← Chapters

အခန်း (၆၄၁-၆၄၅)

Vol. 43 Ch. 641-645

အခန်း (၆၄၁-၆၄၅)

Vol. 43 Ch. 641-645

Chapter 641

"လီချင်းရွှမ်ကို အနိုင်ယူဖို့လား"

ကုံးချန်က လှောင်ပြောင်သရော်လိုက်သည်။

"ဂျုနီယာညီလေး...ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီတစ်ကြိမ် ငါ ပြန်လာတာက မင်းတို့သားအဖနှစ်ယောက်ကိုရှာဖို့ တမင်သက်သက် ခရီးထွက်လာခဲ့တာပဲ"

"အကြောင်းကတော့ ငါက ချုံးအာအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခုကို ယူလာပေးခဲ့တယယ်"

"ချုံးအာက ဒီအခွင့်အရေးကို အောင်အောင်မြင်မြင် ရယူနိုင်တာနဲ့ လီချင်းရွှမ်က ဘာမှမဟုတ်တော့ဘူး"

ထိုစကားကိုကြားချိန်တွင်....

လီကျွင်းတို့သားအဖနှစ်ယောက်၏မျက်လုံးများ တောက်ပသွားသည်။

သူက မျှော်လင့်တကြီး မေးမြန်းလိုက်၏။

"ဘာအခွင့်အရေးလဲ"

"ဟား...ဟား...."

ကုံးချန်၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ အပြုံးနှင့်ပြောဆိုသည်။

"တကယ်တော့ သူက ပညာတွေသင်ယူဖို့အတွက် အရိပ်ကျွန်းကို ဝင်လာရလိမ့်မယ်"

"အရိပ်ကျွန်းကိုလား"

သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ကုံးချန်ကိုကြည့်သော သူတို့၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။

"စီနီယာအစ်ကို...အခု ကိစ္စတွေက ဒီအခြေအနေထိရောက်နေပြီ....ကျွန်တော်တို့ကို မကျီစားပါနဲ့"

လုကျွင်း၏မျက်နှာအမူအယာ ပျက်ယွင်းနေသည်။

"အမှန်ပဲ ဦးလေး...အရိပ်ကျွန်းက ဘယ်သူမဆိုရှောင်ရှားနေတဲ့ နေရာတစ်ခုလေ...ဘယ်လိုလုပ်ပြီး အခွင့်အရေးရှိနိုင်မှာလဲ...ဒီပြက်လုံးက နည်းနည်းလေးတောင် ရယ်စရာမကောင်းဘူး"

နံဘေးတစ်ဖက်တွင်ရှိနေသော လုချုံးကလည်း ပြောဆိုသည်။

"ဟမ့်...မင်းတို့ ငါပြောတာကို မယုံကြဘူးဆိုတာ ငါ သိတယ်"

ကုံးချန်သည် ဤကိစ္စကိုမျှော်လင့်ပြီးဖြစ်ပုံဖြင့် သူ၏အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

"ဒါက...."

"အစစ်အမှန်အနှစ်သာရ အင်မော်တယ်လား...."

ကုံးချန်၏ခန္ဓာကိုယ်မှ အရှိန်အဝါကို စစ်ဆေးကြည့်ပြီးနောက် လီကျွင်းက အံ့အားသင့်တုန်လှုပ်စွာ ပြောဆိုသည်။

"စီနီယာအစ်ကို...မင်း ဘယ်လိုလုပ်ပြီးတော့ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်ကို ရောက်နေတာလဲ...မင်း အရင်က ပြန်လည်ဝင်စားခြင်းအင်မော်တယ် အစောပိုင်းအဆင့်မှာပဲ ရှိသေးတာမဟုတ်လား"

"ဘာလို့ ဒီလောက်ထိ မြန်တာလဲ...."

ထိုစကားကိုပြောဆိုရင်း သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"မင်း အရိပ်ကျွန်းပေါ်မှာ အဆင့်တက်သွားတာလား..."

"တော်တယ်.."

ကုံးချန်က ချီးမွမ်းလိုက်သည်။

"ငါ မင်းကို အမှန်အတိုင်းပြောပြမယ်...ငါ အရိပ်ကျွန်းပေါ်မှာ သေလုမျောပါးဖြစ်နေတဲ့အချိန်က ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်...သူက ငါ့ရဲ့အသက်ကို ကယ်တင်ခဲ့ရုံတင်မကဘူး ငါ့ရဲ့ကျင့်ကြံဆင့်ကိုလည်း မြင့်တက်သွားစေခဲ့တယ်...ဒါကြောင့် ငါက အစစ်အမှန်အနှစ်သာရအင်မော်တယ်တစ်ယောက် ဖြစ်သွားခဲ့တာပဲ"

ထိုအကြောင်းကိုပြောဆိုရင်း...

ကုံးချန်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ၏ခေါင်းကိုမော့ကာ အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်တစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

"ဆရာကြီးအကြောင်းကို ပြောရမယ်ဆိုရင်...သူက မသေမျိုးလို တည်ရှိမှုကြီးပဲ"

"အရိပ်ကျွန်းက တခြားသူတွေရဲ့မျက်လုံးထဲမှာတော့ အန္တရာယ်အရမ်းများတဲ့ အကျဥ်းထောင်တစ်ခုပဲ"

"ဒါပေမယ့် သူ့ရဲ့မျက်လုံးထဲမှာတော့ ဒါက အနောက်ဖက်ဥယျာဥ်လေးတစ်ခုပဲ"

"ငါ အရိပ်ကျွန်းကနေ ထွက်လာနိုင်ခဲ့တဲ့ အကြောင်းအရင်းကို တိတိကျကျပြောရမယ်ဆိုရင် အဲ့ဒီဆရာကြီးကြောင့်ပဲ"

လုကျွင်းတို့သားအဖသည် ထိုစကားများကိုကြားချိန်တွင် သူတို့၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

"လောကကြီးထဲမှာ အဲ့ဒီလောက်ထိ အစွမ်းထက်တဲ့လူမျိုး တကယ်ကြီး ရှိနေတာလား"

"ငါက မင်းတို့ကိုလိမ်ရင်တောင် ဘာအကျိုးရှိလာမှာမလို့လဲ"

ကုံးချန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ မင်းတို့ ငါ့ကို မယုံဘူးဆိုရင်တောင်....ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မင်းတို့ကို လှည့်စားလို့မရဘူး"

လုကျွင်းသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

အမှန်တကယ်ကိုပင်....

ကုံးချန်သည် အရိပ်ကျွန်းသို့ ရောက်မသွားမီအချိန်၌ ပြန်လည်ဝင်စားခြင်းအင်မော်တယ် အစောပိုင်းအဆင့်တွင်သာရှိနေသည်။

အကယ်၍ ကုံးချန်ပြောဆိုသွားသကဲ့သို့ မဟုတ်ပါက သူသည် ဤမျှထိ တိုတောင်းသောအချိန်ကာလအတွင်းတွင် အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်သို့ မည်သို့မျှ ချိုးဖျက်ဝင်ရောက်နိုင်မည်မဟုတ်ချေ။

"စီနီယာအစ်ကို ဆိုလိုတာက...မင်း ချုံးအာကို အရိပ်ကျွန်းဆီ ခေါ်သွားမလို့လား"

လုကျွင်းက မေးမြန်းသည်။

"အင်း...ဆရာကြီးက ကူးပြောင်းရေးဝင်္ကပါကို ဖွင့်လှစ်ထားပြီးတော့ ငါတို့တွေ အချိန်အရွေး အသွားအပြန် လုပ်နိုင်ပေမယ့်....အပြင်လူတွေကို ခေါ်သွားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကုံးချန်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"အကြောင်းကတော့ ဆရာကြီးရဲ့နောက်လိုက်တွေ ဖြစ်လာဖို့အတွက် အခြေခံလိုအပ်ချက်က အရိပ်ကျွန်းပေါ်ကအကျဥ်းသားတွေ ဖြစ်နေဖို့ပဲ"

"ဘာလို့ သူက အကျဥ်းသားတွေကို လိုချင်တာလဲ"

လီကျွင်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"ပြောရမယ်ဆိုရင်...ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်"

ကုံးချန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် မျှော်လင့်စောင့်စားနေသော လူနှစ်ယောက်၏အကြည့်များအောက်တွင် သူ၏လေသံကိုနှိမ့်ကာ စကားတစ်လုံးချင်းပြောဆိုလိုက်သည်။

"ဆရာကြီးရဲ့လုပ်ရပ်တွေအရ အကဲဖြတ်ကြည့်မယ်ဆိုရင် သူက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အသစ်တစ်ခုကို တည်ဆောက်ဖို့ ကြံရွယ်နေတာပဲ"

"ဘာ...ဒါဆိုရင် သူက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဆန့်ကျင်ဖို့ ကြံရွယ်နေတာလား"

သားအဖနှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသတင်းအချက်အလက်သည်...

ပွင့်ပွင့်လင်းလင်းပြောရပါက အလွန်ကြီးမားသည်။

ဤကဲ့သို့ကိစ္စမျိုးကို ယခင်ကဆိုလျှင် သူတို့ စဥ်းစားတွေးတောဝံ့မည်မဟုတ်ချေ။

သို့ရာတွင်...

ယခုချိန်၌ မည်သည်ကြောင့် အရိပ်ကျွန်းပေါ်မှ အကျဥ်းသားများကိုသာ ဆရာကြီးမှလက်ခံကြောင်း သူတို့ နားလည်သဘောပေါက်သွားသည်။

အကြောင်းအရင်းမှာ အရိပ်ကျွန်းသည် မူလက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ အကျဥ်းထောင်ပင်။အရိပ်ကျွန်းပေါ်မှအကျဥ်းသားများသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ရန်သူများပင်။

"ဒီကိစ္စက အရမ်းကြီးတယ်...တကယ်လို့ ငါတို့ အမှားအယွင်းလုပ်မိမယ်ဆိုရင်...ငါတို့ သေသွားနိုင်တယ်"

လီကျွင်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဘာလို့ ငါတို့က သေရမှာလဲ"

ကုံးချန်က လှောင်ပြောင်သရော်လိုက်၏။

"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့နေရာကို အစားထိုးဖို့က ဆရာကြီးအတွက် ခက်ခဲမယ်လို့ ငါတို့ ထင်နေတာလား"

"ဒါဆိုရင် မင်း မှားနေပြီ"

"တကယ်လို့ ငါထင်တာ မှန်မယ်ဆိုရင် ဆရာကြီးက ဘာမှလုပ်စရာမရှိတော့လို့ အပျော်ရှာနေတာလဲ"

"အပျော်ရှာနေတာလား..."

လီကျွင်းတို့သားအဖထံတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏နေရာတွင် အစားထိုးနေရာဝင်ယူခြင်းသည် အပျော်ရှာခြင်းသက်သက်ဖြစ်သလော....

