အခန်း (၆၃၁-၆၃၅)
Vol. 43 Ch. 631-635
Chapter 631
သူ ပြန်မလာခဲ့သော အချိန်အတောအတွင်းတွင်...
ကျွန်း၏အရွယ်အစားသည် သူတွေးထင်ထားခြင်းမရှိသောအဆင့်ထိ ကြီးထွားနေလေ၏။
ကျွန်းပေါ်ရှိ လမ်းများတစ်လျှောက်၌ ယခင်ပင်ကျင်းမြို့ထက် ပို၍စည်ကားနေသည်။
သူ စစ်ဆေးကြည့်စဉ်တွင်...
ခေါင်းတလားဆိုင်တစ်ဆိုင်ကိုပင် ဖွင့်ထားပြီး အသားအရေနက်မှောင်သော အရူးငါးကောင်ကတံခါးဝ၌ထိုင်နေသည်။
ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ဌာနချုပ်ကိုလည်း ဤနေရာသို့ရွှေ့ပြောင်း၍ ဖွင့်လှစ်ထားပုံရသည်။
မစင်သယ်ယူပို့ဆောင်သည့် လုပ်ငန်းသည်လည်း ပို၍စွမ်းဆောင်ရည်ပြည့်ဝလာပုံပင်။
ဤနေရာသို့ ပြန်ရောက်လာပြီးနောက် ရီဖုန်းသည် ဟန်ရေးပြနိုင်ခြင်းမရှိတော့သဖြင့် သူ့ စိတ်လျှော့လိုက်သည်။သူသည် လူအိုကြီးများနှင့်ကျားကစားပြီးနောက် ဖဲကစားရန်အတွက် ရီဟုန်ဆောင်ကြာမြိုင်သို့ သွားလိုက်၏။
သို့ရာတွင် ထိုကိစ္စများမတိုင်မီ သူသည် မည်သည့်ကြိုးစားခြင်းမျှမရှိသော တပည့်များကို သတင်းပို့ကျောက်စိမ်းပြားများမှတဆင့် ဆက်သွယ်လိုက်သည်။သူသည် သူတို့အား အမြင်ကျယ်သွားစေရန်အတွက် အင်မော်တယ်နယ်မြေသို့ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည်။
အမျိုးအမည်မသိရသော နေရာတနေရာရှိ...
မှောင်မည်းနေသော ခန်းမတစ်ခုအတွင်း၌...
ခန်းမ၏ထိပ်ကို လိုက်ကာများဖြင့် ကာရံထားပြီး ထိုလိုက်ကာများ၏နောက်တွင် လူတစ်ယောက်ရှိနေသည်။
"ဥာဏ်အလင်းပွင့်ခြင်း သံတမန်ကြီး..."
"ခွေ့လူမျိုးဆယ်ယောက်ရဲ့ စိတ်ဝိညာဥ်မီးအိမ်တွေ ငြိမ်းသွားခဲ့တယ်"
လက်အောက်ငယ်သားတယောက်သည် ခန်းမ၏အစွန်အဖျားတစ်နေရာ၌ ဒူးထောက်ကာ ရိုသေလေးစားစွာပြောဆိုသည်။
"ဖျက်ဆီးခြင်းအရှင်ရဲ့အခြေအနေကရော ဘယ်လိုရှိလဲ"
လိုက်ကာ၏နောက်မှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။
"ဟုတ်ကဲ့...ဖျက်ဆီးခြင်းအရှင်က ပျောက်နေတယ်...သူ့ရဲ့စိတ်ဝိညာဥ်မီးအိမ်က မငြိမ်းသေးပေမယ့် သူ ပြန်ရောက်မလာခဲ့ဘူး"
လက်အောက်ငယ်သားက တုံ့ပြန်သည်။
လိုက်ကာ၏နောက်တွင် အချိန်တစ်ခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားကာ အနည်းငယ်ဒေါသထွက်နေပုံရသည်။ထို့နောက် အသံနက်ကြီးတစ်သံ ထွက်ပေါ်လာပေ၏။
"အဲ့ဒီအမှိုက်ကောင်က ဘာသောက်ရေးမပါတဲ့ကိစ္စတွေကို လုပ်နေတာလဲ"
လက်အောက်ငယ်သားထံမှ မည်သည့်တုံ့ပြန်သံမျှ ထွက်ပေါ်မလာချေ။
အချိန်အတော်ကြာပြီးနောက် လိုက်ကာနောက်မှအသံ ဆက်လက်၍ထွက်ပေါ်လာသည်။
"ဆက်ပြောစမ်း..."
"ဟုတ်ကဲ့ပါ အရှင်သံတမန်ကြီး..."
"မိုးမြေကျွန်းရဲ့အပြင်မှာ ပုန်းအောင်းနေတဲ့ သူလျှိုတွေက တခြားတစ်ဖက်ကပြန့်လာတဲ့ကောလဟလတွေကနေတဆင့် သတင်းတချို့ရခဲ့တယ်"
"လွန်ခဲ့တဲ့နှစ်ရက်လောက်က မိုးမြေဂိုဏ်းရဲ့ဆရာကြီးတစ်ယောက် ကျွန်းကိုပြန်ရောက်လာခဲ့တယ်...တကယ်လို့ သတင်းတွေကသာ အမှန်ဖြစ်မယ်ဆိုရင် အဲ့ဒီလူက ကျွန်းပိုင်ရှင်ပဲ"
"သူ ပြန်ရောက်လာပြီးတဲ့နောက်မှာ သူ့ရဲ့တိုက်ရိုက်တပည့်တွေအားလုံး ကျွန်းဆီကိုပြန်လာဖို့ သတင်းပို့ကျောက်စိမ်းပြားကနေ အကြောင်းကြားတာကိုကြည့်ရင်...သူက ကိစ္စကြီးတစ်ခုကို လှုပ်ရှားဖို့ ကြံစည်နေပုံရတယ်"
"အင်း..."
လိုက်ကာ၏နောက်မှနေ၍ အသံထွက်ပေါ်လာသည်။
"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာမှန်မယ်ဆိုရင် ခွေ့လူမျိုးဆယ်ယောက် ကျွန်းပေါ်ကို ရောက်သွားပြီးတဲ့နောက်မှာ ဒီတုံ့ပြန်မှုဖြစ်လာခဲ့တာမဟုတ်လား"
"ကြည့်ရတာတော့ ခွေ့လူမျိုးဆယ်ယောက် သေဆုံးသွားပေမယ့် သူတို့အပေါ်မှာသက်ရောက်တဲ့ဖိအားက တော်တော်လေးကြီးမားသွားပုံရတယ်...အနည်းဆုံးတော့ သူတို့က ငါတို့ရဲ့တည်ရှိမှုကို သတိပြုမိသွားလိမ့်မယ်...သူတို့က အန္တရာယ်နဲ့ဖိအားကို အာရုံခံမိတာကြောင့် သူတို့ရဲ့ဂိုဏ်းချုပ်ကိုယ်တိုင် ပြန်ရောက်လာတာပဲဖြစ်မယ်...သူတို့က တခြားနေရာမှာအခြေကျနေတဲ့ တပည့်တွေကိုတောင် ပြန်လာဖို့ဆင့်ခေါ်ခဲ့တယ်"
"ကြည့်ရတာတော့ သူတို့က တစ်ခုခုကိုလှုပ်ရှားဖို့ ကြံစည်နေပုံရတယ်"
"ငါ့အထင်တော့ အခုအချိန်မှာ သူတို့က ငါတို့ကိုရင်ဆိုင်ဖို့ တိုင်ပင်ဆွေးနွေးနေလောက်ပြီ"
"သံတမန်ကြီးက ဉာဏ်ပညာကြီးမားပါပေတယ်"
လက်အောက်ငယ်သားက ချီမွမ်းစကားပြောဆိုလိုက်သောအချိန်မှာပင် သူ၏သတင်းပို့ကျောက်စိမ်းပြားမှ အလင်းတန်းများဖြာထွက်လာသည်။
သူသည် ကျောက်စိမ်းပြားအတွင်းမှ သတင်းများကိုလက်ခံပြီးနောက် သူ၏မျက်လုံးများတောက်ပသွားကာ အလျှင်အမြန်ပြောဆိုလိုက်၏။
"သံတမန်ကြီး မျှော်လင့်ထားတဲ့အတိုင်းပဲ..ကျွန်းရဲ့အနီးမှာရှိနေတဲ့ သူလျှိုတွေဆီကနေ ကျွန်းပေါ်မှာ တစ်ခါမှမဖြစ်ခဲ့ဘူးတဲ့ လူအင်အားစုဝေးမှုမျိုး ဖြစ်နေတယ်လို့ သတင်းပို့ခဲ့တယ်..သူတို့က ရေအိုင်ထဲက လှေပေါ်မှာရှိနေတယ်...ကြည့်ရတာတော့ သူတို့တွေက အရေးကြီးတဲ့ကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေးနေပုံပဲ"
"ဖြစ်နိုင်တာတော့ ကျွန်းပိုင်ရှင်လည်း ဒီတိုင်ပင်ဆွေးနွေးမှုမှာ ပါဝင်နေလောက်တယ်"
"သံတမန်ကြီး ဒါက လှေပေါ်မှာရှိတဲ့မြင်ကွင်းပါ...ကျေးဇူးပြုပြီး ကြည့်လိုက်ပါအုံး"
ရေအိုင်ပေါ်၌ လေများဖြတ်သန်းတိုက်ခတ်သွားပြီးနောက်...
အေးမြမှုနှင့်သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။
ဤကဲ့သို့ ကောင်းမွန်သောရာသီဥတုကြောင့် ရီဖုန်းသည် ကျွန်းပေါ်၌ရှိနေသော လူအိုကြီးများကို စုဝေးရန်ခေါ်လိုက်သည်။
သူတို့သည် လှေတစ်စီးပေါ်၌ထိုင်ကာ တစ်ယောက်လျှင် ငါးမျှားတံတစ်ချောင်းစီ ကိုင်ထားကြလေ၏။
သူတို့သည် ငါးမျှားရင်း စကားစမြည်ပြောဆိုနေကြသည်။
"ဆရာကြီး ငါ မင်းကို ပြောပြမယ်..ငါရဲ့အနောက်ဖက်ခြံဝန်းထဲမှာ မွေးထားတဲ့ တောဝက်ထီးကြီးတစ်ကောင်က ကျွန်းပေါ်မှာ လျှောက်သွားနေပြီးတော့..ဝက်မတွေအားလုံးကို မျိုးချပေးနေတယ်"
"နောက်ဆုံးတကြိမ်တုန်းက ငါက လူအိုကြီးလီတို့မိသားစုရဲ့ ဝက်မအိုကြီးကို သားစပ်ပေးခဲ့တယ်...အဲ့ဒီဝက်မအိုကြီးကနေ ဝက်ဆယ့်ရှစ်ကောင်တောင်ပေါက်ခဲ့တာ...ဒါက အရမ်းကောင်းတာပဲ"
"အပိုတွေ...ငါ့ရဲ့ဝက်မ သားအများကြီးပေါက်တာက မင်းရဲ့ဝက်ထီးနဲ့ ဘာဆိုင်လို့လဲ"
"မင်းတို့ငြင်းနေတာကို ရပ်လိုက်တော့..ဘာမှငြင်းမနေကြနဲ့...ဝက်တွေအကြောင်းပြောနေလို့ ဘာအရေးပါမှာလဲ...ငါတို့ အတင်းအဖျင်းတွေ ပြောကြားစို့"
လူအိုကြီးဝူက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"လမ်းဘေးမှာစျေးရောင်းတဲ့ အဒေါ်ကြီးလျှူကွာနဲ့ လမ်းဆုံမှာနေတဲ့ဒုက္ခိတကျမ်းတို့ အတူတူနေကြတာကို မင်းတို့ သိလား"
"သူတို့ အတူတူရှိနေတဲ့အချိန်မှာ ကျူးရုံက အခန်းထဲကို ဝင်သွားမိတယ်"
"ဟုတ်လား..."
