← Chapters

အခန်း (၅၄၁-၅၄၅)

Vol. 37 Ch. 541-545

အခန်း (၅၄၁-၅၄၅)

Vol. 37 Ch. 541-545

Chapter 541

မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးတစ်သံက ဝူထျန်း၏ပါးစပ်မှ ပွင့်အံ့ထွက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူ့ထံမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

သူ့၏ခန္ဓာကိုယ်မှနေ၍ အလွန်ကြီးမားသော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ မိုးကောင်းကင်ယံအတွင်းသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။

"ဟား...ဟား...ဟား...."

"တိမ်တိုက်အထွတ်အထိပ်အင်ပါယာ...ဒီလိုဖြစ်လာမယ်လို မင်းတို့ မျှော်လင့်မထားမိဘူးမလား...ငါ ဝူထျန်း မသေသေးဘူး"

"ငါက မသေရုံတင်မကဘူး မင်းတို့အားလုံးက ငါ့ရဲ့ငုပ်လျှိုးနေတဲ့ ခန္ဓာကိုယ်ဖွဲစည်းပုံဖြစ်တဲ့ မသေမျိုးခန္ဓာကိုယ်ကို ကူညီပြီး အသက်ဝင်သွားစေခဲ့တယ်"

"ဒီခန္ဓာကိုယ်ဖွဲစည်းပုံကို ပိုင်ဆိုင်ထားတာရဲ့ ဆိုလိုရင်းက ငါ သေဆုံးတဲ့အချိန်တိုင်း ငါ ပြန်လည်မွေးဖွားနိုင်တယ်....ငါ ပြန်လည်မွေးဖွားလာတဲ့အကြိမ်တိုင်း ငါ့ရဲ့စွမ်းအားက အရင်ထက်ဆယ်ဆမြင့်တက်သွားလိမ့်မယ်"

"ဟား ဟား ဟား..."

သူ့၏မောက်မာထောင်လွှားသော ရယ်မောသံကြီးက မိုးကောင်းကင်ယံတခွင်လုံးအနှံ ပဲ့တင်ထပ်ပျံ့နှံသွားသည်။

ဤအချိန်တွင် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပနေသည့် ဝူထျန်းအင်ပါယာမှလူများသည် မိုးကောင်းကင်ယံအတွင်းသို့ ဝူထျန်း ထိုးတက်လာသည်ကိုမြင်တွေ့ချိန်၌ သူတို့သည် မျက်လုံးအပြူးသားဖြစ်သွားကာ ချက်ချင်းဒူးထောက်လိုက်ကြ၏။

"အရှင်ဝူထျန်းက သေချင်ယောင်ဆောင်ခဲ့တာလား..."

"တိတ်တိတ်နေကြစမ်း...အရှင်က ပြန်ရှင်သန်လာခဲ့တာပဲ"

"အမှန်ပဲ...အမှန်ပဲ...အရှင့်ရဲ့အော်သံအရ အကဲဖြတ်ကြည့်ရရင်...သူ ပြန်ရှင်သန်လာတယ်ဆိုတာ အရမ်းသိသာတယ်...ဒီကံကြမ္မာဆိုးကနေ သူက ကောင်းချီးတစ်ခုကိုတောင် ရရှိလာခဲ့တယ်"

"ကောင်းကင်ဘုံက ဝူထျန်းအင်ပါယာကို ကောင်းချီးပေးနေတာပဲ"

"ကျွန်တော်တို့က အရှင်ဝူထျန်းကို အရိုအသေပြုပါတယ်"

"အရှင်ဝူထျန်း သက်တော်ရာကျော် ရှည်ပါစေ...ထာဝရ အသက်ရှင်သန်နိုင်ပါစေ"

တော်ဝင်သင်္ချိုင်းဂူ၏ရှေ့၌ ထောင်သောင်းချီသောလူများ ဒူးထောက်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုမျက်ရည်များ ယိုစီးကျနေသည်။သူတို့သည် စိတ်လှုပ်ရှားနေသောကြောင့် သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေကာ မိုးကောင်းကင်ယံအတွင်းရှိ ဝူထျန်းကိုကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

"ဟား ဟား ဟား...."

"ငါ့ရဲ့ငယ်သားတွေ ထကြစမ်း..."

ဝူထျန်းသည် မိုးကောင်းကင်ယံမှဆင်းသက်လာပြီးနောက် သူ့၏လက်ကို ညင်သာစွာဝှေ့ယမ်းကာ ထောင်သောင်းချီသောလူများကို နူးညံ့ညင်သာသောအားလှိုင်းတစ်ရပ်ဖြင့် ထူမပေးလိုက်သည်။

"အခုချက်ချင်း အတော်ဆုံးလက်မှုပညာရှင်တွေကို ဆင့်ခေါ်ပြီးတော့ ငါ့ဆရာကြီးရဲ့ရုပ်တုကို ထုဆစ်ရမယ်...ရွှေနဲ့ကျောက်ကို တည်ဆောက်ရေးပစ္စည်းအဖြစ် အသုံးပြုပြီးတော့ ဆရာကြီးရဲ့ခန္ဓာကိုယ်အရွယ်အစားထက် အဆတစ်သောင်းကျော် ကြီးမားရမယ်"

"ငါ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကိုသိမ်းပိုက်နိုင်တဲ့အချိန်ကျရင် သန်းနဲ့ချီတဲ့လူတွေ ကြည်ညိုလေးစားနိုင်ဖို့အတွက်...ဒီရုပ်တုကို တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ တော်ဝင်မြို့တော်မှာထားမယ်"

မြေပြင်ပေါ်သို့ဆင်းသက်လာပြီးနောက် ဝူထျန်းသည် သူ့၏ပထမဆုံးအမိန့်ကို ချက်ချင်းထုတ်ပြန်လိုက်၏။

"အမ်..."

"ရွှေနဲ့ကျောက်ကိုအသုံးပြုပြီးတော့ မူရင်းအရွယ်အစားထက် အဆတစ်သောင်းကျော်ကြီးမားတဲ့ ရုပ်ထုတစ်ခုကို ထုဆစ်ရမှာလား"

ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသောလူတိုင်း အလွန်အမင်း အံ့အားသင့်သွားသည်။

အဆင့်မြင့်နန်းတွင်းအရာရှိတစ်ယောက်သည် မြိုသိပ်ထားနိုင်ခြင်း မရှိတော့သဖြင့် ရှေ့သို့ထွက်ကာ မေးမြန်းသည်။

"အရှင်ဝူထျန်း...အရှင့်ရဲ့ဆရာကြီးက အရှင်သေရေးရှင်ရေးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာစွန့်ပစ်သွားခဲ့ပြီးတော့ အရှင့်ကို ထာဝရသေဆုံးသွားလုနီးပါးဖြစ်အောင် လုပ်ခဲ့တာမဟုတ်လား...ဒီလိုရွံရှာစက်ဆုပ်ဖိုကောင်းတဲ့လူမျိုးကို အရှင်က ဘာလို့ဂုဏ်ပြုချီးမြှောက်နေတာလဲ"

"တိတ်တိတ်နေစမ်း"

ထိုအရာရှိ၏အသံ ကျရောက်လာသောအချိန်တွင် ဝူထျန်းသည် သူ့အားပါးဖြတ်ရိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ သူ့၏မျက်နှာသည် ဒေါသကြောင့်နီမြန်းနေကာ အော်ဟစ်ကြုံးဝါးလိုက်သည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့ဆရာကြီးကို မေးခွန်းထုတ်ပြီးတော့ သူ့ရဲ့မကောင်းကြောင်းကို ပြောဆိုဝံ့တာလဲ...မင်းက သေချင်နေတာလား"

"အစောင့်တွေ...သူ့ကို အင်ပါယာရဲ့လျှို့ဝှက်အကျဉ်းထောင်ထဲကို ပစ်ထည့်ထားပြီးတော့ သူ့အတွက် အပြစ်ဒဏ်ကို စောင့်ဆိုင်းခိုင်းလိုက်စမ်း"

ဝူထျန်း၏အသံ ကျရောက်လာသည်နှင့်အတူ တခြားလူများသည် သေသူများအလားတိတ်ဆိတ်ငြိမ်သက်သွားကာ အသက်ပင်ရဲရဲမရှူဝံ့ကြတော့ချေ။

"ဟမ့်..."

"ကျန်တဲ့လူတွေအားလုံးလည်း ဇဝေဇဝါဖြစ်နေမယ်ဆိုတာ ငါ သိတယ်...ဒါကြောင့် ငါ မင်းတို့ကို အမှန်အတိုင်း ပြောပြလိုက်မယ်...ဒါတွေအားလုံးက ငါ့ဆရာကြီးရဲ့အစီအစဉ်တွေပဲ"

ဝူထျန်းက တည်ကြည်လေးနက်စွာ ထုတ်ပြန်ကြေညာလိုက်သည်။

ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာ၌ရှိနေသူတိုင်း အလွန်အမင်း အံအားသင့်တုန်လှုပ်သွားသည်။

ဝူထျန်း၏ဆရာကြီးဟု ခေါ်ဆိုသောလူသည် သူ့အား သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် စွန့်ပစ်ခဲ့သည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် ဤသည်မှာ မည်သည်ကြောင့် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သောအစီအစဉ်တစ်ခု ဖြစ်နေရသနည်း။

"ဟမ့်...နုံအတဲ့ အရူးကောင်တွေ"

"ငါ မင်းတို့ကို ပိုပြီးသိသာအောင် ရှင်းပြလိုက်မယ်...ငါ့မှာ မသေမျိုးခန္ဓာကိုယ်ဖွဲစည်းပုံရှိတယ်ဆိုတာ ငါ့ဆရာကြီးက သိနေခဲ့တယ်"

"ဒါကြောင့် သူက ဒီဇာတ်လမ်းဇာတ်ကွက်တစ်ခုလုံးကို စီစဉ်ခဲ့တာပဲ"

ထိုစကားကိုပြောဆိုရင်း ဝူထျန်းသည် မိုးကောင်းကင်ယံထံသို မော့ကြည့်ကာ သူ၏မျက်နှာပေါ်တွင် ကြည်ညိုလေးစားသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ပြန်တွေးကြည့်ရင် ငါ့ရဲ့ဆရာကြီးက ငါ တိမ်တိုက်အထွတ်အထိပ်အင်ပါယာနဲ့ တိုက်ခိုက်ရင် ခါးသည်းတဲ့အဆုံးသတ်နဲ့ ကြုံတွေ့ရမယ်ဆိုတာ ကြိုသိထားခဲ့တယ်...သူက ငါ့ကို သေရေးရှင်ရေးအချိန်အခိုက်အတန့်မှာ စွန့်ပစ်ထားခဲ့ပြီးတော့ ငါ့အတွက် သေလုမျောပါးဖြစ်စေတဲ့ အခြေအနေတစ်ခုကို ဖန်တီးပြီး....ငါရဲ့မသေမျိုးခန္ဓာကိုယ်အမျိုးအစားကို နိုးထစေခဲ့တာပဲ"

