အခန်း (၇၄၆-၇၅၀)
Vol. 50 Ch. 746-750
Chapter 746
"ဘာလို့လဲ...မင်းရဲ့ယောက်ျားဖြစ်လာမယ့်လူက မင်းရဲ့လက်ကိုတောင် ကိုင်လို့မရဘူးလား"
ရီဖုန်းက မျက်မှောင်ကြုတ်၍ တုံ့ပြန်မေးမြန်းသည်။
ဤသည်မှာ ရှီချင်းဝူကို ဆွံ့အသွားစေကာ သူမ၏ခေါင်းကိုမော့၍ ရီဖုန်းကို ကြည့်လေသည်။
အချိန်တခဏကြာသည်အထိ သူမသည် မည်ကဲ့သို့ အဖြေပြန်ပေးရမည်ကို မသိရှိချေ။
အစောပိုင်းက သူမ ထုတ်လွှတ်လိုက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည်လည်း ပျောက်ကွယ်သွားကာ ရီဖုန်းကို ထိုအတိုင်း သူမ၏လက်ကိုဆုပ်ကိုင်ထားခွင့် ပြုလိုက်ရတော့သည်။
ဤမြင်ကွင်းကို ချက်ချင်းဆိုသလိုပင် လူအမြောက်အများမှ မြင်တွေ့မိလေ၏။
"ဘုရားရေ ကြည့်လိုက်အုံး...အဲ့ဒီကောင်လေးက ဘယ်သူလဲ"
"အမှန်ပဲ....သူက ဘယ်လိုသတ္တိမျိုးနဲ့ ဂိုဏ်းချုပ်ရဲ့လက်ကို ကိုင်ဝံ့တာလဲ"
"အဓိကသော့ချက်ကတော့ ဂိုဏ်းချုပ်က မငြင်းတာမဟုတ်လား"
"ငါ အမြင်မှားနေတာလား"
ဤအချိန်အခိုက်အတန့်တွင် လူအများ၏ပါးစပ်အတွင်းမှနေ၍ အတင်းအဖျင်းပြောဆိုသံများ ထွက်ပေါ်လာသည်။
ဤလူများ၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်းသည် ပို၍လွန်ကဲလာကာ ရှီချင်းဝူ၏လက်ကို ကိုင်ရုံသာမက သူမ၏ပခုံးကို ဖက်လိုက်သည်။
ရှီချင်းဝူ၏မျက်နှာ အေးစက်တင်းမာသွားပေ၏။
"နင် အရမ်းလွန်မလာနဲ့"
သူမက ခက်ထန်တင်းမာစွာ ပြောဆိုသည်။
"တကယ်လို့ ငါတို့ ဒီလိုမလုပ်ဘူးဆိုရင် ဘယ်သူက ယုံမှာလဲ"
ရီဖုန်းက တုံ့ပြန်မေးမြန်းသည်။
"မင်းမှာ ချစ်သူတစ်ယောက်ရှိတယ်ဆိုတာ တခြားလူတွေကို မင်း သိစေချင်တာ မဟုတ်လား...အဲ့ဒီလူတွေရဲ့တုံ့ပြန်မှုတွေကို ကြည့်လိုက်အုံး...ဒါက မင်းလိုချင်တဲ့ တုံ့ပြန်မှုမျိုး မဟုတ်ဘူးလား"
ထိုစကားကိုကြားချိန်တွင် ရှီချင်းဝူသည် သူမ၏နှုတ်ခမ်းကို စူလိုက်သော်လည်း ငြင်းဆန်ခြင်းမပြုချေ။
သူမ၏လှပသောမျက်နှာလေးပေါ်တွင် မည်ကဲ့သို့အမူအယာမျိုးရှိနေသည်ကို သူမ မသိတော့ချေ။
ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူမ၏သွေးသားရင်းချာ ဆွေမျိုးများမှလွဲ၍ မည်သူနှင့်မျှ သူမ အနီးကပ်မနေခဲ့ချေ။
မကြာမီမှာပင် သူတို့သုံးယောက်သည် မဟာခန်းမထံသို့ ရောက်ရှိခဲ့လေ၏။
သူတို့သည် မဟာခန်းမ၏ရှေ့သို့ ရောက်ရှိသွားသောအချိန်မှာပင် အကြီးအကဲဆယ်ယောက်ကျော် ပြေးထွက်လာသည်။
ရှီချင်းဝူသည် အမျိုးသားတစ်ယောက်ကို ခေါ်ဆောင်၍ ပြန်လာသောသတင်းကို သူတို့ကြားသိပြီးဖြစ်သည်မှာ သိသာထင်ရှားသည်။
ထို့ကြောင့် သူမတို့သုံးယောက် ခန်းမရှေ့သို့ရောက်ရှိသည်နှင့် ထိုအကြီးအကဲများသည် သုန်မှုန်နေသောမျက်နှာများဖြင့် ဆီးကြိုကြလေ၏။
ထိုအကြီးအကဲများ စကားပြောဆိုခြင်း မပြုရသေးမီမှာပင် ရှီချင်းဝူက အရင်ဦးအောင် ပြောဆိုလိုက်သည်။
"အကြီးအကဲတွေအားလုံး ဒီလောက် မြန်မြန်ကြီးရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...နင်တို့အားလုံး ဒီနေရာမှာရှိနေမှတော့ ငါကသတင်းတစ်ခုကို အခုချက်ချင်း ထုတ်ပြန်ကြေငြာလိုက်မယ်"
"ဒါကတော့...."
