← Chapters

အခန်း (၆၀၆-၆၁၀)

Vol. 41 Ch. 606-610

အခန်း (၆၀၆-၆၁၀)

Vol. 41 Ch. 606-610

Chapter 606

ထိုလူ ရှေ့သို့ထွက်လာသည်ကိုကြည့်ပြီး သူ့နောက်ရှိ လူများအားလုံး စိတ်သက်သာရာရသွားသည်။

"အရမ်းကောင်းတယ်...စီနီယာအစ်ကိုက ဒီနေရာမှာ ရှိနေတယ်"

"ငါလည်း ဒီကောင်လေးကို ရှာနေခဲ့တာ"

ထိုစီနီယာတပည့်သည် အောင်မြင်မှုကိုရရှိသွားသော အမူအယာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

"စီနီယာအစ်ကိုရောက်လာမှတော့ သူက ရီဖုန်းကိုသတ်နိုင်မှာ သေချာပေါက်ပဲ"

"ဟုတ်တယ်...စီနီယာအစ်ကိုက ကောင်းကင် အင်မော်တယ်တစ်ယောက်ပဲ"

ကောင်းကင်အင်မော်တယ် ဟူသောစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူ သတ်ခဲ့သမျှလူများအားလုံးသည် မြေကမ္ဘာအင်မော်တယ်များပင်။

ဤသည်မှာ သူ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ပထမဆုံး ဆုံတွေ့ရသည့်အချိန်ပင်။

"ဟမ့်...ဒီအချိန်မှာ မင်း ဘာလုပ်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

ထိုစီနီယာတပည့်က ပြောဆိုသည်။

"ငါက မင်းရဲ့ရီနျန်ကျင့်ကြံနည်းစနစ်ကို မကြောက်ဘူး"

သူ၏နောက်တွင်ရှိနေသော တပည့်များကလည်း မြှောက်ပင့်စကားများ ပြောဆိုလေ၏။

"စီနီယာအစ်ကိုက ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ...သူ့ကိုသတ်တာက ကြက်ကလေးတစ်ကောင်ကို သတ်သလိုမျိုး လွယ်ကူမှာပါ...စီနီယာအစ်ကို သူ့ကို မြန်မြန်လေးသတ်လိုက်တော့"

ရီဖုန်းက ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။

မဟုတ်သေး...ဤသည်မှာ ကောင်းကင်အင်မော်တယ်တစ်ယောက်ပင်။

သူသည် စနစ်ကိုဆင့်ခေါ်ရင်း သူ၏လက်ချောင်းများကို ဆန့်တန်းလိုက်၏။

သူ အရင်ဆုံး မြေကမ္ဘာအင်မော်တယ်တချို့ကို သတ်ဖြတ်ရပေမည်။သူ တစ်ယောက်ပို၍သတ်ဖြတ်နိုင်ပါက တစ်ယောက်စာကိစ္စ ရှင်းသွားပေမည်။

ထိုလူများကိုသတ်ဖြတ်ပြီးနောက် သူ ထွက်ပြေးရပေမည်။ထိုနောက် ကုံးချန်ကိုခေါ်၍ သူ တခြားလူများအား သတ်ဖြတ်နိုင်သည်။

…

ထိုစီနီယာတပည့်သည် ရယ်မောကာ မောက်မာထောင်လွှားသောအမူအယာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

"နောက်နှစ် ဒီနေ့က မင်းရဲ့နှစ်ပတ်လည်နေ့ပဲ"

"ရီနျန်နည်းစနစ်လောက်က ဘာကြောက်စရာရှိလို့လဲ"

ထိုစီနီယာတပည့်က ဆက်လက်၍ပြောဆိုသည်။

ထိုစကားလုံးများ ကျရောက်လာသောအချိန်မှာပင် ရီဖုန်းက ရုတ်တရက် ထိုစီနီယာတပည့်၏နံဘေးရှိ မြေကမ္ဘာအင်မော်တယ်တချို့ထံသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုတပည့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားစဉ်မှာပင် စီနီယာတပည့်သည် သူတို့၏ရှေ့မှ ပိတ်ဆို့ဟန့်တားလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

"မင်းတို့ ဘာမှမကြောက်ကြနဲ့...ငါ ဒါကို ဟန့်တားထားပေးမယ်"

သို့ရာတွင် ထိုအသံကျရောက်လာသောအချိန်မှာပင်....

"ဘုန်း...."

အသွေးအသားများ ရုတ်တရက် ပြန့်ကျဲသွားသည်။

စီနီယာတပည့်သည် ပေါက်ကွဲသွားကာ သွေးမိုးများဖြာကျလာပြီး အသားအစအနများလည်း ကျရောက်လာသည်ကို သူတို့အားလုံး တွေ့မြင်မိလေ၏။

နေလတောင်ထိပ်မှ တပည့်များအားလုံး အံ့အားသင့်တုန်လှုပ်သွားသည့်အပြင် ရီဖုန်းသည်လည်း ကြက်သေသေသွားသည်။

ထိုလူသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ဟု ပြောခဲ့သည်မဟုတ်လော...

ဤသည်မှာ မည်သို့ ဖြစ်လာရသနည်း...

"မင်း...မင်း...မင်းရဲ့ကျင့်ကြံဆင့်အခြေခံက ဘာလဲ"

အရင်ဆုံးအသိဝင်လာသော တပည့်များသည် ထိတ်လန့်တကြားဖြစ်သွားကာ ပြူးကျယ်နေသောမျက်လုံးများဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်ကြသည်။

"စီနီယာအစ်ကိုက ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ"

တပည့်တစ်ယောက်သည် တုန်ရီနေသောအသံဖြင့်ပြောဆိုကာ မယုံကြည်နိုင်သောအကြည့်ဖြင့် ရီဖုန်းကိုကြည့်လိုက်၏။

"မင်း လိမ်တယ်....မင်း လိမ်နေတာ...မင်းက မြေကမ္ဘာအင်မော်တယ် မဟုတ်ဘူး"

သူက ထိတ်လန့်တကြားဖြင့် ဗလုံးဗထွေးရေရွတ်လိုက်သည်။

အံ့အားအသင့်ဆုံးလူကို ပြရမည်ဆိုပါက ရီဖုန်း ဖြစ်ပေမည်။

သူသည် သူ၏လက်ချောင်းများကို ပြန်ကြည့်ကာ သူရှေ့ရှိလူများကို ကြည့်လိုက်သည်။

ထို့နောက် သူ၏လက်ချောင်းကို မြှောက်လိုက်သည်နှင့် သူသည် ထိုလူများအားလုံးကို ချက်ချင်းသတ်ဖြတ်နိုင်ခဲ့လေ၏။

ကောင်းကင်အင်မော်တယ်...

ဤသည်မှာ...

ရီဖုန်းက နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများကို ကြည့်လိုက်သည်။

သူ့ထံ၌ သံသယများဖြင့် ပြည့်နှက်နေသည်။

သူ၏လက်ကိုမြှောက်လိုက်ရုံဖြင့် ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သလော....

သူ၏ကျင့်ကြံဆင့်အခြေခံသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် မဟုတ်နိုင်​ချေ။

ပြောရမည်ဆိုလျှင် သူသည် ကျင့်ကြံနိုင်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှအပြောင်းအလဲများကို သူ တကြိမ်တခါမျှ ခံစားခဲ့ရခြင်းမရှိချေ။

သို့ရာတွင် သူ၏ကျင့်ကြံဆင့်အခြေခံသည် တိုးတက်လာခြင်းမရှိပါက မည်သည်ကြောင့် သူသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သနည်း။

သူ၏ကျင့်ကြံဆင့်အခြေခံသည် မည်သည့်နယ်ပယ်၌ ရှိနေသနည်း။

ဤကိစ္စများသည် ဆက်တိုက်ဖြစ်ပွားနေခဲ့သဖြင့် သူ့ကိုယ်သူ မည်သည့်ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေသည်အား မသိရှိတော့ချေ။

စနစ်ကိုမေးမြန်းရန်မှာလည်း စနစ်သည်တစ်စုံတစ်ခုကိုမျှ နားလည်သဘောပေါက်ပုံမရပေ။

ရီဖုန်းသည် သူ၏စိတ်အတွင်းမှနေ၍ အင်မော်တယ်နယ်မြေ၏ ကျင့်ကြံဆင့်နယ်ပယ်များကို စဉ်းစားတွေးတောလိုက်၏။

အဆင့်နိမ့်ဆုံးအင်မော်တယ်မှာ လူသားအင်မော်တယ်ပင်။

ဒုတိယအနေဖြင့်....

မြေကမ္ဘာအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များသည်လည်း လူသားအင်မော်တယ်များနှင့် များစွာကွဲပြားခြားနားခြင်းမရှိဘဲ အဆင့်နိမ့်အင်မော်တယ်များဟုသာ ပြောဆိုနိုင်သည်။

ထိုထက် အဆင့်မြင့်သွားချိန်တွင် အင်မော်တယ်နယ်မြေ၏ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသော ရွှေအင်မော်တယ်အဆင့်ပင်။

ထို့နောက် ရွှမ်အင်မော်တယ်...ဤအဆင့်သို့ အရောက်၌ ကောင်းကင်ဘုံမိုကြိုးကပ်ဘေးကို ခံယူရပေမည်။တစ်စုံတစ်ယောက်သည် ရွှမ်အင်မော်တယ်နယ်ပယ်အရောက်တွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို အောင်မြင်စွာဖြတ်ကျော်ပြီးမှ အဆင့်တက်နိုင်မည်။

ရွှမ်အင်မော်တယ် နဝမအဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးချိန်တွင် ပြန်လည်ဝင်စားခြင်းအင်မော်တယ် အသေးစားအဆင့်ပင်။ဤသည်မှာ အရိုးများအားလုံးကို ခြေမွှဖျက်ဆီး၍ အသစ်တဖန်မွေးဖွားသည်နှင့် တူညီသည်။ထိုအဆင့်သို့ရောက်ရှိသွားသော ကျင့်ကြံသူများသည် အသက်တစ်ရှိုက်စွာ ကျန်ရှိသရွေ့ သူတို့၏ခန္ဓာကိုယ်များကို ပြန်လည်ရယူနိုင်စွမ်းရှိသည်။

ထိုကျင့်ကြံဆင့်နယ်ပယ်၏အထက်ကိုမူ ရီဖုန်းသည် ထပ်မံ၍စဉ်းစားတွေးတောခြင်း မပြုတော့ချေ။

သူသည် ရွှမ်အင်မော်တယ်ကျင့်ကြံဆင့်နယ်ပယ်၏ ကောင်းကင်ဘုံကပ်ဘေးအကြောင်းကို စဉ်းစားတွေးတောလိုက်သည်။သူသည် မည်သည့်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို​မျှ ကြုံတွေ့ခဲ့ရခြင်းမရှိချေ။

ရွှမ်အင်မော်တယ်နယ်ပယ်တွင် အဆင့်တစ်ဆင့်စီတိုင်း ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို တစ်ကြိမ်ခံယူရသည်။

သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို တစ်ကြိမ်တခါ​မျှ ခံယူခဲ့ရခြင်းမရှိချေ။

ထိုကြောင့် သူသည် ရွှမ်အင်မော်တယ်တစ်ယောက် မဖြစ်နိုင်​ချေ။

ရွှမ်အင်မော်တယ်၏အောက်၌ ရှိနေသည်မှာ ရွှေအင်မော်တယ်....