"တကယ်လို့ ငါ့ဆရာကြီးရဲ့စေ့စပ်သေချာတဲ့ အစီအစဉ်ကြောင့်သာမဟုတ်ရင်...ငါက ဘယ်လိုလုပ်ပြီးတော့ အခုလိုမျိုးသေရေးရှင်ရေးအကျပ်အတည်းကို ရင်ဆိုင်ပြီး ငါ့ရဲ့ခန္ဓာကိုယ်ဖွဲစည်းပုံကို အလျှင်အမြန်နိုးထစေနိုင်မှာလဲ"

"ငါ့ဆရာကြီးရဲ့အသိအမြင်တွေက အရမ်းသိမ်မွေ့နက်နဲပြီးတော့ လျှို့ဝှက်ဆန်းကြယ်တယ်"

ဝူထျန်း၏ရှင်းပြမှုကို ကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။

မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်သည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိမည်ကိုမည်သည်ကြောင့် လိုလားနိုင်မည်နည်း။

မသေမျိုးခန္ဓာကိုယ်နှင့်ပတ်သက်ပြီး လုံလောက်သော အသိပညာဗဟုသုတမရှိပါက ဝူထျန်းသည် မည်သည့်နည်းနှင့်မျှ သူ့၏အသက်ကို စွန့်စားဝံ့မည်မဟုတ်ချေ။

ထိုကြောင့် ဆရာကြီးသည် ဤအစီအစဉ်ကြီးတစ်ခုလုံးကို အကွက်ချကြံစည်ခဲ့ခြင်းဖြစ်ပေမည်။

"ငါ သိပြီ...ငါ အခုသိသွားပြီ"

"အဲ့ဒီဆရာကြီးက နတ်ဘုရားဆန်တဲ့ အသိပညာမျိုး ရှိနေတဲ့လူတစ်ယောက်ပဲ"

"သူက အသေးစိတ်ကျကျ အစီအစဥ်ဆွဲပြီးတော့ ကောင်းကင်ဘုံရဲ့ပရိယာယ်တွေကို ကြိုမြင်နိုင်ခဲ့တယ်"

"ဒီလိုမျိုး မြင့်မြတ်တဲ့လူတစ်ယောက်က ဝူထျန်းအင်ပါယာအတွက် ကောင်းချီးပေးတဲ့ကြယ်တစ်လုံးပဲ...မဟုတ်သေးဘူး...ဒါက လောကကြီးတစ်ခုလုံးအတွက်ပဲ"

"ပြန်တွေးကြည့်မယ်ဆိုရင် ငါတို့က အဲ့ဒီဆရာကြီးကို အပြစ်တင်ခဲ့မိတာ တကယ့်ကို မှားယွင်းတဲ့လုပ်ရပ်ပဲ"

"အမှန်ပဲ...ငါတို့ မှားသွားခဲ့တယ်"

ဤကိစ္စကို နားလည်သဘောပေါက်သွားသောလူများသည် သူတို့၏လေးစားကြည်ညိုမှုများကို ဖွင့်ဟပြောဆိုလိုက်ကြကာ နောင်တရမှုများအ​ပြည့်ဖြင့် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြ၏။

အကြောင်းအရင်းမှာ အစောပိုင်းက ဝူထျန်းသေဆုံးသွားစဉ်တွင် လက်ရှိနေရာတွင် ရှိနေသော လူများအားလုံးနီးပါးသည် ရီဖုန်းဟုခေါ်သောလူအပေါ် နာကျည်းမုန်းတီးစွာ ကျိန်ဆဲခဲ့ကြသောကြောင့်ပင်။

"တကယ်တော့..."

"အစတုန်းက ငါ့ကို ဆရာကြီးက စွန့်ပစ်ခဲ့တယ်လို ငါလည်း တွေးထင်ခဲ့တယ်...ဒါကြောင့် ငါ သူ့ကို အပြစ်မတင်ရက်ခဲ့ပေမယ့် စိတ်ခုခဲ့မိတယ်"

လူအများ၏စကားများကိုကြားချိန်တွင် ဝူထျန်းသည်လည်း နောင်တများဖြင့် သူ့၏ခေါင်းကိုအောက်သို့ငုံကာ ပြင်းထန်သောခွန်အားဖြင့် သူ့ကိုယ်သူ ထပ်ခါတလဲလဲ ပါးဖြတ်ရိုက်လိုက်သည်။

"ငါ ဝူထျန်းက ရွံရှာစက်ဆုပ်ဖိုကောင်းတဲ့ အပြစ်သားတစ်ယောက်ပဲ"

"ငါ့အပေါ် ဆရာကြီးရဲ့သနားကြင်နာမှုတွေက တောင်တန်းကြီးတွေလို ကျယ်ပြန့်တယ်...ဒါတောင်မှ ငါက သူ့အပေါ် ဒီလိုအတွေးမျိုးတွေ တွေးခဲ့မိတယ်....ငါက လူသားတစ်ယောက်ဖြစ်ဖိုတောင် မထိုက်တန်ဘူး"

"ငါက သေသင့်တယ်...ငါ သေသွားသင့်တယ်...ငါက သေဖိုထိုက်တန်တဲ့ လူတစ်ယောက်ပဲ"

"ဒါကြောင့် ငါ့ကို ပြောကြစမ်း...ဆရာကြီးရဲ့ကြီးမားတဲ့ကျေးဇူးကို ပြန်ပေးဆပ်တဲ့အနေနဲ့ ရုပ်ထုတစ်ခုကို ဘယ်လိုမျိုးစိုက်ထူရင် ကောင်းမလဲ"

ဝူထျန်းက မေးမြန်းလိုက်ကာ သူ့၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့်စိုစွတ်နေသည်။

"ဒီရုပ်တုကို စိုက်ထူသင့်ပါတယ်"

"အမှန်ပဲ...အမှန်ပဲ...ဒါက တကယ့်ကို စိုက်ထူသင့်တယ်"

"အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်တို့က ရုပ်တုတစ်ခုတည်း မစိုက်ထူသင့်ဘူးလို့ ကျွန်တော်ထင်တယ်...ဝူထျန်းအင်ပါယာအတွင်းမှာရှိတဲ့ မြိုတိုင်းမှာ ဆရာကြီးရဲ့ရုပ်တုတွေကို စိုက်ထူသင့်တယ်"

"အမှန်ပဲ...ဒါ့ပြင် ဝူထျန်းအင်ပါယာရဲ့မျိုးဆက်တွေအတွက် ပညာပေးသင်ခန်းစာတွေမှာ ဆရာကြီးရဲ့အကြောင်းကို ထည့်သွင်းဖော်ပြသင့်တယ်...အဲ့ဒီလိုလုပ်လိုက်ရင် သူ့ရဲ့နာမည်ကခေတ်အဆက်ဆက် တွင်ကျန်ခဲ့ပြီးတော့ နောင်အနာဂတ်မျိုးဆက်တွေအားလုံးက ငါတိုအင်ပါယာအပေါ် ဆရာကြီးထားခဲ့တဲ့ သနားကြင်နာမှုနဲ့ကျေးဇူးတရားကို သိသွားကြလိမ့်မယ်"

လူအများသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ရိုးသားဖြူစင်သော မျက်နှာအမူအယာများဖြင့် သူတို့၏အမြင်များကို ဖွင့်ဟပြောဆိုလိုက်ကြသည်။

"အရမ်းကောင်းတယ်"

ဝူထျန်း၏မျက်နှာပေါ်၌ စိတ်​ကျေနပ်သွားသောအပြုံးတစ်ခု ထင်ဟပ်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဒါဆိုရင် မင်းတို့ပြောသလို လုပ်ကြတာပေါ့...ဝူထျန်းအင်ပါယာရဲ့ပိုင်နက်ထဲမှာရှိတဲ့ မြို့တိုင်းမှာ ငါ့ဆရာကြီးရဲ့ရုပ်ထုတစ်ခုစီ စိုက်ထူရမယ်"

"နောက်ထပ်ကတော့..."

"အဲ့ဒီရုပ်တုတွေအပြင် ငါက ဆရာကြီးရဲ့အရင်က ညွှန်ကြားပေးခဲ့မှုတွေကို ဘယ်တော့မှမေ့လျော့မှာမဟုတ်ဘူး"

ငါကကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရရှိပြီးတဲ့အချိန်ကျမှ ဆရာကြီးကိုပြန်ပြီးမျက်နှာချင်းဆိုင်နိုင်လိမ့်မယ်

"ဒါကြောင့် ငါ့ရဲ့အမိန့်ကို လိုက်နာကြစမ်း...ဝူထျန်းအင်ပါယာပိုင်နက်ထဲမှာရှိတဲ့ မြို့တွေက လူတွေအားလုံး လက်နက်စွဲကိုင်ပြီးတော့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို တိုက်ခိုက်ရမယ်"

Chapter 542

ဤတစ်ကြိမ် ကံကြမ္မာစွမ်းအားများ လျော့ကျသွားခြင်းသည် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့အတွက် မကြုံစဖူးထိုးနှက်ချက်ကြီးတစ်ခုကို ရင်ဆိုင်ရခြင်းပင်။

ဤထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်ကောင်းမွန်လာစေရန် သူတို့သည် အချိန်အတော်ကြာ ယူလိုက်ရလေ၏။

သို့ရာတွင် မည်သည်ကြောင့် ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပွားလာသည်ကို သူတို့ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးမီမှာပင် လက်အောက်ငယ်သားတစ်ယောက်သည် အရေးပေါ်သတင်းတစ်ခုကို အလျှင်အမြန် လာရောက်သတင်းပို့သည်။

"အရှင်ဧကရာဇ်...ဖျက်ဆီးခြင်းအရှင်...ဝူထျန်းက ပြန်ပြီးအသက်ရှင်လာပြီ"

"သူက အသက်ပြန်ရှင်လာရုံတင်မကဘူး....ကျွန်တော်တို့ရဲ့သူလျှိုတွေဆီက သတင်းပို့မှုတွေအရ သူ့ရဲ့စွမ်းအားတွေက အရင်ထက်ပိုပြီး ကြီးမားလာပုံရတယ်....သူက မသေမျိုးခန္ဓာကိုယ်အမျိုးအစားကို နိုးထစေနိုင်ခဲ့တယ်လို့ ကျွန်တော်တိုကြားထားတယ်"

"ဒါ့ပြင် သူက တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်နေပြီးတော့....အခုချိန်မှာ ကျွန်တော်တို့အင်ပါယာရဲ့မြို့ဆယ်မြို့ကို သူ သိမ်းပိုက်ထားပြီးပြီ"

ဤသတင်းများကြောင့် သူတို့နှစ်ယောက်သား မူးမေ့လဲကျသွားလုနီးပါးပင်။

အထူးသဖြင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သွေးများအန်ထွက်လုနီးပါး ဖြစ်သွားပေ၏။

ထိုပြင် သူတို့နှစ်ယောက်သည် ကံကြမ္မာစွမ်းအားများ မည်သည့်ကြောင့် သိသိသာသာပြောင်းလဲသွားသည်ကို နားလည်သဘောပေါက်သွားလေပြီ။ဤကိစ္စသည် ဝူထျန်းကြောင့်ပင်။

သူတို့သည် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူအကြောင်း ယခင်က ကြားခဲ့ဖူးခြင်းမရှိချေ။

ဤသည်မှာ ဒဏ္ဍာရီလာ ရုပ်ခန္ဓာကိုယ်တစ်ခုဖြစ်ပြီး အစစ်အမှန်ကောင်းကင်ဘုံပါရမီရှင်တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့်အရာပင်။ဤကဲ့သို့ ရုပ်ခန္ဓာကိုယ်ပိုင်ရှင်များသည် သူတို့ သေဆုံးသွားသည့်အကြိမ်တိုင်း အသက်ပြန်ရှင်သန်လာကာ ယခင်ထက်ပို၍ ခွန်အားကောင်းလာပေမည်။

"အင်ပါယာငယ်လေးတစ်ခုရဲ့ ဧကရာဇ်တစ်ပါးက ကံကြမ္မာစွမ်းအားတွေအပေါ်မှာ ဒီလိုသက်ရောက်မှုမျိုးရှိနေတာ အံ့အားသင့်စရာမရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ သူက ဒီခန္ဓာကိုယ်အမျိုးအစားကို ပိုင်ဆိုင်ထားတာပဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ မကြည်မသာအသံဖြင့် ပြောဆိုသည်။

"ဟမ့်...အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လာနိုင်မှာမလို့လဲ....အဲ့ဒီကောင်ကို သေအောင်သတ်ပြီးတော့ ငါတို့ဆုံးရှုံးသွားတဲ့ ကံကြမ္မာစွမ်းအားတွေ ရအောင်ပြန်ယူရမယ်"

ဖျက်ဆီးခြင်းအရှင်က အေးစက်စက်မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"အမှန်ပဲ...."

