← Chapters

အခန်း (၅၅၁-၅၅၅)

Vol. 37 Ch. 551-555

အခန်း (၅၅၁-၅၅၅)

Vol. 37 Ch. 551-555

Chapter 551

ကွယ်လွန်ပြီးပြီဖြစ်သော စိတ်ဝိညာဥ်များသည် အလင်းရောင်ကို မြင်တွေ့၍မရသည်မှာ ကောင်းကင်ဘုံ၏ဥပဒေသ သဘာဝတရား၏ဥပဒေသပင်။

ယခုအချိန်တွင်မူ လုပမ်ဝေ၏လက်တစ်ချောင်းကိုမြှောက်လိုက်ရုံဖြင့် ဤဥဒေသများအားလုံး မရှိတော့သည့်အလား ယူဆနိုင်သည်။

စိတ်ဝိညာဉ်ဘုရင်သည် တုန်ရီနေပေ၏။

သူသည် ကိစ္စအကြောင်းကိုထပ်မံ၍စဉ်းစားတွေးသောဝင်ခြင်းမရှိတော့ချေ။

ထိုကြောင့်သူသည် ထွက်ခွာသွားပြီဖြစ်သော လုပန်ဝေတို့နောက်သို့အလျင်အမြန်ပြေးလိုက်ခဲ့တော့သည်

"အရှင် ငါ့ကိုစောင့်ပါအုံး"

တသီးတခြားနယ်မြေ၏တောင်ဘက်အစွန်ဆုံးပိုင်းသည် သီးသန့်ကမ္ဘာငယ်လေးတစ်ခုပင်။

မျက်တောင် တစ်ခတ်စာအချိန်အတွင်းမှာပင် လူဆယ့်နှစ်ယောက်သည် ကမ္ဘာငယ်လေး၏တံခါးထံသို့ ရောက်ရှိလာခဲ့သည်။

ဤကမ္ဘာငယ်လေးထံတွင် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။

အန္တရာယ်အငွေ့အသက်များ အလွန်ပြင်းထန်ကာ ဝင်္ကပါများဖြင့်လည်း ထူထပ်သိပ်သည်းစွာ လွှမ်းခြုံထားသည်။

သို့ရာတွင်....

လုပမ်ဝေသည် ထိုနေရာကို အရူးအမူးကြည့်ပြီးနောက် သူ့၏ခေါင်းကိုမော့ကာ အသက်ပြင်းပြင်းရှိုက်လိုက်၏။

"ဒီနေရာမှာ တကယ့်ကိုပဲ ရွှေပြားတွေရဲ့အနံ့ရနေတယ်"

ထို့နောက် သူ့၏အဖြူရောင်အရိုးစုလက်ချောင်းဖြင့် ညင်သာစွာ ထိတွေ့လိုက်ခြင်းနှင့်အတူ....

အလွန်အမင်းခိုင်မာပုံရသော အတားအဆီးများအားလုံးသည် ပူဖောင်းတစ်လုံးကဲ့သို့ ပျက်ပြယ်သွားသည်။

ထိုအတားအဆီးများ ပျက်ပြယ်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းများ တောက်ပသွားသည်။

လူတိုင်း၏အမြင်အာရုံအတွင်း၌ မြေပြင်ပေါ်တွင် အမှိုက်သရိုက်များကဲ့သို့စုပုံနေသော ရွှေငွေရတနာများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရတနာအမြောက်အများကို အလင်းတန်းများက ရစ်ပတ်လွှမ်းခြုံထားကာ လေထုအတွင်း၌ မျောလွင့်နေသည်။

ဤမြင်ကွင်းကြောင့်...

မိန်းကလေးခုနစ်ယောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက....."

"ဒါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ ဘဏ္ဍာတိုက်မဟုတ်လား....အင်ပါယာစတင်တည်ထောင်ကတည်းက အရင်းအမြစ်တွေအားလုံးကို ဒီနေရာမှာ သိမ်းဆည်းထားတယ်"

မိန်းကလေးခုနစ်ယောက်ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ တပည့်များဖြစ်သော သူမတို့သည် ဤနေရာနှင့်ပတ်သတ်ပြီး ကြားခဲ့ဖူးသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

ထို့ကြောင့် သူမတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့လိုက်ရသော အချိန်အခိုက်အတန့်တွင် သူမတို့သည် ချက်ချင်းကြက်သေသေသွားလေ၏။

ဤနေရာတွင် ရတနာများ တောင်ပုံရာပုံရှိနေသည်။

တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိသည့် အင်ပါယာတစ်ခုပင်။

ဤအချိန်အခိုက်အတန့်တွင် လုပမ်ဝေသည် သူ့၏ဟောင်းလောင်းပေါက်မျက်လုံးအိမ်အတွင်းမှနေ၍ ရွှေပြားများကို တွေ့မြင်မိသည်။

"အစ်ကိုကြီး...ငါတို့ ချမ်းသာပြီ"

နံဘေးတစ်ဖက်မှ ခွေးထံတွင် ပျင်းရိငြီးငွေ့သောအမူအယာများ ပျောက်ကွယ်သွားကာ ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။

သို့ရာတွင် သူ့၏စကား အဆုံးသတ်သွားသောအချိန်တွင် မည်သူကမျှ သူ့အား တုံ့ပြန်ခြင်းမရှိသည်ကို ရှာဖွေတွေ့ရှိမိလေ၏။

သူ့၏ခေါင်းကိုလှည့်ကြည့်လိုက်ချိန်၌ ကြက်သေသေနေသော လုပမ်ဝေသည် လက်နှစ်ဖက်ကိုဖြန့်ကားကာ ရွှေပြားများအတွင်းသို့ ခေါင်းစိုက်ဝင်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။

"အစ်ကိုကြီး...."

သူတို့အားလုံးသည် ရွှေပြားများ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသော လုပမ်ဝေကိုကြည့်ပြီးနောက် အော်ဟစ်လိုက်သည်။

ထို့နောက် သူတို့သည်လည်း ဘဏ္ဍာတိုက်အတွင်းသို့ အလျှင်အမြန်ဝင်လိုက်ကြ၏။

"ငါတို့ ချမ်းသာပြီ....ဟား ဟား ဟား..ငါတို့ ချမ်းသာပြီ"

"နောက်အနာဂတ်မှာငါတို့လိုချင်သလောက်မိန်းကလေးတွေကိုရနိုင်တော့မယ်။

"ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်...ငါ ပြန်ရောက်တာနဲ့ လူအယောက်တသောင်းကိုခေါ်ပြီးတော့ ကခုန်ပွဲကြီးကျင်းပမယ်...."

လုပမ်ဝေတို့လေးယောက်သည် ရယ်မောကာ ရွှေပြားများကို လေထုအတွင်းသို့မြှောက်တင်လိုက်ကြသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုပမ်ဝေသည် ရွှေပြားတပြားကိုမြှောက်ပြီးနောက်လေထုအတွင်းသို့ ဖြည်းညှင်းစွာခုန်တက်လိုက်သည်။

"တော်ကြစမ်း...ဒီဆန်ကုန်မြေလေးက အဝတ်အစားတွေနဲ့ပုံပန်းသွင်ပြင်တွေအားလုံး ပြောင်းလဲပစ်မယ်"

ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေသည် သူ့၏ပါးစပ်ကိုဖွင့်ဟကာ သူ့၏သွားများကိုရိုက်ချိုးလိုက်၏။

ထို့နောက် သူ့၏သွားမရှိတော့သောပါးစပ်မှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"ပင်ကျင်းမြို့ကိုပြန်ရောက်တာနဲ့ ငါက ပုံစံမတူညီတဲ့ ရွှေသွားအစုံတစ်ထောင်လောက်လုပ်ပစ်မယ်"

ခွေးက မျက်ဖြူလန်သွားကာ ပြောဆိုလိုက်၏။

"အစ်ကိုကြီး....ရွှေသွားတွေက အရမ်းသိသာထင်ရှားလွန်းတယ် မဟုတ်လား...သခင်က ဒါကိုမြင်သွားရင် အစ်ကိုကြီးဆီကနေ ဆွဲနှုတ်လိမ့်မယ်"

"မင်းပြောတာ အဓိပ္ပါယ်ရှိတယ်....ဒါက အဓိပ္ပာယ်ရှိတယ်"

လုပမ်ဝေကပြောဆိုကာ သူ၏ကျိုးသွားသောသွားများကို ပြန်ကောက်တပ်လိုက်သည်။

နံဘေးတဖက်မှကြည့်နေသော စိတ်ဝိညာဉ်ဘုရင်သည် ကြောင်စီစီဖြစ်နေလေ၏။

ဤအရှင်သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း....

ဤရွှေပြားအစုတ်အပြတ်များကိုသာ သူ မြင်တွေ့နေသလော.....

ထိုရွှေပြားများ၏နောက်တွင် ထိပ်တန်းအရည်အသွေးရှိသော မှော်ရတနာများ ရှိနေသည်မဟုတ်လော....

စိတ်ဝိညာဉ်ဘုရင်သည် မိုးကောင်းကင်ယံအတွင်း၌ အလင်းတန်းတစ်တန်းဖြင့်ရစ်ပတ်ထားသော အဖြူရောင်ကျောက်စိမ်းပုလင်းတစ်လုံးအပေါ်သို့ မျက်စေ့ကျသွားသည်။

ထိုပုလင်းသည် ကြည်လင်နေကာ မျက်နှာပြင်ပေါ်တွင် မျောလွင့်နေသောတိမ်တိုက်ပုံစံတစ်ခုကိုရေးဆွဲထားကာ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

မိန်းကလေးခုနစ်ယောက်သည်လည်း ထိုပုလင်းကိုကြည့်ကာ သူမတို့၏မျက်လုံးများအတွင်း၌ တုန်လှုပ်မှုနှင့်စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဖြစ်နိုင်သည်မှာ....

ဖြစ်နိုင်သည်မှာ ဤသည်က ဒဏ္ဍာရီလာ.....

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရွှေပြားများကိုရူးသွပ်စွာကိုင်ထားသော လုပမ်ဝေသည် ရုတ်တရက် အလင်းတန်းများကိုအစိတ်စိတ်အမွှာမွှာဖြစ်သွားသည်အထိ ကန်ကျောက်လိုက်သည်။

"ဒီပုလင်းအစုတ်က လာပြီးလမ်းပိတ်နေတယ်"

ဂေ့....

စိတ်ဝိညာဉ်ဘုရင်သည် သူ့၏အောက်မေးရိုး ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

မိန်းကလေးခုနစ်ယောက်သည်လည်း သူမတို့၏မျက်လုံးများ မျက်လုံးအိမ်မှ ကျွတ်ထွက်တော့လုမတတ်ပင်။

"မင်း....."

