အခန်း (၆၃၆-၆၄၀)
Vol. 43 Ch. 636-640
Chapter 636
ရက်အနည်းငယ်ကြာပြီးနောက်...
ရီဖုန်းသည် လူတစ်ထောင့်တစ်ရာကိုခေါ်ဆောင်ကာ ကြီးကျယ်ခမ်းနားသောစုဖွဲ့မှုဖြင့် ခရီးထွက်ခဲ့တော့သည်။
သူသည် အင်မော်တယ်နယ်မြေအတွင်းမှ အရိပ်ကျွန်းထံသို့ တိုက်ရိုက်ကူးပြောင်းခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် တခြားနည်းလမ်းမရှိတော့ချေ။
အင်မော်တယ်နယ်မြေအတွင်းရှိ ကံကြမ္မာစွမ်းအားများသည် အင်မော်တယ်မြစ်ကုန်းမြေထက် များစွာပို၍များပြားသည်။ဤသို့သွားရောက်ခြင်းမရှိဘဲ သူ အင်မော်တယ်မြစ်ကုန်းမြေတွင် ဆက်၍နေပါက သေဆုံးရန်အတွက် စောင့်ဆိုင်းနေရပေမည်။
အကယ်၍ သူ၏စိတ်ချမ်းမြေ့ဖွယ်အစီအစဉ် အောင်မြင်သွားပါက ဤကိစ္စကို စွမ်းဆောင်နိုင်မည်ဟု သူ တွေးတောမိသည်။
သူ ကြီးမားသောအောင်မြင်မှုကို ရရှိပါက...
စနစ်သည် သူ့ကို ကံကြမ္မာရမှတ်များ သိန်းနှင့်ချီ၍ ဆုလာဘ်အဖြစ် ချီးမြှင့်နိုင်သည်။
အရိပ်ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ရန်...
သူ့ထံ၌ ပစ္စည်းကိရိယာအမြောက်အများ ရှိနေရပေမည်။
ထို့ကြောင့် ရီဖုန်းသည် အင်မော်တယ်နယ်မြေသို့မသွားမီ သိုင်းပညာခန်းမ၏အနောက်ဖက်ခြံဝန်းအတွင်းမှ လယ်ယာစိုက်ပျိုးရေးပစ္စည်းများအားလုံးကို သူနှင့်အတူ တပါးတည်းယူဆောင်လာခဲ့သည်။
ထိုလုပ်ငန်းများကို စီမံကွပ်ကဲမည့်လူများသည်ယဲ့ပေ ဟန်ထန်းကြွယ် ချင်ဟွမ်ရှန်းအစရှိသည့် လူအိုကြီးများပင်။
မစင်သယ်ယူပို့ဆောင်ရေးအတွက်ကိုမူ သူ စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။လုသရှန်းထံတွင် ကောင်းမွန်သော မစင်သယ်ဆောင်သူတစ်ယောက်၏ အပြုအမူမျိုး ရှိနေပေ၏။
ဤလူတစ်စုကို အစီအစဉ်ချထားပြီးနောက် ရီဖုန်းက သူ၏အစီအစဉ်ကို လွတ်လွတ်လပ်လပ်အကောင်အထည်ဖော်နိုင်မည်ဟု တွေးတောလိုက်သည်။
အမှန်တကယ်ကိုပင် တင်းကျပ်သောစီမံမှုအောက်တွင် လူတိုင်းကို အစီအစဉ်ကျနစွာဖြင့်အလုပ်များခွဲဝေပေးနိုင်ခဲ့သည်။
ယဲ့ပေသည် သူ၏ပန်းရံအဖွဲ့နှင့်အတူ အဆောက်အအုံများကို တည်ဆောင်ရန်အတွက် အုတ်များကိုဖုတ်နေခဲ့သည်။လုသရှန်းသည် မစင်သယ်ယူရေးအဖွဲ့ကိုဦးဆောင်၍ မစင်ကျင်းများတူးရန်အတွက် မြေနေရာရွေးချယ်ခြင်းကို ပြုလုပ်နေပေ၏။ဝူယုံဟုန်ဦးဆောင်သော စိုက်ပျိုးရေးအဖွဲ့သည် လယ်မြေများထွန်ယက်ရန် မြေရိုင်းများကို အောင်မြင်စွာရှာဖွေနိုင်ခဲ့သည်။ချင်ဟွမ်ရှန်းဦးဆောင်သော လှေသမားများသည်မူ ငါးများဖမ်းရန်အတွက် ပင်လယ်ထံသို့သွားရန် ပြင်ဆင်နေကြသည်။
အရိပ်ကျွန်းပေါ်တွင် မူလကရှိနေခဲ့သည့် ကုံးချန်တို့လူစုသည် လူတစ်ထောင့်တစ်ရာ ရုတ်တရက်ကြီး ရောက်ရှိလာခြင်းကြောင့် အနည်းငယ်စိတ်ကျဥ်းကျပ်နေသည်။
ဆရာကြီးမှနေ၍...
လူသားအင်မော်တယ်တစ်ထောင်နှင့် မြေကမ္ဘာအင်မော်တယ်တစ်ရာတို့ကို ခေါ်ဆောင်လာခြင်းသည် မည်သည့်အသုံးဝင်မှုမျိုး ရှိနိုင်မည်နည်း....
သူတို့သည် အလွန်စိတ်မကြည်မသာ ဖြစ်နေကြလေ၏။
သူတို့ကဲ့သို့ ပြန်လည်ဝင်စားခြင်းအင်မော်တယ် အစစ်အမှန်အနှစ်သာရအင်မော်တယ်များသည် မည်သည်ကြောင့် ထိုလူများ၏ကြီးကြပ်မှုကို နာခံရမည်နည်း။
သို့ရာတွင်...
ချင်ဟွမ်ရှန်းတို့လူစု ငါးဖမ်းသွားရန် ပြင်ဆင်နေသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် သတိမပေးဘဲမနေနိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ...
သူတို့ စိတ်မကြည်မသာဖြစ်နေသည်မှာ ကိစ္စတစ်ခုသက်သက်ဖြစ်ပြီး ကျွန်းပေါ်ရှိလူများအားလုံးသည် ဆရာကြီး၏လက်အောက်ငယ်သားများပင်။
"မင်းတို့ အဲ့ဒီပင်လယ်ထဲကို သွားလို့မရဘူး"
ကုံးချန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒီပင်လယ်က သာမာန်ရေပြင်မျိုးမဟုတ်ဘူး...ဒီအရိပ်ကျွန်းက ကျိန်စာသင့်နေတဲ့ တားမြစ်နယ်မြေတစ်ခုပဲ...ဒါက ကျွန်းပေါ်မှာရှိတဲ့ သက်ရှိတွေကို သက်ရောက်ရုံတင်မကဘူး...ပင်လယ်နက်ထဲမှာလည်း အတူတူပဲ"
"ဥပမာအနေနဲ့ပြောရရင် အဲ့ဒီပင်လယ်ထဲမှာ အများဆုံးရှိနေတာက အရိပ်ဝါးမြိုငါးတွေပဲ... အဲ့ဒီကောင်တွေက အရမ်းကြောက်ဖို့ကောင်းတယ်...အရိပ်ဝါးမြိုငါးတွေမှာ ဘာကျင့်ကြံဆင့်စွမ်းအားမှမရှိပေမယ့် ငါတို့လိုအစစ်အမှန်အနှစ်သာရအင်မော်တယ်တွေရဲ့ စွမ်းအားနဲ့တောင် အဲ့ဒီငါးတွေရဲ့အကိုက်ခံရရင် အမှုန်အမွှား ဖြစ်သွားလိမ့်မယ်"
"ပြီးတော့ အရိပ်ဝါးမြိုငါးတွေအပြင် အဲ့ဒီပင်လယ်နက်ထဲမှာ မရေမတွက်နိုင်တဲ့ သန္ဓေပြောင်းသားရဲတွေရှိနေတယ်"
"အမှန်ပဲ"
တခြားတစ်ဖက်တွင် ကျန်းကျီသည် ဆိုးဆိုးရွားရွားသေဆုံးသွားခဲ့ရသော သူမ၏လက်အောက်ငယ်သားကို အမှတ်ရသွားကာ အလျှင်အမြန်သတိပေးလိုက်၏။
"နင်တို့တွေ ပင်လယ်နက်ထဲကိုမသွားတာ ပိုကောင်းလိမ့်မယ်...အဲ့ဒီနေရာနဲ့ ဝေးဝေးနေနိုင်ရင် အကောင်းဆုံးပဲ...မဟုတ်ရင် နင်တို့ သေသွားနိုင်တယ်"
"အင်း...."
ချင်ဟွမ်ရှန်းသည် ခေါင်းညိတ်ပြပြီးနောက် အမူအယာကင်းမဲ့သောမျက်နှာဖြင့် သစ်သားလှေပေါ်သို့တက်လိုက်သည်။
ချင်ဟွမ်ရှန်း၏တည်ငြိမ်အေးဆေးမှုကိုကြည့်ပြီး ကုံးချန်နှင့်တခြားလူများ၏ မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤလူသားအင်မော်တယ်သည်...
သူတို့ပြောဆိုသောစကားများကို နားမလည်ခြင်းဖြစ်သလော...
သူတို့ ဆက်လက်၍ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ချင်ဟွမ်ရှန်းသည် သူ၏လူနှစ်ယောက်ကိုခေါ်ဆောင်ကာ ပိုက်ကွန်တစ်ခုကိုချပြီးနောက် ငါးများကိုဆွဲတင်လိုက်အား သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
"ဒါက...."
ဤသည်မှာ အရိပ်ဝါးမြိုငါးများပင်။
ကျန်းကျီတို့လူစု၏မျက်လုံးများ ပြူးကျယ်သွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မြန်မြန်လေး...အဲ့ဒီငါးတွေကို မြန်မြန်လွှတ်ပေးလိုက်ပါ...အရမ်းအန္တရာယ်များတယ်"
သို့ရာတွင် သူမ၏စကား အဆုံးသတ်သွားသောအချိန်၌ ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။
အစောပိုင်းက ဖမ်းဆီးလာခဲ့သော အရိပ်ဝါးမြိုငါးများအနက်မှတချို့သည် ချင်ဟွမ်ရှန်း၏ခြေဖနောင့်ကို ကိုက်လိုက်၏။
"ဒါက အဆုံးသတ်သွားပြီ"
ကျန်းကျီတို့လူစု၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ယခင်က သူမ၏လက်အောက်ငယ်သား မသေဆုံးမီ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့သောအခြေအနေက သူမ၏စိတ်အတွင်း၌ ပြန်လည်၍ထွက်ပေါ်လာသည်။
ဤကဲ့သို့ သွေးပျက်ဖွယ်ကောင်းပြီး တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းသည် သူမ၏ရှေ့၌ တဖန်ပြန်၍ ထွက်ပေါ်လာတော့ပေမည်။
သို့ရာတွင်...
အချိန်အတော်ကြာသည်အထိ ဤသွေးပျက်ဖွယ်ကောင်းပြီး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသောမြင်ကွင်း ဖြစ်ပေါ်လာခြင်းမရှိချေ။ထိုအစား ချင်ဟွမ်ရှန်းသည် သူ၏ခြေထောက်ကိုခါယမ်းကာ အရိပ်ဝါးမြိုငါးများကို လှေပေါ်သို့ပြုတ်ကျသွားစေပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဒီငါးတွေက တော်တော်လေး ရက်စက်ကြမ်းကြုတ်တာပဲ"
ထို့နောက်...
သူတို့လူစုသည် သစ်သားလှေကိုလှော်ခတ်ကာ ပင်လယ်ရေပြင်ပေါ်၌ ပို၍ဝေးကွာသောနေရာထံသို့ ခရီးဆက်သွားတော့သည်။
ထိုပိုက်ကွန်ကို နောက်တစ်ကြိမ်ချလိုက်ချိန်တွင်....
အရိပ်ဝါးမြိုငါးများကို ထပ်မံ၍ဖမ်းမိသည်။
ထိုအချိန်မှာပင်...
ပင်လယ်နက်အတွင်း၌ကျက်စားကာ ထိုငါးများထက် ပို၍ကြောက်ရွံ့ဖွယ်ကောင်းသော ဓားသွားငါးမန်းတကောင်က ရုတ်တရက် ရေပြင်ကိုဖြတ်သန်း၍ လှေထံသို့ဦးတည်လာသည်။
ပြင်းထန်သောနတ်ဆိုးစွမ်းအားများနှင့် နက်မှောင်နေသောအစွယ်များကြောင့် ကုံးချင်တို့လူစု၏ဦးရေပြားများ ထုံကျင်သွားသည်။
သို့ရာတွင်...
ဤကဲ့သို့ အခြေအနေနှင့်ရင်ဆိုင်ရချိန်၌ လှေပေါ်ရှိ ချင်ဟွမ်ရှန်းထံတွင် မျက်နှာအမူအယာ ကင်းမဲ့နေဆဲဖြစ်ကာ သူ့၏နောက်ရှိလူထံသို့ မျက်စပစ်လိုက်သည်။
လှေလှော်သောကောင်လေးသည် လှေပေါ်ရှိ လှော်တက်ကိုကောက်ယူ၍ တချက်ဝှေ့ယမ်းလိုက်၏။
ရက်စက်ကြမ်းကြုတ်သော ဓားသွားငါးမန်းသည် လှော်တက်ဖြင့် ရိုက်နှက်ခြင်းခံရကာ နေရာမှာပင် သတိလစ်မေ့မြောသွားတော့သည်။
ထိုနောက် နောက်ထပ်လူငယ်တစ်ယောက်က ရေပြင်ပေါ်မှ ငါးမန်းကိုကောက်ယူကာ သူ၏ဓား ကျရောက်သွားသည်နှင့်အတူ ငါးမန်း၏ဗိုက်ကိုဖွင့်လိုက်သည်။
မကြာမီမှာပင်....