"သူ့မှာ မသေမျိုးခန္ဓာကိုယ်ရှိတယ်ဆိုပေမယ့်..သူက အစစ်အမှန်အင်မော်တယ်တစ်ယောက် မဟုတ်သေးဘူး...ငါတို့က လုံလောက်တဲ့စွမ်းအားနဲ့တိုက်ခိုက်သရွေ့....သူ ပြန်ရှင်သန်မလာအောင် ဖျက်ဆီးနိုင်လိမ့်မယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။

အချိန်များ ကုန်ဆုံးလာကာ...

မျက်တောင်တစ်ခတ်စာအတွင်းတွင် အချိန်လဝက် ကုန်ဆုံးသွားလေပြီ။

ဤလဝက်အချိန်ကာလအတွင်းတွင် ဝူထျန်းမှနေ၍ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို တိုက်ခိုက်နေသောသတင်းသည် ပကတိနယ်မြေတစ်ခုလုံးအနှံ ပျံ့နှံနေသည်။

သေးငယ်သော ဝူထျန်းအင်ပါယာငယ်လေးသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဆန့်ကျင်တိုက်ခိုက်ဝံ့မည်ဟု ပကတိနယ်မြေအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ တွေးထင်ထားခြင်းမရှိချေ။

တစ်ချိန်တည်းမှာပင် ဤလဝက်အချိန်ကာလအတွင်း၌ ...

ဖျက်ဆီးခြင်းအရှင်သည် ဝူထျန်းကို ထပ်မံ၍တိုက်ခိုက်ခဲ့လေ၏။

ဤတစ်ကြိမ်တွင် ယခင်နှင့်မတူညီဘဲ ဖျက်ဆီးခြင်းအရှင်သည် အားအကောင်းဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်အသုံးပြုကာ ဝူထျန်း၏ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေခဲ့သည်။

သို့ရာတွင်...

ဝူထျန်းသည် ထပ်မံ၍ အသက်ပြန်ရှင်သန်လာကာ ယခင်ထက် စွမ်းအားပိုကြီးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ဝူထျန်း၏စွမ်းအား ပို၍ပို၍ကြီးမားလာသည်နှင့်အတူ တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ နယ်စပ်တစ်ခုလုံး ဝူထျန်းအင်ပါယာ၏ဝါးမြိုခြင်းကို ခံလိုက်ရလေပြီ။

ဝူထျန်း၏စွမ်းအား ကြီးမားလာသောကြောင့် ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှစွမ်းအားများ ထပ်မံ၍ လျော့ကျသွားသည်။

ဤသည်ကြောင့် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့ကို ပို၍စိတ်မအေးနိုင်ဖြစ်သွားစေသည်။

ဝူထျန်းကိုသတ်ဖြတ်ရန် အသုံးပြုခဲ့သောခွန်အားသည် လုံလောက်ခြင်းမရှိဟု သူတို့နှစ်ယောက် တွေးထင်ခဲ့ကြသည်။ထိုကြောင့် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် အတူပူးပေါင်းကာ အလွန်အမင်းပြင်းထန်သောတိုက်ခိုက်မှုဖြင့် ဝူထျန်းကို တိုက်ခိုက်ခဲ့ကြသည်။

သူတို့နှစ်ယောက်သည် နည်းစနစ်နှင့်စွမ်းအားမျိုးစုံကို အသုံးပြုကာ ဝူထျန်း၏ခန္ဓာကိုယ်ကို တစစီဖြစ်အောင် ဖျက်ဆီးခဲ့လေ၏။

သို့ရာတွင် သူတို့သည် ရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီဟု တွေးတောနေစဥ်မှာပင် ဝူထျန်း၏ခန္ဓာကိုယ်သည် အလိုအလျောက် ပြန်လည်ဖွဲစည်းသွားကာ စွမ်းအားများအရူးအမူးမြင့်တက်လာခြင်းနှင့်အတူ ပြန်ရှင်သန်လာခဲ့သည်။

"ငါတို့ ဘာလုပ်ကြမလဲ...ဘာဆက်လုပ်ကြမလဲ"

ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏ နံဘေးတွင်ထိုင်ကာ တစ်စတစ်စလျော့ကျလာသော ကံကြမ္မာစွမ်းအားများကိုကြည့်ကာ သူတို့နှစ်ယောက်သည် လိပ်ပြာလွင့်လုမတတ် ဖြစ်နေလေပြီ။

သူတို့သည် ဝူထျန်းအပေါ်၌ ထပ်မံ၍ လက်တစ်ချောင်းမတင်ဝံ့တော့ချေ။

အကယ်၍ သူတို့သည် သူ့အား အကြိမ်ရေအနည်းငယ်ခန့် ထပ်သတ်လိုက်ပါက သူတို့နှစ်ယောက်သည် သူ့အားမယှဥ်ပြိုင်နိုင်တော့မည်ကို သူတို့ ထိတ်လန့်ကြောက်ရွံနေမိသည်။

"ဘာဆက်လုပ်ရမယ်ဆိုတာ ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သူ့၏ခေါင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ညည်းတွားလိုက်၏။

"မနေ့တုန်းက....သံတမန်ကြီးက ကံကြမ္မာအလင်းတိုင်နဲ့ပတ်သက်ပြီးတော့ မေးမြန်းစုံစမ်းခဲ့တယ်...ငါက သူ့ကို အမှန်အတိုင်း မပြောဝံ့ဘူး"

"အမှန်ပဲ....ငါတို့ အမှန်အတိုင်းပြောလိုမဖြစ်ဘူး...တကယ်လို ငါတို့က လအနည်းငယ်အတွင်းမှာ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို မြင့်တက်အောင်လုပ်ဖို့ ကျရှုံးခဲ့ရုံတင်မကဘူး...ခုလောက်ထိအများကြီး လျော့ကျသွားအောင်လုပ်ခဲ့တယ်ဆိုတာ သံတမန်ကြီးသိသွားမယ်ဆိုရင် သူက ငါတို့ကိုသတ်မှာ သေချာပေါက်ပဲ"

ဖျက်ဆီးခြင်းအရှင်ကလည်း ထပ်တူထပ်မျှ အကြပ်ရိုက်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"အခုကတော့...ငါတို့က ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အမြန်ဆုံးရှာဖွေရမယ်"

တိမ်တိုက်အထွက်အထိပ်ဧကရာဇ်က ညှင်းသိုးသိုးမျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။

"ငါတို့က အချိန်အတိုင်းအတာတစ်ခုထိ ဝူထျန်းကို ရင်ဆိုင်လို့မရနိုင်မှတော့...အခုချိန်မှာ ငါတို့ သူ့ကိုလွှတ်ထားသင့်တယ်လို့ ငါ အကြံပြုချင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာက ကြီးမားကျယ်ပြန့်တယ်...တကယ်လို့ သူက နှစ်ဝက်လောက်တိုက်ခိုက်ရင်တောင် တော်ဝင်မြိုတော်ကို ရောက်လာမှာမဟုတ်ဘူး"

ဖျက်ဆီးခြင်းအရှင်က အကြံပြုသည်။

"ဒါကြောင့် ငါတို့က ကံကြမ္မာစွမ်းအားတွေကို ပြန်ဖြည့်တင်းတဲ့အပေါ်မှာပဲ အာရုံစူးစိုက်ပြီး အင်အားစိုက်ထုတ်ကြရအောင်...ငါတို့က ဒါတွေကို နည်းနည်းလောက်ပြန်ဖြည့်တင်းနိုင်ပြီဆိုရင်...သံတမန်ကြီးကို အခြေအနေတွေအားလုံး ရှင်းပြပြီးတော့ ဝူထျန်းကို သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းပေးဖို တောင်းဆိုရမယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အံ့တင်းတင်းကြိတ်လိုက်သည်။

သူသည် ဝူထျန်းကို အချိန်အတိုင်းအတာတစ်ခုထိ အလွတ်ပေးထားရန် ဝန်လေးနေသည်။သိုရာတွင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏ ယခုလက်ရှိအခြေအနေဖြင့် သူသည် သံတမန်ကြီးထံမှ အကူအညီတောင်းခံရန် သတ္တိမရှိချေ။

ဤကဲ့သို့ အခြေအနေတွင်...

ကြည့်ရသည်မှာ သူသည် ဖျက်ဆီးခြင်းအရှင်၏အကြံပြုချက်ကိုသာ လိုက်နာရတော့မည့်ပုံပင်။

ထိုနောက် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ကောင်းကင်ဘုံလမ်းညွှန်စာအုပ်ကိုထုတ်ယူကာ မျက်မှောင်ကြုတ်လိုက်၏။

"လမ်းညွှန်မှုတွေအရ....ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို မြင့်တက်လာအောင်လုပ်ဖို့က မလွယ်ကူတဲ့အပြင် ဂရုတစိုက်စီစဥ်ဖို့ လိုအပ်တယ်...ကိစ္စက ဒီလိုဖြစ်လာမှတော့ ငါတို့ အချိန်တချို့လောက်ယူဖို့လိုအပ်တယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သက်ပြင်းရှိုက်လိုက်သည်။

ဖျက်ဆီးခြင်းအရှင်ကလည်း မျက်မှောင်ကြုတ်လိုက်၏။

သူတို့ထံတွင် စောင့်ဆိုင်းပြီး အစီအစဥ်ဆွဲနေရန်အတွက် အချိန်များစွာမရှိချေ။

သံတမန်ကြီး နောက်တစ်ကြိမ်ဆင်းသက်မလာမီ သူတို့သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ပြန်လည်ဖြည့်တင်းထားနိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။

"ဒါနဲ့...."

