အခန်း (၆၆၁-၆၆၅)
Vol. 45 Ch. 661-665
Chapter 661
ဝမ်ကျင်းထန်သည် ထိတ်လန့်တကြားဖြင့် ချီယီထုံကို စူးစိုက်၍ကြည့်လိုက်သည်။
ဤသည်မှာ အမှန်တကယ်ကို မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်သလော....
သူ့၏ရှေ့တွင်ရှိနေသော လူဝကြီး၏လက်အတွင်းမှ သံဇွန်းအောက်သို့ကျသွားချိန်တွင် မဟာတာအို၏စည်းချက်ပါဝင်သော ကြယ်ပျံတစ်စင်းနှင့် တူညီနေသည်ဟု သူ မည်သည်ကြောင့် ခံစားနေရသနည်း။
ဤသံဇွန်း၏အောက်တွင် မည်သူမျှ အသက်ရှင်သန်နိုင်မည်မဟုတ်ဟုပင် သူ ခံစားမိလေ၏။
ဤကဲ့သို့အရှိန်အဝါမျိုးကို ပြန်လည်ဝင်စားခြင်းအင်မော်တယ်ဖြစ်သည့် သူ့၏ဖခင်ပင်လျှင် ရင်ဆိုင်နိုင်မည်မဟုတ်ဟု တွေးတောမိချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ဤသည်မှာ မည်သည်ကြောင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နိုင်မည်နည်း။ထိုလူဝကြီးသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
မကြာမီမှာပင် ချီယီထုံ၏လက်ချက်ဖြင့် အနက်ရောင်ဝတ်စုံဝတ်လူများအားလုံး သေဆုံးသွားတော့သည်။
"အစ်ကိုကြီး...."
"စီနီယာ...."
"ကျေးဇူးပြုပြီးတော့ ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ"
ဝမ်ကျင်းထန်သည် အံ့အားသင့်မှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ချီယီထုံ၏ရှေ့၌ ဒူးထောက်လိုက်သည်။အကယ်၍ သူသာ ဤကဲ့သို့ဆရာကြီးတစ်ယောက်၏ တပည့်ဖြစ်လာပါက နောင်အနာဂတ်တွင် ချုံးပိုင်ကုန်းမြေအတွင်း၌ ထင်ရာစိုင်းသွားလာနိုင်မည်မဟုတ်လော။
"တပည့်လက်ခံရမှာလား...."
"ငါက မြေကမ္ဘာအင်မော်တယ်တစ်ယောက်...ပြီးတော့ ငါက စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတာ သိုင်းသင်တန်းကျောင်းမဟုတ်ဘူး...ဒါကြောင့် ငါက တပည့်လက်မခံနိုင်ဘူး..."
"မင်း ထွက်သွားတော့...."
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။သူသည် မြေကမ္ဘာအင်မော်တယ်လေးတစ်ယောက်သာ ဖြစ်သည်ဟူသောကိစ္စကို သူ အစဥ်အမြဲ မှတ်သားထားရပေမည်။
"မြေကမ္ဘာအင်မော်တယ်...."
"ငါ အမြင်များမှားနေတာလား"
ဝမ်ကျင်းထန်က သူ့ရှေ့ရှိစီနီယာကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ဤစီနီယာသည် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက် ဖြစ်သည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် မည်သည်ကြောင့် စီနီယာသည် သူ့ကိုယ်သူ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဟု ပြောနေရသနည်း။
'အင်း....'
'တစ်ခုခုတော့ မှားနေပြီ'
ဤစီနီယာ၏ကျင့်ကြံဆင့်အခြေခံကို ကြည့်ရသည်မှာ မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်ပုံရသည်။
ဤသည်မှာ သေမျိုးလောကအတွင်း၌ ပုန်းကွယ်နေပြီး လောကကြီးကို ကစားလိုသော ဆရာကြီးတစ်ယောက် ဖြစ်နေသလော။
ဤသို့သာ ဖြစ်ပေမည်။
ထို့ကဲ့သို့ ဆရာကြီးများထံတွင် ထူးဆန်းသောအကျင့်စရိုက်များ ရှိနေပေ၏။
"ဒါဆိုရင် ငါက စီနီယာဆီမှာ လက်တိုလက်တောင်း လုပ်ပေးလို့ရမလား..."
"ငါက ဘာလုပ်အားခမှမယူဘူး...ငါက နေ့တိုင်းလာပြီးတော့ ဧည့်သည်တွေကို ကြိုဆိုပေးမယ်...ဒါဆိုရင် စီနီယာက ချက်ပြုတ်ရုံပဲလေ..."
"ငါက ကြက်ခြံထဲမှာလည်း အိပ်နိုင်တယ်"
"စီနီယာ...ဘယ်လိုသဘောရလဲ"
ဝမ်ကျင်းထန်၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အပြုံးတစ်ခုရှိနေသည်။ဤကဲ့သို့ ဆရာကြီးတစ်ယောက်နောက်သို့ လိုက်ခွင့်ရပါက သူ့အတွက် ကြီးမားသောအခွင့်အရေးတစ်ခုပင်။
ကြက်ခြံအတွင်းတွင် အိပ်ရမည်ဆိုလျှင်လည်း အသေးအမွှားကိစ္စပင်။
စီနီယာ၏နံဘေး၌ နေခွင့်ရပါက သူ့အတွက် ပြိုင်ဘက်ကင်းအခွင့်အရေးကြီး ဖြစ်ပေလိမ့်မည်။
သူသည် လူပေါ်ကျော့တစ်ယောက်ဖြစ်သော်လည်း ငတုံးငအတစ်ယောက် မဟုတ်ချေ။ဤကဲ့သို့အခွင့်အရေးမျိုးကို သူ လက်လွတ်ခံ၍မရကြောင်း သူ ကောင်းစွာနားလည်သဘောပေါက်သည်။
"လုပ်အားခ မယူဘူးလား"
"ဒါဆိုရင်လည်း ကောင်းပြီလေ..."
နောက်ပိုင်းတွင် ချီယီထုံသည် သဘောတူလိုက်၏။ယခုချိန်တွင် သူ၏လုပ်ငန်းအခြေအနေ မကောင်းလှသည်မှာ အမှန်ပင်။အကယ်၍ ဧည့်သည်များကို ဆွဲခေါ်ပေးနိုင်သော တစ်စုံတစ်ယောက်ရှိလာပါက သူ၏လုပ်ငန်းအခြေအနေ ပို၍ကောင်းမွန်လာနိုင်သည်။
"ကျေးဇူးတင်ပါတယ် စီ..."
ဝမ်ကျင်းထန်က သူ့၏စကား တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်လိုက်သည်။သူ စကားမှားသွားသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသဖြင့် သူ့၏စကားလုံးကို အလျှင်အမြန်ပြောင်းလဲလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်..."
ဤသည်မှာ သူ့ကိုယ်သူ ဖုံးကွယ်၍နေသော ဆရာကြီးတစ်ယောက်ပင်။သူသည် ဆရာကြီး၏သရုပ်မှန်ကို ထုတ်ဖော်၍မရချေ။ထိုသို့မဟုတ်ပါက ဆရာကြီး စိတ်မပျော်မရွှင်ဖြစ်သွားနိုင်သည်။
ဝမ်ကျင်းထန်သည် ဤကိစ္စကို သူ၏စိတ်နှလုံးသားအတွင်း၌ တိတ်တဆိတ်မှတ်သားထားလိုက်၏။
"ကွတ်...ကွတ်..."
ထိုအချိန်မှာပင် စားသောက်ဆိုင်၏ကြက်ခြံအတွင်းမှနေ၍ ကြက်တွန်သံများ ထွက်ပေါ်လာသည်။
ချီယီထုံသည် ကြက်ခြံကို တစ်ချက်ကြည့်ပြီးနောက် ယနေ့အတွက် ထိုကြက်များကို အစာမကျွေးရသေးကြောင်း သူ သတိရသွားသည်။
"အိုး...ငါ ဒီနေ့ ကြက်တွေကို အစာကျွေးဖို့ မေ့နေခဲ့တာပဲ"
"မနေ့က ကြက်ဥထမင်းကြော်က သိုးသွားပြီ...ငါ သွန်ဖို့မေ့နေတာ...ကြက်တွေကို အဲ့ဒါကျွေးလိုက်လို့ ရတာပဲ"
ချီယီထုံသည် ရှေ့သို့လျှောက်လှမ်းသွားကာ ကြောင်အိမ်တစ်ခုအတွင်းမှ ယမန်နေ့ကလက်ကျန်ဖြစ်သော ကြက်ဥထမင်းကြော်ပန်းကန်ကို ထုတ်ယူလိုက်၏။ထို့နောက် သူသည် ကြက်ခြံထံသို့သွားကာ ဆန်စေ့များကိုကျဲပက်လိုက်သည်။
"ဆန်ဖြူနဲ့ကြက်ဥပဲပါတဲ့ ရိုးရှင်းတဲ့ဟင်းပွဲတစ်ခုလား...."
"ဒါကို ကြက်ဥထမင်းကြော်လို့ ခေါ်တာလား"
"ဒါဆိုရင် ကုန်ကျစရိတ်က အင်မော်တယ်သလင်းကျောက်တစ်ဝက်တောင် မရှိဘူးမလား...တကယ်လို့ စီနီယာက ဆရာကြီးတစ်ယောက်ဖြစ်နေရင်တောင် ဒီလောက်ထိ စျေးမကြီးသင့်ဘူး....."
"အမ်..."
နောက်ထပ်အချိန်အခိုက်အတန့်တွင် ဝမ်ကျင်းထန်သည် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားပေ၏။
ဆန်စေ့များကို ကျဲပက်ပြီးနောက် ကြက်ခြံအတွင်းမှကြက်များသည် အစာစားရန်ထလာကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
အစာစားပြီးနောက် ထိုကြက်များ၏ခန္ဓာကိုယ်မှနေ၍ စွမ်းအားလှုပ်ခတ်မှုလှိုင်းများ ပွင့်အံ့ထွက်လာသည်။
မြေကမ္ဘာအင်မော်တယ်...
ရွှမ်အင်မော်တယ်...
....
ပြန်လည်ဝင်စားခြင်းအင်မော်တယ် ဒုတိယအဆင့်....
ထိုကြက်များ၏အရှိန်အဝါသည် မြေကမ္ဘာအင်မော်တယ်မှနေ၍ သူ့ထက် အဆင့်ငယ်တစ်ဆင့်မြင့်သော ပြန်လည်ဝင်စားခြင်းနယ်ပယ် ဒုတိယအဆင့်ထိ မြင့်တက်လာခဲ့သည်။
တခြားစကားပြောင်းဆိုရလျှင် ယခုချိန်၌ သူသည် ကြက်တစ်ကောင်ကိုပင် အနိုင်ယူနိုင်တော့မည်မဟုတ်ချေ။
"ရှီး...."
ဝမ်ကျင်းထန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
သူ အလွန်တုံးအခဲ့သည်။ဤဆန်စေ့အနည်းငယ်ကို စားရုံမျှဖြင့် ကြက်များသည် သူ့ထက် ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသွားခဲ့သလော။
ဤသည်မှာ သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။
စီနီယာ၏ကြက်ဥထမင်းကြော်တစ်ပွဲကိုစားနိုင်ရန် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာတစ်ခု လိုအပ်သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
"တကယ်လို့ ငါသာ ကြက်ဥထမင်းကြော်ကို စားခဲ့မိရင်...."
ထိုအကြောင်းကိုတွေးတောရင်း ဝမ်ကျင်းထန်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
ထို့နောက် သူသည် နာကျင်မှုများပြည့်နှက်နေသောမျက်နှာဖြင့် သူ၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ အလယ်အလတ်ဆင့်အင်မော်တယ်မှော်လက်နက်တစ်ခုကို ထုတ်ယူလိုက်၏။
"ငါ...ငါက ကြက်ဥထမင်းကြော်တစ်ပွဲလောက် ဝယ်ချင်တယ်...."
ဝမ်မိသားစုသည် မိသားစုကြီးတစ်စုဖြစ်ကာ ဝမ်မိသားစုခေါင်းဆောင်သည် ကြယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာတစ်ခုသည် သူတို့အတွက် အဖိုးတန်ရှားပါးနေဆဲပင်။
ဝမ်ကျင်းထန်ထံတွင် အလယ်အလတ်ဆင့်အင်မော်တယ်လက်နက်နှစ်ခုသာ ရှိနေသည်။
"အင်း...."
"မင်း အစကတော့ ငတ်သေသွားရင်တောင် ဒါကိုမစားဘူးလို့ ပြောခဲ့တယ်မဟုတ်လား...."
"အခု ငါ စျေးတက်လိုက်ပြီ...ကြက်ဥထမင်းကြော်တစ်ပွဲအတွက် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာနှစ်ခု လိုအပ်တယ်"
ချီယီထုံက လက်ချောင်းနှစ်ချောင်းထောင်ပြကာ ပြောဆိုသည်။
"အမ်...."
