← Chapters

အခန်း (၆၄၆-၆၅၀)

Vol. 44 Ch. 646-650

အခန်း (၆၄၆-၆၅၀)

Vol. 44 Ch. 646-650

Chapter 646

"ဘာ...နင်ကလား"

လီချင်းရွှမ်သည် ကြက်သေသေသွားလေ၏။

ထို့နောက် သူမသည် ဟာသပြက်လုံးကြီးတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောကာ သရော်တော်တော်မျက်နှာဖြင့် ပြောဆိုသည်။

"လုချုံး....နင်က တကယ့်ကို သေလမ်းရှာနေတာပဲ...နင်နဲ့ငါကြားမှာတောင် ကြီးမားတဲ့ကွာဟချက်ကြီးတစ်ခု ရှိနေတယ်....ဒါတောင်မှ နင်က ငါ့ရဲ့ဆရာကို စိန်ခေါ်ရဲတယ်...နင်က အရမ်းရယ်စရာကောင်းတာပဲ"

သို့ရာတွင်...

လီချင်းရွှမ်၏လှောင်ပြောင်သရော်မှုနှင့် ရင်ဆိုင်ရသည့်တိုင် လုချုံးသည် သူမကို လှည့်ကြည့်ခြင်းပင်မပြုချေ။

အကြောင်းအရင်းမှာ လီချင်းရွှမ်သည် သူ၏အာရုံစိုက်မှုနှင့် မထိုက်တန်သောကြောင့်ပင်။

သူသည် လီဟောင်ထျန်းကိုသာ တိတ်တဆိတ်စောင့်ကြည့်လိုက်၏။

ဤသည်မှာ လီချင်းရွှမ်ကို အလွန်စိတ်မကျေမနပ် ဖြစ်သွားစေသည်။

ဤကောင်စုတ်ထံတွင် မည်သည်ကြောင့် ပမာမခန့်အမူအယာ ရှိနေသနည်း...

"ဟား ဟား ဟား...."

လီဟောင်ထျန်းသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ထို့နောက် သူ၏ရယ်မောသံ ရပ်တန့်သွားကာ သူ့၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"ကောင်လေး...မင်း ဒီနေရာကိုရောက်လာတာ ငါနဲ့ကစားဖို့လား"

"ဒီကုန်းမြေအရှင်မှာ မင်းနဲ့ဖြုန်းတီးဖို့အတွက် အချိန်အများကြီးမရှိဘူး"

"သွားသေလိုက်တော့"

လီဟောင်ထျန်း၏ပါးစပ်မှ အေးစက်စက်စကားများ ထွက်ပေါ်လာခြင်းနှင့်အတူ တချိန်တည်းမှာပင် သူ့၏လက်ဝါးကို မြှောက်လိုက်၏

ထို့နောက် သူ၏လက်ကို ပြင်းပြင်းထန်ထန်ဖျစ်ညှစ်လိုက်ရာ...

ရုတ်ချည်းဆိုသလိုပင်...

လုချုံး၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် တဖြည်းဖြည်းကျုံသွားကာ သူ၏အနီးသို့ ချဉ်းကပ်သွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး....

လီချင်းရွှမ်၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သရော်တော်တော်ပြုံးလိုက်သည်။

လုချုံးသာသေဆုံးသွားပါက သူမအတွက် အကောင်းဆုံးကိစ္စပင်။ဤသို့ဆိုပါက စေ့စပ်စာချုပ်ကိစ္စသည်လည်း ရှိတော့မည်မဟုတ်ချေ။

ချိန်းဆိုချက်သည်လည်း ရှိတော့မည်မဟုတ်သဖြင့် သူမအတွက် အချိန်ကုန်သက်သာသွားပေမည်။

အကြောင်းအရင်းမှာ သူမ၏အဆင့်အတန်းဖြင့် တခြားလူများ အတင်းအဖျင်းပြောခြင်းကို ရှောင်တိမ်းရန်အလို့ငှာ သူမသည် ယခင်က လုချုံးနှင့်စေ့စပ်စာချုပ်ကိုဖြတ်ရန် မလွယ်ကူခဲ့ချေ။ထိုကြောင့် သူမသည် တစ်နှစ်တာချိန်းဆိုချက်ကို သဘောတူညီခဲ့လေ၏။

ယခုလက်ရှိချိန်၌ လုချုံးသည် သူမ၏ဆရာသခင်ကို ရန်စစော်ကားသဖြင့် အသတ်ခံရသည်ဖြစ်ရာ တခြားလူများသည် မည်သို့မျှ ပြောဆိုနိုင်တော့မည်မဟုတ်ချေ။

သို့ရာတွင်

အသက်ရှူချိန် အနည်းငယ်ကုန်ဆုံးသွားပြီးနောက်....

လုချုံးသည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလားပင်။သူ၏နံဘေးပတ်လည်ရှိ လေဟာနယ် ကျုံဝင်နေမှုသည် သူ့အား အနည်းငယ်​မျှ သက်ရောက်မှုရှိပုံမရချေ။

သူမအတွက် မယုံကြည်နိုင်စရာအကောင်းဆုံးကိစ္စမှာ ဤအချိန်အခိုက်အတန့်တွင် လုချုံး၏နှုတ်ခမ်း၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်နေခြင်းပင်။

"ဘာတွေဖြစ်နေတာလဲ"

လီချင်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤကဲ့သို့အဆင့်ရှိသော လေဟာနယ်ဖိနှိပ်ခြင်းကိုခံရပါက လုချုံးမဆိုထားနှင့် သူမပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ချေ။

သူမသည် ကူကယ်ရာမဲ့ဖြစ်သွားကာ မေးခွန်းထုတ်လိုသောအကြည့်ဖြင့် နံဘေးတွင်ရှိနေသည့် လီဟောင်ထျန်းကို ကြည့်လိုက်သည်။

သို့ရာတွင် သူမသည် လီဟောင်ထျန်းကိုပြန်မကြည့်မိပါက ပို၍အဆင်ပြေပေမည်။အကြောင်းအရင်းမှာ လီဟောင်ထျန်းသည် ပါးစပ်အဟောင်းသားဖြစ်နေကာ သူမထက် ပို၍အံ့အားသင့်နေပုံရခြင်းကြောင့်ပင်။

အမှန်တကယ်ကိုပင်....

တစ်ဖက်လူကိုကြည့်ပြီး လီဟောင်ထျန်းသည် ဤအချိန်အခိုက်အတန့်၌ စိတ်မအေးသကဲ့သို့ ခံစားနေရကာ သူ၏နှလုံးသားအတွင်း၌ လှိုင်းထန်နေသည်။

လုချုံး၏နံဘေးပတ်လည်ရှိ လေဟာနယ်ကို ဖိနှိပ်ရာ၌ သူ ရရှိလိုက်သောခံစားချက်သည် သာမာန်လူတစ်ယောက်မှနေ၍ သူ၏လက်ဖြင့် သံတုံးကြီးတစ်တုံးကို မနေသည့်အလားပင်။

ထိုလူသည် လည်ပင်းများအစ်လာကာ ချေးထွက်သည်အထိ ကြိုးစားသော်လည်း သံတုံးကြီးကို မြောက်တတ်လာအောင် မနိုင်ခြင်းမရှိချေ။

ဤသည်မှာ အလွန်ထူးဆန်းပေ၏။

"ကောင်လေး...ငါ မင်းကို လျှော့တွက်ခဲ့မိတယ်"

လီဟောင်ထျန်းက အက်ရှရှအသံဖြင့် ပြောဆိုသည်။

"အခုကြည့်ကြည့်တော့မှ မင်းက ကောလဟာလတွေထဲကလို အမှိုက်ကောင်တစ်ကောင်မဟုတ်ဘူးပဲ...ဒါပေမဲ့ မင်းက လိမ္မာပါးနပ်ပြီးတော့ မင်းကိုယ်မင်း ကောင်းကောင်းကြီးဖုံးကွယ်ထားခဲ့တယ်...အနည်းဆုံးတော့ မင်းက မင်းရဲ့ဘေးမှာရှိတဲ့လူအိုကြီးနဲ့ အဆင့်တူမှာရှိနေတယ်"

"ဘာ..."

"ဖုံးကွယ်ထားတာလား"

"သူက သူ့ရဲ့ဘေးမှာရှိတဲ့ လူအိုကြီးနဲ့ အဆင့်တူမှာရှိနေတာလား"

"ဒါက မဖြစ်နိုင်ဘူး...သူက အစစ်အမှန်အနှစ်သာရ အင်မော်တယ်နှောင်းပိုင်းအဆင့်လား"

နံဘေးတွင်ရှိနေသော လီချင်းရွှမ်၏မျက်လုံးများ ပြူးကျယ်နေကာ ဤအချက်ကို လုံးလုံးလျားလျား ယုံကြည်လက်ခံနိုင်ခြင်းမရှိသဖြင့် အလျင်စလိုအော်ဟစ်လိုက်သည်။

"ဆရာ...ဆရာ မှားနေတာများလား...ကျွန်မ သူ့ကို လွန်ခဲ့တဲ့တစ်လလောက်က တွေ့ခဲ့ရတယ်...သူ့မှာ လူသားအင်မော်တယ်စွမ်းအားပဲ ရှိတယ်ဆိုတာ အသိသာကြီးလေ...သူက ကျင့်ကြံဆင့်အခြေခံကို ဖုံးကွယ်ထားတယ်ဆိုရင်တောင် တစ်လအချိန်အတွင်းမှာ သူက နဂါးတံခါးကိုကျော်နိုင်တဲ့ ငါးကြင်းတစ်ကောင် ဖြစ်မလာနိုင်ဘူး"

လီချင်းရွှမ်သည် ဤရလဒ်ကို အနည်းငယ်မျှ လက်ခံနိုင်ခြင်းမရှိချေ။

ဤသည်မှာ သူမ၏စေ့စပ်စာချုပ် ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်နေသည်။

သူမ အစဥ်အမြဲ ငြင်းပယ်ကာ အထင်အမြင်သေးခဲ့သောလူသည် အမှန်အားဖြင့် သူမထက်ပို၍ သန်မာအားကောင်းနေသလော...

ထို့ပြင် သူ၏ကျင့်ကြံဆင့်အခြေခံသည် သူမမော့ကြည့်ရသောအဆင့်သို့ ရောက်ရှိနေသလော...

သူမသည် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကာ မောက်မာထောင်လွှားသော ပါရမီရှင်တစ်ယောက်ပင်။သူမ၏ပါရမီအရည်အချင်းသည် ရှီးနင်ကုန်းမြေတစ်ခုလုံးတွင် ပထမနေရာ၌ ရှိနေသည်ဆိုပါက မည်သူမျှ ငြင်းဆန်ခွင့် ရရှိမည်မဟုတ်​ချေ။

သို့ရာတွင် ယခုအချိန်၌ သူမနှင့်သက်တူရွယ်တူဖြစ်သော လုချုံးသည်....

"မဟုတ်ဘူး"

"မဖြစ်နိုင်ဘူး"

"ဒါက မဖြစ်နိုင်ဘူး..."