သူတို့နှစ်ယောက် ကြံရာမရဖြစ်နေစဥ်မှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားကာ အလျင်စလိုပြောဆိုသည်။

"ဝူထျန်းကို သတ်နိုင်ရင် ငါတို့ဆုံးရှုးသွားတဲ့ ကံကြမ္မာစွမ်းအားတွေ ပြန်ရနိုင်မှတော့...အရင်က အဝါရောင်ကောင်းကင်သားရဲကြီးဆိုရင်ရော ဘယ်လိုဖြစ်လာနိုင်လဲ"

ဖျက်ဆီးခြင်းအရှင်သည် ချက်ချင်းနားလည်သဘောပေါက်သွားကာ သူ့၏မျက်လုံးများတောက်ပသွားသည်။

ဝူထျန်း၏မတော်တဆကိစ္စ ဖြစ်ပွားလာခြင်းမှာ သူသည် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ဤသည်ကြောင့် သူ သေဆုံးသွားသည့်အကြိမ်တိုင်း အသက်ပြန်ရှင်သန်လာကာ ပို၍သန်မာအားကောင်းလာခြင်းဖြစ်ပေ၏။

သို့ရာတွင် အဝါရောင်ကောင်းကင်သားရဲကြီးထံတွင် ဤကဲ့သို့မသေမျိုးခန္ဓာကိုယ် ရှိနေမည်မဟုတ်ချေ။

ထိုသားရဲကြီးကို သတ်ဖြတ်နိုင်ပါက သူတို့ အဆင်ပြေသွားပေမည်။

အဝါရောင်ကောင်းကင်သားရဲကြီးကို သတ်ဖြတ်နိုင်ပါက သူတိုဆုံးရှုံးသွားသော ကံကြမ္မာစွမ်းအားများကို ပြန်လည်၍ဖြည့်တင်းနိုင်မည်မဟုတ်လော.....

ဤသည်မှာ ကံကြမ္မာအင်မော်တယ်အလင်းတိုင်အတွက် သိသာထင်ရှားသောပမာဏပင်။

ထိုကိစ္စသည် လမ်းညွှန်ချက်အသစ်တစ်ခုကို အစမှကြိုးစားလုပ်ကိုင်သည်ထက် များစွာပို၍လွယ်ကူပေမည်။

"ကောင်းတယ်....ငါက အဝါရောင်ကောင်းကင်သားရဲကြီးရဲ့ တည်နေရာနဲ့ပတ်သက်ပြီးတော့ရှာဖွေဖို့အတွက် အင်အားစုတွေအားလုံးကို အမိန့်ပေးလိုက်မယ်"

"ငါတို့က သူ့ရဲ့တည်နေရာကို ရှာတွေ့တာနဲ့....ငါတို့ကိုယ်တိုင်လှုပ်ရှားပြီးတော့ သူ့ကိုသတ်ရမယ်"

"အရမ်းကောင်းတယ်"

ဖျက်ဆီးခြင်းအရှင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူတို့၏စိတ်များအတွင်းသို့ ထိုအဖြေရောက်ရှိလာသည်နှင့်အတူ သူတို့နှစ်ယောက်၏ခေါင်းထက်၌ ရစ်ဝဲနေသော တိမ်မည်းများအားလုံး ပျက်ပြယ်သွားလေပြီ။

Chapter 543

အစွန်အဖျားဒေသရှိ ရွာငယ်လေးတစ်ရွာ၌....

"ကွတ်...ကွတ်...ကွတ်...."

ကျားကျားချင်သည် ရွှေရောင်စပါးစေ့များကိုကိုင်ကာ ကြက်ခြံအတွင်းရှိ ကြက်များကို အစာကျွေးနေသည်။

တခြားတစ်ဖက်တွင် မိုထျန်ကျီးသည် ခွေးခြေခုံတစ်လုံးပေါ်၌ထိုင်ကာ သူမ၏သင်္ချာပြဿနာများကို ဖြေရှင်းနေလေ၏။

"ဂျူနီယာမောင်လေး...ဒီရက်တွေအတွင်းမှာ အဝါရောင်ကောင်းကင်သားရဲကြီးကို ငါ မမြင်မိဘူး"

မိုထျန်ကျီးသည် သူမ၏အဆင့်မြင့်သင်္ချာပုဒ်စာများကို ဖြေရှင်းပြီးနောက် ကျားကျားချင်ကို မေးမြန်းလိုက်သည်။

"အော်...ဂျူနီယာညီလေးရှန်းနွန်က မျိုးပွားတာကို သုတေသနလုပ်နေတာကြောင့် လယ်ထွန်ဖို့အတွက် အဝါရောင်ကောင်းကင်ကို ခဏခေါ်သွားတယ်"

"အင်း..."

မိုထျန်ကျီးက ခေါင်းညိတ်ပြကာ ဆက်လက်ပြောဆိုသည်။

"အခုအချိန်မှာ တခြားဂိုဏ်းတူတပည့်တွေ ဘာလုပ်နေလဲဆိုတာ ငါ သိချင်မိတယ်"

"အမှန်ပဲ...."

ကြက်များကိုအစာကျွေးပြီးနောက် ကျားကျားချင်သည်လည်း သက်ပြင်းတစ်ချက်ရှိက်လိုက်သည်။

"မင်း စာတွေပိုပြီးတော့ သူတို့တွေ ဘာလုပ်နေလဲဆိုတာ မေးလိုက်ပါလား"

"ကောင်းပြီလေ"

မိုထျန်ကျီးက ခေါင်းညိတ်ပြကာ ဆယ်နှင့်ချီသောစာများကိုရေးသားပြီး အဝေးသို့ပို့ဆောင်လိုက်၏။

ထိုစာများသည် အလင်းတန်းများအဖြစ်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ခမ်းနားထည်ဝါသော ရွှေရောင်မျှော်စင်တစ်ခုအတွင်း၌ နဂါးဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် မိုထျန်ကျီး၏စာကိုကြည့်ကာ သူ့၏မျက်လုံးများအတွင်း၌ မျက်ရည်ဝဲလာသည်။

"ငါက ဆရာကြီးရဲ့နေရာမှာ စာဖတ်ခဲ့ရတဲ့ နေ့ရက်တွေကို အရမ်းလွမ်းဆွတ်မိတယ်"

"ငါနဲ့ဂိုဏ်းတူတပည့်တွေကိုလည်း အရမ်းလွမ်းတယ်"

"အခုချိန်မှာ ငါက ထျန်းလုံအင်ပါယာရဲ့ဧကရာဇ်ဖြစ်နေပေမယ့် ငါရဲ့စီနီယာတွေနဲ့နှိင်းယှဥ်ရင် ကြီးမားတဲ့ကွာဟချက်တွေ ရှိနေတုန်းပဲ"

"ဒါပေမယ့် ဂိုဏ်းတူညီအကိုတွေအားလုံး ငါ့ဆီကိုလာလည်ရင် အရမ်းကောင်းမှာပဲ"

ထိုသို့တွေးတောပြီးနောက် နဂါးဝတ်ရုံဝတ်ဆင်ထားသောလူငယ်သည် ဆယ်နှင့်ချီသောစာများကိုရေးသားကာ မိုးကောင်းကင်ယံအတွင်းသို့ စေလွှတ်လိုက်သည်။

"ဒါက စီနီယာအစ်မမိုထျန်ကျီးနဲ့ဂျူနီယာညီလေးနဂါးဆီက စာတွေပဲ"

မြင့်မားသောတောင်တန်းများအကြားရှိ မြူခိုးများရစ်သိုင်းလွှမ်းခြုံနေသော ဂိုဏ်းကြီးတစ်ဂိုဏ်း၏တောင်ထိပ်တစ်ခုပေါ်တွင် လူငယ်တစ်ယောက်သည် သူ့၏လက်များကိုနောက်သို့ပစ်ပြီး မတ်တတ်ရပ်နေကာ ထိုစာများကိုဖတ်ရှုရင်း တီးတိုးရေရွတ်လိုက်၏။

"မဆိုးပါဘူး...ဂျူနီယာညီလေးနဂါးက အခု ဧကရာဇ်တစ်ပါးဖြစ်နေပြီ....ငါ့မှာအချိန်ရရင် သူ့ဆီကို သွားလည်ရမယ်"

"စီနီယာအမမိုထျန်ကျီးက သင်္ချာပညာရပ်မှာ ထူးချွန်ပုံရတယ်...စီနီယာအစ်ကိုကျားကျားချင်က မျိုးစိတ်အသစ်တစ်ခုကို ရှာတွေ့ခဲ့ပြီးတော့...ဂျူနီယာညီလေးရှန်းနွန်က မျိုးပွားခြင်းကို သုတေသနလုပ်နေတယ်"

"ဆရာကြီးရဲ့တပည့်တွေလို့ ခေါ်ဆိုခံရဖို ထိုက်တန်ပါပေတယ်...ကံကောင်းချင်တော့ ငါက ခုချိန်မှာ မြူခိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်နေပြီ...ဒါကြောင့် ငါ အရမ်းကြီးအရှက်ရနေစရာ မလိုတော့ဘူး"

ထိုနောက်မှနေ၍ စာများ ထပ်မံ၍ရောက်ရှိလာသည်။

"အော်....စီနီယာအစ်မစုယွင်ယွင်က အင်မော်တယ်နယ်မြေကို ရောက်သွားတာလား...ဒါက သူ့အတွက် ကောင်းတဲ့ကိစ္စပဲ"

"စီနီယာအစ်ကို ဟုန်ဖုန်ခွမ်းက အခုလတ်တလောအချိန်မှာ ဂိုဏ်းတချို့ကို ဖြိုခွင်းနေတဲ့ပုံရတယ်"

"စီနီယာအကိုချီယုကိုကြည့်ရတာ နည်းနည်းကံဆိုးနေပုံရတယ်...သူက မပျံသန်းနိုင်တာကြောင့် တိုက်ပွဲတစ်ခုမှာ ကန်ကျောက်ခံရပြီး လပေါ်ကိုရောက်သွားခဲ့တယ်...ကံကောင်းချင်တော့ ဂျူနီယာညီလေးရှောင်ကျန်းက အဲ့ဒီနေရာကိုသွားပြီး သူ့ကို ပြန်ခေါ်လာနိုင်ခဲ့တယ်"

ဤသို့ဖြင့် မိုးမြေဂိုဏ်းတပည့်များသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်ကာ အတိတ်ကို လွမ်းဆွတ်သတိရနေကြတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ဂိုဏ်းတူတပည့်များအားလုံးသည် လီထျန်းပိုင်ထံမှစာများကို လက်ခံရရှိကြလေ၏။

သူ့၏စာအတွင်းတွင် လီထျန်းပိုင်သည် အစိမ်းရောင်နွားထီးကို စီးနင်းကာ အင်ပါယာများအကြား ခရီးထွက်နေစဥ်တွင် ဆရာကြီး အသစ်လက်ခံလိုက်သော ဂျူနီယာညီလေးနှင့်တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။

"အော်...."