"အလယ်အလတ်ဆင့် အင်မော်တယ်ရတနာနှစ်ခုလား..."
"ဒါက...."
ဝမ်ကျင်းထန်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူ၏သိုလှောင်အိတ်အတွင်း၌ အလယ်အလတ်ဆင့် အင်မော်တယ်ရတနာဟူ၍ နှစ်ခုသာရှိသည်။
သို့ရာတွင်....
သူသည် သူ့ထက်ကျင့်ကြံဆင့်နယ်ပယ် ပို၍မြင့်မားနေသော ကြက်များကိုကြည့်လိုက်သည်။ထို့နောက် သူသည် နာကျင်မှုများပြည့်နှက်နေသောမျက်နှာဖြင့် နောက်ထပ်အလယ်အလတ်ဆင့်အင်မော်တယ်ရတနာတစ်ခုကို ထုတ်ယူလိုက်၏။
"စီနီယာ...ဒါက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာနှစ်ခုပါ"
ဝမ်ကျင်းထန်သည် ခေါင်းငုံ၍ ရိုသေလေးစားသောအမူအယာဖြင့် အင်မော်တယ်ရတနာနှစ်ခုကို ချီယီထုံထံသို့ လက်ကမ်းပေးလေသည်။ဤအရာနှစ်ခုကို ပေးလိုက်ရသည်မှာ သူ့အတွက် ဆုံးရှုံးမှုကြီးတစ်ခုမဟုတ်ချေ။
"ခဏထိုင်စောင့်အုံး...."
ချီယီထုံသည် ထိုသို့ပြောဆိုပြီးနောက် သူ၏သံဇွန်းကိုကိုင်ကာ မီးဖိုထံသို့ လျှောက်လှမ်းသွားသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူသည် မွှေးရနံ့များသင်းပျံ့နေသော ကြက်ဥထမင်းကြော်တစ်ပွဲကို ပြုလုပ်ပြီးလေပြီ။
"အနံ့လေးက အရမ်းမွှေးတာပဲ...."
ကြက်ဥထမင်းကြော်၏ရနံ့ကို ရှုရှိုက်မိရုံဖြင့် ဝမ်ကျင်းထန်က သူ၏စိတ် ကြည်လင်လာသည်ကို ခံစားမိသည်။
ရုတ်ချည်းဆိုသလိုပင် သူသည် ဇွန်းတစ်ချောင်းကိုကောက်ယူကာ ကြက်ဥထမင်းကြော်ကို သူ၏ပါးစပ်အတွင်းသို့ထည့်ပြီး ဝါးစားကာ သူ၏အစာအိမ်အတွင်းသို့ ထည့်သွင်းလိုက်သည်။သူ၏အစာအိမ်အတွင်းသို့ ကြက်ဥထမင်းကြော် ဝင်ရောက်သွားသော အချိန်အခိုက်အတန့်တွင် သူ၏ဒန်တျန်အတွင်းမှနေ၍ အပူစီးကြောင်းတစ်ခု ပွင့်အံ့ထွက်လာသည်ကို သူ ခံစားမိလေ၏။
ထိုအပူစီးကြောင့်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားနှင့်သွေးကြောများအားလုံးထံသို့ ချက်ချင်းပျံ့နှံ့သွားသည်။
သူ အစောပိုင်းက ရရှိထားသော ဒဏ်ရာများသည် ချက်ချင်းပျောက်ကွယ်သွားပေ၏။
"ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားတာလား..."
ဤအပြောင်းအလဲကြောင့် ဝမ်ကျင်းထန် အံ့အားသင့်သွားသည်။
သို့ရာတွင် သူ အသိပြန်မဝင်သေးမီမှာပင် သူ၏ဒန်တျန်မှနေ၍ စွမ်းအားများ တဖန်ထပ်၍ ပွင့်အံ့ထွက်လာသည်။
ပြန်လည်ဝင်စားခြင်းအင်မော်တယ် ဒုတိယအဆင့်...
ပြန်လည်ဝင်စားခြင်းအင်မော်တယ် တတိယအဆင့်.....
....
အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်....
သူသည် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိသွားသည့်အပြင် သူ၏ဒန်တျန်အတွင်း၌ အသွင်မပြောင်းရသေးသော စွမ်းအားတစ်စိတ်တစ်ပိုင်း ကျန်ရှိနေဆဲပင်။
"အံ့အားသင့်စရာပဲ..."
"ဒါက ဘယ်လိုလုပ်ပြီးတော့ ကြက်ဥထမင်းကြော် ဖြစ်နိုင်မှာလဲ....အထွတ်အထိပ်ဆေးလုံးဆိုတာ အသိသာကြီးလေ..."
"ငါက ဒါကို တစ်လုတ်စားလိုက်ရုံနဲ့ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်...ဒါက အဆင့်ကြီးတစ်ဆင့် မြင့်တက်သွားခဲ့တာပဲ"
"ငါက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာနှစ်ခုနဲ့ အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်"
ဝမ်ကျင်းထန်သည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေပေ၏။သို့ရာတွင် သူ၏ဒန်တျန်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများကြောင့် သူ ထပ်မံ၍မစားဝံ့တော့ချေ။အကယ်၍ နောက်ထပ်တစ်လုတ်ခန့် ထပ်စားမိပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်ဝိညာဥ်စွမ်းအားများ ပြည့်လျှံခြင်းကြောင့် ပေါက်ကွဲသွားမည်ဟု သူ ခံစားမိသည်။
"စီနီယာ...ငါ ဒါကို ထုပ်သွားလို့ရမလား..."
"ငါ....ငါ ဗိုက်ပြည့်နေပြီ....ဒါကြောင့် ငါ့ရဲ့အဖေကိုလည်း မြည်းကြည့်စေချင်တယ်....သူက အခုထိ ကြက်ဥထမင်းကြော်ကို မစားဖူးသေးဘူး"
ဝမ်ကျင်းထန်သည် ဤကြက်ဥထမင်းကြော်ကို အိမ်သို့သယ်ဆောင်သွားရန်ရည်ရွယ်၍ သတိကြီးစွာထားကာ မေမြန်းလိုက်သည်။အကယ်၍ မိသားစုအတွင်းရှိ အကျပ်အတည်းကို ဤအရာဖြင့် အချိန်မီဖြေရှင်းနိုင်ပါက သူ၏ဖခင်သည် သူ့အား အရူးဟု ထပ်မံ၍ခေါ်ဆိုတော့မည်မဟုတ်ချေ။
"မင်းက ငွေပေးပြီးပြီ....ဒီကြက်ဥထမင်းကြော်တစ်ပွဲက မင်းရဲ့ဟာပဲ...မင်း ဆန္ဒရှိသလို လုပ်လို့ရတယ်"
ချီယီထုံသည် လှုပ်ကုလားထိုင်ပေါ်၌ ခြေချိတ်ထိုင်ကာ လဲလျောင်းရင်း ပြောဆိုသည်။
"စီနီယာကို ကျေးဇူးတင်ပါတယ်"
ဝမ်ကျင်းထန်သည် အလွန်ဝမ်းသာပျော်ရွှင်သွားပေ၏။သူသည် ရိုသေလေးစားသောလေသံဖြင့် ချီယီထုံကို နှုတ်ဆက်ပြီးနောက် ကြက်ဥထမင်းကြော်ထုတ်ကိုကိုင်၍ ဝမ်အိမ်တော်သို့ ပျော်ရွှင်စွာပြန်သွားတော့သည်။
Chapter 662
ဝမ်အိမ်တော်၏ ခန်းမအတွင်း၌....
ဝမ်မိသားစုခေါင်းဆောင်သည် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားလေ၏။အကြောင်းအရင်းမှာ အဓိကမိသားစုကြီးလေးစုဖြစ်သော ယဲ့ ရှောင် လင်းနှင့် ချူမိသားစုတို့သည် သုံးရက်အကြာတွင် ဝမ်မိသားစုကိုသိမ်းပိုက်ရန်အတွက် တိုက်ခိုက်မည်ဟူသောသတင်းကို သူ ရရှိထားသောကြောင့်ပင်။
ထိုအဓိကမိသားစုကြီးလေးစု၏ မိသားစုခေါင်းဆောင်များသည် သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူညီသော ကြယ်အင်မော်တယ်များပင်။
"အဖေ...အဖေ...ကျွန်တော် ပြန်လာပြီ..."
ထိုအချိန်မှာပင် ဝမ်အိမ်တော်၏ခြံဝန်းအတွင်းမှနေ၍ ဝမ်ကျင်းထန်၏ဝမ်းသာအားရ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
"ဒီလူမိုက်ကတော့...ဝမ်မိသားစုက ဒုက္ခတွေ့တော့မယ်...သူက အပြင်မှာ လတ်လျားလတ်လျား သွားနိုင်တုန်းပဲ"
"တကယ်လို့ သူသာ ကောင်းကောင်းမွန်မွန် ကျင့်ကြံမယ်ဆိုရင် သူ့ရဲ့ပါရမီအရည်အချင်းနဲ့ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်ကို ရောက်နေနိုင်တယ်...ဒါဆိုရင် တခြားမိသားစုကြီးလေးစုက ငါ့ရဲ့ဝမ်မိသားစုမှာ ဆက်ခံသူမရှိဘူးဆိုတဲ့ အကြောင်းအရင်းကိုသုံးပြီးတော့ အနိုင်ကျင့်နိုင်မှာမဟုတ်ဘူး"
ဝမ်ကျင်းထန်၏ဖခင် ဝမ်ကျန်းသည် သံမဏိကဲ့သို့ တင်းမာသောအသံဖြင့် အော်ဟစ်လိုက်၏။
ထိုအချိန်မှာပင် ခန်းမအတွင်းသို့ ဝမ်ကျင်းထန် ဝင်ရောက်လာသည်။
"အသုံးမကျတဲ့ သားမိုက်....မင်း အပြင်ကိုသွားပြီးတော့ ထပ်ပြီးသုံးဖြုန်းလာပြန်ပြီလား"
ဝမ်ကျန်းက ဒေါသတကြီး ပြောဆိုသည်။သာမာန်အချိန်များတွင် သူ၏သား လူပေါ်ကျော့လုပ်နေသည်မှာ ပြဿနာမရှိချေ။သို့ရာတွင် သူ၏သားသည် ယခုကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်ထိ လူပေါ်ကျော့လုပ်နေဆဲပင်။မည်သည်ကြောင့် သူသည် ဤကဲ့သို့သားတစ်ယောက်ကို မွေးထားမိသနည်း။
"အဖေ...ကျွန်တော်က လျှောက်ပြီးသုံးဖြုန်းနေတာ မဟုတ်ပါဘူး..."
"ကြည့်လိုက်အုံး...ငါက ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ်...ဒီကြက်ဥထမင်းကြော်က ဝမ်မိသားစုကို အကျပ်အတည်းကနေလွတ်မြောက်အောင် ကူညီပေးနိုင်လိမ့်မယ်"
"အဖေ...တစ်လုတ်လောက် မြန်မြန်စားကြည့်ပါအုံး...ကျွန်တော်က ဒီဟာကို အလယ်အလတ်ဆင့် အင်မော်တယ်ရတနာနှစ်ခုနဲ့ ဝယ်လာခဲ့ရတယ်"
ဝမ်ကျင်းထန်က အပြုံးနှင့်ပြောဆိုသည်။အကယ်၍ သူ၏ဖခင်သည် ဤကြက်ဥထမင်းကြော်ကို စားလိုက်ပါက နေလအင်မော်တယ်နယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။ထိုအချိန်ကျပါက တခြားမိသားစုခေါင်းဆောင်လေးယောက်ကို ကြောက်ရွံရန် လိုအပ်တော့မည်မဟုတ်ချေ။
ဝမ်ကျင်းထန်သည် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်လိုက်၏။ထိုအချိန်ကျပါက သူ၏ဖခင်သည် သူ့အားအရူးတစ်ယောက်ဟု ပြောတော့မည်မဟုတ်ချေ။
သူသည် ကြက်ဥထမင်းကြော်ထုတ်ကိုကိုင်ကာ ရိုသေလေးစားစွာဖြင့် လက်ကမ်းပေးလိုက်သည်။
ထို့နောက် သူသည် မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်နေကာ....
သူ မျှော်လင့်စောင့်စားနေစဥ်မှာပင်...
လက်ဝါးကြီးတစ်ဖက် ပျံ့လွင့်လာကာ....
ဖြောင်း....
ဝမ်ကျင်းထန်သည် သတိလက်လွတ် ဖြစ်နေသဖြင့် ထိုလက်ဝါးရိုက်ချက်ကြောင့် ခန်းမအတွင်းမှနေ၍ ခြံဝန်းထံသို့ လွင့်ထွက်သွားသည်။
သူ၏လက်အတွင်းရှိ ကြက်ဥထမင်းကြော်လည်း ခြံဝန်း၏နေရာအနှံ့အပြား၌ ပြန့်ကျဲသွားတော့သည်။
"ကြက်ဥထမင်းကြော်...."
