← Chapters

အခန်း (၆၈၆-၆၉၀)

Vol. 46 Ch. 686-690

အခန်း (၆၈၆-၆၉၀)

Vol. 46 Ch. 686-690

Chapter 686

'ဒင်...'

'လက်ခံသူကို အကြောင်းပြန်ပါတယ်....မင်းက ဝင်္ကပါပညာရပ်နဲ့ ပတ်သက်ပြီးတော့ ဘာကိုမှ မတတ်မြောက်ပါဘူး"

စနစ်မှအသံ ထွက်ပေါ်လာပြီးနောက်...

"ငါက ဝင်္ကပါပညာရပ်တွေကို မတတ်ဘူးလား"

ရီဖုန်းက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ မယုံကြည်နိုင်စွာမေးမြန်းသည်။

"ဒါဆိုရင် ငါ မင်းကိုမေးမယ်....ငါက ဝင်္ကပါပညာရပ်ကို မတတ်မြောက်ဘူးဆိုရင်...ငါက ဘာလို့ အဲ့ဒီဝင်္ကပါကြီးကို အထိအခိုက်မရှိ ဝင်သွားနိုင်ပြီးတော့..ငါ ပြန်ထွက်လာတဲ့အချိန်မှာ ဝင်္ကပါကြီးက ဘာလို့ပျက်စီးသွားတာလဲ"

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည့်တိုင်...

စနစ်ထံမှနေ၍ မည်သည့်တုံ့ပြန်သံမျှ ထွက်ပေါ်မလာချေ။

"အဲ့ဒီလိုလား...."

"ခွေးစနစ်....မင်းက ဘာမှမပြောမှတော့ ငါ့ဟာငါ အတည်ပြုမယ်"

ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် တံခါး၏ပြင်ပသို့ လျှောက်လှမ်းသွားလိုက်၏။

သူ တံခါးကိုဖွင့်လိုက်သည်နှင့် ခြံရှင်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်နေသည်ကို သူ မြင်တွေ့မိသည်။

ရီဖုန်း ထွက်လာသည်ကိုကြည့်ပြီး သူက တုန်တုန်ရီရီဖြင့် အော်ဟစ်လေသည်။

"ဆရာကြီး...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ...ကျေးဇူးပြုပြီးတော့ သဘောထားကြီးကြီးထားပေးပါ"

ရီဖုန်းသည် ခြံရှင်ကိုကြည့်ကာ ဆွံ့အသွားသည်။

ဤခြံရှင်သည် လင်းညီအစ်ကိုသုံးယောက်ကြောင့် သူ့အား သတ္တမအဆင့် ဝင်္ကပါပညာရှင်ဟုတွေးထင်ကာ ထိတ်လန့်ကြောက်ရွံနေခြင်းဖြစ်ပေမည်။

"ဟူး...."

"ထတော့...အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး"

ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ခြံရှင်ကို မတ်တတ်ထရပ်ရန် တွဲထူပေးလိုက်သည်။သူသည် သတ္တမအဆင့် ဝင်္ကပါပညာရှင် မဟုတ်ချေ။အကယ်၍ သူ အမှန်တကယ်ဖြစ်နေလျှင်ပင် သူနှင့်ခြံရှင်အကြား၌ မည်သည့်ပဋိပက္ခမျှ မရှိချေ။

ရီဖုန်းသည် ကိုယ်တိုင်ကိုယ်ကျ သူ့အား တွဲထူပေးသဖြင့် ခြံရှင်သည် အလွန်ဝမ်းသာပျော်ရွှင်နေကာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤဆရာကြီးသည် သူ၏ယခင်အပြုအမူများအတွက် သူ့အား အပြစ်မတင်ရုံသာမက အလွန်သနားကြင်နာတတ်မည်ဟု သူ မျှော်လင့်မထားမိချေ။

လူတစ်ယောက်သည် ပို၍အစွမ်းထက်လာလေလေ သူ၏အကျင့်စရိုက် ပို၍နူးညံသိမ်မွေ့လာလေလေဟူသော ဆိုရိုးစကားသည် မှန်ကန်ပေ၏။

"ကျေးဇူးတင်ပါတယ် ဆရာကြီး....တကယ်လို့ မင်း လုပ်ဆောင်ချင်တဲ့ ကိစ္စတစ်ခုခု ရှိနေမယ်ဆိုရင် ငါ့ကို ခိုင်းလို့ရတယ်"

ခြံရှင်က ရိုသေလေးစားစွာ ပြောဆိုသည်။

"ဒီလိုဆိုမှတော့ မင်း ငါ့ကို တစ်ခုလောက် ကူညီပေးပါလား"

ရီဖုန်းက သူ၏မေးစေ့ကိုပွတ်သပ်ကာ ပြောဆိုသည်။

"မင်းတို့ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေက ဝင်္ကပါပညာရပ်ကို အဓိကထားပြီး ကျင့်ကြံကြတယ်...ဒါကြောင့် အစပျိုးအဆင့် ဝင်္ကပါနည်းစနစ်တွေကို အလွယ်တကူ ရနိုင်တယ်မဟုတ်လား...."

"တကယ်လို့ မင်း အဲ့ဒီစာအုပ်တွေကို ရနိုင်မယ်ဆိုရင်....ငါ့ဆီကို တစ်အုပ်လောက် အမြန်ဆုံးယူလာခဲ့ပေးနိုင်မလား"

"ဆရာကြီး လိုချင်တယ်ဆိုရင်...ငါက အဲ့ဒီစာအုပ်တွေကို ယူပေးပါ့မယ်...ခဏလောက်ပဲ စောင့်ပေးပါ...ငါက အဲ့ဒီစာအုပ်တွေကို အခုချက်ချင်း သွားရှာပေးပါ့မယ်"

ဆိုင်ရှင်က ရိုသေလေးစားစွာပြောဆိုကာ နောက်သို့ပြန်လှည့်ပြီး ထွက်ခွာသွားတော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ရီဖုန်းက ခြံဝန်းအတွင်းသို့ပြန်ဝင်ကာ စောင့်ဆိုင်းလိုက်၏။

အစပျိုးအဆင့် ဝင်္ကပါနည်းစနစ်များကို သူ အလိုရှိနေသော အကြောင်းအရင်းသည် ဝင်္ကပါနည်းစနစ်များအပေါ် သူ နားလည်သဘောပေါက်ခြင်းရှိမရှိကို စမ်းသပ်ကြည့်ရန်ပင်။

အကယ်၍ သူသည် ဝင်္ကပါပညာရပ်တွင် အရည်အချင်းရှိနေပြီး ထိုကိစ္စကို မသိရှိခြင်းဖြစ်နေပါက အစပျိုးအဆင့်ဝင်္ကပါနည်းစနစ်များအရ အဆင့်နိမ့်ဝင်္ကပါတစ်ခုကို သူ လွယ်လင့်တကူခင်းကျင်းနိုင်ပေမည်။

မကြာမီမှာပင် ခြံရှင်သည် ကျောက်စိမ်းပြားတစ်ခုကိုကိုင်၍ ပြန်လည်ရောက်ရှိလာကာ ထိုအရာကို ရီဖုန်းထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးသည်။

ရီဖုန်းသည် ထိုကျောက်စိမ်းပြားကို ခြေမွှဖျက်ဆီးလိုက်ရာ အလွန်များပြားသော အချက်အလက်များက သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။

ထိုအရာတွင် ဝင်္ကပါပညာရပ်၏ အခြေခံအသိပညာများ အဆင့်နိမ့်ဝင်္ကပါတချို့ကို ခင်းကျင်းသည့်နည်းစနစ်များ ပါဝင်သည်။ဤသည်မှာ ရီဖုန်းလိုအပ်သောအရာ အတိအကျပင်။

ဤအချိန်တွင် ခြံရှင်သည် ပြန်ထွက်သွားခြင်းမပြုချေ။သူသည် သူ၏ခါးကိုညွှတ်ကိုင်းကာ ကြေးနီမှန်တစ်ချက်ကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်၍ ရီဖုန်းထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလေ၏။

"ဆရာကြီး...ဒါက ငါ့ရဲ့ခြံဝန်းထဲမှာ မင်း နေတာကြောင့် လင်းညီအစ်ကိုသုံးယောက်က ငါ့ကိုပေးခဲ့တာပါ...ငါက ဒီလိုဆုလာဘ်မျိုးကို လက်မခံရဲဘူး....ဒါကြောင့် ငါက ဆရာကြီးကို ဒီပစ္စည်း ပေးပါ့ရစေ"

"အမ်"

ရီဖုန်းသည် ထိုကြေးနီမှန်ကို တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းမရှိုက်ဘဲ မနေနိုင်တော့ချေ။

သူသည် ဤကြေးနီမှန်နှင့်ပတ်သက်ပြီး သာမာန်ထက်ထူးခြားသော တစ်စုံတစ်ခုကို မြင်တွေ့မိခြင်းမရှိပေ။

ထိုအရာပေါ်တွင် ရွှေငွေကျောက်သံပတ္တမြားများကိုလည်း နှစ်မြုပ်ထားခြင်းမရှိချေ။

လင်းညီအစ်ကိုသုံးယောက်ကို ကြည့်ရသည်မှာ အလွန်ချမ်းသာပုံရသော်လည်း သူတို့သည် ကပ်စေးနှဲသူများပင်။

ထို့ကြောင့် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"အဲ့ဒီအမှိုက်က ငါ့အတွက် အသုံးမဝင်ဘူး....တကယ်လို့ မင်း အသုံးပြုချင်တယ်ဆိုရင် မင်းပဲယူလိုက်တော့"

"ပြီးတော့ ကျောက်စိမ်းပြားအတွက် မင်းကို ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ခြံဝန်းတံခါးကိုပိတ်ကာ ဝင်္ကပါခင်းကျင်းရန်အတွက် ပစ္စည်းများကို ပြင်ဆင်လိုက်သည်။

ခြံဝန်းတံခါး၏ပြင်ပတွင် ခြံရှင်သည် သူ၏လက်အတွင်းရှိ ကြေးနီမှန်ကိုကြည့်ကာ အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိချေ။

ဆရာကြီး၏မျက်လုံးအတွင်း၌ အဆင့်နိမ့် အင်မော်တယ်ရတနာတစ်ခုသည် အသုံးမဝင်သောအမှိုက် ဖြစ်နေသလော....

ဆရာကြီးသည် အမှန်တကယ်ကို ဆရာကြီးပင်။

နာရီအနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ရီဖုန်းသည် သက်ဆိုင်ရာပစ္စည်းများကို ပြင်ဆင်ကာ ခြံဝန်းအတွင်း၌ ဟိုရွှေ့သည်ရွှေ့လုပ်နေသည်။

ခြံဝန်းအတွင်းရှိ မြေပြင်ပေါ်တွင် တုတ်များဖြင့် ပြည့်နှက်နေပေ၏။

ဤတစ်ကြိမ်တွင် သူသည် အဆင့်နိမ့်အလင်းစုစည်းခြင်းဝင်္ကပါကို ခင်းကျင်းရန် ပြင်ဆင်ခဲ့သည်။

ထိုဝင်္ကပါကို ခင်းကျင်းပြီးနောက် အလင်းတန်းများသည် ဝင်္ကပါဗဟိုချက်၌ စုဝေးပြီး သိပ်သည်းသွားကာ အပူလှိုင်းများကို ထုတ်လွှတ်ပေးပေမည်။

ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ ရီဖုန်းသည် ဝင်္ကပါပညာရပ်နယ်ပယ်တွင် အမှန်တကယ် အရည်အချင်းရှိနေလျှင် လမ်းညွှန်ချက်များအရ လုပ်ဆောင်ပါက မည်သည်ကြောင့် အလင်းစုစည်းခြင်းဝင်္ကပါကို သူ မခင်းကျင်းနိုင်ဘဲနေမည်နည်း။

သို့ရာတွင်....

နောက်ထပ်နာရီအနည်းငယ်ခန့် ကုန်ဆုံးသွားသည့်တိုင် ဝင်္ကပါဗဟိုချက်၌ အလင်းတန်းများ နေနေသာသာ အခိုးအငွေ့တစ်ခုပင် ထွက်ပေါ်လာခြင်းမရှိချေ။

ရီဖုန်းသည် ဤကိစ္စကို ယုံကြည်လက်ခံနိုင်ခြင်း မရှိသဖြင့် ထပ်ခါတလဲလဲ ကြိုးစားလိုက်သည်။

နောက်ဆုံး၌.....

