← Chapters

အခန်း (၆၂၁-၆၂၅)

Vol. 42 Ch. 621-625

အခန်း (၆၂၁-၆၂၅)

Vol. 42 Ch. 621-625

Chapter 621

"အပိုစကားတွေ အများကြီးပြောနေစရာမလိုဘူး"

"မင်းဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး..ဒါပေမဲ့ ငါ့ရဲ့နေလဂိုဏ်းက ထောင်နဲ့ချီတဲ့တပည့်တွေ သေဆုံးခဲ့ရမှုအတွက် အပြစ်ဒဏ်ကနေ မင်း ရှောင်ပြေးလို့ရမှာ မဟုတ်ဘူး"

"မင်း အသာတကြည် အဖမ်းခံပြီးတော့..ငါတို့ရဲ့စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းရမယ်"

နေလဂိုဏ်းချုပ်၏ ခေါင်းလောင်းသံနှင့်တူသော ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။

ရီဖုန်းအပေါ် တိုက်ရိုက်ရာဇသံပေးအပ်လိုက်ခြင်းပင်။

ဤသည်မှာ ရီဖုန်းကို မျက်မှောင်ကြုတ်သွားစေသည်။

"မင်းက ဆုံးဖြတ်ချက်မချခင် အမှားနဲ့အမှန်ကိုစုံစမ်းဖော်ထုတ်တာတောင် မလုပ်တော့ဘူးလား"

ရီဖုန်းက အသံနက်ကြီးဖြင့်မေးမြန်းကာ သူ၏နဖူးပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထွက်ပေါ်လာသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်း ဘာမှစိုးရိမ်စရာမလိုဘူး....ငါတို့တွေက နည်းလမ်းအမျိုးမျိုးကိုသုံးပြီးတော့ စုံစမ်းစစ်ဆေးပြီးပြီ"

နေလဂိုဏ်းချုပ်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ လူတွေအများကြီး သေဆုံးသွားခဲ့ရတယ်...တကယ်လို့ ငါတို့က အခုအချိန်မှာ မင်းကိုမဖမ်းဆီးဘူးဆိုရင် တခြားလူတွေရဲ့စိတ်နှလုံးသားကို တည်ငြိမ်အောင် ငါတို့က ဘယ်လိုလုပ်ပြီး ထိန်းသိမ်းနိုင်တော့မှာလဲ"

"ဟား ဟား ဟား ဟား...."

"လူတွေရဲ့စိတ်နှလုံးသားကို တည်ငြိမ်အောင်လုပ်မှာလား"

ရီဖုန်းက ဒေါသတကြီးပြောဆိုကာ အော်ဟစ်ရယ်မောလိုက်သည်။

ထိုရယ်မောသံ ရပ်တန့်သွားသောအချိန်တွင် သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။

"ငါက မင်းပြောသလို မလုပ်ဘူးဆိုရင် ဘာဖြစ်မှာလဲ"

"ဒါဆိုရင် ငါတို့ အတင်းအကြပ် မင်းကို ဖမ်းဆီးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့"

နေလဂိုဏ်းချုပ်က အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။

"မင်းရဲ့ခွန်အားက ကောင်းတယ်ဆိုတာ ငါသိပေမယ့်...ကျေးဇူးပြုပြီးတော့ မင်း ရှင်းရှင်းလင်းလင်း စဉ်းစားလိုက်စမ်းပါ..ဒီနေရာက ငါတို့နေလဂိုဏ်းရဲ့ပိုင်နက်ပဲ"

နေလဂိုဏ်းချုပ်၏အသံ ကျရောက်သွားသည်နှင့်အတူ သူ၏နောက်ရှိအကြီးအကဲများထံမှ အင်မော်တယ်အရှိန်အဝါများ ထွက်ပေါ်လာသည်။

ဤသည်မှာ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းပင်။

"ခွေးမသားလေး အဖမ်းခံလိုက်စမ်း...မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ထိုမြင်ကွင်းကိုကြည့်ပြီး ကောင်းရှစ်ကျီးကလည်း အော်ဟစ်လိုက်သည်။

"ဟား ဟား ဟား..."

သို့ရာတွင် နေလဂိုဏ်းချုပ်နှင့်အကြီးအကဲများထံမှ ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရချိန်တွင် ရီဖုန်းက ထပ်မံ၍ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

ဤရယ်မောသံတွင် စိတ်ပျက်မူများ ရောယှက်နေပေ၏။

သူ အလွန်အမင်း စိတ်ပျက်နေမိသည်။

ဤသည်မှာ သူကူးပြောင်းလာစဉ်အချိန်မှစတင်၍ အချိန်အတော်ကြာ တောင့်တခဲ့ရသောအင်မော်တယ်ကျင့်ကြံခြင်းဖြစ်သလော...

သူ ယခင်က စိတ်ကူးယဥ်တွေးတောထားခဲ့သော အင်မော်တယ်ကျင့်ကြံခြင်းလောက၏ဘဝသည် ဤကဲ့သို့ မဟုတ်ချေ။

အင်မော်တယ်ကျင့်ကြံခြင်းလောကတွင် အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခြင်းများရှိနေနိုင်သည်။ရတနာများကို လိုက်လံရှာဖွေခြင်းမှ သတ်ဖြတ်ခြင်းများ ရှိနိုင်သော်လည်း မိတ်ဆွေနှစ်ယောက်ဆုံတွေ့ချိန်တွင် ဝိုင်အရက်သောက်ရင်း စကားပြောဆိုကာ အတူတကွပျော်ရွှင်နိုင်သည်မဟုတ်လော....

ဤလောကတွင် တိုက်ပွဲများ ရှိနေနိုင်သော်လည်း အကျပ်အတည်းတစ်ခုခုနှင့် ကြုံတွေ့ရပါက အခက်အခဲများကို အတူတကွဖြတ်ကျော်ကာ ပူးပေါင်းဆောင်ရွက်သင့်သည်မဟုတ်လော....

မည်သည်ကြောင့် အစဉ်အမြဲ သွေးများစွန်းထင်းနေရမည်နည်း....

အင်မော်တယ်လောက၏လွတ်လပ်မှုသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း...

ဤသည်မှာ တစ်စုံတစ်ယောက်၏ထိန်းချုပ်ခြင်းကို ခံထားရသော သေမျိုးလောကကြီးနှင့် မည်သည့်ကွာခြားချက်မျိုး ရှိနေတော့မည်နည်း....

အင်မော်တယ်လောကအတွင်း၌...

သူသည် အရာအားလုံးကို ဝိုးတဝါးသာ တွေ့မြင်မိသည်။

ခွန်အားမှလွဲ၍ တခြားမည်သည့်အရာမျှ ရှိမနေချေ။

နေလဂိုဏ်းအတွင်း၌ သူ နေထိုင်ခဲ့သည့် တိုတောင်းသောအချိန်ကာလအတွင်းတွင် အကျိုးအမြတ်အတွက် ရုန်းကန်နေမှုများ ခြေပုန်းခုတ်နေခြင်းများ သွေးထွက်သံယိုများ သတ်ဖြတ်ခြင်းများနှင့် အရှက်မဲ့သောအပြုအမူများကိုသာ မြင်တွေ့ခဲ့ရသည်။

'ခွေးစနစ်....'

'ငါ အခုနားလည်သွားပြီ...မင်းက ငါ့ကို အဆင့်ငါးဆယ်မြှင့်တင်ပေးပြီးတဲ့နောက်မှာ ငါ ဘာလို့ ကွဲပြားခြားနားတဲ့မြင်ကွင်းတွေကို မြင်ခဲ့ရလဲဆိုတာ ငါ သိသွားပြီ'

'ဒီတစ်ကြိမ်တော့ မင်းရဲ့သတိပေးမှုအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်'

'တကယ်လို့ ငါက ဒီအတိုင်းဆက်သွားမယ်ဆိုရင် ငါလည်း သူတို့လိုမျိုး အောက်တန်းကျတဲ့လူတစ်ယောက် ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်'

'အကျိုးအမြတ်အတွက် ရည်မှန်းချက်ပန်းတိုင်အတွက် ခွန်အားအတွက် သူတို့က ဘာမဆိုလုပ်နိုင်တယ်'

သူ ပြန်လည်တွေးတောမိချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အနည်းငယ်ထိတ်လန့်ကြောက်ရွံ့လာမှုကို သူ ခံစားရသည်။

အကြောင်းအရင်းမှာ သူသည် နေလဂိုဏ်းအတွင်း၌ ဆက်၍ရှိနေပါက..

သတ်ဖြတ်ခြင်း၏အရသာသည် သူ့ကို လွှမ်းခြုံသွားပေမည်။

သူသည် စွမ်းအားများမြင့်တက်လာရန်ဟူသော အကြောင်းပြချက်ဘောင်အတွင်း၌ လှောင်ပိတ်မိနေပေမည်။

သူ့အတွက်နှင့် ရှင်းခြံတောင်ထိပ်မှတပည့်အမြောက်အများ သေဆုံးသွားသောအချိန်၌ သူသည် ဒေါသထွက်ခြင်းမှလွဲ၍ ဝမ်းနည်းကြေကွဲခြင်းကို များစွာခံစားခဲ့ရခြင်းမရှိချေ။

ဤသည်မှာ သူ့ကိုယ်သူ အနည်းငယ်ပျောက်ဆုံးသွားစေခြင်းပင်။

သူသည် တခြားလူများအားလုံးကို လျစ်လျူရှုကာ လျှူယန်ကို လှည့်ကြည့်လိုက်၏။

"တောင်ထိပ်သခင်...ဒီအချိန်အတောအတွင်းမှာ မင်းရဲ့စောင့်ရှောက်ပေးမှုတွေအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်"

ရီဖုန်းက အနည်းငယ်ဦးညွှတ်အရိုအသေပြုလိုက်သည်။

ဤသည်ကြောင့် လျှူယန်၏မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်မှု အရိပ်အယောင်များထင်ဟပ်လာသည်။သူမသည် အံ့တင်းတင်းကြိတ်ထားကာ သူမ၏မျက်လုံးအတွင်း၌ မျက်ရည်စများရှိနေပြီး သူမ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"မင်းတို့အားလုံး ငါ့အပေါ် ဂရုစိုက်ပေးခဲ့မှုတွေအတွက် ငါ ကျေးဇူးတင်ပါတယ်"

ရီဖုန်းသည် ရှင်းချန်တောင်ထိပ်မှစီနီယာအစ်ကိုများကိုကြည့်ကာ ထပ်မံ၍ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဂျူနီယာညီလေးရီဖုန်း..."

"မင်း ဒီလိုမလုပ်ပါနဲ့"

"ငါတို့က ညီအကိုတွေပဲလေ"

"အဲ့ဒီလို မလုပ်ပါနဲ့...အဲဒီအချိန်တုန်းက မင်းကို နေလတောင်ထိပ်ကတပည့်တွေ အရင်ဆုံးသတ်ချင်နေခဲ့တာ...ငါတို့အားလုံး အတူပူးပေါင်းပြီးတော့ ဂိုဏ်းချုပ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြမယ်ဆိုရင် ဒါက အဆင်ပြေသွားမှာပါ"

ယန်ရီတို့လူစုသည် နီမြန်းနေသောမျက်လုံးများနှင့် စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်ကြသည်။

ရီဖုန်းသည် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ကာ သူတို့ကိုကြည့်ပြီး ခပ်ဖျော့​ဖျော့ပြုံးလိုက်၏။

ထို့နောက် သူသည် နောက်သို့ချာခနဲလှည့်ကာ...

အနောက်ဘက်တောင်ကို ကြည့်လိုက်သည်။

ထိုနေရာတွင်ကျင်းပသော တပည့်သစ်ယှဉ်ပြိုင်ပွဲကြီးအတွင်း၌ ရှင်းချန်တောင်ထိပ်မှတပည့်အမြောက်အများသည် သူ့အတွက်နှင့် သူတို့၏အသက်များ ဆုံးရှုံးသွားခဲ့ရသည်။

သူ ဒူးတစ်ဖက်ထောက်လိုက်၏။

ဤဒူးထောက်ခြင်းနှင့်အတူ လောကကြီးတခွင်လုံး အရောင်ပြောင်းလဲသွားကာ တုန်ခါသွားသည်။

"ဒီလူက...ဒီလူက ဦးလေးအရိုးစုရဲ့သခင်ဖြစ်ဖို့ ထိုက်တန်တယ်...သူက အရမ်းရိုသေလေးစားဖို့ ကောင်းတာပဲ"

ထျန်းဖူအင်ပါယာမှ ညီအကိုသုံးယောက်၏ခန္ဓာကိုယ်များ တုန်ရီနေကာ ချီးမွမ်းစကားပြောဆိုလိုက်သည်။

သို့ရာတွင် ဤဒူးထောက်ခြင်းသည်...