"အဲ့ဒါပြီးတော့ ဘာတွေ ဆက်ဖြစ်လဲ"
"ရှုး တိုးတိုးနေကြ...ငါပြောတာကို နားထောင်ကြစမ်း...အဲ့ဒါက မှောင်မိုက်ပြီးတော့ လေထန်တဲ့ညတစ်ညပဲ"
ထိုစကားကိုကြားချိန်၌ လူတိုင်းသည် သိချင်စိတ်ပြင်းပြပြီး စိတ်လှုပ်ရှားနေသောမျက်နှာများဖြင့် လူအိုကြီးဝူအနီးသို့ ချဥ်းကပ်လာကြသည်။
ဤအချိန်၌ ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံး နွေးထွေးနေပေ၏။
....
"ဟား ဟား ဟား..."
"ဒါက ငါမျှော်လင့်ထားတဲ့ကိစ္စမျိုး မဟုတ်ဘူး"
လိုက်ကာ၏နောက်မှနေ၍ သရော်တော်တော်ပြောဆိုသံတသံ ထွက်ပေါ်လာကာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
"ဒါပေမယ့် သူတို့က တန်ပြန်တိုက်ခိုက်ရေးအစီအစဥ်တွေကို ဆွေးနွေးနေရင်တောင် ဘာအသုံးဝင်မှာမလို့လဲ"
"အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အရာအားလုံးက အချည်းနှီးပဲ"
"သူတို့ရဲ့စိတ်လှုပ်ရှားနေတဲ့ပုံစံတွေကို ကြည့်လိုက်အုံး...ငါ ဒါကို အရင်ကတည်းက ကြိုသိခဲ့ရင် ဘာလို့ ငါ ဒီလောက်ထိ စိတ်အနှောက်အယှက်ဖြစ်ခံခဲ့မှာလဲ"
"အရှင့်အတွက် ကံကြမ္မာစွမ်းအားတွေ ယူပေးရမယ်...ဒါကြောင့် မင်းတို့ရဲ့ကံကြမ္မာတွေ ပျက်သုဥ်းရလိမ့်မယ်...ခွေ့လူမျိုးဆယ်ယောက်က မင်းတို့အတွက် သေးငယ်တဲ့သတိပေးမှုလေးပဲ"
"အစစ်အမှန်ပြပွဲကောင်းက အခုမှစမှာ...တခြားဘုံတွေမှာရှိတဲ့ ငါတို့ရဲ့လူတွေ ပြန်ရောက်လာတဲ့အချိန်ကျမှ သူတို့ကိုရင်ဆိုင်ရင်လည်း အရမ်းနောက်မကျသေးပါဘူး"
Chapter 632
ကျားကျားချင်သည် ဖီးနစ်ပေါက်လေးတစ်စုကို ဘဲများအလား လွင်ပြင်အတွင်း၌ လိုက်လံဖမ်းဆီးနေခဲ့သည်။
"ဟား ဟား ဟား..."
"စီနီယာအစ်ကို...ဘာလို့ ဒီလောက်များတဲ့ သတ္တဝါလေးတွေကို လိုက်ဖမ်းနေတာလဲ"
ထိုအချိန်မှာပင် ရှမ်းနွန်က မိုးကောင်းကင်ယံမှပျံသန်းလာကာ သူ၏လက်အတွင်း၌ ဂေါ်ဖီထုပ်တစ်ထုပ်ကိုကိုင်ထားသည်။
"အင်း....ဒီမျိုးစပ်ဖီးနစ်ပေါက်လေးတွေက သားပေါက်အဆင့်ပဲ ရောက်သေးတယ်...အရွယ်မရောက်ကြသေးဘူး...ဆရာကြီးက ငါတို့ကိုပြန်ခေါ်နေတာကြောင့် ငါက သူတို့ကို ဆရာကြီးစားဖို့ အထူးလက်ဆောင်အနေနဲ့ ယူသွားမလို့ပဲ"
ကျားကျားချင်က ပြောဆိုသည်။
"ဒီလိုဆိုရင်တော့ ဒီကိစ္စက ငါနဲ့အတူတူပဲ...ဒီဂေါ်ဖီထုပ်ကို ငါကိုယ်တိုင် ဂရုတစိုက်စိုက်ထားခဲ့တာ...ငါက ဒါကိုယူသွားပြီးတော့ ဆရာကြီးအတွက် ဂေါ်ဖီသုပ်လုပ်ပေးဖို့ စီနီယာအစ်ကိုချီကို တောင်းဆိုရမယ်"
ရှန်းနွန်က ပြောဆိုလေ၏။
သူတို့နှစ်ယောက် စကားစမြည်ပြောဆိုနေစဉ်မှာပင်...
ဝတ်ရုံတစ်ခုကိုခြုံထားကာ ခေါင်းပြောင်ပြောင်နှင့် ထိုင်းမှိုင်းသောမျက်လုံးတစ်စုံရှိသည့် လူငယ်တစ်ယောက်က ဤနေရာသို့ အလျှင်အမြန်ချဉ်းကပ်လာသည်။
"ဂျူနီယာညီလေးပိုင်ချီယု...ကြည့်ရတာတော့ မင်း ခုထိပျံသန်းနိုင်သေးပုံမရဘူး"
ကျားကျားချင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"အင်း...ဟီး ဟီး..."
ပိုင်ချီယုသည် သူ၏ပြောင်လက်နေသောခေါင်းကိုပွတ်သပ်ကာ ရယ်မောလိုက်၏။
အဝေးတစ်နေရာမှနေ၍...
လွှမ်းမိုးချုပ်ကိုင်သော အရှိန်အဝါတစ်ရပ် ချဉ်းကပ်လာကာ...
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော စုယွင်ယွင်က လေထုအတွင်း၌ ထွက်ပေါ်လာသည်။
တခြားတစ်ဖက်တွင် စေတီငယ်တစ်ဆူကိုကိုင်ထားသော ကျူးကျီရှန်းသည်လည်း ရောက်ရှိလာပေ၏။
ထို့နောက်မှနေ၍...
လီကျင်း ရှောင်ကျန်း မိုထျန်ကျီး လီထန်းပိုင် ဟွာထောင်နှင့်တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။
မကြာမီမှာပင် ဂိုဏ်းတူတပည့်များအားလုံး စုဝေးမိသည်။
"မိုးမြေဂိုဏ်းမှာ ကျန်နေခဲ့တဲ့ စီနီယာအစ်ကိုကျုံးချင် စီနီယာအစ်ကိုဝူတာအိုနဲ့ စီနီယာအစ်မယွင်ဝူတို့ကလွဲပြီးတော့..အပြင်စည်းတပည့် ဂျူနီယာမောင်လေးဝူထျန်းကို ပေါင်းလိုက်ရင် ဂိုဏ်းတူတပည့်ကိုးဆယ့်ခုနစ်ယောက်လုံး ဒီနေရာမှာရောက်နေပြီလား..."
စုယွင်ယွင်က လူများကို ရေတွက်လိုက်၏။
သို့ရာတွင် လူတယောက်လျော့နေသည်ကို သူမ သတိပြုမိသွားသည်။
"ဂျူနီယာမောင်လေးဟုန်ဖုန်ခွမ်းက ဘယ်ရောက်နေတာလဲ"
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် မည်သူပျောက်ဆုံးနေသည်ကို သိရှိသွားသဖြင့် စုယွင်ယွင်က အလျင်စလိုမေးမြန်းလိုက်သည်။
"အော် စီနီယာအစ်မ....ငါ မင်းကို ပြောဖို့မေ့နေတာ...ဂျူနီယာညီလေးဟုန်က ဒီနေရာမှာ ရှိပါတယ်"
ထိုစကားနှင့်အတူ လီကျင်းသည် ဟုန်ဖုန်ခွမ်း၏အသားအစအနများနှင့် ပြည့်နှက်နေသည့် သွေးရောင်အိတ်တစ်အိတ်ကို ကောက်ယူကာ ပြောဆိုလိုက်သည်။
"ဆရာကြီးရဲ့အမိန့်ကို ရပြီးတဲ့နောက်မှာ ဂျူနီယာညီလေးဟုန်ဖုန်ခွမ်းက တခြားလူတွေနဲ့တိုက်ခိုက်ရင်း သူ့ကိုယ်သူ ဖောက်ခွဲခဲ့တယ်"
ထိုစကားကိုကြားချိန်တွင်...
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများပေါ်၌ အနက်ရောင်အစင်းကြောင်းများ ထင်ဟပ်လာသည်။
ဤကောင်စုတ်သည်...
သူ့ကိုယ်သူဖောက်ခွဲရန်မှတပါး တခြားအရာကို သိရှိပါသလော...
"ကောင်းပြီလေ...ဆရာကြီးက ငါတို့ကိုဆင့်ခေါ်နေမှတော့ ငါတို့ အမြန်ဆုံးပြန်ကြစို့"
စုယွင်ယွင်က ပြောဆိုသည်။
"ဒါပေမဲ့ ဆရာကြီးက ငါတို့ကို အမြဲတမ်းမျှော်လင့်ချက်ကြီးကြီးမားမားထားပြီးတော့ တောင်းဆိုထားခဲ့တယ်..အခုအချိန်မှာ ငါတို့ဂိုဏ်းတူမောင်နှမတွေက အင်မော်တယ်နယ်မြေထဲမှာ အောင်မြင်မှုတစ်ခုခုတော့ ရနေသင့်ပြီမဟုတ်လား"
"သေချာတာပေါ့"
"ငါက အခုအချိန်မှာ အောက်အဆင့်သုံးဆင့် ကုန်းမြေတွေထဲက တစ်ခုရဲ့အရှင်သခင်ဖြစ်နေပြီ"
ဂိုဏ်းတူတပည့်များအနက်မှတစ်ယောက်က ပြောဆိုသည်။
"ငါက အထက်ဆင့်သုံးဆင့်ထဲမှာရှိတဲ့ အင်မော်တယ်ဂိုဏ်းတွေထဲက ဂိုဏ်းတစ်ဂိုဏ်းရဲ့အကြီးအကဲပဲ"
တခြားတပည့်တစ်ယောက်က ပြောဆိုလေ၏။
"ငါ အခုမွေးမြူထားတဲ့ နတ်ဆိုးသားရဲတွေကို လွှတ်လိုက်တာနဲ့ အလယ်ဆင့်သုံးဆင့်ထဲက ဘယ်ကုန်းမြေကိုမဆို ဖျက်ဆီးပစ်ဖို့လုံလောက်တယ်"
ကျားကျားချင်က ပြောဆိုသည်။
"ငါစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုစားမယ်ဆိုရင် သေမျိုးတွေကနေ အင်မော်တယ်တွေ ဖြစ်လာနိုင်တယ်"
ရှန်းနွန်ကလည်း အော်ဟစ်လေသည်။
"အင်း..."
