← Chapters

အခန်း (၅၇၁-၅၇၅)

Vol. 39 Ch. 571-575

အခန်း (၅၇၁-၅၇၅)

Vol. 39 Ch. 571-575

Chapter 571

သင်္ကေတအက္ခရာများ မျောလွင့်လာကာ....

လေဟာနယ် လှုပ်ခတ်သွားခြင်းနှင့်အတူ....

အချိန်နောက်ပြန်ကြည့်ခြင်းစွမ်းအားများ အသက်ဝင်လာခဲ့သည်။

အမည်အတိုင်းပင် ဤနည်းစနစ်သည် အချိန်ကိုနောက်ပြန်ကြည့်နိုင်ပေ၏။

ဤသည်မှာ အချိန်နှင့်လေဟာနယ်ကို နောက်သို့ပြန်ရောက်သွားစေပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ မြင်တွေ့နိုင်စွမ်းရှိသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနှင့်ဖရိုဖရဲနတ်ဆိုးတို့၏ ရုတ်တရက်ပျောက်ကွယ်သွားမှုတွင် မူမမှန်သောအရာတစ်ခုရှိနေမည်ဟု သူ ခံစားနေရသည်။

ဤနေရာတွင်ရှိနေသည်မှာ ယခုလက်ရှိအဆင့်သို့ရောက်ရှိနိုင်ရန် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသော ရှေးဟောင်းနတ်ဆိုးများဖြစ်သည်။ယခုချိန်၌ သူတို့သည် နားမလည်နိုင်စွာ ပျောက်ကွယ်သွားကြပြီး အရှင်သခင်ဖြစ်သော သူပင်လျှင် မည်ကဲ့သို့ဖြစ်ပျက်သွားသည်ကို မသိရှိချေ။

ထို့ကြောင့် သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်ကို ရှာဖွေဖော်ထုတ်ရပေမည်။

သူသည် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုရင်း ရှုပ်ထွေးပွေလီသော လက်စည်းတံဆိပ်များကို ပို၍ပို၍လျှင်မြန်စွာဖွဲ့စည်းကာ အချိန်ကိုနောက်သို့ပြန်သွားခဲ့သည်။

မကြာမီမှာပင်.....

သူသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းကာ နတ်ဆိုးနှင့်ဖရိုဖရဲနတ်ဆိုးတို့၏အရှိန်အဝါများ ပျောက်ကွယ်သွားသောအချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။

ပင်လယ်ရေမျက်နှာပြင်၌ လှိုင်းဂယက်များထနေသည်။

ရံဖန်ရံခါ လှိုင်းလုံးကြီးများ မြင့်တက်လာပေ၏။

သို့ရာတွင် ကတုံးပြောင်လူကြီးကို မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားရစေသောအရာမှာ ပင်လယ်ရေမျက်နှာပြင်ကိုကြည့်နေသော သူ့၏မြင်ကွင်းသည် ဖရိုဖရဲမြူခိုးများ၏စွမ်းအားကြောင့် ဝေဝါးနေခြင်းပင်။

သူ့၏အာရုံခံမှုကို အပြည့်အဝ ပိတ်ဆို့ဟန့်တားထားသည်။

ဤသည်မှာ သူ့အား အစစ်အမှန်မြင်ကွင်းများမဟုတ်ဟု ခံစားရစေသည်။

ဤအချိန်အခိုက်အတန့်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို ရိပ်စားမိနိုင်ရန်မှာ မဖြစ်နိုင်ချေ။

"ကောင်းတယ်....ကောင်းတယ်...."

"ဒါက ဘာလဲဆိုတာ ငါ မြင်ချင်တယ်...မင်းက ငါ့ရဲ့အာရုံခံမှုကို ပိတ်ဆို့ဟန့်တားပြီးတော့ ငါ့ကို ဆန့်ကျင်ဝံ့တာလား"

အက်ရှရှအသံတစ်သံက ကတုံးပြောင်လူကြီး၏ပါးစပ်မှ ထွက်ပေါ်လာသည်။

သူ့၏လက်ဖြင့် ဖွဲ့စည်းနေသော လက်စည်းတံဆိပ်များ ပုံစံပြောင်းလဲသွားကာ လျှင်မြန်သည်ထက် ပို၍လျှင်မြန်လာသည်။

အချိန်နောက်ပြန်ကြည့်ခြင်းစွမ်းအား....

နတ်ဆိုးပျောက်ကွယ်သွားသော အချိန်အခိုက်အတန့်သို့ ပြန်လည်ရောက်ရှိသွားသည်။

ထို့နောက် သူ့၏စွမ်းအားများကို ထပ်မံ၍ ထည့်သွင်းလိုက်ချိန်တွင် သူ့၏အမြင်အာရုံကို ပိတ်ဆို့ဟန့်တားထားသော ဖရိုဖရဲမြူခိုးများ လွင့်ပြယ်သွားသည်။

နတ်ဆိုးသည် အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်၏ဝါးမြိုခြင်း ခံလိုက်ရသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့မိလေ၏။

ဖရိုဖရဲနတ်ဆိုးသည်လည်း ဤအတိုင်း ထပ်တူညီစွာပင်။

သို့ရာတွင် လက်သည်တရားခံကမူ.....

အကြောင်းအရင်းမှာ ထိုနေရာတွင် ယခင်နှင့်မတူညီသော မြူခိုးများရှိနေသဖြင့် ဖြစ်စဥ်အစအဆုံးကို သူ မမြင်တွေ့နိုင်သောကြောင့်ပင်။

"ဟမ့်..."

"လှည့်ကွက်ငယ်လေးတွေပါလား....ဒါပေမယ့် အဲ့ဒါက အရမ်းနက်နဲတယ်...."

"မင်း ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်"

ကတုံးပြောင်လူကြီးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ့၏လက်စည်းတံဆိပ်များကို အကန့်အသတ်အခြေအနေ ရောက်သည်အထိ ထပ်မံ၍အရှိန်မြှင့်တင်လိုက်၏။

ဤလက်စည်းတံဆိပ်များကို သဲသဲကွဲကွဲ မမြင်တွေ့နိုင်တော့လုနီးပါးပင်။

ခက်ခဲသောအခြေအနေတစ်ရပ်ဖြင့် သူ မြူခိုးအလွှာများအားလုံးကို ထွင်းဖောက်နိုင်ခဲ့သည်။

သို့ရာတွင် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သည်ကို နောက်ဆုံး၌ သူ တွေ့မြင်နိုင်တော့မည်ဟု တွေးတောနေစဥ်မှာပင် အချိန်နောက်ပြန်သွားခြင်းစွမ်းအား၌ ပြဿနာတစ်ရပ် ဖြစ်ပွားလာခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မည်သည့်နတ်ဆိုးမျှမရှိချေ။

ဖရိုဖရဲနတ်ဆိုးလည်း မရှိပေ။

တခြားသက်ရှိသတ္တဝါများကိုပင် တစ်ကောင်တစ်လေမျှ သူ မမြင်တွေ့မိချေ။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အဖြူရောင်ဗိုက်သားများကိုလှန်ထားကာ လှိုင်းလုံးများစီးနေသော ဖားပြုတ်တစ်ကောင်သာရှိနေသည်။

ကတုံးပြောင်လူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

တစ်ကောင်တည်း...

ဖားပြုတ်တစ်ကောင်တည်းသာ ရှိနေသလော....

မည်သည့်ကိစ္စများ အတိအကျ ဖြစ်ပွားသွားခဲ့သနည်း....

သူသည် ဖားပြုတ်ထံသို့ အာရုံစူးစိုက်လိုက်၏။

ရုတ်တရက်.....

ပက်လက်လှန်နေသောဖားပြုတ်သည် ရေအတွင်းရှိ သူ့၏ခြေထောက်များကို စူးစိုက်ကြည့်ပြီး လူသားတစ်ယောက်အလား မတ်တတ်ထရပ်လိုက်သည်။

နောက်ခြေတစ်စုံဖြင့် မတ်တတ်ရပ်နေပြီး ရှေ့ခြေတစ်စုံကိုနောက်ပစ်ထားကာ လုံးဝန်းသောဖားမျက်လုံးတစ်စုံဖြင့် သူ့ထံသို့ တန်းတန်းမတ်မတ်စူးစိုက်ကြည့်နေသည်။

ဤအကြည့်သည်....

အလွန်ဝေးကွာသောနေရာတွင်ရှိနေသော ကတုံးပြောင်လူကြီးကို ကြက်သီးမွေးညှင်းထသွားစေသည်။

ဤအကြည့်ကြောင့် သူ့၏စိတ်ဆန္ဒခုနစ်မျိုးနှင့်စိတ်ဝိညာဥ်ခြောက်ခုတို့ လွင့်ထွက်သွားလုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။

ထိုအချိန်မှာပင်....

ဖားပြုတ်သည် ထပ်မံ၍မတ်တတ်ထရပ်ကာ ရှေ့ခြေတစ်ချောင်းဖြင့် သူ့ထံသို့ လက်ညှိုးညွှန်လေ၏။

"မင်းက ငါ့ကို နာမကျန်းဖြစ်အောင်လုပ်ခဲ့တယ်...ငါက မင်းကိုစားဖို့ အရမ်းပျင်းတယ်....ဒါပေမယ့် မင်းရဲ့ကပ်ပါးကောင်လေးတွေက ငါ့အတွက် အစားကောင်းလေးတွေပဲ....ဒီချိန်ကနေစပြီးတော့ မင်း ငါ့ကို တစ်လတစ်ကောင်ကျွေးမယ်ဆိုရင်...ငါ့အတွက် တစ်နှစ်စာလောက်လုံလောက်တယ်"

"တကယ်လို့ မင်းက နာခံမှုရှိတယ်ဆိုရင် ငါက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

"မဟုတ်လို့ကတော့...ငါ ပျို့အန်မိတာနဲ့ မင်းကို ချက်ချင်းဝါးမြိုပစ်မယ်"

ဖားပြုတ်၏ပါးစပ် အနည်းငယ်ပွင့်ဟသွားကာ အသံများ ထွက်ပေါ်လာသည်။

ထိုအသံများသည် ကတုံးပြောင်လူကြီး၏စိတ်အတွင်းသို့ ဝင်ရောက်သွားပေ၏။

ထို့နောက်မှနေ၍....

