← Chapters

အခန်း (၆၆၆-၆၇၀)

Vol. 45 Ch. 666-670

အခန်း (၆၆၆-၆၇၀)

Vol. 45 Ch. 666-670

Chapter 666

"အင်း...အစ်ကိုကြီးဝမ်....မင်းရဲ့သားဆီကနေ ငါ့အတွက် ထမင်းသိုးလေးနည်းနည်းလောက် တောင်းပေးနိုင်မလား...ငါက အဲ့ဒါတွေကို မိသားစုထဲက လူငယ်မျိုးဆက်သစ်တွေအတွက် ယူသွားပေးချင်တယ်"

ရှောင်ရန်ယောင်က မျှော်လင့်တောင့်တမှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ဝမ်ကျန်းကို ကြည့်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ယခင်က ရန်သူများဖြစ်ခဲ့သည့် အရိပ်အယောင်များ အနည်းငယ်မျှ မကျန်ရှိတော့ချေ။

ထမင်းစေ့တစ်စေ့ဖြင့် ထိုကြက်များသည် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ထိုထမင်းကြော်တစ်ပန်းကန်တွင် အနည်းဆုံး ထမင်းစေ့ပေါင်းတစ်ထောင်ကျော်ခန့် ပါဝင်နေပေ၏။

ထမင်းစေ့ဆယ်စေ့ကျော်ကို သူ ရရှိနိုင်ပါက သူ၏မိသားစုမှလူငယ်များသည် နှစ်ပေါင်းရာနှင့်ချီစော၍ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားနိုင်ပေမည်။

ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခုပင်။

"စီနီယာကိုယ်တိုင် မင်းတို့အတွက်ကြော်နေတဲ့ ထမင်းကြော်က မကြာခင်မှာ အဆင်သင့်ဖြစ်တော့မယ်...မင်းတို့က ထမင်းသိုးတွေကို စားချင်နေတုန်းပဲလား"

ဝမ်ကျန်းသည် မအော်ဘဲမနေနိုင်တော့ချေ။

ထိုစကားကို ကြားချိန်တွင်....

သူတို့လေးယောက်သား အသိပြန်ဝင်လာကြသည်။

စီနီယာသည် သူတို့အတွက် ကြက်ဥထမင်းကြော် ကြော်ပေးနေသည်မဟုတ်လော။

အမှုမဲ့အမှတ်မဲ့ဖြင့် သူတို့သည် ကြက်စာဖြစ်သော ထမင်းသိုးများကို လိုချင်တပ်မက်ခဲ့ကြသည်။သူတို့အတွက် ကြက်ဥထမင်းကြော်များသည် မကြာမီမှာပင် ရရှိလာတော့မည်မဟုတ်လော။

ယခုချိန်၌ ဝမ်ကျန်းကိုကြည့်သော သူတို့၏မျက်လုံးများအတွင်းတွင် ရှက်ရွံမှုများ နောင်တရမှုများဖြင့် ပြည့်နှက်နေသည်။

ဝမ်ကျန်းသည် ရန်ငြိုးရန်စများကိုကောင်းမွန်သောအမူအကျင့်နှင့် တုံ့ပြန်ခဲ့လေ၏။

သူတို့လေးယောက်သည် အတူပူးပေါင်း၍ ဝမ်မိသားစုကို တိုက်ခိုက်ခဲ့သည်။သို့ရာတွင် ဝမ်ကျန်းသည် သူတို့ကို မသတ်ခဲ့ရုံသာမက ဤနေရာသို့ သူတို့အား ခေါ်ဆောင်လာခဲ့သည်။

သူ့ကြောင့် ဤအခွင့်အရေးရရှိခဲ့ခြင်းဖြစ်သောကြောင့် သူတို့လေးယောက်လုံး စိတ်လှုပ်ရှားသွားသည်။

"အစ်ကိုဝမ်...မင်းရဲ့အပြုအမူကြောင့် ငါတို့ တကယ်ပဲ ကြည်ညိုလေးစားမိတယ်...ငါတို့လုပ်ခဲ့မိတဲ့ လုပ်ရပ်အတွက် ငါတို့တွေ အရှက်ရမိပါတယ်"

"အခုချိန်ကနေစပြီးတော့ မင်းက ငါတို့ရဲ့အစ်ကိုကြီးဖြစ်သွားပြီ"

သူတို့လေးယောက်သည် မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ဝမ်ကျန်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"ကြက်ဥထမင်းကြော်ရပြီ....စားပွဲမှာ သွားချပေးလိုက်တော့"

ထိုအချိန်မှာပင် ချီယီထုံက အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဆိုင်ရှင်"

ဝမ်ကျင်းထန်သည် ကြက်များကို အစာကျွေးပြီးနောက် ကြက်ဥထမင်းကြော်ပန်းကန်များကို စားပွဲပေါ်သို့ချပေးလေ၏။ထိုကြက်ဥထမင်းကြော်၏ သင်းပျံ့သောရနံ့က သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။

စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော မိသားစုခေါင်းဆောင်လေးယောက်သည် သူတို့၏အတွေးများ ပို၍ကြည်လင်ပြတ်သားစပြုလာသည်ကို ခံစားမိသည်။

ယခင်က သူတို့ထံတွင် ကျင့်ကြံခြင်းနှင့်ပတ်သတ်ပြီး နားလည်ရန်ခက်ခဲသည့် ရှုပ်ထွေးမှုများရှိနေသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူတို့၏စိတ်အတွင်း၌ တိမ်မည်းများရှင်းလင်းသွားသည့် ကြည်လင်သောမိုးကောင်းကင်ကြီးအလား အရာအားလုံးကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။

သူတို့လေးယောက်သည် ရက်အနည်းကြာ မစားမသောက်ရသော သူတောင်းစားများအလား ကြက်ဥထမင်းကြော်ကို စားလိုက်ကြ၏။

ဘုန်း...

သူတို့လေးယောက်၏ခန္ဓာကိုယ်များမှနေ၍ စွမ်းအားလှုပ်ခတ်မှုများ ပွင့်အံ့ထွက်လာကာ သူတို့သည် ကျင့်ကြံဆင့်ချိုးဖျက်ရတော့ပေမည်။

ဤလူလေးယောက်သည် ယခင်က ဝမ်ကျန်း၏ကျင့်ကြံဆင့်နယ်ပယ်နှင့် တူညီသော ကြယ်အင်မော်တယ်များပင်။ကြက်ဥထမင်းကြော်ကိုစားပြီးနောက် သူတို့၏ဒန်တျန်အတွင်း၌ စွမ်းအားများစုဝေးလာကာ နေလအင်မော်တယ်နယ်ပယ် အတားအဆီးကို ချိုးဖျက်သွားခဲ့သည်။

ဝုန်း...ဝုန်း...ဝုန်း....

အထက်မိုးကောင်းကင်ယံအတွင်း၌ ကောင်းကင်ဘုံမိုးကြိုးကပ်ဘေး တဖန်ပြန်၍ ထွက်ပေါ်လာသည်။

ထို့ပြင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးလေးခု တပြိုင်နက်တည်း ရောက်ရှိလာခြင်းပင်။

"ဘာ...ဒါက ငါတို့ ကျင့်ကြံဆင့် ချိုးဖျက်ရတော့မှာလား"

"ဒါပေမယ့် ငါတို့ ဘာမှမပြင်ဆင်ရသေးဘူးလေ"

သူတို့လေးယောက်သား ထိတ်လန့်တုန်လှုပ်သွားသည်။ကြက်ဥထမင်းကြော်တစ်ပန်းကန်ဖြင့် သူတို့အား နေလအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်စေခဲ့သည်။ဤသည်မှာ ယခင်က သူတို့ တကြိမ်တစ်ခါ​မျှ စဉ်းစားတွေးတောဖူးခြင်းမရှိသော တစ်စုံတစ်ခုပင်။

"အစ်ကိုဝမ်...ငါတို့ ဘာလုပ်ရမလဲ"

သူတို့လေးယောက်သည် ထိတ်လန့်တကြားဖြင့် ဝမ်ကျန်းကိုကြည့်လိုက်ကြ၏။နေလအင်မော်တယ်နယ်ပယ် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် သာမန်မဟုတ်လေရာ သူတို့သည် အကူအညီရရန်အတွက် ဝမ်ကျန်းကို လှည့်ကြည့်လိုက်ကြသည်။

"ထပ်လာပြန်ပြီလား"

"အရမ်းစိတ်ပျက်ဖို့ ကောင်းတာပဲ"

လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော ချီယီထုံက မျက်မှောင်ကြုတ်လိုက်သည်။ဝမ်ကျင်းထန်အပါအဝင် ဤနေရာသို့ စုစုပေါင်း ဧည့်သည်ခြောက်ယောက် ရောက်ရှိလာခဲ့သည်။ထိုလူများအနက်မှငါးယောက်သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်လိုပေ၏။

ဤသို့ဖြစ်နေပါက သူသည် စားသောက်ဆိုင်ကို ကောင်းမွန်စွာဖွင့်နိုင်အုံးမည်လော...

သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်ဒေါသထွက်နေသဖြင့် မိုးကောင်းကင်ယံကိုဦးတည်ကာ သူ၏လက်အတွင်းရှိ သံဇွန်းကြီးနှင့် ရိုက်နှက်လိုက်သည်။ကြီးမားသောစွမ်းအားအနှစ်သာရ အလင်းတန်းတစ်တန်း ပျံ့လွင့်သွားပြီးနောက် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ချက်ချင်းနောက်သို့ပြန်ဆုတ်သွားသည်။

တိမ်မည်းများ ပျက်ပြယ်သွားလေပြီ။

မိသားစုခေါင်းဆောင်လေးယောက်သည်လည်း နေလအင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိသွားလေ၏။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူတို့လေးယောက်၏မျက်နှာများပေါ်တွင် မည်သည့်ပျော်ရွှင်မှုမျှ ရှိမနေချေ။သူတို့သည် မျက်တောင်မခက်ဘဲ ချီယီထုံကိုကြည့်နေကြကာ သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်နေသောအရိပ်အယောင်များရှိနေသည်။

ဤသည်မှာ မည်သို့ ဖြစ်ပျက်သွားခဲ့သနည်း....

စီနီယာသည် မည်ကဲ့သို့ လူစားမျိုး ဖြစ်သနည်း...

နေလအင်မော်တယ်နယ်ပယ် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဇွန်းတစ်ချောင်းဖြင့် နောက်သို့ပြန်ဆုတ်သွားစေသဖြင့် ဤစားသောက်ဆိုင်ပိုင်ရှင်သည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ဖြစ်ပေမည်။

ဝမ်ကျန်းသည် ယနေ့မနက်တွင် ကြယ်အင်မော်တယ်နယ်ပယ်၌ ရှိနေသော်လည်း နာရီအနည်းငယ်ခန့် ကြာမြင့်ပြီးနောက် နေလအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ရုတ်ချည်းဆိုသလိုပင် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာ နှစ်ခုစီပေးလိုက်ရသည်မှာ ဆုံးရှုံးမှုတစ်ခုမဟုတ်​ဟု သူတို့ ခံစားမိသည်။

ထို့ပြင် သူတို့သည် အကျိုးအမြတ် ရရှိသွားပုံပင်။

"မင်းတို့စားပြီးရင် ပြန်လို့ရပြီ"

"ဒါပေမဲ့ မင်းတို့က ဝမ်မိသားစုကို ပြဿနာရှာဖို့ ရောက်လာခဲ့တယ်လို့ ငါ အရင်က ဝမ်းကျင်းထန်ဆီကနေ ကြားထားခဲ့တယ်"

"အခုချိန်မှာ ဝမ်မိသားစုခေါင်းဆောင်က မင်းတို့ကို နေ့လည်စာစားဖို့ ဖိတ်ခေါ်ခဲ့တယ်....တကယ်လို့ မင်းတို့ကြားမှာ ပဋိပက္ခတွေရှိနေရင်တောင် ဒီနေ့ မင်းတို့တွေ ပြေလည်အောင် ဖြေရှင်းလိုက်ကြတော့....ဝမ်မိသားစုကို ထပ်ပြီးပြဿနာမရှာကြနဲ့"

"အရင်တုန်းက ငါ့ရဲ့ဆရာကြီး စကားတစ်ခွန်း ပြောခဲ့တာကို ငါ ကြားဖူးတယ်...လက်နက်တွေကို ကျောက်စိမ်းနဲ့ပိုးထည်တွေအဖြစ် ပြောင်းလဲရမယ်...မင်းတို့ နားလည်ကြလား"

ချီယီထုံက သူတို့လေးယောက်ကိုကြည့်ကာ ပြောဆိုသည်။မည်သို့ပင်ဆိုစေကာမူ ဝမ်ကျင်းထန်သည် သူ့အတွက် အလုပ်လုပ်ပေးနေခြင်းပင်။ဝမ်ကျင်းထန်သည် မည်သည့်လုပ်အားခမျှမယူဘဲ သူ့အတွက် ကြိုးကြိုးစားစားအလုပ်လုပ်ပေးနေသဖြင့် သူသည်လည်း ဝမ်မိသားစုအတွက် စကားတစ်ခွန်းပြောဆိုပေးရပေမည်။

"ဟုတ်ကဲ့....ဆိုင်ရှင်ရဲ့စကားကို နာခံပါ့မယ်"

မိသားစုခေါင်းဆောင်လေးယောက်သည် ခေါင်းညိတ်ပြကာ သဘောတူညီလိုက်ကြသည်။ဝမ်မိသားစုကို စီနီယာကဲ့သို့ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်မှ ထောက်ပံ့ပေးနေလေရာ မည်သည်ကြောင့် သူတို့သည် ဝမ်မိသားစုအား ရန်စဝံ့မည်နည်း။

ဤသည်မှာ သေလမ်းရှာခြင်း မဟုတ်လော...