"ငါက မပျံသန်းနိုင်ပေမယ့်..ငါ လပေါ်ကို ခုန်တက်နိုင်တယ်"
ပိုင်ချီယုက သူ၏ခေါင်းကိုပွတ်သပ်ကာ ပြောဆိုပြီးနောက် သူ၏မျက်လုံးများ တဖန်ပြန်၍ လေးလံထိုင်းမှိုင်းသွားသည်။
"အခုအချိန်မှာ ငါက အလယ်သုံးဆင့်ရဲ့ဘယ်ကုန်းမြေအရှင်သခင်ကိုမဆို လက်ဗလာနဲ့ဓားကိုခံယူအောင် လုပ်နိုင်စွမ်းရှိတယ်"
လီကျင်းသည် ထိုသို့ပြောဆိုပြီးနောက် သူ၏လက်အတွင်းရှိ သွေးနီရောင်အိတ်ကိုမြှောက်ကာ ဆက်လက်၍ပြောဆိုလိုက်သည်။
"ဒါနဲ့ ဂျူနီယာညီလေးဟုန်က သူ့ကိုယ်သူဖောက်ခွဲမယ်ဆိုရင် အလယ်သုံးဆင့်ထဲက ဘယ်ကုန်းမြေမဆို သူနဲ့အတူ ပျက်စီးသွားလိမ့်မယ်"
ဂိုဏ်းတူတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် သူတို့၏အောင်မြင်မှုများကို ထုတ်ဖော်ပြောဆိုကြလေ၏။
အနိမ့်ကျဆုံးတပည့်သည်...
အလယ်ဆင့်သုံးဆင့်ထက် အနည်းငယ်ပို၍အဆင့်နိမ့်သော အောက်အဆင့်သုံးဆင့်မှ ကုန်းမြေအရှင်သခင်တစ်ယောက် ဖြစ်နေသည်။
"အရမ်းကောင်းတယ်...နင်တို့အားလုံးရဲ့လုပ်ဆောင်ချက်တွေက အရမ်းကောင်းတယ်...ဒီအောင်မြင်မှုတွေနဲ့ဆိုရင်ငါတို့ကဆရာကြီးရဲ့ချီးမွမ်းမှုကို ရနိုင်တယ်"
စုယွင်ယွင်သည် အလွန်စိတ်ကျေနပ်နေသဖြင့် သူမ၏ခေါင်းကို ထပ်ခါတလဲလဲညိတ်လိုက်သည်။
"စီနီယာအစ်မ...မင်းရဲ့အောင်မြင်မှုတွေက ဘယ်လိုရှိလဲဆိုတာ ငါတို့ သိလို့ရမလား"
တခြားသူများက စုယွင်ယွင်ကိုကြည့်ကာ မေးမြန်းလေသည်။
"ငါကလား..."
စုယွင်ယွင်က ကျီစယ်လိုသောအမူအယာဖြင့် ပြုံးလိုက်သည်။
"ငါက အထက်ဆင့်သုံးဆင့် ကုန်းမြေတွေထဲကတစ်ခုရဲ့ကုန်းမြေအရှင်ဖြစ်နေပြီ"
"ဒါက...."
"စီနီယာအစ်မက အရမ်းတော်တာပဲ"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။
တစ်ခုသိထားရသည်မှာအင်မော်တယ်နယ်မြေအတွင်း၌ ကုန်းမြေပေါင်းတစ်ရာ့ရှစ်ခုရှိပြီး အထက်ဆင့်သုံးဆင့် အလယ်ဆင့်သုံးဆင့်နှင့် အောက်အဆင့်သုံးဆင့်ဟူ၍ ခွဲခြားထားသည်။
အောက်အဆင့်သုံးဆင့်သည် ပွင့်ပွင့်လင်းလင်း ပြောဆိုရပါက သေမျိုးလောကအတွင်းမှ ဆင်းရဲသားရပ်ကွက်နှင့် တူညီသည်။အောက်အဆင့်ကုန်းမြေများမှ ကုန်းမြေအရှင်တစ်ယောက်၏ခွန်အားသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်၌ ရှိနေနိုင်သည်။
အလယ်သုံးဆင့်အရောက်တွင်မူ အလွန်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ထိုနေရာမှ ကုန်းမြေအရှင်တစ်ယောက်သည် အနည်းဆုံးအနေဖြင့် ကြယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်စွမ်းအားရှိနေရပေမည်။
အထက်သုံးဆင့်အတွက်ကမူ...
စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် မရနိုင်ချေ။
အထက်အဆင့်သုံးဆင့်ရှိ ဂိုဏ်းများမှအကြီးအကဲတစ်ယောက်ထံတွင် အနိမ့်ဆုံးအနေဖြင့် နေလအင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုး ရှိနေနိုင်သည်။
အထက်ဆင့်သုံးဆင့်၏ကုန်းမြေများမှ ကုန်းမြေအရှင်တစ်ယောက်၏ခွန်အားသည်မူ အလွယ်ပြောရပါက အလွန်နက်နဲသိမ်မွေ့ရန်လိုအပ်သည်။
"ကောင်းပြီလေ...နင်တို့အားလုံး ဘာမှစိတ်ဓာတ်မကျကြနဲ့..ဒါက ငါ နင်တို့အားလုံးထက် ရက်နည်းနည်းလောက်စောပြီး ဆရာကြီးဆီကို ရောက်လာခဲ့တာကြောင့်ပဲ..ငါတို့အားလုံး အခုဂိုဏ်းဆီပြန်ပြီးတော့ ဆရာကြီးကို သွားတွေ့သင့်ပြီ"
"ဟုတ်ကဲ့"
တခြားသူများက တညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
သူတို့အားလုံး စုဝေးပြီးနောက်...
အင်မော်တယ်နယ်မြေ၏အတားအဆီးကို တိုက်ရိုက်ဆုတ်ဖြဲကာ အင်မော်တယ်မြစ်ကုန်းမြေသို့ ပြန်လာခဲ့ကြတော့သည်။
Chapter 633
ဆယ်နှင့်ချီသောတပည့်များသည် ကျွန်းပေါ်သို့ဆင်းသက်လာပြီးနောက် မိုးမြေဂိုဏ်းထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်ကြသည်။
လမ်းတလျှောက်၌....
လူအိုကြီးများနှင့်အဒေါ်ကြီးများသည် သူတို့အား နွေးထွေးစွာ ဆီကြိုနှုတ်ဆက်ကြလေ၏။
သူတို့ဖြတ်သန်းသွားပြီးနောက် လူငယ်တစ်ယောက်က စောဒကတက်လိုက်သည်။
"အဖေ...ဆရာကြီးရဲ့တပည့်တွေအားလုံးက အရမ်းအစွမ်းထက်တယ်လို့ ငါ ထင်ခဲ့တာ...သူတို့တွေထဲက တချို့က နက်နဲသိမ်မွေ့ပုံရပေမယ့် အများစုကတော့ အရမ်းထူးချွန်တဲ့ပုံမရဘူး"
"ကြည့်လိုက်အုံး...သူတို့အထဲက မိန်းကလေးတစ်ယောက်ဆိုရင် အလှပြရုံသက်သက်လိုပဲ... နောက်တယောက်ကတော့ သေမျိုးတစ်ယောက်နဲ့တူနေတယ်...သူ့ရဲ့ကျင့်ကြံဆင့်အခြေခံကို နည်းနည်းလေးတောင် မမြင်နိုင်ဘူး"
"အဲ့ဒီလိုလူမျိုးတွေက ဘယ်လိုလုပ်ပြီးတော့ ဆရာကြီးရဲ့တပည့် ဖြစ်လာတာလဲ...ဒီကျွန်းပေါ်ကဘယ်တစ်ယောက်မဆို သူတို့ထက် ပိုပြီးထူးချွန်နိုင်တယ်"
"တကယ်လို့ ကျွန်တော်သာ ဆရာကြီးရဲ့တပည့်ဖြစ်မယ်ဆိုရင်...သူတို့ထက် ဘယ်လောက်တောင် ပိုပြီးထူးချွန်မလဲဆိုတာ ကျွန်တော်မသိတော့ဘူး"
လူငယ်က ညည်းတွားလိုက်သည်။
"ဖြောင်း..."
ထိုလူငယ်၏ဖခင်သည် လူငယ်အားရိုက်နှက်ကာ သူ၏နားရွက်များကို ဖရဲသီးကဲ့သို့နီမြန်းလာသည်အထိဆွဲ၍ ပြောဆိုလိုက်သည်။
"မင်းက အမှိုက်ကောင်တစ်ကောင်ပဲ...ဒီကျွန်းပေါ်က ရေကိုသောက်ပြီးတော့ ဒီကျွန်းပေါ်ကထမင်းကိုစားရုံနဲ့ မင်းလိုအမှိုက်ကောင်က သူတို့လိုပါရမီရှင်တွေရဲ့စွမ်းအားမျိုး ရနိုင်မယ်လို့ မင်းထင်နေတာလား...မင်းမှာ သူတို့ကိုကဲ့ရဲ့နိုင်တဲ့ အရည်အချင်းမျိုး ဘယ်နေရာကနေ ရလာတာလဲ"
"ဆရာကြီးရဲ့တပည့်တွေထဲက ဘယ်တစ်ယောက်မဆို မိုးကောင်းကင်ရဲ့တာအိုဥပဒေသတွေထဲက အမျိုးအစားတစ်ခုကို ဆုပ်ကိုင်ထားနိုင်တယ်ဆိုတာ မင်း သိလား"
"မင်း ခုဏကပြောတဲ့မိန်းကလေးက တပည့်နံပါတ်စဥ်သုံးဆယ်ဖြစ်တဲ့ ကျန်းကျူးကျန်းပဲ.. သူ သေမျိုးလိုဖြစ်နေရတဲ့ အကြောင်းအရင်းက လောကီနဲ့နီးစပ်အောင်နေဖို့အတွက် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားလို့ပဲ...သူက ပြီးပြည့်စုံတဲ့အခြေအနေနဲ့ ရွှေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းချင်နေတယ်...အခုအချိန်မှာ သူက ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေပေမယ့်...မင်းလို အမှိုက်ကောင်ရှစ်ထောင်လောက်ကို အလွယ်လေးသတ်နိုင်တယ်...မင်းလိုကောင်ကို အနိုင်ယူဖို့က သူ အပျော်ကစားတာလောက်ပဲရှိမယ်"
"မင်းပြောတဲ့ သေမျိုးဆိုတာကတော့ သူ့ရဲ့နာမည်က ပိုင်ချီယု..."
"သူက တကယ့်ကို သေမျိုးတစ်ယောက်ပဲ...သူ့မှာ ဘာကျင့်ကြံဆင့်စွမ်းအားမှ မရှိတဲ့အပြင် သူက မပျံသန်းနိုင်ဘူး...ဒါပေမဲ့ သူ့ရဲ့ရုပ်ခန္ဓာကိုယ်ခွန်အားက တခြားအဆင့်တစ်ခုကို ရောက်နေပြီ...ငါ ခန့်မှန်းရသလောက်တော့တကယ်လို့ သူသာ အလေးအနက်ထားပြီး ထိုးနှက်မယ်ဆိုရင် နေလအင်မော်တယ်တွေတောင် သူကို ဟန့်တားနိုင်မှာမဟုတ်ဘူး"
"နောက်ပြီးတော့ ဖြောင့်မတ်မှန်ကန်ပုံရတဲ့ လီကျင်း...."