"စိတ်ဝိညာဉ်လေး....မြန်မြန်လာပြီးတော့ ငါ့ကို ရွှေပြားတွေသိမ်းဆည်းတဲ့နေရာမှာ ကူညီပေးစမ်း"

လုပမ်ဝေက အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့.....ဟုတ်ကဲ့....ဟုတ်ကဲ့ပါ"

စိတ်ဝိညာဥ်ဘုရင်သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့်ပတ်သက်ပြီး ဂရုမစိုက်နိုင်တော့ချေ။သူသည် ထိုနေရာသို့အပြေးသွားကာ သူ့၏သိုလှောင်အိတ်ကိုထုတ်ပြီး ရွှေပြားများကိုစတင်၍ထည့်သွင်းလိုက်တော့သည်။

"ချမ်းသာပြီ...ငါတို့ ချမ်းသာပြီ...မိန်းကလေးတွေအများကြီးနဲ့ ကစားနိုင်တော့မယ်....ဒါက နောင်အနာဂတ်မှာ အိပ်မက်တစ်ခုမဟုတ်တော့ဘူး"

လုပမ်ဝေသည် ရွှေပြားများကိုသိမ်းဆည်းရင်း ရယ်မောနေလေ၏။

"ယေ့ ယေ့ ငါတို့ချမ်းသာပြီကွ...ဟား ဟား...ဟား ဟား ဟား"

လုပမ်ဝေတို့တစ်စု ရယ်မောနေကြသော်လည်း စိတ်ဝိညာဥ်ဘုရင်သည် သူ့၏နံဘေးရှိ ကြေမွှနေသော ကျောက်စိမ်းပုလင်းကို စူးစိုက်ကြည့်ကာသူ့၏နှလုံးသွေးများ ယိုစီးလုမတတ် ခံစားနေရသည်။

"အရှင် ငါ့ကိုပြောပြပါအုံး...ဒီရွှေပြားတွေက ကောင်းတဲ့ပစ္စည်းတစ်ခုလား"

စိတ်ဝိညာဉ်ဘုရင်သည့် အချိန်တစ်ခဏကြာခန့်တွေးတောပြီးနောက် သူ့၏ခေါင်းကိုမော့၍ မေးမြန်းလိုက်သည်။

"ငါပြောတာကို မှတ်ထားစမ်း...ဒီလောကကြီးထဲမှာ ရွှေပြားတွေထက် ကောင်းတဲ့အရာဆိုတာ မရှိဘူး"

လုပမ်ဝေက တုံ့ပြန်အဖြေပေးသည်။

"ဟုတ်ကဲ့....ဟုတ်ကဲ့....ဟုတ်ကဲ့ပါ"

စိတ်ဝိညာဉ်ဘုရင်သည် ဖွတ်ဖွတ်ကြေအောင်ထောင်းခံထားရသော ကြက်သွန်ဖြူအလား ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် သူ့၏မျက်လုံးအကြည့်သည် နံဘေးရှိလေထုအတွင်းမှ အဖြူရောင်အလင်းတန်းများဖြာထွက်နေသော သစ်ကိုင်းတစ်ကိုင်းပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။

သူ့၏မျက်လုံးများ ရုတ်တရက် တောက်ပသွားပေ၏။

ဒါ....ဒါ....ဒါက

လွန်ခဲ့သော ခေတ်ကာလပေါင်းများစွာအကြာက ဤအရာကို အသုံးပြုခဲ့သဖြင့် အလွန်မြင့်မားသော အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားသူတစ်ယောက် ရှိခဲ့ဖူးသည်။

ဂျွတ်...

ထိုအချိန်မှာပင် ခွေးသည် ထိုသစ်ကိုင်းကိုချိုးကာ နံဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်သည်။

"ဒီအမှိုက်က နေရာလာယူနေသေးတယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် ဆယ်နှင့်ချီသော သိုလှောင်အိတ်များကို သူ၏ခန္ဓာကိုယ်ပေါ်၌ ချည်နှောင်လိုက်သည်။သူ့ထံမှ တချွင်ချွင်အသံများ ထွက်ပေါ်လာခြင်းနှင့်အတူ အော်ဟစ်လိုက်၏။

"အစ်ကိုကြီး ငါ့မှာရှိတဲ့ သိုလှောင်အိတ်တွေအားလုံး ပြည့်နေပြီ...မင်းဆီမှာ ကျန်သေးလား။

စိတ်ဝိညာဥ်ဘုရင် '....'

သူသည် သူ့၏ရင်ဘတ်ကို ဆုပ်ကိုင်လိုက်၏။

"ဒီအဝတ်စုတ်ကလည်း...မျက်စေ့ရှုပ်တယ်"

ဗြိ.....

လေထုအတွင်း၌ အနက်ရောင်အလင်းတန်းများဖြင့်တောက်ပနေသော မှော်အဝတ်စတစ်စသည် ကင်းခြေများ၏ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

စိတ်ဝိညာဉ်ဘုရင်သည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။

"အရှင်တို့ ငါ့အထင်တော့ ဒီပစ္စည်းတွေအကြောင်းကို မင်းတို့ မသိလောက်ဘူး....."

သို့ရာတွင် စိတ်ဝိညာဥ်ဘုရင်ပြောဆိုသောစကားကို မည်သူကမျှ ဂရုမစိုက်ကြချေ။

"အစ်ကိုကြီး ဒီနေရာမှာ ရွှေပြားတပြားမှမကျန်တော့ဘူး....ကျန်တာတွေအားလုံးက စုတ်ပြတ်သတ်နေတဲ့ကြေးနီနဲ့သံထည်တွေပဲ...အဲ့ဒါတွေအားလုံးက ငါတို့ရဲ့လမ်းမှာပိတ်နေတယ်"

ခွေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဘာ...."

"အဲ့ဒါတွေက အဖိုးမတန်ဘူးမဟုတ်လား"

"ဝက်ဝံနက်....ဒီနေရာကိုလာပြီးတော့ အစုတ်အပြတ်တွေအားလုံးကို ဖျက်ဆီးလိုက်စမ်း...ငါတို့သွားမယ့်လမ်းမှာ ဘာအမှိုက်မှမကျန်စေနဲ့"

လုပမ်ဝေက သူ့၏ခေါင်းကိုပင် မော့ကြည့်ခြင်းမရှိဘဲ ပြောဆိုလိုက်၏။

"မင်းမှတ်ထားဖို့က ရွှေပြားတွေမကျန်အောင် သေချာကြည့်ပြီး ရှင်းလင်းရမယ်"

စိတ်ဝိညာဉ်ဘုရင်နှင့်မိန်းကလေးခုနစ်ယောက်တို့သည် လေပြင်းမုန်တိုင်းတစ်ခုအလား ထိုနေရာသို့ အပြေးရောက်လာသည်။ထိပ်တန်းအဆင့်ရတနာပစ္စည်းများကို ဝက်ဝံနက်မှ တစ်ခုပြီးတစ်ခု ဖျက်ဆီးနေသည်ကိုစောင့်ကြည့်ရင်း သူတို့၏နှလုံးသွေးများ ယိုစီးလုမတတ် ခံစားနေရသည်။

အမှိုက်သရိုက်အရာတွေ....

တန်ဖိုးမရှိဟု ဆိုလိုက်သလော.....

"အစ်ကိုကြီး...ငါတို့ နင့်ကိုကူညီပြီးတော့ အဲ့ဒီပစ္စည်းတွေကို ဖျက်ဆီးပေးပါ့ရစေ"

မိန်းကလေးခုနှစ်ယောက်သည် ထပ်မံ၍တောင့်မခံနိုင်တော့သဖြင့် သူမတို့၏သိုလှောင်အိတ်များကိုထုတ်ကာ ထိုနေရာသို့ တရကြမ်းအပြေးသွားလိုက်တော့သည်။

"ရပ်လိုက်စမ်း"

အော်ငေါက်သံတစ်သံကို နားထောင်ရပြီးနောက် မိန်းကလေးခုနစ်ယောက်၏ ခန္ဓာကိုယ်များသည် မမြင်နိုင်သော အားလှိုင်းတစ်ရပ်၏ ချည်နှောင်ခြင်းကို ခံလိုက်ရသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုပမ်ဝေသည် သူမတို့အားလုံးကို သူ့၏နံဘေးရှိ ထိုင်ခုံပေါ်သို့ ဆွဲခေါ်လိုက်သည်။

"မိန်းမလှလေးခုနစ်ယောက်က အေးအေးဆေးဆေး ထိုင်နေပါလား"

လုပမ်ဝေက အပြစ်တင်စကားပြောဆိုသည်။

"ငါက မင်းတို့ကို ပင်ပန်းတဲ့အလုပ်တွေ ဘာလို့လုပ်ခိုင်းရမှာလဲ"

"မပင်ပန်းပါဘူး....ငါတို့ မပင်ပန်းပါဘူး"

"အမ်....."

"ဟုတ်တယ်....ဒါက အရမ်းပင်ပန်းတယ်"

ထိုအခြင်းအရာကိုကြည့်ပြီး မိန်းကလေးခုနှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့်တုံ့ပြန်ရုံသာ တတ်နိုင်တော့သည်။

ထို့နောက် သူမတို့သည် လေထုအတွင်းရှိရတနာများကို ထိုသက်ရှိလေးယောက်မှ ဖျက်ဆီးနေသည်အား ဆက်လက်၍စောင့်ကြည့်နေရလေ၏။

မိန်းကလေးခုနစ်ယောက်သည် နှလုံးသွေးကြောများပေါက်ထွက်တော့လုမတတ် မွန်းကြပ်နေကာ ခေါင်းကိုက်လာမှုကြောင့် အံ့ကြိတ်ထားရသဖြင့် သူမတို့၏သွားများ ကျိုးပဲ့လုဆဲဆဲ ဖြစ်နေလေပြီ။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် လုပမ်ဝေတို့တစ်စုသည် သူတို့ရရှိသော ရွှေပြားများကိုသာ အာရုံစူးစိုက်နေကြသည်။နောက်ပိုင်းတွင် သူတို့သည် သူမတို့ကို လုံးလုံးလျားလျား လျစ်လျှူရှုထားလေ၏။

ဤသည်မှာ မိန်းကလေးခုနှစ်ယောက်အား အကြွင်းအကျန်များ ကောက်ယူရန်အတွက် အခွင့်အရေး ပေးလိုက်သည့်အလားပင်။

"ဆရာ ....ငါ ဘာကိုမှ မကူညီနိုင်ခဲ့ဘူး...ငါ ဘယ်လိုမှ မတတ်နိုင်ခဲ့တာပါ"

"နောင်ဘဝကျရင် ငါက ဆရာ့ကို ပြန်ပေးဆပ်ပါ့မယ်"

မိန်းကလေးခုနှစ်ယောက်က ကြေကွဲဝမ်းနည်းစွာဖြင့် ရေရွတ်လိုက်ကြသည်။

သို့ရာတွင် သူမတို့သည် ထိုသို့ပြောဆိုနေစဉ်တွင် သူမတို့၏သိုလှောင်လက်စွပ်များ သိုလှောင်အိတ်များအတွင်း၌ ရတနာများဖြင့် ပြည့်နှက်နေလေပြီ။

Chapter 552

ဝူထျန်းအင်ပါယာ....စစ်စခန်း၌....

ညအမှောင်ယံအတွင်းတွင် မီးပုံကြီးတစ်ပုံမှ အလင်းရောင်များဖြင့် တောက်ပနေသည်။

မီးပုံကြီး၏နံဘေးတွင် လူငယ်များသည် ပျော်ရွှင်မြူးထူးစွာ ကခုန်နေကြလေ၏။

သူတို့၏နောက်ရှိ ကြီးမားကျယ်ပြန့်သောမြေကွက်လပ်ပေါ်တွင် ထောင်နှင့်ချီသော အဝါရောင်ကောင်းကင်သားရဲငယ်လေးများသည် တေးဂီတစည်းချက်နှင့်အညီ သူတို့၏တင်ပါးများကို လှုပ်ယမ်းနေကြသည်။

ဤမျှထိ သက်ဝင်လှုပ်ရှားနေရုံမကသေးချေ။

မြေကွက်လပ်၏နံဘေးတွင် ထူထပ်သိပ်သည်းသော မီးခိုးငွေ့များထွက်နေသည့် သံမီးဖိုစင်တစ်ခုရှိနေသည်။

ထိုသံမီးဖိုစင်၏နောက်တွင် အနည်းငယ်ဝဖြိုးသောလူတစ်ယောက် မတ်တတ်ရပ်နေကာ အသားများကို ပျော်ရွှင်စွာကင်ရင်း သူ၏နဖူးပေါ်မှကျလာသော ချွေးများကိုသုတ်နေလေ၏။

"လာကြတော့....အသားကင်စားကြစို့"

အနည်းငယ်ဝဖြိုးသောလူသည် အသားကင်များထည့်ထားသော ပန်းကန်ပြားများကိုကိုင်ကာ လူတစ်စုထံသို့ အပြေးသွားလိုက်သည်။

ကျားကျားချင်သည် ထိုပန်းကန်ပြားများကိုလအလျင်စလိုယူဆောင်ကာ အော်ဟစ်လိုက်၏။

"လာကြတော့....ဒါက ငါအသစ်မွေးမြူထားတဲ့နဂါးသားရဲပဲ....အဲဒီသားရဲထွက်လာတဲ့အချိန်မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့တယ်...သူက ရက်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့်အရသာကို ထိခိုက်မှုရှိမှာမဟုတ်ဘူး...မင်းတို့အားလုံး လာပြီးမြည်းစမ်းကြည့်ကြအုံး"

ထိုစကားများကိုပြောဆိုရင်း သူက အသားကင်များကို ဝေငှပေးလိုက်သည်။

"ဝိုး...."

