အခန်း (၆၅၆-၆၆၀)
Vol. 44 Ch. 656-660
Chapter 656
လူတစ်စုသည်....
ဟွမ်ချင်းထန်၏ဦးဆောင်မှုအောက်တွင် သူတို့အားလုံး ကုန်းမြေအရှင်အိမ်တော်ထံသို့ ဦးတည်၍လျှောက်လှမ်းခဲ့သည်။
ကုန်းမြေအရှင်အိမ်တော်အတွင်းသို့ ဝင်ရောက်နေစဥ်တွင် ရင်းနှီးကျွမ်းဝင်သောအဆောက်အအုံများကိုကြည့်ပြီး ကျန်းကျီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူမသည် အရိပ်ကျွန်းတွင် လှောင်ပိတ်မိနေစဥ်၌ ဤနေရာသို့ မည်သို့မျှ ပြန်လာနိုင်တော့မည်မဟုတ်ဟု တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌.....
သူမသည် ဤနေရာသို့ တဖန်ထပ်၍ ပြန်လာနိုင်ရုံသာမက သူမသည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်မလိုအပ်ချေ။အကြောင်းအရင်းမှာ သူမနှင့်အရိပ်ကျွန်းအကြားရှိ ဆက်ဆံရေးကြောင့် ဟွမ်ချင်ထန်းသည် ထိုကိစ္စများအားလုံးကို သူမအတွက် ကူညီ၍ရှင်းလင်းပေးသွားသောကြောင့်ပင်။
ယခုချိန်၌ သူမ၏အဆင့်အတန်းသည် ယခင်နှင့် ကွဲပြားခြားနားသွားလေပြီ။
ဤကဲ့သို့အောင်မြင်မှုမျိုးကို ယခင်ကဆိုလျှင် သူမ စိတ်ကူးပင်ယဥ်မကြည့်ဝံ့ချေ။
ရှေ့ရှိ မြေကွက်လပ်ပေါ်၌....
ကျိုးရန်တု၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေကာ သူ၏ခြေလက်များ ကျိုးပဲ့နေပြီး မှော်သင်္ကေတအက္ခရာများ ထွင်းထုထားသော သံလှောင်အိမ်ကြီးတစ်ခုအတွင်း၌ သူ့အား ဖမ်းချုပ်ခံထားရသည်။
"အရှင်မကျန်းကျီ....တရားခံ....တရားခံက ဒီမှာပါ...."
ဟွမ်ချင်းထန်သည် ရှေ့မှဦးဆောင်၍လျှောက်လှမ်းသွားကာ အပြုံးနှင့်ပြောဆိုသည်။
ကျန်းကျီသည် ခေါင်းညိတ်ပြကာ ကျိုးရန်တုထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်၏။
ကျန်းကျီ၏ရောက်ရှိလာမှုကို သတိပြုမိပုံဖြင့် ကျိုးရန်တုက သူ၏ခေါင်းကိုမော့လိုက်သည်။
သူ့ထံတွင် ထိတ်လန့်ကြောက်ရွံမှု ရှုံးနိမ့်သွားသည့်အတွက် မဝံ့မရဲဖြစ်နေမှုများ ရှိမနေချေ။
ထိုအစား သူသည် လျှာဖြင့်နှုတ်ခမ်းကိုသပ်ကာ ကောက်ကျစ်ယုတ်မာသောအကြည့်ဖြင့် ကျန်းကျီကို ကြည့်လေသည်။
"ကျန်းကျီ...ငါတို့ ထပ်တွေ့ရပြန်ပြီ"
ကျိုးရန်တု၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ ပြောဆိုသည်။
ကျန်းကျီထံတွင် အမူအယာကင်းမဲ့နေပြီး သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဓားမြှောင်တစ်လက်က သူမ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။
မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူမသည် ထိုဓားမြှောင်နှင့် ကျိုးရန်တု၏ပခုံးကို ထိုးစိုက်လိုက်သည်။
"ဒီဓားချက်က ကျန်းယွင်အတွက်ပဲ"
ကျန်းကျီက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဟား ဟား ဟား...."
နာကျင်စွာအော်ဟစ်ရမည့်အစား ကျိုးရန်တုက လှောင်ပြောင်သရော်လိုက်သည်။
"မင်းက သူတို့တွေအတွက် လက်စားချေချင်တာလား...ဒါပေမဲ့ မင်းမှာ ဘာလို့ ဒီလောက်ထိခွန်အားနည်းနေတာလဲ"
"လာစမ်းပါ....ပိုပြီးပြင်းပြင်းလေး လုပ်စမ်း"
သူက ဒေါသတကြီးပြောဆိုသည်။
ကျန်းကျီ၏မျက်နှာ အေးစက်တင်းမာသွားကာ သူမက နောက်ထပ်ဓားတစ်ချက်ကို ထိုးစိုက်လိုက်၏။
"ဒီဓားချက်က ကျန်းရှင်းအတွက်ပဲ"
ထိုသို့ပြောဆိုပြီးနောက် သူမသည် ကျိုးရန်တုကို ဓားချက်တစ်ချက်ချင်း ထိုးစိုက်လေသည်။
ထိုလူများအားလုံးသည် တစ်ချိန်က ကျိုးရန်တု၏လက်အတွင်း၌ မရှုမလှသေဆုံးသွားခဲ့ရသောလူများပင်။
နာမည်အမြောက်အများကို တစ်ခုပြီးတစ်ခု ရေရွတ်ပြီး ဓားတစ်ချက်စီထိုးစိုက်လိုက်ခြင်းနှင့်အတူ....
သွေးညှီနံ့များက ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပျံ့နှံ့သွားသည်။
တခြားသူများသည် နံဘေးမှနေ၍ စောင့်ကြည့်နေကြလေ၏။
သို့ရာတွင် လီဟောင်ထျန်းနှင့်ဟွမ်ချင်းထန်တို့နှစ်ယောက်မှာမူ တွေဝေမိန်းမောနေသည်။
ကျန်းကျီ၏ကိစ္စများသည် သူတို့နှင့် ပတ်သက်ငြိစွန်းခြင်းမရှိတော့ချေ။သို့ရာတွင် သူတို့သည် နံဘေးရှိ လူသားအင်မော်တယ်နှစ်ယောက်၏ အခြေအနေကို ရှာဖွေဖော်ထုတ်လိုဆဲပင်။
"လူအိုကြီးလီ...မင်းမှာ နားဖာကလော်ပါလား"
ဝူယုံဟုန်သည် ရုတ်တရက် သူ၏နံဘေးတွင်ရှိနေသော လုချန်ရှင်းကို မေးမြန်းလိုက်သည်။
"အင်း...ငါ့မှာ ပါတယ်"
လုချင်ရှန်းသည် သူ၏သိုလှောင်လက်စွပ်ကိုဖွင့်ကာ နားဖာကလော်တစ်ချောင်းကိုရှာဖွေပြီး ဝူယုံဟုန်ထံသို့ လက်ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ဝူယုံဟုန်သည် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သူ၏နားဖာချေးများကို ကလော်နေတော့သည်။
လုချင်ရှန်းသည်လည်း ပျင်းရိငြီးငွေ့စွာဖြင့် သူ၏လက်သည်းများကို ဟိုတိသည်တိလုပ်နေလေ၏။
သူတို့နှစ်ယောက်ကို အနီးကပ်စောင့်ကြည့်နေသော ဟွမ်ချင်းထန်နှင့်လီဟောင်ထျန်းတို့နှစ်ယောက်လုံး ကြက်သေသေသွားသည်။
ဤသည်မှာ ထိပ်သီးဆရာကြီးနှစ်ယောက်ဖြစ်သလော....
သူတို့ကိုကြည့်ရသည်မှာ အလွန်မင်း တသီးတခြားဆန်ပုံရသည်။
"ဟား ဟား ဟား...."
ထိုအချိန်မှာပင် ဓားနှင့်ထိုးစိုက်ခံရကာ ဒဏ်ရာများမှ သွေးများယိုစီးကျနေသော ကျိုးရန်တုက ကျယ်လောင်စွာ အော်ဟစ်မောလိုက်သည်။
"ကျန်းကျီ...မင်း ငါ့ကို ဓားနဲ့ဘယ်လောက်ထိထိုးနေပါစေ ဘာမှဖြစ်လာမှာ မဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး"
"ဟား ဟား ဟား...."
ကျိုးရန်တုကိုကြည့်ပြီး ကျမ်းကျီ၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
ဤအချိန်အတောအတွင်းတွင် သူမသည် ကျိုးရန်တုကို ဓားချက်ပေါင်းတစ်ရာကျော် ထိုးစိုက်ခဲ့သည်။ထို့ပြင် တချို့ဓားချက်များသည် ကျိုးရန်တု၏သေကွင်းသေကွက်နေရာများသို့ ထိုးစိုက်ခဲ့ခြင်းဖြစ်သော်လည်း သူသည် ယခုချိန်ထိ သေလုမျောပါးအခြေအနေမျိုး၌ ရှိမနေချေ။
ဤှသည်မှာ အလွန်ထူးဆန်းပေ၏။
သူမသည် စိတ်မထိန်းနိုင်တော့သဖြင့် သူမ၏ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်စွမ်းအားကို နှိုးဆွကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
လေဟာနယ်သည် ပုံပျက်သွားကာ....
အစွမ်းထက်သော လက်ဝါးရိုက်ချက်တစ်ချက်က ကျိုးရန်တု၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
ဖူး...
ကျိုးရန်တု၏ပါးစပ်မှ သွေးများပန်းထွက်လာကာ သူ၏မျက်နှာ ဖြူရော်သွားသည်။
သို့ရာတွင် သူကိုကြည့်ရသည်မှာ သေတော့မည့်ပုံမရှိချေ။ထိုအစား သူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သရော်တော်တော်ပြောဆိုသည်။
"ကျန်းကျီ ငါ တကယ်ကို မယုံနိုင်ဘူး....မင်းက အစစ်အမှန်အနှစ်သာရ အင်မော်တယ်တစ်ယောက် ဖြစ်နေပါလား...ဒီအချိန်အတောအတွင်းမှာ မင်း ဘာတွေနဲ့တွေ့ကြုံခဲ့ရတာလဲဆိုတာ ငါ အရမ်းသိချင်မိတယ်"
"မင်းရဲ့ ကျင့်ကြံဆင့်အခြေခံ အများကြီးမြင့်တက်လာတာတဲ့အပြင် ငါရဲ့ယောက္ခထီးကတောင် ဘက်ပြောင်းပြီး မင်းကို ကူညီခဲ့တယ်"
"ဒါပေမယ့်...."
"မင်း ဘယ်လိုအခွင့်အရေးတွေကို ရနေပါစေ....မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး...."
"ဟား ဟား ဟား...."
ကျယ်လောင်စွာ အော်ဟစ်ရယ်မောသံကြီးသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။
ပုံမှန်အရဆိုလျှင် ကျိုးရန်တု၏ယခုလက်ရှိအခြေအနေသည် အလွန်ဆိုးရွားနေရပေမည်။ယခင်က ဓားချက်တစ်ရာကျော် ထိုးစိုက်ခံထားရသည်ကို ထည့်မပြောလျှင်ပင် သူမ၏အင်အားကုန် အသုံးပြုထားသော လက်ဝါးရိုက်ချက်အောက်မှ သူ အသက်ရှင်သန်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
ထို့ကြောင့် ကျန်းကျီသည် သူမ၏ခွန်အားကုန်ထည့်သွင်းထားသော လက်ဝါးဖြင့် ကျိုးရန်တု၏သေကွင်းသေကွက်နေရာသို့ ဦးတည်ကာ လက်ဝါးရိုက်ချက်တစ်ချက်ကို ထပ်မံ၍ရိုက်ထုတ်လိုက်၏။
သို့ရာတွင် ကျိုးရန်တုသည် သေဆုံးသွားခြင်းမရှိချေ။
ထိုအစား သူ့ထံတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ရှိနေကာ သူ၏အသားအရေ နီမြန်းနေပြီး သူ၏ခွန်အား အလျှင်အမြန်မြင့်တက်လာပုံရသည်။
"ဒါက..."
"ဘာတွေဖြစ်နေတာလဲ...."
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များရှိနေကာ အမှုမဲ့အမှတ်မဲ့ဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။
ကျန်းကျီသည်လည်း ထပ်တူထပ်မျှဖြစ်ကာ တည်ကြည်လေးနက်သောမျက်နှာဖြင့် နောက်သို့ဆုတ်လိုက်၏။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် ကျိုးရန်တု၏ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တောရိုင်းသားရဲကြီးတစ်ကောင် နိုးထလာသည့်အလား သူမအပေါ် ဖိအားများစွာ သက်ရောက်လာသောကြောင့်ပင်။
ဝုန်း....
ကျိုးရန်တု၏ခွန်အားများ မြင့်တက်လာမှုအောက်တွင် သူ့အားချည်နှောင်ထားသော မှော်သင်္ကေတအက္ခရာများ ရေးထွင်းထားသည့် သံကြိုးကြီး ပြတ်ထွက်သွားသည်။
"ဟား ဟား ဟား...."