သူမက တီးတိုးရေရွတ်လိုက်သည်။

ဤကိစ္စသည် အလွန်သက်ရောက်မှု ပြင်းထန်သည်ဖြစ်ရာ သူမ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအား ပြင်းပြင်းထန်ထန် ထိုးနှက်သွားခဲ့သည်။

"ကုန်းမြေအရှင်လီက တကယ့်ကိုပဲ ကြယ်အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်"

လီဟောင်ထျန်းသည် သူ၏စွမ်းအားကို အကြည့်တချက်ဖြင့် ထွင်းဖောက်မြင်နိုင်သွားသဖြင့် လုချုံးက အနည်းငယ်အံ့အားသင့်သွားသည်။ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့ခွန်အားကို သိပြီးမှတော့ ကလေးဆန်တဲ့အပြုအမူတွေကို လုပ်မနေနဲ့တော့...မင်းရဲ့ခွန်အားကုန်ကို အသုံးပြုပြီး တိုက်ခိုက်စမ်း"

ထို့နောက်...

လုချုံးက ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်လှုပ်ရှားနေသော အမူအယာမျိုး ထင်ဟပ်နေကာ သူသည် အလေးအနက်ထား၍ တိုက်ခိုက်ရန်ဟန်ပြင်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကြယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို သူ ရင်ဆိုင်တိုက်ခိုက်ရမည့် ပထမဆုံးအကြိမ်ပင်။

သို့ရာတွင်

လုချုံးသည် တည်ကြည်လင်းနက်သောအမူအယာဖြင့် တိုက်ခိုက်ရန် အသင့်အနေအထားကို ယူထားစဉ်မှာပင် လီဟောင်ထျန်းသည် ရုတ်တရက် မည်သည့်နေရာမှ ထုတ်ယူလိုက်မှန်းမသိရသော အလံဖြူလေးတစ်ခုကို ထောင်လိုက်သည်။

"ငါ အရှုံးပေးတယ်"

သူက အလံဖြူကိုမြှောက်ပြီး ပြောဆိုသည်။

"အမ်..."

လုချုံးသည် ကြက်သေသေသွားကာ လုံးလုံးလျားလျား ဆွံ့အသွားသည်။

နံဘေးတွင်ရှိနေသော ကုံးချန်ထံတွင်လည်း ဝေခွဲရခက်မှုများဖြင့် ပြည့်နှက်သွားသည်။

အမှန်အားဖြင့် လီချင်းရွှမ်သည် အံ့အားသင့်တုန်လှုပ်နေဆုံးသူပင်။သူမသည် သူမ၏ဆရာဖြစ်သူကို စူးစိုက်ကြည့်ကာ မယုံကြည်စွာနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဆရာ ဒါက..."

"ပါးစပ်ပိတ်ထားစမ်း...ဒီနေရာမှာ မင်း စကားဝင်ပြောစရာ အကြောင်းမရှိဘူး"

လီဟောင်ထျန်းသည် သူမကို ဆူပူကြိမ်းမောင်းပြီးနောက် တည်ကြည်လေးနက်စွာပြောဆိုသည်။

"ငါ့အထင်တော့ ငါတို့တွေ တကယ်ကြီးတိုက်ခိုက်ဖို့ မလိုဘူးမဟုတ်လား"

"ဒါက လက်ထပ်ပွဲဖျက်တာလေးပဲလေ"

"ဒီလီချင်းရွှမ်က မင်းနဲ့ လုံးဝမထိုက်တန်ဘူး...ဒါကြောင့် မင်း ဘာဆက်လုပ်ချင်လဲ ...မင်း သူ့ကို ခေါ်ထားမလား ဒါမှမဟုတ် မင်း သူ့ကို ထားခဲ့မလားဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်...ငါက ဘာမှပြောမှာမဟုတ်ဘူး..မင်းစိတ်ကျေနပ်သလို လုပ်လို့ရတယ်"

ဤသည်ကြောင့် ကုံးချန်နှင့်လီချုံးတို့ကို ပို၍ပင် စိတ်ရှုပ်ထွေးသွားစေသည်။

သူတို့သည် လီဟောင်ထျန်းကို တိုက်ရိုက်စိန်ခေါ်ခဲ့ရသည့် အကြောင်းအရင်းမှာ လီချင်းရွှမ်အား သူတို့အနိုင်ယူပြီးနောက် လီဟောင်ထျန်းမှဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်သောကြောင့်ပင်။

ထိုကြောင့် အချိန်ကုန်သက်သာစေရန်အတွက် လုချုံးသည် လီဟောင်ထျန်းကို တိုက်ရိုက်စိန်ခေါ်ခဲ့သည်။

သို့ရာတွင် လီဟောင်ထျန်းသည် တိုက်ခိုက်မည့်အစား ဤကဲ့သို့စကားမျိုး ပြောဆိုလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"ဆရာ...ဆရာတကယ်ပြောတာလားဘာလို့လဲ။

"သူက အစစ်အမှန်အနှစ်သာရအင်မော်တယ်နှောင်းပိုင်းအဆင့်မှာ ရှိနေရင်တောင် ဆရာက လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ် မဟုတ်ဘူးလား"

"ပြီးတော့ သူက ဘယ်လိုနည်းနဲ့မှ အစစ်အမှန်အနှစ်သာရ အင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး...သူက အမှိုက်ကောင်တစ်ကောင်ပဲ"

လီချင်းရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မင်း ပါးစပ်ပိတ်ထားစမ်း"

လီဟောင်ထျန်းသည် လီချင်းရွှမ်၏ပါးကို ဖြတ်ရိုက်ကာ သူမအား လွင့်ထွက်သွားစေသည်။

ထို့နောက် သူက လုချုံးကိုကြည့်က အပြုံးနှင့်ပြောဆိုသည်။

"ငါ ခုဏပြောတဲ့စကားတွေက စိတ်ရင်းမှန်နဲ့ပါ"

Chapter 647

ဤကိစ္စကို လုချုံး မယုံကြည်မည်အား လီဟောင်ထျန်းမှ စိုးရိမ်နေသဖြင့် သူ့၏လက်ဝါးတစ်ဖက်ကို အလျှင်အမြန်မြှောက်ကာ ပြောဆိုလိုက်သည်။

"ငါ ကျိန်ဆိုတယ်"

လီဟောင်ထျန်း၏အပြုအမူများကိုကြည့်ပြီး ကုံးချန်နှင့်လုချုံးတို့သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

အရိပ်ကျွန်း၌ တစ်လတာသင်ယူပြီးနောက် သူ သန်မာအားကောင်းစွာဖြင့် ပြန်လာခဲ့သည်။

သို့ရာတွင် သောက်ရေးမပါလှစွာဖြင့်...

သူ ရွယ်လာသောလက်သီးသည် ဝါဂွမ်းကိုထိုးမိသည့်အလား ဖြစ်သွားလေရာ...

အလွယ်ပြောရပါက စိတ်ပျက်ဖွယ်ရာပင်။

"မင်းက ဂုဏ်သိက္ခာကြီးမားတဲ့ ကုန်းမြေအရှင်တစ်ယောက်လေ...မင်းရဲ့နေရာကို ငါတို့လာပြီးတိုက်ခိုက်နေတာ မင်း နည်းနည်းလေးတောင် ဒေါသမထွက်ဘူးလား"

လုချုံးက ဇဝေဇဝါဖြင့်မေးမြန်းသည်။

"အကြောင်းကတော့ ငါက လူတွေအပေါ် အမြဲတမ်းကြင်နာစိတ်ထားလို့ပဲ"

လီဟောင်ထျန်းက အလေးအနက်ထားသောအမူအယာဖြင့် တုံ့ပြန်အဖြေပေးသည်။

ထိုစကားကိုကြားချိန်တွင်...

ကုံးချန်နှင့်လုချုံးတို့နှစ်ယောက်လုံး ကြိတ်၍ရယ်မောလိုက်သည်။

သူတို့သည် လီဟောင်ထျန်းကို စူးစိုက်ကြည့်နေကာ 'မင်းပြောတာကို ငါတို့ယုံမယ်လို့ မင်း ထင်လား'ဟု ပြောနေသည့်အလားပင်။

"အင်း..."

"အဟွတ်...အဟွတ်..."

လီဟောင်ထျန်းသည် ရှက်ကိုးရှက်ကန်းဖြင့် ​ချောင်းနှစ်ချက်ဟန့်ကာ နီမြန်းနေသောမျက်နှာဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ...ရိုးရိုးသားသားပြောရရင် ငါကမင်းတို့ကို အပြစ်ပြုလို့မရဘူးလို့ ငါ ခံစားမိတယ်"

"အကြောင်းကတော့ မင်းလိုအသက်အရွယ်နဲ့ သာမန်လူတွေ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်တဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတယ်...ဒါကြောင့် မင်းရဲ့နောက်မှာ ငါ အပြစ်ပြုလို့မရနိုင်တဲ့ တစ်စုံတစ်ယောက်ရှိနေနိုင်တယ်"

ကုံးချန်၏မျက်နှာ ရှုံမဲ့သွားသည်။

လီဟောင်ထျန်း ထိုသို့ပြောဆိုလိုက်သဖြင့် ကုံးချန်တို့နှစ်ယောက်သည် သူ့အား အထင်သေးခြင်းမရှိချေ။

ထိုအစား သူ့ကို အနည်းငယ်ပို၍ အထင်ကြီးသွားသည်။

ပြောရမည်ဆိုလျှင် ဤလူ၏လက်ရှိအခြေအနေအပေါ် နားလည်သဘောပေါက်နိုင်စွမ်းသည် အလွန်မြင့်မားပေ၏။သူ၏အမြင်ကျယ်မှုတစ်ခုလည်းဖြင့် သူ၏အနာဂတ်အောင်မြင်မှုများသည် နိမ့်ပါးမည်မဟုတ်​ချေ။

ဤလီဟောင်ထျန်းသည် ကုန်းမြေအရှင်တစ်ယောက်ဖြစ်နေရန် အမှန်တကယ်ကိုထိုက်တန်သည်။

"မင်းက အရမ်းဉာဏ်ကောင်းတာပဲ"

လုချုံးက ချီးမွမ်းလိုက်သည်။

"ဟား ဟား ဟား...."

လီဟောင်ထျန်းက ရယ်မောပြီးပြောဆိုသည်။

"ဒါပေမဲ့ မင်းက ဒီအသက်အရွယ်မှာ ဒီလိုအောင်မြင်မှုမျိုး ရှိနေတာကြောင့် မင်းရဲ့နောက်မှာရှိနေတဲ့ စီနီယာက မင်းအပေါ်မှာ အင်အားအများကြီးစိုက်ထုတ်ပြီး ပျိုးထောင်ခဲ့ရတယ်မဟုတ်လား"

"မင်း အတွေးလွန်နေပြီ"

လီချုံးက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

"ငါက ဆရာကြီးရဲ့အနားမှာ အလုပ်လုပ်ဖို့အတွက် အရည်အချင်းမ​ပြည့်မီဘူး...ဒါ့ပြင် ငါက ငါတို့အဖွဲ့ထဲမှာတောင် အောက်ခြေကလူပဲ"

လီဟောင်ထျန်း၏နားအတွင်းသို့ ဤစကားလုံးများ ဝင်ရောက်သွားချိန်တွင်...

ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

အကြောင်းအရင်းမှာ လုချုံး၏နောက်၌ တစ်စုံတစ်ယောက်ရှိနေမည် ဟူသည်မှာ သူ၏ခန့်မှန်းချက်သက်သက်ပင်။

ထို့ကြောင့် သူ အစောပိုင်းက ပြောဆိုလိုက်သောစကားများသည် အမှန်အားဖြင့် အကဲစမ်းရုံသက်သက်ဖြစ်သည်။

ဤသို့ပြုလုပ်ခြင်းဖြင့် လုချုံး၏နောက်တွင် ဆရာကြီးတစ်ယောက် အမှန်တကယ်ရှိနေမနေကို သူ အတည်ပြုနိုင်ပေမည်။

သို့ရာတွင် ဤအကဲစမ်းခြင်း၏ရလဒ်သည် သူ့အား လုံးလုံးလျားလျား စိတ်မအေးနိုင်ဖြစ်သွားစေသည်။

"မင်း....မင်း ဆိုလိုတာက မင်းလိုလူမျိုးတစ်ယောက်ထက် ပိုရှိနေတဲ့အပြင်...မင်းက အဲဒီအဖွဲ့ထဲမှာ အောက်ခြေအဆင့်က လူလား"

လီဟောင်ထျန်းက ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် မေးမြန်းသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်နေပေ၏။

လုချုံးသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။အကယ်၍ ဤပါရမီအရည်အချင်းများကိုသာ အင်မော်တယ်နယ်မြေမှလူများ တွေ့ရှိသွားပါကာ မြင့်မြတ်နယ်မြေတစ်ခု၏မြင့်မြတ်သားတော်တယောက် ဖြစ်လာပေမည်။

ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည်လည်း သူ့အား သံလွင်ခက်ကမ်း၍ ပြေလည်အောင်ပြုလုပ်ကြပေမည်။

သို့ရာတွင် လုချုံး၏ပါးစပ်မှနေ၍ သူ့လိုလူမျိုးအမြောက်အများရှိနေသည်ဟု ပြောဆိုခဲ့ကာ....

သူသည် အောက်ခြေအဆင့်၌ရှိသည်ဟုပင် ဖြည့်စွက်၍ပြောဆိုခဲ့သည်။

ဤသည်မှာ သူ့အား လုံးလုံးလျားလျား စိတ်မအေးနိုင် ဖြစ်သွားစေသည်။

"သေချာတာပေါ့....အဲ့ဒီမှာ လူတွေအများကြီးရှိတယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့နေရာကကြီးမားကျယ်ပြန့်တာကြောင့် မြက်နှုတ်တဲ့လူတွေ မစင်သယ်တဲ့လူတွေနဲ့ တခြားအလုပ်သမားတွေ အများကြီးရှိမနေရင် ဘယ်လိုလုပ်မလဲ"

လုချုံးက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

လီဟောင်ထျန်းသည် ချက်ချင်းအံ့အားသင့်တုန်လှုပ်သွားပေ၏။

သူ၏မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။

"မြက်နှုတ်တဲ့လူတွေ..."

"မစင်သယ်တဲ့သူတွေ...."

"အလုပ်ကြမ်းသမားတွေလား.."

"ညီလေးလု...မင်း ငါ့ကို နောက်နေတာလား"

"အဲ့ဒီကိစ္စမှာ ပြဿနာတစ်ခုခု ရှိလို့လား"

လုချုံးက တုံ့ပြန်သည်။

"ငါက အကြီးအကဲတစ်ယောက်ရဲ့လက်အောက်မှာ မစင်သယ်ရတဲ့လူပဲ...ဒီလုပ်ငန်းက တခြားလူတွေရဲ့မျက်လုံးထဲမှာ ရွံစရာဖြစ်နေမယ်ဆိုပေမယ့် ငါတို့အတွက်ကတော့ အရမ်းဂုဏ်ယူဝံ့ကြွားစရာရတဲ့ ကိစ္စတစ်ခုပဲ"

"ဒါပြင် ငါ့ဘဝရဲ့ အကြီးမားဆုံးအခွင့်အရေးလည်း ဖြစ်တယ်"

ထိုအကြောင်းကို ပြောဆိုရင်း....

လုချုံးသည် ထိုစကားများကို ပို၍ပြောဆိုမိလေလေ သူ ပို၍တက်ကြွလာကာ စိတ်လှုပ်ရှားလာလေလေပင်။

ဤအချိန်အခိုက်အတန့်တွင် သူသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်သော်လည်း သူ၏ခေါင်းကို အနည်းငယ်မော့လိုက်ချိန်၌ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသော အမူအယာတစ်ရပ်ရှိနေသည်။

သို့ရာတွင် နံဘေးတစ်ဖက်တွင်ရှိနေသော လီဟောင်ထျန်းသည် ထိုစကားများကိုကြားချိန်တွင် သူ၏နှလုံးခုန်နှုန်း ရပ်တန့်သွားတော့လုမတတ်ပင်။

သူသည် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နေထိုင်ခဲ့သည်။

မုသားစကားဖြစ်စေ ကြွားဝါပြောသောစကားကိုဖြစ်စေ သူ ခွဲခြားသိနိုင်သည်။

လုချုံး ပြောဆိုသောစကားများသည် လက်တွေ့ဘဝနှင့် အလွန်အလှမ်းကွာဟနေသည်။သို့ရာတွင် လုချုံးသည် အစစ်အမှန်ဖြစ်ရပ်များကို ပြောဆိုနေပုံရသည်ဟု သူ ခံစားမိလေ၏။

"ညီလေးလု...အမ် မဟုတ်သေးဘူး...စီနီယာလု မင်းက ဒီဂျူနီယာလေးရဲ့အိမ်တော်ကို အလည်လိုက်ဖို့ စိတ်ဝင်စားလား"

လီဟောင်ထျန်းသည် သူ၏ခါးကိုကွေးညွှတ်ကာ တောင်းဆိုသည့်အမူအယာပြုလုပ်ပြီး အပြုံးနှင့်ပြောဆိုသည်။

ကုံးချန်၏မျက်နှာပေါ်တွင် စိတ်မသက်မသာမှုများနှင့် ပြည့်နှက်နေကာ ကူကယ်ရာမဲ့စွာဖြင့် သူ၏မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်လိုက်သည်။

ဤသည်မှာ မည်သို့ဖြစ်လာရသနည်း...

သူသည် သူ့တူ၏ထိပ်တန်းအင်မော်တယ်အဆင့် မစင်ပုံးမှစွမ်းအားကို ကြည့်ရတော့မည်ဟု သူ တွေးထင်ခဲ့သည်။

အဆုံးသတ်၌ လီဟောင်ထျန်း၏နွေးထွေးစွာဖိတ်ကြားမှုအောက်တွင် လုချုံးနှင့်ကုံးချန်တို့သည် ကုန်းမြေအရှင်အိမ်တော်သို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။

"ကျေးဇူးပြုပြီးတော့...."

ကုန်းမြေအရှင်အိမ်တော်၏တံခါးဝသို့ ရောက်ရှိချိန်တွင် လီဟောင်ထျန်းက အလွန်အမင်း စိတ်အားထက်သန်စွာ ဖိတ်ကြားလိုက်သည်။

"ဆရာ....ဆရာ ဘာလို့ဒီလိုလုပ်တာလဲ"

ထိုအချိန်မှာပင် ဖရိုဖရဲဖြစ်နေသော လီချင်းရွှမ်သည် သူမ၏ပါးကို သူမလက်ဖြင့်အုပ်၍ ပြန်ရောက်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ကျွန်မက ဆရာ့ရဲ့တပည့်လေ...ဘာလို့ ဒီလိုလုပ်တာလဲ"

"ထွက်သွားစမ်း"

သူမ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် လီဟောင်ထျန်းက သူမကို ကန်ထုတ်လိုက်၏။

"ငါ့မှာ မင်းကို အာရုံစူးစိုက်နေဖို့ အချိန်မရှိဘူး...မင်းရဲ့ချင်းရွှမ်ဂိုဏ်းကို ပြန်သွားတော့"

ထိုသို့ပြောဆိုပြီးနောက် သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ကာ အပြုံးနှင့်ပြောဆိုသည်။

"စီနီယာတို့နှစ်ယောက်...ကျေးဇူးပြုပြီးတော့ အထဲကိုကြွပါ...ကျေးဇူးပြုပြီးတော့..."

ကုံးချန်နှင့်လုချုံးတို့သည် ကုန်းမြေအရှင်အိမ်တော်အတွင်းသို့ ဝင်လိုက်ကြ၏။

ထို့နောက် လီဟောင်ထျန်းက သူ၏လက်အောက်ငယ်သားများကို အလျင်စလို အော်ဟစ်လိုက်သည်။

"သဟွာဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေအားလုံးကို ဒီနေရာဆီလာဖို့ ဖိတ်ခေါ်လိုက်စမ်း ....မင်းတို့မှတ်ထားရမှာက ယဥ်ယဉ်ကျေးကျေး ပြုမူရမယ်...သူတို့ကို ဒီနေရာဆီလာပြီးတော့ ရှီးနင်မြို့မှာ သလင်းကျောက်ရိုင်းတွေ တူးဖော်တဲ့ကိစ္စကို ဘယ်လိုတိုးတက်အောင် အတူတူလုပ်ကြမယ်ဆိုတာ ညှိနှိုင်းဖို့ ဖိတ်ခေါ်တာလို့ပြောရမယ်"

"ဟုတ်ကဲ့"

ထိုစကားကိုကြားချိန်တွင် လက်အောက်ငယ်သားများသည် သဟွာဂိုဏ်းထံသို့ ချက်ချင်းအပြေးသွားလိုက်ကြတော့သည်။

ထိုကိစ္စများကို အမိန့်ပေးပြီးနောက် လီဟောင်ထျန်းသည် လုချုံးနှင့်ကုံးချန်တို့ကို ဧည့်ခံရန်အတွက် စားသောက်ပွဲတစ်ခုကို ကျင်းပခဲ့သည်။

"အိုး စီနီယာကုံး စီနီယာလု...ငါတို့တွေကမတော်တဆ တွေ့ဆုံခဲ့ကြတယ်"

"တကယ်လို့ ငါ ဧည့်ဝတ်မကျေပွန်တာ တစ်ခုခုရှိနေရင် ကျေးဇူးပြုပြီးတော့ ငါ့ကို ဗွေမယူကြပါနဲ့"

"ဒီခွက်ကို ငါက မင်းတို့ကို ကြိုဆိုတဲ့အနေနဲ့ ပထမဆုံးသောက်ပါ့မယ်"

လီဟောင်ထျန်းက လွတ်လပ်ပေါ့ပါးသောအမူအယာဖြင့် ဝိုင်အရက်တစ်ခွက်သောက်လိုက်သည်။

ဝိုင်အရက်အနည်းငယ်သောက်ပြီးနောက် သူသည် ထိုင်ခုံတစ်လုံးကိုယူ၍ထိုင်လိုက်ကာ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ်ထင်ဟပ်နေသည်။

"စီနီယာလု ငါ မင်းကိုမေးပါရစေ...မင်းပြောတဲ့နေရာက ဘယ်လိုနေရာမျိုးလဲ"

လီဟောင်ထျန်းက မေးမြန်းလိုက်သည်။

"ဒါက မင်းနဲ့မသက်ဆိုင်ဘူး...အဲ့ဒီကိစ္စကို ပြောပြဖို့ အဆင်မပြေဘူး"

လုချုံးက ဝိုင်အရက်ခွက်ကိုကောက်ယူကာ တစ်ငုံငုံပြီးနောက် ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ဒါပေမဲ့ မင်းရဲ့ကောင်းကျိုးအတွက် ငါက မင်းကို အကြံဉာဏ်တချို့ပေးလိုက်မယ်"

"အဲ့ဒီလိုလား...."

