အခန်း (၅၈၁-၅၈၅)
Vol. 39 Ch. 581-585
Chapter 581
"ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တာလား"
ယိုတုရှင်းက ရီဖုန်းကိုစူးစိုက်၍ ကြည့်လိုက်သည်။
"အမှန်ပဲ..."
ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေ၏။
"မဖြစ်နိုင်ဘူး...ဒီလိုကိစ္စမျိုးက ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး"
ယိုတုရှင်းက ပြတ်ပြတ်သားသား ပြောဆိုသည်။
"အင်မော်တယ်နယ်မြေမှာ အင်မော်တယ်နည်းစနစ်တွေကို ဘယ်သူမဆိုကျင့်ကြံနိုင်တာမဟုတ်ဘူး....ဘာလို့လဲဆိုရင် အင်မော်တယ်ကျင့်ကြံနည်းစနစ်တွေက အရမ်းအစွမ်းထက်တဲ့အပြင်...အရေးအကြီးဆုံးအချက်က ကျင့်ကြံဖို့အတွက် ခက်ခဲလို့ပဲ"
"ရီနျန်ကျင့်ကြံနည်းစနစ်ကို အဆင့်နိမ့်အင်မော်တယ်နည်းစနစ်ဆိုပြီးတော့ လျှော့တွက်လို့မရဘူး...ဒီနည်းစနစ်ကို ကျင့်ကြံဖို့အတွက် အရမ်းခက်ခဲတယ်...ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ဖို့ဆိုတာက အရမ်းစိတ်ကူးယဉ်ဆန်တဲ့ကိစ္စပဲ"
"စီနီယာအစ်ကို...မင်းပြောတာက အရမ်းတစ်ဖက်သတ်ဆန်လွန်းတယ်...တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ"
ရီဖုန်းက အေးအေးလူလူအသံဖြင့် ပြောဆိုသည်။
"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲ့ဒီလိုလူတစ်ယောက်က အရမ်းပါရမီရှိတဲ့လူတွေ ဖြစ်နိုင်တယ်မဟုတ်လား"
"တကယ်လို့ မင်းပြောတဲ့အတိုင်း အမှန်တကယ်ဖြစ်နေပြီးတော့...ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တဲ့သူရှိနေရင်...သူ့ရဲ့ကျင့်ကြံခြင်းပါရမီအရည်အချင်းက ထိပ်သီးပါရမီရှင်ဆိုတာလိုမျိုး ရိုးရှင်းမှုမရှိတော့ဘူး...ဒါကို ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံပါရမီရှင်လို့ပဲ ဖော်ပြနိုင်လိမ့်မယ်"
ယိုတုရှင်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ကောင်းကင်ဘုံ၏ချီးမြှောက်ခံ...
ရီဖုန်း၏နားအတွင်းသို့ ထိုစကားလုံးများ ဝင်ရောက်သွားချိန်တွင် သူသည် ချက်ချင်းဆိုသလိုပင် လေပေါ်တွင် လွင့်မျောနေသည်အလား ခံစားမိသည်
ဤအမည်နာမသည် သူနှင့် အလွန်အမင်း အံ့ဝင်ခွင်ကျဖြစ်ပေ၏။
"စီနီယာအစ်ကိုကို ကျေးဇူးတင်ပါတယ်"
ရီဖုန်းသည် ပြုံးရွှင်နေသောမျက်နှာနှင့် ယိုတုရှင်းကို ကျေးဇူးတင်စကားပြောဆိုကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
"ဂျူနီယာညီလေး"
ယိုတုရှင်းက သူ့ကို ဟန့်တားထားလေသည်။
"စီနီယာအစ်ကို ဘာကိစ္စရှိလို့လဲ"
ရီဖုန်းက နောက်သို့ပြန်လှည့်ကြည့်ပြီး မေးမြန်းသည်။
"စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ငါ မင်းကို သတိပေးစရာရှိနေတယ်...မင်းရဲ့ကျင့်ကြံခြင်းမှာ လက်တွေ့ကျကျလေကျင့်ဖို့ လိုအပ်တယ်...အရမ်း ရည်မှန်းချက်မကြီးနဲ့...မလိုလားအပ်တဲ့အတွေးတွေ မင်းမှာ ထပ်မရှိစေနဲ့...မင်းမှာ မေးစရာတစ်ခုခုရှိရင် ငါ့ကို အချိန်မရွေးလာမေးနိုင်တယ်...ငါက မင်းကို တက်နိုင်သလောက်ကူညီပေးမယ်"
ယိုတုရှင်းက စိတ်အားထက်သန်စွာ သတိပေးသည်။
ထိုစကားကို ကြားချိန်တွင်....
မြောက်ကြွမြောက်ကြွဖြစ်နေသော ရီဖုန်း၏မျက်ခုံးများ မြင့်တက်သွားသည်။
"စီနီယာအစ်ကို...မင်းရဲ့ကြင်နာမှုကို ငါအသိအမှတ်ပြုပါတယ်...ဒါပေမဲ့ မင်း စိုးရိမ်လွန်နေပြီ...အကြောင်းကတော့ မင်းရဲ့ဂျူနီယာညီလေးဖြစ်တဲ့ ငါက...."
"ငါက ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက် ဖြစ်နေလို့ပဲ"
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ အပြုံးနှင့်ပြောဆိုသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ယိုတုရှင်းသည် ခါးသည်းသောအပြုံးဖြင့် သူ၏ခေါင်းကို ခါယမ်းကာ ပြောဆိုလိုက်၏။
"ဂျူနီယာညီလေး...တတ်နိုင်သမျှ အမြန်ဆုံးပြန်ပြီး ကျင့်ကြံတော့...အခုလို အရေးမပါတဲ့ရယ်စရာစကားတွေကို ပြောမနေစမ်းနဲ့"
သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ရီဖုန်း၏လက်ချောင်းတစ်ချောင်းမှနေ၍ စွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဤတစ်ကြိမ်တွင် ယိုတုရှင်းသည် လုံးလုံးလျားလျား ကြက်သေသေသွားတော့သည်။
"ဒါက...."
"ရီနျန်..."
"ရီနျန်ကျင့်ကြံနည်းစနစ်လား..."
"ဒါက တကယ့်ကို ရီနျန်ကျင့်ကြံနည်းစနစ်ပဲ"
ယိုတုရှင်းသည် အံ့အားသင့်တုန်လှုပ်နေကာ သူ၏နှုတ်ခမ်းများ တုန်ရီနေပြီး သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
သူ့ရှေ့ရှိ ရီနျန်ကျင့်ကြံနည်းစနစ်မှ ထွက်ပေါ်လာသောစွမ်းအားသည် သူ ထိုနည်းစနစ်ကို ကျင့်ကြံစဥ်ကနှင့် တစ်နေရာရာ၌ လွဲချော်နေသည်။သို့ရာတွင် ရှီနျန်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံဖူးသူတစ်ယောက်ဖြစ်သဖြင့် ဤသည်မှာ အမှန်တကယ်ကို ထိုနည်းစနစ်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ထို့ပြင် ဤနည်းစနစ်ကို လွယ်လင့်တကူ ထုတ်ဖော်အသုံးပြုနိုင်ရန်မှာ ဒန်တျန်အတွင်း၌ စွမ်းအားများစုစည်းခြင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားရန်လိုအပ်သည်။
"ဂျူနီယာညီလေး...ဒါကို မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ယိုတုရှင်းသည် ထပ်မံ၍ ထိုင်ကြည့်မနေနိုင်တော့ချေ။သူသည် မြေပြင်ပေါ်မှခုန်ထကာ သူ့၏လက်နှစ်ဖက်ဖြင့် ရီဖုန်း၏ပခုံးကိုဆုပ်ကိုင်ပြီး သွေးရူးသွေးတန်းဖြင့် မေးမြန်းလိုက်သည်။
"မင်း ဒီနည်းစနစ်ကို အရင်ကတည်းက သင်ယူခဲ့တာမဟုတ်လား...မင်း ငါ့ကို လာပြီးလိမ်နေတာလား"
"မဟုတ်ဘူး...မဟုတ်သေးဘူး...မဖြစ်နိုင်ဘူး"
"ရီနျန်နည်းစနစ်က နေလဂိုဏ်းရဲ့ လျှို့ဝှက်အင်မော်တယ်ကျင့်ကြံနည်းစနစ်ပဲ...မင်းက နေလဂိုဏ်းရဲ့တပည့်တစ်ယောက် မဟုတ်သရွေ့...မင်း ဒါကို သင်ယူလို့မရဘူး...မင်း ဂိုဏ်းထဲကိုဝင်ပြီးတော့ နှစ်ရက်ကြာမှ ဒီနည်းစနစ်ကို သင်ယူလို့ရမယ်...ဒါကြောင့် မင်း အရင်က ဒါကိုသင်ယူထားတယ်ဆိုတာ မဖြစ်နိုင်ဘူး"
"တခြားစကားပြောင်းဆိုရရင် မင်းက ဒီနည်းစနစ်ကို တကယ့်ကိုပဲ လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ သင်ယူနိုင်ခဲ့တာလား"
ယိုတုရှင်းသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကာ သူ့ကိုယ်သူ ပြန်လည်၍ စကားပြောနေသည်။
သူ၏စိတ်နှလုံးသားအတွင်းတွင် မည်မျှထိထိတ်လန့်တုန်လှုပ်နေသည်ကို ဖွင့်ဟပြောနိုင်ရန် အလွန်အမင်းခက်ခဲသည်။
သူသည် ဤအင်မတန်နည်းစနစ်ကို သုံးနှစ်ကြာအောင် ကျင့်ကြံခဲ့ရသော်လည်း တခြားသူကမူ တစ်ညတည်းဖြင့် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သည်။
"ဂျူနီယာညီလေး ငါ့ကို မြန်မြန်ပြောစမ်းပါ...ဒါကို မင်း ဘယ်လိုလုပ်ခဲ့တာလဲ"
သူက အဆက်မပြတ် မေးမြန်းလေသည်။
"စီနီယာအစ်ကို...စိတ်အေးအေးထားပါ...စိတ်အေးအေးထားပါအုံး"
ရီဖုန်းက ယိုတုရှင်း၏လက်ကိုဆုပ်ကိုင်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"မင်း ဒီလောက်ကြီး:စိတ်လှုပ်ရှားနေစရာ မလိုပါဘူး...ဒီနည်းစနစ်ကို ကျင့်ကြံဖို့က အရမ်းရိုးရှင်းတယ်...ဒါက ပါရမီနည်းနည်းလောက်ရှိဖို့ လိုအပ်ရုံလေးပဲ"
"ပါရမီနည်းနည်းရှိဖို့ပဲ လိုအပ်တာလား"
ယိုတုရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ လူသားတစ်ယောက် ပြောဆိုသောစကားမျိုး ဟုတ်ပါလေစွ။
"စီနီယာအစ်ကို...အရမ်းကြီး အံ့အားသင့်မသွားပါနဲ့...မင်းလည်း တစ်နေ့နေ့ကျရင် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"
ရီဖုန်းက စိတ်အားထက်သန်စွာဖြင့် ယိုတုရှင်း၏ပခုံးကိုပုတ်ကာ သူ၏လက်ချောင်းကို မိုးကောင်းကင်ယံသို့ တဖန်ပြန်၍ညွှန်ပြလိုက်သည်။
"ဒီရီနျန်နည်းစနစ်နဲ့ ငါက အနှေးနဲ့အမြန် အမြင့်ကိုတက်လှမ်းနိုင်လိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ယိုတုရှင်း၏ထုံထိုင်းနေသောအကြည့်အောက်တွင် ရီဖုန်းက ပြုံးပြုံးရွှင်ရွှင်နှင့် ထွက်ခွာသွားတော့သည်။
နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် ရီဖုန်းသည် ရှင်းချန်တောင်ထိပ်၏နေရာအနှံ့အပြား၌ ထွက်ပေါ်လာကာ ရံဖန်ရံခါ မိုးကောင်းကင်ယံကို လက်ညိုးညွှန်နေသည်။
အထူးသဖြင့် ရှင်းချန်တောင်ထိပ်၏စီနီယာတပည့်များ ရှိနေသောနေရာတွင် သူသည် ပို၍ပင်စိတ်အားထက်သန်စွာ လှုပ်ရှားနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ပင်။
ဤကဲ့သို့ ပါရမီရှင်တစ်ယောက်ဖြစ်လာရန် လွန်စွာခက်ခဲသည်ကို တခြားသူများ မည်သည်ကြောင့် သိရှိနိုင်မည်နည်း...