ငါမန်း၏အလောင်းသည် ငါးအသားလွှာများအဖြစ်သို့ အမဲဖျက်ခြင်းခံလိုက်ရတော့သည်။
"ရှီး...."
ကုံးချန်တို့လူစုသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် ကုံးချန်သည် သူရှေ့ရှိမြင်ကွင်းကို စူးစိုက်ကြည့်ကာ သူ့၏နှုတ်ခမ်းမဲ့ရွဲ့သွားသည်။
"ဒါ..."
"သူတို့က...."
"တကယ့်ကို လူသားအင်မော်တယ်တွေလား"
ကုံးချန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။
သို့ရာတွင် သူ၏မေးခွန်းကို မည်သူကမျှ မဖြေဆိုနိုင်ကြချေ။
Chapter 637
"ဒီလူတွေကို ပြန်ခေါ်လာခဲ့တာက ပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်ပဲ"
သိုင်းပညာခန်းမ၏အဝင်ဝတွင် ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသည်။သူသည် ယပ်တောင်ကိုခတ်ရင်း လက်ဖက်ရည်သောက်ကာ နေရာအနှံ့ဖွံ့ဖြိုးတိုးတက်နေသော လုပ်ငန်းများကိုကြည့်ပြီး စိတ်ကျေနပ်နေပေ၏။
သို့ရာတွင်...
အရိပ်ကျွန်းနှင့်အင်မော်တယ်နယ်မြေကို ဆက်သွယ်ထားသော ကူးပြောင်းရေးဝင်္ကပါကိစ္စအတွက် သူ အနည်းငယ်စိတ်ရှုပ်နေသည်။
တစ်စုံတစ်ယောက် ဝင်ထွက်သွားလာသည့်အချိန်တိုင်း ကူးပြောင်းရန်အတွက် သူ ရီဖုန်းသည်အချိန်တိုင်း သယ်ယူပို့ဆောင်ပေးရမည်လော...
ထို့ကြောင့်...
ရီဖုန်းသည် ကျွန်းပေါ်၌ နေ့စဉ်နေ့တိုင်း စားသောက်၍ အနားယူကာ သူ၏ကံကြမ္မာရမှတ်များကို ချွေတာစုဆောင်းနေခဲ့သည်။
သူ စောင့်ဆိုင်းရင်းဖြင့်...
ရှစ်လကိုးလအကြာသို့ ရောက်ရှိလာချိန်တွင်...
လွန်ခဲ့သော၈လကိုက်အတွင်းတွင် အရိပ်ကျွန်းပေါ်မှ အဆောက်အအုံများပုံသဏ္ဍာန်ပေါ်လာခဲ့ရုံသာမက ကံကြမ္မာရမှတ်များကိုလည်း အပြည့်အဝစုဆောင်းနိုင်ခဲ့သည်။
ထိုကြောင့် ရီဖုန်းသည် အရိပ်ကျွန်းနှင့်အင်မော်တယ်နယ်မြေကို ကူးပြောင်းသွားနိုင်သော နောက်ထပ်ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ဖွင့်လှစ်လိုက်၏။
အမှန်အားဖြင့် ထိုကူးပြောင်းရေးဝင်္ကပါတွင် မည်သည့်စည်းမျဉ်းနှင့်အတားအဆီးမျှ ရှိမနေချေ။
ထို့ကြောင့် ရီဖုန်းသည် အရိပ်ကျွန်းပေါ်ရှိ ကူးပြောင်းရေးဝင်္ကပါကိုစောင့်ကြပ်ရန် တစ်စုံတစ်ယောက်အား စေလွှတ်လိုက်သည်။
တချိန်တည်းမှာပင် သူသည် စည်းမျဉ်းများကိုလည်း ချမှတ်လိုက်သည်။
ဥပမာအနေဖြင့် ကျွန်းပေါ်မှအဝင်အထွက်ကိုမှတ်တမ်းတင်ရန်လိုအပ်ပြီး ဝင်ထွက်ခွင့်သည်မည်မျှကြာမြင့်မည် ဟူသောအချက်များပင်။
သို့ရာတွင် အင်မော်တယ်နယ်မြေဘက်ခြမ်းရှိ ကူးပြောင်းရေးဝင်္ကပါဝင်ပေါက်ကိုလည်း စောင့်ကြပ်ရန်လိုအပ်သည်။ထိုနေရာတစ်ဖက်ခြမ်းသည် ဤအရိပ်ကျွန်းထက် ပို၍အရေးကြီးပေ၏။
"ငါ ကျန်းကျီကိုလွှတ်လိုက်မယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ကျန်းကျီက သန်မာအားကောင်းတယ်"
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းက အစီအစဉ်များကို အလျှင်အမြန်ပြုလုပ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာကြီး"
ကျန်းကျီသည် ရိုသေလေးစားစွာဖြင့် လက်ခံလိုက်ကာ သူမ၏မျက်နှာပေါ်၌ ကျေးဇူးတင်မှုအရိပ်အယောင်များရှိနေသည်။
ရီဖုန်းသည် သူမအား အလွန်တန်ဖိုးထားမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိပေ။
တစ်ခုသိထားရသည်မှာ သူမ၏ခွန်အားသည် ကောင်းမွန်သော်လည်း ရီဖုန်းခေါ်ဆောင်လာသော လူတစ်ထောင့်တစ်ရာ၏ရှေ့တွင် သူမသည် အရေးမပါလှချေ။
ဆရာကြီးသည် သူမအား ဤကဲ့သို့ ကြီးမားသည့်တာဝန်မျိုး ပေးအပ်မည်ဟု သူမ မျှော်လင့်မထားမိပေ။
ဤသည်မှာ သူမကို အလွန်စိတ်လှုပ်ရှားပြီး စိတ်မအေးနိုင်ဖြစ်စေသည်။
အကယ်၍ ဆရာကြီး၏မျှော်လင့်ချက်ကို သူမ ပျက်စီးသွားစေပါက မည်သို့ ဖြစ်လာမည်နည်း...
"ငါက မင်းကိုကူညီဖို့အတွက် လူနှစ်ယောက်ထည့်ပေးလိုက်မယ်"
ရီဖုန်းက ပြောဆိုသည်။
ထို့နောက် လူအိုကြီးနှစ်ယောက်ဖြစ်သော လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ ထွက်လာသည်။
"ဒီလူသားအင်မော်တယ်နှစ်ယောက်ကို မင်းနဲ့အတူ ထည့်ပေးလိုက်မယ်...တကယ်လို့ မင်းတစ်ခုခုလိုအပ်တယ်ဆိုရင် သူတို့ကို အကူအညီတောင်းလို့ရတယ်...သူတို့က လူသားအင်မော်တယ်တွေဆိုပေမယ့် သူတို့ကို လျှော့မတွက်နဲ့...သူတို့က အလုပ်ကောင်းကောင်းလုပ်နိုင်ကြတယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ငါ မလုပ်ဝံ့ပါဘူး"
ကျန်းကျီက အလျှင်အမြန်ပြောဆိုလိုက်၏။
သူမသည် သူတို့အား မည်သည်ကြောင့်လျှော့တွက်ဝံ့မည်နည်း။ဆန့်ကျင်ဘက်အနေဖြင့်သူမ အလွန်အံ့အားသင့်ကာ ပျော်ရွှင်သွားသည်။
ဤ'လူသားအင်မော်တယ်နှစ်ယောက်'၏ ကူညီမှုနှင့်အတူ သူမသည် ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်ကို စီမံအုပ်ချုပ်ရပါက သူမထံတွင် ယုံကြည်ချက်အပြည့်အဝရှိသည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
သူမသည် အလျှင်အမြန် ကျေးဇူးတင်စကားပြောဆိုပြီးနောက် အချိန်တခဏကြာခန့် စဥ်းစားတွေဝေပြီးမှ ထပ်မံ၍ပြောဆိုလိုက်သည်။
"ဆရာကြီး ငါ့မှာ တခြားတောင်းဆိုချင်တာတစ်ခုရှိနေတယ်"
"မင်းက ဘာတောင်းဆိုချင်တာလဲ"
ရီဖုန်းက မေးမြန်းသည်။
"အင်မော်တယ်နယ်မြေမှာ ငါ ဖြေရှင်းစရာ ကိုယ်ရေးကိုယ်တာကိစ္စတချို့ ရှိနေတယ်...အဲ့ဒီအချိန်ကျရင် ဒီစီနီယာနှစ်ယောက်က ငါ့ကို ကူညီပေးပါလို့ ငါ တောင်းဆိုချင်တယ်...ဒါကြောင့် ငါက ဆရာကြီးဆီကနေ ခွင့်ပြုချက်တောင်းခံတာပါ"
ကျန်းကျီက ရိုသေလေးစားစွာ ပြောဆိုသည်။
"အော်....ဒါက ကိစ္စငယ်လေးတစ်ခုပါ"
ရီဖုန်းက လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"တကယ်လို့ သူ အကူအညီလိုအပ်တယ်ဆိုရင်...ကျေးဇူးပြုပြီးတော့ မင်းတို့က ကူညီပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
လူအိုကြီးနှစ်ယောက်က သဘောတူညီလိုက်၏။
ရီဖုန်းက ခေါင်းညိတ်ပြပြီးနောက် လက်ဖက်ရည်ခရားအိုးကိုကိုင်ကာ သိုင်းပညာခန်းမအတွင်းသို့ ဝင်သွားတော့သည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
ကျန်းကျီ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
ထို့နောက် သူမသည် လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ကို ပြန်လှည့်ကြည့်ကာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်သည်။
"ဒီဂျူနီယာက ကျေးဇူးပြုပြီးတော့ စီနီယာတို့နှစ်ယောက်ကို မှီခိုအားထားပါရစေ"
"ဟား ဟား ဟား...အသေးအမွှားလေးပါ...အသေးအမွှား ကိစ္စလေးပဲ...ဆရာကြီးက ပြောသွားခဲ့ပြီးပြီပဲ...တကယ်လို့ မင်း ငါတို့နှစ်ယောက်ကို လုပ်စေချင်တဲ့ကိစ္စရှိတယ်ဆိုရင် မင်း ပြောလိုက်ရုံပဲ"
လုချင်ရှန်းနှင့်ဝူယုံဟုန်တို့သည် သူတို့၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။
ကျန်းကျီသည် အလွန်စိတ်လှုပ်ရှားနေပေ၏။
သူမသည် ခေါင်းကိုမော့ကာ လူသားအင်မော်တယ်နှစ်ယောက်ကိုခေါ်ဆောင်၍ အင်မော်တယ်နယ်မြေရှိ ကူးပြောင်းရေးဝင်္ကပါထံသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။
အချိန်တခဏအကြာမှာပင်...
သူမတို့သည် အင်မော်တယ်နယ်မြေအတွင်းရှိ ကူးပြောင်းရေးဝင်္ကပါထံသို့ ရောက်ရှိလာခဲ့သည်။
အင်မော်တယ်နယ်မြေ၏လေကို ပြန်လည်၍ရှူရှိုက်ရချိန်တွင် ကျန်းကျီ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကျဥ်းမြောင်းသွားသည်။
"နင် ဒါကို တွေးမိမှာမဟုတ်ဘူး"
"ငါက ကျန်းကျီပဲ...ငါ ပြန်လာပြီ"
"ဒီတကြိမ်တော့ ငါဆုံးရှုံးခဲ့ရသမျှ အရာရာတိုင်းကို ငါ ပြန်ယူမယ်"
သူမ၏နောက်တွင်ရှိနေသော လူသားအင်မော်တယ်နှစ်ယောက်ကို တွေးသောမိချိန်၌ သူမ၏စိတ်ဓာတ်များ တက်ကြွနေကာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် မည်သည့်ကိစ္စက ပို၍အရေးကြီးသည်ကို သူမ သိရှိသဖြင့် ဤနေရာရှိ ကူးပြောင်းရေးဝင်္ကပါ၌ အစီအစဉ်များကို စတင်၍ပြင်ဆင်လိုက်သည်။
လူအင်အားအတွက်ကမူ....
အတိတ်တွင် သူမ၏အဆင့်အတန်းသည် နိမ့်ပါးခြင်းမရှိသည့်အပြင်သူမ၏လက်အောက်ငယ်သားများသည်လည်း အင်မော်တယ်နယ်မြေ၌ ရှိနေဆဲပင်။
ထိုကြောင့် သူမသည် အသံပေးပို့ခြင်းကျောက်စိမ်းပြားကိုထုတ်ယူကာ သူမ၏လက်အောက်ငယ်သားများကို အလျှင်အမြန်လာရောက်ရန် ဆင့်ခေါ်လိုက်၏။
ရက်အနည်းငယ်ကြာပြီးနောက်....
