အခန်း (၅၅၆-၅၆၀)
Vol. 38 Ch. 556-560
Chapter 556
ရီဖုန်းသည် မျက်တောင်တစ်ခတ်စာအတွင်းမှာပင် လုပမ်ဝေတို့ကိုသယ်ဆောင်ကာ သိုင်းပညာခန်းမသို့ ပြန်ရောက်လာခဲ့သည်။
ခန်းမသို့ပြန်ရောက်သည်နှင့် ရီဖုန်းသည် လုပမ်ဝေကို တစစီဖြစ်အောင်ရိုက်နှက်ကာ မှောင်မည်းပြီး ကျဥ်းမြောင်းနေသော အခန်းတစ်ခန်းအတွင်းသို့ ပစ်ထည့်ပြီး အခန်းတံခါးကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်၏။
"ကလိမ်ကကျစ်ကောင်....ဒီနေရာမှာ လိမ်လိမ်မာမာ နေခဲ့စမ်း"
သူက အော်ငေါက်လိုက်သည်။
ထို့နောက် ရီဖုန်းက ခန်းမအတွင်း၌ တုန်တုန်ရီရီဖြစ်နေသော အရူးကောင်တစ်သိုက်ကို ကြည့်လိုက်သည်။ခွေးသည် တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။တုန်ရီနေသော ကင်းခြေများတစ်ကောင်သည် ခွေး၏နောက်ကျောပေါ်၌ရှိနေကာ တုန်ရီနေသောဝက်ဝံတစ်ကောင်သည် ခွေး၏နောက်၌ ရှိနေလေ၏။
မည်သည့်အချိန်က အရိုးစုနှင့် ရောထွေးနေမှန်းမသိရသော သရဲတစ္တေတစ်ကောင်ကမူ သိုင်းပညာခန်းမအတွင်းသို့ မဝင်ရဲသဖြင့် တုန်တုန်ရီရီဖြင့် ဝင်ပေါက်၌ရှိနေသည်။
သူသည် ထိုအရူးကောင်များအားလုံးကို ဝေ့ဝိုက်၍ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းတို့ကောင်တွေ ကောင်းကောင်းမွန်မွန်နေတာ ပိုကောင်းလိမ့်မယ်....ဒါမှမဟုတ် ငါက မင်းတို့အားလုံးကို ရိုက်ရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ့၏လက်သီးကို တစ်ချက်ဝှေ့ယမ်းကာ သူ့၏လက်ညှိုးကိုထောင်ပြပြီး ပြောဆိုလိုက်၏။
"အခုချိန်မှာ ငါက လက်ညှိုးတစ်ချောင်းတည်းနဲ့ မင်းတို့အားလုံးကို သတ်ပစ်နိုင်တယ်"
သက်ရှိလေးကောင်သည် ထိတ်လန့်ကြောက်ရွံနေသောမျက်လုံးများဖြင့် နောက်သို့ အလျှင်အမြန်ဆုတ်လိုက်ကြသည်။
ရီဖုန်းသည် စိတ်ကျေနပ်မှုရရှိသွားကာ သိုင်းပညာခန်းမ၏ပြင်ပသို့ ထွက်လာခဲ့တော့သည်။
ရာသီဥတု ကောင်းမွန်နေသဖြင့် သူ လက်ရည်စမ်းရန်အတွက် နေ့ကောင်းတစ်နေ့ပင်။
သူသည် အဆင့်မြင့်ဆုံးကျင့်ကြံခြင်းစွမ်းအားကို ရရှိထားသဖြင့် သူ၏လက်များ တရွရွဖြစ်နေသည်။
အစောပိုင်းက သူ လက်သီးချက်ပေါင်းရာနှင့်ချီ၍ ထိုးနှက်ခဲ့သော်လည်း အနည်းငယ်မျှ တင်းတိမ်ရောင့်ရဲမှုမရှိသေးချေ။
ထို့ကြောင့် ယခုချိန်၌ သူ လေ့ကျင့်ရန်အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေရပေမည်။
သို့ရာတွင် ကျင့်ကြံသူ....ရီဖုန်း၏မျက်နှာပေါ်၌ အကြပ်ရိုက်သွားသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
သူ ဤကမ္ဘာလောကသို့ ရောက်ရှိလာစဥ်မှစ၍ သူ မကျင့်ကြံနိုင်သောကြောင့် ကျင့်ကြံသူများနှင့် များစွာထိတွေ့ဆက်ဆံဖူးခြင်းမရှိချေ။
နှစ်ပေါင်းများစွာကြာမြင့်သည်အထိ သူနှင့်ရင်းနှီးကျွမ်းဝင်သော ကျင့်ကြံသူဟူ၍ တစ်ယောက်မျှရှိမနေချေ။ထို့ကြောင့် သူ လက်ရည်စမ်းရန်အတွက် ကျင့်ကြံသူတစ်ယောက်ကို မည်သည့်နေရာမှ သွားရောက်၍ရှာဖွေရမည်နည်း။
လမ်းတစ်ဖက်၌ ဝက်သားများခုတ်နေသော ဝက်သားသည်ကျူးရုံသည် သိုင်းပညာခန်းမမှထွက်လာသော ရီဖုန်းကို မြင်တွေ့ချိန်တွင် သူ အာရုံကျသွားသည်။ထို့ကြောင့် သူသည် ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းလိုက်၏။
"ဆရာကြီးရီ...ဘာပြဿနာရှိလို့လဲ....ဒီနေ့ မင်းကိုကြည့်ရတာ စိတ်မကြည်စရာတစ်ခုခု ရှိနေတဲ့ပုံပဲ"
ရီဖုန်းသည် ကျူးရုံကိုကြည့်ကာ သူ့၏စိတ်အတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။
ထို့ကြောင့် သူက ထိုနေရာသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်၏။
"ကျူးရုံ....ငါ မင်းကို တစ်ခုလောက်မေးချင်တယ်"
သူသည် ကျင့်ကြံသူများနှင့် မသိရှိချေ။သို့ရာတွင် သူ၏မိတ်ဆွေများသည် ကျင့်ကြံသူများနှင့် သိကျွမ်းနေနိုင်သည်။
"ဆရာကြီးက မေးချင်တာကို မေးလို့ရပါတယ်"
ကျူးရုံသည် ထိုစကားကိုကြားချိန်တွင် သူ့၏လုပ်လက်စအလုပ်ကို ရပ်တန့်ကာ အလေးအနက်ထား၍ တုံ့ပြန်လိုက်သည်။
"မင်းရဲ့မိသားစုထဲမှာ ဒါမှမဟုတ် မင်းရဲ့မိတ်ဆွေတွေထဲမှာ ကျင့်ကြံသူတစ်ယောက်ယောက်များ ရှိလား"
ရီဖုန်းက မေးမြန်းသည်။
ကျူးရုံသည် ဇဝေဇဝါဖြစ်သွားလေ၏။
"ဆရာကြီးက ကျင့်ကြံသူတစ်ယောက်ကိုရှာပြီး ဘာလုပ်ချင်လို့လဲ"
"ငါ လေ့ကျင့်ချင်လို့ပဲ"
ရီဖုန်းက သူ့၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ ပြောဆိုလိုက်သည်။
ကျူးရုံ၏နှလုံးခုန်နှုန်းများမြန်သွားကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် သူ့၏လက်အတွင်းမှဓား လွတ်ကျသွားသည်။
"ဒါ....ဒါ...ဒါက....."
"မင်း လန့်မသွားပါနဲ့..."
ရီဖုန်းသည် ကျူးရုံ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်တွင် အခိုင်အမာယုံကြည်ချက်ရှိသောအသံဖြင့် ပြောဆိုလိုက်သည်။
"ငါ့အတွက် မစိုးရိမ်ပါနဲ့...ငါ ဘာမှဖြစ်မှာ မဟုတ်ဘူး"
သူသည် သူတို့အတွက် သေမျိုးတစ်ယောက်သာဖြစ်ကြောင်း ရီဖုန်းက နားလည်သဘောပေါက်ထားသည်။
သူ လေ့ကျင့်ရန်အတွက် ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေခြင်းသည် သေလမ်းရှာဖွေခြင်းဟုသာ သူတို့ တွေးထင်နေကြပေမည်။
ကျူးရုံသည် ဇဝေဇဝါဖြင့် ရီဖုန်းကိုကြည့်လိုက်၏။သူသည် မည်သည်ကြောင့် ရီဖုန်းအတွက် စိုးရိမ်ပူပန်ရမည်နည်း။
ကျူးရုံသည် ဓားကို အလျှင်အမြန်ပြန်လည်၍ကောက်ယူကာ ဝက်သားကို ဆက်လက်၍ ခုတ်ပိုင်းလိုက်သည်။
"မရှိ...မရှိ... မရှိပါဘူး...."
"ဆရာကြီး သိတဲ့အတိုင်းပဲ...ငါက အသုံးမကျတဲ့လူတစ်ယောက်လေ....ဘယ်လိုလုပ်ပြီးတော့ဆရာကြီးရှာနေတဲ့ ကျင့်ကြံသူမျိုးနဲ့ ငါက အသိအကျွမ်းဖြစ်နိုင်မှာလဲ"
"ဟူး ငါ သိတယ်..."
ရီဖုန်းသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူ၏မျက်လုံးထောင့်မှာနေ၍ ဆိုင်တစ်ဆိုင်အတွင်း၌ အလုပ်ရှုပ်နေသော ဒုတိယဆိုင်ရှင်တစ်ယောက်ကို မြင်မိသဖြင့် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
"ဆိုင်ရှင် မင်း ကျင့်ကြံသူတစ်ယောက်ယောက်နဲ့သိလား"
ရီဖုန်းက ဆိုင်ရှင်ကို မေးမြန်းသည်။
"အမ်....ကျင့်ကြံသူတစ်ယောက်လား...ဆရာကြီးက ဘာလိုချင်လို့ ကျင့်ကြံသူတစ်ယောက်ကို ရှာနေတာလဲ"
ဒုတိယဆိုင်ရှင်သည် အလုပ်များကိုရပ်တန့်ကာ တုံ့ပြန်မေးမြန်းလေ၏။
"ငါ လေ့ကျင့်ချင်လို့ပါ"
ရီဖုန်းက ပြောဆိုသည်။
ထိုဆိုင်ရှင်သည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကာ သူ့၏လက်များဖြင့် သူ့မျက်နှာသူ ပြန်ဖြတ်ရိုက်မိလုနီးပါးပင်။
'ငါက မင်းအကြောင်း သွားပုပ်လေလွင့် ဘာမှမပြောမိဘူးလေ....မင်းက လေ့ကျင့်ချင်တာလား....မိနစ်ပိုင်းအတွင်းမှာ ငါ သေသွားလိမ့်မယ်....'
သို့ရာတွင် သူသည် ရီဖုန်း ဒေါသထွက်သွားအောင် ခွန်းတုံ့ပြန်ဝံ့ခြင်းမရှိသဖြင့် သူ့၏အသံကို တည်ငြိမ်အောင်ထိန်းသိမ်းကာ ပြောဆိုလိုက်၏။
"ဆရာကြီးက ဘယ်လိုကျင့်ကြံသူမျိုးကို လိုအပ်တာလဲ"
ရီဖုန်းသည် ပိန်ပါးပြီး အားအင်ချည့်နဲ့နေပုံရသောဆိုင်ရှင်ကို တစ်ချက်ကြည့်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းလိုသေမျိုးတစ်ယောက်တော့ သေချာပေါက် ဖြစ်မနေရဘူး..အဲ့ဒီလူက အရမ်းသန်မာအားကောင်းနေဖို့ လိုအပ်တယ်"
ထိုသို့ပြောပြပြီးနောက် ရီဖုန်းက သူ၏လက်သီးကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
"မင်းက ငါ့ရဲ့လက်သီးကို ခုခံနိုင်မှာမဟုတ်ဘူး"
"ဆရာကြီးက အရမ်းဉာဏ်ပညာကြီးမားတာပဲ"
ဒုတိယဆိုင်ရှင်က ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဆရာကြီးပြောတဲ့ ကျင့်ကြံသူမျိုးကို ငါ တစ်ယောက်မှ မသိပါဘူး"
ရီဖုန်းသည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဥ်မှာပင်....