သူသည် ခြေထောက်တစ်ဖက်ဖြင့် ဝင်္ကပါတစ်ခုလုံးကိုဆောင့်နင်းကာ ဖျက်ဆီးလိုက်တော့သည်။

"သောက်ချေးပဲ...."

"သောက်ရေးမပါတဲ့ ဝင်္ကပါ...."

သူသည် ကျယ်လောင်စွာဆဲဆိုကာ မှုန်ကုပ်ကုပ်မျက်နှာဖြင့် လှေကားထစ်ပေါ်၌ ထိုင်လိုက်၏။

ဝင်္ကပါပညာရပ်သည် သူနှင့် အမှန်တကယ်ကို အံ့ဝင်ခွင်ကျဖြစ်မနေကြောင်း သူ နားလည်သဘောပေါက်သွားလေပြီ။

မဟာနတ်ဆိုးဝင်္ကပါကြီး ပျက်ဆီးသွားသည်မှာမူ စနစ်၏ကူညီပေးမှုဖြစ်မည်ဟု ရီဖုန်းက ခန့်မှန်းမိသည်။

"ငါက ဝင်္ကပါပညာရှင်တစ်ယောက်လို့ တွေးထင်ပြီးတော့ ငါ ပျော်ခဲ့မိတယ်"

"ဟူး...."

ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ပင်ပန်းနေသောခန္ဓာကိုယ်ကို အားယူထကာ ဆေးကြောသန့်စင်ပြီး အိပ်စက်လိုက်တော့သည်။

သို့ရာတွင်....

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ....

ထျန်းယုံမြို့သို့ ဝင်္ကပါပညာရှင်များ ပို၍ပို၍ရောက်ရှိလာကာ ရီဖုန်းထံသို့ အလည်အပတ်လာရောက်ကြသည်။

လူအိုကြီးများမှ လူငယ်များထိပင်။

သူတို့သည် ရီဖုန်း၏ခြံဝန်းပြင်ပ၌ ဒူးထောက်ကာ သူ့အား ဆရာအဖြစ် အသိအမှတ်ပြုခံရန် တောင်းဆိုနေကြသည်။

တခြားလူများ၏ရိုသေလေးစားခြင်း ခံရသည့်အတွက် သူ၏ခံစားချက်များ ကောင်းမွန်နေသော်လည်း သူသည် ဝင်္ကပါပညာရပ်နှင့်ပတ်သက်ပြီး တစ်ခုတစ်လေကိုမျှ မသိရှိချေ။

"ငါ မင်းတို့ကို ဘယ်နှစ်ခါပြောရမှာလဲ....ငါက ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ဖို့ နေနေသာသာ ဝင်္ကပါနည်းစနစ်တွေကို နည်းနည်းလေးတောင် နားမလည်ဘူး"

သူ၏တံခါးရှေ့၌ ဒူးထောက်နေသော ငယ်ရွယ်သည့် ယောက်ျားလေးများ မိန်းကလေးများနှင့် မျက်နှာချင်းဆိုင်ရစဉ်တွင် ရီဖုန်းသည် ကူကယ်ရာမဲ့ဖြစ်သွားကာ ထိတ်ထိတ်ပျာပျာရှင်းပြလိုက်၏။

"ဝင်္ကပါပညာရပ်အပေါ် စီနီယာရဲ့နားလည်သဘောပေါက်မှုက လူသားတွေထက် ကျော်လွန်ပြီးတော့ မိုးထက်မြင့်တဲ့အဆင့်ကို ရောက်နေပြီ...ဒါပေမဲ့ စီနီယာက ဝင်္ကပါပညာရပ်ကို နားမလည်ဘူးလို့ နှိမ့်ချပြီးပြောနေခဲ့တယ်...ဒါက ကျွန်တော်တို့ကို အရမ်းအရှက်ရစေတယ်"

မြေပြင်ပေါ်၌ ဒူးထောက်နေသော လူငယ်များက ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။

ရီဖုန်းသည် သူ၏နဖူးကို လက်ဖြင့်ရိုက်ပုတ်ကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

မည့်သည်ကြောင့် ဤကဲ့သို့ ရူးကြောင်ကြောင်လူတစ်သိုက် ရှိနေရသနည်း....

မည်သည့်ကြောင့် သူ ထိုကိစ္စကို ပိုပြီးရှင်းပြလေလေ ပို၍ရှုပ်ထွေးလာလေလေ ဖြစ်နေသနည်း....

မူလက သူသည် လူအနည်းငယ်ကို တပည့်အဖြစ် အမှန်တကယ်လက်ခံလိုခဲ့သည်။မည်သို့ပင်ဆိုစေကာမူ သူသည် နောက်ဆုံးတပည့်တစ်ယောက်ကို လက်ခံရပေမည်။သို့ရာတွင် သူတို့သည် စနစ်၏အသိအမှတ်ပြုမှုကို အနည်းငယ်မျှ ရယူနိုင်ခြင်းမရှိချေ။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူသည် ဝင်္ကပါပညာရှင်တစ်ယောက် အမှန်တကယ်ဖြစ်မနေခြင်းပင်။ဤလူများသည် နားလည်မှုလွဲနေခြင်းဖြစ်ရာ သူ မည်သို့ သင်ကြားပေးရမည်နည်း။

အကယ်၍ ဤကိစ္စကို သူ အဆုံးထိဖြေရှင်းနိုင်ရခြင်းမရှိပါက သူ ကောင်းကောင်းမွန်မွန်နေနိုင်တော့မည် မဟုတ်ချေ။

"မင်းတို့ သွားကြတော့....ငါက မင်းတို့ကို သင်မပေးနိုင်ဘူး"

ရီဖုန်းက ထပ်မံ၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"တကယ်လို့ စီနီယာက ငါတို့ကို သင်မပေးနိုင်ဘူးဆိုရင် လောကကြီးထဲမှာရှိတဲ့ ဘယ်သူက ငါတို့ကို သင်ပေးနိုင်မှာလဲ"

လူငယ်များက ရိုသေလေးစားစွာ ပြောဆိုသည်။

"အမှန်ပဲ"

အဝေးတစ်နေရာမှရောက်ရှိလာသော တခြားလူငယ်တချို့သည်လည်း မြေပြင်ပေါ်၌ တစ်ပြိုင်နက်တည်းဒူးထောက်ကာ ပြောဆိုလိုက်ကြ၏

"တကယ်လို့ စီနီယာက သင်ကြားမပေးနိုင်ဘူးဆိုရင် ဒီလောကကြီးထဲမှာ ဘယ်သူက သူ့ကိုယ်သူ ဆရာကြီးလို့ ခေါ်ဆိုခံဝံ့မှာလဲ"

Chapter 687

လူငယ်များ ထပ်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် လုံးလုံးလျားလျား ဆွံ့အသွားပေ၏။

"ကောင်းပြီလေ...မင်းတို့ ပြောတဲ့အတိုင်းပဲ"

"ငါက အရမ်းတော်တယ်...ဟုတ်ပြီလား..."

"တကယ်လို့ မင်းတို့က ငါ့ကို သတ္တမအဆင့်လို့ပြောရင် သတ္တမအဆင့်ပဲ...တကယ်လို့ မင်းတို့က ငါ့ကို အဋ္ဌမအဆင့်လို့ပြောရင် ငါက အဋ္ဌမအဆင့်ပဲ...ဟုတ်ပြီလား...."

ရီဖုန်းသည် ကျယ်လောင်စွာအော်ဟစ်ကာ ဒုန်းခနဲမြည်သံနှင့်အတူ ခြံဝန်းတံခါးကိုပိတ်လိုက်သည်။သူသည် ဝင်္ကပါပညာရှင်တစ်ယောက်မဟုတ်သော်လည်း ဤကိစ္စကို ထိုလူများအား ရှင်းပြနိုင်ခြင်းမရှိချေ။သူ မည်မျှပင် ရှင်းပြနေပါစေ သူ့အား ဆရာကြီးတစ်ယောက်ဟုသာ သူတို့အားလုံး တွေးထင်ထားကြသည်။

သူ၏ဝင်္ကပါပညာရပ်ဆိုင်ရာ အရည်အချင်းသည် အမှန်တကယ်ကို ထူးချွန်နေပါက သူတို့အားလုံး ထိုသို့ပြောဆိုသည်မှာ ပြဿနာမရှိချေ။သို့ရာတွင် သောက်ရေးမပါလှစွာဖြင့် သူသည် အဆင့်နိမ့်အလင်းစုစည်းခြင်းဝင်္ကပါကိုပင် ခင်းကျင်းနိုင်ခြင်းမရှိချေ။

သို့ရာတွင်....

ခြံတံခါးရှေ့၌ ဒူးထောက်နေသော လူငယ်များအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။

"စီနီယာရဲ့နောက်ဆုံးစကားကို နင်တို့ ကြားလိုက်လား"

လှပချောမောသော မိန်းကလေးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

"အမှန်ပဲ...စီနီယာ ဆိုလိုတဲ့သဘောက...သူက အဋ္ဌမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်လို့ ​ပြောချင်တာလား"

လူငယ်တစ်ယောက်က တုံ့ပြန်သည်။

ထိုစကားကိုကြားချိန်တွင်....

လက်ရှိနေရာတွင် ရှိနေသူများအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တပြိုင်နက်တည်း ပင့်သက်ရှိုက်လိုက်ကြ၏။

သတင်းထူး...

ကြီးမားသောသတင်းပင်....

စီနီယာသည် သတ္တမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်မည်ဟု မူလက သူတို့အားလုံး တွေးထင်ထားကြသည်။သို့ရာတွင် ယခုကြည့်ရသလောက် စီနီယာသည် အနိမ့်ဆုံးအနေဖြင့် အဋ္ဌမအဆင့်၌ရှိနေပုံပင်။

ယနေ့တွင် တပည့်အဖြစ်ခံယူရန် သူတို့အတွက် မျှော်လင့်ချက်မရှိတော့ကြောင်း လူငယ်များသိရှိသွားသဖြင့် လူခွဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားတော့သည်။

"စီနီယာအစ်ကို...အရမ်းအံ့အားသင့်ဖို့ကောင်းတဲ့ သတင်းပါတယ်"

လူငယ်တစ်ယောက်သည် စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ပြေးဝင်ကာ သူ့အားစောင့်နေသောလူကို ပြောဆိုလိုက်၏။

"စီနီယာက သူ့ကိုယ်သူ သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့်လည်းဖြစ်နိုင်တယ်လို့ ပြောတာကို ငါ ကြားခဲ့တယ်...ဒီစကားရဲ့အဓိပ္ပါယ်က အရမ်းရှင်းတယ်...သူ့အပေါ် ငါတို့ရဲ့အကဲဖြတ်မှုတွေအားလုံးက မှားနေခဲ့တယ်....သူ့ရဲ့အစစ်အမှန်အဆင့်က အနည်းဆုံး အဋ္ဌမအဆင့်မှာ ရှိနေနိုင်တယ်"

"ဘာ...."

ထိုလူက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"အနိမ့်ဆုံး အဋ္ဌမအဆင့်...ဂျူနီယာညီလေး...မင်း မမှားတာသေချာလား..."

သူက ထိတ်လန့်တကြား မေးမြန်းသည်။

"သေချာတယ်..."

လူငယ်က တုံ့ပြန်သည်။

"ဒီသတင်းက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲ"

ထိုသို့ပြောဆိုပြီးနောက် သူ၏မိတ်ဆွေများကို ထိုသတင်းအားဝေမျှရန် မစောင့်ဆိုင်းနိုင်တော့သဖြင့် သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။

သူသည် မိတ်ဆွေများအားလုံးကို ဤနေရာသို့ခေါ်ဆောင်ပြီးနောက် မအောင့်အည်းနိုင်တော့ဘဲ ထိုသတင်းကို စတင်၍ပြောဆိုလိုက်တော့သည်။

"အားလုံးပဲ...ငါ ဒီနေ့ မင်းတို့အားလုံးကို ဒီနေရာဆီခေါ်လိုက်တာက သတင်းကောင်းတစ်ခုကို ပြောပြချင်လို့ပဲ"

ထိုလူက တည်ကြည်လေးနက်သော အသံဖြင့်ပြောဆိုသည်။

ထိုစကားကို ကြားချိန်တွင်....