"ဆရာကြီးက တပည့်အသစ်တစ်ယောက်ကို ထပ်ပြီးလက်ခံလိုက်တာလား"

ဝက်မများကို အစာကျွေးပြီးနောက် ကျားကျားချင်သည် အပြေးပြန်လာကာ မိုထျန်ကျီးကို မေးမြန်းလိုက်သည်။

"သူ့ရဲ့နာမည်က ဘာလဲ...သူက ဘယ်လိုလူမျိုးလဲ"

"ဂျူနီယာမောင်လေးထျန်းပိုင်ရဲ့စာအရဆိုရင် ငါတိုဂျူနီယာအသစ်လေးရဲ့နာမည်က ဝူထျန်း....သူက အခုလတ်တလောမှာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို တိုက်ခိုက်ခဲ့တာကြောင့် နာမည်ကျော်ကြားနေတဲ့တစ်ယောက်ပဲ"

"အော်....ဒါက တကယ်ပဲလား"

ကျားကျားချင်၏မျက်လုံးများ တောက်ပသွားကာ အံ့အားတသင့်ရေရွတ်လိုက်၏။

"အင်ပါယာငယ်လေးတစ်ခုက တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို တိုက်ခိုက်ဝံ့တာ အံ့အားသင့်စရာမရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ သူက ငါတို့ရဲ့ဂျူနီယာညီလေးဖြစ်နေတာပဲ...ဒါနဲ့ ဆရာကြီးက အရည်အချင်းညံဖျင်းတဲ့တပည့်တွေကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး"

"ဟူး....ဒါက အမှန်ဆိုပေမယ့် ငါတို့က ဆရာကြီးစိတ်ကျေနပ်စေဖိုအတွက် အရမ်းအလှမ်းကွာဟသေးတယ်....ဂျူနီယာမောင်လေးထျန်းပိုင်ရဲ့စာအရဆိုရင် ဂျူနီယာမောင်လေးဝူထျန်းက သူ့ကို ဆရာကြီး အရမ်းစိတ်မကျေမနပ်ဖြစ်နေပြီးတော့ အမြင်ကျဥ်းတဲ့အတွက် ဆူပူကြိမ်းမောင်းခဲ့တာကို ငိုယိုပြီးပြောပြခဲ့တယ်လို့ ဖော်ပြထားတယ်"

မိုထျန်ကျီးက ပြောဆိုသည်။

"ကောင်းပြီလေ...ဂျူနီယာညီလေးဝူထျန်းကို ကောင်းကောင်းလေးနှစ်သိမ့်ပေးဖို ဂျူနီယာညီလေးထျန်းပိုင်ဆီ စာပြန်ပိုလိုက်အုံး...ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးက ငါတို့ကို အသုံးမကျတဲ့ကောင်တွေလို ခဏခဏဆူပူကြိမ်းမောင်းနေတာပဲလေ....တစ်ယောက်မှချွင်းချက်မရှိဘူး"

ကျားကျားချင်က အကြံပေးလေသည်။

"ဒီလိုမျိုးတွေ ဆူပူကြိမ်းမောင်းတယ်ဆိုတာ...ဆရာကြီးက သူ့ရဲ့တပည့်တွေကို ထူးချွန်ထက်မြက်ပြီးတော့ ပိုပြီးကြီးမားတဲ့အောင်မြင်မှုတွေရလာဖို မျှော်လင့်ထားတာကြောင့်ပဲ"

ကျားကျားချင်က သက်ပြင်းတစ်ချက်ရှိက်ကာ ဆက်လက်၍ ပြောဆိုလေ၏။

"ငါ အခုချက်ချင်း စာတစ်စောင်ပို့လိုက်မယ်"

မိုထျန်ကျီးက ခေါင်းညိတ်ပြကာ လီထျန်းပိုင်ထံသို စာတစ်စောင် ချက်ချင်းပြန်ပိုလိုက်သည်။

ထိုအချိန်မှာပင် လယ်ကွင်းများအတွင်း၌ အလုပ်လုပ်နေသော ရှန်းနွန်သည် အပြေးအလွှားပြန်လာကာ ထိတ်လန့်တကြားပြောဆိုသည်။

"စီနီယာအစ်ကိုနဲ့စီနီယာအစ်မ...ပြဿနာတက်ပြီ...နေ့လည်တုန်းက ငါ အဝါရောင်ကောင်းကင်ကို အစာစားဖိုအတွက် မြစ်ကမ်းနံဘေးကစားကျက်မြေမှာ ထားခဲ့တယ်...ငါ ပြန်ရောက်သွားတဲ့အချိန်မှာ အဝါရောင်ကောင်းကင်က ရိုက်နှက်ခံရတာကြောင့် သေလုမျောပါးဖြစ်နေပြီ"

ထိုစကားကိုကြားချိန်တွင် မိုထျန်ကျီးနှင့်ကျားကျားချင်တို၏ မျက်နှာအမူအယာများ အနည်းငယ်ပျက်ယွင်းသွားသည်။သူတို့သည် ရှန်းနွန်၏နောက်သို့လိုက်ကာ မြစ်ကမ်းနံဘေးသို့ အလျှင်အမြန်သွားလိုက်ကြသည်။

ထိုအချိန်မှာပင် အဝါရောင်ကောင်းကင်သားရဲငယ်လေးသုံးထောင်ကျော်သည် အနီးရှိ လှိုဏ်ဂူတစ်ဂူအတွင်းမှ ထွက်လာကြလေ၏။

မြစ်ကမ်းနံဘေးသို့အရောက်တွင် ပြင်းထန်သောတိုက်ပွဲတစ်ပွဲ၏ခြေရာလက်ရာများကို သူတို့ မြင်တွေ့မိသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် အနီးပတ်ဝန်းကျင်၌ ပိုင်နက်နယ်မြေတစ်ခု၏အရိပ်အယောင်ကိုလည်း ရှာဖွေတွေ့ရှိခဲ့လေ၏။

"ကြည့်ရတာတော့ အဲ့ဒီလူတွေက အဝါရောင်ကောင်းကင်ကိုသတ်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးတော့ ပိုင်နက်နယ်မြေပိတ်ဆို့မှုကို အသုံးပြုခဲ့တဲ့ပုံပဲ...ငါတို့တွေက တိုက်ပွဲအတွင်းကလှုပ်ခတ်မှုတွေကို မသိခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး"

မိုထျန်ကျီးက အနည်းငယ်စူးစမ်းလေ့လာပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"စီနီယာအစ်ကို ငါ တကယ့်ကို တောင်းပန်ပါတယ်...ဒါက အဝါရောင်ကောင်းကင်ကို စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့တဲ့ ငါ့ရဲ့အပြစ်ကြောင့်ပါ"

ရှန်းနွန်က အပြစ်ရှိသည်ဟုခံစားနေရသော မျက်နှာအမူအယာဖြင့် တောင်းပန်သည်။

တခြားတစ်ဖက်တွင်ရှိနေသော အဝါရောင်ကောင်းကင်သားရဲလေး သုံးထောင်ကျော်ထံမှနေ၍ တကျီကျီတကျာကျာအသံများ ထွက်ပေါ်နေသည်။

"သခင်...သခင်...သခင်က ငါတို့ကိုကူညီပြီးတော့ ငါတို့ရဲ့အဖေကို ဘယ်သူသတ်သွားတာလဲဆိုတာ ရှာပေးရမယ်"

"ဟုတ်တယ်...ဟုတ်တယ်...ငါတို့က အဖေအတွက် လက်စားချေရမယ်"

"ရွှတ် ရွှတ် ...ငါတို့အဖေ တကယ်ကြီးသေသွားပြီလား....ငါတို့က အဲ့ဒီလူယုတ်မာကို သတ်ရမယ်"

"ဘာမှ မစိုးရိမ်နဲ့"

ကျားကျားချင်က သူတိုကိုနှစ်သိမ့်ပေးလိုက်သည်။

"မင်းတို့ရဲ့အဖေ မသေသေးဘူး....ငါက ဂျူနီယာညီလေးဟွာထောင်ကို မင်းတို့ရဲ့အဖေကို လာပြီးကုသပေးဖို့ အကြောင်းကြားထားတယ်"

မကြာမီမှာပင် မုတ်ဆိတ်မွှေးများရှိသော လူငယ်တယောက်သည် ဆေးသေတ္တာတစ်လုံးကိုကိုင်၍ ရောက်ရှိလာသည်။

အဝါရောင်ကောင်းကင်သားရဲကြီး၏အခြေအနေကို စစ်ဆေးပြီးနောက် ဟွာထောင်က သူ့၏ဆေးသေတ္တာကိုဖွင့်ကာ ကုသပေးလိုက်တော့သည်။

တစ်ရက်ခန့် အလျှင်အမြန်ကုသပေးပြီးနောက် ဟွာထောင်သည် သူ့၏ချွေးများကိုသုတ်လိုက်ကာ အဝါရောင်ကောင်းကင်သားရဲကြီးသည်လည်း နောက်ဆုံး၌ အသက်ရှင်သန်နိုင်ခဲ့သည်။

"ဂျူနီယာညီလေးက တကယ့်ကို ထူးချွန်တဲ့လူပဲ"

ကျားကျားချင်က ချီးမွမ်းစကားပြောဆိုသည်။

"စီနီယာတို့....ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို မလှောင်ကြပါနဲ့...ဒါတွေအားလုံးက ဆရာကြီးရဲ့ထူးချွန်တဲ့သင်ပြပေးမှုကို ကျေးဇူးတင်ရမယ်...ဒါ့ပြင် အဝါရောင်ကောင်းကင်သားရဲကြီးဆီမှာ ပြိုင်ဘက်ကင်းခန္ဓာကိုယ်ဖွဲစည်းတည်ဆောက်ပုံမျိုး ရှိနေပြီးတော့ ရှေးဟောင်းရက်စက်ကြမ်းကြုတ်မှော်သားရဲတစ်ကောင်ရဲ့သွေးမျိုးဆက်ရှိနေတာကြောင့်...ငါက အခွင့်အရေးတချို့ ရခဲ့တာပါ"

ဟွာထောင်က ကျိုးနွံစွာဖြင့် ရှင်းပြသည်။

"ဂျူနီယာညီလေး...အရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး...ဒီနေ့ မင်း ပင်ပင်ပန်းပန်းကြိုးစားခဲ့ရတာကြောင့် မင်း ပြန်ရောက်သွားတဲ့အချိန်ကျရင် စွပ်ပြုတ်လုပ်သောက်ဖို့အတွက်....ငါ မင်းကို ဖီးနစ်နှစ်ကောင်ပေးလိုက်မယ်"

ကျားကျားချင်က ပြောဆိုသည်။

"အမ်...ဒီလောက်ထိ အားနာနေစရာမလိုပါဘူး...ဖီးနစ်တွေကို ငါ မယူတော့ဘူး...တကယ်လို့ မင်းက မဖြစ်မနေပေးချင်တယ်ဆိုရင် ငါ့ကို လိမ်နက်နှစ်ကောင်ပဲပေးပါ...ငါက ဆေးဖော်စပ်ဖို့အတွက် လိပ်ခွံနှစ်ခုလိုအပ်နေတယ်"

ဟွာထောင်က အပြုံးနှင့် ပြောဆိုသည်။

"ကောင်းပြီလေ...ဂျူနီယာညီလေး ပြန်တဲ့အချိန်ကျရင် လိပ်နက်နှစ်ကောင် ယူသွားလိုက်ပါ"

ကျားကျားချင်က သဘောတူညီလိုက်၏။

"ငါ့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးတဲ့အတွက် သခင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်"