ဝမ်ကျင်းထန်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။ဤသည်မှာ အထွတ်အမြတ်အရာတစ်ခုဖြစ်သဖြင့် ဖြုန်းတီး၍မရချေ။
အကယ်၍ ဆရာကြီးသာ ဤကိစ္စကို သိရှိသွားပါက သူ၏ဒေါသများ ဝမ်မိသားစုအပေါ် ကျရောက်လာနိုင်သည်။
ဝမ်ကျင်းထန်သည် မြေပြင်ပေါ်တွင်လဲကျနေရာမှ ထိုအရာများကို တစ်စေ့ချင်းကောက်ယူရန်အတွက် အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။သူ့၏ဖခင် သူ့အားထပ်ရိုက်မည်ကိုပင် သူ ဂရုမစိုက်တော့ချေ။
"သားမိုက်...."
ဝမ်ကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ထို့နောက် သူ့၏လက်ဝါးသည် ဝမ်ကျင်းထန်၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။ဝမ်ကျင်းထန်သည် တဖန်ထပ်၍ လွင့်ထွက်သွားပေ၏။
"သားမိုက်.. မင်း ဘာတွေလုပ်နေတယ်ဆိုတာ မင်း သိလား....မင်း ရူးသလိုကြောင်သလိုလုပ်နေတာ ဘယ်လောက်ကြာနေပြီလဲ"
ဝမ်ကျန်းသည် အလွန်ဒေါသထွက်သွားပေ၏။ဤတစ်ကြိမ်တွင် သူ၏သားမိုက်သည် ထမင်းစေ့များကို ကောက်ယူနေကာ နောင်တရရမည်ကိုပင် သိရှိပုံမရချေ။
"အဖေ....ဒါက အထွတ်အမြတ်အရာတစ်ခုပဲ....ဒါကို တစ်လုတ်လောက်စားရင် အဖေက ကျင့်ကြံဆင့်ချိုးဖျက်နိုင်လိမ့်မယ်"
ဝမ်ကျင်းထန်က အလျင်စလို ရှင်းပြလေသည်။ဤကြက်ဥထမင်းကြော်သည် ဝမ်မိသားစုအတွက် အခွင့်အရေးတစ်ခုဖြစ်သဖြင့် လွဲချော်သွား၍မဖြစ်ချေ။
"မင်းက ခုထိ နောင်တရရကောင်းမှန်း မသိသေးပါလား..."
"သာမာန်နေ့ရက်တွေမှာ မင်း လူပေါ်ကျော့တစ်ယောက် လုပ်နေတာက အချိန်ဖြုန်းရုံသက်သက်မို့ ငါ ဂရုမစိုက်ဘူး....ဒါပေမယ့် မင်းက ခုလိုအချိန်မျိုးထိ ရူးကြောင်ကြောင်လုပ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ဒီထမင်းတစ်ပန်းကန်ကို မင်းက အလယ်အလတ်ဆင့်အင်မော်တယ်ရတနာနှစ်ခုနဲ့တောင် ဝယ်ခဲ့တယ်"
"ဆိုးလိုက်တာ...နတ်ဘုရားတွေက ဘာလို့ ငါတို့ဝမ်မိသားစုကို ကောင်းချီးမပေးတာလဲ...."
ဝမ်မိသားစုခေါင်းဆောင်သည် အလွန်ဒေါသထွက်နေကာ သူသည် ဝမ်ကျင်းထန်ကို အလွန်အမင်းစိတ်ပျက်နေသည်မှာ သိသာထင်ရှားလှ၏။
ရိုက်ချက်တစ်ချက်နှင့်အတူ ဝမ်ကျင်းထန်အား အိမ်တော်၏အကျဥ်းထောင်အတွင်းသို့ ပစ်ထည့်ခံလိုက်ရကာ ဝင်္ကပါနည်းစနစ်တစ်ခုဖြင့် သူ့အားချိတ်ပိတ်ထားခြင်း ခံလိုက်ရတော့သည်။
အကျဥ်းထောင်အတွင်းမှနေ၍...
"အဖေ...အဖေ...အဲ့ဒါက အထွတ်အမြတ်အရာတစ်ခုပဲ...."
ထိုမြင်ကွင်းကိုကြည့်ပြီး ဝမ်ကျင်းထန်သည် ရှင်းပြရန်အတွက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
သို့ရာတွင် ဝမ်ကျန်းသည် ထွက်ခွာသွားလေပြီ။
"ဟူး...."
ဝမ်အိမ်တော်၏လျှို့ဝှက်ခန်းအတွင်းတွင် ဝမ်ကျန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ယခုချိန်တွင် သူ့အတွက် နောက်ဆုံးနည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။ဤသည်မှာ ဘိုးဘေးများ၏အမွေအနှစ်ကို ဆက်ခံ၍ နေလအင်မော်တယ်နယ်ပယ်သို့ သူ ချိုးဖျက်ဝင်ရောက်နိုင်ရန် ကြိုးစားခြင်းပင်။
အကယ်၍ သူ အောင်မြင်ခြင်းမရှိပါက အခြေအနေများ အလွန်ဆိုးရွားသွားပေမည်။
ဝမ်ကျန်းသည် လျှို့ဝှက်ခန်းအတွင်း၌ တစ်ညလုံး ပလ္လင်ခွေထိုင်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။
သူသည် ဘိုးဘေးများ၏အမွေအနှစ်နှင့် ပေါင်းစပ်ပြီးနောက် သူ၏စွမ်းအားများ အနည်းငယ်မြင့်တက်စပြုလာသည်။
"အချိန်ကျပြီ..."
ဝမ်ကျန်းက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။အရေးကြီးဆုံးအချိန်အတန့်သို့ ရောက်ရှိလာလေပြီ။အကယ်၍ သူသည် အတားအဆီးကို ဖြတ်ကျော်နိုင်ပါက နေလအင်မော်တယ်တစ်ယောက် ဖြစ်လာပေမည်။
သို့ရာတွင်....
မနက်မိုးသောက်လာချိန်၌ သူ၏နံဘေးပတ်လည်ရှိ အဖြူရောင်အလင်းတန်း တစတစပို၍အားနည်းလာကာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
"ဟူး....ငါ ရှုံးနိမ့်သွားပြီ....ဝမ်မိသားစုကတော့....."
"ပျက်စီးတော့မှာပဲ...."
ဝမ်ကျန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူ့ကိုကြည့်ရသည်မှာ ယခင်ထက် အသက်များစွာ အိုမင်းသွားပုံရသည်။
"ထွက်သွားစမ်း...."
"ဒီကြက်ရူးသွားတာလား...ငါ့ကို မကိုက်နဲ့"
"သေသင့်တဲ့ခွေး...ငါ့ကို လွှတ်ပေးစမ်း..."
လျှို့ဝှက်ခန်း၏ပြင်ပတွင် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်နေသည်ကို ကြားရသဖြင့် ဝမ်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။အကယ်၍ သူ၏ဝမ်မိသားစုသည် အလွန်ကြီးမားသော အကျပ်အတည်းဖြင့် ရင်ဆိုင်ရသည်ဆိုလျှင်ပင် နံနက်စောစောအချိန်၌ စည်းကမ်းမလိုက်နာသည့်ကိစ္စမျိုးကို သူ ခွင့်မပြုနိုင်ချေ။
ရုတ်ချည်းဆိုသလိုပင် သူသည် လျှို့ဝှက်ခန်း၏ပြင်ပသို့ ဒေါသတကြီးထွက်လိုက်၏။
"အမ်..."
သူ ပြင်ပသို့ထွက်လိုက်သည်မှာ ဆူပူသောင်းကြမ်းနေသောလူကို ဆူပူကြိမ်းမောင်းရန်ပင်။
သို့ရာတွင် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
တံခါးစောင့်ခွေးနက်ကြီးတစ်ကောင်ထံမှနေ၍ ဤအချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ယခင်က ခွေးထိန်းသမားသည် ခွေး၏လက်အောက်၌ ဖိနှိပ်ထားခြင်းခံထားရသည်။ခွေးသည် ထိုလူ့အား ပြင်းပြင်းထန်ထန် ဆော့ကစားနေပေ၏။
အနောက်ဘက်ခြံဝန်းအတွင်းရှိ ကြက်ဖတစ်ကောင်သည် ယခင်ထက် အရွယ်အစားဆယ်ဆခန့် ကြီးမားသွားကာ အိမ်စေအမျိုးသမီးကို လိုက်လံထိုးဆိတ်နေသည်။
ဝမ်မိသားစု ဘိုးဘေးကမ္မည်းတိုင်ဆယ်ခုကျော်၏အထက်တွင် ပုရွက်ဆိတ်လေးများ မတ်တတ်ရပ်နေသည်။ဘိုးဘေးကမ္ပည်းတိုင်များအားလုံး ကျွမ်းထိုးမှောက်ခုံဖြစ်နေကာ ဆယ်မီတာခန့်မြင့်မားသော ပုရွက်ဆိတ်များသည် ထိုအရာများပေါ်၌ ကခုန်နေသည်။ထိုပုရွက်ဆိတ်များသည် ရှေ့လက်များဖြင့် အထင်အမြင်သေးသောအမူအယာမျိုး ပြုလုပ်နေကြကာ 'ဘယ်သူကို ဂရုစိုက်ရမှာလဲ'ဟု ပြောနေသည့်အလားပင်။
ဝမ်ကျန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
မည်သည်ကြောင့် သာမာန်သတ္တဝါများသည် ဤကဲ့သို့ ဖြစ်လာရသနည်း....
"ဘာတွေဖြစ်နေတာလဲ..."
ဝမ်ကျန်းက ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်တရက်...
မြေကမ္ဘာအင်မော်တယ် ပုရွက်ဆိတ်တစ်ကောင်သည် သူ၏ခြေထောက်နံဘေးမှ ဖြတ်သွားပြီးနောက် ထမင်းစေ့တစ်စေ့ကို ဝါးမြိုလိုက်သည်။ထို့နောက် ပုရွက်ဆိတ်၏အရှိန်အဝါသည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားကြောင်း သူ မြင်တွေ့မိလေ၏။
"အမ်..."
"အဲ့ဒီ ထမင်းကြောင့်လား..."
"ဒီသတ္တဝါတွေက ခြံဝန်းထဲမှာပြန့်ကျဲနေတဲ့ ထမင်းစေ့တွေကိုစားပြီးတော့ တစ်ညတည်းနဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေ မြင့်တက်သွားတာလား"
ဝမ်ကျန်းသည် မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သည့်တိုင် ကြက်သေသေနေပြီး မည်သို့မျှ နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
သူ၏စိတ်အတွင်း၌ သူ၏သားဖြစ်သူ ဝမ်ကျင်းထန်ပြောခဲ့သော 'အဖေ...ဒါက အထွတ်အမြတ်အရာတစ်ခုပဲ....'ဟူသောစကားက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒါက ငါ့ရဲ့အပြစ်တွေပဲ....."
ဝမ်ကျန်းသည် နောင်တရရှိသွားကာ အကျဥ်းထောင်၏ဝင်္ကပါကို အလျှင်အမြန်ဖွင့်ပြီး အတွင်းသို့ ဝင်ရောက်လိုက်၏။
"ထျန်းအာ...အဖေ မှားသွားပါတယ်...ထွက်လာခဲ့တော့..."
