← Chapters

အခန်း (၆၂၆-၆၃၀)

Vol. 42 Ch. 626-630

အခန်း (၆၂၆-၆၃၀)

Vol. 42 Ch. 626-630

Chapter 626

‌ဤသည်ကြောင့်...

ရီဖုန်းသည် ကုံးချန်ကို လက်မလွှတ်နိုင်ဘဲ သူနှင့်အတူ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အမှန်အတိုင်းပြောဆိုရလျှင်....

ကုံးချန်၏လုပ်ဆောင်ချက်များသည် ရီဖုန်းအတွက် အလွန်စိတ်ကျေနပ်မှုရရှိစေပြီး ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားသော သူ၏အစေခံအိုကြီးအလားပင်။

ရီဖုန်းသည် နေ့စဉ်နေ့တိုင်း ပျော်ရွှင်သောဘဝဖြင့် နေထိုင်ခဲ့သော်လည်း မေးခွန်းနှစ်ခုနှင့်ပတ်သက်၍ စဉ်းစားတွေးတောရန် မေ့လျော့ခြင်းမရှိချေ။

သူ မည်သည့်နေရာမှ ရောက်ရှိလာကာ...

မည်သည့်နေရာသို့ သွားရမည်နည်း...

သူ၏အပြုအမူများသည် မည်သည်ကြောင့် တခြားသူများနှင့် ကွဲပြားခြားနားနေသနည်း...

"ဟူး...."

ဤအချိန်တွင် ရီဖုန်းသည် ဖြစ်နိုင်​ချေတစ်ခုကို ​တွေးတောမိသဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။

"သောက်ချေးပဲ...ငါက သိုင်းပညာရှင်တစ်ယောက်တော့ မဟုတ်လောက်ဘူးမလား"

ရီဖုန်းသည် ဤအကြောင်းကို ပို၍တွေးသောမိလေလေ ထိုသို့ဖြစ်နိုင်ချေများသည်ဟု ပို၍ခံစားရလေလေပင်။

စနစ်သည် သူ့အား မည်သည့်အရာများသင်ကြားပေးခဲ့သည်ကို ပြန်ကြည့်ကြပါစို့။

ထိုက်ကျိ...

မျောက်မင်း မက်မွန်သီးခူးဆွတ်ခြင်း...

ရွှေခေါင်းလောင်းကြိုး သံမဏိဝတ်ရုံ...

ထို့ပြင် သိုင်းပညာခန်းမတခုလည်း ရှိနေသည်။

ဤပညာရပ်များသည် အင်မော်တယ်စွမ်းအားများနှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာများသည် အတိတ်ဘဝတွင် သူ ကြည့်ရှုဖူးသော သိုင်းကားများထဲမှအရာများနှင့် တူညီနေသည်

ဤအရာများအားလုံးမှတစ်ဆင့် သူသည် သိုင်းပညာရှင်တစ်ယောက်ဟု ဆိုလိုနေသည်မဟုတ်လော...

ဤသည်ကြောင့် ရီဖုန်းသည် ထိတ်လန့်တကြားဖြစ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

အကယ်၍ သူသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်နေပါက အင်မော်တယ်ကျင့်ကြံသူတစ်ယောက်၏ ရှည်လျားသောဘဝသက်တမ်းမျိုး သူ့ထံ၌ ရှိတော့မည်မဟုတ်ချေ။

ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ကင်ဆာစသော ရောဂါဆိုးများကြောင့် သူ သေဆုံးသွားနိုင်​ချေရှိသည်။

'သောက်ချေးပဲ'

ရီဖုန်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ဆဲဆိုလိုက်၏။

သို့ရာတွင် သူ ဒုတိယအကြိမ် ပြန်လည်တွေးတောမိချိန်၌ ဤသည်မှာ မဖြစ်နိုင်​ချေ။

အကယ်၍ သူသည် သိုင်းပညာရှင်တစ်ယောက် အမှန်တကယ်ဖြစ်နေပါက အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ကို ရိုက်နှက်နိုင်စွမ်းရှိမည်မဟုတ်ချေ။နေလတောင်ထိပ်မှ ထောင်နှင့်ချီသောတပည့်များကို သူ၏လက် တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သတ်ဖြတ်နိုင်ခဲ့သည့် စွမ်းဆောင်ချက်ကို သိုင်းပညာရှင်တယောက်အနေဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ဖြောင်း....

ရီဖုန်းက သူ၏ပေါင်ကို ရိုက်ပုတ်လိုက်သည်။

ဤကိစ္စအကြောင်းကို သူ မေ့လျော့ထားရပေမည်။သူ ထပ်မံ၍စဉ်းစားတွေးတောနေပါက ဒုက္ခရှာနေခြင်းသာဖြစ်ပေမည်။

ယခုအချိန်၌ သူ စဉ်းစားတွေးတောရမည်မှာ တပည့်လက်ခံရမည်ကိစ္စပင်။

"စနစ် ထွက်လာခဲ့စမ်း"

"မင်းက ငါ့ကို နောက်ဆုံးတပည့်လက်ခံဖို့ တောင်းဆိုထားတယ်....ဒါဆိုရင် တပည့်လက်ခံဖို့အတွက် သတ်မှတ်ချက်တွေ မင်း ငါ့ကို ပေးသင့်တယ်မဟုတ်လား"

ရီဖုန်းက မေးမြန်းသည်။

'ဒင်...'

'စံသတ်မှတ်ချက်ကတော့ စံသတ်မှတ်ချက်မရှိတာပဲ'

'အဲ့ဒီတပည့်ကို စနစ်က အသိအမှတ်ပြုရင်အဆင်ပြေပြီ'

စနစ်မှထွက်ပေါ်လာသောအသံကြောင့် ရီဖုန်း၏မျက်နှာ ရှုံမဲ့သွားသည်။

"ငါယိုးမသား..."

"မင်းရဲ့အသိအမှတ်ပြုမှုကို ဘယ်လိုရအောင်လုပ်ရမယ်ဆိုတာ ဘယ်သူက သိမှာလဲ"

ပါရမီအရည်အချင်းအရကြည့်မည်ဆိုလျှင် သူ့ထံ၌ စနစ်၏ပါရမီအရည်အချင်းဆန်းစစ်ခြင်းလုပ်ဆောင်ချက် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ကျင့်ကြံခြင်းအခြေခံအရကြည့်မည်ဆိုလျှင်လည်း သူသည် မတ်တတ်ရပ်ကာ လမ်းပေါ်သို့တစ်ချက်ကြည့်လိုက်ချိန်၌ လူတိုင်းသည် တူညီနေကာ မည်သည့်ကွဲပြားခြားနားချက်ကို​မျှ သူ တွေ့မြင်နိုင်ခြင်းမရှိချေ။

ထို့ကြောင့် အရာအားလုံးသည် ကံကြမ္မာပေါ်တွင်သာ မူတည်နေသည်။

"မင်း လုပ်ထားစမ်း...."

ရီဖုန်းသည် အခန်းသို့ပြန်ကာ နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းလိုက်၏။

ထို့နောက် သူ၏ဗိုက်ကိုပုတ်ကာ စဥ်းစားတွေးတောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ကျင့်ကြံခြင်းကို သက်တမ်းတိုးရန်အတွက် ကံကြမ္မာရမှတ်များဖြင့် လဲလှယ်နိုင်သည်။ထို့ကြောင့် အကယ်၍ တပည့်တစ်ယောက်ကို သူ ရှာတွေ့ခြင်းမရှိပါက နောက်ထပ်နှစ်နှစ် သက်တမ်းတိုးနိုင်ပေမည်။

သို့ရာတွင်...

ဤအချိန်အခိုက်အတန့်မှာပင် ရီဖုန်းက တစ်စုံတစ်ခုကို စဉ်းစားမိသည်။

အင်မော်တယ်မြစ်ကမ်းမြေမှ ကျွန်းငယ်လေးကို အရိပ်ကျွန်းသို့ သူ့အားကူညီ၍ ရွှေ့ပြောင်းပေးနိုင်မည်လောဟု စနစ်အား သူ မေးမြန်းရပေမည်။

ထိုအကြောင်းကို စဉ်းစားတွေးတောကြည့်ချိန်၌...

သူသည် မိုးမြေဂိုဏ်းကို တည်ထောင်ရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။ကျွန်းပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ပြီးပြည့်စုံသောအချိန်သို့ ရောက်ရှိချိန်‌၌ သူသည် အင်မော်တယ်နယ်မြေသို့ ဝန်လေးစွာဖြင့် တက်လှမ်းလာခဲ့ရသည်။

ရီဖုန်းသည် ချက်ချင်းဆိုသလိုပင် စနစ်အား မေးမြန်းလိုက်၏။

'ဒင်...မရဘူး'

စနစ်၏အသံသည် ရီဖုန်းအား အလွန်အမင်း စိတ်ပျက်သွားစေသည်။

သို့ရာတွင် စနစ်မှ ထပ်မံ၍ထွက်ပေါ်လာသောအသံကြောင့် သူ့၏မျက်လုံးများ တောက်ပသွားသည်။

'ကံကြမ္မာရမှတ်တစ်သောင်းကို အသုံးပြုပြီးတော့ မိုးမြေဂိုဏ်းနဲ့အရိပ်ကျွန်းကြားမှာ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို တည်ဆောက်လို့ရတယ်'

"အား...ဒါက အရမ်းကောင်းတာပဲ"

ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်သည်။

အမှန်အတိုင်းပြောဆိုရလျှင်....

သူသည် အင်မော်တယ်နယ်မြေ၌ နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ကျွန်းပေါ်ရှိလူအိုကြီးများနှင့်အဒေါ်ကြီးများကို အမှန်တကယ်သတိရနေမိသည်။

ထို့ပြင် သူ၏အဖိုးတန်တပည့်လေးကျုံးချင်...

"ဟူး...."

ထို့ပြင် စားသောက်ရန်သာသိရှိပြီး သေဆုံးရန်ကိုစောင့်ဆိုင်းနေကြသော သူ၏တပည့်တစ်စု ရှိနေသည်။သူ့ထံတွင် သူတို့အတွက် မည်သည့်ခံစားချက်မျှ မရှိသော်လည်း ဆရာနှင့်တပည့်ဟူသော ဆက်ဆံရေးရှိနေသည်။

သူတို့အားလုံး အမြင်ကျယ်စေရန်အတွက် အင်မော်တယ်နယ်မြေသို့ သူ ခေါ်ဆောင်လာရပေမည်။

ရီဖုန်းက စနစ်၏လဲလှယ်ခြင်းစတိုးဆိုင်ကို ဖွင့်လိုက်၏။

တိကျသေချာစွာပင် သူသည် ကံကြမ္မာရမှတ်လဲလှယ်ခြင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ဤကူးပြောင်းရေးဝင်္ကပါသည် အနည်းငယ်စျေးကြီးကာ ကံကြမ္မာရမှတ်တစ်သောင်းရှိနေရန်လိုအပ်သည်။သို့ရာတွင် သူသည် ယခုလတ်တလောတွင် အင်မော်တယ်မြစ်ကုန်းမြေမှရရှိသော ကံကြမ္မာရမှတ်အမြောက်အများကို သိမ်းဆည်းထားနိုင်ခဲ့သည်။

သူ ထိုကံကြမ္မာရမှတ်များကို နောက်ထပ်နှစ်လခန့် သိမ်းဆည်းထားပါက လဲလှယ်ရန်အတွက် လုံလောက်သွားပေမည်။

ရီဖုန်းအား ထိုထက်ပို၍ အံ့အားသင့်စေသောကိစ္စမှာ စနစ်အား နောက်ဆုံးတကြိမ် အဆင့်မြှင့်တင်ပြီးနောက် လဲလှယ်ခြင်းစတိုးဆိုင်အတွင်း၌ ကျင့်ကြံဆင့်အခြေခံလဲလှယ်ခြင်းဟူသော လုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းပင်။

ကံကြမ္မာရမှတ်တစ်သိန်းဖြင့် ကျင့်ကြံဆင့်တစ်ဆင့်ကို လဲလှယ်နိုင်ပေမည်။

ဤတစ်ကြိမ်တွင် ရီဖုန်းက ခုန်ပေါက်လိုက်သည်။

"ခွေးစနစ်...အမှိုက်စနစ်...အခုချိန်မှာ နောက်ဆုံးတော့ ငါ့ရဲ့ဘဝအတွက် မျှော်လင့်ချက်နည်းနည်းကိုမြင်ရပြီ"

ယခင်က...