သူသည် သွေးနီရောင်မျက်လုံးများဖြင့် ရှေ့သို့လျှောက်လှမ်းလာကာ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေလေ၏။သူ့ထံတွင် ဒေါသများဖြင့်ပြည့်နှက်နေပြီး ဟွမ်ချင်းထန်ကို ကြည့်လိုက်သည်။
"လူအိုကြီး....ကံကောင်းချင်တော့ ငါက ဘယ်တုန်းကမှ မင်းကိုမှီခိုဖို့ မတွေးခဲ့ဖူးဘူး"
"မဟုတ်ရင် ငါက မင်းကြောင့် ဆိုးဆိုးရွားရွား အဆုံးသတ်ရလိမ့်မယ်"
သူက အေးစက်တင်းမာစွာ ပြောဆိုသည်။
ဟွမ်ချင်းထန်သည် မျက်မှောက်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ကျိုးရန်တု၏ထူးဆန်းနေမှုကို သူသည်လည်း သတိပြုမိကာ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
မည်သည့်စကားတခွန်းမျှမဆိုဘဲ သူ၏လက်ဝါးကိုဝှေ့ယမ်းလိုက်ရာ ကြယ်အင်မော်နယ်တစ်ယောက်၏စွမ်းအား ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ကျိုးရန်တု၏ရင်ဘတ်ထံသို့ဦးတည်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
"ဟား ဟား ဟား ဟား...."
ကျိုးရန်တုသည် အနည်းငယ်မျှယိမ်းယိုင်သွားခြင်းမရှိဘဲ အော်ဟစ်ရယ်မောလိုက်၏။
"သံတမန်ကြီး ငါ့ကိုပေးထားတဲ့စွမ်းအားက တကယ့်ကို အားကောင်းတာပဲ....ကြယ်အင်မော်တယ်တစ်ယောက်ဆိုရင်တောင် ဘာလုပ်ရမှာလဲ"
"သေကြစမ်း...မင်းတို့အားလုံး သေကြစမ်း"
"လက်ရှိနေရာမှာရှိနေတဲ့ လူတွေအားလုံး သေရမယ်"
ထိုသို့ပြောဆိုပြီးနောက် ကျိုးရန်တု၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်လာကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်သည် ဟွမ်ချင်းထန်၏ပခုံးပေါ်သို့ ကျရောက်သွားပေ၏။ဟွမ်ချင်းထန်သည် ကြယ်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် အနည်းငယ်မျှခုခံကာကွယ်နိုင်ခြင်းမရှိဘဲ အပြင်းအထန်ဒဏ်ရာရရှိကာ မြေပြင်ပေါ်၌ လဲကျသွားတော့သည်။
"ဒါက....."
ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများထက်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ရန်သူ၏စွမ်းအားသည် ဤမျှထိသန်မာအားကောင်းနေမည်ဟု မည်သူကမျှ တွေးထင်ထားမိခြင်းမရှိချေ။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ...သံတမန်ကြီးက ဘယ်သူလဲ"
လီဟောင်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
ကျန်းကျီ၏မျက်နှာ သုန်မှုန်နေကာ သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ဤကိစ္စ မည်သည်ကြောင့်ဖြစ်လာသည်ကို သူမလည်း မသိရှိချေ။
"ငါတို့ သူ့ကို ဒီအတိုင်း လွှတ်ပေးထားလို့မဖြစ်ဘူး"
လီဟောင်ထျန်းက အော်ဟစ်လိုက်သည်။
ကျန်းကျီက ခေါင်းညိတ်ပြလေ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် လီဟောင်ထျန်းက အရင်ဆုံးတိုက်ခိုက်လိုက်သည်။ကျန်းကျီသည်လည်း လီဟောင်ထျန်းနှင့်အတူ သူမ၏တိုက်ခိုက်မှုကို စတင်လေသည်။
သို့ရာတွင် သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သောစွမ်းအားသည် ကျိုးရန်တု၏အနီးသို့ချဉ်းကပ်သွားသည်နှင့် သူ၏လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် သူတို့နှစ်ယောက်လုံး နောက်သို့လွင့်ထွက်သွားခဲ့သည်။
ကျိုးရန်တုသည် သူ၏လက်ကို ထပ်မံ၍ဝှေ့ယမ်းလိုက်ရာ ကျန်းကျီ၏လက်အောက်ငယ်သားများအားလုံး လွင့်ထွက်သွားပေ၏။
ထို့နောက် သူသည် မြေပြင်ပေါ်သို့ ခြေတစ်ဖက်ဆောင့်နင်းလိုက်သည်။သူ၏ခြေထောက်အောက်ရှိ မြေပြင်ကွဲအက်သွားကာ အက်ကွဲကြောင်းကြီးများ ထင်ဟပ်လာသည်။
ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ အဆောက်အအုံအမြောက်အများ ပြိုလဲကျသွားသည်။
"ဟား ဟား ဟား ဟား...."
"ဘယ်ကောင် ထွက်လာအုံးမှာလဲ...ခွေးမသားတွေ...ဘယ်သူကမှ ငါ့ကို နည်းနည်းလေးတောင် နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး"
ကျိုးရန်တု၏ပါးစပ်မှ ကျယ်လောင်သောအော်ဟစ်ရယ်မောသံကြီး ထွက်ပေါ်လာသည်။သူ့၏မျက်လုံးများအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေကာ ဤကဲ့သို့ခွန်အားမျိုးရရှိခြင်းကြောင့် သူ ရူးသွပ်သွားပုံပင်။
သို့ရာတွင်....
သူ၏အသံ ကျရောက်သွားသော အချိန်မှာပင်...
ဆေးတံတစ်ချောင်း ရုတ်တရက်ထွက်ပေါ်လာည်။
ထိုဆေးတံဖြင့် သူ၏ခေါင်းကို ခေါက်ခံလိုက်ရခြင်းနှင့်အတူ သွေးစို့ရာအပေါက်ကြီးတစ်ခုက သူ၏ခေါင်းပေါ်၌ ထွက်ပေါ်လာသည်။
"လူငယ်လေး...အရမ်းကြီး ဆူညံအောင်မလုပ်စမ်းနဲ့...ဒီလူအိုကြီးက နားဖာချေးကလော်နေတာ....မင်းကြောင့် ငါ့ရဲ့နားတွေ ကန်းလုနီးပါးပဲ"
Chapter 657
"ဘာ...."
"ငါ ဒဏ်ရာရသွားတာလား..."
"ဘာလို့ ငါက နာကျင်နေရတာလဲ"
"မင်းက လုပ်ရဲတာလား..."
"မင်းက ငါ့ကို နာကျင်အောင် လုပ်ရဲတာလား..."
ကျိုးရန်တုသည် သူ၏ခေါင်းမှ သွေးထွက်နေသောဒဏ်ရာကို သူ၏လက်ဖြင့်ကိုင်ကာ သူ့ထံတွင် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာကာ လုချင်ရှန်းတို့နှစ်ယောက်ကို စူးစိုက်၍ကြည့်လိုက်၏။
လီဟောင်ထျန်းနှင့်ဟွမ်ချင်းထန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့ထံတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ကျိုးရန်တု ဤအခြေအနေ၌ရှိနေစဥ် ခုခံကာကွယ်နိုင်သောစွမ်းအားကို သူတို့ကိုယ်တိုင် မြင်တွေ့ပြီးဖြစ်သည်။သူတို့၏စွမ်းအားများဖြင့် သူ့အား အနည်းငယ်မျှ နာကျင်အောင် ပြုလုပ်နိုင်ခြင်းမရှိချေ။
သို့ရာတွင် လူအိုကြီး၏ဆေးတံဖြင့် ခေါက်လိုက်ရုံဖြင့် ကျိုးရန်တုအား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဤသည်မှာ လူသားအင်မော်တယ် ဖြစ်သလော...
အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။
ဆရာကြီးများသည် အမှန်တကယ်ကို ဆရာကြီးများပင်။
ဤသာမာန်ကာလျှံကာ ဆေးတံတစ်ခုဖြင့် သူတို့၏အသိအမြင်များကို တိုးပွားသွားစေရန် လုံလောက်သည်။
"သေစမ်း...လူအိုကြီး ငါ မင်းကို သတ်မယ်..."
မနှစ်မျို့ဖွယ်ရာအသံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ...
ကျိုးရန်တုသည် သူ၏လက်နှစ်ဖက်ကို သွေးနီရောင်သန်းနေသော လက်သည်းများအသွင်ပြောင်းလဲပြီး ထိုလူအိုကြီးနှစ်ယောက်ကို တိုက်ခိုက်လိုက်၏။
"မင်းတို့နှစ်ယောက်...ဂရုစိုက်ကြအုံး...."
လီယောင်ထျန်းက အော်ဟစ်၍ သတိပေးလေသည်။
သို့ရာတွင် သူ အော်ဟစ်လိုက်စဉ်မှာပင် တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
ဝှစ်....
ဝူယုံဟုန် နားကော်နေသော နားဖာကလော်သည် နားဖာချေးများကိုသယ်ဆောင်၍ ပျံ့လွင့်လာကာ ကျိုးရန်တု၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်သို့ ထွင်းဖောက်ဝင်ရောက်သွားသည်။
သူသည် နေရာမှာပင် ငြိမ်သက်သွားလေ၏။
ထို့နောက် သူသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ဝူယုံဟုန်ကို မယုံကြည်နိုင်စွာစူးစိုက်၍ကြည့်လိုက်သည်။သူ့ထံတွင် မလိုလားမှုများနှင့်ပြည့်နှက်နေကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"မင်း ပြဿနာရှာနေတာကို ရပ်လိုက်တော့...ငါ နားညည်းမခံနိုင်တော့ဘူး"
ဝူယုံဟုန်သည် သူ၏နားများကိုပွတ်သပ်ကာ ကျိုးရန်တုကို မျက်စောင်းတစ်ချက်ထိုးပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဒါက အရမ်းပျင်းဖို့ကောင်းတာပဲ...လူအိုကြီးဝူ ငါတို့ ကျားသွားကစားကြစို့"
လုချင်ရှန်းက သူ၏ခါးကိုအကြောဆန့်ရင်း ပြောဆိုလိုက်၏။
"ကောင်းသားပဲ..."
ကျားကစားမည်ဟူသောစကားကို ကြားချိန်၌ ဝူယုံဟုန်၏လက်များ ချက်ချင်းတရွရွဖြစ်လာကာ အော်ဟစ်လိုက်၏။
"ကောင်လေးတွေ ငါတို့လူအိုကြီးနှစ်ယောက်အတွက် အခန်းတစ်ခန်းနဲ့စားပွဲခုံတစ်ခုံကို ပြင်ဆင်ပေးစမ်း...ငါတို့တွေ ဒီမှာနေရတာ အရမ်းပျင်းနေပြီ"
သို့ရာတွင်...
ဤအချိန်အခိုက်အတန့်တွင် လီဟောင်ထျန်း ဟွမ်ချင်းထန်နှင့် တခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်နေကာ နေရာမှာပင် ကြက်သေသေနေကြသည်။
ယခင်က ကျိုးရန်တုသည် ဆေးတံတစ်ချောင်းကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။ယခုအချိန်၌ နားဖာကလော်တစ်ချောင်းသည် ကျိုးရန်တုကို လဲကျသွားစေခဲ့သလော။
သူတို့အား ထို့ထက်ပို၍ အံ့အားသင့်စေသောကိစ္စမှာ အစောပိုင်းက ပျံ့လွင့်လာသော နားဖာကလော်ထံမှ ထွက်ပေါ်နေသောအရှိန်အဝါပင်။
ဤသည်မှာ ကောင်းကင်အင်မော်တယ်အဆင့် ရတနာတစ်ခု ဖြစ်ပုံရသည်။
ကောင်းကင်အင်မော်တယ်အဆင့် နားဖာကလော်....
သူတို့နှစ်ယောက်သည် အချိန်အတော်ကြာသည်အထိ အသက်ရှူနိုင်စွမ်းမရှိချေ။
သူတို့သည် နောက်ဆုံး၌ လုချုံးပြောဆိုခဲ့သည် မြေကမ္ဘာအင်မော်တယ်များနှင့် လူသားအင်မော်တယ်များကို ရန်မစရန်ဟူသောစကားကို နားလည်သဘောပေါက်သွားလေပြီ။
"ဘာလဲ....ငါ ပြောတာကို မင်းတို့မကြားကြဘူးလား"
လုချင်ရှန်းက သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ အော်ဟစ်လိုက်သည်။
"ကြားပါပြီ...ငါတို့ ကြားပါတယ်"
ဟွမ်ချင်းထန်သည် အသိဝင်လာကာ ခေါင်းညိတ်ပြပြီး အော်ဟစ်လိုက်၏။
"စီနီယာတို့နှစ်ယောက် ခဏလောက်စောင့်ပါအုံး...ငါက မင်းတို့အတွက် ပြင်ဆင်ပေးဖို့ လူတစ်ယောက်လွှတ်လိုက်မယ်"
ဟွမ်ချင်းထန်သည် အချိန်အနည်းငယ်မျှ တုံ့ဆိုင်းဝံ့ခြင်းမရှိချေ။
သူသည် ထိုကိစ္စများကို အလျှင်အမြန် စီစဉ်ပေးလိုက်သည်။
စီနီယာနှစ်ယောက်ကို စီစဉ်ပေးပြီးနောက် လူအမြောက်အများသည် ကျိုးရန်တု၏ခန္ဓာကိုယ် နံဘေးပတ်လည်၌စုဝေးကာ သူတို့တစ်ယောက်ချင်းစီထံ၌ တည်ကြည်လေးနက်သော မျက်နှာအမူအယာများ ရှိနေသည်။
"ဒါက ကမ္ဘာခြားသက်ရှိတစ်ကောင်လား...."
