အခန်း (၅၆၁-၅၆၅)
Vol. 38 Ch. 561-565
Chapter 561
သဲမှုန်များက မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေကာ ဤနေရာတွင် မြက်တစ်ပင်မျှ ပေါက်ရောက်နေခြင်းမရှိချေ။
လေထုအတွင်းတွင် သွေးညှီနံများ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ သေဆုံးခြင်းကြောင့် ပုတ်သိုးဆွေးမြည့်ရာမှ ထွက်ပေါ်လာသော အနံ့များလည်း စိမ့်ဝင်နေသည်။
မြေပြင်တပြင်လုံး အရိုးများပြန့်ကြဲနေကာ အလောင်းများကို လင်းတများက ထိုးဖဲ့စားနေကြသည်။
ရီဖုန်းသည် သူရှေ့ရှိ မြင်ကွင်းကိုကြည့်ပြီး နေရာမှာပင် အချိန်အတော်ကြာသည်အထိ ကြက်သေသေနေသည်။
အင်မော်တယ်နယ်မြေဟူသည်မှာ အင်မော်တယ်အငွေ့အသက်များ လူးလွန့်နေသည့်နေရာ ဖြစ်သင့်သည်မဟုတ်လော....
ရီဖုန်းက တုန်တုန်ရီရီဖြင့် သူ၏ခြေထောက်ကို မြှောက်လိုက်သည်။
ထိုလှုပ်ရှားမှုတစ်ခုကြောင့် လင်းတများကို သူ့ထံသို့ လှမ်းကြည့်မိသွားစေသည်။သူတို့အားလုံးထံတွင် သွေးနီရောင်မျက်လုံးများရှိကာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသဖြင့် ရီဖုန်းက သူ့၏မြှောက်ထားသောခြေထောက်ကို ပြန်ရုတ်လိုက်၏။
သွေးနီရောင်မျက်လုံးရှိသော လင်းတများ၏ စူးရှကျယ်လောင်သော အော်မြည်သံကြောင့် လေထုအတွင်း၌ တုန်ခါသွားကာ တိမ်တိုက်များကို ရပ်တန့်သွားစေသည်။
ရီဖုန်းသည် အလွန်ထိတ်လန့်ကြောက်ရွံသွားသဖြင့် နောက်သို့ဆုတ်လိုက်သည်။
သူ နောက်သို့ဆုတ်လိုက်စဥ်တွင် သူ့၏ခြေထောက်အောက်ရှိ အရိုးစုတစ်ချောင်းကိုနင်းမိပြီး ခလုတ်တိုက်လဲကျသွားကာ အေးစက်ပြီးနူးညံပျော့ပျောင်းသော အရာအမြောက်အများကို သူ့၏လက်ဖြင့် ဖိမိသည်။
သူ ငုံကြည့်လိုက်စဥ်တွင် ခန္ဓာကိုယ်တစ်ခုလုံးနက်မှောင်နေကာ မျက်လုံးသုံးလုံးမြွေနက်ကြီးတစ်ကောင်သည် သူ့အားကြည့်ကာ လျှာပြူတစ်ပြူတစ်ထုတ်နေသည်ကို သူ မြင်တွေ့မိလေ၏။
ထိုမြွေ၏ခန္ဓာကိုယ် ရွေ့လျားသွားကာ ရီဖုန်း၏လက်ကို ကိုက်လိုက်သည်။
"အား........"
စူးရှကျယ်လောင်သောအသံက ဤနေရာ၏ မှောင်မည်းပြီး တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖြိုခွင်းသွားသည်။
ရီဖုန်းသည် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ခုန်ထကာ သူ့၏လက်ပေါ်ရှိ မြွေနက်ကြီးကို ခါထုတ်လိုက်သည်။ထို့နောက် သူသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ သူ့၏ဖိနပ်အတွင်းမှ ဓားမြှောင်ကိုထုတ်ယူကာ သူ့၏လက်ကို လှီးဖြတ်လိုက်၏။
သွေးထွက်လာသည့်နေရာကို သူ စုတ်ထုတ်လိုက်ပြီးနောက်....
သောက်ချေးပဲ....
ကမ္ဘာကူးပြောင်းလာသော တခြားအမျိုးသားဇာတ်လိုက်များသည် အလှလေးများနှင့် အတူတကွအိပ်စက်နိုင်ကာ လောကကြီးကို စီမံအုပ်ချုပ်နိုင်သည်။
နှစ်ပေါင်းနှစ်ဆယ်....
သူသည် အလှလေးတစ်ယောက်ကိုမျှ ထိတွေ့ခဲ့ရခြင်းမရှိသည့်အပြင် လောကကြီးကို စီမံအုပ်ချုပ်နိုင်စွမ်းလည်းမရှိချေ။ထို့ထက်မက သူသည် မြွေကိုက်ခံရခြင်းကြောင့် သေဆုံးသွားနိုင်သည်မဟုတ်လော။
မြေပြင်ပေါ်သို့ သူ့၏ပါးစပ်မှသွေးအမြှုပ်များ အန်ထွက်လာမှသာ ရီဖုန်း ရပ်နားလိုက်သည်။သူသည် အဆိပ်ဖြေရန်အတွက် သူ့၏အသက်ရှုနှုန်းကို နှစ်ပတ်တိုင်တိုင် ထိန်းချုပ်ထားခဲ့သည်။
သူ့၏ခန္ဓာကိုယ်၌ အဆိပ်များမရှိတော့ကြောင်း အတည်ပြုပြီးနောက် ရီဖုန်းသည် သဲကန္တာရအတွင်း၌ ဆက်လက်၍လျှောက်လှမ်းခဲ့လေ၏။
ဤနေရာရှိ သတ္တဝါများအားလုံးသည် သန္ဓေပြောင်းသားရဲများပင်။
မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အရိုးများမှတဆင့် လူသားများသည်လည်း သေမျိုးလောကမှလူများနှင့် တူညီခြင်းမရှိချေ။
လူစိမ်းတစ်ယောက်ဖြစ်သော သူအနေဖြင့် ဤကဲ့သို့အရာများကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။ထို့ကြောင့် သူ အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
သဲကန္တာရအတွင်း၌ အချိန်ကြာမြင့်စွာ လျှောက်လှမ်းပြီးနောက် ရီဖုန်းသည် နောက်ဆုံး၌ ယဇ်ပလ္လင်တစ်ခုကို မြင်တွေ့မိသည်။
ထိုယဇ်ပလ္လင်ကို မြင့်မားသောတိုင်လုံးကြီးလေးလုံးဖြင့် ဝိုင်းရံထားကာ ထိုတိုင်လုံးတစ်လုံးစီကို အနက်ရောင်သံကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားသည်။
ထိုသံကြိုးများသည် ယဇ်ပလ္လင်နှင့် သွယ်တန်းနေကာ ယဇ်ပလ္လင်၏အလယ်ဗဟို၌ ပေါင်းစုံသွားသည်။
ထိုယဇ်ပလ္လင်၏အလယ်ဗဟိုတွင် အရပ်မျက်နှာအဘက်ဘက်မှလာသော သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသော လှောင်အိမ်တစ်ခုရှိနေသည်။
ရီဖုန်းသည် မတ်တတ်ရပ်ကာ အထက်ရှိ ယဇ်ပလ္လင်ထံသို့ မော့ကြည့်လိုက်၏။ဤနေရာရှိလေထုသည် သဲများဖြင့်ပြည့်နှက်နေကာ အပုတ်နံများ ပျံ့လွင့်နေသည်။
ရီဖုန်းသည် သူ့၏လက်ကိုမြှောက်၍ သူ့၏မျက်နှာကိုကာပြီး ယဇ်ပလ္လင်ကို ဆက်လက်၍ကြည့်လိုက်သည်။
ဤသည်မှာ မည်သည့်နေရာမျိုး ဖြစ်သနည်း....
ဤနေရာတွင် လှောင်အိမ်တစ်ခုရှိနေသဖြင့် ပတ်ဝန်းကျင်တွင် လူများရှိနေနိုင်သည်။
သူသည် တခြားလူများကို တွေ့ဆုံပါက ဤနေရာနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ပေမည်။
ရီဖုန်း ရှေ့သို့လျှောက်လှမ်းလိုက်ချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာသော်လည်း သရဲတစ္ဆေများ၏မြည်တမ်းသံကဲ့သို့ အသံများထွက်ပေါ်လာသည်။
"အပြစ်သား ကျန်းကျီ...မင်းက ကုန်းမြေတစ်ခုရဲ့အရှင်သခင်ဖြစ်ပေမယ့်...ကိုးကောင်းကင်ကို ဆန့်ကျင်ပြီး ပုန်ကန်ခဲ့တာကြောင့် အရိပ်ကျွန်းကို နယ်နှင်ဒဏ်ပေးခံရတယ်"
ထိုအသံကျရောက်လာသည်နှင့်အတူ သံကြိုးများ လှုပ်ခတ်စပြုလာသည်။
အလင်းတန်းနှင့်အတူ အရိပ်တစ်ရိပ်သည် လှောင်အိမ်အတွင်းသို့ ရောက်ရှိလာပြီးနောက် လူတစ်ယောက် ထွက်ပေါ်လာသည်။
ထို့နောက် လှောင်အိမ်တံခါး ပွင့်လာသည်။
ရီဖုန်းသည် အလွန်ပျော်ရွှင်သွားပေ၏။
အိုး...နောက်ဆုံးတော့ အသက်ရှိတဲ့လူတစ်ယောက်ကို ငါ ရှာတွေ့ပြီ....
ရီဖုန်းက ယစ်ပလ္လင်ထံသို့ အလျင်စလို လျှောက်လှမ်းသွားလိုက်သည်။ထိုအချိန်မှာပင် လှောင်အိမ်တံခါးပွင့်သွားကာ အနီရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ယောက် ထွက်လာသည်။
လေတစ်ချက်ဝှေ့ယမ်းတိုက်ခတ်လာသည်နှင့်မတူ အနီတောက်တောက်ဝတ်စုံအောက်နားစ အထက်သို့လန်သွားသည်။
သဲကန္တာရအတွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းသွားသည့်အလားပင်။
သူမ၏မျက်နှာသည် အေးစက်ပြီး လှပချောမောကာ ဆောင်းရာသီအတွင်းရှိ ရေခဲစမ်းရေနှင့် တူညီနေပေ၏။
သူမကို ကြည့်ရသည်မှာ သတ္တမလအတွင်းရှိ နေမင်းကြီးကဲ့သို့ ပူပြင်းကာ ဒွာဒဿမလအတွင်းရှိ ဆီးနှင်းကဲ့သို့ အေးစက်သည်။
"မိန်းကလေး...ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ငါ မေးလို့ရမလား"
ရီဖုန်းက ယဇ်ပလ္လင်ထံသို့ အလျှင်အမြန်သွားကာ အနီရောင်ဝတ်စုံဝတ်မိန်းကလေးကို မေးမြန်းလိုက်သည်။
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏အေးစက်ပြီးလှပသော မျက်လုံးများဖြင့်ရီဖုန်းကို တစ်ချက်စောင်းငဲ့ကြည့်သော်လည်း နောက်သို့ ချက်ချင်းပြန်လှည့်သွားကာ သူမ၏နှုတ်ခမ်းကိုစူလိုက်သည်။
"ဟိတ်...ဘယ်လိုလဲ..ငါ မင်းကို မေးချင်ရုံလေးပါပဲ...ဒီနေရာက ဘယ်လိုနေရာမျိုးလဲ"
သူက ထပ်မံ၍ မေးမြန်းလိုက်၏။
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရီဖုန်းကိုလှည့်ကြည့်ခြင်းမပြုဘဲ သူမ၏မျက်လုံးအကြည့်သည် သဲကန္တာရတစ်ခုလုံးကို ဖြတ်သန်းသွားသည်။
"မဟုတ်သေးဘူး....သူက ဆွံ့အနားမကြားတစ်ယောက်တော့ မဟုတ်လောက်ပါဘူး"
ရီဖုန်းက အနီရောင်ဝတ်စုံဝတ်မိန်းကလေးကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည် တုံ့ပြန်ခြင်းမရှိဘဲ အဝေးသို့ တည်ငြိမ်စွာကြည့်နေသည်။
သူမ၏တည်ငြိမ်အေးဆေးသော မျက်လုံးများအတွင်းတွင် လေးလံထိုင်းမှိုင်းသော ခံစားချက်များ ရှိနေလေ၏။
"သနားစရာပဲ"
ရီဖုန်းက ထိုမိန်းကလေးကိုကြည့်ပြီး သူ့၏ခေါင်းကိုခါယမ်းကာ သက်ပြင်းရှိုက်လိုက်သည်။
"အသားအရေကောင်းပြီး မျက်လုံးမြင်ပေမယ့် ဆွံ့အနားမကြားတဲ့သူတစ်ယောက်ပဲ..."
"သနားစရာပဲ...ဒါက တော်တော်လေး သနားဖို့ကောင်းတယ်....."
ရီဖုန်းက ညည်းညူကာ အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ရှေ့သို့တိုးကာ လက်ဟန်ခြေဟန်ဖြင့် စတင်ပြောဆိုလိုက်သည်။
"မင်း....ဒီနေရာက...."
ထို့နောက် သူက ရှေ့သို့လက်ညှိုးညွှန်ပြလိုက်၏။
"ဒီနေရာက ဘာနေရာလဲဆိုတာ မင်း သိလား"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးက အမူအယာကင်းမဲ့သောမျက်နှာနှင့် ရီဖုန်းကို ကြည့်လေသည်။
ထို့နောက် သူမ၏လက်တစ်ဖက်ကိုဆန့်တန်းကာ ယဇ်ပလ္လင်၏နံဘေးတစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ရီဖုန်းသည် သူမ၏လက်ညှိုးညွှန်ရာအတိုင်း လိုက်ကြည့်လိုက်ရာ ယဇ်ပလ္လင်၏နံဘေးရှိ ထောင့်တစ်နေရာ၌ လူတစ်ယောက်အရပ်အမြင့်စာ ပမာဏရှိသော ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားသည်အား သူ မြင်တွေ့မိသည်။
ထိုကျောက်စာတိုင်သည် သဲမုန်တိုင်းကြောင့် တစ်ဝက်ခန့် နစ်မြုပ်နေသည်။
ရီဖုန်းသည် ကျောက်စာတိုင်ထံသို့ လျှောက်လှမ်းသွားကာ ထိုအရာပေါ်ရှိ အဝါရောင်သဲများကို ဖယ်ရှားလိုက်၏။ထိုကျောက်စာတိုင်ပေါ်၌ စာလုံးသုံးလုံး ထွက်ပေါ်လာသည်။
အ...ရိပ်...ကျွန်း....
တခြားမည်သည့်အရာမျှ ရှိမနေချေ။ထို့ကြောင့် ရီဖုန်းသည် ကျောက်စာတိုင်၏တစ်ဖက်သို့ကြည့်ကာ အဝါရောင်သဲများကို ထပ်မံ၍ဖယ်ရှားလိုက်သည်။
အင်မော်တယ်နယ်မြေ သေမင်းကမ္ဘာ....ပြင်းထန်စွာ အပြစ်ပေးခံရသူများ နယ်နှင်ဒဏ်ခံရသောနေရာ....
ရီဖုန်းသည် မျက်ဖြူလန်သွားကာ ရုတ်တရက် သူ့ကိုယ်သူ ဆွဲဆိတ်လိုက်မိသည်။
အိုး ဘုရားရေ...ဒီလိုမကျီစားပါနဲ့....
ကြုံရာကျပန်းပို့ဆောင်ခြင်းသည် သူ့အား ရာဇဝတ်ကောင်များ နယ်နှင်ဒဏ်ပေးခံရသောနေရာသို့ ပို့ဆောင်ခဲ့သလော.....
ရီဖုန်းသည် အနည်းငယ် ပြန်ကောင်းလာပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ကျောက်စာတိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
သူသည် အံ့တင်းတင်းကြိတ်ထားလေ၏။
အချိန်တခဏကြာပြီးနောက် ရီဖုန်းသည် နောက်သို့ပြန်လှည့်ကာ အနီရောင်ဝတ်စုံဝတ်မိန်းကလေးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
"မိန်းကလေး...ငါတို့ မဟာမိတ်ဖွဲ့ကြရအောင်"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည် နောက်ဆုံး၌ သူမ၏ခေါင်းကိုလှည့်ကာ ရီဖုန်းထံသို့ ကြည့်လေသည်။
အစမှအဆုံးတိုင် ဤသည်မှာ ရီဖုန်းအပေါ် သူမ၏မျက်လုံးများ အာရုံစူးစိုက်၍ ကျရောက်လာသည့် ပထမဆုံးအကြိမ်ပင်။
သူမ၏အေးစက်စက်မျက်လုံးများအတွင်းတွင် မည်သည့်စိတ်ခံစားချက်မျှ ရှိမနေချေ။
"ငါ ပြောတာက...ငါတို့..."
ရီဖုန်းသည် သူမကို လက်ညှိုးညွှန်ပြီးနောက် သူ့ကိုယ်သူ လက်ညှိုးပြန်ညွှန်ပြလိုက်၏။ထို့နောက် သူ၏လက်ချောင်းနှစ်ချောင်းကို ပူးကပ်လိုက်သည်။
"ငါတို့ မဟာမိတ်ဖွဲ့ကြရအောင်..."