သူ ရီဖုန်းသည် သူ၏ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။

သူသည် မည်ကဲ့သို့ ကျင့်ကြံရမည်ကို မသိရှိသည့်အပြင် မည်ကဲ့သို့ အသက်ရှုသွင်းရှုထုတ်လုပ်ရမည်ကိုပင် မသိရှိချေ။

စနစ်သည် သူ့အား ဆုလာဘ်အဖြစ် အဆင့်ငါးဆယ် တိုက်ရိုက်မြှင့်တင်ပေးခဲ့သည့်တိုင် ဤကိစ္စကို သူ နားလည်နိုင်ခြင်းမရှိသဖြင့် စိတ်မသက်မသာခံစားနေခဲ့ရသည်။

သို့ရာတွင် ယခုအချိန်၌ ကွဲပြားခြားနားသွားလေပြီ။

ကံကြမ္မာရမှတ်တစ်သိန်းဖြင့် လဲလှယ်နိုင်ခြင်းသည် သူ့အတွက် မျှော်လင့်ချက်ရရှိသွားခြင်းပင်။အနည်းဆုံးအနေဖြင့် သူ့၏ကျင့်ကြံဆင့်ကို မည်ကဲ့သို့မြှင့်တင်ရမည်အား သူ သိရှိခဲ့ရသည်။

...

ဤအချိန်အခိုက်အတန့်တွင်...

မိုးမြေဂိုဏ်း၌...

လမ်းများပေါ်တွင် စည်ကားနေကာ...

စျေးသည်များ စျေးရောင်းချနေပြီး...

အလွန်အမင်း သက်ဝင်လှုပ်ရှားနေပေ၏။

လုသရှန်းသည် မစင်ပုံးတစ်စုံကို သယ်ဆောင်ထားကာ သူ့ရှေ့ရှိလူငယ်ဆယ်ယောက်ကို အလေးအနက်ထားသောအမူအယာဖြင့် ကြည့်နေသည်။

မိုးမြေဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သောမစင်များ ထွက်ပေါ်နေလေရာ လုသရှန်းသည် သူ၏အဖွဲ့အစည်းကို ချဲ့ထွင်ရတော့သည်။

ဤသည်ကြောင့်...

သူသည် လူငယ်ဆယ်ယောက်ကိုရွေးချယ်၍ တပည့်များအဖြစ် လက်ခံခဲ့သည်။

"မင်းတို့ မှတ်ထားရမှာက..."

"မစင်သယ်တဲ့နေရာမှာလည်း လမ်းကြောင်းတွေရှိနေတယ်"

"တကယ်လို့ မင်းတို့က မစင်ပုံးကို သယ်ချင်တယ်ဆိုရင် အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားရမယ်...မင်းတို့အထွတ်အထိပ်အဆင့်ကို မရောက်တဲ့အချိန်ထိ တခြားသူတွေရဲ့မျက်လုံးအကြည့်တွေကို ဂရုမစိုက်ရဘူး"

လုသရှန်းသည် စိတ်အားထက်သန်စွာဖြင့် သင်ကြားပေးနေလေ၏။

"ဟုတ်ကဲ့"

လူငယ်ဆယ်ယောက်သည် ရိုသေလေးစားစွာဖြင့်တုံ့ပြန်ပြီးနောက် မစင်ပုံးများကို စည်းစနစ်တကျကောက်ယူကာ ယနေ့အတွက် အလုပ်များကို အစီအစဉ်ကျနသောအပြုအမူဖြင့် စတင်လုပ်ဆောင်ကြတော့သည်။

ကျွန်း၏ပြင်ပ၌.....

လေထုအတွင်းတွင် လူတစ်ယောက် မတ်တတ်ရပ်နေသည်။

သူသည် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အနီရောင်ဆံပင်များရှိကာ သူ့အား တစ်ကြိမ်မြင်တွေ့မိရုံဖြင့် ရက်ပေါင်းများစွာကြာမြင့်သည်အထိ မေ့လျော့နိုင်မည်မဟုတ်ချေ။

သူ၏နံဘေးတွေ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော လူဆယ်ယောက်ရှိနေသည်။

"အရှင်တို့ ငါ့ရဲ့စုံစမ်းမှုတွေအရ အင်မော်တယ်မြစ်ကုန်းမြေရဲ့ကံကြမ္မာစွမ်းအားတွေက ဒီကျွန်းငယ်လေးနဲ့ တစ်ခုခုသက်ဆိုင်နေတယ်"

ဖျက်ဆီးခြင်းအရှင်က ရိုသေလေးစားစွာ ပြောဆိုသည်။

Chapter 627

"ဒီကျွန်းဆိုတာ မင်း သေချာလား..."

သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော လူဆယ်ယောက်အနက်မှတစ်ယောက်က အံ့အားသင့်သောအကြည့်ဖြင့် သူ့ကိုကြည့်ပြီး မေးမြန်းသည်။

"သံတမန်ကြီးရဲ့စကားအရဆိုရင် ဒီနေရာက သူ့ရဲ့စုံစမ်းစစ်ဆေးမှုကနေ လွတ်မြောက်နေတဲ့ တစ်ခုတည်းသောနေရာပဲ"

ဖျက်ဆီးခြင်းအရှင်က ရိုသေလေးစားစွာပြောဆိုသည်။

"အဆင်နိမ့်ဘုံတစ်ခုဖြစ်တဲ့ အင်မော်တယ်မြစ်ကုန်းမြေမှာ သာမန်အခြေအနေအရဆိုရင်... သံတမန်ကြီးရဲ့စုံစမ်းစစ်ဆေးမှုအောက်ကနေ လွတ်မြောက်တဲ့နေရာ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါကြောင့် ဒီနေရာက အရမ်းသံသယဝင်စရာကောင်းတယ်"

"ဟမ့်...."

"ဒီလိုကျွန်းငယ်လေးတစ်ခုကို မင်းရဲ့လက် တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ဖျက်ဆီးနိုင်တယ် မဟုတ်လား"

"ငါတို့ညီအစ်ကိုဆယ်ယောက်ကိုယ်တိုင် ဘာလို့ လှုပ်ရှားရမှာလဲ"

သံချပ်ကာဝတ်စုံဝတ်စုံဝတ်လူဆယ်ယောက်အနက်မှ တစ်ယောက်က အထင်အမြင်သေးစွာ ပြောဆိုသည်။

"လောင်ရှစ်...မဆင်မခြင်မလုပ်နဲ့"

ခေါင်းဆောင်လူကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။

"ဒီနေရာက သံတမန်ကြီးရဲ့စုံစမ်းစစ်ဆေးတာကနေ ရှောင်လွှဲနိုင်တယ်ဆိုမှတော့ အကြောင်းအရင်း တစ်ခုခုရှိနေနိုင်တယ်...ငါတို့ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်"

"အစ်ကိုကြီးပြောတာ အမှန်ပဲ...သံတမန်ကြီးက ငါတို့ညီအကိုဆယ်ယောက်လုံးကို အတူတူသွားစေချင်မှတော့ သူ့မှာလည်း အကြောင်းအရင်းတွေ ရှိနေနိုင်တယ်...ဒါကြောင့် ငါတို့တွေ စုံစမ်းစစ်ဆေးဖို့အတွက် အရင်ဆုံး လူတချို့ကိုစေလွှတ်လိုက်ဖို့ ငါ အကြံပြုချင်တယ်"

တခြားလူကြီးတစ်ယောက်ကလည်း ပြောဆိုသည်။

"ကောင်းပြီလေ"

"လောင်ပါး လောင်ကျိုးနဲ့ လောင်ရှစ်...မင်းတို့သုံးယောက် သွားကြည့်ကြစမ်း"

ခေါင်းဆောင်လူကြီးက အမိန့်ပေးသည်။

"မင်းတို့မှတ်ထားရမှာက အခြေအနေကို သေသေချာချာ မစုံစမ်းနိုင်မချင်း မဆင်မခြင်မလုပ်ရဘူး"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

လူသုံးယောက်သည် အမိန့်ကိုလက်ခံပြီးနောက် ကျွန်းငယ်လေးထံသို့ဦးတည်၍ ပျံသန်းသွားတော့သည်။

ရေအိုင်၌...

သူ၏တပည့်ဆယ်ယောက်နှင့်အတူ မစင်များကိုသယ်ဆောင်၍ ပြီးစီးသွားသော လုသရှန်းသည် ရေအိုင်နံဘေး၌ မစင်ပုံးများကို ဆေးကြောနေလေ၏။

"ငါ့ရဲ့စကားတွေကို မှတ်ထားကြစမ်း"

"ဓားသမားတစ်ယောက်အတွက် သူ့ရဲ့ဓားက သူ့ရဲ့ဘဝပဲ ...သူ့ရဲ့လက်ထဲမှာ ဓားမရှိတော့ဘူးဆိုရင် အရမ်းရှက်စရာကောင်းတယ်"

"ဆေးပညာရှင်တွေအတွက် ဆေးမီးဖိုက သူတို့ရဲ့ဘဝပဲ...သူတို့ရဲ့လက်ထဲမှာ ဆေးမီးဖိုရှိနေသရွေ့ တစ်နေ့နေ့မှာ သူတို့ရဲ့နာမည်ဂုဏ်သတင်း မြင့်တက်လာလိမ့်မယ်"

"ငါတို့အတွက်တော့ မစင်ပုံးက ငါတို့ရဲ့ဘဝပဲ...ငါတို့က ဒါကိုဂရုစိုက်ရမယ်...သေသေချာချာဂရုစိုက်ပြီးတော့ အညင်အသားဆုံးနည်းလမ်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ်"

"ဒါကြောင့် မစင်ပုံးကို ဆေးကြောတာကလည်း ပညာရပ်တစ်ခုပဲ"

လုသရှန်းသည် သူ၏မစင်ပုံးကိုကိုင်ပြီး သရုပ်ပြနေကာ စိတ်အားထက်သန်စွာဖြင့် တပည့်များကို သင်ကြားနေသည်။

"ဒါကို ပထမဆုံး ရေနဲ့ကျင်းမယ်...ဒုတိယအနေနဲ့ ဆေးကြောရမယ်...တတိယအနေနဲ့ မစင်ပုံးရဲ့အတွင်းနဲ့အပြင်ပတ်ပတ်လည်ကို ငါးကြိမ်ပွတ်တိုက်ရမယ်...ဒါကို ပြောင်လက်နေအောင်ဆေးကြောပြီးတော့ တောက်ပြောင်နေမှသာ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်တယ်"

"အဲ့ဒီနည်းလမ်းအတိုင်း မင်းတို့ စနစ်တကျလုပ်ဆောင်မှသာ မင်းတို့နဲ့မစင်ပုံးအကြားမှာ ဆက်နွယ်မှုတစ်ခု ရှိလာလိမ့်မယ်...အဲ့ဒီလိုဆိုရင် မင်းတို့က မစင်တာအိုကို လေ့လာဆင်ခြင်နိုင်ပြီ"

"ငါ ပြောတာတွေ အရမ်းများကောင်းများနေနိုင်တယ်...မင်းတို့ နားလည်မှာမဟုတ်ဘူး..ဒါပေမဲ့ ငါ့ရဲ့အဆင့်ကို မင်းတို့ရောက်လာတဲ့အချိန်ကျရင် ငါပြောခဲ့တဲ့စကားတွေကို မင်းတို့ နားလည်သွားလိမ့်မယ်"

"မင်းတို့က ငါပြောသလို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နေသရွေ့...နောင်တစ်ချိန်ကျရင် ငါက ဆရာကြီးဆီကနေ မင်းတို့အတွက် မစင်ပုံးအသစ်တစ်စုံစီ တောင်းပေးမယ်"

"မှတ်ထားကြစမ်း"

"မစင်က ပြိုင်ဘက်ကင်းတယ်"

လုသရှန်းက သူ၏လက်သီးကိုမြှောက်ကာ ကြွေးကြော်လိုက်သည်။

"မစင်က ပြိုင်ဘက်ကင်းတယ်"

တပည့်ဆယ်ယောက်သည်လည်း ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။အထူးသဖြင့် လုသရှန်းသည် နောင်တစ်ချိန်တွင် ဆရာကြီးထံမှနေ၍ မစင်ပုံးအသစ်များကို တောင်းယူပေးမည်ဟု ပြောဆိုသည်အားကြားချိန်တွင် သူတို့၏မျက်နှာများပေါ်၌ အပြုံးများပွင့်လန်းလာသည်။

ထိုအချိန်မှာပင်...