ကျန်းကျီ၏လက်အောက်ငယ်သားဆယ်ယောက်ကျော် ရောက်ရှိလာကာ သူတို့အားလုံးသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်များပင်။
"အရှင်မ..."
"အရှင်မ တကယ်ကြီး ထွက်လာနိုင်ခဲ့တယ်ပဲ...ငါတို့က အရှင်မကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ"
လက်အောက်ငယ်သားများသည် ကျန်းကျီကိုမြင်တွေ့ချိန်တွင် မျက်လုံးများနီမြန်းသွား တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
"မြန်မြန်ထကြတော့"
ကျန်းကျီသည် သူတို့အားလုံးအား အလျှင်အမြန် မတ်တတ်ရပ်ခိုင်းကာ ပြောဆိုလိုက်၏။
"အခုအချိန်မှာ ငါ့အတွက် နင်တို့လုပ်ပေးရမယ့် ကိစ္စတစ်ခုရှိနေတယ်"
ထိုစကားကိုကြားချင်တွင်.....
လူတိုင်း၏မျက်လုံးများ တောက်ပသွားကာ အလျှင်အမြန်ပြောဆိုကြသည်။
"အရှင်မ....မင်းက လက်စားချေဖို့ စီစဉ်နေတာကြောင့် ငါတို့ကို ဆင့်ခေါ်ခဲ့တာလား"
ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် မျှော်လင့်စောင့်စားသော အကြည့်များဖြင့် ကျန်းကျီကို ကြည့်လိုက်ကြ၏။
"မဟုတ်ဘူး...လက်စားချေဖို့ကိစ္စကို နောက်မှပြောကြရအောင်...အခုအချိန်မှာ မင်းတို့ အဲ့ဒီကိစ္စထက် ပိုပြီးအရေးကြီးတဲ့ကိစ္စတွေကို လုပ်ရမယ်"
ကျန်းကျီက ပြောဆိုသည်။
"ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေလား"
သူတို့အားလုံး ဇဝေဇဝါဖြစ်သွားကြသည်။
သူတို့သည် ကျန်းကျီ ပြန်ရောက်လာမည့်အချိန်ကို အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရသည်။ သို့ရာတွင် ယခုလက်ရှိချိန်၌ သူမ ပြန်ရောက်လာခဲ့ချိန်တွင် သူတို့အား လက်စားချေရန်ထက် ပို၍အရေးကြီးသောကိစ္စများဆောင်ရွက်ရန် ဆင့်ခေါ်ခဲ့သလော။
"ဒါဆိုရင် အရှင်မ...အဲ့ဒီအရေးကြီးကိစ္စတွေက ဘာတွေလဲ"
သူတို့က မေးမြန်းလိုက်ကြသည်။
"ဒီနေရာက ကူးပြောင်းရေးဝင်္ကပါတစ်ခုပဲ...နောင်အနာဂတ်မှာ နင်တို့လုပ်ရမယ့်တာဝန်က ဒီဝင်္ကပါရဲ့လူအဝင်အထွက်ကို မှတ်တမ်းတင်ရမယ်"
"ဒါ့ပြင် ဒီကူးပြောင်းရေးဝင်္ကပါရဲ့ နံဘေးပတ်လည်မှာ တည်ဆောက်မယ့် အဆောက်အအုံတွေအတွက် မင်းတို့အားလုံး ဆောင်ရွက်ရလိမ့်မယ်"
ကျန်းကျီက တည်တည်လေးနက်စွာပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်...
လူတိုင်း၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤသည်မှာ အရေးကြီးကိစ္စဖြစ်သလော....
"အရှင်မ....မင်းမှာ ပြဿနာတစ်ခုခုများ ရှိနေလား"
ထိုလက်အောက်ငယ်သားများ၏ခေါင်းဆောင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဒီကူးပြောင်းရေးဝင်္ကပါကို စောင့်ကြပ်ဖို့က ဘာအရေးပါလို့လဲ...အခု မင်း ဘယ်လိုလုပ်ပြီး အပြင်ကိုထွက်လာတယ်ဆိုတာ ငါ မသိပေမယ့်...အဲ့ဒီနေရာမှာ ဘာအစောင့်အကြပ်မှာရှိမနေဘူး...အခုက ငါတို့ အတိတ်ကကိစ္စအတွက် ပြန်ပြီးတိုက်ခိုက်ဖို့ အချိန်ကျနေပြီ"
"ငါတို့စုံစမ်းလို့ရတဲ့သတင်းတွေအရ လဝက်လောက်ကြာရင် သူက အလယ်ဆင့်သုံးဆင့်က အထီးကျန်ကုန်းမြေအရှင်ရဲ့သမီးနဲ့ လက်ထပ်တော့မယ်...သူက ကုန်းမြေအရှင်တစ်ယောက်ရဲ့သမီးနဲ့ လက်ထပ်မှာကို ထည့်မပြောရင်တောင် အဲ့ဒီမိန်းမရဲ့စွမ်းအားက အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်မှာ ရှိနေတယ်... လက်ထပ်ပွဲပြီးသွားတာနဲ့ အဲ့ဒီမိန်းမက ချင်းကူကုန်းမြေကို လိုက်လာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် တကယ်လို့ ငါတို့ လှုပ်ရှားချင်တယ်ဆိုရင်တောင် မလွယ်မှာကို ငါ စိုးရိမ်မိတယ်"
"အဲ့ဒီမိန်းမ အထီးကျန်ကုန်းမြေမှာရှိနေသေးတဲ့ ဒီလဝက်အချိန်အတွင်းမှာပဲ ငါတို့က ကျိုးရန်တုကို လက်စားချေနိုင်တဲ့အခွင့်အရေး ရှိနိုင်လိမ့်မယ်"
"ဒါပေမယ့် အရှင်မ...ဘာလို့ မင်းက ဒီကူးပြောင်းရေးဝင်္ကပါအတွက်နဲ့ အချိန်ဖြုန်းချင်နေတာလဲ"
လက်အောက်ငယ်သားက ခါးသည်းစွာပြောဆိုသည်။
"ပါးစပ်ပိတ်ထားကြစမ်း"
ကျန်းကျီသည် ကျိုးရန်တုဟူသော နာမည်ကိုကြားချိန်တွင် သူမထံ၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်သွားသော်လည်း သူမသည် ရေခဲတမျှအေးစက်သောလေသံဖြင့် အော်ဟစ်လိုက်ဆဲပင်။
အစပထမတွင် သူမသည် ချင်းကူကုန်းမြေ၏အရှင်သခင်ပင်။
ချင်းကူကုန်းမြေသည် အောက်သုံးဆင့်အတွင်း၌ရှိသော်လည်း အောက်သုံးဆင့်အတွင်း၌ အင်အားအကောင်းဆုံးကုန်းမြေများအနက်မှတစ်ခုပင်။
ကျိုးရန်တုသည် ကုန်းမြေအရှင်နေရာကို ရနိုင်ရန်အလို့ငှာ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ကျန်းကျီ၏လက်အောက်ငယ်သားအဖြစ် နှစ်ပေါင်းထောင်နှင့်ချီကြာမြင့်ချိန်အထိ တိတ်တဆိတ်နေထိုင်ခဲ့သည်။သူမ၏ယုံကြည်မှုကို ရရှိပြီးနောက် သူမ ကျင့်ကြံရင်း ဒဏ်ရာရရှိသွားသောအချိန်တွင် ကျိုးရန်တုသည် သူမအား လုပ်ကြံကာ အရိပ်ကျွန်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ထို့နောက် သူသည် သူမ၏ တခြားလက်အောက်ငယ်သားအမြောက်အများကိုလည်း သတ်ဖြတ်ခဲ့လေ၏။
ထို့နောက် ကျိုးရန်တုသည် ချင်းကူကုန်းမြေအရှင်နေရာကို လွှဲပြောင်းယူခဲ့သည်။
ဤအချိန်အတောအတွင်းတွင် သူသည် အထီးကျန်ကုန်းမြေဖြင့်ပင် အဆက်အသွယ်ရရှိသွားခဲ့သည်။
ကျန်းကျီအတွက် ဤသည်မှာ အလွန်ကြီးမားသောသွေးကြွေးရန်ငြိုးပင်။
သာမန်အရဆိုလျှင်...
သူမ ထွက်လာသည်နှင့် လက်စားချေရန်အတွက် ကျိုးရန်တုထံသို့ သူမ အမှန်တကယ်သွားသင့်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူမ၏စိတ်အတွင်း၌ ရှင်းရှင်းလင်းလင်းသိထားသည်မှာ သူမ မသေဆုံးခဲ့ရုံသာမက မြင့်မားသောစွမ်းအားဖြင့် အရိပ်ကျွန်းမှထွက်လာနိုင်ခြင်းမှာ ကျွန်းပေါ်ရှိဆရာကြီးကြောင့်ပင်။
ထိုဆရာကြီးသည် သူမအား အလွန်တန်ဖိုးထားကာ သူမအား ကူညီပေးရန် 'လူသားအင်မော်တယ်နှစ်ယောက်'ကို ထည့်ပေးလိုက်ရုံသာမက အင်မော်တယ်နယ်မြေဘက်ခြမ်းရှိ ကူးပြောင်းရေးဝင်္ကပါကိုလည်း တာဝန်ယူစေခဲ့သည်။
ထိုကြောင့် သူမသည် ဤယုံကြည်မှုကို လက်လွတ်စပယ်မလုပ်ဝံ့ချေ။
ထိုကြောင့် အလွန်ကြီးမားသောသွေးကြွေးရန်ငြိုးရှိနေသည့်တိုင် သူမသည် ဆရာကြီး၏အမိန့်ကို ပထမနေရာ၌ ထားရပေမည်။
"နင်တို့ ဘာမှထပ်ပြောနေစရာ မလိုတော့ဘူး...ငါ့ရဲ့အမိန့်အတိုင်း လုပ်ကြစမ်း"
ကျန်းကျီ၏အေးစက်စက်အသံက ခိုင်မာပြတ်သားစွာ ထွက်ပေါ်လာသည်။
လက်အောက်ငယ်သားများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
"အရှင်မ ဒါက တကယ့်ကို တစ်ခုတည်းသောအခွင့်အရေးပဲ"
"ကောလဟာလတွေအရတော့ သူတို့လက်ထပ်တဲ့အချိန်ကျရင် အထီးကျန်ကုန်းမြေရဲ့ကုန်းမြေအရှင်က သူ့ကို သတို့သမီးခန်းဝင်ဝင်ပစ္စည်းအနေနဲ့ အလယ်အလတ်အဆင့်အင်မော်တယ်ရတနာကိုပေးမယ်လို့ ကြားနေရတယ်...ကျိုးရန်တုဆီမှာ အလယ်အလတ်အဆင့်အင်မော်တယ်ရတနာ ရှိသွားမယ်ဆိုရင် ငါတို့မှာ ဘာအခွင့်အရေးမှ ရှိတော့မှာမဟုတ်ဘူး"
လူတိုင်းက ခါးသည်းစွာပြောဆိုလိုက်ကြသည်။
"သူ့ဆီမှာ အလယ်အလတ်အဆင့်အင်မော်တယ်ရတနာရှိသွားရင် ဘာအခွင့်အရေးမှ ထပ်မရှိနိုင်တော့ဘူး...ဟုတ်လား..."
"ဒါက အမှန်လို့ နင်တို့ ထင်နေကြတာလား"
"ဟမ့်..."
ကျန်းကျီက လှောင်ပြောင်သရော်လိုက်သည်။
အကယ်၍ အတိတ်တွင်ဆိုပါက သူမသည် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာကိုဖြစ်စေ အလယ်သုံးဆင့်၏ကုန်းမြေအရှင်တစ်ယောက်ကိုဖြစ်စေ ကြားသိရပါက သူမ အလွန်မနာလိုအားကျဖြစ်မိပေမည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူမသည် ထိုကိစ္စများကို ဂရုမစိုက်တော့ချေ။
သူမသည် ကျွန်းပေါ်၌ အချိန်ကြာမြင့်စွာနေထိုင်ပြီးနောက် ဆရာကြီးနှင့်ဆက်ဆံပြောဆိုခဲ့ရချိန်အတွင်းတွင် သူမ၏အမြင် အနည်းငယ်ပြောင်းလဲတိုးတက်လာခဲ့သည်။
အလယ်အလတ်အဆင့်အင်မော်တယ်ရတနာကို...
သူမ မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း...
တခြားသူများကိုမဆိုထားနှင့် သူမ၏နောက်ရှိလူသားအင်မော်တယ်နှစ်ယောက်ထံမှ သိုလှောင်လက်စွပ်များကို ရှာဖွေကြည့်လျှင်ပင် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာ ရာနှင့်ချီ၍ ထွက်လာနိုင်သည်မဟုတ်လော...