ထို့ပြင် စီနီယာပြောဆိုသည့်အတိုင်း သူတို့သည် လက်နက်များကို ကျောက်စိမ်းများပိုးထည်များအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

သူတို့အားလုံးသည် ရယ်မောရင်း စကားပြောဆိုလိုက်ကြ၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ စီနီယာ၏စကားများကို တွေးတောမိချိန်တွင် သူတို့သည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ သူတို့၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။

ဆရာကြီး....

ဤဆိုင်ရှင်ထံတွင် ဆရာတစ်ယောက်ရှိနေသလော....

သူတို့အားလုံး၏မျက်လုံးများ ပြူးကျယ်နေကာ အလွန်ထိတ်လန့်တုန်လှုပ်နေပြီး အသက်ပင်မရှုနိုင်ကြတော့ချေ။

သူတို့ရှေ့ရှိ စီနီယာ၏ကျင့်ကြံဆင့်နယ်ပယ်သည် မိုးထိမြင့်မားသောအဆင့်သို့ ရောက်ရှိနေလေပြီ။ထို့ကြောင့် စီနီယာ၏ဆရာသခင်ဆိုလျှင် မည်သို့ဖြစ်နေမည်နည်း။

ဤသည်မှာ မည်ကဲ့သို့ သဘာဝလွန်တည်ရှိမှုကြီးတစ်ယောက် ဖြစ်နေနိုင်သနည်း....

တချိန်တည်းမှာပင်...

အရိပ်ကျွန်း၌....

ရီဖုန်းသည် လက်တစ်ဖက်၌ လက်ဖက်ရည်အိုးကိုကိုင်ကာ လမ်းလျှောက်နေသည်။သူ၏နံဘေးတွင် လူအိုကြီးတစ်စု အတင်းအဖျင်းများ ပြောဆိုနေကြသည်။ထို့နောက် သူသည် မလှမ်းမကမ်းအကွာတွင် အုတ်များစီနေသော ယဲ့ပေတို့လူစုကို တစ်ချက်ကြည့်လိုက်၏။

ဟူး...

ပျင်းဖို့ကောင်းလိုက်တာ....

ရီဖုန်းသည် တချိန်က သူ၏အတိတ်ဘဝတွင် ကျေးလက်ဒေသအတွင်း၌ အလုပ်လုပ်ကိုင်ရန်အတွက် ကုမ္ပဏီတစ်ခုမှနေ၍ မြေတူးသမားတစ်ယောက်ကို ဖိတ်ခေါ်ခဲ့စဉ် လူအမြောက်အများစုဝေး၍ လာရောက်ကြည့်ရှုသည်ကို အမှတ်ရမိသည်။

"ဒင် မင်းရဲ့ပဉ္စမတပည့်ဆီကနေ မင်းက ကံကြမ္မာရမှတ်တစ်ထောင် လက်ခံရရှိပါတယ်"

ထိုအချိန်မှာပင် စနစ်၏အသံက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

ရီဖုန်း၏မျက်လုံးများ အနည်းငယ်တောက်ပသွားပေ၏။

"ပဉ္စမတပည့်...."

"အဲ့ဒါက ဘယ်သူလဲ"

"ချီယီထုံလား ဒါမှမဟုတ် စုယွင်ယွင်လား"

"ဒါက အရေးမကြီးဘူး...အရေးအကြီးဆုံးကိစ္စက ငါ့ရဲ့တပည့်တွေအားလုံး အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြဖို့ပဲ"

Chapter 667

ဤအချိန်မှာပင်....

တာယန်မြို့အတွင်းရှိ တခြားလမ်းတစ်လမ်း၌....

အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်။

သူမထံတွင် နူးညံသောအသားအရေနှင့် သေးသွယ်သောကိုယ်လုံးကိုယ်ပေါက်ရှိကာ ခန္ဓာကိုယ်အချိုးအစားလှပသည်။

သူမသည် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်း၏ သူတော်စင်မိန်းမပျို ဝမ်လော့လီပင်။

ဂိုဏ်းချုပ် ဟေးပါ့ထျန်းသည် သူမအား လူသားမီးပြင်းဖိုအဖြစ် အသုံးပြုလိုသည်ကို သူမ သိရှိခဲ့ရသဖြင့် အသည်းအသန် ထွက်ပြေးခဲ့ခြင်းဖြစ်ပေ၏။

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းသည် တာယန်မြို့နှင့် မိုင်ပေါင်းတစ်သိန်းရှစ်ထောင်အကွာတွင်ရှိနေသည်။

ဝမ်လော့လီသည် အလွန်မောပန်းနေကာ ယခုချိန်၌ သူမ၏မျက်နှာ ဖြူရော်နေပြီး သူမ၏ခြေထောက်များ တုန်ရီနေသည်။

ကြည့်ရသည်မှာ အကယ်၍ လေပြင်းတစ်ချက် တိုက်ခတ်လာပါက သူမ လဲကျသွားတော့မည့်ပုံပင်။

"သူတို့တွေ နီးလာကြပြီ"

သူမနောက် မလှမ်းမကမ်းအကွာမှ လိုက်လံဖမ်းဆီးနေသော အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲကို တွေးတောမိချိန်တွင် ဝမ်လော့လီက သူမ၏ရင်ဘတ်ကို ဆုပ်ကိုင်လိုက်၏။ထို့နောက် သူမသည် အံ့တင်းတင်းကြိတ်ကာ သူမ၏နံဘေးရှိနံရံကို သူမ၏လက်ဖြင့် ရိုက်ချလိုက်သည်။

အကြောင်းအရင်းမှာ နံရံ၏အခြားတစ်ဖက်တွင် အစောပိုင်းက ပြင်းထန်သောစွမ်းအားလှိုင်းများထွက်ပေါ်လာသည်ကို သူမ အာရုံခံမိသောကြောင့်ပင်။

ဤသည်မှာ သူမကို ကယ်တင်ကောင်းကယ်တင်နိုင်ပေမည်။

ထိုနံရံ၏တခြားတစ်ဖက်မှ လူများသည် သူမ လွတ်မြောက်နိုင်ရန်အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ပင်။

ဘုန်း....

ဝမ်လော့လီသည် သူမ၏ဒန်တျန်အတွင်းရှိ နောက်ဆုံးလက်ကျန် အနှစ်သာရစွမ်းအားကို စုစည်းကာ ထိုနံရံကို အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေသည်။ထို့နောက် သူမသည် စားသောက်ဆိုင်၏ခြံဝန်းငယ်အတွင်းသို့ ထိုအပေါက်မှတဆင့် လှိမ့်ဝင်လိုက်တော့သည်။

'မြေကမ္ဘာအင်မော်တယ်တစ်ယောက်....'

'ဘာကျင့်ကြံဆင့်စွမ်းအားမှမရှိတဲ့ လူအိုကြီးတွေ အများကြီးရှိနေပါလား'

'ဒီနေရာမှာ အစစ်အမှန်အနှစ်သာရအင်မော်တယ်တစ်ယောက်ပဲ ရှိနေတယ်'

'ဒါက အဆုံးသတ်သွားပြီ...ငါ အလောင်းအစားလုပ်တာ မှားသွားခဲ့တယ်'

ဝမ်လော့လီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။အစွမ်းထက်သည်ဟု သူမ ခံစားရသည့်တစ်ဦးတည်းသောလူမှာ အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်တွင်ရှိနေသော ဝမ်ကျင်းထန်ပင်။

သို့ရာတွင်.....

သူမသည် ထိုအစစ်အနှစ်သာရ အင်မော်တယ်လူငယ်လေးနှင့် ပူးပေါင်း၍တိုက်ခိုက်လျင်ပင် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲများ၏ပြိုင်ဘက် မဖြစ်နိုင်​ချေ။

သူမအား လိုက်လံဖမ်းဆီးနေသော အကြီးအကဲများသည် ကြယ်အင်မော်တယ်များပင်။

ထို့ပြင် ယခုလက်ရှိချိန်တွင် သူမ၏ဒန်တျန်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများလည်း ကုန်ဆုံးသွားလေပြီ။

"ငါ သတ်သေရမယ်"

ဝမ်လော့လီသည် သူမ၏မျက်လုံးကို စုံမှိတ်ကာ သူမကိုယ်သူမဖောက်ခွဲရန် ဟန်ပြင်လိုက်သည်။

တခြားလူတစ်ယောက်၏ လူသားမီးပြင်းဖိုအဖြစ် အသုံးပြုခံရသည်ထက် သေဆုံးရသည်က ပို၍ကောင်းမွန်ပေမည်။

သို့ရာတွင် ထိုအချိန်မှာပင်....

သူမ၏ပခုံးကို လက်တစ်ဖက်မှလာဖိသည်အား သူမ ခံစားမိသည်။ထိုကြောင့် သူမသည် လုံးလုံးလျားလျား ရွေ့လျားနိုင်ခြင်းမရှိတော့ဘဲ သေကြောင်းကြံစည်၍လည်း မရတော့ချေ။

"မင်းက သေကြောင်းကြံချင်တာလား"

"မင်းရဲ့အလှကြောင့် ငါ့ရဲ့နံရံကို ရိုက်ချိုးပြီးတော့ အလွတ်ရုန်းချင်တာနဲ့ မင်းကိုယ်မင်း သေကြောင်းကြံစည်တယ်ကို ငါက ခွင့်ပြုမယ်လို့ မင်း ထင်နေတာလား"

"ငါ့ရဲ့နံရံကို အရင်ဆုံးပြန်ပြင်ပေးစမ်း...မင်း ပြင်ပြီးသွားတာနဲ့ တကယ်လို့ မင်း သေချင်တယ်ဆိုရင် သေလို့ရပြီ....အခုတော့ မင်း သေလို့မဖြစ်ဘူး"

ချီယီထုံက ဝမ်လော့လီကိုကြည့်ကာ ဒေါသတကြီးပြောဆိုသည်။

အကယ်၍ သူ ဤကိစ္စကိုကြိုသိခဲ့ပါက ကျွန်းပေါ်မှာနေ၍ အုတ်တချို့ယူဆောင်လာခဲ့ပေမည်။ယခုအချိန်တွင် အုတ်နံရံသည် အလွန်ကျူးပဲ့လွယ်သဖြင့် ဂေါ်ဖီထုပ်တစ်ထုပ်ဖြင့်ပေါက်လျင်ပင် အပေါက်ကြီးတစ်ခုဖြစ်သွားနိုင်သည်။ဤသည်မှာ သူ့အတွက် လုံးဝအဆင်မပြေချေ။

"နင်...."