ဝမ်ကျန်းသည် တံခါးကိုဖွင့်ပြီးနောက် ဝမ်ကျင်းထန်ကို သူကိုယ်တိုင် ပြင်ပသို့ ခေါ်ထုတ်ခဲ့လေ၏။
သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်နေသည်။
"အဖေက တကယ်ကိုပဲ နောင်တရမိပါတယ်"
"ဒီကိုလာခဲ့အုံး...အဲ့ဒီထမင်းကို မင်း ဘယ်နေရာကနေရခဲ့တာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
ဝမ်ကျန်းက သံသယဖြင့် မေးမြန်းလိုက်သည်။ဤထမင်းတစ်ပန်းကန်သည် အထွတ်အမြတ်အရာတစ်ခုဖြစ်သော်လည်း ဤထမင်းကို ဖန်တီးခဲ့သောလူသည် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းပေ၏။
အကယ်၍ သူသည် ဤကဲ့သို့ ဆရာကြီးတစ်ယောက်၏အကူအညီကိုရပါက ဝမ်မိသားစု၏အကျပ်အတည်းသည် အသေးအမွှားသာ ဖြစ်သွားပေမည်။
"အဖေ...ဒီကြက်ဥထမင်းကြော်ကို ကျွန်တော်က တာယန်မြို့ထဲမှာ ဖွင့်ထားတဲ့ 'စည်ပိုင်းကြီးစားသောက်ဆိုင်'ကနေ ဝယ်လာခဲ့တာပဲ"
"မနေ့တုန်းက ကျွန်တော်ကို အနက်ရောင်ဝတ်စုံတွေဝတ်ထားတဲ့ လူတစ်စုက လိုက်သတ်ခဲ့တယ်...အဲ့ဒီလူတွေအားလုံးက အစစ်အမှန်အနှစ်သာရ အင်မော်တယ်တွေပဲ..ကျွန်တော်က သေချာပေါက် သေရတော့မယ်လို့ တွေးထင်ခဲ့တယ်"
"ဒါပေမယ့် အဲ့ဒီစီနီယာက ထွက်လာပြီးတော့ သံဇွန်းကြီးတစ်ချောင်းနဲ့ အဲ့ဒီအစစ်အမှန်အနှစ်သာရ အင်မော်တယ်တွေကို သတ်ဖြတ်ခဲ့တယ်...ဒါကြောင့် ကျွန်တော် အသက်ရှင်နိုင်ခဲ့တာပဲ"
"အဲ့ဒီစီနီယာက ဆရာကြီးတစ်ယောက်ဆိုတာ ကျွန်တော် နားလည်သွားတယ်...ဒါကြောင့် ကျွန်တော်က အလယ်အလတ်ဆင့် အင်မော်တယ်ရတနာနှစ်ခုနဲ့ ကြက်ဥထမင်းကြော်တစ်ပွဲကို ဝယ်ခဲ့တယ်....ကျွန်တော် အဲ့ဒါကို တစ်လုတ်စားပြီးတာနဲ့ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"
"အဖေ...ကြည့်လိုက်အုံး..."
ထိုသို့ပြောဆိုပြီးနောက် ဝမ်ကျင်းထန်၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်၏ အရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။
"ဒါက တကယ့်ကို အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်ပဲ..."
ဝမ်ကျန်းသည် ဝမ်ကျင်းထန်ကိုကြည့်ကာ အံ့အားသင့်သွားပေ၏။ဤစိတ်ကျေနပ်ဖွယ်ရာမရှိသောသားသည် အမှန်တကယ်ကိုပင် ပြန်လည်ဝင်စားခြင်း အင်မော်တယ်နယ်ပယ် ပထမအဆင့်မှနေ၍ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ တစ်ရက်တည်းဖြင့် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
ဤသည်မှာ အဆင့်ကြီးတစ်ဆင့် တိုက်ရိုက်မြင့်တက်သွားခြင်းပင်။
ယမန်နေ့က သူ အလွန်အမင်း ဒေါသထွက်နေသဖြင့် ဤကိစ္စကို သတိမပြုမိချေ။
"ထျန်းအာ...စီနီယာနဲ့တွေ့ရအောင် ငါ့ကို ခေါ်သွားပေးပါ...ဒါဆိုရင် ဝမ်မိသားစုကို ကယ်တင်နိုင်လိမ့်မယ်"
ဝမ်ကျန်းက အလွန်ပျော်ရွှင်စွာ ပြောဆိုသည်။
ဤအမှိုက်ကောင်သားပင်လျှင် ထမင်းကြော်ကို တစ်လုတ်စားမိရုံဖြင့် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ထို့ကြောင့် ထိုစီနီယာ၏ခွန်အား မည်မျှထိ မြင့်မားမည်ကို သူ တွေးတောကြည့်၍ပင်မရချေ။
Chapter 663
ဤအချိန်အခိုက်အတန့်တွင်...
တာယန်မြို့၏စျေးလမ်းအတွင်း၌....
ဝမ်ကျန်းနှင့်ဝမ်ကျင်းထန်တို့ သားအဖနှစ်ယောက်သည် စည်ပိုင်းကြီးစားသောက်ဆိုင်ထံသို့ ဦးတည်၍ထွက်ခွာခဲ့သည်။
"အဖေ...စီနီယာကို တွေ့တဲ့အချိန်ကျရင် စကားမှားလို့မရဘူး...ဆိုင်ရှင်လို့ပဲ ခေါ်ရမယ်"
"စီနီယာက ဇာတ်မြှုပ်နေတဲ့ ဆရာကြီးတစ်ယောက်ဖြစ်ပြီးတော့ လောကကြီးထဲမှာ ကစားနေတာ....စီနီယာရဲ့သရုပ်မှန်ကို ထုတ်ဖော်လို့မရဘူး...မဟုတ်ရင် စီနီယာက စိတ်မပျော်မရွှင် ဖြစ်သွားလိမ့်မယ်"
"စီနီယာရဲ့ဟင်းပွဲစျေးနှုန်းတွေကို ကြားပြီးရင် အဖေ စျေးမဆစ်နဲ့နော်...မဟုတ်ရင် စီနီယာ ဒေါသထွက်သွားလိမ့်မယ်"
"ပြီးတော့...."
ဝမ်ကျင်းထန်က သူ၏ဖခင်ကို တစ်ခုပြီးတစ်ခု ညွှန်ကြားနေသည်။သူ၏ဖခင်သည် စကားမှားပြောမိခြင်း သို့မဟုတ် အမှားအယွင်း တစ်ခုခုပြုလုပ်မိခြင်းတို့ကြောင့် စီနီယာ ဒေါသထွက်သွားမည်ကို သူ စိုးရိမ်နေမိသည်။
"ကောင်းပြီလေ....ငါ အဲ့ဒီကိစ္စတွေကို သေချာမှတ်ထားလိုက်မယ်"
နံဘေးတစ်ဖက်တွင်ရှိနေသော ဝမ်ကျန်းက အာရုံစူးစိုက်၍ နားထောင်နေသည်။လောကကြီးအတွင်း၌ ဇာတ်မြှုပ်နေထိုင်သော ဤကဲ့သို့ ဆရာကြီးတစ်ယောက်ကို အပြုအမူလေးတစ်ခုနှင့်မျှ အပြစ်ပြု၍မရကြောင်း ဝမ်မိသားစုခေါင်းဆောင်ဖြစ်သော သူသည် နားလည်သဘောပေါက်ပေ၏။
မကြာမီမှာပင် သူတို့နှစ်ယောက်သား စားသောက်ဆိုင်၏ရှေ့သို့ ရောက်ရှိလာသည်။
ဤအချိန်အခိုက်အတန့်တွင်....
ချီယီထုံသည် ဆိုင်းဘုတ်ကို ပြောင်းလဲတပ်ဆင်နေလေ၏။ယမန်နေ့ညက သူ့၏စားသောက်ဆိုင်ဆိုင်းဘုတ်သည် ပျက်စီးသွားခဲ့သဖြင့် ထိုနေရာတွင် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာဖြစ်သော သစ်သားဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲလိုက်၏။
"အင်း...ဒီလိုဆိုရင်တော့ လုံလောက်ပါပြီ...ဒါက လွယ်လွယ်နဲ့ ကျိုးတော့မှာ မဟုတ်ဘူး"
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
သို့ရာတွင်....
ဆိုင်အတွင်းသို့ ဝင်ရောက်လာသော ဝမ်ကျန်း၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။
"ဒါက...ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုလား...."
သူသည် ဆိုင်းဘုတ်ကိုကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူ၏ဝမ်မိသားစုတွင် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာဟူ၍ တစ်ခုတည်းသာရှိပြီး အသက်သွေးကြောတစ်ခုအလား သူနှင့်အတူ အစဥ်အမြဲ သယ်ဆောင်ထားသည်။သို့ရာတွင် ဤစီနီယာသည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုကို ဆိုင်းဘုတ်တစ်ခုအဖြစ် အမှန်တကယ် အသုံးပြုခဲ့သလော။
ထို့ပြင် ဤသည်မှာ လုံလောက်ရုံမျှသာရှိသည်ဟု စီနီယာက ပြောဆိုခဲ့သလော....
သူ မည်သို့ပြောဆိုရမည်ကိုပင် မသိတော့ချေ။
သူသည် ထမင်းကြော်၏စွမ်းအားကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်းကြောင့်သာ သူ၏စိတ်ကို ပြင်ဆင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက သူ့၏ဘဝကိုပင် သူ သံသယပြန်ဝင်မိပေမည်။
"ဆိုင်ရှင်...ငါ ရောက်လာပြီ"
ဝမ်ကျင်းထန်သည် ကြက်သေသေနေသော သူ့၏ဖခင်ကိုကြည့်ကာ ချီယီထုံကို အလျှင်အမြန် နှုတ်ဆက်စကားပြောဆိုလိုက်၏။
ထိုအချိန်ကျမှသာ ဝမ်ကျန်းသည် အသိဝင်လာပြီး နှုတ်ဆက်စကား ပြောဆိုလိုက်သည်။
"အော်....ဒါက မင်းရဲ့အဖေလား..."
ချီယီထုံသည် ဝမ်ကျန်းကိုတစ်ချက်ကြည့်ပြီးနောက် သာမန်ကာလျှံကာ ပြောဆိုသည်။
"ဆိုင်ရှင်မှာ တကယ့်ကို အမြင်ကောင်းရှိတာပဲ"
ဝမ်ကျန်းက ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"ထိုင်ကြအုံး..."
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ဟုတ်ကဲ့"
ဝမ်ကျန်းနှင့်ဝမ်ကျင်းထန်တို့ စားပွဲတစ်လုံး၌ ဝင်ထိုင်လိုက်ကြသည်။
"ဒါ...ဒါက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာ မဟုတ်လား"
ဝမ်ကျန်း၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ တစ်ချက်ကြည့်ပြီးနောက် သူ့ရှေ့ရှိ စားပွဲများ ထိုင်ခုံများနှင့် ခုံတန်းရှည်များအားလုံးသည် အလယ်အလတ်ဆင့် မှော်ရတနာများဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ဤစားပွဲခုံများ ထိုင်ခုံများနှင့် ခုံတန်းရှည်များ သက်သက်ဖြင့်ပင် ဝမ်မိသားစု၏ချမ်းသာကြွယ်ဝမှုထက် ကျော်လွန်နေသည်။
ဤစားသောက်ဆိုင်၏ဆိုင်းဘုတ်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
"ဘာလဲ....မင်းတို့က ညစာစားဖို့ ဒီနေရာကို ရောက်လာကြတာလား"
"မင်းရဲ့သားက စျေးနှုန်းတွေအကြောင်း မင်းကို ပြောထားတယ် မဟုတ်လား...ငါ့ရဲ့ဆိုင်က ဆိုင်ငယ်လေးတစ်ဆိုင်ဖြစ်တာကြောင့် အကြွေးလက်မခံဘူး"
ချီယီထုံသည် သာမာန်ကာလျှံကာပြောဆိုကာ ယမန်နေ့က လက်ကျန်ထမင်းကြော် ပန်းကန်တစ်ဝက်ကိုကိုင်ပြီး ကြက်ခြံအတွင်းသို့ ဖြန့်ကြဲလိုက်သည်။
"ဒါနဲ့ ဆိုင်ရှင် မင်းက ကြက်တွေကို အစာကျွေးဖို့အတွက် ဒါတွေကို အမြဲတမ်းအသုံးပြုတာလား"
ဝမ်ကျန်းသည် မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။ဤကဲ့သို့ အထွတ်အမြတ်ထမင်းကြော်တစ်ပွဲကို စီနီယာသည် သူ၏ရှေ့တွင် ကြက်များကိုကျွေးနေခဲ့သလော။
"ဒါက နှစ်ရက်လောက် ကြာသွားပြီလေ...ငါက ကြက်တွေကိုမကျွေးရင် လူတွေက ဒါတွေကိုစားနိုင်အုံးမှာလား...ခွေးတောင်မှ ဒီထမင်းကျန်တွေကို စားတော့မှာမဟုတ်ဘူး"
ချီယီထုံက ဒေါသတကြီးပြောဆိုသည်။
ဤသည်မှာ လူများစားသောက်ရန် မသင့်လျော်ဟု ဆိုလိုက်သလော...
ထိုစကားကို ကြားချိန်တွင်....
ဝမ်ကျန်းက တံတွေးမြိုချလိုက်သည်။
အမှန်အားဖြင့် ခွေးပင်လျှင် ဤထမင်းကြော်ကိုစားမည်မဟုတ် ဟူသောစကားကို သူ တုံ့ပြန်လိုသည်။ဤသည်မှာ အထွတ်အမြတ် အရာတစ်ခုပင်။သူ၏ဝမ်အိမ်တော်ခြံဝန်းအတွင်းရှိ သာမန်ပုရွက်ဆိတ်တစ်ကောင်သည် ထမင်းစေ့အနည်းငယ်ကို စားပြီးနောက် ရွှမ်အင်မော်တယ်နဝမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် သူသည် ဤထမင်းကြော်ပန်းကန်တစ်ဝက်ကို စားလိုက်ပါက သူ၏ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသွားမည်မဟုတ်လော....