"သူ ဆရာကြီးရဲ့တပည့် ဖြစ်လာကတည်းက သူ့ရဲ့ဓားနဲ့ ဘယ်သူ့ကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ခဲ့ဖူးဘူး...ဒါပေမဲ့ သူက ဥပဒေသစွမ်းအားကို မှီခိုပြီးတော့ ကြယ်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို သူ့ရှေ့မှာ ဒူးထောက်စေပြီးတော့ သူ့ကို အဖေလို့ခေါ်အောင် လုပ်နိုင်တယ်"
"အတိုချုပ်ပြောရမယ်ဆိုရင် သူတို့ရဲ့ပုံပန်းသွင်ပြင်တွေက သူတို့ရဲ့အစစ်အမှန်စွမ်းအားတွေနဲ့ ဘာမှမသက်ဆိုင်ဘူး"
ထိုသို့ပြောဆိုပြီးနောက် လူငယ်၏ဖခင်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
"အဲ့ဒီတပည့်တွေထဲမှာ တုန်လှုပ်ချောက်ချားဖို့အကောင်းဆုံးလူကို ပြောရမယ်ဆိုရင်...သခင်လေးကျုံးချင်ဖြစ်လိမ့်မယ်"
"သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က သေမျိုးအဆင့်မှာ ရှိနေတုန်းပဲ"
"ဒါပေမယ့်သူ့ရဲ့ဓားချက်သုံးချက်ကို နေလအင်မော်တယ်တွေတောင် တောင့်ခံနိုင်မယ်လို့ ငါ မထင်ဘူး"
"ဒါကြောင့်..."
"မင်း ဒါတွေကို သေချာမှတ်ထားရမယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် လူငယ်၏ခေါင်းကို ထပ်မံ၍ရိုက်လိုက်၏။
"အိမ်ကိုပြန်ပြီးတော့ နံရံကိုမျက်နှာမူပြီး သုံးနှစ်ပြည့်တဲ့အချိန်အထိ လေ့လာဆင်ခြင်နေစမ်း...ငါ့ကိုအရှက်ရအောင် မလုပ်စမ်းနဲ့"
ထိုအချိန်တွင်....
ရီဖုန်းသည် မိုးမြေဂိုဏ်း၏အခန်းတစ်ခန်းအတွင်းရှိ နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသည်။
သူ၏မျက်နှာသည် သုန်မှုန်ကာ ရှုံမဲ့နေလေ၏။
အကြောင်းအရင်းမှာ အစောပိုင်းက စနစ်သည် မကြုံစဖူးသတိပေးချက်တစ်ခုကို သူ့အား ပြောဆိုခဲ့သောကြောင့်ပင်။
ထို့ပြင် စနစ်သည် သူ့အား အရိပ်အမြွက်တစ်ခုကိုလည်း ပေးခဲ့သည်။
ယခုအချိန်မှစတင်၍ နောင်နှစ်တစ်ရာအကြာတွင် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ဤဘေးကပ်ဆိုးကြီးအတွင်း၌ အင်မော်တယ်လောကအတွင်းရှိဘုံတိုင်းမှ လူကိုးဆယ့်ကိုးရာခိုင်နှုန်းခန့် သေဆုံးသွားပေမည်။
ကျင့်ကြံဆင့်နိမ့်ပါးသူများအနက် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
ဤသတိပေးချက်ကြောင့်...
ရီဖုန်းသည် သူ၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်အထိ ထိတ်လန့်တုန်လှုပ်သွားသည်။
မူလက သူသည် ကျွန်းပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ရန် ရှုမျှော်ခင်းများကိုကြည့်ရှုပြီး စားကောင်းသောက်ဖွယ်များစားသောက်ရန်နှင့် နှစ်သန်းပေါင်းဆယ်နှင့်ချီကြာမြင့်သည်အထိ သူ၏တပည့်များနှင့် ပျော်ရွှင်စွာနေထိုင်ရန် တွေးတောထားခဲ့သည်။
သို့ရာတွင် ယခုထွက်ပေါ်လာသော သတိပေးချက်ကြောင့်....
သူ၏အစီအစဉ်များ ပျက်စီးသွားခဲ့သည်။
မူလက သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မည်သည့်အဆင့်၌ ရောက်နေသည်ကို ထပ်မံ၍စဉ်းစားတွေးတောခြင်း မပြုတော့ချေ။ယခုချိန်တွင်မူ သူသည် သူ၏လက်ချောင်းများကိုချိုး၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို တဖန်ပြန်၍ ရေတွက်လိုက်သည်။
ရွှေအင်မော်တယ်...ရွှမ်အင်မော်တယ်..ပထမအဆင့်ရွှမ်အင်မော်တယ်...ဒုတိယအဆင့်ရွှမ်အင်မော်တယ်...ပြန်လည်ဝင်စားခြင်းအင်မော်တယ် ...အစစ်အမှန်အနှစ်သာရအင်မော်တယ် ...ကြယ်အင်မော်တယ်...နေလအင်မော်တယ်...
ထိုအဆင့်သို့အရောက်တွင်...
သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ကုတ်လိုက်၏။
နေလအင်မော်တယ်၏နောက်တွင် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်ရှိသည်ကို သူ မသိရှိတော့ချေ။သို့ရာတွင် သူ၏ယခုလက်ရှိခွန်အားဖြင့် သူသည် အင်မော်တယ်နယ်မြေတွင် ပြိုင်ဘက်ကင်းတစ်ယောက် မဟုတ်နိုင်ချေ။
ထို့ကြောင့် နှစ်တစ်ရာကြာမြင့်ပြီးချိန်တွင် ဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာပါက သူ သေဆုံးရမည်မဟုတ်လော....
"အဲ့ဒီလိုဖြစ်လို့ မရဘူး"
ရီဖုန်းက ငုတ်တုတ်ထထိုင်လိုက်သည်။
"ငါက ငါ့ရဲ့ကျင့်ကြံဆင့်ကို တိုးတက်အောင်လုပ်ရမယ်...ငါ့ရဲ့ခွန်အားကို ငါ မြှင့်တင်ချင်တယ်"
"နှစ်တစ်ရာအတွင်းမှာ ငါ့ရဲ့ကျင့်ကြံဆင့်ကို နောက်ထပ်အဆင့်ငါးဆယ်အထိ မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုကို ငါ ရှာရမယ်..အဲ့ဒီလိုလုပ်မှ ငါ ဘေးကင်းလုံခြုံနိုင်လိမ့်မယ်"
သူ၏မျက်လုံးအတွင်း၌ အလင်းတန်းများ ထင်ဟပ်လာပြီးနောက် စနစ်ကိုဆက်သွယ်လိုက်သည်။
"စနစ်..ကျေးဇူးပြုပြီးတော့ ငါ့ကို အဖြေပေးပါ... ငါ ဘယ်လိုလုပ်ရင် စနစ်က ငါ့ကို ထပ်ပြီးကျင့်ကြံဆင့်မြှင့်တင်ပေးနိုင်လဲ"
"ဒင်...မင်းရဲ့ကံကြမ္မာရမှတ်တွေနဲ့ အဆင့်မြှင့်တင်နိုင်တယ်"
"ကံကြမ္မာရမှတ်တွေလား..."
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ကျင့်ကြံဆင့်မြှင့်တင်ခြင်းညွှန်ပြချက်ကို မြင်တွေ့ပြီးဖြစ်သည်။ကျင့်ကြံဆင့်တစ်ဆင့် မြှင့်တင်ရန်အတွက် သူသည် ကံကြမ္မာရမှတ်တစ်သိန်း အသုံးပြုရန်လိုအပ်ပေ၏။သူ လစဉ်ရရှိသော ကံကြမ္မာရမှတ်သည် တစ်ထောင်ကျော်သာရှိကာ တစ်နှစ်လျှင်ရမှတ်ပေါင်း တစ်သောင်းနှစ်ထောင်ခန့်ဖြစ်သဖြင့် ကိုးနှစ်နီးပါးကြာမြင့်မှသာ သူ ကျင့်ကြံဆင့်တစ်ဆင့် မြှင့်တင်နိုင်ပေမည်။
နှစ်ပေါင်းတစ်ရာအတွင်း၌ သူသည် အများဆုံးအနေဖြင့် ကျင့်ကြံဆင့်ဆယ်ဆင့်ကိုသာ မြှင့်တင်နိုင်ပေမည်။
"ငါ့ကို ပြောစမ်းပါ...ငါ ကံကြမ္မာရမှတ်တွေ ထပ်ပြီးရနိုင်တဲ့ တခြားနည်းလမ်းတစ်ခုခု ရှိသေးလား ဒါမှမဟုတ် အင်မော်တယ်မြစ်ကုန်းမြေကနေ ငါ လစဉ်ရနေတဲ့ ကံကြမ္မာရမှတ်တွေကို ပိုများလာအောင် ဘယ်လိုလုပ်နိုင်လဲ"
ရီဖုန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"မေးခွန်းနံပါတ်တစ်ကို အဖြေပေးပါ့မယ်... ကံကြမ္မာရမှတ်တွေကို ဘယ်လိုရနိုင်မလဲဆိုတာက လက်ခံသူကိုယ်တိုင်ပဲဖြစ်ဖြစ် ဒါမှမဟုတ်လက်ခံသူရဲ့တပည့်တွေကပဲဖြစ်ဖြစ် ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိမယ်ဆိုရင် ကံကြမ္မာရမှတ်တွေကိုရနိုင်တယ်"
"မေးခွန်းနံပါတ်နှစ်ကို အဖြေပေးပါ့မယ်...အင်မော်တယ်မြစ်ကုန်းမြေရဲ့ ကံကြမ္မာရမှတ်တွေက အကန့်အသတ်အဆင့်ကို ရောက်သွားပြီ...ဒါပေမဲ့ လက်ခံသူက တခြားဘုံတွေကနေ ကံကြမ္မာရမှတ်တွေကို ရနိုင်တယ်...ဥပမာပြောရမယ်ဆိုရင် အင်မော်တယ်နယ်မြေက အင်မော်တယ်မြစ်ကုန်းမြေထက် ပိုပြီးအဆင့်မြင့်တဲ့ဘုံတစ်ခုပဲ...အင်မော်တယ်မြစ်ကုန်းမြေမှာရတဲ့ အောင်မြင်မှုမျိုးနဲ့ တူညီတာမျိုး ရမယ်ဆိုရင်တောင်...အင်မော်တယ်နယ်မြေရဲ့ကံကြမ္မာရမှတ်တွေက အင်မော်တယ်မြစ်ကုန်းမြေထက် အဆတစ်ထောင်ကျော်ပိုများတယ်"
စနစ်မှထွက်ပေါ်လာသောအသံသည် ရီဖုန်း၏မျက်လုံးများကို အနည်းငယ်တောက်ပသွားစေသည်။
သူသည် ဤတပည့်တစ်စုအား ပြင်ပလောက၌လေ့ကျင့်ရန် အင်မော်တယ်မြစ်ကုန်းမြေသို့ ပထမဆုံးအကြိမ် စေလွှတ်လိုက်စဉ်၌ ရံဖန်ရံခါ သူ့ထံသို့ရောက်ရှိလာသော ကံကြမ္မာရမှတ်တချို့ကို သူ အမှတ်ရနေဆဲပင်။
ဤသည်မှာ ရမှတ်အနည်းငယ်သာ ဖြစ်သော်လည်း...
