အခန်း (၆၁၁-၆၁၅)
Vol. 41 Ch. 611-615
Chapter 611
ခမ်းနားထည်ဝါသော တည်းခိုဆောင်တစ်ခု၏အခန်းအတွင်း၌...
အဖြူရောင်ဝတ်စုံဝတ်လူငယ်က စိတ်အားထက်သန်စွာဖြင့် လမ်းလျှောက်နေသည်။
"လူအိုကြီးလောင်...ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပြီး ကာကွယ်ပေးထားပါအုံး...ငါက အရင်ဆုံး ဒီထိပ်တန်းအဆင့် အင်မော်တယ်ရတနာရဲ့ အသိအမှတ်ပြုတာကို ရအောင်လုပ်ရမယ်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် တည်ကြည်လေးနက်စွာ ပြောဆိုပြီးနောက် စိတ်အားထက်သန်စွာဖြင့် အခန်းအတွင်း၌ထိုင်လိုက်၏။
ထို့နောက် သူသည် မစောင့်ဆိုင်းနိုင်တော့ဘဲ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို ထုတ်ယူလို၏။
ထိုအရာကို သူ၏လက်ဖြင့် ဆုပ်ကိုင်ကြည့်ပြီးနောက်...
ဤသည်မှာ ထိပ်တန်းအဆင့်အင်မော်တယ်ဓားတလက်ပင်။
ဤဓား၏ပုံပန်းသွင်ပြင်သည် ထူးခြားခြင်းမရှိသော်လည်း သူ၏လက်အတွင်း၌ ချိန်ဆကြည့်ရုံဖြင့် အတွင်းတွင်ပါဝင်သော တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများကို သူ၏စိတ်အတွင်းမှ ရှင်းရှင်းလင်းလင်းခံစားမိသည်။
"စတင်စမ်း...."
အင်မော်တယ်စွမ်းအားများသည် အင်မော်တယ်ဓားရှည်ကို လွှမ်းခြုံကာ သူ့ရှေ့ရှိလေထုအတွင်း၌ မျောလွင့်သွားစေသည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်ဝတ်စုံလူငယ်၏ ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအားများ စတင်၍လှုပ်ခတ်လာသည်။
သူသည် အင်မော်တယ်ဓားကိုသန့်စင်၍ သူ့အတွက် အသုံးပြုလိုသည်မှာ သိသာထင်ရှားလှ၏
တံခါး၏ပြင်ပတွင် လူအိုကြီးလောင်သည် ဓမ္မအစောင့်အရှောက်အဖြစ် ကာကွယ်ပေးထားသဖြင့် သူသည် ပြဿနာတစ်ခုခုရှိလာမည်ကို စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။
သူ၏လက်ချောင်းထိပ်မှနေ၍ တောက်ပသောအနီရောင်သွေးစက်တစ်စက် ထွက်ပေါ်လာကာ မျောလွင့်နေသော အင်မော်တယ်ဓားပေါ်သို့ ကျရောက်သွားသည်။
သွေး၏ကောင်းချီးပေးမှုရှိပါက သန့်စင်ခြင်းတွင် ပို၍အကျိုးသက်ရောက်မှု ရှိလာပေမည်။
သို့ရာတွင်....
အင်မော်တယ်ဓားမှနေ၍ အလွန်အမင်းပြင်းထန်သော တွန်းကန်အားတစ်ရပ်ထွက်ပေါ်လာကာ ကုတင်ပေါ်၌ပလ္လင်ခွေထိုင်နေသော သူ့အား လွင့်ထွက်လုနီးပါး ဖြစ်သွားစေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်အချိန်မီထိန်းသိမ်းနိုင်ခဲ့သော်လည်း အလွန်အမင်း သက်တောင့်သက်သာမဖြစ်သကဲ့သို့ ခံစားရသည်။
သူ၏ပါးစပ်ထောင့်မှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။
"ငါ့ရဲ့သွေးနဲ့ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေကို အသုံးပြုပြီးတာတောင်...ဒီဓားကို မသန့်စင်နိုင်ဘဲနေမယ်လို့ ငါ ထင်မထားမိဘူး"
"တကယ့်ကိုပဲ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာလို့ခေါ်ဖို့ ထိုက်တန်တယ်...ဒဏ္ဍာရီတွေအရဆိုရင် ဒီအဆင့်အင်မော်တယ်လက်နက်တွေအားလုံးမှာ စိတ်ဝိညာဥ်တွေရှိတယ်...အခုကြည့်ရတာ ဒီလိုကိစ္စမျိုး ဖြစ်သွားတဲ့ပုံပဲ"
သူသည် ထိတ်လန့်သွားရမည့်အစား အလွန်ပျော်ရွှင်သွားသည်။ထို့ပြင် သူ၏မျက်လုံးအတွင်းမှတောက်ပမှုများ ပို၍ပီပြင်ထင်ရှားလာပေ၏။
ဤအင်မော်တယ်ဓား ပို၍အားကောင်းလေလေ ထိုအရာကို သူသန့်စင်ပြီးနောက် ပို၍အစွမ်းထက်လေလေဖြစ်ပေမည်။
"ငါက ဒီထိပ်တန်းအဆင့်အင်မော်တယ်ဓားကို လျှော့တွက်ခဲ့မိတယ်"
"ကြည့်ရတာတော့ ငါ့ရဲ့သွေးအနှစ်သာရကို စတေးဖို့ လိုအပ်တဲ့ပုံပဲ"
"ငါရဲ့သွေးအနှစ်သာရက အရမ်းအဖိုးတန်ရှားပါးပေမယ့်....ဒီထိပ်တန်းအဆင့်အင်မော်တယ်ဓားအတွက်...တကယ်လို့ ငါက သွေးအနှစ်သာရတစ်စက်ကို အသုံးပြုရမယ်ဆိုရင်တောင် ထိုက်တန်တယ်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အခန်းအတွင်း၌ တီးတိုးရေရွတ်ရင်း သူ၏လျှာကိုကိုက်လိုက်၏။
သူ၏ပါးစပ်မှ သွေးတစ်စက်ထွေးထုတ်လိုက်ပြီးနောက် ထိုအရာသည် ရွှေရောင်တောက်ပနေသည်။
ထို့နောက် ထိုသွေးစက်သည် သူ၏လျှာဖျားထိပ်မှနေ၍ အင်မော်တယ်ဓားပေါ်သို့ ကျရောက်သွားတော့သည်။
"ဖွဲ့စည်းစမ်း"
သွေးအနှစ်သာရကျရောက်သွားသော အချိန်အခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် လက်စည်းသင်္ကေတများကို အလျှင်အမြန်ဖွဲ့စည်းလိုက်၏။ထို့နောက် သူ၏ခန္ဓာကိုယ်မှစွမ်းအားများသည် မည်သည့်ထိန်းချုပ်ကန့်သတ်ထားခြင်းမျှမရှိဘဲ အင်မော်တယ်ဓားကို လွှမ်းခြုံသွားသည်။
ဘုန်း...
အင်မော်တယ်ဓားသည် ထပ်မံ၍တန်ပြန်တိုက်ခိုက်လေ၏။
ထိုဓားမှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ရုတ်တရက်ပွင့်အံ့ထွက်လာကာ အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်သွားသဖြင့် သူအား ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေသည်။
"သောက်ချေးပဲ..."
"ဒီဓားစုတ်က ဘာတွေဖြစ်နေတာလဲ"
သူက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် မကျေမချမ်း အော်ဟစ်လိုက်သည်။
"ငါ့ရဲ့သွေးအနှစ်သာရကို အသုံးပြုပြီးတာတောင်...ငါ ဘာလို့ ဒီဓားကို မသန့်စင်နိုင်တာလဲ"
သူ၏မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေကာ သူ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိသေးသောအချိန်မှာပင် အခန်းအတွင်း၌ ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်။
"ဟမ့်...."
"ဒီဓားက ငါ့သခင်ရဲ့အမှိုက်ပုံထဲက ကြုံရာကျပန်းကောက်ထုတ်ထားတဲ့ အရာတစ်ခုဆိုပေမယ့်...သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ မင်းလိုအမှိုက်ကောင်တစ်ကောင်က ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ"
ထိုအသံကျရောက်လာချိန်တွင်...
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏ဆံပင်များ ထောင်မတ်သွားပြီး သူ၏နောက်ကျောပြင် ချမ်းစိမ့်စပြုလာသည်။
အကြောင်းအရင်းမှာ သူ၏ခွန်အားဖြင့် ဤလူ့ မည်သည့်အချိန်က ရောက်ရှိနေသည်ကို သူ အာရုံမခံမိသောကြောင့်ပင်။
သူ့အား ပို၍ထိတ်လန့်တုန်လှုပ်စေသောအချက်မှာ တံခါး၏ပြင်ပ၌ စောင့်ကြပ်နေသော လူအိုကြီးလောင်သည် ဤအချိန်အခိုက်အတန့်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိခြင်းပင်။လူအိုကြီးလောင်သည် ဤလူ၏လှုပ်ရှားမှုကို အနည်းငယ်မျှသတိမပြုမိသည်မှာ သိသာထင်ရှားလှ၏။
"မင်းက ဘယ်သူလဲ"
"မင်း ဒီနေရာကို ရောက်နေမှတော့...ဘာလို့ မင်းရဲ့ခေါင်းကိုဖွက်ပြီး အမြှီးကိုပဲပြထားတာလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သတ္တိမွေး၍ အခန်းကိုဝေ့ဝိုက်ကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
သူ၏အသံ ကျရောက်သွားချိန်တွင်...
ပါးလွှာသောလေထုအတွင်းမှနေ၍ အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထိုလူသည် လူပုလေးတစ်ယောက်ဖြစ်ကာ သူ၏ခန္ဓာကိုယ်ကို ကြီးမားသောအနက်ရောင်ဝတ်ရုံဖြင့် ရစ်ပတ်ထားသည်။
ထိုကဲ့သို့ ပုံပန်းသွင်ပြင်ရှိနေသည့်အပြင် သူ့အားထူထပ်သိပ်သည်းသော မြူခိုးတစ်လွှာက လွှမ်းခြုံထားသဖြင့် သူ့၏အစစ်အမှန်မျက်နှာကို မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။
"မင်းက ဘယ်သူလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ တစ်ချိန်တည်းမှာပင် ယခုထိတိုင် သူ မသန့်စင်ရသေးသော အင်မော်တယ်ဓားကို ဆုပ်ကိုင်လိုက်သည်။
"ထာဝရကပ်ဘေး နတ်ဘုရား..."
"လုပမ်ဝေ..."
အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
မြူခိုးများအကြားမှနေ၍ မျက်လုံးတစ်စုံသည် သူ့အား စူးစိုက်ကြည့်နေပုံရသောကြောင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ထိတ်လန့်တုန်လှုပ်သွားကာ မသိစိတ်မှနေ၍ နောက်သို့ဆုတ်လိုက်မိသည်။
သို့ရာတွင် သူသည် အနက်ရောင်ဝတ်စုံဝတ်လူ၏စကားများကို ကြားချိန်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ပျောက်ကွယ်သွားပြီး သူ၏ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။
"လုပမ်ဝေ...တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင်...မင်းက အမှိုက်ကောင်သုံးကောင်ပြောခဲ့တဲ့ ဦးလေးအရိုးစုပဲဖြစ်မယ်...ဟုတ်တယ်မလား...ဒါက ဘယ်လိုဟာသမျိုးလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် လုံးလုံးလျားလျား စိတ်သက်သာရာရသွားကာ အနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းက လူအိုကြီးလောင်နဲ့ငါ့ရဲ့အာရုံခံမှုအောက်ကနေ ဘယ်လိုလွတ်ထွက်ပြီး ရောက်လာတယ်ဆိုတာ ငါ မသိပေမယ့်...ငါက မင်းအကြောင်းကို မစုံစမ်းထားဘူးလို့ မင်း ထင်နေတာလား"
"မင်းက အင်မော်တယ်နန်းတော်ရဲ့လူ မဟုတ်တဲ့အပြင် အဆင့်မြင့်အင်မော်တယ်တွေထဲက ကြီးမားတဲ့စွမ်းအားရှိတဲ့လူမျိုးလည်း မဟုတ်ဘူး...မင်းက ဘာကောင်မှ မဟုတ်ဘူး"
"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ"
အနက်ရောင်ဝတ်ရုံအောက်မှနေ၍ ထူးဆန်းသောအသံတသံ ထွက်ပေါ်လာသည်။
"ဒါကြောင့် ငါက မင်းကို အလေးအနက်မထားခဲ့ဘူး"
"မင်းက ဒီအင်မော်တယ်ဓားကြောင့် ငါ့ဆီရောက်လာတာပဲဖြစ်မယ်...ဟုတ်တယ်မလား.."
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သူက အေးအေးလူလူပြောဆိုသည်။
"ဒီဓားက ငါ့ရဲ့လက်ထဲကို ရောက်နေပြီ...ဒါကို မပြန်ယူနိုင်တဲ့အရည်အချင်းမျိုး မင်းမှာ ရှိလို့လား"
"အရမ်းကောင်းတယ်"
အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ ရိုးရှင်းသောစကားတစ်ခွန်းသာ ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုစကားတစ်ခွန်း ကျရောက်လာချိန်တွင်....
အခန်းအတွင်းရှိ မြေဆွဲအားသည် ရုတ်တရက် အဆပေါင်းတစ်သောင်းကျော် မြင့်တက်သွားသည်။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် အစောပိုင်းက ပြုံးရွှင်နေခဲ့သော အဖြူရောင်ဝတ်စုံဝတ်လူငယ်၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။ဤကဲ့သို့ပြင်းထန်သော မြေဆွဲအားအောက်တွင် သူ၏ခြေထောက်များသည် တောင့်မခံနိုင်တော့သဖြင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
"အား...အား...အား...."
လူငယ်သည် သူ၏ခြေထောက်များ ဆုံးရှုံးလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းဖြင့် မြေပြင်ပေါ်သို့ ကျသွားသည်။
သူ့ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
မသန်မစွမ်းဖြစ်သွားသောခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်၌လဲကျနေကာ သူသည် အနည်းငယ်မျှ လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူ့ပေါ်သို့ တောင်ကြီးတစ်သောင်းကျော် ဖိစီးနေသည့်အလားပင်။
ထို့နောက် လူငယ်သည် အနက်ရောင်ဝတ်ရုံဝတ်လူ၏လက်ချောင်းများ ထပ်မံ၍လှုပ်ခတ်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထို့နောက် အင်မော်တယ်ဓားကိုဆုပ်ကိုင်ထားသော သူ၏လက်သည် ပါးလွှာသောလေထုအတွင်း၌ ပေါက်ကွဲသွားကာ သွေးမိုးများဖြာကျလာတော့သည်။
"အား...."
ထိုလူငယ်၏ပါးစပ်မှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထပ်မံ၍ထွက်ပေါ်လာကာ နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်မှနေ၍ ဇောချွေးများ ယိုစီးကျလာသည်။
အစောပိုင်းက ထွက်ပေါ်လာသောစွမ်းအားကို...
သူ မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။
"မင်းက ဘယ်သူလဲ"
မြေပြင်ပေါ်၌ လဲကျနေသောလူငယ်သည် သူ၏ခေါင်းကိုမော့ကာ မုန်းတီးမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ပြောဆိုသည်။
အနက်ရောင်ဝတ်စုံဝတ်လူသည် တုံ့ပြန်စကားပြောဆိုခြင်းမရှိချေ။
ထိုနောက် သူသည် လူငယ်ကို အထင်အမြင်သေးစွာငုံကြည့်လိုက်၏။
ဤတိတ်ဆိတ်သောအပြုအမူသည် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"သခင်လေး...အခန်းထဲမှာ လှုပ်ရှားသံတွေကြားနေရတယ်...မင်း အဆင်ပြေရဲ့လား"
ထိုအချိန်မှာပင် လူအိုကြီးလောင်၏မေးမြန်းလိုက်သောအသံက အခန်း၏ပြင်ပမှ ထွက်ပေါ်လာသည်။
ထိုအသံကိုကြားချိန်တွင် လူငယ်သည် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိသည့်အလား သူ၏မျက်လုံးများ တောက်ပသွားသည်။
"လူအိုကြီးလောင်...ငါ့ကိုကယ်ပါအုံး"
သူသည် အကောင်းဆုံးကြိုးစား၍ အကျယ်လောင်ဆုံးဖြစ်အောင် အော်ဟစ်လိုက်သည်။
ထိုအသံကြားကျသွားသည်နှင့် သူ၏နောက်ရှိအခန်းတံခါး ရုတ်တရက်ပွင့်ထွက်သွားသည်။
ထိုနောက် လူအိုကြီးလောင်သည် အခန်းအတွင်းသို့ ဝင်လာပေ၏။
အခန်းအတွင်းသို့ သူ ဝင်ရောက်လာချိန်၌ လူငယ်၏ခြေထောက်များနှင့်လက်တစ်ဖက် ကြေမွှပျက်စီးသွားကာ ရှိခိုးကောင်တစ်ကောင်အလား မြေပြင်ပေါ်၌လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။လူအိုကြီးလောင်၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။
"သခင်လေး....ဘာတွေ ဖြစ်နေတာလဲ"
"သူ...ဒါက သူ့ရဲ့လက်ချက်ပဲ...သူ့ကို မြန်မြန်သတ်လိုက်စမ်း...ငါ သူ့ကို ငရဲဆီပို့ချင်တယ်"
သူ့ရှေ့သို့ လူအိုကြီးလောင် ရောက်လာသည်ကိုကြည့်ပြီး လူငယ်သည် သူ၏ကြွင်းကျန်သောလက်တစ်ဖက်ဖြင့် အနက်ရောင်ဝတ်စုံဝတ်လူကိုညွှန်ပြကာ ဆောက်တည်ရာမရသောအသံဖြင့် ပြောဆိုသည်။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ သခင်လေးကိုထိခိုက်ဒဏ်ရာရအောင် လုပ်ဝံ့တာလဲ..ငါ မင်းကို သတ်မယ်"
လူအိုကြီးလောင်၏လက်အတွင်း၌ ဓားတစ်လက် ချက်ချင်းထွက်ပေါ်လာသည်။
ထိုဓားထွက်ပေါ်လာသည်နှင့်အတူ ပြင်းထန်သောဓားစိတ်ဆန္ဒတစ်ရပ်က အခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားလေ၏။
သူ၏လက်အတွင်းရှိဓားသည် အလယ်အလတ်အဆင့် အင်မော်တယ်မှော်လက်နက်တစ်ခုပင်။
ဤသည်မှာ အနည်းငယ်မျှအထိန်းအကွပ်မရှိသော ပြင်းထန်သည့်တိုက်ခိုက်မှုဖြစ်သည်မှာ သိသာထင်ရှားသည်။
သူ့ရှေ့ရှိ အနက်ရောင်ဝတ်ရုံဝတ်လူသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်ဖြစ်သော သူ၏သခင်လေးကို သူ့နှာခေါင်းအောက်တွင် ဤကဲ့သို့အခြေအနေမျိုးသို့ ရောက်ရှိသွားစေသဖြင့် ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက် ဖြစ်ပေမည်။
Chapter 612
သို့ရာတွင်...
ဤအစွမ်းထက်သောဓားချီဖြင့် ရင်ဆိုင်ရချိန်တွင် အနက်ရောင်ဝတ်ရုံဝတ်လူသည် လှည့်ကြည့်ခြင်းပင်မပြုဘဲ သူ၏လက်ယာဘက်လက်ကိုသာ မြှောက်လိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
အနက်ရောင်ဝတ်ရုံအကြားမှနေ၍ အဖြူရောင်အရိုးလက်ညှိုးတစ်ချောင်း ထွက်ပေါ်လာကာ ညင်သာစွာလှုပ်ခတ်လိုက်ခြင်းနှင့်အတူ...
"ဒေါင်...."
ထိုအဖြူရောင်အရိုးလက်ညှိုးသည် ဓားရှည်၏ကိုယ်ထည်ပေါ်သို့ ကျရောက်သွားပြီးနောက် လူအိုကြီးလောင်၏လက်အတွင်းရှိ ဓားရှည်မှနေ၍ ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ဓားရှည်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားလေ၏။
သို့ရာတွင် ဤမျှနှင့် အဆုံးသတ်သွားခြင်းမရှိဘဲ ဓားရှည်ကြေမွှပျက်စီးပြီးနောက် အရိုးလက်ညှိုး၏စွမ်းအားသည် ပျက်ပြယ်သွားခြင်းမရှိချေ။ထိုအစား လူအိုကြီးလောင်၏လက်သို့ ပျံ့နှံသွားကာ သူ၏လက်ဝါးတစ်ခုလုံးကို ပေါက်ကွဲသွားစေသည်။
"ဒါက...."
မြင်ကွင်းကြောင့် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့၏စိတ်နှလုံးသား အောက်ခြေမှနေ၍ ပြင်းထန်သော ထိတ်လန့်ကြောက်ရွံခြင်းများ မြင့်တက်လာသည်။
လူအိုကြီးလောင်၏ ပြန်လည်ဝင်စားခြင်းအင်မော်တယ်ခွန်အားနှင့် အလယ်အလတ်ဆင့်အင်မော်တယ်မှော်လက်နက်၏စွမ်းအားတို့ ပေါင်းစပ်ထားသည့်တိုင် လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေဖျက်သွားနိုင်ခဲ့သလော....
ထို့ပြင် အလယ်အလတ်အဆင့် အင်မော်တယ်ဓားပင်လျှင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခဲ့သလော...
ဤှစွမ်းအားကြောင့် သူတို့နှစ်ယောက်လုံး သိသာထင်ရှားစွာ ထိတ်လန့်တုန်လှုပ်သွားသည်။
"သခင်လေး...သွားကြစို့..."
လူအိုကြီးလောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
သူသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို သိရှိထားသဖြင့် အင်မော်တယ်လက်နက်ပေါက်ကွဲခြင်းကြောင့် ဒဏ်ရာရရှိသွားသော သူ၏ခန္ဓာကိုယ်ကို ဂရုမစိုက်နိုင်တော့ချေ။
လူအိုကြီးလောင်သည် လူငယ်ကိုသိုင်းဖက်ပြီးနောက် သူ့၏တစ်ဖက်တည်းကျန်သောလက်ဖြင့် သူ့၏အသက်ကယ်ရတနာကို ဆွဲထုတ်လိုက်သည်။
ဤသည်မှာ ရွှေရောင်ဘီးတစ်ဘီးဖြစ်ပြီး ရွှေရောင်အလင်းတန်းတစ်တန်း ဖျတ်ခနဲတောက်ပသွားခြင်းနှင့်အတူ...