အစပထမတွင် သူသည် တပည့်ခေါင်းဆောင်ဖြစ်အောင် ပြုလုပ်ရပေမည်။ထို့နောက် သူသည် အကြီးအကဲတစ်ယောက် ရာထူးကိုရယူကာ နောက်ဆုံး၌ ဤဂိုဏ်း၏အသက်အငယ်ဆုံးဂိုဏ်းချုပ် ဖြစ်လာရပေမည်။
ဤသည်မှာ ကောင်းမွန်သည် မဟုတ်လော...
"ဘာ..."
"လူသားအင်မော်တယ်တပည့်သစ်က ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တယ်လို့ နင် ပြောလိုက်တာလား"
ရှင်းချန်တောင်ထိပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေကာ လက်အောက်ငယ်သားတစ်ယောက်ထံမှ သတင်းပို့မှုကို နားထောင်ရသော လျှူယန်သည် မယုံကြည်နိုင်မှုကြောင့် သူမ၏နှုတ်ခမ်းများ ပွင့်ဟသွားသည်။
Chapter 582
"အဲ့ဒါက တကယ်ပါပဲ"
လျှူယန်၏လက်အောက်ငယ်သားက တုံ့ပြန်ပြောဆိုကာ သူ့၏မျက်လုံးအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် လျှူယန်က ထိုကိစ္စကို ငြင်းဆန်လေသည်။
"ဒါက မဖြစ်နိုင်ဘူး..."
"ကျွန်တော်က ဒီကိစ္စကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာပါ...ကျွန်တော်က တောင်ထိပ်သခင်ကို မလှည့်စားဝံ့ပါဘူး"
လက်အောက်ငယ်သားက ပြတ်ပြတ်သားသား ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လျှူယန်သည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူမ မည်သည့်အရာကို စဥ်းစားတွေးတောနေသည်အား မည်သူမှမသိနိုင်ချေ။
သူမ၏ခေါင်းကိုမော့ကာ သူမ၏လက်အောက်ငယ်သားကိုကြည့်လိုက်သည်။
"နင့်ရဲ့မျက်လုံးနဲ့ နင်ကိုယ်တိုင် တကယ်မြင်ခဲ့ရတာလား...အဲ့ဒီလူသားအင်မော်တယ်က ရီနျန်ကျင့်ကြံနည်းစနစ်ကို အောင်မြင်သွားပြီဆိုတာသေချာလား"
"ဒါက လုံးဝအမှန်ပဲ"
လက်အောက်ငယ်သားက ထပ်မံ၍ဖြည့်စွက်ပြောဆိုသည်။
"ပထမဆုံးတစ်ကြိမ်တုန်းက ကျွန်တော် တောင်ပေါ်ကိုတက်နေတဲ့အချိန်မှာ သူက တောင်ခြေရင်းမှာ ခုန်ပေါက်နေတာကို တွေ့မိတယ်...ပြီးတော့ သူက လက်ချောင်းတစ်ချောင်းကို အသုံးပြုပြီးတော့ ဖန်တီးထားတဲ့လေစီးကြောင်းတစ်ကြောင်းလည်း ရှိနေတယ်... ဒါပေမဲ့ အဲ့ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ကျွန်တော်တွေးထင်ခဲ့တာကြောင့် ထွက်လာခဲ့တယ်"
"ဒုတိယအကြိမ်ကျတော့ ကျွန်တော် တောင်ပေါ်က ရေကန်တစ်ကန်ဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ သူက ရေကန်ဘေးမှာ ခုန်ပေါက်နေတာကို မြင်မိတယ်....ပြီးတော့ ရေကန်ထဲကရေတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားတယ်"
"အဲ့ဒီရေစီးကြောင်းက ရီနျန်နည်းစနစ်ကိုအောင်မြင်ရင် ရနိုင်တဲ့စွမ်းအားနဲ့ အရမ်းတူညီတယ်...ဒါကြောင့် ကျွန်တော်က သူ့ကို မေးမြန်းခဲ့တယ်"
"အဲ့ဒါက အရမ်းအံ့အားသင့်ဖို့ကောင်းတာပဲ...သူ့ရဲ့အပြောအရတော့ သူက အဲ့ဒီနည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာပဲ"
"ကျွန်တော်က အဲ့ဒီကိစ္စကို ဘယ်လိုမှမယုံကြည်နိုင်သေးဘူး....ဒါကြောင့် သူက ကျွန်တော်ရဲ့ရှေ့မှာ အဲ့ဒီနည်းစနစ်ကို အသုံးပြုပြီးတော့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပြခဲ့တယ်"
လျှူယန်သည် ထိုစကားများကို နားထောင်နေရင်း သူမ၏မျက်လုံးများ ပြူးကျယ်နေသည်။
လက်အောက်ငယ်သား၏ဖော်ပြချက်များ ပို၍ပီပြင်ထင်ရှားလာလေလေ ပို၍အဓိပ္ပါယ်မဲ့သည်ဟု သူမခံစားရလေလေပင်။
"မဖြစ်နိုင်ဘူး"
လျှုယန်က ထပ်မံ၍ပြောဆိုသည်။
"ရီနျန်ကျင့်ကြံနည်းစနစ်က အဆင့်နိမ့်အင်မော်တယ်နည်းစနစ်ဖြစ်ပေမယ့်...ဘယ်လိုပဲဖြစ်ဖြစ် ဒါက အင်မော်တယ်နည်းစနစ်တစ်ခုပဲ...ရီနျန်နည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုတဲ့လူမျိုး ရှိတယ်ဆိုတာ ငါ တစ်ခါမှမကြားဖူးဘူး"
"ဒါပေမဲ့ ကျွန်တော်က သူ ရီနျန်နည်းစနစ်အသုံးပြုတာကို မြင်ခဲ့ရတယ်"
"ငါ သိပြီ"
လျှူယန်က သူမ၏လက်ကိုမြှောက်ကာ ဝှေ့ယမ်းပြီး သူမ၏လက်အောက်ငယ်သားကို စကားဆက်မပြောရန် ဟန့်တားလိုက်၏။
"သူက ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်တာ မဖြစ်နိုင်ဘူးလို့ ငါ ပြောချင်တာမဟုတ်ဘူး...ဒါပေမဲ့ ဒီကိစ္စကို တစ်ညတည်းနဲ့ အောင်မြင်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ငါ ပြောချင်တာပဲ"
"သူ့ရဲ့ပါရမီက ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ...ဒီလိုကိစ္စမျိုးက ဖြစ်မလာနိုင်ဘူး...ဒါ့ပြင် သူက လူသားအင်မော်တယ်အဆင့်ပဲရှိတယ်...တကယ်လို့ သူ့ရဲ့ပါရမီအရည်အချင်းက အရမ်းကောင်းနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး သူက လူသားအင်မော်တယ်နယ်ပယ်မှာ ရှိနေမှာလဲ"
"ဒါက ဘယ်လိုမှ ယုတ္တိမရှိတဲ့ကိစ္စပဲ...ဒီကျင့်ကြံနည်းစနစ်ကို သူ အရင်က ကျင့်ကြံဖူးတာများ ဖြစ်နေမလား"
"ဒါက...."
ရှီနျန်ကျင့်ကြံနည်းစနစ်သည် အဆင့်နိမ့်ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သော်လည်း နေလဂိုဏ်း၏လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်နေဆဲပင်။
"ဒီနည်းစနစ်တွေကို အင်မော်တယ်နည်းစနစ်ကျမ်းစာဆောင်မှာပဲ ရှာလို့ရနိုင်တယ်"
လက်အောက်ငယ်သားက ထိုစကားကိုကြားချိန်တွင် မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"တောင်ထိပ်သခင် ဆိုလိုတာ...ဖြစ်နိုင်တာတော့ သူက ရှီးနျန်ကျင့်ကြံနည်းစနစ်ကို ခိုးယူပြီး ကျင့်ကြံခဲ့တာလို့ သံသယရှိနေတာလား"
လျှူယန်သည် မျက်မှောင်ကြုတ်ထားကာ မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။
ရီနျန်နည်းစနစ်သည် နေလဂိုဏ်း၏လျှို့ဝှက်ကျင့်ကြံနည်းစနစ်တစ်ခု ဖြစ်သောကြောင့် အကယ်၍ ဤအရာသည် အဆင့်နိမ့်ကျင့်ကြံနည်းစနစ်ဖြစ်နေလျှင်ပင် ပြင်ပသို့ တကြိမ်တခါမျှ လက်ဆင့်ကမ်းသင်ကြားပေးခဲ့ခြင်း မရှိချေ။
အင်မော်တယ်နည်းစနစ်ကျမ်းစာဆောင် အတွင်းရှိ နည်းစနစ်စာအုပ်များကို ငှားရမ်းခြင်းနှင့်လေ့ကျင့်ခြင်းတို့အတွက် မှတ်တမ်းများရှိသည်။
အကယ်၍ ဤနည်းစနစ်သည် အမှန်တကယ်ခိုးယူခံရခြင်းဖြစ်ပါက ယခုအချိန်ထိ မည်သည့်သတင်းမျှ မရရှိသည်မှာ မဖြစ်နိုင်ချေ။
"ငါ မစဉ်းစားတတ်တော့ဘူး"
လျှုယန်သည် ဤကိစ္စကို မည်သို့မျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိတော့ပေ။
ထိုကြောင့် သူမ၏လက်အောက်ငယ်သားကို ပြောဆိုလိုက်သည်။
"သူ့ကိုသွားခေါ်ခဲ့စမ်း...ငါကိုယ်တိုင် သူ့ကိုမေးမယ်"
"ဟုတ်ကဲ့"
လက်အောက်ငယ်သားက တုံ့ပြန်ကာ ပြင်ပသို့ ထွက်ခွာသွားတော့သည်။
...
တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေအတွင်းရှိ ကောင်းကင်ဘုံအင်မော်တယ်ခန်းမ၌....
လူတစ်စုစုဝေးနေကာ သူတို့၏မျက်နှာများပေါ်တွင် အလွန်အမင်းတည်ကြည်လေးနက်သော အမူအယာများရှိနေသည်။
ကောင်းကင်ဘုံအင်မော်တယ်ခန်းမသည် ကြီးမားကျယ်ပြန့်သော အင်မော်တယ်လောက၏ ဗဟိုတရားစီရင်ရေးခန်းမဖြစ်သည်။ထို့ပြင် ဤနေရာသည် အင်မော်တယ်ခန်းမတစ်ခုလုံး၏ အချက်အချာကျသော ဗဟိုချက်နေရာဖြစ်ပေ၏။
ဤနေရာသို့ ရောက်ရှိလာသူများသည် အင်မော်တယ်လောက၏ အစွမ်းထက်သောတည်ရှိမှုကြီးများဖြစ်ကာ အင်မော်တယ်လောက၏နယ်မြေများအားလုံးကို အုပ်ချုပ်သူများပင်။
သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို အင်မော်တယ်လောကအတွင်း၌ သူတို့၏လက်များကို တချက်လှန်လိုက်ရုံဖြင့် တိမ်တိုက်များကိုရွေ့လျားစေကာ လေနှင့်မိုးကိုဆင့်ခေါ်နိုင်သော တည်ရှိမှုကြီးတစ်ခုပင်။
ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်း၌ မရေမတွက်နိုင်သောလူအိုကြီးများ စုဝေးနေကာ အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး တီးတိုးပြောဆိုနေကြသည်။သူတို့၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်မှုများ ရှိနေပေ၏။
ခန်းမအတွင်း၌ ဆူညံသံအမြောက်အများ ထွက်ပေါ်နေစဉ်မှာပင် ခန်းမ၏နောက်မှနေ၍ ဆံဖြူလူအိုကြီးတစ်ယောက် ထွက်ပေါ်လာသည်။
ခန်းမအတွင်းရှိ ဆူညံသံများအားလုံး ငြိမ်အတိကျသွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိလူများအားလုံး စူးစမ်းမေးမြန်းရန်အတွက် ရှေ့သို့တိုးလိုက်ကြတော့သည်။
"ရှီးလောင်...အခုလတ်တလောမှာ ထွက်ပေါ်နေတဲ့ သဘာဝလွန်ပုံရိပ်တွေက ဘာကိစ္စကြောင့်ဖြစ်နေတာလဲ"
တခြားတစ်ယောက်ကလည်း သံယောင်လိုက်၍ ပြောဆိုသည်။
"အမှန်ပဲ...အခုလတ်တလောမှာ သဘာဝလွန်ပုံရိပ်တွေ အများကြီးထွက်ပေါ်လာခဲ့တယ်...ကြယ်ပျံတွေက မိုးကောင်းကင်ယံကို ဝင်တိုက်မိပြီးတော့ ကြယ်တလုံးတောင် ပေါက်ကွဲသွားခဲ့တယ်"
"အင်မော်တယ်နယ်မြေထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မှာများလား"
ထိုလူအိုကြီးသည် ချက်ချင်းအဖြေပေးခြင်းမပြုဘဲ တောင်ဝှေးကိုအားပြုကာ အဓိကထိုင်ခုံနေရာသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်၏။
ထိုနောက် သူ့၏ခေါင်းကို မော့လိုက်သည်။ သူ၏သနားကြင်နာတတ်ပုံရသော မျက်နှာပေါ်တွင် ယခုအချိန်၌ တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည်အဆက်မပြတ် မေးမြန်းနေသောလူများကိုကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။ထို့နောက်သူ့၏ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါယမ်းကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"နှစ်တွေအများကြီး ကြာလာတဲ့အထိ အင်မော်တယ်နယ်မြေထဲမှာ...ဒီလိုမျိုး နက္ခတ်တွေ ပြောင်းလဲလာတာကို ငါ တစ်ခါမှမမြင်တွေ့ခဲ့ဖူးဘူး"
"မနေ့ညက ငါ တွက်ချက်ခဲ့တဲ့ နက္ခတ်ဗေဒဟောကိန်းအရ...ဘာအဖြေမှ မရှိဘူး"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ရှီးလောင် အဲ့ဒီနက္ခတ်ပြောင်းလဲမှုတွေကို မင်းကိုယ်တိုင်တောင် အဖြေမထုတ်နိုင်တာလား"
ခန်းမအတွင်း၌ စိုးရိမ်ပူပန်မှုကြောင့် ပွက်လောရိုက်နေသောအသံများ ထပ်မံ၍ထွက်ပေါ်လာသည်။
သူတို့အားလုံးသည် ရုတ်တရက် ဒယ်အိုးပူတစ်လုံးပေါ်ရှိ ပုရွက်ဆိတ်များအလား ဖြစ်သွားလေပြီ။
သူတို့သည် အချိန်အတော်ကြာသည်အထိတိုင်ပင်ဆွေးနွေးနေသော်လည်း မည်သည့်အဖြေမျှခထွက်ပေါ်လာခဲ့ခြင်းမရှိချေ။
ထိုကြောင့် သူတို့သည် လူစုခွဲကာ ထွက်ခွာသွားကြတော့သည်။သူတို့တစ်ယောက်ချင်းစီသည် ပြင်ဆင်မှုများကို တိတ်တဆိတ်ကြိုတင်၍ပြုလုပ်ထားရန် ဆုံးဖြတ်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ထူးဆန်းပြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကောင်းကင်နှင့်မြေပြင်၏သဘာဝလွန်ပုံရိပ်များထွက်ပေါ်နေသဖြင့် နောင်အနာဂတ်တွင် မည်သည့်ကိစ္စများ ဖြစ်ပွားလာမည်နှင့် မည်သည်ကြောင့် ဤသို့ဖြစ်လာသည်ကို မည်သူမျှမသိနိုင်ချေ။
....
အင်မော်တယ်နယ်မြေ...
နေလဂိုဏ်း...
ကြယ်တာရာတောင်ထိပ်...
ကြယ်တာရာခန်းမ၌...
လျှူယန်သည် ခန်းမအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကာ သူ မည်သည့်အရာအားစဉ်းစားတွေးတောနေသည်ကို မည်သူမျှ မသိနိုင်ချေ။
တံခါး၏ပြင်ပတွင် အသံတစ်သံထွက်ပေါ်လာပြီးနောက် ခြေလှမ်းသံများ နီးကပ်လာသည်။ သူမသည် ခေါင်းမော့ကာ သံသယအပြည့်ရှိသောမျက်လုံးတစ်စုံဖြင့် တံခါးထံသို့ ကြည့်လိုက်သည်။
ခန်းမအတွင်းသို့ ဝင်ရောက်လာသူကိုကြည့်ပြီး လျှူယန်၏မျက်လုံးများ တည်ငြိမ်အေးဆေးသွားကာ သူမ၏မျက်ခုံးများမြင့်တက်သွားသည်။
"ကောင်းရှစ်ကျီး...နင်က အရမ်းအလုပ်များတယ်မဟုတ်လား...ဒီနေ့ နင် ငါ့ဆီကိုရောက်လာတာ ဘာကိစ္စရှိလို့လဲ"
Chapter 583
"ငါက ဒီနေရာကနေဖြတ်သွားရင်းနဲ့ မင်းတို့ရှင်းချန်တောင်ထိပ်ကတပည့်တွေ ဘာလုပ်နေလဲဆိုတာကို လာကြည့်တာပဲ"
ကောင်းရှစ်ကျီးကသူ၏ဝတ်စုံကိုမကာ အရေးမစိုက်သောအမူအရာဖြင့် ခန်းမအတွင်းရှိခိုင်ခုံတစ်ခွန်းပေါ်၌ ထိုင်လိုက်သည်။
"အခုလတ်တလောမှာ တပည့်သစ်တွေအားလုံး အင်မော်တယ်နည်းစနစ် ကျမ်းစာဆောင်ကိုသွားပြီးတော့ အင်မော်တယ်နည်းစနစ်တွေကို ရွေးချယ်ခဲ့ကြတယ်...ပြီးတော့ သူတို့က အဲ့ဒီနည်းစနစ်တွေကို ကျင့်ကြံကြတယ်...မင်း သိလား...ငါတို့နေလတောင်ထိပ်ရဲ့တပည့်တချို့က အသေးစားအောင်မြင်မှုအဆင့်ထိ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ"
ထိုစကားကိုပြောဆိုရင်း ကောင်းရှစ်ကျီးက ရယ်မောလိုက်သည်။
"အသေးစားအောင်မြင်မှု...အသေးစားအောင်မြင်မှု...ရက်အနည်းငယ်အတွင်းမှာ အသေးစားအောင်မြင်မှုအထိ ကျင့်ကြံနိုင်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိတယ်မလား"
"ပြောရမယ်ဆိုရင် မင်းတို့ရှင်းချန်တောင်ထိပ်ရဲ့ အစွမ်းထက်ဆုံးတပည့်တွေက အခုအချိန်မှာအောင်မြင်မှုတစ်ခုခု ရထားပြီလားဆိုတာ ငါ အရမ်းသိချင်မိတယ်"
"အင်း...အသေးစားအောင်မြင်မှုအကြောင်း မင်းပြောမယ်ဆိုရင် အရမ်းခက်နေလိမ့်မယ်"
ကောင်းရှစ်ကျီးကပြောဆိုကာ စာနာသနားသောအကြည့်ဖြင့် လျှူယန်ကို ကြည့်လိုက်သော်လည်း သူ၏လေသံသည် အလွန်အမင်း သရော်တော်တော်ဆန်ပေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် လူသားအင်မော်တယ်လို အမှိုက်ကောင်ကိုတောင် မင်းတို့ရှင်းချန်တောင်ထိပ်မှာ လက်ခံထားတာပဲလေ....ဒီလိုကောင်မျိုးကို ဘယ်အမှိုက်ပုံကနေမဆို ကောက်ယူလို့ရတယ်...ဘယ်လောက်တောင်တော်တဲ့ တပည့်လေးလဲ"
လျှူယန်သည် စိတ်လှုပ်ရှားမှုနှင့်ဂုဏ်ယူဝံ့ကြွားမှုတို့ ပြည့်နှက်နေသော မျက်နှာအမူအယာဖြင့် ထိုင်ခုံပေါ်၌ထိုင်နေသည့် ကောင်းရှစ်ကျီးကိုကြည့်လိုက်သည်။
အမှိုက်ပုံ....