အချိန်နောက်ပြန်ကြည့်ခြင်းစွမ်းအားသည်လည်း အတင်းအကြပ် ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရသည်။

ပင်လယ်ရေမျက်နှာပြင်သည် တည်ငြိမ်နေဆဲပင်။

ဝမ်းဗိုက်ကိုလှန်လိုက်မှောက်လိုက်လုပ်နေသော ဖားတစ်ကောင်ကသာ သူ့၏ရှေ့ခြေထောက်များကို သူ့ခေါင်းအောက်၌ထားပြီး နောက်ခြေထောက်များကိုချိတ်ထားကာ ပင်လယ်ရေလှိုင်းများအကြား၌ ပေါလောပေါ်နေသည်။

သို့ရာတွင် အဝေးတစ်နေရာ၌ရှိနေသော ကတုံးပြောင်လူကြီးသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားကာ ထိတ်လန့်ကြောက်ရွံစွာဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေသည်။

သူ့၏စိတ်အတွင်း၌....

ယခင်ကကြားခဲ့ရသော စကားသံများ ပဲ့တင်ထပ်နေဆဲပင်။

ဆိုလိုသည်မှာ....

လျှို့ဝှက်ဆန်းကြယ်သော ဖားတစ်ကောင်သည် အချိန်နောက်ပြန်ကြည့်ခြင်းစွမ်းအားကို သူ အသုံးပြုခဲ့သည်ကို သိရှိနေရုံသာမက....

ထိုဖားပြုတ်သည် သူ့၏အချိန်နောက်ပြန်ကြည့်ခြင်းစွမ်းအားကိုထွင်းဖောက်ကာ အကြည့်တစ်ချက်ဖြင့် သူ့၏ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူ့၏ခန္ဓာကိုယ်တွင် အနှစ်သာရအဖြစ် ကျင့်ကြံထားသည်မှာ ကပ်ပါးကောင်စွမ်းရည်ပင်။

သူ့၏ကပ်ပါးကောင်စွမ်းရည်ဖြင့် အစွမ်းထက်သော နတ်ဆိုးများ၏ခန္ဓာကိုယ်များပေါ်တွင် တွယ်ကပ်ကာ သူတို့၏စိတ်ဝိညာဥ်ကိုထိန်းချုပ်ခဲ့သည်။ထို့နောက် သူတို့၏ခန္ဓာကိုယ်များကို သူ အသုံးချနိုင်ရန်အတွက် သူ့၏ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားများအဖြစ် ပေါင်းစပ်ခဲ့လေ၏။

သေဆုံးသွားသော နတ်ဆိုးနှင့်ဖရိုဖရဲနတ်ဆိုးတို့အပြင် သူ့ထံတွင် ကပ်ပါးကောင်နတ်ဆိုးဆယ့်နှစ်ကောင်ရှိနေသည်။

ဤသည်မှာ....တစ်နှစ်စာအတိအကျပင်။

...

အရိပ်ကျွန်း၌....

ရီဖုန်းသည် သူ့၏ဘယ်လက်ဖြင့် လဖက်ရည်ခွက်ကိုကိုင်ထားကာ သူ့၏ညာဘက်လက်အတွင်းတွင် စပျစ်သီးတစ်ခိုင်ရှိနေသည်။သူသည် နောက်မှီကုလားထိုင်ကိုလှုပ်ယမ်းနေကာ သူ့၏မျက်လုံးများကို မှေးစင်းပြီး အဝေးတစ်နေရာရှိ ပင်လယ်ရှုမျှော်ခင်းကိုကြည့်နေသည်။

ထိုအချိန်မှာပင်....

စနစ်၏အသံက သူ့၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

'လက်ခံသူကို ဂုဏ်ပြုပါတယ်....မင်းက အင်မော်တယ်မြစ်ကုန်းမြေရဲ့ကံကြမ္မာရမှတ်တွေကို လစဥ်လတိုင်း လက်ခံရရှိမယ်"

Chapter 572

'လက်ခံရရှိမည့် ကံကြမ္မာရမှတ်...ငါးရာ'

"အော်....ဟမ်...."

ထိုအသံကိုကြားချိန်တွင် ရီဖုန်းသည် ဆတ်ခနဲထထိုင်လိုက်၏။

အင်မော်တယ်မြစ်ကုန်းမြေမှ လစဥ်လတိုင်း သူ လက်ခံရရှိမည့် ကံကြမ္မာရမှတ်များသည် အမှန်တကယ်ကို အချိန်ကိုက်ရောက်ရှိလာခြင်းပင်။

ဤသည်မှာ သူ့၏အတိတ်ဘဝအတွင်း၌ လစ​ဥ်လတိုင်း တူညီသောနေ့တွင် သူ့၏ခရက်ဒစ်ကဒ်အတွင်းသို့ ဝင်ရောက်လာသည့် သူ့၏လစာငွေနှင့်တူညီသည်။

မည်သည့်အကြောင်းအရင်းကြောင့်ဟု သူ မသိရှိသော်လည်း အင်မော်တယ်မြစ်ကုန်းမြေမှ ကံကြမ္မာရမှတ်များကို သူ လစဥ်လတိုင်း လက်ခံရရှိပေမည်။

သို့ရာတွင် မည်သည်ကြောင့် ရရှိသည်ဖြစ်စေ အရေးမကြီးချေ။

ထို့နောက် ကံကြမ္မာရမှတ်ငါးရာကို ယခုချက်ချင်း လက်ခံရရှိခဲ့သော ရီဖုန်းသည် အတိတ်ဘဝတွင် သူ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ခြင်းကြောင့်ဟုယူဆကာ စနစ်၏စတိုးဆိုင်ကို ချက်ချင်းဖွင့်လိုက်သည်။

ဤစတိုးဆိုင်သည် စိတ်ပျက်ဖွယ်ကောင်းကာ....

ဖားပြုတ်တစ်ကောင်ကဲ့သို့ ဆိုးဆိုးရွားရွားအရာမျိုး ရှိနေသော်လည်း....

အရသာရှိသော တခြားအရာတချို့ ရှိနေဆဲပင်။

ဥပမာအနေဖြင့် သူ့၏လက်အတွင်းမှ စပျစ်သီးများ.....

စနစ်၏စတိုးဆိုင်မှ လဲလှယ်ထားသော အပင်ပေါက်များသည် ရင့်မှည့်လွယ်ရုံသာမက အလွန်အမင်းချိုမြသည်။

အမှန်အားဖြင့် သူ့၏လက်အတွင်းရှိ လက်ဖက်ရည်ခွက်အတွင်းမှ လက်ဖက်ရွက်များလည်း အပါအဝင်ပင်။

ဤလဖက်ရည်သည် အလွန်အရသာရှိပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤအရာများနှင့်လဲလှယ်ရခြင်းအတွက် ရီဖုန်းထံတွင် နောင်တများရှိမနေချေ။

ထို့ကြောင့် ယခုလက်ရှိချိန်တွင် ကံကြမ္မာရမှတ်အမြောက်အများ ရရှိထားသော ရီဖုန်းသည် ထိုအရာများကို လိုလိုလားလား သုံးစွဲချင်နေသည်။

ဖရဲသီးများ သခွားမွှေးသီးများ မက်မွန်သီးများ အစရှိသဖြင့် သူ စိုက်ပျိုးပါက ကျွန်းတစ်ကျွန်းလုံး ပို၍စည်ပင်လာပေမည်။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဘဝဖြစ်ကာ....

သူ့၏အောက်ခြေစည်းမျဥ်းသည် ဗိုက်ပြည့်အောင်စားရန် ဖြစ်သော်လည်း....

သူ့၏အစားစားချင်စိတ်ကို သူ ခေါင်းမာမာဖြင့် တွန်းလှန်ထားဆဲဖြစ်သည်။

အကြောင်းအရင်းမှာ သူ ဤကျွန်းမှထွက်သွားနိုင်ရန်ထက် တခြားပို၍အရေးကြီးသောအရာမရှိသောကြောင့်ပင်။

"စိတ်ငြိမ်ငြိမ်ထားစမ်း...."

လဖက်ရည်တစ်ငုံငုံပြီးနောက် ရီဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

အကယ်၍ ဤအချိန်တွင် ဆွဲဆောင်မှုကို သူ တွန်းလှန်နိုင်ပါက နောက်လခန့်တွင် ဤကျွန်းပေါ်မှ ထွက်သွားကောင်းထွက်သွားနိုင်ပေမည်။

သို့ရာတွင်....

ရီဖုန်းသည် ဒုတိယအစီအစဥ်တစ်ခုကိုလည်း ပြိုတင်ပြင်ဆင်ထားလေ၏။

ဤကြုံရာကျပန်းပို့ဆောင်ခြင်းသည် လှည့်စားမှုတစ်ခုဖြစ်နေပါက သူသည် ပင်လယ်နက်ကိုဖြတ်သန်း၍ ဖြည်းညှင်းစွာထွက်ခွာသွားရန် ရည်ရွယ်ထားသည်။

ထို့ကြောင့်...

သူသည် ရိက္ခာများသိုလှောင်ထားရန် လိုအပ်နေဆဲပင်။

ရီဖုန်းသည် ဝံပုလွေများကိုသတ်ဖြတ်သည့် လုပ်ငန်းစဥ်ကို ဆက်လက်၍လုပ်ဆောင်လိုက်တော့သည်။

သို့ရာတွင် ထူးဆန်းသည်မှာ သူသည် ကျွန်းတစ်ဝက်ခန့် လှည့်ပတ်သွားပြီးသည့်တိုင် အသက်ရှင်နေသော ဝံပုလွေအနည်းငယ်သာ ရှိနေခြင်းပင်။ကျွန်းပေါ်ရှိ နေရာအနှံ့အပြား၌ ဝံပုလွေအရိုးများသာ ပြန့်ကျဲနေသည်။

"ကြည့်ရတာတော့ ငါက သားကောင်ပြောင်းရတော့မယ့်ပုံပဲ"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။

သူသည် ဤကျွန်းပေါ်မှ ဝံပုလွေအားလုံးနီးပါးကို သတ်ဖြတ်ပြီးလေပြီ။အကယ်၍ သူ ဆက်၍အမဲလိုက်နေပါက ကျွန်းပေါ်တွင်ရှိနေသော ဝံပုလွေများသည် သူ့ကြောင့် မျိုးတုံးပျောက်ကွယ်သွားပေမည်။

ထို့ကြောင့် သောက်ရေးမပါလှစွာပင် သူ လင်းတများကို အမဲလိုက်ရပေမည်။

ဝံပုလွေများအပြင် ဤကျွန်းပေါ်၌ အများဆုံးရှိနေသောမျိုးစိတ်မှာ လင်းတများပင်။

နောက်ထပ်ပစ်မှတ်ကို စဥ်းစား၍မရတော့သဖြင့် ရီဖုန်းသည် ကျွန်းပေါ်မှ ပြန်လာခဲ့တော့သည်။

သိုင်းပညာခန်းမသို့ ပြန်ရောက်သည်နှင့် သူသည် လေးနှင့်မြှားများကို စတင်၍ပြုလုပ်လိုက်၏။

တစ်ရက်ပစ်ခတ်ရုံဖြင့်...