သူတို့နှစ်ယောက်သည် နေရာမှ ပျောက်ကွယ်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်သည် ရွှေရောင်ဘီး၏ကူးပြောင်းပေးမှုကြောင့် အလွန်လျှင်မြန်သောအရှိန်ဖြင့် လေဟာနယ်ကိုဖြတ်သန်းသွားသည်။
လမ်းတစ်ဝက်၌...
"သခင်လေး...ငါတို့ ဘာလုပ်ကြမလဲ...ဒီနေရာက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်နဲ့ အရမ်းဝေးနေတယ်...ငါတို့ ချက်ချင်းပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါတို့ တခြားနေရာကို ကူးပြောင်းသွားမယ်ဆိုရင်...အနက်ရောင်ဝတ်ရုံဝတ်လူရဲ့စွမ်းအားနဲ့ အချိန်သိပ်ကြာခင်မှာပဲ ငါတို့ကို ဖမ်းမိသွားမှာသေချာတယ်"
လူအိုကြီးလောင်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
သူ၏မျက်လုံးအတွင်း၌ နက်ရှိုင်းသော နာကျည်းမုန်းတီးမှုများ ရှိနေပေ၏။
သူသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှလူပင်။
အကယ်၍ သူ၏အဆင့်အတန်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိလျှင်ပင် ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်ဟူသော သူ၏စွမ်းအားဖြင့် အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ဒုက္ခရောက်ခဲ့ခြင်းမရှိချေ။
သူတို့သည် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ကာ ဤမျှအဆင့်ထိ လိုက်လံဖမ်းဆီးခံရသော နေ့တ စ်နေ့သို့ ရောက်ရှိလာမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
"ရတနာခန်းမကို သွားမယ်...ရတနာခန်းမရဲ့ဌာနချုပ်က ဒီနေရာနဲ့ သိပ်မဝေးဘူး...ရတနာခန်းမရဲ့နောက်မှာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကလူတွေ ရှိနေတယ်...အဲ့ဒီလူတွေက အရမ်းအစွမ်းထက်တဲ့ မြေခွေးအိုကြီးတွေပဲ"
"ဒါ့ပြင် ရတနာခန်းမထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်...ငါတို့က ရတနာခန်းမထဲကို ဝင်ပြီးတာနဲ့ တကယ်လို့ သူက ငါတို့ကို လိုက်ဖမ်းရဲမယ်ဆိုရင်တောင်...ရတနာခန်းမဌာနချုပ်မှာရှိတဲ့ မွန်းစတားအိုကြီးတွေက ငါတို့ကိုကူညီပြီး သူ့ကို ဟန့်တားပေးလိမ့်မယ်"
လူငယ်က စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုသည်။
"ရတနာခန်းမ...."
ဤစကားသည် လူအိုကြီးလောင်အား မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့သွားစေသည်။
ရတနာခန်းမ၏နောက်တွင် ရှိနေသောလူများသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ မွန်းစတားအိုကြီးများဖြစ်လေရာ မည်သူက ထိုနေရာတွင် ထင်ရာစိုင်းဝံ့မည်နည်း။
သူတို့နှစ်ယောက်သည် လေဟာနယ်လမ်းကြောင်းကိုပြောင်းလဲကာ ရတနာခန်းမ၏ဌာနချုပ်ထံသို့ ဦးတည်၍ အပြေးသွားလိုက်တော့သည်။
အခန်းအတွင်း၌....
လုပမ်ဝေသည် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကာ သူ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
သူ၏ခြေထောက်များ မြေပြင်နှင့်လွတ်ကင်းသွားကာ လေဟာနယ်အတွင်းသို့ တိုက်ရိုက်လျှောက်လှမ်းသွားခဲ့သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည်ရတနာခန်းမဌာနချုပ်ထံသို့ ရောက်ရှိသွားလေ၏။
လုပမ်ဝေသည် ရတနာခန်းမ၏ဝင်ပေါက်သို့ ရောက်ရှိချိန်တွင် ခန်းမအတွင်းသို့အပြေးဝင်သွားနေသော လူငယ်နှင့်လူအိုကြီးလောင်တို့က သူ့အား တွေ့မြင်သွားသည်။လုပမ်ဝေ အလွန်လျှင်မြန်စွာရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် သူတို့နှစ်ယောက်ထံမှနေ၍ ဇောချွေးများယိုစီးကျလာသည်။
"အဖိုးကျူး...ငါ့ကို ကယ်ပါ...ငါ့ကို ကယ်ပါအုံး"
"ငါက ဝူဖန်းရဲ့သား ဝူရှန်းပါ...ငါ့ကို ကယ်ပါအုံး...အပြင်မှာရှိနေတဲ့ အနက်ရောင်ဝတ်ရုံဝတ်လူက ငါ့ကိုသတ်ချင်နေတယ်"
ရတနာခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် လူငယ်က အလျင်စလိုအော်ဟစ်လိုက်သည်။
"ဝူဖန်းရဲ့သားလား..."
လူငယ်၏အသံ ကျရောက်သွားသောအချိန်တွင် လူအိုကြီးတစ်ယောက်က ရုတ်တရက် သူတို့နှစ်ယောက်၏ရှေ့၌ ထွက်ပေါ်လာသည်။
"အဖိုးကျူးကို အရိုအသေပြုပါတယ်"
သူတို့နှစ်ယောက်သည် ထိုလူအိုကြီးကိုမြင်တွေ့ချိန်၌ အလျှင်အမြန်အရိုအသေပြုလိုက်၏။
ဤလူအိုကြီးထွက်လာသောကြောင့် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရာသွားသည်။
အဖိုးကျူးသည် သူတို့နှစ်ယောက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"မင်းတို့က ဘယ်လိုလူမျိုးကို ရန်စစော်ကားမိလို့ ...မင်းရဲ့ပြန်လည်ဝင်စားခြင်းအင်မော်တယ်အဆင့်စွမ်းအားနဲ့တောင် မဟန့်တားနိုင်တာလဲ"
အဖိုးကျူးက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
"အဖိုးကျူး...အဲ့ဒီလူ ငါတို့ကို လိုက်ဖမ်းနေတာက ငါဆီမှာရှိတဲ့ရတနာကို သူ မြင်တွေ့သွားလို့ပဲ"
ဝူရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဖိုးကျူး...ကျေးဇူးပြုပြီးတော့ ငါ့အဖေရဲ့မျက်နှာကိုထောက်ပြီး ငါ့ရဲ့အသက်ကို ကယ်တင်ပေးပါ"
"မင်းဆီမှာရှိတဲ့ရတနာကို သူ မြင်သွားလို့လား"
အဖိုးကျူး၏မျက်လုံးအကြည့် လှုပ်ရှားသွားသည်။
သူသည် ထပ်မံ၍မေးမြန်းခြင်းမရှိဘဲ သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ထားလိုက်တော့...မင်းရဲ့အကြောင်းပြချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဝူဖန်းရဲ့သားဖြစ်နေတာကြောင့် ဒီနေရာမှာ မင်း အရင်ဆုံးနေလိုက်ပါ...တကယ်လို့ ငါ့ရဲ့သဘောတူညီချက်မရှိဘူးဆိုရင် ရတနာခန်းမထဲကို ဘယ်သူကမှ ကျူးကျော်ဝင်လာရဲမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင်...
"အဖိုးကျူးကို ကျေးဇူးတင်ပါတယ်"
ဝူရှန်းမျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ ကျေးဇူးတင်စကား အလျှင်အမြန်ပြောဆိုသည်။
လုပမ်ဝေသည် သူ့ရှေ့ရှိရတနာခန်းမကို သာမန်ကာလျှံကာ တစ်ချက်ကြည့်ကာ ရှေ့သို့တိုးပြီး အတွင်းသို့ဝင်ရောက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အဖိုးကျူးက မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ...
ပါးလွှာသောလေထုကြီးအတွင်း၌ လူအိုကြီးရှစ်ယောက်ထွက်ပေါ်လာကာ တံခါးဝထံသို့သွားပြီး လုပမ်ဝေကို ဟန့်တားလိုက်ကြသည်။
ထိုလူအိုကြီးများအားလုံးသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်များပင်။
"ဧည့်သည်တော် ကျေးဇူးပြုပြီးတော့ ရပ်တန့်ပေးပါ"
လူအိုကြီးများအနက်မှတယောက်က သတိပေးစကားပြောဆိုသည်။
လုပမ်ဝေသည် စကားတစ်လုံးမျှ ပြောဆိုခြင်းမရှိဘဲ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားလေ၏။
လူအိုကြီးရှစ်ယောက်၏မျက်နှာအမူအယာများ သုန်မှုန်သွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့၏လက်များကို ချက်ချင်းလှုပ်ရှားလိုက်ကြသည်။
ထို့နောက် သူတို့၏လက်များကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ထူထပ်သိပ်သည်းသော လက်ဝါးပုံရိပ်ယောင်ကြီးရှစ်ခုက လုပမ်ဝေကို လွမ်းခြုံသွားသည်။
သို့ရာတွင် ထိုလက်ဝါးပုံရိပ်ယောင်ကြီးရှစ်ခုသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏အနားကိုပင် ရောက်ရှိနိုင်ခြင်းမရှိမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
အနက်ရောင်ဝတ်ရုံဝတ်လူထံမှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ....
ဘုန်း...ဘုန်း...ဘုန်း...
လူအိုကြီးရှစ်ယောက်လုံး နောက်သို့လွင့်ထွက်သွားသည်။၊
သူတို့၏နောက်တွင်ရှိနေသော အဆောက်အအုံအမြောက်အများ ပြိုလဲကျသွားကာ သူတို့အားလုံး မြေပြင်နှင့်ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်။သူတို့၏မျက်နှာများ ဖူးယောင်သွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။
လုပမ်ဝေကမူ အစမှအဆုံးတိုင် သူ၏ခေါင်းကို မော့ကြည့်ခြင်းမရှိချေ။
သူသည် တည်ငြိမ်စွာဖြင့် ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းနေဆဲပင်။
"မင်း သတ္တိကောင်းလှချည်လား"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အဖိုးကျူး၏မှုန်မှိုင်းနေသော မျက်လုံးအတွင်း၌ အလင်းတန်းများတောက်ပသွားသည်။ထိုနောက် သူသည်မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်ရာ ထိုနေရာရှိမြေပြင် တစ်ပေခန့်ကျွံဝင်သွားပြီး တံခါးထံသို့ ချက်ချင်းရောက်ရှိသွားသည်။
"အနက်ရောင်ဝတ်ရုံဝတ်လူက ရတနာခန်းမကို တကယ်ကြီး ပြဿနာရှာဝံ့တယ်..အခု အဖိုးကျူးသာလှုပ်ရှားမှတော့သူ သေရမှာသေချာပေါက်ပဲ။
အဖိုးကျူးကိုယ်တိုင် လှုပ်ရှားသည်ကို မြင်တွေ့ချိန်တွင် ဝူရှန်းနှင့်လူအိုကြီးလောင်တို့၏မျက်လုံးများ တောက်ပသွားကာ မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် တံခါးဝထံသို့ကြည့်လိုက်ကြသည်။
"မိတ်ဆွေ...မင်းက အရမ်းသန်မာအားကောင်းတယ်ဆိုတာ ငါ ဝန်ခံတယ်"
"ဒါပေမဲ့ ဒီနေရာက ငါတို့ရတနာခန်းမရဲ့နယ်မြေပဲ"
"မင်းက ငါ့ကို မျက်နှာသာပေးမယ်လို့ ငါ မျှော်လင့်မိတယ်...အခု မင်းနောက်လှည့်ထွက်သွားတာနဲ့ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအားလုံးကို အလွတ်ပေးမယ်လို့ ငါ ကတိပေးတယ်"
အဖိုးကျုးသည် လုပမ်ဝေ၏ရှေ့သို့သွားပြီး သတိပေးစကားပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင်...