လျှုယန်သည် အင်္ကျီလက်အောက်တွင်ရှိနေသော သူမ၏လက်ကို တင်းတင်းကြပ်ကြပ် လက်သီးဆုပ်ထားလေ၏။
သူမ နားလည်သဘောပေါက်နိုင်ခြင်းမရှိသော လူသားအင်မော်တယ်အကြောင်းကို တွေးတောပြီးနောက် ဤအချိန်အခိုက်အတန့်၌ လျှူယန်သည် တခြားမည်သည့်အရာကိုမျှ အရေးမစိုက်နိုင်တော့ချေ။
သူမက ကောင်းရှစ်ကျီးကိုကြည့်ကာ သရော်တော်တော် ပြောဆိုလိုက်သည်။
"အသေးစားအောင်မြင်မှုလောက်က တောင်ထိပ်သခင်ကောင်းကို ဒီလောက်ထိ စိတ်လှုပ်ရှားစေဖို့ ထိုက်တန်လို့လား... နင်က ဒီကိစ္စကို ကြွားဝါဖို့အတွက် ငါ့ရဲ့ရှင်းချန်တောင်ထိပ်ထိတောင် လာခဲ့ရတယ်"
"တောင်ထိပ်သခင်ကောင်းက တော်တော်လေးရယ်စရာကောင်းတာပဲ"
"ဟမ့်...အသေးစားအောင်မြင်မှုလောက်...ဟုတ်လား"
ကောင်းရှစ်ကျီးက နှာတစ်ချက်မှုတ်ကာ သူ့၏လေသံတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
"ဒါဆိုရင် တောင်ထိပ်သခင်လျှူကို ငါ မေးပါရစေ...မင်းတို့ရှင်းချန်တောင်ထိပ်ရဲ့တပည့်သစ်တွေထဲမှာ အသေးစားအောင်မြင်မှုအဆင့်ကို ရက်အနည်းငယ်နဲ့ ရောက်တဲ့လူရှိလား"
"ငါ့ရဲ့တောင်ထိပ်မှာ တစ်ယောက်မှမရှိဘူး"
လျှူယန်က ပြောဆိုသည်။
"ဟား ဟား ဟား..."
ကောင်းရှစ်ကျီးက ကျယ်လောင်စွာအော်ဟစ်မောကာ သူ၏စကားများအတွင်းတွင် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒါက အဓိပ္ပါယ်ရှိတယ်...ငါ နားလည်တယ်...ငါ နားလည်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် အမှိုက်ပုံထဲကနေ ရွှေတစ်စကောက်ရဖို့ဆိုတာ အရူးတစ်ယောက်ရဲ့အိပ်မက်ပဲလေ"
ထိုသို့ပြောဆိုပြီးနောက် သူသည် မတ်တတ်ထရပ်ကာ လျှူယန်၏သုန်မှုန်နေသောမျက်နှာကိုကြည့်ပြီး ရယ်မော၍ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
လျှူယန်သည် အသက်ပြင်းပြင်းတချက်ရှိုက်ကာ သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ဖိနှိပ်လိုက်၏။
"ရက်အနည်းငယ် ကျင့်ကြံပြီးတဲ့နောက်မှာ အသေးစားအောင်မြင်မှုပဲရတဲ့ အမှိုက်ကောင်ဆိုလို့ ငါ့ရဲ့တောင်ထိပ်မှာ တစ်ယောက်မှမရှိဘူး"
လျှူယန်က ပြောဆိုသည်။
"ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်သွားတဲ့သူတစ်ယောက်ပဲ ရှိတယ်"
ခန်းမ၏တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သော ကောင်းရှစ်ကျီး၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
"တောင်းပန်ပါတယ်...ငါ ခုဏက စကားမှားပြီးပြောမိသွားတယ်"
လျှူယန်က ထပ်မံ၍ပြောဆိုကာ ထိုင်ခုံကိုမှီ၍လဲလျောင်းပြီး သူမ၏မျက်နှာပေါ်တွင် ပျင်းရိငြီးငွေ့သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
ထိုစကားကိုကြားချိန်တွင် ကောင်းရှစ်ကျီးသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ လေထုအတွင်း၌ရှိနေသော သူ၏ခြေထောက်ကို အောက်သို့ချလိုက်သည်။
သူ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက် ရှိုက်လိုက်ချိန်မှာပင် သူ့၏နောက်မှနေ၍ လျှူယန်၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။
"တိတိကျကျပြောရမယ်ဆိုရင် ဒါက ရက်အနည်းငယ်မဟုတ်ဘူး...တစ်ညတည်းပဲ...ပိုပြီးသေချာအောင် ပြောမယ်ဆိုရင် ဒါက နေ့တစ်ဝက်လောက်ပဲကြာတယ်"
အချိန်တခဏကြာခန့် ရပ်တန့်ပြီးနောက် လျှူယန်၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ ဆက်လက်၍ပြောဆိုသည်။
"ဒါကြောင့် အသေးစားအောင်မြင်မှုဆိုတာ အသေးအမွှားပဲလို့ တောင်ထိပ်သခင်ကောင်းကိုငါက ပြောခဲ့တာပဲ...ဟုတ်တယ်မလား..."
"ဟား ဟား ဟား..."
ကောင်းရှစ်ကျီးသည် အချိန်တစ်ခဏကြာခန့် ကြက်သေသေသွားပြီးနောက် လက်မခံလိုပုံဖြင့် သရော်တော်တော်ပြောဆိုသည်။
"တောင်ထိပ်သခင်လျှူက နေ့လည်ကြောင်တောင်ကြီး အိပ်မက်မက်နေတာလား"
"တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်...ဟားဟား ဟား...မင်းက တကယ့်ကို ရယ်စရာပြောနေတာပဲ"
"မင်း ဘာမှမပြောရင် ပိုပြီးကောင်းလိမ့်အုံးမယ် ...အမှိုက်ပုံထဲကနေ ပြင်းပြင်းထန်ထန်ကြိုးစားတဲ့ အကြွင်းအကျန်ကောင်းလေးတွေကို မင်း ရှာတွေ့ရင်တွေ့မှာပေါ့"
"ကြွားဝါတာကတော့ မင်းရဲ့အမှား ဖြစ်သွားပြီ"
လျှူယန်က တည်ငြိမ်အေးဆေးစွာဖြင့် ကောင်းရှစ်ကျီးကို ကြည့်လိုက်သည်။
"ငါက နင့်ကို လိမ်စရာလိုလို့လား....တောင်ထိပ်သခင်ကောင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေတာပါလား"
ထိုစကားကိုကြားချိန်တွင် ကောင်းရှစ်ကျီး၏မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်မှုနှင့်ရယ်မောနေမှုများ တဖြည်းဖြည်း ပျက်ပြယ်သွားသည်။
"မဖြစ်နိုင်ဘူး...ပြီးပြည့်စုံခြင်းအဆင့်ထိကို တစ်ညတည်းနဲ့ အောင်မြင်ဖို့ဆိုတာ...အဆင့်နိမ့်အင်မော်တယ်ကျင့်ကြံနည်းစနစ်တစ်ခု ဆိုရင်တောင် မဖြစ်နိုင်ဘူး"
ကောင်းရှစ်ကျီးသည် ထိုသို့ပြောဆိုကာ တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် လျှူယန်ကိုကြည့်လိုက်၏။
"ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်သွားတာက သေမျိုးကျင့်ကြံနည်းစနစ်တစ်ခု မဟုတ်လား"
လျှူယန်က သရော်တော်တော် တုံ့ပြန်သည်။
"ငါတို့နေလဂိုဏ်းရဲ့ ရီနျန်ကျင့်ကြံနည်းစနစ်က သေမျိုးနည်းစနစ်တစ်ခုလား"
"ရီနျန်ကျင့်ကြံနည်းစနစ်လား...."
ကောင်းရှစ်ကျီး၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ထိတ်လန့်ကြောက်ရွံမှု သံသယဝင်မှုကိုပြည့်နှက်နေသောအသံဖြင့် ပြောဆိုသည်။
"တကယ်လို့ အဲဒီလိုလူမျိုး ရှိနေတယ်ဆိုရင် ဘယ်သူလဲဆိုတာ မင်း ပြောပြစမ်း"
"ဘာလို့ အလျင်လိုနေတာလဲ..တောင်ထိပ်သခင်ကောင်း စိတ်အေးအေးထားပါအုံး"
လျှူယန်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ရုံပဲလေ... ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဘာများ စိုးရိမ်ပူပန်စရာရှိလို့လဲ"
ထိုသို့ပြောဆိုပြီးနောက် သူမသည်လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ညင်သာပေါ့ပါးစွာ တစ်ငုံငုံလိုက်သည်။
"မဖြစ်နိုင်ဘူး...ဘယ်တုန်းကမှ...."
ကောင်းရှစ်ကျီးက ပြောဆိုသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ"
လျှူယန်က ကောင်းရှစ်ကျီး၏စကားကို ကြားဖြတ်ပြောဆိုကာ သူ၏မယုံကြည်နိုင်စွာဖြင့် ဆက်တိုက်မေးမြန်းနေသော မေးခွန်းများကိုဖြေဆိုပေးရန် စိတ်မရှည်တော့ချေ။
"နင် ဒါကို အရင်က မတွေ့ဖူးတာနဲ့ပဲ ဒီလောကကြီးထဲမှာ မဖြစ်နိုင်တော့ဘူးလို့ နင် ပြောနိုင်လား.... နင် မတွေ့ဘူး မမြင်ဘူးတာနဲ့ပဲ အဲ့ဒါက မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး"
လျှူယန်က သရော်တော်တော် ပြောဆိုသည်။
ကောင်းရှစ်ကျီးသည် လျှူယန်၏တုံ့ပြန်မှုကြောင့် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း သရော်တော်တော်ပြောဆိုလေ၏။
"စကားတွေအများကြီး ပြောနေလို့လည်း ဘာမှအသုံးဝင်မှာ မဟုတ်ဘူး...ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ကျင့်ကြံနိုင်ခဲ့တဲ့တပည့်သစ်ကို ဆွဲထုတ်ခဲ့စမ်းပါ...လောကကြီးကို ငါ့ကို မြင်ခွင့်ပြုစမ်းပါ"
"ဒီလိုပဲ ဖြစ်သင့်တယ်...ဒါဆိုရင်လည်း ငါက တောင်ထိပ်သခင်ကောင်းကို လောကကြီးကို မြင်တွေ့ခွင့်ပြုရမှာပေါ့"
"ဘာမှမစိုးရိမ်နဲ့...သူက မကြာခင်မှာ ဒီနေရာကို ရောက်လာလိမ့်မယ်"
မကြာမီမှာပင် အသံတစ်သံကြားရပြီးနောက် တစ်စုံတစ်ယောက်က အခန်းအတွင်းသို့ ဝင်ရောက်လာသည်။
"တောင်ထိပ်သခင်ကို သတင်းပို့ပါတယ်.... တောင်ထိပ်သခင် ခေါ်လာခိုင်းတဲ့လူကို ခေါ်လာပါပြီ"
"ကောင်းပြီ...သူ့ကို အထဲဝင်ခွင့်ပြုလိုက်ပါ"
လျှူယန်က အမိန့်ပေးသည်။
ထို့နောက် သူမက ကောင်းရှစ်ကျီးကိုကြည့်ကာ ပြောဆိုလိုက်သည်။
"တောင်ထိပ်သခင်ကောင်း...အခုက နင် လောကကြီးကို ကြည့်ဖို့အတွက် အချိန်ကျပြီ"
ထိုစကားကိုကြားချိန်တွင် ကောင်းရှစ်ကျီးသည် ဒယိမ်းဒယိုင်ဖြစ်သွားသော သူ့၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းကာ တံခါးထံသို့ ကြည့်လိုက်၏။
သူ့၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများ ပျော်ဝင်နေသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အခန်းအတွင်းသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ကို ကောင်းရှစ်ကျီးက တွေ့မြင်လိုက်ရသည်။
အသက်တစ်ရှိုက်စာခန့် ကြာမြင့်ပြီးနောက်....