သူမ၏ရှေ့ရှိ မြေကမ္ဘာအင်မော်တယ်ကိုကြည့်ပြီး ဝမ်လော့လီသည် ဒေါသထွက်သွားလေ၏။ မည်သည်ကြောင့် သူမကိုယ်သူမ ဖောက်ခွဲ၍မရသနည်း။

သောက်ရေးမပါလှစွာဖြင့် သူမ၏စွမ်းအားများကို အလွန့်အကျွံသုံးစွဲပြီးလေပြီ။ထို့ကြောင့် သူမ၏ခွန်အားသည် သူမကိုယ်သူမဖောက်ခွဲခြင်းအား မြေကမ္ဘာအင်မော်တယ်တစ်ယောက်မှ ဟန့်တားနိုင်သည့်အဆင့်ထိ နိမ့်ကျသွားသလော။

"သူတော်စင်မိန်းမပျိုက ဒီနေရာမှာ ရှိနေတယ်"

စားသောက်ဆိုင်၏ရှေ့၌ ဝမ်လော့လီ၏ စိတ်ဝိညာဥ်ကျောက်စိမ်းပြားကိုကိုင်ကာ အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲတစ်ယောက် ရောက်ရှိလာသည်။

ဤအချိန်အခိုက်အတန့်တွင် စိတ်ဝိညာဥ်ကျောက်စိမ်းပြားမှနေ၍ တောက်ပသောအလေးရောင်များ ဖြာထွက်နေသောကြောင့် ဝမ်လော့လီသည် ဤခြံဝန်းအတွင်း၌ရှိနေကြောင်း သက်သေပြနေပေ၏။

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ နောက်ထပ်အကြီးအကဲသည် ဂိုဏ်းသားဆယ်ယောက်ကျော်ကိုဦးဆောင်၍ ဤနေရာသို့ အလျှင်အမြန်ရောက်ရှိလာသည်။သူတို့သည် သတင်းကိုရရှိပြီးဖြစ်သဖြင့် စားသောက်ဆိုင်၏တံခါးအနီး၌ ဝိုင်းရံလိုက်ကြ၏။

သူတို့အားလုံးထံတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေသည်။

"အမ်..."

"ကြက်ကလေးငှက်ကလေးတစ်သိုက်က စီနီယာကို နှောက်ယှက်ဝံ့တာလား"

"တကယ့်ကို အဆင်အခြင်မဲ့တဲ့ကောင်တွေပဲ"

နေလအင်မော်တယ်နယ်ပယ်တွင်ရှိသော ဝမ်ကျန်းတို့လူစုသည် စားသောက်ဆိုင်တံခါး၏ပြင်ပ၌ အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှကျင့်ကြံသူများ ရောက်ရှိနေသည်ကို အာရုံခံမိသည်။

ထိုလူတစ်ယောက်ချင်းစီထံမှနေ၍ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။

"အဲ့ဒီဆိုင်ပဲ....မင်းတို့ ဝင်သွားပြီးတော့ ဝမ်လော့လီကို ဖမ်းလာခဲ့စမ်း"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲသည် ခြေတစ်လှမ်းရှေ့တိုးကာ ဂိုဏ်းသားတစ်စုနှင့်အတူ ဆိုင်အတွင်းသို့ တိုးဝင်လိုက်တော့သည်။

"သူတို့တွေ စီနီယာကို အနှောက်အယှက်ပေးမှာကို ငါတို့ ခွင့်မပြုနိုင်ဘူး"

ဝမ်ကျန်းတို့ငါးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချက်ချင်းဆိုသလိုပင် သဘောတူညီမှု ရရှိသွားခဲ့သည်။ထိုကြောင့် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲကို ချိတ်ပိတ်လိုက်တော့သည်။

နေလအင်မော်တယ်နယ်ပယ်၏ ဖိနှိပ်ချုပ်ကိုင်မှုစွမ်းအားက ချက်ချင်းဆိုသလိုပင် တလိမ့်လိမ့်ထွက်ပေါ်လာပေ၏။

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲသည် သူ့၏ခြေထောက်ကို မြေပြင်ပေါ်သို့ချတော့မည့်အချိန်၌....

နေလအင်မော်တယ်နယ်ပယ်၏ ကြီးမားသောအရှိန်အဝါများက ချက်ချင်းဆိုသလိုပင် သူ၏ခေါင်းထက်သို့ ဆင်းသက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏ခေါင်းထက်သို့ တောင်ကြီးတစ်လုံး ဖိစီးလာသည့်အလား သူ ခံစားလိုက်ရသည်။ထိုကြောင့် သူသည် အသက်ရှူနိုင်ရန် အလွန်ခက်ခဲနေကာ ရေခဲလှိုဏ်ဂူကြီးတစ်ဂူအတွင်းသို့ ကျသွားသည့်အလားပင်။

ကြည့်ရသည်မှာ အကယ်၍ သူသည် နောက်ထပ်ခြေတစ်လှမ်းချမိပါက နေရာမှာပင် သေဆုံးသွားပေမည်

"အဲ့ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ရှိနေတယ်"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲ၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူ၏နောက်ကျော ချမ်းစိမ့်သွားသည်။

သူသည် ကြယ်အင်မော်တယ်တစ်ယောက်ပင်။

နေလအင်မော်တယ် ကြီးကြပ်သူ ငါးယောက်သည် သူ့အားချိတ်ပိတ်ထားသည်ကိုသူမည်သည်ကြောင့်မသိဘဲနေပြီလေ။

ထို့ပြင် ဤသည်မှာ အရှိန်အဝါတစ်ခုတည်းမဟုတ်ဘဲ အရှိန်အဝါငါးခုမှနေ၍ သူ့အား တပြိုင်နက်တည်း ချိတ်ပိတ်ထားခြင်းပင်။

အကယ်၍ သူသည် ရှေ့သို့ နောက်ထပ်ခြေတလှမ်းတိုးဝံ့ပါက သူ၏ခန္ဓာကိုယ် သွေးမြူများအဖြစ် ပေါက်ကွဲသွားမည်ကို သူ သံသယမရှိချေ။

အလွန်ကြီးမားသော တုန်လှုပ်​ချောက်ချားမှုများက သူ့ကို လွှမ်းခြုံသွားသည်။

ထို့ကြောင့် သူ၏မြေပြင်ပေါ်သို့ ကျလုဆဲဆဲဖြစ်နေသောခြေထောက်ကို နောက်သို့ ဂရုတစိုက် ပြန်ရုတ်သိမ်းလိုက်၏။ဤသေးငယ်သောဖြစ်စဥ် ပြုလုပ်နေစဥ်အတောအတွင်းတွင် သူ၏အဝတ်အစားများ၌ ဇောချွေးများဖြင့် ရွှဲနစ်နေသည်။

သူသည် သူ့ရှေ့ရှိစားသောက်ဆိုင်ကိုကြည့်ကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤနေရာငယ်လေးတွင် နေလအင်မော်တယ်နယ်ပယ် ကျင့်ကြံသူအမြောက်အများ ရှိနေမည်ဟု မည်သူမျှ တွေးထင်ထားမိမည်မဟုတ်ချေ။

"နောက်ဆုတ်ကြမယ်"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲသည် သူ၏လက်ကို ချက်ချင်းဝှေ့ယမ်းကာ ဆုတ်ခွာရန်အတွက် အမိန့်ထုတ်ပြန်လိုက်တော့သည်။

သူသည် ဤနေရာ၌ ထပ်မံ၍မနေဝံ့တော့ချေ။

အကယ်၍ သူတို့ ဤနေရာ၌ဆက်နေပါက သူတို့သေရမည်မှာ သေချာပေါက်ပင်။

"သူတော်စင်မိန်းမပျိုက ရှေ့မှာရှိနေတယ်...ဘာလို့ ငါတို့က ဆုတ်ခွာရမှာလဲ"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်း၏ နောက်ထပ်အကြီးအကဲတစ်ယောက်က ဇဝေဇဝါဖြင့်မေးမြန်းသည်။

"အမှန်ပဲ...အကြီးအကဲ တကယ်လို့ ငါတို့က သူတော်စင်မိန်းမပျိုကို ဖမ်းမမိဘူးဆိုရင် ဂိုဏ်းချုပ်က ငါတို့ပြန်ရောက်တာနဲ့ ငါတို့ကို သတ်ပစ်လိမ့်မယ်"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူဆယ်ယောက်ကျော်ကလည်း အလျင်စလိုပြောဆိုသည်။

"ဟမ့် ငါက သူ့ကို မဖမ်းချင်ဘူးလို့ မင်းတို့ ထင်နေကြတာလား"

"ငါ မင်းတို့ကို အမှန်အတိုင်းပြောလိုက်မယ်...အဲ့ဒီစားသောက်ဆိုင်ထဲမှာ နေလအင်မော်တယ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အနည်းဆုံးငါးယောက်လောက် ရှိနေတယ်"

"တကယ်လို့ ငါတို့ ရှေ့ဆက်တိုးဝံ့မယ်ဆိုရင် အဆုံးသတ်က တစ်ခုတည်းပဲရှိလိမ့်မယ်...အဲ့ဒါကတော့ သေခြင်းပဲ"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်း၏အကြီးအကဲက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဘာ...."

"နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ငါးယောက်လား..."

"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ....တကယ်လို့ ငါတို့က သူတော်စင်မိန်းမပျိုကို မဖမ်းနိုင်ဘူးဆိုရင် ငါတို့အားလုံး သေရမှာပဲမဟုတ်လား"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"အခုချိန်မှာ ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောကိစ္စက ဂိုဏ်းချုပ်ကိုသတင်းပြန်ပို့ဖို့ပဲ"

အကြီးအကဲသည် အချိန်တခဏကြာခန့် တွေဝေနေကာ နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။

အစောပိုင်းက ဖိအားအရှိန်အဝါကို တွေးတောမိချိန်တွင် သူသည် ဤနေရာ၌ ဆက်မနေဝံ့တော့ချေ။ထို့ကြောင့် သူသည် အနက်ရောင်ကောင်းကင်ပုံဂိုဏ်းမှကျင့်ကြံသူများကို ခေါ်ဆောင်၍ ပြန်သွားတော့သည်။

သူတို့၏အရှိန်အဝါများသည်လည်း အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားပေ၏။

"ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ"

ဝမ်းကျန်းတို့လူစုသည် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှကျင့်ကြံသူများ ထွက်ခွာသွားသည်ကို သတိပြုမိသည်နှင့် သူတို့၏အရှိန်အဝါများကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်ကြသည်။

ခြံဝန်းအတွင်း၌....

ဝမ်လော့လီကို ကြည့်ရသည်မှာ ထိတ်ထိတ်ပျာပျာဖြစ်နေသည်။သို့ရာတွင် အချိန်နာရီဝက်ခန့်ကြာပြီးနောက် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှလူများသည် သူမအား လိုက်လံဖမ်းဆီးခြင်းမပြုသည်ကို သူမ သိလိုက်ရသည်။

"ဖြစ်နိုင်တာတော့ သူတို့တွေ ဒီနေရာကို ရှာမတွေ့တာများလား"

"အဲ့ဒီလိုပဲ ဖြစ်နိုင်တယ်"

"မဟုတ်ရင် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းရဲ့ ထင်ရာစိုင်းတတ်တဲ့ အကျင့်စရိုက်အရဆိုရင်ဟသူတို့က ဒီနေရာကို ကျူးကျော်ဝင်လာပြီးတော့ ငါ့ကိုဖမ်းသွားတာ အချိန်အတော်ကြာနေလောက်ပြီ"

"ကောင်းလိုက်တာ"

ဝမ်လော့လီသည် ချက်ချင်းဆိုသလို ပျော်ရွှင်သွားလေ၏။သူမသည် အမှန်တကယ်ကို ဘေးကပ်ဆိုးကြီးမှ လွတ်မြောက်ခဲ့လေပြီ။သူမ ဖမ်းဆီးခြင်းမခံရသဖြင့် လူသားမီးပြင်းဖိုအဖြစ် အသုံးပြုခံရတော့မည် မဟုတ်ချေ။

သူမသည် ပျော်ရွှင်နေသောမျက်နှာဖြင့် မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန်ဟန်ပြင်လိုက်သည်။

သို့ရာတွင် ချီယီထုံ၏လက်သည် သူမ၏ပခုံးကိုဖိထားဆဲဖြစ်ကာ သူမအား မလှုပ်ရှားနိုင်အောင်ပြုလုပ်ထားသည်။

'သောက်ချေးပဲ...ငါ စွမ်းအားနည်းနည်းပြန်ရတာနဲ့ ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ဆိုရင် လက်ချောင်းတစ်ချောင်းလှုပ်လိုက်ရုံနဲ့ နင်ကို ခြေမွှဖျက်ဆီးနိုင်တယ်...ဒါပေမဲ့ အခုကတော့....."