ဝူထျန်းသည် အသားကင်တစ်ချောင်းကို ယူဆောင်ပြီးနောက် အံ့အားတသင့်ပြောဆိုလိုက်၏။

"မျိုးတုံးပျောက်ကွယ်သွားတာ အချိန်အတော်ကြာမြင့်နေပြီဖြစ်တဲ့ နဂါးမျိုးနွယ်ဆိုတာ ဒီအသားကင်ရဲ့အနံ့ကို ရှုရှိုက်ကြည့်ရုံနဲ့ ပြောနိုင်တယ်...ဒါက အရည်အချင်းကောင်းတွေမရှိဘူးဆိုရင် ကင်လို့ရတဲ့အသားမျိုးမဟုတ်ဘူး"

"စီနီယာအစ်ကိုက အရမ်းတော်တယ်...ဒီလိုနတ်ဘုရားသားရဲတစ်ကောင်ကို ဆန္ဒရှိသလိုမွေးမြူနိုင်တယ်....ငါက စီနီယာအစ်ကိုနဲ့ ဘယ်လိုမှယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"

ပိုင်ချီယုသည် နဂါးကင်ကိုတစ်ကိုက်ကိုက်စားရင်း ညည်းတွားကာ မေးမြန်းလိုက်သည်။

"ဂိုဏ်းတူမောင်နှမတွေအားလုံး....အခုလက်တလောအချိန်မှာ ဘာအောင်မြင်မှုတွေ ရထားလဲဆိုတာ ငါ သိလို့ရမလား"

"အရှက်ရမိတယ်...ငါ အရှက်ရမိပါတယ်...ငါကထျန်းလုံအင်ပါယာရဲ့ဧကရာဇ်ပဲ ဖြစ်လာခဲ့တယ်... ငါက တခြားမောင်နှမတွေကို ဘယ်လိုမှယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"

"ငါက ပိုပြီးတောင်ရှက်ရွံမိတယ်....ငါက ဝူကျုံးဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်လာပြီးတော့ ယန်ကျုံးဂိုဏ်းကို အမြစ်ပြတ်​ချေမှုန်းနိုင်ခဲ့တယ်...ဒါပေမဲ့ တခြားမောင်နှမတွေကို လိုက်မှီမှာမဟုတ်ဘူး"

"ပဉ္စမစီနီယာအစ်မကရော....ဘယ်လို အခြေအနေရှိလဲ"

"ငါက ပိုပြီးအရှက်ရမိတယ်....ငါက ကုန်းမြေတချို့ကို စုစည်းသိမ်းပိုက်ဖို့ အင်မော်တယ်နယ်မြေကို ပြန်သွားခဲ့တယ်...ငါနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့ကုန်းမြေတချို့ကို ဖျက်ဆီးခဲ့တယ်...ငါက တခြားမောင်နှမတွေကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး"

စုယွင်ယွင်က နဂါးကင်ကိုတစ်ကိုက်ကိုက်ရင်း ပြောဆိုသည်။

"သောက်ချေးပဲ...ဒါဆိုရင် ငါက ပိုပြီးအရှက်ရစရာဖြစ်နေပြီ"

ဝူထျန်းသည် ထိုစကားများကိုကြားချိန်တွင် သူ့၏ခေါင်းကို ခါယမ်းလိုက်၏။

"ငါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို သိမ်းပိုက်နိုင်ရမယ်ဆိုတဲ့ ဆရာကြီးရဲ့မျှော်လင့်ချက်ကို အခုချိန်ထိ မဖြည့်ဆည်းနိုင်သေးဘူး"

"..."

သူတို့လူစုစကားပြောဆိုနေစဉ်တွင် 'စီနီယာအစ်ကိုအစ်မတို့'ဟူသောခေါ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်ကို သူတို့ကြားလိုက်ရသည်။

သူတို့အားလုံး လှည့်ကြည့်လိုက်စဉ်တွင် လူတစ်ယောက်သည် ရှေ့သို့အပြေးရောက်ရှိလာကာ သူတို့အား ပြောဆိုသည်။

"မဟာအစောင့်အရှောက်လေးယောက်က တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ ဖမ်းဆီးတာကို ခံထားရတယ်"

ထိုစကားကိုကြားချိန်တွင် လူတိုင်း ကြက်သေသေသွားသည်။

သို့ရာတွင် သူတို့သည် စိုးရိမ်ပူပန်ရမည့်အစား ရယ်မောလိုက်ကြ၏။

"အဲ့ဒီတိမ်တိုက်အထွတ်အထိပ်အင်ပါယာက တကယ့်ကို တစ်ခုခုပဲ...တစ်ခြားဘယ်သူ့ကိုမဆိုဖမ်းဆီးရင် အဆင်ပြေနိုင်ပေမယ့်...သူတို့က မဟာအစောင့်အရှောက်လေးယောက်ကိုတကယ်ကြီး ဖမ်းဆီးဝံ့တယ်"

"အမှန်ပဲ...ဒီအခွင့်အရေးကိုယူပြီးတော့ ငါတို့စိတ်လှုပ်ရှားစရာတချို့ကို သွားကြည့်ကြစို့...ဒါနဲ့ ငါတို့က မဟာအစောင့်အရှောက်လေးယောက်နဲ့ပူးပေါင်းပြီးတော့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ချက်ချင်းအနိုင်ယူကြရင် ပိုမကောင်းဘူးလား"

"ကောင်းပြီလေ...အခုချက်ချင်း တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို သွားပြီးဖျက်ဆီးကြစို့"

ဝူထျန်းသည် အရင်ဆုံးမတ်တတ်ထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် သူတို့သည် စစ်တပ်ကြီးကိုဦးဆောင်ကာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို အမြစ်ပြတ်​ချေမှုန်းရန်အတွက် ထွက်ခွာခဲ့တော့သည်။

...

တိမ်တိုက်အထွတ်အထိပ်အင်ပါယာ တော်ဝင်နန်းတွင်း၌.....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် ပျော်ရွှင်စွာ သောက်စားနေကြလေ၏။

"အချိန်တော်တော် ကြာနေပြီ....ကိစ္စရပ်တွေအားလုံးရဲ့နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့ သက်ရှိလေးယောက်ရဲ့အသက်တွေလည်း အခုချိန်မှာ ဆုံးရှုံးနေလောက်ပြီ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ပြောဆိုကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟား'ဟား ဟား...လာ သောက်ကြစို့"

"သူတို့မသေရင် ဘယ်လိုလုပ်မလဲ"

ဖျက်ဆီးခြင်းအရှင်သည် အနည်းငယ်စိုးရိမ်ပူပန်နေဆဲဖြစ်ကာ သူ့၏ဝိုင်အရက်ခွက်ကို အောက်သို့ချလိုက်သည်။

ဤသတ်ဖြတ်ခြင်းဝင်္ကပါကြီးသည် လွန်ခဲ့သော ခေတ်ကာလပေါင်းများစွာကတည်းက ကြွင်းကျန်လာခဲ့သည့် အလွန်အမင်းအန္တရာယ်များပြီး အစွမ်းထက်သော ဝင်္ကပါကြီးတစ်ခုပင်။သို့ရာတွင် ကိစ္စရပ်များ၏နောက်ကွယ်ရှိတည်ရှိမှုကြီးများသည် သူတို့၏လက်များဖြင့်တိမ်တိုက်များကို လွမ်းမိုးနိုင်ကာ လေနှင့်မိုးကို ဆင့်ခေါ်နိုင်သူများဖြစ်သဖြင့် ဤသတ်ဖြတ်ခြင်းဝင်္ကပါသက်သက်ဖြင့် သူတို့ကို ဖျက်ဆီး၍ရနိုင်ပါသလော....

ဖျက်ဆီးခြင်းအရှင်တွင် စိုးရိမ်ပူပန်သော အတွေးတစ်ခု အစဉ်အမြဲရှိနေသည်။

"ဟား ဟား ဟား...အဲ့ဒီသတ်ဖြတ်ခြင်းဝင်္ကပါကြီးက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းလည်း သိနေတာပဲလေ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုသည်။

"ဒါ့ပြင် တကယ်လို့ သူတို့မသေဘူးဆိုရင်တောင် သတ်ဖြတ်ခြင်းဝင်္ကပါကြီးထဲမှာ ရက်တွေအကြာကြီး ကုန်ဆုံးခဲ့ရတဲ့အတွက်...သူတို့က သေနိုင်လောက်တဲ့အဆင့်ထိ ခံစားနေရမှာ သေချာတယ်"

"အင်း..."

ဖျက်ဆီးခြင်းအရှင်သည် အနည်းငယ်စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသည်။

ဤတစ်ကြိမ်တွင် ကိစ္စရပ်များ၏နောက်ကွယ်မှသူများကို သတ်ဖြတ်နိုင်သရွေ့ ကြွင်းကျန်သောအရာအားလုံးကို သူတို့ လုပ်ဆောင်ရသည်မှာ ပို၍လွယ်ကူသွားပေမည်။

"သူတို့ သေသွားတာနဲ့....ငါတို့ရဲ့ကံကြမ္မာစွမ်းအားတွေ ပြန်ရလာမှာပဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ယုံကြည်ချက်ရှိစွာ ပြောဆိုသည်။

"ဟား ဟား ဟား ဟား...ဆက်သောက်ကြစို့...ငါတို့ ဒီကိစ္စကို လုပ်နိုင်မှာသေချာတယ်"

သူတို့နှစ်ယောက် ပျော်ရွှင်စွာသောက်စားနေစဉ်မှာပင် လက်အောက်ငယ်သွားတစ်ယောက်၏အသံက အဝေးမှထွက်ပေါ်လာသည်။

"သတင်းပို့ပါတယ်...."

"မင်းက ဘာသတင်းပို့စရာ ရှိနေလို့လဲ...ဒီနေရာမှာ ငါတို့နှစ်ယောက် သောက်စားနေတာကို မင်း မမြင်ဘူးလား"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ခန်းမအတွင်းသို့ဝင်လာသော လက်အောက်ငယ်သားကို ကန်ကျောက်ပြီး အော်ဟစ်လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ဆက်လက်၍ သောက်စားနေကြလေ၏။

အချိန်တခဏအကြာမှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးတစ်သံက ပြင်ပမှထွက်ပေါ်လာကာ ဓားများအချင်းချင်း ထိခတ်မိသောအသံများက သူတို့နှစ်ယောက်၏နားများအတွင်းသို့ ဝင်ရောက်လာသည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့၏ လက်များအတွင်းမှ ဝိုင်အရက်ခွက်များ လေထုအတွင်း၌ရပ်တန့်သွားသည်။

"ဘာတွေဖြစ်နေတာလဲ...."