"အတူတူ ရှာကြမယ်...."
သူ့၏ပူးထားသောလက်ချောင်းများကိုခွာကာ သူ့၏လက်ယာဘက်လက်မှ လက်ညှိုးဖြင့် ပြင်ပသို့ညွှန်ပြပြီး ရှေ့နောက်ဝှေ့ယမ်းပြလိုက်၏။
"ထွက်လမ်းကို ရှာကြမယ်....."
ထိုမိန်းကလေး၏နှုတ်ခမ်းထောင့် မြင့်တက်သွားသော်လည်း သူမ၏မျက်နှာပေါ်တွင် မည်သည့်အပြုံးမျှ ရှိမနေချေ။
ထို့နောက် သူမ၏ခေါင်းကို တစ်ဖက်သို့ပြန်လှည့်ကာ ယခင်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
"ဟူး...."
ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် စိတ်ပျက်လက်ပျက်ညည်းတွားလေသည်။
"ငါက နောက်ဆုံးမှာ လူတစ်ယောက်ကို ရှာတွေ့ခဲ့ပေမယ့် သူက ဆွံ့အနားမကြားဖြစ်နေတယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ယဇ်ပလ္လင်ပေါ်မှ ဆင်းခဲ့တော့သည်။
အဝါရောင်သဲများ လွင့်စင်လာကာ သူ့၏ဝတ်စုံကို တိုက်ခတ်သွားသည်။လေပြင်းတိုက်ခတ်လာခြင်းကြောင့် သူ့၏အရှိန် နှေးကွေးသွားပေ၏။
ထိုအချိန်မှာပင် ခံစားချက်ကင်းမဲ့သော အသံတစ်သံက ရုတ်တရက် သူ၏နောက်မှ ထွက်ပေါ်လာသည်။
"နင့်မှာ ခွန်အား ဘယ်လောက်ထိရှိနေလဲ"
ရီဖုန်းသည် အလွန်ပျော်ရွှင်သွားကာ အံ့အားသင့်စွာဖြင့် အနီရောင်ဝတ်စုံဝတ်မိန်းကလေးကို လှည့်ကြည့်လိုက်သည်။
"မင်းက ဆွံ့အနားမကြားမဟုတ်ဘူးပဲ"
မိန်းကလေးသည် တုံ့ပြန်ခြင်းမရှိချေ။
"ဟူး...ဒါက အရမ်းကောင်းတာပဲ"
ရီဖုန်းက ပြောဆိုကာ နောက်သို့အလျှင်အမြန် ပြန်လည်လျှောက်လှမ်းသွားလိုက်သည်။
"ငါ မင်းနဲ့ ပြောဆိုဆက်ဆံရတာ အခက်တွေ့တော့မှာမဟုတ်ဘူး"
ရီဖုန်းက အနီရောင်ဝတ်စုံဝတ်မိန်းကလေးကိုကြည့်ကာ ပြောဆိုသည်။
"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ...ငါ့နာမည်က ရီဖုန်း...ငါက လူသားအင်မော်တယ်တစ်ယောက်ပဲ"
"လူသားအင်မော်တယ်လား...."
မိန်းကလေးက မသိမသာမျက်မှောင်ကြုတ်လိုက်သည်။
"နင် ဒီနေရာကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ရီဖုန်းက ခါးသည်းစွာပြုံးကာ သူ ဤနေရာသို့ မည်သည်ကြောင့် ရောက်ရှိလာရသည်ကို မိန်းကလေးအား အလျှင်အမြန် ပြောပြလိုက်၏။
"မိန်းကလေး...အဲ့ဒါတွေက အဓိကမကျဘူး...ဒီအခြေအနေကိုရောက်လာမှတော့ ငါတို့အတူပူးပေါင်းပြီး ဒီမနှစ်မြို့ဖွယ်ကောင်းတဲ့နေရာကြီးကနေ ထွက်သွားကြရအောင်"
ထိုစကားများကိုကြားချိန်တွင် မိန်းကလေးသည် ကြက်သေသေသွားလေ၏။
သူမက အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူမထံမှနေ၍ သရော်တော်တော်စကားများ ထွက်ပေါ်လာသည်။
"အရိပ်ကျွန်းက လေဟာနယ်ထဲမှာ ပြင်းထန်တဲ့စွမ်းအားတွေ ရောယှက်နေပြီးတော့ ကျင့်ကြံလို့မရဘူး"
"ဒီနေရာမှာ...နင့်မှာ ဘာကျင့်ကြံဆင့်မျိုးပဲ ရှိနေပါစေ...တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး သေရလိမ့်မယ်"
"အပြင်ကိုထွက်သွားဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်"
"နင့်လို ခုမှအင်မော်တယ်ဖြစ်လာတဲ့ လူတစ်ယောက်က ရုန်းကန်နေဖို့မလိုဘူး..."
သူမသည် ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းကို လျစ်လျှူရှုကာ နံဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားလေသည်။သူမ၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးနှင့် မလိုလားမှုများရှိနေကာ ထိုင်ချလိုက်၏။
ရီဖုန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ့၏ရင်ဘတ်အတွင်း၌ လေချဥ်များပျို့တက်လာသကဲ့သို့ ခံစားမိကာ သူ့အား စိတ်မသက်မသာ ခံစားရစေသည်။
အချိန်တခဏကြာပြီးနောက် ရီဖုန်းသည် သူ့၏ရင်ဘတ်ကို ဆုပ်ကိုင်ထားကာ သူ့၏မျက်နှာပေါ်တွင် ခါးသည်းသောအမူအယာတစ်ရပ်ရှိနေသည်။
"နယ်နှင်ဒဏ်ခံရတဲ့ နေရာတဲ့လား....."
Chapter 562
"ဒါဆိုရင် ငါတို့ အခုဘာလုပ်သင့်လဲ"
ရီဖုန်းက သူ မေးမြန်းသင့်သည်ဟုထင်သောစကားကို မေးမြန်းလိုက်သည်။
မည်သို့ပြုလုပ်သင့်သည်ဟု ဆိုသလော....
အနီရောင်ဝတ်စုံဝတ်မိန်းကလေးက ရီဖုန်းကို မျက်စောင်းထိုး၍ကြည့်လေသည်။
သူမ၏ခေါင်းကိုခါယမ်းလိုက်ကာ သူမကိုကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းသော ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလားပင်။
ထို့နောက် သူမသည် နံဘေးတစ်ဖက်သို့ လျှောက်လှမ်းလိုက်၏။
ရီဖုန်းသည် သူ၏လက်များကို သူ့တင်ပါးပေါ်သို့တင်ကာ အနီရောင်ဝတ်စုံဝတ်မိန်းကလေး၏ နောက်ကျောပြင်ကိုကြည့်ပြီး လေးလေးနက်နက်စဉ်းစားတွေးတောကာ သူမ၏နောက်သို့ လိုက်သွားခဲ့သည်။
"ငါက ထွက်လမ်းကိုရှာနိုင်မှာ သေချာတယ်...မင်း ဘာဆက်လုပ်မှာလဲ"
သူက အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုသည်။
အင်မော်တယ်နယ်မြေ၏သံတမန်သည် သူ့အား ဤသောက်ရေးမပါသော နေရာအစုတ်အပြတ်ထံသို့ ပို့ဆောင်ခဲ့သည်။
သူသည် အင်မော်တယ်နယ်မြေကို ယခုမှရောက်ရှိလာခြင်းဖြစ်ရာ ဤနေရာတွင် သေဆုံးသွားရမည့်အချိန်ကို မည်သည့်နည်းနှင့်မျှ စောင့်ဆိုင်းမနေနိုင်ချေ။
သူ့ရှေ့ရှိမိန်းကလေးသည် အင်မော်တယ်နယ်မြေမှလူဖြစ်သဖြင့် သူမ၏ကျင့်ကြံဆင့်သည် သူ့၏အထက်တွင် ရှိနေနိုင်သည်။
အကယ်၍ မှော်စွမ်းအားများကို ဤနေရာတွင်အသုံးပြု၍ မရလျှင်ပင် သူမသည် အင်မော်တယ်နယ်မြေအကြောင်းကို သူ့ထက်ပို၍သိမည်မှာ သေချာပေါက်ပင်။
အကယ်၍ သူသည် သူ့ရှေ့ရှိမိန်းကလေးကို တိုက်တွန်းကာ ထွက်လမ်းရှာရန်အတွက် အတူပူးပေါင်းနိုင်ပါက သူတစ်ယောက်တည်း နေရသည်ထက် ပို၍အဆင်ပြေပေမည်။
ရှေ့မှလမ်းလျှောက်နေသော ကျန်းကျီသည် နောက်ပြန်လှည့်ကြည့်ခြင်းမပြုဘဲ သူမ၏ပါးစပ်မှ စကားလုံးနှစ်လုံး ထွက်ပေါ်လာသည်။
"သေမှာကို စောင့်နေလိုက်"
"အမ်....ဒါက..."
ရီဖုန်းသည် ရပ်တန့်ကာ ကျန်းကျီ၏နောက်ကျောပြင်ကို ကြည့်လိုက်၏။
သူသည် အချိန်တခဏကြာသည်အထိ ဆွံ့အနေသည်။
ကျန်းကျီသည်လည်း ရပ်တန့်လိုက်ကာ ရီဖုန်းကိုလှည့်ကြည့်ပြီး ပြောဆိုသည်။
"ဒီနေရာမှာ ဘာမှော်စွမ်းအားကိုမှ သုံးလို့မရဘူး...နင့်မှာ လူသားအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်အခြေခံတစ်ခုပဲရှိတယ်...နင့်လမ်းနင်သွားတာ ပိုကောင်းလိမ့်မယ်"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။
"ဘာမှ စိတ်မပူနဲ့....ငါက သေမှာကိုစောင့်နေမှာမဟုတ်ဘူး"
ကျန်းကျီက အနည်းငယ်အသက်ရှူမွန်းကြပ်သွားသကဲ့သို့ ခံစားမိသည်။
"ငါ့မှာ အမှိုက်လိုမျိုး ကျင့်ကြံဆင့်အခြေခံပဲရှိတယ်ဆိုတာ ငါ သိတယ်...ဒါ့ပြင် ဒီနေရာမှာ ဘာမှော်စွမ်းအားကိုမှ အသုံးပြုလို့မရဘူးဆိုတာလည်း ငါ သိတယ်"
ရီဖုန်းသည် အဖြစ်မှန်ကိုလက်ခံသွားကာ စိတ်တည်ငြိမ်သွားလေပြီ။
သူက ကျန်းကျီကိုကြည့်ကာ ဆက်လက်၍ ပြောဆိုသည်။
"မင်းအတွက်တော့ ငါက သေမျိုးတစ်ယောက်နဲ့တူတဲ့ အမှိုက်ကောင်တစ်ကောင် ဖြစ်နေလိမ့်မယ်"
"ဒါပေမဲ့...."
"ငါက မှော်စွမ်းအားတွေ အသုံးပြုလို့မရတာနဲ့ပဲအထင်သေးမခံနိုင်ဘူး"
"နှုတ်ဆက်ခဲ့ပါတယ်"
ရီဖုန်းသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာခဲ့ကာ သူ၏လက်ကိုမြှောက်ပြီး သူ့နောက်ရှိ ကျန်းကျီကို ဝှေ့ယမ်းပြလိုက်သည်။
"ရေစက်ရှိရင် နောင်တစ်ချိန်မှာ ပြန်တွေ့ကြတာပေါ့"
အဆိုးမြင်စိတ်များစွာရှိနေကာ တစ်ချိန်လုံး သေဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေသည့် အပေါင်းအဖော်တစ်ယောက် ရှိနေသည်ထက် မည်သည့်အပေါင်းအဖော်မျှ မရှိသည်က ပို၍ကောင်းမွန်ပေမည်။
ကျန်းကျီသည် ရွေ့လျားခြင်းမပြုဘဲ ထွက်ခွာသွားသော ရီဖုန်း၏နောက်ကျောပြင် ပျောက်ကွယ်သွားသည့်အချိန်ထိ စောင့်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကျန်းကျီသည် အမူအယာကင်းမဲ့စွာဖြင့် သူမ၏ခေါင်းကို နောက်သို့ပြန်လှည့်လိုက်သည်။ထို့နောက် သူမသည် သူမသွားမည့်လမ်းကြောင်းအတိုင်း ဆက်လက်၍ လျှောက်လှမ်းခဲ့တော့သည်။
'နင်က မှော်စွမ်းအားကို အသုံးမပြုနိုင်ဘူး...ဒါတောင်မှ နင်က အသက်ရှင်သန်ချင်သေးတာလား'
အရိပ်ကျွန်းမှ ထွက်နိုင်ရန်မှာမူ.....
အရူးတစ်ယောက်၏ အိပ်မက်ပင်....
ဤသည်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
ရီဖုန်းသည် ယစ်ပလ္လင်မှထွက်ခွာခဲ့ပြီးနောက်အနောက်ဘက်သို့ဦးတည်၍ လျှောက်လှမ်းခဲ့သည်။
မည်သည်ကြောင့် ထိုအရပ်မျက်နှာအား ဦးတည်ခဲ့သည်ဆိုသည်မှာ သူ့၏မသိစိတ်ကြောင့်ပင်။ အနောက်ဘက်တွင် ပင်လယ်တစ်စင်းရှိနေသည်ဟု သူ အစဉ်အမြဲ ခံစားနေရသည်။ပင်လယ်ရှိနေသောနေရာတွင် အသက်ရှင်နေထိုင်ရသည်မှာ အစဉ်အမြဲပို၍ကောင်းမွန်သည်။
ရီဖုန်းသည် ထိုပင်လယ်ကိုမတွေ့သေးမီ လမ်းတဝက်၌ ဝံပုလွေတစ်အုပ်နှင့် ရင်ဆိုင်ကြုံတွေ့မိသည်။
ဤသည်ကို တစ်အုပ်ဟုပြောသော်လည်း အမှန်အားဖြင့် ဝံပုလွေသုံးကောင်သာရှိသည်။သို့ရာတွင် ထိုဝံပုလွေများ၏ပုံစံများသည် အလွန်အမင်းထူးဆန်းပေ၏။
ခေါင်းဆောင်ဝံပုလွေထံတွင် ခေါင်းနှစ်လုံးရှိနေသည်။
သူ့၏နောက်တွင် ခေါင်းတစ်လုံးသာရှိသော ဝံပုလွေနှစ်ကောင် ရှိနေပေ၏။
ခေါင်းဆောင်ဝံပုလွေထံတွင် ဦးချိုတစ်ချောင်းရှိကာ ခရမ်းရောင်အလင်းတန်းများတောက်ပနေသော လည်ဆံမွှေးများနှင့် ထက်ရှသောလက်သည်းခြေသည်းများရှိသည်။
"ဂွီ...."