မည်သို့ပင်ဆိုစေကာမူ ဤတပည့်များသည် အမှိုက်ကောင်များ ဖြစ်နေသော်လည်း သူတို့သည် ရွာတစ်ရွာ၏အချမ်းသာဆုံးလူ သို့မဟုတ် တောသခင်များ ဟင်းရွက်စိုက်ခင်းပိုင်ရှင်များ ဖြစ်လာပါက အောင်မြင်မှုများပို၍ရရှိနိုင်ပေမည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည်လည်း ဟင်းရွက်စျေးကွက်တချို့ကို လက်ဝါးကြီးအုပ်ထားနိုင်သည်။
ထို့ကြောင့်...
သူသည် တပည့်များကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားပြီးနောက် ကြီးမားသောအောင်မြင်မှုများကိုရယူရန် တိုက်တွန်းရပေမည်။အင်မော်တယ်မြစ်ကုန်းမြစ်အတွင်းမှာကဲ့သို့ တောင်အရှင်သခင်များ လူချမ်းသာများ သို့မဟုတ် ရွာလူကြီးများဖြစ်လာအောင် သူတို့အား ဆောင်ရွက်ခိုင်းရပေမည်။
ဤနည်းလမ်းဖြင့်ဆိုပါက...
မည်သို့ပဲဆိုစေကာမူ စနစ်မှနေ၍ အစောပိုင်းကပြောဆိုသွားမှုများအရ တူညီသောအောင်မြင်မှုများရရှိလျှင် အင်မော်တယ်နယ်မြေအတွင်း၌ ရရှိသောကံကြမ္မာရမှတ်များသည် အင်မော်တယ်မြစ်ကုန်းမြေထက် အဆတစ်ထောင်ကျော်ပိုများပေမည်။
တခြားစကားပြောင်းဆိုရလျှင် အကယ်၍ ထိုတတပည့်များသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ တောင်သခင်တစ်ယောက်ဖြစ်နေလျှင် သူ့အား ကံကြမ္မာရမှတ် လေးမှတ်ခွဲပေးနိုင်ပါက အင်မော်တယ်နယ်မြေသို့ရောက်ရှိလျှင် အမှတ် လေးထောင် ငါးထောင်ခန့် ဖြစ်သွားပေမည်။
သူ့ထံတွင် တပည့်အယောက်တစ်ရာနီးနီးရှိနေသည်ဖြစ်ရာ သူသည် ကံကြမ္မာရမှတ် လေးသန်းငါးသန်းခန့်ကို စုဆောင်းနိုင်ပေမည်။
ကံကြမ္မာရမှတ်သန်းလေးဆယ်မှ ငါးဆယ်အထိ ရရှိလာပါက သူသည် ကျင့်ကြံဆင့်နယ်ပယ် လေးဆင့်ငါးဆင့်ခန့် တက်လှမ်းနိုင်ပေမည်။
အကယ်၍ ထိုတပည့်များသည် ပြင်းပြင်းထန်ထန်ကြိုးစားပြီး မြို့တော်ဝန်များ သို့မဟုတ် အဆင့်မြင့်အရာရှိများ ဖြစ်သွားပါက သူရရှိမည့် ကံကြမ္မာရမှတ်များ ပို၍များပြားသွားနိုင်သည်။
အကယ်၍ ထိုအရာများကို အင်မော်တယ်မြစ်ကုန်းမြေမှ လစဉ်ရရှိနေသော ကံကြမ္မာရမှတ်များဖြင့် ပေါင်းလိုက်ပါက နှစ်ပေါင်းတစ်ရာအတွင်းတွင် သူ အဆင့်တစ်ရာခန့် မမြင့်တင်နိုင်သည့်တိုင် အဆင့်သုံးဆယ်လေးဆယ်ခန့် မြှင့်တင်နိုင်ပေမည်။
ဤနည်းလမ်းဖြင့် အနာဂတ်တွင် ဆိုက်ရောက်လာမည့် ဘေးကပ်ဆိုးကြီးအတွင်း၌ သူ သေဆုံးတော့မည်မဟုတ်ချေ။
"ငါက တကယ့်ကို အရည်အချင်းရှိတဲ့လူပဲ"
ရီဖုန်းသည် ဤအကြောင်းကို ပို၍စဉ်းစားတွေးတောမိလေလေ သူ၏အကြံသည် အံဝင်ခွင်ကျဖြစ်သည်ဟု သူ ပို၍ခံစားရလေလေပင်။
ဤသည်မှာ စားသောက်ရန်ကိုသာသိပြီး သေဆုံးရန်စောင့်ဆိုင်းနေသော သူ၏တပည့်များထံ၌ အသုံးဝင်မှုတချို့ ရှိနေသည်ဟု သူပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။
သို့ရာတွင်...
သူ၏အစီအစဉ် ပြီးမြောက်အောင်မြင်ရန်အတွက် အချက်တစ်ချက်ကို လျစ်လျူရှုထား၍မရချေ။
ဤသည်မှာ တပည့်များ၏စွမ်းအားပင်။
သူတို့သည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ တောင်သခင်များ ရွာလူကြီးများ ဖြစ်လာခဲ့သည်မှာ ဤနေရာသည် အဆင့်နိမ့်ဘုံတစ်ဘုံဖြစ်နေသောကြောင့်ပင်။
အင်မော်တယ်နယ်မြေအတွင်း၌ အဆင့်နိမ့်ဆုံးကျင့်ကြံသူသည် လူသားအင်မော်တယ်ဖြစ်သဖြင့် သေမျိုးများဖြစ်သော သူ၏တပည့်များ နေရာယူနိုင်စွမ်းရှိမည်မဟုတ်ချေ။
ထို့ကြောင့်...
သူသည် ထိုတပည့်များကို အင်မော်တယ်များဖြစ်လာစေရန် နည်းလမ်းတခုရှာဖွေရပေမည်။
Chapter 634
ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် အလျှော့မပေးသောစိတ်ဖြင့် စနစ်အားဖျက်ဆီးမည်ဟု ဖိအားပေးခြိမ်းခြောက်ကာ ခွဲတမ်းတစ်ထောင့်တစ်ရာကို တောင်းဆိုခဲ့သည်။
ထိုခွဲတမ်းများတွင် လူသားအင်မော်တယ်တစ်ထောင်နှင့် မြေကမ္ဘာအင်မော်တယ်တစ်ရာတို့ ပါဝင်သည်။
အတိတ်ကို ပြန်တွေးကြည့်ပါက...
သူ အင်မော်တယ်နယ်မြေသို့ ရောက်ရှိသွားစဥ်၌ ဤကဲ့သို့အဆင့်မျိုးသို့ ရောက်ရှိနိုင်ရန် သူ့အတွက် မလွယ်ကူခဲ့ချေ။
ယခုချိန်၌...
တစ်ချက်တည်းဖြင့် အင်မော်တယ်တစ်ထောင့်တစ်ရာကို ဖန်တီးနိုင်မည်ဖြစ်ရာ ဤသည်မှာ သူ ယခင်က တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင်ယဥ်ကြည့်ဖူးခြင်းမရှိသော ကိစ္စတစ်ရပ်ပင်။
ဤသည်မှာ သစ္စာတရားကိုလက်ကိုင်ထားသော လူတစ်ယောက်၏လုပ်ရပ်ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်ခွဲတမ်းတစ်ရာကို သူ့၏တပည့်များအား ပေးရပေမည်။
ကြွင်းကျန်သော လူသားအင်မော်တယ်ခွဲတမ်းတစ်ထောင်ကိုမူ ကျွန်းပေါ်ရှိ လူအိုကြီးများနှင့်အဒေါ်ကြီးများကို သူ ပေးနိုင်သည်။
သူသည် သူတို့အားလုံး အမြင်ကျယ်သွားစေရန်အတွက် အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားလိုသည်ဖြစ်ရာ ဤသည်မှာ သူ လုပ်သင့်သောကိစ္စပင်။
"ဆရာကြီးကို အရိုအသေပြုပါတယ်"
တပည့်များအားလုံး ရောက်ရှိလာပြီးနောက် ရီဖုန်း၏ရှေ့၌ တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
ဤတပည့်တစ်စုသည် မည်သည့်အရာကိုမျှ ကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်းမရှိသည်ကို သူ သိရှိပြီးဖြစ်သော်လည်း သူတို့ကိုမြင်တွေ့ချိန်၌ သူ ဒေါသမထွက်ဘဲမနေနိုင်ချေ။
ဘဲတစ်အုပ်ကို ဖမ်းဆီးလာသူ...
ဂေါ်ဖီထုပ်တစ်ထုပ်ကို ကိုင်ထားသူ...
အိုးတစ်လုံးနှင့်ဇွန်းတစ်ချောင်းကို သယ်ဆောင်ထားသူ...
နွားရိုင်းစီးသူသည်လည်း ထိုနွားရိုင်းကိုသာ စီးနေဆဲဖြစ်ပြီး မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိချေ။
ထို့ပြင်....
ရွှံရောင်ပေါက်နေသော စေတီငယ်တစ်ဆူကို လက်အတွင်း၌ကိုင်ထားကာ နက်မှောင်နေသောဝတ်စုံကို ဝတ်ဆင်ထားသူ...
ဤဆန်ကုန်မြေလေးတစ်စုကို သူ ဆက်ကြည့်လိုစိတ်ပင် မရှိတော့ချေ။
"မင်းတို့ကောင်တွေကို...ငါ အရမ်းစိတ်ပျက်မိတယ်"
"မင်းတို့ရဲ့ပုံစံတွေကို ဒီထက်အဆင့်မြင့်အောင် နေလို့မရဘူးလား"
ရီဖုန်းက လေးလံစွာ သက်ပြင်းရှိုက်ပြီးနောက် သူ့ထံမှနေ၍ စိတ်ပျက်လက်ပျက်ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။
ထိုစကားကို ကြားချိန်တွင်...
ရီဖုန်း၏ချီးမွမ်းခြင်းကို မျှော်လင့်ထားသော တပည့်များအားလုံး ရုတ်တရက် မြေပြင်ပေါ်သို့လဲကျသွားကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ရှုပ်ထွေးမှုများကို ခံစားလိုက်ရသည်။
သူတို့သည်....
ယခုချိန်ထိတိုင် ဆရာကြီး၏အသိအမှတ်ပြုမှုကို မရရှိဆဲဖြစ်သလော....
သူတို့၏လုပ်ဆောင်ချက်များ မလုံလောက်သေးသလော....
ဆရာကြီးသည် မည်သည့်လုပ်ဆောင်ချက်မျိုးကို အလိုရှိသနည်း....
"ကျေးဇူးပြုပြီးတော့ ဆရာကြီးက ကျွန်တော်ကို လမ်းညွှန်မှုပေးဖို့ တောင်းဆိုပါရစေ"
ကြီးမားသောခွရှင်တစ်ချောင်းကို လက်အတွင်း၌ကိုင်ထားသည့် လူဝကြီးတစ်ယောက်က ဒူးထောက်ကာ တုန်တုန်ရီရီဖြင့်မေးမြန်းသည်။
"မင်းက ဘယ်သူလဲ"
ရီဖုန်းက ထိုလူဝကြီးကို တစ်ချက်ကြည့်ကာ တုံ့ပြန်မေးမြန်းလိုက်သည်။
"ဆရာကြီး...ဒီတပည့်က နံပါတ်စဥ်ငါးဆယ်ဖြစ်ပြီးတော့ တပည့်ရဲ့နာမည်က ချင်းသောက်သောက်ပါ"
လူဝကြီးက ရိုသေလေးစားစွာ ပြောဆိုသည်။
"အင်း...."