သံချပ်ကာဝတ်စုံဝတ်လူသုံးယောက်သည် ရေအိုင်နှင့်မလှမ်းမကမ်းအကွာတွင်ရှိသော တောအုပ်အတွင်းသို့ဆင်းသက်ကာ ကျွန်းငယ်လေးထံသို့ တရွေ့ရွေ့ချဉ်းကပ်လာသည်။

"လောင်ကျိုး...အစ်ကိုကြီးပြောတာ ဟုတ်ပါ့မလား...ဒါက စုတ်ပြတ်နေတဲ့ကျွန်းတစ်ကျွန်းလေ...မင်းတစ်ယောက်တည်းနဲ့တောင် ဒီကျွန်းကို ဖျက်ဆီးနိုင်တယ် မဟုတ်လား"

လောင်ရှစ်က ညည်းတွားလေသည်။

မူလကတည်းက သူသည် ငှက်များပင်မစင်စွန့်မည်မဟုတ်သော အောက်ဘုံသို့လာရောက်ရန် အနည်းငယ်ဝန်လေးနေခဲ့သည်။ဤအခိုက်အတန့်တွင် သူသည် ပို၍ပင်စိတ်မကျေမနပ်ဖြစ်သွားလေ၏။

"ဒဿမညီလေး...စကားလျှော့ပြောစမ်း"

"အင်မော်တယ်မြစ်ကုန်းမြေနဲ့ပတ်သက်တဲ့ သတင်းတွေကို သံတမန်ကြီးက ဘယ်လောက်ထိဂရုစိုက်တယ်ဆိုတာ မင်း မသိတာလည်းမဟုတ်ဘူး...အခုအချိန်မှာ အင်မော်တယ်မြစ်ကုန်းမြေက အောက်ဘုံတစ်ခုဖြစ်နေပေမယ့် ရှေးဟောင်းအချိန်ကာလအတွင်းမှာ အင်မော်တယ်နယ်မြေနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့နေရာတစ်ခုပဲ"

"ဒါကြောင့် ဒီနယ်မြေရဲ့ကံကြမ္မာစွမ်းအားကာ အရမ်းအရေးပါတဲ့ အခြေအနေမှာ ရှိနေတယ်"

"အဲ့ဒီလူက ကံကြမ္မာစွမ်းအားတိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဝံ့မှတော့ သူ့ရဲ့နောက်ခံက နိမ့်ပါးမှုမရှိဘူးဆိုတာကို ပြသနေတယ်...ဒါကြောင့် ငါတို့တွေ ဒီနေရာကို လျှော့ထွက်လို့မရဘူး"

လောင်ပါးက နံဘေးတစ်ဖက်မှနေ၍ သတိပေးသည်။

"အမှန်ပဲ လောင်ရှစ်...ငါလည်း တစ်ခုခုမှားယွင်းနေတာကို ခံစားနေရတယ်...ဒီကျွန်းပေါ်ကအခြေအနေကိုငါတို့အရင်ဆုံးဖော်ထုတ်ပြီးမှမင်းဆန္ဒရှိသလိုလုပ်နိုင်တယ်။

လောင်ကျိုးက ပြောဆိုသည်။

"ဟမ့်...."

လောင်ရှစ်သည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် ယာယီလက်လျှော့လိုက်သည်။

ထိုအချိန်မှာပင် အလွန်အမင်းပြင်းထန်သော ချေးနံ့က သူတို့၏နှာခေါင်းပေါက်များကို လာရောက်ရိုက်ခတ်သည်။

ဤသည်မှာ အလွန်နံစော်နေခြင်းကြောင့် သူတို့သုံးယောက်၏မျက်နှာများ ရုတ်တရက် အရောင်ပြောင်းလဲသွားသည်။

သူတို့တစ်ချက်ကြည့်လိုက်မိစဉ်တွင်...

ရေအိုင်နံဘေး၌ သပ်သပ်ရပ်ရပ်စီထားသော ဆယ်နှင့်ချီသည့် မစင်ပုံးများမှနေ၍ အနံ့အသက်ဆိုးများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သူတို့အားလုံး ရှာဖွေတွေ့ရှိမိလေ၏။

"သောက်ချေးပဲ...ငှက်တောင် အီးမပါတဲ့နေရာကို လာရတာက တော်သေးတယ်...ဒီချေးနံ့ကိုရှုရတာတော့ တကယ်ကြီးကံဆိုးတာပဲ"

ယခင်ကတည်းက အလွန်အမင်းစိတ်ပျက်နေသော လောင်ရှစ်သည် ထပ်မံ၍သည်းမခံနိုင်တော့​ချေ။သူသည် အော်ဟစ်ဆဲဆိုကာ မစင်ပုံး​များအနက်မှတစ်ပုံးကို အဝေးသို့ကန်ထုတ်လိုက်၏။

ထိုမစင်ပုံး လွင့်ထွက်သွားသည်ကို ကြည့်ပြီး....

လောင်ရှစ်သည် အလွန်အမင်း စိတ်သက်သာရာရသွားသည်။

သို့ရာတွင် ရုတ်တရက်....

ပတ်ဝန်းကျင်ရှိအပူချိန် အလွန်အမင်းကျဆင်းသွားသည်ကို သူတို့ သတိပြုလိုက်မိသည်။

ဤသည်မှာ အလွန်အမင်းအေးစက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ထူးဆန်းသောလေထုသည် လေဟာနယ်တစ်ရပ်လုံးကို အေးခဲသွားစေကာ သူတို့သုံးယောက်ကို ရွှံနွံအိုင်တစ်အိုင်အတွင်း၌ နစ်နေသည့်အလား ခံစားရစေသည်။

သူတို့သုံးယောက်လုံး လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

ထို့နောက် သူတို့သည် ဒေါသထွက်နေသော လုသရှန်း၏မှုန်ကုပ်ကုပ်မျက်နှာကို မြင်တွေ့လိုက်ရသည်။သူသည် နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် သူတို့သုံးယောက်ကို စူးစူးဝါးဝါးစိုက်ကြည့်နေပေ၏။

"ဒါက..."

"ဒီမစင်ပုံးက ဆရာကြီးကိုယ်တိုင် သူ့ရဲ့လက်နဲ့ ငါ့ကိုပေးထားတဲ့ ပစ္စည်းပဲ"

"ငါ ဒီမစင်ပုံးကို နေ့တိုင်းဂရုတစိုက်ဆေးကြောပြီးတော့ မပျက်စီးအောင် သေသေချာချာထိန်းသိမ်းထားတယ်...ဒါပေမဲ့ မင်း..မင်းက ဒါကို ကန်ထုတ်လိုက်တာလား"

"သေစမ်း...."

"ငါ မင်းကို သတ်မယ်..."

ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံနှင့်အတူ လုသရှန်း၏ဒေါသများ ပွင့်အံ့ထွက်လာသည်။

"မစင်ပုံးတွေ လာခဲ့စမ်း"

လုသရှန်းက သူ၏လက်ကို မြှောက်လိုက်၏။

ရွှေရောင်အလင်းတန်းများ တောက်ပနေသော မစင်ပုံးကိုးပုံး ရုတ်တရက်ထွက်ပေါ်လာကာ သူ့အား အဆက်မပြတ်လှည့်ပတ်နေသည်။

ထိုနောက် သူ၏လက်များကိုလှုပ်ရှားကာ လက်စည်းသင်္ကေတတချို့ကို ဖွဲ့စည်းပြီးနောက် တစတစပို၍လျှင်မြန်လာကာ နောက်ဆုံး၌ပုံရိပ်ယောင်များအဖြစ်သို့ ရောက်ရှိလုနီးပါးဖြစ်လာသည်။

နောက်ဆုံးလက်စည်းသင်္ကေတ ကျရောက်သွားချိန်၌ သူ၏မျက်လုံးများ စူးစူးဝါးဝါးတောက်ပနေသည်။

"မစင်ပုံး လွတ်မြောက်ခြင်း...နဂါးကိုးကောင် မစင်ဗုံး...."

သူ၏ပါးစပ်မှ ကျယ်လောင်သောအော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် သူ၏နံဘေးပတ်လည်ရှိ မစင်ပုံးကိုးပုံးမှ အလင်းရောင်များပို၍တောက်ပလာကာ ပြင်းထန်သောစွမ်းအားလှုပ်ခတ်မှုများကို ထိန်းချုပ်မထားနိုင်တော့ချေ။

ဘုန်း....

မစင်ပုံးများမှနေ၍ စွမ်းအားများ ပွင့်အံ့ထွက်လာသည်။

ချေးရေများဖြင့်သိပ်သည်းထားသော ကြီးမားသည့်နဂါးကိုးကောင်က မစင်ပုံးအတွင်းမှနေ၍ လေထုအတွင်းသို့ မြင့်တက်လာသည်ကို သူတို့သုံးယောက်လုံး တွေ့မြင်လိုက်ရသည်။

ဝေါင်း....

အလွန်အမင်းကျယ်လောင်သော နဂါးဟိန်းသံကြီးထွက်ပေါ်လာကာ မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။

Chapter 628

နဂါးကိုးကောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီးနောက်....

သံချပ်ကာဝတ်စုံဝတ်လူသုံးယောက်ထံသို့ တိုးဝင်သွားသည်။

"ဒါက...."

လူသုံးယောက်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ သိသိသာသာပြောင်းလဲသွားသည်။

အကြောင်းအရင်းမှာ ချေးနဂါးကိုးကောင်သည် သူတို့အား ချိပ်ပိတ်ထားပြီးနောက် အလွန်ကြီးမားသောစွမ်းအားဖြင့် တိုးဝင်လာသောကြောင့်ပင်။

သူတို့သည် ထိရောက်သောခုခံကာကွယ်မှုကို ထုတ်ဖော်အသုံးမပြုရသေးမီမှာပင် ချေးနဂါးကိုးကောင်မှနေ၍ သူတို့အား တိုက်ခိုက်ပြီးဖြစ်သည်။

မစင်ပုံးကိုကန်ကျောက်ခဲ့သော လောင်ရှစ်သည် အပြင်းဆုံးဒဏ်ကို ခံယူလိုက်ရသည်။နဂါးကိုးကောင်အနက်မှခုနှစ်ကောင်သည် သူ့အား ချိတ်ပိတ်ထားလေ၏။

သူ၏ခန္ဓာကိုယ်အတွင်းသို့ မစင်စွမ်းအားများစိမ့်ဝင်သွားခြင်းနှင့်အတူ သူ နေရာမှပျောက်ကွယ်သွားတော့သည်။

"အား..."

တခြားလူနှစ်ယောက်သည် စူးရှကျယ်လောင်စွာအော်ဟစ်ပြီးနောက် အဝေးသို့လွင့်ထွက်သွားပြီး မိုင်ဆယ်နှင့်ချီအကွာရှိ တောင်တစ်လုံးနှင့်ရိုက်ခတ်မိသည်။

ဘုန်း...

ထိုတောင်သည် ရုတ်တရက်ပြိုလဲသွားပြီးနောက် သူတို့နှစ်ယောက်သည် အပျက်အစီးများအကြားသို့ ကျရောက်သွားကာ အ​ပြင်းအထန် ဒဏ်ရာရရှိသွားတော့သည်။

"ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုးလဲ"

လောင်ကျိုးသည် အားတင်း၍ရုန်းကန်ကာ ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

"လောင်ရှစ်...လောင်ရှစ် ပျောက်ကွယ်သွားပြီ... အဲ့ဒီလူက ဘယ်သူလဲ"

လောင်ပါးသည် မြေကြီးများအကြားမှနေ၍ ခက်ခက်ခက်ခဲအားယူ၍ တွယ်တတ်လာကာ အံတင်းတင်းကြိတ်၍ပြောဆိုသည်။

"အစ်ကိုကြီးကို သတင်းပြန်ပို့ရမယ်...ဒီကျွန်းက တကယ့်ကို မူမမှန်ဘူး"

လောင်ကျိုးက တည်ကြည်လေးနက်စွာပြောဆိုသည်။

သူတို့သည် ကျွန်းပေါ်သို့မရောက်ရှိသေးမီမှာပင် လူတစ်ယောက် ပျောက်ကွယ်သွားခဲ့ရသည်မှာ သူတို့တွေးတောထားသည်ထက် ​ကျော်လွန်နေသည်။

အစောပိုင်းက တာအိုပညာရှင်၏တိုက်ခိုက်မှုကို ပြန်လည်တွေးတောမိစဉ်တွင် သူတို့ထံ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။

ဤအချိန်အခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်များပေါ်မှ ဒဏ်ရာများကို ထည့်မထွက်လျှင်ပင် သူတို့၏ခန္ဓာကိုယ်များမှ အနံ့အသက်များသက်သက်ဖြင့် သူတို့နှစ်ယောက်လုံး မူးမေ့လဲလုနီးပါး ဖြစ်နေလေပြီ။ဤအနံ့အသက်ဆိုးများသည် သူတို့၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်တိုင်းမှ ထွက်ပေါ်နေသည့်အလားပင်။

သူတို့ထံတွင် မစင်နံ့များဖြင့် ပြည့်နှက်နေပေ၏။

သူတို့နှစ်ယောက်သည် ဒယိမ်းဒယိုင်ဖြင့် ဖျက်ဆီးခြင်းအရှင်နှင့် တခြားလူများရှိသောနေရာသို့ ဦးတည်၍ပျံသန်းခဲ့တော့သည်။

"အရှင်တို့...စိတ်အေးအေးထားပြီး စောင့်ကြပါ... အရှင်သုံးယောက်ကိုယ်တိုင် သွားပြီးစုံစမ်းမှတော့ သူတို့က မကြာခင်မှာ သတင်းပြန်ပို့ပါလိမ့်မယ်...."