သူတို့၏နံဘေးတွင်ရှိနေကာ အနည်းငယ်ပြန်လည်သက်သာလာပြီဖြစ်သော အဝါရောင်ကောင်းကင်သားရဲကြီးသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ကျေးဇူးတင်ကြောင်းပြောဆိုလိုက်သည်။

အဝါရောင်ကောင်းကင်သားရဲကြီးနိုးထလာသည်ကိုကြည့်ပြီး အဝါရောင်ကောင်းကင်သားရဲငယ်လေးသုံးထောင်ကျော်သည် သူထံသို့ တရကြမ်းပြေးဝင်လာကြသည်။

အဝါရောင်ကောင်းကင်သားရဲလေးသုံးထောင်ကျော်ကိုကြည့်ပြီးနောက် အဝါရောင်ကောင်းကင်သားရဲကြီးသည် စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်၏။သို့ရာတွင် သူ အစောပိုင်းကရင်ဆိုင်ခဲ့ရသောအန္တရာယ်ကိုပြန်တွေးမိကာ ဤကောင်စုတ်လေးတစ်သိုက်ကို ထပ်မမြင်ရလုနီးပါးဖြစ်သွားသည်ကို အမှတ်ရချိန်တွင် သူ့၏မျက်လုံးအတွင်း၌ နက်ရှိင်းသော နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ငါ့ရဲ့ကလေးတွေ မှတ်ထားကြစမ်း...ငါ့ကိုတိုက်ခိုက်ခဲ့တဲ့လူတွေက တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ ဖျက်ဆီးခြင်းအရှင်နဲ့ တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့ပဲ"

"သူတို့က ငါတို့သားအဖတွေကို ထာဝရကွဲကွာသွားလုနီးပါးဖြစ်အောင် လုပ်ခဲ့တယ်...မင်းတို့အားလုံး ဒီရန်ငြိုးကိုမှတ်ထားပြီးတော့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဘယ်တော့မှ အလုပ်အ​ကျွေးမပြုရဘူး"

"ဝေါင်း...ဝေါင်း...."

"တိမ်တိုက်အထွတ်အထိပ်အင်ပါယာ..."

"ဘယ်တော့မှ အလုပ်အကျွေးမပြုဘူး"

"အဖေ စိတ်အေးအေးထားပါ...ကျွန်တော်တို့က နောင်အနာဂတ်မှာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို သေချာပေါက်ခြေမွဖျက်ဆီးပစ်မယ်"

ရုတ်ချည်းဆိုသလိုပင် အဝါရောင်ကောင်းကင်သားရဲငယ်လေးသုံးထောင်ကျော်၏ ပါးပြင်များ ဖောင်းကားလာကာ သူတို့၏သေးငယ်သောလက်သီးများကိုမြှောက်၍ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသောအသံဖြင့် ဟစ်ကြွေးလိုက်ကြသည်။

ဤသို့ဖြစ်လာမည်ဟု ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တိုသည် တစ်ကြိမ်တစ်ခါမျှ စဥ်းစားတွေးတောမိမည်မဟုတ်ချေ။

သူတို့သည် အဝါရောင်ကောင်းကင်သားရဲကြီးကို မသတ်ဖြတ်နိုင်ခဲ့သည့်အပြင် အဝါရောင်ကောင်းကင်သားရဲငယ်လေးသုံးထောင်ကျော်၏ မခံချင်စိတ်ကို ပေါက်ဖွားလာစေခဲ့သည်။

သူတို့နှစ်ယောက်သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏နံဘေးတွင်ထိုင်ကာ ကံကြမ္မာစွမ်းအားများ ပြန်လည်ရရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

သို့ရာတွင် ရွှပ်ခနဲအသံတစ်သံနှင့်အတူ...

ကံကြမ္မာအင်မော်တယ်အလင်းတိုင်မှ စွမ်းအားများ သိသိသာသာထိုးကျသွားကာ အရိပ်အယောင်မျှသာ ကျန်ရှိတော့သည်။

ဤရုတ်တရက်ထိုးကျသွားခြင်းသည် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့ကို မျက်လုံးအပြူးသားဖြစ်သွားစေသည်။ဤထိုးနှက်ချက်သည် သူတို့၏စိတ်များကို ရစ်သိုင်းလွှမ်းခြုံသွားသဖြင့် သူတို့သည် မြေပြင်ပေါ်သိုလဲကျသွားပြီး သူတို့၏ပါးစပ်များမှ အမြှုပ်တစီစီထွက်လာတော့သည်။

Chapter 544

ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် ဒေါသကြောင့် ရူးသွပ်သွားခြင်းကို ရှောင်လွှဲ၍မရနိုင်ချေ။

သူတို့သည် အသက်ရှူနိုင်ရန်အတွက် အချိန်နှစ်ရက်ခန့်ယူခဲ့ရသည်။

သူတို့အတွက် ပို၍ဆိုးဝါးသောကိစ္စမှာ ဝူထျန်းသည် ဝူထျန်းအင်ပါယာကိုဦးဆောင်၍ သူတို့၏တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ နယ်မြေတစ်ဝက်ကျော်ကို သိမ်းပိုက်သွားခဲ့ခြင်းပင်။

မူလက တိမ်တိုက်အထွတ်အထိပ်အင်ပါယာတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှားပါးခြင်းမရှိသဖြင့် ဝူထျန်းတစ်ယောက်တည်း၏လွှမ်းမိုးခြင်းသက်သက်ဖြင့် ဤအဆင့်သို့ ရောက်မလာသင့်ချေ။

သို့ရာတွင် သူတို့၏ကူညီပေးမှုကြောင့် ဝူထျန်းသည် ပြန်လည်မွေးဖွားလာချိန်တိုင်း ခွန်အားများအဆများစွာ မြင့်တက်လာခဲ့သည်။ယခုအချိန်တွင် ဝူထျန်း၏ခွန်အားကို သူတို့နှစ်ယောက်မှလွဲ၍ အင်ပါယာအတွင်းရှိ တခြားမည်သည့်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ​မျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ချေ။

တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ အခြေအနေသည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်နှင့် ချည်နှောင်ထားသည်။

ထိုကြောင့် ဝူထျန်းသည် ကောင်းကင်အထွတ်အထိပ်အင်ပါယာ၏ နယ်မြေများကို ပို၍ပို၍သိမ်းပိုက်လာသည်နှင့်အမျှ ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏စွမ်းအားများ တစ်ရက်ပြီးတစ်ရက် လျော့ကျလာသည်။

အဝါရောင်ကောင်းကင်သားရဲကြီး၏ကိစ္စ ဖြစ်ပွားပြီးနောက် ကံကြမ္မာစွမ်းအား အနည်းငယ်မျှသာ ကျန်ရှိတော့သဖြင့် ယခုချိန်တွင် အောက်ခြေသို့ရောက်လုနီးနီး ဖြစ်သွားလေပြီ။

"ငါတို့ ဘာလုပ်သင့်လဲ"

ဖျက်ဆီးခြင်းအရှင်သည် အနီးရှိပစ္စည်းများအားလုံးကိုရိုက်ချိုးကာ အော်ဟစ်ကြုံးဝါးလိုက်၏။

ယခုချိန်၌ သူ့၏မျက်လုံးများကို ဖွင့်လိုစိတ်ပင်မရှိတော့ချေ။

ကံကြမ္မာစွမ်းအားပမာဏ အနည်းငယ်သာကျန်ရှိသည်ကို သူ မြင်တွေ့သည့်အချိန်တိုင်း သူ့၏ခေါင်း နာကျင်ကိုက်ခဲလာခဲ့သည်။

"ဒီအဆင့်ထိ ရောက်လာမှတော့ ငါတို့က ဝူထျန်းကို ထပ်ပြီးလျစ်လျှူရှုထားလို့ မရတော့ဘူး...ဒါပေမယ့် အခုလတ်တလောအချိန်မှာ ငါတို့က သူ့ကို ရင်ဆိုင်လိုမရသေးဘူး...ဒါ့ပြင် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ရဲ့ အခုလက်ရှိအခြေအနေနဲ့ ငါတို့က သံတမန်ကြီးကိုလည်း ဆင့်ခေါ်လို့မရဘူး"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က တင်းမာခက်ထန်စွာပြောဆိုကာ သူ့၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

"ဒါကြောင့် အခုချိန်မှာ ငါတို့က တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ ဝူထျန်းကို ဟန့်တားထားရမယ်...အဲ့ဒီလိုမှပဲ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ပြန်ဖြည့်တင်းဖို့အတွက် အချိန်အလုံအလောက်ရလိမ့်မယ်"

"ဒါဆိုရင် အဲ့ဒီလူကို မြန်မြန်သွားရှာပါလား"

ဖျက်ဆီးခြင်းအရှင်က အော်ဟစ်လိုက်၏။

"ငါက အဲ့ဒီလူကို ဆက်သွယ်ပြီးပြီ...သူက အခု ငါ့အင်ပါယာရဲ့မြေအောက်နန်းတော်ထဲမှာ တံခါးပိတ်ကျင့်ကြံနေတယ်...ဒါပေမယ့် သူ ပြန်ထွက်လာဖို့အတွက် ခုနစ်ရက်လောက် လိုနေတုန်းပဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ပြောဆိုသည်။

"ခုနစ်ရက်လား...."

ဖျက်ဆီးခြင်းအရှင်၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူက ညည်းတွားလိုက်သည်။

"ဝူထျန်းရဲ့အရှိန်အရဆိုရင်...သူက မင်းရဲ့တော်ဝင်မြိုတော်ကို ခုနစ်ရက်အတွင်းမှာ ရောက်လာနိုင်တယ်"

"စိတ်အေးအေးထားပါ...ငါ့မှာ နောက်ထပ်နည်းလမ်းတစ်ခုရှိတယ်...ငါ့ရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာထဲမှာ ဂိုဏ်းတွေနဲ့အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိတယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါက သူတို့ကိုအမိန့်ပေးပြီးတော့ ဝူထျန်းကို အရင်ဆုံး ဟန့်တားထားခိုင်းလိုက်မယ်"

"သူတို့က ဝူထျန်းအတွက် ပြိုင်ဘက်မဖြစ်နိုင်ပေမယ့် သူ့ကို အချိန်ခုနစ်ရက်လောက်တော့ ထိန်းထားနိုင်မှာပါ...ဟုတ်တယ်မလား"

ဖျက်ဆီးခြင်းအရှင်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူ့၏စိုးရိမ်ပူပန်နေသောအမူအယာ အနည်းငယ်ပြေလျော့သွားသည်။

"ပထမဆုံး...ငါတို့က အဲ့ဒီဂိုဏ်းတွေကို အသုံးပြုပြီးတော့ ဝူထျန်းကို ခုနစ်ရက်လောက် ဟန့်တားထားရမယ်...အဲ့ဒီလူ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အချိန်ကျရင် သူတစ်ယောက်တည်းနဲ့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဦးဆောင်ပြီးတော့ ဝူထျန်းကိုခုခံပြီး ငါတို့ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ယူပေးနိုင်လိမ့်မယ်"

"အဲ့ဒီအချိန်မှာ ငါတို့က ကံကြမ္မာစွမ်းအားတွေပြန်လည်​ဖြည့်တင်းဖို့ကို အာရုံစိုက်ရမယ်...ကံကြမ္မာစွမ်းအားတွေကို နည်းနည်းလောက်ပြန်ဖြည့်တင်းနိုင်ပြီဆိုတာနဲ့ ဝူထျန်းကို အမြစ်ပြတ်သုတ်သင်ဖို့အတွက် သံတမန်ကြီးကိုဆင့်ခေါ်ရမယ်"

"ဝူထျန်းကို အမြစ်ပြတ်သုတ်သင်ပြီးတာနဲ့...သူ့ကြောင့်ဆုံးရှုံးသွားတဲ့ ကံကြမ္မာစွမ်းအားတွေအားလုံး ငါတို့ဆီကို ပြန်ရောက်လာလိမ့်မယ်"

"အဲ့ဒီနည်းလမ်းနဲ့ ငါတို့က အလှည့်အပြောင်းတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ဖျက်ဆီးခြင်းအရှင်က ခေါင်းညိတ်ပြကာ အလျှင်အမြန်ပြောဆိုသည်။

"တကယ်လို့ အဲဒီလိုဆိုရင်တောင် ငါတို့က အစီအစဉ်တွေကို အမြန်ဆုံးလုပ်ဆောင်ရမယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သဘောတူညီလိုက်ကာ အမိန့်ထုတ်ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ယောက်က ပြင်ပမှာနေ၍ အတွင်းသို့ထိတ်လန့်တကြား ပြေးဝင်လာသည်။

"အရှင်ဧကရာဇ်...."