ရီဖုန်းက သူ့၏ခေါင်းကိုမော့ကြည့်ကာ တစ်စုံတစ်ခုကိုအမှတ်ရသွားပုံဖြင့် ပြောဆိုလိုက်၏။
"မင်းက ဘဏ်တစ်ခုဖွင့်ထားတယ်လို့ တစ်ယောက်ယောက်ဆီကနေ ငါ ကြားခဲ့ဖူးတယ်...ဟုတ်တယ်မလား...."
ရီဖုန်းက မေးမြန်းသည်။
"အမှန်ပါပဲ...အဲ့ဒါက ဒီတပည့်ပါ"
လူဝကြီးက ရိုသေလေးစားစွာ ပြောဆိုသည်။
"ဆရာကြီးကို တပည့်မေးချင်တာက....ဆရာကြီး စိတ်မပျက်ရအောင် တပည့်ဘယ်လိုလုပ်ရမလဲ...."
"မင်း ဘယ်လိုပြောလိုက်တာလဲ"
ရီဖုန်းက မျက်စောင်းထိုး၍ လူဝကြီးကိုကြည့်ကာ ပြောဆိုလိုက်၏။
"ဘဏ်တစ်ခုကို ဖွင့်နိုင်တာက တပည့်တွေကြားမှာ မဆိုးဘူးဆိုပေမယ့်...ဘဏ်တစ်ခုပဲ မင်း ဖွင့်တာက အဓိပ္ပါယ်ရှိလား...."
"ငါက လက်ဝါးကြီးအုပ်စေချင်တယ်"
"လက်ဝါးကြီးအုပ်တယ်ဆိုတာကို မင်း နားလည်လား...."
"အနည်းဆုံးတော့ မင်း ရောက်နေတဲ့ နယ်မြေဒေသအတွင်းမှာ...မင်းရဲ့လုပ်ငန်းကို လက်ဝါးကြီးအုပ်ထားနိုင်ပြီးတော့ ချုပ်ကိုင်ခွင့်က မင်းရဲ့လက်ထဲမှာ ရှိနေရမယ်"
ရီဖုန်းက ကျယ်လောင်စွာပြောဆို၍ သင်ကြားပေးလေသည်။
အမှန်အားဖြင့် ဤသည်မှာ သူ သင်ကြားပေးရန်လိုအပ်သော ကိစ္စတစ်ရပ်မဟုတ်ချေ။
အကြောင်းအရင်းမှာ အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ဘဏ်တစ်ခုကိုဖွင့်နိုင်ခြင်းသည် အမှန်အားဖြင့် ကိစ္စကြီးတစ်ရပ် မဟုတ်သောကြောင့်ပင်။ပင်ကျင်းမြို့ကို ဥပမာယူ၍ကြည့်လျှင် ထိုနေရာ၌ ငွေများထုတ်ယူနိုင်သောဘဏ် အမြောက်အများရှိနေသည်။
သို့ရာတွင် လက်ဝါးကြီးအုပ်ခြင်းသည် ကွဲပြားခြားနားပေ၏။
ပင်ကျင်းမြို့ကို ဥပမာယူ၍ကြည့်လျှင် ထိုနေရာ၌ ဘဏ်ကို လက်ဝါးကြီးအုပ်ထားနိုင်သည်မှာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းတစ်ခုတည်းပင်။
ဤအရာကို စစ်ဆေးကြည့်ပါက...
ရလဒ်မှာ လုံးလုံးလျားလျား ကွဲပြားခြားနားပေမည်။
"ဟူး...."
ချင်းသောက်သောက်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဤအတိုင်းဆိုပါက...
ဆရာကြီး၏တောင်းဆိုချက်သည် အင်မော်တယ်နယ်မြေအတွင်း၌ ဘဏ်လုပ်ငန်းကို သူ လက်ဝါးကြီးအုပ်နိုင်ရန်ပင်။
ရယ်ရွှင်ဖွယ်ကောင်းပေ၏။
သူ့၏ဘဏ်သည် အင်မော်တယ်မြစ်ကုန်းမြေ၏ထိပ်သီးဘဏ်ဆယ်ခုအနက်မှ တစ်ခုဖြစ်လာသဖြင့် ဆရာကြီး စိတ်ကျေနပ်လောက်မည်ဟု သူ တွေးတောခဲ့သည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းသည်။
ကြည့်ရသည်မှာ သူ့၏ရည်မှန်းချက်ပန်းတိုင်သည် အလွန်အလှမ်းကွာဟသေးပုံပင်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်...ဒီတပည့်က နားလည်သဘောပေါက်သွားပါပြီ...ဆရာကြီး ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် ကျွန်တော်က အစွမ်းကုန်ကြိုးစားပါ့မယ်"
ချင်းသောက်သောက်က ရိုသေလေးစားစွာ ပြောဆိုသည်။
"အရမ်းကောင်းတယ်....ငါ သင်ပေးရကျိုးနပ်တဲ့ တပည့်လေးပဲ"
ရီဖုန်းက ချီးမွမ်းလိုက်သည်။
ဤချီးမွမ်းခံရမှုကြောင့် ချင်းသောက်သောက်သည် တခြားဂိုဏ်းတူမောင်နှမများ၏မနာလိုအားကျသော မျက်လုံးအကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
ဆရာကြီး၏ချီးမွမ်းမှုကိုရရှိရန် သူတို့လည်း လုပ်ဆောင်ရပေမည်။
"ဒါဆိုရင်ငါက အခုချိန်မှာ အထက်ဆင့်သုံးဆင့်က ကုန်းမြေတစ်ခုရဲ့ကုန်းမြေအရှင်ဖြစ်နေတာကြောင့် ဆရာကြီး စိတ်ကျေနပ်မှုရမှာမဟုတ်ဘူး...ဂျူနီယာမောင်လေးချင်းကို ဆရာကြီး ချမှတ်ပေးထားတဲ့ ရည်မှန်းချက်ပန်းတိုင်အရဆိုရင် ငါနဲ့ကိုက်ညီတာက...ငါကအင်မော်တယ်နယ်မြေတစ်ခုလုံးရဲ့အရှင်သခင် ဖြစ်ရလိမ့်မယ်"
စုယွင်ယွင်က တီးတိုးရေရွတ်လိုက်သည်။
"ဟူး...ငါက နတ်ဘုရားဖီးနစ်တစ်စုကို မွေးမြူနိုင်တာနဲ့ စိတ်ကျေနပ်ပြီးတော့ ဒီနေရာကို ယူလာခဲ့တယ်...အဲ့ဒီကောင်တွေကိုမြင်ရင် ဆရာကြီးကငါ့ကိုချီးမွမ်းမယ်လို့ ငါ ထင်ခဲ့မိတယ်...ငါ တကယ်ကို အရှက်ရမိတယ်...နောင်အနာဂတ်မှာငါက အင်မော်တယ်နယ်မြေရဲ့ အထွတ်အထိပ်နတ်ဘုရားသားရဲကို မွေးမြူနိုင်ရမယ်"
ကျားကျားချင်က တိတ်တဆိတ်စိတ်ပိုင်းဖြတ်လိုက်၏။
"ငါက အလယ်သုံးဆင့်မှာရှိတဲ့ ဘယ်ကုန်းမြေအရှင်ကိုမဆို လက်ဗလာနဲ့ ငါ့ရဲ့ဓားကိုခံယူအောင် လုပ်နိုင်တယ်...ဒါပေမယ့် ဆရာကြီးရဲ့မျက်လုံးထဲမှာတော့ ဒါက ကလေးကစားတာနဲ့တူနေလိမ့်မယ်...ကြည့်ရတာတော့ နောင်တစ်ချိန်မှာ ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်က အင်မော်တယ်နယ်မြေမှာရှိတဲ့လူတိုင်း လက်ဗလာနဲ့ ငါ့ရဲ့ဓားကို ဖမ်းရတဲ့အထိ ငါ လုပ်ရမယ့်ပုံပဲ"
လီကျင်းက သူ၏လက်အတွင်းရှိဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"ဒါဆိုရင် ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်က နောင်တစ်ချိန်မှာ ငါ့ကိုယ်ငါဖောက်ခွဲရင် အင်မော်တယ်နယ်မြေတစ်ခုလုံး ပေါက်ကွဲစေရမယ်"
ဟုန်ဖုန်ခွမ်း၏မျက်လုံးအတွင်း၌ ရုးသွပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤအချိန်တွင်....
တပည့်များအားလုံး ဥာဏ်အလင်းပွင့်သွားကြသည်။
"ဆရာကြီး...ကျွန်တော်တို့တွေအားလုံး ဘာလုပ်ရမယ်ဆိုတာကို သိသွားပါပြီ"
လူတိုင်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"အရမ်းကောင်းတယ်"
"မင်းတို့ရဲ့နာခံရိုကျိုးမှုကိုကြည့်ပြီးတော့ ငါက မင်းတို့ကို အခွင့်အရေးတစ်ခုပေးဖို့ ရည်ရွယ်ထားတယ်"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီးနောက် တည်ကြည်လေးနက်စွာ ပြောဆိုသည်။
တပည့်များအားလုံး၏မျက်လုံးများ တောက်ပသွားကာ မျှော်လင့်တောင့်တမှုများအပြည့်ဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
"ဆရာကြီးက ဘယ်လိုအခွင့်အရေးမျိုးကို ကျွန်တော်တို့ကို ပေးမှာလဲဆိုတာ...ကျွန်တော်တို့ သိလို့ရမလား"
"အင်း...ငါက မင်းတို့ကို အင်မော်တယ်နယ်မြေဆီရောက်နိုင်တဲ့ စွမ်းအားမျိုးကို တိုက်ရိုက်ပေးမယ်"
ရီဖုန်းက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုပြီးနောက် တပည့်များအားလုံး၏ မျှော်လင့်တောင့်တနေမှုအောက်တွင် စကား တစ်လုံးချင်း ပြောဆိုလိုက်၏။
"မင်းတို့အားလုံး မြေကမ္ဘာအင်မော်တယ်တွေ ဖြစ်လာလိမ့်မယ်""
"မြေကမ္ဘာအင်မော်တယ်လား...."
တပည့်များအားလုံး၏စိတ်နှလုံးသားများအတွင်း၌ မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။
Chapter 635
"ဘယ်လိုလဲ..."
"မင်းတို့ စိတ်လှုပ်ရှားသွားကြပြီလား...."
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
ဤတပည့်လေးတစ်စု၏ ထိတ်လန့်ကြောက်ရွံနေသောမျက်လုံးလေးများကို မြင်ရသည်အား သူ အမှန်တကယ်ကို ပျော်ရွှင်မိသည်။
သူတို့အားလုံးသည် သေမျိုးများသာဖြစ်ပြီး....
စားဖိုမှူးတစ်ယောက်အဖြစ် ချက်ပြုတ်နေသူ....
တောင်တစ်လုံးကိုလုယက်ကာ မင်းမူနေသော တောင်အရှင်သခင်...
စပါးစိုက်ရန်အတွက် နွားရိုင်းစီးနေသူ....
သူတို့သည် ရုတ်တရက် အင်မော်တယ်များဖြစ်လာမည်ဖြစ်သဖြင့် အံ့အားသင့်သွားကြသည်မှာ ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။
သို့ရာတွင် တပည့်များ ထိတ်လန့်ကြောက်ရွံနေသောကိစ္စမှာ....
သူတို့သည် ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ထိ ကျင့်ကြံပြီးမှ မည်သည်ကြောင့် ရုတ်တရက်ကြီး မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ပြန်ဆင်းရမည်နည်း...