"ဒီဂျူနီယာညီလေးက မှတ်သားထားပါ့မယ်"

လီဟောင်ထျန်းသည် အသေအချာ နားစွင့်လိုက်၏။

"နောက်တစ်ချိန်ကျရင် အင်မော်တယ်နယ်မြေမှာ လူတွေကို လက်လွတ်စပယ် အပြစ်မပြုမိစေနဲ့...အထူးသဖြင့် လူသားအင်မော်တယ်တွေနဲ့ မြေကမ္ဘာအင်မော်တယ်တွေပဲ"

လုချုံးက တည်ကြည်လေးနက်စွာရှင်းပြသည်။

"လူသားအင်မော်တယ်တွေနဲ့ မြေကမ္ဘာအင်မော်တယ်တွေကို အပြစ်မပြုရဘူးလား"

လီဟောင်ထျန်းသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် အလျင်စလိုမေးမြန်းလိုက်၏။

"ကျေးဇူးပြုပြီးတော့ သေသေချာချာရှင်းပြပေးနိုင်မလား"

"တချို့စကားတွေက စကားလုံးနဲ့ပြောပြဖို့အတွက် မလုံလောက်ဘူး...ဆိုရိုးစကားအရဆိုရင် လျှို့ဝှက်ချက်တွေကို ထုတ်ပြလို့မရဘူး... တကယ်လို့ မင်းသိတာ အရမ်းများနေရင် မင်းအတွက် အဆိုးတွေပဲ ရောက်လာလိမ့်မယ်"

လုချုံးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ငါ ခုဏကပြောတဲ့စကားတွေကို မင်းရဲ့စိတ်ထဲမှာ သေချာမှတ်ထားဖို့ပဲလိုတယ်"

Chapter 648

လီဟောင်ထျန်းသည် ကြက်တစ်ကောင် အစာကောက်သည့်အလား ခေါင်းညိတ်လိုက်၏။

မည်သည်ကြောင့် ထိုအဆင့်နိမ့်အင်မော်တယ်များကို သူ အပြစ်ပြု၍မရသည်အား မသိရှိသော်လည်း လုချုံး၏တည်ကြည်လေးနက်သော အမူအယာကိုကြည့်ခြင်းအားဖြင့် ဤသည်မှာ အကြောင်းမဲ့မဖြစ်နိုင်​ချေ။

ရိုးရှင်းသောအစာတနပ်ကိုစားပြီးနောက် လုချုံးသည် မိုးကောင်းကင်ယံကိုတစ်ချက်မော့ကြည့်ကာ သူ့၏တူကို ချလိုက်သည်။

"မင်းတို့နှစ်ယောက် ဖြည်းဖြည်းစားကြပါ....ငါ စားပြီးပြီ"

လုချုံးက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။

"အမ် ဒါက..."

ထိုမြင်ကွင်းကိုကြည့်ပြီး လီဟောင်ထျန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

"ငါ့ရဲ့အိမ်တော်က အစားအသောက်တွေက အရသာမရှိလို့လား...စီနီယာလုက ဘာလို့ ဒီလောက်မြန်မြန်ကြီး စားပြီးသွားတာလဲ"

"ကုန်းမြေအရှင်လီ ဘာမှမစိုးရိမ်ပါနဲ့...ဒီစားသောက်ပွဲက အရမ်းကောင်းတယ်...ဒါပေမဲ့ ငါ့မှာ ပိုပြီးအရေးကြီးတဲ့ကိစ္စတစ်ခု လုပ်စရာရှိနေတယ်"

ထိုသို့ပြောဆိုပြီးနောက် လုချုံးသည် အခန်း၏ပြင်ပသို့ထွက်ကာ နေရောင်၏အောက်သို့ သွားလိုက်သည်။ထို့နောက် ပူပြင်းသောနေရောင်ခြည်အောက်တွင် သူသည် သူ၏မစင်ပုံးတစ်စုံကို ထုတ်ယူလိုက်၏။

ယခုအချိန်တွင် သူသည် အမှိုက်ကောင်ဟူသောနာမည်ကိုဖယ်ရှားကာ ကုန်းမြင့်အရှင်လီ၏မျက်နှာသာပေးခံရသူ ဖြစ်လာသော်လည်း သူ၏အရင်းအမြစ်ကို မေ့လျော့ဝံ့ခြင်းမရှိချေ။

သူသည် အကြီးအကဲလု၏သင်ကြားပေးမှုများကို မမေ့လျော့ပေ။

'မင်းကိုယ်မင်းချစ်သလိုမျိုး မစင်ပုံးကို ချစ်မြတ်နိုးရမယ်..မဟုတ်သေးဘူး မင်းကိုယ်မင်းထက်တောင် ပိုပြီးချစ်မြတ်နိုးရမယ်'

ထို့ကြောင့် မစင်ပုံးကို မနက် နေ့လည် ည တနေ့လျှင်သုံးကြိမ် ပွတ်တိုက်သန့်စင်ရသည့်အလုပ်သည် အလွန်အရေးပါပေ၏။

ပွတ်တိုက်ခြင်း....

သုတ်ခြင်း...

အရောင်တင်ခြင်း...

ဤအဆင့်များအနက်မှ တစ်ခုကိုမျှ လွဲချော်၍မရချေ။

လုချုံးသည် ဆက်လက်၍ စားသောက်ခြင်းမပြုတော့ဘဲ ပူပြင်းသောနေရောင်ခြည်၏အောက်ရှိ တံခါးအဝတွင်ထိုင်ကာ ပုံးနှစ်လုံးကိုကိုင်ပြီး အာရုံစူးစိုက်၍ ပွတ်တိုက်နေသည်ကိုကြည့်ပြီး လီဟောင်ထျန်းသည် သူ၏တူကိုချကာ နောက်မှလိုက်သွားခဲ့သည်။

လုချုံး မည်သည့်အရာအား ပြုလုပ်နေသည်ကို သူ မြင်တွေ့လိုသည်။

လုချုံး၏အနီးသို့ သူ ချဉ်းကပ်သွားကာ မည်သည့်မေးခွန်းတစ်ခုကိုမျှ မမေးမြန်းရသေးမီမှာပင် လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား သူ နေရာ၌တောင့်တင်းသွားကာ ဇောချွေးများပြန်လာသည်။

အကြောင်းအရင်း ဤအချိန်အခိုက်အတန့်တွင် လုချုံးသည် အရောင်တင်ခြင်းအဆင့်ကို လုပ်ဆောင်နေသောကြောင့်ပင်။

အကြီးအကဲလု၏အတွေ့အကြုံများအရ အရောင်တင်နေစဥ် အတောအတွေးတွင် အင်မော်တယ်စွမ်းအားအနည်းငယ်ကို အသုံးပြုပါက အင်အားတဝက်စိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆရရှိပေမည်။

တို့ကြောင့် လုချုံးသည် သူ၏အင်မော်တယ်စွမ်းအားအနည်းငယ်ကို ပုံးအတွင်းသို့ထည့်သွင်းလိုက်၏။

ဤှစွမ်းအားများ ထည့်ပေးခံရခြင်းကြောင့် မူလက သာမန်ဖြစ်ပုံရသော မစင်ပုံးမှနေ၍ ရုတ်တရက် ထိပ်တန်းအဆင့်အင်မော်တယ်အရှိန်အဝါများ ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါကြောင့်...

နောက်မှရောက်ရှိလာသော လီဟောင်ထျန်းကို ကြက်သေသေသွားစေခြင်းပင်။

ဤအချိန်အခိုက်အတန့်တွင် လီဟောင်ထျန်း၏ခြေထောက်များ တုန်ခါနေသည်။

ဤအရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

သူက တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်သည်။

"လု...စီနီယာလု...ငါက အတင့်ရဲပြီးတော့ မေးပါရစေ...မင်းရဲ့လက်ထဲက ဘာလဲ"

"အော်...ဒါက ငါ့ရဲ့မစင်သယ်တဲ့ပုံးလေ"

လုချုံးက အရောင်တင်နေရင်း သာမန်ကာလျှံကာ ပြောဆိုသည်။

လီဟောင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားကာ ထပ်မံ၍မေးမြန်းလိုက်သည်။

"မင်းက တကယ်ပဲ မစင်သယ်တဲ့လူတစ်ယောက်လား"

"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ"

လုချုံးက မျက်စောင်းထိုးကြည့်ကာ တုံ့ပြန်သည်။

လီဟောင်ထျန်းသည် နှလုံးဖောက်သွားသည့်အလား ခံစားလိုက်ရသည်။

လုချုံး ပြောဆိုခဲ့သည့်ကိစ္စများကို အမှန်ဟု သူ ယုံကြည်ခဲ့သော်လည်း မစင်သယ်သူတစ်ယောက်ဟူသောကိစ္စကိုမူ သူ့အား ရယ်စရာပြောနေခြင်းဟုသာ သူ တွေးတောခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ....

အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်သည် မည်သည်ကြောင့် မစင်သယ်သူဖြစ်နိုင်မည်နည်း...

သို့ရာတွင် ယခုကြည့်ရသလောက် လုချုံးသည် အမှန်တကယ်ကို မစင်သယ်သူတစ်ယောက် ဖြစ်နေပုံပင်။

ထိုအကြောင်းကိုတွေးတောရင်း လီဟောင်ထျန်း၏နှလုံးခုန်နှုန်းများ တဖန်ထပ်၍လျှင်မြန်လာသည်။

သူသည် မှားယွင်းသောအတွေးအမြင်ကို အာရုံစူးစိုက်ခဲ့မိကြောင်း သူ နားလည်သဘောပေါက်သွားသည်။

အရေးကြီးဆုံးအချက်သည် ဤမစင်ပုံးမှနေ၍ မည်သည့်ကြောင့် ဤကဲ့သို့ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်ကို သူ မေးမြန်းရပေမည်။

"စီနီယာလု ငါ မေးပါရစေ...မင်းရဲ့လက်ထဲမှာရှိနေတဲ့ အဲ့ဒီပုံးက ထိပ်တန်း...ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်လား"

လီဟောင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

"အမှန်ပဲ"

လုချုံးက တုံ့ပြန်အဖြေပေးကာ သူ၏လက်အတွင်းရှိ မစင်ပုံးကိုမြှောက်၍ နေရောင်အောက်၌ ဂရုတစိုက်စစ်ဆေးလိုက်သည်။သူသည် ပုံးအတွင်း၌ မည်သည့်အရာများ ကျန်ရှိနေသည်ကို မြင်တွေ့လိုသည်။

မည်သည့်မစင်အစအနမျှ ကြွင်းကျန်ခြင်းမရှိချေ။

"ဒါက တကယ့်ကို ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်...တကယ့်ကို ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်ပဲ"

ဤအချိန်အခိုက်အတန့်တွင် လီဟောင်ထျန်းသည် လုချုံး၏မစင်ပုံးတစ်စုံကို စူးစိုက်ကြည့်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ တည်ငြိမ်မှုရရှိရန် အလွန်ခက်ခဲနေသည်။သူက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

"ဒါဆိုရင် မင်းက မစင်တွေသယ်တဲ့နေရာမှာ ဒီထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်ကို အသုံးပြုတာလား"

"အမှန်ပဲ"

လုချုံးက ခေါင်းညိတ်ပြလိုက်သည်။

လုချုံးထံမှ အတည်ပြုချက်ကိုရရှိပြီးနောက် လီဟောင်ထျန်းသည် လုံးလုံးလျားလျား စိတ်မအေးနိုင်တော့ကာ သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ပြီး အသက်ကို အမောတကောရှုရှိုက်နေသည်။

မစင်သယ်ဆောင်ရန်အတွက် ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်ကို အသုံးပြုခြင်း...