ဖျက်ဆီးခြင်းအရှင်က မြှောက်ပင့်သောစကားများ ပြောဆိုသည်။

သို့ရာတွင် သူ၏စကားအဆုံးမသတ်သေးမီမှာပင် မိုးကောင်းကင်ယံအတွင်း၌ ဒယိမ်းဒယိုင်ဖြင့် ပျံသန်းလာသော လူနှစ်ယောက်ကို သူ မြင်တွေ့လိုက်ရသည်။တချိန်တည်းမှာပင် ပြင်းထန်သော အနံ့အသက်ဆိုးကိုလည်း သူ ရှူရှိုက်မိလေ၏။

သူ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘာဖြစ်တာလဲ..."

ခေါင်းဆောင်လူကြီးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်သွားကာ လူအုပ်ကြီးကိုဦးဆောင်၍ ထိုလူနှစ်ယောက်ကို အလျင်စလိုဆီးကြိုလိုက်သည်။

"အစ်ကို...အစ်ကိုကြီး...."

လောင်ပါးနှင့်လောင်ကျိုးတို့က ဆောက်တည်ရာမရသောအသံဖြင့် အော်ဟစ်သည်။

"ဘာဖြစ်လာတာလဲ"

"လောင်ရှစ် ဘယ်မှာလဲ"

ခေါင်းဆောင်လူကြီးက အလျင်စလို မေးမြန်းသည်။

"လောင်ရှစ်...လောင်ရှစ်...သူက..."

လောင်ပါးနှင့်လောင်းကျိုးတို့၏မျက်နှာများပေါ်တွင် ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။လူတိုင်း၏သံသယမျက်လုံးများအောက်တွင် သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်၏။

"ဘာ...."

လက်ရှိနေရာတွေရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"မင်း ဆိုလိုတာက...မင်းတို့တွေ ကျွန်းပေါ်ကိုမရောက်သေးခင်မှာပဲ မစင်သယ်တဲ့လူတစ်ယောက်ရဲ့ရိုက်နှက်တာကို ခံရပြီးတော့...တစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရသွားတာလား"

ခေါင်းဆောင်လူကြီး၏မျက်လုံးများ ပြူးကျယ်သွားကာ သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"အစ်ကိုကြီး...ဒါက မစင်သယ်တဲ့လူဆိုပေမယ့် အရမ်းကြောက်ဖို့ကောင်းတယ်"

လောင်ပါးက ကြေကွဲဝမ်းနည်းသောမျက်နှာဖြင့် ပြောဆိုသည်။

"ငါတို့တွေက လောင်ရှစ်အတွက် လက်စားချေပေးရမယ်"

"ကောင်းပြီလေ...ငါ သိပြီ"

ခေါင်းဆောင်သူကြီးသည် မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။

"ဒီကိစ္စကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ငါ သိပြီ...အရင်ဆုံး မင်းတို့ရဲ့ဒဏ်ရာတွေကို ကုသလိုက်အုံး"

"တကယ်တော့:အရေးအကြီးဆုံးကိစ္စက မင်းတို့ရဲ့ခန္ဓာကိုယ်တွေကို ဆေးကြောသန့်စင်ဖို့ပဲ"

ထိုသို့ပြောဆိုပြီးနောက် သူသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏နှာခေါင်းကို ဖုံးအုပ်လိုက်သည်။

လောင်ပါးနှင့်လောင်ကျိုးတို့ ထွက်ခွာသွားပြီးနောက် တခြားလူများအားလုံး စုဝေးလိုက်ကြသည်။

"အစ်ကိုကြီး...ငါတို့ ဘာလုပ်ကြမလဲ"

"ငါတို့တွေ လောင်ရှစ်အတွက် လက်စားချေကြမလား"

"အမှန်ပဲ...ငါက လောင်ရှစ်ကို ဒီအတိုင်းသေဆုံးသွားခွင့် မပြုနိုင်ဘူး"

လူများ၏အသံများက တစ်ယောက်တစ်ပေါက်ထွက်ပေါ်လာသည်။

ခေါင်းဆောင်လူကြီးသည် သူ၏လက်ကိုဝှေ့ယမ်းကာ သူတို့၏စကားများကို ကြားဖြတ်ဟန့်တားလိုက်သည်။

"ဒီကျွန်းက..."

"မရိုးရှင်းဘူး..."

"တကယ်လို့ ငါတို့တွေ မဆင်မခြင် တိုက်ခိုက်မယ်ဆိုရင် သံတမန်ကြီး ငါတို့ကိုပေးလိုက်တဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ နေနေသာသာ...ငါတို့တွေက လောင်ရှစ်တို့နဲ့ တူညီတဲ့အမှားမျိုးကို ထပ်ပြီးကျူးလွန်မိမှာ ငါ စိုးရိမ်မိတယ်"

သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ထိုစကားလုံးများ ကျရောက်သွားချိန်တွင်....

လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ စိတ်နှလုံးသားများ လေးလံသွားသည်။

"အစ်ကိုကြီး...ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ... နည်းလမ်းတစ်ခုတော့ ရှိမှာပါ"

"ဟုတ်တယ် အကိုကြီး"

"ငါတို့ဒီအတိုင်းတော့ ပြန်သွားလို့မရဘူး"

လူအုပ်အကြားမှာနေ၍ အသံများ ထပ်မံ၍ထွက်ပေါ်လာသည်။

ခေါင်းဆောင်လူကြီးသည် အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"ငါတို့တွေက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့တော့ မသင့်တော်ဘူး...အရင်ဆုံး အဲ့ဒီကျွန်းနဲ့ပတ်သတ်သမျှ အရာအားလုံးကို စုံစမ်းရမယ်"

"ဒါကြောင့် အဲ့ဒီနေရာကိုသွားဖို့အတွက် ငါတို့မှာ နည်းလမ်းတစ်ခုပဲရှိတယ်"

"သံတမန်ကြီး...ငါတို့ကိုဆင့်ခေါ်တုန်းက အသုံးပြုခဲ့တဲ့မှော်နည်းစနစ်ကို မင်းတို့ မှတ်မိကြသေးလား"

"အစ်ကိုကြီး ဘာကိုဆိုလိုတာလဲ"

တခြားလူများက ထိတ်လန့်တကြားမေးမြန်းသည်။

"အမှန်ပဲ..."

"ဒါက နောက်ဆုံးနည်းလမ်းဆိုပေမယ့် ပြောရမယ်ဆိုရင် မင်းတို့ကိုယ်မင်းတို့ ဖုံးကွယ်ပြီးတော့ ရန်သူကိုတိုက်ခိုက်နိုင်ပြီး တိုက်ပွဲပေါင်းတစ်ရာကျော်ကိုအနိုင်ယူနိုင်တယ်"

"ကျွန်းပေါ်မှာရှိတဲ့အခြေအနေတွေကို ငါတို့သိရပြီဆိုရင် ကျွန်းကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ ငါတို့ ဆုံးဖြတ်လို့ရပြီ"

ထိုစကားကိုကြားချိန်တွင် လူတိုင်းခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် ထိုကိစ္စကို လက်မခံလိုသည့်တိုင် ယခင်က ကျွန်းပေါ်သို့သွားသော လူသုံးယောက်အနက် တစ်ယောက်သည်ပျောက်ကွယ်သွားကာ ကျန်နှစ်ယောက်သည် အပြင်းအထန်ဒဏ်ရာရရှိသွားသည်ကို သူတို့အားလုံး သိရှိပြီးဖြစ်သည်။

"နှစ်ရက်လောက် စောင့်လိုက်ကြအုံး...လောင်ပါးနဲ့လောင်ကျိုးတို့ ပြန်ကောင်းလာတဲ့အချိန်ကျရင် မှော်ဝင်င်္ကပါကို စတင်ကြမယ်"

အချိန်နှစ်ရက်သည်...

အလွန်လျှင်မြန်စွာ ကုန်ဆုံးသွားလေ၏။

ဖျက်ဆီးခြင်းအရှင်နှင့်တခြားလူများသည် အားဖြည့်ထားကြကာ...

လောင်ပါးနှင့်လောင်ကျိုးတို့ ပြန်လည်ကောင်းမွန်သွားပြီးနောက် တောအုပ်အတွင်း၌ သူတို့အားလုံး စုဝေးလိုက်ကြသည်။

သူတို့၏ရှေ့တွင် ကြီးမားသောမှော်စွမ်းအားဝင်္ကပါကြီးကို အဆင်သင့်ပြင်ဆင်ပြီးဖြစ်သည်။

ခေါင်းဆောင်လူကြီးသည် တည်တည်လေးနက်စွာဖြင့် တခြားလူများကို ရှင်းပြလေ၏။

"မင်းတို့အားလုံး မှတ်ထားရမှာက လောင်ရှစ်ရဲ့သေဆုံးသွားမှုပဲ...ကျွန်းရဲ့အခြေအနေကို အရင်ဆုံးစုံစမ်းပြီးမှ လောင်ရှစ်အတွက် လက်စားချေရမယ်"

"ငါတို့က ဒီမှော်နည်းစနစ်ကို အသုံးပြုလိုက်တာနဲ့ ကျွန်းပေါ်ကို အလွယ်တကူ ခိုးဝင်နိုင်လိမ့်မယ်"

"ဒီမှော်စွမ်းအားတွေရဲ့ကောင်းချီးပေးမှုကြောင့် ငါတို့ရဲ့ခန္ဓာကိုယ်တွေကို ဝင်္ကပါတွေနဲ့စိတ်ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုတွေက သက်ရောက်မှာမဟုတ်ဘူး...ဒါ့ပြင် ငါတို့ရဲ့ခုခံကာကွယ်မှုကလည်း အရမ်းမြင့်မားနေလိမ့်မယ်...အစွမ်းထက်တဲ့ကျင့်ကြံသူတွေကတောင် ငါတို့ရဲ့ခန္ဓာကိုယ်တွေကို ထွင်းဖောက်မြင်နိုင်မှာမဟုတ်ဘူး...ဒါက ငါတို့ဆီမှာ အင်မော်တယ်ခန္ဓာကိုယ်ရှိနေတာနဲ့ ညီမျှတယ်...ဒါကြောင့် ကျွန်းရဲ့အစိတ်အပိုင်းတွေအားလုံးကို ငါတို့ စစ်ဆေးနိုင်လိမ့်မယ်"

"ဟုတ်ကဲ့"

တခြားသူများအားလုံး အလေးအနက်ထား၍ တုံ့ပြန်လိုက်ကြသည်။

ခေါင်းဆောင်လူကြီးရှင်းပြပြီးနောက် လူကိုးယောက်သည် သူတို့စီစဉ်ထားသော ပုံရိပ်ယောင်ဝင်္ကပါကြီးအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လိုက်ကြသည်။

သူတို့သည် ဝင်္ကပါကြီးအတွင်းသို့ဝင်ရောက်ပြီးနောက် အလင်းတန်းများ တောက်ပသွားသည်။ ထိုနောက် လူကိုးယောက်သည် ပျားတကောင်စာအရွယ်အစားရှိသော ပိုးမွှားကိုးကောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ထို့ပြင် သူတို့၏ခန္ဓာကိုယ်များကို ထူထပ်သောအကြေးခွံများဖြင့် လွှမ်းခြုံနေကာ သံချပ်ကာဝတ်စုံများနှင့်တူညီနေပြီး ခိုင်ခန့်မာကျောသဖြင့် အလွယ်တကူ ကွဲအက်နိုင်မည်မဟုတ်ချေ။

တဝီဝီဖြင့်ပျံသန်းလာပြီးနောက်...