ကောင်းရှစ်ကျီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
တောင်ထိပ်သခင်လျှူ ငါ့ကိုပြောခဲ့တဲ့....ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ အောင်မြင်ခဲ့တဲ့လူဆိုတာ ဒီလူသားအင်မော်တယ်တော့ မဟုတ်ဘူးမလား"
"သေချာတာပေါ့"
လျှူယန်က တုံ့ပြန်သည်။
"ဟား ဟား ဟား...."
ကောင်းရှစ်ကျီးက ထပ်မံ၍ အော်ဟစ်ရယ်မောကာ ပြောဆိုသည်။
"လူသားအင်မော်တယ်တစ်ယောက်ကို အသုံးပြုပြီးတော့ ငါ့ကို မလိမ့်တစ်ပတ် လုပ်ချင်တာလား ...ဒါက မလုံလောက်သေးဘူး"
လျှူယန်သည် မျက်မှောင်ကြုတ်ကာ ကောင်းရှစ်ကျီး၏ရယ်မောနေမှုကို ကြည့်လိုက်သည်။သူမသည် သူ့အား နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့ပြီးလေပြီ။သို့ရာတွင် ကောင်းရှစ်ကျီးသည် သူမ၏စကားများကို ယုံကြည်ခြင်းမရှိချေ။
ဤသည်မှာ လောကကြီးကို တစ်ကြိမ်တခါမျှ မြင်တွေ့ဖူးခြင်းမရှိသော ငတုံးငအတစ်ယောက်အလားပင်။
ဤလူသည် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းပေ၏။
ကောင်းရှစ်ကျီးသည် နေရာမှာပင် မတ်တတ်ရပ်ကာ အလွန်ရယ်ရသော ဟာသပြက်လုံးကြီးတခုကို ကြားရသည့်အလား အော်ဟစ်ရယ်မောနေသည်။
ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ လူသားအင်မော်တယ်ကို လက်ညှိုးညွှန်၍ပြောဆိုလိုက်၏။
"တကယ်လို့ အဲ့ဒီအမှိုက်ကောင် လူသားအင်မော်တယ်က ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုရင် ငါ ဒီနေရာမှာတင် ချေးစားပြမယ်"
ရီဖုန်းသည် အခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ကောင်းရှစ်ကျီး၏သရော်တော်တော်ရယ်မောသံနှင့် အလွန်အမင်းအထင်အမြင်သေးစွာ ပြောဆိုနေသောစကားသံကို ကြားချိန်တွင် သူ့၏မျက်နှာ သုန်မှုန်သွားသည်။
ဤငတုံးငအကောင်သည် ဤနေရာသို့ ရောက်ရှိနေသလော...
Chapter 584
"မင်း ခုဏက ဘာပြောလိုက်တာလဲ"
ရီဖုန်းက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းသည်။
ကောင်းရှစ်ကျီးသည် မျက်စောင်းထိုး၍ ရီဖုန်းကိုတစ်ချက်ကြည့်ပြီးနောက် ထပ်မံ၍ကြည့်ရန်ပင် အထင်အမြင်သေးနေပုံရသည်။
လျှူယန်သည် ဤကိစ္စကိုအလေးအနက်ထား၍ပြောဆိုနေသည်ကိုကြည့်ပြီး သူသည်လည်း အလေးအနက်ထားကာ အံ့အားသင့်တုန်လှုပ်ခဲ့ရလုနီးပါးပင်။ရလဒ်အနေဖြင့် သူ၏ရှေ့သို့ လူသားအင်မော်တယ်ကောင်စုတ်လေး ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် သူ ချက်ချင်းတည်ငြိမ်သွားသည်။
"မင်းက အမှိုက်ကောင်လူသားအင်မော်တယ်မဟုတ်လား...မင်းက နေလဂိုဏ်းထဲကိုဝင်ဖို့တောင် အရည်အချင်းမပြည့်မီဘူး"
"ရီနျန်ကျင့်ကြံနည်းစနစ်ကို မင်း ကျင့်ကြံနိုင်ဖို့ဆိုတာ ထိုင်ဆုတောင်းနေမှပဲရမယ်"
ကောင်းရှစ်ကျီးက ထိုသို့ပြောဆိုပြီးနောက် လျှူယန်ကို တစ်ချက်ပြန်ကြည့်လေသည်။
"ရှင်းချန်တောင်ထိပ်ကာ ဒီလိုမျိုး အမှိုက်တစ်ကောင်ကို ဘယ်လိုဖြစ်ပြီး ခေါ်ယူခဲ့တာလဲ"
လျှူယန်သည် မတုန်မလှုပ်ရှိနေဆဲဖြစ်ပြီး စကားတစ်ခွန်းသာ ပြောဆိုသည်။
"ငါ့ရဲ့တပည့် ခုဏကမေးတဲ့မေးခွန်းကို တောင်ထိပ်သခင်ကောင်းက ခုထိအဖြေမပေးရသေးဘူး"
"တကယ်လို့ ငါ့ရဲ့တပည့်က ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုရင် တောင်ထိပ်သခင်ကောင်းကာ နေရာမှာတင် ဘာကိုစားပြမှာလဲ"
"သောက်ရေးမပါတာတွေ ငါ ဘာမှမစားဘူး"
ကောင်းရှစ်ကျီး၏မျက်နှာ သုန်မှုန်သွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
ဤသည်မှာ သူ မှားယွင်း၍ ကောက်ချက်ချမိမည်ကို ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ချေ။ဂုဏ်သိက္ခာရှိသော တောင်ထိပ်သခင်တစ်ယောက်ဖြစ်သည့် သူ့အနေဖြင့် ဤစကားလုံးများသည် သူ၏ဂုဏ်သိက္ခာကို ပျက်ပြားစေနိုင်သောကြောင့် သူ၏စကားကိုအလျှင်အမြန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
"ဒါပေမဲ့ မင်းတို့ရှင်းချန်တောင်ထိပ်ရဲ့အမှိုက်ကောင်က ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ တကယ်ကြီး ကျင့်ကြံနိုင်တယ်ဆိုရင်...ငါ့ရဲ့လက်ထဲမှာရှိတဲ့ အလယ်အလတ်အဆင့် အင်မော်တယ်ဓား ငါ မင်းကို ပေးမယ်"
သူက ဆက်လက်၍ပြောဆိုသည်။
"အော်...."
လျှူယန်၏လှပသောမျက်လုံးလေးများ တောက်ပသွားကာ သူမ၏မျက်လုံးအကြည့်သည် ကောင်းရှစ်ကျီး၏လက်အတွင်းရှိ ဓားထံသို့ ကျရောက်သွားသည်။
"ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်"
"တကယ်လို့ ဒီလူသားအင်မော်တယ်ကောင်စုတ်လေးမှာ အဲ့ဒီလိုအရည်အချင်းမျိုး မရှိဘူးဆိုရင် ...တောင်ထိပ်သခင်လျှူက မင်းတို့ ရှင်းချန်တောင်ထိပ်က အမှိုက်ပုံတစ်ပုံဆိုတာကို ဝန်ခံရမယ်"
ကောင်းရှစ်ကျီးက သရော်တော်တော် ပြောဆိုသည်။
လျှူယန်သည် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
"ဘာလဲ...တောင်ထိပ်သခင်လျှူက ကြောက်နေတာလား"
ကောင်းရှစ်ကျီးက ဆက်လက်၍ လှောင်ပြောင်သရော်သည်။
"တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်စမ်းပါ...ဘာလို့ မင်းက အရဲစွန့်ချင်နေတာလဲ...တကယ်တော့ မင်းတို့ရှင်းချန်တောင်ထိပ်က ဘာနဲ့တူနေလဲဆိုတာ လူတွေအားလုံး သိပြီးသားပဲလေ"
ကောင်းရှစ်ကျီး၏စကားလုံးများသည် လျှူယန်၏ဒေါသများကို လောင်စာထည့်ပေးသကဲ့သို့ ဖြစ်သွားသည်။
အကယ်၍ သူမသည် ဤစကားများကို အမှန်တကယ်ပြောဆိုရပါက သူမအတွက် အရှက်ရစရာကိစ္စ ဖြစ်သွားပေမည်။
သို့ရာတွင် အကယ်၍ သူမ ပြုလုပ်ခဲ့ပါက ယခင်က သူမလိမ်ညာခဲ့သည်ဟု ဝန်ခံသည်နှင့် တူညီသွားပေမည်။
မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက ရီဖုန်းသည် တစ်ညတည်းနှင့် ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်သည်ဟု သူမ အခိုင်အမာပြောဆိုခဲ့သည်။
ဤသည်ကြောင့် ကောင်းရှစ်ကျီးသည် မည်သည့်ယုံကြည်ချက်ဖြင့် ဤကဲ့သို့ ပြောဆိုသည်ကို သူမ အတိအကျမသိရှိချေ။
လျှူယန်သည် ကူကယ်ရာမဲ့ဖြစ်နေကာ သူမ၏နံဘေးတွင်ရှိနေသော ရီဖုန်းကို လှည့်ကြည့်လိုက်၏။
ရီဖုန်းက သူမကို တည်ကြည်လေးနက်စွာဖြင့်ခေါင်းညိတ်ပြကာ ရှေ့သို့လျှောက်လှမ်းသွားလေသည်။
"တောင်ထိပ်သခင်ကောင်း...ခုဏက ပြောသွားတဲ့စကားတွေက အမှန်ပဲလား"
"ငါက နေလဂိုဏ်းရဲ့တောင်ထိပ်သခင်တစ်ယောက်...ငါ့ရဲ့ကတိစကားကို ငါ ထိန်းသိမ်းတယ်"
ကောင်းရှစ်ကျီးက တည်ကြည်လေးနက်စွာပြောဆိုသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ အပြုံးဖြင့် ပြောဆိုလိုက်၏။
"ဒါပေမဲ့ အလောင်းအစားက လုံလောက်တဲ့ထိ ကြီးမနေသေးဘူး....ထပ်ဖြည့်ကြရအောင်..."