"ငါပြောတာကို မယုံကြဘူးလား..ကောင်းကင်ဘုံအင်မော်တယ်နန်းတော်နေရာကို အစားထိုးနေရာဝင်ယူဖို့ဆိုတာ ဆရာကြီးအတွက် အသေးအမွှားကိစ္စလေးပဲ...သူကိုယ်တိုင် ဆောင်ရွက်ဖို့တောင် မလိုဘူး...ကျွန်းပေါ်မှာရှိတဲ့ လူသားအင်မော်တယ်တစ်ထောင်နဲ့တင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို တစစီခြေမွဖျက်ဆီးနိုင်မှာကို ငါ စိုးရိမ်မိတယ်"

ကုံးချန်က ပြောဆိုသည်။

"လူသားအင်မော်တယ် တစ်ထောင်လား..."

သားအဖနှစ်ယောက်လုံး ကြက်သေသေသွားသည်။

"ထားလိုက်တော့...တကယ်လို့ ငါပြောရင်တောင် မင်းတို့ နားလည်မှာမဟုတ်ဘူး...ဒီအခွင့်အရေးကို မင်းတို့ လိုချင်လား မလိုချင်ဘူးလားဆိုတာကိုပဲ ငါ့ကိုပြောတော့"

ကုံးချန်က မေးမြန်းသည်။

သားအဖနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ထိုနောက် လုကျွင်းက အံ့တင်းတင်းကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

"ငါ သဘောတူတယ်"

"အရမ်းကောင်းတယ်"

ကုံးချန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ငါ နည်းနည်းတော့ စိုးရိမ်ပူပန်နေတုန်းပဲ...ချုံးအာရဲ့ အခုအခြေအနေနဲ့ အရိပ်ကျွန်းကိုရောက်သွားရင်တောင် အဆင်ပြေနိုင်ပါ့မလား"

လီကျွင်းက စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။

"အဲ့ဒီကိစ္စကလား..."

ကုံးချန်၏မျက်ခုံးများ မြင့်တက်သွားကာ ပြောဆိုသည်။

"ဒါက မခက်ပါဘူး...သူ အရိပ်ကျွန်းကိုရောက်သွားတဲ့အချိန်မှာ သင်ယူတတ်ဖို့ပဲ လိုအပ်တယ်... သုံးလအတွင်းမှာ သူက နဂါးတစ်ကောင်လို ပြောင်းလဲသွားလိမ့်မယ်"

ကုံးချန်၏စကားများကို ကြားချိန်၌...

သူတို့နှစ်ယောက်လုံး ပို၍ပို၍ ယုံကြည်စပြုလာသည်။

ဤသည်မှာ တချိန်လုံး မှေးမှိန်နေသော လုကျုံး၏မျက်လုံးများကိုပင် မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပလာစေသည်။

"ဒါပေမဲ့ စီနီယာအစ်ကိုကြီး...မင်းက ချုံးအာကိုခေါ်မသွားနိုင်ဘူးဆိုရင် သူက ဘယ်လိုလုပ်ပြီးတော့ အရိပ်ကျွန်းကို ဝင်နိုင်မှာလဲ"

လုကျွင်းက ကူကယ်ရာမဲ့စွာဖြင့် ထပ်မံ၍မေးမြန်းသည်။

"အင်း...ဒါက ရိုးရှင်းပါတယ်"

"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှာ နန်းဆောင်ခွဲတွေ ရှိနေတယ် မဟုတ်ဘူးလား...ငါက ချုံးအာကိုခေါ်ပြီးတော့ အဲ့ဒီနန်းဆောင်တစ်ဆောင်ကို မီးသွားရှို့လိုက်မယ်"

ကုံးချန်က အပြုံးနှင့်ပြောဆိုသည်။

Chapter 642

သုံးရက်ကြာပြီးနောက်....

ရှီးနင်ကုန်းမြေတွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားသွားခဲ့သည်။

သဟွာဂိုဏ်းမှ မဟာအကြီးအကဲ၏သားဖြစ်သူ လုချုံးသည် ရှီးနင်ကုန်းမြေအတွင်းရှိ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ နန်းဆောင်ခွဲတစ်ခုကို မီးရှို့ခဲ့သည်။

ထိုနန်းဆောင်ခွဲ၏တာဝန်ခံသည် အလွန်ဒေါသထွက်သွားလေ၏။

လုချုံးအား ထိုတာဝန်ခံက နေရာမှာပင် သတ်ဖြတ်လိုသည်။သို့ရာတွင် လုကျွင်းက ဝင်ရောက်ဟန့်တားကာ သူ့၏သားကို အပြစ်ပေးသည့်အနေဖြင့် အရိပ်ကျွန်းသို့ နယ်နှင်ဒဏ်ပေးရန် တောင်းဆိုခဲ့သည်။

ဤအကြောင်းအရင်းကြောင့်...

သဟွာဂိုဏ်းတွင် အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။

ထိုအစည်းအဝေး၌...

မဟာအကြီးအကဲလုကျွင်းသည် လူအများ၏ပစ်မှတ် ဖြစ်လာသည်။

"လုကျွင်း....လုကျွင်း...မင်းက ငါတို့ သဟွာဂိုဏ်းဆီကို ပြဿနာတွေ သယ်လာခဲ့တာပဲ"

"အမှန်ပဲ လုကျွင်း....မင်းရဲ့သားကျင့်ကြံဆင့်က အခုထိ သန်မာအားကောင်းသေးတာ မဟုတ်ဘူး...မင်း သူ့ကို ဘယ်လိုထိန်းသိမ်းနေတာလဲ"

"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့ နန်းဆောင်ခွဲကိုတောင် မီးရှို့ရဲတယ်...တော်တော်သတ္တိကောင်းတဲ့ကောင်ပဲ"

"မင်းရဲ့သားကိစ္စနဲ့ ငါတို့သဟွာဂိုဏ်းကို ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က အမြင်မကြည်တော့ဘူးဆိုတာ မင်း သိလား"

အကြီးအကဲများ၏ ကဲ့ရဲ့အပြစ်တင်ခြင်းနှင့် ရင်ဆိုင်နေရချိန်တွင်...

လုကျွင်းသည် တိတ်ဆိတ်ငြိမ်သက်နေကာ သူတို့၏စကားများကို လျစ်လျူရှုထားသည်။သူသည် သုံးလကြာပြီးနောက် အရိပ်ကျွန်းပေါ်တွင် သူ၏သား လေ့ကျင့်ရာမှ မည်သည့်အကျိုးဆက်မျိုး ရရှိလာမည်ကိုသာ စဉ်းစားတွေးတောနေခဲ့သည်။

ဖြစ်နိုင်သည်မှာ သူ ပြင်ပလောကသို့ပြန်ထွက်ချိန်တွင်....

ရွှမ်အင်မော်တယ်တစ်ယောက် ဖြစ်နေမည်လော....

ထိုအကြောင်းကိုတွေးတောရင်း သူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အကြီးအကဲများသည် ဒေါသထွက်သွားကာ ပို၍ပြစ်တင်ဝေဖန်လိုက်ကြသည်။

"ဂိုဏ်းချုပ် ကြည့်လိုက်အုံး...လုကျွင်းက ရယ်နိုင်တုန်းပဲ....သူက ငါတို့ပြောတာတွေကို အလေးအနက်မထားဘူး"

အကြီးအကဲတစ်ယောက်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

သဟွာဂိုဏ်းချုပ်၏လေးထောင့်ပုံသဏ္ဍာန်မျက်နှာကြီးသည်လည်း အနည်းငယ်သုန်မှုန်သွားပေ၏။

"လုကျွင်း.....မင်းရဲ့သား ကျူးလွန်ခဲ့တဲ့ပြစ်မှုကိုကြည့်ပြီးတော့ မင်းရဲ့သားကို ငါတို့သဟွာဂိုဏ်းကနေ ထုတ်ပယ်ဖို့ ငါတို့အားလုံး တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပြီ"

သဟွာဂိုဏ်းချုပ်က ထုတ်ပြန်ကြေညာသည်။

ထိုစကားကိုကြားချိန်တွင်...

လုကျွင်းသည် နောက်ဆုံး၌ တည်ငြိမ်နိုင်ခြင်းမရှိတော့ဘဲ သူ့၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

သူ ကဲ့ရဲ့ပြစ်တင်ခံနေရခြင်းမှာ ပြဿနာမရှိချေ။

သို့ရာတွင် သူ၏သားကို ဂိုဏ်းမှထုတ်ပယ်မည် ဆိုသည်မှာမူ အလွန်တရားလွန်သွားလေပြီ။

"ဂိုဏ်းချုပ် ချုံးအာကြီးပြင်းလာတာကို မင်းကိုယ်တိုင် စောင့်ကြည့်ခဲ့တာပဲလေ....သူက သန်မာအားကောင်းမှုမရှိပေမယ့် ဒီနှစ်တွေအတွင်းမှာ ဂိုဏ်းအတွက် အများကြီးအကျိုးဆောင်ပေးခဲ့တယ် မဟုတ်လား"

"မင်းက သူ့ကို ဂိုဏ်းကနေ အခုလိုမျိုး ကန်ထုတ်လိုက်တော့မှာလား"

ဟူး ...

ဂိုဏ်းချုပ်က လုကျွင်း၏ပခုံးကိုပုတ်၍ ပြောဆိုသည်။

"မင်းရဲ့သား သဟွာဂိုဏ်းကို သယ်လာတဲ့ပြဿနာက ဘယ်လောက်ထိ ဆိုးရွားတယ်ဆိုတာ မင်း သိလား"

"တကယ်လို့ ငါတို့က သူ့ကို ဂိုဏ်းကနေ မထုတ်ဘူးဆိုရင်....ငါတို့သဟွာဂိုဏ်းက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့ဖိနှိပ်တာကို ခံရလိမ့်မယ်"

"ဒါ့ပြင် သူက အရိပ်ကျွန်းကို ဝင်သွားပြီးတဲ့အချိန်မှာ သေဒဏ်ကျသွားတာနဲ့အတူတူပဲ...ဒါကြောင့် သူ ငါတို့သဟွာဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက် မဟုတ်တော့တာက သူ့အတွက် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး"

ဤစကားကိုကြားချိန်တွင်...