လုပမ်ဝေ၏အနက်ရောင်ဝတ်ရုံ အနည်းငယ်လှုပ်ရှားသွားသည်။
ထိုနောက် မြူခိုးများနောက်ကွယ်မှ မျက်လုံးတစ်စုံဖြင့် အဖိုးကျူးကို စူးစိုက်၍ကြည့်လေသည်။
"မင်းက ဘာကောင်လဲ"
"ဒီနတ်ဘုရားက မင်းကို မျက်နှာသာပေးဖို့ ထိုက်တန်လို့လား"
"အခုချက်ချင်း ဒူးထောက်စမ်း"
ထိုအသံကျရောက်လာသည်နှင့်အတု အဖိုးကျူး၏ခြေထောက်များ ရုတ်တရက် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားသည်။
လုပမ်ဝေသည် သူ့အားဖြတ်ကျော်ကာ ခြေလှမ်းတစ်လှမ်းချင်း ဆက်လက်၍လျှောက်လှမ်းသွားသည်။
တခြားတစ်ဖက်တွင် မြေပြင်ပေါ်၌ဒူးထောက်နေသော အဖိုးကျူး၏ခန္ဓာကိုယ်ပေါ်၌ ဇောချွေးများရွှဲနစ်နေသည်။သူသည် လုပမ်ဝေကိုစူးစိုက်ကြည့်ကာ လိပ်ပြာလွင့်လုမတတ်ဖြစ်နေပြီး သူ၏စိတ်အတွင်း၌ အလွန်အမင်းတုန်လှုပ်ချောက်ချားနေသည်။
သူ၏ပါးစပ်လှုပ်နေသော်လည်း စကားတစ်ခွန်းမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
သူ၏မျက်လုံးအတွင်းတွင် ယခင်ကဲ့သို့ အလင်းတန်းများ ရှိမနေတော့ပေ။
အစောပိုင်းကအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်တာအိုမှ သူ့အား အမိန့်တစ်ခုပေးအပ်လိုက်သည့်အလား သူ အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိသည်ကို ရှင်းရှင်းလင်းလင်းမှတ်မိသည်။
အကယ်၍ သူ ဒူးမထောက်ပါက သူ၏ခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲသွားပေမည်။
အဖိုးကျူးသည် လုပမ်ဝေကို ရှင်းပစ်နိုင်မည်ဟု မျှော်လင့်နေသော ဝူရှန်းသည် လုပမ်ဝေ၏စကားအောက်တွင် အဖိုးကျူး ဒူးထောက်ကျသွားသည်ကို မြင်တွေ့မိသည်။ထို့ကြောင့် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ကြက်သီးမွေးညှင်းများ ထသွားလေ၏။
"ဒါက ဘယ်လို...."
"ဘယ်လို ဖြစ်သွားတာလဲ...."
Chapter 613
ဝူရှန်းသည် သူ့၏ခေါင်း ပေါက်ထွက်တော့လုမတတ် စဥ်းစားတွေတောသော်လည်း မည်သည်ကြောင့် ဤသို့ဖြစ်ပျက်သွားသည်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
တစ်ခုသိထားရသည်မှာ အဖိုးကျူးသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ မွန်းစတားအိုကြီးများအနက်မှ တစ်ယောက်ပင်။သူသည် တိုက်ခိုက်ရာတွင် ကောင်းမွန်ခြင်းမရှိသော်လည်း သူ၏စွမ်းအားနှင့်အကွက်ချကြံစည်တတ်မှုတို့ကြောင့် နာမည်ကျော်ကြားသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည်ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ ထိပ်သီးတည်ရှိမှုကြီးများအနက်မှ တစ်ယောက်ဖြစ်နေဆဲပင်။
သူ၏စွမ်းအားနှင့်နာမည်ဂုဏ်သတင်းကြောင့် အင်မော်တယ်နယ်မြေတစ်ခုလုံး၌ ရတနာခန်းမကို မည်သူကမျှ ရန်မစဝံ့ခြင်းဖြစ်သည်။
သို့ရာတွင်....
သူသည် မည်သည်ကြောင့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ရှေ့၌ ဒူးထောက်နေသနည်း...
ဤအချိန်ကျမှသာ ဝူရှန်းက သူသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏စွမ်းအားကို လျှော့ထွက်ခဲ့မိကြောင်း နားလည်သဘောပေါက်သွားသည်။
"လူအိုကြီးလောင်...ငါတို့ ဘာလုပ်ကြမလဲ...နည်းလမ်းတခု စဉ်းစားပါဦး...ငါမသေချင်သေးဘူး"
လုပမ်ဝေသည် ခြေလှမ်းတစ်လှမ်းချင်း ချဥ်းကပ်လာသည်ကိုကြည့်ပြီး ဝူရှန်းသည် အော်ဟစ်ငိုယိုကာ ထိတ်လန့်ကြောက်ရွံ့နေသည်။သူ၏တစ်ဖက်တည်းကျန်သောလက်ဖြင့် လူအိုကြီးလောင်၏အင်္ကျီစကို ထိတ်လန့်တကြား ဆုပ်ကိုင်ထားကာ စိုးရိမ်ပူပန်သောအသံဖြင့် ပြောဆိုသည်။
သို့ရာတွေ အဖိုးကျူးပင်လျှင် ဒူးထောက်နေရသည်ဖြစ်ရာ လူအိုကြီးလောင်သည် မည်သည့်အရာအား တတ်နိုင်မည်နည်း။သူ၏ခန္ဓာကိုယ်မှနေ၍ ဇောချွေးများယိုစီးကျလာကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို သူ မသိရှိတော့ချေ။
နောက်ဆုံး၌...
အနက်ရောင်ဝတ်ရုံဝတ်လူသည် သူတို့၏ရှေ့သို့ ရောက်ရှိလာပေ၏။
သူတို့၏မျက်လုံးအတွင်း၌ လုပမ်ဝေ၏ခန္ဓာကိုယ်သည် ကြီးထွားလာကာ သေမင်းနတ်ဘုရားတစ်ပါး မတ်တတ်ရပ်နေသည့်အလားပင်။
သူတို့နှစ်ယောက်သည် မြေပြင်ပေါ်၌ လူးလွန့်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။
ထိုအချိန်မှာပင် အနက်ရောင်ဝတ်ရုံအကြားမှနေ၍ အရိုးစုလက်တစ်ဖက် ဖြည်းညှင်းစွာထွက်ပေါ်လာကာ ညင်သာစွာလှုပ်ခတ်လိုက်သည်။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ဝူရှန်း၏ကြွင်းကျန်သောလက်တစ်ဖက် ပေါက်ကွဲသွားတော့သည်။
စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
ဝူရှန်းသည် သူ၏လက်နှစ်ဖက်နှင့်ခြေနှစ်ဖက်ဆုံးရှုံးသွားသဖြင့် ကြောက်ရွံ့နေသောမျက်လုံးအကြည့်ဖြင့် လုပမ်ဝေကို စူးစိုက်၍ကြည့်ကာ မြေပြင်ပေါ်၌တရွတ်တိုက်ဆွဲပြီး တွန့်လိမ်နေသည်။
"ဟမ့်...မင်းရဲ့လုပ်ရပ်တွေကိုရပ်တန့်ဖို့ ငါ မင်းကို သတိပေးလိုက်မယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး လူအိုကြီးလောင်သည် သတ္တိမွေးကာ ခြိမ်းခြောက်စကားပြောဆိုလိုက်၏။
"ငါတို့က ကောင်းကင်အင်မော်တယ်နန်းတော်ကလူတွေဖြစ်ပြီးတော့ ငါရဲ့သခင်လေးက နန်းတော်သခင်ဧကရာဇ်ဝူဖန်းရဲ့သားပဲ.... တကယ်လို့ မင်း မရပ်ဘူးဆိုရင် ဧကရာဇ်ဝူဖန်းက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
"အော်...."
အနက်ရောင်ဝတ်ရုံအောက်မှနေ၍ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ....
သူ့ရှေ့ရှိ လူအိုကြီးလောင်သည် မည်သည့်အရာမျှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားတော့သည်။
"အား...."
လူအိုကြီးလောင်သည် ရုတ်တရက် မည်သည့်အရာမျှမရှိတော့သကဲ့သို့ ပြောင်းလဲသွားသည်ကိုကြည့်ပြီး ဝူရှန်းထံမှနေ၍ သူ့၏လည်ပင်းအတွင်း၌ ငါးရိုးတစ်ချောင်းစိုက်နေသည့်အလား အသံတစ်သံထွက်ပေါ်လာသည်။သူသည် အလွန်ထိတ်လန့်သွားကာ ခြေလက်များမရှိတော့သော သူ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်တွန့်လိမ်လိုက်၏။
လုပမ်ဝေ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေဆဲပင်။
သူ၏လက်ဝါးကိုမြှောက်လိုက်ရာ အဖြူရောင်အရိုးစုလက်ညှိုးတစ်ချောင်း တဖန်ထပ်၍ထွက်ပေါ်လာသည်။ထိုလက်ညှိုးတွင်ပါရှိသည့် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကြောင့် ဝူရှန်းသည် သူ၏ဦးရေပြားကျိန်းစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝူရှန်း၏မျက်လုံးများ ပြူးကျယ်နေသည်။
သူ၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပေ၏။
"ရပ်လိုက်စမ်း...."
ထိုအချိန်မှာပင်...
လေထုအတွင်းမှနေ၍ ကြီးကျယ်ခမ်းနားသောအသံတစ်သံ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လူရိပ်တရိပ်သည် အထက်မိုးကောင်းကင်ယံအတွင်းရှိ လေဟာနယ်ကိုဆုတ်ဖြဲကာ ဤနေရာသို့ရောက်ရှိလာသည်။
သူ၏ခေါင်းနောက်တွင် အနက်ရောင်ဆံပင်များကိုရစ်ပတ်ထားကာ သူ့ထံတွင် အဆင့်အတန်းမြင့်မားသူတစ်ယောက်၏ ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးရှိနေသည်။
သူ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး ပြောင်းလဲသွားပုံရကာ လေဟာနယ်တခုလုံးအတွင်း၌ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်နှင့် ပြည့်နှက်သွားသည်။
အကယ်၍ ဤနေရာတွင် ကျင့်ကြံဆင့်နိမ့်ပါးသူများရှိနေပါက မြေပြင်ပေါ်၌ တိုက်ရိုက်ဝပ်တွားကြပေမည်။
"ဝူဖန်းလား..."
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မြေပြင်ပေါ်၌ဒူးထောက်ကာ မလှုပ်ရှားနိုင်သော အဖိုးကျူးထံမှနေ၍ အံ့အားတသင့်ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
သေလုမျောပါးဖြစ်နေသော ဝူရှန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာသည်။
"ဟား ဟား ဟား...."