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် ခန်းမ၏ပြင်ပသို့ အလျှင်အမြန်ထွက်ကြည့်လိုက်ရာ မလှမ်းမကမ်းအကွာရှိ မိုးကောင်းကင်ယံအတွင်း၌ မီးခိုးငွေများ ဖုန်မှုန့်များ တထောင်းထောင်းထနေသည်ကို သူတို့မြင်တွေ့လိုက်ရသည်။

"အရှင်ဧကရာဇ်ကို သတင်းပို့ပါတယ်...ဝူထျန်းအင်ပါယာက လာတဲ့လူတွေက မြို့တော်ကိုတိုက်ခိုက်နေပါတယ်"

လက်အောက်ငယ်သားက တုန်တုန်ရီရီဖြင့် ပြောဆိုသည်။

"မင်း ငါ့ကို ဘာလို့ စောစောသတင်းမပို့တာလဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ထိုလူကို လက်ဝါးတချက်ဖြင့် ရိုက်သတ်လိုက်တော့သည်။

"စိတ်အေးအေးထားစမ်းပါ"

ဖျက်ဆီးခြင်းအရှင်သည် ဒေါသထွက်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ကို ဟန့်တားလိုက်သည်။

"ဘာမှမစိုးရိမ်နဲ့"

"ကိစ္စရပ်တွေအားလုံးရဲ့ နောက်ကွယ်မှာရှိတဲ့ သက်ရှိလေးယောက်က ငါတို့ရဲ့လက်ထဲမှာရှိနေတယ်...ဒီငါးပုစွန်ငယ်လေးတွေက အခြေအနေကို ဘယ်လိုပြောင်းလဲနိုင်မှာမလို့လဲ"

ဖျက်ဆီးခြင်းအရှင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိချေ။

"ဝူထျန်းကို ကိုင်တွယ်ဖို့က နည်းနည်းတော့သတိထားရလိမ့်မယ်...မင်းနဲ့ငါ အတူပူးပေါင်းပြီးတော့ သူ့ကို တိုက်ရိုက်ချိတ်ပိတ်လိုက်မယ်...ကံကောင်းပြီးတော့ အဲဒီချိတ်ပိတ်မှုအောင်မြင်သွားရင် သူ့ကို အမှုန်အမွှားဖြစ်အောင်ဖျက်ဆီးဖို့အတွက် သံတမန်ကြီးကို ငါတို့ တောင်းဆိုကြမယ်"

ဖျက်ဆီးခြင်းအရှင်၏စကားများကို ကြားချိန်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ဒေါသများ ပျက်ပြယ်သွားကာ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒါက အဓိပ္ပာယ်ရှိတယ်"

"သွားကြစို့...ငါတို့တွေ အပြင်ထွက်ပြီးတော့ အဲ့ဒီမောက်မာထောင်လွှားနေတဲ့ ကောင်စုတ်လေးကို သွားတွေ့ကြရအောင်"

ထိုသို့ပြောဆိုပြီးနောက် ဖျက်ဆီးခြင်းအရှင်၏ပုံရိပ် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ပုံရိပ်သည်လည်း ထပ်ချပ်မကွာလိုက်သွားကာ ပျောက်ကွယ်သွားလေ၏။

တိမ်တိုက်အထွတ်အထိပ်တော်ဝင်မြို့တော်၏ မြင့်မာသောမြို့ရိုးပေါ်၌....

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့်ဖျက်ဆီး ခြင်းအရှင်တို့သည် ဘေးချင်းယှဥ်၍မတ်တတ်ရပ်နေကြသည်။

သူတို့နှစ်ယောက်သည် မြို့ရို့ရှေ့တွင်ရှိနေသည့် သန်းဆယ်နှင့်ချီသောစစ်သည်များ၏ရှေ့၌ မတ်တတ်ရပ်နေသော လူဆယ်ယောက်ကျော်ကိုကြည့်ပြီး နေရာမှာပင် ကြက်သေသေသွားလေ၏။

သူတို့၏နှလုံးများ ကဆုန်စိုင်းခုန်ပေါက်လာသည်။

အကြောင်းအရင်းမှာ သူတို့၏ရှေ့မှ လူများသည် အမှန်တကယ်ကိုပင်....

ထိုလူများအနက်မှတစ်ယောက်ချင်းစီသည် သူတို့ထိတ်လန့်ကြောက်ရွံ့နေသော ဝူထျန်းထက် ပို၍အစွမ်းထက်နေသည်။

Chapter 553

မြို့ရိုး၏ပြင်ပတွင်ရှိနေကာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာထံသို့ ချဉ်းကပ်လာသော စစ်တပ်ကြီးကို ဦးဆောင်လာသည့် လူဆယ်ယောက်ကျော်သည် ငြင်းခုန်နေကြလေ၏။

ဤသည်မှာ ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့ကို မည်သူမှတိုက်ခိုက်မည်ဟူသည့်ကိစ္စပင်။

"ငါတို့ဂိုဏ်းတူမောင်နှမတွေအားလုံး မိုးမြေဂိုဏ်းကထွက်လာပြီးကတည်းက ငါတို့ရဲ့အရည်အချင်းတွေကို အနည်းနဲ့အများ အသုံးချခဲ့ရတယ်...အခုထိ မလေ့ကျင့်ရသေးတဲ့သူတွေကို တိုက်ခိုက်ခိုင်းတာ ပိုမကောင်းဘူးလား"

ကျားကျားချင်က သူတို့၏ငြင်းခုံနေမှုကို ကြားဖြတ်ဟန့်တားလိုက်သည်။

"ခုထိ မလေ့ကျင့်ရသေးတာ ဘယ်သူ ရှိလို့လဲ"

တခြားလူများက မေးမြန်းသည်။

ကျားကျားချင်သည် စစ်တပ်ကြီး၏နောက်မှလိုက်ပါလာသော ထောင်နှင့်ချီသည့် အဝါရောင်ကောင်းကင်သားရဲလေးများအုပ်စုကို လက်ညှိုးညွှန်ပြကာ စိတ်အားထက်သန်စွာဖြင့်ပြောဆိုလိုက်သည်။

"ငါ့ရဲ့အဝါရောင်ကောင်းကင်သားရဲလေးတွေက အခုထိ မလေ့ကျင့်ရသေးဘူး"

"မင်း အဲ့ဒီကောင်တွေကို ဆွဲမထည့်စမ်းနဲ့"

လီကျင်းက ပြောဆိုသည်။

"မင်း မကျင့်ကြံရသေးဘူးလို့ ပြောနေတဲ့အကောင်ပေါက်လေးတွေက လှုပ်ရှားမှုတစ်ခုတည်းနဲ့ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးလိုက်မှာ ငါ စိုးရိမ်မိတယ်"

"ငါ့ကို သွားခွင့်ပြုတာ ပိုကောင်းလိမ့်မယ်...ငါကဓားသွားကိုလက်ဗလာနဲ့ဖမ်းဆီးစေတဲ့နည်းလမ်းကိုသုံးပြီးတော့ သူတို့ကို တိုက်ရိုက်ချေမှုန်းနိုင်တယ်"

"စီနီယာအစ်ကို အစ်မတို့...."

ထိုအချိန်မှာပင် သူ့၏နံဘေးတွင်ရှိနေသော ဝူထျန်းက စိုးရိမ်ပူပန်စွာဖြင့် တီးတိုးပြောဆိုသည်။

"အဲ့ဒီကောင်နှစ်ကောင်က ငါ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ဖူးတယ်...ငါ သူတို့ကို အရမ်းမုန်းတယ်...ဘာလို့ ငါ့ကို သွားခွင့်မပြုကြတာလဲ"

"မရဘူး...ငါ သူတို့နှစ်ယောက်ကို ဖောက်ခွဲလိုက်မယ်"

ဝူထျန်း၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ဟုန်ဖုန်ခွမ်းက သူ့ကိုဟန့်တားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"တကယ်လို့ မင်းတို့ ငါ့ကိုသွားခွင့်မပြုဘူးဆိုရင် အခုချက်ချင်း ငါ့ကိုယ်ငါ ဖောက်ခွဲလိုက်မယ်"

"..."

တခြားလူများသည် ထိုစကားများကိုကြားချိန်တွင် သူတို့၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။

ဤစကားများကို မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေသော ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေ၏။

သူတို့နှစ်ယောက်သား ဒေါသကြောင့် အံ့တင်းတင်းကြိတ်လိုက်ကြသည်။

သူတို့အား သားကောင်များကဲ့သို့ ဆက်ဆံနေသည်ကို သူတို့ မည်သည့်နည်းနှင့် သည်းခံနိုင်​မည်နည်း....

"မိုးနဲ့မြေက ဘယ်လောက်ကြီးမားကျယ်ပြန့်တယ်ဆိုတာ သူတို့ကို ငါ ဒီနေ့သိခွင့်ပြုလိုက်မယ်"

ဖျက်ဆီးခြင်းအရှင်က ဒေါသတကြီးပြောဆိုသည်။

"အထူးသဖြင့် ငါတို့ကိုဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ကောင်စုတ်ပဲ"

ထိုစကားကိုပြောဆိုပြီးနောက် သူသည် ရှေ့သို့ပျံသန်းသွားကာ မြို့ရိုး၏ရှေ့သို့ ဆင်းသက်လိုက်သည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည်လည်း သူ့၏နောက်မှ ထပ်ချပ်မကွာလိုက်ပါသွားလေ၏။

သူတို့နှစ်ယောက် မြေပြင်ပေါ်သို့ မဆင်းသက်ရသေးမီမှာပင် ဟုန်ဖုန်ခွမ်းက သူတို့ထံသို့ တိုးဝင်လာသည်။

"ဒီငတုံးကောင်က မဆင်မခြင် တိုက်ရိုက်ပြေးဝင်လာဝံ့တာလား"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အထင်အမြင်သေးစွာ ပြောဆိုသည်။

"မင်းက သေလမ်းရှာနေတာပဲ"

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မြေပြင်အက်ကွဲသွားစေသော တုန်ခါသံကြီးတစ်သံ မြည်ဟီးလာသည်။သူတို့နှစ်ယောက်သည် အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိသဖြင့် မီးတောက်များနှင့်မီးခိုးငွေ့များက သူတို့နှစ်ယောက်ကိုဖြတ်သန်းတိုက်ခတ်သွားသည်။

သူတို့နှစ်ယောက်သည် နောက်သို့ပြန်၍လွင့်ထွက်သွားကာ မြို့ရိုးပေါ်သို့ ပြန်ကျသွားလေ၏။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏လက်တစ်ဖက် ပြတ်တောက်သွားပြီး သတိလစ်မေ့မြောသွားတော့သည်။

ဖျက်ဆီးခြင်းအရှင်သည် အခြေအနေပို၍ပင်ဆိုးရွားကာ မီးတောက်များ၏လောင်ကျွမ်းခံရမှုကြောင့် သူ့၏ခန္ဓာကိုယ် အသားပြားဘဝသို့ ရောက်ရှိသွားသည်။

သူ့၏မျက်လုံးနှစ်လုံးသည် မြို့ရိုးပေါ်၌လိမ့်နေကာ နှုတ်ခမ်းတစ်စုံသည် လွင့်ထွက်သွားပြီးမြို့ရိုး၏တံစက်မြိတ်၌ကပ်နေသည်။

ထို့နောက် လိမ့်နေသောမျက်လုံးနှစ်လုံးနှင့်နှုတ်ခမ်းများသည် နံရံတစ်ခုပေါ်တွင် အတူတကွ ပူးကပ်သွားပြီးကာ​ အသံတစ်သံ ထွက်ပေါ်လာသည်။

"မြန်မြန်လေး...မြို့တံခါးကို ချက်ချင်းပိတ်လိုက်စမ်း"

"ဟုတ်ကဲ့""

လက်အောက်ငယ်သားများသည် မြို့တံခါးကို အလျှင်အမြန်ပိတ်ကာ နောက်သို့ဆုတ်ခွာလိုက်ကြသည်။

"အရူးတွေ...ငါ့ရဲ့အသားစအကြွင်းအကျန်တွေအားလုံး ကောက်လာခဲ့ကြစမ်း"

...

...