ဤသည်မှာ အရိုးရှင်းဆုံးပြောရပါက သူ မကြားဖူးမမြင်ဖူးသောကိစ္စပင်။

"ကုန်းမြေအရှင်အတွက် ရယ်စရာဖြစ်နေပြီ...ငါက မစင်သယ်တဲ့နေရာမှာ ပိုကောင်းတဲ့ပစ္စည်းကိုမရသေးဘူး...ဘာလို့လဲဆိုတော့ ငါ အဖွဲ့ထဲကိုရောက်သွားတာ သိပ်မကြာသေးလို့ပဲ"

လုချုံးက အပြုံးနှင့်ပြောဆိုသည်။

"ငါရဲ့ တခြားအပေါင်းအဖော်တွေဆိုရင် ကောင်းကင်အဆင့် အင်မော်တယ်မှော်ရတနာတွေကို အသုံးပြုကြတယ်...အထူးသဖြင့် ငါတို့အကြီးအကဲရဲ့မစင်ပုံးတစ်စုံပဲ...အဲ့ဒီပစ္စည်းကိုဆရာကြီးကိုယ်တိုင် လုပ်ထားပြီးတော့ အကြီးအကဲကို ပေးထားတာ...အဲဒီပစ္စည်းရဲ့အဆင့်က ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ ငါ မပြောနိုင်ဘူး"

"မပြောနဲ့တော့..."

လီဟောင်ထျန်းသည် သူ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန်ဖိနှိပ်ထားကာ သူ၏လက်တစ်ဖက်ကိုကာပြပြီး မည်းမှောင်နေသောမျက်နှာဖြင့် ပြောဆိုသည်။

အကယ်၍ လုချုံး၏စကားများကို သူ ဆက်၍နားထောင်ပါကာ သူသည် နှလုံးဖောက်ခြင်းကြောင့်သေဆုံးသွားရသော ပထမဆုံး ကြယ်အင်မော်တယ်တစ်ယောက် ဖြစ်လာပေမည်။

အချိန်အတော်ကြာပြီးနောက်...

လီဟောင်ထျန်းက သိချင်စိတ်ပြင်းပြစွာဖြင့် ထပ်မံ၍မေးမြန်းလိုက်သည်။

"စီနီယာလု ငါ ထပ်ပြီး မေးပါ့ရစေ...တကယ်လို့မင်းနဲ့ငါ အစောပိုင်းက တိုက်ခိုက်မယ်ဆိုရင်....."

လီဟောင်ထျန်း၏စကား အဆုံးမသတ်သေးမီမှာပင် လုချုံးက ပြောဆိုသည်။

"သေချာတာပေါ့...တကယ်လို့ တိုက်ပွဲတစ်ပွဲဖြစ်လာမယ်ဆိုရင် ငါက ဒီမစင်ပုံးတစ်စုံကိုအသုံးပြုပြီးတော့ ကုန်းမြေအရှင်လီကို ဖိနှိပ်ရလိမ့်မယ်"

"ဒါပေမဲ့ အဲ့ဒီအကြောင်းကို ပြောရမယ်ဆိုရင် ကုန်းမြေအရှင်လီက ငါ့ကို တကယ်ပဲ စိတ်မပျော်အောင်လုပ်ခဲ့တယ်"

"ငါက ဒီမစင်ပုံးတစ်စုံရဲ့စွမ်းအားကို စမ်းသပ်ကြည့်ခြင်နေတယ်....ဒါပေမဲ့ မင်းက အလံဖြူမြှောက်ပြီးတော့ ငါတို့ကို စားသောက်ဖို့ဖိတ်ခေါ်မယ်လို့ ဘယ်သူက ကြိုသိမှာလဲ....ဒါကြောင့် ငါတို့က ကိုးယိုးကားရားနဲ့ လက်ခံခဲ့ရတယ်"

"အဲ့ဒီလိုမဟုတ်ဘဲနဲ့ ကုန်းမြေအရှင်လီက တိုက်ခိုက်ခဲ့မယ်ဆိုရင်...ငါက ဒီမစင်ပုံးတစ်စုံရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ပြခွင့်ရလိမ့်မယ်"

"မလုပ်နဲ့....မလုပ်နဲ့...မလုပ်ပါနဲ့..."

လီဟောင်ထျန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ သူ၏ဦးရေပြားလည်း ထုံကျင်လာသည်။

သူ၏စိတ်နှလုံးသားအတွင်းတွင်...

ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ယခင်ကဆိုလျှင် သူ၏နယ်မြေကိုလာရောက်ရန်စပါက သူသည် ကျူးကျော်လာသူအား ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်ပေမည်။

ယခုလက်ရှိအချိန်တွင်မူ....

ထိုအကြောင်းကိုတွေးတောရင်း သူသည် ကူကယ်ရာမဲ့စွာဖြင့် မစင်ပုံးတစ်စုံကို တစ်ချက်စောင်းငဲ့ကြည့်ကာ သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

အကယ်၍ သူသာ တိုက်ခိုက်မိပါက ဤမစင်ပုံးတစ်စုံ၏ဖိနှိပ်ခြင်းကို ခံရမည်မဟုတ်လော...

Chapter 649

သဟွာဂိုဏ်း...

လုကျွင်းသည် အလွန်ဒေါသထွက်နေလေ၏။

ယခုအချိန်ကျမှသာ သူသည် မည်သည့်အရာကို အေးစက်ခြင်းဟု ဆိုလိုကြောင်းလသိနားလည်သွားသည်။

သူ၏သားဖြစ်သူ လုချုံးသည် အရိပ်ကျွန်း၌ နယ်နှင်ဒဏ်ခံသွားရသည်အချိန်မှစ၍ သဟွာဂိုဏ်းမှ အကြီးအကဲများအားလုံးသည် သူ၏သားအား ဂိုဏ်းမှထုတ်ပယ်ခဲ့ကြသည်။

သူ လုကျွမ်းသည်...

သာဟွာဂိုဏ်းအတွင်း၌ မဟာအကြီးအကဲတစ်ယောက်ဖြစ်သည့်တိုင် တပည့်များပင်လျှင် သူ့အား မြင်တွေ့ချိန်၌ မလေးမစားဆက်ဆံကြသည်။

ယခုအချိန်၌ မဟာအကြီးအကဲဟူသောသူ၏အခွင့်အာဏာ ဆုံးရှုံးသွားကာ သူ့အား အကြီးအကဲအဖြစ်မှ ထုတ်ပယ်လိုက်၏။

ခန်းမအတွင်း၌...

အစောပိုင်းက ဂိုဏ်းအစည်းအဝေးပွဲတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကိုကြားချိန်၌ လုကျွင်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

'စောင့်နေကြစမ်း....မင်းတို့ နှစ်လပဲစောင့်ကြစမ်း'

'ငါ့ရဲ့သား သုံးလတာလေ့ကျင့်ရေးက ပြန်လာတဲ့အချိန်ကျရင် မင်းတို့က ဘယ်လိုရိုသေလေးစားမှုမျိုးနဲ့ သူ့ကိုကြည့်နေရမလဲဆိုတာ ငါ သိချင်တယ်'

"သတင်းပို့ပါတယ်"

"ဂိုဏ်းချုပ်....ကုန်းမြေအရှင်အိမ်တော်ကနေ လူတစ်ယောက်ကို ဒီနေရာဆီလွှတ်လိုက်တယ်"

ထိုအချိန်မှာပင်...

ဂိုဏ်းချုပ်၏ခန်းမအတွင်းသို့ တပည့်များ အပြေးဝင်ရောက်လာကာ သတင်းပို့သည်။

ထိုအသံကိုကြားချိန်တွင် ..

သဟွာဂိုဏ်းချုပ်၏မျက်ခုံးများ မြင့်တက်သွားကာ အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။

"သူ့ကို မြန်မြန်လေး ဖိတ်ခေါ်လိုက်ကြစမ်း"

မကြာမီမှာပင်....

လီဟောင်ထျန်း စေလွှတ်လိုက်သောလက်အောက်ငယ်သားက ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

"ငါတို့က သံတမန်ကြီးကို ကြိုဆိုပါတယ်"

ခန်းမအတွင်းတွင် ရှိနေသူများအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ကုန်းမြေအရှင်သည် မည်သည်ကြောင့် ရုတ်တရက်ကြီး ဤသဟွာဂိုဏ်းကို အလွန်ယဉ်ကျေးစွာ ဆက်ဆံနေသည်အား ထိုလူသည် မသိရှိချေ။သို့ရာတွင် သူသည် အကြောင်းအရင်းကိုမသိရှိသည့်တိုင် ပေါ့ပေါ့တန်တန်သဘောမထားဝံ့ချေ။

ထိုကြောင့် သဟွာဂိုဏ်းမှလူများအားလုံးကို အလျှင်အမြန်မတ်တတ်ထရပ်ရန် ပြောဆိုလိုက်သည်။

"အိုး ဂိုဏ်းချုပ်ဖန်းက အရမ်းယဉ်ကျေးလွန်းနေပြီ...ကျေးဇူးပြုပြီးတော့ မတ်တတ်ထရပ်ပါ မတ်တတ်ရပ်ကြပါတော့"

ထိုမြင်ကွင်းကိုကြည့်ပြီး...

သဟွာဂိုဏ်းချုပ်နှင့် တခြားလူများအားလုံး ဇဝေဇဝါဖြစ်သွားသည်။

မည်သည့်အချိန်မှစ၍ ရှီးနင်ကုန်းမြေအရှင်အိမ်တော်မှလူများသည် အလွန်ယဉ်ကျေးစွာ ဆက်ဆံတက်သွားသနည်း...