လုကျွင်းသည် အလွန်ဒေါသထွက်သွားလေ၏။

သူတို့၏လုမိသားစုသည် သဟွာဂိုဏ်း‌၌ မျိုးရိုးအစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့သည်။

သူ၏အကြီးဆုံးသား လုချုံး၏အစ်ကိုကြီးသည် သဟွာဂိုဏ်းနှင့်တခြားဂိုဏ်းများ၏ တိုက်ပွဲအတွင်း၌ သေဆုံးသွားခဲ့ရသည်။

ယခုအချိန်‌၌ ဂိုဏ်းချုပ်နှင့်တခြားလူများထံတွင် မည်သည့်အမြင်မျိုး ရှိနေပါစေ အလွန်ဆုံးအနေဖြင့် သူ့ကို ပြင်းပြင်းထန်ထန်ကဲ့ရဲ့ပြစ်တင်ကြမည်ဟု သူ မျှော်လင့်ထားခဲ့သည်။ဤသည်မှာ သူ့အတွက် ပြဿနာမရှိချေ။

သို့ရာတွင် လုချုံးကို ဂိုဏ်းအတွင်းမှ ထုတ်ပယ်ခဲ့သည်မှာမူ သူ၏စိတ်နှလုံးသားကို အလွန်အမင်းအေးစက်သွားစေသည်။

"ငါ မင်းတို့ကို တစ်ခုမေးမယ်...တကယ်လို့ ငါ့ရဲ့သား ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ"

လုကျွင်းက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

"သူ ပြန်ရောက်လာရင်လား"

"လုကျွင်း...မင်း အရမ်းစိတ်ကူးယဉ်မဆန်တာ ပိုကောင်းလိမ့်မယ်"

"သူက အရိပ်ကျွန်းကို စေလွှတ်ခံရတာတောင် မင်းက သူ့ကို ပြန်လာစေချင်သေးတာလား"

အကြီးအကဲများက အေးစက်တင်းမာလေသံဖြင့် ပြောဆိုသည်။

လုကျွင်းသည် ထိုလူများကို လျစ်လျူရှုကာရဂိုဏ်းချုပ်ကို စူးစိုက်၍ကြည့်လိုက်သည်။

"သူ ပြန်လာနိုင်မှာ မဟုတ်ဘူး"

ဂိုဏ်းချုပ်က တည်ကြည်လေးနက်စွာပြောဆိုသည်။

"တကယ်လို့ သူ ပြန်လာရင်တောင် ချမှတ်ထားပြီးသားဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းလို့မရဘူး...အခုချိန်ကနေစပြီးတော့ လုချုံးက ငါတို့သဟွာဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်တော့ဘူး"

"ကောင်းတယ်...အရမ်းကောင်းတယ်..."

လုကျွင်း၏ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ရီနေသည်။

"ဒီကိစ္စအတွက် မင်းတို့နောင်တမရဖို့ ငါ မျှော်လင့်တယ်"

ထို့နောက် သူ၏အင်္ကျီလက်ကို ဒေါသတကြီးခါယမ်းကာ ထွက်ခွာသွားတော့သည်။

လုကျွင်း၏ဒေါသတကြီး ပုံပန်းသွင်ပြင်ကိုကြည့်ပြီး အကြီးအကဲများသည် အေးစက်စက်မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ တချို့လူများသည် သရော်တော်တော်ရယ်မောလိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် လုချုံးသည်....

အရိပ်ကျွန်းသို့ ရောက်ရှိသွားလေပြီ။

သူသည် ရှက်ရွံမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် အကြွင်းအကျန်အမှိုက်များကို စားလိုက်သည်။

တစ်စုံတစ်ယောက်သည် အမှောင်ထုအတွင်းမှနေ၍ သူ့အားစောင့်ကြည့်နေသည်ကို သူ အနည်းငယ်ရိပ်စားမိသည်။

ဤသည်မှာ အရိပ်ကျွန်း၏အစဉ်အလာပင်။

ချူးရှစ်ခွမ်းသည် ဤကိစ္စအတွက် တာဝန်ယူထားလေ၏။

သူ၏စကားများအရ အရိပ်ကျွန်းပေါ်သို့ရောက်ရှိလာသော အကျဉ်းသားများအားလုံးသည် ပထမဆုံးအနေဖြင့် လဝက်ခန့် ဆိုးရွားသောအတွေ့အကြုံများကို ခံစားရပေမည်။

အကယ်၍ သူတို့သည် ဤသို့တွေ့ကြုံခံစားရခြင်း မရှိပါက....

ဆရာကြီး၏လက်အောက်ငယ်သားဖြစ်လာသည်မှာ မည်မျှထိကံကောင်းသည်ကို သိရှိမည်မဟုတ်ချေ။

နောက်ဆုံး၌...

လဝက်ကျော်ကြာမြင့်ပြီးနောက် ချူးရှစ်ခွမ်းသည် တစ်စုံတစ်ယောက်ကိုစေလွှတ်၍ လုချုံးအား ရှာဖွေ၍ခေါ်ဆောင်စေသည်။ထို့နောက် ဆရာကြီးကိုရည်မှန်း၍ အရိုအသေပြုကာ အစဉ်အမြဲရိုသေလေးစားမည်ဟု ကျိန်ဆိုပြီးနောက် လုချုံးသည် နောက်ဆုံး၌ ရီဖုန်း၏အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။

မိသားစုအဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီးနောက် ချုရှစ်ခွမ်းသည် သူတို့အား တာဝန်ခွဲဝေပေးရန်အတွက်လည်း တာဝန်ယူထားရသည်။

ထိုအချိန်မှာပင် လုသရှန်းက မစင်ပုံးတစ်စုံကိုသယ်ဆောင်၍ လျှောက်လှမ်းလာသည်။

"လူအိုကြီးချူ...ဒါက နောက်ထပ်အသစ်ရောက်လာတဲ့သူလား"

လုသရှန်းက မေးမြန်းသည်။

"အမှန်ပဲ...လူအိုကြီးလု ဘယ်လေတိုက်လို့ မင်း ဒီနေရာကို ရောက်လာတာလဲ...ဘာကိစ္စရှိလို့လဲ"

ချူးရှစ်ခွမ်းက အပြုံးနှင့်ပြောဆိုသည်။

"ဒါက ကျွန်းပေါ်မှာရှိနေတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကြောင့်ပဲ...အဲ့ဒီနေရာမှာ မစင်တွေအရမ်းများတာကြောင့် လူအင်အားမလုံလောက်ဘူး....မင်း လူသစ်တွေခေါ်လာတာကိုကြည့်ပြီးတော့ ငါက မင်းဆီကို လာခဲ့တာပဲ...ငါဆီကို လူတစ်ယောက်လောက် လွှတ်ပေးစေချင်တယ်"

လုသရှန်းက ရယ်မောရင်း ပြောဆိုလိုက်၏။

"အော် အဲဒီလိုတွေဖြစ်နေတာလား....မင်း ရှေ့ကိုတိုးပြီးတော့ အသစ်ရောက်လာတဲ့လူကို စိတ်တိုင်းကျရဲ့လားဆိုတာ မင်း တစ်ချက်ကြည့်လိုက်အုံး"

ချူးရှစ်ခွမ်းကလည်းရယ်မောကာ လုချုံးကို ရှေ့သို့တွန်းပို့ပြီး ပြောဆိုသည်။

"ဒီကောင်လေးကို ကြည့်လိုက်အုံး"

"မဆိုးဘူး"

လုသရှန်းသည် လုချုံးကို စူးစိုက်၍ကြည့်ပြီးနောက် သူ၏ပခုံးကိုပုတ်ကာ ပြောဆိုသည်။

"သူက တကယ့်ကိုမဆိုးဘူး...သန်မာမယ့်ပုံရတဲ့ လူငယ်လေးတစ်ယောက်ပဲ...ဒါကြောင့် သူက မစင်ပုံးတွေကို ကောင်းကောင်းကြီးထမ်းနိုင်လိမ့်မယ်"

"မင်းရဲ့သဘောအတိုင်းပဲ...လူငယ်လေး မင်း ဒီနေရာမှာ ဘာလို့ မတ်တတ်ရပ်နေတာလဲ...မင်း ဘယ်လောက်ထိ ကံကောင်းတယ်ဆိုတာ မင်း ခုထိမသိသေးဘူးပဲ....မင်းက ဒီမစင်သယ်ဆောင်ရေးတာဝန်ခံရဲ့စိတ်အာရုံကို ဆွဲဆောင်သွားနိုင်မှာတော့ အခုအချိန်ကနေစပြီး မင်းဘဝရဲ့အထွတ်အထိပ်ကို ရောက်တော့မယ်...ငါတောင်မှပဲ အကြီးအကဲလုကို တွေ့ချင်တိုင်းတွေ့လို့မရဘူး"

"ကျွန်တော်က အကြီးအကဲလုကို ဂါရဝပြုပါတယ်"

လုချုံးက ရိုသေလေးစားစွာပြောဆိုသည်။

"အရမ်းကောင်းတယ်"

လုသရှန်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မစင်ပုံးတစ်စုံက ပါးလွှာသောလေထုအတွင်း၌ ထွက်ပေါ်လာသည်။

"ဒါက မင်းအတွက် အသုံးအဆောင်ပစ္စည်းပဲ ....ဝင်ဝင်ခြင်းအဆင့်အတွက် ရတဲ့ပစ္စည်းရဲ့အဆင့်က နိမ့်ပါးတယ်ဆိုပေမယ့် ဒါက ထိပ်တန်းအဆင့် အင်မော်တယ်မှော်ရတနာပဲ...ဒါကို မင်း အရင်ဆုံးယူထားလိုက်တော့... နောက်ကျရင် ငါက မင်းကို ကောင်းကင်အဆင့်အင်မော်တယ်မှော်ရတနာကိုပေးမယ်"

ထိုစကားကိုကြားချိန်တွင် လုချုံး၏လက် တုန်ရီသွားသည်။

"ထိပ်တန်း...ထိပ်တန်းအဆင့် အင်မော်တယ်ရတနာလား"

သူ၏ပါးစပ်မှနေ၍ အထစ်ထစ်အငေါ့ငေါ့ ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။

"ဒါက ဝင်ဝင်ခြင်းအဆင့်အတွက်လား"

"ကျေးဇူးတင်ပါတယ်....အကြီးအကဲလုကို ကျေးဇူးတင်ပါတယ်"

လုချုံးက မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင်....

သူသည် ကုံးချန်ပြောဆိုသွားခဲ့သော စကားများနှင့်ပတ်သက်ပြီး မည်သည့်သံသယမျှ မရှိတော့ချေ။

သူသည် သူ့ဘဝ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိတော့မည်ဟု နောက်ဆုံး၌ သူ ယုံကြည်သွားသည်။

"ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူး..ဆရာကြီးကိုပဲ"

လုသရှန်းက တည်ငြိမ်စွာပြောဆိုသည်။

"အဲ့ဒီနေရာက ဆရာကြီးရဲ့အဆောင်ပဲ...မင်း နေ့တိုင်းဦးညွှတ်အရိုအသေပြုရမယ်"

"ဟုတ်ကဲ့"

လုချုံးသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သိုင်းပညာခန်းမရှိရာဘက်သို့ဦးတည်၍ အရိုအသေပြုလိုက်သည်။

ထို့နောက် သူသည် လုသရှန်း၏နေရာသို့ လိုက်ပါသွားခဲ့လေ၏။

သူသည် နောက်ဆုံး၌ မစင်သယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်....