ရီဖုန်း၏အစာအိမ်မှ ရုတ်တရက် မြည်သံတစ်သံထွက်ပေါ်လာသည်။
ဝံပုလွေသုံးကောင်သည် ရီဖုန်းကို စူး၀ူးဝါးဝါးကြည့်ပြီး သူတို့၏အစွယ်များကို ဖြဲဟလိုက်ကြကာ သူတို့၏ပါးစပ်ထောင့်များမှနေ၍ သွားရည်များ ယိုစီးကျနေသည်။
ရီဖုန်းက သူ့၏အစာအိမ်ကိုဆုပ်ကိုင်ကာ ရှင်းပြလိုက်၏။
"မင်းတို့ နားကြားမှားတာ ဖြစ်မှာပါ...ငါ မင်းတို့ကို စားချင်နေတာ မဟုတ်ပါဘူး"
အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ တောရိုင်းသားရဲများကို အမဲလိုက်ခြင်းနှင့် ငှက်များကိုသတ်ဖြတ်ခြင်းသည် သေမျိုးများ၏နယ်မြေ ဖြစ်နေသောကြောင့်ပင်။
အင်မော်တယ်မြစ်ကုန်းမြေမှ အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာသူတစ်ယောက်ဖြစ်သော သူ့အနေဖြင့် မှော်စွမ်းအားများ အသုံးမပြုနိုင်သော အမှိုက်ကောင်တစ်ကောင် ဖြစ်နေလေရာ မည်သည်ကြောင့် သူထံတွင် အမဲလိုက်ကာသတ်ဖြတ်နိုင်သည့် အရည်အချင်းမျိုး ရှိနိုင်မည်နည်း။
'မလုပ်ရဲဘူး...ငါ မလုပ်ရဲဘူး'
ရီဖုန်း၏ရှင်းပြချက်ကိုကြားသော်လည်း ဝံပုလွေသုံးကောင်သည် သူ့အား အလွတ်ပေးခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် ခေါင်းဆောင်ဝံပုလွေသည် ရီဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ့၏ခန္ဓာကိုယ်ကို ရှေ့သို့ညွှတ်ကိုင်းပြီး ခုန်အုပ်မည့်ကိုယ်နေဟန်ထားမျိုးတွင် ရှိနေသည်။
တိုးညှင်းသောအူသံတစ်သံနှင့်အတူ ခေါင်းဆောင်ဝံပုလွေ၏နောက်ရှိ ဝံပုလွေနှစ်ကောင်သည်လည်း ရီဖုန်းကို နံဘေးတစ်ဖက်တစ်ချက်မှလှည့်ပတ်ကာ သူ ထွက်မပြေးနိုင်စေရန် ပိတ်ဆို့ဟန့်တားထားသည်။
ဝံပုလွေသုံးကောင်သည် ရီဖုန်းအား ဝိုင်းရံထားလေ၏။
ရီဖုန်း၏နှလုံးခုန်နှုန်းများ လျှင်မြန်စပြုလာသည်။
"သောက်ချေးပဲ...ငါ ဒီနေရာမှာတော့ သေရမှာမဟုတ်ဘူးမလား"
ရီဖုန်းသည် သူ အစဉ်အမြဲသယ်ဆောင်လာခဲ့သော ဓားမြှောင်ကို ထုတ်ယူလိုက်သည်။
သူ ထုတ်ယူလိုက်သော ဓားမြှောင်ပေါ်တွင် သူ့၏ခြောက်သွေ့သွားသောသွေးများ စွန်းထင်းနေဆဲပင်။
ရီဖုန်းက လျှာထုတ်ကာ ဓားမြောင်၏ဓားသွားကို ပွတ်ဆွဲလိုက်၏။ထိုဓားမြှောင်ပေါ်ရှိသွေးကို လျက်ပြီးနောက် သူသည် ဓားမြှောင်ကို သူ့၏လက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
သူ့၏မျက်လုံးများသည် သိမ်းငှက်တစ်ကောင်အလား သူ့ရှေ့ရှိ ဝံပုလွေသုံးကောင်ကို စူးစိုက်၍ကြည့်နေကာ ရက်စက်ကြမ်းကြုတ်ပြီးတည်ကြည်ပြတ်သားသည်။
ယခုမှ သူ စကားပြောဆိုနေပါက အလွန်အမင်း နောက်ကျသွားပေမည်။ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်တွင် နံဘေးတစ်ဖက်တချက်တွင်ရှိနေသော ဝံပုလွေနှစ်ကောင်သည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ရီဖုန်းထံသို့ တိုးဝင်လာပေ၏။
ခေါင်းဆောင်ဝံပုလွေသည်လည်း ဟိန်းဟောက်ကာ အေးစက်စက်အငွေ့အသက်များ ရောယှက်နေသော သူ့၏ထက်ရှသည့်သွားများဖြင့် ကိုက်ဖြတ်ရန် ရီဖုန်းထံသို့ ခုန်ဝင်လာခဲ့သည်။
ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ဓားချက်တစ်ချက်ကို အလျှင်အမြန်ဝှေ့ယမ်းလိုက်သည်။
သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ့ရှေ့၌ ဝံပုလွေအသေကောင်သုံးကောင် ရောက်ရှိနေသည်။
ဓားချက်တစ်ချက်ဖြင့်...
ထိုဝံပုလွေများအကြားမှ ထွက်ပြေးရန်ဟန်ပြင်နေသော ရီဖုန်း၏ခန္ဓာကိုယ်သည်လည်း ရပ်တန့်သွားပေ၏။
သူ တိုက်ခိုက်ရန်ဟန်ပြင်နေသည်မှာ လုံခြုံစိတ်ချရသောနေရာသို့ ထိုဝံပုလွေများကိုများခေါ်ကာ ခုခံကာကွယ်ရင်းတိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။
မမျှော်လင့်ဘဲ ဓားချက်တစ်ချက် ကျရောက်သွားရုံဖြင့်....
ထိုအချိန်တုန်းက ဓားချက်တစ်ချက်သာ သူ အသုံးပြုခဲ့သည်။
"ဒါက ဘာလဲ"
ရီဖုန်းသည် အသိဝင်လာပြီးနောက် သရော်တော်တော် ရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုကြီးလဲ"
"ဒီကောင်တွေက အရမ်းသန်မာအားကောင်းတယ်လို့ ငါ ထင်နေခဲ့တာ"
သူသည် ရှေ့သို့လျှောက်လှမ်းသွားကာ ခေါင်းဆောင်ဝံပုလွေ၏အလောင်းကို ကန်ကျောက်လိုက်၏။
"မင်းရဲ့ကိုယ်နေဟန်ထားကတော့ အရမ်းကြောက်ဖို့ကောင်းတာပဲ...မင်းက အရမ်းအစွမ်းထက်တယ်လို့ ငါ ထင်ခဲ့တာ....သောက်ချေးပဲ"
ထိုသို့ပြောဆိုပြီးနောက် သူသည် ဆောင့်ကြောင့်ထိုင်ကာ ဝံပုလွေများကိုအရေခွံဆုတ်ပြီး အသားများလှီးဖြတ်သည့်အလုပ်ကို စတင်၍လုပ်ဆောင်လိုက်တော့သည်။
"အမှန်တော့ ဒါက ဒီနေရာမှာ သားရဲတွေကလည်း မကျင့်ကြံနိုင်ဘူးလို့ ဆိုလိုတာမဟုတ်လား"
ရီဖုန်းက တီးတိုးရေရွတ်လေသည်။
"ဒါဆိုရင် ဒီနေရာမှာရှိတဲ့သားရဲတွေက သေမျိုးလောကထဲက တောရိုင်းတိရစ္ဆာန်တွေနဲ့ အများကြီးကွာခြားမှုရှိမှာမဟုတ်ဘူး"
ပြောရမည်ဆိုလျှင် အင်မော်တယ်နယ်မြေနှင့်အင်မော်တယ်မြစ်ကုန်းမြေ၏ ရေနှင့်မြေတို့ကွဲပြားခြားနားသွားသောကြောင့် တောရိုင်းသားရဲများ၏အသွင်အပြင်များ ထူးဆန်းနေခြင်းဖြစ်ပေမည်။
ရီဖုန်းသည် ဝံပုလွေသုံးကောင်၏အသားများကိုဖြတ်တောက်ကာ စားသောက်ရန်အတွက် ထုတ်ပိုးသိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် မီးမွှေးကာ အသားအနည်းငယ်ကို ချက်ပြုတ်စားသောက်ပြီး ကြွင်းကျန်သောအသားများကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်၏။
ဝံပုလွေများ၏အရေခွံများကိုမူ ရီဖုန်းသည် ခေါင်းဆောင်ဝံပုလွေ၏အရေခွံကို အကောင်းပကတိ သိမ်းဆည်းခဲ့သည်။
ဤနေရာတွင် သဲမှုန်အမြောက်အများရှိနေသဖြင့် လေတိုက်ခတ်ရာတွင်ပါလာသော သဲမှုန်များကြောင့် သူ့၏အဝတ်အစားများ စုတ်ပြဲနေလေပြီ။
ဤဝံပုလွေအရေခွံကို ဝတ်ရုံအဖြစ် အသုံးပြုကာ ခြုံလွှမ်းထားပါက သူ့၏ခန္ဓာကိုယ်သည်လေပြင်းနှင့်သဲမှုန်များကို ကာကွယ်ဟန့်တားနိုင်ပေမည်။
ဝံပုလွေသားများကိုသိမ်းဆည်းကာ ဝံပုလွေအရေခွံကို ခြုံလွှမ်းပြီးနောက် ရီဖုန်းသည် အနောက်ဘက်သို့ ဆက်လက်၍လျှောက်လှမ်းခဲ့တော့သည်။
...
...
လေပြင်းတိုက်ခိုက်နေသည်မှာ မည်မျှထိ ကြာမြင့်သွားသည်ကို မည်သူမျှ မသိနိုင်ချေ။
အနီရဲရဲတောက်တောက် ပုံရိပ်တစ်ခုသည် သဲမုန်တိုင်းအကြားမှ ထွက်လာလေ၏။
ထိုပုံရိပ် တဖြည်းဖြည်း နီးကပ်လာစဉ်တွင် ကျန်းကျီဖြစ်နေသည်။
ကျန်းကျီ၏မျက်နှာသည် ဖြူရော်နေကာ သူမသည် ဤရက်များအတွင်းတွင် အရိပ်ကျွန်းအတွင်း၌ အလွန်အမင်းခက်ခဲစွာ နေထိုင်ခဲ့ရသည်။ဤနေရာတွင် အသက်ရှင်သန်နေသော သားရဲများအားလုံးသည် ဒေါသစွမ်းအား၏ကောင်းချီးပေးခြင်းကို ခံယူထားရပေ၏။
ဤနေရာတွင် လူသားများသည် ကျင့်ကြံနိုင်ခြင်းမရှိသော်လည်း သားရဲများသည် ဒေါသစွမ်းအားဖြင့် လိုက်လျောညီထွေဖြစ်ကာ ကျင့်ကြံနိုင်စွမ်းရှိသည်။
ကျင့်ကြံနိုင်ခြင်းမရှိသော အင်မော်တယ်များနှင့်နှိုင်းယှဥ်ပါက ဤနေရာတွင် ထိုသားရဲများသည် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ထိုသားရဲများသည် ရက်စက်ကြမ်းကြုတ်ကာသွေးဆာသော သတ္တဝါများပင်။အကြောင်းအရင်းမှာ သူတို့သည် ဒေါသစွမ်းအားဖြင့် ကျင့်ကြံထားခြင်းကြောင့်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုသားရဲများနှင့်တွေ့ဆုံပါက သူထံတွင် ကျင့်ကြံဆင့်စွမ်းအားမရှိသဖြင့် ကျားခံတွင်းသို့ဝင်သွားသော သိုးတစ်ကောင်အလား ဖြစ်သွားပေမည်။
ကျင့်ကြံဆင့်အခြေခံကမူ....
ဥပမာအနေဖြင့် သူမသည် ယခုလက်ရှိအချိန်၌ ဤအချိန်အတောအတွင်းတွင် သန္ဓေပြောင်းကားရဲ့အမြောက်အများကို ရင်ဆိုင်နိုင်ရန်အလို့ငှာ သူမ၏ကျင့်ကြံဆင့်အခြေခံကို ထုတ်ဖော်အသုံးပြုပြီး ပြင်းထန်သောစွမ်းအားဖြင့် တိုက်ခိုက်ခဲ့ရသည်။
ဤသည်မှာ သူမ၏ကျင့်ကြံဆင့်အခြေခံကို ထိခိုက်ပျက်စီးစေရုံသာမက အကယ်၍ သူမသည် သတိလက်လွတ်နေမိပါက သူမ မရှုမလှသေဆုံးသွားပေမည်။
ထိုကြောင့် သူမသည် ကျင့်ကြံဆင့်အခြေခံစွမ်းအားများကို ထပ်မံ၍အသုံးမပြုဘဲ ထိုသားရဲများကို ရှောင်ကွင်းသွားလာခြင်းဖြင့်သာ အသက်ရှင်သန်နိုင်လေမည်။
ကျန်းကျီသည် တရွေ့ရွေ့လမ်းလျှောက်ကာ သဲမုန်တိုင်းအကြားမှ ထွက်လာခဲ့သည်။
ပြင်ပသို့ သူမ ရောက်ရှိလာချိန်၌ မြေပြင်ပေါ်၌ အရိုးများရှိနေသည်ကို သူမ တွေ့မြင်လိုက်ရသည်။
ဤနေရာတဝိုက်တွင် အလောင်းများပြန်ကြဲနေသဖြင့် လူသားများ၏အရိုးစုများဖြစ်နေပါက မည်သည့်ထူးခြားချက်မျှ ရှိမည်မဟုတ်ချေ။
သို့ရာတွင် သူမသည် မြေပြင်ပေါ်၌ အရိပ်ဝံပုလွေများ၏အလောင်းများကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤအရိပ်ကျွန်းအတွင်း၌ တခြားသားရဲများသည် ဒေါသစွမ်းအား၏ကောင်းချီးပေးခြင်းကြောင့် အသက်ရှင်သန်နိုင်ကာ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သည်အထိ သန္ဓေပြောင်းနိုင်စွမ်းရှိသည်။
သို့ရာတွင် အရိပ်ဝံပုလွေများကမူ ကွဲပြားခြားနားပေ၏။ထိုသားရဲများသည် ဤနေရာ၌မွေးဖွားပြီး ဤနေရာ၌ကြီးပြင်းလာသော သားရဲများပင်။
အရိပ်ကျွန်းပေါ်ရှိ မြက်ပင်တစ်ပင် ကျောက်တုံးတစ်တုံးမှအစပြု၍ လေပြင်းသဲမုန်တိုင်းအထိ ဒေါသစွမ်းအား၏အရိပ်အယောင်များအားလုံးသည် ထိုအရိပ်ဝံပုလွေများအား ပို၍အစွမ်းထက်အောင် ပြုလုပ်ပေးနိုင်သည်။
ဤကျွန်းပေါ်၌ အရိပ်ဝံပုလွေများသည် အစစ်အမှန်အရှင်သခင်များပင်။
ထိုသားရဲများသည် အရိပ်ကျွန်းပေါ်ရှိလူများနှင့် တခြားသက်ရှိများ၏သေရင်းရှင်ရေးကို ထိန်းချုပ်နိုင်သည်ဟု ပြောပါက ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။
အထူးသဖြင့် မျိုးနွယ်စုအချင်းချင်းတိုက်ပွဲမှလွဲ၍ အရိပ်ဝံပုလွေများကို သတ်ဖြတ်နိုင်သောစွမ်းအားရှိသူဟူ၍ ဤနေရာတွင် မရှိသလောက်နီးပါးပင်။
ဤနေရာတွင် ပြင်းထန်သောရုန်းကန်မှုများ ရှိလို့ရှိငြား ကျန်းကျီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ထိုဝံပုလွေသုံးကောင်၏အလောင်းများမှလွဲ၍ တခြားမည်သည့်အရာမျှ ရှိမနေချေ။
အကယ်၍ မျိုးနွယ်စုတိုက်ပွဲဆိုပါက ဤနေရာတွင် ဝံပုလွေအလောင်းသုံးလောင်းထက် ပို၍ရှိနေပေမည်။
အကယ်၍ တခြားအရိပ်ဝံပုလွေများ၏အလောင်းများ ရှိမနေလျှင်ပင် အနည်းဆုံးအနေဖြင့် သူတို့၏သွေးစသွေးနများ ကျန်ရှိနေနိုင်သည်။
သို့ရာတွင် ဤနေရာတွင် သူမ မြင်မိသရွေ့ ဝံပုလွေသုံးကောင်၏အလောင်းနှင့် သူတို့၏သွေးစသွေးနများသာ ရှိနေသည်။
ဤသည်မှာ...
အတွေးတစ်ခုက သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသော်လည်း ကျန်းကျီက အလျှင်အမြန်ဖယ်ထုတ်လိုက်သည်။
တစ်စုံတစ်ယောက်သည် အရိပ်ဝံပုလွေကိုသတ်ဖြတ်ရန် အထူးသဖြင့် ခေါင်းဆောင်အရိပ်ဝံပုလွေကိုသတ်ဖြတ်ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။
ကျန်းကျီသည် ထိုဝံပုလွေသုံးကောင်၏ဒဏ်ရာများကို စစ်ဆေးလိုသဖြင့် ဆောင့်ကြောင့်ထိုင်လိုက်၏။
စိတ်ပျက်ဖွယ်ကောင်းသည်မှာ ဝံပုလွေများ၏အမွှေးများကို ဖယ်ရှားလိုက်သည်နှင့် သူမသည် ဒဏ်ရာကိုတွေ့ရန် နေနေသာသာ ကောင်းမွန်သောအသားအများစုသည် ဖယ်ထုတ်ခံထားရပြီး သူတို့၏အရိုးများသာ အကောင်းပကတိကျန်ရှိနေသည်။
ခေါင်းဆောင်ဝံပုလွေကမူ အသားများအပြင် သူ့၏အရေခွံသည်လည်း ရှိမနေတော့ချေ။
နံဘေးတစ်ဖက်တွင်ရှိနေသော မီးကြွင်းမီးကျန် အစအနများကိုကြည့်ပြီး တစ်စုံတစ်ယောက်သည် ဤနေရာသို့ သူမထက်အရင် ရောက်ရှိလာခဲ့ကြောင်း ကျန်းကျီက နားလည်သဘောပေါက်သွားသည်။
ထိုလူသည် ဝံပုလွေသားများကိုစားကာ ခေါင်းဆောင်ဝံပုလွေ၏အရေခွံကို ယူဆောင်သွားပုံရသည်။
ကျန်းကျီသည် သူမ၏တံတွေးများကို မြိုချကာအချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် မြေပင်ပေါ်ရှိ အသားစအကြွင်းအကျန်များကိုကောက်ယူကာ မီးပုံရှိသောနေရာသို့သွား၍ ချက်ပြုတ်စားသောက်လိုက်သည်။
ဤသည်မှာ ယခုနေရာသို့ ရောက်ရှိပြီးနောက်ကျန်းကျီသည် သူမ၏ဗိုက်ပြည့်တင်းသည်အထိ စားရသော ပထမဆုံးအကြိမ်ပင်။
ထိုနောက် သူမသည် မတ်တတ်ထရပ်ကာ ဤနေရာမှ ထွက်ခွာခဲ့တော့သည်။
လေထုအတွင်း၌ သဲမှုန်များရောယှက်နေသဖြင့် ကျန်းကျီ၏မျက်နှာကို နာကျင်စေသည်။
ဤအရိပ်ကျွန်းမှ ထွက်ခွာသွားမည်ဟု ပြောဆိုခဲ့သော လူငယ်လေးအကြောင်းကို သူမ ကူကယ်ရာမဲ့စွာဖြင့် တွေးတောလိုက်မိသည်။
လူသားအင်မော်တယ် ကျင့်ကြံဆင့်အခြေခံမျှသာရှိသော ထိုလူငယ်သည် ဤအရိပ်ကျွန်းပေါ်၌ သေဆုံးသွားပြီးဖြစ်ပေမည်။
သူသည် သူမ၏ရှေသို့ရောက်ရှိလာကာ အရိပ်ကျွန်းမှ အတူတကွထွက်သွားမည်ဟု ပြောဆိုသည်ပုံစံကို ကွက်ကွက်ကွင်းကွင်းပြန်မြင်ယောင်မိချိန်တွင် ကျန်းကျီသည် အနည်းငယ်စိတ်မကောင်းဖြစ်သွားသကဲ့သို့ ခံစားမိလေ၏။
ထိုလူငယ်သည် အသက်ရှင်သန်ရန်အတွက် မျှော်လင့်ချက်ကို လက်လျှော့အရှုံးပေးခဲ့ခြင်းမရှိချေ။
ဤသည်အတွက် သူမသည် သူ့အား လေးစားကြည်ညိုမိသည်။
သို့ရာတွင် သူမတို့သည် ဤနေရာတွင် မည်သည့်အရာအား တတ်စွမ်းနိုင်မည်နည်း။
အရိပ်ကျွန်းပေါ်ရှိ မြေပြင်ပေါ်တွင် အဆင့်မြင့်အင်မော်တယ်များ၏ မရေမတွက်နိုင်သောအရိုးစုများရှိနေလေရာ ထိုလူငယ်ကဲ့သို့ လူသားအင်မော်တယ်တစ်ယောက်ကို ထည့်တွက်ရန်ပင်မလိုချေ။
Chapter 563
ပြောရမည်ဆိုလျှင်....