လူတိုင်းသည် သူ့အားကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်ကြသည်။

"ဘာသတင်းမလို့ ဒီလောက်ထိ အလေးအနက်ထားနေတာလဲ"

ထိုလူသည် သူ၏အတွေးများကို နှိုင်းဆဆင်ခြင်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ငါ့ရဲ့ဂျူနီယာညီလေးဆီက ရခဲ့တဲ့သတင်းအရဆိုရင်... မဟာနတ်ဆိုးဝင်္ကပါကြီးကို ချိုးဖျက်ခဲ့တဲ့ စီနီယာက သတ္တမအဆင့် ဝင်္ကပါပညာရှင် မဟုတ်ဘူး...သူက အနိမ့်ဆုံး အဋ္ဌမအဆင့်မှာရှိနေတယ်...."

ထိုစကားလုံးများ ကျရောက်သွားသည်နှင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏စိတ်များအတွင်း၌ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

"အဋ္ဌမအဆင့်...."

"အနိမ့်ဆုံး အဋ္ဌမအဆင့်လား...."

"အဲ့ဒီလိုဆိုရင် စီနီယာက နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နိုင်ချေရှိလား..."

"အမှန်ပဲ...ဒါက ဖြစ်နိုင်တယ်..."

ထိုလူက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။

"ဟူး...."

သူတို့အားလုံး စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

"နဝမအဆင့်...နဝမအဆင့် ဝင်္ကပါပညာရှင်...."

"အိုး...ဘုရားရေ...."

"ဒီသတင်းက အရမ်းကြီးလွန်းတယ်...မဟုတ်ဘူး...ငါက ဒီသတင်းကို ဆရာဆီ အမြန်ဆုံး သတင်းပြန်ပို့ရမယ်"

"အမှန်ပဲ...ငါလည်း ချက်ချင်းသတင်းပို့ရမယ်....နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ထွက်ပေါ်လာတဲ့သတင်းကို ငါ အမြန်ဆုံးသတင်းပို့မှရမယ်"

ဤအချိန်တွင် ထိုသတင်းသည် ထျန်းယုံမြို့ငယ်လေးမှနေ၍ တောမီးပမာ ပျံ့နှံ့သွားတော့သည်။

"ဘာ....နဝမအဆင့် ဝင်္ကပါပညာရှင်လား..."

ကြီးကျယ်ခမ်းနားသော ခန်းမကြီးတစ်ခုအတွင်းတွင်ရှိနေသည့် လူအိုကြီးများသည် သူတို့၏လက်အတွင်းရှိ လျှို့ဝှက်အစီရင်ခံစာကိုကြည့်ပြီး သူတို့၏လက်များ တုန်ရီသွားသည်။အချိန်အတော်ကြာသည့်တိုင် သူတို့၏အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်းမရှိချေ။

"အင်း....နဝမအဆင့် ဝင်္ကပါပညာရှင် ထွက်ပေါ်လာမှတော့...ဂိုဏ်းချုပ်ဆီကို ချက်ချင်းသွားပြီး အကြောင်းကြားစမ်း...ငါတို့တွေက သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ရမယ်"

တခြားအဓိကအင်အားစုတစ်စုတွင်ရှိသော အကြီးအကဲများသည် ထိုသတင်းကိုရရှိချိန်တွင် အမိန့်များကို ချက်ချင်းထုတ်ပြန်လိုက်တော့သည်။

ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ၏ တခြားအစိတ်အပိုင်းများတွင်လည်း ဤကဲ့သို့တူညီသောမြင်ကွင်းမျိုး ဖြစ်ပွားနေသည်။

ဤှအချိန်အခိုက်အတန့်တွင်....

ထိုသတင်းကိုရရှိပြီးနောက် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ၏အရပ်ဒေသအသီးသီးမှ ပို၍များပြားသောလူများသည် ထျန်းယုံမြို့လေးထံသို့ အပြေးရောက်လာကြတော့သည်။

တချို့လူများသည် ရီဖုန်းနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုကြသည်။

တချို့သည် အခွင့်အရေးများ ရရှိလိုပေ၏။

တချို့ကမူ သူ့အား ဆရာအဖြစ် တင်မြှောက်လိုသည်။

အဆင့်နိမ့်ဝင်္ကပါပညာရှင်များကမူ နဝမအဆင့်ဝင်္ကပါပညာရှင်၏ အစစ်အမှန်မျက်နှာကို မြင်တွေ့လိုသဖြင့် မစောင့်ဆိုင်းနိုင်ဘဲ အပြေးရောက်လာကြသည်။

ထျန်းယုံမြို့တွင်...

လေပြင်းများတိုက်ခတ်သည့်အလား ရုန်းရင်းဆန်ခတ် ဖြစ်နေတော့သည်။

Chapter 688

ခြံဝန်းအတွင်း၌....

ရီဖုန်းသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။

ခါးသည်းသော မျက်နှာအမူအယာဖြင့်....

သူ့အား သတ္တမအဆင့် ဝင်္ကပါပညာရှင်ဟု သတ်မှတ်ခံရခြင်းမှာ အမှန်အားဖြင့် မဆိုးလှသေးချေ။

သူ့အား စိတ်အနှောက်အယှက်ဖြစ်စေဆုံးကိစ္စမှာ သေသင့်သောကောင်တစ်ကောင်သည် အင်မော်တယ်လောက၏ ငွေကြေးစနစ်ကို ပြောင်းလဲခဲ့ခြင်းပင်။

မည်ကဲ့သို့အရူးကောင်မျိုးသည် ဤကဲ့သို့ကြီးမားသောလောကကြီးတစ်ခု၏ ငွေကြေးစနစ်ကို နေ့တစ်မျိုးညတစ်မျိုး ပြောင်းလဲနေသနည်း....

ဤသည်မှာ ယခုချိန်၌ သူ့အား စားစရာမဲ့သွားစေသည်။

ယခုချိန်၌ သူ၏ခွန်အား အလွန်ကောင်းမွန်သော်လည်း စိတ်ပျက်ဖွယ်ကောင်းသည်မှာ သူ မြန်မြန်မသွားနိုင်ခြင်းပင်။

ဤသည်မှာ မည်သည်ကြောင့်ဟု သူ မသိရှိသော်လည်း အမှန်တရားဖြစ်နေသည်။

ထို့ကြောင့် သူသည် သူ၏အနာဂတ်စားစရိတ်နှင့်ပတ်သက်ပြီး တွေးတောလိုက်တော့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ပင်ကျင်းမြို့အတွင်းတွင် နေထိုင်ခဲ့သည့် အခြေအနေမျိုးသို့ ပြန်လည်၍မရောက်ရှိလိုချေ။ထိုအချိန်တုန်းက သူသည် အစားအသောက်ချို့တဲ့သဖြင့် မစင်ကိုပင် စွန့်ထုတ်နိုင်ခြင်းမရှိသောကြောင့် တုတ်တစ်ချောင်းဖြင့် ဆွဲထုတ်ခဲ့ရသည်။

"အဲ့ဒီအရူးကောင်ရဲ့ မိသားစုတစ်စုလုံးကို ယီးပဲ"

ရီဖုန်းသည် ဆဲဆိုပြီးနောက် သိုလှောင်လက်စွပ်ကိုဖွင့်ကာ မန်မန်ကို ဆင့်ခေါ်လိုက်၏။

ရီဖုန်းသည် မန်မန်ကိုစီးပြီး ခြံဝန်းအတွင်းမှ ခိုးထွက်လိုက်သည်။ထို့နောက် လူတစ်ယောက်နှင့်ခရုတစ်ကောင်တို့သည် ထျန်းယုံမြို့၏ပြင်ပရှိ တောင်တန်းများထံသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

မည်သို့ပင်ဆိုစေကာမူ ဆိုင်ရှင်၏စကားများအရ သူသည် တောတောင်များအတွင်းသို့သွားကာ နတ်ဆိုးသားရဲတချို့ကိုအမဲလိုက်နိုင်ပါက အင်မော်တယ်သလင်းကျောက်တချို့နှင့် လဲလှယ်နိုင်ပေမည်။

မကြာမီမှာပင် လူတစ်ယောက်နှင့်ခရုတစ်ကောင်တို့သည် တောတောင်အတွင်းသို့ ရောက်ရှိလာပေ၏။

နေ့ဝက်ခန့်အမဲလိုက်ပြီးနောက် ရီဖုန်း၏သိုလှောင်အိတ်အတွင်းတွင် သားကောင်များဖြင့် ပြည့်နှက်သွားတော့သည်။

နေမွန်းတည့်ချိန်အရောက်တွင် ရီဖုန်းသည် သူ၏အမဲလိုက်နေခြင်းကို ရပ်တန့်လိုက်၏။

လူများသည် အစားအစာကိုမှီခိုရသဖြင့် အကယ်၍ သူ နေ့လည်စာမစားပါက ဆာလောင်မွတ်သိပ်နေသဖြင့် အလုပ်လုပ်နိုင်မည်မဟုတ်ချေ။

အရည်အချင်းရှိသော စားဖိုမှူးတစ်ယောက်ဖြစ်သဖြင့် ရီဖုန်းသည် မည်သည်ကြောင့် နေ့လည်စာကို အလွတ်ခံနိုင်မည်နည်း။

သူ့၏အကြိုက်ဆုံး တောရိုင်းသားကောင်များ ရှိနေသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

ထို့နောက် သူသည် နံဘေးပတ်ဝန်းကျင်မှ ထင်းခြောက်တချို့ကိုကောက်ကာ မြေပြန့်တစ်နေရာ၌ မီးပုံဖိုလိုက်သည်။

ထို့နောက် သူသည် အိတ်ဆောင်ဓားတစ်လက်ကိုထုတ်ယူကာ နတ်ဆိုးဝက်၏နောက်ခြေကိုလှီးဖြတ်ပြီး ဟင်းခတ်အမွှေးကြိုင်များ ဖြူးလိုက်၏။

အချိန်တခဏကြာပြီးနောက် ဝက်ခြေထောက်မှနေ၍ တရှဲရှဲအသံများထွက်လာကာ အသားကင်ရနံ့ ပျံ့နှံ့လာသည်။

ရီဖုန်းသည် ဝက်ခြေထောက်ကင်ကိုကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။

သူ၏အသားကင်စွမ်းရည်သည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။ကြည့်ရသည်မှာ ယနေ့တွင် သူသည် ကောင်းမွန်သောအရသာကို စားသောက်ရတော့မည့်ပုံပင်။

ထို့နောက် သူ ဝိုင်တစ်ခွက် နှစ်ခွက်ခန့်ဖြင့် တွဲဖက်စားသောက်ပါက အလွန်အရသာရှိပေမည်။

ရီဖုန်းသည် ထိုအကြောင်းကို ပျော်ရွှင်စွာ စဥ်းစားတွေးတောရင်း ကျက်နေသော ဝက်ခြေထောက်တစ်ဖက်ကို လှန်လိုက်စဥ်မှာပင် နံဘေးမှနေ၍ လှုပ်ရှားသံများထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် မိန်းကလေးတစ်ယောက်သည် နံဘေးရှိ သစ်ပင်တစ်ပင်ပေါ်မှ ဆင်းသက်လာကာ စူးစမ်းသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်နေလေသည်။

"အစ်ကိုကြီး...နင် ဘာလုပ်နေတာလဲ...ဒီအနံ့က အရမ်းမွှေးတာပဲ"

ရီဖုန်းက မော့ကြည့်လိုက်ရာ လှပချောမောသော မိန်းကလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့မြင်မိလေ၏။

သူမထံတွင် ချောမောလှပသောမျက်နှာနှင့် သေးသွယ်သောခန္ဓာကိုယ်ရှိသည်။သူမသည် အနီရောင်ဖျော့ဖျော့ ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားကာ ခါးစည်းကြိုးကို သူမ၏သေးသွယ်သောခါး၌ ချည်ထားသည်။ဤဝတ်စုံ၏အောက်တွင် သူမ၏ပုံစံသည် အလွန်အမင်း မျက်စိပဿဒဖြစ်ဖွယ်ပင်။