သူမသည် စကားပြောဆိုရင်း ရီဖုန်းကိုကြည့်ကာ အချိန်တခဏကြာခန့်ရပ်တန့်ပြီးမှ ဆက်လက်၍ပြောဆိုသည်။
"ဒါက ငါ့ရဲ့ငယ်ချစ်ဦး ဖြစ်ပြီးတော့ ငါရဲ့စိတ်နှလုံးသားထဲကနေ ခင်ပွန်းအဖြစ် သတ်မှတ်ထားတဲ့ ရီဖုန်းပဲ"
"အားလုံးပဲ...တွေ့ရတာ ဝမ်းသာပါတယ်...ငါက ရီဖုန်းပါ"
ရီဖုန်းသည် မတ်တတ်ထရပ်ကာ နှိမ့်ချခြင်းလည်းမရှိ မောက်မာထောင်လွှားခြင်းလည်းမရှိသော အမူအယာဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး လူများအားလုံးကို နှုတ်ဆက်လိုက်သည်။
အကြီးအကဲများသည် ဤကိစ္စကို သူတို့သုံးယောက် ရောက်ရှိလာစဉ်အချိန်ကတည်းက သိရှိထားပြီးလေပြီ။သို့ရာတွင် ထိုသတင်းကိုကြားချိန်၌ သူတို့၏မျက်နှာများ ပို၍သုန်မှုန်သွားကာ ရီဖုန်း၏နှုတ်ဆက်မှုကို လျစ်လျှူရှုလိုက်ကြ၏။
"ဂိုဏ်းချုပ်....မင်းက ဘယ်နေရာကနေ ငယ်ချစ်ဦးကို ရှာတွေ့လာတာလဲ...ငါ ဒါကို အရင်က ဘာလို့မကြားဖူးတာလဲ"
မဟာအကြီးအကဲစွန်းကျီမေးက ရှေ့ဆုံးမှဦးဆောင်၍ မေးမြန်းလေသည်။
"ငါ့မှာ ငယ်ချစ်ဦးတစ်ယောက်ရှိတာကို မဟာအကြီးအကဲဆီ သတင်းပို့ဖို့ လိုအပ်လို့လား"
ရှီချင်းဝူ၏မျက်နှာ သုန်မှုန်သွားကာ သူမက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒါက မလိုအပ်ပါဘူး"
စွန်းကျီမေးက တုံ့ပြန်အဖြေပေးသည်။
"ငါတို့က ဂိုဏ်းချုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဂရုစိုက်ရုံလေးပါပဲ....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဂိုဏ်းချုပ်ဖြစ်နေမှတော့ မင်းရဲ့လှုပ်ရှားမှုတွေက ဂိုဏ်းအပေါ်ကို သက်ရောက်မှုတွေ ရှိလာနိုင်တယ်...ဂိုဏ်းချုပ်က လူဆိုးတွေရဲ့လှည့်စားတာကို ခံရမှာ ငါ စိုးရိမ်မိလို့ပါ"
"ဒါဆိုရင် နင်က ငါ့ကို မယုံတာလား"
ရှီချင်းဝူက သရော်တော်တော် ပြောဆိုသည်။
"ဒါက ငါ ဂိုဏ်းချုပ်ကို မယုံတာမဟုတ်ပါဘူး...ငါက သူ့ကို မယုံတာပဲ"
စွန်းကျီမေးက ရဲတင်းစွာ ပြောဆိုသည်။
ထိုစကားများကိုကြားချိန်၌ ရှီချင်းဝူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
သူတို့သည် ရီဖုန်းကိုမယုံကြည်ဟု ပြောဆိုသည်မှာ သူမကို မယုံကြည်ဟု ပြောဆိုသည်နှင့် တူညီသည်မဟုတ်လော....