ထိုစကားလုံးများ ကျရောက်လာချိန်တွင်....
နံဘေးတွင်ရှိနေသော လျှူယန်နှင့်ကောင်းရှစ်ကျီးတို့၏မျက်ခုံးများ မြင့်တက်သွားသည်။
"တကယ်လို့ ငါ နိုင်ရင် မင်းရဲ့ဓားကို ယူရုံတင်မကဘူး...မင်းတို့နေလတောင်ထိပ်က အမှိုက်ပုံတစ်ပုံလို့ ဝန်ခံရမယ်"
"တကယ်လို့ မင်း အနိုင်ရမယ်ဆိုရင်...ရှင်းချန်တောင်ထိပ်သခင်က ငါတို့ ရှင်းချန်တောင်ထိပ်က အမှိုက်ပုံတစ်ပုံဆိုတာ ဝန်ခံမယ့်အပြင်...မင်း ငါ့ရဲ့အသက်ကိုလည်း ယူနိုင်တယ်"
ရီဖုန်းက အေးအေးလူလူ ပြောဆိုသည်။
"နင်...."
လျှူယန်၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူမက ရီဖုန်းကို ဟန့်တားလိုခဲ့သည်။
ရီဖုန်းက သူ၏လက်ဝါးကို ဝှေ့ယမ်းပြကာ သူမကို စိတ်ချလက်ချနေရန် အရိပ်အယောင်ပြသောအကြည့်မျိုးဖြင့် ကြည့်လိုက်၏။
"တော်လိုက်တဲ့ ကောင်လေး ဒါက အဆင်ပြေတယ်ငါမင်းကိုကတိပေးတယ်။
ကောင်းရှစ်ကျီးက အေးစက်တင်းမာစွာ ပြောဆိုသည်။
သူသည် သူ့ကိုယ်သူ အလွန်မောက်မာထောင်လွှားသူဟု တွေးထင်ခဲ့သည်။သို့ရာတွင် သူ့ရှေ့ရှိ ကောင်စုတ်လေးသည် သူ့ထက်ပင်ပို၍မောက်မာထောင်လွှားနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤကိစ္စကို သူ သည်းမခံနိုင်ပေ။
"ကောင်းပြီလေ"
ရီဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒါပေမဲ့ ငါက မင်းရဲ့ကတိဆိုတာကို မယုံကြည်ဘူး"
"ငါက မင်းတောင်းဆိုတဲ့ကိစ္စတွေ အားလုံးကို ကတိပေးပြီးပြီလေ"
ကောင်းရှစ်ကျီးက တုံ့ပြန်သည်။
"မင်း အဲ့ဒီစကားတွေကို ပြန်ရုတ်သိမ်းလို့ရတယ်"
ရီဖုန်းက ကောင်းရှစ်ကျီး၏စကားကို ကြားဖြတ်ကာ ပြောဆိုလိုက်သည်။
"ဒါက လိမ်လည်ပြီး ပြောတာဟုတ်မဟုတ် ဘယ်သူက သိမှာလဲ..ငါ မင်းကို ကျိန်ဆိုစေချင်တယ်"
"ကျိန်ဆိုရမှာလား"
ကောင်းရှစ်ကျီးက မျက်မှောက်ကြုတ်လိုက်၏။
"အမှန်ပဲ...မင်းတို့နေလဂိုဏ်းရဲ့ကံကြမ္မာ မင်းရဲ့ကျင့်ကြံဆင့်အခြေခံတို့နဲ့ တိုင်တည်ပြီးတော့ ကျိန်ဆိုရမယ်...တကယ်လို့ မင်း ဒီကျိန်ဆိုမှုကိုဖောက်ဖျက်မယ်ဆိုရင် ကောင်းကင်ဘုံနတ်ဘုရားတွေက မင်းကို အပြစ်ပေးလိမ့်မယ်"
ရီဖုန်းသည် အပြင်းထန်ဆုံးစကားလုံးများကို ဖြည်းညှင်းစွာဖြင့် ရည်ရွယ်ချက်ရှိရှိ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ကောင်းရှစ်ကျီး၏ဦးရေပြား ပေါက်ကွဲတော့လုမတတ်ပင်။
ဤမျှထိ အလွန်ရက်စက်ကြမ်းကြုတ်သောသူ ရှိသေးသလော...
ဤကဲ့သို့ အလွန်ရုန့်ရင်းကြမ်းတမ်းသော ကျိန်ဆိုမှုတစ်ခုကို သူ ပြုလုပ်ရမည်လော...
"မင်းက အဆိပ်ပြင်းတဲ့ကောင်ပဲ"
ကောင်းရှစ်ကျီးက ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ်လေ....တောင်ထိပ်သခင်ကောင်းက မလုပ်ရဲတာလား"
ရီဖုန်းက ကောင်းရှစ်ကျီးကို တည်ငြိမ်အေးဆေးစွာကြည့်လိုက်၏။
"တောင်ထိပ်သခင်ကောင်းက အစကတည်းကကတိတည်ဖို့ ရည်ရွယ်မထားတာများ ဖြစ်နေမလား"
ကောင်းရှစ်ကျီးသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့၏စိတ်နှလုံးသားအတွင်းရှိဒေါသများကို ဖိနှိပ်လိုက်၏။
"ကောင်းပြီလေ ငါ ကျိန်ဆိုမယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ငါက နောက်ထပ်အချိန်ခဏလောက်ကြာရင် မင်းရဲ့အသက်ကို ယူနိုင်တော့မှာပဲ"
ထိုနောက် သူသည် ရီဖုန်း၏အဖြေကို စောင့်ဆိုင်းခြင်းမရှိတော့ဘဲ နောက်သို့ချာခနဲလှည့်ကာ ကောင်းကင်ဘုံကိုတိုင်တည်သည့် ကျိန်ဆိုမှုကို ပြတ်ပြတ်သားသား ပြုလုပ်လိုက်တော့သည်။
ဤအချိန်အခိုက်အတန့်တွင် ရှင်းချန်တောင်ထိပ်၌ တခြားတောင်ထိပ်များမှအကြီးအကဲများလည်း စုဝေးနေသည်။
ပထမဆုံးအနေဖြင့် နေလတောင်ထိပ်သခင်ကောင်းရှစ်ကျီးနှင့် ရှင်းချန်တောင်ထိပ်သခင်လျှူယန်တို့အကြား၌ ရန်ငြိုးများရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဤတစ်ကြိမ်တွင် ကောင်းရှစ်ကျီးသည် ရှင်းချန်တောင်ထိပ်သို့ရောက်ရှိနေသဖြင့် ပြဿနာရှာမည်ကို စိုးရွံသောကြောင့် သူတို့အားလုံး ဤနေရာသို့ အပြေးရောက်လာခြင်းဖြစ်သည်။
ဒုတိယအနေဖြင့် ရှင်းချန်တောင်ထိပ်မှလူငယ်တစ်ယောက်သည် ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းဖြင့် ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်သည်ဟု သူတို့ ကြားသိခဲ့ရသဖြင့် အံ့အားသင့်တုန်လှုပ်မှုကြောင့် မေးမြန်းစုံစမ်းရန် ဤနေရာသို့ လာရောက်ကြခြင်းပင်။
ထိုအချိန်မှာပင် သူတို့သည် ကောင်းရှစ်ကျီး၏ ကျမ်းသစ္စာကျိန်ဆိုမှုကို တွေ့မြင်သွားသဖြင့် ဆူညံပွက်လောရိုက်သွားတော့သည်။
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့သည် လူငယ်တစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ရီဖုန်းသည် ခန်းမအတွင်းမှထွက်လာကာ ဟိုကြည့်သည်ကြည့် လုပ်နေသည်။
သူသည် စဉ်းစားတွေးသောနေဟန်ဖြင့် သူ့၏မေးကိုပွတ်သပ်ကာ နေလတောင်ထိပ်ရှိသောနေရာသို့ ကြည့်လိုက်သည်။
"နင် သေချာလား"
လျှူယန်သည် ခန်းမအတွင်းမှထွက်လာကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
ဤကျမ်းသစ္စာကျိန်ဆိုမှုမှာ အလွန်ရက်စက်သည်။
သူမ၏ရှင်းချန်တောင်ထိပ်နှင့်နေလတောင်ထိပ်အကြားတွင် အစဉ်အမြဲ ရန်ငြိုးများရှိသော်လည်း ဤကဲ့သို့အလောင်းအစားမျိုးပြုလုပ်၍ ကျမ်းသစ္စာကျိန်ဆိုရသည့်အဆင့်မျိုးထိ မရောက်ရှိခဲ့ဘူးချေ။
သို့ရာတွင် သူမသည် ဤကိစ္စကိုတွေးတောမိချိန်၌ ရီဖုန်း ဤကဲ့သို့ ပြုလုပ်ခဲ့သည်မှာ သူမ၏ရှင်းချန်တောင်ထိပ်အတွက်ပင်။ အကယ်၍ အလောင်းအစား၌ ရှုံးနိမ့်သွားလျှင်ပင် သူမသည် ရီဖုန်း၏အသက်ကို ကယ်တင်ရပေမည်။
ပြင်ပသို့ထွက်လာသော ကောင်းရှစ်ကျီးသည် လျှုယန်၏စိတ်မအေးသောမျက်နှာနှင့် သူမ၏မေးခွန်းကိုကြားချိန်တွင် သူ ပို၍စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
အနိုင်ရလဒ်သည် လက်တစ်ကမ်းအကွာ၌ ရှိနေလေပြီ။
သူက ခေါင်းမော့ရင်ကော့ပြီး ရီဖုန်းကိုကြည့်ကာ ပြောဆိုလိုက်သည်။
"လူငယ်တွေက စိတ်မြန်လက်မြန်ရှိပြီးတော့ တခြားသူတွေကို အထင်အမြင်သေးတတ်တာက ပုံမှန်ပါပဲ...ဒါက မင်း အမှိုက်ကောင်တစ်ကောင်ဆိုတာ ဝန်ခံလိုက်ရုံပဲမဟုတ်လား"
"လူအများစုက သူတို့မှာ အင်အားမရှိဘူးဆိုတာကို ဝန်မခံချင်ကြဘူး....အမှိုက်ကောင်တွေကလည်း သူတို့က အမှိုက်ကောင်တွေဆိုတာ ဘယ်တော့မှ ဝန်မခံကြဘူး"
"ဒါပေမဲ့ ဒီအမှိုက်ကောင်ကတော့ ပါရမီရှင်တစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ...ဒါက အရမ်းကို ရယ်စရာကောင်းတဲ့ကိစ္စပဲ"
"ဟား ဟား ဟား"
ကောင်းရှစ်ကျီးသည် ထိုစကားများကိုပြောဆိုပြီးနောက် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ရယ်မောလိုက်သည်။ထို့နောက် သူသည် နေလဂိုဏ်း၏ သိုင်းပညာလေ့ကျင့်ခြင်းကွင်းပြင်ထံသို့ ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
Chapter 585
အမှိုက်ကောင်ဟူသောစကားကို ကြားချိန်တွင် ရီဖုန်းသည် အလွန်ဒေါသထွက်သွားပေ၏။
အကယ်၍ သူ၏လက်အောက်ငယ်သားများကို ဤနေရာသို့ ခေါ်ဆောင်ခဲ့ခြင်းမရှိသည့် အချက်ကြောင့်သာ မဟုတ်ပါက သူသည် ကောင်းရှစ်ကျီးကို သေချာပေါက် ရိုက်နှက်မိပေမည်။
ငါယိုးမသား....