အင်မော်တယ်နယ်မြေ၏ မိုးကောင်းကင်ယံအတွင်း၌ ရွှေမော်တယ်တစ်ယောက်သည် ပျံသန်းနိုင်ပေ၏။

သူသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ထိုကြောင့် သူသည် ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နိုင်ချေများသော်လည်း သူ့ကိုယ်သူ ရွှေမော်တယ်တစ်ယောက် ဖြစ်နိုင်သည်ဟု အတင့်ရဲစွာ စဉ်းစားတွေးတောလိုက်မိသည်။

ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်း၏အတွေးများ လှုပ်ရှားသွားကာ သူ၏ခြေထောက်ကို အနည်းငယ်အားပြုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင်...

သူ၏ခြေထောက်နှင့်မြေကြီး လွတ်ကင်းသွားသည်။

ရီဖုန်းသည် အံ့အားသင့်တုန်လှုပ်သွားလေ၏။

သူ အမှန်တကယ်ကို ပျံသန်းနိုင်သည်။

ယခုကြည့်ရသလောက် သူသည် ရွှေအင်မော်တယ်တစ်ယောက် ဖြစ်နေပုံပင်။

ရီဖုန်းက ရယ်မောလိုက်သည်။

မမျှော်လင့်ဘဲ သူသည် ရွှေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။

သောက်ချေးပဲ...

သူ အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာစဉ်ကတည်းက တစ်ကြိမ်တခါ​မျှ ပျံသန်းခဲ့ဖူးခြင်းမရှိသဖြင့် သူ ပျံသန်းနိုင်ခြင်းမရှိဟု တွေးတောခဲ့မိသည်။

အကယ်၍ သူသည် အစောပိုင်းကသာ ပျံသန်းကြည့်ခဲ့ပါက သူ့ကိုယ်သူ အစွမ်းထက်သော ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေသည်အား ရှာဖွေတွေ့ရှိမိပေမည်။ထိုသို့ဖြစ်လာပါက သူသည် တခြားလူများကို ထိတ်လန့်ကြောက်ရွံ့နေရတော့မည် မဟုတ်ချေ။

ရီဖုန်းသည် တောအုပ်အတွင်း၌ အချိန်တခဏကြာခန့် ပျံသန်းပြီးနောက် အလွန်ပျော်ရွှင်နေခဲ့သည်။

ယခုကြည့်ကြည့်တော့မှ သူသည် ရွှေမော်တယ်တစ်ယောက် ဖြစ်နေပေ၏။

အချိန်အတော်ကြာပြီးနောက် ရီဖုန်းက ရပ်တန့်လိုက်သည်။

"ကောင်းပြီလေ...အခု ငါက နေလတောင်ထိပ်ရဲ့ မြေကမ္ဘာအင်မော်တယ်တွေကိုပဲ သတ်နိုင်တော့မှာ မဟုတ်ဘူး...ဟား ဟား ဟား...."

ရီဖုန်းက ပျော်ရွှင်စွာဖြင့် သူ၏လက်များကိုပွတ်သပ်လိုက်သည်။သူသည် ရွှေမော်တယ်တစ်ယောက်ဖြစ်နေသဖြင့် သူ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေမိသည်။

ဤကိစ္စကြောင့် သူသည် နေလတောင်ထိပ်၏ ထိပ်သီးပါရမီရှင်သုံးယောက်မှလွဲ၍ တခြားမည်သည့်တပည့်ကိုမျှ ထိတ်လန့်ကြောက်ရွံရန် လိုအပ်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူ နေလတောင်ထိပ်၏တပည့်တစ်ယောက်ကို​မျှ အလွတ်ပေးမည်မဟုတ်ချေ။

သူသည် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် သူတို့အား မည်သည့်ကြောင့် ဂရုစိုက်ရမည်နည်း...

သူ့၏နာမည် ထင်ပေါ်ကျော်ကြားလာရန် အချိန်ကျလာလေပြီ။

ဤသည်မှာ သူ၏နာမည်ဂုဏ်သတင်း မြင့်တက်လာတော့မည့်အချိန်ပင်။

Chapter 607

တစ်ချိန်တည်းမှာပင်....

နေလဂိုဏ်း၏လေ့ကျင့်ရေးကွင်းပြင်အတွင်း၌...

ဤအချိန်အခိုက်အတန့်တွင် အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်နေသည်။

အကြောင်းအရင်းမှာ အစပထမတွင် နေလတောင်ထိပ်မှ ရွှေအင်မော်တယ်ရှစ်ယောက်နှင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက် သေဆုံးသွားပြီးနောက် လူနှစ်ဆယ်ကျော်သည် ထပ်မံ၍ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်။

ထိုလူနှစ်ဆယ်ကျော်သည် ကျောက်စိမ်းပြားကို ခြေမွှဖျက်ဆီး၍ ထွက်လာနိုင်ခဲ့ခြင်းပင်မရှိချေ။

သူတို့၏ရလဒ်များသည် သိသာထင်ရှားလှ၏။

သူတို့အားလုံး စမ်းသပ်နယ်မြေအတွင်း၌ သေဆုံးသွားလေပြီ။

ဤသည်ကြောင့် လေကျင့်ရေးကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ပိုင်ကျင်း၏မျက်နှာသည် အဆုံးစွန်ဆုံးအဆင့်ထိ ပို၍သုန်မှုန်သွားသည်။

အပြင်စည်းတပည့်သစ်ယှဉ်ပြိုင်ပွဲ စတင်သည်မှာ အချိန်ကြာမြင့်ခြင်း မရှိသေးချေ။ယခင်က လူကိုးယောက်နှင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သောလူများကို ပေါင်းလိုက်ပါက နေလတောင်ထိပ်သည် လူအယောက်သုံးဆယ် ဆုံးရှုံးသွားလေပြီ။

လူအယောက်သုံးဆယ်...

အကယ်၍ ဤလူသုံးဆယ်သည် မြေကမ္ဘာအင်မော်တယ်များသာ ဖြစ်နေပါက ပြဿနာမရှိချေ။

သို့ရာတွင် ထိုလူများအကြားတွင် ကောင်းကင်အင်မော်တယ်များနှင့် ရွှေအင်မော်တယ်များလည်း ပါဝင်နေသည်။

ဤကဲ့သို့စွမ်းအားရှိသူများသည် နေလတောင်ထိပ်၏ အဓိကအမာခံကျောရိုးများပင်။

ယခင်နှစ်များအတွင်းရှိ တပည့်သစ်ယှဉ်ပြိုင်ပွဲများအတွင်းတွင် ဤကဲ့သို့ လူအမြောက်အများဆုံးရှုံးမှုမျိုး မရှိခဲ့ဖူးချေ။

"ဒါက ဘာတွေဖြစ်နေတာလဲ...အဲ့ဒီနေရာမှာ ဘာပြဿနာတွေ ရှိနေတာလဲ"

ပိုင်ကျင်းသည် ခေါင်းကိုက်ခြင်းကို ခံစားရကာ စမ်းသပ်နယ်မြေအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်အား သူ နားလည်သဘောပေါက်နိုင်ခြင်း မရှိတော့ချေ။

သူသည် အမှန်တကယ်ကို ထိုင်ကြည့်မနေနိုင်တော့ပေ။

ထို့ကြောင့် သူက စင်မြင့်၏အောက်တွင်ရှိနေသော တပည့်များကို ညွှန်ကြားလိုက်သည်။

"မင်းတို့ကောင်တွေ ဒီနေရာမှာ ဆက်ပြီးစောင့်ကြည့်ထားကြစမ်း...ငါက ဒီအခြေအနေကို တောင်ထိပ်သခင်ဆီသွားပြီး သတင်းပို့ရလိမ့်မယ်"

ထိုသို့ညွှန်ကြားပြီးနောက် သူသည် နေလတောင်ထိပ်သို့ အလျှင်အမြန်ပျံသန်းသွားတော့သည်။

နေလတောင်ထိပ်၏ လျှို့ဝှက်ခန်းပြင်ပ၌ ပိုင်ကကျင်းက ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်သည်။

"တပည့်ပိုင်ကျင်းက ဆရာသခင်ကို တွေ့ခွင့်တောင်းပါတယ်"

အခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ပိုင်ကျင်းသည် မျက်မှောင်ကြုတ်ကာ အချိန်တခဏကြာခန့် တွေဝေစဉ်းစားနေပြီးနောက် အော်ဟစ်လိုက်၏။

"တပည့်ပိုင်ကျင်းက ဆရာသခင်ကို အရိုအသေပြုပါတယ်..ငါ့မှာ အရေးကြီးတဲ့ကိစ္စတစ်ခု သတင်းပို့စရာ ရှိနေလို့ပါ"

သို့ရာတွင် သူ၏အသံ ကျရောက်သွားသောအချိန်မှာပင်....

သူ၏ရှေ့ရှိ ကျောက်တုံးတံခါး ပေါက်ကွဲသွားကာ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက သူ့အား လွှမ်းခြုံသွားသည်။

ထိုလက်ဝါးပုံရိပ်ယောင်ကြီးနှင့် အတူယှဥ်တွဲ၍ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"မင်းမေလင်ကိုမြင်လို့ အော်နေတာလား ...သောက်သုံးမကျတဲ့ကောင်...ဒီတံခါးရဲ့အပြင်မှာ မင်းကို ဘယ်သူက အော်ခိုင်းလို့လဲ"

ကောင်းရှစ်ကျီး၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ ဒေါသများပြည့်နှက်နေသော မျက်နှာအမူအယာဖြင့် ပြင်ပသို့ပြေးထွက်လာသည်။

ထိုလက်ဝါးပုံရိပ်ယောင်ကြောင့် ပိုင်ကျင်းသည် နောက်သို့ဆယ်ပေကျော်ခန့် လွင့်ထွက်သွားခဲ့သည်။ကောင်းရှစ်ကျီး၏ ဒေါသတကြီးအမူအယာကိုကြည့်ပြီးနောက် သူသည် မြေပြင်ပေါ်၌ ချက်ချင်းဒူးထောက်ကာ တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်သည်။

"ဆရာ...ဆရာ စိတ်အေးအေးထားပါအုံး...ငါ့မှာ သတင်းပို့စရာကိစ္စတစ်ခု တကယ်ရှိနေလို့ပါ"

"တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ အမှားအယွင်းတစ်ခုရှိနေတယ်"

"ယှဉ်ပြိုင်ပွဲစပြီးတော့ သိပ်မကြာသေးခင်မှာပဲ ငါတို့တောင်ထိပ်ရဲ့ရွှေမော်တယ်ရှစ်ယောက်နဲ့မြေကမ္ဘာအင်မော်တယ်တစ်ယောက် သေဆုံးသွားခဲ့တယ်...အဲ့ဒီနောက်မှာ ငါတို့တောင်ထိပ်က လူနှစ်ဆယ်ကျော် ဆုံးရှုံးသွားခဲ့တယ်...သူတို့အားလုံးက နေလတောင်ထိပ်ရဲ့အမာခံကျောရိုးတွေပဲ...ဒီကိစ္စက အရမ်းအရေးကြီးတာကြောင့် ငါက ဆရာ့ဆီကို လာပြီးသတင်းပို့တာပါ"

"ဒါက ကိစ္စကြီးတစ်ခုလား"

"ငါယိုးမသား..."