အင်မော်တယ်နယ်မြေသည် အမှန်တကယ်ကို မျက်စိရှုပ်ဖွယ်ကောင်းပေ၏။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏ရှေ့၌ ထွက်ပေါ်လာသည်မှာ ပင်လယ်နက်ကြီးတစ်စင်း ဖြစ်နေသောကြောင့်ပင်။
ထိုနေရာသို့ လျှောက်လှမ်းသွားကြည့်ပါက အကြည့်တစ်ချက်ဖြင့်ပင် ပိန်းပိတ်သည်အထိမှောင်မည်းနေကာ အကန့်အသတ်မရှိကျယ်ဝန်းသော ပင်လယ်နက်ကြီးကို တွေ့မြင်နိုင်သည်။
ဤသည်မှာ သောက်ရေးမပါလှစွာပင် မှောင်မိုက်သောညတစ်ညနှင့် တူညီနေသည်။
ဤပင်လယ်ပြင်ကြီးမှ သူ ပြင်ပသို့ ထွက်နိုင်ပါမည်လော....
သို့ရာတွင် သူ ကြိုးစားကြည့်ရပေမည်။
မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် ဝှက်ဖဲတစ်ချပ်ရှိနေသဖြင့် သူ ပင်လယ်ကိုရှာဖွေနေခြင်းဖြစ်သည်။
ဤှသည်မှာ ကုန်းရေနှစ်သွယ် သွားလာနိုင်သော မန်မန်ပင်။
သူ့ရှေ့ရှိ အနက်ရောင်ရေများကိုကြည့်ရင်း ရီဖုန်းသည် အနည်းငယ်စိတ်လှုပ်ရှားသကဲ့သို့ ခံစားမိလေ၏။ထို့ကြောင့် သူသည် သိုလှောင်လက်စွပ်အတွင်းမှနေ၍ မန်မန်ကို ထုတ်ယူလိုက်သည်။
"လာခဲ့အုံး....မင်းအတွက် အချိန်ကျပြီ...ဒီရေမှာ အဆိပ်ရှိမရှိသိရအောင် တစ်ငုံလောက်မြည်းကြည့်ပါအုံး"
ရီဖုန်းက ပြောဆိုကာ ရေကိုယောက်ချိုဇွန်းဖြင့်ခပ်ပြီး မန်မန်၏ပါးစပ်အနီးသို့ ပို့ဆောင်လေသည်။
မန်မန်သည် သူ့၏ခေါင်းကို တရွေ့ရွေ့လှည့်ကာ သူ့၏ခေါင်းထက်ရှိ ဦးမှင်မွှေးနှစ်ချောင်းထိပ်မှ မျက်လုံးတစ်စုံ အနည်းငယ်ငိုက်ကျလာပြီး ရီဖုန်းကိုကြည့်လိုက်သည်။
အမူအယာကင်းမဲ့စွာဖြင့်....
"ဒါက အဆိပ်ရှိမရှိသိရအောင် မင်း တစ်ငုံငုံပြီး မြည်းစမ်းကြည့်စမ်းပါ"
ရီဖုန်းသည် အနက်ရောင်ရေများကို ယောက်ချိုဇွန်းဖြင့်အပြည့် ထပ်မံ၍ခပ်ကာ မန်မန်၏ရှေ့သို့ ပို့ဆောင်လိုက်သည်။
"တစ်ငုံလေးပါပဲ"
မန်မန်၏ဦးမှင်မွှေးများ အထက်သို့ဆန့်တန်းသွားကာ သူသည် ရီဖုန်းကို ထပ်မံ၍ကြည့်ရမည်အား ပျင်းရိနေပုံရသည်။
ထိုနောက် သူ့၏ခေါင်းကို အလွန်အမင်းနှေးကွေးစွာငုံပြီး အနက်ရောင်ရေများကို သူ့၏ပါးစပ်ဖြင့် သောက်လိုက်သည်။
သူသည် အမူအယာကင်းမဲ့စွာဖြင့် ရှိနေဆဲပင်။
ရီဖုန်းသည် အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက် စိတ်သက်သာရာသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒါကိုကြည့်ရတာ အဆိပ်ရှိပုံမရဘူး"
"ဒီအနက်ရောင်ရေထဲမှာ အဆိပ်မရှိရင် အဆင်ပြေသွားပြီ...ငါက ရေထဲမှာ အဆိပ်ရှိနေမှာကို စိုးရိမ်နေခဲ့တယ်...အဲ့ဒီလိုဖြစ်နေရင် ငါက ပင်လယ်ပြင်ကို ဖြတ်ကျော်တဲ့အချိန်ကျရင် အဆိပ်မိပြီးတော့ သေသွားနိုင်တယ်"
မန်မန်ကို သိုလှောင်လက်စွပ်အတွင်းသို့ ပြန်ထည့်ပြီးနောက် ရီဖုန်းသည် နံဘေး၌ယာယီစခန်းတစ်ခုကို စတင်၍တည်ဆောက်လိုက်သည်။
ဤပင်လက်နက်ကို သူ ဖြတ်ကူး၍သွားရမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် အချိန်အတိအကျသည် မည်မျှထိ ကြာမြင့်မည်ကိုမူ သူ မသိရှိချေ။
မည်သို့ပင်ဆိုစေကာမူ ခရုများပင်လျှင် သွားလိုသောပန်းတိုင်သို့ တရွေ့ရွေ့အရောက်သွားနိုင်သည်။
ထို့ကြောင့် သူ ပထမဆုံးပြင်ဆင်ရမည့်ကိစ္စမှာ အစာရေစာအလုံအလောက် စုဆောင်းထားရန်ပင်။
ဤပင်လယ်နက်သည် မည်မျှထိ ကြီးမားကျယ်ပြန့်သည်ကို သူ မသိရှိချေ။သို့ရာတွင် သူ အင်မော်တယ်နယ်မြေသို့ ရောက်မလာမီ ဤအင်မော်တယ်နယ်မြေသည် အင်မော်တယ်မြစ်ကုန်းမြေထက် အဆပေါင်းသောင်းနှင့်ချီ၍ ကျယ်ဝန်းကြောင်း သူ သိရှိခဲ့ရသည်။
ထို့ကြောင့် ဤပင်လယ်နက်သည်လည်း အလွန်ကြီးမားကျယ်ပြန့်ပေမည်။
အစာရေစာအလုံအလောက်မရှိခြင်းကြောင့် သူသည် ပင်လယ်ပြင်၌ ငတ်မွတ်၍သေဆုံးသွားပါက အလွန်အမင်းသနားဖွယ် ကောင်းနေပေမည်။
အနည်းဆုံးအနေဖြင့် သူ အစာရေစာများကို သုံးနှစ်စာခန့် ပြင်ဆင်ရပေမည်။
ရေအတွင်း၌ အဆိပ်မရှိသောကြောင့် ရေများအတွင်းရှိ ငါးများထံတွင်လည်း အဆိပ်ရှိမည်မဟုတ်ချေ။
ရီဖုန်းသည် မှိန်းတစ်ချောင်းကို ပြုလုပ်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ပင်လယ်ကမ်းစပ်ထံသို့ လျှောက်လှမ်းခဲ့သည်။
ပတ်ဝန်းကျင်၌ အချိန်အတော်ကြာ လျှောက်လှမ်းပြီးသည့်တိုင် သူသည် ငါးတစ်ကောင်တစ်လေကိုမျှ ရှာမတွေ့ခဲ့ချေ။
ဤပင်လယ်မှရေများသည် အလွန်အမင်း နက်မှောင်နေပေ၏။
"အိုး....သောက်ချေးပဲ"
သူ ပင်လယ်ရေအတွင်းသို့ ဆင်းလိုက်သည်နှင့် သူ့၏လက်နှင့်ဝမ်းဗိုက်ကို တစ်စုံတစ်ခုမှ ထိုးစိုက်ခြင်းခံလိုက်ရသည်။ဤသည်မှာ ပိုးမွှားတချို့၏ကိုက်ခြင်းကို ခံလိုက်ရသည့်အလားပင်။
ရီဖုန်းသည် ထိုအရာကို သူ့၏လက်ဖြင့် အလျှင်အမြန်ဖမ်းဆုပ်လိုက်၏။
သူ ဖမ်းဆုပ်မိသည်မှာ အလွန့်အလွန်အရုပ်ဆိုးသော ငါးတစ်ကောင်ပင်။
ထိုငါးသည် အနက်ရောင်ဖြစ်သဖြင့် ဤပင်လယ်နက်အတွင်း၌ ထိုအရာကို တစိုးတသိမျှ တွေ့မြင်နိုင်မည်မဟုတ်ချေ။
ဤငါးတွင် ထက်ရှသောသွားများနှင့် အပြာရောင်မျက်လုံးများရှိသည်။ဤအချိန်အခိုက်အတန့်တွင် ထိုငါးသည် ရီဖုန်းကိုကြည့်ကာ သူ့၏ပါးစပ်ဖြင့် ပြင်းပြင်းထန်ထန်ကိုက်လိုက်သည်။
ထိုငါး၏ အပေါ်မေးရိုးနှင့်အောက်မေးရိုးတို့ရှိ ထက်ရှသောသွားများ အလျှင်အမြန်ရိုက်ခတ်မိသောကြောင့် 'ဂတ် ဂတ် ဂတ်'ဟူသောအသံများ ထွက်ပေါ်နေကာ ရီဖုန်းကို ဝါးမြိုနိုင်ရန် ကြိုးစားနေသည်။
ရီဖုန်းသည် လေထုကိုအရူးအမူး ကိုက်နေသည့် ရုပ်ဆိုးငါးကိုကြည့်ကာ ဗွမ်းခနဲအသံတစ်သံနှင့်အတူ ရေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကိုင်ပေါက်လိုက်၏။
ငါးမျက်လုံးများ ပြူးထွက်လာကာ ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး သေဆုံးသွားတော့သည်။
ငါးသည် ရေပေါ်၌ ပေါလောပေါ်နေလေ၏။
ရီဖုန်းသည် ထိုငါးကိုကောက်ယူပြီးနောက် ခြင်းတောင်းတစ်ခုအတွင်းသို့ ပစ်ထည့်လိုက်သည်။
"အု...."
နောက်ထပ်အသံတစ်သံ....
ရီဖုန်းက နောက်ထပ်ငါးတစ်ကောင်ကို ဖမ်းဆုပ်လေသည်။
"သောက်ချေးပဲ....သောက်ချေးပဲ...."
ငါးစာသည် ရေထုအတွင်းသို့ ကျရောက်သွားခြင်းနှင့်အတူ ပိုးမွှားငယ်များ ကိုက်သည့်အလား ထုံကျင်နေသည်။
ရီဖုန်းသည် ထိုငါးများကို ဖမ်းဆီးခြင်းမပြုချေ။
သူ့၏ခြေဖဝါးကို မြှောက်တင်လိုက်ရုံပင်။
ငါးစာအဖြစ် အသုံးပြုထားသည့် သူ့၏ဖြူဖွေးသော ခြေထောက်တစ်စုံ၌ ထူထပ်သိပ်သည်းသောငါးများဖြင့် ပြည့်နှက်နေသည်။
ထိုငါးများအားလုံးသည် ရီဖုန်း၏ခြေထောက်ကို ကိုက်ထားကြလေ၏။
"မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ မင်းတို့ရဲ့အဖိုးကို ကိုက်ရဲတာလဲ...မင်းတို့က အားထည့်ပြီးတောင် ကိုက်လိုက်သေးတယ်"
ရီဖုန်းသည် ခြင်းတောင်းကိုကောက်ယူကာ သူ့၏ခြေထောက်အောက်၌ ထားလိုက်သည်။
သူ့၏ခြေထောက်တစ်ဖက်ကို ခါယမ်းလိုက်ခြင်းနှင့်အတူ ခြင်းတောင်းတစ်ဝက်ခန့် ပြည့်သွားသည်။
ထို့နောက် သူ့၏တခြားခြေထောက်တစ်ဖက်ကိုမြှောက်ကာ ထပ်မံ၍ခါယမ်းလိုက်၏။
ရီဖုန်းသည် ကမ်းခြေ၌နေရာရွှေ့ကာ ခြင်းတောင်းများကိုအလဲအလှယ်လုပ်ကာ သူ့၏ခြေထောက်ကို ခါယမ်းနေသည်။
သူသည် ငါးသေများအားလုံးကို ကမ်းခြေတွင် နေလှန်း၍ အခြောက်ခံပြီးနောက် ငါးများ ဆက်လက်၍ဖမ်းရန်အတွက် ကမ်းခြေ၌ထိုင်ကာ သူ့၏ခြေထောက်ကို ရေအတွင်းသို့ချလိုက်၏။
ရက်ပေါင်းအတော်ကြာသည်အထိ ရီဖုန်းသည် နံနက်ခင်းတွင် ငါးများကိုဖမ်းဆီးပြီး နေ့လည်ခင်းတွင် ငါးများကိုကိုင်တွယ်သည်။သူသည် ငါးများကိုအတုံးသေးသေးတုံး၍ ဘူးများအတွင်းသို့ထည့်ကာ ငါးစည်သွပ်ဘူး သို့မဟုတ် ငါးများကိုလှီးဖြတ်၍ ငါးအစာသွပ်ချောင်းပြုလုပ်သည့်အပြင် တချို့ငါးများကို အခြောက်လှန်း၍ ငါးခြောက်များ ပြုလုပ်ခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်း၌...
ကျန်းကျီသည် အဝေးမှနေ၍ ပင်လယ်နက်ကြီးကို တွေ့မြင်မိသည်။
သူမသည် မထင်မှတ်ဘဲ ခြေဦးတည်ရာလျှောက်သွားရင်း ပင်လယ်နက်ထံသို့ မတော်တဆရောက်ရှိလာခြင်းဖြစ်သည်။
ကျန်းကျီသည် မူလက ထွက်သွားလိုသော်လည်း ပင်လယ်နက်အနီးရှိ ကမ်းခြေပေါ်တွင် လူတစ်ယောက်ရှိနေသည်ကို သူမ မြင်တွေ့မိလေ၏။
အရိပ်ကျွန်းပေါ်၌ သက်ရှိလူသားတစ်ယောက် အမှန်တကယ် ရှိနေသေးသလော....