ထိုလူက အော်ဟစ်လိုက်သည်။

သို့ရာတွင် သူ့၏စကားအဆုံးမသတ်သေးမီမှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သူ့ကိုကြားဖြတ်ဟန့်တားကာ အော်ငေါက်လိုက်၏။

"မင်းက အချိန်မီရောက်လာတာပဲ...ငါ့ရဲ့အမိန့်ကို နားထောင်ပြီးတော့ ထုတ်ပြန်လိုက်စမ်း...ငါ့ရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာထဲမှာရှိတဲ့ ဝူ ဂိုဏ်း ယန်ဂိုဏ်း ဖုန်းဟွာဂိုဏ်း ထျန်းရီဂိုဏ်းတိုမှာရှိတဲ့ ဂိုဏ်းသားတွေအားလုံး ဝူထျန်းရဲ့ချီတက်လာမှုကို ဟန့်တားရမယ်လို့ ညွှန်ကြားရမယ်"

ထိုစကားကိုကြားချိန်တွင် လက်အောက်ငယ်သား၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူက အထစ်ထစ်အငေါ့ငေါ့ပြောဆိုသည်။

"အရှင်ဧကရာဇ်...ကျွန်တော် စိုးရိမ်မိတာ...ကျွန်တော် စိုးရိမ်မိတာ ဒါက အလုပ်မဖြစ်မှာကိုပဲ"

"ဘာလို့ အလုပ်မဖြစ်ရမှာလဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"ယန်ဂိုဏ်းက ဝူဂိုဏ်းရဲ့အမြစ်ပြတ်​ချေမှုန်းတာကို ခံလိုက်ရပြီးတော့...ဖုန်းဟွာဂိုဏ်းက ထျန်းရီဂိုဏ်းရဲ့ဝါးမြိုတာကို ခံလိုက်ရပြီ"

"အမ်..."

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ဤကဲ့သို့အလှည့်အပြောင်းများ ဖြစ်လာမည်ကို မျှော်လင့်မထားမိသဖြင့် အနည်းငယ်အံ့အားသင့်သွားသည်။

သို့ရာတွင် သူသည် သူ့၏အင်ပါယာအသင်းရှိလက်အောက်ခံဂိုဏ်းများ၏ အရေးကိစ္စများနှင့်ပတ်သက်ပြီး တကြိမ်တစ်ခါမျှ ဂရုစိုက်ခဲ့ခြင်းမရှိခဲ့ဖူးချေ။အကယ်၍ သူတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေလျှင်ပင် ဝူဂိုဏ်းနှင့်ထျန်းရီဂိုဏ်းတို့ ကျန်ရှိနေသေးသည်မဟုတ်လော။

ထိုကြောင့် သူက အလျှင်အမြန် ပြောဆိုလိုက်၏။

"ဒါဆိုရင်လည်း ဝူဂိုဏ်းနဲ့ထျန်းရီဂိုဏ်းတို့ကို သူတိုရဲ့ဂိုဏ်းသားတွေစေလွှတ်ဖို့အတွက် အမိန့်ပေးလိုက်စမ်း"

"အရှင်ဧကရာဇ်...ကျွန်တော် ခုထိ စကားဆုံးအောင် မပြောရသေးပါဘူး"

ထိုလက်အောက်ငယ်သားက စိတ်မအေးသောအမူအယာဖြင့် ပြောဆိုသည်။

"ဝူဂိုဏ်းနဲ့ထျန်းရီဂိုဏ်းတို့က တခြားဂိုဏ်းနှစ်ဂိုဏ်းကို ဖျက်ဆီးပြီးတဲ့နောက်မှာ သူတို့က....သူတို့က...."

"သူတို့က ဘာဖြစ်လဲ...."

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က တင်းမာခက်ထန်စွာ မေးမြန်းလိုက်သည်။

"သူတို့က...သူတို့က ဝူထျန်းအင်ပါယာဘက်ကို ကူးပြောင်းသွားကြပြီ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်ကိုကြည့်ပြီး လက်အောက်ငယ်သားသည် နောက်ဆုံး၌ မြေပြင်ပေါ်၌ဝပ်တွားကာ ထိုစကားလုံးများကို အော်ဟစ်ပြောဆိုလိုက်သည်။

Chapter 545

"ဘာ...."

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏ရင်ဘတ်ကိုဆုပ်ကိုင်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

"ဒီအစုတ်အပြတ် တိမ်တိုက်အထွတ်အထိပ်အင်ပါယာကြီးမှာ ဘာတွေဖြစ်နေတာလဲ"

နံဘေးတစ်ဖက်တွင်ရှိနေသော ဖျက်ဆီးခြင်းအရှင်သည် ဒေါသူပုန်ထသွားကာ အော်ဟစ်ကြုံးဝါးလိုက်၏။

"ပကတိနယ်မြေထဲမှာ အကြီးမားဆုံးအင်ပါယာလို့ဆိုနိုင်ပြီးတော့ မင်းရဲ့အင်ပါယာလက်အောက်မှာ မရေမတွက်နိုင်တဲ့ တိုင်းပြည်တွေနဲ့ဂိုဏ်းတွေရှိတယ်...အခု ထပ်ခါတလဲလဲ သစ္စာဖောက်ခံနေရတယ်...ဝူထျန်းလို သေးငယ်တဲ့တည်ရှိမှုတစ်ခုကတောင် မင်းရဲ့ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သွားပြီ....တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှာ အတိအကျ ဘာတွေဖြစ်နေခဲ့တာလဲ"

"စိတ်အေးအေးထား....စိတ်အေးအေးထားပါ"

ထိုမြင်ကွင်းကိုကြည့်ပြီး တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အလျှင်အမြန်စိတ်အားတင်းကာ ပြောဆိုသည်။

"ဂိုဏ်းငယ်လေးတချို့ရဲ့သစ္စာဖောက်မှုက မမျှော်လင့်ထားတဲ့ ကိစ္စဆိုပေမယ့်...ဒါက အရမ်းပြင်းထန်တဲ့အဆင့်ထိ မရောက်သေးဘူး....ငါက မြေအောက်နန်းတော်ထဲမှာ တံခါးပိတ်ကျင့်ကြံနေတဲ့တစ်ယောက်ကို စောစောထွက်လာခိုင်းလိုက်မယ်"

ဖျက်ဆီးခြင်းအရှင်က မျက်စောင်းထိုးကာ အသံနက်ကြီးဖြင့် မေးမြန်းသည်။

"မင်းပြောနေတဲ့လူက ဘယ်သူလဲ...သူက ဝူထျန်းရဲ့တိုက်ခိုက်မှုကို ဟန့်တားနိုင်မှာလား"

"ဟမ့်....ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်အေးအေးထားပါ...အဲ့ဒီလူက မွေးရာပါပါရမီရှင်တစ်ယောက်ဆိုတာ သံသယဖြစ်စရာမရှိဘူး...သူ့ရဲ့အနာဂတ်အောင်မြင်မှုက ငါတို့ထက်လျော့နည်းမှာ မဟုတ်ဘူး....သူက ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့မျိုးဆက်သစ်တွေထဲမှာ အနာဂတ်ကိုယ်စားလှယ်လောင်းဖြစ်ပြီးတော့ အစစ်အမှန်ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုလိုက်၏။

"ပြိုင်ဘက်ကင်းပါရမီရှင်လား...."

"သူ့ကို စိတ်ချလိုရပါ့မလား"

ဖျက်ဆီးခြင်းအရှင်သည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။

အတိတ်တွင် ကိစ္စများစွာဖြစ်ပျက်ခဲ့သဖြင့် အရာအားလုံးသည် ယုံကြည်စိတ်ချ၍မရကြောင်း သူ သိရှိခဲ့ရသည်။

"ငါတို့က သူ့ကို အကြွင်းမဲ့ယုံကြည်လို့ရတယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ဖျက်ဆီးခြင်းအရှင်၏ပခုံးကိုပုတ်ကာ ပြောဆိုသည်။

"အဲ့ဒီလူက ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ ဒေသခံတစ်ယောက်ပဲ...ငါက လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက သူ့ကို အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ခဲ့ပြီးတော့..တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ အရင်းအမြစ်တွေအများကြီးကို အသုံးပြုပြီး သူ့ကို ဂရုတစိုက်မြေတောင်မြှောက်ပေးခဲ့တယ်"

"အခုချိန်မှာ သူက ငါ့ရဲ့မျှော်လင့်ချက်တွေကို စိတ်မပျက်စေခဲ့ဘူး...ပြင်ပလောကကို အချိန်တခဏလောက် ခရီးထွက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခွန်အားက အကြီးအကျယ် မြင့်တက်လာခဲ့တယ် ...အခုလတ်တလောမှာ သူက ကျင့်ကြံဆင့်ချိုးဖျက်တော့မယ့် အတားအဆီးကို ရောက်နေတာကြောင့်...ငါ စိတ်ဝိညာဥ်စွမ်းအားစုစည်းခြင်းဝင်္ကပါခင်းကျင်းထားတဲ့ တိမ်တိုက်အထွတ်အထိပ်မြေအောက်နန်းတော်မှာ တံခါးပိတ်ကျင့်ကြံဖို့ တိုက်တွန်းခဲ့တာပဲ"

ထိုစကားများကိုကြားချိန်တွင်....