ရီဖုန်းအတွက် ထိုက်တန်သောကိစ္စပင်။

ဤသည်မှာ သူ၏အသိစိတ်...

ဤသည်မှာ အစစ်အမှန် ရီဖုန်းပင်။

သူတို့ သေဆုံးသွားသောအချိန်တွင် သူသည် စနစ်မှအဆင့်မြှင့်တင်ခြင်း အလယ်တွင်ရှိနေကာ ပြင်ပ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို လုံးလုံးလျားလျား သတိမပြုမိချေ။

သို့ရာတွင် သူ့၏အပြစ်ရှိသည်ဟူသောစိတ်မှ ကင်းလွတ်နိုင်မည် မဟုတ်ချေ။

"မင်းတို့အတွက် တရားမျှတမှု ယူပေးမယ့်အချိန်ကို မင်းတို့စောင့်နေကြပါ"

ရီဖုန်းသည် အနောက်ဘက်တောင်ကိုကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ထို့နောက်သူ၏အကြည့်သည် နေလဂိုဏ်းချုပ်ထံသို့ ကျရောက်သွားပြီ။

"ငါက မင်းတို့နဲ့ ထပ်ပြီးငြင်းခုံမနေချင်တော့ဘူး"

"တကယ်လို့ မင်းတို့ ငါ့ကိုဖမ်းဆီးချင်တယ်ဆိုရင် အမြန်ဆုံးလုပ်ကြတော့"

ရီဖုန်းက ပြတ်သားစွာ ပြောဆိုသည်။

"ကောင်းပြီလေ...မင်းရဲ့ခွန်အားက မင်းရဲ့လေသံလို မာမမာဆိုတာ ကြည့်ကြသေးတာပေါ့"

နေလဂိုဏ်းချုပ်၏မျက်နှာ သုန်မှုန်သွားသည်။

သူသည် အကြီးအကဲများကို မျက်စာပစ်ပြလိုက်ပြီးနောက် ရုတ်ချည်းဆိုသလိုပင် ပြန်လည်ဝင်စားခြင်းအင်မော်တယ်ဆယ်ယောက်ကျော် ရှေ့သို့ထွက်လာသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် အရောင်ပြောင်းလဲသွားသည်။

သူတို့၏အင်မော်တယ်စွမ်းအားများမှ ထွက်ပေါ်လာသော အရောင်အသွေးများ ရောယှက်နေကာ လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

လေ့ကျင့်ရေးကွင်းပြင်အတွင်းတွင်ရှိနေသော လူများသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြ၏။

ဤကဲ့သို့ အစွမ်းထက်သောအရှိန်အဝါအောက်တွင် အကယ်၍ သူတို့အား အနည်းငယ် ထိခိုက်မိပါက သူတို့၏ခန္ဓာကိုယ်များ တစစီကြေမွှပျက်စီးသွားပေမည်။

"ထောင်ထိပ်သခင် သွားကြစို့...နောက်ကို ဆုတ်ကြရအောင်"

ယန်ရီတို့လူစု၏ဆွဲခေါ်မှုအောက်တွင် လျှူယန်သည် အစွန်ဘက်တစ်နေရာသို့ ရောက်ရှိသွားလေ၏။

သူမ၏မျက်လုံးများ နီမြန်းနေကာ သွေးနီရောင်သန်းနေသည်။

သူမ၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်းသည် မည်သူမည်ဝါဖြစ်နေပါစေ သူမ၏ရှင်းချန်တောင်ထိပ်မှ တပည့်တစ်ယောက်ပင်။

ရီဖုန်း ပထမဆုံးရောက်ရှိလာစဉ်၌ ကောင်းရှစ်ကျီးအားသတ်ဖြတ်ရန် သူမအား ကူညီပေးမည်ဟု သာမန်ကာလျှံကာ ပြောဆိုခဲ့သည်အား သူမ အမှတ်ရနေဆဲပင်။

သူမတို့နှစ်ယောက် သိကျွမ်းခဲ့ခြင်းသည် အချိန်ကြာမြင့်ခြင်းမရှိသဖြင့် သူမတို့၏ဆက်ဆံရေးသည် လေးနက်ခြင်းမရှိချေ။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ လျှူယန်သည် သူ့ကိုကာကွယ်ပေးရန်အတွက် သူမထံတွင် အစွမ်းအစကင်းမဲ့နေသကဲ့သို့ ခံစားနေရသည်။

"တိုက်ကြစမ်း...."

ဆယ်နှင့်ချီသောအကြီးအကဲများ၏ ပူးပေါင်းတိုက်ခိုက်မှုများသည် အရပ်မျက်နှာအဘက်ဘက်မှ ကျရောက်လာက ရီဖုန်းကို လွမ်းခြုံသွားသည်။

အလယ်ဗဟို၌ ရီဖုန်းသည် တိုက်ခိုက်မှုများကို ပြောင်ပြောင်တင်းတင်းခံယူနေကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ အမျိုးမျိုးသောတိုက်ခိုက်မှုများ ရစ်သိုင်းလွှမ်းခြုံနေသည်။ သူ၏အဖြူရောင်ဝတ်စုံသည် လူးလွန့်နေကာ သူ့၏ဆံပင်ရှည်များလည်း ပျံ့လွင့်နေပေ၏။

ရုတ်တရက်...

သူ၏လက်ဝါးကို တစ်ချက်လှုပ်ယမ်းလိုက်ခြင်းနှင့်အတူ သူ့အပေါ်သို့ ရစ်သိုင်းလွှမ်းခြုံနေသော တိုက်ခိုက်မှုများအားလုံး လေပူဖောင်းများအလား ချက်ချင်းပျက်ပြယ်သွားသည်။

"ဘာ..."

"မဖြစ်နိုင်ဘူး..."

ဤမြင်ကွင်းကိုကြည့်ပြီး နေလဂိုဏ်းချုပ်နှင့်အကြီးအကဲများ၏ မျက်လုံးများပြူးကျယ်သွားကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

သို့ရာတွင် ထိုအသံကျရောက်သွားသည်နှင့်အတူ အစွမ်းထက်သောတန်ပြန်အားလှိုင်းတစ်ရပ် ရောက်ရှိလာသည်။

ဘန်း...ဘန်း...ဘန်း...

အကြီးအကဲများသည် ကြယ်ပျံများအလား လွင့်ထွက်သွားကာ အဆောက်အအုံများနှင့်ရိုက်ခတ်မိပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။သူတို့အားလုံးသည် ချွင်းချက်မရှိဒဏ်ရာအပြင်းအထန်ရရှိသွားကာ သေလုမျောပါးဖြစ်သွားကြလေပြီ။

ဤမြင်ကွင်းကြောင့် တိုက်ပွဲကိုစောင့်ကြည့်နေကြသော လူများအားလုံးထံမှနေ၍ ထိတ်လန့်တကြားအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

"ဒါက...."

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ"

"ငါ အမြင်များ မှားနေတာလား"

လူအုပ်အကြားတွင်ရှိနေသော လျှူယန်သည် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်ကာ သူမ၏နှုတ်ခမ်းကိုကိုက်ထားပြီး မယုံကြည်နိုင်မှုကို ခံစားနေရသည်။

တခြားတစ်ဖက်တွင် ကောင်းရှစ်ကျီးထံ၌ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေကာ သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါနေပြီး ဇောချွေးများရွှဲနစ်နေသည်။

"မင်း...မင်းက ဘယ်သူလဲ"

မြေပြင်ပေါ်၌လဲကျနေသော နေလဂိုဏ်းချုပ်၏ပါးစပ်မှ သွေးများပန်းထွက်လာကာ သူ့ထံတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။သူက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

"ငါကလား...."

ရီဖုန်းက သူ၏ခေါင်းကို အနည်းငယ်မော့ကာမိုးကောင်းကင်ယံကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက ပြောဆိုသည်။

"ငါက သေမျိုးတစ်ယောက်ပဲ"

"သေမျိုးတစ်ယောက်လား...."

နေလဂိုဏ်းချုပ်၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သေမျိုးတစ်ယောက်သည် မည်သည်နည်းဖြင့် အင်မော်တယ်နယ်မြေသို့ ရောက်လာနိုင်မည်နည်းဟု တိတ်တဆိတ် စောဒကတက်လိုက်မိသည်။

သို့ရာတွင် အကယ်၍ သူသည် ထိုရလဒ်ကိုလက်မခံလိုသည့်တိုင် ရီဖုန်းသည် သူတို့၏နေလဂိုဏ်းအတွက် မကျော်လွှားနိုင်သော တည်ရှိမှုကြီးဖြစ်ကြောင်း သူ နားလည်သဘောပေါက်သည်။

အကယ်၍ သူ ဆန္ဒမရှိလျှင်ပင် အမှားကျူးလွန်ခဲ့မိပြီဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်၍မရတော့ချေ။

ဤကဲ့သို့ လူတစ်ယောက်၏ရှေ့တွင် မည်သည့်ရုန်းကန်မှုမျိုးမဆို အချည်းနှီးဖြစ်ကြောင်း သူ နားလည်သဘောပေါက်သည်။

"ငါက မင်းရဲ့ရည်ရွယ်ချက်ကို မသိပေမယ့်..ငါတို့နေလဂိုဏ်းရဲ့စွမ်းအားက မင်းလောက်မကောင်းဘူးဆိုတာ ငါ သိတယ်...ဒါကြောင့် ငါ့မှာ တခြားဘာစကားမှ ထပ်ပြောစရာမရှိတော့ဘူး"

"တကယ်လို့ မင်း ငါတို့ကို သတ်ချင်တယ်ဆိုရင်တောင်...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့တောင်းဆိုချက်ကို နားထောင်ပေးပါ"

"တပည့်တွေကို မင်း အသက်ရှင်ရက်ချန်ထားပေးဖို့ပဲ ငါ မျှော်လင့်မိတယ်"

ထိုနောက် သူ၏မျက်လုံးများကို စုံမှိတ်လိုက်၏။

သို့ရာတွင် သူ အချိန်အတော်ကြာစောင့်ဆိုင်းသည့်တိုင် ရီဖုန်းသည် သူ့အား တစ်စုံတစ်ခုကို​မျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သူ သိရှိလိုက်ရသည်။

"ဘာလို့လဲ""

သူက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ငါက အစကနေအဆုံးထိ မင်းကို နည်းနည်းလေးတောင် စိတ်မဝင်စားခဲ့ဘူး"

"မင်း ဘာကိုမှအတွေးလွန်နေဖို့မလိုဘူး...ငါ သတ်မယ့်လူက နေလတောင်ထိပ်သခင်ကောင်းရှစ်ကျီးတစ်ယောက်တည်းပဲ"

"မင်းကိုယ်တိုင်ပဲ လုပ်လိုက်ပါ"

ရီဖုန်းက သူ့ကို သာမန်ကာလျှံကာတစ်ချက်ကြည့်ပြီးနောက် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

နေလဂိုဏ်းချုပ်၏ခေါင်း ငိုက်စိုက်ကျသွားလေ၏။

ရီဖုန်းသည် သူ၏ခေါင်းကိုတိမ်းစောင်းကာ လျှူယန်ကို ကြည့်လိုက်သည်။

"ငါပြောထားတဲ့စကားကို အခု အကောင်အထည်ဖော်လို့ရပြီ"

ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လူအုပ်အကြား၌ ကောင်းရှစ်ကျီး တုန်တုန်ရီရီဖြစ်နေကာ ထွက်ပြေးနိုင်ရန် ကြိုးစားနေခဲ့သည်။သို့ရာတွင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က သူကို ချက်ချင်းဖမ်းမိသွားလေ၏။

"အား...."

"ကယ်ကြပါ..."