Chapter 638
ကျန်းကျီ၏လက်အောက်ငယ်သားများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
အကယ်၍ နောက်ဆက်တွဲကိစ္စများကို ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့်သာ မဟုတ်ပါက သူတို့သည် ကျန်းကျီအဖျားတက်နေသလောဟု သိရှိစေရန် သူမ၏နဖူးကို ထိတွေ့ကြည်မိပေမည်။
ဤသည်မှာ အလယ်အလတ်အဆင့်အင်မော်တယ်ရတနာတစ်ခုပင်။
သို့ရာတွင် သူတို့သည် ကျန်းကျီ၏နောက်လိုက်များဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူမထံ၌ တခြားအစီအစဉ်များရှိနေမည်ဟု ယုံကြည်မှုတချို့ရှိသည်။
ထို့ကြောင့် သူတို့သည် ယာယီလက်လျှော့ကာ ကျန်းကျီ၏အမိန့်ကို နာခံလိုက်ကြသည်။
"ပြီးတော့ ဒါက စီနီယာလုနဲ့စီနီယာဝူပဲ...သူတို့ကို နှုတ်ဆက်လိုက်ကြအုံး"
ကျန်းကျီက တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အလျှင်အမြန်မိတ်ဆက်ပေးလိုက်၏။
"နောင်အနာဂတ်မှာ နင်တို့က သူတို့နှစ်ယောက်ကိုမြင်တာနဲ့ ငါ့ကို မြင်သလိုမျိုး ဆက်ဆံရမယ် ...သူတို့ပြောသမျှ ဘယ်အရာကိုမဆို နင်တို့ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမယ်"
ထိုစကားကိုကြားချိန်တွင်...
လက်အောက်ငယ်သားများအားလုံးသည် လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ကို ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့၏မျက်နှာများ ရှုံမဲ့သွားလေ၏။
လူသားအင်မော်တယ်နှစ်ယောက် ဖြစ်နေသလော...
"အရှင်မ ဒါက...."
ကျန်းကျီက တုံ့ပြန်မေးမြန်းလိုက်သည်။
"သူတို့နှစ်ယောက်က ဘာဖြစ်နေလို့လဲ...သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ် ကိစ္စမရှိဘူး...နင်တို့က အဲ့ဒီကိစ္စကို သိဖို့အတွက် အရည်အချင်းမပြည့်မီဘူး...အရေးအကြီးဆုံးကိစ္စက ငါ ခုဏကပြောတာကို မင်းတို့အားလုံး လိုက်နာရမယ်...မင်းတို့အားလုံး ကြားရဲ့လား"
ကျန်းကျီက သူမ၏လေသံကို မြှင့်လိုက်သည်။
"အရှင်မ..."
လက်အောက်ငယ်သားများအားလုံး၏မျက်နှာအမူအယာများ အနည်းငယ်ပျက်ယွင်းသွားသည်။
ကျင့်ကြံခြင်းလောကတွင် သန်မာအားကောင်းသူကိုသာ ရိုသေလေးစားကြပြီး အသန်မာဆုံးစွမ်းအားရှိသူ၏အမိန့်ကို တခြားသူများက နာခံရသည်။
သူတို့၏ကျင့်ကြံဆင့်သည် ရွှမ်အင်မော်တယ် သို့မဟုတ် ပြန်လည်ဝင်စားခြင်းအင်မော်တယ် နယ်ပယ်သို့ပင်ရောက်ရှိနေပြီ။သူတို့အားလုံးသည် ပြင်ပလောကသို့ သွားလာပါက ထင်ရာစိုင်းနိုင်သူများဖြစ်သည်။
သူတို့သည် ကျန်းကျီ၏အမိန့်များကို နာခံရသည်မှာ ပြဿနာတစ်ရပ်မဟုတ်ချေ။သို့ရာတွင် လူသားအင်မော်တယ်နှစ်ယောက်ကို ရိုသေလေးစားရမည်ဟူသော ကိစ္စကိုမူ သူတို့ ခေါင်းငုံမခံနိုင်ပေ။
"ဘာလဲ...နင်တို့က ငါ့ရဲ့အမိန့်တွေကို မနာခံတာလား"
ကျန်းကျီ၏မျက်နှာ အေးစက်တင်းမာသွားသည်။
ဤလူသားအင်မော်တယ်နှစ်ယောက်သည် ဆရာကြီး၏လူများပင်။
သူမ၏လက်အောက်ငယ်သားများသည် မည်သည့်အချိန်ကစတင်၍ ဆင်ခြင်တုံတရား ကင်းမဲ့သွားသနည်း...
"သူတို့က အရှင်မရဲ့ဆွေမျိုးတွေ ဒါမှမဟုတ် ကျန်းမိသားစုကအကြီးအကဲတွေ ဖြစ်နိုင်တယ်"
လက်အောက်ငယ်သားတစ်ယောက်က ကျန်းကျီသည် ဒေါသထွက်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်ကိုကြည့်ပြီး တခြားသူများကိုအသံပေးပို့လိုက်သည်။
"ဒါက ကျန်းမိသားစုရဲ့ အကြီးအကဲတွေဖြစ်နေမှတော့ လူသားအင်မော်တယ်တွေ ဖြစ်နေရင်တောင် ငါတို့က သူတို့ကို နည်းနည်းလောက် လေးစားမှုပြသရတာက ဘာပြဿနာမှမရှိဘူး... ငါတို့ စောင့်ကြည့်ကြတာပေါ့"
ထိုလက်အောက်ငယ်သား၏ အသံပေးပို့မှုကိုကြားချိန်တွင် တခြားလူများအားလုံးသည် ဝန်လေးစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"ငါတို့က စီနီယာနှစ်ယောက်ကို အရိုအသေပြုပါတယ်"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျန်းကျီ၏မျက်နှာအမူအယာ များစွာပို၍ကောင်းမွန်သွားသည်။ထို့နောက်သူမသည် ဖြောင့်မတ်မှန်ကန်ပြီး စည်းစနစ်ကျသော အပြုအမူဖြင့် လူတိုင်းကို တာဝန်ပေးအပ်လိုက်သည်။သူတို့အားလုံးသည် အမိန့်ကိုနာခံပြီး တာဝန်များကိုကောင်းမွန်စွာ သွားရောက်လုပ်ဆောင်နေသည်အား မြင်တွေ့ချိန်၌ သူမက စိတ်ကျေနပ်မှုရရှိသွားကာ ခေါင်းညိတ်လိုက်၏။
ဆရာကြီး၏အရေးကိစ္စနှင့်ပတ်သက်ပြီး သူမသည် မည်သည့်အမှားအယွင်းကိုမျှ ဖြစ်ပေါ်လာခွင့်မပြုနိုင်ချေ။
ထို့နောက် ကျန်းကျီက လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ကို ပြန်လှည့်ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့်ပြောဆိုသည်။
"သူတို့ရဲ့အမြင်ကျဉ်းမြောင်းမှုတွေအတွက် စီနီယာနှစ်ယောက်ကပဲ နားလည်ပေးပါလို့ ငါ တောင်းဆိုပါရစေ"
"ဟား ဟား ဟား...ဒါက အသေးအမွှားကိစ္စလေးပါ...ငါတို့က လူသားအင်မော်တယ်နှစ်ယောက်ပဲလေ...ငါတို့ကို အရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး"
လုချင်ရှန်းနှင့်ဝူယုံဟုန်တို့က ရယ်ပြုံးကာ တည်ငြိမ်စွာပြောဆိုသည်။
"ဒါက အရမ်းကောင်းတယ်"
ကျန်းကျီက စိတ်သက်သာရာရသွားကာ သက်တင်းတစ်ချက်ရှိုက်လိုက်၏။
သို့ရာတွင် သူမသည် ကျိုးရန်တု၏အကြောင်းကိုစဉ်းစားတွေးတောမိချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ အတွေးအမြောက်အများရှိနေဆဲပင်။
ယခုအချိန်၌ သူမသည် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်၌ ရှိနေသည့်တိုင် သူမ၏အမြင်သည် အလွန်မြင့်မားခြင်းမရှိပေ။ထို့ကြောင့် သူမသည် အလယ်အလတ်အဆင့် အင်မော်တယ်ရတနာကို အမှန်တကယ် ဂရုမစိုက်ခြင်းမဟုတ်ချေ။
သူမသည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာချိန်၌ ဆရာကြီးထံတွင် အတွေ့အကြုံများစွာရရှိခဲ့သော်လည်း ယခုလက်ရှိချိန်တွင်သူမ၏လက်အတွင်း၌ မည်သည့်အရာမျှ ရှိမနေချေ။
အကယ်၍ သူမသည် ထိုလူသားအင်မော်တယ်နှစ်ယောက်ကို အကူအညီတောင်းခံပါက မည်သည့်အင်အားစိုက်ထုတ်မှုမျှမရှိဘဲ ကျိုးရန်တုကို သူမ လက်စားချေနိုင်ပေမည်။
သို့ရာတွင် မည်သည့်ကိစ္စမျိုး ရှိနေပါစေ ထိုလူနှစ်ယောက်သည် ဆရာကြီး၏လူများဖြစ်နေသည်။
သူမသည် မလိုအပ်ဘဲ အကြောင်းမဲ့သက်သက်ဖြင့် ထိုလူနှစ်ယောက်အား ဒုက္ခပေးရမည်ကို အမှန်တကယ် ရှက်ရွံ့နေမိသည်။
ထိုကြောင့် သူမသည် သူတို့နှစ်ယောက်ထံမှနေ၍ အလယ်အလတ်အဆင့် အင်မော်နယ်ရတနာတစ်ခု နှစ်ခုကိုငှားယမ်းကာ ကျိုးရန်တုအား လက်စားချေပြီးမှပြန်ပေးရန် ဆုံးဖြတ်လိုက်သည်။
အချိန်တစ်ခဏကြာခန့် ဒွိဟဖြစ်နေပြီးနောက် သူမသည် အံ့တင်းတင်းကြိတ်ကာ ထိုလူသားအင်မော်တယ်နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"စီနီယာတို့ ဒီဂျူနီယာမှာ တောင်းဆိုချင်တာတစ်ခုရှိနေတယ်..စီနီယာတို့က သဘောတူညီပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
ကျန်းကျီက ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"ငါတို့အားလုံးက မိသားစုတွေပဲလေ...အရမ်းကြီးယဉ်ကျေးနေစရာ မလိုဘူး"
လုချင်ရှန်းက အပြုံးနှင့်တုံ့ပြန်သည်။
"စီနီယာတို့ကို ကျေးဇူးတင်ပါတယ်"
ကျန်းကျီက ကျေးဇူးတင်စကား ပြောဆိုလိုက်၏။
"ခုဏက ငါတို့ပြောခဲ့တဲ့စကားတွေကို စီနီယာတို့နှစ်ယောက်လည်း ကြားမှာပါ...ငါရဲ့ရန်သူမှာ သူ့ကိုယ်သူခုခံကာကွယ်ဖို့အတွက် အလယ်အလတ်အဆင့် အင်မော်တယ်ရတနာတစ်ခုရှိနေတယ်...ဒါကြောင့် စီနီယာတို့နှစ်ယောက်က ငါ့ကို အလယ်အလတ်အဆင့် အင်မော်တယ်ရတနာတစ်ခုနှစ်ခုလောက် ငှားပေးနိုင်မလားလို့ ငါ မေးပါရစေ..အဲ့ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ငါက အဲ့ဒီအင်မော်တယ်ရတနာတွေကို စီနီယာတို့ဆီ ပြန်အပ်ပါ့မယ်"
ထိုစကားကိုကြားချိန်တွင်...
လုချင်ရှန်းနှင့်ဝူယုံဟုန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့ကိုကြည့်ရသည်မှာ အနည်းငယ်အခက်တွေ့နေပုံရသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
ကျန်းကျီ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
ဟူး....
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အလယ်အလတ်အဆင့် အင်မော်တယ်မှော်ရတနာပင်။အကြောင်းအရင်းမရှိဘဲ အနည်းငယ်သိကျွမ်းရုံမျှဖြင့် မည်သည်ကြောင့် သူတို့သည်သူမအား ထိုအရာများကို ငှားယမ်းနိုင်မည်နည်း။
ထိုကြောင့် သူမက အလျှင်အမြန်ရှင်းပြလိုက်၏။
"ဂျူနီယာက ပြောကြည့်ရုံသက်သက်ပါ...တကယ်လို့ စီနီယာနှစ်ယောက်က ငှားဖို့အဆင်မပြေဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး...ဒီကိစ္စကို စိတ်ထဲမထားကြပါနဲ့"
"အင်း ကောင်မလေး...ငါတို့က အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး"
လုချင်ရှန်းက ရှင်းပြသည်။
"ငါတို့က မင်းကို အလယ်အလတ်အဆင့် အင်မော်တယ် မှော်ရတနာတွေ မငှားချင်လို့မဟုတ်ဘူး..ငါတို့မှာ အဲ့ဒီလိုအမှိုက်မျိုးကို ထုတ်ပေးဖို့ မရှိတာကြောင့်ပဲ"
"အမှန်ပဲ"
ဝူယုံဟုန်ကလည်း နံဘေးတစ်ဖက်မှနေ၍ ဝင်ရောက်ပြောဆိုသည်။
"အလယ်အလတ်အဆင့် အင်မော်တယ်မှော်ရတနာလိုအမှိုက်မျိုးက ငါတို့မိုးမြေဂိုဏ်းမှာ ခွေးတွေတောင် အသုံးမပြုတဲ့အရာတွေပဲ...ဒါကြောင့် ငါတို့ အဲ့ဒါတွေကို ဘယ်လိုမှ ထုတ်မပေးနိုင်ဘူး"
ခွေး.....
ခွေးတစ်ကောင်ပင် အသုံးမပြုဟု ဆိုသလော....
ကျန်းကျီသည် နေရာ၌မတ်တတ်ရပ်ကယ ထိုလူသားအင်မော်တယ်နှစ်ယောက်ကို စူးစိုက်ကြည့်ပြီး သူမ၏နှုတ်ခမ်းထောင့် မဲ့ရွဲ့သွားသည်။
ဤမျှထိလွန်ကဲရန် လိုအပ်သလော....