သူတို့အနက်တစ်ယောက်ထံမှ အသံထွက်ပေါ်လာသည်။

"ကျွန်းပေါ်ရောက်တာနဲ့ နေရာကိုးနေရာခွဲပြီးသွားရမယ်...မင်းတို့နဲ့သက်ဆိုင်တဲ့နေရာကိုစစ်ဆေးတဲ့အချိန်ကျရင် ဘယ်နေရာမှာ ဝင်္ကပါတွေရှိတယ်...ဘယ်နေရာမှာ အစွမ်းထက်ကျင့်ကြံသူတွေရှိတယ်ဆိုတာနဲ့...ဘယ်နေရာမှာ ကံကြမ္မာစွမ်းအားနဲ့ဆက်စပ်တဲ့ သော့ချက်ပစ္စည်းတွေရှိတယ်ဆိုတာကို မင်းတို့ သေချာမှတ်ထားရမယ်..ကိစ္စတွေပြီးတာနဲ့ ကျွန်းရဲ့တောင်ဘက်ပိုင်းက ရေအိုင်အစွန်မှာ ငါတို့ ဆုံတွေ့ပြီးတော့ အတူတူပြန်ကြမယ်"

"ငါတို့ပြန်ရောက်တာနဲ့ အခြေအနေတွေအားလုံးကို သံတမန်ကြီးဆီ သတင်းပို့ပြီးတော့ ကျွန်းကိုအနိုင်ယူနိုင်မယ့် အစီအစဉ်တစ်ခုကိုဆွဲပြီး လောက်ရှစ်အတွက် လက်စားချေမယ်"

"မင်းတို့ နားလည်ကြလား"

"နားလည်ပါတယ်"

တညီတညွတ်တည်း ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာပြီးနောက် ပိုးမွှားရှစ်ကောင်သည် အလင်း၏အရှိန်နှုန်းဖြင့် ပျံသန်းသွားတော့သည်။

ခေါင်းဆောင်လူကြီးသည် ကျွန်း၏အရှေ့ဘက်ခြမ်းသို့ ဦးတည်၍ပျံသန်းရန် ဟန်ပြင်လိုက်သည်။

ဤနည်းလမ်းကိုကြည့်ပြီး ဖျက်ဆီးခြင်းအရှင်သည် ကြက်သေသေနေလေ၏။

"အရှင် ငါ့ကို အမိန့်ပေးစရာရှိလား"

ဖျက်ဆီးခြင်းအရှင်က ရိုသေလေးစားစွာ မေးမြန်းသည်။

"မင်းလုပ်ရမှာက ဒီမှော်ဝင်္ကပါကို ကာကွယ်ရမယ်...တကယ်လို့ ဒီမှော်ဝင်္ကပါပျက်စီးသွားရင် ငါတို့တွေ ဒီနေရာကို အလိုအလျောက် ပြန်ရောက်လာနိုင်တော့မှာမဟုတ်ဘူး...ဒါကြောင့် ဘာကိစ္စပဲ ရှိနေနေ...မင်း ဒီနေရာကနေ ခြေတစ်လှမ်းခွာလို့မရဘူး"

ခေါင်းဆောင်လူကြီးက တည်ကြည်လေးနက်စွာရှင်းပြသည်။

"ငါ နားလည်ပါပြီ...အရှင် စိတ်အေးအေးထားပါ...ငါက ဒီဝင်္ကပါကို သေချာပေါက်ကာကွယ်စောင့်ရှောက်ထားမယ်"

ဖျက်ဆီးခြင်းအရှင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြသည်။

"ကောင်းပြီလေ ငါ သွားတော့မယ်...မင်း ဒီနေရာမှာနေပြီးတော့ ငါတို့ပြန်လာတဲ့အချိန်အထိ စောင့်နေပါ"

ခေါင်းဆောင်လူကြီးက ပြောဆိုသည်။

"အရှင်...ဘာမှစိတ်မပူပါနဲ့...မင်းတို့အားလုံး ပြန်မလာမချင်း ငါ ဘယ်နေရာကိုမှမသွားဘူး"

"ငါက ဒီနေရာမှာပဲ စောင့်နေပါ့မယ်"

ဖျက်ဆီးခြင်းအရှင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။

Chapter 629

လူကိုးယောက်လုံး ထွက်ခွာသွားပြီးနောက်...

ဖျက်ဆီးခြင်းအရှင်သည် သူ၏စိတ်ကိုလွှတ်ချကာ ပတ်ဝန်းကျင်ရှိလှုပ်ရှားမှုများကို အာရုံခံ၍ ထိုင်လိုက်၏။

ထို့နောက် သူ၏မျက်နှာပေါ်တွင် ဖျော့တော့တော့အပြုံးတစ်ခု ထင်ဟပ်လာသည်။

အင်မော်တယ်မြစ်ကုန်းမြေအတွင်းမှ ကံကြမ္မာစွမ်းအားများအားလုံး ဆုံးရှုံးခဲ့ရသော်လည်း အရှင်သည် သူ့အား အပြစ်တင်ခဲ့ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ယခင်တစ်ကြိမ်က စစ်ကူပေးရန် ဆင်းသက်လာသော သံတမန်ကြီးသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူ၏လက်သီးတချက်ဖြင့် အမြစ်ပြတ်သတ်ဖြတ်ခြင်းခံလိုက်ရသည်။ထိုကြောင့် သူ ထိုကိစ္စကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။

အရှင်သည် သူ့အား အပြစ်မတင်ရုံသာမက သံတမန်အသစ်တစ်ယောက်ကိုလည်း ထပ်မံ၍စေလွှတ်လိုက်သည်။ထို့ပြင် လက်သည်တရားခံကို ရှာဖွေဖော်ထုတ်ရန်အတွက် သူ့အား ခွေ့လူမျိုးဆယ်ယောက်နှင့် ပူးပေါင်းဆောင်ရွက်စေကာ ဆုလာဘ်များရရှိနိုင်မည့် အကောင်းဆုံးအခွင့်အရေးကို ပေးခဲ့သည်။

ထိုခွေ့လူမျိုးဆယ်ယောက်သည် ပထမဆုံးအကြိမ်လှုပ်ရှားရာတွင် အဆင်မပြေမှုများနှင့်ကြုံတွေ့ခဲ့ရကာ လူတစ်ယောက်ဆုံးရှုံးသွားခဲ့ရသော်လည်း ဤပုံရိပ်ယောင်ဝင်္ကပါကြီး၏ မှော်စွမ်းအားသည် အလွန်အားကောင်းပေ၏။

မကြာမီအချိန်အတွင်းတွင် သူတို့အားလုံး ပြန်ရောက်လာနိုင်သည်။

ကျွန်း၏အသေးစိတ်အချက်အလက်များကို ရှာဖွေဖော်ထုတ်ပြီးသည်နှင့် သူ၏တာဝန်ကို ပြီးမြောက်အောင်မြင်ရန် အလှမ်းကွာဝေးတော့မည်မဟုတ်ချေ။

ဤသည်မှာ သူသည် အရှင့်ထံမှ ကြီးမားသောဆုလာဘ်နှင့် အလှမ်းကွာဝေးခြင်းမရှိတော့ဟု ညွှန်ပြနေခြင်းပင်။

"ဒါက အရမ်းကောင်းတယ်"

သူသည် ဤနေရာ၌ ထိုင်စောင့်နေရုံသက်သက်ပင်။

ဖျက်ဆီးခြင်းအရှင်က ပြုံးလိုက်သည်။

"မစင်သယ်တဲ့သူကို ရှောင်တိမ်းရမယ်"

ကြယ်ပျံများအလား ဖြတ်သန်းလာသော ပိုးမွှားကိုးကောင်အနက်မှတစ်ကောင်သည် တခြားသူများထံသို့ အလျင်စလို အသံပေးပို့သည်။

"မဆင်မခြင် မလုပ်ကြနဲ့"

"အဲ့ဒီလူက မင်းတို့သုံးယောက်ကို အလွယ်တကူအနိုင်ယူနိုင်ခဲ့တယ်...သူက ဒီကျွန်းရဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်တယ်...ဒီကျွန်းပေါ်မှာ အဲ့ဒီလိုလူတွေအများကြီး ဘယ်လိုမှရှိမနေနိုင်ဘူး...ဒါကြောင့် မင်းတို့ကအချိန်အတိုင်းအတာတစ်ခုထိ သူ့ကို ရှောင်ရလိမ့်မယ်"

ခေါင်းဆောင်သူကြီးက တခြားလူများထံသို့အသံပေးပို့ပြီး အမိန့်ထုတ်ပြန်လိုက်၏။

"ငါတို့တွေ သတင်းအချက်အလက်တွေအားလုံး ရပြီးတဲ့အချိန်ကျမှ ပြန်သွားပြီးတော့ သူ့ကိုရင်ဆိုင်ရင်လည်း နောက်မကျသေးပါဘူး"

"ဟုတ်ကဲ့"

တခြားလူများအားလုံးသည် သဘောတူညီလိုက်ကြကာ လုသရှန်းကိုရှောင်တိမ်းရန် ဆုံးဖြတ်လိုက်ကြသည်။

လုသရှန်းကို ဖြတ်သန်းသွားပြီးနောက်....

ပိုးမွှားကိုးကောင်သည် လေထုအတွင်း၌ ပျံသန်းနေလေ၏။

"ငါ့ရဲ့အမိန့်ကို မှတ်ထားကြစမ်း...မင်းတို့အားလုံး နေရာခွဲပြီးတော့ သတင်းအချက်အလက်တွေကို စုဆောင်းရမယ်"

"အဲ့ဒီကိစ္စပြီးတာနဲ့ ကျွန်းရဲ့တောင်ဘက်ကမ်းခြေမှာ တွေ့ဆုံပြီးတော့ ငါတို့အားလုံး အတူတူပြန်ဆုတ်ကြမယ်"

"လမ်းခွဲသွားကြတော့"

ခေါင်းဆောင်လူကြီး၏အသံပေးပို့ခြင်း အဆုံးသတ်သွားချိန်တွင် ပိုးမွှားကိုးကောင်သည် နေရာခွဲ၍ ပျံသန်းလိုက်ကြသည်။ထို့နောက် သူတို့သည် လူနှစ်ယောက်ကိုအုပ်စုတစ်စုအဖြစ်နှင့် ကျွန်းပေါ်ရှိနေရာအသီးသီးသို့ ဆင်းသက်လိုက်သည်။

"လောင်ကျိုး ငါတို့ရဲ့ခုခံကာကွယ်မှုက ပြိုင်ဘက်ကင်းတယ်လို့ ငါ ခံစားနေရတယ်"

လောင်ပါးနှင့်လောင်ကျိုးတို့သည် ရေအိုင်ပေါ်မှဖြတ်၍ပျံသန်းရင်း စကားပြောဆိုနေကြသည်။

"အင်း...ဒီအခြေအနေမှာ တကယ်လို့ အစ်ကိုကြီးက ခွန်အားကုန်သုံးပြီး ငါတို့ကို ရိုက်နှက်မယ်ဆိုရင်တောင်...ငါတို့တွေကို ထိခိုက်နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး"

"အမှန်ပဲ...တကယ်လို့ ငါတို့ဒီအခြေအနေမျိုးနဲ့သာ မစင်သယ်တဲ့သူကို ရင်ဆိုင်ခဲ့ရမယ်ဆိုရင်...လောင်ရှစ် သေရမှာမဟုတ်ဘူး"

"ဟုတ်တယ်"

"သတင်းအချက်လက်တွေအားလုံး ရပြီးတဲ့အချိန်ကျရင် ငါတို့က လောင်ရှစ်အတွက်လက်စားချေရမယ်"

သူတို့နှစ်ယောက်သည် ပျံသန်းရင်း စကားစမြည်ပြောဆိုနေသည်။

"ဒါက..."

ထိုအချိန်မှာပင် လောင်ကျိုးက ထိတ်လန့်တကြားအော်ဟစ်လိုက်ကာ အံ့အားတသင့်ပြောဆိုသည်။

"လောင်ပါး...ကြည့်လိုက်စမ်း ငါတို့ရဲ့အောက်ကရေထဲမှာ ငါးတစ်ကောင် ရှိနေတယ်"

လောင်ပါးသည် ထိုငါးကိုတချက်ကြည့်ပြီးနောက် တည်ငြိမ်စွာပြောဆိုသည်။

"ဒါက ငါးငယ်လေးတစ်ကောင်ပဲလေ...ဘာငါးပဲဖြစ်ဖြစ် ငါတို့က စိုးရိမ်စရာမလိုဘူး..ကျွန်းပေါ်ကို ဆင်းသက်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်"

သို့ရာတွင် သူ၏အသံ ကျရောက်သွားသောအချိန်မှာပင်...