လုချုံးသည် မစင်သယ်ဆောင်ရာ၌ အလွန်ကောင်းမွန်သူတစ်ယောက် ဖြစ်နေလေပြီ။

သူသည် တစ်ရက်လျှင် မစင်ပုံးသုံးဆယ်ထက် ပို၍သယ်ဆောင်နိုင်ပေ၏။

.အကြီးအကဲများထံမှ နေ့စဉ်နေ့တိုင်း သူ ဆုလာဘ်အဖြစ်ရရှိသော သစ်သီးများကြောင့် သူ၏ကျင့်ကြံဆင့်သည် ပို၍မြင့်မားလာကာ ရက်အနည်းငယ်အတွင်းမှာပင် သူသည် ရွှမ်အင်မော်တယ်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

တစ်ရက်၌ သူသည် နောက်ဆုံးတွင် ကုံးချန်နှင့် ဆုံတွေ့ခဲ့သည်။

"ကျွန်တော်က ဦးလေးကို အရိုအသေပြုပါတယ်"

လုချုံးက ရိုသေလေးစားစွာပြောဆိုသည်။

"ချုံးအာ...မင်း ရောက်လာပြီပဲ"

ကုံးချန်က အပြုံးတစ်ခုနှင့်ပြောဆိုပြီး လုချုံး၏အနီးသို့ ချဉ်းကပ်သွားကာ တိုးညှင်းစွာမေးမြန်းလိုက်၏။

"ဒါနဲ့ မင်း အခု ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေတာလဲ"

"ကျွန်တော်က မစင်သယ်ဆောင်ရေးတာဝန်ခံ အကြီးအကဲလုရဲ့လက်အောက်ကပါ"

လုချုံးက ရိုသေလေးစားစွာ တုံ့ပြန်သည်။

ထိုစကားကိုကြားချိန်တွင်...

ကုံးချန်၏မျက်ခုံးများ မြင့်တက်သွားကာ ရယ်မောလိုက်သည်။

"ကောင်းတယ်"

"ချုံးအာ....မင်းက တော်တော်လေးကံကောင်းတာပဲ....အကြီးအကဲလုရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခွင့်ရတာ ကြီးမားတဲ့ကောင်းချီးတစ်ခုပဲ...မင်းက သေသေချာချာကြိုးစားပြီးတော့ အကြီးအကဲလုရဲ့စကားတွေကို နားထောင်ရမယ်"

Chapter 643

"ဦးလေး ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"

လုချုံးက ရိုသေလေးစားစွာ ပြောဆိုသည်။

"စကားမစပ်...သဟွာဂိုဏ်းက မင်းကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီဆိုတာ မင်း သိလား..."

ကုံးချန်က မေးမြန်းသည်။

"ဘာ..."

လုချုံး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက အော်ဟစ်လိုက်သည်။

"ဘာလို့လဲ"

"ငါ့အထင်တော့ မင်းက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ပြစ်မှားခဲ့တာကြောင့် သူတို့က မင်းနဲ့ဆက်ဆံရေးကို ဖြတ်တောက်ချင်တာပဲ"

ကုံးချန်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင်...

လုချုံးက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

သူ့၏စိတ်ဝိညာဥ်အရင်းအမြစ်များသည် မပြည့်စုံသဖြင့် သူ၏ကျင့်ကြံခြင်းသည် လုံလောက်ခြင်းမရှိချေ။

သို့ရာတွင် သူသည် ဤနှစ်များအတွင်းတွင် သဟွာဂိုဏ်းအတွက် လုံ့လဝီရိယရှိစွာ တာဝန်ထမ်းဆောင်ပေးခဲ့သည်။သူ အရိပ်ကျွန်းသို့ နယ်နှင်ဒဏ်ပေးခံရပြီးနောက် သဟွာဂိုဏ်းသည် တစ်လမပြည့်သေးမီမှာပင် သူ့အားထုတ်ပယ်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင်...

သူတို့သည် သူ့အား အချိန်အနည်းငယ်မျှ မစောင့်ဆိုင်းကြပေ။

"အဲ့ဒီကိစ္စကြောင့် ငါက အကြီးအကဲချင်းဟွမ်နဲ့ ခုဏက စကားပြောပြီးပြီ...နောက်ပိုင်းကျရင် ငါက အကြီးအကဲလုနဲ့လည်း စကားပြောရလိမ့်မယ်...ခုနစ်ရက်ကြာရင် မင်းက ငါနဲ့အတူ ရှီးနင်ကုန်းမြေကို လိုက်ခဲ့ရမယ်...အရင်က သူတို့ရဲ့ဆုံးဖြတ်ချက် ဘယ်လောက်ထိ မှားတယ်ဆိုတာ သူတို့ကို ကြည့်ခွင့်ပြုကြစို့"

ကုံးချန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ပြောဆိုသည်။

"ဒါက အရမ်းကောင်းတယ်"

လုချုံးက အံ့တင်းတင်းကြိတ်လိုက်သည်။

သူ့၏မျက်လုံးများ နီမြန်းသွားကာ သူ ဤနေ့ရက်ကို စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယခင်ကဆိုလျှင် သူသည် တစ်ရက်တွင် ပြန်လည်၍မြင့်တက်လာနိုင်မည်ဟု သူ တွေးတောဝံ့မည်မဟုတ်ချေ။

သူသည် သိုင်းပညာခန်းမရှိရာနေရာသို့ အမှတ်မထင်ကြည့်လိုက်မိကာ တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

သူ နားလည်သဘောပေါက်ထားသည်မှာ...

ဤကျွန်း၏အရှင်သခင်သည် ယခုလက်ရှိ သူ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ပေးအပ်ထားခြင်းပင်။

ရက်အနည်းငယ်ကြာလျှင် သူ ရှီးနင်ကုန်းမြေသို့ ပြန်သွားရတော့မည်အား သူ သိရှိထားသည်။

ထို့ကြောင့် နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် သူသည် အကန့်အသတ်ရောက်သည်အထိ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သည်။သူသည် မိုးသောက်ချိန်မှ နေဝင်ချိန်ထိ မစင်ပုံးသုံးဆယ်မှခြောက်ဆယ်ထိ သယ်ဆောင်ခဲ့သည်။

ထို့ကြောင့် သူ၏ကျင့်ကြံဆင့်သည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ်ထိ မြင့်တက်လာခဲ့သည်။

ဤကျွန်းပေါ်ရှိ...

မည်သည့်နေရာတွင်မဆို သူ၏ကျင့်ကြံဆင့်ကို မြင့်တက်စေသည်။

သူ လေကိုတစ်ချက်ရှုရှိုက်ခြင်း မစင်နံ့ကိုရှုမိခြင်းနှင့် စပျစ်သီးတစ်လုံးစားခြင်းတို့ကပင် သူ့အား တိုးတက်စေပေ၏။

ဤနေရာတွင်....

ကျင့်ကြံဆင့်နယ်ပယ်၌ အတားအဆီးဖြစ်ခြင်းနှင့် စိတ်ဝိညာဥ်အရင်းအမြစ် ပျောက်ဆုံးနေခြင်းတို့သည် ပြဿနာတစ်ရပ်မဟုတ်ချေ။

ခုနစ်ရက်ကြာပြီးနောက်...

သူသည် ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်သို့ ရောက်ရှိသွားကာ ကုံးချန်နှင့်အတူ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။

ကူးပြောင်းရေးဝင်္ကပါ အသက်ဝင်တော့မည့်အချိန်တွင် ရီဖုန်းသည် လက်တစ်ဖက်၌ လက်ဖက်ရည်အိုးကိုကိုင်ကာ တခြားလက်တစ်ဖက်၌ ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ပြီး ပြင်ပသို့ထွက်လာသည်ကို သူတို့ တွေ့မြင်မိသည်။ရီဖုန်းသည် သူကိုယ်တိုင်ပြုလုပ်ထားသော နေကာမျက်မှန်ကိုတပ်ကာ ပူပြင်းသောနေရောင်ခြည်အောက်တွင် အမျိုးမျိုးသောလုပ်ငန်းများကို စစ်ဆေးနေသည်။

"ဒါက ဆရာကြီးပဲ..."

ရီဖုန်းကို မြင်တွေ့ချိန်တွင် ကုံးချန်သည် အပျော်လွန်သွားကာ သူ့၏နောက်ရှိ လုချုံးကိုပုတ်၍ အော်ဟစ်လိုက်သည်။

"ချုံးအာ....မြန်မြန်လေး...ဆရာကြီးကို သွားပြီးနှုတ်ဆက်ရအောင်"

ထိုမြင်ကွင်းကိုကြည့်ပြီး လုချုံးသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။

သူသည် ကျွန်းပေါ်၌ တစ်လကြာအောင်နေထိုင်ပြီးနောက် ရီဖုန်း၏နာမည်ကို ကြားဖူးသော်လည်း သူသည် ရီဖုန်းနှင့် တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ဖူးခြင်းမရှိချေ။

ယခုချိန်၌ သူ ရီဖုန်းကို မြင်တွေ့ရချိန်တွင် အလျှင်အမြန် ဒူးထောက်လိုက်သည်။

"အိုး...ဒီလိုလုပ်ဖို့မလိုပါဘူး...လူငယ်လေး မြန်မြန်ထတော့"

ရီဖုန်းက သူ့အား တွဲထူပေးကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

ရီဖုန်းကိုယ်တိုင် သူ့အား ထူမပေးသည်ကိုကြည့်ပြီး လုချုံးသည် အလွန်ပျော်ရွှင်သွားပေ၏။

ယခုကြည့်ကြည့်တော့မှ ဤဆရာကြီးသည် အလွန်စိတ်သဘောထားကောင်းမွန်နေသဖြင့် သူ ပို၍ပင် ရိုသေလေးစားသွားခဲ့သည်။

"လူအိုကြီးကုံး...ဒီကောင်လေးက ဘယ်သူလဲ"

ရီဖုန်းသည် ဤလူနှစ်ယောက်ထံ၌ နီးကပ်သောဆက်ဆံရေး ရှိပုံရသည်ကိုကြည့်ပြီး သူ မေးလိုက်မိသည်။

"ဆရာကြီးကို သတင်းပို့ပါတယ်...ဒါက ငါ့ရဲ့တူပါ"

ကုံးချန်က ရိုသေလေးစားစွာ ပြောဆိုသည်။

"လူအိုကြီးကုံးရဲ့တူလား..."

