလိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ ..ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကစွမ်းအားတွေ ဘာလို့ထပ်ပြီးလှုပ်ခတ်လာတာလဲ"

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ လုံးလုံးလျားလျားကြက်သေသေသွားသည်။

သူတို့၏ဇဝေဇဝါဖြစ်နေမှုအောက်တွင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ လှုပ်ခတ်မှုများ ပို၍ပို၍အားကောင်းလာသည်။

"တခုခုဖြစ်ပျက်နေတာ မဟုတ်လား...ဒါက ဘာများဖြစ်နေမလဲ"

ဖျက်ဆီးခြင်းအရှင်ထံတွင် ဆိုးရွာသောအတိတ်နိမိတ်တစ်ခု ရရှိနေသည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ကံကြမ္မာအင်မော်တယ်အလင်းတိုင်အတွင်း၌ ဖြစ်ပွားသော မည်သည့်အပြောင်းအလဲမဆို သေးငယ်ခြင်းမရှိသဖြင့် သူတို့သည် ဤကိစ္စကိုပေါ့ပေါ့တန်တန် သဘောထား၍မရချေ။

ထိုကြောင့် သူက အလျင်စလို ပြောဆိုလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖိုအအတွက် လူတွေကို ချက်ချင်းစေလွှတ်လိုက်စမ်း....ကံကြမ္မာစွမ်းအားနဲ့ဆက်စပ်နေတဲ့ မတော်တဆကိစ္စမျိုးဖြစ်နေလားဆိုတာ သူတို့ကို စုံစမ်းစစ်ဆေးခိုင်းရမယ်"

ထိုသို့ပြောဆိုပြီးနောက်....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အမိန့်များကို အလျှင်အမြန်ထုတ်ပြန်လိုက်တော့သည်။

ထိုအမိန့်များကိုထုတ်ပြန်ပြီးနောက် သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏နံဘေး၌ ထိုင်လိုက်ကြသည်။

ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ဤကဲ့သို့လှုပ်ခတ်မှုမျိုး ဖြစ်ပွားစေသည့်အကြောင်းအရင်းကို ရှာမတွေ့သရွေ့ သူတို့နှစ်ယောက်သည် သူတို့၏မျက်လုံးများကို မှိတ်ဝံ့ခြင်းမရှိချေ။

သူတို့နှစ်ယောက် စောင့်ဆိုင်းနေသည်မှာ....

အချိန်နှစ်နာရီ ကြာမြင့်သွားလေပြီ။

သူတို့၏အနီးရှိ ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ လှုပ်ခတ်မှုများသည် အချိန်နှစ်နာရီခန့်ကြာမြင့်သွားခဲ့သည်။

နောက်ဆုံး၌ စုံစမ်းစစ်ဆေးရန်အတွက် သူတို့စေလွှတ်လိုက်သော လက်အောက်ငယ်သားများ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ဧကရာဇ်ကို သတင်းပို့ပါတယ်...ကံကြမ္မာအလင်းတိုင်နဲ့ဆက်စပ်ပြီးတော့ ဘာပြောင်းလဲမှုမျိုးမှ မရှာမတွေ့ခဲ့ပါဘူး"

"ကျွန်တော်တို့က တိမ်တိုက်အထွတ်အထိပ်အင်ပါယာတစ်ခုလုံးကို ရှာဖွေပြီးပြီ...ပုန်းကွယ်နေတဲ့ ဘာအန္တရာယ်မှ မရှိပါဘူး"

"အော်..."

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အလျင်စလိုမတ်တတ်ထရပ်ကာ တည်ကြည်လေးနက်စွာ မေးမြန်းလိုက်၏။

"မင်းတို့ သေချာလား"

"ဧကရာဇ်ကို သတင်းပို့ပါတယ်...ဒါက အကြွင်းမဲ့သေချာတယ်"

လက်အောက်ငယ်သားက ရိုသေလေးစားစွာတုံပြန်သည်။

"မင်းတို့ ထွက်သွားလို့ရပြီ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏လက်ကိုဝှေ့ယမ်းကာ နောက်ဆုံး၌ စိတ်သက်သာရာရသွားပြီး သက်ပြင်းတချက်ရှိုက်လိုက်သည်။သူသည် ဖျက်ဆီးခြင်းအရှင်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"ပုန်းကွယ်နေတဲ့ ဘာအန္တရာယ်မှမရှိဘူးဆိုမှတော့ ငါတို့ အများကြီးစိုးရိမ်ပူပန်နေစရာမလိုတော့ဘူး...ဆန့်ကျင်ဘက်အနေနဲ့ ဒါက ကိစ္စကောင်းတစ်ခုလည်း ဖြစ်နေနိုင်တယ်"

"အော်...."