ဖျက်ဆီးခြင်းအရှင်က စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိက်လိုက်၏။

"ဒါပေမယ့် မင်းက အဲ့ဒီလူအကြောင်းကို ဒီလောက်ထိအမွှန်းတင်နေမှတော့....အဲ့ဒီလူကိုတစ်ချက်ကြည့်ရအောင် မြန်မြန်ခေါ်ထုတ်လိုက်တာ ပိုမကောင်းဘူးလား"

"ကောင်းပြီလေ...အခုလက်ရှိအခြေအနေကို ပြောပြပြီးတော့...ငါ့ သူ့ကို တံခါးပိတ်ကျင့်ကြံရာကနေ စောစောထွက်လာခိုင်းလိုက်မယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိက်ကာ သူတစ်ယောက်တည်း မြေအောက်နန်းတော်ထံသိုဦးတည်၍ လျှောက်လှမ်းသွားလေသည်။

မကြာမီမှာပင်....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် မြေအောက်နန်းတော်မှပြန်လာကာ သူ့၏မျက်နှာပေါ်တွင် အပြုံးများဝေဆာနေသည်။

"အခြေအနေ ဘယ်လိုရှိလဲ"

ဖျက်ဆီးခြင်းအရှင်က အလျင်စလို မေးမြန်းသည်။

"ဟား ဟား ဟား...ကံကြမ္မာက ငါ့ကိုမျက်နှာသာပေးနေတာပဲ...ငါ သူ့ကို သွားရှာနေတဲ့အချိန်မှာ...သူက ကျင့်ကြံဆင့်ချိုးဖျက်ပြီးသွားပြီ...အချိန်ခဏလောက်ကြာတာနဲ့ သူ ထွက်လာလိမ့်မယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏အသံ ကျရောက်လာသည်နှင့်အတူ....

နန်းတော်၏ပြင်ပမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီးတစ်သံ မြည်ဟီးလာသည်။

ထိုနောက် အနက်ရောင်အရိပ်တစ်ရိပ်သည် မြေအောက်မှတိုးထွက်လာကာ လေထု၏အလယ်၌ မတ်တတ်ရပ်နေလေ၏။

"သူ ထွက်လာပြီ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏မျက်လုံးများ တောက်ပသွားကာ ဖျက်ဆီးခြင်းအရှင်နှင့် အကြည့်ခြင်းဖလှယ်ပြီး နန်းတော်၏ရှေ့သို့ အလျင်စလိုထွက်ခွာခဲ့တော့သည်။

ထိုနေရာအရောက်၌ သူတို့မြင်တွေ့လိုက်ရသည်မှာ...

မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ရှိနေကာ သူ့၏ဆံပင်ရှည်များသည် သူ့နဖူးရှေ့သို့ကျနေသည်။သူ့၏အနက်ရောင်ဝတ်စုံသည် လေတိုက်ခတ်ခြင်းမရှိဘဲ လူးလွန့်နေပြီး သူ့၏လက်အတွင်းရှိလှံရှည်မှနေ၍ ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်နေပေ၏။

တစ်ချိန်တည်းမှာပင်...

သူသည် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသဖြင့် မိုးကောင်းကင်ယံတခွင်လုံးကို ထူထပ်သိပ်သည်းသောဖိအားများဖြင့် ပြည့်နှက်နေစေသည်။

"ယွမ်ကျွင်းက အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"

လေထုအတွင်းရှိ အနက်ရောင်ဝတ်စုံဝတ်လူသည် အနည်းငယ်ဦးညွှတ်အရိုအသေပြုကာ သူ့၏ရိုသေလေးစားစွာ ပြောဆိုလိုက်သောအသံက ပဲ့တင်ထပ်ပျံ့နှံသွားသည်။

"ကောင်းတယ်...ထုံးတမ်းစဥ်လာတွေလုပ်နေစရာ မလိုအပ်ဘူး"

ယွမ်ကျွင်းသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အရှင်ဧကရာဇ်က ငါ့ကို တံခါးပိတ်ကျင့်ကြံရာကနေထွက်လာဖို့ ဘာလို့အရေးတကြီး ဆင့်ခေါ်ခဲ့တာလဲ"

လေထု၏အလယ်တွင်ရှိနေသော ယွင်ကျင်းသည် သူ့၏မျက်တောင်များကိုခတ်ကာ အလျှင်အမြန်မေးမြန်းလေ၏။

"အင်း...လိုရင်းကိုပဲ ပြောကြတာပေါ့"

"အခုလတ်တလောမှာ ဝူထျန်းဆိုတဲ့ မောက်မာထောင်လွှားတဲ့ကောင်တစ်ကောင်က ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို တိုက်ခိုက်နေတယ်...ဒါပေမယ့် ငါတို့နှစ်ယောက်မှာ တခြားဆောင်ရွက်စရာကိစ္စတွေ ရှိနေတာကြောင့် မင်းက ဝူထျန်းကို သွားပြီးဟန့်တားထားဖို့ ငါ အမိန့်ပေးတယ်...ငါတို့ အားလပ်တာနဲ့ မင်းနဲ့အတူပူးပေါင်းပြီးတော့ သူ့ကို အမြစ်ပြတ်သုတ်သင်မယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ်က ယွမ်ကျွင်း၏မျက်နှာထက်တွင် ထင်ဟပ်လာသည်။

"အတင့်ရဲတဲ့ အရိုင်းအစိုင်းကောင်က ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို တိုက်ခိုက်ဝံ့တယ်...သူက သေဖို့အတွက် တောင်းဆိုနေတာပဲ...ငါက အခုချက်ချင်း စစ်မြေပြင်ဆီကိုသွားလိုက်မယ်...အရှင်ဧကရာဇ် ကျေးဇူးပြုပြီးတော့ ငါ့ဆီကသတင်းကောင်းကို စောင့်ဆိုင်းနေပါ"

ထိုစကားနှင့်အတူ ယွမ်ကျွင်းသည် လှံရှည်ကိုဆုပ်ကိုင်ကာ စစ်နတ်ဘုရားတစ်ပါးအလား လေထုအတွင်း၌ပျံသန်းကာ ရှေ့တန်းစစ်မျက်နှာစာဆီသိုဦးတည်၍ ထွက်ခွာသွားတော့သည်။

ယွမ်ကျွင်း၏တည်ကြည်ပြတ်သားသောအပြုအမူကိုကြည့်ပြီး တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ထိုနောက် သူသည် ဖျက်ဆီးခြင်းအရှင်ကိုလှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"မင်း ဘယ်လိုမြင်လဲ"

"ဒီကောင်လေးက တကယ့်ကို အလားအလာရှိတဲ့သူပဲ"

"သူ့ရဲ့စွမ်းအားက နက်နဲသိမ်မွေ့တယ်ဆိုတာ သံသယဝင်စရာမရှိဘူး...တိမ်တိုက်အထွတ်အထိပ်ဧကရာဇ် ဒီလိုထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ကို မင်း မွေးမြူထားနိုင်မယ်လို့ ဘယ်သူက တွေးထင်မိမှာလဲ"

ဖျက်ဆီးခြင်းအရှင်က ရယ်မောရင်း ပြောဆိုသည်။

"ဟား ဟား ဟား...."

"ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာက ဘာအကြောင်းအရင်းမှမရှိဘဲ ဒီလောက်ထိ အချိန်အကြာကြီး ရပ်တည်နိုင်ပါ့မလား...တကယ်လို့ တစ်ယောက်ယောက်က ငါတို့ကို လျှော့တွက်မယ်ဆိုရင် အဲ့ဒီလူက ဒီကိစ္စအတွက် ခံစားရလိမ့်မယ်...ဟား ဟား ဟား...."

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ရယ်မောလိုက်၏။

"စကားပြောနေတာ တော်သင့်ပြီ..အခုချိန်မှာ ဝူထျန်းကို ဟန့်တားထားမယ့် ယွမ်ကျွင်းရှိနေတာကြောင့်...သူက အချိန်တစ်ခုအတွင်းမှာ ဗြောင်းဆန်အောင်လုပ်နိုင်မှာမဟုတ်ဘူး...ငါတို့တွေက ကံကြမ္မာစွမ်းအားတွေ အမြန်ဆုံးပြန်ဖြည့်တင်းရမယ့် ငါတို့ရဲ့တာဝန်ကို အောင်မြင်အောင်လုပ်ကြရအောင်"

ဖျက်ဆီးခြင်းအရှင်က ပြောဆိုသည်။

"ငါ သဘောတူတယ်"

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။

သူတို့နှစ်ယောက်သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်၏နံဘေးသို့ ပြန်ရောက်သွားကာ ကောင်းကင်ဘုံစာအုပ်၏လမ်းညွှန်မှုအရ နောက်ထပ်အစီအစဥ်များကို စတင်ဆောင်ရွက်လိုက်တော့သည်။

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်လွန်သွားလေပြီ။

ယွမ်ကျွင်းမှ ထိန်းချုပ်ဟန့်တားထားသဖြင့် သူတို့သည် ဝူထျန်း၏အရေးကိစ္စကို ယာယီလျစ်လျှူရှုထားခဲ့သည်။သူတို့နှစ်ယောက်သည် ကံကြမ္မာစွမ်းအားများ ဖြည့်တင်းရာတွင် အာရုံစူးစိုက်ထားသဖြင့် ဆုံးရှုံးသွားသောစွမ်းအားများကို လက်သင့်ခံနိုင်ဖွယ်ပမာဏတစ်ခုထိ ပြန်လည်ရယူနိုင်ခဲ့သည်။

သူတို့နှစ်ယောက်သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကိုကြည့်ပြီးနောက် ရယ်ပြုံးလိုက်ကြ၏။

"ဒီရက်အနည်းငယ်အတွင်းမှာ ကိစ္စတွေက ချောချောမွေ့မွေ့ဖြစ်သွားခဲ့တယ်"

ဖျက်ဆီးခြင်းအရှင်က မှတ်ချက်ပြုလိုက်သည်။

"အမှန်ပဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ထောက်ခံလေသည်။

"ယွမ်ကျွင်းက ဝူထျန်းကို မသတ်နိုင်ပေမယ့်...သူ့ရဲ့ခွန်အားက ဝူထျန်းကိုဟန့်တားနိုင်ဖိုအတွက် လုံလောက်သင့်တယ်...သူက ငါတို့တွေဆုံးရှုံးသွားတဲ့ နယ်မြေတချို့ကိုတောင် ပြန်ယူပေးနိုင်လောက်တယ်"

သို့ရာတွင်...

သူ့၏အသံ ငြိမ်ကျသွားသည်နှင့်...

လက်အောက်ငယ်သားတစ်ယောက်သည် ထိတ်ထိတ်ပျာပျာဖြင့် ပြေးဝင်လာကာ မြေပြင်ပေါ်၌ဒူးထောက်ပြီး အော်ဟစ်လိုက်သည်။

"အရှင်ဧကရာဇ်...သတင်းဆိုးပဲ...ယွမ်ကျွင်းက ကျွန်တော်တို့ကို သစ္စာဖောက်သွားပြီ...ဒါတင်မကဘူး သူက မြို့တွေအားလုံးရဲ့ ခုခံကာကွယ်မှုဝင်္ကပါတွေကို သူ့ရဲ့ဆန္ဒအလျောက် ဖွင့်ပေးပြီးတော့ ဝူထျန်းရဲ့စစ်တပ်ကြီးကို ဝင်ခွင့်ပြုလိုက်တယ်"

"အခုလတ်တလောမှာ....ဝူထျန်းရဲ့စစ်တပ် တော်ဝင်မြို့တော်ကိုရောက်လာဖို့ အကွာအဝေးက မြိုသုံးမြိုတောင် မလိုတော့ဘူး"

All Chapters