ရီဖုန်းသည် လင်းတအကောင်ရှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည်။

ရီဖုန်း၏နေ့စဥ်အမဲလိုက်နိုင်သော လင်းတအရေအတွက်သည် တစတစလျော့နည်းစပြုလာသော်လည်း သူ့၏သိုလှောင်နိုင်မှု ပို၍ပို၍များပြားလာသည်။

ယခင်က ဝံပုလွေအသားများအပြင် ငါးအသားလွှာများ ယခုလက်ရှိ လင်းတသားများရှိနေသဖြင့် သူ့အတွက် ရိက္ခာနှစ်နှစ်စာခန့်လုံလောက်သည်။

သိုင်းပညာခန်းမသို့ ပြန်ရောက်ပြီးနောက် ရီဖုန်းသည် မီးမွှေးကာ လက်ဖက်ရည်တစ်အိုးဖျော်စပ်ပြီး လင်းတသားများကို ကျပ်တိုက်လိုက်၏။

သူ့၏နံဘေးရှိ မြေပြင်ပေါ်တွင် မန်မန်သည်လသေဆုံးနေသည့်အလား လဲလျောင်းနေသည်။

တစ်ချိန်တည်းမှာပင် ရီဖုန်း သာမာန်ကာလျှံကာ လွှင့်ပစ်ခဲ့သော ဖားပြုတ်သည် ပြန်လည်ရောက်ရှိလာကာ မန်မန်၏အခွံပေါ်၌ ပက်လက်လှန်၍လဲလျောင်းနေသည်။

"အုံး အွမ်..."

"ဖရူး...ဖရူး..."

"အုံး အွမ်...."

"ဖရူး ဖရူး..."

"အစ်ကိုမန်မန်...ငါက အခု ငါ့ရဲ့နာမည်ကို ပြောင်းထားတယ် ငါက အစ်ကိုကြီးအရိုးစုလို သြဇာအာဏာရှိချင်တယ်"

မန်မန်၏မျက်နှာထက်တွင် အမူအယာကင်းမဲ့နေဆဲပင်။

"ဖားပမ်ဝေ...ဘယ်လိုလဲ..ဒီနာမည်က အရမ်းခန့်ညားတယ်မဟုတ်လား"

"အင်း...."

"မင်း ဘာကိုဆိုလိုတာလဲ...ဒါက ခန့်ညားတာလား မခန့်ညားဘူးလား"

"အင်း....."

"မင်းကို ပြောရတာ သေတော့မယ့်သူနဲ့ ပြောနေရသလိုပဲ...ဖားပမ်ဝေ...ဒီနာမည်က ခန့်ညားလား...မခန့်ညားဘူးလား...ဒီနာမည်က ကောင်းတယ်မဟုတ်လား....မင်း ဘယ်လိုသဘောရလဲ"

"ဒီနာမည်အတိုင်း အတူတူမှည့်မယ်ဆိုရင် ငါက မင်းကို ခရုပမ်ဝေလို့ခေါ်ဖို့ စဥ်းစားထားတယ်"

"စိတ်မဝင်စားဘူး..."

ထိုသို့ပြောဆိုပြီးနောက် မန်မန်သည် သူ့၏မျက်လုံးများကိုစုံမှိတ်လိုက်ကာ သူ့ကိုကြည့်ရသည်မှာ ပျင်းရိငြီးငွေ့နေပုံပင်။ထို့နောက် မန်မန်သည် ငိုက်မျဥ်းလာကာ အိပ်ပျော်သွားတော့သည်။

"မင်း....ခရုစုတ်...မင်းက ဘာခံစားချက်မှ မရှိတဲ့ကောင်ပဲ"

ဖားပြုတ်သည် ဒေါသတကြီးအော်ဟစ်ကာ ခရုခွံပေါ်မှခုန်ဆင်းပြီး နံဘေး၌ လဲလျောင်းလိုက်တော့သည်။

...

"အသားချောင်း...."

"အသားစည်သွပ်ဘူး..."

"အသားခြောက်..."

တခြားတစ်ဖက်တွင် ရီဖုန်းသည် သူ့၏ရိက္ခာများကိုကြည့်ကာ သူ့၏စုဆောင်းနိုင်မှုအပေါ် အလွန်အမင်းစိတ်ကျေနပ်နေသည်။

ချောက်ကမ်းပါးတစ်ခု၏အောက်၌....

ကျန်းကျီသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ မြေပြင်ပေါ်ရှိ လင်းတအလောင်းများကို ကြည့်လိုက်သည်။

ယခင်က အရိပ်ဝံပုလွေအလောင်းများကို မြင်တွေ့စဥ်၌ ဤကျွန်းပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဆရာကြီးတစ်ယောက် ရှိနေနိုင်သည်ဟု သူမ တွေးထင်မိသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ သေချာရေရာခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူမကိုယ်တိုင်သည်လည်း အစွမ်းထက်သော တည်ရှိမှုကြီးတစ်ယောက်ပင်။

ဤနေရာရှိ ပတ်ဝန်းကျင်၏သက်ရောက်မှုကို ခံရခြင်းမရှိသည့်အပြင် နယ်မြေခံဝံပုလွေများကို အသေးအဖွားများအလား ဆုတ်ဖြဲနိုင်သည်မှာ မည်ကဲ့သို့တည်ရှိမှုကြီးဖြစ်သည်ကို သူမ စိတ်ကူးပင်ယဥ်မကြည့်နိုင်ချေ။

ယခုချိန်တွင် သူမသည် နေရာအနှံ့အပြား၌ ပြန့်ကြဲနေသော လင်းတအသေကောင်များကို တွေ့မြင်မိသည်။

ရာထောင်ချီနေသော လင်းတအသေကောင်များ....

ဤသည်မှာ ယခင်က သူမ၏အတွေးကို ပို၍ယုံကြည်လက်ခံသွားစေခဲ့သည်။

ဤကျွန်းပေါ်၌ သူမ စိတ်ကူးပင်ယဥ်မကြည့်ဘူးသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေသော အစွမ်းထက်ဆရာကြီးတစ်ယောက် ရှိနေပေမည်။

ကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီးတစ်ခု....

"အဆုံးသတ်ကျတော့....သူက ဘယ်သူလဲ..."

သူမသည် အရိပ်ကျွန်းနှင့်ပတ်သတ်သည့်ကိစ္စများကို အသည်းအသန် ပြန်လည်စဥ်းစားတွေးတောလိုက်၏။

သို့ရာတွင် သူမသည် နယ်နှင်ဒဏ် ပေးခံရစဥ်မှစ၍ အရိပ်ဝါးမြိုငါးများ အရိပ်ဝံပုလွေများနှင့်လင်းတများမှလွဲ၍ တခြားမည်သည့်အရာကိုမျှ အမှတ်မရချေ။

အစွမ်းထက်ဆရာကြီးတစ်ယောက်နှင့် သက်ဆိုင်သည့် အချက်အလက်များလည်း သူမ၏မှတ်ဥာဏ်အတွင်း၌ ရှိမနေချေ။

သို့ရာတွင် သူမ မသိရှိသည့်တိုင် ဤအရိပ်ကျွန်းပေါ်တွင် ချိတ်ပိတ်ခံထားရကာ ယခုထိတိုင် အသက်ရှင်သန်နေဆဲဖြစ်သော အစွမ်းထက်ဆရာကြီးများ ရှိနေနိုင်သည်။

သို့ရာတွင် ထိုဆရာကြီးများ၏ယခုလက်ရှိအခြေအနေသည် သူမထက် များစွာပို၍ ကောင်းမွန်နေမည်မဟုတ်ချေ။အများဆုံးအနေဖြင့် သူတို့သည် မှော်စွမ်းအားများကိုထိန်းသိမ်းကာ သူတို့၏အရှိန်အဝါများကိုဖုံးကွယ်ပြီး နေရာတစ်ခု၌ နေထိုင်နေပေမည်။

"အဲ့ဒီစီနီယာနဲ့ ငါ သိကျွမ်းခွင့်ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ"

ကျန်းကျီ၏မျက်လုံးများသည် မျှော်လင့်ချက်ကြောင့် တဖျတ်ဖျတ်တောက်ပသွားသည်။

သူမသည် သေဆုံးရမည်ကို ကြောက်ရွံခြင်းမရှိချေ။

သို့ရာတွင် သူမသည် အကွက်ချကြံစည်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပေ၏။

ထို့​ကြောင့် သူမ အမှန်တကယ်ကို အသက်ရှင်သန်လိုသည်။

ဤနေရာမှထွက်ခွာကာ သူမ၏နာမည်အတွက် တရားမျှတမှုကိုရှာဖွေ၍ သူမအား အကွက်ချကြံစည်ခဲ့သောလူကို သူမ၏ဓားဖြင့် သတ်ဖြတ်ရပေမည်။

အကယ်၍ သူမသည် ထိုစီနီယာနှင့်သိကျွမ်းကာ ပူးပေါင်းနိုင်ပါက တစ်ဖက်လူ၏ခွန်အားဖြင့် သူမ အသက်ရှင်သန်လိုသည် ဟူသောအချက်မှာ လွန်ကဲသောမျှော်လင့်ချက်မျိုး မဟုတ်နိုင်တော့ချေ။

ဤသည်မှာ ဖြစ်နိုင်ချေရှိသည် မဟုတ်လော....