"ဂိုဏ်းတူတပည့်တွေအားလုံး...စိတ်မရှည်မဖြစ်ကြနဲ့...ဆရာကြီးက ငါတို့ကို လှည့်စားဖူးလို့လား"
စုယွင်ယွင်သည် ဂိုဏ်းတူတပည့်များအားလုံးထံသို့ အသံပေးပို့လိုက်၏။
"ဆရာကြီးက ငါတို့ကို အခွင့်အရေးတစ်ခုပေးမယ်လို့ ပြောထားမှတော့...ဒါက အခွင့်အရေးတစ်ခုပဲဖြစ်မယ်"
"တကယ်လို့ ဆရာကြီးက ငါတို့ရဲ့ကျင့်ကြံဆင့်ကို နိမ့်သွားစေချင်တယ်ဆိုရင်တောင်...ဒါက ငါတို့ရဲ့ကောင်းကျိုးအတွက်ပဲ ဖြစ်လိမ့်မယ်"
ထိုစကားကိုကြားချိန်၌....
ဂိုဏ်းတူတပည့်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏ကျင့်ကြံဆင့်စွမ်းအားများကို ဆရာကြီးမှ ပေးအပ်ထားခြင်းဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဆရာကြီးသည် သူတို့အား လှည့်ကွက်တစ်ခုသုံးနေခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် ဂိုဏ်းတူတပည့်များအားလုံး ရလဒ်ကို လက်ခံလိုက်ကြသည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
တပည့်များအားလုံး မြေပြင်ပေါ်၌ဒူးထောက်ကာ ပြောဆိုလိုက်၏။
"အရမ်းကောင်းတယ်..."
ရီဖုန်း အလွန်စိတ်ကျေနပ်သွားသည်။
တစ်ချိန်တည်းမှာပင် သူသည် စနစ်ကိုဆက်သွယ်၍ သူ၏လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က တပည့်များအားလုံးပေါ်သို့ ဆင်းသက်သွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
တပည့်များအားလုံးသည် မူလက မည်သည့်ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေပါစေ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားကြသည်။
"မြေကမ္ဘာအင်မော်တယ်လား...."
"ငါက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ပြန်ရောက်သွားပေမယ့် ငါ့ရဲ့ခွန်အားက အားနည်းမသွားတဲ့အပြင် အများကြီးတိုးတက်လာပုံပဲ"
စုယွင်ယွင်က အံ့အားတသင့် ရေရွတ်လိုက်သည်။
ထို့နောက် သူမ၏ကျင့်ကြံဆင့်စွမ်းအားကိုအသုံးပြု၍ တပည့်များအားလုံးထံသို့ အသံပေးပို့လိုက်၏။
"ငါလည်း အတူတူပဲ"
လီထန်းပိုင်၏မျက်လုံးများ တောက်ပသွားကာ အသံတစ်သံ ထွက်ပေါ်လာသည်။
"အမှန်ပဲ...ဒီလိုခံစားချက်မျိုးက ငါတို့ရဲ့မူလကျင့်ကြံဆင့်စွမ်းအားတွေကို သိပ်သည်းလိုက်တာနဲ့ အတူတူပဲ...ဒါက ကျင့်ကြံဆင့်နိမ့်ပါးသွားပုံရပေမယ့် အရည်အသွေးကတော့ ပြောင်းလဲသွားတယ်"
ချင်းသောက်သောက်က အသံပေးပို့သည်။
"ကောင်းလိုက်တာ...."
"တကယ်လို့ ငါတို့ရဲ့မူလကျင့်ကြံဆင့်အခြေခံက ပင်လယ်ကြီးတစ်ခုဆိုရင် ဒါကို ရေအိုင်ငယ်တစ်ခုလို ဖိနှိပ်လိုက်တာနဲ့ တူညီတယ်...ဒါပေမဲ့ အဲဒီရေအိုင်မှာရှိတဲ့ ရေစက်တစ်စက်စီတိုင်းက မသန့်စင်မှုတွေကို ဖယ်ရှားထားတဲ့ အနှစ်သာရတွေပဲ"
စုယွင်ယွင်က အလျင်စလိုခေါင်းညိတ်ပြလိုက်ကာ သူမ ပို၍ပို၍စိတ်လှုပ်ရှားလာသည်။
ဆရာကြီး၏လက် တစ်ချက်ဝှေ့ယမ်းရုံဖြင့်....
သူမတို့အားလုံး၏ကျင့်ကြံဆင့်စွမ်းအားများ သိပ်သည်းသွားရုံသာမက သူမတို့၏ကျင့်ကြံဆင့်အကန့်အသတ်သည်လည်း မိုးကောင်းကင်ယံကို ဆန့်ကျင်နေပေမည်။
ယခုအချိန်တွင် သူမသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း နေလအင်မော်တယ်တစ်ယောက်ကို အချိန်တခဏအတွင်း၌ အနိုင်ယူနိုင်သည်။
အကယ်၍ တစ်ရက်တွင် ဤကဲ့သို့အခြေအနေဖြင့် သူမတို့၏ကျင့်ကြံဆင့်အခြေခံသည် မူလနယ်ပယ်သို့ ပြန်လည်မြင့်တက်သွားပါက အကျိုးကျေးဇူးများ အလွန်အမင်းကြီးမားပေမည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
တပည့်များအားလုံး မြေပြင်ပေါ်၌ ရိုသေလေးစားစွာ ဒူးထောက်လိုက်ကြကာ သူတို့ထံမှနေ၍ ကျေးဇူးတင်စကား ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။သူတို့၏မျက်လုံးများအတွင်း၌ ရူးသွပ်စွဲလမ်းမှုများရှိနေကာ သူတို့ ရီဖုန်းကိုကြည့်နေသည်မှာ နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်အလားပင်။
တပည့်များကို မြေကမ္ဘာအင်မော်တယ်အဖြစ်သို့ ရောက်ရှိစေပြီးနောက် ရီဖုန်းသည် တခြားလူများကို လူသားအင်မော်တယ်များအဖြစ်သို့ စတင်၍ အဆင့်မြှင့်တင်ပေးလိုက်တော့သည်။
ပထမဆုံးအနေဖြင့် ချင်ဟွမ်ရှန်း ယဲ့ပေနှင့် ဟန်ထန်းကြွယ်တို့လူစုပင်။
ထို့နောက် မစင်သယ်ယူပို့ဆောင်ရေးအဖွဲ့နဲ့ သစ်ပင်ပန်းမန်စိုက်ပျိုးရေးအဖွဲ့သို့ အလှည့်ကျသွားသည်။
နောက်ဆုံး၌ သူသည် ကျွန်းပေါ်မှ လူများဖြစ်သော လူအိုကြီးလီ လူအိုကြီးဝူနှင့် တခြားလူအိုကြီးများ အဒေါ်ကြီးများအားလုံးကို ဆင့်ခေါ်ကာ သူတို့အားလုံးကို အဆင့်မြှင့်တင်ပေးလိုက်သည်။
ရက်အနည်းငယ်ကြာသည်အထိ အလုပ်ရှုပ်နေပြီးနောက်...
ရီဖုန်းသည် စိတ်ကျေနပ်မှုကို ခံစားမိလေ၏။
လူသာအင်မော်တယ်တစ်ထောင်နှင့် မြေကမ္ဘာအင်မော်တယ်တစ်ရာတို့ကို ပေါင်းစပ်လိုက်ပါက သူသည် ဤအင်မော်တယ်မြစ်ကုန်းမြေမှနေ၍ ကြီးကျယ်ခမ်းနားသောအစုအဖွဲ့ဖြင့် ထွက်ခွာနိုင်ပေမည်။
သူ အလိုရှိသည်မှာ...
စနစ်မှသတိပေးထားသော နှစ်တရာကြာလျှင် ဖြစ်ပေါ်လာမည့် ဘေးကပ်ဆိုးကြီးကို ဖြတ်သန်းနိုင်ရန်ပင်။သူသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ဤတပည့်များ လူအိုကြီးများနှင့် အတူရှိနေကာ နယ်မြေခံအာဏာရှင်အဖြစ် သက်သောင့်သက်သာနေလိုသည်။
သို့ရာတွင် သူ့ထံ၌ တခြားနည်းလမ်းမရှိချေ။
ဘေးကပ်ဆိုးကြီးကို သူ ဖြတ်ကျော်နိုင်ရန်အတွက် နှစ်ပေါင်းတစ်ရာအတွင်းတွင် ကျင့်ကြံဆင့်ငါးဆယ်မြှင့်တင်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်ကို သူ အောင်မြင်ပြီးမြောက်ရန် လိုအပ်သည်။
"ကျုံးချင်က ဆရာကြီးကို အရိုအသေပြုပါတယ်"
ခြံဝန်းအတွင်း၌ ကျုံးချင်က ရီဖုန်း၏နံဘေးတွင် ရိုသေလေးစားစွာ ဒူးထောက်လိုက်သည်။
"တပည့်လေး...မင်း ဘာလုပ်တာလဲ...မြန်မြန်မတ်တတ်ထရပ်စမ်း"
ရီဖုန်းသည် လွန်ခဲ့သောနှစ်နှစ်အတွင်း၌ သူနှင့်အတူ ဘဝကိုဖြတ်သန်းခဲ့သော သူ၏အဖိုးတန်တပည့်လေးကိုကြည့်ကာ နူးညံညင်သာစွာပြောဆိုသည်။
"ငါတို့က ဘယ်သူတွေမလို့လဲ...အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး"
"ဒါက ကျွန်တော်ကို ဆရာကြီးက ပြိုင်ဘက်ကင်းကျင့်ကြံဆင့်အခြေခံ ပေးခဲ့တာကြောင့်ပါ"
"ဒီကိစ္စမျိုးဖြစ်လာမယ်လို့ ကျွန်တော် အရင်က တစ်ခါမှ ထင်မထားခဲ့မိဘူး"
ကျုံးချန်၏မျက်နှာပေါ်တွင် ကျေးဇူးတင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ သူ၏လက်အတွင်းရှိဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
"အခု ကျွန်တော်မှာ ဒီခွန်အားမျိုးရှိလာတာကြောင့် လက်စားချေဖို့အတွက် အခွင့်အရေးတစ်ခု ရလာခဲ့တယ်"
"အင်း..."