ကျန်းကျီသည် သူမ၏စိတ်ကို မထိန်းချုပ်နိုင်သောသဖြင့် ပင်လယ်နက်ထံသို့ဦးတည်၍သွားလိုက်သည်။
ထိုနေရာသို့ သူမ နီးကပ်သွားချိန်တွင် ပင်လယ်ရေအတွင်း၌ ခုန်ပေါက်နေသော လူတစ်ယောက်ကို သူမ ရုတ်တရက် တွေ့မြင်မိသည်။
ကျန်းကျီသည် အံ့အားသင့်တုန်လှုပ်သွားကာ ထိုလူကို စူးစိုက်၍ကြည့်လိုက်၏။
ထိုလူ၏အဝတ်အစားများသည် အလွန်ထူးဆန်းကာ လူရိုင်းတစ်ယောက်နှင့်တူညီနေပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အနက်ရောင်ပန်းဖွားများဖြင့် ပြည့်နှက်နေသည်။
သူသည် အနက်ရောင်ပန်းဖွားများကို သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ချိတ်ဆွဲထားသည်။
ထိုလူသည် ကမ်းခြေပေါ်သို့လျှောက်လှမ်းလာကာ ခုန်ပေါက်လိုက်သည်ကို သူမ မြင်တွေ့မိသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင်ရှိနေသည့် အနက်ရောင်ပန်းဖွားများသည် ရုတ်တရက် ကမ်းခြေပေါ်သို့ ပြုတ်ကျသွားလေ၏။
ဗလာသက်သက်....ကိုယ်လုံးတီးဖြင့်....
ကျန်းကျီသည် ထိတ်လန့်တုန်လှုပ်သွားကာ အကြည့်လွှဲရန်အတွက် သူမ၏ခေါင်းကို တခြားတစ်ဖက်သို့ အလျှင်အမြန်လှည့်လိုက်သည်။
အချိန်တခဏကြာပြီးနောက် သူမက နီမြန်းနေသောနားရွက်များဖြင့် ထိုနေရာသို့ ပြန်ကြည့်လိုက်မိသည်။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် အလွန်အမင်းသိချင်စိတ်ပြင်းပြသွားသည်။
ထိုလူသည် နောက်သို့ပြန်လှည့်သွားကာ ကိုယ်လုံးတီးဖြင့် ပင်လယ်ရေအတွင်းသို့ ဆင်းသွားသည်။နက်မှောင်နေသော ပင်လယ်ရေအတွင်း၌ သူ၏ဖြူဖွေးနေသောတင်ပါးများသည် အလွန်အမင်း သိသာထင်ရှားနေသည်။
ဝှစ်...
သူသည် ကမ်းခြေသို့ ပြန်တက်လာပြီးနောက် ထပ်မံ၍ခုန်ပေါက်လိုက်သည်။
ထို့နောက် သူသည် ပင်လယ်ရေအတွင်းသို့ တဖန်ပြန်၍ ခုန်ဆင်းသွားလေ၏။
ပန်းဖွားများ....
ထိုအချိန်ကျမှသာ ပန်းဖွားများချိတ်ဆွဲထားသည်ဟု ထင်ရသော အရာများသည်အဝတ်အစားကို အလှဆင်ထားခြင်းမဟုတ်ဘဲ ငါးများဖြစ်နေကြောင်း ကျန်းကျီက သိနားလည်သွားသည်။
ဒါ...ဒါ....ဒါ...ဒါက....
ကျန်းကျီသည် နေရာမှာပင် ကြက်သေသေနေကာ အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။
ဤလူသည် ငါးများ၏ငါးစာအဖြစ် သူ့ကိုယ်သူအသုံးပြုနေသလော....
ကျန်းကျီသည် အောင့်အည်းမထားနိုင်သောသဖြင့် အရှေ့သို့လျှောက်လှမ်းသွားကာ ပင်လယ်နက်အတွင်းမှ တက်လာသောလူကိုစောင့်ကြည့်လိုက်၏။ထို့နောက် သူမသည် ထိုလူ၏ပုံပန်းပင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ဤသည်မှာ....ဤလူကို သူမ ယခင်က မြင်တွေ့ဖူးသည်မဟုတ်လော....
"ဒါက နင်လား...."
သူမက အံ့အားတသင့် ရေရွတ်လိုက်သည်။
လူသားအင်မော်တယ်နယ်ပယ်မျှသာရှိသော ထိုလူသည် သေဆုံးသွားခြင်း မရှိသလော....
ရီဖုန်းသည် ထိုအသံကိုကြားချိန်တွင် မော့ကြည့်လိုက်ရာ အနီရောင်ဝတ်စုံဝတ်မိန်းကလေးကို သူ တွေ့မြင်မိသည်။
သူသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူ့၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ့၏ဖွားဖက်တော်နှင့်ဥနှစ်လုံးကို အလျှင်အမြန်ဖုံးအုပ်လိုက်သည်။ထို့နောက် သူ့၏နံဘေးရှိ မြေပြင်ပေါ်မှ ဝံပုလွေအရေခွံကို ကောက်ယူကာ သူ့၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်လိုက်၏။
"ဒါက မင်းလား..."
ရီဖုန်းသည် ချောင်းနှစ်ချက်ခန့်ဆိုးကာ သူ့၏ရှက်ရွံ့ဖွယ်ကိစ္စကို ထိုမိန်းကလေးမမြင်သွားသည့်အလား ဟန်ဆောင်လိုက်သည်။
"ကောင်မလေး...မင်းက သေဖို့စောင့်နေတာမဟုတ်ဘူးလား...အခုကြည့်ရတာတော့ မင်းက သေဖို့စောင့်နေတဲ့ပုံမရဘူး"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည်လည်း ချောင်းနှစ်ချက်ခန့်ဆိုးကာ ရီဖုန်းထံသို့ လျှောက်လှမ်းလာပြီး သူမ၏မျက်နှာသည် အေးစက်တင်းမာနေဆဲပင်။အကယ်၍ သူမ၏နီမြန်းနေသောနားရွက်များကြောင့်သာ မဟုတ်ပါက သူမထံတွင် စိတ်ခံစားချက် တစ်စုံတစ်ခုရှိသည်ဟု သိရှိနိုင်မည် မဟုတ်ချေ။
"ဘယ်သူက ကောင်မလေးလဲ"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးက အေးစက်တင်းမာစွာ ပြောဆိုသည်။
'အသက်အရွယ်အရဆိုရင် နင့်ရဲ့ဘိုးဘေးတွေကတောင် ငါ့ကို ဘိုးဘေးလို့ ခေါ်ရလိမ့်မယ်"
"လေလုံးထွားလိုက်တာ"
ရီဖုန်းက သူ့၏ခြေချောင်းများကို အရူးအမူးကိုက်နေသည့် အနက်ရောင်ငါးတစ်ကောင်ကိုအဝေးသို့ ကန်ထုတ်လိုက်သည်။
"မင်း ဒီနေရာကိုလာတာ အသက်ရှင်သန်ဖို့အတွက် ငါးဖမ်းချင်လို့လား"
ကျန်းကျီသည် တုံ့ပြန်အဖြေပေးခြင်းမရှိဘဲ သောင်ပြင်ပေါ်၌ ခုန်ပေါက်နေသော အနက်ရောင်ငါးများကိုကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပြောရမည်ဆိုလျှင် ပင်လယ်နက်များအတွင်း၌ အရိပ်ဝါးမြိုငါးများရှိနေသည်။ဤပင်လယ်ပြင်အတွင်း၌ ရှင်သန်ကြီးထွားသော အရိပ်ငါးများထံတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောဆူးတောင်များနှင့် ထက်ရှသောသွားများရှိသည်။
အရိပ်ဝါးမြိုခြင်းငါးများသည် အနက်ရောင်ရှိကာ လူများစားသုံးနိုင်သော်လည်း ထိုငါး၏သွားများတွင် ပြင်းထန်သောအဆိပ်များပါရှိလေ၏။
ထိုငါးများသည် ပင်လယ်နက်အတွင်း၌ ရောယှက်နေသဖြင့် မြင်တွေ့နိုင်ခြင်းမရှိချေ။တစ်စုံတစ်ယောက်သည် ထိုငါးများ၏ကိုက်ခြင်းကို ခံရသည်နှင့် အဆိပ်မိကာ သေဆုံးသွားပေမည်။
ကျန်းကျီသည် မြေပြင်ပေါ်၌ ခုန်ပေါက်နေသောငါးများကိုကြည့်ကာ သူမ ပို၍ကြည့်မိလေလေ ဒဏ္ဍာရီများအတွင်း၌ ဖော်ပြထားသောအရာနှင့် တူညီသည်ဟု ခံစားရလေလေပင်။
"မင်းလည်း ငါးတွေစားချင်လို့ ရောက်လာတာလား"
ကျန်းကျီ၏နောက်တွင်ရှိသော ရီဖုန်းသည် သူမ၏မျက်လုံးများက အနက်ရောင်ငါးများထံသို့ အခိုင်အမာကျရောက်နေသည်ကို မြင်တွေ့ချိန်၌ စိတ်အားထက်သန်စွာဖြင့် ရှင်းပြလိုက်၏။
"ဒီငါးတွေက တုံးအတယ်...ဒီကောင်တွေကို ဖမ်းဖို့က အရမ်းလွယ်ကူတယ်"
"ဒါက အရမ်းရိုးရှင်းတယ်...မင်းရဲ့လက်ကို ပင်လယ်ရေထဲ ထည့်လိုက်တာနဲ့...အဲ့ဒီငတုံးငါးတစ်သိုက်က လာပြီးကိုက်ကြလိမ့်မယ်"
ရီဖုန်းက စကားပြောဆိုရင်း သူ၏လက်ကို ပင်လယ်ရေအတွင်းသို့ နှစ်လိုက်သည်။
"ဒီလို လုပ်လိုက်ရုံပဲ"
ထို့နောက် သူ၏လက်ကို ပြန်မြှောက်လိုက်သည်နှင့် သူ၏လက်မောင်းတစ်ခုလုံး ငါးများဖြင့် ဖုံးလွှမ်းနေသည်။
"အရမ်း ရိုးရှင်းတယ်"
သူက ထိုသို့ပြောဆိုပြီးနောက် ဖိတ်ခေါ်လိုက်၏။
"မင်း ငါနဲ့ပူးပေါင်းချင်လား"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက စိတ်အားထက်သန်စွာဖြင့် ကျန်းကျီကို ဆွဲခေါ်လိုက်သည်။
"ဒီနေရာကိုလာခဲ့....မင်း ဒါကိုစမ်းပြီး လုပ်ကြည့်ပါလား...ဒါက အရမ်းပျော်ဖို့ကောင်းတယ်"
ကျန်းကျီက ရီဖုန်း၏လက်ကို ခါထုတ်လေသည်။
"မလိုဘူး...."
သူမသည် ထိုသို့ပြောဆိုပြီးနောက် ကမ်းခြေပေါ်တွင်သေဆုံးနေသောငါးများနှင့် ခုန်ပေါက်နေသောငါးများ အပုံလိုက်ရှိနေသည်ကို မြင်တွေ့မိသည်။
ဤအရိပ်ကျွန်းတွင် ဝင်ပေါက်နှင့်ထွက်ပေါက် နေရာနှစ်ခုလုံးရှိနေသည်။သူမသည် ဤနေရာအကြောင်းကိုသိနေသည့်တိုင် အင်မော်တယ်နယ်မြေရှိ ရှေးဟောင်းကျမ်းစာများ သို့မဟုတ် တခြားလူများထံမှ ကြားသိခဲ့ရခြင်း ဖြစ်သည်။
အရိပ်ဝါးမြိုငါးကိုမူ လူအများပြောဆိုသည့် စကားများမှတဆင့် သူမ သိရှိခဲ့ရသည်။
ကျန်းကျီသည် ထိုငါးများကို ယခင်က မမြင်တွေ့ဖူးသဖြင့် ကမ်းခြေပေါ်ရှိငါးများ ဟုတ်မဟုတ်ကို အတိအကျ မပြောနိုင်ချေ။ထိုသို့မဟုတ်ပါက ရီဖုန်းသည် မည်သည်ကြောင့် အကိုက်ခံရပြီးနောက် ဘေးကင်းလုံခြုံနေသနည်း။
ထိုအချိန်မှာပင် ကမ်းခြေပေါ်ရှိအနက်ရောင်ငါးတစ်ကောင်သည် ရုတ်တရက် ခုန်ထလာကာ ကျန်းကျီကိုကိုက်ရန် ဟန်ပြင်လိုက်၏။
ကျန်းကျီသည် သူမ၏ခြေထောက်ကိုမြှောက်ကာ တည်ငြိမ်အေးဆေးစွာဖြင့် ထိုငါးကို ကန်ထုတ်လိုက်သည်။
"တကယ့်ကို တုံးအတဲ့ငါးတွေပဲ"
ကျန်းကျီက တီးတိုးရေရွတ်လေသည်။
"ငါ့ကိုကိုက်ဖို့ မေ့လိုက်စမ်း...နင်တို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ကိုက်ရဲတာလဲ"
"မင်း ဘာပြောနေတာလဲ"
ကျန်းကျီ၏အသံသည် အလွန်တိုးနေသဖြင့် ရီဖုန်းသည် ရှင်းရှင်းလင်းလင်းမကြားရသောကြောင့် မေးမြန်းလိုက်သည်။
ကျန်းကျီက တုံ့ပြန်ပြောဆိုသည်။
"ဘာမှမဟုတ်ပါဘူး"
"ဒါနဲ့ ငါက ဒီနေရာကနေထွက်သွားဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီးပြီ....မင်း ငါနဲ့အတူ အပြင်ကို ထွက်သွားချင်လား"
ရီဖုန်းက မေးမြန်းသည်။
သူသည် တစ်စုံတစ်ခုကို ပြင်ဆင်နေသောအချိန်တွင် ပင်လယ်ပြင်ကြီးကို ဖြတ်သန်းသွားရမည့်အကြောင်းအား ရုတ်တရက် တွေးတောလိုက်မိသည်။
ဤကဲ့သို့ ဖြတ်သန်းသွားရမည့်အချိန်သည်အလွန်ကြာညောင်းသဖြင့် သူတစ်ယောက်တည်း နေရပါက ပျင်းရိငြီးငွေ့ခြင်းကြောင့် စိတ်ကျရောဂါဖြစ်မည်ကို သူ စိုးရိမ်မိလေ၏။
အကယ်၍ သူနှင့်စကားပြောဆိုမည့် တစ်စုံတစ်ယောက် ရှိနေပါက ပို၍ကောင်းမွန်သွားပေမည်။
ကျန်းကျီက ရီဖုန်းကိုကြည့်ကာ သူမ၏မျက်ခုံးများ မြင့်တက်သွားသည်။
"ဒီနေရာကနေ ထွက်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီလို့ နင် ပြောလိုက်တာလား"
"အမှန်ပဲ..."
ရီဖုန်းက ခေါင်းညိတ်ပြကာ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ တုံ့ပြန်လိုက်သည်။
ရီဖုန်း၏ယုံကြည်ချက်ခိုင်မာသော အမူအယာကိုကြည့်ပြီး ကျန်းကျီသည် သူ့အား အလေးအနက်ထား၍ မကြည့်ဘဲမနေနိုင်တော့ချေ။
"နင့်ရဲ့လမ်းကြောင်းက ဘာလဲ"
"ဒီပင်လယ်ကို ဖြတ်ကူးမယ်"
ရီဖုန်းက ပင်လယ်နက်ကြီးကို လက်ညှိုးညွှန်ပြလိုက်၏။
"ဒီနေရာကနေ မင်းမြင်ရတာ:ဘယ်လောက်ပဲဝေးကွာနေပါစေ အဆုံးသတ်တစ်ခုတော့ ရှိနေမှာပဲ"
"ဒါဆိုရင် ငါတို့ အပြင်ကိုထွက်လို့ရနိုင်တယ်"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရီဖုန်း၏လက်ညှိုးညွှန်ရာကို ကြည့်လိုက်ရာ အကန့်အသတ်မရှိသော အနက်ရောင်ပင်လယ်ရေများက အရာရာတိုင်းကိုလွမ်းခြုံထားသည်အား မြင်တွေ့မိသည်။
သူမသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် ကူးကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
သူမရှေ့ရှိလူကို သူမ အလေးအနက်ထား၍ စကားပြောဆိုနေသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။
"ဒီအရိပ်ကျွန်းပေါ်ကို မရေမတွက်နိုင်တဲ့လူတွေ ရောက်လာခဲ့ကြပေမယ့် ဘယ်သူကမှ အပြင်ကိုပြန်မထွက်နိုင်ဘူး"
သူမက ထိုသို့ပြောဆိုကာ ပင်လယ်နက်ကြီး၏ အဝေးတစ်နေရာထံသို့ ကြည့်လိုက်သည်။
အမှန်တကယ်ကိုပင် ပင်လယ်နက်ကြီးသည်အကန့်အသတ်ရှိပုံမရချေ။
ပြောရမည်ဆိုလျှင် ဤသည်မှာ အဆုံးမရှိသော ကြီးမားသည့် ပိတ်လှောင်ခြင်းဝင်္ကပါကြီးပင်။
ဤပင်လယ်နက်အတွင်းမှ ဖြတ်သန်းသွားနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
Chapter 564
ကျန်းကျီသည် တည်ကြည်လေးနက်သော မျက်လုံးအကြည့်ဖြင့် ပင်လယ်နက်၏အဆုံးတစ်ဖက်ကို ကြည့်လိုက်သည်။
ထို့နောက် စိတ်ပျော်ရွှင်နေပုံရသော ရီဖုန်းကို သူမက တဖန်ပြန်၍ ကြည့်လေသည်။
သူသည် ရာသီဥတုဒဏ်ခံရကာ မျက်ကွင်းများကျနေသော သူမနှင့်ဆန့်ကျင်ဘက်ဖြစ်နေကာ သူ့၏အခြေအနေ ကောင်းမွန်နေပုံရသည်။
"နင် ဒီနေရာကို ရောက်လာတဲ့အချိန်ကတည်းက....နင့်ရဲ့မှော်စွမ်းအားတွေကို တစ်ခါမှ ထုတ်မသုံးရသေးဘူးမလား"
ကျန်းကျီက မြိုသိပ်မထားနိုင်တော့ဘဲ မေးမြန်းလိုက်၏။
ရီဖုန်းက ခေါင်းညိတ်ပြလေသည်။
"ဒါက အမှန်ပဲ....ဒီနေရာက မှော်စွမ်းအားတွေကို ဝါးမြိုနိုင်တယ်လို့ မင်းပဲ ပြောခဲ့တာမဟုတ်လား..."