လီဟောင်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
ဟွမ်ချင်းထန်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒါက ပြောဖို့ခက်တယ်"
"တကယ်လို့ သူသာ ကမ္ဘာခြားသက်ရှိတစ်ကောင်ဖြစ်နေမယ်ဆိုရင် ဒီကိစ္စက အသေးအမွှားကိစ္စမဟုတ်ဘူး"
လီဟောင်ထျန်းက ပြောဆိုသည်။
"ဟူး....အမှန်ပဲ...."
ဟွမ်ချင်းထန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းညိတ်လိုက်သည်။သူတို့ထံတွင် ထိုခေတ်ကာလနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိသော်လည်း တခြားကမ္ဘာလောကများနှင့်ပတ်သက်၍ တားမြစ်ချက်များရှိနေသည်။
အကယ်၍ လူသားမျိုးနွယ်တွင် အစွမ်းထက်သောတည်ရှိမှုကြီးတချို့ ရှိနေခြင်းကြောင့်သာမဟုတ်ပါက လူသားမျိုးနွယ်တစ်ခုလုံး မျိုးတုံးသွားမည်ကို သူတို့ စိုးရိမ်မိသည်။
"ဒါက နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုပဲ ဖြစ်ပါစေလို့ ငါ မျှော်လင့်မိတယ်"
ဟွမ်ချင်းထန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ကျိုးရန်တု၏ခန္ဓာကိုယ်ကို စစ်ဆေးရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်၏။
သို့ရာတွင် ရုတ်တရက် လက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကို လာရောက်ဖမ်းဆုပ်သည်။
တချိန်တည်းမှာပင်....
မြေပြင်ပေါ်၌လဲလျောင်းနေသော ကျိုးရန်တု၏မျက်လုံးများ ပွင့်လာသည်။
"ဒါက..."
ဟွမ်ချင်းထန်သည် ရုတ်တရက် သူ၏ဦးရေပြား တင်းကြပ်လာသည်ကို ခံစားရကာ ဖမ်းဆုပ်ခံထားရမှုမှ အလျှင်အမြန်ရုန်းထွက်ပြီး နောက်သို့ဆုတ်လိုက်သည်။
အစောပိုင်းက လုံးလုံးလျားလျား အသံပျောက်ကွယ်သွားသော ကျိုးရန်တုသည် သွေးများစိုရွှဲနေသောခန္ဓာကိုယ်ဖြင့် တဖန်ပြန်၍မတ်တတ်ရပ်လာသည်။သူ၏မျက်နှာပေါ်တွင် ကြောက်ဖွယ်ကောင်းပြီး တင်းမာခက်ထန်သောအကြည့်ရှိနေကာ ဖုတ်ကောင်တစ်ကောင်အလားပင်။
"အဲ့ဒီလူအိုကြီးက ငါ့ကို တကယ်ကြီးသတ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ဒါပေမဲ့ ငါ မသေသေးဘူးမဟုတ်လား...အခုချိန်မှာ အဲ့ဒီလူအိုကြီးနှစ်ယောက် ဒီနေရာမှာရှိမနေမှတော့...မင်းတို့ခွေးမသားတွေ ငါ့ကို ဘယ်လိုဟန့်တားနိုင်မလဲဆိုတာ ငါ ကြည့်အုံးမယ်"
သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည် အလင်းတန်းတစ်တန်းအလား လူအများထံသို့ ဝင်ရောက်တိုက်ခိုက်တော့သည်။
ဟွမ်ချင်းထန်တို့နှစ်ယောက်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ အော်ဟစ်လိုက်၏။
"စီနီယာနှစ်ယောက်ကို မြန်မြန်သွားပြီး ဖိတ်ခေါ်ကြစမ်း"
"နောက်ကျသွားပြီ...."
"သူတို့ရောက်မလာသေးတဲ့ အချိန်အတွင်းမှာ ငါက မင်းတို့အမှိုက်ကောင်တွေကိုသတ်ဖို့ အချိန်လုံလောက်တယ်...အဲ့ဒီကိစ္စပြီးတာနဲ့ ငါက အေးအေးဆေးဆေး ထွက်သွားလို့ရတယ်"
"အဲ့ဒီလူအိုကြီးနှစ်ယောက်ကိုတော့ ငါက နောင်တစ်ချိန်မှာ ဖြည်းဖြည်းချင်း ရင်ဆိုင်ရလိမ့်မယ်"
ကျိုးရန်တုက ရယ်မောလိုက်သည်။
ထိုရယ်မောသံ၌ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေပေ၏။
ဟွမ်ချင်းထန်၏မျက်နှာ သုန်မှုန်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
အမှန်တကယ်ကိုပင် ယခုလက်ရှိကျိုးရန်တု၏ခွန်အားဖြင့် ဤကဲ့သို့ကိစ္စကို လုပ်ဆောင်နိုင်စွမ်းရှိသည်။
သို့ရာတွင်....
ထိုအချိန်အခိုက်အတန့်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။
"နင်တို့နှစ်ယောက် နောက်ကိုဆုတ်ကြတော့...ငါက သူ့ကို ရင်ဆိုင်မယ်"
"အရှင်မကျန်းကျီ....မင်း...."
သူတို့နှစ်ယောက်သည် အံ့အားသင့်သောအကြည့်ဖြင့် ကျန်းကျီကိုကြည့်လိုက်ကြကာ သူတို့ထံတွင် သံသယများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူတို့သည် ကျန်းကျီကို အထင်အမြင်သေးခြင်းကြောင့် မဟုတ်ချေ။အစောပိုင်းက ကျန်းကျီသည် ကျိုးရန်သူ၏လက်ချက်ဖြင့် လွင့်ထွက်ခဲ့ရသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသောကြောင့်ပင်။
ကျိုးရန်တုသည်လည်း ကျန်းကျီကိုကြည့်ကာ သူ၏မျက်နှာ အေးစက်တင်းမာသွားသည်။
"ကျန်းကျီ....မင်းရဲ့ခွန်အားက ဒီအမှိုက်ကောင်နှစ်ကောင်လောက်တောင် မကောင်းဘူး...ဒီလိုဆူညံပူညံလုပ်နိုင်တဲ့ အရည်အချင်းမျိုး မင်းဘယ်နေရာကနေ ရလာတာလဲ...တကယ်လို့ မင်း သေချင်နေတယ်ဆိုရင် ဘာမှမစိုးရိမ်နဲ့...ငါက ဒီအမှိုက်ကောင်နှစ်ကောင်ကို သတ်ပြီးတာနဲ့ မင်းဆီကိုလာပြီးတော့ အေးအေးဆေးဆေး စာရင်းရှင်းမယ်"
ထိုစကားလုံးများကို ကြားချိန်တွင်...
ကျန်းကျီသည် ပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ သူမ၏မျက်နှာပေါ်၌ တည်ငြိမ်အေးဆေးသော အမူအယာတစ်ရပ်ရှိနေသည်။
သူမသည် ယခင်က ကျိုးရန်တုကို အနိုင်မယူနိုင်ခဲ့ခြင်းမှာ သူမ၏ဝှက်ဖဲများကို မပြသခဲ့သောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ...
သူမ၏ခွန်အား မြင့်တက်လာခဲ့သဖြင့် ယခုအချိန်တွင် သူမ၏ခွန်အား မည်မျှထိရှိနေသည်ကို သူမ သိရှိလိုသည်။
ဤသည်ကြောင့် သူမသည် သတိလက်လွတ်ဖြစ်သွားချိန်၌ ကျိုးရန်တုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဤသည်မှာ သူမထံ၌ ကျိုးရန်တုကိုရင်ဆိုင်နိုင်သော နည်းလမ်းမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။
"အရှင်မကျန်းကျီ...မင်း ဘာလို့ စီနီယာတွေဆီကို အရင်ဆုံးအကြောင်းမကြားတာလဲ.. ငါတို့နှစ်ယောက်က ဒီနေရာမှာနေပြီးတော့ အချိန်ခဏလောက် ထိန်းထားလိုက်မယ်"
ဟွမ်ချင်းထန်က အော်ဟစ်ပြောဆိုသည်။
"အမှန်ပဲ အရှင်မကျန်းကျီ..."
လီဟောင်ထျန်းကလည်း အလျှင်အမြန် အော်ဟစ်လိုက်၏။
ကျန်းကျီထံတွင် နည်းလမ်းတစ်ခု ရှိနေနိုင်သည်ကို သူတို့ သိရှိထားသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ကျိုးရန်တုကို ကျန်းကျီ၏နည်းလမ်းများဖြင့် ရင်ဆိုင်နိုင်မည်ဟု သူတို့ တွေးထင်ထားခြင်းမရှိချေ။
သို့ရာတွင် ကျန်းကျီသည် စကားပြောဆိုခြင်းမပြုဘဲ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင်....
လေထုအတွင်း၌ တောက်ပသောအရာဆယ်ခုကျော် ထွက်ပေါ်လာသည်။
ထိုအရာများမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများထွက်ပေါ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ဒါက...."
လီဟောင်ထျန်းသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။
သူ၏အောက်မေးရိုးများ ပြုတ်ကျတော့လုမတတ်ပင်။
ဆယ်ခု....
ထိပ်တန်းအဆင့် အင်မော်တယ်မှော်ရတနာ ဆယ်ခုကျော်ဖြစ်နေသလော....
ကျိုးရန်တုသည်လည်း မူမမှန်သောအခြေအနေကို သတိပြုမိပုံဖြင့် သူ၏မျက်နှာ သုန်မှုန်သွားကာ ထွက်ပြေးရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်၏။
သို့ရာတွင် သူ နောက်သို့လှည့်လိုက်စဉ်မှာပင် အိုးတစ်လုံး တလိမ့်လိမ့်မျောလွင့်လာကာ သူ့အားလွှမ်းခြုံသွားလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင်....
မီးညှပ်တစ်ခုရောက်ရှိလာပြီး လေထုအတွင်းမှ ကောင်းကင်မီးတောက်များကို ဆွဲယူကာ အိုး၏အောက်ခြေသို့ထည့်လိုက်ပြီးနောက် ကြီးမားသောမီးတောက်များ ထွက်ပေါ်လာတော့သည်။
အား....
ဤအချိန်အခိုက်အတန့်တွင် အိုးအတွင်း၌ချိတ်ပိတ်ခံထားရသော ကျိုးရန်တုထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုအသံထွက်ပေါ်လာသောအချိန်မှာပင် ယောက်မတစ်ခု ထပ်မံ၍မျောလွင့်လာသည်။
ထိုအရာဖြင့် မွှေနှောက်ခံရပြီးနောက်
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် အိုးအတွင်းရှိ ကျိုးရန်တုသည် အရည်ပျော်သွားကာ သူ၏စိတ်ဝိညာဉ် ကြေမွှပျက်စီးသွားတော့သည်။
မီးတောက်များ ပျက်ပြယ်သွားချိန်တွင်....
ယောက်ချိုဇွန်းတစ်ချောင်းသည် လေထုအတွင်းမှာ ကောင်းကင်ရေကိုဆွဲယူပြီး အိုးအတွင်းသို့ လောင်းထည့်လိုက်သည်။
ထို့နောက် လေထုအတွင်းမှနေ၍ ဆူးချွံများပါသော သံမဏိအလုံးများထွက်ပေါ်လာကာ အိုးကို စတင်၍ပွတ်တိုက်တော့သည်။
အိုး၏အောက်ခြေကိုပွတ်တိုက်ပြီးနောက် ကျန်းကျီသည် သူမ၏လက်ကိုဝှေ့ယမ်းကာ ထိုထိပ်တန်းအဆင့် အင်မော်တယ်ရတနာများအားလုံးကို ပြန်လည်၍သိမ်းဆည်းလိုက်သည်။
သို့ရာတွင် ထိုမရပ်မနားဖြစ်ပျက်သွားသောကိစ္စများသည် နံဘေးတစ်ဖက်တွင်ရှိနေသော လီဟောင်ထျန်းနှင့်ဟွမ်ချင်းထန်တို့ကို ကြက်သေသေသွားစေသည်။သူတို့သည် အလွန်အမင်းထူးဆန်းသော ကိစ္စတစ်ရပ်ကို မြင်တွေ့လိုက်ရသည့်အလားပင်။
ထို့ပြင် သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ဇောချွေးများဖြင့်ရွှဲနစ်နေပေ၏။
အထူးသဖြင့် ဟွမ်ချင်းထန်သည် မြေပြင်ပေါ်၌ ကုန်းကုန်းကွကွ ဖြစ်နေသည်။
အကယ်၍ လီဟောင်ထျန်းသာ လုချုံးတို့နှစ်ယောက်နှင့်အတူ ဤနေရာသို့ ရောက်ရှိမလာပါက သူသည်လည်း ကျိုးရန်တုနှင့် ထပ်တူထပ်မျှတူညီသောကံကြမ္မာဖြင့် အဆုံးသတ်ရမည်မဟုတ်လော။
ဤကိစ္စကိုတွေးတောမိရုံဖြင့်သူအလွန်တုန်လှုပ်ချောက်ချားသွားသည်။
"ကြည့်ရတာတော့ လုချုံးက ချဲ့ကားပြောခဲ့တာ မဟုတ်တဲ့ပုံပဲ...အဲ့ဒီနေရာက သူပြောတဲ့အတိုင်းပဲ မြင့်မြတ်နေရာတစ်ခု ဖြစ်နေနိုင်တယ်"
လီဟောင်ထျန်းက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"လုချုံးရဲ့စကားတွေက နည်းနည်းတော့ မှားယွင်းနေတယ်လို့ ခံစားရတယ်...ကျန်းကျီက ဒီနေရာကို ထိပ်တန်းအဆင့် အင်မော်တယ်ရတနာဆယ်ခုကျော်နဲ့ ရောက်လာခဲ့တယ်...ဒါကဘယ်လိုလုပ်ပြီး မြင့်မြတ်နယ်မြေ ဖြစ်နိုင်မှာလဲ...နတ်ဘုရားနယ်မြေတစ်ခုဆိုတာ အသိသာကြီးလေ"
ဟွမ်ချင်းထန်သည် ကူကယ်ရာမဲ့စွာဖြင့် စကားပြင်ပေးလိုက်၏။
"အမှန်ပဲ...."