အထူးသဖြင့် သူမ၏ထက်ရှသောမျက်ခုံးနှင့် ကြယ်ရောင်တောက်ပနေသော မျက်လုံးတစ်စုံဖြစ်သည်။သူမ၏ဆံပင်ရှည်များကို မြင်းမြှီးပုံစုချည်ထားသဖြင့် ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်အသွင် ပေါ်လွင်နေသည်။

ထိုမိန်းကလေးသည် သူ၏ဝက်ခြေထောက်ကင်ကို စူးစိုက်၍ကြည့်နေသည်အား ရီဖုန်းက တွေ့မြင်မိသည်။

ရီဖုန်းက အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဒါက အသားကင်ပဲ"

"အသားကင်...အဲ့ဒါက ဘာလဲ"

ထိုမိန်းကလေးသည် ဆက်လက်၍မေးမြန်းကာ သူမ၏လှပသောမျက်လုံးအတွင်းရှိ သိချင်စိတ်များ ပို၍ပြင်းထန်လာသည်။

သူမကိုကြည့်ရသည်မှာ စပ်စုသောကလေးငယ်တစ်ယောက်နှင့် တူညီပြီး သူမ၏ကမ္ဘာလောကသည် စူးစမ်းမှုတို့ဖြင့် ပြည့်နှက်နေသည့်အလားပင်။

ရီဖုန်းက ရိုးရှင်းစွာဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။

"အသားကင်ဆိုတာက အသားတွေကို မီးပေါ်တင်ပြီး ကင်တာ....ဒါက ချက်ပြုတ်တဲ့ နည်းစနစ်တစ်ခုပဲ"

"ဘယ်လောက်တောင် ဆန်းသစ်တဲ့ နည်းစနစ်လဲ...ငါ ဒါမျိုးကို အရင်က တစ်ခါမှမစားဖူးဘူး"

ထိုစကားကိုပြောဆိုရင်း သူမသည် သူမ၏နီမြန်းသောနှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရှက်ရွံနေသောမျက်နှာဖြင့် မေးမြန်းသည်။

"ငါ ဒါကို မြည်းကြည့်လို့ရမလား...."

ရီဖုန်းသည် ကြက်သေသေသွားလေ၏။

ဤမိန်းကလေးသည် အလွန်ပွင့်လင်းပြီး ဟန်မဆောင်တတ်ချေ။

ထို့ကြောင့် သူက အပြုံးနှင့် ပြောဆိုလိုက်၏။

"မင်း မြည်းကြည့်လို့ ရတယ်..."

ထိုစကားကိုကြားချိန်တွင် မိန်းကလေးသည် အလွန်ပျော်ရွှင်သွားကာ ရီဖုန်း၏နံဘေး၌ အလျှင်အမြန်ဝင်ထိုင်လိုက်သည်။ထို့နောက် သူသည် စိတ်အားထက်သန်စွာဖြင့် အသားကင်ကို ကြည့်လိုက်၏။

"မိန်းကလေးရဲ့နာမည်က ဘယ်လိုခေါ်လဲဆိုတာ ငါ ခုထိမမေးရသေးဘူး"

ရီဖုန်းက ဟင်းခတ်အမွှေးအကြိုင်များကိုထည့်ရင်း မေးမြန်းလိုက်သည်။

မိန်းကလေးက သူမ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"ငါ့ရဲ့နာမည်က လီမူချူး..."

ထို့နောက် သူမက တုံ့ပြန်မေးမြန်းသည်။

"နင့်ရဲ့နာမည်ကို မေးလို့ရမလား"

"ငါ့ရဲ့နာမည်က ရီဖုန်း...."

ရီဖုန်းက ပြောဆိုသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ..ဝမ်းသာပါတယ်"

လီမူချူးသည် သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလေ၏။ထို့နောက် သူမ၏လက်ဖြင့် ဝက်ခြေထောက်ကင်ကိုညွှန်ပြကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"ရီဖုန်း...ဒါက အသားတွေကို မီးပေါ်တင်ပြီးတော့ ထပ်ခါထပ်ခါကင်ရတာလား"

ရီဖုန်းက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။

"မင်းပြောတာ မှန်တယ်...ဒါပေမဲ့ လုံးဝမှန်နေတာတော့ မဟုတ်ဘူး"

သူသည် ဝက်ခြေထောက်ကင်ကိုဆက်လက်၍လှန်လှောပြီးနောက် ပြောဆိုလိုက်၏။

"ဒါက မီးနဲ့ ကင်ရုံတင်မကဘူး...မီးအပူနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ချိန်ဆတက်ဖို့လည်း လိုအပ်တယ်"

ထို့နောက် သူသည် သေးငယ်သော အသားစတစ်ခုကို ဓားဖြင့်ဖြတ်ကာ လီမူချူးထံသို့ လက်ကမ်းပေးလိုက်သည်။

"မင်း မြည်းကြည့်မလား"

လီမူချူးသည် ထိုအရာကို သူမ၏လက်ဖြင့် အလျှအမြန်ယူကာ သူမ၏ပါးစပ်အတွင်းသို့ထည့်ပြီး အရသာခံကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူမ၏ပါးစပ်အတွင်း၌ ဆီများဖြင့်ပြည့်နှက်သွားကာ မွှေးရနံ့များပျံ့လွင့်လာသည်။

လီမူချူး၏မျက်နှာပေါ်တွင် အလွန်ပျော်ရွှင်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာကာ သူမ၏မျက်ခုံး မြင့်တက်သွားသည်။

ထို့နောက် သူမက အသားကို ပါးစပ်အတွင်း၌ဝါးနေရင်း ဗလုံးဗထွေးပြောဆိုသည်။

"ရီဖုန်း...ဒါက အရမ်းကောင်းတယ်...ဒါက တကယ့်ကို အရမ်းကောင်းတယ်....ဒီလောက်ထိ အရသာရှိတဲ့အစားအစာကို ငါ ပထမဆုံးအကြိမ် စားဖူးတာပဲ"

ရီဖုန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူ၏ချက်ပြုတ်ခြင်းစွမ်းရည်သည် လျှာအရသာခံတတ်သောတိုင်းပြည်မှ ဆင်းသက်လာခြင်းဖြစ်သဖြင့် သူ ပြုလုပ်သောအစားအစာကိုစားပြီး ဤကဲ့သို့ တုံ့ပြန်မှုမျိုးရှိလာသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။

လီမူချူးသည် အလွန်အမင်း ကြိုက်နှစ်သက်နေကာ သူမ၏လက်အတွင်းရှိ ဝက်ခြေထောက်သား ကုန်တော့မည်ကိုကြည့်ပြီး သူက ဓားဖြင့်အသားတစ်စကိုလှီးဖြတ်ကာ ထပ်ပေးလိုက်သည်။

သူတို့နှစ်ယောက်သည် ဝက်ခြေထောက်တစ်ချောင်းလုံးကို အလျှင်အမြန်ကုန်စင်အောင် စားလိုက်ကြ၏။

လီမူချူးသည် သူမ၏အနည်းငယ်ဖောင်းနေသော​ ဗိုက်ကိုကြည့်ပြီး စိတ်ကျေနပ်အားရစွာဖြင့် လေချဥ်တက်လိုက်သည်။

"ရီဖုန်း...နင်က ငါ့ကို ဒီနေ့ အစားကောင်းတစ်နပ်ကျွေးခဲ့တယ်...နောက်နေ့ကျရင် ငါက နင့်ကို ပြန်ပြီးဖိတ်ခေါ်မယ်"

လီမူချူးက ပြောဆိုသည်။

"ကောင်းပြီလေ"

ရီဖုန်းက အပြုံးနှင့်တုံ့ပြန်လိုက်၏။

"အရမ်းကောင်းတယ်....ဘယ်ကြင်နာမှုကိုမဆို ပြန်ပေးဆပ်သင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် လီမူချူးက ထပ်မံ၍မေးမြန်းသည်။

"နင့်ရဲ့လေယူလေသိမ်းကို နားထောင်ကြည့်ရတာတော့ ဒေသခံတစ်ယောက် ဟုတ်ပုံမရဘူး"

"အင်း ငါက ဒီနေရာကို ရောက်လာပြီးတော့ ငွေရေးကြေးရေး နည်းနည်းအခက်တွေ့နေခဲ့တယ်...ဒါကြောင့် ငါက အမဲလိုက်ဖို့အတွက် ဒီတောတောင်တွေကြားကို ရောက်လာခဲ့တာပဲ"

ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် တဖန်ပြန်၍ ဒေါသထွက်လာသည်။

ဤငွေကြေးစနစ်ကို ပြောင်းလဲနေသူသည် မည်သူမည်ဝါဖြစ်သည်ဟု သူ မသိရှိရန် ဆုတောင်းထားသင့်သည်။

အကယ်၍ ထိုသေသင့်သောကောင်ကို သူ သိရှိပါက ရှစ်စိတ်ခန့်ဆုတ်ဖြဲပစ်ပေမည်။

"အဲ့ဒီလိုလား....ဒါပေမဲ့ အခုလတ်တလောမှာ ဒီမြို့ထဲကို လူတွေအများကြီး ရောက်လာကြတယ်...သူတို့က သတ္တမအဆင့် ဝင်္ကပါပညာရှင်ကို အရိုအသေပြုဖို့အတွက် ရောက်လာခဲ့တယ်လို့ ပြောကြတယ်"

ထိုသို့ပြောဆိုရင်း လီမူချူးက ညင်သာစွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ထို့နောက် သူမက ရီဖုန်းကို လက်ညှိုးညွှန်ကာ ပြောဆိုသည်။

"ငါ သိပြီ....နင်ကလည်း အဲ့ဒီဆရာကြီးကိုတွေ့ဖို့ ရောက်လာတာမဟုတ်လား"

သတ္တမအဆင့်ဝင်္ကပါပညာရှင်ဟူသော စကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။

သို့ရာတွင် ရီဖုန်း စကားမပြောဆိုနိုင်သေးမီမှာပင် လီမူချူးက ထပ်မံ၍ပြောဆိုသည်။

"ဒါပေမဲ့ နင့်ရဲ့အတွေးကို လက်လျှော့လိုက်ဖို့ ငါ အကြံပေးချင်တယ်....သတ္တမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ဆိုတာ နတ်ဘုရားတစ်ပါးလိုပဲ...ထန်းယုံမြို့မှာရှိတဲ့ ကြီးမြတ်တဲ့လူတွေတောင်မှ သူ့ကို မတွေ့နိုင်ဘူး...ဘယ်လိုလုပ်ပြီးတော့ နင်နဲ့ငါလို နိမ့်ကျတဲ့လူတွေက သူ့ကိုတွေ့ခွင့်ရနိုင်မှာလဲ...နင် နားလည်ပြီလား..."

ရီဖုန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ ခါးသည်းသောအပြုံးဖြင့် သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။

"ငါက သူ့ကိုတွေ့ဖို့ လာတာမဟုတ်ဘူး"

သို့ရာတွင် လီမူချူးက သူမ၏ပခုံးကိုတွန့်ကာ လှောင်ပြောင်သရော်လိုက်သည်။

"ရီဖုန်း....နင် ရှက်နေစရာမလိုပါဘူး...အစွမ်းထက်တဲ့ ဆရာကြီးတစ်ယောက်ကို အရိုအသေပြုချင်တာက ရှက်ရွံစရာကိစ္စတစ်ခုမှမဟုတ်တာ...အမျိုးသားတွေက သန်မာတာကို သဘောကျပြီးတော့ အမျိုးသမီးတွေက အလှအပကို နှစ်ခြိုက်သဘောကျတယ်...ဒါက အမှန်တရားပဲလေ"

"အဲ့ဒီဆရာကြီးရဲ့အစွမ်းအစက နာမည်ကျော်ကြားနေမှတော့ သူ့ကိုတွေ့ဖို့လာတယ်ဆိုတာ ရှက်စရာကိစ္စတစ်ခုမဟုတ်ဘူး"

ရီဖုန်းက သူ၏ခေါင်းကို သူလက်ဖြင့် ပြန်၍ဆုပ်ကိုင်လိုက်သည်။

သူ မည်ကဲ့သို့ပြောပြရမည်ကို အမှန်တကယ် မသိတော့ချေ။

သူသည် ထိုသတ္တမအဆင့် ဝင်္ကပါပညာရှင်ဖြစ်သည်ဟုလည်း ပြောဆို၍မရချေ။

ဤကဲ့သို့ ဟန်ဆောင်ပန်ဆောင်ပြောဆိုလိုက်ခြင်းဖြင့် သူသည် အမာခံမိန်းကလေးပရိသတ်တစ်ယောက် ရနိုင်သော်လည်း ဤသည်မှာ အတုအယောင်ပင်။

အကယ်၍ သူသည် သတ္တမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် အမှန်တကယ်ဖြစ်နေလျှင်လေ ဤလူများသည် ယခုလောက်ထိ စိတ်လှုပ်ရှားနေရန် မလိုအပ်ချေ။

သူသည် ဤကိစ္စကို သည်းမခံနိုင်တော့သဖြင့် ထုတ်ဖော်မေးမြန်းလိုက်၏။

"ဒါက သတ္တမအဆင့် ဝင်္ကပါပညာရှင်လေးတစ်ယောက်ပဲ မဟုတ်လား...လူတွေက ဘာလို့ ဒီလောက်ထိ ရူးသွပ်နေကြတာလဲ"

"အမ်...."