ဖျက်ဆီးခြင်းအရှင်၏မျက်လုံးများ တောက်ပသွားကာ မျှော်လင့်စောင့်စားခြင်းများဖြင့် ပြည့်နှက်နေသည်။

"ဒီကံကြမ္မာစွမ်းအားတွေက လူသားတွေရဲ့လုပ်ရပ်ကြောင့် မပြောင်းလဲနိုင်ဘူး"

"ဥပမာအနေနဲ့ပြောရရင် ငါရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာနယ်မြေထဲမှာ မဟာလျှို့ဝှက်နယ်မြေကြီးတစ်ခုထွက်ပေါ်လာတာ ဒါမှမဟုတ် အဆင့်မြင့်အင်မော်တယ်တစ်ယောက်တက်လှမ်းတာ...ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံပါရမီရှင်တစ်ယောက် မွေးဖွားလာတာ...အဲ့ဒီလိုကိစ္စမျိုးတွေရှိနေရင် ကံကြမ္မာစွမ်းအားတွေ လှုပ်ခတ်မှုဖြစ်လာနိုင်တယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ရှင်းပြသည်။

"ငါ ခုဏက အင်ပါယာတစ်ခုလုံးကိုရှာဖွေဖိုအတွက် လက်အောက်ငယ်သားတွေကို အမိန့်ပေးခဲ့တယ်...ပုန်းကွယ်နေတဲ့ ဘာအန္တရာယ်ကိုမှ ရှာမတွေ့ခဲ့တာကြောင့် ကံကြမ္မာအင်မော်တယ်အလင်းတန်းထဲက စွမ်းအားလှုပ်ခတ်မှုတွေက ငါပြောခဲ့တဲ့ အချက်တွေကြောင့်ပဲဖြစ်မယ်"

ထိုစကားကို ကြားချိန်တွင်...

ဖျက်ဆီးခြင်းအရှင်၏မျက်လုံးများသည်လည်း ချက်ချင်းတောက်ပသွားသည်။

အကယ်၍ ဤသည်မှာ အမှန်ဖြစ်ပါက....

သူတို့သည် ကံဆိုးမှုအကြားမှ ကောင်ချီးတစ်ခုကို ရှာတွေ့ခြင်းဖြစ်ပေမည်။

ထိုပြင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏ လှုပ်ခတ်မှုများအရ အကဲဖြတ်ကြည့်ပါက ဖြစ်ပေါ်လာမည့် အပြောင်းအလဲသည် သေးငယ်သောကိစ္စမဟုတ်နိုင်​ချေ။

ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ပြီးပြည့်စုံအောင်လုပ်ရမည့် သူတို့၏မဟာအစီအစဥ်ကြီးသည် ဤကိစ္စနှင့် ဆက်စပ်နေနိုင်သည်။

သူတို့နှစ်ယောက်ထံတွင် ပျော်ရွှင်နေသောမျက်နှာအမူအယာများထင်ဟပ်လာကာ မျှော်လင့်စောင့်စားခြင်းအ​ပြည့်ဖြင့် ကံကြမ္မာ အင်မော်တယ်အလင်းတိုင် တရားဝင်ပြောင်းလဲလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

နောက်ဆုံး၌...

နောက်ထပ်အချိန်တစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက် စွမ်းအားလှုပ်ခတ်မှုများ ငြိမ်သက်သွားခဲ့သည်။

"ဒါက ထွက်ပေါ်လာတော့မယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အံ့အားတသင့်ရေရွတ်လိုက်၏။

ဖျက်ဆီးခြင်းအရှင်သည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။

ဤအချိန်အခိုက်အတန့်တွင် သူတိုနှစ်ယောက်လုံး သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကြသည်။

သူတို့၏နှလုံးသားများအတွင်းတွင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ပြီးပြည့်စုံအောင်ပြုလုပ်ပြီးနောက် မြင့်မြတ်အရှင်ထံမှ ကြီးမားသောဆုလာဘ်များ သူတို့ထံသို ရောက်ရှိလာမည့်မြင်ကွင်းကို မြင်ယောင်နေမိသည်။

သို့ရာတွင် ရုတ်တရက်....

ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ အလင်းတန်းများသည် မူလရောက်ရှိနေသောနေရာမှ တစ်ဝက်ခန့်လျော့ကျသွားသည်။

ဤရုတ်တရက်အပြောင်းအလဲကြောင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏ရင်ဘတ်အတွင်းမှ စူးရှနာကျင်လာမှုကို ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဖျက်ဆီးခြင်းအရှင်သည်လည်း တိုင်လုံးကြီးတစ်လုံးအလား လှုပ်ရှားမှုကင်းမဲ့စွာ မတ်တတ်ရပ်နေကာ ကြက်သေသေနေသည်။

အကြွင်းမဲ့ အံ့အားသင့်တုန်လှုပ်ခြင်း....

ထိုနောက် တစ်ချိန်တည်းမှာပင် လောလောလတ်လတ်မြှုပ်နှံထားသော ဝူထျန်းအင်ပါယာ၏တော်ဝင်သင်္ချိုင်းဂူ ပေါက်ကွဲသွားသည်။

ထိုနောက် ဆံပင်များအဆုံးအထိ ထောင်မတ်နေသော ပုံရိပ်တရိပ်သည် မိုးကောင်းကင်ယံအတွင်းသို မြင့်တတ်လာပေ၏။

"ငါ ဝူထျန်း..."

"ပြန်လာပြီ...."

Thank For Reading.

All Chapters