"နင် သေချာတယ် မဟုတ်လား"
လျှူယန်က အနောက်မှနေ၍ မေးမြန်းသည်။
သူမသည် လက်အောက်ငယ်သားထံမှ သတင်းပို့မှုကို ကြားသိပြီးဖြစ်သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏ခိုင်မာသောအဖြေကို သူမ ကြားလိုဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းဖြင့် ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိနိုင်သည်ဆိုသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
"ဘာမှ မစိုးရိမ်နဲ့...ဒါက ရီနျန်နည်းစနစ်လေးပဲ မဟုတ်လား"
ရီဖုန်းက တည်ငြိမ်စွာ ပြောဆိုသည်။
လျှူယန်သည် ရီဖုန်း၏တည်ငြိမ်အေးဆေးသော အမူအယာကိုကြည့်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်း မရှိတော့ချေ။
သို့ရာတွင် သူမသည် အနည်းငယ် စိတ်မအေးနိုင်ဖြစ်နေဆဲပင်။
ထို့ကြောင့် သူမက ကတိစကားတစ်ခွန်း ပြောဆိုလိုက်သည်။
"တကယ်လို့ နင် ဒီကိစ္စကို အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင်...ဆုလာဘ်အနေနဲ့ ငါက အခြေအနေတစ်ခု နင့်ကို ကတိပေးမယ်"
"ဘယ်လို အခြေအနေလဲ"
ရီဖုန်းသည် အခြေအနေဟူသောစကားကို ကြားချိန်တွင် မေးမြန်းလိုက်၏။
"ငါ့ရဲ့အခွင့်အာဏာအတွင်းမှာရှိနေတဲ့ ဘယ်အခြေအနေကိုမဆို နင် တောင်းဆိုလို့ရတယ်"
လျှုယန်က ပြောဆိုသည်။
"ကောင်းပြီလေ"
ရီဖုန်းက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"တောင်ထိပ်သခင်က အရမ်းသဘောထားကြီးတာပဲ"
ရီဖုန်းသည် ထိုစကားကိုပြောဆိုပြီးနောက် ယုံကြည်ချက်အခိုင်အမာရှိသော အမူအယာဖြင့် သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်ထံသို့ ဦးတည်၍ လျှောက်လှမ်းသွားလေသည်။
နေလဂိုဏ်း၏ ကြီးမားသော လေ့ကျင့်ရေးကွင်းပြင်အတွင်း၌...
အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် သူ့၏လက်များကိုနောက်သို့ပစ်ကာ ဗဟိုလေ့ကျင့်ရေးစင်မြင့်ပေါ်၌ မတ်တတ်ရပ်နေသည်။
သူ့ကိုကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးနှင့်တူညီနေပြီး အထီးကျန်ဆန်ကာ လွတ်လပ်ပေါ့ပါးသည်။
နေလဂိုဏ်းမှလူများသည် လေ့ကျင့်ရေးကွင်းပြင်၏နံဘေးပတ်လည်တွင် မတ်တတ်ရပ်နေကြသည်။
ဤနေရာတွင် ရှင်းချန်တောင်ထိပ်မှ လူများသာမက နေလတောင်ထိပ်မှလူများလည်း ရောက်ရှိနေသည်။
တခြားတောင်ထိပ်မှတပည့်များနှင့် အပြင်စည်းတပည့်များသည်လည်း တပည့်သစ်တစ်ယောက်သည် ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းဖြင့် ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီး နေလတောင်ထိပ်သခင်ဖြင့်ပင်အလောင်းအစားလုပ်ခဲ့ကြောင်း ကြားသိသွားကြသည်။
ထိုကြောင့် သူတို့သည် အပျော်သဘောအနေဖြင့်ကြည့်ရှုရန် ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
သူ လေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်သန်းသွားစဉ်တွင် လူအများအကြား၌ လှောင်ပြောင်သရော်သံများနှင့် ပြည့်နှက်နေသည်။
ရီဖုန်းသည် လေ့ကျင့်ရေးကွင်းပြင်၏အလယ်ဗဟိုရှိ စင်မြင့်ပေါ်၌ သူ၏လက်များကို နောက်သို့ပစ်၍ မတ်တတ်ရပ်နေသည်။သူသည် ခါးမတ်မတ်ထားကာ သူ့၏မေးကိုအနည်းငယ်မော့၍ သူ့ထံတွင် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေကြောင်း ထုတ်ဖော်ပြသခဲ့သည်။
စိတ်ပျက်ဖွယ်ကောင်းသော ကိစ္စတစ်ခုမှာ ဤနေရာမှကြည့်ပါက နေလတောင်ထိပ်ကို မမြင်တွေ့နိုင်ခြင်းပင်။
သူ၏မျက်လုံးထောင့်မှနေ၍ သိုင်းပညာခန်းမ၏နံဘေးပတ်လည်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ဤနေရာတွင် လူအမြောက်အမြား ရှိနေပေ၏။
"အရမ်းကောင်းတယ်"
နောက်ထပ်အချိန်အခိုက်အတန့်တွင် ရီဖုန်းက သူ၏လက်ကို မြှောက်လိုက်သည်။
သူ့ထံမှနေ၍ လက်ညှိုးတစ်ချောင်း ဆန့်ထွက်လာကာ မလှမ်းမကမ်းတစ်နေရာသို့ ချိန်ရွယ်လိုက်၏။
ဘယ်ဘက်နည်းနည်း...ညာဘက်နည်းနည်း..အထက်နည်းနည်း...အောက်နည်းနည်း... အနည်းငယ် တွန့်လိမ်ကောက်ကွေ့ပြီးနောက်...
ဝှီး...ဝှီး...ဝှီး
ရီဖုန်း၏လက်ချောင်းထိပ်မှနေ၍ လေစီးကြောင်းတစ်ကြောင်း ပျံ့နှံလာလေရာ အောက်ရှိလူများသည် အိုးကင်းပူပေါ်တွင် တင်ခံထားရသည့်အလားပင်။
"ဒါက...ဒါက တကယ့်ကိုပဲ ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံတဲ့အဆင့်ထိ ကျင့်ကြံနိုင်မှ အသုံးပြုနိုင်မယ့် လေစီးကြောင်းမဟုတ်လား"
ရှင်းချန်တောင်ထိပ်၏ အကြီးအကဲတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။
"ရှင်းချန်တောင်ထိပ်မှာ ဒီလိုမျိုး ပါရမီရှင်တစ်ယောက် ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
အကြီးအကဲများသည် သူတို့၏အဖြူရောင်မုတ်ဆိတ်မွှေးရှည်များကို ပွတ်သပ်ရင်း ရယ်မောကာ သူတို့၏မျက်ခုံးများ မြင့်တက်သွားသည်။
"အမှန်ပဲ..ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုတာ ပါရမီရှင်တယောက်ပဲ...ဟား ဟား ဟား..."
လူအုပ်အကြားတွင်ရှိနေသော လျှူယန်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။တချိန်တည်းမှာပင် သူမသည် စင်မြင့်ပေါ်တွင်ရှိနေသော ရီဖုန်းကို ဝေခွဲရခက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
လက်အောက်ငယ်သားတစ်ယောက်မှ သူမထံသို့လာ၍အကြောင်းကြားစဉ်တွင် သူမသည်လည်း ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ယခုအချိန်၌ ဤကိစ္စကို သူမ၏မျက်လုံးဖြင့် သူမကိုယ်တိုင် မြင်တွေ့ရလေပြီ။
သို့ရာတွင် ရီဖုန်းသည် ရီနျန်ကျင့်ကြံနည်းစနစ်ကို အမှန်တကယ် ထုတ်ဖော်အသုံးပြုနိုင်သည်ကို မြင်တွေ့ချိန်၌ သူမ ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်နေဆဲပင်။
အချိန်တစ်ခဏကြာခန့် ထိတ်လန့်တုန်လှုပ်ပြီးနောက် သူမသည် ပျော်ရွှင်မှုများပြည့်နှက်နေသောမျက်နှာဖြင့် လူအုပ်ကြီး၏ရှေ့တွင် မတ်တတ်ရပ်နေသော ကောင်းရှစ်ကျီးကို ကြည့်လိုက်သည်။
တချိန်တည်းမှာပင် ကောင်းရှစ်ကျီး၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ရီဖုန်းကိုကြည့်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ပြန်ဆုတ်လိုက်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဒါက ဘာလို့ မဖြစ်နိုင်ရမှာလဲ"
ရီဖုန်းသည် သူ့၏လက်ညှိုးကို လေဖြင့်မှုတ်ကာ ကောင်းရှစ်ကျီးကို တချက်ကြည့်လိုက်သည်။
"တောင်ထိပ်သခင်ကောင်းက ထပ်ပြီးကြည့်ချင်သေးတာလား"
ထို့နောက် သူသည် မိုးကောင်းကင်ယံသို့ တစ်ဖန်ထပ်၍ လက်ညှိုးညွန်လေသည်။သူ၏လက်ညှိုးမှနေ၍ လေစီးကြောင်းများ ထပ်မံ၍ထွက်ပေါ်လာကာ လေထုအတွင်း၌ ပျံ့နှံ့သွားသည်။
ကောင်းရှစ်ကျီးသည် အံ့အားသင့်တုန်လှုပ်သွားပြီးနောက် အချိန်တခဏအကြာတွင် ပြန်လည်ကောင်းမွန်သွားသည်။သူ၏မျက်နှာသည် သုန်မှုန်နေပေ၏။