အံ့အားသင့်စရာ မရှိတော့ချေ။
ကျန်းကျီသည် အကြောင်းအရင်းကို သိရှိသွားလေပြီ။
ရီဖုန်းသည် လူသားအင်မော်တယ်တစ်ယောက်သာဖြစ်သဖြင့် ဤနေရာတွင် သူ၏မှော်စွမ်းအားကိုအသုံးပြုကာ မည်သည့်သန္ဓေပြောင်းသားရဲကိုမျှ သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
ဤသည်မှာ သူ့၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နိမ့်ပါးနေသောကြောင့် ပတ်ဝန်းကျင်အခြေအနေ၏သက်ရောက်မှု လျော့နည်းသွားခြင်းဖြစ်ပေမည်။
"စကားမစပ်...နင့်လို လူသားအင်မော်တယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို နယ်နှင်ဒဏ်ပေးခံရတာလဲ"
ကျန်းကျီက ထပ်မံ၍မေးမြန်းလိုက်၏။၊
ဤနေရာသည် အင်မော်တယ်လောကမှ နှင်ထုတ်ခြင်းခံရသော ရာဇဝတ်သားများ နယ်နှင်ဒဏ်ပေးခံရသည့်နေရာပင်။
လူသားအင်မော်တယ်များသည် အင်မော်တယ်နယ်မြေအတွင်း၌ များစွာအရေးပါခြင်းမရှိချေ။အကယ်၍ သူတို့သည် ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ပါက ချက်ချင်းကွပ်မျက်ခံရပေမည်။
မည်သည်ကြောင့် သူ့အား အရိပ်ကျွန်းထံသို့ နယ်နှင်ဒဏ်ပေးခြင်း ခံရသနည်း....
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာထက်တွင် နာကျည်းမုန်းတီးမှုနှင့်စိတ်အနှောက်အယှက်ဖြစ်မှုတို့ ရောယှက်နေသော အမူအယာတစ်ရပ် ထင်ဟပ်လာကာ သူ့၏ပေါင်ကို သူပြန်၍ရိုက်ပုတ်လိုက်သည်။
"ငါက ကူးပြောင်းရေးဝင်္ကပါကနေ ဒီနေရာကို အပို့ခံလိုက်ရတာပဲ"
"ဘာ...."
ကျန်းကျီသည် သူမ နားကြားမှားနေသလောဟု တွေးထင်မိလေ၏။
"အင်မော်တယ်နယ်မြေကနေ ဆင့်ခေါ်ခံရပြီးတဲ့နောက်မှာ....ငါက ကူးပြောင်းရေးဝင်္ကပါရဲ့ ကြုံရာကျပန်း ပို့ဆောင်တာကို ခံရပြီးတော့ ဒီနေရာကို ရောက်လာတာပဲ"
ရီဖုန်းက ဆက်လက်၍ ပြောဆိုသည်။
ကျန်းကျီ၏မျက်လုံးများ ပြူးကျယ်သွားလေ၏။
ရီဖုန်းကိုကြည့်နေသော သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒါက...နင် ငါ့ကို နောက်နေတာမဟုတ်လား...."
"ဘယ်သူက မင်းကို နောက်မှာလဲ"
ရီဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"မဟုတ်ရင်....ငါက ဘယ်လိုအမှားမျိုးကိုပဲ ကျူးလွန်ခဲ့မိပါစေ...ငါ ဒီနေရာကိုရောက်လာဖို့ အရည်အချင်းမမှီဘူးလေ...ဟုတ်တယ်မလား...."
"အမှန်ပဲ...."
ကျန်းကျီက ရီဖုန်းကိုကြည့်လိုက်၏။အချိန်အတော်ကြာပြီးနောက် သူမထံမှ စကားလုံးတချို့ ထွက်ပေါ်လာသည်။
"အရမ်းတရားလွန်တယ်...."
"ဒါက တရားလွန်တာထက်ပိုတယ်...ရှင်းရှင်းပြောရရင် ဒါက လူမဆန်တာပဲ"
ရီဖုန်းက ခါးသည်းစွာ ပြောဆိုသည်။
"ဒါက ကြုံရာကျပန်း....အရမ်းကြုံရာကျပန်း ပို့ခံရတာမဟုတ်လား"
"ငါက အင်မော်တယ်နယ်မြေရဲ့ဆင့်ခေါ်တာကိုခံရတဲ့ တစ်စုံတစ်ယောက်က ဒီနေရာကို ပို့ခံလိုက်ရတဲ့ကိစ္စမျိုး တစ်ခါမှမကြားခဲ့ဖူးဘူး"
ကျန်းကျီက ထိုစကားကိုပြောဆိုပြီးနောက် ရီဖုန်းကိုကြည့်လိုက်ရာ သူ့၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်ထားသည်မှာ ဝံပုလွေအရေခွံဖြစ်နေကြောင်း သူမ နားလည်သဘောပေါက်သွားသည်။
"နင့်ရဲ့ဝံပုလွေအရေခွံက...."
သူမက အံ့အားတသင့် ကြည့်လိုက်သည်။
"နင် ဒါကို ဘယ်နေရာကနေ ရလာတာလဲ"
ရီဖုန်းသည် သူမအကြည့်၏လားရာအတိုင်း သူ့ကိုယ်သူ ပြန်ကြည့်လိုက်၏။
"အော် ဒါက...ဝံပုလွေတစ်ကောင်ဆီကနေ ယူလာခဲ့တာ..."
ကျန်းကျီသည် တစ်စုံတစ်ခုကို တွေးတောမိသွားသဖြင့် ဆက်လက်၍မေးမြန်းလေသည်။
"နင်က ဝံပုလွေသားတွေကို စားခဲ့သေးတာလား"
"အမှန်ပဲ...မင်း ဘယ်လိုလုပ်ပြီး သိတာလဲ"
ရီဖုန်းက တုံ့ပြန်မေးမြန်းသည်။
"ငါက ဘယ်သူလဲလို့တွေးနေမိတာ...လတ်စသတ်တော့ နင် ဖြစ်နေတာပါလား"
ကျန်းကျီက ပြောဆိုသည်။
"ငါ ဒီနေရာကိုလာတဲ့လမ်းမှာ ဝံပုလွေအသေကောင်တွေကို တွေ့ခဲ့ရတယ်"
သူမသည် တစ်စုံတစ်ယောက်သည် သူမ၏ရှေ့မှသွားကာ ဝံပုလွေသားများကို စားသောက်ခဲ့ကြောင်း သိရှိထားပြီးဖြစ်သည်။
ခေါင်းဆောင်ဝံပုလွေကို အမဲလိုက်သတ်ဖြတ်ခဲ့သူများသည် ခေါင်းဆောင်ဝံပုလွေကို လေးစားသည့်အနေဖြင့် အလောင်းကို အကောင်းပကတိချန်ထားရန် ဆုံးဖြတ်ထားခြင်းဖြစ်ပေမည်။ရီဖုန်းသည် ထိုအရာများကို ကောက်ယူခဲ့ခြင်းသာ ဖြစ်နိုင်သည်။
"ဒါဆိုရင် နင်က အဲ့ဒါတွေကို အချောင်ကောက်ယူခဲ့တာပေါ့"
ကျန်းကျီက ပြောဆိုသည်။
"အဲ့ဒီလိုမဟုတ်ဘူး...."
ရီဖုန်းက တုံ့ပြန်ပြောဆိုလေ၏။
"အဲ့ဒီအချိန်တုန်းက ငါ အရမ်းဗိုက်ဆာနေတယ်...ငါဖြတ်သွားတဲ့အချိန်မှာ စားစရာတစ်ခုခုတွေ့ရလို့ ငါ စားလိုက်တာ...ဒါက တိုက်ဆိုင်မှုတစ်ခုပဲ"
အချိန်တခဏကြာခန့် စကားစမြည်ပြောဆိုပြီးနောက် ကျန်းကျီသည် ထပ်မံ၍ စကားမပြောဆိုလိုတော့သဖြင့် နှုတ်ဆက်စကားပြောဆိုလိုက်သည်။
"ငါ သွားတော့မယ်....နောင်တစ်ချိန်ကျရင် ပြန်တွေ့ကြတာပေါ့"
ကျန်းကျီ စိတ်ပိုင်းဖြတ်ထားသည်ကိုကြည့်ပြီး ရီဖုန်းသည် သူမအား ထပ်မံ၍ဆွဲမထားတော့ချေ။
"ကောင်းပြီလေ...တကယ်လို့ မင်း နောက်ထပ်ထွက်လမ်းတစ်ခုကို ရှာတွေ့မယ်ဆိုရင် ငါ့ဆီကိုလာခဲ့ပါ....ငါတို့ အတူပူးပေါင်းပြီးတော့ ထွက်သွားရအောင်"
ကျန်းကျီ၏ပုံရိပ် အဝေးသို့ရောက်သွားသည်ကိုကြည့်ပြီး ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်ပေါ်ရှိ ဝံပုလွေအရေခွံကို အဝေးသို့ဖယ်ရှားလိုက်သည်။
'ဗွမ်း'ခနဲ အသံတစ်သံနဲ့အတူ သူသည် ပင်လယ်ပြင်အတွင်းသို့ ထပ်မံ၍ခုန်ဆင်းလိုက်သည်။
နေ့လည်ခင်းအချိန်အရောက်တွင် ရီဖုန်းသည် စားသောက်ရန်အတွက် ငါးများကိုကင်လိုက်၏။
ရင်းနှီးကျွမ်းဝင်သော ပြင်းထန်သည့်အနံ့တစ်ခုက သူ၏ပါးစပ်အတွင်း၌ ပျံ့နှံ့သွားသည်။
ရီဖုန်းသည် အလေ့အထအရ မျက်မှောင်ကြုတ်လိုက်သော်လည်း သူသည် ထိုငါးကင်ကို ဝါးမြိုလိုက်ဆဲပင်။
သူသည် ဤငါးကိုစားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သော်လည်း ငါး၏အရသာသည် အမှန်တကယ်ကို အလွန်ဆိုးရွားပေ၏။
သူ နေ့စဉ်နေ့တိုင်း စားသောက်နေရသဖြင့် ထိုငါးစားရသည်မှာ အနည်းငယ်ပင်ပန်းလာသကဲ့သို့ သူ ခံစားရသည်။
ရီဖုန်းသည် သူ့၏နံဘေးရှိ ဝံပုလွေအရေခွံကိုကြည့်ကာ ယခင်က သူ စားခဲ့ရသော ဝံပုလွေသား၏အရသာကို အမှတ်ရသွားသည်။
သူသည် နှုတ်ခမ်းကိုသပ်ကာ ဝံပုလွေအရေခွံကိုကောက်ယူပြီး သူ၏ခန္ဓာကိုယ်ပေါ်ခြုံလွှမ်း၍ သူ၏ဓားမြှောင်ကိုယူဆောင်ကာ အဝေးတစ်နေရာသို့ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
...
...
ဤအချိန်သည် မှောင်ရီပြိုးစဖြစ်နေလေပြီ။
သဲမုန်တိုင်းသည် အကန့်အသတ်မရှိ ဆက်လက်၍တိုက်ခတ်နေဆဲပင်။
ခြုံပုတ်အတွင်း၌ နီမြန်းသောမျက်လုံးရှိသည့် ရှည်လျားသော ပုံရိပ်အမြောက်အများရှိနေသည်။
ထိုပုံရိပ်များ၏မျက်လုံးများအားလုံးသည် ဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ကာ ဝံပုလွေအရေခွံကိုခြုံထားပြီး ခြုံပုတ်များအကြားသို့ ရဲရဲတင်းတင်း လမ်းလျှောက်လာသည့် လူငယ်ထံတွင်သာ ကျရောက်နေသည်။
သူတို့အနက်မှ တချို့ထံတွင် သွေးဆာသောမျက်လုံးများရှိပြီး တချို့သည် စူးရှစွာတောက်ပနေကာ တခြားပုံရိပ်များကမူ သူတို့၏လည်ချောင်းများအထိ တက်လာသော ထိတ်လန့်ကြောက်ရွံ့မှုများကြောင့် ဖြည်းညှင်းစွာ နောက်သို့ဆုတ်သွားကြသည်။
...
...
ကျန်းကျီသည် အရိပ်ကျွန်းကို အချိန်တခဏကြာခန့် လှည့်ပတ်ကြည့်ပြီးနောက် ရုတ်တရက် မိုးကောင်းကင်ယံမှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သူမ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူမသည် ယစ်ပုလ္လင်ထံသို့ ဦးတည်၍ အလျှင်အမြန် အပြေးသွားလိုက်၏။
ယဇ်ပလ္လင်ပေါ်ရှိ လှောင်အိမ်အတွင်းမှနေ၍ လူတစ်ယောက်ထွက်လာသည်ကို သူမ မြင်တွေ့လိုက်ရသည်။
ထိုလူသည် သေလုမျောပါးဖြစ်နေကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။
ကျန်းကျီသည် ယဇ်ပလ္လင်ထံသို့ အပြေးသွားကာ ပြင်းထန်သော တန်ပြန်စွမ်းအားများကို လျစ်လျူရှု၍ ထိုလူကိုကုသပေးလိုက်သည်။
ကျန်းကျီ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ထိုလူသည် တဖြည်းဖြည်းနိုးထလာပေ၏။
"အရှင်မ...."
ထိုလူသည် ကျန်းကျီကိုမြင်တွေ့ချိန်တွင် မတ်တတ်ထရပ်ကာ ဦးညွှတ်အရိုအသေပြုလေသည်။
"မလိုဘူး...."
ကျန်းကျီသည် ထိုလူကို ပြန်၍ထိုင်စေကာ သူမ၏ပါးစပ်ပေါ်ရှိ သွေးများကိုသုတ်ပြီး ဖြူရော်နေသောမျက်နှာဖြင့် သူ့ကို ကြည့်လိုက်သည်။
"နင် ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို အပို့ခံလိုက်ရတာလဲ"
"ငါရဲ့လက်အောက်ငယ်သားတစ်ယောက်က သစ္စာဖောက်သွားတာကြောင့် ငါ ဖော်ထုတ်ခံလိုက်ရတယ်"
ထိုလူကပြောဆိုကာ သူ့ကိုယ်သူအပြစ်တင်သည့်အနေဖြင့် သူ့၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
ကျန်းကျီက ထိုလူငယ်ကို ကြည့်လိုက်၏။
"နင်က အင်မော်တယ်ကြာပွတ်နဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတာလား"
ထိုလူသည် သူ၏ခေါင်းကို အောက်သို့ငုံထားဆဲဖြစ်ကာ မည်သည့်စကားကိုမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။
ဤသည်မှာ ဝန်ခံလိုက်သည့်သဘောပင်။
ကျန်းကျီ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် တောက်လောင်သွားသည်။
ထို့နောက် သူမက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
"ဒီနေရာကနေ ထွက်သွားနိုင်တာနဲ့...ငါက သူ့ကိုအရင်ဆုံးရှင်းပစ်မယ်"
"ဒါပေမဲ့ ဒီနေရာက အရိပ်ကျွန်းလေ...ငါတို့ ထွက်သွားလို့ ရနိုင်ပါ့မလား"
ထိုလူသည် စိတ်ပျက်ညှိုးငယ်စွာဖြင့်ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ရင်း မေးမြန်းသည်။
ကျန်းကျီကိုကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေဆဲပင်။
"အနည်းဆုံးတော့...ဒီနေရာမှာ ငါတို့က သေရမယ့်အချိန်ကို ထိုင်စောင့်နေလို့မရဘူး"
ကျန်းကျီက အချိန်တခဏကြားခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ငါတို့ ဒီကျွန်းပေါ်မှာ အရင်ဆုံးနေကြရလိမ့်မယ်"
ကျန်းကျီသည် မတ်တတ်ထရပ်လိုက်သော်လည်း ပြင်းထန်သောတန်ပြန်စွမ်းအားများကြောင့် မူးဝေသွားခဲ့သည်။သို့ရာတွင် ကံကောင်းထောက်မစွာဖြင့်သူမ၏လက်အောက်ငယ်သားက သူမကို တွဲထူပေးထားလေ၏။
"ဒီအရိပ်ကျွန်းပေါ်မှာ ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်သန်နိုင်မှာလဲ"
ထိုလူက မေးမြန်းသည်။
"နင့်ရဲ့မှော်စွမ်းအားတွေကို အသုံးမပြုနဲ့"
ကျန်းကျီက ပြောဆိုသည်။
"ဒါဆိုရင် သေမျိုးတွေရဲ့နည်းလမ်းအတိုင်း အသက်ရှင်သန်နိုင်တယ်"
"သေမျိုးတွေရဲ့နည်းလမ်းလား....ဒါက ငါတို့ မြန်မြန်သေသွားနိုင်တယ် မဟုတ်လား"
ထိုလူက ထပ်မံ၍မေးမြန်းသည်။
"မဟုတ်ဘူး..."