Chapter 573

ရီဖုန်းသည် အချိန်ကို အလေအလွင့်ဖြုန်းတီးခဲ့ခြင်းမရှိဘဲ နောက်ဆုံးတစ်ကြိမ်တွင် စနစ်၏စတိုးဆိုင်မှနေ၍ ပစ္စည်းများ အလုံအလောက်ဝယ်ယူခဲ့သည်။

သူ့၏သိုင်းပညာခန်းမနှင့် မီတာတစ်ရာအတွင်းတွင် လှပသောတောင်များမြစ်များအကြားပါသည့် ဥယျာဥ်ငယ်တစ်ခုအဖြစ် အပြည့်အဝပုံဖော်ထားသည်။ဤသည်မှာ အရိပ်ကျွန်းပေါ်ရှိ တခြားနေရာများ၏ ဆိုးရွားသောပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသည်။

နေ့စဥ်နေ့တိုင်း ရီဖုန်းသည် လင်းတများကို အမဲလိုက်ပြီးနောက် အရိပ်ကျွန်းပေါ်ရှိ သိုင်းပညာခန်းမ၏ဝင်ပေါက်တွင်ချထားသော နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းသည်။သူသည် ပင်လယ်ရှုမျှော်ခင်းများကိုကြည့်ရင်း သစ်သီးများကိုစားကာ စနစ်၏စတိုးဆိုင်မှ သူယူဆောင်လာသော ဝိုင်အရက်ကိုသောက်လေ၏။

ဤဝိုင်အရက်၏ရနံ့သည် အလွန်အမင်းမွှေးပျံ့သည်။

မည်သို့ပင်ဆိုစေကာမူ သူ့၏ခန္ဓာကိုယ်ပေါ်မှ ဝံပုလွေအရေခွံသည် သူ့၏ပေါ့ပေါ့ပါးပါးရှိပြီး အေးချမ်းသောဘဝနှင့် ကိုက်ညီခြင်းမရှိချေ။

ကံကောင်းထောက်မစွာဖြင့် သူ့၏လေဟာနယ်လက်စွပ်အတွင်းတွင် နောင်အနာဂတ်၌ သူ ပြင်ပသို့ထွက်ပါက နောက်ယောင်ခံလိုက်ခံရမည်ကို ကြိုတင်ကာကွယ်ရန် ပြင်ဆင်ထားသည့် ဝတ်စုံတချို့ရှိနေသည်။

ယခုချိန်၌ ဤနေရာရှိ သူ့၏ပတ်ဝန်းကျင်အခြေအနေသည် အလွန်ကောင်းမွန်နေလေပြီ။ထို့ကြောင့် သူသည် လေပြင်းဒဏ်ကို တောင့်ခံနိုင်ရန်အတွက် ဝံပုလွေအရေခွံကိုဝတ်ဆင်ရန် မလိုအပ်တော့ချေ။

ထိုအချိန်မှာပင်....

ချောက်ကမ်းပါးတစ်ခုအောက်၌...

အိပ်မောကျနေသော ပိန်လှီလှီလူတစ်ယောက်သည် သူ့၏မျက်လုံးများကို ခက်ခက်ခဲခဲအားယူ၍ ဖွင့်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ့၏နှာခေါင်းဖြင့် အနံ့ခံလိုက်သည်။

"ဝိုင်အရက်...."

"ဒါက ဝိုင်အရက်ရဲ့ရနံ့ပဲ...."

သူသည် အသက်ပြင်းပြင်းရှိုက်ကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။

သူ တွေးတောကြည့်နိုင်ရန်ပင် လွန်စွာခက်ခဲနေသည်။

လူတစ်ယောက်သည် ဤကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ အကျဥ်းချခံထားရပြီးနောက် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချရန်အတွက် အိပ်စက်ခြင်းကိုသာ မှီခိုအားထားနိုင်သည်။

ဤကဲ့သို့နေထိုင်ခဲ့ရသော လူတစ်ယောက်သည် ယခုအချိန်တွင် ဝိုင်အရက်၏မွှေးရနံ့ကို ရှုရှိုက်မိသဖြင့် သူ့၏စိတ်နှလုံးသားအတွင်း၌ မည်မျှထိတုန်လှုပ်နေသည်ကို ဖော်ပြရန်ပင်မစွမ်းတော့ချေ။

သူသည် ဤချောက်ကမ်းပါးအောက်၌ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှထိကြာမြင့်သွားခဲ့သည်ကို သူ မသိရှိတော့ပေ။သူ့၏ခန္ဓာကိုယ်သည် လေပြင်းများ၏တိုက်စားခြင်းကို ခံခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ဝိုင်အရက်၏မွှေးရနံ့မှ ဆွဲဆောင်မှုကြောင့် သူ့၏ခန္ဓာကိုယ်အတွင်းရှိ လက်ကျန်ခွန်အားအနည်းငယ်ကိုနှိုးဆွပြီး မတ်တတ်ထရပ်လိုက်သည်။သူ မတ်တတ်ထမရပ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

လှုံဆော်နိုင်မှုစွမ်းအားကြောင့် သူ့၏ပင်ပန်းနွမ်းနယ်နေသော ပုံပန်းသွင်ပြင်သည် အနည်းငယ်ကောင်းမွန်လာခဲ့ပေ၏။

သူသည် ဝိုင်ရနံ့ထွက်ပေါ်နေရာ လမ်း​ကြောင်းအတိုင်း တောင်ပေါ်သို့တက်ခဲ့သည်။

အကွာအဝေးနီးကပ်လာသည်နှင့်အမျှ ဝိုင်အရက်၏မွှေးရနံ့ ပို၍ပြင်းထန်လာကာ သူ့ထံတွင် အာသီသများ ပို၍ပြည့်နှက်လာခဲ့သည်။

"ဒီလိုမျိုး ပင်ပန်းနွမ်းနယ်နေတဲ့အခြေအနေမျိုးမှာ...ဝိုင်တစ်ငုံလောက် သောက်ရမယ်ဆိုရင်...ငါ သေရကျိုးနပ်ပြီ"

သူသည် အားပျော့စွာဖြင့် တီးတိုးရေရွတ်ကာ သူ့၏မျက်လုံးအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပနေသည်။

ဤနေရာ၌ လှောင်ပိတ်ခံရသော လူများသည် လူမဆန်သောညှင်းပန်းနှိပ်စက်မှုကို ခံယူရလေ၏။

ဤအရိပ်ကျွန်းသို့ နယ်နှင်ဒဏ်ပေးခံရသူများသည် အလွန်အမင်းအစွမ်းထက်သော တည်ရှိမှုကြီးများပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ မသေဆုံးမီ သူ၏နောက်ဆုံးဆန္ဒသည် ဝိုင်တစ်ငုံသောက်နိုင်ရုံမျှသာပင်။

ဝိုင်အရက်၏မွှေးရနံ့များ တစတစ ပို၍ပြင်းထန်လာသည်။

ဆိုလိုသည်မှာ သူ ထိုနေရာသို့ရောက်ရှိရန် အကွာအဝေးနီးကပ်နေလေပြီ။

ထိုနေရာသည် ရှေ့ရှိတောင်တစ်လုံး၏ထိပ်တွင် ရှိနေသည်ဟု သူ အတပ်ပြောနိုင်သည်။

သူ့၏ခေါင်းကို အလျှင်အမြန်မော့ကြည့်လိုက်၏။

သို့ရာတွင် သူ မော့ကြည့်လိုက်စဥ်တွင်....

ထိတ်လန့်တုန်လှုပ်သွားကာ...

သူ့၏မျက်လုံးအိမ်များ ပေါက်ထွက်တော့လုမတတ်ပင်....

ကြည့်လိုက်အုံး...အဲ့ဒါက ဘာလဲ....

အစိမ်းရောင်...

သစ်ပင်ကြီးတွေ....

ဥယျာဥ်ငယ်တစ်ခု....

ထို့ပြင် အိမ်တစ်လုံးလည်း ရှိနေသည်။

သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူ့၏စိတ်လှုပ်ရှားရမှုကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိချေ။

ဤအရိပ်ကျွန်းပေါ်သို့ သူ ရောက်ရှိခဲ့သည်မှာ အချိန်မည်မျှထိ ကြာမြင့်သွားခဲ့သည်ကို သူ မသိရှိတော့ပေ။

သို့ရာတွင် ဤကျွန်းပေါ်၌ ပင်လယ်နက်ကြီးမှလွဲ၍ သူ မြင်တွေ့ရသည်မှာ အကန့်အသတ်မရှိ ကျယ်ဝန်းသော သဲကန္တာရကြီးပင်။

ယခုချိန်၌....

ဤနေရာတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် ဥယျာဥ်ငယ်လေးတစ်ခုရှိနေသည်။

သူသည် ထိုနေရာသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်သည်။

ဝိုင်အရက်၏မွှေးရနံ့ ပို၍ပြင်းထန်လာသောအချက်ကိုပင် သူ လျစ်လျှူရှုထားခဲ့သည်။

နောက်ဆုံး၌...

အိမ်ရှေ့သို့ သူ ရောက်သွားခဲ့သည်။

သူ့၏စိတ်နှလုံးသားအတွင်း၌ ပို၍ထိတ်လန့်တုန်လှုပ်သွားသည်။

အကြောင်းအရင်းမှာ ဤအိမ်၏နံဘေးပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေကာ လေပြင်းများ၏တိုက်စားမှု တစ်ဝက်ခန့်လျော့ကျသွားသောကြောင့်ပင်။

သူ အသက်ကို လောဘတကြီး ရှုရှိုက်လိုက်မိသည်။

သူ့၏လက်များကိုဖြန့်ကားကာ ခေါင်းကိုမော့ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

သူ့၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် စိုစွတ်လာသည်။

"လေ..."

"လေကောင်းလေသန့် ..."

သူ့၏ခန္ဓာကိုယ် တုန်ရီနေကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ဤကဲ့သို့ပတ်ဝန်းကျင်မျိုးကို သူ မကြုံတွေ့ရသည်မှာ နှစ်ပေါင်းမည်မျှထိကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကို သူ မမှတ်မိတော့ချေ။

ဤအငွေ့အသက်များ၏အောက်တွင် လေပြင်းများ၏တိုက်စားမှုကြောင့် ပျက်စီးနေသော သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများ များစွာပို၍ကောင်းမွန်သွားသည်ကို သူ ခံစားမိသည်။

ရေငတ်နေသော လည်ချောင်းအတွင်းသို့ ရေတစ်ပေါက်ကျသွားသည့်အလား....

အလွန်အမင်း စိုစွတ်သွားကာ...

ဤမျှအချိန်တိုလေးအတွင်းတွင် သူ့၏မျက်နှာ ရုတ်တရက် နီမြန်းစပြုလာကာ သူ ချောက်ကမ်းပါးမှထွက်လာစဥ်အချိန်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။

ရုတ်တရက် ထိုအချိန်မှာပင်....

အိမ်၏တံခါးနောက်မှနေ၍ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ထွက်လာသည်။

ထိုလူသည် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ပျာပျာသလဲကြည့်လိုက်၏။

ဖြူစင်သန့်ရှင်းနေကာ....

သူ့၏အဖြူရောင်ဝတ်စုံတွင် အစွန်းအထင်း ကင်းမဲ့နေသည်။

သာလွန်ထူးကဲသော အရှိန်အဝါ....