သူတို့နှစ်ယောက်လုံး အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
တချိန်တည်းမှာပင် သူတို့သည် ပျော်ရွှင်မှုကို ခံစားနေရလေ၏။
အနည်းဆုံးအနေဖြင့် သူတို့သည် မှန်ကန်သောဘက်၌ ရပ်တည်နိုင်ခဲ့ကာ ထိုနေရာရှိလူများနှင့်အသိအကျွမ်းဖွဲ့နိုင်ခဲ့သည်။
သို့ရာတွင် သူတို့သည် ထိုလူများနှင့် ပို၍နီးကပ်အောင်ချဉ်းကပ်နိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။
ထိုအကြောင်းကိုတွေးတောရင်း သူတို့နှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။
"အရှင်မကျန်းကျီကို မေးပါရစေ...အရှင်မတို့ဆီမှာ လူအင်အားတွေ မလိုအပ်ဘူးလား"
Chapter 658
"နင်တို့...."
ကျန်းကျီသည် သူတို့နှစ်ယောက်ကိုကြည့်ပြီး အချိန်တခဏကြာသည်အထိ ဆွံ့အနေသည်။ထို့နောက် သူမက ပြောဆိုသည်။
"နင်တို့လို မြင့်မြတ်တဲ့ အလယ်ဆင့်ကုန်းမြေအရှင်နှစ်ယောက်က...ဘာလို့ ငါ့ဆီမှာ အလုပ်လာလုပ်ကြမှာလဲ"
"ကျေးဇူးပြုပြီးတော့ အရှင်မကျန်းကျီက ငါတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ"
သူတို့နှစ်ယောက်က ထပ်မံ၍ အခိုင်အမာပြောဆိုသည်။
"အမ်..."
ကျန်းကျီသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏နဖူးကို တို့ထိလိုက်၏။
သို့ရာတွင် ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်ကို စောင့်ကြပ်ရန်အတွက် လူအင်အားအမြောက်အများ လိုအပ်သည်ကို သူမ သတိရသွားသည်။ ကြည့်ရသည်မှာ ဤလူနှစ်ယောက်ကို လက်ခံရန်သည် မဖြစ်နိုင်သောကိစ္စတစ်ရပ် ဟုတ်ပုံမရချေ။
"ကောင်းပြီလေ...ဒါပေမဲ့ ငါ့ရဲ့နောက်ကို လိုက်မယ်ဆိုရင် နင်တို့က ကုန်းမြေအရှင်တွေလို ဆက်ဆံခံရမှာတော့ မဟုတ်ဘူး"
"ဒါက အဆင်ပြေပါတယ်...ငါတို့က စားဖို့နဲ့အိပ်ဖို့နေရာရှိရင်ရပြီ"
သူတို့နှစ်ယောက်က အလျှင်အမြန်တုံ့ပြန်ကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော....
ကျန်းကျီ၏လက်အောက်ငယ်သားများသည်လည်း အလွန်စိတ်လှုပ်ရှားနေကာ သူတို့၏မျက်နှာများပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် နောက်ဆုံး၌ ကျန်းကျီသည် မည်သည်ကြောင့် လူသားအင်မော်တယ်နှစ်ယောက်ကို ရိုသေလေးစားစွာဆက်ဆံနေသည်အား နားလည်သဘောပေါက်သွားလေပြီ။
ထိပ်တန်းအဆင့် အင်မော်တယ်ရတနာဆယ်ခုကျော်....
စီနီယာလူသားအင်မော်တယ်နှစ်ယောက်...
ထို့ပြင် သူတို့ရှေ့ရှိ လူနှစ်ယောက်သည်လည်း အရှင်မကျန်းကျီ၏ လက်အောက်ငယ်သားများ ဖြစ်လာမည်ဖြစ်သောကြောင့် နောင်အနာဂတ်တွင် သူတို့ထံ၌ မည်သည့်စိုးရိမ်ပူပန်စရာမျှ ရှိတော့မည်မဟုတ်ချေ။
သို့ရာတွင်...
ထိုလက်အောက်ငယ်သားများအနက်မှ တစ်ယောက်သည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ သူ၏လက် အဆက်မပြတ်တုန်ရီနေသည်။
သူ၏မျက်လုံးအတွင်းမှနေ၍ မျက်ရည်များ ယိုစီးကျတော့လုမတတ်ပင်။
သောက်ချေးပဲ....
ဤနေရာတွင် မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
ကိစ္စများသည် သူ တွေးတောထားသကဲ့သို့ ဖြစ်ပေါ်လာခြင်းမရှိချေ။
အကယ်၍ အချိန်များကို နောက်ပြန်ဆုတ်၍ရပါက သူ ထိုသို့ပြုလုပ်မိမည် မဟုတ်ချေ။ မည်သည်ကြောင့် ကိစ္စများသည် ဤကဲ့သို့ ဖြစ်ပျက်လာရသနည်း။
သူ မည်သည်ကြောင့် သစ္စာဖောက်ခဲ့မိသနည်း....
သူသည် ယခုအချိန်၌ ဖော်ထုတ်ခံရခြင်းမရှိသေးသော်လည်း အကယ်၍ ကျန်းကျီသည် နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပါက သူ မည်သို့မျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
ထိုအကြောင်းကိုတွေးတောရင်း သူသည် ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ သူ၏နှလုံးကို ထိုးစိုက်လိုက်တော့သည်။
...
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အချိန်လဝက် ကုန်ဆုံးသွားလေပြီ။
အရိပ်ကျွန်း၌....
ရီဖုန်းသည် လက်ဖက်ရည်အိုးကိုသူ၏လက်ဝဲဘက်လက်နှင့်ကိုင်ကာ သူ၏လက်ယာဘက်လက်အတွင်း၌ ယပ်တောင်တစ်ချောင်းရှိနေသည်။
သူ၏ရှေ့တွင်မူ...
သူ၏မြေကမ္ဘာအင်မော်တယ် တပည့်အယောက်တစ်ရာ ရှိနေသည်။
"အချိန်တွေကုန်တာ အရမ်းမြန်တယ်...အခု ငါ မင်းတို့ကို သတိပေးဖို့လိုတဲ့ ကိစ္စတချို့ရှိနေတယ်"
"ပထမဆုံးအချက်က မင်းတို့ သိုသိုသိပ်သိပ်နေရမယ်"
"မင်းတို့က မြေကမ္ဘာအင်မော်တယ်လေးတွေဆိုတာကို အမြဲတမ်းမှတ်ထားရမယ်...နားလည်ကြလား"
"ဒါကြောင့် မင်းတို့ရဲ့ကျင့်ကြံဆင့်အခြေခံကိုအမြဲတမ်း သတိရပြီးတော့ ဘာကိုမှ မဆင်မခြင်မလုပ်ရဘူး"
ရီဖုန်းက အော်ဟစ်ပြောဆိုသည်။
"ဟုတ်ကဲ့"
"ကျွန်တော်တို့က မြေကမ္ဘာအင်မော်တယ်လေးတွေဆိုတာကို အမြဲတမ်းမှတ်ထားမှာပါ"
တပည့်များအားလုံး ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ကြသည်။
ထိုစကားကိုကြားချိန်တွင်....
ရီဖုန်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်၏။
သူသည် တပည့်အများစု၏နာမည်များကို မမှတ်မိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် သူ၏တပည့်များပင်။သူ့ထံ၌ သူတို့အတွက် စိတ်ခံစားချက်တချို့ရှိနေသည်။
ထို့ပြင် ဤတပည့်များသည် သူ့အတွက် ကံကြမ္မာရမှတ်များ ရှာဖွေပေးမည့်လူများဖြစ်သဖြင့် သူ သင်ကြားဆုံးမပေးရန် လိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည်သာမန်အရည်အချင်းသာ ရှိသောလူများပင်။ယခုအချိန်၌ သူတို့သည် ရုတ်တရက်ကြီး မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်အခြေခံကို ပိုင်ဆိုင်လိုက်ရသဖြင့် သူတို့အားလုံး ဘဝင်မြင့်သွားနိုင်သည်။
အကယ်၍ သူတို့သည် ဘဝင်မြင့်သွားပါက ပြဿနာတချို့ ဖြစ်ပွားလာနိုင်သည်။
ဤနေရာသည် အင်မော်တယ်မြစ်ကုန်းမြေဖြစ်နေပါက သူတို့၏ မြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်အခြေခံဖြင့် ဘဝင်မြင့်နေခြင်းသည် အဆင်ပြေပေ၏။သို့ရာတွင် အင်မော်တယ်နယ်မြေ၌ မြေကမ္ဘာအင်မော်တယ်များသည် လူသားအင်မော်တယ်များထက် အဆင့်တစ်ဆင့်သာမြင့်သော တည်ရှိမှုတစ်ခုပင်။
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် ဤသည်မှာ အောက်ခြေအဆင့်၌သာ ရှိနေပေ၏။
သူတို့သည် ပြင်ပသို့ထွက်ခွာသွားသည်နှင့် အကယ်၍ ပြဿနာတစ်ခုခုကိုရှာပါက ဆရာကြီးတစ်ယောက်၏လက်ချက်ဖြင့် ရိုက်သတ်ခံရနိုင်သည်။
"ဒုတိယကိစ္စကတော့ မင်းတို့ရဲ့အကန့်အသတ်ရှိတဲ့ခွန်အားတွေနဲ့ အင်မော်တယ်နယ်မြေမှာ အောင်မြင်မှုတွေ ရအောင်လုပ်ရမယ်...အဲ့ဒီလိုလုပ်မှသာ မင်းတို့ရဲ့ဆရာဖြစ်တဲ့ ငါ့ကို ရိုသေလေးစားမှု ပြသရာရောက်ပြီးတော့ ငါလည်း စိတ်ကျေနပ်နိုင်လိမ့်မယ်...မင်းတို့ နားလည်ရဲ့လား"
ရီဖုန်းက ထပ်မံ၍ ပြောဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာကြီး"
တပည့်များအားလုံး ရိုသေလေးစားစွာ တုံ့ပြန်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် ခေါင်းညိတ်ပြကာ သူနှင့်ရင်းနှီးသောတပည့်တချို့ကိုကို ထပ်မံ၍ရှင်းပြလိုက်၏။
"ဥပမာအနေနဲ့...ချီယီထုံ မင်းက ကောင်းကောင်းချက်ပြုတ်နိုင်တာကြောင့် လျှို့ဝှက်နယ်မြေတွေကိုသွားပြီးတော့ ဘာရတနာကိုမှ လိုက်ရှာစရာမလိုဘူး...မင်းက နေရာတနေရာကိုရှာပြီးတော့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လို့ရတယ်..ပြီးတာနဲ့ စားသောက်ဆိုင်ရဲ့နာမည်ဂုဏ်သတင်းကို မင်း ဖြည်းဖြည်းချင်းတည်ဆောက်ရမယ်... ဒါကို အောင်မြင်မှုတစ်ခုလို့ ယူဆနိုင်တယ်"
ရီဖုန်းက ပြောဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာကြီး"
ချီယီထုံက ခေါင်းညိတ်ပြလေသည်။
"ကျန်တဲ့လူတွေလည်း အတူတူပဲ...မင်းတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးပြုပြီးတော့ ဘဝလမ်းကြောင်းမှာ တိုးတက်အောင်မြင်မှုရအောင် လျှောက်လှမ်းနိုင်တယ်"
ရီဖုန်းက ထပ်မံ၍ရှင်းပြသည်။
မည်သို့ပင်ဆိုစေကာမူ ဤတပည့်များသည် မည်သည်ကြောင့် အောင်မြင်မှုကြီးကြီးမားမား ရရှိနိုင်မည်နည်း.....