လက်အောက်ခံဂိုဏ်းများဖြစ်သော သူတို့၏နေရာများသို့ စေလွှတ်ခံရသော သံတမန်များအားလုံးသည် အလွန်အမင်းမောက်မာထောင်လွှားပေ၏။

အထူးသဖြင့် လွန်ခဲ့သောတစ်လခန့်က လုချုံး၏မတော်တဆကိစ္စကြောင့် ရှီးနင်ကုန်းမြေအရှင်သည် အလွန်ဒေါသထွက်ကာ သူတို့၏သဟွာဂိုဏ်းအား ဖိနှိပ်ခဲ့သည်ကို သူ အမှတ်ရဆဲပင်။

"သံတမန်ကြီး....ဒီတစ်ကြိမ်မှာ ဘာအတွက်ကြောင့် ရောက်လာတာလဲဆိုတာ ငါ မေးလို့ရမလား"

သဟွာဂိုဏ်းချုပ်က စိုးရိမ်ပူပန်စွာဖြင့်လမေးမြန်းလိုက်သည်။

"ဒီတကြိမ် ငါ ဒီနေရာကိုရောက်လာတာက မင်းတို့အတွက် သတင်းကောင်းကို ယူလာတာပဲ"

ထိုလူက အပြုံးနှင့် ပြောဆိုသည်။

"ကုန်းမြေအရှင်က မင်းတို့ဂိုဏ်းရဲ့အကြီးအကဲတွေအားလုံးကို ကုန်းမြေအရှင်အိမ်တော်ဆီ အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်တယ်...ဒါ့ပြင် အရှင်က ရှီးနင်ကုန်းမြေမှာရှိတဲ့ သလင်းကျောက်ရိုင်းတွေကို တူးဖော်တဲ့ကိစ္စမှာပူးပေါင်းဖို့ မင်းတို့နဲ့တိုင်ပင်ဆွေးနွေးမယ်လို့ ပြောခိုင်းလိုက်တယ်"

"ဒါက...."

ထိုသတင်းကိုကြားချိန်တွင် သဟွာဂိုဏ်းချုပ်တို့လူစု၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤသည်မှာ အမှန်တကယ်ကိုပင် သလင်းကျောက်ရိုင်းတူးဖော်ရန် ပူးပေါင်းမည့်ကိစ္စဖြစ်နေသလော...

တစ်ခုသိထားရမည်မှာ....

ကုန်းမြေအရှင်အိမ်တော်နှင့် သလင်းကျောက်ရိုင်းတူးဖော်ရာ၌ ပူးပေါင်းခွင့်ရရှိသောမည်သူမဆို အိမ်တော်မှလူများနှင့် တူညီသောအခွင့်အရေးမျိုးရရှိသည်။ထို့ကြောင့် သူတို့အားဤကုန်းမြေ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များဟု သတ်မှတ်နိုင်သည်။

သို့ရာတွင် ဤကိစ္စသည် အနည်းငယ်ထူးဆန်းနေပေ၏။

ထိုကြောင့် သဟွာဂိုဏ်းချုပ်သည် သတင်းကောင်းကိုရရှိသော်လည်း အနည်းငယ်စိတ်မအေးနိုင်ဖြစ်နေကာ မေးမြန်းလိုက်သည်။

"ငါက အတင့်ရဲပြီးတော့ သံတမန်ကြီးကို မေးပါရစေ...ဒါက ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားတာလဲ"

"အင်း...ကုန်းမြေအရှင်ကCအများကြီးမပြောခဲ့ဘူး...ဖြစ်နိုင်တာတော့ ကုန်းမြေရဲ့အခန်းကဏ္ဍတွေအားလုံးမှာ မင်းတို့ဂိုဏ်းရဲ့အခုလတ်တလော လှုပ်ရှားမှုတွေ လုပ်ဆောင်ချက်တွေက ကုန်းမြေအရှင်ကို စိတ်ကျေနပ်သွားစေလို့ပဲ"

ထိုလူက အပြုံးနှင့်ပြောဆိုသည်။

"ကောင်းပြီလေ...ငါ စကားထပ်မပြောတော့ဘူး...မင်းတို့က စီစဉ်စရာရှိတာတွေကို အမြန်ဆုံးစီစဉ်ပြီးတော့ အိမ်တော်ကိုလာခဲ့ကြတော့... ကုန်းမြေအရှင်ကိုလအချိန်အကြာကြီး စောင့်ရအောင်မလုပ်ကြနဲ့"

ထိုသို့ပြောဆိုပြီးနောက်...

သံတမန်ကြီးသည် သဟွာဂိုဏ်းမှ ပြန်လည်၍ထွက်ခွာသွားတော့သည်။

သဟွာဂိုဏ်းချုပ်နှင့် တခြားအကြီးအကဲများသည် သံတမန်ပြောဆိုသွားသောကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ဆန်းစစ်နေဆဲပင်။

"ငါတို့ရဲ့လှုပ်ရှားမှုတွေနဲ့ လုပ်ဆောင်ချက်တွေက ကုန်းမြေအရှင်ကို စိတ်ကျေနပ်သွားစေတာလား"

အကြီးအကဲတစ်ယောက်က တီးတိုးရေရွတ်ကာ သူ၏မျက်လုံးများ တောက်ပသွားပြီး ပြောဆိုသည်။

"ငါ သိပြီ"

"အော် ပြောပါအုံး"

သဟွာဂိုဏ်းချုပ်က ထိုအကြီးအကဲကို စောင်းငဲ့၍ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်...ဒါက လုချုံးရဲ့ကိစ္စကြောင့်ပဲ ဖြစ်လိမ့်မယ်"

ထိုအကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။

"လုချုံးက ကောင်းကင်ဘုံအင်မော်တယ်နန်းဆောင်ရဲ့နန်းဆောင်ခွဲကို မီးရှို့ခဲ့တယ်...ဒါကြောင့် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က အရမ်းဒေါသထွက်သွားပြီးတော့ ရှီးနင်ကုန်းမြေအရှင်အိမ်တော်တောင် ငြိစွန်းသွားလုနီးပါးပဲ"

"ဒါပေမဲ့ ကျွန်တော်တို့က အဲ့ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်"

"ပထမဆုံးအနေနဲ့ ကျွန်တော်တို့က ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဆုံးရှုံးမှုတွေအတွက် လျော်ကြေးအများကြီးပေးခဲ့တယ်...ဂိုဏ်းချုပ်ကိုယ်တိုင် သွားပြီးတောင်းပန်ခဲ့တဲ့အပြင် ဂိုဏ်းကနေပြီးတော့ လုချုံးကို ထုတ်ပယ်လိုက်တယ်"

"ငါတို့ရဲ့တုံ့ပြန်မှုတွေက အရမ်းမြန်တာကို ကုန်းမြေအရှင်က သိသွားပြီးတော့ စိတ်ကျေနပ်သွားတာကြောင့် ငါတို့ကို ဒီအခွင့်အရေးမျိုး ပေးတာပဲဖြစ်မယ်"

ထိုစကားကိုကြားချိန်တွင်....

သဟွာဂိုဏ်းချုပ်နှင့် တခြားသူများအားလုံး၏မျက်လုံးများ တောက်ပသွားသည်။

"ဟား ဟား ဟား...."

"ငါ သိပြီ..."

"မင်းပြောတဲ့စကားက ဖြစ်နိုင်​ချေရှိတယ်"

သဟွာဂိုဏ်းချုပ်က ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ထို့နောက် သူသည် သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် လုကျွင်းကိုလှည့်ကြည့်လိုက်၏။

"လုကျွင်း...မင်းလည်း မြင်တာပဲ...တကယ်လို့ မင်းရဲ့သားကိုသာ ဂိုဏ်းကနေ မထုတ်ပယ်ဘူးဆိုရင် ငါတို့ဂိုဏ်းက ဘယ်လိုလုပ်ပြီးတော့ ဒီနေ့လို ကောင်းချီးပေးမှုမျိုး ရလာနိုင်မှာလဲ"

သဟွာဂိုဏ်းချုပ်က ပြောဆိုသည်။

"အဲ့ဒီကောင်းချီးပေးမှုအကြောင်းကို မပြောရင်တောင် တကယ်လို့ အဲ့ဒီလိုမလုပ်ခဲ့ဘူးဆိုရင် ငါတို့ဂိုဏ်းက ဘယ်လောက်ထိ ဖိနှိပ်ခံရမယ်ဆိုတာ ငါ မသိဘူး"

"မင်း..."

လုကျွင်းသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ၏ခေါင်းကိုအောက်သို့ငုံပြီး မည်သည့်စကားကိုမျှ မပြောဆိုတော့ချေ။

ဟူး....

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သဟွာဂိုဏ်းချုပ်သည် လုကျွင်းထံသို့ လျှောက်လှမ်းလာကာ သူ၏ပခုံးကိုပုတ်ပြီး ပြောဆိုသည်။

"ငါ့မှာ တခြားနည်းလမ်း မရှိတော့ဘူး...ငါက အဲ့ဒီလို မလုပ်ချင်ပေမယ့် ဂိုဏ်းရဲ့ကောင်းကျိုးအတွက် ငါ မင်းကို ထပ်ပြီးတော့အနစ်နာခံခိုင်းရတော့မယ်"

"မင်း ဘာကိုဆိုလိုတာလဲ"

လုကျွင်းက ခေါင်းမော့၍မေးမြန်းလိုက်သည်။

"ကုန်းမြေအရှင်က ငါတို့ကို သဘောကျပြီးတော့ သလင်းကျောက်ရိုင်းတွေ တူးဖော်မယ့်ကိစ္စကို ငါတို့သဟွာဂိုဏ်းဆီ လွှဲပြောင်းပေးတော့မယ်"

သဟွာဂိုဏ်းချုပ်က ပြောဆိုသည်။

"ဒါကြောင့် ကျေးဇူးပြုပြီးတော့ မင်း သဟွာဂိုဏ်းကနေ ထွက်သွားပေးပါ"

"မင်း...."

လုကျွင်း၏မျက်လုံးများ ရုတ်တရက် အနီရောင်သို့ပြောင်းလဲသွားသည်။

"ငါ လုကျွင်းက သဟွာဂိုဏ်းကိုရောက်လာတဲ့ လူငယ်ဘဝကနေစပြီးတော့ ဂိုဏ်းအတွက် အများကြီးအကျိုးဆောင်ခဲ့တယ်...ငါ့ရဲ့သားတစ်ယောက် သေသွားခဲ့တာကိုမပြောနဲ့...ဂိုဏ်းအတွက်နဲ့ ငါက ရှစ်ကြိမ်တိတိ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်"

"ငါ့ရဲ့ကျင့်ကြံဆင့်အခြေခံအုတ်မြစ်မှာ ပြဿနာတွေ ရှိနေတာကလည်း အစောပိုင်းနှစ်တွေမှာ ဂိုဏ်းရဲ့တာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဒဏ်ရာတွေရခဲ့တာကြောင့်ပဲ"

"ပြောရမယ်ဆိုရင် ငါတို့မိသားစုက သဟွာဂိုဏ်းအတွက် အသက်ပေးပြီး ကြိုးစားခဲ့ကြတယ်... ဒါပေမဲ့ ဒီနေ့လိုရလဒ်မျိုး ထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ငါ့မှာ ဘာမှပြောစရာမရှိတော့ဘူး"

လုကျွင်းသည် သူ၏ဝတ်စုံပေါ်မှ သဟွာဂိုဏ်းတံဆိပ်ကို ဆွဲဖြုတ်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။

"ဟား ဟား ဟား ဟား...."