သို့ရာတွင် ဤလူတစ်စုသည် သူမနှင့်ရီဖုန်းကြား၌ ဤကဲ့သို့ဆက်ဆံရေးတစ်ခု အမှန်တကယ်ရှိနေလျှင်ပင် ယုံကြည်မည်မဟုတ်ကြောင်းကိုလည်း ယခင်ကတည်းက သူမ သိရှိထားပြီးဖြစ်သည်။
ရီဖုန်းကို တံတိုင်းတစ်ခုအနေဖြင့် အသုံးပြုခြင်းမှာ အကွက်ချကြံစည်မှုတစ်ခုတစ်သက်ပင်။သူမ တင်းခံထားပါက အကယ်၍ ရီဖုန်းသည် အတုအယောင်တစ်ယောက်ဖြစ်ကြောင်း သူတို့ သိရှိသွားလျှင်ပင် သူမအား မည်သို့မျှ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
"ဂိုဏ်းချုပ်...ငါက ဒီသခင်လေးကို မေးခွန်းနည်းနည်းလောက် မေးချင်တယ်...မင်း ခွင့်ပြုပေးနိုင်မလား"
စွန်းကျီမေးက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
ရှီချင်းဝူ၏ထက်ရှသောအကြည့်က စွန်းကျီမေးထံ ကျရောက်သွားသည်။
သူမ ထိတ်လန့်ကြောက်ရွံဆုံးအရာမှာ ရီဖုန်းသည် အမှားအယွင်းတစ်ခုခုအား ပြောဆိုမိမည်ကိုပင်။
သို့ရာတွင် အကယ်၍ ထိုလူစုကို မေးခွန်းများမေးမြန်းခွင့်မပြုပါက ရီဖုန်းအား အလွတ်ပေးမည်မဟုတ်ကြောင်းကိုလည်း သူမ နားလည်သဘောပေါက်သည်။
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်၏။
စွန်းကျီမေး၏ထက်ရှသောအကြည့်သည် ရီဖုန်းထံသို့ ကျရောက်သွားကာ အသက်ဆယ်ရှိုက်စာအချိန်ခန့် သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးမြန်းလေသည်။
"သခင်လေးရီ....မင်းက ဂိုဏ်းချုပ်ရဲ့ငယ်ချစ်ဦးဆိုတာကို မင်း ဘယ်လိုသက်သေပြနိုင်လဲ"
သူသည် ရီဖုန်း၏နောက်ခံ ဇာတိ စသည့်အကြောင်းအရာများကို မေးမြန်းခြင်းမပြုချေ။ အကြောင်းအရင်းမှာ ရှီချင်းဝူသည် ရီဖုန်းကို ဂိုဏ်းသို့ခေါ်ဆောင်လာဝံ့သဖြင့် ဤကိစ္စများကို စီစဉ်ပြီးဖြစ်မည်ကို သူ နားလည်သဘောပေါက်သောကြောင့်ပင်။
ထို့ကြောင့် သူသည် ထိုအကြောင်းအရာများကိုကျော်၍ လိုရင်းအချက်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။
ထို့နောက် ရီဖုန်းစကားမပြောဆိုရသေးမီမှာပင် သူက နောက်ထပ်စကားတစ်ခွန်းကို ထပ်မံ၍ဖြည့်စွက်လေသည်။
"သခင်လေးရီ...ဒါက လူတိုင်းသိထားတဲ့ အကြောင်းအရာဆိုရင်တော့ သက်သေပြဖို့ မလုံလောက်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ ပြုံးလိုက်သည်။
သူ ဖြည့်စွက်လိုက်သောစကားတစ်ခွန်းသည် ရီဖုန်း၏နောက်ဆုတ်နိုင်သောလမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်ခြင်း ဖြစ်ပေ၏။ရီဖုန်းသည် ဤကိစ္စကို သက်သေပြနိုင်ရန်ကြိုးကြောင်းဆီလျော်သော အကြောင်းအရင်းတစ်ခုကို မရှာနိုင်သရွေ့ အသုံးဝင်မည်မဟုတ်ပေ။
ထိုသို့မဟုတ်ဘဲ ရီဖုန်း၏အဖြေသည် တုံ့နှေးနေခြင်း သို့မဟုတ် အဖြေမပေးနိုင်ခြင်းတို့ ဖြစ်လာသရွေ့ သူ့အား နောက်ထပ်စောင့်ကြိုနေမည်မှာ ဆက်တိုက်ဖြစ်ပေါ်လာမည့် အခက်အခဲများပင်။
ဤနည်းလမ်းဖြင့် ရီဖုန်းသည် အတုအယောင်ဖြစ်သည်ကို သက်သေပြနိုင်သရွေ့ ဂိုဏ်းချုပ်၏အပြစ်ကို ဖော်ထုတ်နိုင်ပေမည်။
တိကျသေချာစွာပင် စွန်းကျီမေး၏စကားလုံးများ ကျရောက်သွားသည်နှင့် ရှီချင်းဝူ၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားသည်။
သူမသည် ရီဖုန်းကို ကိစ္စအမြောက်အများရှင်းပြရန်နေနေသာသာ ကြိုတင်ပြင်ဆင်ထားမှုကိုပင် များစွာလုပ်ဆောင်ခဲ့ခြင်းမရှိချေ။
ရှီချင်းဝူ၏အမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်ကိုကြည့်ပြီး စွန်းကျီမေးအပါအဝင် အကြီးအကဲခုနစ်ယောက် ရှစ်ယောက်၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
ဤအချိန်တွင် ခန်းမအတွင်းရှိ လူများအားလုံး ရီဖုန်းကို အာရုံစူးစိုက်နေကြသည်။
Chapter 747
"အော်...သက်သေပြရမှာလား...ဒါက အရမ်းရိုးရှင်းပါတယ်"
ရီဖုန်းက သူ၏နှာခေါင်းကိုကုတ်ကာ သာမန်ကာလျှံကာ ပြောဆိုသည်။
"မင်းတို့ဂိုဏ်းချုပ်ရဲ့တင်ပါးမှာ မှဲ့တစ်လုံးရှိတယ်...ဒါကို ထည့်တွက်လို့ရလား"
ထိုစကားလုံးများ ကျရောက်သွားသည်နှင့် စွန်းကျီမေးနှင့်တခြားအကြီးအကဲများ၏မျက်နှာများထက်မှ သရော်တော်တော်အမူအယာများ ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။
သူတို့အားလုံး မျက်လုံးအပြူးသား ဖြစ်သွားပေ၏။
ရှီချင်းဝူ၏မျက်နှာသည်လည်း ရုတ်တရက် နီမြန်းသွားသည်။
ခန်းမအတွင်း၌ အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်ကာ ရုတ်တရက် ငြိမ်အတိသွားတော့သည်။
အထူးသဖြင့် စွန်းကျီမေးသည် ကြက်သေသေပြီး ဆွံ့အနေပေ၏။ဤအချိန်အခိုက်အတန့်တွင် စကားလုံးနှင့်တုံ့ပြန်နိုင်ရန် သူ့အတွက် အလွန်အမင်း ခက်ခဲနေသည်။
"ကောင်လေး...မင်း ပေါက်ကရစကားတွေ ပြောနေတာလား"
အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် သူသည် ထိုစကားတစ်ခွန်းကိုသာ တုံ့ပြန်ပြောဆိုနိုင်သည်။
"ငါက ဘာလို့ ပေါက်ကရစကားတွေ ပြောရမှာလဲ...ဒါက ငါတို့ငယ်ချစ်ဦးဆက်ဆံရေးကို သက်သေပြဖို့ လုံလောက်တယ် မဟုတ်လား"
ရီဖုန်းက မေးမြန်းသည်။
"မင်း...."