ရုတ်တရက် သူ၏နံဘေးရှိ ခြံဝန်းတစ်ခုအတွင်းမှ သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ အရိပ်အာဝါသခိုနေသော လူအိုကြီးတစ်ယောက်၏ခေါင်းကို တွေ့မြင်မိသည်။
"လူအိုကြီးဝမ်...."
သူက ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
"ဆရာကြီး ဘာမှပြောနေစရာ မလိုတော့ဘူး.... ဆရာကြီးပြောတဲ့ ကျင့်ကြံသူတွေဆိုတာ တစ်ယောက်ကိုမှ ငါ မသိပါဘူး"
လူအိုကြီးဝမ်က မတ်တတ်ထရပ်ပြီးနောက် ပြောဆိုသည်။
"ငါ့ရဲ့ဘဝတစ်သက်လုံးမှာ အဲ့ဒီလိုလူမျိုး တစ်ယောက်ကိုတောင် မမြင်တွေ့ဖူးဘူး"
ရီဖုန်းသည် လူအိုကြီးဝမ်၏ တုန်ချိချိဖြစ်နေသောပုံပန်းသွင်ပြင်ကို ကြည့်လိုက်သည်။
ထို့နောက် သူသည် သက်ပြင်းတချက်ရိုက်ကာကူကယ်ရာမဲ့စွာဖြင့် သူ့၏ခေါင်းကို ခါယမ်းလိုက်၏။
"အမြင့်မှာနေရတာ အရမ်းအထီးကျန်တာပဲ..."
ရီဖုန်း ထွက်ခွာသွားပြီးနောက် လူတစ်စု အတူတကွ စုဝေးလိုက်ကြသည်။
"ဆရာကြီးက ဘာကိစ္စရှိလို့ ရုတ်တရက်ကြီး သူလေ့ကျင့်ဖို့ တစ်စုံတစ်ယောက်ကို လိုအပ်နေတာလဲ"
"သူ အရင်က ရှုံးနိမ့်ခဲ့ဖူးတာကြောင့် လက်စားချေချင်တာများလား"
"မင်းပြောသလိုလည်း ဖြစ်နိုင်တယ်...ဒါပေမဲ့အမြင့်မှာနေရတာ အရမ်းအထီးကျန်တယ်လို့ ဆရာကြီးက ပြောခဲ့တယ်မဟုတ်လား"
"ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ဆရာကြီးက သေမျိုးတစ်ယောက်လိုနေထိုင်တော့တဲ့ပုံမရဘူး...ဒါဆိုရင် ငါတို့ကလည်း သေမျိုးတွေလို ဆက်ပြီးဟန်ဆောင်နေရအုံးမှာလား"
ကျူးရုံသည် ဝက်သားခုတ်ဓားကိုကိုင်ထားရင်း တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောဆိုသည်။
"မင်းရဲ့ဟန်ဆောင်တာက လိုအပ်လိမ့်မယ်လို့ မင်း ထင်နေတာလား....ခုဏက ဆရာကြီးပြောသွားတဲ့စကားကို မင်း မကြားဘူးလား"
လူအိုကြီးဝမ်၏ နံဘေးတွင်ရှိနေသော ဆိုင်ရှင်က ပြောဆိုသည်။
"သေမျိုး....ငါတို့အားလုံးက သေမျိုးတွေပဲ"
"ဟုတ်တယ်...ဆရာကြီးရဲ့မျက်လုံးထဲမှာတော့ ငါတို့က သေမျိုးတွေပဲ....ငါတို့ ဟန်ဆောင်နေစရာ မလိုဘူး"
ဆိုင်ရှင်တစ်ယောက်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။
"ဟုတ်တယ်....ဟုတ်တယ်....မင်းပြောတာ အမှန်ပဲ"
ကျူးရုံကလည်း ထောက်ခံလိုက်၏။
ရီဖုန်းသည် ပင်ကျင်းမြို့အတွင်း၌ လှည့်ပတ်၍ကြည့်ရှုခဲ့သော်လည်း ကျင့်ကြံသူတစ်ယောက်တစ်လေကိုမျှ ရှာမတွေ့ခဲ့ချေ။ထို့ပြင် ထိုလူများသည် ကျင့်ကြံသူတစ်ယောက်ကိုပင် သိကျွမ်းခြင်းမရှိပေ။
ဤသည်မှာ အမှိုက်ကောင်များပင်။
ရီဖုန်း စိတ်ပျက်လက်ပျက်ဖြစ်နေသော အချိန်မှာပင်....
သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။
သူသည် နေရာမှာင်မတ်တတ်ရပ်ကာ စဉ်းစားတွေးတောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ စနစ်သည် လုပမ်ဝေကိုဆုလာဘ်အဖြစ် သူ့ထံချီးမြင့်ခဲ့စဉ်၌ နံပါတ်တစ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟု ပြောခဲ့သည် မဟုတ်လော....
သူသည် မည်ကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုးဖြစ်သည်ကို ရီဖုန်းမသိရှိသော်လည်း နံပါတ်တစ်ဟူသောနေရာကို ရရှိထားသူတစ်ယောက်ပင်။လုပမ်ဝေထံတွင် စွမ်းအားတစ်စုံတစ်ခု ရှိနေနိုင်သည်မဟုတ်လော။
သူသည် လုပမ်ဝေထံတွင် အသုံးဝင်သည့်အရာဟူ၍ တစ်ကြိမ်တခါမျှ ရှာမတွေ့ဖူးသော်လည်း သူ ကြိုးစားကြည့်သင့်သည် မဟုတ်လော....
ထိုသို့တွေးတောပြီးနောက် ရီဖုန်းသည် နောက်သို့ချာခနဲပြန်လှည့်ကာ သိုင်းပညာခန်းမသို့ ပြန်ခဲ့တော့သည်။
...
...
သိုင်းပညာခန်းမ၌....
ရီဖုန်းထွက်ခွာသွားသည်နှင့် ချက်ချင်းဆိုသလိုပင် သော့ခတ်ခံထားရသော သစ်သားတံခါးငယ်လေး၏အစွန်းတစ်ဖက်မှနေ၍ အဖြူရောင်အရိုးလက်တစ်ချောင်း တိုးထွက်လာသည်။
ထို့နောက် လက်ချောင်းတစ်ချောင်းသည် သော့ခလောက်အတွင်းသို့ဝင်သွားကာ မွှေနှောက်၍ ကလိနေလေ၏။
မကြာမီမှာပင် တံခါး၏သော့ခလောက် ပွင့်သွားခဲ့သည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဦးခေါင်းခွံတစ်လုံးသည် အခန်းတံခါးမှပြူထွက်လာကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။
"သခင် ထွက်သွားပြီလား"
"ဟုတ်ကဲ့"
ခွေးသည် လုပမ်ဝေအတွက် တံခါးအလျှင်အမြန်ဖွင့်ပေးလိုက်၏။
"လွတ်လပ်မှု ပြန်ရသွားတဲ့အတွက် အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်"
"ငါဘယ်သူလဲဆိုတာ မင်း မသိဘူးလား"
လုပမ်ဝေက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြောဆိုသည်။
ရုတ်ချည်းဆိုသလိုပင် တစစီဖြစ်နေသော ခြေလက်အင်္ဂါများ အတူတကွ ပြန်လည်တွဲဆက်သွားသည်။
"သခင် ပြန်ရောက်မလာခင် မြန်မြန်သွားကြစို့"
Chapter 557
လုပမ်ဝေတို့တစ်စုသည် သိုင်းပညာခန်းမမှထွက်သွားရန် ဟန်ပြင်လိုက်သောအချိန်မှာပင် ရီဖုန်းပြန်လာသည်ကို တွေ့မြင်လိုက်ရသည်။
တုန်လှုပ်ချောက်ချားနေသော လုပမ်ဝေသည်အကောင်းဆုံးကြိုးစားကာ ထွက်ပြေးခဲ့ပြီးလွတ်မြောက်ခါနီးအချိန်သို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် နံဘေး၌ထွက်ပေါ်လာသော ရီဖုန်း၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
"ခွေးလိုကောင်....မင်းက ငါရှေ့ကနေ ထွက်ပြေးချင်သေးတာလား"
သူသည် လုပမ်ဝေကိုဖမ်းဆုပ်ကာ သိုင်းပညာခန်းမအတွင်းသို့ ပစ်ထည့်လိုက်၏။
သူ့၏ရိုးသားမှုကိုပြသရန်အလို့ငှာ လုပမ်ဝေသည် မြေပြင်ပေါ်မှလူးလိမ့်၍ မတ်တတ်ထရပ်ပြီး သူ၏အခန်းကျဥ်းလေးအတွင်းသို့ တစ်ဟုန်ထိုးပြေးဝင်လိုက်သည်။
ရီဖုန်းသည် သူအား ထပ်မံ၍ဖမ်းဆီးလိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
လုပမ်ဝေသည် သူ့အား ရီဖုန်းမှ လေထုအတွင်းသို့ကိုင်မြှောက်လိုက်သည်ကို ကြုံတွေ့ရပြီးနောက် သူ့၏အရိုးများအား တစ်စစီခါယမ်းပစ်မည်ကို စိုးရိမ်ထိတ်လန့်နေမိသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဉ်တွေးတောထားမိခြင်းမရှိသည့် နူးညံ့ညင်သာသော အသံတစ်သံက ရီဖုန်း၏ပါးစပ်မှ ထွက်ပေါ်လာသည်။
"မကြောက်ပါနဲ့...ငါက မင်းကို ဘယ်လိုလုပ်ပြီးနာကျင်အောင် လုပ်ရက်မှာလဲ"
ရီဖုန်းက ပြောဆိုကာ လုပမ်ဝေကို အောက်သို့ညင်သာစွာချလိုက်သည်။
ထို့နောက် ရီဖုန်းသည် လုပမ်ဝေ၏ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ပေးလေ၏။
"မင်း ငါ့ကို ကိစ္စတစ်ခုကူညီပေးသရွေ့...ငါ မင်းကို ထပ်ပြီးမရိုက်တော့ဘူး"
ရီဖုန်းက နူးညံ့ညင်သာစွာ ပြောဆိုသည်။
"အာဘာ့ အာ့ဘား...."
လုပမ်ဝေသည် အံ့အားသင့်တုန်လှုပ်မှုကြောင့် သူ့၏မျက်လုံးဟောက်ပက်ကြီးအတွင်းမှ အလင်းရောင်များ ဖြာထွက်နေသည်။
"ငါနဲ့အတူ နည်းနည်းလောက် လေ့ကျင့်ပေးပါ"
ရီဖုန်းက ပြောဆိုသည်။
လုပမ်ဝေသည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။ထို့နောက် 'ဒုန်း'ခနဲအသံတစ်သံနှင့်အတူ သူ ဒူးထောက်လိုက်သည်။
"မင်းက ထိပ်သီးနံပါတ်တစ်ကျင့်ကြံသူမဟုတ်ဘူးလား"
ရီဖုန်းက သူ့ကို နှစ်သိမ့်အားပေးသည်။
"ငါ မင်းနဲ့ လေ့ကျင့်ကြည့်ချင်တယ်"
"အာ့ဘား အာ့ဘား....."
လုပမ်ဝေသည် ရီဖုန်းကို စူးစိုက်ကြည့်ကာ သူ့၏ခေါင်းကို အသည်းအသန်ခါယမ်းလိုက်၏။
ရီဖုန်းသည် အနည်းငယ်မျှဂရုမစိုက်ဘဲ သူ့၏လက်ဝါးကိုမြောက်ကာ လုပမ်ဝေကို ရိုက်နှက်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်နှင့်အတူ လုပမ်ဝေသည် နံရံတစ်ခုထံတိုးဝင်သွားပြီး ရိုက်ခတ်မိကာ အောက်သို့ပြုတ်ကျသွားတော့သည်။
ထိုနောက် သူထံတွင် မည်သည့်လှုပ်ရှားမှုမျိုးမျှ မရှိတော့ချေ။
သူ့၏နောက်ရှိ ခွေးသည် အူနေကာ ကင်းခြေများသည် တွားသွားနေပြီ ဝက်ဝံနက်ကမူ ပြေးနေသည်။
ထို့ပြင် လေထုအတွင်း၌ မျောလွင့်နေကာ ထိတ်လန့်ကြောက်ရွံ့ပြီး သတိလစ်မေ့မျောနီးပါးဖြစ်နေသော သရဲတစ္ဆေတစ်ကောင်လည်း ရှိနေပေ၏။
"အမှိုက်တသိုက်...."