"နင် ဘာပြောလိုက်တာလဲ...သတ္တမအဆင့်ဝင်္ကပါပညာရှင်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ နင် သိလား"

လီမူချူးက ပြောဆိုသည်။

"တကယ်လို့ သူကသာမန်သတ္တမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်နေရင် ပြဿနာမရှိဘူး.....ဒါပေမဲ့ နင် သိထားရမှာက အဲ့ဒီသတ္တမအဆင့်ဝင်္ကပါပညာရှင်မှာ ကြီးမားတဲ့စွမ်းအားရှိနေရုံတင်မကဘူး လူတွေကိုကူညီပေးတတ်တဲ့ ကြင်နာတဲ့စိတ်နှလုံးသားလည်း ရှိနေတယ်... နတ်ဆိုးဝင်္ကပါကြီးရဲ့တိုက်စားခံရတာကြောင့် ငါတို့ရဲ့နယ်မြေတွေ ပျက်စီးပြီး ဒီနေရာမှာရှိတဲ့ လူတွေအားလုံး ဘေးကပ်ဆိုးကြီးထဲကို ကျရောက်နေပြီ....သူက အဲ့ဒီအချိန်မှာ ရောက်လာခဲ့ပြီးတော့ လူတွေအားလုံးကို ငရဲကနေ ပြန်ခေါ်ပေးနိုင်ခဲ့တယ်"

လီမူချူး၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေကာ သူမ၏လက်နှစ်ဖက်ကို သူမ၏ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။

ထို့နောက် သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"တကယ်လို့ ငါက အဲ့ဒီမဟာသူရဲကောင်းကြီးကို မြင်ခွင့်ရမယ်ဆိုရင် ငါ့ရဲ့အသက်နှစ်တစ်ရာလောက် ဆုံးရှုံးသွားရမယ်ဆိုရင်တောင် ငါ ကျေနပ်တယ်"

ထိုသို့ပြောဆိုရင်း လီမူချူးက သူမ၏ခေါင်းကိုတဖန်ပြန်၍မော့ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဒါကြောင့် နင် စကားပြောတဲ့အခါမှာ သူ့ကို အရိုအသေမဲ့တဲ့စကားမျိုး မပြောသင့်ဘူး"

Chapter 689

ရီဖုန်း၏မျက်နှာပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်လာသည်။

သူသည် ရှက်ရွံ့စွာဖြင့် ​ချောင်းနှစ်ချက်ခန့်ဟန့်ကာ အစမ်းသဘောပြောဆိုလိုက်သည်။

"တကယ်လို့ ငါက မင်းပြောတဲ့ သတ္တမအဆင့် ဝင်္ကပါပညာရှင်ဖြစ်နေရင် မင်း ဘယ်လိုလုပ်မလဲ"

ထိုစကားကိုကြားချိန်တွင်....

လီမူချူးက ရီဖုန်းကိုမျက်စောင်းထိုး၍ ပြောဆိုသည်။

"အစ်ကိုကြီး....နင်သိထားဖို့က ဘယ်သတ္တမအဆင့်ဝင်္ကပါပညာရှင်က ငွေရေးကြေးရေးအကျပ်အတည်းကြောင့် တောတောင်ထဲကိုပြေးဝင်လာပြီးတော့ အမဲလိုက်မှာလဲ"

"ဒါ့ပြင် နင်က သတ္တမအဆင့်ဝင်္ကပါပညာရှင်လို့ပြောတာတောင်...သူ့ကို အရမ်းစော်ကားရာကျနေပြီ....နင် ဒီလိုပြောလို့မရဘူး"

ရီဖုန်း၏မျက်နှာပေါ်၌ အနက်ရောင်အရေးအကြောင်းများ ပို၍ပို၍များပြားလာကာ သူ၏လက်ဝါးကိုကာ၍ ရပ်တန့်ရန် တောင်းပန်လိုက်တော့သည်။

"ငါ မှားပါတယ်...ငါ မှားသွားပါတယ်...မင်းပြောနေတာကို ရပ်လိုက်တော့"

လီမူချူး၏ပါးစပ် ပိတ်သွားသည်ကိုကြည့်ပြီး ရီဖုန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။အကယ်၍ သူမအား ဆက်၍စကားပြောဆိုခွင့်ပြုပါက ရီဖုန်းသည် သူ့ကိုယ်သူ သေကြောင်းကြံစည်ရန်အတွက် နေရာတနေရာကို ရှာဖွေမိပေမည်။

နောက်ထပ်ရိုးရှင်းသော စကားပြောဆိုမှုတချို့ကို ပြုလုပ်ပြီးနောက် လီမူချူးသည် သတင်းပို့ကျောက်စိမ်းပြားသင်္ကေတချင်း ဖလှယ်ရန် တောင်းဆိုခဲ့သည်။

သူမ၏စိတ်အားထက်သန်နေမှုကို မခံနိုင်တော့သဖြင့် ရီဖုန်းက လိုက်လျောလိုက်သည်။

"ငါ ပြန်ရောက်သွားတဲ့အချိန်ကျရင် ငါ့မှာ လုပ်စရာ ကိစ္စတစ်ခုရှိနေတယ်...နောက်တစ်ကြိမ်ကျရင် အရသာရှိတဲ့အစားအစာတွေ ငါ နင့်ကို ကျွေးမယ်"

လီမူချူးက ရီဖုန်း၏ပခုံးကိုပုတ်ကာ ပြောဆိုသည်။ထို့နောက် သူမ၏မျက်လုံးအကြည့်သည် ရီဖုန်း၏လက်အတွင်းရှိ သူ ယခုထိတိုင်မစားရသေးသော ယုန်ခြေထောက်ကင်ထံသို့ ကျရောက်သွားလေ၏။

"အင်း...အဲ့ဒီယုန်ခြေထောက်ကင်နည်းနည်းလောက် ငါ့ကို ပေးလို့ရမလား"

သူမက ရှက်ကိုးရှက်ကန်းဖြင့် မေးမြန်းသည်။

"ကောင်းပြီ...ကောင်းပြီ.....ကောင်းပြီလေ"

ရီဖုန်းသည် သူ၏နဖူးကို ကူကယ်ရာမဲ့စွာဖြင့်ပုတ်ကာ ယုန်ခြေထောက်ကင်ကို လက်ကမ်းပေးလိုက်တော့သည်။

လီမူချူးသည် ထိုအရာကိုယူပြီးနောက် အနည်းငယ်​မျှ အိန္ဒြေမဆောင်ဘဲ အငမ်းမရစားသောက်နေသည်။ယုန်ခြေထောက်ကင်မှအသားများကို ပြောင်စင်အောင်စားပြီးနောက် သူမသည် စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် သူမ၏ဗိုက်ကိုပုတ်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

သူမ၏ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ ဘန်းခနဲမြည်သံတစ်သံ ထွက်ပေါ်လာသည်။

ပေါက်ကွဲသံများ ထွက်ပေါ်လာသဖြင့် ရီဖုန်းသည် အဝေးသို့ထွက်ပြေးလိုက်၏။

"သောက်ချေးပဲ..."

"ဒီမိန်းမက ဘာမှားနေတာလဲ....လူသားဗုံးတစ်လုံးလား"

ထိုပေါက်ကွဲမှုကြောင့် ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ကိုးယိုးကားယားအမူအယာဖြင့် မြေကြီးများအကြားမှ တွားသွားထလိုက်သည်။သူသည် မြေပြင်ပေါ်၌လဲကျနေသော လီမူချူး သေလုမျောပါးဖြစ်နေသည်ကို မြင်တွေ့မိလေ၏။ထို့နောက် သူမ၏ဝမ်းဗိုက်အောက်ပိုင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခုရှိနေသည်။

ထို့ပြင် သူမ၏ခန္ဓာကိုယ်အတွင်းရှိဒန်တျန် လုံးလုံးလျားလျား ပေါက်ကွဲသွားလေပြီ။

ရီဖုန်း၏အစားအစာများကို စားခြင်းသည် မည်သည့်သဘောကိုဆောင်သည်အား သူမ မသိရှိချေ။အကယ်၍ သူမသည် ဤယုန်ခြေထောက်ကင်ကိုမစားခဲ့ပါက သူမအတွက် အခွင့်အရေးကြီးတစ်ခုဖြစ်ပေမည်။

ရီဖုန်းသည် ပျာပျာသလဲမတ်တတ်ထရပ်ကာ လီမူချူး၏ဒဏ်ရာကို စစ်ဆေးလိုက်၏။

"ဟူး...."

"ဒီမိန်းကလေးရဲ့ဗိုက်ထဲမှာ ဗုံးတစ်လုံးရှိနေတာများ ဖြစ်နေမလား"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။သို့ရာတွင် လီမူချုး၏သေလုမျောပါး ပုံပန်းသွင်ပြင်ကိုကြည့်ကာ ဤနေရာပတ်ဝန်းကျင်တွင် တခြားမည်သူမျှမရှိသည်ကို သူ မြင်တွေ့မိသည်။အကယ်၍ သူသည် သူမကို ကုသပေးခြင်းမရှိပါက ထိုမိန်းကလေး အမှန်တကယ်သေဆုံးသွားနိုင်သည်ကို သူ သိရှိပေ၏။

ဤမိန်းကလေးသည် သူ့အား စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့သော်လည်း သူမ၏စိတ်သဘောထားသည် မဆိုးလှချေ။

ရီဖုန်းသည် ပတ်ဝန်းကျင်၌ အရင်းအမြစ်ပစ္စည်းများကို ရှာဖွေရန်မှတပါး တခြားရွေးချယ်စရာမရှိတော့ချေ။သူသည် သွေးထွက်လွန်ခြင်းနှင့်နာကျင်မှုကိုသက်သာစေသော ဆေးပင်တချို့ကိုရှာဖွေကာ သူ၏ပါးစပ်ဖြင့်ဝါးပြီး လီမူချူး၏ဝမ်းဗိုက်အောက်ပိုင်း၌ ကပ်ပေးလိုက်သည်။

မကြာမီမှာပင်....