"ဒါက မင်းကို နာကျင်စေမှာပဲ"
ရီဖုန်းသည် ကျုံးချင်၏ခေါင်းကိုပေးကာ ဤကလေး၏စိတ်နှလုံးသားအတွင်းမှ နာကြည်းမုန်းတီးမှုများကို သူ မည်ကဲ့သို့ ဖြေရှင်းပေးရမည်ကို မသိတော့ချေ။
"သေချာတာပေါ့...အခုလက်ရှိ မင်းရဲ့မြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်စွမ်းအားနဲ့..မင်း လက်စားချေမယ့်ကိစ္စကို လုပ်သင့်တယ်"
ရီဖုန်းက ပြောဆိုသည်။
"ဟုတ်ပါတယ် ဆရာကြီး...ဒါပေမယ့် သူတို့က အစကတော့ အင်မော်တယ်မြစ်ကုန်းမြေထဲက ရှေးဟောင်းမိသားစုတစ်စုပဲ....အခုကြည့်ရသလောက်တော့ သူတို့ရဲ့ အခြေခံအုတ်မြစ်က အင်မော်တယ်နယ်မြေမှာ ရှိနေပုံရတယ်"
ကျုံးချင်က ပြောဆိုသည်။
"ဒါကြောင့် ကျွန်တော်ရဲ့မိဘတွေကို သတ်ခဲ့တဲ့ရန်သူတွေက အင်မော်တယ်နယ်မြေကို တက်လှမ်းသွားပြီ"
"မြေကမ္ဘာအင်မော်တယ်တွေက အင်မော်တယ်နယ်မြေမှာ နည်းနည်းအားနည်းတဲ့လူတွေလို့ ဆရာကြီး ပြောခဲ့ဖူးတာကို ကျွန်တော် ကြားဖူးတယ်"
ကျုံးချင်က အားပျော့စွာဖြင့် သူ၏ခေါင်းကိုမော့ကာ ထပ်မံ၍ပြောဆိုလိုက်၏။
"ဒါကြောင့် ကျွန်တော်က ဆရာကြီးဆီကနေ တခြားတစ်ခု တောင်းဆိုချင်ပါတယ်"
"မင်း တောင်းဆိုလို့ရတယ်...ငါတတ်နိုင်တာမှန်သမျှ မင်းအတွက် ဖြည့်ဆည်းပေးမယ်"
ရီဖုန်းက တုံ့ပြန်သည်။
"ကျွန်တော်က ဂိုဏ်းတူမောင်နှမတွေကို ကျွန်တော် လက်စားချေတဲ့နေရာမှာ ကူညီပေးစေချင်တယ်...ဆရာကြီး ခွင့်ပြုပေးနိုင်မလား"
ကျုံးချင်က ပွင့်ပွင့်လင်းလင်းပြောဆိုသည်။
"အကြောင်းကတော့ မြေကမ္ဘာအင်မော်တယ်တစ်ယောက်တည်းနဲ့ ကျွန်တော်ရဲ့ရန်သူကို အနိုင်ယူနိုင်မှာမဟုတ်ဘူး...ဒါပေမဲ့ မြေကမ္ဘာအင်မော်တယ်အယောက်တစ်ရာဆိုရင်တော့ အဲ့ဒီကိစ္စက ဖြစ်နိုင်တယ်"
"တုံးအတဲ့ ကောင်လေးပဲ"
"မင်းရဲ့ဂျူနီယာတစ်စုက စားဖို့ပဲသိပြီးတော့ သေရမှာကို စောင့်နေကြတဲ့ကောင်တွေ... တကယ်လို့ မင်းကို သူတို့ကူညီပေးစေချင်တယ်ဆိုရင် မင်း သူတို့ကို တိုက်ရိုက်ပြောလိုက်ရုံပဲ...ငါ့ဆီကို ဘာမှခွင့်တောင်းနေစရာမလိုဘူး"
"ဒါပေမဲ့ မင်း အပိုလုပ်နေတယ်လို့ ငါ ခံစားမိတယ်...မင်းရဲ့ဆရာသခင်ဖြစ်တဲ့ငါက မင်းကိုကူညီပြီးတော့ သူတို့ကို သတ်ပေးနိုင်တယ်"
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သူ၏လက်ကို ဖျစ်ညှစ်ပြလိုက်၏။
"မဟုတ်ဘူး...ကျွန်တော်က ရန်သူတွေကို ကျွန်တော်ရဲ့လက်နဲ့ ကိုယ်တိုင်သတ်ချင်တယ်...ဒါက ကျွန်တော်ရဲ့စိတ်ထဲက အထုံးအဖွဲ့ပဲ"
"တကယ်လို့ ဆရာကြီးလှုပ်ရှားလိုက်မယ်ဆိုရင် ကျွန်တော်အတွက် အလွယ်တကူ လက်စားချေပေးနိုင်လိမ့်မယ်...ဒါပေမဲ့ အဲဒီကိစ္စက ကျနော်လိုချင်တဲ့အရာ မဟုတ်ဘူး"
ကျုံးချင်က အံ့တင်းတင်းကြိတ်ပြီး ခိုင်မာပြတ်သားစွာပြောဆိုသည်။
ရီဖုန်း၏မျက်နှာပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်လာသည်။
ဤကောင်လေးသည်...
မည်သည်ကြောင့် ဤမျှထိ အလွန်ခေါင်းမာသနည်း...
"ကောင်းပြီလေ"
ရီဖုန်းက သဘောတူညီလိုက်သည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
ကျုံးချင်က ဦးညွှတ်အရိုအသေပြုကာ ထပ်မံ၍ပြောဆိုသည်။
"ဒါပေမဲ့ ဒီတပည့်မှာ ဆရာကြီးကို မေးချင်တဲ့မေးခွန်းတစ်ခုရှိနေသေးတယ်"
"မင်း မေးချင်တာကို မေးပါ"
ရီဖုန်းက တုံ့ပြန်သည်။
"ဆရာကြီးက အရမ်းအစွမ်းထက်တယ်ဆိုတာ ဘာလို့ ဒီတပည့်က မသိခဲ့ရတာလဲ"
"ဒါ့ပြင် ဆရာကြီးက ငွေရှာဖို့အတွက် စာအုပ်တွေ မရေးသေးတဲ့အချိန်က...ဒီတပည့်နဲ့အတူ ဖွဲကြမ်းတွေကို ဘာလို့နှစ်လလောက်ကြာအောင်စားခဲ့ရတာလဲ"
ကျုံးချင်က သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့ကာ အလေးအနက်ထား၍မေးမြန်းသည်။
"အမ်..."
ရီဖုန်းသည် ထိုမေးခွန်းကိုကြားချိန်၌ ရှက်ရွံသွားသည်။
ထိုအချိန်တုန်းက သူသည် ဖွဲကြမ်းနှင့်ဟင်းသီးဟင်းရွက်များကို ရောစပ်၍စားသောက်ခဲ့ရသည်။
ဤသည်မှာ သူသည် ထိုအချိန်တုန်းက အားနည်းသောသေမျိုးတစ်ယောက် ဖြစ်နေခြင်းကြောင့်မဟုတ်လော...
သို့ရာတွင် သူသည် ဤကိစ္စကို တပည့်ဖြစ်သူအား မည်သည်ကြောင့် ပြောပြနိုင်မည်နည်း...
သူသည် စနစ်၏အကူအညီဖြင့် ရုတ်တရက်ကြီးအင်မော်တယ်တစ်ယောက်ဖြစ်လာသည်ဟု တပည့်ဖြစ်သူအား ပြောဆိုနိုင်ခြင်းမရှိချေ။
ဤသည်မှာ ရုတ်တရက်ချမ်းသာလာသောသူဌေးလက်သစ်တစ်ယောက်နှင့်တူညီပြီး အလွန်ရှက်ရွံဖွယ်ကောင်းသောကိစ္စပင်။
"အဟွတ်...အဟွတ်...တပည့်လေး..."
အချိန်တခဏကြာခန့်စဉ်းစားပြီးနောက် ရီဖုန်းက ချောင်းနှစ်ချက်ခန့်ဟန့်ကာ စိတ်အားထက်သန်စွာပြောဆိုသည်။
"ရိုးရိုးသားသားပြောရရင် မင်းရဲ့ဆရာဖြစ်တဲ့ ငါ့မှာ ရန်သူတော်ကြီးတစ်ယောက် ရှိနေတယ်...ငါက လောကကြီးကနေ ပုန်းကွယ်နေတဲ့ပြိုင်ဘက်ကင်းဆရာသခင်တစ်ယောက်ဖြစ်ပြီးတော့ ကျင့်ကြံခြင်းအကြောင်းကို မေ့လျော့ထားခဲ့တယ်"
"ဒါကြောင့် ငါက ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်မှာရှိရမယ့် စိတ်အခြေအနေ အပြုအမူ တွေကို လိုက်နာကျင့်သုံးရတယ်...ငါက သေမျိုးလောကထဲမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ငါရဲ့ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်ဖို့အတွက် ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကိုအသုံးပြုလို့မရဘူး"
"ဘာလို့လဲ"
ကျုံးချင်က ရီဖုန်းကိုမော့ကြည့်ကာ မေးမြန်းသည်။
"အင်း ဒါက ကျင့်ကြံဆင့်အခြေခံရဲ့သက်ရောက်မှု ရှိတာကြောင့်ပဲ"
ရီဖုန်းက သာမန်ကာလျှံကာ ပြောဆိုသည်။
"အခုကြည့်ကြည့်တော့မှ ဆရာကြီးက အရမ်းထူးချွန်တဲ့လူပဲ"
ကျုံးချင်က လေးလေးနက်နက် စဉ်းစားတွေးတောလိုက်၏။
မလှမ်းမကမ်းအကွာ၌...
မြေပြင်ကိုတံမျက်စည်းလှဲနေသော ဘုန်းတော်ကြီးခွန်ပန်က ရီဖုန်းတို့ထံသို့ လျှောက်လှမ်းလာသည်။
"ဟူး...သိချင်စိတ်က လူတွေကိုသေစေတယ်"
"ငါ သူ့ကို ပထမဆုံးမြင်တဲ့အချိန်မှာ ဒီနွမ်းပါးတဲ့ကိုယ်တော်က သူ့ဆီမှာ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတယ်လို့ ခံစားမိတယ်...သူက လူတိုင်းဆီကနေ ကောလဟာလထွက်နေသလို ပြိုင်ဘက်ကင်းဆရာကြီးဟုတ်မဟုတ်ဆိုတာ ငါ သေချာမပြောနိုင်ခဲ့ဘူး...ဒါကြောင့် တကာတော်ရီက ဘယ်လိုလူမျိုးလဲဆိုတာ ဖော်ထုတ်ဖို့အတွက် ငါက ဒီကျွန်းပေါ်မှာ တမင်သက်သက် အချိန်အကြာကြီးနေခဲ့တယ်"
"ဒီကျွန်းပေါ်မှာ အချိန်အကြာကြီးနေပြီးတဲ့နောက်မှာ...တကာတော်ရီရဲ့အပြုအမူတွေအရ အကဲဖြတ်ကြည့်ရရင် ဒီနွမ်းပါးတဲ့ကိုယ်တော် မျှော်လင့်ထားတဲ့အတိုင်းပဲ...တကာတော်ရီက ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် မဖြစ်နိုင်ဘူး...သူ့ရဲ့ကျင့်ကြံဆင့်အခြေခံကိုလည်း အခုလတ်တလောမှ ရသွားတာဖြစ်နိုင်တယ်"
"ဒါပေမဲ့ အခုက ခန့်မှန်းရုံသက်သက်ပဲ..ငါက တကာတော်ရီကိုရှာပြီး အတည်ပြုဖို့လိုအပ်တယ်"
"ဒါ့ပြင် သူ့မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ငါ သူ့ကို မေးရမယ်"
ခွန်ပန်သည် ရီဖုန်း၏ခြံဝန်းထံသို့ လျှောက်လှမ်းသွားကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။
သို့ရာတွင်...
သူသည် ခြံဝန်းတံခါးထံသို့ ရောက်ရှိပြီးနောက် ရီဖုန်းမှနေ၍ ကျုံးချင်ကိုပြောဆိုနေသော စကားများအား သူ ကြားလိုက်ရသည်။
သူ၏မျက်လုံးများ ရုတ်တရက် ကြက်သေသေသွားကာ ရေရွတ်လိုက်၏။
"ကြည့်ရတာတော့ ဒီနွမ်းပါးတဲ့ကိုယ်တော်က ပေါ့ပေါ့တန်တန်နေခဲ့မိပုံပဲ"