"ဒါက ငါ့ရဲ့အဖေပဲ"
"ငါ့အဖေ ဒီနေရာကို ရောက်လာပြီ"
"ငါ့အဖေက ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ထားထားတယ်...တကယ်လို့ ငါ အသက်အန္တရာယ်နဲ့ကြုံတွေ့နေရပြီဆိုရင် သူက အဲ့ဒီအမှတ်အသားကနေ ချက်ချင်းသိနိုင်တယ်"
"ဟား ဟား ဟား...ငါ့အဖေ ရောက်လာပြီ...ငါ့အဖေ ဒီနေရာမှာရှိနေမှတော့...ဘယ်သူက ငါ့ကိုထိရဲမလဲဆိုတာ ငါ ကြည့်အုံးမယ်"
"ငါ့ကို ထိခိုက်ဒဏ်ရာရအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ငါ့အဖေက သတ်ပစ်လိမ့်မယ်"
ဝူဖန်းရောက်ရှိလာမှုကြောင့် ဝူရှန်းထံတွင် ယုံကြည်ချက်များဖြင့် ပြည့်နှက်သွားကာ မြေပြင်ပေါ်၌လဲကျနေရာမှ သူ၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီး အော်ဟစ်ရယ်မောလိုက်၏။
ဝူရှန်းထံ၌ ခြေလက်များမရှိတော့သည်ကိုကြည့်ပြီး ဝူဖန်း၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။
ထို့နောက်၊မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော အဖိုးကျူးကိုကြည့်ပြီး သူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်သည်။
"လူအိုကြီးကျူး...မင်းရဲ့အရည်အချင်းက တဖြည်းဖြည်း ပိုပိုဆိုးလာပါလား"
ထိုစကားကိုကြားချိန်တွင်...
အဖိုးကျူး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ မကျေမနပ်အရိပ်အယောင်များ ထင်ဟပ်လာသည်။
ဝူဖန်းသည် အဖိုးကျူးကို လျစ်လျူရှုပြီးနောက် သူ့၏ထက်ရှသောအကြည့်သည် လုပမ်ဝေထံသို့ ကျရောက်သွားပေ၏။
မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူ၏လက်ကိုမြှောက်လိုက်ရာ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက လုပမ်ဝေကိုလွှမ်းခြုံသွားသည်။
ဘုန်း....
ထိုလက်ဝါးပုံရိပ်ယောင်ကြီးနှင့်အတူ အောက်တွင်ရှိနေသောမြေပြင်သည် ပေရာပေါင်းများစွာကျွံဝင်သွားပြီး ကြီးမားသောချိုင့်ခွက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝင်္ကပါ၏ကာကွယ်ပေးခြင်းကို ခံထားရသော ရတနာခန်းမတည်ရှိရာနေရာမှလွဲ၍ ပတ်ဝန်းကျင်ရှိအိမ်များအားလုံးသည် အမှုန်အမွှားများဖြစ်သွားကာ မြေကြီးအတွင်းသို့နှစ်ဝင်သွားလေ၏။
ထို့နောက် ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် လုပမ်ဝေထံသို့ တိုးဝင်သွားတော့သည်။
"ဟား ဟား ဟား...."
"အဖေက အရမ်းတော်တယ်"
"မင်း သေဖို့သာ ပြင်ထားလိုက်တော့"
မြေပြင်ပေါ်၌လဲကျနေသော ဝူရှန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သို့ရာတွင်....
နောက်ထပ်အချိန်အခိုက်အတန့်၌....
သူ၏ရယ်မောသံ ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏မျက်လုံးတစ်စုံသည် မိုးကောင်းကင်ယံကိုထိတ်လန့်တကြား စူးစိုက်ကြည့်နေကာ သူ၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။
အကြောင်းအရင်းမှာ လုပမ်ဝေသည် သူ၏လက်ညှိုးဖြင့် ညင်သာစွာတို့ထိလိုက်ပြီးနောက် ဝူဖန်း၏လက်ဝါးပုံရိပ်ယောင်ကြီးကို ကြေမွပျက်စီးသွားစေကာ ထိုအရာ၏စွမ်းအားကိုလည်း ပျက်ပြယ်သွားစေသည်အား သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။။
ဤသည်မှာ ဝူရှန်းကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည့်အလားပင်။
"ဘာလို့ ဒီလိုဖြစ်ရတာလဲ...ဘာလို့ ဒီလိုဖြစ်သွားတာလဲ"
"ငါ့ရဲ့အဖေက ပြိုင်ဘက်ကင်းတစ်ယောက်မဟုတ်ဘူးလား...သူက ဘာလို့ ဒီလူပုလေးကို အနိုင်မယူနိုင်တာလဲ"
ဝူရှန်းသည် တုန်တုန်ရီရီဖြင့်အော်ဟစ်ကာ သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဝူဖန်းသည်လည်း ကြက်သေသေနေကာ လေထုအတွင်း၌ မတ်တတ်ရပ်ရင်း ပြင်းထန်စွာချောင်းတဟွတ်ဟွတ်ဆိုးနေသည်။
အကြောင်းအရင်းမှာ ထိုလက်ညှိုးသည် သူ၏လက်ဝါးပုံရိပ်ယောင်ကို ပျက်စီးသွားစေခဲ့ရုံသာမက သူ့အား တန်ပြန်ဒဏ်ခံစားရစေသောကြောင့်ပင်။
သို့ရာတွင် သူသည် ရပ်တန့်ခြင်းမရှိဘဲ လေဟာနယ်အတွင်း၌ ခြေဆောင့်နင်းကာ အောက်ရှိမြေပြင်ကို ကျွံဝင်သွားစေပြီး လုပမ်ဝေထံဦးတည်ကာ ထပ်မံ၍ လက်ဝါးတစ်ချက်ရိုက်နှက်လိုက်သည်။
လုပမ်ဝေသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ကာ မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ဝူဖန်း၏လက်ဝါးပုံရိပ်ယောင်ကြီး တစတစနီးကပ်သွားလေပြီ။
သို့ရာတွင် သူသည် လုပမ်ဝေကို တိုက်ခိုက်မည့်အစား ဝူရှန်း၏နံဘေးသို့ရောက်ရှိလာကာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီနေ့တော့ နှုတ်ဆက်ခဲ့ပါတယ်...ဒီနေ့အတွက် ရန်ငြိုးကို နောင်တစ်ချိန်ကျရင် ငါ သေချာပေါက် လက်စားပြန်ချေမယ်"
ဝူဖန်းက အေးစက်စက်အသံဖြင့် ပြောဆိုပြီးနောက် သူ့၏လက်အတွင်းရှိ ရွှေရောင်အဆောင်လက်ဖွဲ့မှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာကာ သားအဖနှစ်ယောက်လုံး ပျောက်ကွယ်သွားတော့သည်။
"အဖေ...ငါတို့ ဘယ်ကိုသွားနေတာလဲ"
လေဟာနယ်လမ်းကြောင်းအတွင်း၌ ဝူရှန်းက အော်ဟစ်လိုက်၏။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ပြန်မယ်"
ဝူဖန်းက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် တုံ့ပြန်သည်။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်လား...."
ထိုစကားကိုကြားချိန်တွင် ဝူရှန်း၏မျက်လုံးများတောက်ပသွားကာ ချက်ချင်းရယ်မောလိုက်၏။
"ငါတို့က ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ပြန်ရောက်တာနဲ့...တကယ်လို့ အဲ့ဒီလူကကောင်းကင်ဘုံနယ်မြေကို လိုက်လာရင်တောင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"အမှန်ပဲ"
ဝူဖန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
အသက်ရှူချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် သူတို့နှစ်ယောက်သည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ အတားအဆီးနေရာသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူဖန်း၏သုန်မှုန်နေသောမျက်နှာအမူအယာ အနည်းငယ်ပြေလျော့သွားသည်။
ဤအနက်ရောင်ဝတ်ရုံဝတ်လူသည် အလွန်ကြောက်မက်ဖွယ်ကောင်းမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
အစောပိုင်းတွင် သူသည် အဆောင်လက်ဖွဲ့ကိုဆွဲထုတ်ကာ အမြန်ဆုံးထွက်ပြေးခဲ့သော်လည်း အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့အား လိုက်လံဖမ်းဆီးနိုင်သည်ဟူသော ခံစားချက်မျိုး သူ့ထံ၌ ရှိနေသည်။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့်....
ယခုချိန်၌ သူတို့သည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သို့ ရောက်ရှိသွားလေပြီ။
အကယ်၍ ထိုလူသည် နည်းလမ်းတချို့ကိုအသုံးပြု၍ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာလျှင်ပင် သူတို့သားအဖနှစ်ယောက်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင်...
သူ စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သောအချိန်မှာပင် သူ၏မျက်နှာအမူအယာ ရုတ်တရက် သိသိသာသာပျက်ယွင်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် လေဟာနယ်တစ်နေရာအတွင်း၌ တိမ်တိုက်များတဝုန်းဝုန်းထလာသည်ကို သူ မြင်တွေ့မိသည်။
ထိုလေဟာနယ်အတွင်းမှနေ၍ အသားမရှိသောအရိုးလက်တစ်ချောင်း ဆန့်တန်းလာကာ သူတို့သားအဖနှစ်ယောက်ထံသို့ ဦးတည်၍ တိုးဝင်လာသည်။
"ဒီနတ်ဘုရားသတ်ချင်တဲ့လူကို ဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်ဘူး"
"ဘယ်သူကမှ ငါ့ကို ဟန့်တားလို့မရဘူး"
Chapter 614
ထိုမြင်ကွင်းကိုကြည့်ပြီး....
ဝူဖန်း၏မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
ဤလူသည် မိုင်ပေါင်းများစွာဝေးကွာသောနေရာမှနေ၍ လေဟာနယ်ကိုဆုတ်ဖြဲကာ သူ့နောက်သို့ လိုက်လံဖမ်းဆီးနိုင်မည်ဟု သူ တွေးထင်ထားခြင်းမရှိချေ။
သို့ရာတွင် သူ ဤကိစ္စကို ထိုင်ကြည့်မနေနိုင်ချေ။
သူသည် အံ့တင်းတင်းကြိတ်ကာ နောက်ထပ်အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူပြီး လေထုအတွင်း၌မျောလွင့်ကာ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေသည်။
"ငါ ဒုက္ခရောက်နေတယ်...မင်းတို့အားလုံး ငါ့ကိုကူညီပေးကြဖို့ ငါ တောင်းဆိုချင်တယ်"
သူ၏အသံ ကျရောက်သွားသောအချိန်တွင်....
ကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အတွင်းမှနေ၍ ဝူထန်းထက်အားနည်းခြင်းမရှိသော အရှိန်အဝါများသည် ဤအချိန်အခိုက်အတန့်တွင် နိုးထလာပေ၏။
ဤအရှိန်အဝါများကို ခံစားမိချိန်တွင် ဝူဖန်းသည် စိတ်အေးချမ်းသွားသကဲ့သို့ ခံစားရသည်။
အနည်းဆုံးအနေဖြင့် သူတစ်ယောက်တည်း သေဆုံးရတော့မည်မဟုတ်ချေ။
သို့ရာတွင် ရုတ်တရက်...
မိုးကောင်းကင်ယံအတွင်း၌ အဖြူရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ထံဦးတည်၍ ရိုက်ပုတ်လိုက်သည်။
ဘုန်း...
ဤအသံသည်...
လက်ဝါးရိုက်ချက်ကျရောက်သွားသော နေရာတဝိုက်တွင်သာမက
လောကကြီးတစ်ခွင်လုံးကို တုန်ခါသွားစေသည်။
ကောင်းကင်နှင့်မြေပြင် အရောင်ပြောင်းလဲသွားကာ...