တိမ်တိုက်အထွတ်အထိပ်ခန်းမအတွင်း၌ တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် နိုးထလာခဲ့လေ၏။

ခန်းမ၏အလယ်ဗဟိုတွင်ရှိနေသည့် ပုပ်သိုးနေသောအသားများသည် တဖြည်းဖြည်းတွန့်လိမ်လာကာ စူးရှသောအသားပုပ်နံ့က လေထုအတွင်း၌မျောလွင့်နေသည်။

ထို့နောက် အသားပုပ်အစအနများသည် အတူတကွပေါင်းစပ်သွားကာ ပုံရိပ်တစ်ခုအဖြစ်ဖြစ် လျှင်မြန်စွာဖွဲ့စည်းသွားသည်။

မြို့ရိုး၏ပြင်ပတွင် အလွန်ကျယ်လောင်သော စူးရှရှအော်သံများနှင့် မြို့တံခါးကို ထိခတ်မိသောအသံများ ထွက်ပေါ်နေဆဲပင်။

"ငါတို့နှစ်ယောက်လုံးက ငါတို့ရဲ့တိုက်ခိုက်နိုင်မှုစွမ်းအားတွေကို ယာယီဆုံးရှုံးသွားပြီ...အခုအချိန်မှာ သူတို့ရဲ့စိတ်ဓာတ်က အရမ်းမြင့်မားနေတယ်...ဒါက အခြေအနေ ဆိုးဝါးနေပြီမဟုတ်လား"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏ပြတ်တောက်သွားသောလက်ကို ပြန်လည်သိပ်သည်းနေရင်း တည်ကြည်လေးနက်သောအမူအယာဖြင့် ပြောဆိုလိုက်၏။

ဖျက်ဆီးခြင်းအရှင်သည် မြေပြင်ပေါ်မှာ တဖြည်းဖြည်းမတ်တတ်ထရပ်ကာ သူ့၏မျက်နှာပေါ်တွင် သွေးရောင်ကင်းမဲ့နေသည်။

"မင်း စိတ်ရှည်ရှည်ထားစမ်းပါ"

"ကိစ္စရပ်တွေအားလုံးရဲ့နောက်ကွယ်မှာရှိတဲ့ တည်ရှိမှုကြီးတွေက ငါတို့ရဲ့လက်ထဲမှာ ရှိနေတုန်းပဲမဟုတ်လား"

ဖျက်ဆီးခြင်းအရှင်က ပြောဆိုသည်။

"အဲ့ဒီလူတွေ ငါတို့ရဲ့လက်ထဲမှာရှိနေသရွေ့ သူတို့တွေက တကယ်လို့ မြို့တံခါးကို ချိုးဖျက်နိုင်မယ်ဆိုရင်တောင် မဆင်မခြင်ပြုမူဝံ့မှာ မဟုတ်ဘူး"

ထိုစကားကိုကြားချိန်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ခေါင်းညိတ်ပြလေသည်။သို့ရာတွင် သူ့၏မျက်နှာပေါ်၌ ဒေါသများဖြင့် ပြည့်နှက်နေဆဲပင်။

ပြင်ပ၌ အလွန်ကျယ်လောင်သော မြည်ဟီးသံတစ်သံ ထွက်ပေါ်လာသည်။ကြည့်ရသည်မှာ မြို့တံခါးကျိုးပျက်သွားသည်အသံ ဖြစ်ပုံရပေ၏။

သူ စကားပြောရန် ဟန်ပြင်လိုက်သောအချိန်မှာပင် လက်အောက်ငယ်သားတစ်ယောက်က အလျင်စလို ပြေးဝင်လာသည်။

"သတင်းပို့ပါတယ်...."

"မင်းက ဘာပြောမလို့လဲ...မြို့တံခါး ကျိုးပျက်သွားတာ မဟုတ်လား...ဒါက မင်း သတင်းပို့စရာလိုအပ်လို့လား"

"မင်းတို့က မြို့တံခါးလေးတစ်ခုကိုတောင် ထိန်းမထားနိုင်ကြဘူး....အမှိုက်ကောင်တွေ...."

ဒေါသထွက်နေသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏ခြေထောက်ကိုမြှောက်၍ ထိုလက်အောက်ငယ်သားအားကန်ရန် ဟန်ပြင်လိုက်သော်လည်း ဖျက်ဆီးခြင်းအရှင်က ကြားဖြတ်ဟန့်တားလိုက်သည်။

"ပြောစမ်း...."

ဖျက်ဆီးခြင်းအရှင်က ထိုလက်အောက်ငယ်သားကိုကြည့်ကာ မေးမြန်းလိုက်၏။

ထိုလက်အောက်ငယ်သားသည် သူ့၏နဖူးပြင်ပေါ်မှ ဇောချွေးများကိုသုတ်ကာ ပြောဆိုလိုက်သည်။

"အရှင်တို့ကို သတင်းပို့ပါတယ်...ရှေးဟောင်းသတ်ဖြတ်ခြင်းဝင်္ကပါကြီးရဲ့ အတားအဆီးတွေ ပျက်စီးသွားပြီးတော့...အဲ့ဒီအထဲက လူလေးယောက်လုံး ပျောက်သွားပြီ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏ခြေထောက်ကို နောက်သို့ပြန်ရုတ်သိမ်းကာ ထိုလက်အောက်ငယ်သား၏အင်္ကျီဂုတ်ကိုဆုပ်ကိုင်ပြီး အော်ငေါက်လေသည်။

"ဘာ...သူတို့တွေ ထွက်ပြေးသွားကြတာလား ...အဲ့ဒီနေရာကို အပြင်ကနေစောင့်ကြပ်နေတဲ့ မိန်းကလေးခုနှစ်ယောက်က ဘယ်ရောက်သွားတာလဲ"

"အရှင်ဧကရာဇ်...အဲ့ဒီ...အဲ့ဒီဒီမိန်းကလေးခုနှစ်ယောက်လည်း သူတို့နဲ့အတူ ပျောက်သွားပါတယ်"

လက်အောက်ငယ်သားသည် စကားပြောဆိုနေရင်း သူ့၏လည်ပင်းကို ဂရုတစိုက်ဖုံးအုပ်လိုက်၏။

"ကြည့်ရတာတော့ အဲ့ဒီမိန်းကလေးခုနှစ်ယောက်က ရန်သူတွေဆီမှာ အညံခံလိုက်တဲ့ပုံရတယ်"

ထိုလက်အောက်ငယ်သား၏စကားအဆုံးသတ်သွားသောအချိန်မှာပင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ထိုလူအား ရိုက်သတ်လိုက်တော့သည်။

ထိုနောက် သူသည် သူ့၏ရင်ဘတ်ကိုဆုပ်ကိုင်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်သည်။

ဖျက်ဆီးခြင်းအရှင်က တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ကို ကြည့်လိုက်သည်။

"မင်းရဲ့ဘဏ္ဍာတိုက်ထဲမှာ ရတနာတွေအများကြီးရှိတယ်လို့ မင်းပြောခဲ့တာကို ငါမှတ်မိသေးတယ်....ဒါက အမှန်ပဲလား"

"အခုအချိန်မှာ ငါတို့ရဲ့ဒဏ်ရာတွေ အမြန်ဆုံးပြန်ကောင်းလာဖို့ လိုအပ်တယ်....အရင်ဆုံး ငါတို့ကိုပြန်လည်ကုသပေးနိုင်တဲ့ ထိပ်တန်းအဆင့် အင် မော်တယ်ဆေးလုံးတွေကိုယူဖို့အတွက် ဘဏ္ဍာတိုက်ကို သွားရမယ်....အဲ့ဒီလိုမှပဲ ငါတို့တွေက သူတို့ကို တုံ့ပြန်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးရှိလာနိုင်တယ်"

"မင်းပြောတာ အမှန်ပဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အသိဝင်လာကာ သူ့၏လက်အောက်ငယ်သားများကို အမိန့်ပေးရန် ဟန်ပြင်လိုက်သည်။

"လာကြစမ်း....."

"သတင်းပို့ပါတယ်...."

ထိုအသံကြောင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် မျက်ဖြူလန်သွားကာ ကျွမ်းထိုးမှောက်ခုံ လဲကျသွားတော့လုမတတ်ပင်။

ကံကောင်းထောက်မစွာဖြင့် ကံကြမ္မာသည် သူ့အား မျက်နှာသာပေးနေသောကြောင့် သူ လဲကျမသွားခဲ့ချေ။

"ဒါက အဆင်ပြေမှာပါ....မြို့တံခါးချိုးဖျက်ခံရတာ ဒါမှမဟုတ် တခြားကိစ္စသေးသေးမွှားမွှားတစ်ခုပဲဖြစ်လိမ့်မယ်... မင်း လန့်မ‌နေစမ်းပါနဲ့"

"အမှန်ပဲ....မင်းပြောတာ အဓိပ္ပါယ်ရှိတယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သူ့၏စိတ်ကိုတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်၏။

"ပြောစမ်း...ဘာကိစ္စရှိလို့လဲ"

"ကျွန်တော်တို့ရဲ့ဘဏ္ဍာတိုက်မှာရှိတဲ့ အတားအဆီးတွေ ချိုးဖျက်ခံလိုက်ရပြီးတော့.... အထဲမှာရှိတဲ့ပစ္စည်းတွေအားလုံး ဖောက်ထွင်းခံလိုက်ရပြီ"

ထိုလက်အောက်ငယ်သားသည် တုန်တုန်ရီရီဖြင့်ပြောဆိုကာ တစ်ချိန်တည်းမှာပင် သူ့၏ရင်ဘတ်ကို တိတ်တဆိတ်ဖုံးအုပ်လိုက်၏။

ထိုစကားကိုကြားချိန်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။

သူသည် နံဘေးရှိစင်ပေါ်မှ ဓားတစ်ချောင်းကိုယူဆောင်ကာ ထိုလက်အောက်ငယ်သား၏ လည်ပင်းကို ခုတ်ပိုင်းလိုက်တော့သည်။

...

...

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် ရှုပ်ပွနေသောဘဏ္ဍာတိုက်၏ရှေ့၌ မတ်တတ်ရပ်နေကြလေ၏။

သူတို့နှစ်ယောက်၏မျက်လုံးများ နီမြန်းနေသည်။

"ဒါက....အဲ့ဒီအရူးကောင်တွေက ရွှေပြားတွေအားလုံးကို ယူသွားကြတယ်"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"သူတို့က အင်မော်တယ်ရတနာတွေထဲက ဘာတစ်ခုကိုမှ ယူမသွားခဲ့ဘူး"

"ဒါပေမဲ့ သူတို့က အဲ့ဒီရတနာတွေအားလုံးကို ဖျက်ဆီးခဲ့တယ်"

ဖျက်ဆီးခြင်းအရှင်သည်လည်း သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ့၏ဒေါသများကြောင့် သူ့ခန္ဓာကိုယ်ပေါက်ကွဲတော့လုမတက်ပင်။

"သတင်းပို့ပါတယ်....."