ပိုင်ကျင်းအား ဆီးကြိုနေသည်မှာ ကောင်းရှစ်ကျီး၏ ဒေါသတကြီးကန်ချက်များပင်။

သူသည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိခဲ့ရသဖြင့် ဒေါသထွက်နေခြင်းဖြစ်သည်။

အကြောင်းအရင်းမှာ အပြင်စည်းလျှို့ဝှက်နယ်မြေကြောင့် သူသည် ဂိုဏ်းချုပ်၏ရိုက်နှက်ခြင်းကိုခံခဲ့ရကာ သူ၏မရီဒါန်းများ ထိခိုက်ပျက်စီးစေခဲ့သည့်အပြင် သူ၏အသက်အန္တရာယ်ပင်ရှိနေခဲ့သည်။

အကယ်၍ သူသည် ထိုဒဏ်ရာများကို ဂရုတစိုက်ကုသခြင်းမပြုပါက သူ၏ကျင့်ကြံဆင့်နယ်ပယ် နိမ့်ပါးသွားနိုင်သည့်အပြင် သူ၏အသက်ကိုလည်း ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့် သူသည် တခြားကိစ္စများကိုဂရုမစိုက်တော့ဘဲ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူသည် လျှို့ဝှက်ခန်းအတွင်း၌ ကောင်းကင်နှင့်မြေပြင်အကြားမှ ရတနာအမြောက်အများကိုအသုံးပြုကာ သူ၏ဒဏ်ရာများကို ကုသနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေခြင်းဖြစ်ပေ၏။

သို့ရာတွင် သောက်ရေးမပါလှစွာပင် နောက်ဆုံးမိနစ်အရောက်၌...

နောက်ဆုံးမိနစ်အချိန်တွင်...

ဤအမှိုက်ကောင်ပိုင်ကျင်းသည် အခန်း၏ပြင်ပသို့ ရောက်ရှိလာကာ အော်ဟစ်နေခဲ့သည်။

ဤသည်ကြောင့် သူ ယခင်က ကြိုးစားအားထုတ်ကာ ဒဏ်ရာကုသခဲ့မှုများအားလုံးဆုံးရှုံးသွားပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူ ဆုံးရှုံးသွားခဲ့ရသော ရတနာများအကြောင်းကို ပြန်လည်တွေးတောမိချိန်တွင် သူ၏စိတ်နှလုံးသား တုန်ရီသွားသည်။

"အမှိုက်...အမှိုက်....မင်းကအမှိုက်ကောင်ပဲ...ကိစ္စကြီးတစ်ရပ်က ဘာလဲဆိုတာ ငါ မင်းကိုပြမယ်...ငါ မင်းကို ပြပေးမယ်"

သူ၏ဒေါသများအားလုံးကို ပိုင်ကျင်း၏ခန္ဓာကိုယ်ပေါ်သို့ ပုံချလိုက်ကာ ပြင်းပြင်းထန်ထန် ကန်​ကျောက်လိုက်၏။

"ငါ တံခါးပိတ်ကျင့်ကြံနေတာ မင်း မမြင်ဘူးလား...ငါ တံခါးပိတ်ကျင့်ကြံမယ်လို့ မင်းကို အရင်က ပြောခဲ့တယ်မဟုတ်လား...ဘာကိစ္စနဲ့မှ ငါ့ကိုလာမနှောက်ယှက်ဖို့ ပြောခဲ့တာတောင်...မင်းက တပည့်အယောက်သုံးဆယ် သေသွားတာအတွက် တံခါးရှေ့မှာလာပြီး အော်နေရလား"

"ဒီတောင်ထိပ်သခင်ရဲ့ဒဏ်ရာတွေက သေသွားတဲ့လူသုံးဆယ်ထက် ပိုပြီးအရေးကြီးတယ်မဟုတ်လား"

"မင်းက ဘယ်လိုသတ္တိနဲ့ ငါ့ကို လာပြီးနှောက်ယှက်ဝံ့တာလဲ"

"အား......"

"ဆရာ ငါ မှားသွားပါတယ်...ဆရာ ငါ ထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး"

ကောင်ရှစ်ကျီး၏ ဒေါသတကြီးကန်ကျောက်မှုကိုခံနေရသဖြင့် ပိုင်ကျင်း၏နှာခေါင်း အညိုအမဲစွဲနေကာ သူ၏မျက်နှာတစ်ပြင်လုံး ဖူးယောင်သွားသည်။သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ခွင့်လွှတ်ရန်အတွက် ထပ်ခါတလဲလဲ အသနားခံတောင်းပန်လိုက်၏။

အချိန်အတော်ကြာပြီးနောက် ကောင်းရှစ်ကျီးက ရပ်တန့်လိုက်သည်။

"ငါ မင်းကို နောက်ဆုံးတစ်ကြိမ် သတိပေးလိုက်မယ်"

"ငါ့ကိုထပ်ပြီး မနှောင့်ယှက်နဲ့...မင်းမှတ်ထားရမှာက ဘာကိစ္စပဲဖြစ်နေနေ တကယ်လို့ မိုးပြိုကျရင်တောင် ငါ့ကို လာမနှောက်ယှက်နဲ့...မင်း ကြားရဲ့လား"

ကောင်ရှစ်ကျီးက ကျယ်လောင်စွာအော်ဟစ်လိုက်ကာသူ၏အသံတွေချိန်းခြောက်မှုအရိပ်အယောင်များရောယှက်နေသည်

ဤသည်မှာ ပိုင်ကျင်း၏ခန္ဓာကိုယ်ကို တုန်ရီသွားစေသည်။

ဤကိစ္စမျိုး ထပ်မံ၍ဖြစ်ပွားပါက ကောင်းရှစ်ကျီးသည် သူ့အား သတ်ပစ်မည်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသဖြင့် အလျှင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့....ဒီတပည့်က နားလည်ပါပြီ ...ဘာကိစ္စပဲရှိရှိ ဆရာကို လာပြီးမနှောက်ယှက်တော့ပါဘူးလို့ ငါ ကတိပေးပါတယ်"

ပိုင်ကျင်းသည် ဦးညွှတ်အရိုအသေပြုပြီးနောက် သူ၏ဖူးယောင်နေသောမျက်နှာကို ဆုပ်ကိုင်ကာ ပြင်ပသို့ပြေးထွက်သွားတော့သည်။

Chapter 608

အပြင်စည်းတပည့်သစ်ယှဥ်ပြိုင်ပွဲ ဆက်လက်၍ကျင်းပနေသည်။

ရံဖန်ရံခါ တပည့်များသည် ယှဥ်ပြိုင်ပွဲ၌ ရှုံးနိမ့်သွားသဖြင့် ပြင်ပသို့ထွက်လာကြသည်။

နတ်ဆိုးအမြူတေများကို အမဲလိုက်ကာ တည်ငြိမ်သောနည်းလမ်းဖြင့် ဖြည်းညှင်းစွာအဆင့်မြင့်တက်လာသော တပည့်များလည်းရှိနေသည်။

တောင်တစ်လုံး၏ထိပ်၌....

လူငယ်သုံးယောက်သည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေလေ၏။

သူတို့သည် တပည့်သစ်ယှဥ်ပြိုင်ပွဲ၏အဓိကလူများဖြစ်သော ထျန်းဖူအင်ပါယာ၏ပါရမီရှင်သုံးယောက်ပင်။

"အစ်ကိုကြီး...ငါတို့သုံးယောက်က ဦးလေးငါးယောက်နဲ့ သိကျွမ်းပြီးပြီ...ဒါတောင်မှ ငါတို့က ဒီတပည့်သစ်ယှဥ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နေရတယ်"

လူငယ်သုံးယောက်အနက်မှတစ်ယောက်က လေသံပြင်းပြင်းဖြင့် ပြောဆိုသည်။

"ဒါက အမှန်ပဲ အစ်ကိုကြီး....ဒါက ငါတို့အတွက် ငါတို့ရဲ့အဆင့်ကို နှိမ့်လိုက်တာပဲ"

တခြားလူငယ်တစ်ယောက်ကလည်း အလျင်စလို ထောက်ခံပြောဆိုသည်။

"ဟူး...."

"ငါလည်း ဒီတပည့်သစ်ယှဉ်ပြိုင်ပွဲမှာ မပါချင်ဘူး...တကယ်လို့ ငါတို့အဖေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့်သာ မဟုတ်ရင် ငါက ဒီနေလဂိုဏ်းကိုဝင်ဖို့ စဥ်းတောင်စဉ်းစားမိမှာမဟုတ်ဘူး"

ခေါင်းဆောင်နေရာ၌ရှိနေသောလူငယ်က ပြောဆိုသည်။

"ဒါဆိုရင် ငါတို့ အခုဘာလုပ်ကြမလဲ...ဦးလေးငါးယောက်က သတင်းပို့ကျောက်စိမ်းပြားကနေတဆင့် ငါတို့ကို ရှာနေပြီ...ဟူး ငါတို့ ဘာပြောရမလဲ"

လူငယ်တစ်ယောက်က ပြောဆိုသည်။

"ငါတို့က တပည့်သစ်ယှဥ်ပြိုင်ပွဲမှာ ပါဝင်နေရတဲ့အတွက် သူတို့ကို အဖော်ပြုမပေးနိုင်ဘူးလို့ မင်းက ဦးလေးငါးယောက်ကို ပြောလိုက်ပါ...ငါတို့ အပြင်ကိုထွက်ပြီးတာနဲ့ သူတို့ကို အဖော်ပြုပေးနိုင်တယ်"

"မင်း မှတ်ထားရမှာက...မင်းရဲ့လေသံမှာ မင်းရဲ့စိတ်နေသဘောထားနဲ့ ရိုသေလေးစားမှုတို့ ရှိနေပြီးတော့ အပြစ်ကင်းစင်ရမယ်"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

တတိယလူငယ်သည် သတင်းပို့ကျောက်စိမ်းပြားကိုကိုင်ကာ ရိုသေလေးစားသောအသံဖြင့် အသံပေးပို့မှုတစ်ခုကို ပြုလုပ်လိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။

"ဘာကိစ္စရှိလို့လဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး တခြားလူငယ်နှစ်ယောက်က မေးမြန်းသည်။

"ဦးလေးအရိုးစု ပြောတာကတော့...သူက ငါတို့ကို လာခေါ်မယ်တဲ့"

"ဒါက...."