ဤသည်မှာ လူသားများပြောဆိုသောစကားဟုတ်ပါသလော..
ဤတစ်ကြိမ်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို စကားလုံးဖြင့်ဖော်ပြရန်ပင် အလွန်အမင်းခက်ခဲနေသည်။
"ဒါကြောင့် ငါတို့က အလယ်အလတ်အဆင့် အင်မော်တယ်မှော်ရတနာတွေကို တကယ်ကြီး ထုတ်မပေးနိုင်ဘူး...တကယ်လို့ မင်းလိုချင်တယ်ဆိုရင် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတချို့တော့ ရနိုင်တယ်"
လုချင်ရှန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ကျန်းကျီသည် ချက်ချင်းစိတ်လှုပ်ရှားသွားပေ၏။
သူမ ပြောစရာစကား ဆွံ့အသွားသည်။
မည်သည်ကြောင့် ထိုအရာများကို သူမ မလိုချင်ဘဲရှိမည်နည်း...
သူမက ဝမ်းသာပျော်ရွှင်မှုအပြည့်ဖြင့် ပြောဆိုလိုက်၏။
"စီနီယာနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်...ငါက လက်စားချေပြီးတာနဲ့ အဲ့ဒီရတနာကို စီနီယာနှစ်ယောက်ဆီ သေချာပေါက်ပြန်ပေးပါ့မယ်"
"မင်းက အရမ်းအားနာလွန်းနေပြီ"
"ငါတို့အားလုံးက ဆရာကြီးအတွက် အလုပ်လုပ်ပေးနေတဲ့ မိသားစုတွေပဲလေ"
လုချင်ရှန်းက ပေါ့ပေါ့ပါးပါးပြုံးကာ သူ၏သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။
ထို့နောက် သူသည် ဓားများ လှံများ ဓားမြှောင်များ အိုးများ ဒယ်အိုးများအစရှိသဖြင့် အမျိုးအစားစုံလင်သော ထိပ်တန်းအဆင့်အင်မော်တယ်ပစ္စည်း သုံးရာကျော်ကို ထုတ်ယူလိုက်၏။
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင်...
ကျန်းကျီသည် ကြက်သေသေသွားကာ ကျောက်ဆစ်ရုပ်တစ်ခုအလား နေရာမှာပင်တောင့်တင်းသွားတော့သည်။
သုံးရာ...
ဤအရာများသည် အရေအတွက်သုံးရာကျော်ပင် ရှိနေသလော...
"ဘာဖြစ်လို့လဲ မိန်းကလေး...မင်း မကြိုက်လို့လား"
လုချင်ရှန်းက မေးမြန်းသည်။
သူသည် ဝူယုံဟုန်ကို အလျှင်အမြန်မျက်စပစ်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူယုံဟုန်က ပြောဆိုသည်။
"တကယ်လို့ မင်း အကြိုက်မတွေ့ဘူးဆိုရင် ဘာမှမစိုးရိမ်နဲ့...ငါ့မှာ အဲ့ဒီလိုမျိုးပစ္စည်းတွေ လေးရာကျော်ရှိသေးတယ်...မင်း စိတ်ကြိုက်ရွေးယူလို့ရတယ်"
ထိုစကားနှင့်အတူ ဝူယုံယုန်သည် သူ၏သိုလှောင်လက်စွပ်ကိုဖွင့်လိုက်ရာ အမျိုးအစားစုံလင်သော ထိပ်တန်းအဆင့်အင်မော်တယ်ပစ္စည်းလေးရာကျော်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
ကျန်းကျီသည် အသက်ရှူမွန်းကြပ်သွားကာ သူမ၏ခန္ဓာကိုယ် ပျော့ခွေသွားသည်။
"ဒါတွေက ပုံကြမ်းပစ္စည်းတွေပဲ"
"ဒါပေမဲ့ ဒီပုံကြမ်းပစ္စည်းတွေကို လျှော့မတွက်နဲ့ ...ဒါက ဆရာကြီး စွန့်ပစ်ထားတဲ့ အကြွင်းအကျန်တွေထဲက အကောင်းဆုံးတွေကို ငါကောက်ယူထားခဲ့တာပဲ"
ဝူယုံဟုန်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
ကျန်းကျီသည် ထိတ်လန့်တုန်လှုပ်နေကာ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။
အချိန်အတော်ကြာပြီးနောက် သူမသည် သူမ၏ခေါင်းကို အနည်းငယ်ပြန်လည်ရိုက်ပုတ်၍ သူမကိုယ်သူမ အသိဝင်လာအောင်ပြုလုပ်လိုက်သည်။ထို့နောက် သူမက ကျေးဇူးတင်စကားပြောဆိုလိုက်၏။
"စီနီယာနှစ်ယောက်က ယဉ်ကျေးလွန်းနေပြီ..ငါက ပစ္စည်းတစ်ခုကိုပဲ ရွေးချယ်ပါ့မယ်"
"အမ်..."
"ဘယ်လိုလုပ်ပြီးတော့ တစ်ခုတည်းနဲ့ရမှာလဲ"
လုချင်ရှန်းက တင်းမာသောမျက်နှာဖြင့် ပြောဆိုသည်။
"ဒါက အမှန်ပဲ...မင်း ဘယ်လိုကိစ္စမျိုးကိုပဲလုပ်လုပ် ဒါက မင်းတစ်ယောက်တည်းနဲ့သက်ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး"
ဝူယုံဟုန်ကလည်း တုံ့ပြန်သည်။
"ငါတို့မိုးမြေဂိုဏ်းမှာ ထမင်းစားတဲ့ အိုးခွက်ပန်းကန်တွေကနေစပြီးတော့ မျက်နှာသုတ်တဲ့ပဝါအထိ အရာအားလုံးက ဒီအဆင့်မှာရှိနေတယ်...ငါတို့အားလုံးက ဆရာကြီးရဲ့လူတွေဖြစ်နေမှတော့ ဘဝနေထိုင်မှုပုံစံက အတူတူပဲဖြစ်ရမယ်...မဟုတ်ရင် ဆရာကြီးအတွက် အရှက်ရစရာ ဖြစ်သွားနိုင်တယ်"
"ဒါကြောင့် မင်း နည်းနည်းလောက်ထပ်ယူလိုက်ပါအုံး"
ထိုစကားနှင့်အတူ သူတို့နှစ်ယောက်သည် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းဆယ်ခုကျော်ကို ကျန်းကျီ၏လက်အတွင်းသို့ထည့်ပေးကာလှိုက်လှဲသောအပြုံးနှင့်ပြောဆိုသည်။
"ငါတို့အားလုံးက မိသားစုတစ်စုတည်းပဲ...မင်းက ငှားတယ်ဆိုတဲ့စကားကို ထပ်ပြောနေစရာမလိုဘူး..မင်းက ဒီပစ္စည်းတွေကို ယူထားပြီးတော့ မင်းရဲ့သဘောအတိုင်း အသုံးပြုနိုင်တယ်"
"အမှန်ပဲ....တကယ်လို့ မင်းမလုံလောက်သေးဘူးဆိုရင် ငါတို့ကို အချိန်မရွေး ထပ်ပြောလို့ရတယ်"
Chapter 639
"ဒါပေမဲ့ မင်း မှတ်ထားရမှာတစ်ခုက...ဆရာကြီးက သူရဲ့ပုံပန်းသွင်ပြင်ကို သေမျိုးအသွင်ယူထားရုံတင်မကဘူး သူ့ရဲ့ပစ္စည်းတွေကိုရောပဲ"
"ငါ့ရဲ့လက်ထဲက ပန်းကန်လုံးကိုကြည့်လိုက်... မင်းက ဒါကို သာမန်အမြင်နဲ့ကြည့်မယ်ဆိုရင် ဒါက ပန်းကန်လုံးတစ်လုံးပဲ"
"ဒါပေမဲ့ မင်းက အင်မော်တယ်လောကရဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက သာမန်ပန်းကန်လုံးတစ်လုံး မဟုတ်တော့ဘူး"
"ဒါကြောင့် မင်းက ဆရာကြီးရဲ့နောက်လိုက်ဖြစ်နေတဲ့အတွက် ဒါကို သာမာန်ပန်းကန်လုံးတစ်ခုလိုသဘောထားပြီး လက်ခံလိုက်ပါ...မင်း လက်ခံလိုက်တော့"
စီနီယာနှစ်ယောက်၏ တောင်းဆိုမှုအောက်တွင်....
ကျန်းကျီသည် ထိပ်တန်းအဆင့်အင်မော်နယ်ရတနာ အခုနှစ်ဆယ်ကျော်ကို လက်ခံခဲ့ရသည်။
ထိုအရာများတွင် မီးဖိုချောင်သုံးပစ္စည်းများမှအစပြု၍ ဓားများလှံများလည်း ပါဝင်သည်။
ကျန်းကျီသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။
ယခင်ကဆိုလျှင် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာတစ်ခုအတွက် သူမ၏ခေါင်းကို သူမ ပြန်၍ရိုက်ခွဲရမည်ဆိုလျှင်ပင် တွန့်ဆုတ်မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌....
ထိပ်တန်းအဆင့် အင်မော်တယ်ရတနာများကို သူမအလိုရှိသရွေ့ စကားတစ်ခွန်းတည်းဖြင့် ရယူနိုင်သည်။
သို့ရာတွင် သူမသည် စိတ်ကြီးဝင်ဝံ့ခြင်းမရှိချေ။
ဤအပြောင်းအလဲများအားလုံးသည် ကျွန်းပေါ်၌တွေ့ဆုံခဲ့ရသော ဆရာကြီးထံမှ အစပြုခဲ့ကြောင်း သူမ နားလည်သဘောပေါက်သည်။
ယခုလက်ရှိအချိန်၌ သူမပိုင်ဆိုင်ထားသမျှ အရာအားလုံးသည် သူ့ထံမှ ရောက်ရှိလာခြင်းပင်။
လဝက်ခန့်ကြာမြင်ပြီးနောက်...
ကူးပြောင်းရေးဝင်္ကပါတည်ဆောက်ရာ၌ ကျန်းကျီသည် သူမ၏စိတ်ကို မြှုပ်နှံထားခဲ့လေ၏။
သူမ၏အစီအစဉ်အရ ကူးပြောင်းရေးဝင်္ကပါ၏အနီးတွင် အတားအဆီးဝင်္ကပါတစ်ခုကို ဖွဲ့စည်းထားသည်။ထို့နောက် နန်းတော်တခုကို တည်ဆောက်ထားကာ ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်သည် နန်းတော်ရင်ပြင်၌ရှိနေသည်။
သူမ တွေးတောထားသည်မှာ...
အကယ်၍ ဆရာကြီးသည် ပြင်ပသို့ထွက်လာရန် အရေးကိစ္စရှိလာပါက နေထိုင်ရန်အတွက် နေရာကောင်းတစ်ခု ရှိနေရပေမည်။
လုံခြုံရေးအတွက်ကမူ...
သူမသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိချေ။
အကယ်၍ တစ်နေ့နေ့တွင်တစ်စုံတစ်ယောက်သည် မဆင်မခြင်ဖြင့် ဤကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ရောက်လာပါက ကျွန်းပေါ်တွင်ရှိနေသည့် လူသားအင်မော်တယ်တစ်ထောင်နှင့်မြေကမ္ဘာအင်မော်တယ်တစ်ရာတို့ကို တွေ့ဆုံရပေမည်။ဤကိစ္စ၏အကျိုးဆက်ကို သူမ တွေးတောကြည့်ဝံ့ခြင်း မရှိချေ။
ဤအချိန်အခိုက်အတန့်တွင် အင်မော်တယ်မြစ်ကုန်းမြေ၌..
ကိစ္စကြီးတစ်ခု ဖြစ်ပွားနေခဲ့သည်။
မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ နတ်ဆိုးသားရဲများသည် မိုးမြေဂိုဏ်းကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့လေ၏။
သူတို့သည် မိုးမြေဂိုဏ်း၏တံခါးကို ဆုပ်ကိုင်လိုက်စဉ်မှာပင် တံမျက်စည်းတစ်ချောင်းကို ကိုင်ဆောင်ထားသော ဘုန်းတော်ကြီးတစ်ပါး ထွက်လာသည်။
သူသည် အော်မီတော်ဖောရေရွတ်နေရင်း တိုက်ခိုက်လာသူများကို ဤကဲ့သို့ ဓားများ လှံများစသည့် လက်နက်များကို အသုံးပြုသည်မှာ သူတို့အတွက် မကောင်းကြောင်း ပြောဆိုနေခဲ့သည်။
တိုက်ပွဲအဆုံးသတ်သွားပြီးနောက် ကိုယ့်လက်အင်္ဂါပြည့်စုံသော အလောင်းတလောင်းကိုပင် ရှာတွေ့ခြင်းမရှိချေ။
အနက်ရောင်ခန်းမအတွင်း၌....
လိုက်ကာ၏နောက်ကွယ်မှနေ၍...