သို့ရာတွင် သူသည် ထိုစကားများကို ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။အကယ်၍ သူသည် စီနီယာ ဒေါသထွက်အောင် ပြုလုပ်မိပါက ယနေ့ သူတို့ လာရောက်သည့်ရည်ရွယ်ချက် လုံးလုံးလျားလျား မျှော်လင့်ချက်ကင်းမဲ့သွားပေမည်။
"ဆိုင်ရှင်....ငါ ငါ ဒီနေရာကိုရောက်လာတာက မင်းကို ကိစ္စတစ်ခု မေးချင်လို့ပါ....ငါ့ရဲ့ဝမ်မိသားစုက...."
ဝမ်းကျန်းက ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။သို့ရာတွင် သူ၏စကားတစ်ဝက်တစ်ပျက်သို့ အရောက်မှာပင် ချီယီထုံက လက်ဝှေ့ယမ်းပြကာ ကြားဖြတ်ဟန့်တားလိုက်သည်။
"ငါက စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတာ...သိုင်းပညာခန်းမ ဒါမှမဟုတ် သက်တော်စောင့်ခန်းမတွေ တရားရုံးတော်တွေ မဟုတ်ဘူး"
"တကယ်လို့ မင်းတို့ ညစာလာစားတာဆိုရင် ငါက ကြိုဆိုပါတယ်...တကယ်လို့ မင်းတို့ ညစာမစားဘူးဆိုရင်တော့ ကျေးဇူးပြုပြီး ထွက်သွားကြပါ"
"ဒါ့ပြင် ငါက မြေကမ္ဘာအင်မော်တယ်တစ်ယောက်...ငါ ဘာကိုမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး..."
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။သူသည် ဤနေရာသို့ သူ၏စိတ်အခြေအနေကို ထိန်းညှိရန် ရောက်ရှိလာခြင်းဖြစ်ရာ မည်သည်ကြောင့် လွယ်လင့်တကူ သက်ရောက်ခံနိုင်မည်နည်း။
"ဒါက...."
ဝမ်ကျန်းသည် ကြက်သေသေသွားလေ၏။စီနီယာသည် တိုက်ရိုက်ငြင်းဆန်လိုက်ရာ သူ မည်သို့ ဆက်လုပ်သင့်သနည်း။
သူသည် အကူအညီတောင်းခံရန်အတွက် ဝမ်ကျင်းထန်ဘက်သို့ လှည့်ကြည့်လိုက်၏။ဝမ်ကျင်းထန်သည် စီနီယာ၏ရှေ့တွင် သူ့အတွက် စကားကောင်းတချို့ ပြောပေးရန် သူ ဆန္ဒရှိနေသည်။
ဝမ်ကျင်းထန်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဝမ်ကျန်းကို မျက်စပစ်ပြလိုက်သည်။
"အဖေ....စီနီယာက ညစာစားဖို့ပြောနေမှတော့ စားကြစို့...အရာအားလုံးက စီနီယာပေါ်မှာ မူတည်တယ်"
ဝမ်ကျင်းထန်က အသံပေးပို့ခြင်းမှတဆင့် သူ၏ဖခင်ကို ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း...ကောင်းပြီလေ..."
ဝမ်ကျန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဆိုင်ရှင်...ဒါဆိုရင် ငါ့အတွက် ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ"
ဝမ်ကျန်းက ပြောဆိုကာ သူ၏သိုလှောင်လက်စွပ်အတွင်းမှ အလယ်အလတ်ဆင့်အင်မော်တယ်ရတနာနှစ်ခုကို ထုတ်ယူကာ ချီယီထုံထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလေသည်။
"ငါ ဆန်သွားဝယ်တဲ့အချိန်မှာ စျေးတက်သွားပြီ...ဒါကြောင့် ကြက်ဥထမင်းကြော်ရဲ့စျေးနှုန်းကလည်း တက်သွားပြီ"
"အခု တစ်ပွဲကို ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုပဲ..."
ချီယီထုံက ပေါ့ပေါ့ပါးပါးပြောဆိုလိုက်၏။ဖခင်ဖြစ်သူသည် သားဖြစ်သူထက် ပို၍ချမ်းသာမည်မဟုတ်လော။
ထို့ကြောင့် သူ ငွေပို၍ တောင်းဆိုရပေမည်။
"ဒါက...."
ဝမ်ကျန်းက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုဟု ဆိုသလော။
သူ၏ဝမ်မိသားစုလုံးတွင် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာဟူ၍ တစ်ခုသာရှိသည်။
သူ တွေဝေတုံ့ဆိုင်းနေသည်။
သို့ရာတွင် ထိုအချိန်မှာပင် ဝမ်ကျင်းထန်က သူ၏ဖခင်ကို စူးစူးဝါးဝါး တစ်ချက်စိုက်ကြည့်လိုက်၏။
မည်သည်ကြောင့် သူ၏ဖခင်သည် တွေဝေနေသနည်း။စီနီယာ၏ကြက်ဥထမင်းကြော်ကို စျေးမဆစ်ရန် သူသည် ဖခင်ဖြစ်သူကို အကြိမ်ပေါင်းထောင်နှင့်ချီ၍ ပြောဆိုခဲ့သည်။သူ၏ဖခင်သည် မည်သည်ကြောင့် သူ၏စကားကို ဂရုမစိုက်သနည်း။
ဝမ်ကျင်းထန်၏အကြည့်ကို မြင်တွေ့ချိန်၌ ဝမ်ကျန်းက အသိပြန်ဝင်လာခဲ့သည်။
သူ စျေးဆစ်၍မရချေ။ထိုသို့မဟုတ်ပါက သူသည် စီနီယာကို ဒေါသထွက်အောင် ပြုလုပ်မိပေမည်။
ထို့ကြောင့် သူသည် အံ့တင်းတင်းကြိတ်ကာ သူ့၏နှလုံးသား နာကျင်နေသော်လည်း သိုလှောင်အိတ်အတွင်းမှနေ၍ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို ထုတ်ယူကာ ရိုသေလေးစားစွာဖြင့် ချီယီထုံထံသို့ လက်ကမ်းပေးလိုက်သည်။
"ခုခံရေးမှော်လက်နက်တစ်ခု...ဒါက ထိုင်ခုံအောက်မှာ ထောက်ထားလို့ရတယ်"
ချီယီထုံက ခေါင်းညိတ်ပြကာ ထိုထိပ်တန်းအဆင့်အင်မော်တယ်လက်နက်ကို ယူပြီးနောက် သူ၏လှုပ်ကုလားထိုင်အောက်၌ ထောက်လိုက်သည်။
ထို့နောက် လှုပ်ကုလားထိုင်ပေါ်သို့ သူ တက်ထိုင်ပြီး လှုပ်ယမ်းကြည့်လိုက်၏။
"ဒါက တော်တော်လေး အဆင်ပြေသွားပြီ"
"ခဏစောင့်ကြအုံး...ငါက မင်းတို့အတွက် အခုချက်ချင်း ချက်ပြုတ်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ချီယီထုံသည် လှုပ်ကုလားထိုင်မှ မတ်တတ်ထရပ်ကာ သံဇွန်းကြီးတစ်ချောင်းကိုကောက်ကိုင်၍ မီးဖိုထံသို့သွားပြီး ထမင်းကြော်ကို စတင်၍ကြော်လိုက်တော့သည်။
ဝမ်ကျန်းသည် ကူကယ်ရာမဲ့စွာဖြင့် ထိုနေရာသို့ တစ်ချက်ကြည့်လိုက်ရာ သူ ချက်ချင်း ကြက်သေသေသွားသည်။
ကြက်သွန်စိမ်းကို လှီးနေသောဓား၏အဆင့်ကို သူ ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ချေ။ဤသည်မှာ ထိပ်တန်းအဆင့်၏အထက်၌ ရှိနေနိုင်သည်။
ကြက်ဥခေါက်သည့်ပန်းကန်လုံး ထမင်းကြော်သည့်ဇွန်း နှင့်သံဒယ်အိုးကြီးစသည့် အရာများအားလုံးသည် ထိပ်တန်းအင်မော်တယ်အဆင့် မီးဖိုချောင်သုံးပစ္စည်းများပင်။
မီးမွှေးရာ၌ အသုံးပြုသော ထင်းများပင်လျှင် အလယ်အလတ်ဆင့် အင်မော်တယ်ရတနာများဖြစ်သည်။
ဝမ်ကျန်းသည် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်နေပေ၏။
ဤနေရာရှိ အင်မော်တယ်ရတနာများအားလုံးကို စုစည်းလိုက်ပါက ချုံးပိုင်ကုန်းမြေတစ်ခုလုံးတွင် ရှိနေသောအရာများထက် ကျော်လွန်နေမည်ကို သူ စိုးရိမ်မိသည်။
"မင်း စားဖို့အတွက် ကြက်ဥထမင်းကြော်ရပြီ"
"မင်းကတော့ အပြင်ကိုထွက်ပြီး ငါ့အတွက် ဧည့်သည်တွေ ကြိုဆိုပေးအုံး"
ချီယီထုံသည် ပေါ့ပေါ့ပါးပါးပြောဆိုကာ လှုပ်ကုလားထိုင်ပေါ်တွင် ပြန်၍လဲလျောင်းလိုက်၏။သူသည် ခြေချိတ်ထိုင်နေကာ သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်နေပြီး ရံဖန်ရံခါ သူ သက်ပြင်းရှိုက်နေသည်။
"ဟူး...ငါ့ရဲ့စီးပွားရေးက မကောင်းဘူး...မကြာခင်မှာပဲ ဆိုင်ပိတ်ရတော့မယ်...ငါ ဘာလုပ်ရမှာလဲ"
"အဲ့ဒီလိုသာဖြစ်လာရင် ဆရာကြီးက ငါ့ကို စိတ်ပျက်သွားလိမ့်မယ်"
သူ ဆိုင်ဖွင့်သည်မှာ အချိန်နှစ်လခန့် ကြာမြင့်နေလေပြီ။သို့ရာတွင် ဧည့်သည်နှစ်ယောက်သာ ရောက်ရှိလာပြီး ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုနှင့် အလယ်အလတ်ဆင့်အင်မော်တယ်ရတနာနှစ်ခုကိုသာ ရှာဖွေနိုင်ခဲ့သည်။
"စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တာက အခုကြည့်ကြည့်တော့မှ အရမ်းခက်ခဲတာပါလား"
ချီယီထုံက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဝမ်ကျင်းထျန်ကမူ ဧည့်သည်များကို ခေါ်ဆောင်ရန် ပြင်ပသို့ ထွက်သွားခဲ့သည်။
ဝမ်ကျန်းက သူ၏ခေါင်းကို အောက်သို့ငုံကာ ကြက်ဥထမင်းကြော်ကို တစ်လုတ်စားလိုက်သည်။
ရုတ်တရက်...
ကြီးကျယ်ခမ်းနားသော စွမ်းအားလှိုင်းတစ်လှိုင်းက သူ၏ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းပြည့်နှက်သွားသည်။
အက်ကွဲသံတစ်သံနှင့်အတူ သူ၏ဒန်တျန်အတွင်းရှိ နယ်ပယ်အတားအဆီး တိုက်ရိုက်ကျိုးပျက်သွားကာ သူသည် နေလအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိသွားလေပြီ။
"မဟုတ်ဘူး...ငါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ဖို့ အဆင်သင့်မဖြစ်သေးဘူး"
ဝမ်ကျန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ပြင်ပသို့ အလျှင်အမြန် ပြေးထွက်ခဲ့တော့သည်။သူသည် နေလအင်မော်တယ်နယ်ပယ်သို့ ဤမျှထိ အလွန်လွယ်ကူစွာ ချိုးဖျက်ဝင်ရောက်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။မည်သို့ပင်ဆိုစေကာမူ သူ၏ဘိုးဘေးများထံမှ အမွေအနှစ်ကပင် သူ့အား ကြယ်အင်မော်တယ်နယ်ပယ်မှနေ၍ နေလအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်စေခြင်းမရှိချေ။ထို့ကြောင့် သူသည် အနည်းငယ်မျှ ပြင်ဆင်ထားမိခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ သူ ကျင့်ကြံဆင့်ချိုးဖျက်ရန်အတွက် မှော်လက်နက်များနှင့်ဆေးလုံးများ လိုအပ်သည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် အလွန်အန္တရာယ်များပေ၏။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံ၌ တိမ်မည်းများ လွှမ်းခြုံနေကာ လျှပ်စီးမိုးကြိုးလှိုင်းများ တဖျတ်ဖျတ်ထလာပြီး မိုးစက်များ ကျလာသည်။
ဝမ်ကျန်းက မျက်မှောင်ကြုတ်ထားကာ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှု အရိပ်အယောင်များရှိနေသည်။
နေလအင်မော်တယ်နယ်ပယ်အတွက် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးအတွင်းတွင် သူ သေဆုံးသွားနိုင်ချေ မြင့်မားသည်။
သို့ရာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အစစ်အမှန်စွမ်းအားများကို စုစည်း၍ ခုခံရန်အတွက် အဆင်သင့်ဖြစ်နေလေပြီ။
ထိုအချိန်မှာပင်....