သူ့၏လက်ဝဲဘက်လက်အတွင်း၌ အိုးငယ်တစ်လုံးကို ကိုင်ထားကာ သူ့၏လက်ယာဘက်လက်အတွင်း၌ ခွက်ငယ်တစ်လုံးကို ကိုင်ထားသည်။

သူ့ကိုကြည့်ရသည်မှာ ဤကျွန်းပေါ်တွင် နေထိုင်သူတစ်ယောက်နှင့် လားလားမျှမတူညီချေ။

ဤသည်မှာ မည်ကဲ့သို့လူစားမျိုး ဖြစ်သနညိး....

ထိုလူ၏စိတ်နှလုံးသားအတွင်း၌ သံသယများဖြင့် ပြည့်နှက်နေသည်။

"မင်းက ဒီကျွန်းပေါ်မှာ ပိတ်လှောင်ခံထားရတဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ်...ဟုတ်တယ်မလား"

ရီဖုန်းက သူ၏ရှေ့တွင် ရှက်ကိုးရှက်ကန်းဖြင့် မတ်တတ်ရပ်နေသောလူကိုကြည့်ကာ နူးညံညင်သာစွာ မေးမြန်းလိုက်သည်။

"အမှန်ပဲ...ငါ မင်းကိုမသိဘူး...မင်းက ဘယ်သူလဲ"

ထိုလူသည် ရီဖုန်းကိုကြည့်က အက်ရှရှအသံဖြင့် တုံ့ပြန်သည်။

"ငါ့ရဲ့နာမည်ကရီဖုန်း....အရင်ဆုံး မင်း အိမ်ထဲကိုဝင်ပြီး ထိုင်လိုက်ပါအုံး"

သူနှင့်စကားပြောဆိုနေသောလူကိုကြည့်ပြီး ရီဖုန်းက တိတ်တဆိတ်သက်ပြင်းရှိုက်လိုက်၏။

ဤကျွန်းပေါ်၌ လှောင်ပိတ်ခံထားရသူများ၏ အခြေအနေမှာ အမှန်တကယ်ကို လွန်စွာဆိုးဝါးသည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် နောက်သို့ချာခနဲလှည့်ကာ အနောက်ဖက်ခြံဝန်းထံသို့ လျှောက်လှမ်းသွားသည်။

ထိုလူသည် ခေါင်းညိတ်ပြပြီးနောက်သူ့၏စိတ်နှလုံးသားအတွင်းမှ သံသယများနှင့်အတူ ရီဖုန်း၏နောက်သို့ လိုက်သွားခဲ့သည်။

ရီဖုန်းသည် သူ့အပေါ်၌ မကောင်းကြံမည်ကို သူထိတ်လန့်ကြောက်ရွံခြင်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ယခုလက်ရှိအခြေအနေသည်....

မသန်မစွမ်းတယောက်ထက် ပို၍သာလွန်နေခြင်းမရှိတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်....

သူ့ရှေ့မှလူငယ်သည် မည်သူမည်ဝါဖြစ်သည်ကို သူ အလွန်အမင်း သိချင်စိတ်ပြင်းပြနေသည်။

ထိုလူငယ်သည် မည်သည်ကြောင့် ဤကျွန်းပေါ်သို့ ရောက်ရှိနေသနည်း။သူသည်လည်း လှောင်ပိတ်ခံထားရခြင်း ဖြစ်သလော....

ထို့ပြင် ဤနေရာတွင် မည်သည်ကြောင့် ဟင်သီးဟင်းရွက်စိုက်ခင်းများသာမက သစ်သီးပင်များလည်း ရှိနေရသနည်း...

"ငါ ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲဆိုတာ မင်း အရမ်းသိချင်နေမှာပဲ...ဟုတ်တယ်မလား"

အနောက်ဖက်ခြံဝန်းအတွင်းသို့ ရောက်ရှိပြီးနောက် ရီဖုန်းက အပြုံးနှင့်ပြောဆိုလိုက်၏။

ထိုလူသည် ခေါင်းညိတ်ပြကာ စူးစမ်းသည်အကြည့်ဖြင့် ရီဖုန်းကိုကြည့်ပြီး တုံ့ပြန်သည်။

"မင်းက ဒီနေရာမှာ လှောင်ပိတ်ခံထားရတဲ့လူဖြစ်မယ်လို့တော့ ငါ မထင်ဘူး...ဟုတ်တယ်မလား"

"ဒါက အမှန်ပဲ....ငါက လှောင်ပိတ်ခံထားရတဲ့လူ မဟုတ်ဘူး"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ပြောရမယ်ဆိုရင် ဒါက အမှားအယွင်းတစ်ခုကြောင့်ပဲ"

"ဘာအမှားအယွင်း ရှိလို့လဲ"

ထိုလူက သံသယအပြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်၏။

ရီဖုန်းသည် စကားတစ်ခွန်းမျှ တုံ့ပြန်အဖြေပေးခြင်းမရှိဘဲ ပြုံးလိုက်သည်။

'သောက်ချေးပဲ'

အင်မတန်နယ်မြေသို့ သူ တက်လှမ်းလာစဉ်တွင် ဤနေရာသို့ ကြုံရာကျပန်း ပို့ဆောင်ခံလိုက်ရသည့်ကိစ္စအား တခြားလူများအား ပြောပြရန်မှာ အလွန်အမင်း ရှက်ရွံဖွယ်ကောင်းသော အရာပင်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီနေရာကိုရောက်လာတာ မတော်တဆတစ်ခုကြောင့်ပဲ...အချိန်ခဏလောက်နေပြီးတာနဲ့ ငါ ဒီနေရာကနေ ထွက်သွားမယ်"

ရီဖုန်းက ဆက်လက်၍ပြောဆိုသည်။

'မတော်တဆ...ခဏလောက်နေပြီးရင် ထွက်သွားမှာလား'

ရီဖုန်း၏စကားကိုကြားချိန်တွင် ထိုလူ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ထိုစကားများတွင်....

အဓိပ္ပါယ်များဖြင့် ပြည့်နှက်နေသည် မဟုတ်လော....

ဤစကားများ၏အဓိပ္ပာယ်မှာ ဤအရိပ်ကျွန်း၏နံဘေးပတ်လည်ရှိ တားမြစ်ချက်များအားလုံးသည် ဤလူကို လှောင်ပိတ်ထားနိုင်ခြင်းမရှိဟု ဆိုလိုသည်မဟုတ်လော....

သူသည် ဤနေရာသို့ ဆန္ဒရှိသည့်အတိုင်း ဝင်ထွက်သွားလာနိုင်သည်ဟု အဓိပ္ပာယ်ရသည်မဟုတ်လော....

Chapter 574

ဟူး....

ထိုလူသည် ကူကယ်ရာမဲ့စွာဖြင့် အသက်ပြင်းပြင်း တချက်ရှိုက်လိုက်သည်။

ဤနေရာ၌ သူ လှောင်ပိတ်ခံလိုက်ရသောအချိန်တွင် အလွန်အမင်း မလိုလားခဲ့​ချေ။

ထို့ကြောင့် သူသည် ထွက်ပြေးနိုင်ရန်အတွက် တစ်ကြိမ်ထက်မက ကြိုးစားခဲ့သည်။

သို့ရာတွင် ဤကျွန်းပေါ်ရှိတားမြစ်ချက်များ မည်မျှထိ အစွမ်းထက်သည်ကို သူ သိရှိသွားခဲ့ရသည်။

ဤအရိပ်ကျွန်းသည် အင်မော်တယ်နယ်မြေ၏ အစိတ်အပိုင်းတစ်ခု မဖြစ်နိုင်ဟုပင် သူသံသယဝင်မိသည်။ဤနေရာသည် အင်မော်တယ်နယ်မြေနှင့် တသီးတခြားတည်ရှိသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေနိုင်သည်။

ဤသည်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာမှ ထွက်ခွာသွားလိုပါက နယ်မြေအတားအဆီးကို ချိုးဖျက်ရန် လိုအပ်သည်ဟု ဆိုလိုခြင်းပင်။

အကယ်၍ ဤနေရာသည် အောက်ဘုံတစ်ခုဖြစ်နေပါက နယ်မြေအတားအဆီးကို ချိုးဖျက်ရန်လွယ်ကူသည်။သို့ရာတွင် အင်မော်တယ်အဆင့်ရှိသော ကမ္ဘာငယ်လေးတစ်ခု၏အတားအဆီးကို ချိုးဖျက်ရန်မှာမူ....

ထိုအကြောင်းကို တွေးတောရင်း...

ထိုလူသည် ရီဖုန်းကို ထပ်မံ၍စောင်းငဲ့ကြည့်ကာ အသက်ပြင်းပြင်း တချက်ရှိုက်လိုက်၏။

တခြားစကားပြောင်းဆိုရလျှင် သူ့ရှေ့ရှိလူ၏စွမ်းအားသည် အင်မော်တယ်နယ်မြေ၏အထွတ်အထိပ်၌ ရှိနေပေမည်။

အကြောင်းအရင်းမှာ အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ်နေရာ၌ ရပ်တည်နေသော တည်ရှိမှုကြီးများကသာ ဤကမ္ဘာငယ်လေး၏အတားအဆီးကို လွယ်လင့်တကူ ချိုးဖျက်နိုင်မည် ဖြစ်သောကြောင့်ပင်။

သို့ရာတွင်...

ဤအရာများအားလုံးသည် သူ့၏ခန့်မှန်းချက်သက်သက်ပင်။

သူသည် ထပ်မံ၍အတည်ပြုရန် လိုအပ်ပေ၏။

"ဒါဆိုရင် ငါ့ကိုမေးခွင့်ပြုပါ...ဒီနေရာမှာရှိနေတဲ့ အိမ်နဲ့ဟင်းသီးဟင်းရွက်စိုက်ခင်းတွေက မင်းကိုယ်တိုင်လုပ်ထားတာလား"

ထိုလူက တည်ကြည်လေးနက်စွာ မေးမြန်းသည်။သူသည် ယခုထိတိုင် အတည်မပြုရသေးသော်လည်း ရီဖုန်းအပေါ်ထားသောသူ၏အမြင်များ တဖြည်းဖြည်းပြောင်းလဲလာသည်။

"သေချာတာပေါ့..."