အစစ်အမှန်မျက်နှာကို ဖော်ပြထားခြင်းမရှိသော သံတမန်ကြီးက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဟူး...အဲ့ဒီလူဆီမှာ တကယ့်ကို ကောင်းမွန်တဲ့ လှည့်ကွက်တွေ ရှိနေတာပါလား"
သူ၏အသံသည် အက်ရှနေပေ၏။မိုးမြေဂိုဏ်း၏ကျွန်းငယ်လေးပေါ်မှ လူများသည် အဝေးသို့ပြောင်းရွှေ့သွားသည်ကို သူ ကြားချိန်၌ သူတို့သည် ဤနေရာအား လက်လျှော့ကာဆုတ်ခွာသွားပြီဟု သူ တွေးထင်ခဲ့သည်။ထိုကြောင့် သူသည် ကံကြမ္မာစွမ်းအားများကို ပြန်လည်ရယူနိုင်ရန်အတွက် လူတချို့ကိုစေလွှတ်၍ ကျွန်းကိုတိုက်ခိုက်စေသည်။
သို့ရာတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အကွက်ချကြံစည်မှုတစ်ခုနှင့် ရင်ဆိုင်ရမည်ဟု မည်သူက သိရှိမည်နည်း...
ကြည့်ရသည်မှာ မိုးမြေဂိုဏ်းသည် ဗလာဟင်းလင်း ဖြစ်နေပုံရသော်လည်း ကြိုတင်ပြင်ဆင်ထားကာ သူတို့ ဝင်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေပုံပင်။
"ငါက မိုးမြေဂိုဏ်းရဲ့အရှင်သခင်ကို လျှော့တွက်ခဲ့မိတယ်"
"သူ့မှာ တကယ့်ကို အကြံအစည်ကောင်းတစ်ခုရှိနေတာပါလား"
သံတမန်ကြီးက အက်ရှရှလေသံဖြင့် ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ အဲ့ဒီလူက ငါတို့ကိုဆန့်ကျင်ဖို့ ရည်ရွယ်ထားပြီးတော့ တိုက်ခိုက်တော့မယ့်ပုံပဲ"
"သံတမန်ကြီး စိတ်အေးအေးထားပါ"
သူ၏နံဘေးတွင်ရှိနေသော လက်အောက်ငယ်သားက ရိုသေလေးစားစွာ ပြောဆိုသည်။
"အဲ့ဒီလူက ငါတို့ကို အနိုင်ယူဖို့အတွက် နည်းဗျူဟာငယ်လေးတစ်ခုကို အသုံးပြုခဲ့ပေမယ့် ငါတို့အတွက် အများကြီး ထိခိုက်နစ်နာမှုမရှိဘူး.....ဆန့်ကျင်ဘက်အနေနဲ့ ရန်သူရဲ့နည်းဗျူဟာတွေကို ငါတို့နားလည်သဘောပေါက်သွားအောင် ကူညီသလိုဖြစ်သွားခဲ့တယ်...နောင်အနာဂတ်တိုက်ပွဲတွေကျရင် ငါတို့ဘက်က ဆုံးရှုံးမှုကြီးကြီးမားမားမဖြစ်အောင် သတိထားတာက အကောင်းဆုံးပဲ"
"မင်းပြောတာ မှန်တယ်"
လိုက်ကာ၏နောက်မှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။
"သူတို့ကို ခဏလောက်တော့ ပျော်ခိုင်းထားလိုက်အုံး...တခြားဘုံတွေမှာရှိတဲ့ ကံကြမ္မာစွမ်းအားတွေကို စုဆောင်းပေးတာနဲ့ ငါတို့က သူတို့ကို ရင်ဆိုင်နိုင်လိမ့်မယ်...အကြွင်းမဲ့ခွန်အားရဲ့ရှေ့မှာ သူတို့အားလုံး ရှုံးနိမ့်ရမှာပဲ"
"အခု အစီအစဉ်က အလဟဿဖြစ်မသွားဘူး"
"သံတမန်ကြီးက အရမ်းဉာဏ်ကောင်းတာပဲ"
လက်အောက်ငယ်သားက မြှောက်ပင့်ချီးမွမ်းသည်။
"ဒါနဲ့ ဖျက်ဆီးခြင်းအရှင်ရဲ့အရိပ်အယောင်ကို တွေ့သေးလား"
သံတမန်ကြီးက ထပ်မံ၍မေးမြန်းသည်။
"ဖျက်ဆီးခြင်းအရှင်ရဲ့အရိပ်အယောင်ကို ခုထိရှာမတွေ့သေးဘူး"
လက်အောက်ငယ်သားက ပြောဆိုသည်။
"တကယ်လို့ သူ့ရဲ့စိတ်ဝိညာဥ်မီးအိမ် တောက်ပနေတာကြောင့်သာ မဟုတ်ရင်...သူက သေသွားပြီလို့ ကျွန်တော် ထင်မိလိမ့်မယ်"
"ဟမ့်...."
"အဲ့ဒီဖျက်ဆီးခြင်းအရှင်ဆိုတဲ့ကောင်က ဘာသောက်ရေးမပါတဲ့ကိစ္စတွေကို လုပ်နေတာလဲ"
သံတမန်ကြီးက ဒေါသတကြီးအော်ဟစ်ပြီးနောက် အမိန့်ပေးလိုက်၏။
"သူ့ကို ဆက်ပြီးတော့ ရှာထားစမ်း"
"ဟုတ်ကဲ့"
လက်အောက်ငယ်သားက တုံ့ပြန်သည်။
မိုးမြေဂိုဏ်းနှင့် မလှမ်းမကမ်းအကွာရှိကျွန်းပေါ်၌....
ထိုနေရာတွင် ဖျက်ဆီးခြင်းအရှင်သည် တစ်နှစ်နီးပါးခန့် ထိုင်နေလေ၏။
ဤတစ်နှစ်အတွင်းတွင် သူ၏အရှိန်အဝါကို အားအပျော့ဆုံးအခြေအနေထိ ဖုံးကွယ်ထားခဲ့သည်။ သူ၏ဒေါသများကို ဖိနှိပ်ထားသည်မှာလည်း အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ရန်သူနယ်မြေ၏အနီး၌ ရှိနေသည်။
သူသည် ဝင်္ကပါကိုစောင့်ကြပ်ရသည် ကြီးမားသောတာဝန်ကို ထမ်းဆောင်နေရသဖြင့် သတိလက်လွတ်မပြုမူဝံ့ချေ။
ရုတ်တရက်...
သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
သူ့ရှေ့ရှိဝင်္ကပါသည် အသက်ဝင်နေဆဲဖြစ်သည်ကိုကြည့်ပြီး သူက မျက်မှောင်ကြုတ်လိုက်၏။
"အရှင်ကိုးယောက်က ခုထိပြန်မလာသေးဘူးလား"
သူ ထိုစကားကို ရေရွတ်လိုက်သောအချိန်မှာပင် သူ၏နားအတွင်းသို့ အော်မြည်သံတစ်သံ ဝင်ရောက်လာသည်။
သူ မော့ကြည့်လိုက်စဉ်တွင်...
ဤအချိန်ကျမှသာ သူ၏ပခုံးပေါ်၌ ပျံလွှားငှက်တစ်ကောင်၏အသိုက်ရှိနေကြောင်း သူ သိနားလည်သွားသည်။ပျံလွှားငှက်ပေါက်လေးများမှစွန့်ထုတ်လိုက်သော မစင်များသည် သူ၏လည်ပင်းတဝိုက်၌ ပြည့်နှက်နေလေ၏။
သို့ရာတွင် ဖျက်ဆီးခြင်းအရှင်သည် ဒေါသထွက်ရမည့်အစား ပျော်ရွှင်သွားခဲ့သည်။
သူ၏ပခုံးပေါ်၌ ပျံလွှားငှက် အသိုက်ဆောက်ထားခြင်းသည် အတိတ်နိမိတ်ကောင်းတစ်ခုပင်။
"ဒါက အရှင်ကိုးယောက် ပြန်လာတော့မယ်လို့ နိမိတ်ပြနေတာ မဟုတ်လား"
သူက အံ့အားတသင့် ရေရွတ်လိုက်သည်။
အစပထမ၌ သူသည် အနည်းငယ်စိတ်ပျက်သွားသော်လည်း သူ၏မျက်လုံးအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များ တဖန်ပြန်၍ ထင်ဟပ်လာသည်။
"ငါ စောင့်ရမယ်"
သူ၏မျက်လုံးအတွင်း၌ ခိုင်မာပြတ်သားသောအရိပ်အယောင်များ ထင်ဟပ်လာကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
...
ကျန်းကျီအကြောင်း ပြောရမည်ဆိုလျှင်...
ကူးပြောင်းရေးဝင်္ကပါကို စီစဉ်ပြီးနောက် သူမသည် ချင်းကူကုန်းမြေသို့ပြန်သွားရန် ရွေးချယ်ခဲ့သည်။
"အရှင်မ...ဒီအချိန်မှာ ပြန်သွားမလို့လား"
သူမ၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်သော ကျန်းရှန်က ပြောဆိုသည်။
"ကျိုးရန်တုက အထီးကျန်ကုန်းမြေအရှင်ရဲ့သမီးနဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းတွေ ကြားနေရတယ်...အခုအချိန်မှာ လက်ထပ်ပွဲက ပြီးဆုံးသွားပြီ...ဒါကြောင့် အထီးကျန်ကုန်းမြေအရှင်ရဲ့သမီးက ချင်းကူကုန်းမြေကို ရောက်နေပြီ....အထီးကျန်ကုန်းမြေအရှင်ကလည်း ချင်းကူကုန်းမြေကနေ ထွက်မသွားသေးဘူး"
"ဒီအချိန်မှာ သွားပြီးတိုက်ခိုက်မယ်ဆိုရင် ကျားရဲ့ပါးစပ်ထဲကိုဝင်သွားတဲ့ ဝံပုလွေတစ်ကောင်လို ဖြစ်နေမှာမဟုတ်ဘူးလား"
"ဘာမှ ထပ်ပြောနေစရာမလိုဘူး...ငါတို့တွေပြန်သွားပြီးတော့ သူတို့ကို အမြန်ဆုံးဖြေရှင်းကြမယ်...အဲ့ဒီကိစ္စပြီးတာနဲ့ ငါတို့က ကူးပြောင်းရေးဝင်္ကပါကို စောင့်ကြပ်ဖို့အတွက် ပြန်လာရမယ်"
ကျန်းကျီက အမူအယာကင်းမဲ့သောမျက်နှာဖြင့် ပြောဆိုသည်။
ကျန်းရှန်နှင့် တခြားလက်အောက်ငယ်သားများအားလုံး ဆွံ့အသွားလေ၏။
အရှင်မပြောဆိုသည်မှာ....
လက်စားချေရန်အတွက်သွားမည်နှင့် မတူညီဘဲ ဆွေမျိုးများထံသို့ အလည်အပတ်သွားမည့်အလား အလွန်လွယ်ကူနေသည် မဟုတ်လော...
အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်....
ကျိုးရန်တု၏ဇနီး အစစ်အမှန်အနှစ်သာရအင်မော်တယ်...
အထီးကျန်ကုန်းမြေအရှင်...
မည်သည့်အရာမဆို သူတို့၏ခေါင်းထက်သို့ ဖိစီးနိုင်သည့် တောင်ကြီးတလုံးနှင့် တူညီသည်မဟုတ်လော....
သူတို့ မေးမြန်းလိုသည်မှာ...
အရှင်မထံတွင် ဤကဲ့သို့ယုံကြည်ချက်မျိုး မည်သည့်နေရာမှ ရရှိလာသနည်း....
သူတို့သည် အရှင်မကို အစဉ်အမြဲ ရိုသေလေးစားခဲ့သော်လည်း သူမသည် ဤတစ်ကြိမ် အရိပ်ကျွန်းမှထွက်လာပြီးနောက် အနည်းငယ်မူမမှန်သကဲ့သို့ သူတို့ ခံစားမိသည်။
ထို့ထက်ပို၍အရေးကြီးသည်မှာ အကယ်၍ လက်စားချေမှုအောင်မြင်သွားလျှင်ပင် အရှင်မသည် ချင်းကူကုန်းမြေအရှင်နေရာကို ဆက်၍တာဝန်ယူမည့်ပုံ မရှိခြင်းပင်။ထိုအစားသူမသည် ကူးပြောင်းရေးဝင်္ကပါကို စောင့်ကြပ်ရန်အတွက် ဤနေရာသို့ပြန်လာမည်လော...
ကျန်းကျီသည် ထပ်မံ၍ စကားပြောဆိုခြင်းမရှိချေ။
ထိုအစား သူမသည် နံဘေးတွင်ရှိနေသော လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ကို ကြည့်လိုက်သည်။
ဤလူသားအင်မော်တယ်နှစ်ယောက် ရှိနေပါက...
အထီးကျန်ကုန်းမြေအရှင်ကို သူမ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း...
ထို့ပြင် သူမ၏ခန္ဓာကိုယ်ပေါ်၌ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာ အခုနှစ်ဆယ်ကျော်ရှိနေသည်။
ချင်းကူကုန်းမြေအရှင် နေရာအတွက်ကမူ...