ဖျက်ဆီးခြင်းအရှင်သည် ထိုအသံကိုကြားချိန်တွင် ရောက်ရှိလာသူကို အမှုန်အမွှားဖြစ်သည်အထိ ချက်ချင်းရိုက်သတ်လိုက်သည်။

"ငါ ဘာကိုမှ မကြားချင်တော့ဘူး"

"မြို့တံခါးက ပျက်စီးသွားပြီ....အဲ့ဒါက ငါတို့တော်ဝင်မြို့တော်ရဲ့အတားအဆီးပဲ"

တိမ်တိုက်အချို့အချိတ်ဧကရာဇ်သည် အဝေးတစ်နေရာသို့ကြည့်၍ရေရွတ်လိုက်ကာသူ့သည်းခန္ဓာကိုယ်တစ်ခုလုံးသွေးရောင်ကင်းမဲ့နေသည်။

ငါတို့ဘာဆက်လုပ်ကြမလဲ။

ဖျက်ဆီးခြင်းအရှင်သည် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ထံသို့ အပြေးသွားလိုက်ရာ အတွင်း၌ရှိနေသော ကံကြမ္မာစွမ်းအားများ လုံးလုးလျားလျား ပျောက်ကွယ်နေသည်ကို မြင်တွေ့လိုက်ရသည်။သူ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားပေ၏။

သူတို့နှစ်ယောက်သည် ရန်သူများအား မည်ကဲ့သို့ရင်ဆိုင်ရမည်ဟူသော နည်းလမ်းကို တိုင်ပင်ဆွေးနွေးခြင်း မပြုရသေးမီမှာပင် ရန်သူများ ရောက်ရှိလာလေပြီ။

မကြာမီမှာပင် သူတို့နှစ်ယောက်သည် လူဆယ်ဆယ်ယောက်ကျော်၏ ဝိုင်းရံခြင်းကိုခံလိုက်ရတော့သည်။

သူတို့နှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နေရာမှာပင် ကြက်သေသေနေလေ၏။

"မင်းတို့ကိုကြည့်ရတာ အခြေအနေမကောင်းပါလား"

ဝူထျန်းသည် ရှေ့သို့ထွက်ကာ ကျယ်လောင်သောအသံဖြင့် သရော်တော်တော်ပြောဆိုလိုက်သည်။

"မင်းတို့ ဘာလို့ အခုကျ မမောက်မာကျတော့တာလဲ"

ဝူထျန်း၏နောက်တွင် သူ့၏စီနီယာအစ်ကိုအစ်မဆယ်ယောက်ကျော်သည် သူတို့၏လက်များကိုပိုက်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။သူတို့သည် ထိုလူနှစ်ယောက်ကို ကြည့်နေသည်မှာ လူသေနှစ်ယောက်ကို ကြည့်နေသည့်အလားပင်။

"ငါတို့ ဘာလုပ်ကြမလဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ထိတ်လန့်ကြောက်ရွံစွာ ပြောဆိုသည်။သူ့၏အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းထားသော လက်တစ်ဖက်သည် ယခုအချိန်ထိ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးချေ။

ဤအချိန်အခိုက်အတန့်၌ သူတို့နှစ်ယောက်သည် ကိစ္စရပ်များအားလုံးကို ကိုင်တွယ်နိုင်ခြင်းမရှိတော့ကြောင်း ဝန်ခံလိုခြင်း မရှိသော်လည်း သူတို့ ဝန်ခံရတော့ပေမည်။

သူတို့နှစ်ယောက်သား ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသောအချိန်မှာပင် မိုးကောင်းကင်ယံကြီး ရုတ်တရက် မည်းမှောင်သွားသည်။

မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာကာ လေပြင်းများ တိုက်ခတ်လာပေ၏။

မိုးမြေဂိုဏ်းမှ တပည့်ဆယ်ယောက်ကျော်သည် သူတို့၏လက်များကိုဆန့်တန်းကာ သူတို့၏မျက်နှာများရှေ့၌ ကာလိုက်ကြသည်။

မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့သော လူနှစ်ယောက်သည် အလွန်ပျော်ရွှင်သွားလေ၏။သူတို့နှစ်ယောက်သည် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသော အနက်ရောင်တွင်းနက်ကြီးကိုကြည့်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

"သံတမန်ကြီး....ဒါက သံတမန်ကြီးပဲ"

သူတို့နှစ်ယောက်သည် မိုးကောင်းကင်ယံအတွင်းသို့ပျံသန်းကာ အနက်ရောင်တွင်းနတ်ကြီးအတွင်းမှထွက်ပေါ်လာသော သံတမန်ကြီး၏နောက်၌ ပုန်းအောင်းလိုက်သည်။

ထို့နောက် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏လက်ကိုဆန့်တန်းကာ အောက်တွင်ရှိနေသော လူဆယ်ယောက်ကျော်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြောဆိုလေသည်။

"မင်းတို့ကောင်တွေက အရမ်းတော်တဲ့ကောင်တွေ မဟုတ်ဘူးလား....ငါ မင်းတို့ကို ပြောလိုက်မယ်....အခုအချိန်မှာ မင်းတို့အားလုံး သေရတော့မယ်"

"ဟား....ဟား...ဟား....."

ထို့နောက် သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

Chapter 554

အောင်ပွဲရလဒ်ကို ရယူပြီးဖြစ်သော မိုးမြေဂိုဏ်းမှတပည့်ဆယ်ယောက်ကျော်သည် ဤအချိန်အခိုက်အတန့်တွင် ရန်သူနှင့်ရင်ဆိုင်မိသည်။

မိုးကောင်းကင်ယံမှ ဆင်းသက်လာသောလူသည် အလွန်အစွမ်းထက်ပေ၏။

ထိုလူထွက်ပေါ်လာသောအချိန်တွင် သူ့ထံမှထုတ်လွှတ်ထားသော အရှိန်အဝါသည် သူတို့အား တုန်ရီသွားစေရန် လုံလောက်သည်။

လေပြင်းမုန်တိုင်း၏အလယ်တွင် လူအိုကြီးတစ်ယောက်ရှိနေကာ သူ့၏ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

"ပုရွက်ဆိတ်တစ်သိုက်....ငါတို့ကို ဆန့်ကျင်ဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူက ပေးထားတာလဲ"

သူသည် ဖြည်းညှင်းစွာပြောဆိုကာ သူ့၏အသံတွင်ပါဝင်သည့် စွမ်းအားကြောင့် အောက်တွင်ရှိနေသောလူများကို နားအူသွားစေသည်။

"ဒါက အမှန်ပဲ...ငါတို့ကိုဆန့်ကျင်ဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူက ပေးထားတာလဲ"

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သံတမန်ကြီး၏နောက်၌ ပုန်းအောင်းကာ မောက်မာထောင်လွှားစွာ ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ငိုကြေးမိတော့လုမတတ်ပင်။

ဤရက်များအတွင်းတွင် သူ့အတွက် အလွန်ခက်ခဲခဲ့ပေ၏။

ယခုချိန်တွင် ဤနေရာ၌ သံတမန်ကြီးရှိနေသဖြင့် သူ့အား ကူညီထောက်ပံပေးမည့်သူ ရှိလာပြီဖြစ်ရာ ဤခံစားချက်သည် အမှန်တကယ်ကို လွန်စွာကောင်းမွန်သည်။

"သေခြင်းနဲ့ရှင်ခြင်းကို ကွဲကွဲပြားပြားမသိတဲ့ ပုရွက်ဆိတ်တွေအားလုံး....သေကြစမ်း...."

လူအိုကြီး၏အေးစက်စက်မျက်လုံးအကြည့်က အောက်ရှိလူများထံသို့ ကျရောက်လာသည်။

သူ့၏မျက်လုံးများအတွင်း၌ လျစ်လျှုရှုထားမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သူ့၏မျက်လုံးရှေ့ရှိ အရာရာတိုင်းကို ပုရွက်ဆိတ်များဟု မြင်နေသည့်အလားပင်။

သို့ရာတွင်....

ရုတ်တရက် မြေပြင်တစ်နေရာမှနေ၍ အရိုးစုလက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး လေထုအတွင်းသို့ ပျံလွင့်လာသည်။ထို့နောက် ထိုလက်ကြီးသည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် မိုးကောင်းကင်ယံအတွင်းရှိ သံတမန်ကြီးထံသို့ တိုးဝင်သွားသည်။

ဤလက်သီးချက်ကြောင့်.....

မိုးကောင်းကင်ယံအတွင်း၌ ပေါက်ကွဲသွားကာ....

လူအိုကြီး၏ ကြီးမားသောလူသားမျက်နှာကြီးသည် ချက်ချင်းဆိုသလို ပျက်ပြယ်သွားလေ၏။

မိုးမြေဂိုဏ်းမှတပည့်များကို စူးစိုက်ကြည့်နေသော ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည်လည်း ထိုလက်သီးချက်မှ လေလှိုင်းများကြောင့် လွင့်ထွက်သွားခဲ့သည်။

သူတို့နှစ်ယောက်သည် ကြယ်ပျံနှစ်စင်းအလားအဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းသို့ လွင့်ထွက်သွားကာ ပျောက်ကွယ်သွားတော့သည်။

"ဒီဆန်ကုန်မြေလေးရဲ့ရှေ့မှာ မင်းတို့ကိုယ်မင်းတို့ အရမ်းတော်ချင်ယောင်ဆောင်နေကြတာလား"

ထိုအသံကျရောက်လာသည်နှင့်အတူ အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက် ထွက်ပေါ်လာသည်။သူ့၏နောက်တွင် ခွေးတစ်ကောင် ကင်းခြေများတစ်ကောင် ဝက်ဝံနက်တစ်ကောင်နှင့် အနက်ရောင်စွမ်းအားများရစ်သိုင်းလွှမ်းခြုံနေသော စိတ်ဝိညာဉ်တစ်ကောင်တို့ ရှိနေသည်။

လုပမ်ဝေသို့လူစု၏နောက်တွင် ဆွဲဆောင်မှုရှိပြီးလှပစွာဝတ်ဆင်ထားသော မိန်းကလေးခုနှစ်ယောက်ရှိနေလေ၏။

"မဟာဓမ္မအစောင့်အရှောက်....ဒါက မဟာဓမ္မအစောင့်ရှောက်ပဲ....."

ပထမဆုံးအသိဝင်လာသူသည် စုယွင်ယွင်ဖြစ်ကာ ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။

"မဟာဓမ္မအစောင့်အရှောက်လေးယောက်လုံး ရောက်လာတာပါလား"

ထို့နောက် မိုးမြေဂိုဏ်းမှတပည့်များအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"မဟာဓမ္မအစောင့်အရှောက်လေးယောက်ကို အရိုအသေပြုပါတယ်"

"ထကြတော့..."

လုပမ်ဝေက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မဟာစောင့်အရှောက်က အရမ်းအစွမ်းထက်တာပဲ...သူက လက်သီးတစ်ချက်တည်းနဲ့ မောက်မာထောင်လွှားနေတဲ့လူကို သတ်လိုက်တယ်"

မိုးမြေဂိုဏ်းတပည့်များမှ ချီးမွမ်းလိုက်ကြသည်။

"ဒါက ဖြစ်သင့်တာပဲ မဟုတ်လား...ဒီလောကကြီးထဲမှာ ဆရာကြီးကလွဲပြီးတော့ အစွမ်းထက်ဆုံးလူက မဟာအစောင့်အရှောက်ပဲ"

"အမှန်ပဲ....အမှန်ပဲ....ငါတို့ရဲ့မဟာအစောင့်အရှောက် လှုပ်ရှားမှုတစ်ခု လုပ်လိုက်တာနဲ့...ဘယ်ရန်သူမျိုးကိုမဆို အေးအေးဆေးဆေး ရင်ဆိုင်နိုင်တယ်"

"..."

အဆုံးမရှိသော ချီးမွမ်းမြှောက်ပင့်သံများကိုကြားချိန်တွင် လုပမ်ဝေက သူ့၏ခေါင်းကို မော့လိုက်သည်။

တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့ ပျောက်ကွယ်သွားပြီးနောက် တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် ထပ်မံ၍ခုခံကာကွယ်နိုင်စွမ်း မရှိတော့ချေ။

ထို့ကြောင့် ဝူထျန်းသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို အလျှင်အမြန် သိမ်းပိုက်နိုင်ခဲ့သည်။

...

ကြီးမားကျယ်ပြန့်သော မြက်ခင်းလွင်ပြင်ပေါ်၌....