ရီဖုန်းက အော်ငေါက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသော လုပမ်ဝေထံ လျှောက်လှမ်းသွားပြီးကန်ကျောက်လိုက်သည်။
သို့ရာတွင် မည်သည့်တုံ့ပြန်မှုမျှ ရှိမနေဆဲပင်။
'ဒါပဲလား...'
ရီဖုန်းသည် ဒေါသထွက်သွားလေ၏။
"မင်းက ငါ့ရဲ့လက်ဝါးတစ်ချက်ကိုတောင် မခံယူနိုင်ဘဲနဲ့ ထိပ်သီးနံပါတ်တစ်ကျင့်ကြံသူလို့ ပြောနိုင်သေးတာလား"
သူက အော်ငေါက်လိုက်သည်။
"ထွီ...."
စနစ်မှနေ၍ လုပမ်ဝေအား နံပါတ်တစ်ထိပ်သီးကျင့်ကြံသူဟု ဖော်ပြခဲ့သည် မဟုတ်လော...
ဤနံပါတ်တစ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟူသည်မှာ မည်သည့်အတိုင်းအတာထိ ဖြစ်သနည်း။
ဤသိုင်းပညာခန်းမအတွင်းတွင် ဖြစ်နေသလော....
ရီဖုန်းသည် ဤကိစ္စအကြောင်းကို ပို၍တွေးတောမိလေလေ ထိုသို့ဖြစ်မည်ဟု ပို၍ခံစားရလေလေပင်။
သူ စနစ်ကိုစတင်ရရှိသောအချိန်တွင် ပထမဦးဆုံးအနေဖြင့် သိုင်းပညာခန်းမကို ရရှိခဲ့သည်။ ထို့နောက် နံပါတ်တစ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟု ဖော်ပြထားသော အရိုးစုကို ရရှိခဲ့လေ၏။
ဤသည်ကြောင့် နံပါတ်တစ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ဆိုသည်မှာ သိုင်းပညာခန်းမအတွင်း၌ ဖြစ်နေနိုင်သည်မဟုတ်လော.....
သောက်ရေးမပါသော ချီးထုပ်စနစ်....သို့ရာတွင်ကံကောင်းထောက်မစွာဖြင့် ဤချီးထုပ်စနစ်ထံမှနေ၍ သိုင်းအင်ပါယာနယ်ပယ်ကျင့်ကြံဆင့်ကို သူ ရရှိနိုင်ခဲ့သည်။
ဤသည်မှာ စနစ်ပြုလုပ်သည့် ကိစ္စများအားလုံးအနက်မှ တစ်ခုတည်းသော လူသားဆန်သည့်ကိစ္စပင်။
ရီဖုန်းသည် မြေပြင်ပေါ်၌လဲကျနေကာ လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်သော လုပမ်ဝေကိုကြည့်ပြီး သူ့၏အရိုးများကိုဆွဲဖြုတ်ကာ ရေတွင်းတစ်ခုအတွင်းသို့ ပစ်ထည့်လိုက်၏။
"မင်း ဘယ်လိုထွက်ပြေးနိုင်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည်ရေတွင်း၏နှုတ်ခမ်းဝ၌ ကျောက်တုံးကြီးတစ်တုံးကို ဖိလိုက်သည်။
"မင်းက ထွက်ပြေးပြီးတာနဲ့ တစ်နေကုန်တစ်နေခမ်း မကောင်းတဲ့ကိစ္စတွေကိုပဲ လုပ်နေတာ မင်း မရှက်ဘူးလား"
ရီဖုန်းသည် ထိုသို့ပြောဆိုပြီးနောက် သူသည် ခွေး ကင်းခြေများနှင့် တခြားသက်ရှိတစ်သိုက်ကို ဆူပူကြိမ်းမောင်းရန်ကိုလည်း မမေ့လျော့ခဲ့ပေ။
"မင်းတို့တွေလည်း ကြပ်ကြပ်သတိထားနေစမ်း....လူမိုက်တွေက တကယ်ပဲ အတူတူစုနေတတ်တယ်....တကယ်လို့ မင်းတို့က အမှိုက်ကောင်နောက်ကိုလိုက်ရင် မင်းတို့လည်း အမှိုက်ကောင်ပဲ ဖြစ်လာလိမ့်မယ်"
...
...
ရီဖုန်းသည် ကျင့်ကြံသူများကို ရှာဖွေရန်အတွက်ပြင်ပသို့ ထပ်မံ၍ထွက်ခွာခဲ့သည်။
သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံဖြင့်အနည်းငယ်စူးစမ်းစစ်ဆေးပြီးနောက် မြို့တစ်မြို့လုံးအတွင်းရှိ လူများသည် အားနည်းပြီး သနားစဖွယ်ကောင်းကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။
အချိန်များကြာညောင်းလာသည်နှင့်အမျှ ရီဖုန်း၏စိတ်များ ပြောင်းလဲလာခဲ့သည်။
မြို့အတွင်းရှိလူများသည် ကျင့်ကြံနိုင်ခြင်းမရှိသောအမှိုက်ကောင်များဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
သို့ရာတွင် သူ ထိုအကြောင်းကို ဂရုတစိုက်တွေးတောကြည့်ချိန်၌ အကယ်၍ သူသည် ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့လျှင်ပင် သူ မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း။ ဤသေးငယ်သော ပင်ကျင်းမြို့အတွင်း၌ ကျင့်ကြံသူများရှိနေလျှင်ပင် အဆင့်နိမ့်ပါးသော အမှိုက်ကောင်များသာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ကျင့်ကြံသူများအကြား၌ အဆင့်မြင့်ဆုံးဖြစ်သော သိုင်းအင်ပါယာတစ်ယောက် မဟုတ်လော.....
အချိန်အကြာကြီး ကျင့်ကြံခြင်းမပြုနိုင်ဘဲ ဖိနှိပ်ခံထားရပြီးနောက် ဤအချိန်အခိုက်အတန့်တွင် သူသည် ရုတ်သရက် လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက် ဖြစ်လာသည်မှာ မည်သူမျှမသိရှိသော ညအချိန်တွင် ဝတ်ကောင်းစားလှများဝတ်ပြီး လမ်းလျှောက်နေရသည့်အလားပင်။
ဟူး....အမြင့်မှာနေရတာ အရမ်းခက်ခဲတယ်...အရမ်းအထီးကျန်ဆန်တယ်....
တစ်ရက်တွင် ပင်ကျင်းမြို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် သိုင်းပညာခန်းမတည်ရှိရာ လမ်းအတွင်းရှိ လူများသည် သူတို့၏ဆိုင်များကို ပိတ်လိုက်ကြ၏။ထို့နောက်သူတို့အားလုံးသည် လူအိုကြီးဝမ်၏အိမ်၌ စုဝေးကာ ကန်စွန်းဥများကိုမီးဖုတ်ပြီး ပျင်းရိငြီးငွေ့မှုသက်သာစေရန် စကားစမြည်ပြောဆိုနေကြသည်။
ထိုအချိန်မှာပင် ခြံဝန်းတံခါးကို တွန်းဖွင့်ခြင်းခံလိုက်ရကာ လူတစ်ယောက်သည် ထီးတစ်လက်ကိုကိုင်ဆောင်ပြီး မိုးရေများအကြားမှလလျှောက်လှမ်းလာသည်။
မာန်မာနကြီးပြီး အစွန်းအထင်းကင်းမဲ့သောပုံစံမျိုးရှိကာ လွတ်လပ်ပေါ့ပါးသည့် အမူအယာမျိုးရှိသည့် တည်ရှိမှုကြီးတစ်ခုပင်။
သူ့အား တစ်ချက်ကြည့်မိရုံဖြင့် တခြားကမ္ဘာလောကမှလာသည့်လူအလား သူတို့ကို ခံစားမိစေသည်။
သူတို့အားလုံးသည် ရောက်ရှိလာသူကို ကြည့်ကာ အံ့အားသင့်သွားကြသည်။
ထိုလူ အိမ်အတွင်းသို့ ဝင်ရောက်လာချိန်၌ သူတို့အားလုံး တုံ့ပြန်လိုက်ကြသည်။
"ဆရာကြီး...."
သူတို့အားလုံး မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
"မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
"ထိုင်ကြပါ...မင်းတို့အားလုံး ထိုင်ကြပါ"
ရီဖုန်းသည် သူ့၏လက်ကိုဝှေ့ယမ်းကာ လူတိုင်းနှင့်အတူ မီးဖို၏နံဘေး၌ ထိုင်လိုက်သည်။
ငါ ဒီနေ့ဒီနေရာကိုလာတာက ငါ့ရဲ့စိတ်ထဲမှာသိမ်းဆည်းထားတာ အချိန်အတော်ကြာနေပြီဖြစ်တဲ့ ကိစ္စတစ်ခုကြောင့်ပဲ"
ရီဖုန်းက စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ငါရဲ့အခက်အခဲတွေအကြောင်း ငါ မင်းတို့ကိုပြောပြချင်တယ်"
"ဆရာကြီး ဘာကိစ္စရှိလို့လဲ"
သူတို့အားလုံးသည် အလွန်အမင်း အလေးအနက်ထားကာ နားစွင့်လိုက်ကြသည်။
"ငါက တကယ်တော့ သေမျိုးတစ်ယောက်မဟုတ်ဘူး"
ရီဖုန်းက စိတ်အားထက်သန်စွာ ပြောဆိုလိုက်၏။
"ဒီကိစ္စကို ငါ့ရဲ့စိတ်နှလုံးသားထဲမှာ သိမ်းဆည်းထားတာ အချိန်အတော်ကြာနေပြီ"
လူတိုင်း၏နောက်ကျောရိုးများ ဖြောင့်တန်းသွားကာ သူတို့၏ဦးရေပြားများ တင်းကြပ်သွားသည်။
ဒါက...
ဒါက...
သူတို့အားလုံး အလွန်အမင်းသိချင်နေသော ဆရာကြီး၏သရုပ်မှန်ကို ထုတ်ဖော်ပြောဆိုတော့မည်လော....
"ငါက ဒီကိစ္စကို အချိန်အကြာကြီး မြိုသိပ်ထားခဲ့ရတယ်....တကယ်တော့ ငါက သေမျိုးတစ်ယောက်မဟုတ်ဘူး"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုဖြန့်ကားကာပြောဆိုသည်။
"ငါက ပြိုင်ဘက်ကင်းဆရာကြီး တစ်ယောက်ပဲ"
"အင်း...."
တခြားလူများအားလုံးသည် ရီဖုန်းကို ကြည့်လိုက်ကြ၏။
ထို့နောက် သူတို့က ခေါင်းညိတ်ပြလေသည်။
"အဲ့ဒီကိစ္စပြီးတော့ ဘာရှိသေးလဲ"
"ဘာမှမရှိတော့ဘူး"
ရီဖုန်းက ပြောဆိုသည်။
တခြားလူများသည် မီးမဖုတ်ရသေးသောကန်စွန်းဥများကို ကောက်ကိုင်ကာ မီးပုံအတွင်းသို့ပစ်ထည့်ပြီး လှန်လှောလိုက်ကြသည်။
အိုး....
ဆရာကြီးက အရမ်းတော်တာပဲ....
ဒါက အရမ်းအံ့အားသင့်စရာပဲ...
ဤကဲ့သို့ တုံ့ပြန်ရမည် မဟုတ်လော....
"မင်းတို့'အံ့အားသင့်မသွားကြဘူးလား"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ထပ်ခါတလဲလဲပြောဆိုလိုက်သည်။
"ဆရာကြီး....ငါက ပြိုင်ဘက်ကင်းဆရာကြီး....ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ပဲ"
"အံ့အားသင့်ရမှာလား"
ကျူးရုံက ကန်စွန်းဥကိုတစ်ကိုက်ကိုက်ကာ ပြောဆိုလိုက်၏။
"ငါ အံ့အားသင့်တယ်"
"..."