ဤလက်ဝါးရိုက်ချက်၏အောက်တွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ လေးပုံတစ်ပုံ ပျက်စီးသွားခဲ့သည်။
ထိုနေရာ၏လေးပုံတစ်ပုံသည် မည်သည့်အရာမျှမရှိခဲ့သည့်အလား တိုက်ရိုက်ပျက်စီးသွားခြင်းဖြစ်ပေ၏။
ဤလက်ဝါးရိုက်ချက်ကြောင့် အစောပိုင်းကမြင့်တက်လာသော အရှိန်အဝါများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင်...
စကားပြောဆိုနေခြင်းများ ရပ်တန့်သွားကာ...
ထိုလူများသည် အသက်ရှူရန်ပင် ထိတ်လန့်ကြောက်ရွံ့နေသည်။
တခြားတစ်ဖက်တွင် ဝူဖန်းသည် ခြေထောက်များပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား ပြုတ်ကျသွားပြီး သူ၏ခန္ဓာကိုယ်တွင် ဇောချွေးများရွှဲနစ်နေသည်။
ဤကဲ့သို့စွမ်းအားမျိုး....
အနက်ရောင်ဝတ်စုံဝတ်လူသည် မည်သူဖြစ်နေသနည်း...
လေဟာနယ်အက်ကွဲကြောင်း အတွင်းမှနေ၍...
အနက်ရောင်ဝတ်စုံဝတ်လူသည် တိတ်တဆိတ် လျှောက်လှမ်းထွက်လာကာ အမူအယာကင်းမဲ့စွာဖြင့် ဝူဖန်းတို့သားအဖနှစ်ယောက်ကို ကြည့်လိုက်သည်။
သူ၏အရိုးစုလက်ညှိုးကို ညင်သာစွာမြှောက်လိုက်ခြင်းနှင့်အတူ...
လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က ဝူရှန်းကို ရစ်သိုင်းလွှမ်းခြုံသွားသည်။
"အား...."
"အား...."
"ဒါကအရမ်းနာတယ်..."
"အဖေ...ငါ့ကို ကယ်ပါအုံး"
"ငါ့ကို ကယ်ပါ"
ဝူရှန်းသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရကာ ဤအချိန်အခိုက်အတန့်တွင် လောကကြီးအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများအားလုံး သူ့ထံသို့ ကျရောက်နေသည့်အလားပင်။
သူ့သား၏ ဆိုးရွားသောအခြေအနေကို ကြည့်ပြီးနောက်....
ဝူဖန်းသည် အံ့တင်းတင်းကြိတ်ကာ သူ၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုများ မလိုလားမူများနှင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူ မည်သည့်အရာအား တတ်နိုင်မည်နည်း...
ဤကဲ့သို့ အကြွင်းမဲ့စွမ်းအားအောက်တွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာတက်နိုင်သည်။
ထိုအချိန်မှာပင်...
ရုတ်တရက် သူက မိုးကောင်းကင်ယံကို ခေါင်းမော့ကြည့်လိုက်သည်။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ တိမ်တိုက်များ တလိမ့်လိမ့်ထလာကာ တုန်ခါသံများမြည်ဟီးလာသည်ကို သူ ရှာဖွေတွေ့ရှိမိသည်။
တစ်ချိန်တည်းမှာပင် မိုးကုတ်စက်ဝိုင်းအတွင်း၌ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ဤသည်မှာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်တခုလုံးကို ဗုဒ္ဓအလင်းရောင်မှ လင်းထိန်သွားစေသည့်အလားပင်။
ထိုရွှေရောင်အလင်းတန်းအောက်တွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အတွင်းရှိ လူများအားလုံး အလိုအလျောက် ဒူးထောက်လိုက်ကြသည်။
"မိုးကောင်းကင်တာအို..."
"ဒါက မိုးကောင်းကင်တာအိုပဲ"
မြေပြင်ပေါ်၌ ဝပ်တွားနေသော ဝူဖန်းက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ...ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့တည်ရှိမှုက မိုးကောင်းကင်တာအိုရဲ့အမိန့်တွေကို လောကကြီးအတွက် ဖြည့်ဆည်းပေးဖို့ပဲ...ဒီလူ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဖျက်ဆီးလိုက်တာက မိုးကောင်းကင်တာအိုရဲ့စိတ်ဆန္ဒကို ဖောက်ဖျက်တာနဲ့ အတူတူပဲ"
ဝူဖန်း၏မျက်ခွံများ ပြင်းပြင်းထန်ထန်တုန်ရီနေသည်။
သူ၏မျက်လုံးများ ပြူးကျယ်နေကာ မျှော်လင့်စောင့်စားခြင်းများနှင့် ပြည့်နှက်နေပေ၏။
ဤလူသည်...
မိုးကောင်းကင်တာအို၏သတ်ဖြတ်ခြင်းကို ခံရပေမည်။
သူ့အား မိုးကောင်းကင်တာအိုမှ သတ်ဖြတ်ပစ်မည်မှာ သေချာပေါက်ပင်။
ထိုလူသည် မည်မျှပင် သန်မာအားကောင်းနေပါစေ မိုးကောင်းကင်တာအိုကိုဆန့်ကျင်၍ တိုက်ခိုက်နိုင်မည်လော...
သူ ဆုတောင်းနေသည့်အတိုင်း...
ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသတစ်ခုအဖြစ် သိပ်သည်းသွားကာ လုပမ်ဝေကိုချိတ်ပိတ်ထားသည်။
မိုးကောင်းကင်တာအို၏စွမ်းအားကို သာမန်လူများ ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ...
လူသားများသည် မိုးကောင်းကင်တာအိုကို ဆန့်ကျင်၍ တိုက်ခိုက်ဝံ့မည်လော....
"ဟမ့်..."
"မင်းက ဘယ်လိုအမှိုက်ကောင်လဲ...ဒီနတ်ဘုရားရဲ့ရှေ့ကို ဆင်းလာခဲ့စမ်း"
လုပမ်ဝေသည် သူ၏ခေါင်းကိုအနည်းငယ်မော့ကာ မိုးကောင်းကင်ယံကို ကြည့်လိုက်၏။
သူ၏လက်ဝါးကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်ခြင်းနှင့်အတူ...
မိုးကောင်းကင်ယံတစ်ခွင်လုံး...
အထက်အောက်ဗြောင်းဆန်သွားကာ ရုတ်တရက် ပြိုကျလာသည်။
"ဘာ..."
"ဘယ်လိုဖြစ်သွားတာလဲ...."
"ဒါက...."
"ဒါက ဘာဖြစ်တာလဲ"
ဤအချိန်အခိုက်အတန့်တွင်...
ဤမြင်ကွင်းကို ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အတွင်းမှ စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးထံမှနေ၍ မယုံကြည်နိုင်သောအသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
မိုးကောင်းကင်ယံကြီး ပြိုကျသွားခဲ့သလော....
"ဒါက...."
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော ဝူဖန်းသည် သူ၏ခေါင်းပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လုပန်ဝေသည် သူ၏လက်အတွင်း၌ နေတစ်စင်းအလား ရွှေရောင်အလင်းတန်းများတောက်ပနေသော အလင်းတန်းအစုအဝေးတစ်ခုကို ဆုပ်ကိုင်ထားသည့်
သူ့၏လက်အတွင်း၌ ဖျစ်ညှစ်ခံထားရသော အလင်းလုံးသည် ပြင်းပြင်းထန်ထန်ရုန်းကန်ကာ တွန့်လိမ်စပြုလာသည်။
အချိန်အတော်ကြာပြီးနောက်...
ထိုရွှေရောင်အလင်းလုံးသည် ကလေးတစ်ယောက်နှင့်တူညီသော မျက်နှာတစ်ခုအဖြစ်သို့ သိပ်သည်းသွားသည်။
"အမ်...."
"အရှင်အရိုးစုပါလား...."
"အား...အရှင်အရိုးစု ဒါက မင်းဖြစ်နေတယ်ဆိုတာ ငါ မသိခဲ့ဘူး...ငါ မှားသွားတယ်...ငါ မှားသွားပါတယ်"
ထိုမျက်နှာမှနေ၍ အလျင်စလိုအသနားခံတောင်းပန်လိုက်သောအသံတစ်သံထွက်ပေါ်လာကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အရှင် ဒီငမိုက်သားကို ခွင့်လွှတ်ပေးပါ...ငါ့ကိုလွှတ်ပေးဖို့ တောင်းပန်ပါတယ်....ဒါက မင်းဆိုတာ ငါ တကယ်ကိုမသိခဲ့ဘူး...မင်းမြင်တဲ့အတိုင်းပဲ...ငါက ကလေးတစ်ယောက်ပဲရှိသေးတယ်...မင်းက ငါနဲ့ အငြင်းပွားမနေသင့်ဘူးလေ ...ဟုတ်တယ်မလား"
"ဟမ့်... ဒီနတ်ဘုရားက မင်းကို သဘောမကျတာ အချိန်အတော်ကြာနေပြီ...တကယ်လို့ ဒီလောကကြီးထဲမှာ ရူးကြောင်ကြောင်လုပ်နေတဲ့ ငါ့ရဲ့သခင်ကို ထိခိုက်သွားမှာ စိုးရိမ်လို့သာမဟုတ်ရင်...ငါ မင်းကိုသတ်ပစ်တာ အချိန်အတော်ကြာနေပြီ"
လုပမ်ဝေက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒါက..."
"အမ်...ဒါက..."
"အရှင်...အဲ့ဒီအရှင်က ဒီနေရာမှာ ရှိနေတာလား"
ကလေးမျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သောအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူ၏အသံသည် မူမမှန်စပြုလာကာ အလင်းတန်းအစုအဝေးတစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
ဤသတင်းအချက်အလက်၏ သက်ရောက်နိုင်မှုပမာဏသည် အလွန်ကြီးမားပေ၏။
"သူ့ရဲ့လမ်းမှာ သွားမရှုပ်နဲ့...မဟုတ်လို့ကတော့ ဒီနတ်ဘုရားက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
လုပမ်ဝေသည် သတိပေးစကားပြောဆိုပြီးနောက် သူ၏လက်ဝါးကိုဖြန့်ကာ အော်ဟစ်လိုက်သည်။
"ထွက်သွားစမ်း...."
"ဟုတ်ကဲ့ ဟုတ်ကဲ့...အရှင်အရိုးစု...စကားမစပ် ငါက အရှင်အရိုးစုကိုကူညီပြီးတော့ ဒီလူတစ်စုရဲ့မှတ်ဉာဏ်တွေကို ရှင်းထုတ်ပေးရမလား"
"ဒီကြက်ကလေးငှက်ကလေးတစ်သိုက်က ဘာကိုမှ သက်ရောက်စေမှာမဟုတ်ဘူး...သူတို့ကို ဒီအတိုင်း ထားလိုက်ပါ"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့...."
"ဒါနဲ့ မင်း ခဏနေအုံး"
လုပမ်ဝေက ထပ်မံ၍အော်ဟစ်လိုက်၏။
"အရှင်အရိုးစု...ပြောပါ"
"ဒီနေရာရဲ့ငွေကြေးစနစ်ကို ပြောင်းလဲလိုက်စမ်း ...အင်မော်တယ်ကျောက်တုံးတွေအစား ရွှေပြားတွေကို ပြောင်းလဲပြီး အသုံးပြုရမယ်"
လုပမ်ဝေက ပြောဆိုသည်။
"အမ် ဒါက...."
"အရှင်အရိုးစု ဒါကဘာလို့လဲ...ဘယ်လိုလဲဖြစ်ဖြစ် ငါက မိုးကောင်းကင်တာအိုလေ...ဒါကြောင့် ငါက ငွေကြေးစနစ်တွေအကြောင်းကို ဂရုမစိုက်ခဲ့ဘူး"
မိုးကောင်းကင်တာအိုက ရှုံမဲ့နေသောမျက်နှာနှင့် တုံ့ပြန်သည်။
"ပြန်လာခဲ့စမ်း...."