"ရီ...ရီဖုန်း...အား မဟုတ်ဘူး စီနီယာ...ငါ တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး...မင်းက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ မသိခဲ့ဘူး...တကယ်လို့ ငါ အစကသာ ကြိုသိခဲ့ရင်...."

သူသည် သွေးရူးသွေးတန်းအော်ဟစ်နေကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။

သို့ရာတွင် ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။

ရီဖုန်းသည် ကောင်းရှစ်ကျီး၏အသက်ကိုနှုတ်ယူပြီးနောက် အလောင်းကို လျှူယန်၏ရှေ့သို့ ပစ်ချလိုက်သည်။

လျှူယန်သည် သူမ၏ခြေထောက်အနီးရှိ ကောင်းရှစ်ကျီး၏အလောင်းကိုကြည့်ကာ သူမ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီနေသည်။သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များကျလာမှုကို သူမ ထိန်းချုပ်မထားနိုင်တော့ချေ။

"နှုတ်ဆက်ခဲ့ပါတယ်"

ရီဖုန်းသည် သူမကို ပေါ့ပေါ့ပါးပါးပြုံးပြကာ သိုလှောင်လက်စွပ်အတွင်းမှ ဝိုင်တစ်ခရားကို ထုတ်ယူလိုက်၏။ထို့နောက် သူသည် နောက်သို့ချာခနဲလှည့်ကာ တောင်အောက်သို့ ဖြည်းညှင်းစွာဆင်းသွားတော့သည်။

ဝိုင်အရက်များ သူ၏လည်ချောင်းအတွင်းသို့ရောက်ရှိသွားချိန်တွင် ခါးသက်မှုနှင့်ချိုမြိန်မှုကို ရောယှက်ခံစားလိုက်ရကာ....

ထောင်သောင်းချီသော မျက်လုံးအကြည့်များ၏အောက်တွင်

သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းဖြင့်....

ရီဖုန်း၏နောက်ကျောပြင်သည် အရိပ်အယောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

Chapter 622

ရီဖုန်းသည် ထွက်ခွာလာခဲ့ပြီးနောက်...

နေလဂိုဏ်းနှင့်ဝေးကွာသောနေရာသို့ ရောက်ရှိသွားလေပြီ။

အမှန်အားဖြင့် သူ့ထံတွင် ရုတ်တရက် ဤကဲ့သို့ နားလည်သဘောပေါက်မှုမျိုး ရှိလာရသည့် အကြောင်းအရင်းကို သူ မသိရှိချေ။

နေလဂိုဏ်းအတွင်းမှ ခြေပုန်းခုတ်ကြံစည်မှုများသည် သူ့အားပင်ပန်းနွမ်းနယ်စေခြင်း သို့မဟုတ် ရှင်းချန်တောင်ထိပ်မှတပည့်များ၏ သေဆုံးသွားခြင်းကို သူ မြင်တွေ့ခဲ့ရခြင်း စသော အကြောင်းအရင်းများကြောင့် ဖြစ်နေသလော....

သူ အမှန်တကယ်ကို မသိရှိ​ချေ။

သို့ရာတွင် သူ ရှင်းရှင်းလင်းလင်းခံစားမိသည်မှာ သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှနေ၍ အသံတစ်သံမှ သူ့အားဆင့်ခေါ်နေကာ မသိစိတ်မှနေ၍ သူ့အားသတိပေးနေသည့်အလားပင်။

စနစ်အဆင့်မြှင့်တင်နေချိန်တွင် သူ၏အဆုံးသတ်မျိုးစုံကို မြင်တွေ့ခဲ့ရသောကိစ္စသည် သူ၏စိတ်နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။

ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသော ခံစားမှုတစ်ခုဖြစ်ပြီး....

ဖမ်းဆုပ်ရန် မဖြစ်နိုင်​ချေ။

တပည့်ယှဉ်ပြိုင်ပွဲကြီးအတွင်း၌ သူသည် သရဲတစ္ဆေများကိုနှိမ်နင်းနိုင်သော နတ်ဘုရားတစ်ပါးနှင့်တူညီနေသည်။

သို့ရာတွင် သောက်ရေးမပါလှစွာဖြင့်...

ဤသည်မှာ သူ တခဏတာပျော်ရွှင်ရရုံသက်သက်ပင်။

အင်မော်တယ်တစ်ယောက်ဖြစ်လာကာ ကျင့်ကြံရသော နေ့ရက်များသည် အမှန်အားဖြင့် ယခင်သူ၏သေမျိုးဘဝမှ နေ့ရက်များကဲ့သို့ သာယာကြည်နူးဖွယ်မကောင်းချေ။

ထို့ပြင် ယခုလက်ရှိချိန်၌ သူ့ထံတွင် ခွန်အားရှိနေသည့်တိုင် တစ်ခါတစ်ရံ၌ ခွန်အားကြီးမားချင်ယောင်ဆောင်ရသည့် အချိန်အခိုက်အတန့်များလည်း ရှိနေသည်။

"ဟူး..."

"ကြီးမားတဲ့ကပ်ဘေးကြီးတော့ အဆုံးသတ်သွားပြီ"

"ဒီဆန်ကုန်မြေလေးက နောက်ဆုံးတော့ ငါရဲ့ရွှေပြားတွေကို မစွန့်လွှတ်ရဘဲ သုံးစွဲနိုင်မယ့်အခွင့်အရေးကိုပြန်ပြီးဖန်တီးနိုင်ခဲ့ပြီ

စားသောက်ဆိုင်တစ်ဆိုင်၏ပြင်ပတွင် လုပမ်ဝေသည် သူ၏ရွှေပြားများကိုဆုပ်ကိုင်ကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

သူ၏ခါးကို အနည်းငယ်တွန်းလိမ်လိုက်ခြင်းနှင့်အတူ...

"ငါတို့ဂုဏ်ပြုဖို့အတွက် ပွဲလေးတစ်ခုကို အရင်ဆုံးကျင်းပကြရအောင်"

"ဒီနေ့ရွှေပြားသန်းတရာကို အရင်ဆုံးသုံးဖြုန်းရမယ်"

ကျွန်းပေါ်၌...

ဖားတကောင်နှင့်ခရုတစ်ကောင်သည် မြေပြင်ပေါ်၌လဲလျောင်းနေကာ ရက်ပေါင်းများစွာကြာမြင့်သည်အထိ လှုပ်ရှားခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်တွင် ထိုသားရဲနှစ်ကောင်သည် အချင်းချင်း စူးစူးဝါးဝါးကြည့်လိုက်ကြ၏။

"အုံးအွမ် အုံးအွမ်...မင်း ဘာလို့ ဒီအရှင်ကိုစိုက်ကြည့်နေတာလဲ"

"ဖရူး ဖရူး...မင်းက ဘာကောင်မလို့ ငါက ဂရုစိုက်ရမှာလဲ"

ထိုသားရဲနှစ်ကောင်သည် မြေပြင်ပေါ်၌လဲလျောင်းနေရာမှထပြီး နေရာအနှံ့အပြား၌ လူးလိမ့်ကာ သတ်ပုတ်ကြတော့သည်။နောက်ဆုံး၌ ခရုသည် သူ၏ဦးမှင်မွှေးဖြင့် ဖားကိုရိုက်နှက်လိုက်ပြီးနောက် အနိုင်ရရှိသွားတော့သည်။

မိုးမြေဂိုဏ်းနှင့် အဝေးတစ်နေရာ၌....

ယဲ့ပေသည် ဧကရာဇ်အဆင့်ရတနာကို ကြမ်းတိုက်ဝတ်အဖြစ် ပြောင်းလဲအသုံးပြုကာ သိုင်းပညာခန်းမကို ဂရုတစိုက်သန့်ရှင်းရေးလုပ်နေခဲ့သည်။

ဆရာကြီးရီ ပြင်ပသို့​ထွက်ခွာသွားစဉ်အချိန်မှစ၍ ဤသည်မှာ သူ၏နေ့စဉ်အလုပ်ဖြစ်လာခဲ့သည်။

သိုင်းပညာခန်းမ၏ထောင့်တစ်နေရာတိုင်းကို သန့်ရှင်းရေးလုပ်ပြီးနောက် သူသည် ခါးဆန့်ကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး လေးလေးနက်နက် တွေးတောလိုက်သည်။

သူသည် ဝက်ဝံအသည်းနှင့်ကျားသစ်အူကိုစားကာ သိုင်းပညာခန်းမ၏တံခါးကိုကန်ဖွင့်ပြီးနောက် ဆရာကြီးရီ၏ဟင်းရွက်ခြင်တောင်းဖြင့် ရိုက်နှက်ခံခဲ့ရသည့်မြင်ကွင်းကို သူ အမှတ်ရနေဆဲပင်။

ဤသည်မှာ အချိန်ကြာမြင့်ခြင်းမရှိသော်လည်း သူ၏ဘဝသည် ထိုဟင်းရွက်ခြင်းတောင်းကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်သွားခဲ့သည်။

"ဆရာကြီး ဘယ်ချိန်မှပြန်လာမလဲဆိုတာ ငါ မသိဘူး"

သူ့ထံတွင် အတွေးများဖြင့်ပြည့်နှက်နေသည်။

ရုတ်တရက် သူသည် အနောက်ဖက်ခြံဝန်းအတွင်းတွင်ရှိနေသော ကျိုင်းပင်အိုကြီးကို သတိပြုမိသွားသည်။

သူ ထိုနေရာသို့ သွားကြည့်လိုက်ပြီးနောက်...

"ငါ အမြင်မှားနေတာများလား"

"အရင်တုန်းက ဒီကျိုင်းပင်အိုကြီးက သစ်ရွက်တွေ အမြဲတမ်းကြွေကျနေခဲ့တာ...ဒီနေ့ကြည့်ရသလောက်တော့ ဒီအပင်က ရွက်နုတွေပြန်ထွက်လာတဲ့ပုံပဲ"

"ဒါဆိုရင်လည်း ကောင်းပြီလေ...ငါက မစင်သယ်တဲ့လူကို မစင်ပုံးနှစ်ပုံးလောက် ယူလာခိုင်းပြီးတော့ ဒါကိုလောင်းလိုက်မယ်"

"ဆရာကြီးရီ ပြန်လာတဲ့အချိန်ကျရင် သစ်ပင်ရဲ့အရိပ် ပိုပြီးကြီးမားလာတာကိုမြင်ပြီး ပျော်သွားနိုင်တယ်"

ထိုစကားလုံးများ ကျရောက်သွားချိန်တွင်...

သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျသွားသည်။

အင်မော်တယ်နယ်မြေအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌....

ရီဖုန်းသည် ပြတင်းပေါက်၏နံဘေးရှိစားပွဲ၌ထိုင်နေကာ ဝိုင်အရက်ကို တစ်ငုံချင်းငုံ၍သောက်နေသည်။

"ဆရာကြီး ငါတို့တွေ အရိပ်ကျွန်းကို ဘယ်အချိန်ပြန်ကြမလဲ"

သူ၏နောက်တွင် ကုံးချန်က ရိုသေလေးစားသောအမူအယာဖြင့် မတ်တတ်ရပ်နေသည်။

"ရက်နည်းနည်းလောက်ကြာရင်..."

ရီဖုန်းက သာမန်ကာလျှံကာ တုံ့ပြန်လိုက်သော်လည်း သူ၏စိတ်သည် အစောပိုင်းက စားပွဲပေါ်သို့ မတော်တဆပြုတ်ကျသွားသော သိုးသားပေါ်တွင်သာရှိနေသည်။

ဖြတ်သွားဖြတ်လာများအနက် မည်သူ​ကမျှ သူ့ကို အာရုံစူးစိုက်ခြင်းမရှိချေ။

သူသည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ထိုတိုးသားတုံးကိုကောက်ယူကာ သူ၏ပါးစပ်အတွင်းသို့ထည့်လိုက်၏။

'အရသာရှိလိုက်တာ...'