ကျန်းကျီက ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီကျွန်းပေါ်မှာရှိတဲ့ ပတ်ဝန်းကျင်အခြေအနေက မကောင်းပေမယ့်....ဗိုက်ပြည့်အောင်စားဖို့အတွက် ရိက္ခာတွေက ပြတ်လပ်မနေဘူး"
ထိုလူ အံ့အားသင့်သွားသည်။
"ဒီကျွန်းပေါ်မှာ ငါတို့စားသောက်နိုင်တဲ့ တစ်ခုခုရှိနေတာလား"
"အရိပ်ကျွန်းရဲ့အစွန်အဖျားမှာ ငါးတွေပေါများတဲ့ ပင်လယ်နက်ကြီးတစ်ခုရှိတယ်...ဒါက မင်းနဲ့ငါ အသက်ရှင်ဖို့အတွက် လုံလောက်တယ်"
ကျန်းကျီက ပြတ်ပြတ်သားသား ပြောဆိုသည်။
"ငါ့နောက်ကို လိုက်ခဲ့တော့"
"ဒါက အရမ်းကောင်းတယ်"
ထိုလူသည် သူ အသက်ရှင်ရန်အတွက်မျှော်လင့်ချက်တစ်ခု ထပ်မံ၍ရရှိသွားသည်ကိုကြားချိန်တွင် ပျော်ရွှင်သွားကာ သူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
Chapter 565
သူတို့နှစ်ယောက်သည် ပင်လယ်နက်ထံသို့ ရောက်ရှိလာခဲ့သည်။
ထိုလူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့်ရုတ်တရက် ပြောဆိုလိုက်၏။
"အရှင်မ...မင်း ဒဏ္ဍာရီတစ်ခုကို သတိမရဘူးလား...ဒီပင်လယ်နက်ထဲမှာ အဆိပ်တွေနဲ့ပြည့်နေတယ်....ဒီနေရာမှာရှိတဲ့ငါးတွေက စားလို့ရတာသေချာလား"
"သေချာတာပေါ့"
ကျန်းကျီက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ ဒါက ဒဏ္ဍာရီနဲ့ကွဲပြားနေတယ် မဟုတ်လား"
ထိုလူသည် စိုးရိမ်ပူပန်နေဆဲပင်။
"အဲ့ဒီဒဏ္ဍာရီက မှားနေလို့ပဲ"
ကျန်းကျီက တည်ငြိမ်အေးဆေးစွာပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ လူသားအင်မော်တယ်ကောင်လေးသည် သူ့၏ခန္ဓာကိုယ်ကို ငါးစာအဖြစ်အသုံးပြု၍ ငါးဖမ်းနေသည်ကိုသူမ၏မျက်လုံးဖြင့် ကိုယ်တွေ့ကြုံခဲ့ရသည် မဟုတ်လော....
ထိုအချိန်မှာပင် ကမ်းခြေတခုပေါ်၌ ပြန့်ကျဲနေသောငါးရိုးများကို သူတို့နှစ်ယောက် တွေ့မြင်မိသည်။
ဤနေရာတွင် မီးပုံဖိုထားသောအကြွင်းအကျန်များပင် ရှိနေလေ၏။
"ကြည့်ရတာတော့ ဒီငါးတွေကို တကယ်ကြီး စားလို့ရတဲ့ပုံပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ထိုလူသည်စိတ်သက်သာရာရသွားကာ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"အရှင်မက ဒါကို အရင်က စားဖူးလို့လား"
ကျန်းကျီသည် ကမ်းခြေကိုတစ်ချက်စောင်းငဲ့၍ကြည့်ကာ သူမ၏ခေါင်းကိုခါးယမ်းပြီး ပြောဆိုသည်။
"ဒါက ငါ မဟုတ်ဘူး...ဒီနေရာမှာ လှောင်ပိတ်ခံထားရတဲ့ လူသားအင်မော်တယ်တစ်ယောက်ပဲ"
"လူသားအင်မော်တယ် တစ်ယောက်လား"
ထိုလူသည် ကျန်းကျီ၏စကားများကို ကြားချိန်တွင် အလေးအနက်ထားခြင်းမပြုဘဲ ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုလိုက်၏။
"လူသားအင်မော်တယ်လေး တစ်ယောက်ကတောင် ဒီငါးတွေကို စားနိုင်မှာတော့...ဒီငါးတွေကို ကိုင်တွယ်ရတာ တကယ်ကြီးလွယ်ကူမယ့်ပုံပဲ"
"ငါ အဲ့ဒီငါးတွေကို ဖမ်းလိုက်မယ်"
ထိုလူသည် သူ့၏သဘောဆန္ဒအလျောက်ပြောဆိုကာ ငါးစာရှာဖွေရန်အတွက် သူ့၏အင်္ကျီလက်များကို လိပ်တင်လိုက်သည်။
"နင် ငါးစာရှာဖို့ မလိုအပ်ဘူး...အဲ့ဒီငါးတွေက အရမ်းတုံးအတယ်"
ကျန်းကျီက သူ့ကိုဟန့်တားကာ ပြောဆိုလိုက်၏။
"နင့်ရဲ့လက်ကို ရေထဲထည့်လိုက်တာနဲ့ နင့်ကိုကိုက်ဖို့အတွက် ငါးတွေအများကြီး ရောက်လာလိမ့်မယ်"
"အဲ့ဒီလောက်ထိ တုံးအတဲ့ငါးတွေ ရှိသေးတာလား"
ထိုလူသည် သံသယအပြည့်ဖြင့်ပြောဆိုကာ ပင်လယ်နက်အနီးသို့ လျှောက်လှမ်းသွားပြီး ရေအတွင်းသို့ကြည့်လိုက်သည်။
ပိန်းပိတ်သည်အထိ မှောင်မည်းနေသော အနက်ရောင်ရေများအတွင်းတွင် မည်သည့်အရာကိုမျှ တွေ့မြင်နိုင်စွမ်းမရှိချေ။ဤကဲ့သို့ မသိရှိရခြင်းကြောင့် လူအများအား ရှင်းပြနိုင်စွမ်းမရှိသောထိတ်လန့်ကြောက်ရွံ့မှု အငွေ့အသက်များကို ပေးစွမ်းနိုင်သည်။
ထိုလူသည် ငုတ်တုတ်ထိုင်ကာ ရေအတွင်းသို့ကြည့်ပြီး သူ့၏လက်ကို ဂရုတစိုက်ဆန့်တန်းလိုက်၏။
သို့ရာတွင် သူသည် သူ၏လက်ကို ပင်လက်နက်အတွင်းသို့ ထည့်ဝံ့ခြင်းမရှိချေ။
သူ ပင်လယ်ရေအနီးသို့ ရောက်ရှိသောအချိန်မှာပင် ရေအတွင်းမှနေ၍ တစ်စုံတစ်ခုခုန်ထွက်လာသည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူ၏ကျင့်ကြံဆင့်အခြေခံသည် နိမ့်ပါးခြင်းမရှိသဖြင့် သူသည် အလျှင်အမြန်အသိဝင်လာကာ သူ၏လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
သူ၏မျက်လုံးများဖြင့် ဂရုတစိုက်ကြည့်ပြီးနောက် ထိုအရာသည် ငါးတစ်ကောင်ဖြစ်နေကြောင်း သူ သိရှိသွားသည်။
ထိုငါး၏ခန္ဓာကိုယ်တခုလုံး အနက်ရောင်ဖြစ်ကာ ဆူးတောင်တစ်ခုရောယှက်နေသည့် တောက်ပသည့်အကြေးခွံများရှိသည်။ငါး၏ပါးစပ်အတွင်း၌ ထက်ရှသောသွားများဖြင့် ပြည့်နှက်နေကာ အရုပ်ဆိုးဆိုးငါးတစ်ကောင်ပင်။
'ဗွမ်း'ဟူသော မြည်သံတစ်သံနှင့်အတူ ထိုငါးသည် မည်သည့်အရာကိုမျှမကိုက်မိဘဲ ပင်လယ်ရေအတွင်းသို့ ပြန်၍ပြုတ်ကျသွားတော့သည်။
ထိုလူသည် အနည်းငယ် ထိတ်လန့်ကြောက်ရွံ့သွားပေ၏။
"အရှင်မပြောတာ ဒီငါးမျိုးတော့ မဟုတ်လောက်ဘူးမလား...ဒီငါး ဖြစ်နေတာလား...."
ကျန်းကျီက ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ...."
ထိုလူသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ အနည်းငယ်တွေဝေတုံ့ဆိုင်းနေသည်။
"ဒါက....ဒီငါးကိုကြည့်ရတာ ဘယ်လိုဖြစ်ပြီးတော့ အရိပ်ဝါးမြိုငါးနဲ့ တူနေတာလဲ"
အရိပ်ဝါးမြိုငါးသည် အရိပ်ကျွန်း၏ပင်လယ်နက်အတွင်းမှ ဒဏ္ဍာရီတစ်ပုဒ်ပင်။
ထိုငါးများသည် ကျင့်ကြံနိုင်ခြင်းမရှိသော်လည်း သွားများတွင် အလွန်အမင်းပြင်းထန်သောအဆိပ်များ ပါဝင်သည်။ပင်လယ်နက်အတွင်း၌ ထိုငါးများ၏အရေအတွက်သည် အလွန်အမင်းများပြားပေ၏။ထိုငါးများသည် သားကောင်ကိုတွေ့ရှိသည်နှင့် သူတို့၏အရှိန်နှုန်းမှာ အလွန်အမင်းလျှင်မြန်သည်။
အရိပ်ဝါးမြိုငါးများ၏ ကိုက်ဖြတ်မှုကိုခံရသောလူတစ်ယောက်အား နတ်ဘုရားများပင် ကယ်တင်နိုင်သည်မဟုတ်ချေ။ထိုငါးများသည် အချိန်တခဏအတွင်းမှာပင် လူတစ်ယောက်ကိုအစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲနိုင်စွမ်းရှိသည်။
အကြောင်းအရင်းမှာ ထိုငါးများ၏ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေသောကြောင့် ပင်လယ်နက်အတွင်း၌ စူးစမ်းရှာဖွေနိုင်ရန် အလွန်အမင်းခက်ခဲသောကြောင့်ပင်။
ပင်လယ်နက်၏အကာအကွယ်ရှိနေသဖြင့် အဆင့်မြင့်အင်မော်တယ်များပင်လျှင် သူတို့၏မှော်စွမ်းအားများဖြင့် ထိုငါးများကိုသတ်ဖြတ်နိုင်ရန် ခက်ခဲသည်။
အကယ်၍ အစောပိုင်းကငါးသည် အမှန်တကယ်ကို အရိပ်ဝါးမြိုငါးဖြစ်နေပါက သူသည် ငရဲဘုရင်၏ခန်းမရှေ့သို့ လမ်းလျှောက်ခဲ့ရခြင်းဖြစ်ပေမည်။
သူ ပို၍စဉ်းစားတွေးတောမိလေလေ ပို၍ထိတ်လန့်ကြောက်ရွံလာလေလေပင်။
"ငါ ခုဏက ပြောပြီးပြီလေ...ဒဏ္ဍာရီတွေက အမှားတွေပဲ"
ကျန်းကျီက တည်ငြိမ်စွာပြောဆိုသည်။
"ဒီနေရာမှာ ဘာအရိပ်ဝါးမြိုငါးမှ မရှိဘူး"
"တကယ်လို့ အဲ့ဒီငါးမျိုးရှိခဲ့ရင်တောင် မုသားစကားတွေပေါ် အခြေခံပြီး ထွက်လာတဲ့ သတင်းတွေပဲဖြစ်မယ်...အဲ့ဒီငါးတွေမှာ နည်းနည်းလေးတောင် အဆိပ်မရှိဘူး"
သူမက ထိုသို့ပြောဆိုကာ ပင်လယ်နက်အနီးသို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုနောက် သူမက မပြောင်းလဲသောမျက်နှာအမူအယာဖြင့် သူမ၏လက်ကို ဆန့်တန်းလိုက်၏။
"တကယ်လို့ နင်မလုပ်ရဲဘူးဆိုရင် ငါကိုယ်တိုင် လုပ်လိုက်မယ်"
သူမ၏လက် ပင်လယ်အတွင်းသို့ ရောက်ရှိသွားတော့မည်အချိန်မှာပင် ထိုလူ၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
"အရှင်မ ဒါကဘာသဘောလဲ"
ထိုလူသည် ကျန်းကျီ၏လက်ကို ဆုပ်ကိုင်ကာ ပြောဆိုလိုက်သည်။
"အရှင်မရဲ့လက်အောက်ငယ်သားက ဒါကို မလုပ်ဝံ့ဘူးလို့ အရှင်မ ထင်နေတာလား"
မည်သို့ပင်ဆိုစေကာမူ သူသည် နောက်တွန့်နေ၍မရတော့သောကြောင့် သူ့၏လက်ကို ရေအတွင်းသို့ နှစ်လိုက်သည်။
ဟူး....
ထိုလူသည် မျက်လုံးစုံမှိတ်ကာ အံ့တင်းတင်းကြိတ်ပြီး လေအေးတချက်ရှိုက်သွင်းလိုက်၏။
ဤသည်မှာ အမှန်တကယ်ကို နာကျင်သည်။
ပြင်းထန်သော နာကျင်မှုသည် သူ့၏လက်များမှတစ်ဆင့် ချက်ချင်းပျံ့နှံ့လာသည်။သို့ရာတွင် သူ့၏စိတ်နှလုံးသားကို ကျန်းကျီ တွေ့နိုင်ရန်အလို့ငှာ သူသည် အံတင်းတင်းကြိတ်ကာ ဆက်လက်၍ တောင့်ခံနေဆဲပင်။
အသက်ရှူချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ထိုလူသည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။
သူက ဖြူရော်နေသောမျက်နှာဖြင့် ပြောဆိုလိုက်သည်။
"ငါ့ရဲ့လက်မှာ ငါးတွေပြည့်နေလောက်ပြီ"
ထိုသို့ပြောဆိုပြီးနောက် သူ့၏လက်များကိုမြှောက်လိုက်သည်။
သူ့၏သွေးသံတရဲရဲလက်များပေါ်တွင် ငါးများရှိနေရန် နေနေသာသာ အသားများပင် မကျန်ရှိတော့ချေ။
အရိုးများသာ ကြွင်းကျန်နေပေ၏။
ထိုအရိုးများပေါ်တွင်အနက်ရောင်အခိုးအငွေ့များရစ်တိုင်းစွမ်းခြုံနေသည်
အကြောင်းအရင်းမှာ....
ပင်လယ်နက်သည် အလွန်နက်မှောင်နေသဖြင့် သူသည် သွေးများကို မမြင်တွေ့နိုင်သောကြောင့်ပင်။
ထိုလူသည် အံ့အားသင့်တုန်လှုပ်သွားကာ ကျန်းကျီသည်လည်း ကြက်သေသေသွားလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုလူ၏ခန္ဓာကိုယ် ရုတ်တရက် အနက်ရောင်သို့ပြောင်းလဲသွားကာ သူ၏မျက်လုံးများ ပြူးထွက်လာသည်။
သူ မြေပြင်ပေါ်သို့ လဲကျသွားသောအချိန်အခိုက်အတန့်တွင် မယုံကြည်နိုင်မှုဖြင့် ကျန်းကျီကို ကြည့်လိုက်သည်။
"မင်း...မင်းက ငါ့ကို ထိခိုက်နာကျင်အောင်လုပ်ဖို့ ကြံရွယ်ထားတာလား"
အထစ်ထစ်အငေါ့ငေါ့ ပြောဆိုလိုက်သောအသံ ရပ်တန့်သွားပြီးနောက် သူ လဲကျသွားတော့သည်။
သူသည် အလောင်းတလောင်းအဖြစ်သို့ ရောက်ရှိသွားလေပြီ။
ကျန်းကျီသည် ကမ်းခြေတစ်နေရာတွင် တောင့်တင်းစွာဖြင့် မတ်တတ်ရပ်နေကာ မယုံကြည်နိုင်မှုဖြင့် ထိုလူ၏အလောင်းကို စူးစိုက်ကြည့်နေမိသည်။
ထိုလူ၏အလောင်းသည် ကမ်းခြေပေါ်၌လဲလျောင်းနေစဉ်မှာပင် အနက်ရောင်ပင်လယ်ရေလှိုင်းများက ရုတ်တရက် ရိုက်ခတ်လာသည်။
ပင်လယ်ရေလှိုင်းများ ပြန်လည်ကျဆင်းသွားချိန်တွင် အရိုးစုတစ်စုသာ ကြွင်းကျန်တော့သည်။
ထိုအရိုးများပေါ်တွင် သူမ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ငါးနှစ်ကောင်က အရူးအမူးကိုက်ခဲနေသည်။
ပင်လယ်ရေလိုင်းများ ထပ်မံ၍ရောက်ရှိလာတော့မည်ကိုကြည့်ပြီး ကျန်းကျီသည် ထပ်ခါတလဲလဲ နောက်သို့ပြန်ဆုတ်လိုက်၏။
မည်သည်ကြောင့် ဖြစ်သနည်း....