"အမ်....ငါတို့က တပည့်သစ်ယှဉ်ပြိုင်ပွဲရဲ့စမ်းသပ်လေဟာနယ်ထဲမှာလေ...ဦးလေးအရိုးစုက ငါတို့ကို ဘယ်လိုလုပ်ပြီး ခေါ်နိုင်မှာလဲ...ငါတို့က ဦးလေးအရိုးစုနဲ့ မိုင်ပေါင်းတစ်သိန်းရှစ်ထောင်အကွာမှာရှိနေတာ...တကယ်လို့ ဦးလေးက အရမ်းအစွမ်းထက်တယ်ဆိုရင်တောင်...."

ထိုစကားလုံးများကျရောက်လာသောအချိန်မှာပင် အဖြူရောင်လက်ဝါးတစ်ဖက်က ရုတ်တရက်မိုးကောင်းကင်ယံအတွင်းမှ ဆန့်တန်းလာသည်။

လူငယ်သုံးယောက်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဦးလေးအရိုးစု...."

"ဦးလေးအရိုးစုကို အရိုအသေပြုပါတယ်"

သူတို့သုံးယောက်သည် ရွှင်မြူးစွာဖြင့် မတ်တတ်ထရပ်ကာ ရိုသေလေးစားစွာဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့သုံးယောက်သည် ကူကယ်ရာမဲ့စွာဖြင့် တိတ်တဆိတ် အံ့အားသင့်တုန်လှုပ်သွားကြသည်။

"ကြည့်ရတာတော့ ငါတို့က ဦးလေးတွေအကြောင်းကို နည်းနည်းလေးသိထားပုံပဲ... ဦးလေးအရိုးစုက ဒီနေရာကိုလာမယ်လို့ ပြောပြီးတာနဲ့ ချက်ချင်းရောက်လာတယ်...ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ"

"ဒီလိုခွန်အားမျိုးက...ကျွတ် ကျွတ်.."

သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် အဖြူရောင်လက်ဝါးကြီးသည် သူတို့ကိုဖမ်းဆုပ်ကာ လေဟာနယ်အတွင်းသို့ ဆွဲခေါ်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင်....

ညီအစ်ကိုသုံးယောက်သည် အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်သွားသည့်အလား လေထုကို အလွန်လျှင်မြန်စွာ ဖြတ်သန်းသွားကာ လောကကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌....

သူတို့သုံးယောက်သည် တခြားမြင်ကွင်းတစ်ခုကို မြင်တွေ့မိလေ၏။

ဤနေရာသည်သည် ချင်းထျန်းပိုင်ယွိဆောင်ကြာမြိုင်ပင်။

ငြိမ်းချမ်းမှုများဖြင့် ပြည့်နှက်နေကာ....

သန့်စင်သောဝိုင်ရနံ့များက နေရာအနှံ့အပြား၌ရှိနေပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ရုံဖြင့် လူအများ၏ကျင့်ကြံဆင့်နယ်ပယ်ကို များစွာပို၍တည်ငြိမ်သွားသကဲ့သို့ ခံစားရစေသည်။

ပတ်ဝန်းကျင်တွင် ပိုးထည်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမပျိုလေးများ ရံဖန်ရံခါ လှုပ်ရှားသွားလာနေသည်။

သူမတို့သည် ဤနေရာ၏အ​စေခံများပင်။

သို့ရာတွင် အစေခံများ၏ကျင့်ကြံဆင့်နယ်ပယ်ကို သူတို့ညီအကိုသုံးယောက်သည် ထွင်းဖောက်တွေ့မြင်နိုင်ခြင်းမရှိချေ။

"ဒါက...."

"ဒါက အင်မော်တယ်နယ်မြေမှာ အခမ်းအနားဆုံးဆောင်ကြာမြိုင်ဖြစ်တဲ့ ချင်းထျန်းပိုင်ယွိဆောင်ကြာမြိုင်မဟုတ်လား"

ညီအစ်ကိုသုံးယောက်သည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်၌ အံ့အားသင့်တုန်လှုပ်သွားသည်။

ဦးလေးအရိုးစုသည် သူတို့အား တပည့်သစ်ယှဉ်ပြိုင်ပွဲ၏ စမ်းသပ်လေဟာနယ်အတွင်းမှနေ၍ ဒဏ္ဍာရီလာအခမ်းအနားဆုံး နံပါတ်တစ်ဆောင်ကြာမြိုင်သို့ ခေါ်ဆောင်ခဲ့လေ၏။

ညီအစ်ကိုသုံးယောက်သည် တောသားလူနုံများအလား စူးစမ်းသည့်အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

အင်မော်တယ်လောကအတွင်း၌ နံပါတ်တစ်ဆောင်ကြာမြိုင်ဟူသော နာမည်ဂုဏ်သတင်းသည် မှားယွင်းသောကောလဟာလတစ်ခုမဟုတ်ချေ။

ဤနေရာသို့ လာရောက်နိုင်သူများအားလုံးသည် ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ ဖြစ်ပေ၏။

အကြောင်းအရင်းမှာ ဤနေရာရှိအစေခံများပင်လျှင် အနိမ့်ဆုံးအနေဖြင့် ရွှမ်အင်မော်တယ်နယ်ပယ်၌ ရှိနေသောကြောင့်ပင်။သူတို့ညီအစ်ကိုသုံးယောက်ထံတွင် ကောင်းမွန်သော နောက်ခံအင်အားရှိသော်လည်း ဤသည်မှာ သူတို့ ဤနေရာသို့ လာရောက်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူတို့သုံးယောက်သည် သူတို့၏နံဘေးတွင်ရှိနေသော ဦးလေးငါးယောက်ကို သတိပြုမိသွားသည်။

"လီထျန်း...လီသီ...လီယန်...ကျွန်တော်တို့က ဦးလေးအရိုးစု ဦးလေးခွေး ဦးလေးကင်းခြေမျှား ဦးလေးဝက်ဝံနဲ့ ဦးလေးစိတ်ဝိညာဥ်ဘုရင်တို့ကို အရိုအသေပြုပါတယ်"

သူတို့သုံးယောက်သည် အလျင်စလိုဒူးထောက်ကာ အထက်တွင်ထိုင်နေသော အရိုးစုတစ်ကောင် ခွေးတစ်ကောင် ကင်းခြေများတစ်ကောင် ဝက်ဝံတစ်ကောင်နှင့် စိတ်ဝိညာဥ်တစ်ကောင်တို့ကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အိုး ကောင်ပေါက်လေးတွေ...ကြိုဆိုပါတယ်...မင်းတို့တစ်ယောက်ချင်းစီအတွက် မိန်းမလှလေးနှစ်ယောက် ခေါ်ထားတယ်...ငါတို့တွေ အရင်တစ်ကြိမ်တုန်းကလိုပဲ အတူတူတီးမှုတ်ကခုန်ကြရအောင်"

လုပမ်ဝေက သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ ပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဦးလေးအရိုးစု"

သူတို့သုံးယောက်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် စိတ်တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။

ချင်းထျန်းပိုင်ယွိ...

ဤသည်မှာ ချင်းထျန်းပိုင်ယွိပင်။

ဤနေရာရှိ သာမာန်ကာလျှံကာ မိန်းကလေးငယ်တစ်ယောက်ပင်လျှင် ရွှမ်အင်မော်တယ်နယ်ပယ်၌ရှိနေသည်။အကယ်၍ သူတို့သည် ဦးလေးအရိုးစုတို့နောက်သို့ လိုက်ခဲ့ခြင်းမရှိပါက ဤကဲ့သို့အခွင့်အရေးမျိုးကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။

သီးသန့်ခန်းအတွင်း၌ တေးဂီတသံများ ပျံ့လွင့်နေသည်။

အထူးသဖြင့် အရိုးစုပင်။

သူသည် အခန်းအတွင်း၌ စည်းချက်ညီညီ ကခုန်နိုင်ဆုံးပင်။

တစ်ညကြာပြီးနောက်....

ထျန်းဖူအင်ပါယာမှ လူငယ်သုံးယောက် ပြိုလဲလုဆဲဆဲဖြစ်နေချိန်တွင် လုပမ်ဝေသည် အော်ဟစ်ကာ ဆက်လက်၍ကခုန်နေဆဲပင်။

လုပမ်ဝေနှင့်အတူ ကခုန်နေသော မိန်းကလေးများသည် ပို၍ပင်ပင်ပန်းနွမ်းနယ်နေပြီး သူမတို့၏ပါးစပ်များမှ အမြှုပ်များထွက်လုမတတ် ဖြစ်နေလေပြီ။

သူမတို့၏မှော်စွမ်းအားများသည် ထပ်မံ၍တောင့်မခံနိုင်တော့သဖြင့် သူမတို့၏ခါးများကို လိမ်တွန့်၍ နံဘေးတစ်ဘက်သို့ လျှောက်လှမ်းကာ ပြောဆိုလိုက်သည်။

"ဧည့်သည်တော်တို့...ကျွန်မတို့ညီအစ်မတွေ အရမ်းပင်ပန်းနေပြီ...ခဏလောက်နားကြရအောင်...တကယ်တော့ ဧည့်သည်တော်တို့ကို တောင်းပန်တဲ့အနေနဲ့ ကျွန်မက ကုန်ကျငွေတွေအတွက် လျှော့စျေးပေးပါ့မယ်...ဆယ်ရာခိုင်နှုန်းလျှော့စျေး ပေးထားတာကြောင့် အင်မော််တယ်ကျောက်တုံး သန်းတစ်ရာပေးရမယ့်နေရာမှာ ဧည့်သည်တော်တို့က အင်မော်ဒယ်ကျောက်တုံးသန်းကိုးဆယ်ပဲ ပေးချေရမယ်"

"ဆယ်ရာခိုင်နှုန်း လျှော့စျေး....ဆယ်ရာခိုင်နှုန်းလျှော့စျေး...ဒီဆန်ကုန်မြေလေးက ခဏနေကျရင် မင်းတို့ကို ပေးမယ်...အခု အရင်ဆုံး မင်းတို့အပြင်ကို ထွက်သွားကြတော့"

လုပမ်ဝေက သူ၏လက်ကိုဝှေ့ယမ်းကာ တည်ငြိမ်စွာပြောဆိုသည်။

"ဟုတ်ကဲ့"

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် မိန်းကလေးများသည် စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းရှိုက်ကာ အခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

တခြားတစ်ဖက်တွင် ထျန်းဖူအင်ပါယာမှ ပါရမီရှင်သုံးယောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။

အင်မော်တယ်ကျောက်တုံး သန်းကိုးဆယ်....