လီမူချူး၏ဒဏ်ရာမှ သွေးထွက်နေမှု ချက်ချင်းရပ်တန့်သွားတော့သည်။

လီမူချူး၏မျက်နှာပေါ်တွင် သွေးရောင်ပြန်လွှမ်းလာသော်လည်း သူမသည် သတိလစ်မေ့မျောနေဆဲပင်။

ရီဖုန်းထံ၌ တခြားရွေးချယ်စရာမရှိတော့သဖြင့် သူမကိုချီပိုးကာ တောင်အောက်သို့ ဆင်းခဲ့တော့သည်။

ကံကောင်းထောက်မစွာဖြင့် သူ မြို့အတွင်းသို့ဝင်လိုက်သည်နှင့် လီမူချူးသည် ထျန်းယုံမြို့အတွင်းရှိ လီမိသားစုမှဖြစ်ကြောင်း သိရှိလိုက်ရသည်။လီမိသားစုကို ထျန်းယုံမြို့အတွင်း၌ ဒေသခံအင်အားစုတစ်စုဟု ယူဆနိုင်သည်။

လီမိသားစုမှ တစ်စုံတစ်ယောက်နှင့်ဆက်သွယ်ကာ လီမူချူးကို အပ်ခဲ့ပြီးနောက် ရီဖုန်းသည် ဤပြဿနာကို ဖြေရှင်းပြီးလေပြီ။

သူ ခြံဝန်းတံခါးရှေ့သို့ လျှောက်လှမ်းသွားလိုက်ချိန်တွင် ထိုနေရာ၌ လူအမြောက်အများစုဝေးနေသည်ကို မြင်တွေ့မိသည်။ငယ်ရွယ်ပြီးလှပသောမိန်းကလေးများ လူငယ်များ လူအိုကြီးများနှင့်အဒေါ်ကြီးများသည် ဝတ်စုံမျိုးစုံကိုဝတ်ဆင်ထားကာ ခြံဝန်းတံခါးရှေ့၌ရှိနေသည်။

ရီဖုန်းကိုမြင်တွေ့သည်နှင့် ထိုလူများအားလုံး အပြေးရောက်လာသည်။

"ငါတို့ စောင့်နေတာကြာပြီး....ငါတို့က စီနီယာကို အရိုအသေပြုပါတယ်"

သူတို့အားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်ကိုကြည့်ပြီး ရီဖုန်းသည် ဆွံ့အသွားလေ၏။

သူသည် ပြဿနာတစ်ခုကို ဖြေရှင်းပြီးခဲ့သည်မှာ မကြာသေးချေ။ယခုအချိန်တွင် သူ့အတွက် ဤနေရာတွင် ထပ်မံ၍ ပြဿနာအမြောက်အများ ရှိနေပေ၏။

ထို့ကြောင့် သူက ထိတ်ထိတ်ပျာပျာ ရှင်းပြလိုက်သည်။

"အားလုံးပဲ...ငါ မင်းတို့ကို ပြောမယ်..အဲ့ဒီအချိန်တုန်းက မဟာနတ်ဆိုးဝင်္ကပါကြီး ပျက်စီးသွားခဲ့တာ နားလည်မှုလွဲခဲ့တာတစ်ခုပဲ...ငါက ဖြတ်သွားဖြတ်လာတစ်ယောက်ပဲ"

"ဒါ့ပြင် ငါက သတ္တမအဆင့် ဝင်္ကပါပညာရှင် မဟုတ်ဘူး"

"ဆရာကြီး...မင်း ဘာမှရှင်းပြနေစရာမလိုဘူး....မင်းက သတ္တမအဆင့် ဝင်္ကပါပညာရှင်မဟုတ်ဘူးလို့ ငါတို့ သိထားတာ အချိန်အတော်ကြာနေပြီ....ဒါပေမဲ့ မင်းက နဝမအဆင့် ဝင်္ကပါပညာရှင်ပဲ"

လူအိုကြီးများအနက်မှတယောက်က အော်ဟစ်ပြောဆိုသည်။

"အမှန်ပဲ...ဆရာကြီးက သတ္တမအဆင့်မဟုတ်ဘဲ နဝမအဆင့်ဝင်္ကပါပညာရှင်ဆိုတာကို ငါတို့သိထားတာ အချိန်အတော်ကြာနေပြီ"

"ဟုတ်တယ်....ဒီသတင်းက ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးမှာ ပြန့်နေပြီ...မင်းက နဝမအဆင့် ဝင်္ကပါပညာရှင်ဆိုတာ လူတိုင်းသိသွားကြပြီ"

တခြားလူများသည်လည်း နောက်မှနေ၍ ထောက်ခံလိုက်ကြ၏။

ရီဖုန်းထံတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။

ယခင်က သူ့အား သတ္တမအဆင့် ဝင်္ကပါပညာရှင်ဟု သူတို့အားလုံး သတ်မှတ်ခဲ့ကြသည်။မည်သည်ကြောင့် အချိန်တစ်ရက်နှစ်ရက်ခန့်အတွင်းတွင် သူသည် နဝမအဆင့် ဝင်္ကပါပညာရှင် ဖြစ်သွားရသနည်း။

"ငါ့ကို လမ်းဖယ်ပေးကြစမ်း...ဘယ်သူမှ ငါ့ကို မနှောင့်ယှက်နဲ့"

ရီဖုန်းသည် ဧည့်သည်များကို နှင်ထုတ်ရန်အတွက် ချက်ချင်းအမိန့်ထုတ်ပြန်လိုက်ပြီးနောက် ခြံဝန်းတံခါးကို ပြန်ပိတ်လိုက်၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။

အချိန်အတိုင်းအတာတစ်ခုထိ အိပ်ရန်စားရန်ကို စိုးရိမ်ပူပန်ရန်မလိုတော့သော ရီဖုန်းသည် သူ၏အချိန်ဇယားကို ပြန်ကြည့်လိုက်၏။

ယခင်က သူ အပျင်းထူနေသောရက်များနှင့် ယခုရက်များကိုပေါင်းလိုက်ပါက အချိန်နှစ်လခန့် ကုန်ဆုံးသွားခဲ့သည်။

အကယ်၍ သူသည် ဂရုတစိုက်စီစဉ်ခြင်းမပြုပါက သတ်မှတ်ချက်များနှင့်ကိုက်ညီသော နောက်ဆုံးတပည့်တစ်ယောက်ကို အချိန်ဆယ်လအတွင်းတွင် မည်သည့်နည်းဖြင့် ရှာတွေ့နိုင်မည်နည်း။

ရီဖုန်းအား စိတ်ပျက်စေသည့်ကိစ္စမှာ စနစ်သည် သူ့အား စံနှုန်းတစ်ခု​မျှ ပေးမထားခြင်းပင်။သူသည် နေရာအနှံ့သွားကာ သူ့၏ကံကိုစမ်းရုံသာ တတ်နိုင်ပေမည်။

သူ့အား ဆရာအဖြစ်တင်မြှောက်ရန် ရောက်ရှိလာသူများအကြားတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသော တစ်စုံတစ်ယောက်ရှိနေပါက အရာအားလုံး အဆင်ပြေသွားပေမည်။သို့ရာတွင် အမှန်အားဖြင့် စနစ်၏လိုအပ်ချက်များနှင့်ကိုက်ညီသော တစ်စုံတစ်ယောက်မျှ ဤနေရာတွင်ရှိမနေကြောင်း ရီဖုန်းက ရှာဖွေတွေ့ရှိမိသည်။

ဤသည်မှာ သူ အရေးတကြီးဖြေရှင်းရန်လိုအပ်သော ပြဿနာတစ်ရပ်ပင်။ထို့ပြင် နောင်ဆယ်လအတွင်း၌ စားရေးသောက်ရေးနှင့်ငွေရေးကြေးရေး အကြပ်အတည်းကိုလည်း သူ ဖြေရှင်းရပေမည်။ဤအရာနှစ်ခုလုံးသည် သူ ဖြေရှင်းရန်လိုအပ်သော ပြဿနာများဖြစ်သည်။

သူ သေသေချာချာ စဉ်းစားတွေးတောရပေမည်။

ဤအချိန်အတောအတွင်းတွင်...

ပြင်ပ၌ ရီဖုန်းနှင့်ပတ်သက်သော ကောလဟာလများသည် အမြင့်ဆုံးအဆင့်ထိ ရောက်ရှိနေလေပြီ။

သူ၏တပည့်အဖြစ်ခံယူရန် ထျန်းယုံမြို့သို့ အရပ်ဒေသအသီးသီးမှလူများ ပို၍ပို၍ရောက်ရှိလာသည်။အင်အားစုတချို့မှ အစွမ်းထက်သော လူငယ်တချို့ပင်လျှင် သူ့၏တပည့်အဖြစ်ခံယူရန် ခိုးထွက်လာကြ၏။

ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ....

ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်....

ဤသည်မှာ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ၌ အကြီးမားဆုံးအင်အားစုဖြစ်ကာ အစစ်အမှန်လူဘီလူးကြီးပင်။

အကြောင်းအရင်းမှာ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၌ နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ရှိနေသောကြောင့်ပင်။

ဤနဝမအဆင့် ဝင်္ကပါပညာရှင်သည် ယခုလတ်တလောမှ ထွက်ပေါ်လာခြင်းမဟုတ်ချေ။ နောက်ဆုံးတကြိမ် သူ ထွက်ပေါ်လာသောအချိန်သည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့်ကဖြစ်သည်။

ယနေ့တွင်....

ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။

မိုးကောင်းကင်ယံတစ်ခွင်လုံး အုံ့မှိုင်းနေပေ၏။

ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်အတွင်းရှိ တစ်စုံတစ်ယောက်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားတသင့်ရေရွတ်လိုက်သည်။

"ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတာ နှစ်တစ်ရာလောက်ရှိနေပြီ...ဒါပေမဲ့ အခု သူက တကယ်ကြီးထွက်လာတော့မှာလား"

ထိတ်လန့်တုန်လှုပ်စွာဖြင့်...

အဆင့်မြင့်အကြီးအကဲများအားလုံးသည် ဘိုးဘေးကိုကြိုဆိုရန်အတွက် လျှို့ဝှက်ခန်း၏ရှေ့သို့ ရောက်ရှိလာကြတော့သည်။

ပင်မခန်းမအတွင်း၌ လူအမြောက်အများ ရှိနေလေ၏။

လင်းယုန်မျက်နှာနှင့် လင်းယုန်နှာခေါင်းရှိသော လူအိုကြီးတယောက်က လျှို့ဝှက်ခန်းအတွင်းမှ ဖြည်းညှင်းစွာထွက်လာသည်။

သူသည် ပင်မခန်းမသို့ရောက်ရှိလာပြီးနောက် စင်မြင့်အထက်ရှိထိုင်ခုံ၌ထိုင်ကာ သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့​ဖျော့အပြုံးတစ်ခု ရှိနေသည်။

အကြောင်းအရင်းမှာ သူသည် ဤရာစုနှစ်တစ်ခုစာ တံခါးပိတ်ကျင့်ကြံခဲ့သဖြင့် ကောင်းမွန်သောရလဒ်ကို ရရှိခဲ့သောကြောင့်ပင်။

ထို့ပြင် သူသည် ထိုးထွင်းသိမြင်မှု အသစ်အဆန်းများကို သင်ယူခဲ့ရသည်။

ဤထိုးထွင်းသိမြင်မှုအသစ်များဖြင့် နဝမအဆင့်ဝင်္ကပါပညာရှင်ဟူသော သူ၏အဆင့်အတန်းကို ပေါင်းစပ်လိုက်ပါက ကောင်းကင်ဘုံဝင်္ကပါခန်းမသည် ကုန်းမြေတစ်ခုလုံးမှလူများ၏စိတ်နှလုံးသားများကို သိမ်းပိုက်နိုင်ပေမည်။ထို့နောက် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးကို အခိုင်အမာထိန်းချုပ်နိုင်မှုသည် ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၏လက်အတွင်းသို့ ရောက်ရှိလာပေမည်။

သူ သတင်းကောင်းကို ထုတ်ပြန်ကြေငြာတော့မည့်အချိန်မှာပင် ခန်းမအတွင်းသို့ငုံကြည့်ပြီးနောက် မျက်မှောက်ကြုတ်လိုက်သည်။

အကြောင်းအရင်းမှာ ခန်းမအတွင်းတွင် အိုမင်းနေသော အကြီးအကဲများမှလွဲ၍ တခြားလူများအားလုံး ပျောက်နေသောကြောင့်ပင်။

"ခန်းမသခင်က ဘယ်ရောက်သွားတာလဲ"

"တခြားသူတွေရော ဘယ်နေရာမှာလဲ...."

လူအိုကြီး လီယင်လန်က တည်ကြည်လေးနက်စွာမေးမြန်းသည်။

"ဖြစ်နိုင်တာတော့ ငါ တံခါးပိတ်ကျင့်ကြံတာကြာသွားတာကြောင့် သူတို့တွေက ဓလေ့ထုံးတမ်းတွေကို မသိတော့တာလား...ဒါကြောင့် သူတို့က ငါ့ကို လာပြီးမကြိုဆိုကြတာလား"

ထိုစကားကိုကြားချိန်တွင်....