လုပမ်ဝေသည် သူ၏လက်တစ်ဖက်ကိုဆန့်တန်းကာ မိုးကောင်းကင်တာအိုကို ထပ်မံ၍ဖျစ်ညှစ်လိုက်၏။
"အား...."
"အရှင်အရိုးစု ငါမှားသွားပါတယ်...ဒီနေ့ကနေစပြီးတော့ အင်မော်တယ်နယ်မြေတစ်ခုလုံး ရွှေပြားတွေကိုပဲ အသုံးပြုရမယ်"
သူက အလျင်စလို အော်ဟစ်လိုက်သည်။
လုပမ်ဝေက သူ၏လက်ကိုဝှေ့ယမ်းပြီး ရွှေရောင်အလင်းတန်းကို မိုးကောင်းကင်ယံအတွင်းသို့ လွှတ်ပစ်လိုက်ရာ ကြယ်ပျံတစ်စင်းအလား အရိပ်အယောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
မိုးကောင်းကင်ယံအတွင်း၌....
တည်ငြိမ်မှု ပြန်လည်ရရှိသွားလေပြီ။
သို့ရာတွင် ဝူဖန်းသည် တည်ငြိမ်နိုင်ခြင်းမရှိချေ။ သူသည် ရွှံပုံတစ်ပုံအလား မြေပြင်ပေါ်သို့လဲကျသွားကာ အသနားခံတောင်းပန်ရန်အတွက်ပင် စကားများမဆိုနိုင်တော့ချေ။
မိုးကောင်းကင်တာအို...
အနက်ရောင်ဝတ်ရုံဝတ်လူသည် မိုးကောင်းကင်တာအိုကိုပင် သူ၏လက်အတွင်း၌ ဆန္ဒရှိသကဲ့သို့ ဆုပ်ကိုင်ထားနိုင်သလော....
ဤလူ...
သူသည် မည်သူဖြစ်နေသနည်း...
လုပမ်ဝေသည် ဝူဖန်းကိုတစ်ချက်ကြည့်ပြီးနောက် ထပ်မံ၍စိတ်ဝင်စားပုံမရတော့ချေ။
သူ၏လက်ချောင်းကို ညင်သာစွာလှုပ်ခတ်လိုက်ခြင်းနှင့်အတူ...
ဝူဖန်းသည် မည်သည့်အရာမျှမရှိသကဲ့သို့ ပြောင်းလဲသွားတော့သည်။
ထို့ပြင် အစောပိုင်းက ညှင်းပန်းနှိပ်စက်ခံရသော ဝူရှန်းသည်လည်း သေဆုံးသွားကာ မည်သို့မျှ ပြန်လည်ဝင်စားနိုင်တော့မည်မဟုတ်ချေ။
မြေပြင်ပေါ်၌ အင်မော်တယ်ဓားတစ်လက်သာလျှင် ကြွင်းကျန်ခဲ့သည်။
"ငါ့သခင်ရဲ့အမှိုက်ကို မင်းတို့က လုယူဝံ့တယ်"
"မင်းတို့က ငါ့ကို ဒီလိုလုပ်ဖို့အတွက် ဖိအားပေးခဲ့တာပဲ"
လုပမ်ဝေသည် အင်မော်တယ်ဓားကိုကောက်ယူပြီးနောက် လေဟာနယ်ကိုဆုတ်ဖြဲ၍ ထွက်ခွာသွားကာ ချင်ထျန်းပိုင်ယွိဆောင်ကြာမြိုင်သို့ ပြန်လည်၍ရောက်ရှိသွားသည်။
ထို့နောက် သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ...
အခန်းအတွင်းရှိ အရာရာတိုင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
အခန်းအတွင်း၌...
ဝက်ဝံ ခွေးနှင့် ကင်းခြေမျှားတို့၏ပါးစပ်များအတွင်း၌ သွားကြားထိုးတံများရှိနေကာ လုပမ်ဝေကို စောင်းငဲ့၍တချက်ကြည့်လိုက်ကြသည်။
"အစ်ကိုကြီး...မင်းဟန်ရေးပြတာက အရမ်းမိုက်တာပဲ"
"ဒီလိုပဲ ဖြစ်ရမှာပေါ့...ငါတို့အစ်ကိုကြီးက ဘယ်သူလဲဆိုတာ မင်းတို့ကြည့်လိုက်အုံး...သူက လူတွေကြားက နဂါးတစ်ကောင်ဖြစ်ပြီးတော့ အရမ်းထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ...သူက ရုပ်ရည်ချောမောခန့်ညားပြီးတော့ သန်မာအားကောင်းတဲ့ဘုရင်တစ်ပါးပဲ...မိန်းကလေးတစ်ယောက်က သူ့ကိုမြင်တာနဲ့သဘောကျပြီးတော့ ယောက်ျားသားတွေက သူတို့မိန်းကလေးတစ်ယောက် ဖြစ်မလာတဲ့အတွက် သူတို့ကိုယ်သူတို့ မုန်းတီးနေကြလိမ့်မယ်"
စိတ်ဝိညာဉ်ဘုရင်က လေထုအတွင်း၌ မျောလွင့်လာကာ ပြောဆိုသည်။
ဤစကားသည်...
လုပမ်ဝေကို လေထုအတွင်းသို့ မြောက်တတ်သွားသည့်အလား ခံစားရစေသည်။
သူသည် ဝမ်းသာပျော်ရွှင်စွာဖြင့် ခေါင်းမော့လိုက်၏။
"နားထောင်ကြ...မင်းတို့ နားထောင်ကြစမ်း...စိတ်ဝိညာဉ်လေးရဲ့ပါရမီအရည်အချင်းကို ချင် မင်းတို့တွေ ဘယ်လိုမှယှဥ်နိုင်မှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင်...
အောင်းချင်သည် အပြေးရောက်လာကာ မျက်နှာချိုသွေးသောအမူအယာဖြင့် လုပမ်ဝေ၏ပေါင်ကို ပွေ့ဖက်လိုက်သည်။
"ဟေး အစ်ကိုကြီး...ငါတို့မှာ ပါရမီမရှိတဲ့အတွက် မင်း အပြစ်မတင်သင့်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ဒီလောကကြီးထဲမှာရှိတဲ့ ဘယ်လိုစကားလုံးမျိုးနဲ့ ချီးမွမ်းရမယ်ဆိုတာ ငါ တကယ်ကို စဉ်းစားမရဘူး"
"အမှန်ပဲ....ဒီလောကကြီးထဲမှာရှိတဲ့ စာပေသူတော်စင်တွေတောင် ဒီကိစ္စကို ဖော်ပြနိုင်မှာမဟုတ်ဘူး"
"တော်ကြစမ်း...နေရာမှာ ထိုင်ကြတော့...ခုက ဆုလာဘ်တွေ ရယူရမယ့်အချိန်ပဲ"
လုပမ်ဝေက ပြောဆိုသည်။
...
အဝေးတစ်နေရာတွင်ရှိနေသော လူငယ်နှစ်ယောက်သည် မြေပြင်ပေါ်မှမတ်တတ်ထရပ်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ငါ မသေဘူး...ငါ မသေဘူး...ငါ မသေသေးဘူး"
ထောင့်တစ်နေရာတွင် လဲကျနေသော လီထျန်းသည် ထိုအသံကိုကြားချိန်၌ ချက်ချင်းငုတ်တုတ်ထထိုင်လိုက်၏။
"ဒုတိယညီလေး...တတိယညီလေး...မင်းတို့..."
"မင်းတို့အသက်ရှင်နေတာကိုမြင်ရတာ အရမ်းကောင်းတာပဲ"
လီထျန်း၏မျက်လုံးအတွင်းမှ မျက်ရည်များစီးကျလာပြီးနောက် သူတို့ညီအကိုသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ကြသည်။
ထိုအချိန်မှာပင်....
လုပမ်ဝေ၏အသံက သူတို့သုံးယောက်၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
"မင်းတို့သုံးကောင်က ဘာလို့ အမြန်လာပြီး ငွေမရှင်းသေးတာလဲ"
ထိုစကားကိုကြားချိန်၌ သူတို့သုံးယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
"ဒါက ဦးလေးအရိုးစုပဲ...ငါတို့ကို ဦးလေးအရိုးစုက ကယ်တင်ခဲ့တာပဲဖြစ်မယ်"
"မြန်မြန်လေး...ဦးလေးအရိုးစုကို သွားရှာပြီးတော့ ကျေးဇူးတင်စကား ပြောကြရအောင်"
သူတို့သုံးယောက်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်ကာ ချင်းထျန်းပိုင်ယွိဆောင်ကြာမြိုင်သို့ အပြေးသွားလိုက်ကြတော့သည်။
Chapter 615
သူတို့သုံးယောက်သည် ချင်းထျန်းပိုင်ယွိဆောင်ကြာမြိုင်ထံသို့ အပြေးပြန်လာခဲ့ကြသည်။
သူတို့၏အသက်ကို လုပမ်ဝေကယ်တင်ခဲ့သောကျေးဇူးကြောင့် သူတို့သည် အလျှင်အမြန်ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
"ဟူး...အင်မော်တယ်ကျောက်တုံးသန်းကိုးဆယ်...ဒါက အရမ်းစျေးကြီးတာပဲ"
အောင်းချင်က စိတ်ပျက်လက်ပျက်ပြောဆိုသည်။
"ဒီတစ်ကြိမ်ကစားပြီးတဲ့နောက်မှာ ငါ ဘယ်အချိန်ကျမှ နောက်တစ်ကြိမ် ထပ်ကစားနိုင်မလဲဆိုတာ မသိတော့ဘူး"
"ချင်...ဘာမှ စိတ်မပူနဲ့"
လုပမ်ဝေက ပြောဆိုသည်။
"မကြာခင်မှာပဲ ဒီအင်မော်တယ်နယ်မြေရဲ့ငွေကြေးစနစ်က ရွှေပြားတွေ ဖြစ်လာတော့မယ်"
"ဒါကြောင့် ငါတို့စုဆောင်းထားတဲ့ သန်းရာချီတဲ့ရွှေပြားတွေကို ငါတို့ အသုံးချနိုင်တော့မယ်"
"အစ်ကိုကြီး...တကယ်ပြောတာလား"
ကင်းခြေများသည် တွားသွား၍ ရောက်ရှိလာကာ ကခုန်ရင်းအော်ဟစ်လိုက်၏။
"ဒါက အမှန်ပဲ...မင်းတို့အစ်ကိုကြီးက ဘယ်သူလဲဆိုတာ မင်းတို့ မသိဘူးလား...တကယ်လို့ ဒီနယ်မြေရဲ့ငွေကြေးစနစ် မပြောင်းလဲဘူးဆိုရင် ငါက အဲ့ဒီကောင်ကို ထိုးပစ်မယ်"
လုပမ်ဝေက ခါးထောက်ရင်း ပြောဆိုကာ သူ၏ခေါင်းထက်သို့ ညင်သာစွာလက်ညှိုးညွှန်လိုက်သည်။
မိုးကောင်းကင်ယံ ရုတ်တရက် တုန်ခါသွားသည်။
"အစ်ကိုကြီး...မင်းက တော်တာပဲ"
သူတို့အားလုံးသည် လုပမ်ဝေထံသို့ ဝိုင်းအုံလာကာ သူ၏ခြေလက်များကို နှိပ်ပေးပြီး ယပ်ခတ်ပေးနေကြလေ၏။
"အစ်ကိုကြီး...ဒါဆိုရင် ငါတို့ ဆက်ပြီးအပျော်ရှာလို့ရပြီလား"
အောင်ချင်က သူ၏မျက်လုံးကိုမှေးစင်းကာ ပြောဆိုသည်။
"ငါက ဘယ်သုံးယောက် ညာသုံးယောက်ထားပြီးတော့...သူတို့တွေ ငါ့ကို စပျစ်သီးခွံကျွေးတာမျိုး လိုချင်တယ်"
"ဒါက ကိစ္စငယ်လေးတစ်ခုပဲ"
လုပမ်ဝေသည် ခုန်ထကာ ဆောင်ကြာမြိုင်၏တာဝန်ခံအမျိုးသမီးကို ခေါ်လိုက်သည်။
"ငါ မင်းကို ပြောမယ်....နာရီဝက်အတွင်းမှာ မိန်းကလေးအယောက်တစ်ရာကို ငါ လိုချင်တယ်"
"အခုချက်ချင်း သွားပြီးတော့...ငါ့အတွက် ချက်ချင်းစီစဉ်ပေးစမ်း"
သီးသန့်ခန်းအတွင်း၌ တဖန်ပြန်၍ သက်ဝင်လှုပ်ရှားလာသည်။
လုပမ်ဝေသည် သူ၏အဝတ်အစားများကို ချွတ်လိုက်သဖြင့် အဖြူရောင်အရိုးများသာ ကျန်ရှိသည်။ထိုနောက် မိန်းကလေးတစ်စု၏အသံများအကြားတွင် သူသည် လေဟာနယ်အတွင်း၌ လမ်းလျှောက်ပြနေလေ၏။
ထျန်းဖူအင်ပါယာမှ ပါရမီရှင်သုံးယောက်သည်လည်း သူတို့၏နံဘေးရှိ ထောင့်တစ်နေရာ၌ထိုင်ကာ သောက်စားနေသည်။
"အစ်ကိုကြီး...ငါတို့ရဲ့အမြင် ကျယ်သွားအောင်ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်ကို ထုတ်ပြပါအုံး"
လီသီက ဝိုင်အရက်သောက်ရင်း အော်ဟစ်လိုက်သည်။
"အမှန်ပဲ အစ်ကိုကြီး...ငါ့ကိုလည်း အမြင်ကျယ်အောင် ပြပေးပါအုံး"
နံဘေးတစ်ဖက်တွင်ရှိနေသော လီယန်ကလည်း ပြောဆိုသည်။
"ကောင်းပြီလေ"
လီထျန်းသည် ကြို့တစ်ချက်ထိုးကာ သိုလှောင်အိတ်အတွင်း၌ အချိန်အတော်ကြာ မွှေနှောက်ရှာဖွေပြီးနောက် ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်ကို ထုတ်ယူလိုက်၏။
"အမ် အစ်ကိုကြီး...ဒါက ဘာလဲ"
လီသီသည် မူးမူးရူးရူးဖြင့် လီထျန်း၏သိုလှောင်လက်စွပ်အတွင်းမှ တစ်စုံတစ်ခုကိုထုတ်ယူလိုက်၏။ဤသည်မှာ လူတစ်ယောက်၏ပုံတူကို ရေးဆွဲထားသော ပန်းချီကားချပ်တစ်ချပ်ပင်။
"အော်..."