သူ၏နောက်မှနေ၍ ကုန်းမြေအရှင်၏ဖိတ်ကြားခြင်းကိုရသဖြင့် ဝမ်းသာပျော်ရွှင်စွာ ရယ်မောနေသောအသံများ ထွက်ပေါ်နေသည်။

သဟွာဂိုဏ်းအတွက် အကြိမ်များစွာပေးဆပ်ခဲ့သော လူအိုကြီးတစ်ယောက်အတွက်ကိုမူ မည်သူကမျှ စာနာသနားခြင်းမရှိချေ။

ထို့နောက် သဟွာဂိုဏ်းချုပ်နှင့်တခြားအကြီးအကဲများသည် ဝတ်ကောင်းစားလှများကို လဲလှယ်ဝတ်ဆင်ကာ စိတ်လှုပ်ရှားနေသောမျက်နှာများဖြင့် ရှီးနင်ကုန်းမြေအရှင်အိမ်တော်သို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။

Chapter 650

သဟွာဂိုဏ်းချုပ်ဦးဆောင်သော လူတစ်စုသည် လေထုအတွင်းမှပျံသန်းကာ တစ်ရက်ကြာပြီးနောက် ရှီးနင်ကုန်းမြေအရှင်အိမ်တော်၏ပြင်ပသို့ ရောက်ရှိလာခဲ့သည်။

ဆိုရိုးစကားအရ ပြောဆိုရလျှင် လူများသည် ပျော်ရွှင်နေသောအခါသမယတွင် လန်းဆန်းတက်ကြွမှုကို ခံစားရသည်။

သဟွာဂိုဏ်းချုပ်၏မျက်နှာ နီမြန်းနေသည်။

ထို့နောက် သူသည် အကြီးအကဲတစ်စုနှင့်အတူ ပြုံးရွှင်နေသောမျက်နှာများဖြင့် ရှီးနင်ကုန်းမြေအရှင်အိမ်တော်အတွင်းသို့ ဝင်ခဲ့ကြတော့သည်။

နူးညံသိမ်မွေ့သောအစေခံမလေးများသည် သူတို့အား ယဥ်ကျေးသိမ်မွေ့စွာဆီးကြိုကာ ဧည့်ခန်းအတွင်းသို့ လမ်းပြခေါ်ဆောင်သွားလေ၏။

"လူကြီးမင်းတို့ ခဏလောက်စောင့်ကြပါအုံး...ကျွန်မတို့က ကုန်းမြေအရှင်ဆီကို ချက်ချင်းသွားပြီး အကြောင်းကြားလိုက်မယ်"

"ကောင်းပြီ...ကောင်းပြီလေ..."

သဟွာဂိုဏ်းချုပ်ကလည်း ယဥ်ကျေးသိမ်မွေ့စွာ တုံ့ပြန်လိုက်သည်။ထိုအစေခံများ ထွက်ခွာသွားပြီးနောက် သူသည် ထိုင်ခုံပေါ်၌ထိုင်ကာ လက်ရန်းကိုပုတ်ကြည့်ပြီး ပျော်ရွှင်စွာပြောဆိုသည်။

"ကြည့်ကြစမ်း...မင်းတို့ ကြည့်လိုက်ကြအုံး...ကုန်းမြေအရှင်အိမ်တော်လို့ မပြောရဘူး...ဒီထိုင်ခုံတွေကိုလုပ်ထားတဲ့ သစ်သားကတောင် သာမာန်မဟုတ်ဘူး"

"အမှန်ပဲ...ဒီတစ်ကြိမ်တော့ ငါတို့သဟွာဂိုဏ်းက အထွတ်အထိပ်အခြေအနေကို ရောက်သွားပြီလို့ ယူဆလို့ရတယ်"

"သာမာန်အနေနဲ့ဆိုရင် ကုန်းမြေအရှင်အိမ်တော်ရဲ့ ယဥ်ယဥ်ကျေးကျေးဆက်ဆံမှုကို ဘယ်ဂိုဏ်းကများ ခံယူရလို့လဲ"

"ဟုတ်တယ်...ကြည့်ရတာတော့ ကုန်းမြေအရှင်က လက်ရှိအခြေအနေတွေကို ကောင်းကောင်းကြီးသုံးသပ်တက်တဲ့လူတွေကို သဘောကျတဲ့ပုံပဲ"

"ဟား...ဟား...ဟား..."

အကြီးအကဲများအားလုံး စိတ်အားထက်သန်စွာဖြင့် ပြောဆိုဆွေးနွေးနေကြသည်။

"အမ်..."

ထိုအချိန်မှာပင် အကြီးအကဲများအနက်မှတစ်ယောက်သည် တံခါးမှတဆင့် တစ်စုံတစ်ခုကို မြင်တွေ့သွားပုံဖြင့် အံ့အားတသင့်ရေရွတ်လိုက်သည်။

"ဘာဖြစ်လို့လဲ..."

သဟွာဂိုဏ်းချုပ်နှင့်တခြားအကြီးအကဲများက မေးမြန်းလိုက်၏။

"​အဲ့ဒီနေရာက မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့လူကို ကြည့်လိုက်ကြအုံး...သူ့ကိုကြည့်ရတာ လုချုံးနဲ့မတူဘူးလား"

ထိုအကြီးအကဲက သူ့၏မျက်လုံးကိုပွတ်သပ်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင်....

တခြားလူများအားလုံးသည် ထိုနေရာသို့လှည့်ကြည့်လိုက်ကြကာ သူတို့သည်လည်း အံ့အားသင့်သွားသည်။

"ဒါက လုချုံးမဟုတ်လား...."

"သူက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်နေတာလဲ...သူက အရိပ်ကျွန်းပေါ်မှာ ရှိနေသင့်တာ မဟုတ်လား..."

"ဒါက အမှန်ပဲ...ဒီနေရာက မြို့အရှင်အိမ်တော်...သူက ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်နေတာလဲ"

သူတို့အားလုံး၏မျက်နှာများပေါ်၌ မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။

"ငါတို့ တစ်ချက်သွားကြည့်ကြရအောင်...ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က လူမှားဖမ်းပြီးတော့ လက်သည်တရားခံက လွတ်နေတဲ့ကိစ္စမျိုး မဖြစ်သင့်ဘူး"

အကြီးအကဲများအနက်မှတစ်ယောက်က ပြောဆိုသည်။

"မလုပ်ကြနဲ့...ဘယ်လိုပဲဖြစ်ဖြစ် သူက ကုန်းမြေအရှင်အိမ်တော်ထဲမှာ ရောက်နေတယ်...သူက ကုန်းမြေအရှင်ရဲ့ဧည့်သည်တစ်ယောက် ဖြစ်နေနိုင်တယ်မဟုတ်လား..."

တခြားအကြီးအကဲတစ်ယောက်က မေးမြန်းသည်။

"မင်း ဘာတွေတွေးနေတာလဲ"

"အဲ့ဒီအမှိုက်ကောင်လုချုံးက ဘယ်လိုလုပ်ပြီးတော့ ကုန်းမြေအရှင်ရဲ့ဧည့်သည်တစ်ယောက် ဖြစ်နေနိုင်မှာလဲ"

အကြီးအကဲတစ်ယောက်က အထင်အမြင်သေးစွာ ပြောဆိုသည်။

"ဒါ့ပြင် မင်းတို့ မမြင်ကြဘူးလား...သူက မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီးတော့ မစင်ပုံးကို ပွတ်တိုက်နေတယ်...သူက ကုန်းမြေအရှင်အိမ်တော်မှာ အလုပ်ကြမ်းလုပ်ရတဲ့လူပဲ ဖြစ်လိမ့်မယ်"

"ဒါပေမယ့် အဲ့ဒီလိုလည်း မဖြစ်နိုင်ဘူး...လုချုံးက အရိပ်ကျွန်းပေါ်မှာ လှောင်ပိတ်ခံထားရတာ...ဘယ်လိုလုပ်ပြီးတော့ သူက အလုပ်ကြမ်းလုပ်ဖို့အတွက် ဒီနေရာကို ရောက်နေနိုင်မှာလဲ"

"ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်"

တခြားအကြီးအကဲတစ်ယောက်က ပြောဆိုသည်။

"လုချုံးတို့သားအဖက အရိပ်ကျွန်းမှာ နယ်နှင်ဒဏ်ခံရမယ့်ကိစ္စကို ရှောင်ရှားဖို့အတွက် တခြားလူတစ်ယောက်ကို လုချုံးနေရာမှာ အစားထိုးလိုက်တာဖြစ်မယ်လို့ ငါ သံသယဝင်မိတယ်"

"အဲ့ဒီလိုဖြစ်နိုင်တယ် မဟုတ်လား"

"ဒါက ကုန်းမြေအရှင်အိမ်တော်နဲ့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်တို့ကို လှည့်စားတာပဲ"

"ဟုတ်တယ်....တကယ်လို့ အဲ့ဒီကိစ္စသာ အမှန်ဆိုရင် ငါတို့သဟွာဂိုဏ်းလည်း ငြိစွန်းလာနိုင်တယ်"

သူတို့အားလုံး အလွန်အမင်း ဒေါသထွက်သွားကြသည်။

"ငါတို့ သွားကြည့်ကြစို့"

သဟွာဂိုဏ်းချုပ်သည် အနည်းငယ်စဥ်းစားတွေးတောပြီးနောက် ထိုအကြီးအကဲ၏စကားကို သဘောတူညီလိုက်သည်။

ထိုသို့မဟုတ်ပါက ဤနေရာတွင် မည်သည်ကြောင့် လုံချုံးရောက်ရှိနေသည်ကို သူ အမှန်တကယ်ကို မတွေးတောတော့ချေ။

အကယ်၍ ဤကဲ့သို့ကိစ္စမျိုးဖြစ်နေပါက သူ တစ်စုံတစ်ခု ပြုလုပ်ရပေမည်။

ဤလုချုံးအတွက်ဖြင့် သလင်းကျောက်ရိုင်းများ တူးဖော်ခွင့်ရမည့် သူတို့၏အခွင့်အရေးကို ဆုံးရှုံးမခံနိုင်​ချေ။

သူတို့အားလုံးသည် ဒေါသတကြီးဖြင့် လုချုံးထံသို့ဦးတည်၍ သွားလိုက်ကြသည်။

ဤအချိန်နှစ်ရက်အတွင်းတွင်....

လီဟောင်ထျန်း၏ အတင်းအကြပ်တောင်းဆိုမှုကြောင့် လုချုံးတို့နှစ်ယောက်သည် ကုန်းမြေအရှင်အိမ်တော်၌ နေထိုင်ခဲ့ကြလေ၏။သူတို့သည် ချိုးဖျက်ဝင်ရောက်ပြီးသည်မှာ မကြာသေးသော ကျင့်ကြံဆင့်နယ်ပယ်များကို တည်ငြိမ်အောင် ပြုလုပ်ခဲ့ကြသည်။

အချိန်ကျလာသည်နှင့် လုချုံးသည် ကိုယ်ပိုင်အလုပ်ကို မေ့လျော့ခြင်းမရှိချေ။

သူသည် နေရောင်ဖြာကျနေသည်ကိုအခွင့်ကောင်းယူ၍ သူ၏စိတ်ကိုနှစ်မြုပ်ကာ မစင်ပုံးများကို ပွတ်တိုက်လိုက်၏။

"လုချုံး...ဒါက တကယ်ကိုပဲ မင်းလား...."