'ငါ့ကို ဘယ်သူမှ မြင်မသွားလောက်ဘူးမဟုတ်လား'

ရီဖုန်းက သူ့၏ခေါင်းကိုအနည်းငယ်တိမ်းစောင်း၍ကြည့်လိုက်ရာ ကုံးချန်သည် သူ့အားစူးစိုက်၍ကြည့်နေသည်ကို ရှာဖွေတွေ့ရှိမိသည်။

'အရှင်က ပတ်ဝန်းကျင်ကို တကယ်ဂရုမစိုက်တာပဲ...သူက အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲနေတယ်'

ကုံးချန်သည် သူ၏စိတ်နှလုံးသားအတွင်းမှ သက်ပြင်းတစ်ချက်ရှိုက်ကာ ရီဖုန်းအပေါ် ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေသည်။

'ဒါက ပြီးသွားပြီ...ငါ အရှက်ကွဲတော့မှာပဲ'

ရီဖုန်း၏မျက်နှာပေါ်တွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေကာ သူ၏စိတ်နှလုံးသားဖရိုဖရဲဖြစ်နေသည်။အစောပိုင်းက အရှက်ရဖွယ်ကိစ္စကို ဤကောင်စုတ် မြင်သွားခဲ့သလော။

လူနှစ်ယောက်သည်...

တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

အချိန်အတော်ကြာပြီးနောက်...

ရီဖုန်းက အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကုံးချန်ကိုကြည့်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကုံးချန်ကလည်း အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ရီဖုန်းကို တုံ့ပြန်ကြည့်သည်။

'ကောင်းပြီလေ...ငါ့ရဲ့မျက်လုံးထဲကအဓိပ္ပာယ်ကို သူ နားလည်မှာပါ'

ရီဖုန်းက ထိုသို့သွေးတောလိုက်သည်။

'အင်း...ဆရာကြီးက ငါ့ရဲ့မျက်လုံးထဲကအဓိပ္ပါယ်ကို နားလည်မှာပါ...ငါက သူ့အပေါ်မှာ ရိုးရိုးသားသားဆက်ဆံပြီးတော့ သစ္စာစောင့်သိတယ်'

ကုံးချန်ကလည်း တွေးတောလေ၏။

ထိုသို့တွေးတောရင်း နှစ်ဖက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် တဖန်ပြန်၍ကြည့်လိုက်ကြသည်။

နားလည်သဘောပေါက်သည်ဟူသော အပြုံးကိုယ်စီဖြင့်....

"ဒါနဲ့ မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်ကို ရောက်သွားပြီလဲ"

ရီဖုန်းက စကားလမ်းကြောင်းပြောင်း၍ မေးမြန်းသည်။

"ဆရာကြီး...ငါက အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်ကို ရောက်နေပါပြီ"

ကုံးချန်က ရိုသေလေးစားစွာပြောဆိုသည်။

"အော်...မင်းက ဘယ်အချိန်တုန်းက အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်ကို ရောက်သွားတာလဲ"

ရီဖုန်းက အံ့အားတသင့်မေးမြန်းသည်။

"ဆရာကြီး မသိဘူးလား"

ကုံးချန်သည်လည်း အလွန်အံ့အားသင့်သွားပေ၏။မည်သည်ကြောင့် ဆရာကြီးသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မမြင်နိုင်သနည်း။

"ငါ တကယ်ကို မသိဘူး"

ရီဖုန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။

"အကြောင်းကတော့ ငါက လူတစ်ယောက်ကိုကြည့်နေတဲ့အချိန်မှာ အဲ့ဒီလူကိုပဲမြင်တယ်... တခြားဘာကိုမှ မစဥ်းစားဘူး"

ထိုစကားကိုကြားချိန်တွင် ကုံးချန်၏အကြည့်သည် ရီဖုန်းကြည့်နေသောနေရာသို့ ရွှေ့ပြောင်းသွားကာ စားသောက်ဆိုင်တွင် စာရင်းများလုပ်နေသော စာရေးတစ်ယောက်ပေါ်သို့ အခိုင်အမာကျရောက်သွားသည်။

'ဆရာကြီးရဲ့အမြင်မှာ ငါတို့က တော်တော်ကိုဆိုးရွားနေလို့ မေးယူရတဲ့အဆင့်ကို ရောက်နေပြီလား'

ကုံးချန်၏မျက်နှာ ရှုံမဲ့သွားသည်။

"အမှန်ပဲ...ဒါက မင်းကို စိတ်မသက်မသာဖြစ်စေမယ်ဆိုတာ ငါ သိပေမယ့် ဒါကအမှန်ပဲ"

ရီဖုန်းက မြေပဲတစ်တောင့်ကို သူ၏ပါးစပ်အတွင်းသို့ထည့်ရင်း ပြောဆိုသည်။

ဤကိစ္စကို သူ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ချေ။

စနစ်သည် သူ့အား အဆင့်ငါးဆယ်မြှင့်တင်ပေးပြီးနောက် လူများအားလုံးကို ကြည့်ရသည်မှာတူညီနေပြီး သူတို့၏ခန္ဓာကိုယ်များတွင် ကွာခြားချက်ဟူ၍ အနည်းငယ်သာရှိသည်။

ဤသည်မှာ စနစ်၏အကျိုးသက်ရောက်မှု သို့တခြားမည်သည့်အရာကြောင့် ဖြစ်နေသည်ကိုသူ မသိရှိချေ။

ရီဖုန်းသည် ထိုကိစ္စကို အနည်းငယ်မျှ နားလည်သဘောပေါက်ခြင်းမရှိပေ။

သို့ရာတွင် သူ မည်သူ့အား ဂရုစိုက်ရမည်နည်း။တခြားလူများသည် သူ့ကိုမကျေနပ်လျှင်ပင် သူအား ရိုက်နှက်နိုင်မည်မဟုတ်ချေ။

အမှန်အားဖြင့် အကယ်၍ နောင်အနာဂတ်တွင် သူ အချိန်ရပါက အဆင့်မြင့်ကျင့်ကြံဆင့်နယ်ပယ်များအကြောင်းကို သိရှိအောင်ပြုလုပ်ကာ ယခုအချိန်တွင် သူ မည်သည့်ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေကြောင်း တွက်ချက်ရပေမည်။

"ဆရာကြီး ဘာမှရှင်းပြနေစရာမလိုပါဘူး...ငါသိပါတယ်"

ကုံးချန်သည် အမှန်တကယ်ကိုပင် အနည်းငယ်စိတ်မသက်မသာဖြစ်နေသော်လည်း သူ နားလည်သဘောပေါက်သည်။

မည်သို့ပင်ဆိုစေကာမူ ဆရာကြီး၏မျက်လုံးအတွင်းတွင် အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်ဖြစ်စေ လူသားအင်မော်တယ်ဖြစ်စေ မည်သည့်ကွဲပြားခြားနားမှုမျှ မရှိမည်ကို သူစိုးရိမ်မိသည်။ထို့ကြောင့် ဤသည်မှာ သူ သက်​ပြင်းရှိုက်နေရုံသာ တတ်နိုင်သော ကိစ္စတစ်ရပ်ပင်။

Chapter 623

အရိပ်ကျွန်း၌...

ခြံဝန်းငယ်လေးအတွင်းရှိ လူများအားလုံး အလုပ်ရှုပ်နေသည်။

ပန်းပင်များရေလောင်းခြင်း မြေပေါက်ခြင်း ပေါင်းရှင်းခြင်းစသဖြင့် အလုပ်ရှုပ်နေကြကာ လူတိုင်း၏မျက်လုံးများအတွင်း၌ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

ပန်းပင်များကိုရေလောင်းရန် တာဝန်ယူထားသော ကျန်းကျီသည် သူမ၏နဖူးပေါ်ရှိချွေးများကိုသုတ်ကာ မတ်တတ်ရပ်လိုက်ပြီး အဝေးတစ်နေရာရှိ ပင်လယ်နက်ကြီးကို ကြည့်လိုက်သည်။

ဤနေရာ၌ အချိန်အတိုင်းအတာတစ်ခုထိ နေထိုင်ပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းမှ ဒေါသစွမ်းအားအမြောက်အများ ပျက်ပြယ်သွားခဲ့သည်။ထိုမျှသာမက မူလကသူမ၏ကျင့်ကြံဆင့်နယ်ပယ်ဖြစ်သော ပြန်လည်ဝင်စားခြင်းအင်မော်တယ်မှ အစစ်အမှန်အနှစ်သာရနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

မည်သည့်အကြောင်းအရင်းအကြောင်းဟု မသိရသော်လည်း ပုံရိပ်တစ်ခုက သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

ဤသည်မှာ သူမ အရိပ်ကျွန်းသို့ ပထမဆုံးအကြိမ်ရောက်ရှိစဉ်၌ တွေ့ဆုံခဲ့ရသော လူသားအင်မော်တယ်လူငယ်ပင်။

သူမသည် အစပိုင်း၌ ထိုလူငယ်ပြောဆိုသမျှကို အော်ငေါက်ကာ လှောင်ပြောင်သရော်ခဲ့သည်။ သို့ရာတွင် ထိုလူငယ်သည် သူမ၏စိတ်နှလုံးသားကို အမှတ်တမဲ့ဖြင့် ကြီးမားသောသက်ရောက်မှုဖြစ်စေသည်ဟု သူမ ပြောရပေမည်။

အကြောင်းအရင်းမှာ သူမ လက်လျှော့မိတော့အချိန်တွင် ထိုလူငယ်၏အကောင်းမြင်သောစိတ်သဘောထားကြောင့် သူမ အသက်ဆက်၍ရှင်သန်ရန် ဆုံးဖြတ်ချက်ချနိုင်သည့်ခွန်အားမျိုး ရရှိခဲ့ခြင်းကြောင့်ပင်။

အကယ်၍ သူမသာလက်လျှော့လိုက်ပါက ကုံးချန်နှင့်တွေ့ဆုံနိုင်မည်မဟုတ်ချေ။ထိုသို့ဖြစ်လာပါက သူမသည် ဤနေရာသို့ ရောက်ရှိလာနိုင်မည်မဟုတ်ဘဲ အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေးလည်း ရှိတော့မည်မဟုတ်ပေ။

ကျန်းကျီသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"နင် သေသွားမယ်ဆိုရင် အရမ်းသနားဖို့ကောင်းမှာပဲ...တကယ်လို့ နင်သာ ဒီနေရာကိုရောက်လာနိုင်ရင် တစ်နေ့နေ့မှာ နင်ဆန္ဒရှိသလိုမျိုး ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်"

သို့ရာတွင် ဤသည်မှာ လွန်ကျူးသောမျှော်လင့်ချက်တစ်ခုဖြစ်ကြောင်း သူမ သိရှိသည်။

ထိုလူသည် လူသားအင်မော်တယ်တစ်ယောက်ဖြစ်နေသဖြင့် ဤနေရာသို့လာရောက်ရန် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ ဝင်ရောက်နိုင်ရန် အနိမ့်ဆုံးစံသတ်မှတ်ချက်သည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ်ပင်။

ထိုအချိန်မှာပင် သိုင်းပညာခန်းမအတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။လူတိုင်းသည်စိတ်လှုပ်ရှားသောအမူအယာများဖြင့် သိုင်းပညာခန်းမအတွင်းသို့ အလျှင်အမြန်ဝင်သွားကြလေ၏။

"ဘာဖြစ်နေတာလဲ"

ကျန်းကျီက အလျှင်အမြန် မေးမြန်းလိုက်၏။

"ကုံးချန်နဲ့အတူ ဆရာကြီးလည်း ပြန်ရောက်လာပြီ...ဒါကြောင့် ငါတို့က ဆရာကြီးကို သွားတွေ့မလို့ပဲ"

လူအိုကြီးတစ်ယောက်သည် နေရာတွင်စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်နေရာမှခုန်ပေါက်ကာ ကျန်းကျီကိုကြည့်ပြီး အော်ဟစ်ပြောဆိုသည်။

"ဆရာကြီး ပြန်ရောက်လာပြီလား"

ကျန်းကျီ၏ခန္ဓာကိုယ် တုန်ရီသွားကာ သူမ၏စိတ်နှလုံးသား လှိုင်းထန်သွားသည်။

ဤပုဂ္ဂိုလ်၏ခွန်အားနှင့်အရည်အချင်းကို သူမလေးစားကြည်ညိုခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် သူမသည် ဤနေရာ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည့်တိုင် ဆရာကြီးကို တစ်ကြိမ်တစ်ခါမျှ တွေ့မြင်ခဲ့ရခြင်းမရှိချေ။ထို့ကြောင့် သူမသည် ဆရာကြီးပြန်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့လေ၏။

ယနေ့တွင်....

ဆရာကြီးသည် နောက်ဆုံး၌ ပြန်ရောက်လာခဲ့သလော...