"တောင်ထိပ်သခင်ကောင်း..ဒီကိစ္စကို မင်းရဲ့မျက်လုံးနဲ့ မင်းကိုယ်တိုင် မြင်တွေ့ပြီးပြီ...အခုက မင်းရဲ့အလောင်းအစားကို ဖြည့်ဆည်းပေးဖို့အချိန်ကျပြီမဟုတ်လား"
ရီဖုန်းသည် စင်မြင့်ပေါ်မှနေ၍ ကွင်းပြင်အတွင်းသို့ ခုန်ဆင်းလိုက်သည်။
ထိုနောက် သူက ကောင်းရှစ်ကျီးထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။
ကောင်းရှစ်ကျီး၏မျက်လုံးများ မှုန်မှိုင်းနေကာ သူ၏မျက်နှာသည် ရွှံ့ရေကဲ့သို့ မှုန်တေတေဖြစ်နေပေ၏။
ရီဖုန်းသည် ဤကိစ္စကို ဂရုမစိုက်ချေ။ကောင်းရှစ်ကျီး ပို၍ဒေါသထွက်လေလေ သူ ပို၍ပျော်ရွှင်လေလေပင်။
"မြန်မြန်လေး...မင်းတို့နေလတောင်ထိပ်က အမှိုက်တွေလို့ ပြောစမ်းပါ"
သူက အော်ဟစ်လိုက်သည်။
"မင်း အရမ်းတရားလွန်မလာနဲ့"
ကောင်းရှစ်ကျီးသည် ဒေါသထွက်သွားကာ လှုပ်ရှားမှုပြုလုပ်ရန် ဟန်ပြင်လိုက်၏။
သူ့၏လက်ကို ရီဖုန်းထံသို့ဦးတည်၍ ဝှေ့ယမ်းလိုက်စဉ်မှာပင် လျှူယန်၏လက်ဝါးက တိုးဝင်လာကာ ကြားဖြတ်ဟန့်တားလေသည်။
ထိုအခြင်းအရာကိုကြည့်ပြီးနောက်ရီဖုန်း၏မျက်ခုံးများမြင့်တက်သွားကာ သူ၏ရှေ့၌ မတ်တတ်ရပ်နေသော လျှုယန်ကို နံဘေးသို့ တွန်းထုတ်လိုက်သည်။
"မင်း ဘာလုပ်တာလဲ"
"မင်းက ငါ့ကို ရိုက်ချင်တာလား"
"ဒီနေရာကို လာခဲ့စမ်း..ဒီနေရာကိုလာပြီး တိုက်ခိုက်စမ်း"
ရီဖုန်းက ကောင်းရှစ်ကျီးထံသို့ဦးတည်၍ လှုပ်ရှားသည်။
ထို့နောက် ရီဖုန်းသည် သူ့၏ခေါင်းကိုငုံကာ သူ့ခေါင်းသူ ပြန်လည်၍ညွှန်ပြပြီး ပြောဆိုလိုက်၏။
"တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်...ငါ့ကိုလာပြီး တိုက်ခိုက်စမ်း...မင်း ငါ့ကိုမသတ်နိုင်ဘူးဆိုရင် မင်းက အမှိုက်ကောင်တစ်ကောင်ပဲ"
ထိုစကားကိုပြောဆိုရင်း ရီဖုန်းသည် သူ၏စနစ်ကိုဆင့်ခေါ်ကာ ချက်ချင်းပြန်လည်ပို့ဆောင်နိုင်သည့်စာမျက်နှာအား အဆင်သင့်ပြင်ဆင်ထားလိုက်သည်။
အကယ်၍ ကောင်းရှစ်ကျီးသည် သူ့အား အမှန်တကယ်တိုက်ခိုက်ခဲ့ပါက သူ အရိပ်ကျွန်းထံသို့ ချက်ချင်းပြန်သွားရပေမည်။
ထို့နောက် သူ၏လက်အောက်ငယ်သားများကိုခေါ်ဆောင်ကာ ဤနေရာသို့ပြန်လာပြီး ကောင်းရှစ်ကျီးကို သတ်ဖြတ်ရပေမည်။
ပြန်လည်ဝင်စားခြင်း အင်မော်တယ်တစ်ယောက် ဖြစ်နေသလော...သူ့၏လက်အောက်တွင် ဤကဲ့သို့ အင်မော်တယ်မျိုး အမြောက်အများရှိနေပေ၏။
ကောင်းရှစ်ကျီးသည် အလွန်အမင်းဒေါသထွက်နေကာ ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။သူ့ထံ၌ ဒေါသများဖြင့်ဘပြည့်နှက်နေသောကြောင့် ရီဖုန်းအားရိုက်နှက်ရန် ဟန်ပြင်လိုက်သည်။သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
သို့ရာတွင် သူ့အား လျှုယန်က ထပ်မံ၍ ဟန့်တားထားလေသည်။
ဤတစ်ကြိမ်တွင် လျှူယန်သည် ဒေါသူပုန်ထနေသော ကောင်းရှစ်ကျီးကို ဟန့်တားရန်အတွက် သူမ၏ခွန်အားအကုန်အစင်ကို အသုံးပြုခဲ့ရသည်။
"ကောင်းရှစ်ကျီး...နင်က နတ်ဘုရားတွေနဲ့ မိုးကောင်းကင်တာအိုကို တိုင်တည်ပြီးတော့ ကျမ်းသစ္စာကျိန်ဆိုထားခဲ့တယ်....တကယ်လို့ နင်က ဒီကိစ္စကိုမလိုက်နာဘူးဆိုရင် ကောင်းကင်ဘုံတာအိုက နင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး"
လျှုယန်က ကောင်းရှစ်ကျီး၏တိုက်ခိုက်မှုကိုဘခုခံကာကွယ်ရင်း ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ကောင်းရှစ်ကျီးသည် ရပ်တန့်သွားလေ၏။
သူ အလွန်အမင်း ရှက်ရွံ့သွားသည်။
"တကယ်လို့ ငါက ကျိန်ဆိုမှုကို ဖောက်ဖျက်ရမယ်ဆိုရင်တောင်...ငါ သူ့ကို မဖြစ်မနေ သတ်ရလိမ့်မယ်"
ကောင်းရှစ်ကျီးက ပြောဆိုသည်။
"ဒါ့ပြင် အလောင်းအစားကို လုပ်တဲ့အချိန်တုန်းက...ငါ သူ့ကိုမသတ်ဘူးလို့ မပြောခဲ့ဘူး"
"ဘာလဲ...မင်းက အရှုံးကို ဝန်မခံချင်တာလား"
ရီဖုန်းက သူ့၏လက်များကိုဖြန့်ကားကာ ပြောဆိုလိုက်သည်။
"မင်းက ရှုံးနိမ့်တာနဲ့ ငါ့ကိုသတ်ချင်တာလား..မင်းက ငါ့ရဲ့ပါရမီအရည်အချင်းကို မနာလိုဖြစ်နေတာလား...ပြန်လည်ဝင်စားခြင်းအင်မော်တယ်တဲ့လား...အမှိုက်ကောင်တွေ မင်းတို့မှာ ဘယ်လိုအရည်အချင်းမျိုးတွေရှိနေလို့ ဒီလောက်ထိ မောက်မာထောင်လွှားနေကြတာလဲ"
ရီဖုန်းသည် သူ၏လက်အောက်တွင် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြောက်အများရှိနေသဖြင့် ကောင်းရှစ်ကျီးအား သေသည်အထိ မရိုက်နှက်နိုင်မည်ကို စိုးရိမ်ပူပန်ခြင်းမရှိချေ။
"ဂရုစိုက်အုံး"
လျှူယန်သည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ပြန်လှည့်ကာ သတိပေးလေသည်။
ဤကောင်းရှစ်ကျီးသည် အလွန်အမင်းစိတ်အနှောင့်အယှက်ဖွယ် ကောင်းပေ၏။သို့ရာတွင် နေလဂိုဏ်းအတွင်း၌ ပြန်လည်ဝင်စားခြင်းအင်မော်တယ် အမြောက်အများရှိနေသည်။ထို့ကြောင့် ရီဖုန်း၏စကားများသည် ကောင်းရှစ်ကျီးတစ်ယောက်တည်းကို ရန်စခြင်းမဟုတ်ဘဲ နေလဂိုဏ်းအတွင်းရှိ လူအမြောက်အများကို ရန်စစော်ကားခြင်းလည်း ဖြစ်သွားခဲ့သည်။
အမှိုက်ကောင်တွေဟု ဆိုလိုက်သလော..
အခြေခံအားဖြင့်ပြောပါက ရီဖုန်းသည် နေလဂိုဏ်းတစ်ဂိုဏ်းလုံးကို ရန်စစော်ကားလိုက်ခြင်းပင်။
ရီဖုန်းသည်လည်း အသိဝင်လာကာ ကောင်းရှစ်ကျီးကိုလက်ညှိုးညွှန်၍ အလျှင်အမြန် ဖြည့်စွက်ပြောဆိုလိုက်သည်။
"တကယ်တော့ ငါက ဒီအမှိုက်ကောင်အကြောင်းကိုပဲပြောနေတာ...တခြားသူတွေကို ပြောတာမဟုတ်ဘူး"
အပြစ်မဲ့သောသူများကို ထိခိုက်နာကျင်အောင် ပြုလုပ်ရန် မလိုအပ်ချေ။
"ကြည့်ကြအုံး ကြည့်လိုက်ကြအုံး...ဒီလိုမောက်မာထောင်လွှားတဲ့လူမျိုးကို ငါ ဘယ်တုန်းကမှ...ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးဘူး"
ကောင်းရှစ်ကျီးသည် အလွန်ဒေါသထွက်နေကာ ဒေါသတကြီးအော်ဟစ်လိုက်၏။
"မင်း ငါ့လိုပါရမီအရည်အချင်းရှိတဲ့လူတစ်ယောက်ကိုလည်း အရင်တုန်းက တခါမှမမြင်တွေ့ဖူးဘူး မဟုတ်လား"
ရီဖုန်းက သူ့၏လက်ညှိုးကိုဆန့်ထုတ်ကာ ကောင်းရှစ်ကျီးကို မျက်စောင်းထိုး၍ ကြည့်လေသည်။ထို့နောက် သူ့၏လက်ချောင်းကို လေဖြင့်မှုတ်ကာ မိုးကောင်းကင်ယံထံသို့ ချိန်ရွယ်လိုက်သည်။
ဒေါသကြောင့် ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"တော်ကြတော့"
လျှုယန်သည် ပဋိပက္ခကိုဟန့်တားလိုက်သော်လည်း သူမ၏နီမြန်းသောနှုတ်ခမ်းများကိုဖုံးအုပ်ထားကာ ရယ်မောနေသည်။
ကောင်းရှစ်ကျီး ဤမျှထိအလွန်တုန်ရီနေသည်ကို မြင်ရသည်မှာ အလွန်အမင်း ရှားပါးသောကိစ္စပင်။ထိုကြောင့် ဤမြင်ကွင်းကိုကြည့်ရသည်မှာ သူမအတွက် ရှင်းမပြနိုင်လောက်သည့်အထိ ပျော်ရွှင်ဖွယ်ကောင်းသော ကိစ္စကြီးဖြစ်နေသည်။
သူမသည် ကောင်းရှစ်ကျီးကိုကြည့်ကာ အပြုံးတစ်ခုနှင့် ပြောဆိုလိုက်၏။
"ဒါပေမဲ့ ပြောရမယ်ဆိုရင်..တောင်ထိပ်သခင်ကောင်းက ရှုံးနိမ့်သွားမှတော့ အလောင်းအစားကို ဖြည့်ဆည်းပေးသင့်တယ် မဟုတ်လား"
Thank For Reading.