သူတို့သည် ကုန်းမြေအရှင်တစ်ယောက်သို့မဟုတ် နေရာတစ်နေရာ၌ ဆရာကြီးတစ်ယောက် ဖြစ်လာသည်အထိ မှီခိုအားထား၍ရမည်မဟုတ်ချေ။သို့ရာတွင် သူတို့ထံ၌ အရပ်ဒေသအသီးသီးတွင် အောင်မြင်မှုတချို့ကို ရရှိနိုင်သော အခွင့်အရေးရှိနေသည်။
ထို့ပြင် စနစ်သည် ဤတပည့်များ မည်ကဲ့သို့အောင်မြင်မှုမျိုးရရှိအောင် လုပ်ဆောင်ရမည်ဟု တိတိကျကျ ညွှန်ကြားထားခြင်းမရှိချေ။
ထိုကြောင့် ချီယီထုံကို ဥပမာယူ၍ကြည့်ပါက အကယ်၍ သူ၏စားသောက်ဆိုင်ကို နာမည်ကျော်ကြားအောင် ပြုလုပ်နိုင်လျှင် အောင်မြင်မှုတစ်ခုရရှိသည်ဟု ယူဆနိုင်သည်။
"ကျုံးချင်...မင်းကတော့ လက်စားချေဖို့ကို အလျင်မလိုနဲ့....မင်း အပြင်လောကကို ခဏလောက်သွားပြီးတော့ မင်းရဲ့ခွန်အားကို ပြန်ပြီးဆင်ခြင်သုံးသပ်ရမယ်..အရင်ဆုံး မင်းက အင်မော်တယ်နယ်မြေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်သင့်တယ်...လက်စားချေဖို့ကို အလျင်စလိုမလုပ်နဲ့...တကယ်လို့ မင်း အကူအညီလိုအပ်တယ်ဆိုရင် တခြားဂိုဏ်းတူမောင်နှမတွေဆီကနေ တောင်းဆိုလို့ရတယ်"
ရီဖုန်းက ပြောဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာကြီး"
ကျုံးချင်က ရိုသေလေးစားစွာ တုံ့ပြန်လိုက်၏။
ရီဖုန်းသည် တပည့်များအားလုံးကို ညွှန်ကြားပြီးနောက် သူတို့အား သူကိုယ်တိုင် ကူးပြောင်းရေးဝင်္ကပါထံသို့ ပို့ဆောင်ခဲ့သည်။
"ဆရာကြီးကို နှုတ်ဆက်ပါတယ်"
တပည့်များအားလုံးသည် ရိုသေလေးစားစွာနှုတ်ဆက်လိုက်ကြကာ ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားတော့သည်။
ကူးပြောင်းရေးဝင်္ကပါ၏ တစ်ဖက်ခြမ်း၌....
ကျန်းကျီသည် လီဟောင်ထျန်းနှင့်ဟွမ်ချင်းထန်တို့ကိုခေါ်ဆောင်ကာ ဤနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်ကို စောင့်ကြပ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထိုအချိန်မှာပင်...
ကူးပြောင်းရေးဝင်္ကပါအတွင်း၌ လှုပ်ခတ်မှုများ ရှိလာခဲ့သည်။
အစောင့်များအားလုံးသည် ကူးပြောင်းရေးဝင်္ကပါကို ကြည့်နေကြကာ တောက်တိုမည်ရကိစ္စများလုပ်ဆောင်ရန် တစ်စုံတစ်ယောက်ထွက်လာခြင်းဖြစ်မည်ဟု တွေးထင်ထားကြသည်။
သို့ရာတွင်....
ပထမဆုံးလူတစ်ယောက် ထွက်လာသောအချိန်တွင် ကျန်းကျီတို့လူစု၏မျက်လုံးများ ပြူးကျယ်သွားသည်။
အကြောင်းအရင်းမှာ ကူးပြောင်းရေးဝင်္ကပါအတွင်းမှာ ပထမဆုံးထွက်လာသူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
လီဟောင်ထျန်းသည် ကြက်သေသေသွားကာ ကျန်းကျီကိုကြည့်ပြီး မေးမြန်းလိုက်၏။
"ဘာကိစ္စရှိလို့လဲ...ဘာလို့ မင်းတို့တွေအားလုံး အံ့အားသင့်နေကြတာလဲ"
"မင်း ရူးနေတာလား"
ဟွမ်ချင်းထန်က အလျှင်အမြန် အော်ဟစ်လိုက်သည်။
"ဒါက မြေကမ္ဘာအင်မော်တယ်...မြေကမ္ဘာအင်မော်တယ်...အခုထွက်လာတာက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပဲ"
ထိုစကားကိုကြားချိန်တွင် လီဟောင်ထျန်းသည် ချက်ချင်းအသိဝင်သွားလေ၏။
မမျှော်လင့်ဘဲ ကူးပြောင်းဝင်္ကပါအတွင်းမှထွက်လာသူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေပေ၏။
လူသားအင်မော်တယ်နှစ်ယောက်ဖြစ်သော လုချင်ရှန်းနှင့်ဝူယုံဟုန်တို့ကပင် သူတို့အား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိစေခဲ့သည်။
လူသားအင်မော်တယ်ထက် ပို၍အဆင့်မြင့်သော မြေကမ္ဘာအင်မော်တယ်များသည် မည်မျှထိ အစွမ်းထက်နေမည်ကို တွေးတောကြည့်၍ပင် မရနိုင်ချေ။
ထို့ပြင် ထိုမြေကမ္ဘာအင်မော်တယ်များသည် အရိပ်ကျွန်းမှဆရာကြီး၏ တပည့်များဖြစ်ကြောင်း သူတို့သိရှိထားပြီးဖြစ်သည်။
ဆရာကြီး၏တပည့်များ မည်မျှထိအစွမ်းထက်မည်ကို စိတ်ကူးယဉ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
သို့ရာတွင်...
သူတို့အား ပို၍အံ့အားသင့်သွားစေသည်မှာ မြေကမ္ဘာအင်မော်တယ်တစ်ယောက် ပထမဆုံးထွက်လာပြီးနောက် ဒုတိယနှင့်တတိယမြောက် မြေကမ္ဘာအင်မော်တယ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ....
မြေကမ္ဘာအင်မော်တယ် အယောက်တစ်ရာတိတိ ပြည့်သည်အထိ ကူးပြောင်းရေးဝင်္ကပါအတွင်းမှ ထွက်လာကြသောကြောင့်ပင်။
"ဟူး...."
"အင်မော်တယ်နယ်မြေထဲမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်"
"မြေကမ္ဘာအင်မော်တယ် အယောက်တစ်ရာက အပြင်ကိုထွက်လာပြီ"
ကျန်းကျီတို့လူစု၏ခန္ဓာကိုယ်များ တုန်ရီနေသည်။
ဤမြေကမ္ဘာအင်မော်တယ် အယောက်တစ်ရာထွက်လာချိန်တွင် အင်မော်တယ်နယ်မြေအတွင်း၌ မည်ကဲ့သို့ အုတ်အော်သောင်းနင်းကိစ္စများနှင့် ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာမည်ကို တွေးတောကြည့်ရန်ပင် အလွန်အမင်းခက်ခဲသည်။
Chapter 659
"မင်းတို့အားလုံးကို ကြိုဆိုပါတယ်"
ကျန်းကျီနှင့်တခြားလူများသည် အလျင်စလို ဦးညွှတ်အရိုအသေပြုကာ ကူးပြောင်းရေးဝင်္ကပါအတွင်းမှ ထွက်လာသူများကို အံ့အားတသင့်ကြည့်လိုက်ကြသည်။
အကြောင်းအရင်းမှာ ထိုလူများအနက် ရိုးရှင်းသောယောက်ျားမိန်းမ ကွဲပြားခြားနားခြင်းအပြင် သူတို့တစ်ယောက်ချင်းစီထံတွင် မတူကွဲပြားသောပုံစံများ ရှိနေသောကြောင့်ပင်။
ဤလူများအနက်....
ချောမောလှပသော မိန်းကလေးများ ရှိနေသည့်အပြင် ခြေထောက်ကြီးကြီးဖြင့် အလွန်ရုပ်ဆိုးသော ယောက်ျားလေးများလည်း ပါဝင်သည်။
တချို့သည် နူးညံသိမ်မွေ့ကာ နှိမ့်ချတတ်သောကျောင်းတော်သားတစ်ယောက်နှင့် တူညီသော်လည်း တချို့ကိုကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်ပုံရပြီး ပြိုင်ဘက်ကင်းလူဆိုးတစ်ယောက်အလားပင်။
တချို့သည် လူရမ်းကားတစ်ယောက်နှင့်တူညီပြီး တချို့ထံတွင် သာလွန်ထူးကဲသော ပုံပန်းသွင်ပြင်ရှိသည်။
ဤလူတစ်စုထံတွင် ပုံပန်းသွင်ပြင်မျိုးစုံရှိနေသည်။
ရီဖုန်းပင်လျှင် သူ၏အတိတ်ဘဝမှ သူရဲကောင်းတစ်ရာ့ရှစ်ယောက်နှင့် သူ၏တပည့်များ တူညီနေသဖြင့် သက်ပြင်းမရှိုက်ဘဲ မနေနိုင်ခဲ့ချေ။
ထိုတပည့်များ ဖြတ်သန်းသွားသော လမ်းတလျှောက်၌ အလွန်အမင်းရှုပ်ပွနေသည်။
ဖရဲစေ့ခွံများ မြေပဲခွံများနှင့် အမှိုက်သရိုက်မျိုးစုံကို မြေပြင်ပေါ်ရှိ နေရာအနှံ့အပြား၌ လွှင့်ပစ်ခဲ့ကြသည်။
"စီနီယာတို့အားလုံးကို ကြိုဆိုပါတယ်"
ကျန်းကျီတို့လူစုသည် သူတို့အား ယဥ်ကျေးသိမ်မွေ့စွာဆက်ဆံပြီး နှုတ်ဆက်လိုက်ကြ၏။ထိုတပည့်များအားလုံး ထွက်ခွာသွားပြီးနောက် သူမက တခြားလူများကို အလျှင်အမြန်အမိန့်ပေးလိုက်သည်။
"ငါတို့အတူပူးပေါင်းပြီးတော့ သန့်ရှင်းရေး လုပ်ကြစို့"
ထိုသို့ပြောဆိုပြီးနောက် ကျန်းကျီက စတင်၍လှုပ်ရှားလိုက်တော့သည်။
လီဟောင်ထျန်းနှင့်ဟွမ်ချင်းထန်တို့သည်လည်း သူမ၏နောက်မှ ထပ်ချပ်မကွာလိုက်ပါသွားသည်။
သို့ရာတွင်....
သူတို့နှစ်ယောက်လှုပ်ရှားတော့မည်အချိန်မှာပဲမြေပြင်ပေါ်၌ကျနေသော ဖရဲစေ့တစ်စေ့က လီဟောင်ထျန်း၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။
လီဟောင်ထျန်းသည် မျက်တောင်မခက်ဘဲ ထိုအရာကို စူးစိုက်၍ကြည့်လိုက်၏။
ထို့နောက် သူသည် ထိုဖရဲစေ့ကိုကောက်ယူကာ ထပ်မံ၍ဂရုတစိုက်ကြည့်လိုက်သည်။
ဤဖရဲသီးသည် အနည်းငယ်ထူးခြားနေသည်ဟု သူ ခံစားမိလေ၏။
"လူအိုကြီးလီ....မင်း ဘာလို့ ဒီဖရဲသီးကို ခုလောက်ထိ သေချာကြည့်နေတာလဲ"
နံဘေးတစ်ဖက်တွင်ရှိနေသော ဟွမ်ချင်းထန်မှ ပြောဆိုသည်။
လီဟောင်ထျန်းသည် သူ့အား လျစ်လျူရှုကာ ထိုဖရဲစေ့ကို အခွံခွာပြီးဝါးစားလိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
အစွမ်းထက်သောစွမ်းအားလှိုင်းတစ်လှိုင်းသည် သူ့၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ သူ၏ဒန်တျန်အတွင်း၌ ပျံ့နှံ့သွားသည်ကို သူခံစားမိသည်။
မကြာမီမှာပင်...
သူသည် အဆင့်ကြီးတစ်ဆင့်မြင့်တက်သွားကာ နေလအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားတော့သည်။
"အမ်..."
"မင်း ကျင့်ကြံဆင့် ချိုးဖျက်လိုက်တာလား"
ဟွမ်ချင်းထန်က လီဟောင်ထျန်းကိုစူးစိုက်ကြည့်ပြီး မေးမြန်းသည်။
"ဒါက အဲ့ဒီဖရဲစေ့ကြောင့်လား"
"သောက်ချေးပဲ"
ဟွမ်ချင်းထန်သည် အသိဝင်လာကာ မြေပြင်ပေါ်၌ အလျင်စလိုရှာဖွေလိုက်တော့သည်။သူသည် ဖရဲစေ့များကို ရှာမတွေ့သော်လည်း ထိုတပည့်များမှစွန့်ပစ်ထားသော အမှိုက်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့သည် ဂရုတစိုက်စူးစမ်းလေ့လာပြီးနောက် ထိုအမှိုက်များသည် အနည်းဆုံးအနေဖြင့် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာများ ဖြစ်နေသည့်အပြင် တချို့သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာများဖြစ်နေကြောင်း သိရှိလိုက်ရသည်။
"ဒါက ကံကောင်းမှုကြီးပဲ"
သူတို့နှစ်ယောက်သည်;တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်မိလုနီးပါးပင်။
သူတို့သည် ကျန်းကျီ၏နောက်သို့လိုက်ခဲ့စဉ်၌ ကျွန်းထံသို့ သွားရောက်လည်ပတ်၍ အခွင့်အရေးတချို့ရရှိရန် သူတို့ထံတွင်အရည်အချင်းပြည့်မီမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့ရာတွင် ယခုအချိန်၌ ကြည့်ရသလောက်....