ရီဖုန်း၏မျက်ခုံး မြင့်တက်သွားသည်။

ဤသည်မှာ အဖြစ်ဆိုးတစ်ခုပင်။

အရိပ်ကျွန်းသို့ ဦးလေးဖြစ်သူ နယ်နှင်ဒဏ်ပေးခံရပြီးနောက် တူဖြစ်သူလည်း ရောက်လာသည်။

"ဒါဆိုရင် သိဟောင်းကျွမ်းဟောင်းတွေပဲ...ငါက မင်းရဲ့တူကို ပထမဆုံးတွေ့တဲ့အချိန်မှာ ဘာမှပေးစရာမရှိဘူး...ဒီချိုချဥ်လေးကို စားလိုက်အုံး"

ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးကာ သူ့၏အိတ်ကပ်အတွင်းမှ ချိုချဥ်တစ်လုံးကိုထုတ်ယူ၍ လုချုံးထံ လက်ကမ်းပေးလိုက်သည်။

လုချုံးသည် ရီဖုန်းလက်ကမ်းပေးသော ချိုချဥ်ကိုကြည့်ပြီးနောက် အချိန်တခဏကြာသည်အထိ သူ မည်သို့ပြုလုပ်ရမည်ကို မသိရှိချေ။

ကုံးချန်သည် အရင်အသိဝင်လာကာ လုချုံး၏တင်ပါးကို ကန်လိုက်၏။

"မင်း ဘာလုပ်နေတာလဲ...ဆရာကြီးကို ကျေးဇူးတင်လိုက်လေ"

"ဟုတ်ကဲ့...ဟုတ်ကဲ့....ဟုတ်ကဲ့...ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

လုချုံးက ချိုချဥ်ကိုယူကာ အလျှင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"မင်းတို့ကောင်တွေ အလုပ်ရှုပ်နေပုံပဲ...ငါ တရေးသွားအိပ်တော့မယ်"

ရီဖုန်းက လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပျင်းတိပျင်းရွဲလေသံဖြင့် ပြောဆိုသည်။

"ဆရာကြီးကို နှုတ်ဆက်ပါတယ်"

ရီဖုန်းထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကုံးချန်က စိတ်လှုပ်ရှားစွာပြောဆိုသည်။

"ဟား ဟား ဟား...ချုံးအာ...မင်းက အရမ်းကံကောင်းတာပဲ...ဆရာကြီးက မင်း ဒီနေရာကိုရောက်လာတဲ့ အကြောင်းအရင်းကိုသိတာကြောင့် မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်တာပဲဖြစ်မယ်"

"ဆရာကြီးက ကျွန်တော်ရဲ့အကြောင်းကို သိနိုင်တာလား"

လုချုံးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"ငတုံး...မင်းရဲ့ပြဿနာလေးလောက်ကို ဆရာကြီးက အလွယ်လေးသိနိုင်တယ်"

ကုံးချန်က အော်ငေါက်လိုက်၏။

"ချိုချဥ်ကို မြန်မြန်စားလိုက်စမ်း....ဘာအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာ ကြည့်ရအောင်"

"ဟုတ်ကဲ့...ဦးလေး....ကျွန်တော်တို့ တစ်ဝက်စီစားကြမလား"

လုချုံးက မေးမြန်းသည်။

"အမ်..."

ကုံးချန်က သူ၏လျှာကိုသပ်လိုက်သည်။သူသည် ချိုချဥ်ကိုစားလိုသော်လည်း ဂျူနီယာဆီမှာအရာကို ခွဲဝေယူသကဲ့သို့ဖြစ်နေမည်ဟု တွေးတောမိသဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ငါ့အတွက် မလိုအပ်ဘူး....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဂျူနီယာတစ်ယောက်လေ...ဒီအခွင့်အရေးကို မင်းတစ်ယောက်တည်းယူတာ ပိုကောင်းလိမ့်မယ်"

ကုံးချန်သည် ခေါင်းမာမာနှင့် ငြင်းဆန်နေသည်ကိုကြည့်ပြီး လုချုံးသည် ခေါင်းညိတ်ပြကာ မျှော်လင့်တကြီးဖြင့် သူ၏လက်အတွင်းမှ ချိုချဥ်ကိုကြည့်လိုက်သည်။

ထို့နောက် သူ ချိုချဥ်ခွံကိုခွာကာ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် သူသည် ပြန်လည်ဝင်စားခြင်းနယ်ပယ်မှ အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေ၏။

"အိုး...ဘုရားရေ..."

နံဘေးမှစောင့်ကြည့်နေသော ကုံးချန်၏မျက်လုံးများ ပြူးကျယ်သွားကာ....

မည်သည့် တုံ့ပြန်နိုင်ခြင်းမျှ မရှိတော့ချေ။

နောက်ထပ်တစ်ကိုက်တွင်...

အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့်ကို တိုက်ရိုက်ရောက်ရှိသွားလေ၏။

ထို့ပြင် လုချုံးသည် ဤကဲ့သို့အစွမ်းထက်သော စွမ်းအားကို အပြည့်အဝမခံယူနိုင်သဖြင့် ကြွင်းကျန်သောစွမ်းအားအများစုမှာ လေထုအတွင်း၌ ပျက်ပြယ်သွားသည်။ထိုသို့မဟုတ်ပါက လုချုံးသည် မည်သည့်နယ်ပယ်သို့ရောက်ရှိသွားမည်ကို တွေးတောကြည့်၍ပင် မရနိုင်ချေ။

"သောက်ချေးပဲ..."

ထိုမြင်ကွင်းကိုကြည့်ပြီး ကုံးချန်သည် ငိုကြွေးမိတော့လုမတတ်ပင်။

"တကယ်လို့ ငါ အစောကတည်းကသာကြိုသိရင်....ဦးလေးဆိုတဲ့အနေအထားကြီးကို ဘေးဖယ်ပြီးတော့...ငါ ဘာလို့ ချိုချဥ်တစ်ဝက်ကို မစားဘဲနေမိမှာလဲ"

Chapter 644

ကျင့်ကြံဆင့်ချိုးဖျက်ပြီးနောက်...

လူချုံးက ယုံကြည်ချက်အ​ပြည့်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

အချိန်တစ်လကြာပြီးနောက်...

သူ အသစ်တဖန် မွေးဖွားလာလေပြီ။

ခွေးတကောင်လောက်ပင် အဆင့်မရှိသော လူတစ်ယောက်အဖြစ်မှနေ၍ သူသည် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ မြင်တတ်လာနိုင်ခဲ့သည်။

ဤကိစ္စမျိုးကို သူ ယခင်က တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

ဤကျင့်ကြံဆင့်နယ်ပယ်သို့အရောက်တွင် သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ဆရာကြီးတစ်ယောက်ဟု သတ်မှတ်ခံရပေမည်။

သဟွာဂိုဏ်း၏ဂိုဏ်းချုပ်ကို ဥပမာအနေဖြင့်ယူ၍ကြည့်လျှင် သူသည် အစစ်အမှန်အနှစ်သာရအင်မော်တယ် အလယ်အလတ်အဆင့်တွင်သာရှိပေ၏။

လူငယ်မျိုးဆက်တွင်မူ ပို၍ဆိုးဝါးသည်။

ဥပမာအနေဖြင့် သူနှင့်စေ့စပ်ထားကာ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ်ကို နိုးထနိုင်ခဲ့ပြီး ချင်းရွှမ်ဂိုဏ်း၏သူတော်စင်မိန်းမပျိုဖြစ်သော လီချင်းရွှမ်ပင်လျှင် ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့်တွင်သာရှိသည်။

"သဟွာဂိုဏ်း..."

"ပြီးတော့ လီချင်းရွှမ်..."

"အခု ဒီလိုအခြေအနေမျိုးနဲ့ ငါက မင်းတို့ရဲ့ရှေ့မှာ ထွက်ပေါ်လာမယ်ဆိုရင်...မင်းတို့ရဲ့မျက်နှာအမူအယာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါ သိချင်မိတယ်"

လုချုံးက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

"ဦးလေး ကျွန်တော် မစောင့်နိုင်တော့ဘူး...အခု အပြင်ကိုထွက်ကြစို့"

လုချုံးက ရယ်မောရင်း ပြောဆိုသည်။

သို့ရာတွင်...

သူ အချိန်အတော်ကြာ အော်ဟစ်သည့်တိုင်...

ကုံးချန်သည် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ သူ၏ခြေထောက်နံဘေး၌ထိုင်နေကာ အသက်ကို ပြင်းပြင်းထန်ထန်ရှူရှိုက်နေသည်။

"ဦးလေး ဘာအဆင်မပြေ ဖြစ်နေတာလဲ"

လုချုံးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ငါ့ကို ဦးလေးလို့မခေါ်နဲ့"

ကုံးချန်သည် သူ၏ခေါင်းကို တစ်ဖက်သို့လှည့်ကာ ထောင့်တစ်နေရာသို့သွား၍ ဆောင့်ကြောင့်ထိုင်လိုက်၏။သူ့၏စိတ်နှလုံးသားကို ရိုက်ခတ်ခံလိုက်ရခြင်းကြောင့် သူ ထိုကိစ္စကို ပို၍စဉ်းစားတွေးသောမိလေလေ ပို၍ဒေါသထွက်လေလေပင်။ထိုကြောင့် သူက ဒေါသတကြီးအော်ငေါက်လိုက်၏။

"လုချုံး...ငါ မင်းကိုမေးမယ်...ခုဏကချိုချဉ် မင်း ငါ့ကို ဘာလို့တစ်ဝက်ခွဲမပေးတာလဲ"

"အမ်..."

"ဦးလေး...ကျွန်တော်က ဦးလေးကို ပေးတယ်လေ...ဒါပေမဲ့ ဦးလေးက မလိုချင်ခဲ့တာမဟုတ်ဘူးလား"

လုချုံးက အပြစ်ကင်းစင်သောလေသံဖြင့် ပြောဆိုသည်။

"ဟမ့် ငါက မလိုချင်ဘူးလို့ပြောတာနဲ့ မင်းက မပေးတော့ဘူးလား...ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းထက်အသက်ကြီးတဲ့လူ ငါ မင်းကို ညှာတာရမယ်မဟုတ်လား"

ကုံးချန်က ဝမ်းနည်းကြေကွဲနေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"တကယ်လို့ ငါ မလိုချင်ဘူးလို့ပြောရင်တောင် မင်းက ငါ့ကိုပေးခဲ့ရင် ဘယ်လောက်ထိ ကောင်းလိုက်မလဲ...အဲ့ဒီချိုချဉ်က ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်း သိလား"

"မင်းက အဲ့ဒီလောက်များပြားတဲ့ စွမ်းအားတွေကို တစ်ယောက်တည်းနဲ့ မဝါးမြိုနိုင်ဘူး...မင်းဖြုန်းတီးလိုက်တဲ့စွမ်းအားတွေ ဘယ်လောက်ထိများတယ်ဆိုတာ မင်း သိလား"

ကုံးချန်က ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

ရုတ်တရက် သူ၏မျက်လုံးအကြည့်သည်မြေပြင်ပေါ်သို့လွှင့်ပစ်ထားသော ချိုချဉ်ခွံထံသို့ ကျရောက်သွားသည်။

သူ၏မျက်လုံးများ တောက်ပသွားကာ...

သူ၏လက်ကို လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့်ဘဆန့်တန်းပြီး တစ်ချိန်တည်းမှာပင် သူ၏လျှာကိုလည်း လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ဆန့်ထုတ်လိုက်သည်။

နည်းနည်း...

နည်းနည်းလေး...

အံ့အားသင့်ဖွယ်​ကောင်းအောင်ပင်...

သူ ချိုချဉ်ခွံကို လျှာဖြင့်တို့ပြီးနောက် သူ၏မူလအစစ်အမှန်အနှစ်သာရနယ်ပယ် အလယ်အလတ်အဆင့်မှနေ၍ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အစွမ်းထက်သောစွမ်းအားများကို ခံစားမိချိန်တွေ ယခင်က ကုံးချန်၏မွန်းကြပ်နေမှုများအားလုံး ပျောက်ကွယ်သွားကာ ပျော်ရွှင်မှုများက အစားထိုးဝင်ရောက်လာသည်။

သူ အမှန်တကယ်ကို စိတ်ကျေနပ်သွားပေ၏။

"အဟွတ် အဟွတ်...."