စွန်းကျီမေးသည် အလွန်ဒေါသထွက်နေကာ ရှီချင်းဝူဘက်သို့လှည့်ကြည့်ပြီး ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်...ဒီကောင်လေးက အရမ်းရိုင်းပြလွန်းတယ်...မင်း သူ့ကို ဘာမှမပြောတော့ဘူးလား"
ရှီချင်းဝူ၏မျက်နှာ နီမြန်းနေကာ ရီဖုန်းကို ရိုက်နှက်လိုက်တော့လုနီးပါးပင်။သို့ရာတွင် စွန်းကျီမေး၏တုံ့ပြန်မှုကို မြင်တွေ့ချိန်၌ သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ဖိနှိပ်လိုက်၏။
ထို့နောက် သူမက တည်ငြိမ်းအေးဆေးစွာ ပြောဆိုသည်။
"သူပြောတာ အမှန်ပဲ"
"ဒါပေမဲ့....ဒါပေမဲ့...."
စွန်းကျီမေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက လက်မခံလိုသောလေသံဖြင့် အော်ဟစ်လိုက်သည်။
"ဒါပေမဲ့ အဲ့ဒီကောင်လေးပြောတဲ့စကားကို ဘယ်လိုမှ သက်သေပြလို့ မရဘူးလေ"
"အော်...ဒါဆိုရင် အကြီးအကဲက ငါ လိမ်နေတာလို့ ထင်နေတာလား"
ရှီချင်းဝူက အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။
"ဒီဂိုဏ်းချုပ်က ဘောင်းဘီကိုချွတ်ပြီးတော့ နင့်ကို သက်သေပြစေချင်တာလား"
"ငါ မလုပ်ဝံ့ပါဘူး"
စွန်းကျီမေးက အလျှင်အမြန်ပြောဆိုသည်။ရှီချင်းဝူသည် သူ့အား စွပ်စွဲပြစ်တင်လာမည်ကို သူ မလိုလားချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး...
ရှီချင်းဝူသည် သရော်တော်တော်ပြုံးကာ သူမ၏လှပသောမျက်လုံးဖြင့် ရီဖုန်းအား မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
ရီဖုန်း၏စကားလုံးများသည် သူမအား စော်ကားရာရောက်သော်လည်း ပြောရမည်ဆိုလျှင် စွန်းကျီမေးအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင်။
အကြောင်းအရင်းမှာ စွန်းကျီမေးကိုယ်တိုင်သည်လည်း ဤသည်မှာ မည်သို့မျှ သက်သေမပြနိုင်သော ကိစ္စတစ်ခုဖြစ်ကြောင်း ဝန်ခံရသောကြောင့်ပင်။
လူများအားလုံးထံတွင် သူမ၏တင်ပါး၌ မှဲ့ရှိမရှိကို သက်သေပြနိုင်ရန်အတွက် နည်းလမ်းမရှိချေ။အကြောင်းအရင်းမှာ သူတို့သည်ဂိုဏ်းချုပ်၏ဘောင်းဘီကို အတင်းအကြပ်ဆွဲချွတ်၍ မကြည့်နိုင်သောကြောင့်ပင်။
ထို့ကြောင့် ရီဖုန်း၏အကြံအစည်သည် အမှန်တကယ်ကို ပြောင်မြောက်ပုံရသည်။
ဤကိစ္စသည် သူမအတွက် သည်းမခံနိုင်ဖွယ်ဖြစ်သော်လည်း အမှန်တကယ်ကို ထက်မြက်သော အကြံအစည်ပင်။
"အခုအချိန်မှာ ရီဖုန်းက သူနဲ့ငါကြားက ဆက်ဆံရေးကို သက်သေပြပြီးပြီ...အခု နင်တို့မှာ ဘာမှပြောစရာမရှိတော့ဘူး မဟုတ်လား"
ရှီချင်းဝူက အသာစီးရထားသောလေသံဖြင့် မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင်...