ဝမ်လော့လီက သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ဆဲရေးတိုင်းထွာလိုက်သည်။

"မင်း ထွက်ပြေးဖို့မစဉ်းစားနဲ့ သေကြောင်းကြံစည်ဖို့လည်းမစဉ်းစားနဲ့...အခု ငါ့အတွက် နံရံကိုပြန်ပြင်ပေးစမ်း"

"ကျင်းထန်...မင်း သူ့ကို စောင့်ကြည့်ထားရမယ်"

"တကယ်လို့ သူ ဒီနံရံကို ပြန်မ​ပြင်နိုင်ဘူးဆိုရင် ဒီနေရာကနေ ထွက်မသွားခိုင်းနဲ့"

ဝမ်လော့လီသည် သေကြောင်းကြံစည်ရန်အကြံအစည်ကို စွန့်လွှတ်လိုက်ကြောင်း ချီယီထုံက ခံစားမိသည်။ထို့ကြောင့် သူသည် ဝမ်လော့လီ၏ပခုံးကိုလွှတ်ပေးကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

ဟုတ်ကဲ့

ဝမ်ကျင်းထန်က ရိုသေလေးစားစွာ တုံ့ပြန်သည်။

ဝမ်လော့လီသည် ထိုလူနှစ်ယောက်ကြားရှိ စကားပြောဆိုနေမှုကို နားထောင်ပြီးနောက် ဒေါသကြောင့် သူမ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

'သူတော်စင်မိန်းမပျိုက နံရံကို ပြုပြင်ရမှာလား....'

Chapter 668

ဝမ်လော့လီသည် ဒေါသထွက်နေပေ၏။

သူမ၏မြင့်မြတ်သော သူတော်စင်မိန်းမပျိုဟူသည့် အဆင့်အတန်းဖြင့် နံရံကိုပြုပြင်ရမည်လော။

"အကောင်းဘက်က တွေးကြည့်ရအောင်"

"ဒါက နံရံလေးတစ်ခုပဲလေ....ငါ နင်တို့ကို အင်မော်တယ်သလင်းကျောက် ဆယ်တုံးပေးမယ်..နံရံပြင်မယ့်လူကို နင်တို့ဖာသာ ရှာလိုက်ကြတော့"

ဝမ်လော့လီသည် အင်မော်တယ်သလင်းကျောက်ဆယ်တုံးကို စားပွဲပေါ်သို့ပစ်ချကာ ထွက်သွားရန်အတွက် ဟန်ပြင်လိုက်သည်။

"မင်း နံရံကိုပြင်ရမယ်"

သို့ရာတွင် ဝမ်ကျင်းထန်က သူမ၏ရှေ့မှနေ၍ ဟန့်တားထားခဲ့သည်။

သူသည် ဤရက်များအတွင်း စီနီယာနှင့်အတူ နေထိုင်ခဲ့သည်။သူသည် မည်သည့်လုပ်အားခကိုမျှမရရှိသော်လည်း စီနီယာသည် သူ့အား ရံဖန်ရံခါ မုန့်တစ်ခုနှစ်ခုခန့် ပေးခဲ့လေ၏။

ယခုချိန်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အစစ်အမှန်အနှစ်သာရအင်မော်တယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေလေပြီ။

ဤသည်မှာ ဝမ်လော့လီထက် အဆင့်ငယ်သုံးဆင့် ပို၍မြင့်မားသည်။

ထို့ပြင် ယခုလက်ရှိချိန်၌ ဝမ်လော့လီ၏ဒန်တျန်အတွင်းရှိ စွမ်းအားများအားလုံး ကုန်ခမ်းနေလေရာ ဝမ်ကျင်းထန်အား ဖြတ်ကျော်သွားရန်မှာ မဖြစ်နိုင်ချေ။

"နင်...."

ဝမ်လော့လီက ဝမ်ကျင်းထန်ကို စူးစိုက်၍ကြည့်လိုက်၏။သို့ရာတွင် ဝမ်ကျင်းထန်သည် အနည်းငယ်မျှ အလျှော့ပေးမည့်ပုံမရသည်အား သူမ ရှာဖွေတွေ့ရှိလိုက်ရသည်။

'ငါ အကြမ်းနည်းသုံးလို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး'

ဝမ်လော့လီ၏မျက်လုံးအတွင်း၌ အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။သူမသည် အကြမ်းနည်းသုံး၍ အဆင်မပြေသောကြောင့် အနုနည်းကို အသုံးပြုရပေမည်။

"မောင်ငယ်လေး နင် ငါ့ကို လွှတ်ပေးနိုင်မလား ...ငါက ကျန်နေတဲ့ဘဝတလျှောက်လုံး ငါ့ရဲ့စိတ်နှလုံးသားထဲမှာ နင့်ကို သိမ်းထားမှာပါ"

"ဒါက အဆင်ပြေတယ်မဟုတ်လား"

ဝမ်လော့လီသည် မြီးကောင်ပေါက်ကလေးမလေးတယောက်အလား ပြုမူလိုက်သည်။

သူမ၏အလှကြောင့် သူမ၏ခန္ဓာကိုယ်ကို လိုချင်တပ်မက်သော လူအမြောက်အများရှိသည်။ထိုကြောင့် သူမ၏ရှေ့တွင်ရှိနေသည့် သူမနှင့်သက်တူရွယ်တူခန့်ရှိသော လူငယ်သည် ငြင်းဆန်နိုင်မည်မဟုတ်ဟု သူမ ယုံကြည်သည်။

သို့ရာတွင် ဝမ်ကျင်းထန်သည် သူမအား အနည်းငယ်မျှ ဂရုမစိုက်ချေ။

ဤသည်မှာ စီနီယာမှပေးအပ်ထားသောတာဝန်ဖြစ်သဖြင့် သူ ကျေပွန်အောင် ထမ်းဆောင်ရပေမည်။

မိန်းကလေးတယောက်ဖြစ်စေ တခြားအရာများဖြစ်စေ အရေးမပါလှချေ။စီနီယာပေးအပ်သောတာဝန်သည်သာ အရေးအကြီးဆုံးပင်။

ထို့ပြင် ယခင်က သူသည် လူပေါ်​ကျော့တစ်ယောက်ဖြစ်ခဲ့သဖြင့် ဆောင်ကြာမြိုင်၌ မိန်းကလေးအမြောက်အများကို မြင့်တွေ့ဖူးလေရာ သူ မမြင်ဖူးသေးသောအရာဟူ၍ မရှိတော့ချေ။

ဝမ်လော့လီသည် လိမ်လည်နေခြင်းပင်။

သူမသည် သူ့အား လိမ်လည်နေသောကြောင့် သူမအား သင်ခန်းစာကောင်းကောင်း ပေးရပေမည်။

"ငါ့နားကို တိုးမလာခဲ့နဲ့"

"ဒီမှာဂေါ်ပြား ပန်းရန်သုံးဓား ဒါကအင်္ဂတေတွေထည့်ထားတဲ့အိုး ပြီးတော့တူ..."

"နံရံကို မြန်မြန်လေး ပြုပြင်တော့"

ဝမ်ကျင်းထန်၏လှုပ်ရှားမှုများသည် အလွန်အမင်း လျှင်မြန်ပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် နံရံကိုပြုပြင်ရန် ပစ္စည်းများကိုထုတ်ယူကာ ဝမ်လော့လီ၏ရှေ့သို့ ချထားလိုက်သည်။

"တကယ်လို့ မင်း ဒီနံရံကိုပြန်မပြင်ဘူးဆိုရင် မင်း သေရလိမ့်မယ်"

ထို့နောက် ဝမ်ကျင်းထန်က ခြိမ်းခြောက်လိုက်သည်။

ဝမ်လော့လီက သူမ၏ပရောပရည်လုပ်မှုသည် အသုံးမဝင်ဘဲနေမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။

ဝမ်ကျင်းထန်၏ပုံပန်းသွင်ပြင်ကို ကြည့်ပြီးနောက် အကယ်၍ သူမသည် ဤနံရံကို ပြုပြင်ခြင်းမရှိပါက ထွက်ခွာသွားနိုင်ခြင်းမရှိမည်ကို သူမ စိုးရိမ်မိသည်။

သူမက အံ့တင်းတင်းကြိတ်ကာ လက်လျှော့အရှုံးပေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူမ၏ယခုလက်ရှိအခြေအနေဖြင့် ပြင်ပသို့ထွက်သွားပါက အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှလူများ သူမကို ရှာတွေ့သွားနိုင်ချေ မြင့်မားသည်။ထို့​ကြောင့် သူမ ဤနေရာ၌ ပုန်းကွယ်နေသည်က ပို၍ကောင်းမွန်ပေမည်။

အချိန်များ ကုန်ဆုံးသွားကာ...

ညအချိန်သို့ရောက်ရှိလာပြီး ကြယ်များပင် တောက်ပနေလေပြီ။

ဝမ်လော့လီသည် နံရံကိုပြုပြင်ရန် ပြင်းပြင်စထန်ထန် အလုပ်လုပ်နေဆဲဖြစ်ကာ သူမ၏အပြာရောင်ဝတ်စုံရှည်သည် ယခုလက်ရှိချိန်၌ မီးခိုးရောင်သို့ ပြောင်းလဲသွားလေပြီ။

"စိတ်ပျက်စရာပဲ....ဒါက ကျားတစ်ကောင်ရဲ့ခံတွင်းကနေ လွတ်လာပြီးတော့မှ ခွေးတစ်ကောင်ရဲ့ အနိုင်ကျင့်ခံရတာ မဟုတ်လား...."

ဝမ်လော့လီကို ကြည့်ရသည်မှာ ကူကယ်ရာမဲ့ဖြစ်နေသည်။အကြောင်းအရင်းမှာ ကြက်ခြံအတွင်း၌ရှိနေသော ကြက်များသည် သူမကို အထင်အမြင်သေးသောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသောကြောင့်ပင်။

"ကောင်းပြီလေ...နင်တို့က ငါ့ကို အထင်သေးရဲတာလား.....နင်တို့က တခြားသူတွေကို မလေးစားမှတော့ ငါကလည်း နင်တို့ကို အလွတ်မပေးနိုင်ဘူး"

"ငါက နင်တို့ကို ခုတ်ပိုင်းပြီးတော့ ကြက်သားစားရလိမ့်မယ်"

ဝမ်လော့လီက ပြောဆိုကာ ပန်းရန်သုံးဓားကိုကိုင်ပြီး ကြက်ခြံထံသို့ လျှောက်လှမ်းသွားလိုက်သည်။

လှုပ်ကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ချီယီထုံသည် ဝမ်လော့လီကို တစ်ချက်ကြည့်ကာ ဆက်လက်၍အိပ်စက်ရန်အတွက် တခြားတစ်ဖက်သို့စောင်းလိုက်၏။

ဤမိန်းကလေးသည် အမှန်တကယ်ကို နှလုံးသားကင်းမဲ့သူပင်။

သူ၏နံရံကို ဝင်တိုက်ပြီးနောက် သူမသည် အလွတ်ရုန်းရန်အတွက် သူမကိုယ်သူမ သေကြောင်းကြံစည်ရန် ကြိုးစားခဲ့သည်။

ယခုချိန်၌ သူမသည် ကြက်ခြံအတွင်း၌ ရိုက်နှက်ခံလိုသလော...

အမှန်တကယ်ကိုပင်....

ကြက်ခြံအတွင်းမှနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"အား...."