ရီဖုန်းက လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်သည်။

ရိုးရိုးသားသားဝန်ခံရလျှင် သူကိုယ်တိုင်ပြုလုပ်ထားသော ယခုလက်ရှိ အနောက်ဖက်ခြံဝန်းနှင့်ပတ်သက်ပြီး သူ အလွန်အမင်း စိတ်ကျေနပ်နေသည်။

ဤနေရာသည် သဲကန္တာရအတွင်းမှ တခြားနေရာများနှင့် လုံးလုံးလျားလျားလကွဲပြားခြားနားနေကာ သစ်ပင်ပန်းမန်များဖြင့် မွှေးရနံ့များသင်းပျံ့နေသည်။

"ငါ့ရဲ့နေရာက မဆိုးဘူးမဟုတ်လား"

ရီဖုန်းက နူးညံညင်သာစွာ မေးမြန်းသည်။

ထိုစကားကို ကြားချိန်တွင်...

ထိုလူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ဤနေရာသည် မဆိုးသည့်အပြင် အရိပ်ကျွန်းပေါ်၌ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ရသော သူ့ကဲသို့ လူအိုကြီးတစ်ယောက်အတွက် အလွန်အမင်း အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော နေရာတနေရာပင်။

"ဘယ်လိုလုပ်ပြီးတော့ စီနီယာက ဒါတွေအားလုံးကို ရခဲ့တာလဲလို့မေးရင် ဖြေဖို့အဆင်ပြေပါ့မလား"

သူက ထပ်မံ၍မေးမြန်းသည်။

"ဘာအဆင်မပြေစရာ ရှိလို့လဲ..ဒါတွေအားလုံးက ငါ့ရဲ့လက်နဲ့ ငါကိုယ်တိုင်လုပ်ခဲ့တာပဲ"

ရီဖုန်းက အပြုံးနှင့်ရှင်းပြသည်။သူသည် မျိုးစေ့နှင့်အပင်ပေါက်များအားလုံးကို စနစ်၏စတိုးဆိုင်မှ လဲလှယ်ခဲ့ခြင်းဖြစ်သော်လည်း ထိုအရာများကို စိုက်ပျိုးခဲ့ရန်အတွက် သူ အင်အားစိုက်ထုတ်ခဲ့ရသည်။

ဤပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သောစကားများကြောင့် ထိုလူ၏နှုတ်ခမ်းမဲ့ရွဲ့သွားသည်။

မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုပင် သူ အမှန်တကယ် မသိရှိတော့ချေ။

ဤကဲ့သို့ အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော အရာများကို ပေါ့ပေါ့တန်တန် ဖန်တီးထားသကဲ့သို့ ပြောဆိုနိုင်သည်မှာ လူတစ်ယောက်၏စကားပြောဆိုမှုမျိုးနှင့် မတူညီတော့ချေ။

သို့ရာတွင် ရီဖုန်း၏ တည်ငြိမ်အေးဆေးပြီး အရေးမစိုက်သော အမူအယာကိုကြည့်ခြင်းအားဖြင့် ကိစ္စများသည် ဤသို့သာဖြစ်နိုင်​ချေရှိသည်ဟု သူ နားလည်သဘောပေါက်သွားသည်။

ကြည့်ရသည်မှာ သူ့၏မျက်လုံးအတွင်း၌ အံအားသင့်တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စရပ်များသည် ဤစီနီယာအတွက် လွယ်ကူသောကိစ္စများ ဖြစ်နေပုံပင်။

အကယ်၍ သူသည် ထပ်မံ၍စကားပြောဆိုခြင်းမှတဆင့် အတည်မပြုနိုင်လျှင်ပင် ရီဖုန်းသည် သူ စိတ်ကူးယဥ်တွေးတောနိုင်ခြင်းမရှိသော အဆင့်တစ်ခုထိ အစွမ်းထက်သူတစ်ယောက် ဖြစ်နေပေမည်။

ဟူး....

အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ်တည်ရှိမှုကြီးတစ်ခုနှင့် ဆုံတွေ့ရသည်အထိ ကောင်းမွန်သောကံကြမ္မာမျိုး သူ့ထံတွင် မည်သည်ကြောင့် ရှိနေသနည်း။

ဤကိစ္စတွင် နားလည်မှုလွဲမှားခြင်းတချို့ ရှိနေသလော....

မည်သို့ပင် ဆိုစေကာမူ....

အရာအားလုံးသည် ရီဖုန်း၏အပြောသာဖြစ်ပြီး သူ့၏မျက်လုံးဖြင့် ကိုယ်တွေ့ကြုံရခြင်းမရှိချေ။

"အမ် .. "

သူ ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် ရီဖုန်းက ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဘာပြဿနာရှိလို့လဲ...."

ထိုလူက သူ၏ခေါင်းကိုမော့ကာ ဇဝေဇဝါဖြင့်မေးမြန်းသည်။

"အဲ့ဒီသောက်ရေးမပါတဲ့ လင်းတကောင်တွေ...ငါက သူတို့ကို ရှာမတွေ့မှာ စိုးရိမ်ပူပန်နေခဲ့တယ်...သူတို့က ငါ့ရဲ့အိမ်ရှေ့ထိ ပျံသန်းလာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် နောက်သို့ချာခနဲလှည့်ထွက်ကာ သိုင်းပညာခန်းမအတွင်းသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုလူသည် သူ၏ခေါင်းကို အလျှင်အမြန်တိမ်းစောင်းကာ ပြင်ပသို့ကြည့်လိုက်၏။

အမှန်တကယ်ကိုပင်....

မလှမ်းမကမ်းအကွာရှိ သစ်ခြောက်ပင်တစ်ပင်ပေါ်၌ လင်းတအမြောက်အများ ရောက်ရှိနေသည်။

သွေးနီရောင်မျက်လုံးများဖြင့်....

ဤသည်မှာ လူအများစုအတွက် သေခြင်းတရား၏ပုံရိပ်ယောင်ပင်။

ထိုလူသည် သူ့၏နှုတ်ခမ်းကို ကိုက်လိုက်၏။

သူ့၏မျက်လုံးအတွင်း၌ ပြင်းထန်သောထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များရှိနေကာ သူသည် ထွက်ပြေးရန် ကိုယ်နေဟန်ထားကိုပင် ပြုလုပ်ထားသည်။မည်သို့ပင်ဆိုစေကာမူ သူသည် ဤလင်းတများ၏ဒဏ်ကို အမြောက်အ​များ ခံစားခဲ့ရပြီးဖြစ်သည်။

ထို့ပြင် လင်းတများသည်လည်း သူ့အား မြင်တွေ့သွားပုံပင်။

စူးရှကျယ်လောင်သော အော်သံများနှင့်အတူ လင်းတများသည် အလွန်လျှင်မြန်သော အရှိန်ဖြင့် သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာကြသည်။

ထိုလူ၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ သေရေးရှင်ရေး အန္တရာယ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

သို့ရာတွင် ထိုအချိန်မှာပင် ထက်ရှသောမြှားတစ်စင်းသည် လေဟာနယ်ကို ဖြတ်သန်းသွားကာ ခရှေ့သို့တန်းတန်းမတ်မတ် ပျံ့လွင့်သွားပြီး လင်းတအုပ်စုထံသို့ တိုးဝင်သွားလေ၏။

ထို့နောက်မှနေ၍...

မြှားတစ်စင်းဖြင့် လင်းတသုံးကောင်...

သကြားလုံးများကို တုတ်ဖြင့်ထိုးထားသည့်အလား လင်းတများသည် အတူတကွပူးကပ်ကာ အောက်သို့ပြုတ်ကျ​လာသည်။

ကြွင်းကျန်သော လင်းတတချို့သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်ကြသည်။သို့ရာတွင် ပျံသန်းသွားသော လင်းတများအားလုံးကိုလည်း မြှားများကထိမှန်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင်....

တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လင်းတများ တစ်ကောင်တစ်လေမျှ ကြွင်းကျန်ခြင်းမရှိတော့ချေ။

ဂေ့....

ဤမြင်ကွင်းကြောင့်....

ထိုလူ၏မျက်လုံးများ ပြူးကျယ်သွားကာ ဘဲအော်သံနှင့်တူသော ခြောက်ကပ်ကပ်အသံတစ်သံက သူ့၏ပါးစပ်မှ ထွက်ပေါ်လာသည်။

လင်းတများ....

ထိုလင်းတများသည် ဤမျှထိ အလွန်အားပျော့သလော....

အမှန်အားဖြင့်....

ဤလင်းတအုပ်စု၏ခွန်အားသည် မြင့်မားခြင်းမရှိချေ။အကယ်၍ သူသည် ပြင်ပကမ္ဘာလောက၌ရှိနေပါက လင်းတအမြောက်အများကို သူ၏ခွန်အားဖြင့် လွယ်လင့်တကူသတ်ဖြတ်နိုင်သည်။

သို့ရာတွင် ဤနေရာသည် အရိပ်ကျွန်းဖြစ်နေသဖြင့် သူ၏မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြု၍မရချေ။

ဤမြင်ကွင်းကြောင့်...

သူ၏စိတ်နှလုံးသားအတွင်းရှိ ရီဖုန်းနှင့်ပတ်သက်သော နောက်ဆုံးသံသယအကြွင်းအကျန်များ လုံးလုံးလျားလျားပျက်ပြယ်သွားကာ သူ ဦးညွှတ်အရိုအသေပြုလိုက်တော့သည်။

"ဒီဂျူနီယာရဲ့နာမည်က ကုံးချန်ပါ...စီနီယာကို အရိုအသေပြုပါတယ်"

သူက ရိုသေလေးစားသောအသံဖြင့် ပြောဆိုသည်။

ကုံးချန်သည် သူ့ရှေ့ရှိလူငယ်၏ခွန်အားကိုအပြည့်အဝ ယုံကြည်လက်ခံသွားလေပြီ။

ကုံးချန်၏ကြည်ညိုလေးစားသောအကြည့်ကို ရီဖုန်းသည် သတိပြုမိလေ၏။

ထိုကြောင့် သူက မသိလိုက်မသိဘာသာဖြင့် သူ့၏ခေါင်းကို မော့လိုက်သည်။

ကြည့်လိုက်အုံး....

လင်းတအနည်းငယ်ကို သတ်ဖြတ်ရုံမျှဖြင့် ထိုလူ၏ ကြည်ညိုလေးစားမှုကို သူ ရရှိခဲ့သဖြင့် သူ ပို၍အစွမ်းထက်သူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရပေမည်။

သူသည် ကုံးချန်ကို သူ့၏အနောက်ဖက်ဥယျာဥ်အတွင်း၌ အသုံးပြုလိုခြင်းဖြစ်သည်။

ဤကဲ့သို့ နေရာတနေရာတွင် တစ်စုံတစ်ယောက်၏စွမ်းအား မည်မျှပင်ရှိနေပါစေ တောရိုင်းသားရဲများ၏လိုက်လံသတ်ဖြတ်မှုမှ အသက်ရှင်သန်နိုင်သော အရည်အချင်းမျိုးမရှိပါက......