အကြပ်ရိုက်နေသော အကြီးအကဲများအားလုံးတိတ်ဆိတ်ငြိမ်သက်နေကာ သူတို့၏မျက်နှာများသည် ချေးစားထားရသည့်အလား ရှုံမဲ့နေသည်။
သူတို့သည် ဤကိစ္စကိုရင်ဆိုင်ရန် နည်းလမ်းအမျိုးမျိုးကို တွေးတောခဲ့ကြပြီး ရီဖုန်းကို ထောင်ချောက်သို့ကျရောက်အောင် လုပ်ဆောင်မည်ဟု ကျိန်ဆိုခဲ့ကြသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ရီဖုန်း၏စကားတစ်ခွန်းကြောင့် သူတို့အားလုံး လုံးလုံးလျားလျား ပါးစပ်ပိတ်လိုက်ရမည်ဟု မျှော်လင့်မထားမိချေ။
"ဒီလိုဆိုမှတော့ နင်တို့အားလုံး အနားယူကြတော့...ငါက ရက်ရွေးပြီးရင် သူနဲ့လက်ထပ်မယ်"
"သူ့မှာ မိသားစုလည်းမရှိ ဂိုဏ်းလည်းမရှိတာကြောင့် ဘိုးဘေးတွေကနေ ဆင်းသက်လာတဲ့စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်"
"ဒါကြောင့် ငါတို့လက်ထပ်ပြီးတာနဲ့ အကြီးအကဲတို့က ဒီစည်းမျဉ်းကိုကိုင်ပြီးတော့ ငါ့ဆီကိုထပ်မလာကြဖို့ ငါ မျှော်လင့်မိတယ်"
ရှီချင်းဝူသည် ပြတ်ပြတ်သားသားပြောဆိုကာ ထိုကိစ္စကိုရှင်းလင်းအောင် ပြုလုပ်လိုက်၏။
"ဟုတ်ကဲ့"
စွန်းကျီမေးနှင့်တခြားအကြီးအကဲများအားလုံးသည် အေးစက်တင်းမာနေသော မျက်နှာအမူအယာများဖြင့် နောက်ဆုတ်သွားတော့သည်။
လူများအားလုံးထွက်ခွာသွားပြီးနောက် ရီဖုန်းသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏နံဘေးရှိထိုင်ခုံ၌ ဝင်ထိုင်၍ ငှက်ပျောသီးတစ်လုံးကို အခွံခွာစားလိုက်သည်။
ရှီချင်းဝူက အေးစက်တင်းမာသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လေသည်။
"နင်က ငါ့ကို စော်ကားခဲ့တယ်...နင့်ကို ငါက နေရာမှာတင်သတ်လိုက်မှာကို နင် မကြောက်ဘူးလား"
ရှီချင်းဝူက အေးအေးလူလူလေသံဖြင့် မေးမြန်းသည်။
"မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ"
ရီဖုန်းက သာမန်ကာလျှံကာတုံ့ပြန်သည်။
"ဒါ့ပြင် မင်းလိုဂိုဏ်းချုပ်တစ်ယောက်က အတင်းအဖျင်းစကားတွေကို ကြောက်နေမယ်လို့ ငါ မထင်ဘူး"
ရှီချင်းဝူသည် ကြက်သေသေသွားလေ၏။
သူမသည် ရီဖုန်းပြောဆိုသွားသောစကားများနှင့် ပတ်သက်ပြီး စဉ်းစားတွေးတောနေပုံပင်။
အချိန်အတော်ကြာပြီးနောက် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်လာကာ ချီးမွမ်းစကားပြောဆိုသည်။
"ဒီတစ်ကြိမ်မှာ နင့်က ကောင်းကောင်းလုပ်နိုင်ခဲ့တယ်...အရမ်းကောင်းတယ်"
"ဒါပေမဲ့ နင် ဒီနေရာမှာ ခဏလောက်နေဖို့ လိုအပ်နေတုန်းပဲ...ငါ့ရဲ့အဆင့်အတန်း လုံးဝတည်ငြိမ်သွားပြီဆိုရင် နင် ထွက်သွားလို့ရတယ်.. တကယ်တော့ အချိန်က အရမ်းကြာမှာမဟုတ်ပါဘူး...အလွန်ဆုံးကြာမှ တစ်လနှစ်လလောက်ပဲ"
"ကောင်းပြီလေ"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။
သူသည် တပည့်သစ်တစ်ယောက် ရှာဖွေရန်အလျင်လိုနေသော်လည်း ထင်းခုတ်ရန်အတွက် သူ၏ဓားကိုသွေးရန် မေ့လျော့မည်မဟုတ်ချေ။သူ့ထံ၌ ငွေကြေးအလုံအလောက်ရှိနေမှသာ တခြားကိစ္စများကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပေမည်။
"နောက်တစ်ကြိမ်ကျရင် နင် ပိုပြီးတော့ ဂရုစိုက်ဖို့လိုအပ်တယ်...အကြောင်းကတော့ သူတို့က နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး...သူတို့က ထပ်ပြီးလှုပ်ရှားလာမှာ သေချာပေါက်ပဲ"
ရှီချင်းဝူက ပြောဆိုသည်။
"တကယ်တော့ ငါ ဒီနေရာမှာရှိနေရင် ငါက နင့်ကို ဘာပြဿနာမှ ဖြစ်လာခွင့်ပြုမှာ မဟုတ်ဘူး"
"ဒါကြောင့် နင် စိတ်အေးအေးထားပြီး အရင်ဆုံးအနားယူလိုက်တော့"
ထိုသို့ပြောဆိုပြီးနောက် ရှီချင်းဝူသည် သူမ၏နူးညံ့သေးသွယ်သောလက်ကို ဝှေ့ယမ်းကာ ရီဖုန်းအတွက် နေရာထိုင်ခြင်းပြင်ဆင်ပေးရန် သူမ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
ရီဖုန်းသည် ခြံဝန်းငယ်လေးတစ်ခုအတွင်း၌ ငြိမ်းချမ်းစွာနေထိုင်ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်...