ဤအချိန်အခိုက်အတန့်တွင် မီးပုံကြီးတစ်ပုံတောက်ပနေကာ နဂါးကင်နံ့များက လေထုအတွင်း၌ သင်းပျံနေသည်။

မိုးမြေဂိုဏ်းမှတပည့်များသည် မီးပုံ၏နံဘေးပတ်လည်၌ စုဝေးကာ ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်နေကြသည်။

လုပမ်ဝေသည် နံဘေးတစ်ဖက်၌လဲလျောင်းနေကာ သူ၏ဘေးပတ်လည်၌ ချောမောလှပသောမိန်းကလေးခုနှစ်ယောက် ရှိနေသည်။

မိန်းကလေးတယောက်သည် လုပမ်ဝေအတွက် စပျစ်သီးများကို အခွံခွာပေးနေကာ တခြားမိန်းကလေးတစ်ယောက်သည် သူ့၏ခြေထောက်များကို နှိပ်နယ်ပေးနေလေ၏။

မိန်းကလေးတယောက်သည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ကာ သူမ၏ပေါင်ပေါ်၌ လုပမ်ဝေ၏ခြေထောက်များကို တင်ထားသည်။

တခြားတစ်ယောက်သည် သူ၏နံဘေး၌ထိုင်ကာ သူမ၏လက်ကို လုပမ်ဝေ၏လက်ဝါးအတွင်းသို့ထည့်ပြီး သူ့အား ကစားခွင့်ပြုထားသည်။

ဤနေရာတွင် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် ပြိုလဲပျက်စီးနေသော အိမ်တစ်လုံးအတွင်း၌ ရီဖုန်းသည် ခွေခေါက်နေကာ မီးအိမ်၏အလင်းရောင်အောက်၌ စာအုပ်တစ်အုပ်ကို သူ၏မျက်လုံးများ နီမြန်းလာသည်အထိ အသည်းအသန်ဖတ်နေသည်။

'အင်မော်တယ်မြစ်ကုန်းမြေ ကျင့်ကြံဆင့်နယ်ပယ်များ....'

မကြာသေးမီအချိန်က အင်ပါယာနှစ်ခုအကြားတွင် စစ်ပွဲတစ်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဤနေရာတွင် ကသောင်းကနင်းဖြစ်နေခဲ့လေ၏။

ယခုအချိန်တွင် သူသည် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော စိမ်းသက်သက်နေရာတစ်ခု၌ ရောက်ရှိနေသောကြောင့် ယခုအချိန်အထိ အရည်အချင်းပြည့်မီသော နောက်ဆုံးတပည့်ကို သူ ရှာမတွေ့သေးချေ။

"ဒင်....လက်ခံသူရဲ့အမည်ခံတပည့်က သာမန်အရည်အချင်းတွေကို ပိုင်ဆိုင်သွားခဲ့တာကြောင့် လက်ခံသူမှာ ကျင့်ကြံဖို့အတွက် အရည်အချင်းပြည့်မီသွားခဲ့ပြီ...ဒါကြောင့် လက်ခံသူက အဆင့်မြင့်ဆုံး ကျင့်ကြံခြင်းအခြေခံကို အောင်အောင်မြင်မြင် ရသွားခဲ့ပါပြီ"

"ဒါပေမဲ့ နောက်ဆုံးတပည့်က အမည်ခံတပည့်ဖြစ်နေတာကြောင့် တရားဝင်တပည့်အရေအတွက်က ပြောင်းလဲမှုမရှိဘူး...ဒါကြောင့်လက်ခံသူက တစ်နှစ်အတွင်းမှာ အရည်အချင်းပြည့်မီတဲ့ နောက်ဆုံးတပည့်တစ်ယောက်ကို ရှာဖွေဖို့ လိုအပ်တယ်"

"တကယ်လို့ လက်ခံသူက မရှာတွေ့ဘူးဆိုရင် ကျင့်ကြံဆင့်တွေအားလုံး ပြန်ရုတ်သိမ်းမယ်"

ဤရုတ်တရက်ထွက်ပေါ်လာသော အံ့အားသင့်ဖွယ်ကိစ္စသည် ရီဖုန်းအား လုံးလုံးလျားလျား ကြက်သေသေသွားစေသည်။

ထို့နောက် သူသည် ရယ်မောလိုက်၏။

သူသည် ပျော်ရွှင်စွာရယ်မောကာ ဘေးဘီဝဲယာကို လူးလိမ့်လိုက်သည်။

ရှောင်ကျီးအာသည် အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းပေ၏။

"ဒါနဲ့ စနစ်က အဆင့်မြင့်ဆုံးကျင့်ကြံခြင်းအခြေခံကို ငါရထားတယ်လို့ ပြောခဲ့တယ်... အဆင့်မြင့်ဆုံးကျင့်ကြံခြင်းအခြေခံက ဘယ်လိုမျိုးလဲဆိုတာ ငါ ကြည့်ကြည့်အုံးမယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် သူ့၏လက်အတွင်းရှိ 'အင်မော်တယ်မြစ်ကုန်းမြေမှ ကျင့်ကြံဆင့်နယ်ပယ်များ'ဟူသော စာအုပ်ကိုဖွင့်၍ ဖတ်ရှုလိုက်သည်။

"သိုင်းအင်ပါယာ...ဟား ဟား ဟား ဟား...ငါက သိုင်းအင်ပါယာတစ်ယောက် ဖြစ်သွားပြီ"

"အရင်က အရမ်းကြောက်ဖို့ကောင်းတယ်လို့ ထင်ခဲ့တဲ့ သိုင်းဝိညာဉ်အဆင့်က အခု ငါ့ရဲ့မျက်လုံးထဲမှာ အမှိုက်ဖြစ်သွားပြီ"

ရီဖုန်းက ပျော်ရွှင်စွာဖြင့် ထပ်မံ၍အော်ဟစ်ရယ်မောလိုက်သည်။

သူသည် သူ၏ကျင့်ကြံဆင့်စွမ်းအားများကို အသုံးပြုရန် မစောင့်ဆိုင်းနိုင်တော့ချေ။ ထို့ကြောင့် ပြင်ပသို့ထွက်ကာ မိုးကောင်းကင်ယံကိုစူးစိုက်ကြည့်ပြီး သူ့၏လက်သီးချက်များကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။

တိကျသေချာစွာပင် မိုးကောင်းကင်ယံကြီး သိသိသာသာပြောင်းလဲသွားကာ သူ ထိုးနှက်လိုက်သော လက်သီးတစ်ချက်စီတိုင်းမိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။

"ဟား ဟား ဟား...ငါက အစစ်အမှန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ"

တချိန်တည်းမှာပင်....

ဤအချိန်အခိုက်အတန့်၌ အင်မော်တယ်နယ်မြေအတွင်းတွင် ကသောင်းကနင်းကိစ္စများ ဖြစ်ပွားလာတော့သည်။

မိုးကောင်းကင်ယံကို လက်သီးတစ်ချက်တည်းဖြင့် ပွင့်ထွက်စေသည့် လျှို့ဝှက်ဆန်းကြယ်သောလူ ပျောက်ကွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယခင်က လက်သီးချက်များသည် တိုက်ဆိုင်မှုသက်သက်ဟု သူတို့ တွေးထင်ခဲ့ကာ ဆက်လက်၍ စုံစမ်းစစ်ဆေးခြင်းမပြုခဲ့သော်လည်း ယခုချိန်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် လက်သီးချက်ငါးရာ ပျံ့လွင့်လာပေ၏။

ထိုလက်သီးချက်များ၏စွမ်းအားသည် ယခင်ထက် အနည်းငယ်ပို၍ပြင်းထန်သည်။

အင်မော်တယ်နယ်မြေအတွင်း၌ ကြီးမားသောတွင်းနက်ကြီးငါးရာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။အင်မော်တယ်မြစ်ကုန်းမြေမှလူများသည် ထိုကောင်းကင်တွင်းနက်ကြီးများ ထွက်ပေါ်လာသောနေရာသို့ အလျှင်အမြန် သွားကြည့်ကြလေ၏။

ဤအချိန်တွင် အင်မော်တယ်မြစ်ကုန်းမြေအတွင်းမှလူများသည် ထိတ်လန့်တကြားဖြင့် သွေးရူးသွေးတန်းဖြစ်နေကြသည်။

တခြားတစ်ဖက်တွင် ရီဖုန်းသည် သူ့၏လက်သီးချက်များကို စိမ်ပြေနပြေ လေ့ကျင့်နေသည်။

သူ့၏လက်သီးချက်များဖြင့် လေလှိုင်းများထန်လာသဖြင့် ဤအမှိုက်စနစ်သည် နောက်ဆုံး၌ ပထမဆုံးအကြိမ်အဖြစ် မှီခိုအားထား၍ရလေပြီ။

ထို့နောက် ရီဖုန်းသည် ရပ်တန့်လိုက်၏။

အကြောင်းအရင်းမှာ တခြားကျင့်ကြံသူများ၏ အစွမ်းထက်ဆုံးလုပ်ဆောင်ချက်သည် နတ်ဘုရားစိတ်အာရုံဖြစ်ကြောင်း သူ တွေးတောမိသောကြောင့်ပင်။

သူ စမ်းသပ်ကြည့်လိုက်သော အချိန်အခိုက်အတန့်တွင် သူ့၏နတ်ဘုရားစိတ်အာရုံအတွင်း၌ လူတစ်စုသည် ရယ်မောစားသောက်ရင်း ကခုန်နေသည်ကို သူ မြင်တွေ့မိသည်။

ထို့ပြင် ဓားအလက်တစ်ထောင်ဖြင့် ဘယ်ညာထိုးစိုက်ပြီး အသတ်ခံရသင့်သော လုပမ်ဝေသည် သောက်စားပြီး မူးယစ်ရီဝေနေလေ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး....

ရီဖုန်း၏မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။

ကျင့်ကြံခြင်းစွမ်းအားရရှိခဲ့သော အောင်မြင်မှုကြောင့် သူ၏ပျော်ရွှင်နေမှုများကို ဒေါသများကဖိနှိပ်သွားခဲ့သည်။

"အဲ့ဒီခွေးမသားတစ်စုက သေချင်နေကြတာလား...တကယ်လို့ သူတို့က မကျင့်ကြံနိုင်ဘူးဆိုရင်တောင် အေးအေးဆေးဆေးနေလေ....ငါ့ရဲ့တပည့်တွေကိုပါ ဆွဲထည့်ပြီးတော့ ဘာလို့ အတူတူ ရှိနေတာလဲ"

"ပြီးတော့ အယုတ်တမာကောင်...တကယ်လို့ ငါသာမမြင်ဘူးဆိုရင် မင်းက မိန်းကလေးခုနှစ်ယောက်ကိုပွေ့ဖက်ပြီး ပျော်ရွှင်မြူးထူးနေတယ်ဆိုတာ ငါ သိရမှာမဟုတ်ဘူး"

Chapter 555

မြက်ခင်းပင်ပေါ်တွင် လူတစ်စုသည် အသားကင်များကိုစားသောက်ရင်း မီးပုံ၏နံဘေးပတ်လည်၌ ကခုန်နေကြသည်။

သူတို့တစ်ယောက်ခြင်းစီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေ၏။

"ဒီတကြိမ်မှာ ငါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာတစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့အတွက် ပကတိနယ်မြေတစ်ခုလုံး ငါတို့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီလို့ ဆိုလိုတာပဲ"

ဝူထျန်းသည် သူ့၏လက်အတွင်း၌ ဝိုင်အရက်တစ်ခွက်ကိုကိုင်ထားကာ ပျော်ရွှင်စွာပြောဆိုသည်။

"ဒီတကြိမ်တော့ ဆရာကြီးက ငါတို့ကို သဘောကျသွားလိမ့်မယ်လို့ ငါ ထင်တယ်"

"ငါ့ကိုယ်ငါ အသုံးမကျတဲ့ကောင်လို့ ထပ်ပြီး ခံစားရတော့မှာမဟုတ်ဘူး"

"အမှန်ပဲ...."