တံခါးစောင့်ရသည်မှာလည်း ကောင်းမွန်သောအလုပ်တစ်ခုပင်။
ကူးပြောင်းရေးဝင်္ကပါဝင်ပေါက်နှင့် မလှမ်းမကမ်းအကွာတွင်...
ဂိုဏ်းတူတပည့်များအားလုံး ရပ်တန့်လိုက်ကြသည်။
"စီနီယာအစ်မ...ဆရာကြီးရဲ့စကားတွေက ဘာကိုဆိုလိုတာလဲဆိုတာ မင်း သိလား"
"အမှန်ပဲ....ဆရာကြီးက ငါတို့ကို အောင်မြင်မှုတွေ ရစေချင်တယ်...သူက ငါတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေကိုလည်း သိုသိုသိပ်သိပ်နေစေချင်တယ်....ဒီအခြေအနေက ဘယ်လိုမျိုးလဲ"
သူတို့အားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် စုယွင်ယွင်ကို ကြည့်လိုက်ကြ၏။
သူတို့ထံတွေ ဝေခွဲရခက်မှုများဖြင့် ပြည့်နှက်နေသည်။
"ဆရာကြီးရဲ့စကားတွေမှာပါတဲ့ အဓိပ္ပါယ်က သိသာထင်ရှားတယ် မဟုတ်ဘူးလား"
စုယွင်ယွင်က ရှင်းပြသည်။
"ဆရာကြီးက ငါတို့ကို ရိုးရှင်းတဲ့ဘဝရဲ့အခြေခံဆီကို ပြန်သွားစေချင်တာပဲ"
"ရိုးရှင်းတဲ့ဘဝရဲ့အခြေခံကို ပြန်သွားရမှာလား"
တခြားတပည့်များက မေးမြန်းသည်။
"အမှန်ပဲ...."
စုယွင်ယွင်က သူမ၏ခေါင်းကို အနည်းငယ်မော့ကာ ပြောဆိုသည်။
"ဆရာကြီးရဲ့ကျင့်ကြံဆင့်နယ်ပယ်က ငါတို့တွေ စဥ်းစားတွေးတောနိုင်တဲ့ တစ်စုံတစ်ခုမဟုတ်ဘူး"
"ငါတို့က ကုန်းမြေအရှင်တွေဖြစ်လာပြီးတော့ နယ်မြေတစ်ခုကို လက်ဝါးကြီးအုပ်ထားနိုင်မယ်ဆိုရင် ဆရာကြီးရဲ့စိတ်ကျေနပ်မှုကိုရမယ်လို့ ငါတို့ အစက တွေ့ထင်စထားခဲ့ကြတယ်..ဒါပေမဲ့ ငါတို့မှားနေခဲ့တယ်"
"ဂျူနီယာမောင်လေးချီယီထုံကို ဆရာကြီးသင်ပြပေးတဲ့ စကားတွေအရ အကဲဖြတ်ကြည့်ရရင်...သူက ငါတို့ကို စွမ်းအားတွေ ဒါမှမဟုတ် တိုက်ခိုက်တာတွေကို အသုံးပြုပြီးတော့ နာမည်ကျော်ကြားမလာစေချင်ဘူး....ငါတို့ရဲ့အရည်အချင်းတွေကို အသုံးချပြီးတော့ သာမန်မြေကမ္ဘာအင်မော်တယ်တွေလို နေရလိမ့်မယ်"
"တချိန်တည်းမှာပဲ ငါတို့တွေက မြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်နယ်ပယ်နဲ့ နာမည်ကျော်ကြားလာအောင် လုပ်ရမယ်"
"တကယ်လို့ နင်တို့တွေက ဆရာကြီးရဲ့အတိတ်နဲ့ပတ်သက်ပြီး နည်းနည်းသိထားတယ်ဆိုရင် ငါ ဆိုလိုတာကို နင်တို့ နားလည်သဘောပေါက်နိုင်လိမ့်မယ်"
စုယွင်ယွင်က ဆက်လက်၍ပြောဆိုသည်။
"ပင်ကျင်းမြို့ထဲမှာ ဆရာကြီးနေခဲ့တဲ့အချိန်တုန်းက သာမန်သေမျိုးတစ်ယောက်လို နေထိုင်ခဲ့တာ မဟုတ်ဘူးလား"
"သူက ငါတို့ကို မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှာ သာမန်သေမျိုးဘဝကို ဖြတ်သန်းစေချင်တာပဲ"
"ဒါကြောင့် ငါတို့တွေ အရင်က ဆရာကြီးရဲ့ချီးကျူးမှုကိုမရခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ငါတို့တွေက ဆရာကြီးပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်မှုလွဲခဲ့တာကြောင့်ပဲ"
ထိုစကားများကိုကြားချိန်၌....
သူတို့အားလုံး ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"ငါတို့ သိပါပြီ"
လူတိုင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်ကြကာ သူတို့အားလုံးထံတွင် ရည်မှန်းချက်ပန်းတိုင်များ ရှိလာကြသည်။
"ဒါဆိုရင် နင်တို့အားလုံး ဘာဆက်လုပ်မယ်လို့ စဉ်းစားထားကြလဲ"
စုယွင်ယွင်က အော်ဟစ်ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်.....
ဂိုဏ်းတူမောင်နှမများအားလုံး စဉ်းစားတွေးတောလိုက်ကြသည်။
"စီနီယာအစ်ကိုကရော ဘာလုပ်မှာလဲ...."
စုယွင်ယွင်က မေးမြန်းသည်။
"ငါကလား...."
ကျုံးချင်က သူ၏ခေါင်းကိုကုတ်ကာ ပြောဆိုသည်။
"ငါက အရင်ဆုံး ခြေဦးတည့်ရာလျှောက်သွားပြီးတော့ လေ့ကျင့်မယ်"
စုယွင်ယွင်က ခေါင်းညိတ်ပြပြီးနောက် ချီယီထုံကိုကြည့်ကာ ထပ်မံ၍ပြောဆိုသည်။
"ဒါဆိုရင် ဂျူနီယာမောင်လေးချီက စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လို့ရတယ်"
"ဟုတ်ကဲ့ပါ စီနီယာအစ်မ"
ချီယီထုံသည် ခေါင်းညိတ်ပြပြီးနောက် တစ်စုံတစ်ခုကိုအမှတ်ရသွားကာ နံပါတ်လေးဆယ်ဖြစ်သော ဖန်ကျွမ်းကျီကို ကြည့်လိုက်သည်။
"စီနီယာအစ်ကို...ဘာအမိန့်ပေးစရာရှိလို့လဲ"
ဖန်ကျွမ်းကျီက အလျှင်အမြန်မေးမြန်းသည်။
"အင်း....ဂျူနီယာညီလေးဖန် မင်းက ဆရာကြီးဆီကနေ အခန်းကဏ္ဍတချို့မှာ အစစ်အမှန်အမွေအနှစ်တွေ ဆက်ခံထားနိုင်ခဲ့တယ်...ငါက အခုအချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ကြံစည်နေတာကြောင့် ငါ့မှာ ပရိဘောဂပစ္စည်းတွေ အများကြီးလိုနေတယ်....ဂျူနီယာညီလေးဖန်က ငါ့ကို နည်းနည်းလောက် ကူညီပေးနိုင်မလား"
ချီယီထုံက အပြုံးနှင့်ပြောဆိုသည်။
"အော်....ဒါက လွယ်ကူတဲ့ကိစ္စဆိုပေမယ့် ငါက အမြင့်ဆုံးအနေနဲ့ အလယ်အလတ်ဆင့် အင်မော်တယ်ပစ္စည်းတွေကိုပဲ လုပ်နိုင်လိမ့်မယ်"
"ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတွေက ငါ ရိုးရှင်းမှုကိုပြန်သွားနေတဲ့နယ်ပယ်ကို ဖြတ်ကျော်ပြီးတော့ အစစ်အမှန်ဆရာကြီးတစ်ယောက်ဖြစ်လာတော့မှ လုပ်နိုင်လိမ့်မယ်...စီနီယာအစ်ကိုက ငါ့ဆီမှာ အခုရှိနေတဲ့ပစ္စည်းတွေကို ကြိုက်ပါ့မလား"
ဖန်ကျွမ်းကျီက အပြုံးနှင့်ပြောဆိုလိုက်၏။
"ငါက ဘာလို့မကြိုက်ရမှာလဲ...ဂျူနီယာညီလေးကို ဒုက္ခပေးမိပြီ"
ချီယီထုံက အပြုံးနှင့်ပြောဆိုသည်။
"ဘာဒုက္ခမှ မရှိပါဘူး...ငါ့ဆီမှာ ပရိဘောဂပစ္စည်းတွေ အများကြီးရှိနေတယ်"
ဖန်ကျွမ်းကျီက ခပ်ဖျော့ဖျော့ပြုံးကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ချီယီထုံထံသို့ ပစ်ပေးလိုက်သည်။ထိုအရာအတွင်းတွင် စားပွဲများ ကုလားထိုင်များ ခုံတန်းရှည်များစသဖြင့် ပရိဘောဂမျိုးစုံပါဝင်သည်။
တစ်ချိန်တည်းမှာပင် သူသည် တခြားဂိုဏ်းတူမောင်နှမများကိုကြည့်၍ ပြောဆိုလိုက်၏။
"စီနီယာတွေနဲ့ဂျူနီယာတွေအားလုံး...တကယ်လို့ မင်းတို့ဆိုင်တစ်ဆိုင်ဖွင့်မယ် ဒါမှမဟုတ် တစ်ခုခုလုပ်မယ်ဆိုရင် ငါ့ဆီကနေ ပရိဘောဂပစ္စည်းတွေ ယူလို့ရတယ်"
ဤအချိန်အခိုက်အတန့်တွင်....
ဂိုဏ်းတူမောင်နှမအမြောက်အများသည် ဖန်ကျွမ်းကျီ၏နံဘေးပတ်လည်၌ စုဝေးသွားကြသည်။
တခြားဂိုဏ်းတူမောင်နှမများသည်လည်း မည်သို့လုပ်ဆောင်ရမည်ကို တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ဆွေးနွေးနေကြပြီးနောက် ခွဲခွာမသွားမီ နှုတ်ဆက်စကားများ ပြောဆိုလိုက်ကြတော့သည်။
"ကောင်းပြီလေ....ဂိုဏ်းတူမောင်နှမတွေအားလုံး ငါတို့တွေက အဆက်အသွယ်မပြတ်အောင်တော့ နေကြရမယ်....တကယ်လို့ ငါတို့ဂိုဏ်းတူမောင်နှမတွေထဲက တစ်ယောက်ယောက်မှာ အခက်အခဲတွေ ရှိလာမယ်ဆိုရင် ငါတို့က ချက်ချင်းသွားပြီး ကူညီပေးရမယ်"
"ဒါက အရမ်းကောင်းတယ်"
"ကောင်းလိုက်တာ"
"စီနီယာအစ်ကိုကြီးကို နှုတ်ဆက်ပါတယ်"
"စီနီယာအစ်မကို နှုတ်ဆက်ပါတယ်"
"အစ်ကိုကြီး ငါ့ဆီကို လာလည်အုံးနော်"
"..."
ဂိုဏ်းတူမောင်နှမများသည် အချင်းချင်းနှုတ်ဆက်စကားပြောဆိုပြီးနောက် အလင်းတန်းများအသွင်သို့ ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ လမ်းခွဲသွားကြတော့သည်။
Chapter 660
လဝက်ခန့်ကြာပြီးနောက်...
အထက်ဆင့်သုံးဆင့်အတွင်းမှ တစ်ဆင့်ဖြစ်သော ချုံးပိုင်ကုန်မြေအတွင်း၌...
ထိုကုန်းမြေ၏အလယ်ဗဟိုရှိ မထင်မရှားမြို့လေးတစ်မြို့အတွင်းတွင် စားသောက်ဆိုင်ငယ်လေးတစ်ဆိုင် တိတ်ဆိတ်ငြိမ်သက်စွာ ဖွင့်လှစ်ခဲ့သည်။
"စားပွဲခုံတွေ ထိုင်ခုံတွေနဲ့ ခုံတန်းရှည်တွေက အလယ်အလတ်အဆင့် အင်မော်တယ်ရတနာတွေ...."
"သံအိုးတွေနဲ့သံဇွန်းတွေက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတွေ..."
"ဒါဆိုရင်တော့ လုံလောက်ပြီလို့ ပြောလို့ရတယ်"
"ဘယ်လိုပဲပြောပြော ဒါက ဂျူနီယာညီလေးဖန်ရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့မှုတွေပဲ"
ချီယီထုံသည် စားသောက်ဆိုင်၏ရှေ့၌မတ်တပ်ရပ်ကာ 'စည်ပိုင်းကြီးစားသောက်ဆိုင်"ဟု စာလုံးကြီးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကိုကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အခုထိ ဟင်းပွဲတွေရဲ့စျေးနှုန်းကို မသတ်မှတ်ရသေးဘူး"
"စျေးနှုန်းက အရမ်းမြင့်မားလို့မရဘူး....ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက ချမ်းသာကြွယ်ဝတဲ့ကုန်းမြေတစ်ခု ဟုတ်ပုံမရဘူး"
"ဒါကြောင့် ကြက်ဥထမင်းကြော်တစ်ပွဲကို ငါ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာတစ်ခု ထားလိုက်မယ်"
"အလယ်အလတ်အဆင့် အင်မော်တယ်အမှိုက်တွေနဲ့ ငါ့ရဲ့ကြက်ဥထမင်းကြော်ကို ရောင်းရလိမ့်မယ်...ဟူး မတတ်နိုင်ဘူး ငါ ဒါကိုသည်းခံရမှာပဲ"
"ကြာဇံကြော်တစ်ပွဲကတော့...."