မူလက သူ့အား ပြုစုစောင့်ရှောက်ရန် အစေခံအမြောက်အများရှိသော်လည်း တစ်ရက်မပြည့်မီမှာပင် သူတို့အားလုံး ထွက်ပြေးသွားကြသဖြင့် မည်သည့်ကိစ္စကိုမျှ မသိနားမလည်သော ကောင်လေးတစ်ယောက်သာ ကျန်ရှိခဲ့သည်။
ထိုမျှသာမက ဤှရက်များအတွင်းတွင် သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ လှောင်ပြောင်သရော်မှုများနှင့်အတင်းအဖျင်းပြောမှုများဖြင့် ဆီးကြိုနှုတ်ဆက်ခြင်းကို ခံရလေ၏။
သူတို့သည် သူအား မစင်တစ်တုံးအလား ပြောဆိုနေကြသည်။
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ မြင့်မြတ်သောဂိုဏ်းချုပ်ရှီချင်းဝူသည် နှစ်ပေါင်းတစ်သောင်းတွင် တစ်ကြိမ်သာမြင်တွေ့ရသော ရှားပါးသည့် ပါရမီရှင်တစ်ယောက်ပင်။ဤကဲ့သို့လူစားမျိုးသည် အသုံးမကျသောငယ်ချစ်ဦးကို သူမ၏ခင်ပွန်းအဖြစ် ရွေးချယ်ခဲ့လေ၏။
နောက်ထပ်အတင်းအဖျင်းစကားတစ်ခွန်းမှာ ရီဖုန်းကဲ့သို့ အမှိုက်ကောင်တစ်ကောင်သည် မည်သည်ကြောင့် ရှီချင်းဝူ၏မျက်နှာသားပေးမှုကို ရရှိသည်ဟူသော အကြောင်းပင်။
ထို့ပြင် ရီဖုန်းအား ပြောင်ပြောင်တင်းတင်းစိန်ခေါ်၍ သူတို့၏သူရဲကောင်းဆန်မှုကို ပြသလိုသော လူအမြောက်အများရှိသည်။
ကြည့်ရသည်မှာ အကြီးအကဲများသည် ထိုသို့ပြုလုပ်ရန်အတွက် စီစဉ်ညွှန်ကြားထားပုံပင်။
မည်သို့ပင်ဆိုစေကာမူ ရှီချင်းဝူ ရှိနေသရွေ့သူတို့သည် ရီဖုန်းကို ပြောင်ပြောင်တင်းတင်း လုပ်ကြံဝံ့မည်မဟုတ်ချေ။
ထိုကြောင့် သူတို့သည် ဤကဲ့သို့ နည်းလမ်းမျိုးကိုအသုံးပြု၍ လူထု၏အမြင်ကို အသုံးချကာ ရီဖုန်းအား ပြင်းထန်သောဖိအားအောက်တွင်အလိုအလျောက် နစ်မြုပ်သွားစေခြင်းဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အတင်းအဖျင်းပြောစကားများမှ လှောင်ပြောင်သရော်မှုနှင့်တိုင်ပင်ဆွေးနွေးမှုများအောက်တွင် ဖိအားအလွန်များပြားလေရာ သာမန်စိတ်နှလုံးသားရှိသူတစ်ယောက်သည် မည်သူနည်းဖြင့် တောင့်ခံနိုင်မည်နည်း။
Chapter 748
အမှန်အားဖြင့်...
ရီဖုန်းသည် မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း...
လူထုဖိအား....
မတည်ရှိသည့် အလားပင်။
သူ ဂရုစိုက်သည်မှာ ငွေကြေးပင်။
ဂိုဏ်း၏ပင်မခန်းမအတွင်း၌...
စင်မြင့်အထက်တွင် ရှီချင်းဝူထိုင်နေကာ သူမ၏နံဘေးတွင် အနက်ရောင်ဝတ်စုံဝတ်လူက ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။
"အဲ့ဒီကောင်လေးက အားကိုးလို့မရတာတော့မဟုတ်ဘူး...သူ့ကို ဆန့်ကျင်ပြီးပြောနေတဲ့ လှောင်ပြောင်သရော်မှုတွေက မိုးထိလုမတတ် မြင့်မားနေပြီ...သူက နည်းနည်းလေးတောင် ဂရုမစိုက်ဘဲနဲ့ နေ့တိုင်း အစားအသောက်တောင်မပျက်ဘူး"
အနက်ရောင်ဝတ်စုံဝတ်လူက အပြုံးနှင့်ပြောဆိုသည်။
"အဲ့ဒီကောင်လေး သည်းမခံနိုင်မှာကို ငါ တကယ်ကို စိုးရိမ်ခဲ့မိတယ်...ဒီလိုဖိအားမျိုးကို ငါဆိုရင်တောင် သည်းခံနိုင်မှာ မဟုတ်ဘူး...ဒါပေမယ့် အခုကြည့်ရသလောက်တော့ ငါ အတွေးလွန်သွားခဲ့ပုံပဲ"
"အင်း...."