ဝမ်လော့လီသည် ကြက်ခြံအတွင်းသို့ ခြေချမိသည်နှင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ငါက ကြက်တွေရိုက်တာကို ခံလိုက်ရတာလား"

ဝမ်လောလီ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူမ ရိုက်နှက်ခံရသောအချိန်ကျမှသာ ဤကြက်များ၏ကျင့်ကြံဆင့်နယ်ပယ်သည် အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်တွင်ရှိနေကာ သူမထက်ပို၍မြင့်မားနေကြောင်း သိရှိလိုက်ရသည်။

"ဘာလို့ ဒီလိုတွေ ဖြစ်လာတာလဲ"

ဝမ်လော့လီသည် ကူကယ်ရာမဲ့စွာဖြင့် ကြက်ခြံထံသို့ ထပ်မံ၍ကြည့်လိုက်၏။

"အဲ့ဒီကြက်တွေ စားသောက်ဆိုင်ပိုင်ရှင်ကိုကြည့်နေတာက အရမ်းကြီးရိုသေလေးစားမှုရှိနေတဲ့ပုံပဲ"

ဝမ်လော့လီသည် ထောင့်တစ်နေရာ၌ ပုန်းအောင်းရင်း ကြက်များသည် ချီယီထုံကို သူတို့၏အရှင်သခင်အလား ကြည့်နေကြသည်ကိုမြင်တွေ့ချိန်တွင် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ဒီကြက်တွေကို အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်က မွေးထားတာလား"

"မြေကမ္ဘာအင်မော်တယ်တစ်ယောက်က အစစ်အမှန်အနှစ်သာရ အင်မော်တယ်နယ်ပယ်မှာရှိတဲ့ ကြက်တွေကို မွေးနိုင်လို့လား"

"မဖြစ်နိုင်ဘူး....ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ရုတ်ချည်းဆိုသလိုပင် ဝမ်လော့လီသည် အသိပြန်ဝင်လာကာ သူမ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံသွားသော အရိပ်အယောင်များ ​ထင်ဟပ်လာပြီး ကောက်ချက်တစ်ခုချလိုက်သည်။

"ဒီစားသောက်ဆိုင်ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့်နယ်ပယ်က ဘယ်လိုနည်းနဲ့မှ မြေကမ္ဘာအင်မော်တယ် မဖြစ်နိုင်ဘူး...အဲ့ဒီလိုမှမဟုတ်ရင် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းရဲ့ ကြယ်အင်မော်တယ်အကြီးအကဲတွေက ဒီနေရာကို ရှာမတွေ့နိုင်စရာ အကြောင်းမရှိဘူး"

"သူက ဇာတ်မြုပ်နေတဲ့ ဆရာကြီးတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဖုံးကွယ်ထားတာပဲဖြစ်မယ်"

ဝမ်လော့လီသည် ထိုသို့စဉ်းစားတွေးတောပြီးနောက် ပို၍ထိတ်လန့်တုန်လှုပ်သွားသည်။

ထို့နောက် သူမသည် စားသောက်ဆိုင်တယ်လေးကို စတင်၍ စူးစမ်းလေ့လာလိုက်တော့သည်။

ယခင်က သူမ ဤနေရာသို့ရောက်ရှိလာခြင်းသည် အလွန်ရုန်းရင်းဆန်ခတ်နိုင်သဖြင့် ထိုအကြောင်းများကို စဉ်းစားတွေးတောရန် အချိန်မရရှိခဲ့ချေ ယခုအချိန်တွင် သူမအရိုက်ခံရပြီးနောက် ဤစားသောက်ဆိုင်သည် ရိုးရှင်းမှုမရှိကာ သူမ တွေးတောထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကို ရှာဖွေတွေ့ရှိမိလေ၏။

"ဒီစားပွဲခုံတွေ ထိုင်ခုံတွေနဲ့ ခုံတန်းရှည်တွေက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတွေပဲ"

"လှုပ်ကုလားထိုင်ရဲ့အောက်မှာ ရှိနေတာက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခု ဖြစ်နေတယ်"

"မီးဖိုပေါ်က သံဒယ်အိုးကြီး သံဇလုံတွေနဲ့ စင်ပေါ်မှာရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ တူတွေက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတွေပဲ"

"ထင်းတွေကတောင်မှ အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတွေ ဖြစ်နေပါလား"

"အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတွေကို ထင်းအဖြစ်နဲ့ တကယ်ကြီး အသုံးပြုတာလား"

"အဲ့ဒီမီးဖိုချောင်သုံးဓား...ငါ အဲ့ဒါကို တစ်ချက်ကြည့်ရုံနဲ့ အန္တရာယ်အငွေ့အသက်က ငါ့ကိုလွမ်းခြုံလာသလိုမျိုး ခံစားရတယ်"

ဘုန်း....

ဝမ်လော့လီသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားပေ၏။

ဟူး.....

ဤသည်မှာ မည်ကဲ့သို့နေရာမျိုး ဖြစ်သနည်း။သူမ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေမိသည်။

အကယ်၍ သူမသည် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ ပြန်သွားလျှင်ပင် ဤမျှထိ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းမည်မဟုတ်ဟု ခံစားမိသည်။

ဤစားသောက်ဆိုင်ပိုင်ရှင်ထံတွင် မည်ကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်မျိုး ရှိနေသနည်း...

အစစ်အမှန်အနှစ်သာရ အင်မော်တယ်ကြက်များ....ထိပ်တန်းအဆင့် အင်မော်တယ်နေ့စဉ်အသုံးအဆောင်ပစ္စည်းများ....

ဤသည်မှာ လောကကြီးအပေါ် သူမ၏အသိအမြင်များကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေသည်။

"အချောင်ခိုမနေစမ်းနဲ့...မနက်နေမထွက်ခင် ဒီနံရံပြန်ပြင်ပြီးတာကို ငါ မြင်ချင်တယ်"

ထိုအချိန်မှာပင် ချီယီထုံက လှုပ်ကုလားထိုင်မှ မတ်တတ်ထရပ်ကာ ဒေါသတကြီးပြောဆိုသည်။

ဤအမျိုးသမီးကျင့်ကြံသူသည် အစောပိုင်းက ကြက်များ၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည့်တိုင် ပျင်းရိနေဝံ့သည်။သူ ဤကိစ္စကို ထပ်မံ၍သည်းမခံနိုင်တော့ချေ။

အကယ်၍ မနက်ဖြန်တွင် စားသောက်ရန်အတွက် ဧည့်သည်တစ်ယောက် ရောက်ရှိလာပါက နံရံကျိုးပဲ့နေကာ ပတ်ဝန်းကျင်အခြေအနေမကောင်းသည်ကို မြင်တွေ့ပြီး ထွက်ခွာသွားပေမည်။ဤဆုံးရှုံးမှုကို မည်ကဲ့သို့ တွက်ချက်နိုင်မည်နည်း။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ထိုကိစ္စကို သူကိုယ်တိုင် စီမံကွပ်ကဲရုံသာ တတ်နိုင်တော့သည်။

"ဟုတ်ကဲ့"

ဝမ်လော့လီသည် ချီယီထုံ မတ်တတ်ထရပ်သည်ကို မြင်တွေ့ချိန်တွေ သူမ၏နောက်ကျောတပြင်လုံး ဇော်​ချွေးများ ရွှဲနစ်လာသဖြင့် အလျင်စလို မတ်တပ်ထရပ်လိုက်သည်။

ချီယီထုံသည် နေလအင်မော်တယ်တစ်ယောက်ဖြစ်နိုင်သည်ကို မှန်းဆမိသဖြင့် ဝမ်လော့လီသည် သူ့အား ထပ်မံ၍ အထင်အမြင်မသေးဝံ့တော့ချေ။ထို့ကြောင့် သူမသည် နံရံရှိအပေါက်ကြီးထံသို့အပြေးသွားကာ အလေးအနက်ထား၍ ကြိုးစားပြုပြင်လိုက်တော့သည်။

သူမသည် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေသောကြောင့် နံရံကိုပြုပြင်ရာ၌ အသုံးပြုသည့်ပစ္စည်းများကို ကိုင်တွယ်ရာ၌ပင် ကျွမ်းကျင်သွားခဲ့သည်။

"ဒါက အရင်နဲ့ တူသလောက်နီးပါး ဖြစ်သွားပြီ...မင်းကိုယ်တိုင် သေချာကြည့်ပြီး ပြင်လိုက်တော့"

အချိန်တခဏကြာခန့် စူးစိုက်ကြည့်ပြီးနောက် ဝမ်လော့လီသည် ပို၍ပို၍ကျွမ်းကျင်လာကာ အလေးအနက်ထားလာသည်ကို မြင်တွေ့သဖြင့် သူ၏လှုပ်ကုလားထိုင်ပေါ်၌ ပြန်လည်၍လဲလျောင်းလိုက်၏

အောက် အီး အီး အွက်...

မကြာမီမှာပင် မိုးကောင်းကင်ယံကြီး ရောင်နီလာစ ပြုလာသည်။

ဝမ်လော့လီသည် သူမရှေ့ရှိနံရံကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။သူမ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကိုခါချပြီးနောက် အခြေအနေကိုရှင်းပြရန်အတွက် ချီယီထုံထံသို့ သွားလိုက်သည်။

ထိုအချိန်မှာပင် ဝမ် ယဲ့ ရှောင် လင်း ချူ မိသားစုခေါင်းဆောင်ငါးယောက်သည် စားသောက်ဆိုင်သို့ရောက်ရှိလာကာ စားပွဲခုံ၌ထိုင်နေကြသည်။

"ဒီလူတွေ ဘယ်အချိန်က ရောက်နေတာလဲ"

"ဒါက ဘာသံမှလည်း မကြားလိုက်ရဘူး...ငါ ဒါကို နည်းနည်းလေးတောင် သတိမပြုမိဘူး"

ဝမ်လော့လီသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။

"အဲ့ဒီကောင်မလေးက အရည်အချင်းရှိသားပဲ...နံရံကိုပြုပြင်တာက ဘာအပြစ်အနာအဆာမှ မရှိဘူး"

"အမှန်ပဲ....ဒါက ငါ့ရဲ့အိမ်တော်က ကြမ်းခင်းထက်တောင် ပိုပြီးချောမွေ့နေသေးတယ်"

မိသားစုခေါင်းဆောင်များသည် အပြုံးနှင့်ပြောဆိုကာ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုစီကိုထုတ်ယူ၍ ချီထုံထံသို့ လက်ကမ်းပေးလိုက်သည်။

ဤထိပ်တန်းအဆင့် အင်မော်တယ်ရတနာများကို ရရှိရန်အတွက် သူတို့၏မိသားစုချမ်းသာကြွယ်ဝမှုအမြောက်အများကို ရောင်းချကာ လဲလှယ်ခဲ့ရခြင်းပင်။

သို့ရာတွင် ဤနေရာရှိ ဟင်းပွဲများကို တွေးတောမိချိန်တွင် သူတို့ လဲလှယ်ခဲ့ရခြင်းမှာ ထိုက်တန်ပေ၏။

"ဆိုင်ရှင်....ငါတို့ကို ဖက်ထုပ်တစ်ပွဲစီပေးပါ"

မိသားစုခေါင်းဆောင်ငါးယောက်က ရိုသေလေးစားစွာပြောဆိုသည်။

မကြာမီမှာပင် ဖက်ထုပ်ပန်းကန်များ စားပွဲပေါ်သို့ ရောက်ရှိလာကာ သင်းပျံ့သောမွှေးရနံ့က မျောလွင့်လာသည်။ဝမ်လော့လေသည် ဤအရာကိုရှူရှိုက်မိချိန်တွင် သူမ၏ခြောက်သွေ့နေသောဒန်တျန်သည် မိုးရွာသွန်းမှုနှင့် ကြုံတွေ့ရသည့်အလား ခံစားလိုက်ရသည်။

သူမ၏စွမ်းအားများ တဖြည်းဖြည်း ပြန်လည်ရရှိစပြုလာလေပြီ....

Chapter 669

"အိုး ဘုရားရေ...."

"ဒါက ဘယ်လိုဖက်ထုပ်မျိုးလဲ....ငါက ဒါကို အနံ့ခံမိရုံနဲ့ ငါ့ရဲ့ကုန်ဆုံးသွားတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေ ပြန်ရလာတာပါလား...."

"ဒါက အရမ်းကို မယုံကြည်နိုင်စရာပဲ"

ဝမ်လော့လီသည် ဖက်ထုပ်ပန်းကန်များကို စူးစိုက်၍ကြည့်ကာ သူမ၏လှပသောမျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူမ၏ဒန်တျန်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများ တဖြည်းဖြည်း ပြန်လည်၍ပြည့်တင်းလာခဲ့သည်။ထို့ပြင် တစ်ညလုံး နံရံကိုပြုပြင်ထားခြင်းကြောင့် သူမ၏ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုများနှင့် နာကျင်မှုများအားလုံးလည်း ဤအချိန်အခိုက်အတန့်တွင် ပျောက်ကွယ်သွားပေ၏။

"ဂလု...."

ဝမ်လော့လီသည် သူမ၏တံတွေးကိုမြိုချကာ စားပွဲပေါ်ရှိ ဖက်ထုပ်ပန်းကန်လုံးငါးလုံးကို ကြည့်လိုက်သည်။ဤနှစ်များတလျှောက် အစားအစာအပေါ် သူမသည် ဤတစ်ကြိမ်သာ လောဘတက်မိခြင်းပင်။

သူမသည် ဖက်ထုပ်တစ်ပွဲကို ချက်ချင်းတောင်းဆိုလိုခဲ့သည်။

သို့ရာတွင်....

သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ဤလူအိုကြီးငါးယောက်သည် အခကြေးငွေအဖြစ် အင်မော်တယ်သလင်းကျောက်များကို ပေးအပ်ခြင်းမဟုတ်ဘဲ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာငါးခုဖြစ်နေသည်။

"ကြည့်ရတာတော့ စီနီယာက အဲ့ဒီအရာတွေကို သိမ်းထားပုံရတယ်"

ဝမ်လော့လီသည် စားပွဲ၏တစ်ဖက်ခြမ်းရှိ နံရံပေါ်သို့ကြည့်လိုက်ရာ ထိပ်တန်းအဆင့်ရတနာပစ္စည်းလေးခုကို ချိတ်ဆွဲထားသည်အား မြင်တွေ့မိသည်။

"ဒါက...."

ထို့နောက် သူမသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်ပြီးနောက် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။ဤနေရာတွင် စားပွဲ၏ခြေထောက်အောက်ခြေ၌ အခုအခံအဖြစ်အသုံးပြုထားသော ထိပ်တန်းအဆင့် အင်မော်တယ်ရတနာငါးခုရှိနေသည်။

ဤသည်မှာ မဖြစ်နိုင်​ချေ။

ထိတ်လန့်တုန်လှုပ်မှုကြောင့် ဝမ်လော့လီ၏မျက်နှာအမူအယာ တဖန်ထပ်၍ ပြောင်းလဲသွားသည်။

အကြောင်းအရင်းမှာ သူမသည် ကိစ္စတစ်ခုကိုလျစ်လျူရှုထားခဲ့မိသောကြောင့်ပင်။

ကျင့်ကြံဆင့်အခြေခံရှိပုံမရသော ဤလူအိုကြီးငါးယောက်သည် မည်သည်ကြောင့် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာများနှင့် ရောက်ရှိလာသနည်း။

ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း....

ဝမ်လော့လီသည် ထိုလူအိုကြီးငါးယောက်ကို စူးစိုက်၍ကြည့်ပြီးနောက် ဝမ်ကျင်းထန်သည် ထိုလူအိုကြီးများအနက်မှ တစ်ယောက်၏သားဖြစ်သည်ကို အမှတ်ရသွားသည်။

ဤသည်မှာ မည်သည့်မိသားစုမျိုး ဖြစ်သနည်း...

မည်သည်ကြောင့် မိသားစုခေါင်းဆောင်၏ကျင့်ကြံဆင့်နယ်ပယ်သည် သားတစ်ယောက်လောက်ပင် မြင့်မားခြင်းမရှိရသနည်း။

"ဒါဆိုရင် ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်"

"အဲ့ဒီလူငါးယောက်လုံးက နေလအင်မော်တယ်တွေပဲ ...ဒါကြောင့် ငါက သူတို့ငါးယောက်ရဲ့ ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်တာပဲဖြစ်မယ်"

"ခြံဝန်းငယ်လေးထဲကို ဒီလူငါးယောက် ဝင်လာတာကို ငါ သတိမပြုမိတာ အံ့အားသင့်စရာမရှိတော့ဘူး...အဲ့ဒီလူငါးယောက်ရဲ့စွမ်းအားက ငါ့ထက် အများကြီးသာလွန်နေတာပါလား...."

"အဲ့ဒီလူအိုကြီးငါးယောက်...ဒါ့ပြင် ဆိုင်ရှင်....."

ဝမ်လော့လီသည် ကြက်သေသေသွားလေ၏။

သူမ၏လက်အတွင်း၌ ပန်းရန်သုံးဓားကိုကိုင်ပြီး နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေကာ အသက်ရှုရန်အတွက်ပင် မေ့လျော့နေသည်။

သူမသည် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံနေပေ၏။

ဤသာမာန်ခြံဝန်းငယ်လေးတစ်ခုအတွင်း၌ နေလအင်မော်တယ်ငါးယောက်နှင့် ဤနယ်ပယ်ထက် အဆများစွာပို၍အစွမ်းထက်သော စီနီယာတစ်ယောက်ရှိနေသည်။

"အိုး ဘုရားရေ...."

ဤချုံးပိုင်ကုန်းမြေအတွင်း၌ ယခုထက်ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော တစ်စုံတစ်ခု ရှိနေနိုင်သေးသလော....

"မဟုတ်ဘူး...ဒါက ကြောက်စရာမဟုတ်ဘူး....ငါ ဘေးကင်းလုံခြုံသွားပြီ"

ဝမ်လော့လီ၏မျက်နှာအမူအယာ တဖန်ထပ်၍ ပြောင်းလဲသွားကာ သူမ၏ထိတ်လန့်ကြောက်ရွံမှုများ ပျောက်ကွယ်သွားသည်။သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။

သူမ မည်သည်ကြောင့် ကြောက်ရွံနေရမည်နည်း....

ဤသည်မှာ သူမ၏အခွင့်အရေးပင်။

ချုံးပိုင်ကုန်းမြေတခွင်လုံးတွင် ဤနေရာထက် ဘေးကင်းလုံခြုံသောနေရာဟူ၍ ရှိနိုင်ပါသလော....

အကယ်၍ သူမသည် ဤနေရာမှထွက်ခွာသွားပါက အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများသည် သူမ၏နောက်သို့ လိုက်လံ၍ဖမ်းဆီးကြပေမည်။ထို့ကြောင့် သူမသည် အနက်ရောင်ကောင်းကင်ဘုံဂိုဏ်း၏လက်အတွင်းသို့ အနှေးနှင့်အမြန် ကျရောက်ရမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ဤနေရာ၌....

တစ်စုံတစ်ယောက်သည် မည်သည့်သတ္တိဖြင့် ဤနေရာ၌ လှုပ်ရှားမှုပြုလုပ်ဝံ့မည်နည်း....

သူတို့သည် မည်သည့်နည်းနှင့်မျှ လှုပ်ရှားဝံ့မည်မဟုတ်ချေ။

ဤနေရာ၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ခြောက်ယောက်ရှိနေသဖြင့် အကယ်၍ အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းတစ်ဂိုဏ်းလုံး ရောက်ရှိလာလျှင်ပင် မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း....

"စီနီယာ...ငါ....ငါလည်း ဖက်ထုပ်တစ်ပွဲလိုချင်တယ်....ငါ ဘယ်လောက်ပေးရမလဲ...."

ဝမ်လော့လီသည် သတ္တိမွေးကာ အလွန်စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။ဤစီနီယာသည် သူမအား အစစ်အမှန်အနှစ်သာရအင်မော်တယ်နယ်ပယ်ထက် ပို၍မြင့်မားလာအောင် ကူညီကောင်းကူညီပေးနိုင်ပေမည်။

"ဖက်ထုပ်တစ်ပွဲကို ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုပဲ"

"အရင်ဆုံး ငွေပေးချေရမယ်...ပြီးမှစားရမယ်...ဒါက ဒီစားသောက်ဆိုင်ရဲ့စည်းမျဥ်းပဲ"

"တကယ်လို့ ဒီအခကြေးငွေကို မင်း မတတ်နိုင်ဘူးဆိုရင် ငါက မင်းကို ဧည့်မခံနိုင်ဘူး..မင်းမှာ ငွေမရှိဘူးဆိုရင် မင်း ထွက်သွားလို့ရပြီ...နံရံကိုပြန်ပြုပြင်ပြီးတာကြောင့် မင်း ထွက်သွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မင်းကိုယ်မင်း သေကြောင်းကြံစည်တာပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်တော့ဘူး"

ချီယီထုံက ပေါ့ပေါ့ပါးပါးပြောဆိုသည်။သူသည် စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားသည်ဖြစ်ရာ အရောင်းအဝယ်သမားပီသစွာ ဆောင်ရွက်ရမည်မဟုတ်လော။

"ကောင်းပြီလေ....ငါက ဖက်ထုပ်တစ်ပွဲလိုချင်တယ်"

ဝမ်လော့လီက အံ့တင်းတင်းကြိတ်ကာ သူမ၏မိဘများ သူမကို အမွေပေးခဲ့သည့်ထိပ်တန်းအဆင့် အင်မော်တယ်ဓားကို သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူကာ ချီယီထုံထံသို့ လက်ကမ်းပေးလိုက်သည်။

"အင်း..."

"ဒါက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုပဲ"

"ထင်းခုတ်ဖို့ အဆင်ပြေလောက်တယ်"

"ဒီဓားနဲ့ ထင်းခုတ်ရမယ်"

ချီယီထုံက ထိပ်တန်းအဆင့် အင်မော်တယ်ဓားကို နံဘေးတွင်ရှိနေသော ဝမ်ကျင်းထန်ထံသို့ ပစ်ပေးလိုက်သည်။ယခင်က ထင်းခုတ်ရန်အတွက် အသုံးပြုနေသော အလယ်အလတ်ဆင့် အင်မော်တယ်ပုဆိန်ကြီးသည် အလွန်လေးလံပေ၏။ထိုကြောင့် ဤဓားကို အသုံးပြုသည်က ပို၍ကောင်းမွန်ပေမည်။

"ဟုတ်ကဲ့"

ဝမ်ကျင်းထန်သည် ထိပ်တန်းအဆင့် အင်မော်တယ်ဓားကိုယူကာ ဓားအိမ်မှဆွဲထုတ်လိုက်သည်။ထို့နောက် သူသည် ဓားချက်တစ်ချက် ခုတ်ပိုင်းကြည့်လိုက်၏။

ဝှစ်....

ထင်းတုံးသည် အလယ်မှနေ၍ ထက်ခြမ်းကွဲထွက်သွားကာ မြေပြင်ပေါ်သို့ကျသွားသည်။

"ဆိုင်ရှင် ဒီဓားက ထင်းခုတ်ဖို့အတွက် အရမ်းအသုံးဝင်တယ်"

ဝမ်ကျင်းထန်က အပြုံးနှင့် ပြောဆိုသည်။ဤဓားကို အသုံးပြုရသည်မှာ ပုဆိန်ထက်ပို၍ လျှင်မြန်သဖြင့် သူ၏အင်အားစိုက်ထုတ်ရမှုကို သက်သာစေသည်။

"ထင်း....ထင်းခုတ်တာလား"

ဝမ်လော့လီသည် သူမရှေ့ရှိမြင်ကွင်းကိုကြည့်ကာ အနည်းငယ်နောင်တရနေမိသည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူမ၏မိဘများ သူမအတွက်ပေးခဲ့သည့် နောက်ဆုံးအမွေအနှစ်ပင်။

သို့ရာတွင် စားပွဲခုံခြေထောက်အောက်ရှိ အခုအခံများနှင့်နှိုင်းယှဉ်ပါက သူမ၏ဓားကို ထင်းခုတ်ရာ၌ အသုံးပြုသည့်အတွက် ပို၍ကောင်းမွန်သည်ဟု တွေးတောနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဤဓား၏ထက်ရှမှုကို ပြသနိုင်ပေ၏။

မကြာမီမှာပင်...

ဝမ်လော့လီ၏ရှေ့သို့ ဖက်ထုပ်ပန်းကန်ရောက်ရှိလာကာ မွှေးရနံ့များ မျောလွင့်လာသည်။

"စားလို့ရပြီ"

ချီယီထုံက ပေါ့ပေါ့ပါးပါးပြောဆိုကာ မုန့်ချပ်တချို့ကို ထုတ်ယူစားပြီး လှုပ်ကုလားထိုင်ပေါ်၌ ပြန်လည်၍ လဲလျောင်းလိုက်သည်။

ရံဖန်ရံခါ၌ သူသည် ဝမ်ကျင်းထန်ကိုလည်း မုန့်ချပ်တချို့ ထုတ်ပေးလေ၏။

ဖက်ထုပ်၏မွှေးရနံ့ကို အနံ့ခံမိချိန်တွင် ဝမ်လော့လီသည် တောင့်မခံနိုင်တော့ချေ။သူမ၏အစာအိမ်အတွင်းရှိ တောင့်တမှုက သူမအား အရူးအမူးစားသောက်ရန် တိုက်တွန်းနေသည်။

ထိုကြောင့် သူမသည် ဇွန်းကိုကောက်ကိုင်ကာ သူမ၏အိန္ဒြေပျက်ပြားမည်ကို ဂရုမစိုက်တော့ဘဲ အငမ်းမရ စားသောက်လိုက်တော့သည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဝမ်လော့လီသည် ဖက်ထုပ်တစ်ပွဲကို စားသောက်ခဲ့ကာ ဟင်းခတ်ရွက်တစ်ရွက်ပင် မကျန်ခဲ့ချေ။

ဂေ့....