ချီယီထုံက မတ်တတ်ထရပ်လိုက်၏။
ဝမ်ကျန်းသည် နေလအင်မော်တယ်နယ်ပယ်၏ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရန် ပြင်ဆင်နေကြောင်း သူ ခံစားမိသည်။
အကြောင်းအရင်းမှာ သူ ကြော်သော ကြက်ဥထမင်းကြော်ကိုစားပြီးနောက် ဝမ်ကျန်းခံယူရမည့် နေလအင်မော်တယ်နယ်ပယ် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် သာမာန်ထက်ပို၍ပြင်းထန်ကြောင်း သူ သိရှိထားသောကြောင့်ပင်။
"မင်းက ငါ ကြော်တဲ့ ထမင်းကြော်ကိုစားပြီးတော့...ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကြောင့် သေရတော့မှာလား...ဒီလိုဆိုရင် နောင်အနာဂတ်မှာ ဘယ်သူက ဒီနေရာကို လာစားရဲအုံးမှာလဲ"
ထိုသို့ပြောဆိုပြီးနောက် သူသည် လက်တစ်ဖက်ဖြင့် မတ်တတ်ထရပ်ရန် ဟန်ပြင်နေသော ဝမ်ကျန်းကို ပြန်ဖိချလိုက်၏။ထို့နောက် သူ၏ကျန်လက်တစ်ဖက်ဖြင့် သံဇွန်းကြီးကိုကိုင်ကာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"ရပ်လိုက်စမ်း..."
သူက ပျင်းတိပျင်းရွဲလေသံဖြင့် အော်ဟစ်လေသည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် နောက်သို့ပြန်ဆုတ်သွားကာ တိမ်မည်းများ ပျက်ပြယ်သွားပြီး နေမင်းကြီး တဖန်ပြန်၍ ထွက်ပေါ်လာသည်။
ထို့နောက်မှနေ၍...
ဝမ်ကျန်းသည် နေလအင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
သူသည် လုံးလုံးလျားလျား ကြက်သေသေနေပေ၏။
Chapter 664
"ဒါ...ဒါက...ဒါက အရမ်းကို မယုံကြည်နိုင်စရာကောင်းတဲ့ ကိစ္စတစ်ခုမဟုတ်လား"
ဝမ်ကျန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။နေလအင်မော်တယ်နယ်ပယ်၏ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် စီနီယာ၏သံဇွန်းဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသလော။
"ဒါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး မဟုတ်လား"
"ဒါက လူတွေကို ကြောက်တတ်တာလား"
"တကယ်ကြီး ခုလိုဖြစ်သွားခဲ့တာလား"
ဝမ်ကျန်း ထိတ်လန့်တုန်လှုပ်နေသည်။သူသည် အသက်အိုမင်းနေသူ တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ မြင်ကွင်းတစ်ခုကို သူ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
"အဖေ...."
"ဘာလို့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတွေက ချက်ချင်းကြီး ပျောက်ကွယ်သွားတာလဲ"
ဝမ်ကျင်းထန်သည်လည်း ဇဝေဇဝါဖြစ်နေကာ သူ၏ဖခင်ထံသို့ အသံပေးပို့၍ မေးမြန်းသည်။
သူသည် သူ့ဖခင်၏ခေါင်းထက်သို့ ရိုက်ခတ်ရန် အဆင်သင့်ဖြစ်နေသည့် ထူထပ်သိပ်သည်းသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
သို့ရာတွင် ထိုအရာများသည် မည်သည့်ကိစ္စမျှ ဖြစ်ပွားမသွားသည့်အလား ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
"တိတ်တိတ်နေစမ်း....ဒါက စီနီယာကြောင့်ပဲ...."
ဝမ်ကျန်းသည် ဝမ်ကျင်းထန်ထံသို့ တုံ့ပြန်၍ အသံပေးပို့လေသည်။သူသည် သံဇွန်းကြီးတစ်ချောင်းကိုကိုင်ကာ လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည့် ချီယီထုံကိုကြည့်ပြီး သူ့ထံတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
နေလအင်မော်တယ်နယ်ပယ် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ဇွန်းကြီးတစ်ချောင်းဖြင့် နောက်သို့ပြန်ဆုတ်သွားစေသည်မှာ အလွန်အမင်း မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စပင်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို စီနီယာမှလွဲ၍ တခြားမည်သူက ယှဥ်ပြိုင်နိုင်မည်နည်း။
ဤကဲ့သို့ မောက်မာထောင်လွှားနိုင်သော တည်ရှိမှုကြီးတစ်ခု ထပ်မံ၍ရှိနိုင်အုံးမည်လော။
ထိုအချိန်မှာပင်....
ဝမ်ကျန်း၏သတင်းပို့ကျောက်စိမ်းပြား လင်းလက်လာသည်။
ဤသည်မှာ ဝမ်မိသားစု၏အိမ်တော်ထိန်းထံမှ ပေးပို့သော သတင်းစကားပင်။
ဝမ်ကျန်းသည် သတိကြီးစွာထား၍ သူ၏နတ်ဘုရားစိတ်အာရုံ အနည်းငယ်ကို ထုတ်လွှတ်ကာ အိမ်တော်ထိန်းထံမှ သတင်းစကားကို လက်ခံပြီးနောက် သူ၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။
ယဲ့ ရှောင် လင်း ချူမိသားစုကြီးလေးစုသည် သန်မာအားကောင်းသော ကျင့်ကြံသူတစ်ရာကျော်ကို ခေါ်ဆောင်လာကာ ဝမ်မိသားစုကို ကျူးကျော်တိုက်ခိုက်နေလေပြီ။
"အဖေ....ဘာဖြစ်တာလဲ..."
ဝမ်ကျန်း၏မျက်နှာကိုကြည့်ပြီး ဝမ်ကျင်းထန်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အတိတ်နိမိတ်ဆိုးတစ်ခုကို ရရှိနေသည်။
"ဆိုင်ရှင်...ငါ့ရဲ့ဝမ်အိမ်တော်ကို ငါ ပြန်မှရမယ်...ငါက ပြန်သွားပြီးတော့ အဲ့ဒီကိစ္စကို ဖြေရှင်းဖို့လိုအပ်တယ်..."
ဝမ်ကျန်းက ချီယီထုံကို ရိုသေလေးစားစွာ ပြောဆိုသည်။သူသည် မိသားစုကြီးလေးစုမှလူများ သူ၏ဝမ်မိသားစုထံသို့ ရောက်ရှိနေသည်ကို ပြောဆိုလိုက်၏။
ရင်ဆိုင်ရန်အတွက်မှာမူ...
သူသည် ယခုလက်ရှိချိန်၌ နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ကြယ်အင်မော်တယ်နယ်ပယ်လေးယောက်ကို ရင်ဆိုင်ရန်မှာ သူ့အတွက် အခက်အခဲမရှိနိုင်ချေ။
"ဒါဆိုရင်လည်း မင်း သွားပြီးတော့ သူတို့ကို ကောင်းကောင်းဧည့်ခံလိုက်တော့...တကယ်လို့ မင်း တတ်နိုင်တယ်ဆိုရင် ငါ့ဆီမှာ စားသောက်ဖို့အတွက် သူတို့ကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း"
ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ဟုတ်ကဲ့...."
"ငါတို့ သွားပါတော့မယ်"
ချီယီထုံကို ထပ်မံ၍ ကျေးဇူးတင်စကားပြောပြီးနောက် ဝမ်ကျန်းနှင့်ဝမ်ကျင်းထန်တို့ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်ကြသည်။
"ခဏနေအုံး..."
"မင်းရဲ့သားက ထွက်သွားလို့မရဘူး...သူက ငါ့ရဲ့အလုပ်မှာ ကူညီပေးမယ်လို့ ပြောထားတယ်"
"မင်းတစ်ယောက်တည်း ပြန်သွားရုံနဲ့ အဲ့ဒီလူတွေကို ရင်ဆိုင်ဖို့လိုအပ်တယ်....ဘာလို့ မင်းတို့နှစ်ယောက်လုံး ပြန်သွားမှာလဲ...မင်းရဲ့သားက ဒီနေရာမှာနေပြီးတော့ ငါ့အတွက် ဧည့်သည်တွေခေါ်ပေးရအုံးမယ်"
ချီယီထုံက လှုပ်ကုလားထိုင်ပေါ်၌ ခြေချိတ်ထိုင်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။အကယ်၍ ဝမ်ကျင်းထန်သည် ဧည့်သည်များကို ခေါ်ဆောင်နိုင်ခြင်းမရှိပါက သူ၏စားသောက်ဆိုင် မကြာခင်ပိတ်ရပေမည်။
"ဒါက...."
ဝမ်ကျင်းထန်သည် အချိန်တခဏကြာခန့် တွေဝေနေသည်။သူ၏မိသားစု အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် သူ မည်သည်ကြောင့် ပြန်မသွားဘဲ နေနိုင်မည်နည်း။
သို့ရာတွင် စီနီယာကို သူ အပြစ်ပြု၍မရချေ။
"ထန်အာ....ဆိုင်ရှင် ပြောသလိုပဲ လုပ်လိုက်ပါ...အဲ့ဒီလူတွေကိုရင်ဆိုင်ဖို့က ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်"
"ဆိုင်ရှင်ပြောတဲ့အတိုင်း ကောင်းကောင်းအလုပ်လုပ်စမ်း...တကယ်လို့ မင်း ပျင်းနေဝံ့ရင် ငါ ပြန်လာတာနဲ့ မင်းရဲ့ခြေထောက်ကိုချိုးပစ်မယ်"
ဝမ်ကျန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။စီနီယာ ပြောဆိုသွားသည်မှာ အမှန်ပင်။ယခုလက်ရှိချိန်၌ အဓိကမိသားစုကြီးလေးစု၏ခေါင်းဆောင်များကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။
"ဟုတ်ကဲ့"
ဝမ်ကျင်းထန်သည် ခေါင်းညိတ်ပြကာ နောက်၌ကျန်နေခဲ့ပြီး စျေးလမ်းအတွင်း၌အော်ဟစ်ကာ ချီယီထုံအတွက် ဧည့်သည်များ ခေါ်ပေးနေတော့သည်။
ဤအချိန်တွင်....
ဝမ်အိမ်တော်၌...
ယဲ့ ရှောင် လင်း ချူ မိသားစုကြီးလေးစုမှ မိသားစုခေါင်းဆောင်လေးယောက်သည် ပင်မခန်းမ၏ စင်မြင့်ပေါ်၌ထိုင်ကာ လက်ဖက်ရည်သောက်နေကြသည်။
ထိုစင်မြင့်၏အောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဝမ်မိသားစုမှလူများ ရှိနေသည်။
မိသားစုခေါင်းဆောင်လေးယောက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် ဝမ်မိသားစုမှလူများသည် မခုခံနိုင်ခဲ့ကြချေ။မည်သည့်ခုခံမှုမျှ မရှိသဖြင့် သွေးထွက်သံယိုကိစ္စများလည်း မဖြစ်ပွားခဲ့ချေ။
"အဲ့ဒီ လူအိုကြီးဝမ်ကျန်းက ဘယ်ကိုသွားနေတာလဲ...သူက အရိုက်ခံဖို့ ထွက်မလာသေးဘူးလား"
ရှောင်မိသားစုခေါင်းဆောင် ရှောင်ရန်ယောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝမ်ကျန်း ဤနေရာ၌ မရှိသဖြင့် ဝမ်မိသားစုမှလူများကို သတ်ဖြတ်ရန်မလိုအပ်ချေ။
ဝမ်ကျန်း သေဆုံးသွားသရွေ့ ဝမ်မိသားစုတစ်စုလုံး၏ အရင်းအမြစ်များကို သူတို့မိသားစုကြီးလေးစုမှ ထိန်းချုပ်နိုင်ပေမည်။
"ငါ ရောက်လာပြီ"
ထိုအချိန်မှာပင် ဝမ်ကျန်း၏အသံက ရုတ်တရက် သူ၏နောက်မှ မြည်ဟီးလာသည်။
"ဘာ...."
ရှောင်ရန်ယောင်သည် ထိတ်လန့်သွားကာ သူ့ကိုယ်သူ မခုခံနိုင်သေးမီမှာပင် သူ ပါးရိုက်ခံလိုက်ရသည်။
ဖြောင်း...
ဖြောင်း...
ဖြောင်း....