ထိုအကြောင်းကိုတွေးတောရင်း သူမသည် လက်အတွင်းရှိရေပန်းခရားကို အလျှင်အမြန် အောက်သို့ချကာ လူအိုကြီးကို မေးမြန်းလိုက်သည်။

"ငါ သတိထားပြီးနေဖို့လိုတဲ့ ကိစ္စတစ်ခုခုများရှိနေလား"

သူမက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

ထို့နောက် သူမ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်၏။ထိုသို့ပြုလုပ်မှသာ ဆရာကြီးကို သူမတွေ့ဆုံရမည့်အချိန်၌ သူမသည် အကောင်းဆုံးအခြေအနေ၌ ရှိနေပေမည်။

"ဘာမှ မစိုးရိမ်နဲ့...မင်း အရမ်းစိတ်လှုပ်ရှားနေစရာမလိုဘူး...ဆရာကြီးက ဆက်ဆံရေးအရမ်းကောင်းတယ်"

လူအိုကြီးက အပြုံးဖြင့်ပြောဆိုသည်။

"ခန်းမထဲကို ဝင်ကြာစို့...အထဲကိုဝင်ပြီး ငါတို့နဲ့အတူ ဆရာကြီးကို သွားတွေ့ရအောင်"

လူအိုကြီးသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏ခေါင်းကိုအောက်သို့ငုံကာ သိုင်းပညာခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။

ဆရာကြီးသည် ဆက်ဆံရလွယ်ကူသည်ဟု သူမ ကြားထားသော်လည်း ကျန်းကျီသည် အလွန်စိုးရိမ်ပူပန်နေဆဲပင်။

သူမသည် ပေါ့ပေါ့ဆဆမနေဝံ့ဘဲ သူမ၏ခေါင်းကို အောက်သို့အလျှင်အမြန်ငုံကာ တခြားလူများနောက်သို့လိုက်၍ သိုင်းပညာခန်းမအတွင်းသို့ဝင်လိုက်၏။

အမှန်အားဖြင့် သူမ အလွန်စိတ်လှုပ်ရှားနေသည်။

လူများအားလုံးသည် သိုင်းပညာခန်းမအတွင်း၌ ရောက်ရှိနေသည်ကို သူမ မြင်တွေ့မိလေ၏။

"ဆရာကြီးကို အရိုအသေပြုပါတယ်"

လူများအားလုံးထံမှအသံများ တညီတစ်ညွတ်တည်း ထွက်ပေါ်လာသည်။

ကျန်းကျီသည်လည်း တခြားလူများနှင့်အတူ နှုတ်ဆက်စကားပြောဆိုကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

သို့ရာတွင် သူမသည် ဆရာကြီး စိတ်မကြည်မသာဖြစ်သွားမည်ကို စိုးရိမ်ထိတ်လန့်နေသဖြင့် သူမရှေ့ရှိလူကို မော့မကြည့်ဝံ့ချေ။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း သိချင်စိတ်ပြင်းပြနေသည်။

ဆရာကြီးသည် မည်ကဲ့သို့ပုံစံမျိုး ရှိနေသနည်း...

ဆံပင်များ မီးခိုးရောင်သန်းနေသော...

လူအိုကြီးတယောက် ဖြစ်သလော...

ဤအတိုင်းသာ ဖြစ်ပေမည်။ထိုသို့မဟုတ်ပါက'ဆရာကြီး'ဟူသောဂုဏ်ပုဒ်နှင့် မည်သည်ကြောင့် လိုက်ဖက်ညီနိုင်မည်နည်း။

သူမ စဉ်းစားတွေးတောနေစဉ်မှာပင် ပျင်းတိပျင်းရွဲအသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းတို့အားလုံး ငါ့ကို ကြိုဆိုကြတာ ငါ အရမ်းဝမ်းသာပါတယ်...သက်သောင့်သက်သာနေကြတော့"

"ဒီအသံက...."

ကျန်းကျီသည် ထိုစကားများကိုကြားချိန်တွင် ရုတ်တရက် အံ့အားသင့်သွားသည်။

ဤသည်မှာ လူအိုကြီးတယောက်၏အသံမဟုတ်ဘဲ...

လူငယ်တစ်ယောက်၏အသံ ဖြစ်နေသည်။

ဆရာကြီးသည် လူငယ်တစ်ယောက် ဖြစ်နေသလော...

ထို့ပြင် ဤအသံသည် မည်သည်ကြောင့် သူမနှင့်အလွန်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားနေရသနည်း...

လူများအားလုံးသည် အရိုအသေပြုလိုက်ပြီးနောက် စိတ်အားတက်ကြွစွာဖြင့် သူတို့၏ခေါင်းများကို မော့လိုက်ကြသည်။

ထိုအချိန်ကျမှသာ ကျမ်းကျီသည်လည်း ဆရာကြီးကိုကြည့်ရန် သူမ၏ခေါင်းကိုမော့ဝံ့သည်။

ဆရာကြီးသည် နောက်မှီကုလားထိုင်ပေါ်၌ ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေကာ သူ့၏လက်အတွင်းရှိယပ်တောင်ဖြင့် သူ၏ဗိုက်သားများကိုပုတ်နေသည်။

အဖြူရောင်ဝတ်စုံသည်...

အစွန်းအထင်းကင်းမဲ့နေကာ...

သူ့ထံတွင် အလွန်အမင်းအားကောင်းသော အရှိန်အဝါမျိုး ထုတ်ဖော်ထားခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ရင်းနှီးဖော်ရွေသောခံစားချက်မျိုး ထွက်ပေါ်နေသည်။

သူ၏တင့်တယ်မှုကို လူသားများ၏စကားလုံးဖြစ်ပင့် ဖော်ပြနိုင်စွမ်းမရှိချေ။

ဤသည်မှာ သူ၏အကောင်းဆုံးစွမ်းအားပင်။

"ဆရာကြီးက တကယ့်ကို လူငယ်တစ်ယောက်ဖြစ်နေတာပဲ"

ကျန်းကျီ၏အကြည့် ရွေ့လျားသွားပြီးနောက် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ်အံ့အားသင့်သွားသည်။

ဤဆရာကြီး၏ပုံပန်းသွင်ပြင်နှင့်ပတ်သက်ပြီး သူမထံတွင် မရေမတွက်နိုင်သောခန့်မှန်းမှုများ ရှိနေခဲ့သည်။

သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူမ၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသည်။

သူမ၏စိတ်နှလုံးသားအတွင်းရှိ ခန့်မှန်းချက်များအားလုံးထက် ကျော်လွန်နေသည့်တိုင် ဤပုဂ္ဂိုလ်အား သူမ မြင်တွေ့လိုက်ရသောအချိန်အခိုက်အတန့်တွင် မည်သည်ကြောင့် ဆရာကြီးဟုခေါ်ဆိုခံရသည်ကို နားလည်သဘောပေါက်သွားသည်။

သူထံမှထုတ်လွှတ်ထားသော ခံစားချက်ကြောင့် ဤစကားလုံးသည် သူနှင့် အလွန်အံဝင်ခွင်ကျဖြစ်သည်ဟု သူမ ခံစားမိသည်။

အဆုံးသတ်၌ သူ၏ပုံပန်းသွင်ပြင်သည် မည်ကဲ့သို့ပုံစံမျိုး ရှိနေသနည်း....

သူမသည် နှုတ်ခမ်းကိုကိုက်ကာ ဆရာကြီး၏မျက်နှာထံသို့ မော့ကြည့်လိုက်၏။

Chapter 624

ဤမျက်နှာကို....

သူမ ကြည့်လိုက်မိစဥ်တွင်...

ရုတ်ချည်းဆိုသလိုပင် သူမသည် နေရာမှာပင် ကြက်သေသေသွားကာ သူမ၏စိတ်နှလုံးသားကို လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်လိုက်သည့်အလားပင်။

'ဒါက...'

'တကယ်ကြီး သူ ဖြစ်နေတာလား'

'ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ'

ဘေးတိုက်မြင်ရသောမျက်နှာကို တစ်ချက်ကြည့်မိရုံဖြင့် ကျန်းကျီသည် သူ့အား မှတ်မိသည်။

ဤမျက်နှာသည် သူမနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် သူမ၏နှလုံးသားအတွင်း၌ မည်မျှထိလှိုင်းထန်နေသည်ကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်ခြင်းမရှိတော့ချေ။

ဤသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။

ဤမြင့်မြတ်သောဆရာကြီးဟူသည်မှာ ကျွန်းပေါ်၌ သူမနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသော လူသားအင်မော်တယ်ဖြစ်နေသည်။

သူမသည် နတ်ဘုရားတစ်ပါးမှ သူမကို ကျီစယ်သွားသည့်အလား ခံစားနေရသည်။

"အော် ဒါက မင်းလား...."

ထိုအချိန်မှာပင် ရီဖုန်းသည် ကျန်းကျီကို တစ်ချက်ကြည့်ပြီးနောက် မှတ်မိသွားပြီး အပြုံးနှင့်ပြောဆိုသည်။

"ငါ မျှော်လင့်ထားတဲ့အတိုင်း...မင်းက ငါ့ဆီကို ရောက်လာခဲ့တာပါလား"

ကျန်းကျီ၏ထွက်ပေါ်လာမှုကို....

ရီဖုန်းသည် အနည်းငယ်​မျှ အံ့အားသင့်သွားခြင်းမရှိချေ။

အရိပ်ကျွန်းသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။

သို့ရာတွင် ဤကျွန်းပေါ်၌ ကျင့်ကြံနိုင်သည့် တစ်ခုတည်းသောနေရာမှာ သူ၏နေအိမ်ပင်။ကျွန်းပေါ်မှလူများသည် ဤနေရာအကြောင်းကို သိရှိသည်နှင့် ဤနေရာသို့ ရောက်မလာနိုင်ရန်အကြောင်းအရင်းမရှိချေ။

ကျန်းကျီ၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည်...

သူမလာမည်ကို သိရှိပြီးဖြစ်သလော...

ကျန်းကျီက ဤကိစ္စကို မယုံကြည်နိုင်ချေ။

"အမှန်ပဲ...မင်းရောက်လာမယ်ဆိုတာ ငါ အစကတည်းက ကြိုသိထားတယ်"

ရီဖုန်းသည် ကျန်းကျီ၏အတွေးများကို ထွင်းဖောက်မြင်နိုင်သဖြင့် ပေါ့ပေါ့ပါးပါးအပြုံးနှင့်ပြောဆိုသည်။

"ဒါပေမယ့် မင်းက ခေါင်းမာပြီးတော့ ပြောရဆိုရခက်တယ်...တကယ်လို့ မင်း ငါ့ကို အစကတည်းကယုံကြည်ခဲ့ရင် ဘာလို့ဒီလောက်ထိ ခံစားရမှာလဲ"

"ငါ...."

ရီဖုန်း၏ကမ်းလှမ်းချက်ကို သူမ ငြင်းဆန်ခဲ့သည့်မြင်ကွင်းသည် သူမ၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။

"နင် လက်လျှော့လိုက်တော့...လူသားအင်မော်တယ်တစ်ယောက် အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"အသုံးမဝင်တဲ့ရုန်းကန်မှုတွေကို ရပ်လိုက်တော့...ဒီကျွန်းပေါ်ကိုရောက်လာတဲ့ ဘယ်သူမှ အသက်မရှင်နိုင်ဘူး...."

"နင်က လူသားအင်မော်တယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့ နင့်မှာ ဒီလောက်ထိယုံကြည်ချက်ရှိနေတာလဲ"

"..."

ထိုအကြောင်းကို တွေးတောမိချိန်တွင်....

ကျန်းကျီ၏မျက်နှာ နီမြန်းသွားကာ ရှက်ရွံမှုကိုခံစားလိုက်ရပြီး ပုန်းအောင်းရန်အတွက် ကျင်းတစ်ကျင်းရှာရန် မစောင့်ဆိုင်းနိုင်တော့ချေ။

သို့ရာတွင် သူမ တဖန်ပြန်၍စဥ်းစားမိချိန်တွင်...