အင်မော်တယ်ကျောက်တုံး သန်းကိုးဆယ်ဟု ဆိုလိုက်သလော....

ဦးလေးအရိုးစုကဲ့သို့ လူမျိုးကသာ ဤနေရာ၌ သုံးဖြုန်းနေနိုင်မည်ကို သူတို့အားလုံး စိုးရိမ်မိသည်။

သို့ရာတွင်....

သူတို့ရိုသေလေးစားနေသော လုပမ်ဝေသည် အပြုံးနှင့် သူတို့အား ကြည့်နေသည်ကို တွေ့မြင်မိသည်။

"ဦးလေးအရိုးစု...ဘာကိစ္စရှိလို့လဲ"

သူတို့သုံးယောက်သည် လုပမ်ဝေကို ကြည့်လိုက်၏။

"ဒီဆန်ကုန်မြေလေးမှာ မင်းတို့နဲ့ဆွေးနွေးစရာ ကိစ္စတစ်ခုရှိနေတယ်...ဒီနေရာရဲ့ကျသင့်ငွေကို မင်းတို့ ပေးရမယ်"

"ဒါက...."

သူတို့သုံးယောက်သည် ထိုစကားကိုကြားသည်နှင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။

သူတို့သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဤဦးလေးများသည် ကျသင့်ငွေများပေးချေရန် သူတို့ကို တောင်းဆိုလိုက်သလော....

ဤသည်မှာ အင်မော်တယ်ကျောက်တုံး သန်းကိုးဆယ်ပင်။

သူတို့သုံးယောက်၏ပိုင်ဆိုင်မှုများကို အတူတကွစုပေါင်းလိုက်လျှင်ပင် ဤမျှထိ အမြောက်အများရရှိမည်မဟုတ်ချေ။

"အော်...ငါက မင်းတို့ရဲ့ကောင်းကျိုးအတွက်ကြည့်ပြီး ပြောတာပါ"

"မင်းတို့ဦးလေးခွေးရဲ့အစာတွေကို မင်းတို့ ဂရုမစိုက်တော့ဘူးလား"

"ဒီဆန်ကုန်မြေလေးက မင်းတို့ကို ကတိပေးတယ်...မင်းတို့ ဒီကျသင့်ငွေကို ပေးချေပြီးတာနဲ့ ဦးလေးခွေးဆီကနေ ခွေးစာဆယ်ခုကို မင်းတို့အတွက် ငါ တောင်းပေးမယ်"

"ဒါ့ပြင် မင်းတို့က ဒီအမှိုက်ပုံထဲကနေ မင်းတို့ကြိုက်တာကို ရွေးယူလို့ရတယ်"

ထိုစကားကိုပြောဆိုရင်း လုပမ်ဝေက သိုလှောင်လက်စွပ်တစ်ကွင်းကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။

ထိုသိုလှောင်လက်စွပ်ကို ဖွင့်လိုက်ချိန်တွင်....

ရုတ်ချည်းဆိုသလိုပင် သူတို့သုံးယောက်၏မျက်လုံးများ တောက်ပသွားသည်။

ထိုအရာများအားလုံးသည် ချွင်းချက်ကမရှိ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာများ ဖြစ်နေသည်။

သူတို့သုံးယောက်သည် အသက်ရှုကြပ်သွားကာ သူတို့၏ရင်ဘတ်များကို တစ်စုံတစ်ခုနှင့်ထိုးနှက်ခံရသည့်အလား ခံစားမိလေ၏။

ဤကဲ့သို့ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာများကို သူတို့၏ဘဝတလျှောက်လုံး၌ တစ်ကြိမ်တစ်ခါ​မျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

အခွင့်အရေး...

ဤသည်မှာ ကြီးမားသောအခွင့်အရေးပင်....

ဤသည်မှာ ဦးလေးအရိုးစုမှ သူတို့အား ပေးအပ်သည့် ဘဝတစ်သက်တွင်တစ်ကြိမ်သာရရှိနိုင်သော အခွင့်အရေးပင်....

ထိပ်တန်းအဆင့်အင်မော်တယ်ရတနာနှင့် နှိုင်းယှဉ်ပါက အင်မော်တယ်ကျောက်တုံးသန်းကိုးဆယ်သည် အသေးအမွှားသာဖြစ်ပေ၏။ အကယ်၍ သူတို့မိသားစု၏ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချရလျှင်ပင် အင်မော်တယ်ကျောက်သုံးသန်းကိုးဆယ်ပြည့်အောင် စုဆောင်းရပေမည်။

ဦးလေးခွေးထံမှနေ၍ ခွေးစာဆယ်ခု ရရှိမည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

"ဦးလေးတို့က ဒီနေရာမှာ ဆက်ပြီးစောင့်နေကြပါအုံး...ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချပေးတာနဲ့ ကျသင့်ငွေကို ချက်ချင်းလာပြီးပေးချေပါ့မယ်"

သူတို့သုံးယောက်သည် မြေပြင်ပေါ်၌ဒူးထောက်ကာ ရိုသေလေးစားစွာပြောဆိုလိုက်သည်။

ထိုနောက် လုပမ်ဝေ၏ညွှန်ကြားချက်အရ သူတို့သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုကို ကောက်ယူကာ ပြင်ပသို့အလျှင်အမြန် ပြေးထွက်ခဲ့တော့သည်။

သူတို့သည် ထိုအင်မော်တယ်ရတနာများကို ပို၍ရယူနိုင်ရပေမည်။

Chapter 609

သူတို့သုံးယောက်သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို သိုလှောင်လက်စွပ်အတွင်းသို့ထည့်ကာ ငွေကြေးများကိုရှာဖွေရန်အတွက် အလျင်စလိုထွက်လာခဲ့တော့သည်။

ချင်းထျန်းပိုင်ယွိဆောင်ကြာမြိုင်၏ တံခါးဝ၌...

အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ရှိနေကာ သူတို့ကို စူးစိုက်၍ကြည့်နေသည်။

"သခင်လေး...ဘာပြဿနာရှိလို့လဲ"

သူ၏နောက်တွင်ရှိနေသော လူအိုကြီးတစ်ယောက်က ရှေ့သို့တိုးလာကာ မေးမြန်းသည်။

"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့"

ထိုလူငယ်သည် သူ၏အင်္ကျီလက်ကြားမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူကာ လူအိုကြီးထံသို့ လက်ကမ်းပေးလိုက်၏။

"ဒါက ရတနာတွေကို အမဲလိုက်နိုင်တဲ့ ထျန်ရှန်းယုပဲ...သခင်ကြီးက ဒါကို သခင်လေးဆီပေးလိုက်တာကြောင့် အနားမှာရှိတဲ့ ရတနာတွေကို အလိုအလျောက် အာရုံခံနိုင်လိမ့်မယ်"

လူအိုကြီးက ပြောဆိုသည်။

"အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေလို့လား"

"မင်း အဲ့ဒါကို အနီးကပ်ကြည့်လိုက်အုံး"

လူငယ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင် လူအိုကြီးသည် ကျောက်စိမ်းဆွဲသီးကို အာရုံစူးစိုက်၍ကြည့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ထျန်ရှင်းယု၏ ထောင့်တစ်နေရာအတွင်း၌ ရှိနေသောစွမ်းအားများ မတည်ငြိမ်သည်ကို သူ မြင်တွေ့လိုက်ရသည်။

"ဒါက...."

လူအိုကြီးသည် ကြက်သေသေသွားပြီးနောက် ထိတ်လန့်တကြား ပြောဆိုသည်။

"ဒီလိုပြင်းထန်တဲ့စွမ်းအားမျိုး....ဒါက ထိပ်တန်းအဆင့်အင်မော်တယ်ရတနာ မဟုတ်လား"

"အမှန်ပဲ"

"ခုဏက ပြေးထွက်သွားတဲ့ ကောင်လေးသုံးယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အနည်းဆုံး ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခု ရှိနေနိုင်တယ်"

အဖြူရောင်ဝတ်စုံဝတ်လူငယ်၏မျက်လုံးများ တောက်ပနေကာ သူက တည်ကြည်လေးနက်စွာပြောဆိုသည်။

"သူတို့သုံးယောက်လုံးက ရွှမ်အင်မော်တယ်နယ်ပယ် ပထမအဆင့်တွေပဲ"

လူအိုကြီး၏မျက်လုံးများသည် အဝေးတွင်ရှိနေသော ညီအစ်ကိုသုံးယောက်ထံသို့ အခိုင်အမာကျရောက်သွားကာ သူက ပြောဆိုလိုက်သည်။

"ဘယ်လိုလုပ်ပြီးတော့ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုက ရွှမ်အင်မော်တယ် ပထမအဆင့်ကျင့်ကြံသူလေးတွေဆီမှာ ရှိနေတာလဲ"

"အမှန်ပဲ...ငါလည်း အံ့အားသင့်သွားခဲ့တယ်...ငါ့ဆီမှာတောင် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုမှ မရှိဘူး"

အဖြူရောင်ဝတ်စုံဝတ်လူငယ်က အဓိပ္ပာယ်အပြည့်ပါသောစကားကို ပြောဆိုသည်။

"သခင်လေးက ဘာလုပ်ဖို့ ကြံရွယ်ထားတာလဲ"

လူအိုကြီးက မေးမြန်းသည်။

"အလျင်လိုစရာ မလိုဘူး"

လူငယ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အရင်ဆုံး ငါတို့က သူတို့နောက်ကို တစ်ချက်လိုက်ကြည့်ရမယ်....ငါတို့ မဆင်မခြင် လုပ်လို့မရဘူး...ဘယ်လိုပဲဖြစ်ဖြစ် ချင်းထျန်းပိုင်ယွိမှာ နေနိုင်တဲ့လူတွေက အရမ်းချမ်းသာကြွယ်ဝတဲ့လူတွေ ဒါမှမဟုတ် နောက်ခံအင်အားကောင်းတဲ့လူတွေပဲ"

လူအိုကြီးက ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် သူတို့နှစ်ယောက်သည် ညီအစ်ကိုသုံးယောက်၏နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့တော့သည်။