သူမ ဤကိစ္စကို ဖော်ထုတ်နိုင်ခြင်းမရှိချေ။
မည်သည့်ကြောင့် ထိုလူသည် ရုတ်တရက်သေဆုံးသွားရသနည်း။
ဤငါးများတွင် အဆိပ်မရှိဟု လူသားအင်မော်တယ်လူငယ်က ပြောဆိုခဲ့သည်မဟုတ်လော...
ထို့ပြင် ထိုလူငယ်သည် သူ့ကိုယ်သူ ငါးစာအဖြစ်အသုံးပြု၍ ငါးမျှားနေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်မဟုတ်လော....
မည်သည့် အမှားအယွင်းရှိနေသနည်း....
သူမထံတွင် နောင်တများ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။အစောပိုင်းက အသက်ရှင်သန်နေခဲ့သော လူသားတစ်ယောက်သည် သူမ၏မျက်လုံးရှေ့၌ အချည်းနှီးသေဆုံးသွားခဲ့ရလေပြီ။
...
...
တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေအတွင်းရှိ ကျန်းယန်ခန်းမ၌....
မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေသော လူတစ်ယောက်သည် သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။
"သူက အရိပ်ကျွန်းပေါ်မှာ သေဆုံးသွားတာလား"
ထိုလူသည် အံ့အားသင့်သွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် ရေရွတ်လိုက်သည်။
"ဖြစ်နိုင်တာတော့ သူက ကျန်းကျီရဲ့ဖော်ထုတ်တာကို ခံလိုက်ရတာများလား"
"မဟုတ်ဘူး ငါ အခုချက်ချင်း သွားမှရမယ်"
ထိုလူသည် မြေပြင်ပေါ်မှ မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်သည်။
"လာကြစမ်း...."
...
...
အရိပ်ကျွန်းပေါ်၌....
ရီဖုန်းသည် တောင်ကုန်းတစ်ခုပေါ်၌ လဲလျောင်းနေကာ သူ၏အောက်တွင် ဝံပုလွေအရေခွံများဖြင့်ပြုလုပ်ထားသော အခင်းတစ်ခုကိုခင်းထားသည်။
ဤသည်မှာ တစ်မီတာခန့်ကျယ်ဝန်းပြီး ရှစ်မီတာခန့်ရှည်လျားသော အိပ်ယာခင်းတစ်ခုပင်။
ဝံပုလွေအရေခွံများကို တစ်လွှာပြီးတစ်လွှာချုပ်ထားသဖြင့် နူးညံနွေးထွေးသည်။
သူ့၏နံဘေးတွင် ဝံပုလွေခေါင်းဖြင့်ပြုလုပ်ထားသော ယောက်ချိုဇွန်းတစ်ချောင်းရှိနေကာ သူ့၏လက်အတွင်း၌ ဝံပုလွေအရိုးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏နောက်ကျောကိုအညောင်းပြေစေရန် ခပ်ဖွဖွထုနေသည်။
"ဒင်...လက်ခံသူက အင်မော်တယ်မြစ်ကုန်းမြေကနေပြီးတော့ ကံကြမ္မာရမှတ် တစ်ရာကိုလက်ခံရရှိပါတယ်"
"ဒင်...လက်ခံသူက အင်မော်တယ်မြစ်ကုန်းမြေကနေပြီးတော့ နောက်ထပ်ကံကြမ္မာရမှတ် နှစ်ရာကိုလက်ခံရရှိပါတယ်"
"ဒင်...ကံကြမ္မာရမှတ်တွေ လုံလောက်သွားတာကြောင့် စနစ်ကို အဆင့်မြှင့်တင်လိုက်ပါပြီ"
"ဒင်...စနစ် အဆင့်မြှင့်တင်ခြင်း...."
"စနစ်အဆင့်မြှင့်တင်မှု...အောင်မြင်..."
"ကံကြမ္မာစတိုးဆိုင် အဆင့်မြှင့်တင်ခြင်း..."
"ဒင်...ကံကြမ္မာစတိုးဆိုင်ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ...လက်ခံသူက ကံကြမ္မာရမှတ်တွေကို ပစ္စည်းတွေနဲ့ လဲလှယ်ချင်ပါသလား"
ထိုအချိန်မှာပင် အသံတစ်သံက ရီဖုန်း၏စိတ်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ရီဖုန်းသည် ဆတ်ခနဲ မတ်တတ်ထရပ်လိုက်၏။
"တော်လိုက်တဲ့ တပည့်တွေ...."
သူသည် ကံကြမ္မာရမှတ်များကို မည်သည့်နေရာမှ ရရှိသည့်အား မသိရှိသော်လည်း ယခုလက်ရှိအချိန်တွင် အင်မော်တယ်မြစ်ကုန်းမြေအတွင်းမှနေ၍ သူ့ထံသို့ ကံကြမ္မာရမှတ်သုံးရာ ရရှိလာလေပြီ။
"ဘယ်လောက်တောင် အံ့အားသင့်ဖို့ကောင်းလိုက်လဲ...ဒါက အံ့အားသင့်စရာတစ်ခုပဲ"
အင်မော်တယ်မြစ်ကုန်းမြေမှ ကံကြမ္မာရမှတ်များကို မည်သည့်နေရာမှ ရရှိသည်အား သူ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း ပျော်ရွှင်စွာဖြင့် စနစ်ကိုဖွင့်လိုက်သည်။
မည်သည့်လုပ်ဆောင်ချက်များ အဆင့်မြှင့်တင်ထားသည်ကို သူ ကြည့်ရပေမည်။
သူသည် ရလဒ်များကို စစ်ဆေးကြည့်လိုက်ချိန်တွင် မည်သည့်လုပ်ဆောင်မျှ ထပ်တိုးမလာရုံမက ပါရမီစုံစမ်းထောက်လှမ်းခြင်းလုပ်ဆောင်ချက်ပင် လျော့ကျသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ရီဖုန်းသည် မျက်ဖြူလန်သွားကာ ဤကဲ့သို့ချီးထုပ်စနစ်မျိုးရရှိခဲ့သည့်အတွက် ကျိန်ဆဲလိုက်မိသည်။
ထို့နောက် သူက ကံကြမ္မာစတိုးဆိုင်ကို ဖွင့်လိုက်သည်။
ထိုစတိုးဆိုင်ကို ကြည့်ရှုပြီးနောက် အကြည့်တစ်ချက်ဖြစ်ပင် ပစ္စည်းတစ်ခု၏ဆွဲဆောင်ခြင်းကို သူ ခံလိုက်ရသည်။
အချိန်တိုးမြှင့်မှု ပြုပြင်ခြင်း...အမှတ်၃၀
အထူးသက်ရောက်မှု...အချိန်တစ်နှစ် ထပ်မံ၍ မြှင့်တင်ပေးခြင်း....
ယခုအချိန်၌ သူ ရရှိထားသော ကျင့်ကြံဆင့်အခြေခံသည် တစ်နှစ်သာကြာမြင့်မည်ဖြစ်ပြီး ဤအချိန်အတောအတွင်းတွင် နောက်ဆုံးတပည့်တစ်ယောက်ကို သူ ရှာဖွေနိုင်ရမည်ဖြစ်ကြောင်း ရီဖုန်းက ရုတ်တရက်အမှတ်ရသွားသည်။ထိုသို့မဟုတ်ပါက သူ၏ကျင့်ကြံဆင့်အခြေခံကို ပြန်ရုတ်သိမ်းခြင်းခံရပေမည်။
သူသည် ငှက်များပင် မစင်စွန့်မည်မဟုတ်သောနေရာအား ပြန်လည်၍ကြည့်လိုက်သည်။
တပည့်တစ်ယောက်ကို ရှာဖွေရမည်လော....
မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံး ဖြစ်သနည်း....
တပည့်တစ်ယောက်ရှာဖွေရန် နေနေသာသာ ဤနေရာတွင် ဝံပုလွေများဖြင့်သာ ပြည့်နှက်နေသည်။
ရီဖုန်းသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့၏ကံကြမ္မာရမှတ်များဖြင့် ကျင့်ကြံဆင့်အခြေခံအတွက် အချိန်တိုးမြှင့်ခြင်းကို လဲလှယ်လိုက်သည်။
သူ နောက်ထပ်တစ်နှစ် တိုးမြင့်နိုင်ခဲ့လေပြီ။
မည်သို့ပင်ဆိုစေကာမူ ငှက်များပင်မစင်မစွန့်သော ဤနေရာကြီး၌ သူ မည်မျှထိကြာကြာနေအုံးမည်ကို သူ မသိရှိချေ။
ကျင့်ကြံဆင့်အခြေခံအတွက် အချိန်တိုးမြှင့်ပြီးနောက် ရီဖုန်း၏အကြည့်သည် နတ်ဘုရားသားရဲများ လဲလှယ်နိုင်သောနေရာသို့ ရောက်ရှိသွားသည်။
နတ်ဘုရားသားရဲ...ဝါးမြိုခြင်းဖား
ဤသည်မှာ သူ အချိန်အတော်ကြာ စဉ်းစားတွေးတောနေခဲ့သော နတ်ဘုရားသားရဲတစ်ကောင်ပင်။
လိုအပ်သော ကံကြမ္မာရမှတ်...အမှတ်တစ်ရာ
စနစ်ကို အဆင့်မြှင့်တင်လိုက်ခြင်းနှင့်အတူ ထိုနတ်ဘုရားသားရဲအကြောင်း မိတ်ဆက်အညွှန်းတစ်ခုပါရှိလာသည်။
အရည်အချင်း...အရာအားလုံးကို ဝါးမြိုနိုင်ခြင်း
ဤသည်မှာ အံ့အားသင့်ဖွယ်တစ်ခုပင်။
ရီဖုန်းသည် စောင့်ဆိုင်းမနေတော့ချေ။
ဤကျွန်းပေါ်၌ သူသည် ဝံပုလွေအမြောက်အများကို ကြုံတွေ့ခဲ့ရသည်။ထို့ပြင် တခြားသားရဲ့အမြောက်အများကိုလည်း သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေ၏။
ထိုသားရဲများအားလုံးကို သူ စားခဲ့သော်လည်း....
မည်သို့ပင်ဆိုစေကာမူ သူသည် လူသားအင်မော်တယ်တစ်ယောက်သာဖြစ်သည်။ဤနေရာသည် အင်မော်တယ်နယ်မြေမှ ရာဇဝတ်သားများအား နယ်နှင်ဒဏ်ပေးသောနေရာ ဖြစ်နေဆဲပင်။
ဤနေရာကို အင်မော်တယ်နယ်မြေ၏အကျဉ်းထောင်ဟု ယူဆနိုင်သည်။
ဤအကျဉ်းထောင်အတွင်းတွင် ဆယ်ပုံပုံလျှင်ကိုးပုံခန့်သည် ကောင်းမွန်သောအရာများ မဟုတ်နိုင်ချေ။
သူ့၏အားနည်းသော လူသားအင်မော်တယ်ကျင့်ကြံဆင့်အခြေခံမျှဖြင့် အကယ်၍ သူသည် ဆိုးရွားသောအရာတစ်ခုနှင့် ကြုံတွေ့ရပါကမည်သို့ ပြုလုပ်ရမည်နည်း။
ဤဝါးမြိုခြင်းဖားရရှိခြင်းကို နှင်းများအကြား၌ မီးသွေးတစ်တုံးရရှိသည်ဟု ယူဆနိုင်သည်။
သူသည် ပျော်ရွှင်စွာဖြင့် ကံကြမ္မရမှတ်များကိုအသုံးပြုကာ ဝါးမြိုခြင်းဖားကို လဲလှယ်လိုက်တော့သည်။
သူ၏ကံကြမ္မာရမှတ်များကို အသုံးပြုပြီးနောက်....
ရီဖုန်းသည် သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ကာ မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေသောမျက်လုံးများဖြင့် စူးစိုက်၍ကြည့်လိုက်၏။
ဝှစ်....
အလင်းတန်းတစ်တန်း တောက်ပလာသည်နှင့်အတူ....
ရီဖုန်းက အလျှင်အမြန် ခေါင်းငုံကြည့်လိုက်သည်။
သို့ရာတွင် သူ ထိုအရာကို မြင်တွေ့မိသောအချိန်၌ လုံးလုံးလျားလျား ကြက်သေသေသွားသည်။
မြေပြင်ပေါ်တွင် လက်ဖဝါးတစ်ခုစာအရွယ်အစားရှိသော ဖားပြုတ်တစ်ကောင် ရှိနေသည်။
ရီဖုန်းထံတွင် အမေးသင်္ကေတများဖြင့် ပြည့်နှက်သွားတော့သည်။
မန်မန်ကဲ့သို့ ကြီးမားပြီး ထူးဆန်းသောသားရဲမျိုး ဖြစ်မနေလျှင်ပင် အနည်းဆုံးအနေဖြင့် ဤဖားသည် ယခုလောက်ထိ သေးငယ်မနေသင့်သည်မဟုတ်လော....
ထိုဖားသည် အရာရာကို ဝါးမြိုနိုင်သည်ဟု ဆိုသလော....
သူသည် ဖားပြုတ်ကို သူ၏လက်အတွင်း၌ထည့်ကာ အပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။သို့ရာတွင် သူသည် ဤဖားပြုတ်နှင့် လယ်ကွင်းများအတွင်းမှဖားပြုတ်များ အကြားရှိ ကွဲပြားခြားနားချက်ကို တစ်စုံတစ်ခုမျှ မြင်တွေ့မိခြင်းမရှိချေ။
ပြောရမည်ဆိုလျှင် သောက်ရေးမပါလှစွာပင် တစ်ထပ်တည်းတူညီနေသည်။
မဟုတ်သေး...စနစ်သည် သူ့အား ထပ်မံ၍လှည့်စားလိုက်သည် မဟုတ်လော....
ရီဖုန်းသည် သံသယအပြည့်ဖြင့် ထိုဖားပြုတ်ကို သူ့၏နံဘေးသို့ ဂရုတစိုက် ချထားလိုက်သည်။
"မင်း ငါကြည့်လို့ရအောင် တစ်ခုခုကို ဝါးမြိုပြနိုင်လား"
"အုံ..."
"အွမ်..."
ထိုအော်သံကြောင့် ရီဖုန်းသည် သေချင်စိတ်အလွန်အမင်း ပေါက်သွားသည်။
သူသည် ချီးထုပ်စနစ်၏လှည့်စားမှုကို ထပ်မံ၍ခံလိုက်ရပြီဖြစ်ကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဤဖားပြုတ်ကို....
သူ မည်ကဲ့သို့ အသုံးပြုရမည်နည်း....
"ချီးထုပ်စနစ်...ငါ မင်းကိုထပ်ပြီး ယုံစားမိမယ်ဆိုရင် ငါက လူမဟုတ်တော့ဘူး"
ရီဖုန်းက ကျိန်ဆဲလိုက်၏။သူ့ထံတွင် ကံကြမ္မာရမှတ် အမြောက်အများကျန်ရှိသေးသော်လည်း တခြားတစ်စုံတစ်ခုနှင့် လဲလှယ်ရန်အတွက် သူ စိတ်မဝင်စားတော့ချေ။
သို့ရာတွင် သူ စတိုးဆိုင်ကိုပိတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့၏မျက်လုံးတောင်းမှနေ၍ ရုတ်တရက် တစ်စုံတစ်ခုကို တွေ့မြင်မိသည်။
အိမ်....အမှတ်နှစ်ဆယ်
လက်ဖက်ပင်...ငါးမှတ်
ဆန်....ငါးမှတ်
ထိုနေရာ၌ နေ့စဉ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ မရေမတွက်နိုင်အောင်ရှိနေသည်။
ဤသည်မှာ ရီဖုန်းကို အချိန်တစ်ခဏကြာခန့် ကြက်သေသေသွားစေသည်။
"လဲတာပေါ့..."
"ဒါက အိမ်တစ်လုံးမဟုတ်လား...မင်း ဘယ်လိုအိမ်မျိုးကို ငါ့အတွက် လဲပေးမလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
ရီဖုန်းက သူသည် စနစ်၏လှည့်စားမှုအတွင်းသို့ ရောက်ရှိနေသည်ဟု ခံစားမိသောကြောင့် ကံကြမ္မာရမှတ်များကို သူ ထပ်မံ၍နှမြောမနေတော့ချေ။
ထို့ကြောင့် သူသည် ကြွင်းကျန်နေသောကံကြမ္မရမှတ်များအားလုံးကို အိမ်တစ်လုံး လက်ဖက်ပင်နှင့် မရေမတွက်နိုင်သောသီးပင်စားပင်များအတွက် လဲလှယ်လိုက်တော့သည်။