ငါးကြင်းတကောင်သည် ရေအတွင်းမှခုန်ထွက်ကာ တစ်ကိုက်တည်းဖြင့် လောင်ကျိုးကို ဝါးမြိုလိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။

"သောက်ချေးပဲ...."

"လောင်ကျိုး...."

လောင်ပါးသည် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ရေမျက်နှာပြင်ပေါ်၌ ငါးမျက်လုံးတစ်စုံထွက်ပေါ်လာကာ သူ့အား စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

ဤမျက်လုံးတစ်စုံသည် လောင်ပါးအား ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထိုငါးသည် ရေထုအတွင်းမှ ချက်ချင်းခုန်ထွက်လာကာ သူ့အား ဝါးမြိုလိုက်တော့သည်။

သူ သေဆုံးသွားသောအချိန်အထိ...

သေးငယ်သော သာမာန်ငါးကြင်းတစ်ကောင်သည် သူ့အား မည်သည်ကြောင့် ဝါးမြိုနိုင်ခဲ့သည်ကို သူ နားလည်သဘောပေါက်ခဲ့ခြင်းမရှိချေ။

...

"ဒီကျွန်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ငါ ထင်တယ်..ဟုတ်တယ်မလား"

"ငါတို့က အခုအချိန်အထိ ကျွန်းပေါ်ကို ချောချောမွေ့မွေ့ မဆင်းသက်နိုင်သေးဘူး"

တခြားတစ်ဖက်တွင် လောင်လျိုနှင့်လောင်ချီတို့သည် ကျွန်းပေါ်သို့ရောက်ရှိလာပြီးနောက် ကမ်းခြေရှိ သစ်ပင်တစ်ပင်အနီးတွင် လှည့်ပတ်ပျံသန်းကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။

ဤအချိန်အခိုက်အတန့်တွင်...

တစ်စုံတရာမှ သူတို့အား စောင့်ကြည့်နေသည်ဟု သူတို့နှစ်ယောက်လုံး ခံစားနေရသည်။

သူတို့နှစ်ယောက် နောက်သို့ပြန်လှည့်ကြည့်ချိန်တွင်...

သစ်ပင်တစ်ပင်ပေါ်တွင် လဲလျောင်းနေသော ပုတ်သင်ညိုတစ်ကောင်သည် လုံးဝန်းသောမျက်လုံးတစ်စုံဖြင့် သူတို့အား စူးစိုက်ကြည့်နေသည်ကို တွေ့မြင်မိသည်။

"အမ်..."

"ဒီအကောင်သေးသေးလေးက ငါတို့ကို စားချင်နေတာများလား"

ထိုမြင်ကွင်းကိုကြည့်ပြီး လောင်လျှိုက လှောင်ပြောင်သရော်လိုက်သည်။

"ကောင်ငယ်လေး...ငါတို့က မင်းရဲ့အစာမဟုတ်ဘူး...တကယ်လို့ မင်း ငါတို့ကိုစားချင်တယ်ဆိုရင် မင်းငါတို့ကို အစာ​ချေနိုင်မချေနိုင်ပေါ်မှာ မူတည်တယ်"

ထိုအသံကျရောက်သွားချိန်တွင်...

လျှာတစ်ချောင်း ဆန့်တန်းလာကာ...

လှောင်ပြောင်ရယ်မောနေသော ညီအစ်ကိုနှစ်ယောက်ကို ရစ်ပတ်သွားပြီး သေသွားသည်အထိ ဖျစ်ညှစ်ခြင်းခံလိုက်ရသည်။ထို့နောက် သူတို့သည် ပုတ်သင်ညို၏ပါးစပ်အတွင်းသို့ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။

ပုတ်သင်ညို၏လုံးဝန်သောမျက်လုံးများတောက်ပသွားကာ သစ်ပင်ပေါ်၌ တဖန်ပြန်၍ အိပ်စက်သွားတော့သည်။

...

ဖြောင်း...

"လောင်ဝူ..."

တခြားတစ်ဖက်တွင် လောင်စစ်နှင့်လောင်ဝူတို့သည် ကျွန်းပေါ်သို့ရောက်ရှိလာပြီးနောက် သစ်ပင်ရိပ်တစ်ခုအောက်၌ ထိုင်နေသော အဒေါ်ကြီးတစ်ယောက်နှင့် တွေ့ဆုံမိသည်။ထိုအဒေါ်ကြီးသည် ခြင်များကိုယပ်တောင်ဖြင့်ရိုက်ပြီး သတ်ဖြတ်နေရာမှ လောင်ဝူကိုရိုက်မိပြီး မြေပြင်ပေါ်သို့ ကျရောက်သွားစေသည်။

ထို့နောက် အဒေါ်ကြီးသည် စိတ်ကျေနပ်ခြင်းမရှိဘဲ လောင်ဝူ၏ခန္ဓာကိုယ်ပေါ်သို့ ခြေထောက်ချကာ နင်းခြေလိုက်သည်။

"ဒီသစ်ပင်အောက်မှာ ​ခြင်တွေအများကြီးရှိနေတယ်...ငါ အရိပ်ကောင်းကောင်း ခိုလို့မရတော့ဘူး"

အဒေါ်ကြီးသည် ညည်းတွား​ပြီးနောက် ခြင်းတောင်းတစ်လုံးကို သူမ၏ခါးပေါ်၌တင်ကာ ဆဲဆိုပြီးထွက်ခွာသွားတော့သည်။

ခြေမွဖျက်ဆီးခံလိုက်ရသော လောင်ဝူကိုကြည့်ပြီး လောင်စစ်သည် ထိတ်လန့်တကြားပျံသန်းကာ ထွက်ပြေးခဲ့တော့သည်။

သူ၏ဦးရေပြားများ ပေါက်ကွဲလုမတတ် ခံစားနေရသည်။

ဤနေရာတွင် သောက်ရေးမပါလှစွာဖြင့် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...

ဝင်္ကပါကြီးမှ မှော်စွမ်းအားများ၏ကောင်းချီးပေးမှုကြောင့် ခုခံကာကွယ်မှုမှာ ပြိုင်ဘက်ကင်းသည်ဟု ပြောဆိုခဲ့သည်မဟုတ်လော....

မည်သည်ကြောင့် အဒေါ်ကြီးတစ်ယောက်၏လက်အတွင်း၌ လောင်ဝူသည် ပိုင်မုန့်တစ်ခုကဲ့သို့ ကြေမွှပျက်စီးသွားရသနည်း...

သူသည် အဒေါ်ကြီးအား လက်စားချေရန် စဥ်းစားတွေးတောနေစဉ်မှာပင် သူ၏နောက်ရှိ ကြက်ဖတစ်ကောင်က သူ့အား စူးစိုက်ကြည့်နေသည်ကို သူ မြင်တွေ့မိသည်။ကြက်ဖသည်ကြက်အမောက်အောက်ရှိ နီမြန်းသောမျက်လုံးတစ်စုံဖြင့် သူ့အားစူးစိုက်ကြည့်ကာ တိုးဝင်လာသည်။

ကြက်ဖ၏ခေါင်း ကျရောက်လာချိန်တွင်...

လောင်စစ်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ပြင်းထန်သောနာကျင်မှု ကျရောက်လာပြီးနောက် သူ့၏ခန္ဓာကိုယ်တစ်ခြမ်း ပျောက်ကွယ်သွားသည်ကို သူ ရှာဖွေတွေ့ရှိမိသည်။

သူ အထက်သို့မော့ကြည့်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခြမ်းကို ကြက်ဖမှထိုးဆိတ်နေကြောင်း သူ မြင်တွေ့လိုက်ရသည်။

ကြက်ဖသည် အရသာကို မြည်းစမ်းကြည်ပြီးနောက် သဘောကျစွာဖြင့် တကွတ်ကွတ်အော်မြည်ကာ သူ့၏ခေါင်းကိုထပ်မံ၍ငုံပြီးနောက် လောင်စစ်၏ကြွင်းကျန်သောခန္ဓာကိုယ်တစ်ခြမ်း ပျောက်ကွယ်သွားတော့သည်။

...

အဆိုးရွားဆုံးကိစ္စနှင့် ရင်ဆိုင်ခဲ့ရသည်မှာ လောင်အာနှင့်လောင်စန်းပင်။

ရေအိုင်စပ်ရှိသဲသောင်ပြင်ပေါ်၌ ကျုံးချင်သည် ထိုင်ခုံတစ်လုံးပေါ်၌ထိုင်ကာ ရှုမျှော်ခင်းပန်းချီကားတစ်ချပ်ကိုကြည့်နေသည်။ထို့နောက် သူသည် ယခင်က ရီဖုန်းတီထွင်ခဲ့သည့် ခြင်ဆေးခွေကို မီးတချက်ညှိလိုက်ချိန်တွင် အခိုးအငွေ့များက သူတို့နှစ်ယောက်ထံ တိုးဝင်သွားသည်။

ထိုအခိုးအငွေ့အနည်းငယ်ကို ရှူရှိုက်လိုက်ရုံဖြင့်....

ပိုးမွှားနှစ်ကောင်လုံး သေဆုံးသွားတော့သည်။

...

ဤအချိန်တွင် ခေါင်းဆောင်လူကြီးသည် ကျွန်းပေါ်သို့ ဆင်းသက်လာပေ၏။

ကျွန်းပေါ်သို့ရောက်ရှိလာပြီးနောက် သူသည် ခြုံထူသော နေရာတစ်နေရာကို ရှာဖွေကာ ပုန်းကွယ်လိုက်သည်။

"ဒီကျွန်းက တကယ်မလွယ်ဘူး"

အစောပိုင်းက ဖြစ်ပျက်ခဲ့သောကိစ္စကို တွေးတောမိချိန်တွင် သူ့ထံ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။

အကြောင်းအရင်းမှာ သူသည် ထူးဆန်းသောလူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသောကြောင့်ပင်။

ထိုလူသည် ကလေးတစ်ယောက်ဖြစ်ကာ ခွကြားပွင့်နေသော ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားသည်။သို့ရာတွင် ထိုကလေးသည် ခေါင်းဆောင်လူကြီးအား တစ်ချက်စိုက်ကြည့်ပြီးနောက် သူ၏လက်များကို ဝှေ့ယမ်းကာ လိုက်လံဖမ်းဆီးတော့သည်။

ထိုကလေးသည် သူ၏ပါးစပ်မှနေ၍ ပေါက်ကရစကားများကို အဆက်မပြတ် အော်ဟစ်နေလေ၏။

"ပျံသန်းနေတဲ့ ပိုးကောင်လေးတွေကိုဖမ်းမယ်...ပျံသန်းနေတဲ့ ပိုးကောင်လေးတွေကို ဖမ်းရမယ်"

သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်....

ခေါင်းဆောင်ကြီးသည် အမြန်ဆုံးအရှိန်နှုန်းဖြင့် ထိုကလေး၏လက်မှ လွတ်မြောက်ရန် အသည်းအသန်ကြိုးစားခဲ့ရသည်။

"ကလေးတယောက်လား"

"ဟမ့် မင်းက ကလေးတစ်ယောက်ဆိုတာ သရဲတစ္ဆေတွေပဲ ယုံကြည်လိမ့်မယ်"

"လေဟာနယ်ရဲ့စွမ်းအားကိုတောင် မင်းက ဆုပ်ကိုင်ထားနိုင်တယ်...မင်းက မစင်သယ်တဲ့လူထက်တောင် ပိုပြီးအစွမ်းထက်တဲ့သူ ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"

"တကယ်လို့ ငါက မင်းရဲ့ပုံပန်းသွင်ပြင်ကြောင့် လှည့်စားခံရမယ်ဆိုရင် ငါက အရူးတစ်ယောက်ပဲဖြစ်လိမ့်မယ်...မင်းက နှစ်တွေအကြာကြီး အသက်ရှင်သန်ခဲ့တဲ့ မွန်းစတားအိုကြီးတစ်ကောင်ပဲဖြစ်မယ်"

"ငါ့ရဲ့အရည်အချင်းပြည့်ဝမှုကြောင့်သာ မဟုတ်ရင် မင်းရဲ့အသွင်အပြင်ကြောင့် လှည့်စားခံရပြီးတော့ မင်းရဲ့လက်ထဲမှာ ငါ သေဆုံးသွားနိုင်တယ်"

"ပြောရမယ်ဆိုရင် မစင်သယ်တဲ့လူက ကျွန်းရဲ့ပထမအဆင့်ဖြစ်ပြီးတော့...ဒီကလေးက ဒုတိယအဆင့်ဖြစ်နေနိုင်တယ်"

ခေါင်းဆောင်လူကြီးက သရော်တော်တော်ရေရွတ်လိုက်သည်။

"ငါက ဒီကလေးရဲ့လိုက်ဖမ်းတာကို ခံရပေမယ့် လွတ်အောင်ရုန်းထွက်လာနိုင်ခဲ့တယ်"

"လောင်အာ လောင်စန်းနဲ့ တခြားညီလေးတွေအားလုံး ကျွန်းပေါ်ကို ရောက်နေလောက်ပြီ"

"ငါက ဘာတစ်ခုကိုမှ မစုံစမ်းရသေးပေမယ့် ဒီကလေးရဲ့စိတ်အာရုံကို ဆွဲဆောင်ထားနိုင်ရင် သူက တခြားလူတွေကို ရင်ဆိုင်နိုင်တော့မှာမဟုတ်ဘူး..ဒါ​ဆိုရင် သူတို့တွေ သတင်းအချက်အလက်တွေကို စုံစမ်းဖို့အတွက် အချိန်လုံလုံလောက်လောက် ရနိုင်တယ်...ဘယ်လောက်တောင်ကောင်းတဲ့ ရွေးချယ်မှုလဲ"

ထိုအကြောင်းကိုတွေးတောရင်း...