ထျန်းဖူအင်ပါယာမှ ညီအစ်ကိုသုံးယောက်သည် ရတနာခန်းမသို့ ရောက်ရှိသွားခဲ့လေ၏။

ရတနာခန်းမသည် အင်မော်တယ်နယ်မြေအတွင်း၌ အကြီးမားဆုံးကုန်သည်အဖွဲ့အစည်းပင်။အင်မော်တယ်နယ်မြေအတွင်းရှိ မည်သည့်မြို့ကြီးတစ်မြို့တွင်မဆို ထိုအဖွဲ့အစည်း၏ လက်ခွဲများရှိသည်။

"ငါတို့ ဘာလုပ်ကြတာလဲ... အင်မော်တယ်ကျောက်တုံးသန်းကိုးဆယ်...ဒါကို ငါတို့ညီအစ်ကိုတွေ အတူကြိုးစားပြီး စုဆောင်းလိုက်မယ်ဆိုရင် မလုံလောက်နိုင်ဘူးလား"

လီယန်က ပြောဆိုသည်။

"ငါတို့ စုဆောင်းလို့ရနိုင်တယ်...ဒါပေမဲ့ ငါတို့က အင်မော်တယ်ကျောက်တုံး သန်းကိုးဆယ်ကို အမြန်ဆုံးစုဆောင်းနိုင်ဖို့ လိုအပ်တယ်...ဦးလေးအရိုးစုက ငါတို့ပြန်လာပြီး ကျသင့်ငွေပေးချေဖို့ကို စောင့်နေတယ်"

လီသီက တုံ့ပြန်သည်။

"ငါတို့ ဘာလုပ်ကြမလဲ...အင်း...မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချကြမလား"

"ငါတို့က ထျန်းဖူအင်ပါယာရဲ့လီမိသားစုကပဲ...ငါတို့မိသားစုရဲ့နောက်ခံအင်အားနဲ့ အင်မော်တယ်ကျောက်တုံးသန်းကိုးဆယ်ကို စုဆောင်းနိုင်မှာပါ"

လီထျန်းက ပြောဆိုသည်။

သူသည် ထိုစကားကိုပြောဆိုရင်း သတင်းပို့ကျောက်စိမ်းပြားကိုထုတ်ယူကာ အိမ်တွင်ရှိနေသော လူအိုကြီးထံသို့ ဆက်သွယ်လိုက်သည်။

"ငွေကြေးတွေကို စုဆောင်းပြီးတော့ ကျသင့်ငွေကိုပေးချေမှာလား"

သူတို့နှင့် မလှမ်းမကမ်းအကွာတွင်ရှိနေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"ထျန်းဖူအင်ပါယာမှာ လီမိသားစုက ဘယ်လိုအဆင့်အတန်းမျိုးရှိနေလဲဆိုတာ သွားပြီးစုံစမ်းခဲ့စမ်း"

"ထပ်ပြီးတော့ စုံစမ်းရမှာက ကောင်းကင်ဘုံအင်မော်တယ်ခန်းမမှာ အရိုးစုလို့နာမည်ရတဲ့ ထိပ်သီးတည်ရှိမှုကြီးတယောက် ရှိမရှိကိုပဲ"

ထိုအသံကျရောက်သွားသည်နှင့်....

သူ၏နောက်ရှိ လူအိုကြီး ပျောက်ကွယ်သွားတော့သည်။

"အဖေ...ကျွန်တော်တို့က အဖေကို လိမ်ပါ့မလား"

"အဖေရဲ့သားသုံးယောက်က အရမ်းဥာဏ်ကောင်းတယ်..ဘယ်လိုလုပ်ပြီး တခြားသူရဲ့လှည့်စားတာကို ခံရမှာလဲ"

"ဘယ်လိုပဲဖြစ်ဖြစ်...အဖေ....ကျွန်တော်တို့က အဖေကို သတိပေးလိုက်မယ်...တကယ်လို့ အဖေမှာ ဘာငွေ​မှမရှိဘူးဆိုရင် လီမိသားစုကိုရောင်းလိုက်...အဖေက ကျွန်တော်တို့ကို ငွေမပေးဘူးဆိုရင်...ဒီနေ့ကစပြီး ကျွန်တော်တို့က အဖေနဲ့ အဆက်အသွယ်ဖြတ်ပစ်မယ်"

ရတနာခန်းမ၏အဝင်ဝ၌ ဆူညံသံများအဆက်မပြတ် ထွက်ပေါ်နေသည်။

ဤနေရာနှင့် မလှမ်းမကမ်းတွင်ရှိနေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ထိုစကားများကိုပို၍နားထောင်မိလေလေ သူ၏နှုတ်ခမ်းထောင့် ပို၍မြင့်တက်သွားလေလေပင်။

သူသည် ဟန်ရေးပြလိုသူများကို တွေ့မြင်ခဲ့ရလေပြီ။

ဆောင်ကြာမြိုင်၌ တစ်ညတာအချိန်ကုန်ဆုံးရန်အတွက် ငွေကြေးရရှိရန် သူတို့၏မိသားစုကိုရောင်းချသည့် လူများအား သူ တကြိမ်တခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

"ဘယ်လိုလဲ...သတင်းတစ်ခုခု ရခဲ့လား"

ထိုလူငယ်သည် သူ၏ခေါင်းကို နံဘေးသို့တိမ်းစောင်းကာ သူ၏နောက်သို့ ပြန်လည်ရောက်ရှိနေသည့် လူအိုကြီးကိုမေးမြန်းလိုက်၏။

"သခင်လေးကို သတင်းပို့ပါတယ်...ထျန်းဖူအင်ပါယာက အင်မော်တယ်နယ်မြေရဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီးတော့...ဒီမိသားစုထဲမှာ အစွမ်းထက်ဆုံးလူက ရွှမ်အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်ပဲရှိတယ်"

"အရိုးစုလို့ နာမည်ရတဲ့လူကိုတော့ ကောင်းကင်ဘုံအင်မော်တယ်ခန်းမတစ်ခုလုံးမှာ ရှာခဲ့တာတောင်....အဲ့ဒီလိုနာမည်ရှိတဲ့ ထိပ်သီးတည်ရှိမှုမျိုး အင်မော်တယ်နယ်မြေထဲမှာ တစ်ယောက်မှမရှိဘူး"

လူအိုကြီးက စကားတစ်လုံးခြင်းပြောဆိုသည်။

"အရမ်းကောင်းတယ်"

အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ သူ၏မျက်လုံးအတွင်း၌ စိတ်ကျေနပ်သွားသောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

"ကောင်းပြီ...ကောင်းပြီလေ...ငွေမြန်မြန်ပို့လိုက်တော့"

"အမ်...နေလတောင်ထိပ်မှာ ဆက်နေပြီးတော့ လီမိသားစုရဲ့အမွေအနှစ်ကို ရှာရအုံးမှာလား"

အချိန်အတော်ကြာခန့် အငြင်းပွားပြီးနောက် ညီအစ်ကိုသုံးယောက်သည် သူတို့သုံးယောက်၏ပိုင်ဆိုင်မှုများနှင့် လီမိသားစုမှပေးသော အင်မော်တယ်ကျောက်တုံးတချို့ကိုပေါင်းကာ နောက်ဆုံး၌ ကျောက်တုံးသန်းကိုးဆယ်ပြည့်အောင် စုဆောင်းနိုင်ခဲ့သည်။

ရတနာခန်းမသို့ဝင်ရောက်ကာ အင်မော်တယ်ကျောက်သုံးသန်းကိုးဆယ်ကို ငွေလက်မှတ်များနှင့် လဲလှယ်ပြီးနောက် သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ချင်ထျန်းပိုင်ယွိထံဦးတည်၍ အပြေးပြန်ခဲ့ကြတော့သည်။

ထိုအချိန်မှာပင် လီထျန်းက ပြောဆိုလိုက်သည်။

"ဒုတိယညီလေးနဲ့ တတိယညီလေး...အင်း...ငါတို့ စောင့်ကြည့်ခံနေရတယ်"

လီထျန်းသည် သတိကြီးသူတစ်ယောက်ပင်။

ထိုစကားကိုကြားချိန်၌ လီသီနှင့်လီယန်တို့သည်လည်း သတိပြုမိသွားလေ၏။

ဤအချိန်အခိုက်အတန့်တွင် သူတို့သုံးယောက်သည် ကြီးမားသောလှောင်အိမ်ကြီးတစ်လုံးအတွင်းသို့ ရောက်ရှိနေသည့်အလားပင်။

သူတို့၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ပိတ်ဆို့ဟန့်တားခံထားရပုံပင်။

ဤခံစားချက်ကြောင့် သူတို့သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"မင်းတို့အမှိုက်ကောင်သုံးကောင်က အရမ်းသတိကြီးမယ်လို့ ငါ တကယ်ကို မျှော်လင့်မထားမိဘူး"

သူတို့သုံးယောက် ထိတ်လန့်တကြားဖြစ်နေစဉ်မှာပင် လူအိုကြီးတယောက်နှင့်လူငယ်တစ်ယောက်က ရုတ်တရက် သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။

"မင်းတို့က ဘယ်သူတွေလဲ"

သူတို့သုံးယောက်က သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး... အရေးကြီးတဲ့ကိစ္စက မင်းတို့ရဲ့သိုလှောင်လက်စွပ်ထဲမှာရှိတဲ့ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို ငါ့ဆီ လက်လွှဲပေးဖို့ပဲ"

ထိုလူငယ်က သူ၏လက်ကိုဆန့်တန်းကာ မောက်မာထောင်လွှားသောလေသံဖြင့် ပြောဆိုသည်။

သူတို့သုံးယောက်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။

"အမ်...ငါတို့က ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုကို ဘယ်နေရာကနေ ရနိုင်မှာလဲ...မင်း မှားနေပြီထင်တယ်"

လီထျန်းက ပြောဆိုသည်။

အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ မျက်လုံးများ အေးစက်တင်းမာသွားသည်။

"ကြည့်ရတာတော့ မင်းတို့က သောက်စားပျော်ပါးဖို့ကိုပဲ သိတဲ့ကောင်တွေ ဖြစ်နေတဲ့ပုံပဲ"

"မင်းတို့အမှိုက်ကောင်သုံးကောင်မှာ ဘယ်လိုဖြစ်ပြီးတော့ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခု ရှိနေတာလဲ"

"ငါ မင်းတို့ကို နောက်ဆုံးစကားတစ်ခွန်း ပြောလိုက်မယ်...မင်းတို့ရဲ့သိုလှောင်လက်စွပ်ထဲက ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို ထုတ်ပေးစမ်း"

ထိုစကားလုံးများ ကျရောက်လာသည်နှင့်အတူ အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ အရှိန်အဝါ ထွက်ပေါ်လာသဖြင့် လီထျန်းတို့သုံးယောက်သည် အသက်ပင်မရှူနိုင်တော့ချေ။

ဤခံစားချက်...