သူသည် ဤမျှထိအစွမ်းထက်သော ဆရာကြီးတစ်ယောက်ဖြစ်မည်ဟု မည်သူက သိရှိမည်နည်း။

သူသည် လူသားအင်မော်တယ်တစ်ယောက်အဖြစ် ဟန်ဆောင်ထားသည်ဖြစ်ရာ မည်သူက သူ့ကို ယုံကြည်မည်နည်း။

"ကောင်းပြီလေ...မင်း ဒီနေရာကိုရောက်လာမှတော့ အဆင်ပြေသလိုနေလို့ရပါတယ်"

"ငါ့မှာ တခြားလုပ်စရာကိစ္စတွေ ရှိနေတာကြောင့် ငါ့ရဲ့အခန်းကို ပြန်တော့မယ်"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ စကားပြောဆိုပြီးနောက် အခန်းအတွင်းသို့ ပြန်သွားတော့သည်။

ရီဖုန်းထွက်ခွာသွားပြီးနောက် လူများအားလုံး ကျန်းကျီ၏နံဘေးပတ်လည်၌ စုဝေးသွားလေ၏။

"မိန်းကလေးကျန်း...မင်းတို့ခုဏကပြောနေတဲ့ စကားတွေအရဆိုရင် မင်းတို့နှစ်ယောက်က အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းနေတာလား"

"အမှန်ပဲ...မင်းကိုကြည့်ရတာ ဆရာကြီးနဲ့ဆက်ဆံခဲ့ဖူးပုံရတယ်"

လူအများက စိတ်အားထက်သန်စွာ မေးမြန်းသည်။

"အင်း...ဒါက အမှန်ပဲ"

ကျန်းကျီသည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် တုံ့ပြန်ကာ လူအများ၏မျှော်လင့်စောင့်စားနေမှုအောက်၌ သူမသည် ကျွန်းပေါ်၌ ရီဖုန်းနှင့် ပတ်သက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်၏။

"အိုး...မိန်းကလေးကျန်း မင်းကအရမ်းမိုက်မဲတာပါလား"

"ဒါက အမှန်ပဲ...အရိပ်ဝံပုလွေတွေကို ဆရာကြီးကလွဲပြီးတော့ တခြားဘယ်သူက သတ်နိုင်မှာလဲ"

"ဟုတ်တယ်...ဒါ့ပြင် အရိပ်ဝါးမြိုငါးတွေလည်း ရှိသေးတယ်...ဒါက အစစ်အမှန်အရိပ်ဝါးမြိုငါးတွေပဲ...ဒါပေမဲ့ ဆရာကြီးရဲ့ခွန်အားနဲ့ အဲ့ဒီငါးတွေကို နည်းနည်းလေးတောင် ဂရုစိုက်စရာမလိုဘူး...ဒါကို မင်းက အဲဒီငါးတွေက ဘာအန္တရာယ်မှ မပေးနိုင်ဘူးလို့ မိုက်မိုက်မဲမဲနဲ့ စဉ်းစားတွေးတောလိုက်သေးတယ်...မင်း ကံကောင်းလို့သာပဲ...မဟုတ်ရင် မင်း သေသွားလောက်ပြီ"

လူတိုင်းစကားပြောဆိုနေကြချိန်တွင်...

ကျန်းကျီ၏မျက်နှာသည် လည်ပင်းအရင်းထိ နီမြန်းနေကာ သူမက ခေါင်းကိုကုတ်ပြီးရှင်းပြသည်။

"ဆရာကြီးရဲ့ခွန်အားက ဘယ်လောက်ထိရှိတယ်ဆိုတာ ငါ နည်းနည်းလေးတောင် မသိခဲ့ဘူး"

"ဒါပေမဲ့ ပြန်တွေးကြည့်ရင် ဒါက ဖြစ်နိုင်တဲ့ကိစ္စပဲ...မင်း အစတုန်းက ဆရာကြီးကို အထင်သေးခဲ့တယ်...ဒါတောင်မှ ဆရာကြီးက မင်းကို နည်းနည်းလေးတောင် အပြစ်မယူခဲ့ဘူး...သူ ခုဏက မင်းကို စကားပြောဆိုတဲ့ပုံစံအရကြည့်ရင် မင်းကို သူ အရမ်းတန်ဖိုးထားတယ်ဆိုတာ ပြသနေတယ်"

"လူအိုကြီးလုပြောတာ အမှန်ပဲ...ဆရာကြီးက မင်းကို အရမ်းအလေးအနက်ထားတယ်"

"မိန်းကလေးကျန်း...နောင်တစ်ချိန်မှာ ငါ့ကိုစောင့်ရှောက်ပေးပါအုံး"

"အမှန်ပဲ နောက်အနာဂတ်ကျရင်မင်း ဆရာကြီးရဲ့ရှေ့မှာ ငါတို့အတွက် စကားကောင်းလေးတချို့ ကူပြောပေးပါ"

"ကျေးဇူးပြုပြီးတော့ နောက်နောင် ငါ့ကို ဒီထက်မက ကူညီပေးပါအုံး"

ဤအချိန်တွင် ကျန်းကျီအပေါ်ထားရှိသော လူတိုင်း၏စိတ်သဘောထားများ သိသိသာသာ ပြောင်းလဲသွားသည်။

အကြောင်းအရင်းမှာ ပြင်ပလောက၌ ကျန်းကျီနှင့်ဆရာကြီး၏အကြားတွင် ကိစ္စအမြောက်အများ ဖြစ်ပျက်ခဲ့ပုံရခြင်းကြောင့်ပင်။

ရီဖုန်းသည် ထိုကိစ္စများကိုမသိရှိဘဲ သူ၏စိတ်ကို သူ၏ကျင့်ကြံခြင်းထံတွင်သာ လုံးလုံးလျားလျားနှစ်မြုပ်ထားသည်။

အမှန်အတိုင်း ပြောဆိုရလျှင်...

သူသည် ယခုအချိန်၌ ခွန်အားကောင်းနေသည်ကို သူ သိရှိသော်လည်းသူ၏စိတ်နှလုံးသားအတွင်း၌ ရှုပ်ထွေးမှုများ ရှိနေဆဲပင်။

ဥပမာအနေဖြင့်...

အင်မော်တယ်ကျင့်ကြံသူများအားလုံးတွင် အင်မော်တယ်အနှစ်သာရများ ရှိနေသော်လည်း သူ့ထံ၌ မရှိချေ။

ကျင့်ကြံရာ၌လည်း...

သူသည် ယခုထိ မည်ကဲ့သို့ကျင့်ကြံရမည်ကို မသိရှိသေးချေ။

သူ၏အသက်ကို ရှူသွင်းရှူထုတ်ပြုလုပ်ရမည်လော...

သူ အီးတစ်လုံးကိုပင် ပေါက်နိုင်ခဲ့ခြင်းမရှိချေ။

ထိုပြင် တခြားပြန်လည်ဝင်စားခြင်းအင်မော်တယ်များထံတွင် လွမ်းမိုးချုပ်ကိုင်နိုင်သော လှုပ်ရှားမှုများ ရှိနေသော်လည်း သူ ထိုအရာများကို လုပ်ဆောင်နိုင်ခြင်းမရှိချေ။

ရက်ပေါင်းများစွာ ကြာမြင့်သည်အထိ...

ရီဖုန်းသည် ဤမေးခွန်းနှင့်ပတ်သက်ပြီး စဉ်းစားတွေးတောနေခဲ့သည်။

သူသည် ယခင်က သက်သောင့်သက်သာနေရသောဘဝသို့ ပြန်လည်ရောက်ရှိနေလေပြီ။သို့ရာတွင် ဤကဲ့သို့ သက်သောင့်သက်သာနေရသောဘဝ၏ ရှင်သန်ရေးအာမခံချက်သည်လည်း ခွန်အားဖြစ်နေသည်။

ထိုကြောင့် သူ၏ကိုယ်ပိုင်ခွန်အားနှင့် မည်သည့်ကိစ္စများဖြစ်နေသည်ကို ရှာဖွေဖော်ထုတ်ရပေမည်။

ထို့ပြင် သူသည် တခါတစ်ရံ လူအများရှေ့တွင် ဟန်ဆောင်ချိန်၌ သူ အသက်ရှူမွန်းကြပ်နေသည်။

တခြားဦးစားပေးကိစ္စတစ်ခုမှာ နောက်ဆုံးတပည့်အားရှာဖွေရန်ပင်။

သူ့အား အဆင့်ငါးဆယ်မြှင့်တင်ပေးထားသော်လည်း ယခင်က စနစ်မှ သူ့အားပြောဆိုသည့်ကိစ္စကို သူ မေ့လျော့ထား၍မရချေ။

ထိုအကြောင်းကို တွေးတောရင်း...

ရီဖုန်းသည် အလွန်ဒေါသထွက်သွားလေ၏။

အထူးသဖြင့် ဤကိစ္စကို ဖမ်းဆုပ်၍လည်းမရ တို့ထိ၍လည်းမရခြင်းပင်။

အကယ်၍ အမှားအယွင်းဖြစ်လာလျှင်သော်လည်းကောင်း စနစ်သည် သူ့အားထပ်မံ၍ လှည့်စားလျှင်သော်လည်းကောင်း သူ၏ကျင့်ကြံဆင့်စွမ်းအားများ တဖန်ပြန်၍ ပျောက်ကွယ်သွားမည်မဟုတ်လော....

"ကြည့်ရတာတော့ ငါက တခြားပြင်ဆင်မှုတွေ ကြိုတင်ပြီး လုပ်ထားရမယ့်ပုံပဲ"

ရီဖုန်းက သူ၏မေးကိုပွတ်သပ်ကာ ရေရွတ်လိုက်သည်။

ဤစိတ်ခံစားချက်များကြောင့် သူ လုံးလုံးလျားလျား သက်တောင့်သက်သာနေနေရန်မှာ မဖြစ်နိုင်ချေ။

အနည်းဆုံးအနေဖြင့် သူ့ထံသို့ ရောက်ရှိလာနိုင်သော ပြဿနာများကို ဖြေရှင်းထားရပေမည်။

"လူအိုကြီးကုံး..."

ရီဖုန်းက သူ့၏လက်ကို ယပ်တောင်ဖြင့်ရိုက်ပုတ်ကာ ကုံးချန်ကို အော်ခေါ်လိုက်၏။

"ဆရာကြီး ဘာကိစ္စရှိလို့လဲ"

ကုံးချန်သည် ရိုသေလေးစားသောအမူအယာဖြင့် ရီဖုန်း၏ရှေ့သို့ ရောက်ရှိလာသည်။

"ငါက အခု အစီအစဉ်တစ်ခု ဆွဲထားတယ်...အရင်ကထားခဲ့တဲ့ လိုအပ်ချက်တွေကိုဖြေလျော့ပြီးတော့ ငါဆီကို လူတွေအများကြီးရောက်လာအောင် ဆွဲဆောင်ရမယ်"

ရီဖုန်းက အေးအေးလူလူပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ကုံးချန်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဆရာကြီး ဘာကိုဆိုလိုတာလဲ"

"အင်း..."

ရီဖုန်းက ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"အခုအချိန်ကစပြီးတော့ သူတို့ရဲ့အကျင့်စရိုက်က အရမ်းကြီးမဆိုးရွားသရွေ့ ကျွန်းပေါ်မှာရှိတဲ့လူတွေအားလုံး ငါ့ဆီကို လာနိုင်တယ်... တကယ်လို့ သူတို့မှာ ကျင့်ကြံဆင့်အခြေခံ မရှိဘူးဆိုရင်တော့ ငါ ခွင့်ပြုပေးမယ်"

"ဒါက လောကကြီးအတွက် ကံကြမ္မာကောင်းတစ်ခုပဲ"

"အရိပ်ကျွန်းပေါ်ကလူတွေ အရမ်းကံကောင်းတာပဲ"

ကုံးချန်သည် အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

"ကောင်းပြီ...မင်း အရမ်းကြီးစိတ်လှုပ်ရှားနေစရာ မလိုပါဘူး"

ရီဖုန်းသည် အလွန်အမင်း ဆွံ့အသွားလေ၏။

ဤကောင်စုတ်သည် သူ့အား ဒုက္ခသည်များအားကယ်တင်ရန် ကယ်ဆယ်ရေးစခန်းဖွင့်ထားသည်ဟု တွေးထင်နေသလော...