ထို့နောက် သူ၏နံဘေးတွင် တောင့်တင်းစွာ မတ်တတ်ရပ်နေသော လုချုံးကိုကြည့်ပြီး ချောင်းနှစ်ချက်ခန့် ဟန်ဆောင်ပန်ဆောင်ဆိုးကာ မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သကဲ့သို့ ဟန်ဆောင်လိုက်၏။

ထို့နောက် သူက ပြောဆိုသည်။

"ချုံးအာ...တကယ်တော့ မင်းရဲ့ဦးလေးဖြစ်တဲ့ငါက အရှက်မရှိတဲ့လူမျိုး မဟုတ်ပါဘူး...ငါက မင်းရဲ့ချိုချဉ်ကို လိုချင်လို့မဟုတ်ပါဘူး ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့တူပဲလေ"

"ဦးလေး ခုဏပြောတဲ့စကားတွေက နည်းနည်းလေး လွန်သွားတယ် မင်း စိတ်ထဲမထားနဲ့"

"ငါတို့ အင်မော်တယ်နယ်မြေကို အရင်ဆုံးသွားကြရအောင်"

...

ရက်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက်...

သူတို့သည် ရှီးနင်းကုန်းမြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရှီးနင်းမြို့၏ပြင်ပ၌...

ကုံးချန်သည် လေထုအတွင်း၌ မတ်တတ်ရပ်ကာ မလှမ်းမကမ်းအကွာရှိ ရှီးနင်မြို့ကိုကြည့်ပြီး မေးမြန်းလိုက်၏။

"ချုံးအာ...မင်း ပြန်ရောက်သွားပြီးရင် ဘာလုပ်မှာလဲ"

"အဲ့ဒီလက်ထပ်ပွဲကို သေချာပေါက်ဖျက်သိမ်းရမှာပေါ့..လီချင်းရွှမ်က ကျွန်တော်ရဲ့အာရုံစူးစိုက်မှုနဲ့ မထိုက်တန်တော့ဘူး"

လုချုံးက သူ၏ခေါင်းကိုအနည်းငယ်မော့ကာ ပြောဆိုသည်။

အတိတ်က သူသည် အမှိုက်ကောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထိုအချိန်တုန်းက သူမထံတွင် မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။

လီချင်းရွှမ်...

ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ်....

သူတော်စင်မိန်းမပျို...

ရှီးနင်ကုန်းမြေအရှင်၏တိုက်ရိုက်တပည့်...

ဤအရာများသည် သူ၏မျက်လုံးများအတွင်းအတွင်း၌ မြင့်မားသောတောင်ကြီးများအလားပင်။

သို့ရာတွင် ယခုချိန်၌ ဤအရာများအားလုံးသည် အရေးမပါတော့ချေ။

အရိပ်ကျွန်းပေါ်ရှိ မစင်တွင်းနံဘေးတွင် ရံဖန်ရံခါ ပန်းပင်များစိုက်ပျိုးနေသော မိန်းကလေးတယောက်ပင်လျှင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ရှိနေသည်မဟုတ်လော...

ထို့ပြင် ကူးပြောင်းရေးဝင်္ကပါ မှတ်တမ်းတင်ခြင်းခန်းမရှိ စီနီယာအမကြီးထံတွင် အဆင့်မြင့်အင်မော်တယ်ခန္ဓာကိုယ် ရှိနေသည်မဟုတ်လော...

ထို့ပြင် ရံဖန်ရံခါ အကြီးအကဲလုနှင့် စကားစမြည်ပြောဆိုကာ ဖရဲစေ့များဖြင့်ပစ်ပေါက်၍ ကျီစယ်နေသော ခပ်ဝဝအဒေါ်ကြီးထံတွင်ပင် ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ရှိနေသည်မဟုတ်လော....

သူတို့အားလုံးသယ်ဆောင်ခဲ့သော မစင်ပုံးပမာဏကို ကူညီ၍မှတ်တမ်းတင်ပေးသော မိန်းကလေးထံတွင်လည်း ကြောက်မက်ဖွယ်ကောင်းသည့် မစင်ခန္ဓာကိုယ်ရှိနေသည်။

လီချင်းရွှမ်၏ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ်သည် ကျွန်းပေါ်၌ သူ မြင်တွေ့ခဲ့ရသော ရုပ်ခန္ဓာကိုယ်များအနက်မှ တစ်ခုခု၏ရှေ့၌ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။

"လက်ထပ်ပွဲဖျက်မယ့်ကိစ္စမှာ အကြီးမားဆုံးအနှောက်အယှက်က ရှီးနင်ကုန်းမြေအရှင်ပဲ သူ့ကိုအရင်ဆုံးရှင်ထုတ်ရမယ်

လုချုံးက မောက်မာထောင်လွှားစွာပြောဆိုသည်။

"ရှီးနင်ကုန်းမြေအရှင်က ကုန်းမြေအရှင်တွေကြားမှာ တော်တော်လေးအားနည်းတယ်ဆိုပေမယ့်...ကုန်းမြေအရှင်လီဟောင်ထျန်းရဲ့စွမ်းအားက ကြယ်အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီ ...ဒါ့ပြင် သူကလူသားမျိုးနွယ်ထက် ပိုပြီးသန်မာအားကောင်းတဲ့ မွန်းစတားတစ်ကောင်ပဲ ...မင်းက သူ့ထက် ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ဆင့်တောင် နိမ့်နေတယ်...မင်း သေချာရဲ့လား"

ကုံးချန်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"သေချာတာပေါ့"

လုချုံးက ယုံကြည်ချက်အပြည့်ဖြင့် တုံ့ပြန်သည်။

ထို့နောက် သူ၏လက်ဝါးကိုမြှောက်လိုက်ရာ မစင်ပုံးတစ်စုံ ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုမစင်ပုံးတစ်စုံကို မြင်တွေ့ချိန်၌ ကုံးချန်သည် ချက်ချင်း နားလည်သဘောပေါက်သွားပေ၏

ဤသည်မှာ ကောင်းကင်အင်မော်တယ်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သော ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်တစ်ခုပင်။

ဤကဲ့သို့ရတနာမျိုးရှိနေခြင်းကြောင့် လုချုံးသည် အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့်၌ရှိနေသည့်တိုင် ကြယ်အင်မော်တယ်နယ်ပယ် မွန်းစတားတစ်ကောင်ကို သေချာပေါက်ဖြေရှင်းနိုင်ပေမည်။

ကုံးချန်သည် ကူကယ်ရာမဲ့စွာဖြင့် လုချုံးကိုကြည့်ကာ အနည်းငယ်မနာလိုအားကျစ ပြုလာသည်။

သူသည် မစင်သယ်ယူရေးအဖွဲ့သို့ ဝင်ရောက်မိပါက ဤကဲ့သို့မှော်လက်နက်တစ်ခုကို ချက်ချင်းရရှိနိုင်သည်မဟုတ်လော....

ကျွန်းပေါ်တွင် အင်မော်တယ်မှော်ရတနာ အမြောက်အများရှိသော်လည်း ထိုအရာများအနက်မှအများစုသည် မိုးမြေဂိုဏ်းမှ ယူဆောင်လာခြင်းဖြစ်သည်။ထိုကြောင့် ကျွန်းပေါ်တွင် ယခင်က ရှိသူများသည် ထိုအင်မော်တယ်မှော်လက်နက်များကို နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေရုံသာတတ်နိုင်ပြီး ပိုင်ဆိုင်နိုင်ခြင်းမရှိချေ။

အမှန်အားဖြင့် ကံကောင်းမှုသည် အလွန်အရေးပါပေ၏။

သူသည် အရိပ်ကျွန်းပေါ်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည့်တိုင် ကျွန်းပေါ်သို့ရောက်သည်မှာတစ်လသာ ကြာမြင့်သေးသော လုချုံးကဲ့သို့ အခွင့်အရေးအမြောက်အများ မရရှိခဲ့ချေ။

အထူးသဖြင့် လုချုံးသည် မစင်သယ်ယူရေးအဖွဲ့သို့ရောက်ပြီးနောက် တတိယနေ့မှာပင် အကြီးအကဲလု၏ နှစ်ခြိုက်သဘောကျမှုကိုခံခဲ့ရသည်။ထို့ကြောင့် သူသည် ရီဖုန်း၏အိမ်သာမှမစင်များကိုသယ်ယူရန် တာဝန်ကျခဲ့လေ၏။

ဤမစင်များကြောင့် လုချုံး၏ကျင့်ကြံဆင့် ခုန်ပျံကျော်လွှား၍ မြင့်တက်သွားကာ ခွေးတစ်ကောင်ထက်ပင်နိမ့်ကျသောဘဝမှ ရွှမ်အင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိသွားခြင်းဖြစ်သည်။

"စီနီယာတူလေး..."

ကုံးချန်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ အပြုံးနှင့်ပြောဆိုသည်။

"ဦးလေးက မင်းကို ပုံမှန်အတိုင်းဆက်ဆံမယ်ဆိုရင် မင်း ဘယ်လိုသဘောရလဲ"

"ဦးလေးက ကျွန်တော်အတွက် ခေါင်းကိုင်ဖခင်တစ်ယောက်ပါပဲ"

လုချုံးက တည်ကြည်လေးနက်စွာပြောဆိုသည်။

"ဒါက အရမ်းကောင်းတယ်"

"မင်းက တကယ့်ကို ငါ့ရဲ့တူကောင်းလေးတစ်ယောက်ပဲ"

"တူလေး...ငါတို့ကျွန်းကိုပြန်ရောက်ရင် အကြီးအကဲလုကို မစင်သယ်တဲ့နေရာမှာ လူတွေလိုအပ်နေသေးလားလို့ ငါ့ကိုကူညီပြီး မေးပေးစမ်းပါ"

ထိုစကားကိုပြောဆိုရင်း...

ကုံးချန်သည် သူ၏ကြွက်သားများကိုထုတ်ပြကာ နီမြန်းနေသောမျက်နှာဖြင့်ပြောဆိုသည်။

"မင်းရဲ့ဦးလေးက အသက်နည်းနည်းအိုနေပေမယ့် ငါ့မှာ ခွန်အားနည်းနည်းတော့ ရှိနေပါသေးတယ်"

Chapter 645

"ဒါက ဦးလေးမလုပ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"

လုချုံးက ပျက်ယွင်းနေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ကျွန်တော်တို့အဖွဲ့မှာရှိတဲ့ လူတိုင်းကို အကြီးအကဲလုကိုယ်တိုင် ရွေးချယ်ထားခဲ့တာ...."

"အဲ့ဒီလိုလား...."

လုချုံး၏ ကိုးရိုးကားယားဖြစ်နေသော မျက်နှာကိုကြည့်ပြီး ကုံးချန်က စိတ်ပျက်လက်ပျက်ဖြင့် သူ့၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"ငါက ဒီကိစ္စကို နားလည်သွားပြီ...ငါ ဒီလိုဘဝမျိုးကို မပိုင်ဆိုင်နိုင်တဲ့အတွက် မင်းကို အပြစ်မတင်ဘူး...အပိုစကားတွေပြောနေတာကိုရပ်ပြီးတော့ ငါတို့ အလုပ်သွားလုပ်ကြရအောင်"

"ဟုတ်ကဲ့"

လုချုံးက ခေါင်းညိတ်ပြပြီးနောက် တောင်းပန်လိုသောအကြည့်ဖြင့် ကုံးချန်ကိုကြည့်လိုက်သည်။ထို့နောက် သူ၏အကြည့်ကို သူ့ရှေ့ရှိ ရှီးနင်မြို့ထံသို့ ​ရွှေ့ပြောင်းလိုက်၏။

သူ၏စိတ်နှလုံးသားအတွင်း၌ နားလည်သဘောပေါက်ထားသည်မှာ....