သို့ရာတွင် ဝမ်လော့လီသည် အလွန်လျင်မြန်စွာ စားသောက်ခဲ့သဖြင့် ဖက်ထုပ်အတွင်း၌ပါဝင်သော ကြီးမားသည့်စွမ်းအားများက သူမ၏ဒန်တျန်အတွင်း၌ တဝုန်းဝုန်းလှုပ်ခတ်စပြုလာသည်။ထို့ကြောင့် သူမသည် လေချဥ်တက်လိုက်၏။

ဂေ့....

အစစ်အမှန်အနှစ်သာရအင်မော်တယ် ဆဋ္ဌမအဆင့်....

ဂေ့....

အစစ်အမှန်အနှစ်သာရအင်မော်တယ် သတ္တမအဆင့်...

ဂေ့....ဂေ့.....

ထို့နောက် သူမ၏ခန္ဓာကိုယ်မှနေ၍ နူးညံညင်သာသော အဖြူရောင်အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာကာ သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် ကြယ်အင်မော်တယ်သို့ တိုက်ရိုက်ရောက်ရှိသွားတော့သည်။

သူမသည် စွမ်းအားများကို ထပ်မံ၍စုပ်ယူနိုင်ခြင်းမရှိသော အခြေအနေသို့ ရောက်ရှိသွားမှသာ သူမ၏ကြို့ထိုးခြင်း ရပ်တန့်သွားခဲ့သည်။

"ငါ....ငါက ကြယ်အင်မော်တယ်နယ်ပယ်ကို တကယ်ကြီး ရောက်သွားတာလား"

"ဖက်ထုပ်တစ်ပွဲနဲ့ ငါက ကြယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာလား"

"အစကတော့ ဒီကျင့်ကြံဆင့်နယ်ပယ်ကို ရောက်နိုင်ဖို့အတွက် ငါက အနည်းဆုံး နှစ်တစ်ထောင်ကျော်လောက်ကြာလိမ့်မယ်လို့ ငါ ထင်ခဲ့တယ်"

ဝမ်လော့လီ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူမသည် ကျေးဇူးတင်ကြောင်း ဖော်ပြလိုသော်လည်း သူမ၏ခေါင်းကို အနည်းငယ်သာမော့ကြည့်ပြီးနောက် တဖန်ပြန်၍ အောက်သို့ငုံလိုက်သည်။

သူမသည် တူကိုထပ်မံ၍ကောက်ကိုင်ကာ ပန်းကန်လုံးအတွင်းရှိ ဟင်းခတ်အမွှေးအကြိုင်မှုန့်များကို ကြည့်လိုက်၏။

"ငါက အရမ်းရူးမိုက်တာပဲ...ဘာလို့ ငါ ဒီလောက်ထိ မြန်မြန်ကြီး စားခဲ့မိတာလဲ"

"ဒီဖက်ထုပ်တစ်ပွဲစားပြီးတဲ့နောက်မှာ ငါ ဒီနေရာကနေ ထွက်သွားရတော့မယ်"

"အိုး ဒီမှာဖက်ထုပ်ရွက်သေးသေးလေး ကျန်သေးတာပါလား...ငါ ခုထိ စားလို့မပြီးသေးဘူး"

ဝမ်လော့လီသည် လက်သည်းခွံအရွယ်အစားခန့်ရှိသော သေးငယ်သည့် ဖက်ထုပ်ရွက်လေးကိုကြည့်ကာ သူမ၏မျက်နှာပေါ်၌ အံ့အားသင့်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမသည် တူကိုအသုံးပြု၍ ထိုအရာကို အပိုင်းတစ်ရာခန့်စိတ်ပိုင်းလိုက်သည်။ထို့နောက် သူမသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ နည်းနည်းချင်း စတင်၍စားလိုက်တော့သည်။

ဤမြင်ကွင်းကိုမြင်တွေ့ပြီး ဝမ် ယဲ့ ရှောင် လင်းချူ မိသားစုခေါင်းဆောင်ငါးယောက်သည် အချိန်တခဏကြာခန့် ဆွံ့အသွားလေ၏။

"ဒါဆိုရင် ငါတို့သွားပါတော့မယ်"

ယခင်ကအတွေ့အကြုံကြောင့် သူတို့ငါးယောက်သည် ဖက်ထုပ်ကို ​ဖြည်းညှင်းစွာစားလိုက်ကြ၏။သူတို့သည် စားသောက်ပြီးနောက် အလျှင်အမြန် မတ်တတ်ထရပ်ကာ ချီယီထုံကို နှုတ်ဆက်လိုက်ကြသည်။

"ထန်အာ...မင်း စီနီယာအတွက် သေချာအလုပ်လုပ်ပေးရမယ်နော်... မင်း ခိုကပ်နေလို့မရဘူး"

ဝမ်ကျန်းသည် ထွက်ခွာမသွားမီ ဝမ်ကျင်းထန်ကို အထူးသတိပေးလိုက်၏။ဤကဲ့သို့ စီနီယာတစ်ယောက်၏နောက်ကို လိုက်ခွင့်ရသည်မှာ သူတို့၏ဝမ်မိသားစုအတွက် အကန့်အသတ်မရှိသော အနာဂတ်ကြီးပင်။

"အဖေ....ကျွန်တော် သိပါတယ်"

ဝမ်ကျင်းထန်သည် အပြုံးနှင့်တုံ့ပြန်လိုက်၏။ ထို့နောက် သူ၏လက်အတွင်းရှိဓားရှည်ကို ဆော့ကစားကာ ထင်းများကို ပျော်ရွှင်စွာခုတ်နေတော့သည်။

"နင်က ဒီမှာ အလုပ်လုပ်တာလား"

ဝမ်လော့လီက မေးမြန်းသည်။

"အမှန်ပဲ ငါက စီနီယာအတွက် တောက်တိုမည်ရအလုပ်တွေ လုပ်ပေးနေတာ...ဒါကြောင့် ငါ ဒီနေရာမှာ နေလို့ရတာပဲ"

ဝမ်ကျင်းထန်က တုံ့ပြန်သည်။

"ငါက တကယ့်ကို ဝက်ဦးနှောက်ပဲ...ငါ ဒါကို ဘာလို့ အရင်က မစဉ်းစားမိတာလဲ"

ဝမ်လော့လီ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ဟပ်လာသည်။သူမသည် အသက်တစ်ရှိုက်စာအချိန်အတွင်း၌ ဖက်ထုပ်ရွက်အပိုင်းတစ်ရာကျော်ကို စားပြီးနောက် မတ်တတ်ထရပ်ကာ ချီယီထုံကို ကြည့်လိုက်၏။

"စီနီယာ တကယ်လို့ ငါက ဒီနေရာမှာနေပြီးတော့ နင့်အတွက် ဝေယျာဝစ္စတွေ လုပ်ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ"

Chapter 670

"စီနီယာ...ငါ ပြင်ထားတဲ့ နံရံကို ကြည့်လိုက်ပါအုံး...ဒါက ငါ့ရဲ့မျက်နှာထက်တောင် ချောမွေ့နေတာမဟုတ်လား...."

"စီနီယာ...ငါက ဒီလိုမျိုးအလုပ်တွေကို တကယ်လုပ်ချင်တယ်...မနေ့ညက နံရံကိုပြုပြင်နေတဲ့အချိန်မှာ ဒီအလုပ်က အရမ်းဂုဏ်ယူစရာကောင်းတယ်လို့ ငါ ခံစားမိတယ်"

"စီနီယာ....ငါက ဘာလုပ်အားခမှ မလိုချင်ပါဘူး... ငါက ဝမ်ကျင်းထန်ထက် သာစေရမယ်လို့ ငါ ကတိပေးတယ်"

ဝမ်လော့လီသည် သူမ၏ရင်ဘတ်ကိုပုတ်ကာ ဂုဏ်ယူဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

"မင်းကလား..."

ချီယီထုံသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် ယမန်နေ့ညက ဝမ်လော့လီပြုပြင်ခဲ့သော နံရံထံသို့ သူ၏အကြည့် ကျရောက်သွားသည်။

အမှန်တကယ်ကိုပင်...

ဤနံရံသည် ချောမွေ့နေပြီး မည်သည့်စောင်းရွဲ့ခြင်း အစင်းထခြင်းမျှ ရှိမနေဘဲ မူလနံရံထက်ပင် ပို၍ကောင်းမွန်နေသည်။

"ကောင်းပြီလေ...."

ချီယီထုံသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် သူ၏စိတ်အတွင်း၌ ရုတ်တရက် အတွေးတစ်ခု ထွက်ပေါ်လာသည်။

"မင်း နေလို့ရတယ်"

ချီယီထုံက သဘောတူညီလိုက်သည်။ဝမ်လော့လီကို ခေါ်ထားခြင်းဖြင့် သူ၏စားသောက်ဆိုင်ကို ပြုပြင်မွမ်းမံနိုင်ပေမည်။

ထို့ပြင် သူသည် ပစ္စည်းကောင်းများကို အသုံးပြုရပေမည်။

နံရံ ကြေမွှပျက်စီးသွားသည့် ကိစ္စမျိုးကို သူ ထပ်မံ၍ မမြင်တွေ့လိုတော့ချေ။

"စီနီယာကို ကျေးဇူးတင်ပါတယ်...."

ဝမ်လော့လီက ကျေးဇူးတင်စကား ပြောဆိုကာ သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူမသည် ဤစားသောက်ဆိုင်အတွင်း၌ နေနေသရွေ့ အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှလူများ ရောက်ရှိလာချိန်တွင် သူမအား ငေးမောကြည့်နေရုံသာ တတ်နိုင်ပေမည်။

ထင်းခုတ်နေသော ဝမ်ကျင်းထန်သည် ဝမ်လော့လီမှနေ၍ ချီယီထုံကို ​ပြောဆိုလိုက်သော စကားများကို ကြားမိလေ၏။သူ၏လက်ဖြင့် ဝှေ့ယမ်းနေသော အင်မော်တယ်ဓား ရုတ်တရက်ရပ်တန့်သွားသည်။

သူ၏စိတ်အတွင်း၌ အန္တရာယ်အငွေ့အသက်တစ်ခု မြင့်တက်လာသည်။

"သူက ငါ့ဆီက အခွင့်အရေးကို လုယူချင်နေတာလား....."

"မဖြစ်ဘူး...."

"ငါက သူ့ကို မောင်းထုတ်ရမယ်....မဟုတ်ရင် စီနီယာက ငါတစ်ယောက်တည်းကိုပဲ မျက်နှာသာပေးတော့မှာ မဟုတ်ဘူး"

"တကယ်လို့ ငါက သူ့ကို မောင်းမထုတ်နိုင်ရင်တောင်....ငါက သူ့ထက်သာအောင် အလုပ်ကြိုးစားရမယ်"

"စောင့်ကြည့်နေစမ်း....ငါဆေးတဲ့ပန်းကန်တွေက မင်းဆေးတာထက် ပိုပြောင်စေရမယ်...ငါ သန့်ရှင်းရေးလုပ်တဲ့ ကြမ်းပြင်ကလည်း မင်းလုပ်တာထက် ပိုပြီးတောက်ပြောင်စေရမယ်"

ဝမ်ကျင်းထန်သည် သူ၏စိတ်နှလုံးသားအတွင်းမှ တွေးတောကာ သူ၏မျက်လုံးများအတွင်း၌ ခိုင်မာပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ထို့နောက် သူသည် အားပို၍စိုက်ကာ သူ၏လက်အတွင်းရှိ အင်မော်တယ်ဓားကို ဆုပ်ကိုင်လိုက်၏။

"မဟုတ်သေးဘူး ငါ ထင်းခုတ်တာက ပုံမှန်အတိုင်းဆိုရင် တစ်နာရီလောက်ကြာတယ်...ငါ ဒါကို နာရီဝက်အတွင်း ပြီးအောင်ခုတ်နိုင်ရမယ်""

"ငါ ပိုပြီးမြန်ချင်တယ်"

ဝမ်ကျင်းထန်က ​တီးတိုးရေရွတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအားများကို နှိုးဆွလိုက်သည်။ထို့နောက် သူသည်အနည်းငယ်ရူးသွပ်သားသည့်အလား သာမန်ထက် နှစ်ဆပိုမြန်သော အရှိန်နှုန်းဖြင့် ထင်းများကိုခုတ်နေတော့သည်။

ဝမ်ကျင်းထန်၏အရှိန်နှုန်း လျင်မြန်လာသည်ကိုခံစားမိသဖြင့် ချီယီထုံက တစ်ချက်လှည့်ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကြည့်လိုက်အုံး... မင်း နောင်အနာဂတ်မှာ အလုပ်လုပ်မယ်ဆိုရင် သူ့လိုမျိုး တက်တက်ကြွကြွရှိနေသင့်တယ်"

ချီယီထုံသည် ဝမ်ကျင်းထန်ထံသို့ လက်ညှိုးညွှန်ပြကာ ဝမ်လော့လီကို ပြောဆိုသည်။

ဤဝမ်လော့လီသည် ယမန်နေ့ညက နံရံကိုပြုပြင်ရာ၌ ပျင်းရိနေခဲ့သည်။အကယ်၍ သူကိုယ်တိုင် ကြီးကြပ်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ယနေ့မနက်ထိတိုင် ဤနံရံကို ပြုပြင်ပြီးမည်မဟုတ်ချေ။

"ဟုတ်ကဲ့...."