ရီဖုန်း ဆွံ့အသွားသည်။
သူ သက်ပြင်းတချက် ရှိုက်လိုက်သည်။ကြည့်ရသည်မှာ ဤလူများသည် ပြိုင်ဘက်ကင်းဆရာကြီးဟူသော အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်း မရှိသည့်ပုံပင်။
ထို့ပြင် ကန်စွန်းဥများကို မီးဖုတ်စားနေသော သေမျိုးများသည် ကျင့်ကြံသူများ၏အခက်အခဲများကို မည်သည့်နည်းဖြင့် သိရှိနိုင်မည်နည်း။
"ထားလိုက်တော့...မင်းတို့အားလုံး အံ့အားသင့်သွားမယ်လို့.....ငါ မမျှော်လင့်ခဲ့သင့်ဘူး"
ရီဖုန်းက ထိုစကားကိုပြောဆိုကာ မတ်တတ်ထရပ်လိုက်သည်။
"မင်းတို့က ဘာလို့ အံ့အားမသင့်ရမှာလဲ"
"ဒါက တကယ့်ကို အရမ်းပျင်းဖို့ကောင်းတယ်"
ထို့နောက် သူသည် ထီးကိုယူဆောင်ကာ ပြန်လည်၍ ထွက်ခွာသွားတော့သည်။
ကန်စွန်းဥများကိုစားနေသော လူတစ်စုသည်မိုးရေများအကြား၌ ရီဖုန်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေကြသည်။
"ဆရာကြီးမှာ ဘာကိစ္စရှိနေတာလဲ မသိဘူး"
ဆိုင်ရှင်တယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဆရာကြီးပြောတဲ့စကားကို ငါ ကြားတဲ့အချိန်မှာ ငါက အံ့အားသင့်မသွားဘူး...သူ ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ ငါ သိပြီးသားလေ...ဒါကြောင့် ငါတို့က ဘယ်လိုလုပ်ပြီး အံ့အားသင့်သွားမှာလဲ"
"ငါ သိပြီ"
လူအိုကြီးဝမ်က နောင်တရနေသောမျက်နှာအမူအယာဖြင့် သူ၏ပေါင်ကို ရိုက်ပုတ်လိုက်သည်။
"ဘာကိစ္စလဲ"
သူ့၏နံဘေးတွင်ရှိနေသောလူများက ဝိုင်းဝန်း၍ မေးမြန်းလိုက်ကြသည်။
"မင်းတို့ မေ့သွားကြပြီလား...ဆရာကြီးက အရင်တုန်းက ငါတို့ရဲ့ရှေ့မှာ သေမျိုးလောကရဲ့အတွေ့အကြုံကိုယူနေတဲ့ သေမျိုးတစ်ယောက်လို နေထိုင်ခဲ့တယ်"
လူအိုကြီးဝမ်က တည်ကြည်လေးနက်စွာဖြင့် သုံးသပ်ပြလေသည်။
"ဆရာကြီးက လောကကြီးထဲမှာရှိတဲ့ အရာအားလုံးကို သိနေတာကြောင့် သူ ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာ သူ သိမှာပဲ...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ရှေ့မှာ အမြဲတမ်းသေမျိုးတစ်ယောက်လို ပြုမူနေထိုင်ခဲ့တယ်"
"အခုအချိန်မှာ သူ့ရဲ့စွမ်းအားတွေကို ထုတ်ဖော်ပြသလိုက်ပြီဆိုမှတော့ ငါတို့က သူ့ကိုအံ့အားသင့်ပြီးတော့ချီးမွမ်းဂုဏ်ပြုစေချင်တာပဲ"
ထိုသို့ပြောဆိုပြီးနောက် လူအိုကြီးဝမ်သည် နောင်တကြီးစွာရနေလေ၏။
"ခုဏက ဆရာကြီး ဘာဆိုလိုတယ်ဆိုတာကို ငါနားမလည်ခဲ့တာကြောင့် ငါက အံ့အားသင့်သွားတဲ့ တုံ့ပြန်မှုမျိုး မလုပ်ခဲ့မိဘူး"
တခြားလူများကလည်း ပြောဆိုသည်။
"ငါ သိပြီ...အဲ့ဒါကြောင့် ဆရာကြီး ထွက်သွားတဲ့အချိန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတာပဲ... သူက ငါတို့ဆီကနေပြီးတော့ အံ့အားသင့်သွားတဲ့တုံ့ပြန်မှုမျိုးကို မမျှော်လင့်ခဲ့သင့်ဘူးလို့ ပြောသွားခဲ့တယ်....အကြောင်းကတော့ သူဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ ငါတို့သိထားတယ်ဆိုတာကို သူ သိနေပေမယ့် ငါတို့ကို သူနဲ့အတူ ပူးပေါင်းစေချင်တယ်...သူက သေမျိုးလောကရဲ့အံ့အားသင့်မှုမျိုးကို လိုချင်နေတာပဲ"
"ဒါကြောင့် ဆရာကြီးက အရမ်းပျင်းစရာကောင်းတယ်လို့ ပြောသွားခဲ့တယ်"
လူအိုကြီးဝမ်က သူ့၏ပေါင်ကိုရိုက်ပုတ်ကာ အော်ဟစ်လိုက်သည်။
"ဒါက ဆရာကြီးရဲ့ကစားကွက်...ဆရာကြီးရဲ့ပျော်ရွှင်မှုပဲ....ငါတို့ ပူးပေါင်းပါဝင်မှာကို သူက စောင့်နေခဲ့တာပဲ"
"အိုး...ဆရာကြီး ဘာကိုဆိုလိုတယ်ဆိုတာ ငါ တကယ်ကို နားမလည်ခဲ့ဘူး...ငါက တုံးအတဲ့ဝက်တစ်ကောင်ပဲ"
"ဒါပေမဲ့ အခုအချိန်မီသေးတယ်...မင်းတို့အားလုံး ဆရာကြီးဆီ မြန်မြန်သွားပြီးနှုတ်ဆက်ကြစမ်း"
လူအိုကြီးဝမ်က အလေးအနက်ထား၍ ပြောဆိုသည်။
"ငါတို့အားလုံး ဆရာကြီးနဲ့ပူးပေါင်းဆောင်ရွက်ရမယ်...တကယ်လို့ တစ်ယောက်ယောက်က ဆရာကြီးနဲ့တွေ့မယ်ဆိုရင် အံအားသင့်ချင်ယောင်ဆောင်ရမယ်"
"ဒါက'အမှန်ပဲ"
ဆိုင်ရှင်တယောက်က ထောက်ခံပြောဆိုသည်။
"ဆရာကြီးက ငါတို့ကို တကြိမ်စိတ်ပျက်သွားခဲ့ပြီးပြီ...ငါတို့ သူ ထပ်ပြီးစိတ်ပျက်သွားအောင် လုပ်လို့မဖြစ်ဘူး"
"ငါ သွားမယ်....ငါ အခုသွားလိုက်မယ်"
ကျူးရုံက ပြောဆိုကာ မတ်တတ်ထရပ်ပြီး မိုးရေများအကြားသို့ ပြေးဝင်သွားခဲ့သည်။
ကျူးရုံ၏ပျောက်ကွယ်သွားသော နောက်ကျောပြင်ကိုကြည့်ပြီး လူအိုကြီးဝမ်သည် ထပ်မံ၍ စဉ်းစားတွေးတောလိုက်၏။
"ဒါပေမဲ့ ဆရာကြီးက သရုပ်မှန်ကိုဖော်ပြဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ"
"အမှန်ပဲ....ဆရာကြီးက အရင်ကဆိုရင် သေမျိုးတစ်ယောက်လိုမျိုး အမြဲတမ်း ဟန်ဆောင်နေခဲ့တာမဟုတ်လား"
"ဖြစ်နိုင်တာတော့...."
လူအိုကြီးဝမ်၏မျက်နှာပေါ်တွင် ရုတ်တရက် တုန်လှုပ်ချောက်ချားသောအမူအရာတစ်ရပ် ထင်ဟပ်လာသည်။
"ဖြစ်နိုင်တာတော့ ဆရာကြီးက ကစားပွဲထဲကို စဝင်တော့မှာများလား"
ထိုစကားများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသောလူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ဆရာကြီးသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကျားကစားပွဲတစ်ခုကို ကစားရန်ပြင်ဆင်နေသည်ကို ဤနေရာတွင်ရှိနေသော လူများအားလုံး အနည်းနှင့်အများ သိရှိထားကြသည်။
ယခုအချိန်တွင်ဆရာကြီးသည် ရုတ်တရက်ကြီးသူ့၏သေမျိုးအဆင့်အတန်းကို စွန့်လွှတ်လိုက်သဖြင့် ဆရာကြီးသည် ကစားပွဲအတွင်းသို့ စတင်၍ဝင်ရောက်တော့မည်ဟု ဆိုလိုသည်မဟုတ်လော.....
...
...
ရီဖုန်းသည် ကန်စွန်းဥမီးဖုတ်များ စားနေကြသော အိမ်နီးနားချင်း၏အိမ်မှ ထွက်ခွာခဲ့ပြီးနောက် သူနှင့်သိကျွမ်းသော လူအမြောက်အများကို သူသည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ အံ့အားသင့်သွားခြင်းမရှိချေ။
သူသည် သိုင်းအင်ပါယာအဆင့် ကျင့်ကြံဆင့်စွမ်းအားကို ရရှိခဲ့သဖြင့် ဝမ်းသာပျော်ရွှင်မှုများအားလုံး ရေအေးများဖြင့် လောင်းချခံရသည့်အလား ခံစားလိုက်ရသည်။
ဤသေမျိုးများသည် ပျင်းရိဖွယ်ကောင်းသည်ဟု သူ ပို၍ပို၍ခံစားမိလေ၏။
သို့ရာတွင် သူသည် ညအချိန်၌ ပင်ကျင်းမြို့အတွင်း၌ ဆက်လက်၍ လတ်လျားလတ်လျား သွားလာနေဆဲပင်။
သူ မည်မျှထိအစွမ်းထက်သည်ကို ဤသေမျိုးများအား စကားအရာသက်သက်ဖြင့် ပြောဆို၍မရပေ။
သူ့၏လုပ်ရပ်ဖြင့်သာ သူတို့ကို ပြောပြရပေမည်။
ထိုအချိန်မှစ၍ အချိန်အတော်ကြာအထိ ပင်ကျင်းမြို့အတွင်းရှိ မိုးကောင်းကင်ယံအတွင်းတွင် လူတယောက်ပျံသန်းနေသည်ကို အစဉ်အမြဲ တွေ့မြင်နေရသည်။
ကျူးရုံသည် ဝက်ခေါင်းတစ်ခေါင်းကိုခုတ်နေချိန်တွင် သိုင်းပညာခန်းမအတွင်းမှ ရီဖုန်းထွက်လာသည်ကို တွေ့မြင်မိသည်။
သို့ရာတွင် သူ နှုတ်ဆက်စကား မပြောဆိုရသေးမီမှာပင် ရီဖုန်းသည် မြေပြင်ပေါ်၌မတ်တတ်ရပ်ကာ ခြေထောက်များသည် မြေပြင်မှလွတ်ကင်းပြီး မျောလွင့်နေကြောင်း သူ မြင်တွေ့လိုက်ရသည်။
ထို့နောက် ရီဖုန်းသည် သူ့အားလှည့်ကြည့်ပြီး နတ်ဆိုးဆန်စွာပြုံးပြကာ ပျောက်ကွယ်သွားတော့သည်။
ဆောင်ကြာမြိုင်မှ လှပချောမောသော မိန်းကလေးတစ်ယောက်သည် လမ်းကျဥ်းလေးတစ်ခုအတွင်းတွင် လမ်းလျှောက်နေစဉ်ရုတ်တရက် ပန်းအိုးတလုံးက လေထုအတွင်းမှပြုတ်ကျလာသည်။သူမ တုံ့ပြန်နိုင်ခြင်းမရှိသေးမီမှာပင် သူမအား တစ်စုံတစ်ယောက်၏ထွေးပွေ့ခြင်းခံရကာ နေရာမှပျောက်ကွယ်သွားခဲ့သည်။
သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် နဖူးပြင်ပေါ်၌ ဆံပင်များဝဲကျနေသည့် လူငယ်တစ်ယောက်ကို သူမ မြင်တွေ့မိလေ၏။
"ငါ ဘယ်သူလဲဆိုတာကို မမေးနဲ့"
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ့၏လက်များကို နောက်သို့ပစ်ကာ အဝေးသို့ပျံသန်းသွားတော့သည်။
မြစ်ကမ်းနံဘေး၌ အဝတ်များလျှော်ဖွပ်နေသော အဒေါ်ကြီးတယောက်သည် မြစ်တစ်ဖက်ကမ်း၌ရှိနေသော ပုံရိပ်တခုကို တွေ့မြင်မိသည်။ ထိုလူသည် သူ့၏လက်သီးကို ဝှေ့ယမ်းကာ မြစ်ပြင်ကို အရူးအမူးထိုးနှက်ပြီး မြစ်ရေများကိုမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားစေသည်။
ရေများအောက်သို့ပြန်ကျလာချိန်တွင် မြစ်တစ်ဖက်ကမ်းတွင် ရှိနေသောလူသည် သူ့၏လက်သီးကို လေဖြင့်မှုတ်ကာ နတ်ဆိုးဆန်စွာပြုံးပြီး အဝေးသို့ ပျံသန်းသွားတော့သည်။
Chapter 558
မကြာမီမှာပင် ပင်ကျင်းမြို့သည် ရီဖုန်း၏အရည်အချင်းများအတွက် စိတ်ကျေနပ်မှုပေးနိုင်စွမ်း မရှိတော့ချေ။
တိကျသေချာစွာဖြင့် သူ့ထံတွင် တပည့်အယောက်တစ်ရာရှိနေသဖြင့် ထိုလူများမှတစ်ဆင့် သတင်းစကားများ လက်ဆင့်ကမ်းပြန့်ပွားသွားပေမည်။
လူတစ်ရာသည် နေရာတစ်ရာသို့ သွားကြသဖြင့် ထိုနေရာများအားလုံးမှလူများသည် တခြားနေရာမှလူများကို ဆက်လက်၍ပြောဆိုကြပေမည်။
သူ့၏နာမည်သည် အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံးအနှံ့ ပျံ့နှံ့စေရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်မဟုတ်လော...