အလုပ်ကိစ္စပင်...

ပြဿနာများအားလုံးကို ဖြေရှင်းပြီးနောက် သူသည် မစင်များသယ်ဆောင်ရန်အတွက် ကျွန်းသို့ပြန်ရပေမည်။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မြို့အတွင်းသို့ ဝင်ခဲ့တော့သည်။

ရန်လိုသောအငွေ့အသက်တစ်ရပ်ကြောင့် ချက်ချင်းဆိုသလိုပင် မြို့အတွင်း၌လှုပ်ခတ်မှုများ ဖြစ်ပွားသွားစေသည်။

ရုတ်ချည်းဆိုသလိုပင်....

လူလေးယောက်က လေထုအတွင်းသို့ ပျံသန်းလာသည်။

သူတို့အားလုံးသည် ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့်များပင်။

"မင်းတို့က ဘယ်သူတွေလဲ...ရှီးနင်မြို့ထဲကိုလာပြီးတော့ ရန်လိုတဲ့အငွေ့အသက်တွေကို ထုတ်လွှတ်မင်းတို့ကသေလမ်းရှာနေတာလား။

ထိုလူလေးယောက်သည် ကုံးချင်တို့နှစ်ယောက်ကိုဝိုင်းရံကာ အေးစက်စက်အသံဖြင့် အော်ငေါက်လေ၏။

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့်လေးယောက်သည် သူတို့ အာရုံစူးစိုက်ရန် မထိုက်တန်ချေ။သူတို့ ထွက်လာစေလိုသည်မှာ မြို့အတွင်းရှိ အစွမ်းထက်ဆုံးလူပင်။

ကုံးချန်တို့တို့နှစ်ယောက်သည် ပါးစပ်ကိုတင်းတင်းကြပ်ကြပ်ပိတ်ထားကာ သူတို့၏စကားများကို လျစ်လျှုရှုထားသည်အားကြည့်ပြီး ရွှမ်အင်မော်တယ်လေးယောက်လုံး ဒေါသထွက်သွားသည်။

"ငါ့အထင်တော့ မင်းတို့က သေလမ်းရှာနေကြတာပဲ"

ထိုလူလေးယောက်သည် သူတို့၏အရှိန်အဝါများကိုထုတ်လွှတ်လိုက်ရာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ကုံးချန်တို့နှစ်ယောက်ထံသို့ တိုးဝင်သွားသည်။

သို့ရာတွင်....

သူတို့လေးယောက် စတင်တိုက်ခိုက်သောမည့်အချိန်တွင် ညင်သာသောအသံတစ်သံက မြို့အတွင်းမှ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ထို့နောက် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော ဆံပင်ရှည်နှင့်မိန်းကလေးတစ်ယောက်သည် ဓါးပျံကိုစီးနင်းကာ ဤနေရာသို့ ပျံသန်းလာသည်။

"သူတော်စင်မိန်းမပျိုကို အရိုအသေပြုပါတယ်"

ထိုမိန်းကလေးကိုမြင်တွေ့ချိန်တွင် ရွှမ်အင်မော်တယ်လေးယောက်သည် အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်၏။

"မင်းတို့ အရင်ဆုံး ပြန်သွားကြတော့"

ထိုမိန်းကလေးက ခေါင်းညိတ်ပြကာ ရွှမ်အင်မော်တယ်လေးယောက်ကို ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

ထိုလူလေးယောက်သည် နောက်သို့ဆုတ်ကာ ထွက်ခွာသွားတော့သည်။

ရွှမ်အင်မော်တယ်လေးယောက် ထွက်ခွာသွားပြီးနောက် မိန်းကလေးသည် စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် လုချုံးကို ကြည့်လိုက်၏။

"မမျှော်လင့်ဘဲ နင်က အရိပ်ကျွန်းကနေ တကယ်ကြီးထွက်လာနိုင်ခဲ့တယ်"

"လီချင်းရွှမ်"

သူ၏ဇနီးလောင်းကို ဤနေရာ၌ ဆုံတွေ့ရမည်ဟု လုချုံးက မျှော်လင့်မထားမိချေ။

"နင် အရိပ်ကျွန်းကနေ ဘယ်လိုထွက်လာနိုင်ခဲ့တယ်ဆိုတာ ငါ မသိပေမယ့် ချိန်းဆိုထားတဲ့နေ့ကို မရောက်သေးဘူး..အခု နင်က ဒီနေရာကို ဘာလာလုပ်တာလဲ"

လီချင်းရွှမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ရှီးနင်မြို့က နင် ဆန္ဒရှိသလို ဝင်ထွက်သွားလာလို့ရတဲ့ နေရာတစ်နေရာမဟုတ်ဘူး...အရင်က ငါတို့ကြားမှာရှိတဲ့ ဆက်ဆံရေးကြောင့် ဒီနေ့တော့နင့်ရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်...ဒါကြောင့် နင် မြန်မြန်ထွက်သွားတော့...မဟုတ်ရင် နင် ထွက်သွားချင်ရင်တောင် သွားလို့မရတော့မှာကို ငါ စိုးရိမ်မိတယ်"

လုချုံး၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သရော်တော်တော်အပြုံးတစ်ခုနှင့်အတူ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ချိန်းဆိုချက်နေ့က အခုထိ မရောက်သေးပေမယ့်...မင်း အဲ့ဒီရက်ကို ရှေ့တိုးလိုမရဘူးလား"

လီချင်းရွှမ်သည် ကြက်သေသေသွားလေ၏။

"နင်က စေ့စပ်ပွဲစာချုပ်ကိစ္စကို ဒီနေ့ဖြေရှင်းချင်တာလား"

"အမှန်ပဲ"

"နင် တကယ်ပြောနေတာလား"

"သေချာတာပေါ့"

"ကောင်းပြီလေ"

လီချင်းရွှမ်က ခေါင်းညိတ်ပြလေသည်။

"ကိစ္စက ဒီလိုတွေဖြစ်လာမှတော့ အရင်က သဘောတူညီချက်အရဆိုရင်...တကယ်လို့ နင် ရှုံးတာနဲ့ စေ့စပ်စာချုပ်ကို ငါ့ဆီ လွှဲပြောင်းပေးပြီးတော့ ငါ့ရှေ့ကနေ ပျောက်ကွယ်သွားရမယ်.... တကယ်လို့ နင်နိုင်ရင် ငါက စေ့စပ်စာချုပ်အတိုင်း ဖြည့်ဆည်းပေးမယ်"

"အဆင်ပြေတယ်"

လုချုံးကလည်း သူ၏ခေါင်းကိုညိတ်ကာ ပြောဆိုလိုက်၏။

"တကယ်တော့ ငါ မင်းကို စိတ်မဝင်စားဘူး"

လီချင်းရွှမ်က ကြက်သေသေသွားကာ မေးမြန်းလိုက်သည်။

"နင် ဘာကိုဆိုလိုတာလဲ"

"ကျေးဇူးပြုပြီးတော့ လီဟောင်ထျန်းကို ထွက်လာပြီး တိုက်ခိုက်ခိုင်းလိုက်ပါ"

လုချုံးက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

သူ ဤသို့လုပ်ရသည့် အကြောင်းအရင်းသည် အချိန်ကိုချွေတာရန်အတွက်ပင်။

လီချင်းရွှမ်ကို အနိုင်ယူရန်အတွက် သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံသာ လိုအပ်သည်။

သို့ရာတွင်...

အကယ်၍ သူသည် လီဟောင်ထျန်း အပင်ပန်းခံ၍ ပြုစုပျိုးထောင်ပေးနေသော လီချင်းရွှမ်ကို အမှန်တကယ် အနိုင်ယူလိုက်ပါက လီဟောင်ထျန်းသည် မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။

ဤကဲ့သို့ကိစ္စမျိုး ရှိနေသဖြင့်...

သူသည် ထိပ်ဆုံးမှလူကို စိန်ခေါ်လိုက်သည်က ပို၍လွယ်ကူပေမည်။

အကယ်၍ သူ့ထံ၌ အချိန်ပိုများရလာပါက သူသည် ကျွန်းသို့ပြန်ကာ မစင်ပုံးအမြောက်အများကို သယ်ဆောင်နိုင်ပေမည်။

"နင် စိတ်ရောမှန်သေးရဲ့လား"

လီချင်းရွှမ်က စိတ်မကြည်မသာဖြစ်သွားသောမျက်နှာဖြင့် ပြောဆိုသည်။

"ငါက နင်နဲ့ မပတ်သက်ချင်ဘူး...အခုလို စကားတွေအများကြီးပြောနေရတာက ငါ့ရဲ့အချိန်ကို ဖြုန်းနေတာပဲ...ငါ့ရဲ့ဆရာသခင်ကို ထွက်လာအောင်တောင်းဆိုဖို့အတွက် နင့်မှာ ဘာအရည်အချင်းရှိလို့လဲ"

"ငါ့ရဲ့ဆရာသခင်က နင့်ကို တစ်ချက်တောင်ကြည့်မယ်လို့ နင် ထင်နေတာလား"

သို့ရာတွင်...

သူမ၏စကားအဆုံးမသတ်သေးမီမှာပင် ကုံးချန်က သူမကို ပါးဖြတ်ရိုက်လိုက်သည်။

"ဒီကောင်မလေးရဲ့ခွန်အားက ဘာမှမကောင်းဘဲနဲ့ အပိုစကားတွေ အများကြီးပြောနေတယ်"

ကုံးချန်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"အစကတော့ ငါ့မှာ ဒီမိန်းကလေးအတွက် ဘာခံစားချက်မှမရှိဘူး..ဘယ်လိုပဲပြောပြော အရင်ကဆိုရင် မင်းက အမှိုက်ကောင်တစ်ကောင်ပဲလေ...လက်ထပ်ပွဲကိုဖျက်ချင်တယ်ဆိုတာက သူ့အတွက် အဓိပ္ပါယ်ရှိတယ်"

"အခု မင်းက သာမန်ကာလျှံကာ ပြောဆိုလိုက်ရုံနဲ့ သူ့ရဲ့အကျင့်စရိုက်တွေ ပေါ်လာပြီ...သူ့ကိုကြည့်ရတာ မိန်းမကောင်းတစ်ယောက် ဟုတ်ပုံမရဘူး"

ဘုန်း....