ဖြောင်းခနဲမြည်သံသုံးသံ ထပ်မံ၍ထွက်ပေါ်လာသည်။မိသားစုကြီးလေးစုမှ မိသားစုခေါင်းဆောင်များ၏မျက်နှာများပေါ်တွင် အနီရောင်လက်ဝါးရာကြီးတစ်ရာစီ ရှိနေလေ၏။
သူတို့လေးယောက်လုံး နောက်သို့လွင့်ထွက်သွားသည်။
"လူတွေကို အနိုင်ကျင့်ရတာ တော်တော်လေးကောင်းတာပဲ"
ဤအချိန်အခိုက်အတန့်တွင် ဝမ်ကျန်းသည် ထိုခံစားချက်ကို သဘောကျနှစ်ခြိုက်သွားပုံရသည်။သူ၏ပုံရိပ် ဖျတ်ခနဲလှုပ်ရှားသွားကာ မိသားစုခေါင်းဆောင်လေးယောက်၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။
"ဘယ်လိုလဲ...မင်းတို့ ဒါကို ထပ်ပြီးခံစားချင်သေးလား"
ဝမ်ကျန်းသည် ထိုလူလေးယောက်ကို စူးစိုက်၍ကြည့်ကာ နေလအင်မော်တယ်နယ်ပယ်အရှိန်အဝါကို တိုက်ရိုက်ထုတ်ဖော်လိုက်ပြီး သူတို့အား ဖိနှိပ်လိုက်သည်။
"မင်း...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..ခုမနက်ကတင် မင်းက ကြယ်အင်မော်တယ်နယ်ပယ်မှာ ရှိနေတာလေ...ဘယ်လိုလုပ်ပြီးတော့ အခု နေလအင်မော်တယ်နယ်ပယ်ကို ရောက်နေတာလဲ"
"ဒါက မဖြစ်နိုင်ဘူး"
"ဖြစ်နိုင်တာတော့ မင်းရဲ့ဒုတိယသားက ငါတို့ကို လှည့်စားခဲ့တာလား"
"ဒီလိုပဲ ဖြစ်နိုင်မယ်....ကောင်းလိုက်တဲ့ ဝမ်မိသားစု...မင်းတို့က တကယ့်ကိုပဲ ကောက်ကျစ်ယုတ်မာပြီးတော့ အကွက်ချကြံစည်တတ်တယ်"
မိသားစုခေါင်းဆောင်လေးယောက်သည် ထိတ်လန့်တုန်လှုပ်သွားကာ ဆဲရေးတိုင်းထွာလိုက်ကြ၏။သူတို့သည် ယခုကဲ့သို့ ဝင်ရောက်တိုက်ခိုက်ဝံ့သော အကြောင်းအရင်းမှာ မနက်ခင်းအချိန်တွင် ဝမ်မိသားစု၏ဒုတိယသားဖြစ်သူမှ ဝမ်ကျန်းသည် နေလအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းပေးပို့ခဲ့သောကြောင့်ပင်။
"ငါ့ရဲ့ ဒုတိယသားလား"
ဝမ်ကျန်း၏မျက်ခုံး တွန့်ကွေးသွားကာ သူ၏နတ်ဘုရားစိတ်အာရုံ လှုပ်ရှားသွားသည်။ ထို့နောက် သူသည် အိမ်တော်ထိန်းဝမ်ကို ချည်နှောင်ထားသောကြိုးအား ချက်ချင်းပြတ်တောက်သွားစေသည်။
"မင်း ဒုတိယသခင်လေးကို သွားခေါ်ခဲ့စမ်း"
"မင်းတို့ကောင်တွေကတော့...."
ဝမ်ကျန်းသည် အဓိကမိသားစုကြီးလေးစု၏မိသားစုခေါင်းဆောင်များကို စူးစိုက်ကြည့်ကာ သူတို့အား ချက်ချင်းသတ်ဖြတ်လိုခဲ့သည်။
သို့ရာတွင် သူ ထွက်ခွာမသွားမီအချိန်၌ ချီယီထုံမှ သူ့အားမှာကြားခဲ့သောစကားကို သူ ပြန်အမှတ်ရသွားသည်။
ဝမ်ကျန်းသည် အလေးအနက်စဉ်းစားတွေးတောပြီးနောက် သူ၏ခေါင်းကိုမော့ကာ ပြောဆိုလိုက်၏။
"ငါက နောင်အနာဂတ်မှာ ဖြစ်လာမယ့်ပြဿနာတွေကို ရှောင်ကြဉ်နိုင်အောင် မင်းတို့ကို တစ်ခါတည်းသတ်ပစ်သင့်တယ်...ဒါပေမဲ့ ငါ မင်းတို့ကို သတ်လို့မရဘူး"
"တကယ်လို့ မင်းတို့မသေချင်ဘူးဆိုရင် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုစီ ပြင်ဆင်ထားကြစမ်း....ငါက မင်းတို့ကို နေ့လည်စာစားဖို့ ခေါ်သွားမယ်"
Chapter 665
"နေ့လည်စာ စားဖို့လား"
ယဲ့ ရှောင် လင်း ချူ မိသားစုလေးစု၏မိသားစုခေါင်းဆောင်များသည် ဇဝေဇဝါအမူအယာများဖြင့် ဝမ်ကျန်းကို ကြည့်လိုက်ကြသည်။
ဤသို့ပြုလုပ်ရန် လိုအပ်သလော....
"ငါ့အထင်တော့ အဲ့ဒီခွေးမသားကြီးက လျော်ကြေးလိုချင်နေတာပဲ"
သူတို့အနက်မှတစ်ယောက်က ထင်ကြေးပေးသည်။
"ငါလည်း အဲ့ဒီလိုဖြစ်မှာကို စိုးရိမ်မိတယ်...ငါတို့ လျော်ကြေး ပေးသင့်လား ဒါမှမဟုတ် မပေးဘဲနေကြမလား"
တခြားတစ်ယောက်က ပြောဆိုသည်။
"ဒါက...."
သူတို့၏မျက်နှာများ သုန်မှုန်နေကာ အချိန်တိုအတွင်းတွင် ဤကိစ္စကို ဆုံးဖြတ်ချက်ချရန်အတွက် ခက်ခဲနေကြသည်။
ဝမ်ကျန်း၏ယခုလက်ရှိခွန်အားဖြင့် သူတို့သည် အတူပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် သူ့အား အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ကောင်းစွာသိရှိထားသည်။
သို့ရာတွင် ထိပ်တန်းအဆင့်အင်မော်တယ် ရတနာများသည် ဂေါ်ဖီထုပ်များမဟုတ်ချေ။ထိုအရာများသည် သူတို့၏မိသားစုအမွေအနှစ်များဖြစ်လေရာ မည်သည်ကြောင့် လွယ်လင့်တကူ ထုတ်ပေးနိုင်မည်နည်း။
အချိန်အတော်ကြာသည်အထိ ထိုလူလေးယောက်ထံမှ တုံ့ပြန်မှုမရရှိသည်ကို ကြည့်ပြီး ဝမ်ကျန်းသည် အလွန်ဒေါသထွက်သွားလေ၏။သူသည် နေလအင်မော်တယ်နယ်ပယ် အရှိန်အဝါကို ထပ်မံ၍ထုတ်ဖော်ကာ ထိုလူလေးယောက်ကို ဖိနှိပ်လိုက်သည်။
သူတို့လေးယောက်သည် လှိုင်းထန်နေသော ပင်လယ်အတွင်းမှ လှေငယ်လေးများအလားပင်။
သူတို့ တည်ငြိမ်စွာ မတ်တပ်ရပ်နေနိုင်ခြင်းမရှိတော့ချေ။
သူတို့လေးယောက်သည် ဝန်လေးစွာဖြင့် ဆုံးဖြတ်ချက်ချပြီးနောက် သူတို့၏သိုလှောင်လက်စွပ်များ အတွင်းမှနေ၍ ထိုအရာများကို ထုတ်ပေးလိုက်တော့သည်။
ထိပ်တန်းအဆင့် အင်မော်တယ်ရတနာရှစ်ခုကိုကြည့်ပြီး ဝမ်ကျန်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူလေးယောက်ကို သူ၏နောက်သို့လိုက်ရန် အချက်ပေးပြီး စီနီယာ၏စားသောက်ဆိုင်သို့သွားရန် ပြင်ဆင်လိုက်၏။
"ဘယ်ကို သွားမှာလဲ"
သူတို့လေးယောက်သား ကြက်သေသေသွားသည်။
"ငါက နေ့လည်စာ သွားစားမလို့လေ...မဟုတ်ရင် ငါက တခြားဘယ်နေရာကို သွားရမှာလဲ"
ဝမ်ကျန်းက ဒေါသတကြီး အော်ဟစ်လေသည်။ သူသည် နေ့လည်စာသွားစားမည်ဟု ပြောခဲ့ပြီးဖြစ်သည့်တိုင် ဤလူလေးယောက်သည် မည်သည်ကြောင့် သူအား ထပ်မံ၍မေးမြန်းနေသနည်း။
"တကယ်ကြီး နေ့လည်စာ သွားစားမှာလား"
ရုတ်ချည်းဆိုသလိုပင် သူတို့လေးယောက်သား အံ့အားသင့်တုန်လှုပ်သွားသည်။
ဝမ်ကျန်းသည် လျော်ကြေးတောင်းဆိုရန်အတွက် အသံကောင်းဟစ်ကာ ဆင်ခြေတစ်ခုကို ရှာဖွေခဲ့သည်ဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။
မမျှော်လင့်လင့်ဘဲ သူသည် အမှန်တကယ်ကို နေ့လည်စာသွားစားရန် ပြင်ဆင်နေပေ၏။
ဝန်ကျန်း၏နောက်သို့လိုက်သွားပြီးနောက် မကြာမီမှာပင် သူတို့ငါးယောက်သည် စည်ပိုင်းကြီးစားသောက်ဆိုင်နှင့် မနီးမဝေးအကွာသို့ ရောက်ရှိလာခဲ့သည်။
"ဒါက ငါတို့ နေ့လည်စာစားရမယ့်နေရာပဲ"
"ဒါပေမဲ့ မင်းတို့မှတ်ထားရမှာက ဆိုင်ထဲကိုဝင်သွားပြီးရင် ဆိုင်ရှင်ကို ရိုရိုသေသေဆက်ဆံရမယ်"
"ဘာကိစ္စပဲဖြစ်လာလာ အော်ကြီးဟစ်ကျယ်မလုပ်ရဘူး...မဟုတ်ရင် အဲ့ဒီစီနီယာ ဒေါသထွက်သွားတာနဲ့ ငါတို့အားလုံး သေရလိမ့်မယ်"
ဝန်ကျန်းက ဂရုတစိုက် သတိပေးလိုက်သည်။လောကကြီးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသော ဤလူလေးယောက်သည် ဆိုင်အတွင်းသို့ဝင်သွားပြီး အော်ဟစ်ပြောဆိုပါက စီနီယာဒေါသထွက်သွားမည်ကို သူ စိုးရိမ်နေမိသည်။
"ဒါက...."
"စီနီယာလား...."
မိသားစုခေါင်းဆောင်လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေသည်။နေလအင်မော်တယ်တစ်ယောက်ဖြစ်သော ဝမ်ကျန်းသည် တခြားလူတစ်ယောက်ကို စီနီယာဟု အမှန်တကယ်ခေါ်ဆိုနေသလော။
ဤဆိုင်ငယ်လေးအတွင်း၌ရှိနေသော တစ်စုံတစ်ယောက်သည် နေလအင်မော်ဒယ်ထက်ပင် ပို၍အစွမ်းထက်နေသလော။
ဤသည်မှာ မဖြစ်နိုင်ချေ။
ဝမ်ကျန်း၏ဦးဆောင်မှုအောက်တွင် သူတို့လေးယောက်သည် စားသောက်ဆိုင်အတွင်းသို့ ဝင်ခဲ့ကြလေ၏။
"ဒီဆိုင်းဘုတ်...."
"ဒါ...ဒါ...ဒါက...."