"ဒါက နည်းနည်းတော့ စျေးကြီးသင့်တယ်မဟုတ်လား....ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုလို့ သတ်မှတ်လိုက်မယ်"
"ဒါတောင်မှ ငါ နည်းနည်းတော့ အရှုံးပေါ်နေတုန်းပဲ"
ချီယီထုံသည် သူ၏ပါးစပ်မှနေ၍ တစ်စုံတစ်ခုကို အဆက်မပြတ်ရေရွတ်လိုက်သည်။ထို့နောက် ဆရာကြီး၏ လက်ဆင့်ကမ်းသင်ကြားပေးမှုအရ သူကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းပွဲများကို စျေးနှုန်းသတ်မှတ်ရာတွင် အနည်းငယ်ရှုံးသည်ဟု သူ ခံစားမိလေ၏။
"ဧည့်သည်တွေရောက်လာဖို့ကို ငါ စောင့်ရုံပဲ ကျန်တော့တယ်"
"ကြက်ဥထမင်းကြော်တစ်ပွဲကို ဧည့်သည်တွေကအလယ်အလတ်အဆင့် အင်မော်တယ်ရတနာတစ်ခုနဲ့ စားလို့ရမယ်"
"ငါက သိုသိုသိပ်သိပ်နေရမယ်....လောဘမကြီးရဘူး...စျေးနှုန်းကိုလည်း မျှတအောင် ငါ ထားရမယ်"
ချီယီထုံသည် ချက်ပြုတ်ပြီးသောဟင်းပွဲများကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်ပြီး သူကိုယ်သူ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်အဖြစ် လုံးလုံးလျားလျား ပေါင်းစပ်လိုက်တော့သည်။
ပတ်ဝန်းကျင်၌ လူအမြောက်အများရှိနေသည်ကို မြင်တွေ့မိသဖြင့် သူ အလွန်စိတ်လှုပ်ရှားနေသည်။သူ၏ဆိုင်ရှေ့၌ ပထမဆုံးနေ့မှာပင် ဤမျှထိများပြားသောလူများ ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ အမှန်တကယ်ကို မဆိုးလှချေ။
လူအများသည် ဤစားသောက်ဆိုင်အသစ်၏ ဟင်းပွဲများမှအရသာကို မြည်းစမ်းကြည့်ရန်အတွက် အလွန်အမင်း စိတ်အားတက်ကြွနေကြသည်။
သို့ရာတွင်....
ထိုအချိန်မှာပင် စည်ပိုင်းကြီးစားသောက်ဆိုင်ထံမှ အော်ဟစ်သံကို ကြားလိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင် ဆိုင်ရှေ့တွင်ရှိနေသောလူအုပ်ကြီးသည် ရေစီးကြောင်းတခုအလား ချက်ချင်းပျောက်ကွယ်သွားတော့သည်။
"သောက်ချေးပဲ...ဒါက ငွေကိုလုယက်နေတာမဟုတ်လား"
အဝေးတစ်နေရာမှနေ၍ ဆဲဆိုသံများ ထွက်ပေါ်လာသည်။
စည်ပိုင်းကြီးစားသောက်ဆိုင်မှ စျေးနှုန်းများကိုကြားပြီးနောက် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်ပေ၏။
"ဒါက စျေးအရမ်းကြီးတယ် မဟုတ်လား"
"ငါ အဲ့ဒါတွေကို မစားရလို့လည်း ဘာမှမဖြစ်ဘူး"
"ငါ့မှာ အလယ်အလတ်ဆင့်အင်မော်တယ်ရတနာဆိုလို့ တစ်ခုတောင်မရှိဘူး...ငါ ငတ်သေသွားမယ်ဆိုရင်တောင် မင်းရဲ့ဆိုင်မှာ မစားဘူး"
ဤသို့ဖြင့် လဝက်ခန့် ကုန်ဆုံးသွားပြီးနောက်...
စားသောက်ဆိုင်၏ရှေ့တွင် ခြောက်ကပ်နေဆဲပင်။
စျေးလမ်းအတွင်းတွင် မနက်စောစောအချိန်၌....
လူတစ်ယောက်ရောက်ရှိလာမှုကြောင့် စျေးလမ်းတလမ်းလုံး ချက်ချင်းသက်ဝင်လှုပ်ရှားသွားသည်။
ထိုလူသည် ဝမ်မိသားစု၏အကြီးဆုံးသားဖြစ်သော ဝမ်ကျင်းထန်ပင်။
သူသည် စားသောက်ရန်ကိုသာသိရှိပြီး တစ်နေကုန်အလေလိုက်နေသော လူပေါ်ကျော့တယောက်အဖြစ် နာမည်ကျော်ကြားသည်။
ဆောင်ကြာမြိုင်များရှိ မိန်းကလေးအမြောက်အများသည် ဝမ်ချင်းထန်ကြောင့် လုံလောက်သော ငွေကြေးများရရှိသွားပြီး သူမတို့၏ကိုယ်ပိုင်ဘဝများကို တည်ဆောက်နိုင်ခဲ့ကြသည်။
"သခင်လေးဝမ်....ဒါက ထိပ်တန်းအဆင့်သားရေကြာပွတ်ပါ...မင်း ဒါကို ညအချိန်မှာ အသုံးပြုဖို့ ဝယ်သွားပါလား"
"သခင်လေးဝမ်....ဒီနောက်ဆုံးပေါ် လက်ထိပ်တစ်စုံကို ဝယ်ပါဦး"
"သခင်လေး"
စျေးလမ်းအတွင်းရှိ ဈေးသည်အမြောက်အများသည် အော်ဟစ်ကာ ဝမ်းသာပျော်ရွှင်သောအကြည့်ဖြင့် ဝမ်ကျင်းထန်ကို ကြည့်နေကြသည်။
သူတို့သည် ယနေ့တွင် ဝမ်ကျင်းထန်ကို ပစ္စည်းတစ်ခုရောင်းချနိုင်သည်နှင့် နောက်တစ်လလုံး စျေးရောင်းရန် လိုအပ်တော့မည်မဟုတ်ချေ။
"ထွက်သွားကြစမ်း...."
"ငါ အဲ့ဒါတွေအားလုံးကို တစ်ချိန်လုံးကစားရတာ ပျင်းနေပြီ"
ဝမ်ကျင်းထန်က အထင်အမြင်သေးစွာ ပြောဆိုသည်။ထိုအရာများသည် ဟောင်းနွမ်းနေသောပုံစံများဖြစ်သဖြင့် သူ ထပ်မံ၍မကစားလိုတော့ချေ။ယခုချိန်၌ သူ ကစားလိုသည်မှာ....
ဤလမ်းအတွင်း၌ မည်သည့်အသစ်အဆန်းမျှ မရှိလောက်ဟု သူ စဉ်းစားတွေးတောနေသောအချိန်မှာပင်....
ရုတ်တရက်....
သူ့ရှေ့ရှိစားသောက်ဆိုင်မှ ဟင်းပွဲစာရင်းကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။
"ကြက်ဥထမင်းကြော်...."
"ကြာဇံကြော်...."
"ငါ ဒီဟင်းပွဲတွေကို တစ်ခါမှမကြားဖူးဘူး ....ဆိုင်ရှင် ငါ့ကို တစ်ပွဲလောက်ပေးပါ"
ဝမ်ချင်းထန်သည် ဆိုင်အတွင်းသို့ ဝင်တော့မည့်အချိန်၌ လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေကာ သူ၏လက်များပေါ် ခေါင်းတင်၍ အနားယူနေသော လူတစ်ယောက်ကိုဘတွေ့မြင်မိသည်။ဤသည်မှာ စည်ပိုင်းကြီးစားသောက်ဆိုင်၏ ဟင်းပွဲစျေးနှုန်းများကြောင့် ရုန်းကန်နေရသော ချီယီထုံပင်။
"ဆိုင်ရှင်....ငါ့ကို ကြက်ဥထမင်းကြော်တစ်ပွဲနဲ့ ကြာဇံကြော်တစ်ပွဲပေးပါ"
ဝမ်ကျင်းထန်က ထပ်မံ၍ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် တိုးညှင်းသောအသံအသံနှင့်အတူ သူက သိုလှောင်လက်စွပ်တစ်ကွင်းကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။
"အင်မော်တယ်သလင်းကျောက်တစ်ရာ...ကျသင့်ငွေအတွက် မင်း ဘာမှစိုးရိမ်နေစရာမလိုဘူး"
ဝမ်ကျင်းထန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
"အင်မော်တယ်သလင်းကျောက်တစ်ရာ....ဒါက ဒီတစ်နှစ်အတွင်းမှာ ငါရှာလို့ရတဲ့ ငွေပမာဏလောက် ရှိနေပြီ"
"စျေးတင်တော့မှာ....အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်က သခင်လေးဝမ်ကို စျေးတင်ရောင်းတော့မှာ သေချာတယ်"
ဈေးလမ်းအတွင်းရှိ တခြားစျေးသည်များသည် စားသောက်ဆိုင်ကိုကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် မနာလိုအားကျမှုများ ထင်ဟပ်နေသည်။
ဤကြက်ဥထမင်းကြော် ကြာဇံကြော်တို့နှင့်ပတ်သက်ပြီး လူတိုင်း သိချင်စိတ်ပြင်းပြနေသောအချိန်မှာပင် ချီယီထုံထံမှနေ၍ ပျင်းတိပျင်းရွဲအသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီငွေက ကြက်ဥထမင်းကြော်တစ်ပွဲအတွက် မလုံလောက်ဘူး...ဒါကြောင့် မင်း ထပ်ပေးရလိမ့်မယ်"
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
အင်မော်တယ်သလင်းကျောက်တစ်ရာ...ဤကောင်စုတ်သည် သူတောင်းစားကို စွန့်ကြဲနေသည်ဟု ထင်သလော...
ဤမျှနည်းပါးသောငွေပမာဏဖြင့် သူ၏ထမင်းကြော်ကို စားလိုသလော...
လောကကြီးအတွင်းတွင် ဤကဲ့သို့ကိစ္စမျိုး မည်သည်ကြောင့် ဖြစ်လာရသနည်း....
"သောက်ချေးပဲ...အဲ့ဒီလူက တကယ်ကြီးငွေထပ်တောင်းတယ်...အင်မော်တယ်သလင်းကျောက်တစ်ရာကတောင် မလုံလောက်သေးဘူး...သူက ဘယ်လောက်ထိ လိုချင်နေတာလဲ"
ဆိုင်ရှေ့တွေရှိနေသော စျေးသည်များက မကျေမချမ်း ပြောဆိုလိုက်ကြသည်။
"တကယ်လို့ မင်းက ငွေထပ်ပေးရမယ်ဆိုရင်လည်း ထပ်ပေးတာပေါ့..ငါ့ဆီမှာ အပေါဆုံးက ငွေပဲ"
"ငါက ဆယ်ဆထပ်ပေးမယ်...ဒီမှာ အင်မော်တယ်သလင်းကျောက်တစ်ထောင်...."
ဝမ်ကျင်းထန်သည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ တခြားသိုလှောင်လက်စွပ်တစ်ကွင်းကို စားပွဲပေါ်သို့ပစ်ချလိုက်၏။
ချီယီထုံသည် ထိုအရာကိုလတစ်ချက်ကြည့်လိုက်ရာ အတွင်း၌ အမှန်တကယ်ကိုပင် အင်မော်တယ်သလင်းကျောက်တစ်ထောင် ရှိနေသည်။
"ဒါပေမဲ့ အဲ့ဒါက မလုံလောက်သေးဘူး"
ချီယီထုံက ထပ်မံ၍ပြောဆိုသည်။
ဤအင်မော်တယ်သလင်းကျောက်များဖြင့် အမှိုက်တစ်စဖြစ်သော အဆင့်နိမ့်အင်မော်တယ်မှော်ရတနာကိုပင် ဝယ်ယူနိုင်မည် မဟုတ်လေရာ ဤကောင်စုတ်သည် သူ့ကိုယ်သူ အလွန်အထင်ကြီးနေခြင်းပင်။
ဤမျှငွေကြေးဖြင့် သူ၏ကြက်ဥထမင်းကြော်ကို ဝယ်ယူလိုသလော....
"အမ်...."
"ဒါဆိုရင် မင်းရဲ့ကြက်ဥထမင်းကြော်နဲ့ကြာဇံကြော်အတွက် ဈေးနှုန်းက ဘယ်လောက်လဲ.... မင်းက အဆင့်နိမ့်အင်မော်တယ်ရတနာကို တောင်းဆိုချင်တာလား"
ဝမ်ကျင်းထန်သည် ဤအချိန်အခိုက်အတန့်တွင် အနည်းငယ်စိတ်မရှည်စ ပြုလာသည်။
သူသည် လူပေါ်ကျော့တစ်ယောက်ဖြစ်သော်လည်း ငတုံးငအတစ်ယောက်မဟုတ်ချေ။
"အဆင့်နိမ့်အင်မော်တယ်ရတနာတစ်ခုနဲ့ မလုံလောက်ဘူး...ကြက်ဥထမင်းကြော်တစ်ပွဲအတွက် အနည်းဆုံး အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတစ်ခု လိုအပ်တယ်"
"ကြာဇံကြော်ကတော့ ပိုပြီးစျေးကြီးတယ်....အနည်းဆုံး ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုပဲ"
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။ဤသည်မှာ သူသည် ကျသင့်သည့်ဈေးနှုန်းများကို အဆမတန် လျှော့ချထားခြင်းပင်။
"ဘာ....."