သူ အလိုရှိသည်မှာ သူ၏ကိုယ်ပိုင်အင်အားဖြစ်လာရန်အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို မွေးမြူလိုခြင်းပင်။

ဤသည်မှာ နောင်အနာဂတ်တွင် ဖြစ်လာနိုင်သည့် နေ့တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားမှုဖြစ်သည်။အကယ်၍ စနစ်သည်သူ့အားလှည့်စားပါက သူ့ထံ၌ အကာအကွယ်မရှိဘဲ နေတော့မည်မဟုတ်ချေ။

"ဆရာကြီး...ဘာမှ ပြောနေစရာမလိုပါဘူး...အဲ့ဒီစကားရဲ့လေးနက်တဲ့အဓိပ္ပာယ်ကို ဒီငယ်သားက သိပါတယ်"

"ငါက အခုချက်ချင်း တခြားလူတွေကို အကြောင်းကြားလိုက်မယ်"

ထိုသို့ပြောဆိုပြီးနောက် ကုံးချန်သည် အခြားလူများကို အကြောင်းကြားရန် ထွက်ခွာသွားတော့သည်။

တချိန်တည်းမှာပင် သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ယခုလက်ရှိအချိန်၌ ဤကိစ္စကို အာရုံစူးစိုက်ရန် ဆုံးဖြတ်ထားသည်။အကယ်၍ သူ နောက်တကြိမ် ပြင်ပသို့ထွက်နိုင်ပါက မည်သည့်ကိစ္စများ ရှိနေပါစေ အရိပ်ကျွန်းနှင့်ဝေးကွာသောနေရာတွင်ရှိနေသည့် သူ၏သားဖြစ်သူကို ခေါ်ဆောင်လာရပေမည်။

အကယ်၍ သူ့၏သား ကျွန်းပေါ်သို့ဝင်ရောက်နိုင်ရန် နည်းလမ်းမရှိပါက ကောင်းကင်ဘုံအင်မတန်ခန်းမမှ သံတမန်နှစ်ယောက်ကိုသတ်ဖြတ်၍ ကိစ္စကြီးဖြစ်အောင် ပြုလုပ်ရပေမည်။

ထို့ပြင် ပြင်ပလောက၌ ကျင်လည်ကျက်စားနေသော သူ၏မိတ်ဆွေကောင်းများ ရှိနေသည်။

အတိတ်တွင် သူတို့အား သူ့ထံသို့အဆက်အသွယ်မလုပ်ရန် အစဉ်အမြဲ ပြောဆိုထားခဲ့သော်လည်း ယခုအချိန်၌ သူတို့အားအကြောင်းကြားရန် အချိန်ကျလာလေပြီ။

Chapter 625

ရီဖုန်းသည် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြော်ညာပြီးနောက်...

နောက်ထပ်ဆုံးဖြတ်ချက်နှစ်ခုကို ထပ်မံ၍ထုတ်ပြန်ခဲ့သည်။

ပထမဆုံးအနေဖြင့်...

သိုင်းပညာခန်းမတွင်ရှိနေသော လူများအားလုံးသည် သူ၏လက်အောက်ငယ်သားဖြစ်သရွေ့ လစဥ်လတိုင်း ပထမဆုံးနေ့တွင် သူနှင့်အတူလိုက်ပါ၍ ပြင်ပသို့ထွက်နိုင်သည်။

ဒုတိယအနေဖြင့်...

ပြင်ပသို့ထွက်သွားသူများသည် အထူးအကြောင်းအရင်းများမရှိပါက ကျွန်းပေါ်သို့ ပြန်လည်ဝင်ရောက်လာမည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ပြင်ပသို့ထွက်နိုင်လျှင်ပင် သူ့အားသစ္စာစောင့်သိမည်ဟု ကျိန်ဆိုထားကြသဖြင့် သူတို့အား မည်သည်ကြောင့် ဤနေရာ၌ ဆက်ထားရမည်နည်း....

ဤသည်မှာ သူ၏အသုံးစရိတ်ကို ကြီးမားစေသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေသည်မဟုတ်လော....

ထို့ကြောင့် သူတို့အား ပြင်ပသို့ထွက်ခွာစေကာ သူတို့၏အင်အားများ တိုးတက်အောင်ပြုလုပ်စေသည်က ပို၍ကောင်းမွန်ပေမည်။နောင်အနာဂတ်တွင် သူတို့၏အင်အားများ ဖွံ့ဖြိုးတိုးတက်လာပြီး အင်မော်တယ်နယ်မြေ၏နေရာအနှံ့အပြားတွင်ရှိနေပါက သူ ရီဖုန်းသည် နယ်မြေတစ်ခုလုံးကို အုပ်ချုပ်နိုင်ပြီမဟုတ်လော..

ဤသည်မှာ တွေးကြည့်ရုံဖြင့်ပင် အလွန်ဝမ်းသာဖွယ်ကောင်းပေ၏။

"ကောင်းပြီလေ...ငါ အပြင်ကိုသွားတော့မယ်...ဒီတကြိမ်မှာ ငါနဲ့အတူ လိုက်ချင်တဲ့လူရှိနေလား"

ရီဖုန်းက မေးမြန်းသည်။

သို့ရာတွင်...

လယ်ကွင်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူ​ကမျှ ပြင်ပလောကသို့ ထွက်ခွာလိုစိတ်မရှိချေ။တချို့လူများသည် သူတို့၏လက်အတွင်းရှိ ပေါက်ပြားများကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ထွက်ခွာသွားရန်အတွက် ပြောဆိုခံရမည်ကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။

ဤသည်မှာ ရီဖုန်းကို အံ့အားသင့်သွားစေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

"ဒီလူတွေက တုံးအတာလား"

ဤသည်မှာ ပြင်ပလောကသို့ထွက်နိုင်ရန် အခွင့်အရေးတစ်ခုပင်။သို့ရာတွင် သူတို့သည် မည်သည်ကြောင့် ပြင်ပသို့မသွားလိုသနည်း...

"ထားလိုက်တော့...ဒါက မင်းတို့ရဲ့သဘောအတိုင်းပဲ"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ သူတို့ကို လျစ်လျူရှုလိုက်သည်။သူသည် ပြင်ပလောက၌ အင်အားကြီးထွားအောင်ပြုလုပ်လိုသဖြင့် သူကိုယ်တိုင် အင်အားချဲ့ထွင်ရပေမည်။

သူ အင်အားကြီးထွားအောင် ပြုလုပ်လိုသောကြောင့် သူ့ထံတွင် လူအင်အားရှိနေရန်လိုအပ်သည်။

"မင်းတို့က အပြင်ကို မသွားချင်ဘူးဆိုမှတော့...ဒါတွေကို စိုက်ထားကြအုံး"

ရီဖုန်းသည် စနစ်မှလဲလှယ်ထားသော မျိုးစေ့အိတ်တချို့ကို ထုတ်ယူလိုက်သည်။

အင်မော်တယ်မြစ်ကုန်းမြေမှ လစဉ်လတိုင်း သူရရှိနေသော ကံကြမ္မာရမှတ်များကြောင့် မျိုးစေ့တချို့ကို သူ လွယ်လင့်တကူလဲလှယ်နိုင်သည်။

"ဒါတွေကို ငါ့အတွက် ဂရုစိုက်ထားကြအုံး...ဒါနဲ့မင်းတို့ရဲ့ပန်းတိုင်ကို ငါ ပြောပြမယ်...ငါက အရိပ်ကျွန်းပေါ်မှာ အပင်ပေါက်နှုန်း ကိုးဆယ်ရာခိုင်နှုန်းကျော်ရောက်တဲ့အထိ မြင်ချင်တယ်"

ရီဖုန်းက အမိန့်ပေးလိုက်၏။

သူ၏ရှေ့တွေရှိနေသော လူများအားလုံး အံ့အားသင့်သွားသည်။

ဤရည်မှန်းချက်ပန်းတိုင်....

ဆရာကြီးဟု မျှော်လင့်ထားသည့်အတိုင်းပင်...

ဤကဲ့သို့ ခြောက်ကပ်သောနေရာတခုဖြစ်သည့် အရိပ်ကျွန်းပေါ်တွင် အပင်ပေါက်နှုန်းကိုးဆယ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိလိုသလော...

ဤသည်မှာ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော ရည်မှန်းချက်ပန်းတိုင်ပင်။

ထို့ပြင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းရုံသက်သက် မဟုတ်ချေ။

ထိုထက်ပို၍ အရေးအကြီးဆုံးကိစ္စမှာ ဤသစ်ပင်များသည် သာမန်သစ်ပင်များမဟုတ်ခြင်းပင်။

"ငါ ဘာကိုဆိုလိုတာလဲဆိုတာ မင်းတို့ နားလည်ကြလား"

မည်သူ​မျှ တုံ့ပြန်အဖြေမပေးသည်ကို မြင်တွေ့ချိန်တွင် ရီဖုန်းက ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်သည်။

"နားလည်ပါတယ်"

လူတိုင်းသည် တစ်ညီတစ်ညွတ်တည်း တုံ့ပြန်အဖြေပေးလိုက်ကြ၏။

အရိပ်ကျွန်းကို အခြေခံအုတ်မြစ်အဖြစ်အသုံးပြု၍ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ထက် သာလွန်သော ထိပ်သီးအင်မော်တယ်နယ်မြေတစ်ခုကို ဆရာကြီးမှဖန်တီးလိုခြင်းဖြစ်ကြောင်း သူတို့အားလုံး သိရှိထားသည်။

"လူအိုကြီးကုံး...မင်း ငါနဲ့အတူ အပြင်ကိုလိုက်ခဲ့ရမယ်"

ရီဖုန်းက မန်မန်၏နောက်ကျောပေါ်၌ထိုင်ကာ ပြောဆိုသည်။

ကုံးချန်သည် သူ၏ခြေထောက်ကိုစိုက်ကြည့်ကာ ခြေလှမ်းလှမ်းရန်အတွက် တွန့်ဆုတ်နေသည်။ထို့နောက် သူသည် ရီဖုန်းနှင့်အတူလိုက်ပါသွားလေ၏။

သူတို့၏နောက်မလှမ်းမကမ်းအကွာတွင် ဖားတစ်ကောင်က လမ်းတစ်လျှောက်လုံး အော်ဟစ်နေသည်။

အချိန်တခဏကြာပြီးနောက်...

ရီဖုန်းသည် ကုံးချန်ကိုခေါ်ဆောင်၍ နေလဂိုဏ်းနှင့်မနီးမဝေးအကွာရှိ မြို့တစ်မြို့ထံသို့ ရောက်ရှိလာသည်။

ပထမဆုံးအဆင့်အနေဖြင့်....