အလယ်ဆင့်သုံးဆင့်မှ ကုန်းမြေအရှင်တစ်ယောက်၏နေရာကိုပင် သူမ ဂရုစိုက်မည်မဟုတ်ချေ။
ကျန်းကျီသည် အလွန်ခေါင်းမာနေဆဲဖြစ်သည်ကိုကြည့်ပြီး တခြားသူများထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် လက်လျှော့အရှုံးပေးလိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် ထိုလက်အောက်ငယ်သားများအနက်မှတစ်ယောက်သည် ထိုနေရာမှနေ၍ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။
မည်သူမျှမရှိသောနေရာသို့ ရောက်ရှိချိန်၌ သူသည် အသံပေးပို့ခြင်းကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။
"လက်အောက်ငယ်သားပိုင်ဖန်းက ကုန်းမြေအရှင်ကို အရိုအသေပြုပါတယ်"
"အင်း သတင်းတစ်ခုခု ရလို့လား"
သတင်းပိုကျောက်စိမ်းပြာ၏တဖက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။အကယ်၍ ဤနေရာတွင် ကျန်းကျီရှိနေပါက ထိုလူသည် ကျိုးရန်တုဖြစ်ကြောင်း သိရှိသွားပေမည်။
"ကုန်းမြေအရှင်ကို သတင်းပို့ပါတယ်...ကျန်းကျီက အရိပ်ကျွန်းကနေ ထွက်လာပြီးတဲ့နောက်မှာ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို စောင့်ကြပ်ဖို့ ကျွန်တော်တို့ကို အမိန့်ပေးထားတယ်...ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်တော် မသိဘူး"
ပိုင်ဖန်းက တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
"ကူးပြောင်းရေးဝင်္ကပါ...ဘာကူးပြောင်းရေးဝင်္ကပါလဲ"
ကျိုးရန်တုကလအလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"အဲ့ဒီကူးပြောင်းရေးဝင်္ကပါက ဘာအတွက်လဲဆိုတာ ကျွန်တော် မသိဘူး...ဒါပေမဲ့ ကျွန်တော့်ရဲ့လေလာဆန်းစစ်မှုအရဆိုရင် အဲ့ဒါက ကူးပြောင်းရေးဝင်္ကပါငယ်လေးတစ်ခုပဲ...ကုန်းမြေအရှင်က အဲ့ဒီကိစ္စကို အရမ်းအလေးအနက်ထားစရာ မလိုပါဘူး"
ပိုင်ဖန်းက ပြောဆိုသည်။
"ဒါဆိုရင် မင်း ငါ့ဆီကို ဘာဖြစ်လို့ဆက်သွယ်တာလဲ"
ကျိုးရန်တုက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။
"ကျွန်တော်ဆက်သွယ်တာက...ဒီနေ့ ကျန်းကျီက ကုန်းမြေအရှင်ကို လက်စားချေဖို့အတွက် ချင်းကူကုန်းမြေကို ထွက်ခွာသွားခဲ့တာကြောင့်ပဲ"
ပိုင်ဖန်းက ပြောဆိုသည်။
"အော်..."
ကျိုးရန်တုထံမှ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာကာ လှောင်ပြောင်သရော်လိုက်သည်။
"အခုအချိန်မှာ သူက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တာကို ထည့်မပြောရင်တောင်...ငါရဲ့ယောက္ခထီးဖြစ်တဲ့ အထီးကျန်ကုန်းမြေအရှင်က ချင်းကူကုန်းမြေမှာ ရှိနေတာကို သူ မသိဘူးလား"
"သူက ဒီအချိန်မှာ လာမယ်ဆိုရင်...သေလမ်းရှာတာ မဟုတ်ဘူးလား"
"အဲ့ဒီကိစ္စကိုတော့ ဒီငယ်သားက မသိပါဘူး"
ပိုင်ဖန်းက တိုးညှင်းသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက မဟုတ်သေးဘူး"
ကျိုးရန်တုက ပြောဆိုသည်။
"ကျန်းကျီရဲ့အကျင့်စရိုက်အရဆိုရင် သူက မသေချာတဲ့ တိုက်ပွဲတွေကို ဘယ်တော့မှ မတိုက်ခိုက်ဘူး...တကယ်လို့ သူ့မှာ ဘာဝှက်ဖဲမှမရှိဘူးဆိုရင် ဒီလိုဆုံးဖြတ်ချက်တစ်ခုကို သူ လုပ်မှာမဟုတ်ဘူး...ငါ့ကို ပြောစမ်း...သူ့ရဲ့ဘေးမှာ မင်းအပြင် တခြားဘယ်သူတွေ ရှိနေသေးလဲ...မင်းမသိတဲ့ တစ်ယောက်ယောက်ကို မြင်မိလား"
"အင်း...."
"ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ဘေးမှာ လူသားအင်မော်တယ်နှစ်ယောက် ရှိနေတယ်"
ပိုင်ဖန်းက တုံ့ပြန်သည်။
ကျိုးရန်တုသည် ကြက်သေသေသွားလေ၏။
"လူသားအင်မော်တယ်နှစ်ယောက်..မင်း ပြောတာ အမှန်ပဲလား"
Chapter 640
"ဒါက ဘယ်လိုမှ အမှားအယွင်း မရှိနိုင်ဘူး...သူတို့က လူသားအင်မော်တယ်တွေပဲ"
ပိုင်ဖန်းက ပြတ်ပြတ်သားသားပြောဆိုသည်။
"ကျွန်တော်ရဲ့လက်အောက်ငယ်သားတွေက သူတို့နဲ့ အနီးကပ်ဆက်ဆံကြည့်ပြီးပြီ...သူတို့က ကျင့်ကြံဆင့်ကိုဖုံးကွယ်ထားတဲ့ ဆရာသခင်တွေမဟုတ်တာ သေချာတယ်"
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်"
ကျိုးရန်တုသည် မည်သို့မျှ စဉ်းစား၍မရတော့သောကြောင့် ထပ်မံ၍မေးမြန်းလိုက်၏။
"ဒါဆိုရင် သူ့မှာ တစ်ခြားဝှက်ဖဲတွေ ရှိနေနိုင်လား...ပြောရမယ်ဆိုရင် သူ့မှာ အင်မော်တယ်လက်နက်တွေ ရှိနေလား"
"ဒါက တကယ်လို့ သူ့ဆီမှာ ဝှက်ဖဲတွေနဲ့ လက်နက်တွေ ရှိတယ်ဆိုရင်တောင်...သူက လက်အောက်ငယ်သားတွေကို ပြောမပြခဲ့ဘူး"
ပိုင်ဖန်းက ပြောဆိုသည်။
"တခြားနည်းလမ်းတစ်ခုပြောင်းပြီး စဉ်းစားကြရအောင်...သူ့ဆီမှာ မင်း အရင်က မမြင်ဖူးတဲ့ ပစ္စည်းမျိုးတွေ အခု မင်း မြင်မိလား"
ကျိုးရန်တုက ထပ်မံ၍မေးမြန်းသည်။
ဤစကားကိုကြားချိန်တွင် ပိုင်ဖန်း၏မျက်လုံးများ တောက်ပသွားကာ သူက ပြောဆိုလိုက်၏။
"ဟုတ်ကဲ့"
"အဲ့ဒါတွေက ဘာတွေလဲ"
ကျိုးရန်တုက အလျင်စလို မေးမြန်းသည်။
"အဲ့ဒါတွေက အိုးခွက်ပန်းကန်တွေပဲ"
ပိုင်ဖန်းက ပြောဆိုသည်။
ကျိုးရန်တု၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"အိုးခွက်ပန်းကန်တွေလား...."
"ကုန်မြေအရှင် ဒါက အမှန်ပါပဲ...အဲ့ဒါတွေက အိုးခွက်ပန်းကန်တွေပဲ..လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်အတွင်းမှာ ကျန်းကျီက အဲ့ဒါတွေကို နေ့တိုင်းထုတ်ကြည့်ပြီးတော့ သန့်ရှင်းရေးလုပ်နေတာကို ကျွန်တော် မြင်မိတယ်"
ပိုင်ဖန်းက တုံ့ပြန်အဖြေပေးသည်။
"အိုးခွက်ပန်းကန်တွေ...."
ကျိုးရန်တုက တီးတိုးရေရွတ်လိုက်သည်။
ဤသည်မှာ သူ့အား အလွန်အမင်းစိတ်ရှုပ်ထွေးသွားစေသည်။
"အဲ့ဒီအိုးခွက်ပန်းကန်တွေကနေ အရှိန်အဝါတွေ စွမ်းအားလှုပ်ခတ်မှုတွေစတဲ့ မူမမှန်တဲ့အရာတစ်ခုခုကို မင်း အာရုံခံမိလား"
ကျိုးရန်တုက မှန်းဆ၍ပြောဆိုသည်။
"အဲ့ဒီအိုးခွက်ပန်းကန်တွေက အမြင်လှည့်စားထားတဲ့အရာတွေ မဖြစ်နိုင်ဘူးလား...အဲ့ဒီပစ္စည်းတွေက အင်မော်တယ်ရတနာတွေ ဖြစ်နေနိုင်တယ် မဟုတ်လား"
"မဖြစ်နိုင်ဘူး"
"ဒါက ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး"
ပိုင်ဖန်းက အခိုင်အမာပြောဆိုသည်။
"သူ အဲ့ဒီအိုးခွက်ပန်းကန်တွေကို ထုတ်ကြည့်နေတုန်းမှာ ဒီငယ်သားက သူ့ရဲ့နောက်ကနေ မတ်တတ်ရပ်ပြီးတော့ သေသေချာချာစူးစမ်းလေ့လာခဲ့တယ်...အဲ့ဒီအရာတွေအားလုံးက သာမန်ပစ္စည်းတွေပဲ"
"မင်း သေချာလား"
"သေချာပါတယ်"
ထိုစကားကိုကြားချိန်တွင် ကျိုးရန်တုသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
သူသည် ကျန်းကျီ၏နောက်သို့ နှစ်ပေါင်းများစွာကြာမြင့်အောင် လိုက်ခဲ့သူဖြစ်သဖြင့် သူမသည် အရိပ်ကျွန်းအတွင်း၌ အကျဉ်းကျနေသည့်တိုင် သူသည် သူမကို လျှော့တွက်ခဲ့ခြင်းမရှိချေ။
အထူးသဖြင့် ဤတစ်ကြိမ်တွင် ကျန်းကျီ ပြန်ရောက်လာချိန်၌ သူသည် သူမထံ၌ မည်သည့်ဝှက်ဖဲမျိုး ရှိနေမည်ကို သတိမပြတ်ထား၍ စောင့်ကြည့်နေခဲ့သည်။
ယခုလက်ရှိချိန်၌...
သူ ပို၍သတိထားရပေမည်။
အရိပ်ကျွန်းမှလွတ်မြောက်လာနိုင်သော လူတစ်ယောက်ထံတွင် ကြီးမားသောဝှက်ဖဲတစ်ချပ် ရှိနေနိုင်သည်။
ကျန်းကျီသည် နာကျည်းမုန်းတီးမှုဖြင့် သူ့အား လက်စားပြန်ချေမည်ကို သူ စိုးရိမ်ထိတ်လန့်နေခဲ့သည်။
"ဒီလိုဆိုမှတော့ ကျန်းကျီ ဒီနေရာကိုရောက်လာတာကို ငါ စောင့်နေမယ်"
ကျိုးရန်တုက သရော်တော်တော်ပြောဆိုသည်။
"ကုန်းမြေအရှင်က စိုးရိမ်ပူပန်လွန်းနေတာပါ...အခုအချိန်မှာ မိန်းကလေးချင်းလန်နဲ့အထီးကျန်ကုန်းမြေအရှင်တို့က ချင်းကူကုန်းမြေမှာ ရှိနေတုန်းပဲ...ကျန်းကျီက ဘယ်လိုလုပ်ပြီးတော့ အရှင့်ကို တိုက်ခိုက်နိုင်မှာလဲ"
"အရှင်က အရမ်းထူးချွန်ပြီးတော့ အခုချိန်မှာ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာကိုလည်း ပိုင်ဆိုင်ထားတယ်...ကျန်းကျီက အရှင့်ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"
ပိုင်ဖန်းက ချီးကျူးလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ကျိုးရန်တုသည် သူ၏ခေါင်းကို မသိမသာမော့လိုက်၏။
ဤသည်မှာ အလွန်မှန်ကန်သောစကားများပင်။
"အရမ်းကောင်းတယ်...ဒီတကြိမ်မှာ မင်းက တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နိုင်ခဲ့တယ်..မင်းပြန်ရောက်လာတဲ့ အချိန်ကျရင် ငါ မင်းကို ဆုလာဘ်တွေ အများကြီးချီးမြှင့်မယ်"
ကျိုးရန်တုက ပြောဆိုသည်။
"ကုန်းမြေအရှင်ကို ကျေးဇူးတင်ပါတယ်...ကျွန်တော်က ဒီနေရာမှာ သေသေချာချာကြိုးစားပြီးတော့ ဘာသတင်းပဲရရ အရှင့်ကို ချက်ချင်းအကြောင်းကြားပါ့မယ်"
...
အချိန်တခဏကြာပြီးနောက်..