ဤသည်မှာ လူအများအား မကျော်လွှားနိုင်ဟု ခံစားရစေသော ကြီးမားသည့်တောင်ကြီးတစ်လုံး သူတို့၏ရှေ့၌ ရှိနေသည့်အလားပင်။

"အား...အား...ငါ့မှာ မရှိဘူး...."

လီထျန်းက သူ၏သိုလှောင်လက်စွပ်ကို ဆုပ်ကိုင်ကာ အံ့တင်းတင်းကြိတ်၍ပြောဆိုသည်။

"မရှိဘူးလား"

လူငယ်၏မျက်နှာအမူအယာ အေးစက်တင်းမာသွားကာ နောက်ထပ်အချိန်အခိုက်အတန့်၌ လီယန်၏ရှေ့သို့ ရောက်ရှိသွားသည်။

လက်သီးတချက်သည် ရုတ်တရက် လီယန်၏ဝမ်းဗိုက်အောက်ပိုင်းသို့ ကျရောက်သွားပေ၏။

"အား....."

လီယန်သည် ပြင်းထန်သောနာကျင်မှုကြောင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူသည် သူ၏ဗိုက်ကိုဆုပ်ကိုင်ကာ မြေပြင်ပေါ်၌ ပြင်ပြင်းထန်ထန် လူးလိမ့်နေသည်။

သူ၏ရွှမ်အင်မော်တယ်နယ်ပယ် အရှိန်အဝါသည် ဤအချိန်အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏ဒန်တျန် ပျက်စီးသွားခဲ့သည်။

"တတိယညီလေး..."

"တတိယညီလေးရဲ့ဒန်တျန် ပျက်စီးသွားပြီ"

လီထျန်းနှင့်လီသီတို့၏မျက်နှာများ သိသိသာသာပျက်ယွင်းသွားကာ သူတို့၏နဖူးများမှ ဇောချွေးများ ယိုစီးကျလာသည်။သူတို့သည် မုန်းတီးစွာဖြင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကိုကြည့်ကာ အော်ဟစ်လိုက်၏။

"မင်းက ဘာလို့ ငါတို့တတိယညီလေးရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်တာလဲ"

"ငါ ဖျက်ဆီးပစ်လိုက်တယ်ဆိုရင်လည်း ဘာဖြစ်လဲ....ခုဏက ငါ့ကိုလိမ်ဖို့ မင်းတို့ကို ဘယ်သူက ပြောခဲ့လဲ"

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူ၏လက်သီးကို လေဖြင့်မှုတ်လိုက်သည်။ ဤသည်မှာ သူသည် ခွေးသေတစ်ကောင်ကို ထိုးနှက်ခဲ့သည့်အလားပင်။

"ဒါက ငါ့ကိုလိမ်တဲ့အတွက် အဆုံးသတ်ပဲ"

“မင်း....မင်းက အရမ်းရက်စက်တယ်"

လီထျန်းက အံ့တင်းတင်းကြိတ်ကာ အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို စူးစိုက်ကြည့်ပြီး စကားတစ်လုံးချင်း ပြောဆိုသည်။

"ငါ ပြောမယ်...ငါတို့မှာ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာ မရှိဘူး...ဘာလို့ မင်းက ငါတို့ကို ဖိအားပေးနေတာလဲ"

"မင်းမှာ မရှိဘူးလား"

အဖြူရောင်ဝတ်စုံဝတ်လူငယ်က ပြုံးလိုက်ကာ သူ၏လက်ဝါးကို ဆန့်တန်းလိုက်ခြင်းနှင့်အတူ သွေးနီရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ဘန်းခနဲမြည်သံတစ်သံနှင့်အတူ လီထျန်း၏နောက်တွင်ရှိနေသော လီသီပေါ်သို့ ထိုလက်ဝါးရိုက်ချက် ကျရောက်သွားသည်။

"အား...."

လီသီသည် နာကျင်မှုကြောင့် သည်းခြေပြတ်လုမတတ်အော်ဟစ်ကာ သူ၏ပခုံးပေါ်တွင် အလွန်ကြီးမားသော ဒဏ်ရာကြီးတစ်ခုရရှိသွားသည်။

သို့ရာတွင် သူ ထိတ်လန့်နေစဥ်မှာပင် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏တိုက်ခိုက်မှုက သူ့ထံသို့ ထပ်မံ၍ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏လက်သီးချက်သည် လီသီ၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"အစ်ကိုကြီး...အား...အား...ဒါက အရမ်းနာတယ်...ငါ သေရတော့မှာလား"

လီသီသည် အော်ဟစ်ငိုကြွေးနေလေ၏။

သူ၏ရင်ဘတ်မှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဒဏ်ရာကြီးကိုကြည့်ပြီး မတ်တတ်ရပ်နေသော သူ၏ခန္ဓာကိုယ် ဒယိမ်းဒယိုင်ဖြစ်လာသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...

သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

Chapter 610

"ဒုတိယညီလေး..."

"ဒါက...."

"အား အား အား..."

လီသီသည် မြေပြင်ပေါ်၌လဲကျကာ ငြိမ်သက်သွားသည်ကိုကြည့်ပြီး လီထျန်းသည် စူးရှကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။

သူ၏မျက်လုံးတစ်စုံသည် သွေးနီရောင်သန်းနေကာ နာကြည်းမုန်းတီးသောအကြည့်ဖြင့် သူ့ရှေ့ရှိလူငယ်ကို စူးစိုက်ကြည့်ပြီး အရူးတစ်ယောက်အလား ပြေးဝင်သွားခဲ့သည်။

"ခွေးမသား..."

"ခွေးမသား...ငါ မင်းနဲ့ တိုက်ခိုက်မယ်"

"ဘုန်း..."

လီထျန်း၏လက်သီးချက်ကို အဖြူရောင်ဝတ်စုံဝတ်လူငယ်က သာမာန်ကာလျှံကာ ဟန့်တားလိုက်သည်။

"အမှိုက်ကောင်...မင်းက ငါနဲ့တိုက်ခိုက်ဖို့အတွက် တန်လို့လား"

အဖြူရောင်ဝတ်စုံဝတ်လူငယ်က အေးစက်စက်လေသံဖြင့်ပြောဆိုကာ ပြင်းထန်သောခြေကန်ချက်တစ်ချက်က လီထျန်း၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

ဘုန်း....

လီထျန်းသည် နောက်သို့လွင့်ထွက်သွားလေ၏။

သူသည် မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိကာ သူ၏ရင်ဘတ်မှ အရိုးအမြောက်အများ ကျိုးပဲ့သွားသည်။သူသည် မတ်တတ်ထရပ်နိုင်ရန် ကြိုးစားလိုက်သော်လည်း သူ မတ်တတ်ရပ်နိုင်ခြင်းမရှိချေ။

သူ့ထံမှနေ၍ ပြင်းထန်သောချောင်းဆိုးသံများထွက်ပေါ်လာကာ ကြေမွှပျက်စီးသွားသော သူ၏ခန္ဓာကိုယ်တွင်း အင်္ဂါအစအနများပင် အန်ထွက်လာသည်။

"ဟား ဟား ဟား...."

လီထျန်းသည် သူ့အား နာကျည်းမုန်းတီးစွာ စူးစိုက်ကြည့်နေရုံမှအပ မြေပြင်ပေါ်၌ ခွေးသေတစ်ကောင်အလားတွားသွားကာ မတ်တတ်ရပ်နိုင်ခြင်း မရှိသည်ကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်လူငယ်က သရောတော်တော်ရယ်မောလိုက်သည်။

သူ၏နောက်ရှိ လူအိုကြီးသည် တိတ်ဆိတ်ငြိမ်သက်နေကာ ထိုမြင်ကွင်းကို အေးစက်တင်းမာစွာ စောင့်ကြည့်နေလေ၏။

"ဘယ်လိုလဲ...ငါ့ကိုလှည့်စားရင် ဘယ်လိုဖြစ်လာလဲ ဆိုတာကို မင်း သိပြီမဟုတ်လား"

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ရှေ့သို့လျှောက်လှမ်းလာကာ ကျင့်ကြံဆင့်ဖျက်ဆီးခံထားရသော လီယန်ထံသို့ ရောက်ရှိလာသည်။

ထို့နောက် သူ့၏ဖိနပ်သည် လီယန်၏လက်ပေါ်သို့ ကျရောက်သွားလေ၏။

ထို့နောက် သူက ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်သည်။

"အား..."

မြေပြင်ပေါ်၌လဲကျနေသော လီယန်ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။ထိုဆောင့်နင်းခံရမှုကြောင့် သူ၏လက်ဝါးသည် မြေကြီးအတွင်းသို့ နစ်ဝင်သွားကာ အသွေးအသားများအဖြစ် ညက်ညက်ကြေသွားတော့သည်။

"မင်း...မင်း...မင်း..."

လီထျန်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်အလား အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို စူးစိုက်၍ကြည့်ကာ အသက်ပြင်းစွာရှူရှိုက်ပြီး ပြောဆိုလိုက်၏။

"မင်းက ငါတို့ညီအစ်ကိုတွေကို ဒီလိုမျိုးလုပ်ဝံ့တယ်...ဦးလေးအရိုးစုတို့က မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"

"ဦးလေးအရိုးစု...."

"ဟား...ဟား...ဟား..."

"အဲ့ဒီအမှိုက်က ဘယ်နေရာကနေ ရောက်လာတာလဲဆိုတာ ငါ မသိဘူး...ငါ အရင်က သူ့ကို တစ်ခါမှ မကြားခဲ့ဖူးဘူး...သူ့ကို ဆရာကြီးလို့ခေါ်ဖို့ ထိုက်တန်လို့လား"

"သူ ဒီနေရာမှာ မရှိနေတာကို ထည့်မပြောနဲ့... တကယ်လို့ သူ ဒီနေရာမှာရှိနေရင်တောင် သူက ငါ့ကို ထိပ်တန်းအဆင့်အင်မော်တယ်ရတနာ မပေးဘူးဆိုရင်...မင်းတို့ ဦးလေးအရိုးစုလို့ခေါ်နေတဲ့လူရဲ့ကံကြမ္မာကလည်း မင်းတို့အမှိုက်ကောင်တွေနဲ့ ဘာမှကွဲပြားခြားနားမှာမဟုတ်ဘူး"

"ဟား ဟား ဟား ဟား...."