ထိုလူများအားလုံး....

သူ့အား စီနီယာဟု ခေါ်ဆိုရပေမည်။

ဤကျင့်ကြံသူများသည် မည်ကဲ့သို့ ကျင့်ကြံရမည်ကိုသာသိရှိပြီး အသက်ရှင်သန်နိုင်သောစွမ်းရည်နှင့်ပတ်သက်၍ တစ်စုံတစ်ခုကိုမျှ မသိရှိကြချေ။

သူတို့ထံတွင် ကျင့်ကြံဆင့်စွမ်းအားများမရှိတော့ပါက သူတို့သည် သေမျိုးများနှင့် ကွဲပြားခြားနားခြင်းမရှိပေ။

"အဲ့ဒီလင်းတသေတွေကို သွားပြီးကောက်လိုက်တော့"

ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"စီနီယာ...အဲ့ဒီကောင်တွေကို ဘာလို့ကောက်ရမှာလဲ"

ကုံးချန်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"ဒီလောက်ကောင်းတဲ့ အစားအစာလေးတွေကို မင်း ဘာလို့ မကောက်ဘဲနေမှာလဲ"

ရီဖုန်းက တုံ့ပြန်မေးမြန်းလေ၏။

"မင်း ပြောတာ..မင်း ပြောတာက ဒါကို စားမလို့လား"

ကုံးချင်သည် ထပ်မံ၍မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"အဲ့ဒီကောင်တွေကို စားလို့ရလား"

ရီဖုန်းကပြုံးလိုက်ကာ မည်သည့်စကားမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။လင်းတသေများကို ကောက်ယူပြီးနောက် သူသည် ကုံးချန်ကို သိုင်းပညာခန်းမအတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။

သိုင်းပညာခန်းမအတွင်းသို့ ဝင်ရောက်လိုက်သော အချိန်အခိုက်အတန့်တွင်...

ကုံးချန်သည် ကြက်သေသေသွားလေ၏။

အိုး ဘုရားရေ....

ကြည့်လိုက်အုံး...ဒါတွေအားလုံးက ဘာတွေလဲ....

သူ မြင်တွေ့လိုက်ရသော နေရာအတွင်း၌ အရိပ်ဝံပုလွေများ၏အလောင်းများဖြင့် ပြည့်နှက်နေသည်။အရိပ်ကျွန်းအပေါ် သူ့၏အသိပညာဗဟုသုတအရ အခြေခံကြည့်ပါက ကျွန်းတစ်ကျွန်းလုံးပေါ်ရှိ အရိပ်ဝံပုလွေများအနက်မှ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့် ဤနေရာ၌ ချိတ်ဆွဲခြင်းခံထားရမည်ကို သူ စိုးရိမ်မိသည်။

ထို့ပြင် လင်းတအသေကောင်များကိုလည်း နေရာအနှံ့အပြား၌ ချိတ်ဆွဲထားသည်။ဤနေရာတွင် ဆားရည်စိမ်ခြင်းခံထားရသော လင်းတဦးခေါင်းများနှင့် လင်းတခြေထောက်များလည်းရှိနေပေ၏။

ထိုအရာများအပြင် အရိပ်ဝါးမြိုငါးအသေကောင်များလည်း အမြောက်အမြားရှိနေသည်။

ကုံးချန်က တံတွေးမြိုချလိုက်မိသည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏ထိတ်လန့်တုန်လှုပ်မှုကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိတော့ချေ။

လူသားများကို သားကောင်များအဖြစ်သဘောထားကာ ထိတ်လန့်တုန်လှုပ်စေသည့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သန္ဓေပြောင်းသားရဲများကို.....ဤစီနီယာသည် အစားအစာတစ်ခုအဖြစ် အသုံးပြုနေခဲ့သလော....

Chapter 575

"မင်းကိုကြည့်ရတာ အရမ်းဗိုက်ဆာနေသလိုပဲ...မင်း ဆန္ဒရှိသလို ယူစားလို့ရတယ်"

"မင်း စားပြီးရင်...ငါ့ကို ခြံထဲမှာလာရှာပါ"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လက်ဖက်ရည်အိုးတစ်လုံးကိုသယ်ဆောင်ကာ ပျင်းတိပျင်းရွဲဖြင့် ခြံဝန်းအတွင်းသို့ လျှောက်လှမ်းသွားသည်။ထို့နောက် သူသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းလိုက်၏။

"စီနီယာကို ကျေးဇူးတင်ပါတယ်"

ကုံးချန်က ရီဖုန်းကို အလျှင်အမြန်ဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်စကား ပြောဆိုသည်။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့ထံတွင် အစားအစာအပေါ် အာသီသများစွာမရှိသော်လည်း ယခုချိန်တွင် သူ မည်သည့်နေရာအား ရောက်ရှိနေသည်ကို သူ ပြန်ကြည့်ရပေမည်။သူ့၏အားကောင်းသော ကျင့်ကြံဆင့်အခြေခံကြောင့်သာ သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သောကြောင့် ယခုချိန်တွင် အစားတစ်နပ်ကို ဗိုက်ပြည့်သည်အထိစားရပါက အလွန်အမင်းပျော်ရွှင်ဖွယ်ရာ ကိစ္စတစ်ခုပင်။

သူသည် အစားများကို အလောတကြီး ဝါးမြိုလိုက်၏။

သို့ရာတွင် သူ တစ်ကိုက်ကိုက်လိုက်ရုံဖြင့်...

သူ ချက်ချင်း မျက်လုံးအပြူးသားဖြစ်သွားသည်။

သူ့၏လက်အတွင်းရှိ လင်းတလည်ပင်းကို စူးစိုက်၍ပြန်ကြည့်လိုက်၏။

"ဒါ...ဒါ...ဒါက....."

ဤလင်းတလည်ပင်းတွင် အစွမ်းထက်သောစွမ်းအားများ ပါဝင်နေကာ တစ်ကိုက်ကိုက်ရုံဖြင့် ဆေးစွမ်းကောင်းတစ်ခွက်ကို သောက်ရသည်နှင့် တူညီနေသောကြောင့် သူ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ရုတ်ချည်းဆိုသလိုပင် လေပြင်းများတိုက်စားမှုကြောင့် တိုက်စားခံထားရသော သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး အမြောက်အများကောင်းမွန်သွားသည်။

သူ့၏စွမ်းအားများလည်း တဖြည်းဖြည်း ပြန်လည်ရရှိလာပေ၏။

သူ့၏စိတ်လှုပ်ရှားမှုကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိတော့ချေ။

ဤသည်မှာ အစားတစ်နပ်သာဖြစ်သော်လည်း သူ့အား စီနီယာမှပေးသော အခွင့်အရေးဖြစ်သည်မှာ သိသာထင်ရှားသည်။

သူသည် တုန်ရီနေသောလက်များဖြင့် လင်းတလည်ပင်းကိုကိုင်ကာ....

ကုံးချန်သည် ခြံဝန်းအတွင်းတွင်ရှိနေသော ရီဖုန်းကိုကြည့်ပြီး သူ့၏ခြေထောက်များကိုညွှတ်ကွေးကာ ဒူးထောက်လိုက်သည်။

"ဆရာကြီးပေးတဲ့ လက်ဆောင်အတွက် ကုံးချန်က ကျေးဇူးတင်ပါတယ်"

သူက ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

ခြံဝန်းအတွင်းတွင်ရှိနေသော....

ရီဖုန်း၏နှုတ်ခမ်းထောင့် မသိမသာ မြင့်တက်သွားသည်။

သူသည် မူလက ဤကျွန်းပေါ်ရှိလူများနှင့် ထပ်မံ၍အဆက်အဆံပြုလုပ်လိုခြင်း မရှိချေ။မည်သို့ပင်ဆိုစေကာမူ ဤကျွန်းပေါ်မှလူများသည် နယ်နှင်ဒဏ်ပေးခံရသော ရာဇဝတ်သားများဖြစ်သဖြင့် လူကောင်းများမဟုတ်နိုင်ပေ။

သို့ရာတွင် သူသည် ဤကဲ့သို့လူတစ်ယောက်နှင့် ကြုံတွေ့နေရပြီဖြစ်သဖြင့် မည်သည်ကြောင့် တစ်ဖက်လူကို သူ့အတွက် အသုံးတည့်သူဖြစ်စေရန် မပြုလုပ်ဘဲနေရမည်နည်း။

ထို့ကြောင့်....

ရီဖုန်းသည် သူ သိုလှောင်ထားသော ကြွယ်ဝမှုများကို ပြသခဲ့သည့်အပြင် ကုံးချန်၏ရှေ့၌ သူ့၏လင်းတများကိုသတ်ဖြတ်နိုင်မှုစွမ်းရည်ကိုလည်း ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ဤသည်မှတဆင့် သူ ရီဖုန်းသည် ဤကျွန်းပေါ်၌ အလွန်ချမ်းသာကြွယ်ဝသူဖြစ်ကာ ဇိမ်ကျသောဘဝနှင့် နေထိုင်နိုင်သူဖြစ်ကြောင်း ကုံးချန်ကို နားလည်သဘောပေါက်သွားစေသည်။

သူ့၏ချမ်းသာကြွယ်ဝမှုကို ပြသပြီးနောက် အစားအစာဟူသော ငါးစာဖြင့် ကုံးချန်ကို ဆုလာဘ်ချီးမြှင့်ခဲ့သည်။

သို့ရာတွင် ရလဒ်သည် ရီဖုန်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာချေ။

ယခုလက်ရှိချိန်၌ ကုံးချန်ကို ကြည့်ရသည်မှာ သူ့အား စောင့်ကြည့်နေပုံပင်။

သို့ရာတွင်...

သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နောက်မှီကုလားထိုင်ပေါ်တွင် ဆက်လက်၍လဲလျောင်းလိုက်၏။

ကုံးချန်သည် လင်းတလည်ပင်းတစ်ချောင်းလုံးကို စားပြီးနောက် ရပ်တန့်လိုက်သည်။

အကြောင်းအရင်းမှာ ဤအရာအတွင်းရှိစွမ်းအားသည် အလွန်ကြီးမားသဖြင့် သူ တောင့်ခံနိုင်သောအရာမျိုး မဟုတ်ချေ။

အချိန်တိုအတွင်း၌ ထိုစွမ်းအားများကို သူ ချေဖျက်နိုင်ရန် အလွန်ခက်ခဲပေမည်။

"မင်း ဗိုက်ပြည့်အောင် စားပြီးပြီလား...ဒါကိုချေဖျက်ဖို့ မင်း ခက်ခဲနေတာလား"

ကုံးချန်ကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

ကုံးချန်သည် ထိတ်လန့်တကြားဖြင့် သူ့၏ခေါင်းကိုမော့ကာ ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်အတွင်းရှိ အခြေအနေအားလုံးကို သိရှိနေသောကြောင့် သူ အံ့အားသင့်သွားသည်။

"ဒါက အကြည့်တစ်ချက်နဲ့ သိသာပါတယ်"

ရီဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

ဤကောင်သည် အမှန်တကယ်ကို တုံးအပေ၏။

လင်းတလည်ပင်း၏အရွယ်အစားသည် သေးငယ်ခြင်းမရှိသောကြောင့် လည်ပင်းရိုးတစ်ရိုးလုံးကို ကိုက်ဝါးလိုက်သော ကုံးချန်သည် ချက်ချင်းအစာ​ကြေသွားသည်ဆိုပါက အလွန်ထူးဆန်းနေပေမည်။

ကုံးချန်သည် သူ့၏စိတ်အတွင်းမှကြိတ်၍ သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်၏။

ဤစီနီယာသည် တစ်ချက်ကြည့်ရုံဖြင့် သူ ဖုံးကွယ်ထားလိုသောအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်မှာ သိသာထင်ရှားသည်။သူ ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ချေ။

"စားပြီးရင် ခဏလောက်ထိုင်လိုက်အုံး...မင်း အစာကြေသွားအောင် စပျစ်သီးနည်းနည်းလောက် ခူးစားလိုက်ပါလား"

ရီဖုန်းက ပေါ့ပေါ့ပါးပါးပြောဆိုကာ စကားပြောဆိုရင်း လက်ဖက်ရည်ကို ဆက်လက်၍သောက်သုံးလေသည်။

ရီဖုန်း၏စကားကိုကြားချိန်တွင် ကုံးချန်သည် မလိုက်နာဘဲမနေဝံ့ချေ။

သူသည် နာခံရို့ကျိုးစွာဖြင့် ထိုင်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့၏အသက်ရှုနှုန်းကို ထိန်းညှိလိုက်၏။သူသည် အနည်းငယ်သက်တောင့်သက်သာ ဖြစ်သွားသကဲ့သို့ ခံစားရသဖြင့် နံဘေးရှိစပျစ်သီးခင်းထံသို့ လျှောက်လှမ်းသွားကာ စပျစ်သီးတချို့ကို ခူးဆွတ်လိုက်သည်။

ထို့နောက် သူ့၏ပါးစပ်အတွင်းသို့ စပျစ်သီးတစ်လုံးကို ထည့်လိုက်ချိန်တွင်....

သူသည် အစေ့များကိုပင် မြိုချလိုက်ပြီး အရသာကိုလည်း မြည်းစမ်းမကြည့်နိုင်တော့ချေ။

သူ့၏မျက်နှာပေါ်တွင် နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုများ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

အကြောင်းအရင်းမှာ စပျစ်သီးတချို့ကိုစားပြီးနောက် သူ့၏ခန္ဓာကိုယ်အတွင်းရှိ မချေဖျက်ရသေးသော စွမ်းအားများအားလုံးသည် စမ်းချောင်းတစ်ခုအလား ပျံ့နှံ့သွားသောကြောင့်ပင်။

ဤသည်မှာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို အားပြည့်လန်းဆန်းသွားစေသည်။

"လတ်စသတ်တော့ စီနီယာက ငါ့ကို စပျစ်သီးတွေစားခိုင်းတာက...ငါ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ချေဖျက်ဖို့အတွက် ကူညီပေးတာပါလား...."

"စီနီယာက ငါ့အတွက် တကယ့်ကို ခက်ခက်ခဲခဲ စဥ်းစားပေးခဲ့တာပါလား..."

"သူ့ရဲ့ကြင်နာမှုကို ငါ ဘယ်လိုနည်းနဲ့ ပြန်ပေးဆပ်ရမလဲ..."

သူသည် သွေးရူးသွေးတန်းအမူအယာဖြင့် ရီဖုန်းထံသို့ လျှောက်လှမ်းသွားကာ နောက်မှီကုလားထိုင်၏နံဘေး၌ မတ်တတ်ရပ်ပြီးဦးညွှတ်အရိုအသေပြုလိုက်သည်။

"စီနီယာရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

ရီဖုန်းသည် သူ့၏မျက်လုံးများကိုမှေးစင်းကာ သူ့၏ယပ်တောင်ကိုဝှေ့ယမ်းပြီး တုံ့ပြန်လိုက်၏။

"မင်း ​ချေဖျက်ပြီးပြီလား"

"ဟုတ်ကဲ့ပါ စီနီယာ...ငါက အဲ့ဒါတွေကို ​ချေဖျက်ပြီးပါပြီ"

ကုံးချန်က ရိုသေလေးစားစွာ ပြောဆိုသည်။

"ထိုင်ပါအုံး"

ရီဖုန်းက သူ၏ယပ်တောင်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

ကုံးချန်သည် အချိန်တစ်ခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ရီဖုန်းနှင့်မျက်နှာချင်းဆိုင်နေရာတွင် ခါးမတ်မတ်ထိုင်ချလေသည်။

"မင်းရဲ့ကျင့်ကြံဆင့်အခြေခံက ဘာလဲ"

ရီဖုန်းက အမှတ်မထင် မေးမြန်းသည်။

ကုံးချန်၏မျက်ခွံများ တုန်ရီသွားသည်။

ရီဖုန်း၏စကားလုံးများ နောက်ကွယ်မှအဓိပ္ပါယ်ကို သူ တိတ်တဆိတ်ခန့်မှန်းလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤစီနီယာ၏ခွန်အားဖြင့် သူ၏ခွန်အားကို မသိရှိနိုင်သော အကြောင်းအရင်းမရှိချေ။

ထိုသို့ဆိုပါက စီနီယာသည် မည်သည်ကြောင့် ဤသို့မေးမြန်းသနည်း....

ကူကယ်ရာမဲ့စွာဖြင့် စဉ်းစားတွေးတောလိုက်ပြီးနောက်...

သူ့၏ကိုယ်ပိုင်ကျင့်ကြံနည်းစနစ်တစ်ခုကို သူ အမှတ်ရသွားသည်။

ဤကျင့်ကြံနည်းစနစ်သည် သူ့၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ဖုံးကွယ်ထားနိုင်ရန် ကူညီပေးနိုင်ပေ၏။

ထို့ပြင် သူ၏အစဥ်အမြဲ သတိကြီးစွာထားတတ်သော အကျင့်စရိုက်နှင့် ပေါင်းစပ်လိုက်ချိန်တွင် တခြားသူများ၏ရှေ့၌ ဖော်ထုတ်ပြသထားသော ကျင့်ကြံဆင့်စွမ်းအားသည် သူ၏အစစ်အမှန်ကျင့်ကြံဆင့်အခြေခံ မဟုတ်ချေ။

ငါ သိပြီ....

ယခုကြည့်ကြည့်တော့မှ စီနီယာသည် သူ့၏ရိုးသားမှုကို စမ်းသပ်နေခြင်းပင်။

အမှန်အားဖြင့်...

သူ့၏အစစ်အမှန်ကျင့်ကြံဆင့်အခြေခံကို သူ့ထုတ်ဖော်ပြောမပြောအား စမ်းသပ်ခြင်းဖြစ်ပေမည်။

"စီနီယာ...ငါက ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်ပါ"

ကုံးချန်က ရိုသေလေးစားစွာဖြင့်သူ၏အစစ်အမှန်ကျင့်ကြံဆင့်အခြေခံကို ဖွင့်ဟပြောဆိုလိုက်သည်။

"ပြန်လည်ဝင်စားခြင်းအင်မော်တယ်လား...."

ရီဖုန်းက မသိမသာမျက်မှောင်ကြုတ်လိုက်၏။

ထို့နောက် သူ၏လက်ချောင်းများကို သူ တိတ်တဆိတ်ဆွဲညှစ်လိုက်သည်။

သူ အင်မော်တယ်နယ်မြေသို့ ရောက်ရှိမလာခင်အချိန်၌ စုံစမ်းမှုအနည်းအကျဥ်းကို ပြုလုပ်ခဲ့သည်။

သာမန်ကျင့်ကြံဆင့်နယ်ပယ်သုံးခုမှာ လူသားအင်မော်တယ် မြေကမ္ဘာအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်တို့ပင်။

ကောင်းကင်အင်မော်တယ်ပြီးနောက် ရွှေအင်မော်တယ်နှင့် ရွှမ်အင်မော်တယ်တို့ ရှိနေသည်။

ရွှမ်အင်မော်တယ်နယ်ပယ်တွင် အဆင့်ကိုးဆင့်ရှိကာ အဆင့်တစ်ဆင့်စီသည် ကြီးမားကျယ်ပြန့်သော မိုးကောင်းကင်ယံတမျှကွာဟပြီး စွမ်းအားများ အလွန်အမင်းကွဲပြားခြားနားသည်။

ရွှမ်အင်မော်တယ်နယ်ပယ်၏နောက်တွင် ပို၍ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ပြန်လည်ဝင်စားခြင်းအင်မတန်နယ်ပယ် ရှိနေသည်။ထိုနယ်ပယ်အရောက်တွင် အင်မော်တယ်တစ်ယောက်ဖြစ်ခြင်း၏ အစစ်အမှန်အနစ်သာရကို ဖမ်းဆုပ်နိုင်ပြီး နေ လနှင့်ကြယ်များ၏စွမ်းအားများကိုပင် အသုံးပြုနိုင်စွမ်းရှိသည်။

ဟူး....

ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

ဤလူသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်မည်ဟုသာ သူ တွေးထင်ခဲ့ကာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက် ဖြစ်နေမည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းမရှိချေ။

ကုံးချန်နှင့်နှိုင်းယှဉ်မှာက သူသည် အမှိုက်ကောင်တစ်ကောင်ဖြစ်ကာ အဆင့်ပေါင်းဆယ်နှစ်ဆင့်ခန့်နိမ့်ကျနေသည့် လူတစ်ယောက်မဟုတ်လော....

သူ ဤရတနာကို ကောက်ယူရပေမည်...ဤရတနာကို ကောက်ယူထားရပေမည်...

All Chapters