"ဒါ...ဒါ...ဒါက...."
"မင်း နောက်တစ်ခေါက် ထပ်ပြောနိုင်မလား"
ဝမ်ကျင်းထန်သည် အလွန်ဒေါသထွက်သွားလေ၏။ဟင်းပွဲနှစ်ပွဲအတွက် သူသည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုနှင့် အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတစ်ခုလိုအပ်သည်။အကယ်၍ သူ့ထံ၌ ထိုအရာများရှိနေလျှင်ပင် သူ ဤကဲ့သို့ ဖြုန်းတီးခြင်းမပြုနိုင်ချေ။
ထို့ပြင် ဝမ်မိသားစုသည်ဤရက်များအတွင်း၌ ခက်ခဲသောအချိန်ကာလနှင့် ရင်ဆိုင်နေရသည်။ အကယ်၍ သူ၏ဖခင်သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုကို သူ ထိုသို့ပြုလုပ်လိုက်သည်အား သိရှိသွားပါက သူ့အား အသေသတ်မည်မှာ သေချာပေါက်ပင်။
"ငါ့ရဲ့ဆိုင်မှာ အကြွေးလက်မခံဘူး...မင်းစားမှာလား မစားဘူးလားဆိုတာကိုသာ ပြောတော့"
ချီယီထုံသည် ဝမ်ချင်းထန်ကို သာမာန်ကာလျှံကာကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် ကြီးမားသောအရှုံးကို လက်မခံနိုင်ချေ။
"လူလိမ်..."
"အမြတ်ကြီးစားတဲ့ ဆိုင်ပဲ"
"ဟမ့်....ငါ ဝမ်ကျင်းထန်က ဒီနေ့ငတ်ပြီး သေသွားမယ်ဆိုရင်တောင် မင်းရဲ့ဆိုင်ကနေ ကြက်ဥထမင်းကြော်နဲ့ကြာဇံကြော်ကို စားမှာမဟုတ်ဘူး"
"ငါ့မှာ ငွေရှိတယ်ဆိုရင်တောင် သူတောင်းစားကိုပဲ ပေးလိုက်မယ်....မင်းကို မပေးဘူး"
ဝမ်ကျင်းထန်သည် ဒေါသတကြီးဖြင့် သူ၏သိုလှောင်လက်စွပ်နှစ်ကွင်းကို ကောက်ယူကာ စည်ပိုင်းကြီးစားသောက်ဆိုင်မှနေ၍ ထွက်ခွာသွားတော့သည်။
မိုးကောင်းကင်ယံ မှောင်မည်းစ ပြုလာလေပြီ။
ဝမ်ကျင်းထန်သည် သူ၏အားနည်းနေသောခြေထောက်သုံးချောင်းကို တရွတ်တိုက်ဆွဲကာ ဝမ်ဟွာဆောင်ကြာမြိုင်အတွင်းမှ ထွက်လာခဲ့သည်။
သူ၏နောက်တွင် မိန်းကလေးများ၏နားပူနားဆာအသံများ ထွက်ပေါ်နေသည်။
"သခင်လေး...ခဏခဏလာလည်နော်"
အကယ်၍ သခင်လေးဝမ်သာ ထပ်မံ၍အကြိမ်အနည်းငယ်ခန့် သူမတို့ထံသို့ လာရောက်လည်ပတ်ပါက သူမတို့ကိုယ်သူမတို့ ပြန်လည်ရွေးနုတ်ရန် ငွေကြေးများလုံလောက်သွားပေမည်။
"ငါ နောက်တစ်ခေါက် သေချာပေါက်ထပ်လာခဲ့မယ်"
ဝမ်ကျင်းထန်သည် သူမတို့ကို လက်ဝှေ့ယမ်းပြပြီးနှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာခဲ့သည်။
အပြန်လမ်း၌...
မကြာမီမှာပင်....
သူသည် ယခင်စျေးလမ်းအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။
လမ်းအတွင်း၌..
လေအေးများ တိုက်ခတ်နေခြင်းနှင့်အတူ မည်သည့်အလင်းရောင်မျှ မရှိတော့ချေ။စျေးသည်များသည် သူတို့၏ဆိုင်များကို ပိတ်လိုက်ကြသည်မှာ သိသာထင်ရှားလှ၏။
အမှောင်ထုအတွင်းတွင်...
ဝမ်ကျင်းထန်၏ပုံပန်းသွင်ပြင်နှင့် အနည်းငယ်တူညီသော အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ရှိနေသည်။သူ၏မျက်လုံးအတွင်းမှနေ၍ ရက်စက်ကြမ်းကြုတ်သောအလင်းရောင်များ ဖြာထွက်နေကာ ဝမ်ကျင်းထန်ကို အေးစက်တင်းမာစွာ စူးစိုက်ကြည့်နေလေ၏။
"အစ်ကိုကြီး ငရဲကိုသွားတော့..နောက်နှစ်ကျရင် ငါက မင်းအတွက် ငွေစက္ကူတွေကို မီးရှို့ပေးမယ်"
"သွားကြတော့"
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ်လူအမြောက်အများ ပြေးထွက်သွားကာ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသော ထက်ရှသည့်ဓားများကိုကိုင်၍ ဝမ်ကျင်းထန်ကို ခုတ်ပိုင်းလိုက်ကြသည်။
"အန္တရာယ်ရှိတယ်...."
ဝမ်ကျင်းထန်သည် လူပေါ်ကျော့တစ်ယောက်ဖြစ်ကာ ပျင်းရိသော်လည်း မိသားစုကြီးတစ်စုမှ သခင်လေးတစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင် ပြန်လည်ဝင်စားခြင်းအင်မော်တယ် ကျင့်ကြံဆင့်နယ်ပယ်ရှိသည်။
ရုတ်ချည်းဆိုသလိုပင် သူသည် ရှောင်တိမ်းနိုင်ရန်အတွက် အကောင်းဆုံးကြိုးစားလိုက်သည်။
ဝှစ်.....
ထက်ရှသောဓားသွား ဝင်ရောက်လာကာ သူ၏လည်ပင်းကိုဖြတ်တောက်ရန် ဆံချည်တစ်မျှင်စာမျှအလိုတွင် သူ ရှောင်တိမ်းနိုင်ခဲ့သည်။
"အမ်..."
"ရှောင်သွားတာလား...."
"သူ့ကို ဝိုင်းထားကြစမ်း"
အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် သူ့၏ဓားချက် လွဲချော်သွားသည်ကို မြင်တွေ့ချိန်၌ သူ၏လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။သူ၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူအမြောက်အများ ရှေ့သို့ပျံသန်းသွားကာ ဝမ်ကျင်းထန်ကို ဝိုင်းရံလိုက်ကြ၏။
"မင်းတို့က ဘယ်သူတွေလဲ...."
ဝမ်ကျင်းထန်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ့ထံမှနေ၍ ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ်၏စွမ်းအားများ ပွင့်အံ့ထွက်လာသည်။
သို့ရာတွင်....
အနက်ရောင်ဝတ်စုံဝတ်လူများသည် သူ့အား တုံ့ပြန်အဖြေပေးခြင်းမရှိဘဲ ပြင်းထန်သောတိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် ဝမ်ကျင်းထန်ထံသို့ဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ဝမ်ကျင်းထန်သည် ချက်ချင်းဆိုသလိုပင် လွင့်ထွက်သွားပေ၏။
ဘုန်း.....
ဤလက်ဝါးရိုက်ချက်ကြောင့် ဝမ်ကျင်းထန်က ဤလူများသည် အစစ်အမှန်အနှစ်သာရအင်မော်တယ်များဖြစ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။ထို့ပြင် သူတို့၏ဘက်၌ လူခြောက်ယောက်ရှိနေပေ၏။
"ငါ ထွက်ပြေးရမယ်"
ဤအချိန်အခိုက်အတန့်တွင် ဝမ်ကျင်းထန်၏စိတ်နှလုံးသားအတွင်း၌ ထိုအတွေးတစ်ခုတည်းသာ ရှိတော့သည်။
သူသည် ဆေးလုံးတစ်လုံးကိုသောက်သုံးပြီးနောက် သူ၏ပတ်ဝန်းကျင်ရှိ အင်မော်တယ်စွမ်းအားများကိုချိုးဖျက်ကာ အလျှင်အမြန် ထွက်ပြေးခဲ့တော့သည်။
"လိုက်ဖမ်းကြစမ်း"
အနက်ရောင်ဝတ်စုံလူများသည်လည်း သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ဖမ်းကြလေ၏။
ကျင့်ကြံဆင့်နယ်ပယ်ကွာဟချက်သည် အလွန်လျှင်မြန်စွာ သိသာထင်ရှားလာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် လက်ဝါးတချက်ရိုက်ထုတ်ကာ ဝမ်းကျင်းထန်၏နောက်ကျောကို ထိမှန်သွားစေသည်။
ဝမ်ကျင်းထန်သည် လေလျော့သွားသောဘောလုံးတစ်လုံးအလား လွင့်ထွက်သွားသည်။တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် စည်ပိုင်းကြီးစားသောက်ဆိုင်၏ ဆိုင်းဘုတ်နှင့် ဝင်ဆောင့်မိသွားသည်။
ဘုန်း.....
ဝမ်ကျင်းထန် ဝင်ဆောင့်မိသောအရှိန်ကြောင့် ဆိုင်းဘုတ်ကြီးသည် မြေပြင်ပေါ်သို့ပြုတ်ကျကာ နှစ်ခြမ်းကွဲသွားတော့သည်။
စားသောက်ဆိုင်အတွင်း၌ စာရင်းတွက်နေသောချီယီထုံသည် ကြောင်တက်တက်အမူအယာဖြင့် ပျက်စီးသွားသောဆိုင်းဘုတ်ကို စူးစိုက်၍ကြည့်လိုက်သည်။
"ဘာ...."
"ငါ့ရဲ့ဆိုင်းဘုတ်ကို:ဖျက်ဆီးလိုက်တာလား"
ချီယီထုံသည် မတ်တတ်ထရပ်ပြီး သူ၏လက်ဖြင့် သံဇွန်းတစ်ချောင်းကိုကောက်ကိုင်ကာ ပြင်ပသို့ထွက်ပြီး အော်ဟစ်လိုက်၏။
"မင်းတို့က ငါ့ရဲ့ဆိုင်းဘုတ်ကို ဖျက်ဆီးရဲတယ် ..မင်းတို့ လျော်ကြေးပေးမလား ဒါမှမဟုတ် အသေခံမလား"
"သောက်ရေးမပါတဲ့ ကောင်စုတ်လေးတွေ...."
သူ၏စားသောက်ဆိုင်ဖွင့်သည်မှာ ရက်အနည်းငယ်သာ ကြာမြင်သေးသော်လည်း ဆိုင်းဘုတ်သည် ပျက်စီးသွားလေပြီ။
ဤသည်ကို သူ မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။
ထိုစကားကိုကြားချိန်တွင်....
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်လူကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"မင်းတို့ သူ့ကို နှုတ်ပိတ်လိုက်ကြစမ်း...ဒီကိစ္စကို ဒုတိယလူတစ်ယောက် သိသွားတာကို ငါ ခွင့်မပြုနိုင်ဘူး"
ဝမ်ကျင်းထန်ကို လိုက်လံသတ်ဖြတ်နေသောလူသည် သူ၏နောက်ရှိ လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်၏။သူတို့ပြုလုပ်နေသည့်ကိစ္စမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သဖြင့် တခြားလူများကို သိခွင့်မပြုနိုင်ပေ။
အနက်ရောက်ဝတ်စုံဝတ်လူတစ်ယောက်က ခေါင်းညိတ်ပြကာ အေးစက်တင်းမာစွာပြောဆိုသည်။
"မြေကမ္ဘာအင်မော်တယ်လေးတယောက်က ငါတို့ရဲ့ကိစ္စထဲကို ဝင်ရှုပ်ရဲတယ်...ငရဲကို သွားစမ်း"
ဓားချီတစ်လှိုင်းက ချီယီထုံထံသို့ဦးတည်၍ တိုးဝင်သွားသည်။သူသည် ဤလူဝကြီးကို သတ်ဖြတ်နိုင်မည်ဟု ရာခိုင်နှုန်းတသောင်းခန့် အသေအချာပြောနိုင်သည်။
သို့ရာတွင်...
"အမ်...."
မြေပြင်ပေါ်၌လဲကျနေသော ဝမ်ကျင်းထန်ထံမှနေ၍ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ ထိုစားသောက်ဆိုင်ပိုင်ရှင်သည် သံဇွန်းတစ်ချောင်းကိုကိုင်၍ အနက်ရောင်ဝတ်စုံဝတ်လူများကို ရိုက်နှက်နေသည်အား သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
Thank For Reading.