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သရော်တော်တော်ရယ်မောကာ မြေပြင်ပေါ်၌လဲကျနေသော လီထျန်းကို စူးစိုက်၍ကြည့်လိုက်သည်။

"အစကတော့...တကယ်လို့ မင်းက လိမ်လိမ်မာမာနဲ့ အင်မော်တယ်အဆင့်ရတနာ ငါ့ကိုလက်ဆောင်ပေးမယ်ဆိုရင်...ငါက မင်းကို အလွတ်ပေးမလို့ပဲ"

"ဒါပေမဲ့ မင်းက ငါ့ကို လှည့်စားခဲ့တယ်"

"ငါက ငါ့ကို တခြားသူတွေ လှည့်စားဖို့ကြိုးစားတာကို အမုန်းဆုံးပဲ...ငါ့ရဲ့အမိန့်ကို မနာခံတဲ့ ဘယ်သူကိုမဆို ငါ အလွတ်မပေးဘူး"

"ဒါကြောင့် မင်းတို့က ဒီလိုအဆုံးသတ်နဲ့ကြုံရဖို့ ထိုက်တန်တယ်"

"ဒါပေမဲ့ ငါက မင်းတို့အားလုံးကို မသတ်ချင်ဘူး...ဒါကြောင့် ငါ မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်...ထိပ်တန်းအဆင့် အင်မော်တယ်ရတနာကို မင်းတို့ရဲ့အသိစိတ်နဲ့ ငါ့ကိုထုတ်ပေးစမ်း"

ထိုသို့ပြောဆိုပြီးနောက် အဖြူရောင်ဝတ်စုံဝတ်လူငယ်က သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"တကယ်လို့ ငါ့ကိုမပေးဘူးဆိုရင်...မင်းတို့အားလုံး သေရမယ်"

လီထျန်း၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ တည်ကြည်လေးနက်စွာပြောဆိုသည်။

"မင်း ငါ့ကို သတ်လို့ရတယ်"

"အော်...."

"မင်းက လျှာစောင်းထက်နိုင်အုံးမယ်လို့ ငါ မထင်ခဲ့ဘူး"

"ဒါဆိုရင် ငါ မင်းကို မသတ်ဘူး"

"ဒါပေမဲ့ ငါ သူ့ကိုသတ်မယ်"

ထိုသို့ပြောဆိုပြီးနောက် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏အကြည့်သည် သေလုမျောပါးဖြစ်နေသော လီယန်ထံသို့ ကျရောက်သွားသည်။ထို့နောက် သူ့၏ခြေထောက်ကို အနည်းငယ်လှုပ်ရှားကာ လီယန်၏ခေါင်းကိုနင်းရန် ဟန်ပြင်လိုက်၏။

"ရပ်လိုက်စမ်း..."

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် လီယန်သည် ထိတ်လန့်တုန်လှုပ်သွားကာ အော်ဟစ်လိုက်သည်။

"ငါ မင်းကို ပေးမယ်...သူ့ကို မသတ်နဲ့"

"အော်...မင်း စိတ်ပြောင်းသွားပြီလား"

အဖြူရောင်ဝတ်စုံဝတ်လူငယ်က လှောင်ပြောင်သရော်လိုက်သည်။

"ငါ မင်းကို အဲ့ဒီရတနာပေးမယ်...ငါ မင်းကို ပေးမယ်...ကျေးဇူးပြုပြီးတော့ သူ့ကို လွှတ်ပေးပါ"

လီထျန်းသည် သွေးများနှင့်မျက်ရည်များအကြားမှနေ၍ တုန်ရီနေသောလက်များဖြင့် သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။ထို့နောက် သူသည် သိုလှောင်လက်စွပ်အတွင်းရှိ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို ထုတ်ယူလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီးနောက်...

အဖြူရောင်ဝတ်စုံဝတ်လူငယ်၏မျက်လုံးများ တောက်ပသွားသည်။

ဤသည်မှာ ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်ဖြစ်သည့်အား သူ သိရှိနေသည့်တိုင် ထိုအရာကို မြင်တွေ့လိုက်သောအချိန်အခိုက်အတန့်တွင် သူသည် စိတ်မလှုပ်ရှားဘဲမနေနိုင်​ချေ။

ထို့ကြောင့် သူက ထိုပစ္စည်းကို အလျှင်အမြန် ယူဆောင်လိုက်၏။

"အရမ်းကောင်းတယ်..."

"ဒီကိစ္စကို ကြည့်ပြီးတော့...."

"ငါက မင်းကို အသက်ချမ်းသာပေးလိုက်မယ်"

အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ နှုတ်ခမ်း​ထောင့်မြင့်တက်သွားကာ သူ၏လက်အတွင်းရှိ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို စူးစမ်းလေ့လာရင်း အေးအေးလူလူလေသံဖြင့်ပြောဆိုလိုက်သည်။

"ဒါပေမဲ့:အပြစ်ပေးမယ့်ကိစ္စကတော့ ရှိနေတုန်းပဲ...ဒါကြောင့် သူ သေရမယ်"

ထိုသို့ပြောဆိုပြီးနောက် သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်၏။

လီယန်၏ခေါင်းသည် ဘန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသွားတော့သည်။

"အား...မင်း....ခွေးမသား...မင်း လိမ်တယ်...ငါ မင်းနဲ့တိုက်ခိုက်မယ်"

"အား...အား...အား...."

လီထျန်း၏အော်ဟစ်ကြုံးဝါးလိုက်သော အသံကြီးသည် မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပျံ့နှံ့သွားသည်။သူ၏နီမြန်းနေသော မျက်လုံးတစ်စုံအတွင်း၌ သူ့ရှေ့တွင်ရှိနေသောလူကို တစစီဆုတ်ဖြဲလိုသော အာသီသများရှိနေသည်။သူ့ထံတွင် မည်သည့်နေရာမှ စွမ်းအားများပွင့်အံ့ထွက်လာသည်ကို သူ မသိရှိချေ။သူသည် မြေပြင်ပေါ်မှ မတ်တတ်ထရပ်ကာ အဖြူရောင်ဝတ်စုံဝတ်လူငယ်ထံသို့ ဦးတည်၍အပြေးသွားလိုက်၏။

"ဟမ့်...အမှိုက်ကောင်.."

လီထျန်း၏တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အထင်အမြင်သေးစွာအော်ဟစ်ပြီး သူ့အားကန်ထုတ်လိုက်သည်။

တချိန်တည်းမှာပင် သူ့၏ကန်ချက်သည် လီထျန်း၏ဒန်တျန်ကို တိုက်ရိုက်ပျက်စီးသွားစေခဲ့သည်။

"ဟား ဟား ဟား..."

"လူအိုကြီးလောင် သွားကြစို့...ငါက ဒီထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို အခုချက်ချင်း သန့်စင်ချင်တယ်...သူက ငါ့ကို သခင်လို့အသိအမှတ်ပြုလာအောင် လုပ်ရမယ်"

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အော်ဟစ်ရယ်မောပြီးနောက် လူအိုကြီးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

"အား...."

အသက်ရှင်ရက်ကျန်နေသော လီထျန်းသည် အသက်ရှူရှိုက်ခြင်းမရှိတော့သော သူ၏ဒုတိယညီလေးနှင့်တတိယညီလေးကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

သူ ထိုလူငယ်ကို အလွန်အမင်း နာကြည်းမုန်းတီးသည်။

သူသည် သွေးများစိုရွှဲနေသောလက်များဖြင့် မြေပြင်ကိုကုတ်ခြစ်ကာ သူ၏အပြင်းအထန်ဒဏ်ရာရရှိထားသောခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး လီသီထံသို့ဦးတည်၍ တွားသွားလိုက်သည်။

သူသည် ခက်ခက်ခဲခဲကြိုးစား၍ လီသီ၏ခန္ဓာကိုယ်မှ အသံပေးပို့ခြင်းကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

"ဆရာကြီးအရိုးစု...ဦးလေးအရိုးစု...."

သူ၏နှုတ်ခမ်းများ တုန်ရီနေကာ...

သူသည် အဆက်မပြတ်ပြောဆိုပြီး လုပမ်ဝေကို ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်၏။

"အိုး မိန်းကလေးတွေမရှိတော့တာက ​အရမ်းပျင်းဖို့ကောင်းတာပဲ"

"ချင် လာခဲ့အုံး....ငါတို့ ဆက်ပြီးတော့ အ​ပျော်ရှာကြရအောင်"

"စိတ်ဝိညာဥ်လေး...အခန်းထဲမှာ နည်းနည်းလေမြူးကြွလာအောင် လုပ်ပါအုံး"

"ဝက်ဝံလေး...မင်းရဲ့လုံးဝန်းတဲ့ခန္ဓာကိုယ်ကြီးကို အသုံးပြုပြီးတော့ တွန့်လိမ်ကစမ်း"

ချင်းထျန်းပိုင်ယွိဆောင်ကြာမြိုင်၏ သီးသန့်ခန်းအတွင်းတွင် ညီအကိုတစ်စု ဆက်လက်၍သီဆိုကခုန်နေကြသည်။

ရုတ်တရက်....

သတင်းပို့ကျောက်စိမ်းပြား တောက်ပသွားသဖြင့်....

လုပမ်ဝေက ထိုအရာကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။

"ဦးလေးအရိုးစု....ဦးလေး...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ကယ်ပါ...ကျွန်တော်တို့အတွက် လက်စားချေပေးပါ"

အားနည်းသောအသံတစ်သံက ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။

ဤသည်မှာ လီထျန်းပင်။

သူ၏အသံသည် လုပမ်ဝေ၏နားအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ဆူညံပွက်လောရိုက်နေသော သီးသန့်ခန်းအတွင်း၌ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

မူလက ပျော်ရွှင်စွာကခုန်နေသော လုပမ်ဝေ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

လောကကြီးအတွင်း၌ ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်း သူ၏စိတ်အတွင်း၌ အလျှင်အမြန်ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

အလွန်အမင်းကြီးမားသော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ...

ဘန်း...ဘန်း...ဘန်း...ဘန်း....

ဤအချိန်အခိုက်အတန့်တွင် သီးသန့်ခန်းအတွင်းရှိ အရာရာတိုင်းအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေအတွင်း၌ လျှပ်စီးမိုးကြိုးများ ကျဆင်းလာခြင်းနှင့်အတူ မြေပြင်တပြင်လုံး တဝုန်းဝုန်းတုန်ခါနေသည်။

အင်မော်တယ်နယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများသည် မမြင်နိုင်သောစွမ်းအားလှိုင်းကြောင့် သူတို့၏စိတ်နှလုံးသားများ တုန်ရီလာသည်ကို ခံစားမိသည်။

ဤခံစားချက်သည်....

မိုးကောင်းကင်ယံကြီး ပြိုကျတော့မည်အလားပင်....

လုပမ်ဝေ ဒေါသထွက်နေလေပြီ။

"ဒီဆန်ကုန်မြေလေးရဲ့ညီငယ်လေးတွေကို ဘယ်သူက တိုက်ခိုက်ဝံ့တာလဲ"

All Chapters