ကျန်းကျီတို့အဖွဲ့သည် သင်္ဘောပျံကိုစီးနင်းကာ ချင်းကူကုန်းမြေထံသို့ ဦးတည်၍ခရီးထွက်ခဲ့သည်။
ကျန်းကျီသည် သူမ၏ကိုယ်ရေးကိုယ်တာကိစ္စများနှင့်အလုပ်ရှုပ်နေစဉ်၌ ကုံးချန်သည် ရီဖုန်းကိုနှုတ်ဆက်၍ အရိပ်ကျွန်းမှ သူတစ်ယောက်တည်း ထွက်ခွာလာခဲ့သည်။
ထို့နောက် သူသည် ရှီးနင်ကုန်းမြေသို့ ဦးတည်၍သွားလိုက်သည်။
အရိပ်ကျွန်းအတွင်း၌ အကျဉ်းချမခံရမီအချိန်၌ သူသည် ရှီးနင်ကုန်းမြေမှ ဂိုဏ်းတစ်ဂိုဏ်း၏အကြီးအကဲတစ်ယောက်ပင်။
"နောက်ဆုံးတော့ ငါ ပြန်လာနိုင်ပြီ"
ကုံးချန်သည် သူ့ရှေ့ရှိ ဂိုဏ်းတံခါးမကြီးကိုကြည့်ပြီး စိတ်ခံစားချက်များနှင့် ပြည့်နှက်နေသည်။
တစ်နေ့နေ့တွင် သူ ဤနေရာသို့ ပြန်ရောက်လာမည်ဟု တစ်ကြိမ်တခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
သူသည် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မဖြစ်စေဘဲ ဂိုဏ်းတံခါးမှနေ၍ ဂိုဏ်းအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လိုက်သည်။
အရံခန်းမတစ်ခုအတွင်း၌....
ဆူညံသံများ ထွက်ပေါ်နေသည်။
"မင်းက သားဆိုးတစ်ယောက်ပဲ...ခွေးမသား...."
"မင်းကိုယ်မင်း ဘာထင်နေတာလဲ...မင်းမှာ အသိစိတ်နည်းနည်းတောင် မရှိဘူးလား"
"မင်းက တစ်နှစ်ချိန်းဆိုချက်ကိုတောင် လုပ်ခဲ့သေးတယ်...မင်း ရူးနေတာလား"
လူလတ်ပိုင်းကြီးတစ်ယောက်သည် ဒေါသတကြီးဖြင့် သူ့ရှေ့ရှိလူငယ်တစ်ယောက်ကို ဆူပူကြိမ်းမောင်းနေသည်။
"အဖေ...အဲ့ဒီမိန်းမက လက်ထပ်ပွဲကိုဖျက်ဖို့လာတာ...ဒီလိုကိစ္စမျိုးကို ကျွန်တော် ဘယ်လိုလုပ်ပြီးသည်းခံနိုင်မှာလဲ"
လူငယ်က လက်မခံလိုပုံဖြင့် အော်ဟစ်လိုက်သည်။
"မင်း သည်းမခံနိုင်ရင်တောင် ဘာလုပ်နိုင်မှာမလို့လဲ"
လူလတ်ပိုင်းကြီးက ဒေါသတကြီးအော်ငေါက်လိုက်၏။
"ဒီတစ်နှစ်အချိန်အတွင်းမှာ မင်း သူကို အနိုင်ယူနိုင်မှာမလို့လား"
"အဲ့ဒီအချိန်ကျရင် မရေမတွက်နိုင်တဲ့သူတွေရှေ့မှာ သူက မင်းကို အနိုင်ယူပြီးတော့ လက်ထပ်ပွဲကို ဖျက်မယ်ဆိုရင်...ပိုပြီးအရှက်ရစရာဖြစ်မယ် မဟုတ်လား"
ထိုစကားကိုကြားချိန်တွင်...
လူငယ်၏မျက်လုံးများ နီမြန်းသွားကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။ထို့နောက် သူသည် နံဘေးရှိနံရံကို လက်သီးဖြင့်ထိုးကာ သူ၏မကျေနပ်မှုများကို ပုံချလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
လူလတ်ပိုင်းကြီးသည် အနည်းငယ်စိတ်မကောင်းဖြစ်သွားပုံရကာ အလျှင်အမြန်ပြေးလာပြီး လူငယ်ကို နှစ်သိမ့်ပေးသည်။
"ဟူး....ဒါတွေအားလုံးက ငါ့ရဲ့အပြစ်တွေပါ...မင်းရဲ့ကျင့်ကြံခြင်းပြဿနာကို ငါ ဖြေရှင်းမပေးနိုင်ခဲ့ဘူး...ဒါကြောင့် ဒီလိုတွေ ဖြစ်လာခဲ့တာပဲ"
လူလတ်ပိုင်းကြီးက သက်ပြင်းရှိုက်လိုက်သည်။ ဤအချိန်အခိုက်အတန့်တွင် သူ့ကိုကြည့်ရသည်မှာ အလွန်အိုမင်းသွားပုံရသည်။
"အဖေ...ဒါက ကျွန်တော် အသုံးမကျတာကြောင့်ပါ"
လူငယ်သည် အံ့တင်းတင်းကြိတ်ကာ သူ့ကိုယ်သူ အပြစ်တင်လိုက်၏။
"မင်းတို့ ဘာတွေ ငြင်းခုံနေကြတာလဲ...ဘာဖြစ်နေကြတာလဲ"
ထိုအချိန်မှာပင် တံခါး၏ပြင်ပမှနေ၍ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
လူလတ်ပိုင်းကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် ကုံးချန်သည် ပြုံးရွှင်နေသောမျက်နှာဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်လာသည့်အား သူ မြင်တွေ့လိုက်ရသည်။
"စီနီယာအစ်ကိုကြီးလား"
"ဦးလေးကုံးချန်လား..."
သားအဖနှစ်ယောက်သည် အံ့အားသင့်တုန်လှုပ်နေသော မျက်လုံးအကြည့်များဖြင့် ကုံးချန်ကိုကြည့်ကာ ပြောဆိုလိုက်၏။
"မင်းက အရိပ်ကျွန်းမှာ လှောင်ပိတ်ခံထားရတာမဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"မင်း ဘယ်လိုလုပ်ပြီးတော့ ထွက်လာနိုင်ခဲ့တာလဲ"
ကုံးချန်က ပေါ့ပေါ့ပါးပါးပြုံးကာ ထိုင်ခုံပေါ်၌ထိုင်ပြီး အေးအေးလူလူပြောဆိုသည်။
"ဂျူနီယာညီလေး အရမ်းကြီးအံ့အားသင့်မနေပါနဲ့...ငါ အရိပ်ကျွန်းက ထွက်လာနိုင်တာ ဘာကိစ္စကြီးမလို့လဲ"
သားအဖနှစ်ယောက်သည် ဇဝေဇဝါအမူအယာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
အရိပ်ကျွန်းမှ ထွက်လာနိုင်ခြင်းသည် ကိစ္စကြီးတစ်ရပ်မဟုတ်ဟု ဆိုလိုချင်သလော...
ဤသည်မှာ လူသားတစ်ယောက်၏စကား ဖြစ်သလော...
အကယ်၍ သူသည် ကံကောင်းထောက်မစွာဖြင့် အရိပ်ကျွန်းမှ ထွက်လာနိုင်လျှင်ပင် ဤမျှထိ စကားကြီးစကားကျယ် မပြောသင့်ချေ။
သို့ရာတွင် သူတို့နှစ်ယောက်သည် အသိဝင်လာပြီးနောက် ကုံးချန်ကို ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
ကုံးချန်သည် အရိပ်ကျွန်းပေါ်၌ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့်ပတ်သက်ပြီး သူ၏ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားဆဲပင်။
ထို့နောက် သူက မေးမြန်းလိုက်၏။
"ဂျူနီယာညီလေး...မင်းတို့ ခုဏက ဘာပြဿနာတွေ ဖြစ်နေတာလဲ"
ထိုစကားကိုကြားချိန်တွင် လူလတ်ပိုင်းကြီးသည် သက်ပြင်းတစ်ချက်ရှိုက်ကာ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ကုံးချန်အား ရှင်းပြလေ၏။
"စီနီယာအစ်ကိုကြီး..."
"ချုံးအာရဲ့အခြေအနေကို မင်း မသိတာလည်းမဟုတ်ဘူး"
"သူက နှစ်တွေအများကြီး ကျင့်ကြံခဲ့တာတောင် ဘာတိုးတက်မှုမှ ရှိမလာဘူး...သူနဲ့ ချင်းရွှမ်ဂိုဏ်းက သူတော်စင်မိန်းမပျိုတို့ရဲ့ လက်ထပ်ပွဲကလည်း နီးလာပြီမဟုတ်လား"
"ဒါပေမဲ့ ဘယ်သူသိမှာလဲ...တစ်နေ့က လက်ထပ်ပွဲဖျက်ဖို့အတွက် ချင်းရွှမ်ဂိုဏ်းကလူတွေ ရောက်လာတယ်...ချုံးအာက ဒေါသထွက်ပြီးတော့ သူတော်စင်မိန်းမပျိုနဲ့တစ်နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တယ်...သူက တစ်နှစ်အတွင်းမှာ အဲ့ဒီမိန်းကလေးကို အနိုင်ယူမယ်လို့တောင် ပြောခဲ့တယ်"
ထိုစကားကိုပြောဆိုရင်း လူလတ်ပိုင်းကြီးက သူ၏နဖူးကို ပွတ်သပ်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေပေ၏။
"ချင်းရွမ်ဂိုဏ်းလား"
"သူတို့က ငါတို့ဂိုဏ်းကို အမြဲတမ်းမှီခိုအားထားနေရတဲ့ ဂိုဏ်းငယ်လေးတစ်ခု မဟုတ်ဘူးလား... ဘယ်လိုသတ္တိမျိုးနဲ့ သူတို့က အတင့်ရဲပြီးတော့ ချုံးအာနဲ့လက်ထပ်ပွဲကို ဖျက်ရဲတာလဲ"
ကုံးချန်က မကျေမနပ်ပြောဆိုသည်။
"အင်း ဒီကိစ္စကို စီနီယာအစ်ကို မသိသေးဘူး.. မင်း အရိပ်ကျွန်းမှာ အကျဉ်းချခံရပြီးတဲ့အချိန်မှာပဲ...ချင်းရွှမ်ဂိုဏ်းရဲ့သူတော်စင်မိန်းမပျို လီချင်းရွှမ်မှာ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် နိုးထလာခဲ့တယ်"
"ဒါကြောင့် သူကို ရှီးနင်ကုန်းမြေအရှင်က တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့တယ်"
"ပြောရမယ်ဆိုရင် အခုအချိန်မှာ ချင်းရွှမ်ဂိုဏ်းက ရှီးနင်ကုန်မြေအရှင်ရဲ့ အထောက်အပံ့ကိုရသွားပြီ...သူတို့က ငါတို့ သဟွာဂိုဏ်းကို ဆက်ပြီးမလိုအပ်တော့ဘူး...ဒါကြောင့် သူတို့က လက်ထပ်ပွဲဖျက်ဖို့ ရောက်လာတာပဲ"
လူလတ်ပိုင်းကြီးက သက်ပြင်းရှိုက်ကာ ဆက်လက်၍ပြောဆိုသည်။
"မင်း ပြောကြည့်အုံး...အဲ့ဒီလိုအခြေအနေတွေရဲ့အောက်မှာ ဘယ်လိုလုပ်ပြီးတော့ ချုံးအာကအချိန်တစ်နှစ်အတွင်းမှာ လီချင်းရွှမ်ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"
"ဒါကြောင့် ငါ ခုဏက သူ့ကို ဆူပူကြိမ်းမောင်းနေရတာပဲ...ငါက လက်ထပ်ပွဲဖျက်တာကို သဘောတူစေချင်တယ်...တကယ်လို့ ငါတို့အရှက်ရရင်တောင် ဘာတတ်နိုင်မှာလဲ...ဒါက တနှစ်ကြာရင် တိုက်ပွဲကွင်းပြင်က လူတွေအများကြီးရဲ့ရှေ့မှာ အရှက်ရတာထက် ပိုကောင်းလိမ့်မယ်"
လူလတ်ပိုင်းကြီးက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
သို့ရာတွင်...
ကုံးချန်သည် အကျိုးအကြောင်းကို နားလည်သဘောပေါက်သွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
ထို့နောက် သူသည် လုချုံးကို နှစ်ခြိုက်သဘောကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ချုံးအာ...မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ... ကံကောင်းချင်တော့ မင်းက လက်ထပ်ပွဲဖျက်တဲ့ကိစ္စကို သဘောမတူခဲ့ဘူး...မဟုတ်ရင် ဒါက ငါတို့အားလုံးအတွက် အရှက်ရစရာကိစ္စ ဖြစ်သွားလိမ့်မယ်"
ကုံးချန်ကပြောဆိုကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။
ထိုစကားကိုကြားချိန်၌....
လူလတ်ပိုင်းကြီးလုကျွမ်းသည် ချက်ချင်းကြက်သေသေသွားလေ၏။
လုချုံးကိုယ်တိုင်သည်လည်း ထပ်တူထပ်မျှပင်။
"စီနီယာအစ်ကို....မင်း နားမလည်ပါဘူး"
လုကျွမ်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဒါက ငါ အရှက်ရစေချင်တာကြောင့်မဟုတ်ဘူး...တကယ်လို့ အခုချိန်မှာ ငါတို့က လက်ထပ်ပွဲဖျက်တာကို သဘောမတူဘူးဆိုရင် နောက်ထပ်တစ်နှစ်ကြာရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ"
"မင်းက နောက်တစ်နှစ်အကြာမှာ ချုံးအာက လီချင်းရွှမ်ကို အနိုင်ယူနိုင်အောင် လုပ်ပေးနိုင်လို့လား"