စားသောက်ဆိုင်၏အရှေ့သို့ ရောက်ရှိသွားသည်နှင့် သူတို့လေးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤဆိုင်းဘုတ်သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုဖြစ်သည်မှာ သိသာထင်ရှားလှ၏။
တစ်စုံတစ်ယောက်သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတစ်ခုကို ဆိုင်းဘုတ်တစ်ခုအဖြစ် အမှန်တကယ်အသုံးပြုခဲ့သလော။
ဤသည်မှာ မည်ကဲ့သို့ ပုံကြီးချဲ့ခြင်းမျိုး ဖြစ်သနည်း။
ဝမ်ကျန်းသည် ထိုလူလေးယောက်ကိုကြည့်ကာ အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်လိုက်၏။ဤကောင်လေးကောင်သည် လောကကြီးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးပုံမရချေ။
"အထဲကို ဝင်ကြစို့"
ဝမ်ကျန်းက ပေါ့ပေါ့ပါးပါးပြောဆိုကာ သူနောက်မှလူလေးယောက်နှင့်အတူ စားသောက်ဆိုင်အတွင်းသို့ ဝင်ခဲ့တော့သည်။
သူတို့၏အမြင်အာရုံကို ဖမ်းစားသွားနိုင်သောအရာမှာ ချီယီထုံသည် လှုပ်ကုလားထိုင်ပေါ်၌လဲလျောင်းပြီး စိတ်အေးလက်အေးခြေချိတ်ထိုင်နေခြင်းပင်။
ဝမ်ကျန်း၏သားဖြစ်သူ ဝမ်ကျင်းထန်သည် ယခုလက်ရှိချိန်တွင် ညစ်ပတ်ပေရေကာ အနက်ရောင်သို့ ပြောင်းလဲနေပြီဖြစ်သော အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။သူသည် ဒူးထောက်ပြီး ကြမ်းတိုက်နေကာ သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသောအပြုံးတစ်ခု ထင်ဟပ်နေသည်။
"ဘာတွေဖြစ်နေတာလဲ"
သူတို့လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် တဖန်ပြန်၍ကြည့်လိုက်ကြသည်။လူပေါ်ကျော့တစ်ယောက်ဟု လူသိများကျော်ကြားသော ဝမ်ကျန်း၏သားသည် ဤစားသောက်ဆိုင်၌ အမှန်တကယ်ကို ကြမ်းတိုက်နေသလော။
ဝမ်ကျင်းထန်သည် ဝမ်မိသားစု၏ဘိုးဘေးအုတ်ဂူများကိုပင် တစ်ကြိမ်တခါမျှ သန့်ရှင်းရေးမလုပ်ခဲ့သူ မဟုတ်လော။
"ဆိုင်ရှင်...ဒီလူတွေက ငါ့ရဲ့အိမ်ကို ရောက်လာတဲ့လူတွေပဲ...ငါက နေ့လယ်စာစားဖို့အတွက် သူတို့ကို ခေါ်လာခဲ့တယ်"
ဝမ်ကျန်းက ချီယီထုံကို ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာပြောဆိုသည်။
သူ၏အသံသည် အလွန်ရိုသေလေးစားပြီး နှိမ့်ချရို့ကျိုးနေပေ၏။
တခြားမိသားစုခေါင်းဆောင်လေးယောက်လုံး အံ့အားသင့်တုန်လှုပ်သွားသည်။နေလအင်မော်တယ်တစ်ယောက်ဖြစ်သော ဝမ်ကျန်းသည် မည်သည်ကြောင့် ဤလူကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသနည်း။
သူတို့လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
မြေကမ္ဘာအင်မော်တယ်...
ယခုကြည့်ကြည့်တော့မှ ဤစားသောက်ဆိုင်ပိုင်ရှင်သည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေသည်။
မြင့်မြတ်သော နေလအင်မော်တယ်တစ်ယောက်ဖြစ်သည့် ဝမ်ကျန်းသည် မည်သည်ကြောင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသနည်း။
သူတို့လေးယောက်သည် မျက်မှောင်ကြုတ်လိုက်ကြသော်လည်း အမှန်အားဖြင့် သူတို့သည် မြေခွေးအိုကြီးများပင်။
"ဒါက နည်းနည်းတော့စဉ်းစားစရာပဲ"
"အဲ့ဒီလူက ဘယ်လိုမှ မြေကမ္ဘာအင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး...သူ့ရဲ့လက်ထဲက သံဇွန်းကြီးကို ကြည့်လိုက်ကြအုံး...ဒါက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုပဲ"
"ပြီးတော့ လှုပ်ကုလားထိုင်ရဲ့အောက်ကို ကြည့်လိုက်အုံး...အဲ့ဒီနေရာမှာ ဝမ်ကျန်းရဲ့မိသားစုအမွေအနှစ်ဖြစ်တဲ့အပြင် ဝမ်မိသားစုရဲ့တစ်ခုတည်းသော ထိပ်တန်းအဆင့် အင်မော်တယ်ရတနာရှိနေတယ်...အဲ့ဒီပစ္စည်းကို လှုပ်ကုလားထိုင်ရဲ့အောက်မှာ ထောက်တိုင်အဖြစ်နဲ့ တကယ်ကြီးအသုံးပြုထားတာပါလား"
သူတို့လေးယောက်သား အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။သူတို့၏ရှေ့ရှိ စားသောက်ဆိုင်ပိုင်ရှင်သည် မည်ကဲ့သို့ လူစားမျိုးဖြစ်သည်ကို သူတို့အားလုံး နားလည်သဘောပေါက်ခြင်းမရှိချေ။သို့ရာတွင် သူ့အား မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဟု သူတို့ မြင်နေရသည့်တိုင် ဖုံးကွယ်ထားသော ဆရာကြီးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ထိုသို့မဟုတ်ပါက ဝမ်ကျန်းသည် မည်သည်ကြောင့် ဤမျှထိ အလွန်ရိုသေလေးစားနေမည်နည်း။
အနည်းဆုံးအနေဖြင့် စားသောက်ဆိုင်ပိုင်ရှင်သည် နေလအင်မော်တယ်နယ်ပယ် တည်ရှိမှုကြီးတစ်ယောက် ဖြစ်နေနိုင်သည်။
ထိုအကြောင်းကိုတွေးတောရင်း သူတို့လေးယောက်သည် မဆင်မခြင်ပြုမူဝံ့ခြင်း မရှိတော့ချေ။
ထို့ကြောင့် သူတို့သည် နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်၍ နေလိုက်ကြ၏။
"နေ့လယ်စာ စားမှာလား"
သူ၏စီးပွားရေးအကြောင်းကြားချိန်တွင် ချီယီထုံသည် လှုပ်ကုလားထိုင်ပေါ်မှ မတ်တတ်ထရပ်ကာ ယဲ့ ရှောင် လင်း ချူ မိသားစုခေါင်းဆောင်လေးယောက်ကို စောင်းငဲ့၍ကြည့်လိုက်သည်။
"သူတို့တွေက စျေးနှုန်းတွေကို သိပြီးကြပြီလား"
ချီယီထုံက ဝမ်ကျန်းကိုကြည့်ကာ မေးမြန်းသည်။
"ငါ ပြောထားပြီးပါပြီ...ဆိုင်ရှင် ဒါက လူတစ်ယောက်စီအတွက် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုစီပါ...သူတို့က ကြက်ဥထမင်းကြော်တစ်ပွဲစီ စားချင်နေကြတယ်"
ဝမ်ကျန်းသည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာရှစ်ခုကို ချီယီထုံးထံသို့ အလျှင်အမြန်လက်ကမ်းပေးကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"ကောင်းပြီလေ...ခဏထိုင်စောင့်ကြအုံး"
ချီယီထုံသည် ဝမ်ကျန်းကိုကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ဤဝမ်ကျန်းသည် ဥာဏ်ကောင်းသူတစ်ယောက်ပင်။ထို့ကြောင့် ဝမ်ကျန်း၏ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို သူ ဖြေရှင်းပေးခဲ့ရသည်မှာ အလဟဿမဟုတ်တော့ချေ။
"ဟုတ်ကဲ့"
ဝမ်ကျန်းက ရိုသေလေးစားစွာ ခေါင်းညိတ်ပြလေသည်။တစ်ချိန်တည်းမှာပင် သူသည် မိသားစုခေါင်းဆောင်လေးယောက်ကို မျက်စပစ်ကာ ထိုင်ရန်အတွက်အချက်ပေးလိုက်သည်။
သူတို့လေးယောက်သည် ခေါင်းညိတ်ပြကာထိုင်ခုံများ၌ ဝင်ထိုင်လိုက်၏။
သူတို့ ထိုင်လိုက်သောအချိန်အခိုက်အတန့်၌ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
"ဒီစားပွဲတွေ ကုလားထိုင်တွေနဲ့ ခုံတန်းရှည်တွေက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတွေပါလား"
ရုတ်ချည်းဆိုသလိုပင် သူတို့လေးယောက်သည် စားသောက်ဆိုင်ကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် စားပွဲခုံများ ထိုင်ခုံများနှင့် ခုံတန်းရှည်များ ဆယ်စုံကျော်သည် အလယ်အလတ်ဆင့် အင်မော်တယ်ရတနာများ ဖြစ်နေကြောင်း တွေ့မြင်မိသည်။
သူတို့၏မျက်လုံးအကြည့်များသည် အမှုမဲ့အမှတ်မဲ့ဖြင့် မီးဖိုချောင်တွင် ချက်ပြုတ်နေ ချီယီထုံထံသို့ ကျရောက်သွားသည်။
"အဲ့ဒီသံဒယ်အိုးက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာပဲ"
"သူ့လက်ထဲက သံဇွန်းကြီးကလည်း ထိပ်တန်းအဆင့် အင်မော်တယ်ရတနာပဲ"
"ထင်းတွေက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတွေ ဖြစ်နေတယ်"
"ပြီးတော့ ကြက်သွန်မိတ်ကိုလှီးနေတဲ့ဓား...အဲ့ဒီရတနာရဲ့အဆင့်ကို ငါ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး"
"အိုး ဘုရားရေ"
မိသားစုခေါင်းဆောင်လေးယောက်သည် သူတို့ရှေးရှိ အရာရာတိုင်းကိုကြည့်ကာ သူတို့သည် အိပ်မက်မက်နေသည့်အလား ခံစားနေရသည်။
သူတို့ကိုကြည့်ရသည်မှာ ယခုမှ လောကကြီးကိုမြင်တွေ့ရသော တောသားလူနုံများအလားပင်။
ဤနေရာရှိပစ္စည်းများအနက်မှ မည်သည့်တစ်ခုမဆို လူအများတိုက်ခိုက်လုယက်နေရသော အရာပင်။
သို့ရာတွင် ဤစားသောက်ဆိုင်ပိုင်ရှင်သည် ထိုအရာများကို ထင်းများ စားပွဲခုံများအဖြစ် အသုံးပြုနေသလော။
"ဒါနဲ့ ဝမ်ကျင်းထန်.....မင်း ကြက်တွေကို အစာကျွေးလိုက်အုံး....ငါ ဒီနေ့ ကြက်တွေကို အစာမကျွေးရသေးဘူး"
"ငါ မနေ့ညကစားလို့ ကျန်နေတဲ့ထမင်းကျန်တွေကြက်တွေကို ကျွေးလိုက်တော့"
ချီယီထုံသည် ထမင်းကြော်နေစဥ်၌ ကြက်ဥကိုမြင်တွေ့ချိန်တွင် ယနေ့အတွက် ကြက်များကို သူ အစာမကျွေးရသေးကြောင်း အမှတ်ရသွားသည်။ဤကြက်များ ဗိုက်ပြည့်နေမှသာ သူ့အတွက် ဥများဥပေးနိုင်ပေမည်။
"ဟုတ်ကဲ့ပါ ဆိုင်ရှင်"
ဝမ်ကျင်းထန်သည် ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်၏။ထို့နောက် သူသည် သိုးနေပုံရသော ကြက်ဥထမင်းကြော်ပန်းကန်ကိုကောက်ယူကာ ကြက်ခြံထံတို့သွားပြီး ကြက်များကို ကျဲပက်၍ကျွေးလိုက်သည်။
ကွတ်...ကွတ်
ကြက်ခြံအတွင်းမှကြက်များသည် တစ်ကောင်နှင့်တစ်ကောင်တွန်းထိုး၍ ထမင်းစေ့များကို စတင်၍စားကြတော့သည်။
ထိုကြက်များ၏အရှိန်အဝါ ထပ်မံ၍မြင့်တက်လာလေပြီ။
ပြန်လည်ဝင်စားခြင်းအင်မော်တယ် တတိယအဆင့်....
ပြန်လည်ဝင်စားခြင်းအင်မော်တယ် စတုတ္ထအဆင့်....
....
အစစ်အမှန်အနှစ်သာရအင်မော်တယ် ပထမအဆင့်
ထိုကြက်များ၏အရှိန်အဝါသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ် ဒုတိယအဆင့်မှနေ၍ အစစ်အမှန်အနှစ်သာရအင်မော်တယ် ပထမအဆင့်သို့ တိုက်ရိုက်မြင့်တက်သွားခဲ့သည်။
သူတို့၏အရှိန်အဝါများသည် အလွန်ပြင်းထန်စွာထွက်ပေါ်လာလေ၏။
"ဒါက...."
"ဘာဖြစ်သွားတာလဲ"
"ဒီကြက်တွေက တကယ်ကြီး ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်သွားနိုင်တာလား"
"ဒါက သိုးနေတဲ့ ထမင်းကျန်တစ်ပန်းကန်ကြောင့်လား"
မိသားစုခေါင်းဆောင်လေးယောက်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပေ၏။သူတို့သည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ်မှ အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် နှစ်ရာနှင့်ချီ၍ ကြာမြင့်ခဲ့သည်ကို ပြန်လည်၍တွေးတောမိသည်။
သို့ရာတွင် ဤကြက်များသည် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိုကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သလော.....
ဤသည်မှာ ဤကြက်များသည် သူတို့ထက် ပို၍သာလွန်သည်ဟု ဆိုလိုသည်မဟုတ်လော....