ခေါင်းဆောင်လူကြီး၏စိတ် တည်ငြိမ်သွားသည်။

နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် ခေါင်းဆောင်လူကြီးသည် ထိုကလေး၏အရှေ့၌ ရံဖန်ရံခါ ဟန်ရေးပြကာ လှည့်ပတ်ပျံသန်းပြီး တခြားလူများအတွက် အချိန်ဆွဲပေးနေခဲ့သည်။

သုံးရက်ကြာပြီးနောက်....

ခေါင်းဆောင်လူကြီးသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟပ်လာသည်။

"အရမ်းကောင်းတယ်"

"ဒီကျွန်းပေါ်မှာ ကလေးတစ်ယောက်ရဲ့အသွင်အပြင်ကိုယူထားတဲ့ ထိပ်သီးဆရာကြီးတစ်ယောက်ကို ငါ အာရုံလွှဲပေးထားနိုင်ခဲ့တယ်"

"ဒါပေမဲ့ တောင်တစ်တောင်ထက်ပိုမြင့်တဲ့ တခြားတောင်တစ်တောင်က အမြဲတမ်းရှိနေတယ်....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့လှည့်စားတာကို ခံလိုက်ရပြီ...တကယ်လို့ ငါ့မျှော်လင့်တဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ငါရဲ့ညီလေးတွေက သတင်းအချက်အလက်တွေကို အောင်အောင်မြင်မြင် ရယူနိုင်ပြီးတော့ တောင်ဘက်ကမ်းခြေမှာ ငါ့ကို စောင့်နေလောက်ပြီ"

"ဒီလိုဆိုမှတော့ ငါက သူတို့နဲ့ဆုံတွေ့ဖို့အတွက် သူတို့ကို သွားရှာရလိမ့်မယ်"

Chapter 630

ခေါင်းဆောင်လူကြီးသည် သတိကြီးစွာထား၍ လမ်းတလျှောက်လုံး၌ ပြောမပြနိုင်သော အခက်အခဲများကို ဖြတ်ကျော်ခဲ့သည်။

နောက်ဆုံး၌ သူသည် တောင်ဘက်ကမ်းခြေသို့ ရောက်ရှိသွားလေ၏။

တောင်ဘက်ကမ်းခြေသည် ကျယ်ပြန့်သောလွင်ပြင်ကြီးတခုဖြစ်ကာ သူ နေရာအနှံ့ကြည့်သည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွေ့မြင်ရခြင်းမရှိချေ။

ဤနေရာသို့ သူ၏ညီများ ရောက်မလာသည်မှာတိကျသေချာသည်။

အတိုချုပ်ပြောရလျှင် ဤနေရာ၌ သူတို့၏ဆံပင်တစ်ချောင်းပင် ရှိမနေပေ။

"ဘာဖြစ်တာလဲ"

"သူတို့မှာ ပြဿနာတစ်ခုခုများ ရှိနေတာလား"

"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး"

"ကလေးတစ်ယောက် အယောင်ဆောင်ထားတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူကို ငါ ဟန့်တားထားခဲ့တယ်...သူတို့တွေ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဟုတ်တယ်...သူတို့ မကြာခင်ရောက်လာမှာပါ"

"စောင့်ရမယ်...ငါ စောင့်ရမယ်"

သူသည် သူ၏ညီများကို အလွန်စိတ်ချယုံကြည်သည်။

သို့ရာတွင် ဘေးကင်းလုံခြုံစေရန်အတွက် သူသည် ချောက်ကမ်းပါးစွန်းတွင် ကျင်းတစ်ကျင်းတူးကာ ပတ်ဝန်းကျင်ကို အနီးကပ်စောင့်ကြည့်ရင်း သူ၏ညီများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သူ စောင့်ဆိုင်းနေသည်မှာ...

ညနေစောင်းသို့ ရောက်ရှိလာချိန်၌....

သူ့၏ညီများ ရောက်မလာသော်လည်း အမျိုးသမီးတစ်စုရောက်ရှိလာသည်။

သူမတို့သည် အတူစုဝေး၍ တေးဂီတသံများနှင့်အတူ သူမတို့၏ခါးများကိုတွန့်၍ မညီမညာကခုန်ကြသည်။

"ဟမ့်..."

"ပုရွက်ဆိတ်တစ်သိုက်..."

ချောက်ကမ်းပါးမှ ကျင်းအတွင်းတွင်ရှိနေသော ခေါင်းဆောင်လူကြီးက သူမတို့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌...

သူ ရုတ်တရက် ကြက်သေသေသွားသည်။

ထိုအမျိုးသမီးတစ်စု ကခုန်နေစဥ်တွင် သူမတို့၏လက်များအတွင်းမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်နေကြောင်း သူ ရှာဖွေတွေ့ရှိမိသဖြင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဒါ..."

"ဒါ...ဒါ...ဒါက...."

"ဒါက သာမာန်အဒေါ်ကြီးတွေလား..."

"မဟုတ်ဘူး...သူတို့က...."

သို့ရာတွင်....

သူ၏ထိတ်လန့်တုန်လှုပ်မှုလှိုင်းတစ်လှိုင်း တည်ငြိမ်မှုမရရှိသေးမီမှာပင် နောက်ထပ်လှိုင်းတစ်လှိုင်းက ထပ်မံ၍မြင့်တက်လာသည်။

ဤသည်မှာ လူအိုကြီးတစ်စု ထပ်မံ၍စုဝေးလာခြင်းပင်။

ထိုလူအိုကြီးများအနက် တစ်ယောက်ထံမှနေ၍ နတ်ဆိုးသီချင်းသံတစ်သံ ထွက်ပေါ်လာကာ သူ၏နားအတွင်းသို့ ထိုအသံကျရောက်လာချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

လူအိုကြီးတချို့သည် ကျားကစားနေကြကာ သူတို့၏ကျားစေ့များ ချလိုက်သည့်အချိန်အခိုက်အတန့်၌ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုနှင့် တူညီနေပြီး သူ၏စိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။

တခြားလူများသည် ရှေးဟောင်းလက်သီးနည်းစနစ်များကို ​ဖြည်းညှင်းစွာ ထုတ်ဖော်နေကာ စွမ်းအားကင်းမဲ့ပုံရသော်လည်း သူတို့၏လှုပ်ရှားမှုတိုင်းသည် လောကကြီး၏တာအိုဥပဒေသများနှင့် ဆက်နွယ်နေပုံရသည်။

ထိုအချိန်မှာပင်....

ကလေးတစ်စုသည် သူတို့၏နံဘေးသို့ အပြေးရောက်ရှိလာသည်။

ထိုကလေးများသည် ဘောလုံးတစ်လုံးကိုကန်ရင်း အလွန်ပျော်ရွှင်စွာ ရယ်မောနေကြသည်။

ထိုကလေးများ ဘောလုံးကိုကန်စဥ်၌ ထွက်ပေါ်လာသောစွမ်းအားသည် လေဟာနယ်ကို အမှန်တကယ်သက်ရောက်စေသလော.....

သူ့ကို အံ့အားအသင့်စေဆုံးကိစ္စမှာ....

သူနှင့်အချိန်အတော်ကြာ နပမ်းလုံးခဲ့သော ကလေးသည် ဘောလုံးကိုကန်လိုက်သည့်အချိန်တိုင်း သူ ရှိနေသောနေရာသို့ စူးစူးဝါးဝါးကြည့်နေခြင်းဖြစ်သည်။ဤသည်မှာ သူ့အားဘောလုံးအစား ကန်လိုသည်ဟု ပြောနေသည့်အလားပင်။

တခြားကလေးတယောက်က ပြောဆိုသည်။

"မင်းက ဒီနေရာကိုရောက်လာဖို့ အရမ်းအားနည်းလွန်းတယ်"

အရမ်းအားနည်းလွန်းတယ်ဟု ဆိုသလော...

ခေါင်းဆောင်လူကြီး၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

ထိုအချိန်မှာပင်....

ကျင်းပေါ်မှဖြတ်၍ ပျံသန်းသွားသော ခြင်တစ်ကောင်သည် သူ့အား အေးစက်စက်အကြည့်ဖြင့် တချက်ကြည့်လေ၏။

"ဒါက..."

ဤအကြည့်တချက်ဖြင့် ခေါင်းဆောင်သူကြီးအား ထိတ်လန့်တကြား ဖြစ်သွားစေသည်။

ဤသည်မှာ မည်ကဲ့သို့အကြည့်မျိုး ဖြစ်သနည်း..

အထင်အမြင်သေးခြင်း ဖြစ်နေသလော....

ထိုခြင်တွင် မည်သည်ကြောင့် ကြီးမားသောအရှိန်အဝါတစ်ရပ် ရှိနေရသနည်း....

သူ ထပ်မံ၍ တစ်ချက်ကြည့်လိုက်မိချိန်တွင် မြက်ခင်းအကြား၌ တကျီကျီတကျာကျာ အော်မြည်နေသော ငှက်တစ်ကောင်ကို တွေ့မြင်မိသည်။သို့ရာတွင် သူသည် ထိုငှက်၏ကျင့်ကြံဆင့်အခြေခံကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။

တခြားတစ်ဖက်ခြမ်းတွင် ဝံပုလွေငယ် ခုနစ်ကောင် ဆော့ကစားနေသည်။သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါများသည် သူ့အား အလွန်မသက်မသာ ခံစားရစေပေ၏။

ခေါင်းဆောင်လူကြီးသည် ကျင်း၏အစွန်ဆုံးဘက်ထိ ကျုံဝင်ကာ သူ နောက်ဆုတ်ရန် နေရာမရှိတော့သော အခြေအနေထိဆုတ်လိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့်ရွှဲနစ်နေကာ သူ၏သွားများပင် တုန်ခါနေသည်။

'ဒါက....'

'ငါ...ငါ ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ'

'အမေ....'

'ငါ အိမ်ပြန်ချင်တယ်....'

သူ ငိုယိုကာ သူ့ထံတွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်မှာပင် အမှောင်ထုအတွင်းမှနေ၍ တစ်စုံတစ်ခုက သူ့အားစူးစိုက်ကြည့်နေပုံရသည်ကို သူ သတိပြုမိသွားပေ၏။

သူ မော့ကြည့်လိုက်စဉ်တွင်...

သူတို့၏ခန္ဓာကိုယ်များထက် ခေါင်းများကပို၍ကြီးမားသော ပုရွက်ဆိတ်များသည် သူ့အားစူးစိုက်ကြည့်နေသည်ကို သူ တွေ့မြင်မိသည်။

"ညီအစ်ကိုတို့...လာပြီးစားသောက်ကြစမ်း"

ခေါင်းဆောင်ပုရွက်ဆိတ်သည် ခြေတစ်ဖက်မြှောက်ကာ ဤစကားတစ်ခွန်းကိုပြောဆိုပြီးနောက် ဆယ်နှင့်ချီသောပုရွက်ဆိတ်များအားလုံး သူ့ထံသို့ တိုးဝင်လာသည်။

နွေဥတု၏ညအချိန်ဖြစ်သည့်တိုင်...

အေးစက်နေကာ...