ရှီချင်းဝူက ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"နောက်ထပ်တစ်လလောက် ထပ်ပြီးစောင့်ကြည့်ကြတာပေါ့....ငါက တစ်လကြာပြီးတဲ့အချိန်မှာ ဂိုဏ်းချုပ်ရဲ့အမွေအနှစ်ကို အပြည့်အဝဆက်ခံနိုင်တာနဲ့ ဒီကိစ္စက အဆုံးသတ်သွားပြီ"
ထိုအကြောင်းကို ပြောဆိုရင်း...
သူမ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူမ၏မျက်နှာ ရုတ်တရက်ဖြူရော်သွားကာ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
"မကောင်းတော့ဘူး"
သူမ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူမ၏စွမ်းအားများကို အလျှင်အမြန် ချိတ်ပိတ်လိုက်၏။
"ဂိုဏ်းချုပ်...အဆင်ပြေရဲ့လား"
အနက်ရောင်ဝတ်စုံဝတ်လူက စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။
"ငါ ကျင့်ကြံဆင့်ချိုးဖျက်ခဲ့တာ အချိန်မကြာသေး...ဒါကြောင့် ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ် မတည်ငြိမ်သေးတာကြောင့် … တန်ပြန်ဒဏ်ကို ခံစားရတာပဲ"
ရှီချင်းဝူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါဆိုရင် မင်း ဘယ်လိုလုပ်မလဲ...."
အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"ငါ့ရဲ့အခြေအနေက နည်းနည်းပြင်းထန်တယ်...ငါက ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံရမှာကို ငါ စိုးရိမ်မိတယ်"
ရှီချင်းဝူက ပြောဆိုသည်။
"ဒါ့ပြင် ငါက နင့်ရဲ့ကာကွယ်စောင့်ကြပ်ပေးမှုကို လိုအပ်တယ်"
"ဒါပေမဲ့....ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံမယ်ဆိုရင် အဲ့ဒီကောင်လေးကို ဘယ်လိုလုပ်ကြမလဲ"
အနက်ရောင်ဝတ်စုံဝတ်လူက အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။
"တစ်လဆိုတာက အချိန်ခဏလေးဆိုပေမယ့် စွန်းကျီမေးတို့လူစုက သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး...သူတို့က အဆက်မပြတ် လှုပ်ရှားကြလိမ့်မယ်"
"ဂိုဏ်းချုပ်ရဲ့ခွန်အား နာမည်ဂုဏ်သတင်းနဲ့ ဂိုဏ်းအပေါ် အကျိုးဆောင်ခဲ့မှုတွေကြောင့် ဂိုဏ်းချုပ်နေရာကို ဘယ်သူကမှ လှုပ်ခတ်နိုင်မှာမဟုတ်ဘူး...အရှုပ်အထွေးဖြစ်စေနိုင်တဲ့ ကိစ္စကတော့ ရီဖုန်းပဲ...တကယ်လို့ ရီဖုန်းဆီမှာ ပြဿနာတစ်ခုခု ဖြစ်လာမယ်ဆိုရင် ငါတို့ရဲ့အင်အားစိုက်ထုတ်မှုတွေအားလုံး အလဟဿဖြစ်သွားမယ်မဟုတ်လား"
ရှီချင်းဝူက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားကာ သူမကို ကြည့်ရသည်မှာ ဝေခွဲရခက်နေပုံပင်။
သူမသည် စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် နောက်ထပ်သွေးတလုတ်အန်ထုတ်လိုက်ရကာ သူမ၏ခန္ဓာကိုယ်တခုလုံး ဖြူဖျော့သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်လူသည် ရှီချင်းဝူကို အလျှင်အမြန် တွဲထူပေးလေ၏။
"ထားလိုက်တော့ ဂိုဏ်းချုပ်...မင်း ဒီအတိုင်းဖြစ်နေမှတော့ မင်းရဲ့ဒဏ်ရာတွေကို တည်ငြိမ်သွားအောင် ငါတို့က အမြန်ဆုံး တံခါးပိတ်ကျင့်ကြံရလိမ့်မယ်"
အနက်ရောင်ဝတ်စုံဝတ်လူက စိုးရိမ်ပူပန်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ဒဏ်ရာကို ကုသဖို့ထက် တခြားဘာမှ အရေးမကြီးဘူး"
ရှီချင်းဝူသည် အံ့တင်းတင်းကြိတ်ထားကာ သူမကိုကြည့်ရသည်မှာ အလွန်အမင်းလက်မခံလိုပုံပင်။
သို့ရာတွင် သူမ၏ခန္ဓာကိုယ်အခြေအနေအရ ယခုအချိန်၌ သူမ တံခါးပိတ်ကျင့်ကြံရုံသာ တတ်နိုင်ပေမည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ...ငါတို့ တံခါးပိတ်ကျင့်ကြံမှုမလုပ်ခင် ရီဖုန်းကို ဒီနေရာဆီ ခေါ်လာခဲ့အုံး"