သူ့၏နံဘေးတွေရှိနေသော စီနီယာအစ်ကိုအစ်မများကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြသည်။

တစ်ခုသိထားရမည်မှာ ပကတိနယ်မြေသည် အင်မော်တယ်မြစ်ကုန်းမြေ၏ပြင်ပတွင် တည်ရှိပြီး အင်အားကောင်းကာ အချုပ်အခြာကင်းမဲ့သော တည်ရှိမှုကြီးတစ်ခုပင်။

လူတိုင်းသည် ပျော်ရွှင်စွာစကားပြောဆိုနေကြကာ ဆရာကြီးသည် သူတို့အားမြင်တွေ့ချိန်၌ ချီးမွမ်းစကားပြောဆိုမည့် မြင်ကွင်းကို မြင်ယောင်နေကြသည်။

ထိုအချိန်မှာပင် ရုတ်တရက် လေပြင်းများတိုက်ခတ်လာကာ....

ဒုန်း...

လူတိုင်းသည် မော့ကြည့်လိုက်ကြသော်လည်း အစောပိုင်းက ပျော်ရွှင်မြူးထူးစွာ ကခုန်ရင်း အော်ဟစ်နေသော လုပမ်ဝေ၏အသံ ရုတ်တရက်ပျောက်ဆုံးသွားကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။

"မဟာအစောင့်အရှောက်...ဘာပြဿနာရှိလို့လဲ"

လူတိုင်းအံအားသင့်တုန်လှုပ်နေစဉ်မှာပင် ပါးလွှာသောလေထုအတွင်း၌ တစ်စုံတစ်ယောက် ထွက်ပေါ်လာကာ သူတို့၏ရှေ့သို့ ဖြည်းညှင်းစွာရောက်ရှိလာသည်အား သူတို့ မြင်တွေ့လိုက်ရသည်။

အဖြူရောင်ဝတ်စုံသည် လေတိုက်ခတ်ခြင်းမရှိဘဲ လူးလွန့်နေကာ ....

အထီးကျန်ဆန်ပြီး လွတ်လပ်ပေါ့ပါးသောပုံစံမျိုးရှိသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။

ထိုလူသည် သူတို့အားလုံးကို ငုံကြည့်နေလေ၏။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လူတိုင်းအသိဝင်လာကြကာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

"ဆရာသခင်ကို အရိုအသေပြုပါတယ်"

ရီဖုန်းသည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ သူ့၏လက်များကိုနောက်ပစ်ပြီး မြေပြင်ပေါ်၌ဒူးထောက်နေသော လူများကို အေးစက်တင်းမာစွာကြည့်လိုက်သည်။

"ဆရာကြီး....ငါတို့က...."

ဝူထျန်းသည် ပျော်ရွှင်စွာဖြင့် ရီဖုန်းကို စကားပြောဆိုရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် သူ့၏စကားအဆုံးမသတ်သေးမီမှာပင် ရီဖုန်း၏ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရသည်။

"မင်းကို ဒီနေရာကိုလာပြီး တခြားလူတွေလိုမျိုး ပြုမူနေဖို့ ငါ ပြောခဲ့တာလား...မင်းကို ငါ ဘာပြောခဲ့လဲ"

"အမ်....."

ဝူထျန်း ကြက်သေသေသွားသည်။

ထို့နောက် ရီဖုန်း၏မျက်လုံးအကြည့်သည် ဝူထျန်းထံမှနေ၍ ရွှေ့ပြောင်းသွားကာ သူ့နောက်ရှိ လူတစ်စုထံသို့ ကျရောက်သွားသည်။

"ဂိုဏ်းကနေထွက်မသွားခင်တုန်းက မင်းတို့အားလုံး ပြင်ပလောကကိုသွားပြီးတော့....မင်းတို့နဲ့ဆိုင်တဲ့အရာကို ရှာဖွေပြီးလုပ်ဆောင်ဖို့ ငါ ပြောခဲ့တယ် မဟုတ်လား....အခု မင်းတို့ကိုကြည့်ရတာ ဘယ်လိုပုံစံဖြစ်နေတာလဲ"

ထို့နောက် ရီဖုန်း၏အကြည့်သည် တောက်လောင်နေဆဲဖြစ်သောမီးပုံနှင့် နံဘေးရှိ လက်စမသတ်ရသေးသော အသားကင်များအပြည့်ရှိနေသော သံမီးဖိုစင်ပေါ်သို့ ကျရောက်သွားသည်။

သူသည် ဒေါသတကြီးဖြင့် သူ့၏လက်ကိုဝှေ့ယမ်းလိုက်ရာ သံမီးဖိုစင်သည် ဘန်းခနဲမြည်သံနှင့်အတူ ကြေမွှပျက်စီးသွားတော့သည်။

ထို့နောက် သူက သရော်တော်တော် ပြောဆိုလိုက်သည်။

"ဒါက မင်းတို့နဲ့သက်ဆိုင်တဲ့အရာကို မင်းတို့ ရှာဖွေနေကြတာလား"

သူက ဆက်လက်၍ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မင်းတို့ကောင်တွေမှာ အရည်အချင်းတစ်ခုခု ရှိနေပြီလား"

"ဒါမှမဟုတ် ပညာရပ်တစ်ခုခုမှာ အရမ်းကျွမ်းကျင်နေကြပြီလား"

ဟူး....

ယခုကြည့်ကြည့်တော့မှ သူတို့သည် ပကတိနယ်မြေကို သိမ်းပိုက်နိုင်သဖြင့် အလွန်စိတ်ကျေနပ်ကာ မောက်မာထောင်လွှားနေသော်လည်း ဆရာကြီး၏မျက်လုံးအတွင်းသို့ တစိုးတစိမျှ ဝင်ရောက်နိုင်ခြင်းမရှိချေ။

သူတို့သည် ထိုကိစ္စအတွက် အောင်ပွဲပင် ခံနေခဲ့လေ၏။

ဤအချိန်တွင် ရီဖုန်း၏သင်ပြမှုကိုကြားချိန်၌ သူတို့အားလုံးသည် တပြိုင်နက်တည်း ခေါင်းငုံလိုက်ကြသည်။သူတို့၏မျက်နှာများသည် နှင်းကိုက်ခံထားရသော ခရမ်းသီးများအလား ရှုံတွနေကာ ခေါင်းငိုက်စိုက်ကျနေကြသည်။

သူတို့သည် ခွန်းတုံ့ပြန်ဝံ့ခြင်းမရှိချေ။

လူတိုင်း ထိတ်လန့်ကြောက်ရွံ့နေသည်ကိုကြည့်ပြီး ရီဖုန်းက မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။

ထို့နောက် သူ၏အကြည့်သည် ဝူထျန်းထံသို့ တစ်ဖန်ပြန်၍ ကျရောက်သွားလေ၏။

"မင်း ခုဏက ဘာပြောမလို့လဲ"

"အမ်...."

ထိုစကားများကိုကြားချိန်တွင် ဝူထျန်း၏မျက်နှာ နီမြန်းသွားကာ သူက အလျှင်အမြန်တုံ့ပြန်လိုက်သည်။

"ငါက ဘာတစ်ခုကိုမှ နာမည်ကျော်ကြားအောင် မလုပ်နိုင်ခဲ့တာကြောင့် ဆရာကြီးက ငါ့ကို စိတ်မကျေမနပ်ဖြစ်နေတာလားဆိုတာ ငါသိချင်တာပါ"

"ဟမ့်..."

ရီဖုန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အော်ငေါက်လေသည်။

"တကယ်လို့ ငါ မင်းကို နောက်တကြိမ်ပြန်တွေ့တဲ့အချိန်မှာ...မင်း ခုလိုပုံစံမျိုးပဲ ဖြစ်နေမယ်ဆိုရင် ငါ့ကို ဆရာလို့ အသိအမှတ်မပြုနဲ့တော့"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လုပမ်ဝေကို စူးစူးဝါးဝါးကြည့်လိုက်၏။

လုပမ်ဝေသည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ မြေပြင်ပေါ်၌ နာခံရိုကျိုးစွာ ဒူးထောက်နေသည်။

သို့ရာတွင် ရီဖုန်းအကြည့်ကို မြင်တွေ့မိသောအချိန်အခိုက်အတန့်၌ လုပမ်ဝေသည် သူ့၏လည်ပင်း အနည်းငယ်တင်းကြပ်သွားသကဲ့သို့ ခံစားမိသည်။

"ခွေးလိုကောင် အခုမှကြောက်ရကောင်းမှန်း မင်း သိတာလား"

သူသည် ဒေါသတကြီးပြောဆိုပြီးနောက် လုပမ်ဝေတို့တစ်စုကို ခေါ်ဆောင်ကာ ဤနေရာမှ ပျောက်ကွယ်သွားတော့သည်။

ရီဖုန်း ဤနေရာ၌မရှိတော့သည်ကို အတည်ပြုပြီးနောက် အချိန်အတော်ကြာမှသာ လူတိုင်းသည် သူတို့၏ခေါင်းများကို မော့လိုက်ကြ၏။

သူတို့အားလုံး စိတ်ရှုပ်ထွေးနေကြသည်။

"ဆရာကြီးက ပကတိနယ်မြေနဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် အာရုံမစိုက်ဘူး"

သူတို့အနက်မှတယောက်က သက်ပြင်းရှိုက်လိုက်သည်။

"ဆရာကြီးကတော့ တကယ့်ကို ဆရာကြီးပါပဲ ...သူ စဉ်းစားတဲ့ပုံစံက ငါတို့တွေ လိုက်မှီနိုင်တဲ့အရာမျိုး မဟုတ်ဘူး"

"အမှန်ပဲ...ငါတို့ အဲ့ဒီကိစ္စကို ဘယ်လိုမှ စဉ်းစားလို့ရမှာမဟုတ်ဘူး"

တခြားလူတယောက်က ပြောဆိုသည်။

"ဒါပေမဲ့ အခုချိန်မှာ ကြည့်ရသလောက် ဆရာကြီးက ပကတိနယ်မြေကို လုံးဝဂရုမစိုက်ဘူး....သူ ဂရုစိုက်နိုင်တာ တခြားဘာရှိသေးလဲ"

ဝူထျန်းက ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်ကာ စဉ်းစားတွေးတောလိုက်သည်။

ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ဖြစ်နိုင်သည်မှာ....

အင်မော်တယ်နယ်မြေ ဖြစ်နေသလော....

"ဆရာကြီးက ငါတို့ကို နာမည်ကျော်ကြားစေချငိမှတော့ ဒါက အင်မော်တယ်နယ်မြေကိစ္စပဲဖြစ်ရမယ်"

တစ်စုံတစ်ယောက်က ပြောဆိုသည်။

"ပကတိနယ်မြေအတွက်နဲ့ နာမည်ကျော်ကြားစေချင်တာ...ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး"

"ဒါက အဓိပ္ပာယ်ရှိတယ်"

တခြားသူများသည် နောင်တရမှုများ ရှက်ရွံမှုများအပြည့်ဖြင့် ပြောဆိုလိုက်ကြသည်။

"ငါတို့က တကယ်ကို ရူးမိုက်ခဲ့တယ်...ငါတို့က ပကတိနယ်မြေလေးကို သိမ်းပိုက်နိုင်တာအတွက်နဲ့ ငါတို့ကိုယ်ငါတို့ အောင်နိုင်သူတွေဆိုပြီး စိတ်ကျေနပ်နေခဲ့ကြတယ်"

"ဒါက အမှန်ပဲ....ငါ အရမ်းအရှက်ရမိတယ်"

"ကောင်းပြီလေ...ဒါဆိုရင် ငါတို့ အခုထွက်ခွာကြစို့"

တစ်စုံတစ်ယောက်က ပြောဆိုသည်။

"အခုချက်ချင်း ငါတို့ အင်မော်တယ်နယ်မြေကို သွားကြရအောင်"

"ကောင်းပြီလေ...အခုချက်ချင်း သွားကြစို့"

"ချီတက်ကြမယ်...."

Thank For Reading.

All Chapters