အကြီးအကဲများ၏ခန္ဓာကိုယ်များ တုန်ရီသွားကာ သူတို့၏မျက်လုံးအကြည့်များကို ရှောင်လွှဲလိုက်ကြပြီး စကားမဆိုဝံ့ကြချေ။

"အမ်"

လီယင်လန်သည် ထိုအချက်ကို သတိပြုမိသွားသဖြင့် မျက်မှောက်ကြုတ်လိုက်၏

ထို့နောက် ဖိနှိပ်ချုပ်ကိုင်မှုအားလှိုင်းတစ်ရပ် ပျံ့လွင့်သွားကာ သူ၏လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အကြီးအကဲတစ်ယောက်ကို ဖမ်းဆုပ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောစမ်း"

"ဘိုးဘေး စိတ်အေးအေးထားပါ....စိတ်အေးအေးထားပါအုံး....ခန်းမသခင်နဲ့တခြားလူတွေအားလုံး အပြင်ကို ထွက်သွားကြတယ်"

အကြီးအကဲက ထိတ်လန့်တကြားတုံ့ပြန်သည်။

"အပြင်ကို ထွက်သွားကြတာလား..ဂိုဏ်းကနေ ဒီလောက်ထိလူတွေအများကြီး အပြင်ကိုထွက်ပြီး ဘာလုပ်ကြတာလဲ"

"ဂိုဏ်းအချင်းချင်း စစ်ပွဲတွေရှိနေလို့လား"

လီယင်လန်က မေးမြန်းသည်။

"မဟုတ်ဘူး....အဲ့ဒီလို မဟုတ်ပါဘူး"

ထိုအကြီးအကဲသည် မြေပြင်ပေါ်၌ဒူးထောက်ကာ မဝံ့မရဲပြောဆိုသည်။

"သူတို့က...သူတို့က တပည့်ခံယူဖို့အတွက် သွားကြတာပါ"

Chapter 690

"တပည့်ခံယူဖို့လား..."

လီယင်လန်က မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။

"သူတို့က ဘယ့်သူကို ဆရာအဖြစ် အရိုအသေပြုချင်နေတာလဲ"

"ဘိုးဘေးကို သတင်းပို့ပါတယ်...ဒါက ကောင်းကင်ဘုံဝင်္ကပါကုန်းမြေမှာ နောက်ထပ် နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ထပ်ပြီးထွက်ပေါ်လာတာကြောင့်ပဲ...ဒီဝင်္ကပါပညာရှင် ထွက်ပေါ်လာတာကြောင့် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးက အာရုံစိုက်နေကြတယ်....အခုချိန်မှာ ကျွန်တော်တို့ခန်းမသခင်တင်မကဘူး ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးမှာရှိတဲ့ လူငယ်ဂိုဏ်းချုပ်တွေအားလုံး အဲ့ဒီနေရာကို အပြေးသွားကြတယ်"

အကြီးအကဲများက တုန်တုန်ရီရီဖြင့် ပြောဆိုသည်။

"ဟမ့်....ခွေးမသားတွေ...."

လီယင်လန်သည် ထိုစကားများကိုကြားချိန်တွင် သူ၏လက်ဝါး အောက်သို့ကျသွားကာ သူ၏နံဘေးရှိစားပွဲသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"ငါက နဝမအဆင့် ဝင်္ကပါပညာရှင် မဟုတ်ဘူးလား....ဒီလူအိုကြီးက နဝမအဆင့် ဝင်္ကပါပညာရှင် မဟုတ်လို့လား..."

"ဒီလူအိုကြီးက မင်းတို့ကို လုံလောက်အောင် သင်ကြားမပေးနိုင်လို့လား..."

"ဂုဏ်သတင်းကြီးမားတဲ့ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ရဲ့ ခန်းမသခင်က လူတွေအများကြီးကို ခေါ်သွားပြီးတော့ တခြားလူတစ်ယောက်ဆီမှာ တပည့်ခံဖို့သွားတယ်...ဒါက ဘယ်လောက်တောင် ကျိုးကြောင်းမဆီလျော်လိုက်လဲ"

လီယင်လန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

အကြီးအကဲများသည် ​တပြိုင်နက်တည်း မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြကာ အသက်ပင်ရဲရံမရှုဝံ့ကြတော့ချေ။

"အမိန့်ထုတ်ပြန်လိုက်စမ်း..."

"အဲ့ဒီကောင်တွေအားလုံးကို ကောင်းကင်ဘုံခန်းမဆောင်ဆီ အမြန်ဆုံးပြန်လာဖို့ ငါက အမိန့်ထုတ်ပြန်တယ်လို့ အကြောင်းကြားလိုက်စမ်း"

"ဒါ့ပြင် ငါ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့သတင်းကို ကြော်ငြာလိုက်ကြစမ်း.."

လီယင်လန်က အမိန့်ပေးသည်။

"ဟုတ်ကဲ့..."

အကြီးအကဲများသည် အပိုစကားမဆိုဝံ့သဖြင့် အလျှင်အမြန် နာခံလိုက်ကြသည်။

မကြာမီမှာပင်...

နဝမအဆင့်ဝင်္ကပါပညာရှင်လီယင်လန် တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော သတင်းသည် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။ထို့ပြင် လူအများကြားတွင် တိုင်ပင်ဆွေးနွေးမှုများ မြင့်တက်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ....

နဝမအဆင့်ဝင်္ကပါပညာရှင်နှစ်ယောက် တပြိုင်နက်တည်း ထွက်ပေါ်လာသောကိစ္စသည် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ၏သမိုင်းစဥ်တလျှောက် အလွန်ရှားပါးသောဖြစ်ရပ်ပင်။

ရက်အနည်းငယ်အတွင်းတွင်...

လီယင်လန်သည် ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်မှလူများကို ပြန်လည်၍ဆင့်ခေါ်ခဲ့သည်။ထို့ပြင် သူ၏ပုံပန်းသွင်ပြင်ကို ပြောင်းလဲကာ ဝင်္ကပါပညာရှင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။

ဤသည်မှာ ထူးခြားသော အနက်ရောင်ဝတ်ရုံတစ်ထည်ပင်။

ဝတ်ရုံ၏ရင်ဘတ်နေရာ၌ နဝမအဆင့် ဝင်္ကပါပညာရှင်ဟူသော အဆင့်အတန်းကို ကိုယ်စားပြုသည့် တံဆိပ်ပြားတစ်ခုတပ်ထားသည်။

တစ်ချိန်တည်းမှာပင်....

ဥာဏ်အလင်းပွင့်ခြင်းခန်းမကို အစေခံများက သန့်ရှင်းရေးပြုလုပ်ပြီးလေပြီ။

ထို့နောက် လီယင်လန်သည် နေ့စဥ်နေ့တိုင်း ဥာဏ်အလင်းပွင့်ခြင်းခန်းမတွင် သင်ခန်းစာများကို ပို့ချလေ၏။

အကြောင်းအရင်းမှာ အကယ်၍ သူသည် ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ကို ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတွင် တခြားသူထက်အောက်မကျဘဲ ရပ်တည်စေလိုပါက လူအများ၏စိတ်သဘောထားများသည် အလွန်အရေးကြီးကြောင်း သူ သိရှိထားသောကြောင့်ပင်။

နဝမအဆင့်ဝင်္ကပါပညာရှင်ဖြစ်သော သူကိုယ်တိုင် သင်ကြားပေးမည်ဆိုပါက ကုန်းမြေအတွင်းမှ လူငယ်ပါရမီရှင်အမြောက်အများ ရောက်ရှိလာရန် ဆွဲဆောင်ရာ၌ အကျိုးသက်ရောက်မှုရှိပေမည်။

သို့ရာတွင်....

သူ အတွက်မှားသွားခဲ့လေပြီ။

သူသည် ဥာဏ်အလင်းပွင့်ခြင်းခန်းမတွင် လဝက်ခန့် သင်ကြားပေးခဲ့လေ၏။

သူ၏သင်ခန်းစာပို့ချမှုကို နားထောင်ရန်အတွက် လူနည်းစုသာ ရောက်ရှိလာခဲ့သည်။သူတို့အနက်မှတချို့သည် မည်သည့်နေရာမှ အညှောင့်ပေါက်လာမှန်းမသိသည့် သုံးစားမရသော ငတုံးငအများဖြစ်နေသည်။ထို့ပြင် သူတို့သည် ဝင်္ကပါပညာရပ်များကို ယခင်က တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။

"ဟမ့်"

လီယင်လန်သည် အလွန်ဒေါသထွက်နေပေ၏။

"လူတွေ ဘယ်ရောက်သွားတာလဲ"

"ကောင်းကင်ဘုံဝင်္ကပါကုန်းမြေရဲ့နယ်မြေက အရမ်းကြီးမားပြီးတော့ လူငယ်ပါရမီရှင်တွေက တိမ်စိုင်တွေလို ပေါများတယ်....ငါကိုယ်တိုင် သင်ကြားပေးတာကိုတောင် ဘာလို့ လူနည်းနည်းပဲ ရောက်လာတာလဲ"

ထိုသို့ပြောဆိုပြီးနောက် လီယင်လန်သည် ထက်ရှသောအကြည့်ဖြင့် ခန်းမအတွင်းရှိလူများကို ကြည့်လိုက်သည်။

"မင်းတို့ သေချာလား....ဒါက ငါတို့ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ရဲ့ အနာဂတ်နဲ့ ဆက်စပ်နေတယ်...မင်းတို့က တာဝန်ကိုပေါ့ဆပြီးတော့ သတင်းကို သေသေချာချာ မဖြန့်ခဲ့ကြဘူးမဟုတ်လား"

"ဘိုးဘေး....ငါတို့ မလုပ်ဝံ့ပါဘူး"

ခန်းမအတွင်းရှိလူများအားလုံး ဒူးထောက်ကာ ဦးညွှတ်အရိုအသေပြုပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

'ဒါဆိုရင် ဘာလို့ လူနည်းနည်းပဲ ရောက်လာတာလဲ"

လီယင်လန်က မေးမြန်းသည်။

ခန်းမသခင်ယွမ်ကွမ်းက သူ၏ခေါင်းကိုအောက်သို့ငုံကာ ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြသည်။

"ဘိုးဘေးကို သတင်းပို့ပါတယ်...ဘိုးဘေး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့သတင်း ပြန့်သွားခဲ့ပေမယ့်...ဒီအချိန်မှာ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးမှာရှိတဲ့ လူတွေအားလုံးက ထျန်းယုံမြို့မှာ စုဝေးနေကြတယ် ...အဲ့ဒီနေရာကိုရောက်နေတဲ့လူတွေက ဒီနေရာကို တစ်ယောက်မှရောက်မလာခဲ့ဘူး"

"သူတို့အားလုံးက ဒီသတင်းကိုရခဲ့ပေမယ့် အဲ့ဒီနဝမအဆင့် ဝင်္ကပါပညာရှင်ဆီကို ဘယ်လိုသွားလည်ရမလဲဆိုတာကိုပဲ စဉ်းစားနေကြတယ်"

"ဒါကြောင့် ဘိုးဘေး အခုအချိန်မှာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာက အချိန်ကောင်းမဟုတ်ပါဘူး"

"အချိန်ကောင်း မဟုတ်ဘူးလား...""

"ဟမ့်...."