သဟွာဂိုဏ်းချုပ်နှင့်တခြားလူများအားလုံးသည် အနီးသို့ချဉ်းကပ်လာပြီးနောက် လုချုံး၏မျက်နှာကိုကြည့်ပြီး အတည်ပြုလိုက်ကြသည်။

"ဒါက ခင်ဗျားတို့လား...."

လုချုံးက ခေါင်းမော့၍ကြည့်လိုက်သည်။ထို့နောက် သူ၏မျက်နှာကို ချက်ချင်းအောက်သို့ပြန်ငုံလိုက်၏။

အကြောင်းအရင်းမှာ အင်မော်တယ်နန်းတော်၏နန်းဆောင်ခွဲကို သူ မီးရှို့ခဲ့သောကြောင့် သူ၏ဖခင်သည် ဤလူတစ်စု၏ဖိနှိပ်ခြင်းကိုခခံရသည့်အပြင် သူ့ကိုလည်း ဂိုဏ်းမှထုတ်ပယ်ခဲ့သညိကို သူ သိရှိထားသောကြောင့်ပင်။

"တော်လိုက်တဲ့ကောင်...ငါတို့က မင်းဖြစ်နေမယ်လို့ မျှော်လင့်မထားမိဘူး...ငါတို့ မင်းကို မေးပါရစေ...မင်းက အရိပ်ကျွန်းမှာရှိနေရမှာ မဟုတ်လား...ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"

သဟွာဂိုဏ်းချုပ်က မေးမြန်းသည်။

"ကျုပ် ဘယ်နေရာကိုရောက်နေနေ ခင်ဗျားတို့နဲ့ဘာဆိုင်လို့လဲ"

လုချုံးသည် ဤလူတစ်စုနှင့် မည်သည့်စကားကိုမျှ ပြောဆိုလိုခြင်းမရှိချေ။ထိုကြောင့် သူ၏လက်အတွင်းရှိ မစင်ပုံးကိုမြှောက်ကာ တခြားနေရာသို့ရွှေ့ပြောင်းရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူ မတ်တတ်ထရပ်လိုက်စဉ်မှာပင် ထိုလူအားလုံးသည် သူအား ဝိုင်းရံထားကာ ထွက်မသွားနိုင်စေရန် ဟန့်တားလိုက်ကြ၏။

"လုချုံး....မင်းကို ငါတို့သဟွာဂိုဏ်းကနေ ထုတ်ပယ်ပြီးသားဆိုပေမယ့် ငါ မင်းကို မေးစရာတစ်ခုရှိနေတယ်"

သဟွာဂိုဏ်းချုပ်က ထပ်မံ၍မေးမြန်းသည်။

"ငါ မင်းကို မေးမယ်...မင်း ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"

လုချုံးက မျက်မှောင်အနည်းငယ်ကြုတ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဘာမှ ပြောစရာမရှိဘူး...ကျေးဇူးပြုပြီးတော့ လမ်းဖယ်ပေးကြပါ"

"ဘာမှ ပြောစရာမရှိဘူးလား..."

သဟွာဂိုဏ်းချုပ်က လှောင်ပြောင်သရော်လိုက်ကာ သူ့ထံ၌ လုချုံးအား အလွတ်ပေးမည့် ရည်ရွယ်ချက်ရှိပုံမရချေ။

"တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင်...မင်းတို့သားအဖက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကနေ လူလာဖမ်းတဲ့အချိန်မှာ တစ်ယောက်ယောက်ကို လူစားထိုးလိုက်တာမဟုတ်လား"

"အဲ့ဒီအတုအယောင်က ဖမ်းဆီးခံရပြီးတော့ မင်းကတော့ ကုန်းမြေအရှင်အိမ်တော်မှာ အလုပ်ကြမ်းလာလုပ်နေတာမဟုတ်လား"

"ကောင်းလိုက်တဲ့လှည့်ကွက် ကောင်းလိုက်တဲ့နည်းဗျူဟာ....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကုန်းမြေအရှင်အိမ်တော်မှာ ပုန်းနေမယ်လို့ ဘယ်သူမှ တွေးထင်မိမှာမဟုတ်ဘူး"

"တကယ်လို့ ငါတို့သာ မင်းကို ဒီနေရာမှာမတွေ့မိရင် လူတွေအားလုံးက မင်းရဲ့လှည့်စားတာ ခံနေရမှာကို ငါ စိုးရိမ်မိတယ်"

ထိုစကားကိုပြောဆိုရင်း သဟွာဂိုဏ်းချုပ်သည် လုချုံးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြင်းပြင်းထန်ထန်ပြောဆိုသည်။

"မင်းက တကယ့်ကို ကောက်ကျစ်ယုတ်မာတဲ့ကောင်ပဲ"

"မင်းကြောင့် ငါတို့သဟွာဂိုဏ်းကို ထိခိုက်နစ်နာစေတယ်ဆိုတာ မင်း သိလား"

"ငါတို့ သဟွာဂိုဏ်းကို ထိခိုက်နစ်နာအောင်လုပ်ဖို့ မင်းကို ခွင့်ပြုထားမယ်လို့ မင်း ထင်နေတာလား"

သဟွာဂိုဏ်းချုပ်သည် အလွန်ဒေါသထွက်နေပေ၏။

အထူးသဖြင့် သူ၏စိတ်နှလုံးသားအတွင်းတွင် အကယ်၍ ကုန်းမြေအရှင်ဤနေရာသို့ရောက်လာပြီး ဤကိစ္စကိုသိရှိသွားပါက အခြေအနေဆိုးရွားသွားမည်ဟု တွေးတောနေမိသည်။ထိုသို့ဖြစ်လာပါက ကုန်းမြေအရှင်သည် သလင်းကျောက်ရိုင်းများ တူးဖော်ခွင့်ကိစ္စကို သဟွာဂိုဏ်းအား လွှဲပြောင်းပေးတော့မည်မဟုတ်ချေ။

ခြံဝန်းနံရံ၌....

ခြံဝန်းနံရံပေါ်တွင် လီဟောင်ထျန်းသည် ဝမ်းလျားမှောက်ကာ အောက်ရှိစကားပြောဆိုနေမှုများကို နားထောင်နေသည်။

သူ မည်သို့ ပြုလုပ်ရမည်နည်း...

သူ အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။

သူ ဤနေရာသို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ဤနေရာအနီးသို့ရောက်ရှိလာချိန်၌ သဟွာဂိုဏ်းချုပ်နှင့်လုချုံးတို့အကြားမှ စကားပြောဆိုနေမှုကို ကြားလိုက်ရသည်။

ဤစကားပြောဆိုမှုမှတဆင့် သိလိုက်ရသည်မှာ...

လုချုံးသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏နန်းဆောင်ခွဲကို မီးရှို့ခဲ့ခြင်းကြောင့် သဟွာဂိုဏ်းမှ ထုတ်ပယ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် သူ လီဟောင်ထျန်းသည် သဟွာဂိုဏ်းချုပ်နှင့်တခြားအကြီးအကဲများကို အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့လေ၏။

ထို့ပြင် သလင်းကျောက်ရိုင်းများ တူးဖော်ရန် ကိစ္စအတွက်ကိုပင် သူတို့အား သူ ဖိတ်ခေါ်ခဲ့သည်။

ဤသည်မှာ အလွန်ကြီးမားသော အမှားအယွင်းတစ်ခုပင်။

ဖြောင်း....

လီဟောင်ထျန်းသည် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်၏။

ဤသည်မှာ သူ အမျှော်အမြင်မရှိခြင်းကြောင့်ပင်။

ဤကိစ္စကို ယခင်ကတည်းက ကြိုတင်၍ မစုံစမ်းမိခဲ့သည့်အတွက် သူ အလွန်နောင်တရနေမိသည်။

သူသည် မူလက သဟွာဂိုဏ်းမှတဆင့် လုချုံးစိတ်ကျေနပ်အောင် ပြုလုပ်လိုခဲ့သည်။သို့ရာတွင် ဤသည်မှာ သူ့၏ခြေထောက်ကို ခဲတစ်လုံးဖြင့် သူ ပြန်ပစ်ခတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဟု မည်သူက သိရှိမည်နည်း။

ဤနှစ်ရက်အတွင်းတွင် သူသည် အစွမ်းကုန်ကြိုးစား၍ လုချုံးနှင့်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့သည်။အကယ်၍ဤတစ်ကြိမ်တွင် သူ ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက အရာအားလုံး အလဟဿဖြစ်သွားပေမည်။

ထို့ပြင် လုချုံး ဒေါသထွက်သွားပါက မစင်ပုံးတစ်စုံဖြင့် သူ့အား ဖိနှိပ်ပေလိမ့်မည်။

ထိုအကြောင်းကို တွေးတောမိရုံဖြင့် သူ၏ခန္ဓာကိုယ်တွင် ဇောချွေးများပြန်လာသည်။

ထိုကြောင့် သူသည် မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုမစဉ်းစားရသေးမီ ခြံဝန်းအတွင်းသို့ ဝင်မသွားဝံ့ချေ။

"မင်း နားကန်းနေတာလား...ဒီဂိုဏ်းချုပ်က မင်းကို မေးနေတယ်လေ"

သဟွာဂိုဏ်းချုပ်က ဒေါသတကြီးအော်ဟစ်လိုက်၏။

လုချုံး၏မျက်နှာ သုန်မှုန်သွားသည်။ သူ၏နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။

ပြောရမည်ဆိုလျှင် ဤအချိန်အခိုက်အတန့်၌ သဟွာဂိုဏ်းအပေါ် သူ၏နောက်ဆုံးခံစားချက်များ ပျက်ပြယ်သွားလေပြီ။

"ကျုပ် သိချင်တာက ခင်ဗျားတို့ကို ဒီနေရာဆီလာဖို့ ဘယ်သူက ဖိတ်ခေါ်ခဲ့တာလဲ"

လုချုံးက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

"မင်းက ဒီကိစ္စကို ဘာလို့မေးတာလဲ"

သဟွာဂိုဏ်းချုပ်က လုချုံးကိုမျက်စောင်းထိုးကြည့်ကာ ဂုဏ်ယူဝံ့ကြွားစွာပြောဆိုသည်။

"တကယ်တော့ ငါ မင်းကိုပြောပြလို့လဲ ဘာမှမဖြစ်ဘူး...ငါတို့ ဒီနေရာကိုရောက်လာတာက ရှီးနင်ကုန်းမြေအရှင်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့လိုပဲ"

သို့ရာတွင်....

သူ ထိုစကားကို မပြောဆိုခဲ့ပါက အရာအားလုံး အဆင်ပြေပေမည်။

သူ ထိုစကားကို ပြောဆိုလိုက်ချိန်၌....

ခြံဝန်းနံရံပေါ်၌ရှိနေသော လီဟောင်ထျန်းသည် ဆက်လက်၍ ပုံးကွယ်နိုင်ခြင်းမရှိတော့သဖြင့် ထွက်လာကာ သဟွာဂိုဏ်းချုပ်ကို သူ၏ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်သည်။

"ငါယိုးမသား...ငါက ဘယ်အချိန်တုန်းက မင်းကို ဒီနေရာဆီ ဖိတ်ခေါ်ခဲ့လို့လဲ"

All Chapters