ပိုးမွှားတကောင်သည် ပုရွက်ဆိတ်များ၏စားသောက်ခြင်းကို ခံလိုက်ရသည်မှာ အလွန်သာမန်ဆန်သောကိစ္စပင်။

ကျွန်းငယ်လေး၏ပြင်ပ၌...

ဖျက်ဆီးခြင်းအရှင်သည် ထိုင်နေရာမှ သူ၏ခေါင်းထိပ်ကို တို့ထိလိုက်သည်။

သူ ထိုအရာကို အနံ့ခံကြည့်ချိန်တွေ ငှက်ချေးများဖြစ်နေကြောင်း ရှာဖွေတွေ့ရှိမိသည်။ ထို့ကြောင့် သူသည် ဒေါသတကြီးဖြင့် သူ၏လက်မှ ငှက်ချေးများကိုသုတ်လိုက်၏။

"ရက်နည်းနည်းတောင် ကြာသွားပြီ...အရှင်ကိုးယောက်က ဘာလို့ ပြန်မလာသေးတာလဲ"

ဖျက်ဆီးခြင်းအရှင်က တီးတိုးရေရွတ်သည်။

သို့ရာတွင် ခေါင်းဆောင်လူကြီးထွက်ခွာမသွားမီ ပြောဆိုခဲ့သောစကားများကို သူ အမှတ်ရချိန်တွင် သူ၏ကိုယ်နေဟန်ထားကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

"သာမန်ဆိုရင်တောင် တင်းကြပ်တဲ့နေရာတစ်ခုက ဆုတ်ခွာဖို့ဆိုတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်တယ်...ဒါက ရက်အနည်းငယ်ပဲလေ...ဘာလို့ ငါက စိတ်မရှည်ဖြစ်နေရမှာလဲ"

"ငါ စောင့်ရမယ်"

ထိုသို့ရေရွတ်ရင်း သူ၏မျက်လုံးများကို တဖန်ပြန်၍မှိတ်လိုက်သည်။

ဤသို့စောင့်ဆိုင်းရင်းဖြင့်...

အချိန်တစ်လ ကြာမြင့်သွားလေပြီ။

"ဘာလို့ သူတို့ အခုထိ ပြန်မလာသေးတာလဲ"

"ဘာမှတော့ မဖြစ်လောက်ဘူး မဟုတ်လား"

သူ၏မျက်လုံးကိုဖွင့်ကြည့်ကာ ထိုလူကိုးယောက်၏စွမ်းအားကို ပြန်လည်တွေးတောပြီးနောက် သူ စိတ်သက်သာရာရရှိသွားကာ ခေါင်းညိတ်လိုက်၏။

"ငါ စောင့်ရမယ်"

နောက်ထပ်အချိန်သုံးလ ကုန်ဆုံးသွားပြီးနောက်...

ဖျက်ဆီးခြင်းအရှင်က သူ၏မျက်လုံးများကို တဖန်ပြန်၍ဖွင့်လိုက်သည်။

"သူတို့ ခုထိပြန်မလာကြသေးဘူးလား"

"ဒါက သုံးလပဲရှိပါသေးတယ်...ငါက နည်းနည်းလောက် ဘာလို့ ထပ်မစောင့်နိုင်ရမှာလဲ"

"ငါ စောင့်ရမယ်"

ဤသို့ရေရွတ်ပြီးနောက် သူ၏မျက်လုံးများကို တဖန်ပြန်၍မှိတ်လေသည်။

အရိပ်ကျွန်းပေါ်၌....

သက်တောင့်သက်သာရှိသောဘဝဖြင့် နေထိုင်နေသည့် ရီဖုန်းသည် သူ၏ကံကြမ္မာရမှတ်များကို တစ်ချက်ကြည့်ပြီးနောက် သူ့၏ပေါင်ကိုပုတ်ကာ မတ်တတ်ထရပ်လိုက်သည်။

"ဒါပဲလေ"

ရီဖုန်းသည် စနစ်၏လဲလှယ်ခြင်းစတိုးဆိုင်မှနေ၍ အရိပ်ကျွန်းနှင့်မိုးမြေဂိုဏ်းကို ဆက်သွယ်နိုင်သော ကူးပြောင်းရေးဝင်္ကပါကို တိုက်ရိုက်မှာယူခဲ့သည်။

သူသည် ကျွန်းသို့ပြန်သွားရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။

သူ ပြန်သွားရန်အတွက်....

သူသည် အဝတ်အစားအသစ်များကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲဝတ်ဆင်လိုက်သည်။

ကူးပြောင်းရေးဝင်္ကပါ အသက်ဝင်လာပြီးနောက် မိုးမြေဂိုဏ်း၏အထက်ရှိ တိမ်တိုက်များကွဲထွက်သွားသည်။

ရီဖုန်းသည် မိုးမြေဂိုဏ်း၏တံခါးရှေ့သို့ ရောက်ရှိသွားလေ၏။

"တံခါးဖွင့်ကြစမ်း..."

"ဟုတ်ကဲ့ပါ ဆရာကြီး"

"ဆရာကြီး ပြန်လာပြီ"

"ဆရာကြီးရဲ့ပုံပန်းသွင်ပြင်က အရမ်းတောက်ပတာပဲ"

"အမှန်ပဲ...တိမ်တိုက်တွေ ကွဲထွက်ပြီးတော့ ဆရာကြီးက ဆင်းသက်လာခဲ့တယ်..ဒီလိုနည်းလမ်းမျိုးက ကောင်းကင်နဲ့မြေပြင်ရဲ့ဥပဒေသတွေကို နည်းနည်းလေးတောင်အရေးမစိုက်သလိုပဲ"

ယခုလတ်တလောမှ ကျွန်းပေါ်သို့ရောက်ရှိလာသော လူနည်းစုသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။

"မင်းတို့က ဘာတွေ စိတ်လှုပ်ရှားနေကြတာလဲ... ဘာလို့ အော်နေကြတာလဲ"

နံဘေးတစ်ဖက်တွင်စုဝေးကာ ကျားကစားနေသော လူအိုကြီးတချို့သည် ထိုလူငယ်များကိုစူးစိုက်ကြည့်ကာ တည်ကြည်လေးနက်စွာပြောဆိုသည်။

"မင်းတို့ကောင်တွေကို ကြည့်လိုက်အုံး...လောကကြီးကို တစ်ခါမှမမြင်ဖူးတဲ့ကောင်တွေအတိုင်းပဲ...ဒါက ဘာကိစ္စကြီးမလို့လဲ"

"အမှန်ပဲ...ဆရာကြီးက ဒီလိုကိစ္စမျိုးကို လုပ်ဆောင်နိုင်တယ်ဆိုတာ ပုံမှန်ပဲလေ"

"မင်းတို့ပုံစံတွေက ဘယ်လိုဖြစ်နေပြီလဲဆိုတာ ပြန်ကြည့်အုံး"

"ငါတို့ ဒီလိုပြောတဲ့အတွက် မင်းတို့တွေ ငါတို့ကို အပြစ်မတင်နဲ့...ပင်​ကျင်းမြို့နဲ့မိုးမြေဂိုဏ်းမှာ အချိန်နည်းနည်းလောက် နေပြီးသွားရင် ဆရာကြီးကြောင့်ဖြစ်လာတဲ့ မယုံကြည်နိုင်စရာကိစ္စတွေက ပုံမှန်ပဲဆိုတာ မင်းတို့ သိသွားလိမ့်မယ်"

"ဟုတ်တယ်...အဲ့ဒီနေရာတွေမှာ အချိန်အတော်ကြာနေပြီးသွားရင်...တကယ်လို့ ဆရာကြီးက မိုးကောင်းကင်ယံကို နေ့တစ်ဝက်လောက် ဆုတ်ဖြဲနေတာကိုမြင်ရင်တောင် မင်းတို့ ထိတ်လန့်တော့မှာမဟုတ်ဘူး..ဒါက ဆရာကြီး သူ့ရဲ့ငွေအိတ်ပျောက်သွားတာကြောင့် ဖြစ်နိုင်တယ်"

လူအိုကြီးများက သင်ကြားပေးသည်။

ထိုသို့ပြောဆိုပြီးနောက် သူတို့သည် ဆက်လက်၍ကျားကစားနေတော့သည်။

"ငါ နိုင်ပြီ"

"ခဏနေအုံး...မဟုတ်ဘူး...မဟုတ်ဘူး...တစ်ကွက်လောက် ပြန်ဆုတ်မယ်...ငါ တစ်ကွက်လောက် ပြန်ဆုတ်ပါ့ရစေ"

"သေသင့်တဲ့ လူအိုကြီး..မင်း အရှက်မရှိဘူးလား"

ထိုလူအိုကြီးများနောက်ရှိ အဒေါ်ကြီးများသည်လည်း တို့ဟူးရောင်းသူက တို့ဟူးရောင်းနေဆဲဖြစ်ကာ တခြားကုန်ပစ္စည်းရောင်းချနေသူများသည်လည်း သူတို့၏ပစ္စည်းများကို ဆက်လက်၍ရောင်းချနေသည်။သူတို့သည် မိုးကောင်းကင်ယံအတွင်း၌ ဖြစ်ပျက်နေသမျှ အရာရာတိုင်းနှင့်ပတ်သက်ပြီး အနည်းငယ်​မျှဂရုမစိုက်ချေ။

သူတို့သည် ဆရာကြီးနှင့်ပတ်သက်သော ကိစ္စအမြောက်အများကို မြင်တွေ့ပြီးဖြစ်သောကြောင့်...

အံ့အားသင့်စရာ မရှိချေ။

"သောက်ချေးပဲ.."

မိုးကောင်းကင်ယံအတွင်းမှ ကြီးကျယ်ခမ်းနားစွာ ဆင်းသက်လာသော ရီဖုန်းက ကျယ်လောင်စွာဆဲဆိုလိုက်သည်။

မိုးမြေဂိုဏ်းအတွင်းရှိ လူအိုကြီးများနှင့်အဒေါ်ကြီးများသည် အာရုံကြောများ လေးလံထိုင်းမှိုင်းနေသလော...

ဤကဲ့သို့ကိစ္စကြီးတစ်ခု ဖြစ်လာသည့်တိုင်မည်သည်ကြောင့် သူတို့ထံတွင် တုံ့ပြန်မှုမရှိရသနည်း...

မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းသို့ နတ်ဘုရားတစ်ပါးအလား ပြန်လာခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ မည်မျှပင် ဆိုးရွားနေပါစေ သူတို့သည် အနည်းဆုံး အံ့အားသင့်စွာဖြင့် တစ်ကြိမ်နှစ်ကြိမ်ခန့် ရေရွတ်သင့်သည်မဟုတ်လော...

"ကျူးရုံ..."

ရီဖုန်းသည် မိုးကောင်းကင်ယံမှဆင်းသက်လာပြီးနောက် ကျူးရုံ၏ဝက်သားဆိုင်သို့ သွားလိုက်သည်။

"မင်္ဂလာပါ ဆရာကြီး"

"ဝက်နံရိုးတွေ လိုချင်လို့လား"

ကျူးရုံသည် ဝက်တစ်ကောင်၏ရှေ့နံရိုးကိုဖြတ်ကာ ရီဖုန်းထံ လက်ကမ်းပေးလိုက်၏။

သူ၏ရှေ့ကိုရောက်ရှိလာသော ဝက်နံရိုးကိုကြည့်ပြီး ရီဖုန်း၏မျက်နှာ မည်းမှောင်သွားသည်။

'ငါယိုးမသား...'

'ဝက်နံရိုးပဲလား....'

'ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ကို တခြားတုံ့ပြန်မှုတစ်ခု ပေးသင့်တယ်လေ'

'ငါ ဒီကျင့်ကြံဆင့်ကို ဘယ်လိုပဲရခဲ့ရခဲ့ မင်းတို့တွေ့ရဲ့ရှေ့မှာ ငါက ကြီးမားတဲ့စွမ်းအားရှိတဲ့လူလို့ ယူဆနိုင်တယ်'

'ငါ အရမ်းအစွမ်းထက်တဲ့အတွက် မင်းတို့ အံ့အားသင့်နေသင့်တယ် မဟုတ်ဘူးလား'

ဟန်ရေးပြခြင်း ရှုံးနိမ့်သွားပြီးနောက်...

သူသည် တုံ့ပြန်မှုနှေးကွေးသော လူအိုကြီးများနှင့်အဒေါ်ကြီးများရှေ့တွင် ဆက်လက်၍ ဟန်ဆောင်နိုင်ခြင်းမရှိတော့ချေ။

Thank For Reading.

All Chapters