"ဒါက ငါ့ကို တောင်ထိပ်သခင်ကောင်း ပေးထားတာပဲ...အဲ့ဒီလူရဲ့နာမည်က ရီဖုန်းလို့ခေါ်တယ်...တပည့်သစ်ယှဉ်ပြိုင်ပွဲအတွင်းမှာ ငါတို့က သူ့ကိုသတ်ရမယ်"
လီထျန်းက ရှင်းပြသည်။
သို့ရာတွင်....
သူ၏စကားလုံးများ ကျရောက်သွားသောအချိန်၌....
ဆူညံပွက်လောရိုက်နေသော သီးသန့်ခန်းတစ်ခန်းလုံး ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားသည်။
အပ်ကျသံကိုပင် ကြားနိုင်ပေ၏။
မူးယစ်နေသော လီထျန်းတို့ညီအကိုသုံးယောက်သည် သူတို့၏ခေါင်းများကို မော့ကြည့်လိုက်ကြပြီးနောက် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။
အကြောင်းအရင်းမှာ ဦးလေးအရိုးစုအပါအဝင် ဦးလေးငါးယောက်လုံးသည် တစ်ပြိုင်နက်တည်း ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ကြသောကြောင့်ပင်။
သူတို့ညီအစ်ကိုသုံးယောက်သည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် မည်သည်ကြောင့်ဟုမသိရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဒူးထောက်လိုက်သည်။
"အစ်ကိုကြီး...ငါတို့ ဘာလုပ်ကြမလဲ"
"သူတို့ကိုင်ထားတာက တကယ့်ကိုပဲ သခင့်ရဲ့ပုံတူဖြစ်နေတယ်...ဒါက ငါတို့နဲ့သခင် အရမ်းနီးကပ်နေပြီဆိုတာကို ညွှန်ပြနေတာပဲ"
"ငါတို့တွေ ဒီနေရာကိုလာပြီးတော့ အချိန်နဲ့ငွေတွေ ဖြုန်းတီးနေတယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီးသိသွားတာလဲ"
"အစ်ကိုကြီး...မင်း ထပ်ပြီးတော့ အမဲဖျက်ခံရတော့မယ်"
ထိုစကားလုံးများ ကျရောက်လာချိန်တွင်...
လုပမ်ဝေသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
"အစ်ကိုကြီး...ငါ့ကိုစောင့်ပါအုံး"
ခွေး ကင်းခြေများ ဝက်ဝံနက်နှင့် စိတ်ဝိညာဉ်ဘုရင်တို့သည်လည်း နောက်မှအလျှင်အမြန်လိုက်သွားတော့သည်။
"ဧည့်သည်တို့...နင်တို့ ဘယ်သွားကြမလို့လဲ.. ငါတို့အတွက်ငွေကိုလည်း မထားခဲ့ဘူး"
အခန်းအတွင်းတွင်ရှိနေသော မိန်းကလေးအရောက်တစ်ရာသည် သူတို့၏နောက်သို့ အလျှင်အမြန်လိုက်လံဖမ်းဆီးလေ၏။
ဤအချိန်အခိုက်အတန့်တွင်....
အခန်းအတွင်း၌ လီထျန်းတို့ညီအကိုသုံးယောက်သာ ကျန်ခဲ့သည်။
ဂတ်...ဂတ်...ဂတ်....
ဤအချိန်အခိုက်အတန့်တွင် ညီအစ်ကိုသုံးယောက်သည် ထောင့်တစ်နေရာ၌ စုပြုံပြီးထိုင်နေကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေသည်။
သူတို့၏အပေါ်မေးရိုးနှင့်အောက်မေးရိုးသည် အလိုအလျောက် တဂတ်ဂတ်ရိုက်နေလေ၏။
"သခင်....သခင်...အစ်ကိုကြီး...ဦးလေးအရိုးစုရဲ့သခင်..."
လီသီက ပုံတူကိုလက်ညှိုးညွှန်ပြပြီးနောက် တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ...အစ်ကိုကြီး ငါတို့ ဘာလုပ်ကြမလဲ...ငါတို့က ဦးလေးအရိုးစုရဲ့သခင်ကိုသတ်ဖို့ ကြံစည်နေခဲ့တာ...ငါတို့ ဘာလုပ်သင့်လဲ...ဦးလေးအရိုးစုက ငါတို့ကို သတ်မပစ်လောက်ဘူးမလား"
လီယန်သည် သူ၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်အထိ ထိတ်လန့်ကြောက်ရွံ့နေသည်။
ဖြောင်း....
လီထျန်းသည် သူ၏တင်ပါးကို သူ့လက်ဖြင့်တစ်ချက်ပြန်ရိုက်ကာ သူ၏စိတ်နှလုံးသားအတွင်းရှိ ကြောက်ရွံ့နေမှုကိုဖိနှိပ်ပြီး မတ်တတ်ထရပ်လိုက်သည်။
"ငါတို့တွေ သူ့ကိုသတ်မယ်လို့ ဘယ်အချိန်တုန်းက ပြောခဲ့လို့လဲ...ဒါက ငါတို့ရဲ့ဦးလေးရီမဟုတ်လား"
"အမှန်ပဲ...အစ်ကိုကြီးပြောတာ အမှန်ပဲ...ဒါက ငါတို့ရဲ့ဦးလေးရီ...."
တခြားညီအစ်ကိုနှစ်ယောက်သည် အသိဝင်သွားကာ အလျှင်အမြန်ပြောဆိုလိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်....
လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်သွားခြင်းနှင့်အတူ သူတို့ညီအစ်ကိုသုံးယောက်လုံး မူးဝေခြင်းကို ခံစားလိုက်ရသည်။
သူတို့၏မျက်လုံးများကို တစ်ဖန်ပြန်၍ဖွင့်ကြည့်လိုက်ချိန်တွင် သူတို့သည် တပည့်သစ်ယှဉ်ပြိုင်ပွဲမှ စမ်းသပ်လေဟာနယ်အတွင်းရှိ တောင်ထိပ်ပေါ်သို့ ပြန်ရောက်နေကြောင်း သိရှိလိုက်ရသည်။
"စီနီယာအစ်ကိုသုံးယောက်...မင်းတို့ ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ...ငါက မင်းတို့ကိုလိုက်ရှာနေတာ အချိန်အတော်ကြာနေပြီ"
ထိုအချိန်မှာပင် နေလတောင်ထိပ်မှတပည့်တစ်ယောက် ရောက်ရှိလာသည်။
"မင်းက ငါတို့ကို ဘာကိစ္စရှိလို့ ရှာနေတာလဲ"
ဝူထျန်းက မေးမြန်းသည်။
"တကယ်တော့ ရီဖုန်းကို သတ်မိန့်ပေးထားတဲ့ ကိစ္စအတွက်ကြောင့်ပဲ"
ထိုတပည့်က ပြောဆိုသည်။
သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် လီထျန်းသည် ထိုတပည့်၏လည်ပင်းကို လိမ်ချိုးလိုက်၏။
"မင်းရဲ့မိသားစုတစ်စုလုံးကိုပဲ သတ်ပစ်လိုက်စမ်း"
လီထျန်းက ဆဲဆိုလိုက်၏။
သူ၏နောက်ကျောတွင် ယခုချိန်ထိတိုင် ဇောချွေးများရွှဲနစ်နေဆဲပင်။
အကယ်၍ ယခင်ရက်အနည်းငယ်အတွင်းတွင် ကြုံတွေ့ခဲ့ရသော ကိစ္စများကြောင့်သာ မဟုတ်ပါက ဤဆရာကြီးသည် နေလဂိုဏ်းအတွင်း၌ ရောက်ရှိနေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"သွားကြစို့...ငါတို့တွေ နေလတောင်ထိပ်ရဲ့တပည့်တွေအားလုံးကို သတ်ကြမယ်...ဒါက ဦးလေးရီကိုတောင်းပန်တဲ့ ငါတို့ရဲ့သဘောထားကို ပြသတာပဲ"
လီထျန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
ထိုနောက် သူတို့ညီအစ်ကိုသုံးယောက်သည် အလင်းတန်းသုံးတန်းအသွင်သို့ ပြောင်းလဲကာ နေရာမှထွက်ခွာသွားတော့သည်။
Thank For Reading.