ရီဖုန်းသည် သူ၏အပြုံးများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
သို့ရာတွင် သူသည် ယခုကဲ့သို့ ရေပေါ်ဆီလူတစ်ယောက် ဖြစ်နေသည်ကို စိတ်ကျေနပ်ခြင်းမရှိပေ။
ယခုအချိန်၌ အရေးအကြီးဆုံးကိစ္စမှာ သူ့၏နာမည်ပြောင်ကို ထင်ရှားကျော်ကြားအောင်ပြုလုပ်ရန်ပင်။
မုန်တိုင်းကြားထဲမှသူရဲကောင်း အရှင်ကျန်းထျန်...အရမ်းပေါ့ပြက်ပြက်နိုင်တယ်...
လောကကြီးထဲက နံပါတ်တစ်...ရှုံးနိမ့်မှုကိုရှာဖွေနေသောအရှင် ...အရမ်းကိုးရိုးကားရားနိုင်တယ်...
ရီဖုန်းသည် မိုးမြေဂိုဏ်း၏တံခါးဝသို့ ရောက်လာသောအချိန်ထိ သူနှင့်ထိုက်တန်သောနာမည်ပြောင်ကို ရှာမတွေ့သေးချေ။
ထိုအချိန်မှာပင် မိုးမြေဂိုဏ်း၏တံခါးဝမှထွက်လာသော ဝူယုံဟုန်တို့လူစုကို သူ မြင်တွေ့မိလေ၏။
ရီဖုန်းသည် ဝူယုံဟုန်တို့ကို တစ်ချက်စောင်းငဲ့၍ကြည့်လိုက်သည်။သူသည် ဤလူသုံးယောက်ကို ခေါ်ထားခဲ့သဖြင့် တုန်ချိချိလူအိုကြီးများဖြစ်သော သူတို့သည် ယခုချိန်၌ စားဝတ်နေရေးအတွက် ပူပန်စရာမရှိတော့သောကြောင့် သူတို့အားလုံး ဝဖြိုးပြီး အသားအရေများပို၍ကောင်းမွန်လာသည်။
"လူအိုကြီးဝူ...."
သူက အော်ခေါ်လိုက်သည်။
"မင်းတို့ ဘယ်သွားကြမလို့လဲ"
ဝူယုံဟုန် စွန်းကျူးကဲနှင့် ချူးရှစ်ခွမ်းတို့သည် ရီဖုန်းကိုမြင်တွေ့ချိန်တွင် အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"မင်္ဂလာပါ ဆရာကြီး....ငါတို့က ဂိုဏ်းအတွက် လိုအပ်တဲ့ပစ္စည်းတချို့ သွားဝယ်မလို့ပါ"
"ဟူး....ကြည့်ရတာတော့ မင်းတို့ကောင်တွေက အခုလတ်တလောအချိန်မှာ အချိန်ကောင်းတွေ ရှိနေတဲ့ပုံပဲ"
ရီဖုန်းက သက်တင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ငါနဲ့မတူဘူး....ငါကတော့ အခုလတ်တလောအချိန်မှာ နေ့ရောညရော အရမ်းအခက်တွေ့နေတယ်"
"ဆရာကြီးက ပင်ပင်ပန်းပန်းကြိုးစားနေတာပဲ... ငါတို့က ဆရာကြီးကို အရမ်းလေးစားကြည်ညိုမိတယ်"
ဝူယုံဟုန်တို့သုံးယောက်က ပြောဆိုသည်။
"အင်း....ငါ့ရဲ့အခက်အခဲတွေက...ထားလိုက်တော့...ဒါကို မင်းတို့သေမျိုးတွေ နားလည်နိုင်မှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏လက်ကိုမြှောက်ကာမေးထောက်ပြီး မိုးကောင်းကင်ယံကိုကြည့်၍ သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဟုတ်ကဲ့"
ဝူယုံဟုန်က တုံ့ပြန်သည်။
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
"ဘာအခက်အခဲတွေလဲလို့ မင်း မမေးတော့ဘူးလား"
"အမ်...."
ဝူယုံဟုန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။
"ဘာအခက်အခဲတွေလဲ"
တောင်ပေါ်တွင် လေပြည်လေညှင်းတချက် ဝှေ့ယမ်းတိုက်ခတ်လာသည်နှင့်အတူ ရီဖုန်း၏နဖူးပြင်ပေါ်တွင် ဝဲကျနေသောဆံပင်တိုများ လှုပ်ယမ်းသွားသည်။
"ငါက ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ပဲ"
"ဟုတ်ကဲ့"
ဝူယုံဟုန်က ပြောဆိုသည်။
သူ့၏နောက်တွင်ရှိနေသော ချူးရှစ်ခွမ်းက သူ့၏အင်္ကျီစကို အလျှင်အမြန်ဆွဲလိုက်သည်။
ဝူယုံဟုန်သည် ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားသဖြင့် သူ၏ခေါင်းကိုဆတ်ခနဲမော့ကာ ခြေလှမ်းအနည်းငယ်ခန့်နောက်သို့ဆုတ်ပြီး သူ့၏နောက်ရှိ ချူးရှစ်ခွမ်း စွန်းကျူးကဲတို့နှင့် နီးကပ်သွားစေသည်။
သူတို့သုံးယောက်သည် မယုံကြည်နိုင်သောအကြည့်ဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်ကြ၏။
"ဆရာကြီး...ဆရာကြီးက တကယ့်ကို ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်လား"
သူသည် ယခင်က ကျူးရုံ သတိပေးထားသည့်ကိစ္စကို မေ့လျော့သွားတော့လုနီးပါးပင်။ထိုကြောင့် သူက အလျှင်အမြန်ပြောဆိုလိုက်သည်။
"ဆရာကြီးက ဘယ်ချိန်ကစပြီးတော့ ပြိုင်ဘက်ကင်းကျင့်ကြံသူ ဖြစ်သွားတာလဲ"
"ဟူး...လောကကြီးထဲမှာ ပြိုင်ဘက်ကင်း...ငါ ဒါမျိုးကို အရင်က တစ်ကြိမ်တစ်ခါမှမကြုံခဲ့ဖူးဘူး"
ချူးရှစ်ခွမ်းသည် နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ဆုတ်ကာ ဒူးထောက်လိုက်၏။
"ဆရာကြီး...."
သူတို့၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်း အလွန်စိတ်ကျေနပ်သွားသည်။
"မင်းတို့မှာ အသိပညာဗဟုသုတ ရှိသားပဲ"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းလန့်မသွားကြပါနဲ့....ဒါက သာမန်ပါပဲ"
"စကားမစပ်...ငါရဲ့တပည့်တွေအားလုံးကို မင်းတို့ ပြန်ခေါ်ပေးကြအုံး...ငါက ဂိုဏ်းစည်းဝေးပွဲတစ်ခုကို ကျင်းပချင်တယ်"
"ဟုတ်ကဲ့"
ဝူယုံဟုန်က တုံ့ပြန်လိုက်ပြီးနောက် ရီဖုန်းသည် အဝေးသို့ ပျံသန်းသွားတော့သည်။
ဤအချိန်အတော်အတွင်းတွင် နေ့စဉ်နေ့တိုင်း ပျံသန်းနေခဲ့သဖြင့် သူသည် ပျံသန်းခြင်း၏စွမ်းအားကို ကျွမ်းကျင်နေလေပြီ။သူ ပျံသန်းရာလမ်းကြောင်းသည် အဆင်ပြေချောမွေ့နေပေ၏။
ဝူယုံဟုန်တို့သုံးယောက်သည် နေရာမှာပင် မတ်တတ်ရပ်ကာ ရီဖုန်းပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေကြသည်။
ထိုနောက် သူတို့သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်ကာ....
"ကံကောင်းလို့...ကျူးရုံက ငါတို့ဆီကိုလာပြီး သတိပေးထားလို့သာပဲ....မဟုတ်ရင် ဆရာကြီး စိတ်မပျော်မရွှင်ဖြစ်သွားအောင် ငါတို့ လုပ်မိလိမ့်မယ်"
ဝူယုံဟုန်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် သူ့၏နဖူးပြင်ပေါ်မှ ဇော်ချွေးများကိုသုတ်လိုက်သည်။
"အမှန်ပဲ...ကြည့်ရတာတော့ ခုဏက ငါတို့ရဲ့တုံ့ပြန်မှုကို ဆရာကြီးက အရမ်းစိတ်ကျေနပ်သွားပုံရတယ်"
ချူးရှစ်ခွမ်းက တုံ့ပြန်သည်။
"သတင်းပို့ကျောက်စိမ်းပြားတွေကနေတဆင့် တပည့်တွေကို အမြန်ဆုံး ပြန်ခေါ်လိုက်ကြစို့"
...
...
သိုင်းပညာခန်းမသို့ ပြန်လည်ရောက်ရှိချိန်တွင် ရီဖုန်းသည် 'အင်မော်တယ်မြစ်ကုန်းမြေမှ ကျင့်ကြံဆင့်နယ်ပယ်များ'ဟူသော စာအုပ်ကို အလျှင်အမြန်ထုတ်ယူလိုက်သည်။
တပည့်များပြန်ရောက်လာချိန်တွင် သူသည် ဂိုဏ်းစည်းဝေးပွဲတစ်ခုကို ကျင်းပရပေမည်။
သိုင်းအင်ပါယာတစ်ယောက်ထံတွင် တခြားမည်သည့်အရည်အချင်းမျိုး ရှိနေသည်ကို သူ သိရှိလိုသည်။
လေထုအတွင်း၌ ပျံသန်းနိုင်ရုံသက်သက်ဖြင့် သူ တင်းတိမ်ရောင့်ရဲနိုင်ခြင်းမရှိချေ။
သိုင်းအင်ပါယာတစ်ယောက်၏ကျင့်ကြံဆင့်စွမ်းအားသည် မည်ကဲ့သို့ရှိသည်ကို သူ မသိရှိချေ။အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ အဆင့်မြင့်ဆုံးကျင့်ကြံဆင့်သည် သိုင်းအင်ပါယာဟုသာ သူ သိရှိခဲ့ရသည်။
ယခုအချိန်၌ သူ ထိုစာအုပ်ကို ထပ်မံ၍ ဂရုတစိုက်ဖတ်ရှုလိုက်ချိန်တွင် သိုင်းအင်ပါယာနယ်ပယ်ကို အဆင့်များခွဲခြားထားကြောင်း သူ သိနားလည်သွားသည်။
ပထမဘဝ...
ဒုတိယဘဝ...
...
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
သူ ထိုစာအုပ်ကို ဆက်လက်၍ဖတ်ရှုကြည့်လေလေ သူ့၏နှုတ်ခမ်းထောင့် ပို၍မြင့်တက်သွားလေလေပင်။
ဒဿမဘဝ...