လီချင်းရွှမ်သည် ပါးရိုက်ခံရခြင်းကြောင့် မြို့အတွင်းသို့ ကျရောက်သွားကာ ကြီးမားသောအဆောက်အအုံတလုံးနှင့် ဝင်တိုက်မိသည်။

ဤကဲ့သို့အပြောင်းအလဲတစ်ခုကြောင့် မြို့အတွင်းမှနေ၍ တုံ့ပြန်မှုများ အလျှင်အမြန်ထွက်ပေါ်လာခဲ့သည်။

လီချင်းရွှမ်သည် သူမ၏ပါးစပ်မှနေ၍ သွေးတစ်လုတ်ထွေးထုတ်ကာ မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"လာကြစမ်း...ငါတို့ရှီးနင်မြို့ထဲကို သူတို့က ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားနေတယ်...အဲ့ဒီလူနှစ်ယောက်ကို ဖမ်းလိုက်ကြစမ်း"

"ဟုတ်ကဲ့"

ရုတ်ချည်းဆိုသလိုပင် ရှီးနင်မြို့မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများသည်ကျိုင်းကောင်များအလား ပျံသန်းလာကာ ကုံးချန်နှင့်လီချုံးတို့ကို တိုက်ခိုက်လိုက်ကြသည်။

"တူလေး...မင်းရဲ့ဦးလေးဖြစ်တဲ့ငါက အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးကတည်းက ဘာမှမလှုပ်ရှားရသေးဘူး..ကျွန်းပေါ်မှာရှိတဲ့လူတွေအားလုံးကလည်း အမြဲတမ်း အလုပ်ရှုပ်နေကြတယ်...ဒါကြောင့် ဒီအသေးအမွှားလေးတစ်စုကို ငါက မင်းအတွက် အရင်ဆုံးဖြေရှင်းပေးမယ်...ဟုတ်ပြီလား"

ကုံးချန်က အေးစက်စက်ပြုံးကာ လျှပ်ပျက်သကဲ့သို့အရှိန်ဖြင့် ပျံသန်းသွားသည်။

အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့်၏စွမ်းအားသည် အလွန်ပြင်းထန်ပေ၏။

ကုံးချန် ရှေ့သို့ထွက်သွားချိန်တွင် လေဟာနယ်ပင် တုန်ခါသွားသည်။

ရှီးနင်မြို့မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် မုန့်လုံးလေးများအလား မြို့အတွင်းသို့ပြန်လည်၍ လွင့်ထွက်သွားကြသည်။

"ဘာ...."

"ဒါက အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့်မဟုတ်လား"

ထိုမြင်ကွင်းကိုကြည့်ပြီး လီချင်းရွှမ်၏မျက်နှာ အေးစက်တင်းမာသွားသည်။

ဤကဲ့သို့ခွန်အားမျိုးသည် သူမ ရင်ဆိုင်နိုင်မည့် တစ်စုံတစ်ခုမဟုတ်ကြောင်း သူမက ချက်ချင်းသိရှိသွားသည်။ထို့ကြောင့် သူမသည် ဆရာသခင်ကို ခေါ်ဆောင်ခြင်းမပြုပါက သူမ မည်သို့မျှ ခုခံနိုင်မည်မဟုတ်ချေ။

ထို့ကြောင့်သူမသည် သတင်းပို့ရန်ရည်ရွယ်၍ သတင်းပို့ကျောက်စိမ်းပြားကို အလျှင်အမြန်ထုတ်ယူလိုက်သည်။

"အသံပေးပို့ဖို့ မလိုတော့ဘူး"

သူမ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သောအချိန်မှာပင် ရှီးနင်မြို့၏နက်ရှိုင်းသောနေရာမှနေ၍ ဆံပင်များဖရိုဖရဲဖြစ်နေသော လူတစ်ယောက်က ပြင်းထန်သောဖိအားအရှိန်အဝါနှင့်အတူ ထွက်ပေါ်လာသည်။

ထိုလူကိုမြင်တွေ့ချိန်တွင် လူအမြောက်အများသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။

"ဆရာသခင်ကို အရိုအသေပြုပါတယ်"

"ကုန်းမြေအရှင်ကို အရိုအသေပြုပါတယ်"

လီဟောင်ထျန်းသည် ညင်သာစွာခေါင်းတစ်ချက်ညိတ်ပြပြီးနောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ထို့နောက် အားလှိုင်းတရပ်သည် လီချင်းရွှမ်ကို ရစ်သိုင်းလွှမ်းခြုံသွားကာ သူမအား ညင်သာစွာမတင်ပြီး သူ၏နံဘေးသို့ ရောက်ရှိလာစေသည်။

"ချင်းအာ..ဘာတွေ ဖြစ်နေတာလဲ"

"ဒါက အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့်မှာရောက်နေတဲ့ လူအိုကြီးကြောင့်ပဲ....အဲ့ဒီလူအိုကြီးကို လုချုံးက ခေါ်လာခဲ့တယ်"

လီချင်းရွှမ်က သူမ၏ခေါင်းကို အောက်သို့ငုံ၍ ပြောဆိုသည်။

"လုချုံး...."

လီဟောင်ထျန်းသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ရုတ်တရက်အမှတ်ရသွားကာ ​မေးမြန်းသည်။

"ဒါက မင်းနဲ့စေ့စပ်စာချုပ်ရှိတဲ့ ကောင်လေးမဟုတ်လား"

"အမှန်ပါပဲ"

လီချင်းရွှမ်က ပြောဆိုသည်။

"ငါ့နောက်ကို လိုက်ခဲ့စမ်း"

လီဟောင်ထျန်းက သူ၏လက်ကို ရွေ့လျားလိုက်ကာ အားလှိုင်းတစ်ရပ်က လီချင်းရွှမ်ကို မတင်သွားပြီး သူတို့နှစ်ယောက်သည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ပျံသန်းသွားလေ၏။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့သည် လေထုအ​တွင်း၌ မတ်တတ်ရပ်နေသော ကုံးချန်နှင့်လုချုံးတို့၏ရှေ့သို့ ရောက်ရှိသွားသည်။

"ကုန်းမြေအရှင်...နောက်ဆုံးတော့ ထွက်လာပြီလား"

ကုံးချန်၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

"မင်းက ငါ့ကို လာရှာတာလား"

လီဟောင်ထျန်း၏ ထက်ရှသောမျက်လုံးအကြည့်သည် ကုံးချန်တို့နှစ်ယောက်ထံသို့ ကျရောက်သွားသည်။သူ့ထံတွင် မြင့်မြတ်သူတစ်ယောက်၏ အရှိန်အဝါမျိုးရှိနေကာ သူ၏အသံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်မှုများ ရောယှက်နေသည်။

"ဟုတ်တယ်...ငါက မင်းကို လာရှာတာပဲ"

ကုံးချန်က ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။

"ငါ ဒီနေရာကို ရောက်လာတာက..တစ်ချိန်တုန်းက သူတို့နှစ်ယောက်ကြားမှာရှိတဲ့ စေ့စပ်ပွဲစာချုပ်ကိစ္စကို ဒီနေ့ ဖြေရှင်းဖို့အတွက်ပဲ"

"အဲ့ဒီလိုလား..."

လီဟောင်ထျန်းက သရော်တော်တော်ပြုံးလိုက်သည်။ထို့နောက် သူက လီချင်းရွှမ်ကိုလှည့်ကြည့်ကာ မေးမြန်းလိုက်၏။

"ချင်းအာ...မင်း ဘယ်လိုသဘောရလဲ"

လီချင်းရွှမ်၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။ ထို့နောက် သူမက ခေါင်းမော့ပြီး လုချုံးကို ကြည့်ကာ ပြောဆိုသည်။

"လုချုံး နင်က ဒီအစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့် လူအိုကြီးကို ဘယ်နေရာကနေ ခေါ်လာတယ်ဆိုတာ ငါ မသိပေမယ့်... နင် သူ့ကို ဒီနေရာဆီခေါ်လာနိုင်တာနဲ့ နင် ထင်ရာစိုင်းနိုင်ပြီလို့ ထင်နေတာလား"

"တကယ်လို့ နင်ရဲ့ဘေးမှာ အဲ့ဒီလူအိုကြီးရှိနေရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် နင့်ရဲ့ခွန်အားက အားကောင်းတာမဟုတ်ဘူး...နင်က အမှိုက်ကောင်တစ်ကောင် ဖြစ်နေဦးမှာပဲ"

"အဲ့ဒီထက်ပိုပြီးရယ်စရာကောင်းတာက ဒီလူအိုကြီးက ငါ့ရဲ့ဆရာသခင်ကို စိန်ခေါ်နိုင်မယ်လို့ နင်က ထင်နေခဲ့တယ်...ဒါကြောင့် နင်တို့က ငါရဲ့ဆရာနဲ့ တိုက်ခိုက်နိုင်မယ်လို့ယူဆပြီးတော့ စေ့စပ်ပွဲကိစ္စကို ညှိနှိုင်းဖို့ ရောက်လာတာမဟုတ်လား"

"နင့်ရဲ့အတွေးတွေက ဘယ်လောက်ထိရယ်ဖို့ကောင်းတယ်ဆိုတာ နင် သိမှာမဟုတ်ဘူး"

"အကြောင်းကတော့ အဲ့ဒီလူအိုကြီးက ငါ့ဆရာရဲ့ရှေ့မှာ ထွက်လာဖို့တောင် မထိုက်တန်ဘူး... အစစ်အမှန်အနှစ်သာရအင်မော်တယ်တစ်ယောက်က ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ ကြယ်အင်မော်တယ်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး...ဒီနယ်ပယ်နှစ်ခုကြားမှာ ကြီးမားတဲ့ ကွာဟချက်ကြီးရှိနေတယ်"

လီချင်းရွှမ်၏စကားများကို ကြားချိန်တွင်....

ကုန်းမြေအရှင် လီဟောင်ထျန်းသည် အလွန်စိတ်ကျေနပ်သွားပေ၏။

သူသည် မျက်ခုံးပင့်ကာ ရန်စသည့်အကြည့်ဖြင့် ကုံးချန်ကိုကြည့်ပြီး ပြောဆိုသည်။

"ငါ့ရဲ့တပည့် ပြောသွားတဲ့အတိုင်းပဲ...မင်းက ငါ့ကို စိန်ခေါ်ချင်တယ်ဆိုရင် မင်းရဲ့ခွန်အားက မလုံလောက်သေးဘူး"

"ငါက မင်းတို့နဲ့ အချိန်အများကြီး မဖြုန်းနိုင်ဘူး ....မင်းတို့က သေလမ်းရှာနေကြတာပဲ"

ဆရာတပည့်နှစ်ယောက် အဆက်မပြတ်စကားပြောဆိုနေသည်ကိုကြည့်ပြီး လုချုံးသည် နောက်ဆုံး၌ သည်းမခံနိုင်တော့ချေ။ထို့ကြောင့် သူသည် ကုံးချန်၏နံဘေးမှနေ၍ ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောဆိုလိုက်သည်။

"ငါ့အထင်တော့ မင်းတို့နှစ်ယောက် နားလည်မှုလွဲနေပြီ"

"ငါ့ရဲ့ဦးလေးက မင်းတို့ကို စိန်ခေါ်တာမဟုတ်ဘူး....ငါက စိန်ခေါ်တာပဲ"

Thank For Reading.

All Chapters