"ဒီလူအိုကြီးက ကောင်းကင်ဘုံဝင်္ကပါကုန်းမြေမှာ နှစ်ထောင်နဲ့ချီပြီး နေထိုင်ခဲ့တယ်...အသက်ဆယ်နှစ်မှာ ပထမအဆင့် ဝင်္ကပါပညာရှင် ဖြစ်လာပြီးတော့ အသက်တစ်ရာမှာ ပဉ္စမအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်...နှစ်တထောင်ကြာပြီးတဲ့အချိန်မှာ ငါက နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နေပြီ...နောက်မှပေါ်လာတဲ့ လူငယ်တယောက်က ဘယ်လိုလုပ်ပြီးတော့ ငါ့ကို ယှဉ်ပြိုင်နိုင်မှာလဲ"

လီယင်လန်က မတ်တတ်ထရပ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ငါ ဒီကိစ္စကို မယုံကြည်နိုင်ဘူး...ငါရဲ့နာမည်ဂုဏ်သတင်းက နောက်ရောက်လာတဲ့လူကိုတောင် မကျော်နိုင်ဘူးလား"

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း"

"လဝက်ကြာရင် ဒီလူအိုကြီးက ကုန်းမြေအတွင်းမှာရှိတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို ဖိတ်ခေါ်ပြီးတော့ စားသောက်ပွဲတစ်ခုကျင်းပမယ်....အဲ့ဒီစားသောက်ပွဲမှာ ငါက ကောင်းကင်ဘုံဝင်္ကပါကုန်းမြေရဲ့ လူငယ်ပါရမီရှင်တွေထဲက အထူးချွန်ဆုံးတစ်ယောက်ကို ရွေးထုတ်ပြီးတော့ ငါ့ရဲ့တိုက်ရိုက်တပည့်အဖြစ်လက်ခံမယ်"

လီယင်လန်က အမိန့်ထုတ်ပြန်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် ယင်ကွမ်းက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်၏။

"ဘိုးဘေးက ဉာဏ်ပညာကြီးမားပါပေတယ်"

"ဘိုးဘေးက ဉာဏ်ပညာကြီးမားပါပေတယ်....တကယ်လို့ ဘိုးဘေးက တိုက်ရိုက်တပည့်လက်ခံမယ့်ကိစ္စကိုသာ သိသွားရင် ကုန်းမြေတစ်ခုလုံးမှာရှိတဲ့ လူငယ်ပါရမီရှင်တွေအားလုံး ဒီနေရာကို ရောက်လာလိမ့်မယ်"

တခြားလူများကလည်း သံယောင်လိုက်၍ ပြောဆိုလိုက်ကြသည်။

မကြာမီမှာပင်....

ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၏ နဝမအဆင့် ဝင်္ကပါပညာရှင်လီယင်လန်သည် နောက်ထပ်လဝက်အကြာတွင် ကျင်းပမည့်စားသောက်ပွဲ၌ တိုက်ရိုက်တပည့်တစ်ယောက်လက်ခံမည် ဟူသောသတင်းသည် အလျှင်အမြန် ပျံ့နှံ့သွားပေ၏။

ထျန်းယုံမြို့အတွင်း၌....

ရီဖုန်းအား ကြိမ်ဖန်များစွာ ဒေါသထွက်စေပြီးနောက် သူ၏ခြံဝန်းတံခါးရှေ့သို့ လာရောက်လည်ပတ်သော လူအုပ်ကြီး နောက်ဆုံး၌ လျော့နည်းသွားခဲ့သည်။

ထျန်းယုံမြို့တွင် ဂယက်ရိုက်နေသော်လည်း ရီဖုန်းသည် သူ တပည့်သစ်တစ်ယောက် ခေါ်ယူရမည့်ကိစ္စကို မေ့လျော့ခြင်းမရှိချေ။သူသည် ပြင်ပသို့ မကြာခဏထွက်ကာ လမ်းများနှင့်လူစည်ကားသောနေရာများ၌ သူ၏တပည့်ဖြစ်နိုင်သူကို တိတ်တဆိတ်ရှာဖွေခဲ့သည်။

သို့ရာတွင် အချည်းနှီးဖြစ်နေဆဲပင်။

ခြံဝန်းအတွင်း၌....

ရီဖုန်းသည် သူ့ကိုယ်သူ ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင်ဟု ပြောဆိုသော လူအိုကြီးတစ်ယောက်နှင့် တွေ့ဆုံနေခဲ့ရသည်။လူအိုကြီး၏ချီးမွမ်းမြောက်ပင့်စကားများကို နားထောင်ပြီးနောက် ရီဖုန်းသည် အလွန်အမင်းခေါင်းကိုက်သွားပေ၏။

"လူအိုကြီး....ငါက ဝင်္ကပါပညာရှင်တစ်ယောက် မဟုတ်ဘူး...ဝင်္ကပါပညာရပ်နဲ့ပတ်သက်ရင် ငါက အမှိုက်ကောင်တစ်ကောင်ပဲ"

ရီဖုန်းက ခါးသည်းစွာဖြင့် ရှင်းပြသည်။

"စီနီယာက တကယ့်ကို နှိမ့်ချတတ်တဲ့လူပဲ"

လူအိုကြီးက သူ၏ခေါင်းကို အောက်သို့ငုံကာ ပြောဆိုသည်။သို့ရာတွင် သူ၏မျက်လုံးအကြည့်သည် ရီဖုန်း အပျော်သဘောသက်သက် ထွင်းထုထားသော သစ်သားပန်းပုရုပ်ထံတွင်သာ ကျရောက်နေသည်။သူသည် အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်သည့်အလား သူ၏မျက်လုံးများ စူးရှတောက်ပနေပေ၏။

ထိုအချိန်မှာပင် ရီဖုန်း၏သတင်းပို့ကျောက်စိမ်းပြားမှနေ၍ အလင်းတန်းများ ဖြာထွက်လာသည်။

"ဟေး အစ်ကိုကြီးရီဖုန်း...ငါက လီမူချူးပါ...နင် ဘယ်နေရာမှာ နေတာလဲ...ငါက အရသာရှိတာလေးတချို့ နင့်ဆီကို ယူလာခဲ့မယ်"

"ဒါက အရင်တခေါက်က နင့်ရဲ့အသားကင်အတွက် ပြန်ပေးဆပ်တာပဲ"

ကျောက်စိမ်းတံဆိပ်ပြာအတွင်းမှနေ၍ လီမူချူး၏အသံပေးပို့သံ ထွက်ပေါ်လာသည်။

ရီဖုန်းသည် ဤလူအိုကြီးအား မည်ကဲ့သို့နှင်ထုတ်ရမည်ကို စဉ်းစားတွေးသောနေခဲ့သည်။ ထို့ကြောင့် ယခုချိန်၌ အကြောင်းပြချက်တစ်ခုရသွားသဖြင့် သူသည် သူမအား သူ၏လိပ်စာကိုပြောပြရန် သဘောတူညီလိုက်၏။

"လူအိုကြီး...ကျေးဇူးပြုပြီးတော့ ပြန်ပါတော့...ငါ့မှာ လုပ်စရာကိစ္စတစ်ခု ရှိနေတယ်"

ရီဖုန်းသည် ဆွံ့အစွာဖြင့် သူရှေ့ရှိလူအိုကြီးကိုကြည့်ကာ ပြောဆိုလိုက်၏။

"စီနီယာမှာ လုပ်စရာကိစ္စ ရှိနေတယ်ဆိုရင် ဂျူနီယာက ပြန်ပါတော့မယ်"

လူအိုကြီးသည် ရိုသေလေးစားစွာတုံ့ပြန်ကာ ရို့ကျိုးသောအမူအယာဖြင့် ခြံဝန်းအတွင်းမှ ထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင်....

ဤနေရာနှင့်မလှမ်းမကမ်းတွင်ရှိနေသော လီမူချူးသည် အိတ်ကြီးတစ်အိတ်နှင့်အိတ်ငယ်တစ်အိတ်ကိုကိုင်၍ ရီဖုန်း၏ခြံဝန်းထံသို့ လျှောက်လှမ်းလာသည်။

သူမသည် ယခင်တစ်ကြိမ်က ပေါက်ကွဲခြင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အချိန်တခဏကြာခန့် ကုသပြီးနောက် လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်လာခဲ့သည်။ကြည့်ရသည်မှာ သူမ၏စွမ်းအားများသည် ယခင်ထက် ပို၍နက်နဲသိမ်မွေ့သွားပုံပင်။

သူမသည် လမ်းအတွင်းသို့ဝင်လိုက်သောအချိန်မှာပင် ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်နှင့် ဆုံတွေ့ခဲ့မိသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်...

လီမူချူး၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားကာ သူမ၏ပါးစပ်ကိုအုပ်ပြီး အံ့အားတသင့် ပြောဆိုလိုက်သည်။

"ကျွန်မက အတင့်ရဲပြီး မေးပါရစေ...ဆရာကြီးက ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင် ကောင်းမုန့်ချွမ်မဟုတ်လား"

"အမ်...မိန်းကလေး ငါက ကောင်းမုန့်ချွမ်ပါ...ဒါပေမယ့် ငါ့ကိုယ်ငါ ဆရာကြီးလို့ မသတ်မှတ်ဝံ့ပါဘူး"

ကောင်းမုန့်ချွမ်က ခပ်ဖျော့​ဖျော့ပြုံးကာ နှိမ့်ချသောလေသံဖြင့် ပြောဆိုသည်။သူသည်စကားပြောဆိုနေစဉ်တွင် ရီဖုန်း၏စကားများကို သူ၏စိတ်အတွင်း၌ အမှတ်ရနေဆဲပင်။

ဂုဏ်သိက္ခာကြီးမားသော နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ပင်လျှင် သူ့ကိုယ်သူ ဝင်္ကပါပညာရပ်၌ အမှိုက်ကောင်တစ်ကောင်သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သူ့ကဲ့သို့ နိမ့်ကျသော ဆဋ္ဌမအဆင့်ဝင်္ကပါပညာရှင်တယောက်သည် သူ့ကိုယ်သူ ဆရာကြီးဟု မည်သည်ကြောင့် ခေါ်ဆိုခံဝံ့မည်နည်း။

"စီနီယာကောင်းက ယဉ်ကျေးလွန်းနေပြီ....စီနီယာကိုတွေ့ရတာ ဝမ်းသာပါတယ်"

လီမူချူးက စိတ်လှုပ်ရှားစွာပြောဆိုကာ သူမ၏မျက်နှာပေါ်၌ ရူးသွပ်စွဲလန်းသော အရိပ်အယောင်တချို့ ရှိနေသည်။

ဤကဲ့သို့ ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်နှင့် တွေ့ဆုံခွင့်ရသဖြင့် သူမ အလွန်အမင်းကံကောင်းပေ၏။

သူတို့နှစ်ယောက်သည် အချိန်တခဏကြာခန့် စကားစမြည်ပြောဆိုပြီးနောက် လီမူချူးသည် အိတ်ကြီးအိတ်ငယ်ကိုသယ်ဆောင်၍ ရီဖုန်း၏ခြံဝန်းထံသို့ လျှောက်လှမ်းသွားတော့သည်။

ရီဖုန်းသည် ခြံဝန်းတံခါးကိုဖွင့်လိုက်သည်နှင့် လီမူချူးက အတွင်းသို့ဝင်ရောက်လာကာ သူမ၏စိတ်လှုပ်ရှားခဲ့ရမှုကို ဝေမျှလိုက်သည်။

"‌အစ်ကိုကြီးရီဖုန်း....ငါ ခုဏက ဘယ်လောက်ထိကံကောင်းခဲ့လဲဆိုတာ နင် မသိဘူး"

"ခုဏက ငါ နင့်ဆီကိုလာတဲ့လမ်းမှာ ငါ ဘယ်သူနဲ့တွေ့ခဲ့လဲဆိုတာ နင် ခန့်မှန်းကြည့်စမ်း"

"ဘယ်သူနဲ့ တွေ့ခဲ့လဲ"

ရီဖုန်းက ဇဝေဇဝါဖြင့် သူမကို ကြည့်လိုက်သည်။

"ငါက ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်တဲ့ ကောင်းမုန့်ချွမ်နဲ့ တွေ့ခဲ့ရတယ်"

"ဟူး...."

"ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင်....သူ ထျန်းယုံမြို့ကိုရောက်နေတယ်ဆိုတာ ငါ သိပေမယ့် သူ့ကိုတွေ့ဖို့ဆိုတာ မလွယ်ဘူး...ငါ တကယ့်ကိုကံကောင်းတယ်...ငါ ခုဏက သူနဲ့ စကားတွေတောင်ပြောခဲ့ရတယ်"

လီမူချူးက သူမ၏လှပသောမျက်နှာလေးကိုအနည်းငယ်မော့ကာ ဝမ်းသာပျော်ရွှင်စွာ ပြောဆိုသည်။

သို့ရာတွင် ရီဖုန်းသည် ထိုစကားများကိုကြားချိန်တွင် ငါးသေတစ်ကောင်အလား မျက်ဖြူလန်သွားတော့သည်။

ကောင်းမုန့်ချွမ်....

ဤသည်မှာအစောပိုင်းက သူ၏ခြံဝန်းအတွင်း၌ရှိနေကာ သူ၏မျက်နှာကိုလျက်လုမတတ် မြှောက်ပင့်ဖားယားနေသော လူအိုကြီးမဟုတ်လော.....

Thank For Reading.

All Chapters