ဒဿမဘဝ သိုင်းအင်ပါယာအရောက်တွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ခံယူရကာ လူသားအင်မော်တယ်တစ်ယောက်နှင့် အဆင့်ခြင်း တူညီသွားပေမည်။
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
စနစ်သည် သူ့အား အဆင့်အမြင့်ဆုံးဟု ပြောဆိုခဲ့သဖြင့် သူသည် ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်၌ ရှိနေပေမည်။
ဖြစ်နိုင်သည်မှာ သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရန် မလိုအပ်ခဲ့သလော.....
ထို့ကြောင့် ယခုအချိန်တွင် သူသည် အင်မော်တယ်တစ်ယောက်နှင့် ကျင့်ကြံဆင့်နယ်ပယ်ခြင်း တူညီသွားလေပြီ။
ရီဖုန်းသည် ထပ်မံ၍မြိုသိပ်မထားနိုင်တော့ချေ။
"ဟား ဟား ဟား ဟား....အင်မော်တယ်...ဟားဟား ဟား ဟား...ငါက အခုချိန်မှာ အင်မော်တယ်တစ်ယောက်နဲ့ ကျင့်ကြံဆင့်စွမ်းအားခြင်းတူနေပြီ"
ရီဖုန်းသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ 'အင်မော်တယ်မြစ်ကုန်းမြေမှ ကျင့်ကြံဆင့်နယ်ပယ်များ'ဟူသောစာအုပ်ကို ထွေးပွေ့ပြီး အရူးအမူး နမ်းရှုံလိုက်၏။
"စနစ်ကောင်းလေး...မင်းက တကယ်ကို ငါ့ရဲ့အဖေပဲ"
ရီဖုန်းသည် ပြုံးရွှင်နေသောမျက်နှာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် အင်မော်တယ်မြစ်ကုန်းမြေမှ ကျင့်ကြံဆင့်နယ်ပယ်များ ဟူသောစာအုပ်ကို ဆက်လက်၍ဖတ်ရှုလေသည်။
"ငါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုတောင် မခံစားခဲ့ရဘူး"
"ဟား ဟား ဟား...တစ်ခြားဘာကောင်းတာရှိသေးလဲဆိုတာ ငါ ကြည့်လိုက်အုံးမယ်"
"အင်မော်တယ်လောကက ဆင့်ခေါ်ခြင်း...ဟား ဟား ဟား...."
ထိုစာများကိုဖတ်ရှုနေရင်း ရီဖုန်း၏မျက်လုံးအကြည့်သည် နောက်ဆုံးစာလုံးများထံသို့ ကျရောက်သွားချိန်တွင် သူ့၏ရယ်မောသံ ရုတ်တရက် ရပ်တန့်သွားသည်။
"အမ်...."
"အင်မော်တယ်လောကက ဆင့်ခေါ်ခြင်းလား"
ဒါက ဘာလဲ....
ရီဖုန်းသည် သေသေချာချာအာရုံစူးစိုက်ကာ ထိုစာအုပ်မှ စာမျက်နှာတစ်ရွက်လုံးကို ဖတ်ရှုလိုက်သည်။
ထို့နောက် သူက စကားတစ်လုံးချင်း ရေရွတ်လိုက်၏။
"ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်က အင်မော်တယ်မြစ်ကုန်းမြေထဲမှာ အဆင့်မြင့်ဆုံးပဲ...တကယ်လို့ တစ်ယောက်ယောက်က ဒီအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် အင်မော်တယ်လောကရဲ့ ဆင့်ခေါ်ခြင်းကိုခံရမယ်"
သူ ရေရွတ်လိုက်သောစကားလုံးတိုင်းကို သံရှည်ဆွဲကာ စိတ်အားထက်သန်မှုများ ရောယှက်နေသည်။
"တစ်...နှစ်...အတွင်းမှာ...အင်မော်တယ်...နယ်မြေကို...ဝင်ရောက်နိုင်ရမယ်...."
"အဲ့ဒီလိုမဟုတ်ရင်...မိုးကောင်းကင်...တာအိုက...လက်မခံနိုင်တာကြောင့်...စိတ်ဝိညာဥ်...လွင့်ပြယ်သွားလိမ့်မယ်...."
"နောက်ဆုံးမှတ်စု...လူသား...အင်မော်တယ်က....အင်မော်တယ်....နယ်မြေထဲမှာ....အဆင့်နိမ့်ဆုံးပဲ...."
ဘုန်း...
ရီဖုန်းသည် ရုတ်တရက် စာအုပ်ကိုပိတ်ကာ သူ့၏မျက်လုံးကို စုံမှိတ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
အမှားအယွင်း....အမှားအယွင်း...ဤသည်မှာ အမှားအယွင်းတစ်ခုသာ ဖြစ်ပေမည်....
Chapter 559
ထို့နောက် ရီဖုန်းက စာအုပ်ကို ထပ်မံ၍ဖွင့်ကာ ဂရုတစိုက်ဖတ်လိုက်သည်။
နောက်ဆုံးစာကြောင်းအနည်းငယ်ကို အလေးအနက်ထား၍ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ အပြန်ပြန်အလှန်လှန် ဖတ်ရှုလေ၏။
ဤစာလုံးများအပေါ် မည်သည့်နေရာတွင် သူ နားလည်မှုလွဲမှားနေသနည်းဟု ဖော်ထုတ်ကြည့်ရန် ကြိုးစားခဲ့သည်။
အဆုံးသတ်၌ မည်သည့်အဖြေမျှ ထွက်ပေါ်လာခြင်းမရှိဘဲ သူ့၏ခေါင်းအတွင်း၌ မေးခွန်းများဖြင့် ပြည့်နှက်နေတော့သည်။
သူသည် ရုတ်တရက် ခုန်ထကာ စာအုပ်ကိုမြေပြင်ပေါ်သို့ ပစ်ချပြီး သူ့၏ခြေထောက်ဖြင့် ဆောင်နင်းလိုက်သည်။
"သောက်ရေးမပါတဲ့ ချီးထုပ်စနစ်က ငါ့ကို အင်မော်တယ်နယ်မြေဆီ သွားခိုင်းနေတာပဲ...တကယ်လို့ ငါက အင်မော်တယ်နယ်မြေကိုသွားမယ်ဆိုရင် အဆင့်နိမ့်ဆုံးလူ ဖြစ်နေမှာမဟုတ်လား"
ရီဖုန်းသည် ခုန်ဆွခုန်ဆွလုပ်ကာ ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်၏။
"ဒီနေရာမှာ သေမျိုးဖြစ်တာနဲ့ အင်မော်တယ်နယ်မြေမှာ အဆင့်မြင့်ဆုံးအမှိုက်ကောင်ဖြစ်တဲ့ကြားမှာ ဘာကွာခြားချက်ရှိလို့လဲ"
မြေပြင်၏နက်ရှိုင်းသောနေရာမှနေ၍ တဝုန်းဝုန်းထနေသော တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။
ကျွန်းငယ်လေး၏ပြင်ပတွင်ရှိနေသော အင်မော်တယ်မြစ်ကုံးမြေတစ်ခွင်လုံး တုန်ခါသွားသည်။ အလွန်အမင်းပြင်းထန်သော မြေငလျှင်တစ်ခုက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
မြေပြိုပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ လှိုင်းထန်ပြီး မုန်တိုင်းကြီးများ တိုက်ခတ်လာသည်။
...
...
တပည့်များအားလုံးထံသို့ အကြောင်းကြားပြီးနောက် စျေးဝယ်ရန်အတွက် ကျွန်းမှထွက်လာသော ဝူယုံဟုန်တို့သုံးယောက်သည် မြေပြင်တုန်ခါသွားသည်ကို ခံစားမိသဖြင့် တုန်လှုပ်ချောက်ချားသွားသည်။
သူတို့သည် သူတို့၏ခန္ဓာကိုယ်များကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရန် အလွန်အမင်းခက်ခဲနေသည်။
"မြန်မြန်လေး...ဆရာကြီးကို သတင်းသွားပို့ကြရအောင်"
သူတို့သည် ကျွန်းပေါ်သို့ခြေချမိသောအချိန်တွင် ကျွန်းပေါ်၌ မည်သည့်အရာမျှ မှားယွင်းမှုမရှိကြောင်း သူတို့ တွေ့ရှိမိလေ၏။
အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ဝူယုံဟုန်တို့သုံးယောက်သည် သတင်းပို့ရန်အတွက် ရီဖုန်းထံသို့ သွားလိုက်သည်။
ဒေါက်...ဒေါက်....
"ဆရာကြီး အထဲမှာရှိလား"
အခန်းအတွင်း၌ ရီဖုန်းသည် ဝမ်းနည်းညှိုးငယ်စွာဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။
အခန်းတံခါးကိုဖြတ်၍လာသော ဝူယုံဟုန်၏အသံကို သူ့၏နတ်ဘုရားစိတ်အာရုံကိုအသုံးမပြုဘဲနှင့်ပင် ကြားနိုင်ပေ၏။
'ကောင်းပြီလေ...ငါ့မှာလည်း အမိန့်ပေးစရာတစ်ခုရှိနေတယ်'
"ဝင်လာခဲ့ကြပါ"
သူက ကြေကွဲဝမ်းနည်းနေသောအသံဖြင့်ပြောဆိုလိုက်သည်။
"တပည့်တွေကို ပြန်မလာခိုင်းနဲ့တော့...ဒီနေ့ကနေစပြီးတော့ အစီအစဥ်တွေကို နောက်ဆုတ်လိုက်ပြီ"
"ဟုတ်ကဲ့"
ဝူယုံဟုန်က တုံ့ပြန်သည်။
"တခြားကိစ္စ ရှိသေးလား"
"မရှိတော့ပါဘူး"
"ဒါဆိုရင်လည်း မင်းတို့ သွားကြတော့"
"ဟုတ်ကဲ့""
ဝူယုံဟုန်တို့သုံးယောက်သည် နောက်သို့ပြန်ဆုတ်လိုက်ကြ၏။
ချူးရှစ်ခွမ်းက ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ပြောဆိုလေသည်။
"ကြည့်ရတာတော့ ဆရာကြီးက ငါတို့သုံးယောက် လာမယ့်အချိန်ကို စောင့်ဆိုင်းနေတဲ့ပုံပဲ"
သူတို့ မည်သည့်စကားကိုမျှ မပြောဆိုရသေးမီမှာပင် ဆရာကြီးက အမိန့်များကို စတင်၍ပေးခဲ့သည်။
ဤသည်မှာ ယနေ့မနက်တွင် သူတို့ပြင်ပသို့ထွက်စဉ်၌ မြေငလျင်ကြီး လှုပ်ခတ်သွားသည့်အကြောင်းကို ဆရာကြီး သိရှိသည်ဟု ဆိုလိုသည်မဟုတ်လော....
"ပြောရမယ်ဆိုရင် မြေပြိုတာက... ဆရာကြီးကတပည့်တွေ ဆင့်ခေါ်တာကို ရပ်လိုက်တဲ့ကိစ္စနဲ့ဆက်စပ်နေနိုင်တယ်"
"အခု ဂိုဏ်းစည်းဝေးပွဲကိုတောင် မလုပ်တော့ဘူး...ကြည့်ရတာတော့ ဆရာကြီး စိတ်မပျော်မရွှင်ဖြစ်စေမယ့် ကိစ္စတစ်ခု ရှိနေတဲ့ပုံပဲ"
သူတို့သည် တောင်အောက်သို့ဆင်းရင်း စကားစမြည် ပြောဆိုနေကြ၏။
သိုင်းပညာခန်းမ၌...
ရေတွင်းပျက်တစ်ခု၏အဝတွင် ပိတ်ဆို့ထားသော ကျောက်တုံးကြီး အနည်းငယ်ကြွတက်လာသည်။
ထို့နောက် ရေတွင်းအတွင်းမှနေ၍ လုပမ်ဝေ၏ အလွန်အမင်းအားနည်းနေသောအသံ ထွက်ပေါ်လာပေ၏။
"ချင် လာခဲ့အုံး...."