ဝမ်လော့လီသည် ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြကာ ဝမ်ကျင်းထန် ထင်းခုတ်သောအရှိန်နှုန်းကို သူမ၏စိတ်အတွင်း၌ တေးမှတ်လိုက်သည်။

"ငါ ထင်းခုတ်တဲ့အချိန်ကျရင် သူ့ထက် နည်းနည်းလေးမြန်အောင် လုပ်ရမယ်...မဟုတ်ရင် ငါက ပျင်းရိတဲ့သူလို့ စီနီယာက ထင်သွားလိမ့်မယ်"

ဝမ်လော့လီက ထိုသို့တွေးတောလိုက်၏။

"မင်းက ငါ့ရဲ့ဆိုင်မှာ အလုပ်လုပ်မယ်ဆိုမှတော့ ငါက မင်းရဲ့သူဌေးပဲ....နောင်အနာဂတ်မှာ ငါ့ကို စီနီယာလို့မခေါ်နဲ့...ဆိုင်ရှင်လို့ပဲ ခေါ်ပါ"

ချီယီထုံက ပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဆိုင်ရှင်"

ဝမ်လော့လီက ထိုကိစ္စကို မှတ်သားလိုက်သည်။ ကြည့်ရသည်မှာ ယခင်ကလာခဲ့သော လူအိုကြီးငါးယောက်နှင့်ဝမ်ကျင်းထန်တို့သည်လည်း စီနီယာကို ဤကဲ့သို့ခေါ်ဆိုပုံပင်။

ထိုကြောင့် သူမ၏အခေါ်အဝေါ်ကို အလျှင်အမြန်ပြောင်းလဲလိုက်သည်။

"လုပ်အားခအတွက်ကတော့ မင်းက မလိုချင်ဘူးလို့ ပြောထားခဲ့တယ်"

"တကယ်လို့ မင်းစားချင်တယ်ဆိုရင် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုနဲ့ မင်း ဝယ်စားလို့ရတယ်"

"တကယ်လို့ မင်းအိပ်ချင်တယ်ဆိုရင် ဝမ်ကျင်းထန်နဲ့အတူ ကြက်ခြံထဲမှာ အိပ်လို့ရတယ်"

ချီယီထုံက အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆက်လက်၍ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့"

ဝမ်လော့လီက ထပ်မံ၍ ခေါင်းညိတ်ပြလေသည်။အကယ်၍ သူမသည် ကြက်ခြံအတွင်း၌ အိပ်ရမည်ဆိုလျှင်ပင် ထိုကိစ္စကို သူမ လက်ခံနိုင်သည်။သူမ၏ကျင့်ကြံဆင့်စွမ်းအားများ ပြန်လည်ရရှိလာရုံသာမက ကျင့်ကြံဆင့်နယ်ပယ်ပင် ချိုးဖျက်ထားနိုင်လေရာ ဤသည်မှာ လက်စားချေရမည့်အချိန်ပင်။

"ပထမဆုံးအနေနဲ့ တံခါးရှေ့က လှေကားတွေကိုဖြိုချပြီးတော့ အသစ်ပြန်လုပ်ရမယ်"

"မင်း မှတ်ထားရမှာက အရည်အသွေးကို သေသေချာချာ ထိန်းချုပ်ရမယ်...ဒီနံရံအတိုင်း ချောမွေ့နေအောင်လုပ်ပါ"

ချီယီထုံက သူ၏လက်ကိုဝှေ့ယမ်းကာ တံခါးရှေ့ရှိ လှေကားသစ်များကို အသစ်ပြန်လည်ပြုလုပ်ရန် ဝမ်လော့လီကို ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

ဝမ်လော့လီက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးကာ ပန်းရန်သုံးဓားနှင့်တူကြီးတစ်လက်ကိုကောက်ယူပြီး အပြုံးနှင့်စားသောက်ဆိုင်၏တံခါးဝထံသို့ အပြေးသွားတော့သည်။

သူမ၏နှုတ်မှနေ၍ တေးသွားတစ်ပုဒ်ကိုပင် လေချွန်နေသည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံး သွက်လက်နေကာ တူကြီးကိုကိုင်ပြီး လှေကားထစ်များကို ထုချေလိုက်သည့်အချိန်ထိ သူမ၏နှုတ်မှ တစ်စုံတစ်ခုကိုရေရွတ်နေဆဲပင်။

ဤသံစဉ်တေးသွားသည် သူမ မည်သည့်အရာကို ရွတ်ဆိုနေသည်အား မသိနိုင်ချေ။

"ဒါက ဝမ်လော့လီ မဟုတ်လား"

"ဝမ်လော့လီ အပြင်ကိုထွက်လာပြီ....ငါတို့ ဘာလုပ်ကြမလဲ"

မဟာအကြီးအကဲမှ နေရာချထားခဲ့သော အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲတစ်ယောက်နှင့်ဂိုဏ်းသားများ စားသောက်ဆိုင်၏တစ်ဖက်ခြမ်း၌ ရှိနေလေ၏။

ဝမ်လော့လီကို မြင်တွေ့ချိန်၌ သူသည် လှုပ်ရှားမှုပြုလုပ်ရန် ဟန်ပြင်လိုက်တော့သည်။

"ဒီလူတွေ လာရှုပ်ပြန်ပြီ"

ကြယ်အင်မော်တယ်တစ်ယောက် ဖြစ်နေသဖြင့် ဝမ်လော့လီက ထိုလူများ၏တည်ရှိမှုကို အာရုံခံမိသည်။ထို့ကြောင့် သူမသည် အနောက်သို့လှည့်ကြည့်ကာ အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ လူများကိုကြည့်ပြီး သူမ၏မျက်နှာရှုံမဲ့သွားသည်။

ယခုအချိန်တွင် သူမသည် ကြယ်အင်မော်တယ်တစ်ယောက် ဖြစ်နေလေပြီ။

ဤလူများထံတွင် သူမအား ရိုက်နှက်ရန် မည်သည်ကြောင့် အရည်အချင်းရှိနိုင်မည်နည်း။

"ဟမ့် လှုပ်ရှားကြစို့"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှအကြီးအကဲသည် သူ၏ဒေါသများကို ထိန်းချုပ်မထားနိုင်တော့ချေ။မဟာအကြီးအကဲသည် ဂိုဏ်းချုပ် ရောက်မလာသေးမီအချိန်၌ စားသောက်ဆိုင်အတွင်းတွင် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ရန် သူ့အား မှာကြားခဲ့သည်။

ထို့ကြောင့် မဟာအကြီးအကဲသည်စားသောက်ဆိုင်နှင့် သူတိုအကြား၌ အင်မော်တယ်စွမ်းအားကို အသုံးပြု၍ အဖြူရောင်မျဥ်းတစ်ကြောင်းကို ရေးဆွဲခဲ့သည်။

ယခုလက်ရှိအချိန်တွင် ဝင်လော့လီသည် စားသောက်ဆိုင်ဘက်ခြမ်းမှ ထွက်လာပေ၏။

သူတို့သည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ ဝမ်လော့လီကို ဖမ်းဆီးနိုင်ပါက ကြီးမားသောအောင်မြင်မှုကို ရရှိပေမည်။

"ဝမ်လော့လီ မင်း သေပြီသာမှတ်...."

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနှစ်သာရစွမ်းအားများကိုနှိုးဆွ၍ သူ၏လက်နှစ်ဖက်ကိုဝှေ့ယမ်းကာ ဝမ်လော့လီထံသို့ဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

"အော် ငါ တောင်းပန်ပါတယ်...ငါက စားသောက်ဆိုင်ဘက်မှာ မတ်တပ်ရပ်နေတာ..."

ဝမ်လော့လီက ပေါ့ပေါ့ပါးပါးပြုံးလိုက်၏။ ထို့နောက် သူမသည် ခြေလှမ်းတစ်လှမ်းကို လွယ်လင့်တကူဆုတ်ကာ အဖြူရောင်မျဥ်းကြောင်း၏နောက်သို့ ပြန်လည်ရောက်ရှိသွားလေပြီ။

"မင်း...."

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲသည် အလွန်ဒေါသထွက်သွားလေ၏။သို့ရာတွင် သူသည် မဟာအကြီးအကဲ၏စကားကို လိုက်နာရမည်ဖြစ်သောကြောင့် အဖြူရောင်မျဥ်းကြောင်းကို ဖြတ်ကျော်ဝံ့ခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ နေလအင်မော်တယ်များသည် သူတို့ကဲ့သို့လူများ အပြစ်ပြု၍မရသော တည်ရှိမှုကြီးများဖြစ်ကြောင်း သူတို့အားလုံး သိရှိထားသည်။

"အရူးကြီး....ငါ့ကို လာရိုက်လေ"

သူ ဒေါသတကြီးဖြင့် နောက်သို့ချာခနဲလှည့်လိုက်သောအချိန်မှာပင် ဝမ်လော့လီက သူမ၏လက်ဝါးဖြင့် သူအား နောက်မှရိုက်နှက်လိုက်သည်။

"ဖူး...."

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်း အကြီးအကဲ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။

"မင်း...."

"ငါက ဘာဖြစ်လဲ....ငါ့ကို လာဖမ်းလေ"

ဝမ်လော့လီသည် ပို၍ပို၍ ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားရသဖြင့် သူမ၏တင်ပါးကို လက်ဖြင့်ပုတ်ကာ စိန်ခေါ်လိုက်၏။

"မင်း....မင်း....မင်း...မင်း..."

"သွားကြစို့"

အနက်ရောင်ကောင်းကင်ပုံဂိုဏ်းမှ အကြီးအကဲသည် ဒေါသတကြီးပြောဆိုကာ ဂိုဏ်းမှကျင့်ကြံသူများကို ခေါ်ဆောင်၍ စားသောက်ဆိုင်၏တစ်ဖက်ခြမ်းသို့ တဖန်ပြန်၍သွားလိုက်သည်။

"အမှိုက်တစ်သိုက်...."

ဝမ်လော့လီသည် သူမ၏လက်ခလယ်အား သူတို့ထံသို့ထောင်ပြကာ အထင်အမြင်သေးသောအမူအယာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ထို့နောက် သူမသည် လှေကားထံသို့ပြန်သွားကာ တူကိုကောက်ကိုင်လိုက်၏။

သူမက တူဖြင့်တစ်ချက်ချင်းထုကာ လှေကားမှ အုတ်များကို ခြေမွှဖျက်ဆီးလိုက်သည်။

"အကြီးအကဲ....တကယ်ကိုပဲ အကြီးအကဲက ဒေါသတွေကို မြိုသိပ်လိုက်တာလား"

လမ်းတစ်ဖက်ခြမ်းသို့အရောက်တွင် အနက်ရောင်ကောင်းကင်ပုံဂိုဏ်းမှကျင့်ကြံသူတစ်ယောက်က အကြီးအကဲကိုကြည့်ကာ သံသယအပြည့်ဖြင့် မေးမြန်းသည်။

"ဟမ့် စောင့်ကြည့်နေကြစမ်း"

"အခုချိန်မှာ သူ့ကို မောက်မာခွင့်ပြုလိုက်မယ်....ဂိုဏ်းချုပ်ရောက်လာတဲ့အချိန်ကျရင် အဲ့ဒီကောင်မလေး ဆက်ပြီးမောက်မာနိုင်မှာလားဆိုတာ ငါ ကြည့်အုံးမယ်"

အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲက အေးစက်တင်းမာစွာ ပြောဆိုသည်။

ဤစားသောက်ဆိုင်အတွင်း၌ နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေသည့်အကြောင်းနှင့် ပတ်သက်ပြီး မဟာအကြီးအကဲသည် ဂိုဏ်းချုပ်ထံသို့ ပြန်၍သတင်းပို့နေပေ၏။

All Chapters