သူသည် ဤနေရာ၌ အိမ်တစ်လုံးဝယ်ယူရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ ပြင်ပလောက၌နေထိုင်ရန် နေအိမ်ရှိနေရပေမည်။ထိုသို့ပြုလုပ်မှသာ သူ၏နောက်ဆုံးတပည့်ကို တဖြည်းဖြည်းရှာဖွေရင်း သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်အကြောင်းကိုလည်း ရှာဖွေဖော်ထုတ်နိုင်ပေမည်။

မူလက ဤနေရာရှိ အိမ်ခြံမြေစျေးနှုန်းသည် အလွန်စျေးပေါခြင်းမရှိသောကြောင့် ရီဖုန်းက ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အကယ်၍ ယခင်ကဆိုလျှင် သူ့ထံ၌ ဤကဲ့သို့ ငွေအမြောက်အများရှိနေရန်မှာ မဖြစ်နိုင်​ချေ။

သို့ရာတွင် နေလတောင်ထိပ်မှသေဆုံးသွားသောတပည့်များ၏ ပိုင်ဆိုင်မှုများအားလုံးကို ရီဖုန်းက သိမ်းယူနိုင်ခဲ့သည်။

သိုလှောင်လက်စွပ်အမြောက်အများအတွင်း၌ ပြည့်နှက်နေသော အင်မော်တယ်ကျောက်တုံးများဖြင့် သူ ကောင်းမွန်သောအိမ်တစ်လုံးကို ဝယ်ယူနိုင်ပေမည်။ကြွင်းကျန်သော အင်မော်တယ်ကျောက်တုံးများဖြင့် သူ၏ခြေထောက်ကိုနှိပ်ရန်နှင့် သူ၏ပခုံးများကိုထုပေးရန်အတွက် အစေခံနှစ်ယောက်ကို ခေါ်ယူနိုင်သည်။

ဘဝသည် အလွန်အဆင်မပြေလှချေ။

"လူအိုကြီးကုံး...ဒီအိမ်ပိုင်ရှင်ကို ဆက်သွယ်လိုက်ပါ"

ရီဖုန်းသည် ဖုန်းရွှေနေရာကောင်းမွန်သော နေအိမ်တစ်လုံးကို ရွေးချယ်လိုက်၏။

ကုံးချန်သည် အလုပ်ကြိုးစားပြီး အပိုမပြောတတ်သူဖြစ်သဖြင့် မကြာမီမှာပင် အိမ်ပိုင်ရှင်များနှင့် ဆက်သွယ်နိုင်ခဲ့သည်။ထိုနောက် ငွေများပေးချေကာ နေအိမ်ကိုလွှဲပြောင်းယူရန်အချိန်သို့ ရောက်ရှိလာလေပြီ။

သို့ရာတွင် ငွေပေးချေရမည့်အချိန်သို့အရောက်၌ ရီဖုန်း သွေးအန်သွားလေ၏။

"အရှင်...တောင်းပန်ပါတယ်...အင်မော်တယ်နယ်မြေရဲ့လက်ရှိငွေကြေးစနစ်က ပြောင်းလဲသွားခဲ့ပြီး...လွန်ခဲ့တဲ့နှစ်ရက်လောက်က ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကနေ သတိပေးစာတစ်စောင် ထုတ်ပြန်ကြော်ညာထားတယ်...ငါတို့တွေအားလုံး ရွှေပြားတွေကိုပဲ အသုံးပြုရမယ်...တကယ်လို့ မလိုက်နာတဲ့လူ တစ်ယောက်ယောက်ရှိနေမယ်ဆိုရင်ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့ အပြစ်ပေးခြင်းကို ခံယူရလိမ့်မယ်"

"မင်းတို့ သိတဲ့အတိုင်းပဲ...အင်မော်တယ်နယ်မြေမှာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့အမိန့်ကို ဘယ်သူကမှ မဆန့်ကျင်ရဲဘူး...ဒါကြောင့် ငါတို့မှာရွေးချယ်စရာမရှိဘူး... အတိုချုပ်ပြောရရင် အင်မော်တယ်ကျောက်တုံးတွေက အခုအချိန်မှာ သိမ်းဆည်းခံရပြီးတော့ ဘယ်သူကမှ အသုံးမပြုတော့ဘူး"

အိမ်ရောင်းချခြင်းကို တာဝန်ယူဆောင်ရွက်သည့်လူက ရှင်းပြသည်။

"ဘာ...."

"ဒါကို ဘယ်ခွေးမသားက လုပ်လိုက်တာလဲ...အဲ့ဒီကောင်ကို ဓားနဲ့အချက်တစ်ထောင်လောက် ထိုးစိုက်ပြီး သတ်သင့်တယ်"

ရီဖုန်း၏မျက်နှာ သုန်မှုန်သွားကာ နေရာမှာပင်အော်ဟစ်ကြုံဝါးလိုက်သည်။သူ၏မျက်နှာ အမူအယာ ရှုံမဲ့သွားလေ၏။

အတိတ်ကို ပြန်ပြောင်းတွေးကြည့်ပါက...

သူ အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာစဉ်တွေ ရွှေပြားများထည့်ထားသည့် အိတ်အမြောက်အများကို သယ်ဆောင်လာခဲ့ပြီး ကောင်းမွန်သောဘဝဖြင့် နေထိုင်မည်ဟု တွေးတောခဲ့သည်။သို့ရာတွင် အင်မော်တယ်နယ်မြေ၌ ရွှေပြားများသည် အနည်းငယ်မျှအသုံးဝင်ခြင်းမရှိဘဲ အင်မော်တယ်ကျောက်တုံးများကိုသာ အသိအမှတ်ပြုကြောင်း သူ သိရှိခဲ့ရသည်။

ဤအချက်ကို လက်ခံနိုင်ရန်အတွက် ရီဖုန်းသည် ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။

သူသည် ဝန်လေးစွာဖြင့် ထိုရွှေပြားအိတ်များကို မစင်တွင်းအတွင်းသို့ ပစ်ချခဲ့ရသည်မှာ အလွန်ကြေကွဲဝမ်းနည်းဖွယ်ကောင်းပေ၏။

ယခုအချိန်၌ သူသည် သိုလှောင်လက်စွပ်များအတွင်းတွင် အင်မော်တယ်ကျောက်တုံးအမြောက်အများကို စုဆောင်းနိုင်ခဲ့သဖြင့် သူ့ တဖန်ပြန်၍ ချမ်းသာကြွယ်ဝလာပြီဟု တွေးတောခဲ့သည်။

သို့ရာတွင် အင်မော်တယ်နယ်မြေ၏ယေဘုယျငွေကြေးစနစ်သည် ရွှေပြားများအဖြစ်သို့ ပြောင်းလဲသွားမည်ဟု မည်သူက သိရှိမည်နည်း...

"ငါယိုးမသားတွေ...မင်းတို့ ငါ့ကို ကစားနေကြတာလား"

"ဘယ်ခွေးမသားက ဒီကိစ္စကို လုပ်လိုက်တာလဲ"

"မင်း နှစ်ပေါင်းတစ်သောင်းကြာတဲ့အထိ တစ်ယောက်တည်းနေရပြီးတော့ ဘယ်တော့မှ မိန်းကလေးတစ်ယောက်ကို ရှာမတွေ့ပါစေနဲ့လို့ ငါ ကျိန်ဆိုတယ်"

ရီဖုန်းသည် သူ၏ပုံရိပ်ပျက်ပြားမည်ကို အနည်းငယ်မျှဂရုမစိုက်ဘဲ ကျယ်လောင်စွာအော်ဟစ်၍ ကျိန်ဆဲလိုက်၏။

မိုင်ပေါင်းတစ်ထောင်ကျော် ဝေးကွာသောနေရာ၌...

လုပမ်ဝေ၏အနီးတွင်ရှိနေသော မိန်းကလေးများသည် မတော်တဆမှုမျိုးစုံနှင့် ကြုံတွေ့ရသည်။တချို့သည် ကျင့်ကြံဆင့်ချိုးဖျက်ရန်အတွက် ထွက်ခွာသွားကြကာ တချို့သည် အိမ်၌နာရေးရှိသဖြင့် ပြန်သွားကြသည်။အတိုချုပ်ပြောဆိုရလျှင် သူမတို့သည်အကြောင်းအရင်းမျိုးစုံဖြင့် လုပမ်ဝေ၏အနီးမှ ထွက်ခွာသွားကြသည်။

နောက်ဆုံး၌ သီးသန့်ခန်းအတွင်းတွင် လုပမ်ဝေနှင့်ခွေးတို့တစ်သိုက်သာ ကျန်ရှိတော့သည်။

အခန်းအတွင်း၌ ဗလာဟင်းလင်းဖြစ်သွားကာ...

တစ်ချိန်တည်းမှာပင် လုပမ်ဝေသည် နှာတစ်ချက်ချီကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားသည်။

"ဒါက အဆုံးသတ်သွားပြီ"

လုပမ်ဝေက တီးတိုးရေရွတ်လိုက်သည်။

သူ၏နောက်တွင်ရှိနေသော ခွေးတို့တစ်သိုက်ကို ဂရုမစိုက်တော့ဘဲ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားလေ၏။

"အစ်ကိုကြီး ဘာပြဿနာရှိလို့လဲ"

ခွေးက အော်ဟစ်မေးမြန်းသည်

"ငါက အရှင်ရဲ့ကျိန်ဆဲခံလိုက်ရတယ်...ငါက မိုးကောင်းကင်တာအိုကိုသွားရှာပြီးတော့ အခုလက်ရှိငွေကြေးစနစ်ကို ပြန်ပြောင်းဖို့ပြောရမယ်"

"မဟုတ်ရင် မင်းတို့ရဲ့အစ်ကိုကြီး ငါက ကျန်နေတဲ့ဘဝတလျှောက်လုံးမှာ မိန်းကလေးတစ်ယောက်ကိုတောင် ရှာနိုင်တော့မှာမဟုတ်ဘူး"

ရီဖုန်း ရှိနေသောနေရာတွင်...

ရီဖုန်း၏ဆဲဆိုသံကိုကြားချိန်၌ အိမ်ခြံမြေတာဝန်ခံသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားက အလျှင်အမြန်သတိပေးလေသည်။

"အရှင်...စကားကို သတိထားပြီးပြောပါ"

"ငါက ဘယ်ကောင်ကို သောက်ဂရုစိုက်ရမှာလဲ"

ရီဖုန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထိုမြင်ကွင်းကိုစောင့်ကြည့်နေသော ကုံးချန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ဆရာကြီးသည် အမှန်တကယ်ကို ဆရာကြီးပင်။

တခြားစီနီယာများသည် ဟန်ရေးပြရုံသက်သက်ပင်။

သူသည် ငွေကြေးကိုသာ ချစ်မြတ်နိုးပြီး...

အမှန်တကယ်ကို လောကီနှင့်နီးစပ်သူပင်။

ကံကောင်းထောက်မစွာဖြင့် ကုံးချန်ထံတွင် ရွှေပြားတချို့ရှိနေသည်။ယခင်က သူသည် ဤအရာများကို မည်သို့အသုံးပြုရမည်အား မသိရှိသော်လည်း ယခုအချိန်တွင် ရီဖုန်း၏အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းနိုင်ခဲ့လေ၏။

နောက်ဆုံး၌ သူ အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့သည်။

ရီဖုန်းသည် အခြေတကျဖြစ်သွားပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေအနေအကြောင်းကို စတင်၍စဉ်းစားတွေးတောလိုက်သည်။

သူ ထိုကိစ္စကို ယခုချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးချေ။

ထို့ကြောင့် ဤကိစ္စကို ရှင်းပြပေးနိုင်သော တစ်စုံတစ်ယောက်ကို သူ ရှာဖွေရပေမည်။

သူသည် နံဘေး၌ ရိုသေလေးစားစွာမတ်တတ်ရပ်နေသော ကုံးချန်ကို တစ်ချက်ကြည့်ပြီးနောက် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီး မေးမြန်းလိုက်၏။

"လူအိုကြီးကုံး...ငါ့ရဲ့ကျင့်ကြံဆင့်ကဘယ်ရောက်နေပြီလဲဆိုတာမင်းသိလား။

"ဒီငယ်သားက မသိပါဘူး"

ကုံးချန်က ရိုသေလေးစားစွာ တုံ့ပြန်သည်။

"ဟူး...."

"ရိုးရိုးသားသားပြောရရင် ငါ့ရဲ့ကျင့်ကြံဆင့်က အခု ဘယ်အဆင့်မှာရှိနေလဲဆိုတာ ငါ မသိဘူး"

ရီဖုန်းက သူ၏နဖူးကိုပွတ်သပ်ပြီး စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

ကုံးချန်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဆရာကြီး၏ကျင့်ကြံဆင့်သည်...

သူကိုယ်တိုင်ပင် မသိရှိသောနေရာသို့ ရောက်ရှိနေသလော...

တခြားစကားပြောင်းဆိုရလျှင် ဆရာကြီးသည် အင်မော်တယ်နယ်မြေ၏ကျင့်ကြံဆင့် အကန့်အသတ်ကိုချိုးဖျက်ပြီး တခြားမည်သူ​မျှ ရောက်ရှိနိုင်ခြင်းမရှိသော အဆင့်သို့ ရောက်ရှိနေသလော...

"ဒါက ဝမ်းနည်းစရာပဲ"

"မင်း ငါ့ကိုနားလည်ပေးနိုင်ပါ့မလား ဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် ငါ အခုခံစားနေရတာက...."

"အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်..."

ရီဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။

"စိတ်အနှောက်အယှက်ဖြစ်ဖို့ ကောင်းတာလား"

ကုံးချန်၏မျက်နှာ ရှုံ့မဲ့သွားသည်။

ဤသည်ကို...

စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသည်ဟု ဆိုသလော....

သူ၏စိတ်အတွင်း၌ အော်ဟစ်ကြုံးဝါးနေသည်မှာ...'ငါလည်း ဒီလိုစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာမျိုးကို လိုချင်တယ်'

All Chapters