ဤရေတွင်းပျက်ကို နေရောညပါ မအိပ်မစားဘဲစောင့်ကြပ်နေသော ခွေးသည် ထိုအားပျော့နေသောအသံကိုကြားချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
"အစ်ကိုကြီး....အစ်ကိုကြီး....မင်း နောက်ဆုံးတော့ ထွက်လာနိုင်ပြီ"
ထို့နောက် သူတို့အားလုံးသည် အတူတကွစုပေါင်းကာ ရေတွင်းပျက်ကြီး၏အဝရှိ ကျောက်တုံးကြီးကို တွန်းဖယ်လိုက်ကြသည်။
သို့ရာတွင် သူတို့သည် အားကုန်သုံးခဲ့သည့်တိုင် သေးငယ်သော အက်ကွဲကြောင်းရာတစ်ခုဖြစ်အောင်သာ တွန်းဖယ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လုပမ်ဝေထံတွငိ ခွန်အားအနည်းငယ်ကျန်ရှိနေသောကြောင့် သူတို့နှင့်အတူ ပူးပေါင်းကာ ကျောက်တုံးကြီး၏သုံးပုံတစ်ပုံကို တွန်းရွှေ့နိုင်ခဲ့သည်။
"စိတ်ဝိညာဥ်လေး...ငါ့ရဲ့ခေါင်းကို အရင်ဆုံး ထုတ်ပေးပါအုံး"
"ဟုတ်ကဲ့....ဟုတ်ကဲ့...ဟုတ်ကဲ့..."
စိတ်ဝိညာဥ်ဘုရင်သည် လေထုအတွင်း၌ မျောလွင့်နေရာမှ အောက်သို့ဆင်းကာ လုပမါဝေ၏ဦးခေါင်းခွံကို ဆုပ်ကိုင်၍ဆွဲယူလိုက်သည်။
ထို့နောက် သူသည် တခြားအရိုးများကိုကောက်ယူရန်အတွက် အောက်သို့ဆင်းလိုက်သော်လည်း လုပမ်ဝေ၏ဟန့်တားခြင်းကို ခံလိုက်ရလေ၏။
"အဲဒါတွေကို ကောက်မနေနဲ့တော့...ပြေးကြ...ပြေးကြစို့"
လုပမ်ဝေသည် သူ့၏ဦးခေါင်းခွံ ရေတွင်းပျက်အတွင်းမှ ထွက်လာနိုင်သည်နှင့် ပြောဆိုလိုက်သည်။
"အစ်ကိုကြီး...မင်းရဲ့ခန္ဓာကိုယ်ကို မလိုချင်တော့ဘူးလား"
ခွေးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလေသည်။
"ငါ့ရဲ့ကျန်နေတဲ့အရိုးတွေက ငါ့ကို အလိုအလျောက် လာရှာလိမ့်မယ်...ပြေးသာပြေးကြစမ်းပါ...တကယ်လို့ အခုချိန်မှာ သခင်ပြန်ရောက်လာရင် ငါတို့အားလုံး သေရလိမ့်မယ်"
"ဒါက သာမန်အသေးအမွှား ရိုက်နှက်တာမျိုးမဟုတ်ဘူး..."
လုပမ်ဝေသည် အလွန်အမင်း စိုးရိမ်ပူပန်နေသောအသံဖြင့် ညည်းတွားလေ၏။
ခွေးသည် အပြည့်အဝ နားလည်သဘောပေါက်ခြင်းမရှိသော်လည်း နောက်မှအလျှင်အမြန်လိုက်သွားခဲ့သည်။သူတို့သည် သိုင်းပညာခန်းမမှထွက်ကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
မိုင်ပေါင်း ထောင်နှင့်ချီဝေးကွာသော....
သဲကန္တာရအတွင်း၌ သက်ရှိငါးယောက်လမ်းလျှောက်နေသည်။
"အစ်ကိုကြီး ငါတို့ အခုဘယ်သွားကြမလဲ"
ခွေးက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေရာမှာ ငှက်တွေတောင် ချေးမပါဘူး...ငါတို့မှာ ရွှေပြားတွေအများကြီးရှိနေမှတော့ ကောင်းကောင်းမွန်မွန် ဇိမ်ခံလို့ရမယ့် နေရာတစ်နေရာကိုရှာရမယ်"
"အမှန်ပဲ...."
လုပမ်ဝေက အနည်းငယ်စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ဒီတကြိမ် ငါထွက်လာတာက သခင့်ရဲ့ဖျက်ဆီးတာကနေ လွတ်မြောက်ဖို့က အဓိကပဲ...ဒုတိယအနေနဲ့ ငါက ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့ ရွှေပြားတွေကို ကောင်းကောင်းကြီးအသုံးချရမယ်"
"ဒါကြောင့် ငါတို့က သခင်ရောက်မလာနိုင်တဲ့ နေရာမျိုးကို သွားရမယ်...အဲ့ဒီနေရာမှာ လူတွေအများကြီးရှိနေပြီးတော့ ငါတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ ရွှေပြားတွေကို သုံးစွဲနိုင်ရမယ်"
လုပမ်ဝေသည် ထိုသို့ပြောဆိုပြီးနောက် ပြုံးလိုက်၏။
"ဘယ်နေရာကို သွားရမလဲဆိုတာ ငါ သိပြီ"
သူက အခိုင်အမာ ယုံကြည်ချက်ရှိသော လေသံဖြင့် ပြောဆိုသည်။
"ဘယ်နေရာကိုလဲ"
"အင်မော်တယ်နယ်မြေ..."
သူ့၏နောက်တွင်ရှိနေသော သက်ရှိများ၏မျက်လုံးများ တောက်ပသွားသည်။
"အစ်ကိုကြီးက အရမ်းထူးချွန်တယ်....အစ်ကိုကြီးက ဥာဏ်ပညာအရမ်းကြီးမားတယ်"
Chapter 560
"အင်မော်တယ်နယ်မြေရဲ့ဆင့်ခေါ်တာကို ခံရတဲ့ သိုင်းအင်ပါယာတစ်ယောက်က အင်မော်တယ်မြစ်ကုန်းမြေထဲက အင်မော်တယ်လမ်းကြောင်းကနေ သွားရတယ်"
"အင်မော်တယ်လမ်းကြောင်းကနေတဆင့်...အင်မော်တယ်နယ်မြေရဲ့သံတမန်က လမ်းပြပြီး ခေါ်ဆောင်သွားလိမ့်မယ်"
ထိုစာကြောင်းနှစ်ကြောင်းကို ဖတ်ရှုပြီးနောက် ရီဖုန်းက သူ့၏လက်အတွင်းရှိစာအုပ်ကို ပိတ်လိုက်သည်။
ထို့နောက် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စာအုပ်ကို နံဘေးတစ်ဖက်သို့ချပြီး ပြင်ပသို့ ထွက်ခဲ့လေ၏။
ရက်တစ်ရာခန့်ကြာပြီးနောက် ရီဖုန်းသည် အင်မော်တယ်နယ်မြေသို့ ထွက်ခွာသွားရပေမည်။
တစ်နှစ်တွင် ရက်ပေါင်းရာဂဏန်းအမြောက်အများ ရှိမနေချေ။
သူသည် သူ့ကိုယ်သူ အကြောင်းမဲ့ ဖျက်ဆီးလိုခြင်းမရှိပေ။
အင်မော်တယ်နယ်မြေအကြောင်း ပြောရမည်ဆိုလျှင် သူသည် ထိုနေရာတွင် အင်မော်တယ်မြစ်ကုန်းမြေမှ သေမျိုးတစ်ယောက်နှင့် ထူးမခြားနားဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် သူ့ထံတွင် ကျင့်ကြံဆင့်အခြေခံရှိနေသည်။
ထို့ပြင် ယခုချိန်၌ သူ ကျင့်ကြံနိုင်လေပြီ။
အနည်းဆုံးအနေဖြင့် အကယ်၍ သူ အင်မော်တယ်နယ်မြေသို့သွားပါက သူသည် အောက်ခြေမှစတင်ရမည်မဟုတ်ချေ။
ပြောရမည်ဆိုလျှင် အကယ်၍ သူသည် အင်မော်တယ်နယ်မြေသို့သွားပါက အမှိုက်ကောင်တစ်ကောင် ဖြစ်နေနိုင်ကာ သူ့ရဲ့အသက်ရှင်သန်ရေးအတွက် ဘဝတလျှောက်လုံး ထွက်ပြေးနေရနိုင်သည်။
ရီဖုန်းသည် ဂရုတစိုက် စဥ်းစားတွေးတောပြီးနောက် အင်မော်တယ်နယ်မြေသို့သွားရန် ဆုံးဖြတ်လိုက်၏။
သူသည် မန်မန်ကိုစီးနင်းကာ ဂိုဏ်းအတွင်း၌ရှိနေသူများကို လာရောက်ရန်အတွက် ဆင့်ခေါ်လိုက်သည်။
ယနေ့သည် အင်မော်တယ်မြစ်ကုန်းမြေမှ ရီဖုန်းထွက်ခွာသွားမည့် နေ့တစ်နေ့ပင်။မိုးမြေဂိုဏ်းအတွင်းရှိ လူများအားလုံးရောက်ရှိလာကာ ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြသည်။
"အားလုံးပဲ...ဒီနေ့ကနေစပြီးတော့....ငါ ဒီနေရာကနေ ယာယီထွက်ခွာသွားရလိမ့်မယ်"
ကြီးကျယ်ခမ်းနားသော အသံတစ်သံက မန်မန်၏ကျောပေါ်မှ ထွက်ပေါ်လာသည်။
ခရုကြီးမန်မန်၏ အလွန်အမင်းဖိနှိပ်နိုင်သော အရှိန်အဝါကြောင့် လူတိုင်း ခေါင်းမမော့ဝံ့ကြချေ။ထို့ကြောင့် သူတို့အားလုံးသည် ခေါင်းငုံထားကာ ရီဖုန်း၏ညွှန်ကြားချက်များကို ခံယူလိုက်ကြ၏။
"ငါ ထွက်သွားပြီးတဲ့နောက်မှာ...ငါကိုယ်စား မိုးမြေဂိုဏ်းကိုစောင့်ရှောက်ဖို့ မင်းတို့ကို တာဝန်ပေးခဲ့မယ်"
ရီဖုန်းက ပြောဆိုသည်။
"ဟုတ်ကဲ့...."
မိုးမြေဂိုဏ်းမှလူများအားလုံး တုံ့ပြန်လိုက်ကြသည်။
ထို့နောက် ရီဖုန်းသည် မန်မန်ကိုစီးနင်းကာ အင်မော်တယ်နယ်မြေသို့ ဝင်ရောက်နိုင်မည့် အင်မော်တယ်လမ်းကြောင်းထံသို့ ဦးတည်၍ သွားလိုက်သည်။
ရီဖုန်းသည် မန်မန်ပေါ်၌လဲလျောင်းကာ ခေတ္တခဏမှေးအိပ်နေခဲ့သည်။
သူသည် ဆူညံသောအသံများကြောင့် နိုးလာခဲ့လေ၏။
သူ့၏အိပ်ချင်မူးတူး မျက်လုံးများကိုဖွင့်ပြီးနောက် မည်သူ့ကိုမျှ ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သေးမီမှာပင် တတွတ်တွတ်ပြောဆိုနေသော စကားသံများကို သူ၏နံဘေးမှ ကြားလိုက်ရသည်။
"မင်းတို့က အင်မော်တယ်နယ်မြေအကြောင်း ပြောနေကြတာမလား...အဲ့ဒီနေရာမှာရှိတဲ့လူတိုင်း အရမ်းအစွမ်းထက်တယ်လေ...ဟုတ်တယ်မလား"
"ဒါက လုံးလုံးလျားလျား မှန်ကန်တဲ့ကိစ္စတော့မဟုတ်ဘူး...တကယ်လို့ အင်မော်တယ်တစ်ယောက်က တခြားအင်မော်တယ်တစ်ယောက်နဲ့လက်ထပ်လိုက်မယ်ဆိုရင်...မွေးလာတဲ့ကလေးက အင်မော်တယ်တစ်ယောက်အဖြစ် မွေးမလာဘူးမဟုတ်လား"
"ဒါက အဓိပ္ပာယ်ရှိတယ်...ဟား ဟား ဟား...ဒီလိုဆိုရင် ငါတို့ အင်မော်တယ်နယ်မြေကိုသွားရတာ ဆိုးရွားတဲ့ကိစ္စတော့ မဟုတ်ဘူး"
ရီဖုန်းသည် မန်မန်ပေါ်မှနေ၍ ခေါင်းပြူကြည့်လိုက်ရာ အင်မော်တယ်နယ်မြေကူးပြောင်းရေးဝင်္ကပါအတွင်း၌ မတ်တတ်ရပ်နေသော လူတစ်စုကို တွေ့မြင်မိသည်။သူတို့အနက်မှတချို့သည်စိတ်လှုပ်ရှားနေကာ သူတို့၏မျက်နှာများထက်တွင် မျှော်လင့်တောင့်တနေသော အရိပ်အယောင်များ ရှိနေသည်။
စိတ်ပျက်လက်ပျက်နှင့် ခံစားချက်ကင်းမဲ့နေသူမှာမူ သူတစ်ယောက်တည်းသာရှိသည်။
ဝင်္ကပါအတွင်း၌မတ်တတ်ရပ်နေသော လူဆယ်ယောက်ကျော်သည် ခရုကြီးတကောင် ရုတ်တရက် ထွက်ပေါ်လာသဖြင့် အာရုံစူးစိုက်လိုက်ကြသည်။မည်သို့ပင်ဆိုစေကာမူ စီးနင်းရန်သားရဲအဖြစ် ခရုတစ်ကောင်ကို အသုံးပြုသည်မှာ အလွန်ရှားပါးသည်။
သို့ရာတွင် အကြည့်အနည်းငယ် ရောက်ရှိလာရုံမျှပင်။
"စကားမပြောကြနဲ့...စကားမပြောကြနဲ့တော့... အင်မော်တယ်နယ်မြေက သံတမန်ကြီးရောက်လာပြီ"
တစ်စုံတစ်ယောက်က ဟန့်တားလိုက်သည်။
ဆူညံပွက်လောရိုက်နေသော တတွတ်တွတ်ပြောဆိုနေသံများအားလုံး ရုတ်တရက် ငြိမ်အတိကျသွားသည်။
တချိန်တည်းမှာပင် ဆံဖြူလူအိုကြီးတယောက်သည် ကူးပြောင်းရေးဝင်္ကပါ၏နံဘေးရှိ ပါးလွှာသောလေထုအတွင်း၌ ထွက်ပေါ်လာသည်။
ထို့နောက် သူသည် အောက်တွင်ရှိနေသောလူများကို ငုံကြည့်လိုက်၏။
"ငါက အင်မော်တယ်နယ်မြေရဲ့သံတမန်ဖြစ်ပြီးတော့ မင်းတို့ကို အင်မော်တယ်နယ်မြေဆီ ပို့ဆောင်ပေးဖို့ လာခဲ့တာပဲ"
ဆံဖြူလူအိုကြီးသည် လေထုအတွင်း၌ မတ်တက်ရပ်ကာ ဖြည်းညှင်းစွာပြောဆိုသည်။
"အင်မော်တယ်နယ်မြေက အင်မော်တယ်မြစ်ကုန်းမြေနဲ့မတူညီဘူး...ဒါ့ပြင် ဥပဒေသတွေက အရမ်းကွဲပြားခြားနားတယ်"
"မင်းတို့က လေဟာနယ်ကို လက်သီးတစ်ချက်တည်းနဲ့ ဆုတ်ဖြဲနိုင်ပြီးတော့ ခြေလှမ်းတစ်လှမ်းနဲ့ မိုင်ထောင်ချီဝေးတဲ့နေရာကို သွားကောင်းသွားနိုင်လိမ့်မယ်...ဒါပေမဲ့ မင်းတို့ အင်မော်တယ်နယ်မြေကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒီနေရာမှာ လေဟာနယ်က အဆပေါင်းတစ်သောင်းကျော် ပိုပြီးကျစ်လစ်ခိုင်မာပြီးတော့ မြေဆွဲအားက အဆပေါင်းတစ်သောင်းကျော် ပိုပြီးပြင်းထန်တယ်....ဒါကြောင့် မင်းတို့က အင်မော်တယ်နယ်မြေထဲကိုရောက်ရင် အင်မော်တယ်မြစ်ကုန်းမြေထဲက အဆင့်နိမ့်ဆုံးသိုင်းပညာရှင်တစ်ယောက်နဲ့ ညီမျှနေလိမ့်မယ်...မင်းတို့ ပျံသန်းလို့မရဘူး...ကောင်းကင်အင်မော်တယ်အဆင့်ကိုရောက်မှပဲ မင်းတို့ ပျံသန်းနိုင်လိမ့်မယ်"
ထိုစကားများကိုကြားချိန်တွင် ရီဖုန်းသည် မျက်မှောင်ကြုတ်လိုက်၏။
ထို့နောက် သူကိုယ်သူ ပြန်၍ငုံကြည့်လိုက်သည်။
သောက်ရေးမပါလှစွာပင် အချိန်အတော်ကြာသည့်တိုင် ယခုအချိန်ထိ သူသည် အသုံးမကျဆုံး အမှိုက်ကောင်ဖြစ်နေဆဲပင်။
လေထုအတွင်းတွင်ရှိနေသော သံတမန်က ဆက်လက်၍ပြောဆိုသည်။
"အစကတော့ အင်မော်တယ်မြစ်ကုန်းမြေက အစိမ်းရောင်ကျောက်စိမ်း အင်မော်တယ်နန်းတော်ရဲ့ လက်အောက်မှာရှိနေတယ်...ဒါကြောင့် မင်းတို့အားလုံးကို ငါက အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေဆီ ပို့ရလိမ့်မယ်"
"ဒါပေမဲ့ သိပ်မကြာသေးခင်အချိန်က...လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က မိုးကောင်းကင်ယံကို ထိုးနှက်ခဲ့တာကြောင့် အင်မော်တယ်နယ်မြေထဲမှာ တွင်းနက်ကြီးငါးရာ ထွက်ပေါ်လာခဲ့တယ်...ဒါ့ပြင် အဲ့ဒီတွင်းနက်ကြီးတွေထဲကတစ်ခုက အစိမ်းရောင်အင်မော်တယ်ကုန်းမြေထဲမှာ ရှိနေတယ်...အစိမ်းရောင်အင်မော်တယ်ကုန်းမြေတစ်ခုလုံး တစ်စစီဖြစ်နေပြီးတော့ လေဟာနယ်ကလည်း မတည်ငြိမ်ဘူး"
"ဒါကြောင့် မင်းတို့က အစိမ်းရောင်အင်မော်တယ်ကုန်းမြေကို သွားလို့မရဘူး...ငါက မင်းတို့ကို အင်မော်တယ်နယ်မြေထဲမှာရှိတဲ့ နေရာအသီးသီးကို ကြုံရာကျပန်းပို့ပေးရလိမ့်မယ်"
ထိုအသံကျရောက်လာသည်နှင့် အောက်တွင်ရှိနေသော လူဆယ်ယောက်ကျော်သည် ထိတ်လန့်ကြောက်ရွံ့သွားကာ သူတို့၏မျက်နှာများ သွေးရောင်ကင်းမဲ့သွားသည်။
မည်သည့်အရာကိုမျှ ဂရုမစိုက်သော ရီဖုန်းပင်လျှင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူ့၏လက်ချောင်းများကို ဖျစ်ညှစ်လိုက်သည်။
လက်သီးတချက်ဖြင့် မိုးကောင်းကင်ယံကိုထွင်းဖောက်နိုင်ကာ အင်မော်တယ်နယ်မြေကို တစ်စစီဖြစ်စေသည်မှာ မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စဖြစ်သနည်း။
"ငါက အတင့်ရဲစွာနဲ့ သံတမန်ကြီးကို မေးပါရစေ...အဲ့ဒီလူက ဘယ်သူလဲ"
တစ်စုံတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့်မေးမြန်းကာ သူ့၏အသံတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"သူ့ရဲ့လက်သီးချက်တွေကြောင့် အင်မော်တယ်နယ်မြေထဲမှာ တွင်းနက်ကြီးငါးရာ တကယ်ထွက်ပေါ်လာခဲ့တာလား"
သံတမန်သည် သူ့၏လက်ကိုမြှောက်ကာ စကားပြောဆိုနေမှုများကို ရပ်တန့်ရန် အချက်ပေးလိုက်သည်။
"အဲ့ဒီကိစ္စတွေက မင်းတို့အဆင့်နဲ့ သိနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး"
သူက ပြောဆိုသည်။
"ကောင်းပြီလေ...ငါ အခုကူးပြောင်းရေးဝင်္ကပါကို အသက်သွင်းပြီးတော့...မင်းတို့တစ်ယောက်ချင်းစီကို အင်မော်တယ်နယ်မြေဆီ ပို့ဆောင်ပေးမယ်"
ထိုအသံ ကျရောက်လာသည်နှင့်အတူ ကူးပြောင်းရေးဝင်္ကပါတစ်ခုလုံး စတင်၍လည်ပတ်သွားသည်။ထို့နောက် ဆံဖြူလူအိုကြီးထံမှ လက်ဟန်သင်္ကေတတစ်ခုနှင့်အတူ အလင်းစက်ဝိုင်းကြီးတစ်ခု မိုးကောင်းကင်ယံမှ ကျရောက်လာကာ ဝင်္ကပါ၏အလယ်ဗဟိုရှိ မျောလွင့်နေသော အမှတ်အသားကို လွှမ်းခြုံသွားသည်။
လူများသည် တစ်ယောက်ပြီးတစ်ယောက် မျောလွင့်နေသော အမှတ်အသားပေါ်၌ မတ်တပ်ရပ်လိုက်ကြသည်။
အလင်းတန်းတစ်တန်း ဖျတ်ခနဲလင်းလက်တောက်ပသွားသည်နှင့်အတူ ထိုလူများအနက်မှတချို့သည် ပျောက်ကွယ်သွားပေ၏။
ထိုနေရာသို့သွားရသော မည်သူမဆို မျှော်လင့်တောင့်တခြင်းနှင့်ပျော်ရွှင်မှုတို့ အနည်းနှင့်အများရှိနေသည်။
ရီဖုန်းတစ်ယောက်တည်းသာ နေရာ၌ ကျန်ရှိတော့သည်။
သူသည် တင်းမာနေသောမျက်နှာအမူအယာဖြင့် အလင်းတန်ပေါ်တွင် ဝန်လေးစွာ မတ်တတ်ရပ်နေသည်။
အလင်းတန်းတစ်တန်း တောက်ပသွားခြင်းနှင့်အတူ သူသည် သံတမန်ကြီးနှင့်ကူးပြောင်းရေးဝင်္ကပါတို့ကို မမြင်တွေ့ရဘဲ ပျောက်ကွယ်သွားတော့သည်။
...
...
လေပွေတခုက ရီဖုန်းထံသို့ဦးတည်၍ တိုက်ခတ်လာသည်။
လောကကြီးအတွင်းရှိ အရာရာတိုင်း မျောလွင့်နေပေ၏။
ရီဖုန်းသည် ထိုအလင်းတန်းအတွင်း၌ရှိနေစဉ်တွင် မြင်ကွင်းများသည် သူ မြင်းဖြူတစ်ကောင်ကို ဒုံးစိုင်းစီးနေစဉ် မြင်နေရသည့်အလား ဖြတ်သန်းသွားသည်။
အချိန်များ မည်မျှထိ ကြာမြင့်သွားသည်ကို သူ မသိရှိချေ။
ရီဖုန်းသည် ကူးပြောင်းရေးဝင်္ကပါအတွင်း၌ အလင်းတန်းတစ်တန်း တောက်ပလာသည်ကို ခံစားမိသည်။
ထို့နောက် သူ၏အမြင်အာရုံ ပြောင်းလဲသွားကာ သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိသော ကုန်းမြေပေါ်သို့ သူ ရောက်ရှိသွားသည်။
သူ ထိုနေရာသို့ ရောက်ရှိလာသည်နှင့် လေပွေတစ်ခု ဖြတ်သန်းတိုက်ခတ်လာကာ...
သဲမှုန်များကြောင့် ရီဖုန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရီဖုန်းက သူ့၏လက်ဖြင့် ထိုအရာများကိုအလျှင်အမြန် ဟန့်တားလိုက်၏။
အချိန်တခဏကြာပြီးနောက် သူ၏လက်များကိုဖြည်းညှင်းစွာဖယ်ကာ သူ မည်သည့်နေရာအား ရောက်ရှိနေသည်ကို ကြည့်လိုက်စဉ်တွင်...
သူ လုံးလုံးလျားလျား ကြက်သေသေသွားသည်။
ဤသောက်ရေးမပါသောနေရာကို....အင်မော်တယ်နယ်မြေဟု ခေါ်သလော...
သောက်ရမ်းတရားလွန်တယ်....