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူမက ဆုံးဖြတ်ချက်တစ်ခုချမှတ်ကာ ပြောဆိုလိုက်၏။
"အင်း...ငါ အခုချက်ချင်း သွားခေါ်လိုက်မယ်"
အနက်ရောင်ဝတ်စုံဝတ်လူက အလွန်လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။
အချိန်တခဏကြာပြီးနောက် သူသည် ရီဖုန်းကို ပင်မခန်းမထံသို့ ခေါ်ဆောင်လာခဲ့သည်။
ရီဖုန်းရောက်ရှိလာသော အချိန်အခိုက်အတန့်တွင် ရှီချင်းဝူ၏ဒဏ်ရာအခြေအနေ ပြင်းထန်နေလေပြီ။သူမ၏လှပသောမျက်နှာလေးတစ်ခုလုံး စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူရော်နေသည်။
သို့ရာတွင် သူမသည် ခေါင်းမာမာဖြင့်တင်းခံကာ ရီဖုန်းရောက်ရှိလာသည့်အချိန်ကို စောင့်ဆိုင်းခဲ့သည်။
"မင်း ဘာအဆင်မပြေ ဖြစ်နေတာလဲ"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"နင် ငါ့ကို ဂရုစိုက်ဖို့မလိုဘူး"
ရှီချင်းဝူက ရှုံမဲ့နေသောမျက်နှာအမူအယာဖြင့် ရှင်းပြသည်။
"အတိုချုပ်ပြောရရင် ငါက ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံရလိမ့်မယ်...အရိပ်ကလည်း ငါ့ကိုကူညီပြီးတော့ ဓမ္မစောင့်ရှောက်သူလုပ်ပေးဖို့ လိုအပ်တယ်"
"ဒါကြောင့် အချိန်အခိုက်အတန့်တစ်ခုထိ ငါတို့က နင့်ကို ဂရုစိုက်နိုင်မှာမဟုတ်ဘူး"
"စွန်းကျီမေးတို့လူစုက နင့်ကို ဘယ်နည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး...ဒါကြောင့် နင်က အဲ့ဒီအခက်အခဲတွေအားလုံးကို နင်တစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မယ်"
"အင်း...."
ရီဖုန်းက ပေါ့ပေါ့ပါးပါးတုံ့ပြန်သည်။
ရီဖုန်း၏ပေါ့ပေါ့ပါးပါးအမူအယာကိုကြည့်ပြီး ရှီချင်းဝူသည် အချိန်တခဏကြာခန့် ကြက်သေသေသွားသည်။ထို့နောက် သူမက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"နင် အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်"
ရီဖုန်းက ထပ်မံ၍ပြောဆိုသည်။
ရှီချင်းဝူသည် အချိန်တခဏကြာခန့် ဆွံ့အသွားကာ သူမ၏ဒဏ်ရာအခြေအနေ ပို၍ဆိုးရွားလာသည်။
ဖြစ်နိုင်သည်မှာ ဤကောင်လေးသည် အန္တရာယ်ကို နားလည်သဘောပေါက်ခြင်း မရှိသလော...
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် ရီဖုန်းကို တစ်ယောက်တည်းထားခဲ့ရမည်အား သူမ အမှန်တကယ်ကို စိုးရိမ်ပူပန်နေမိသည်။
ထိုအကြောင်းကိုတွေးတောရင်း ရှီချင်းဝူသည် တည်ကြည်လေးနက်သောအကြည့်ဖြင့် ရီဖုန်းကိုကြည့်ကာ သတိပေးစကားကို ထပ်မံ၍ပြောဆိုလိုက်သည်။
"ငါ ပြောတာတွေကို နင် မှတ်ထားရမယ်...ဒီအချိန်အတောအတွင်းမှာ နင့် ဘယ်သူ့ကိုမှ မယုံနဲ့...ဒါ့ပြင် နင် ဘာပြဿနာနဲ့ပဲကြုံကြုံ လှုပ်ရှားမှုမလုပ်နဲ့...တကယ်လို့ တစ်ယောက်ယောက်က နင့်ကိုမေးခွန်းတွေလာမေးမယ်ဆိုရင် နင် မသိဘူးလို့ပဲဖြေပါ"
"အရာအားလုံးကို ငါတို့တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အထိစောင့်ပြီးမှ ဖြေရှင်းမယ်"
"နင် နားလည်ပြီလား"
"အင်း ကောင်းပြီလေ"
ရီဖုန်းက တုံ့ပြန်သည်။
ရီဖုန်းသည် သူမ၏စကားများကို အမှန်တကယ်နားထောင်သွားကြောင်း အတည်ပြုပြီးနောက် ရှီချင်းဝူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"နင် သွားလို့ရပြီ"
ရီဖုန်း ထွက်သွားတော့မည်ကို မြင်တွေ့ချိန်၌ သူမသည် ရုတ်တရက် သူ့အား ဟန့်တားလိုက်၏။
ရီဖုန်းက သူမကို ပြန်လှည့်ကြည့်လေသည်။
ရှီချင်းဝူသည် အချိန်တခဏကြာခန့် တွေဝေစဉ်းစားနေပြီးနောက် သူမ၏သိုလှောင်လက်စွပ်အတွင်းမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါက တစ်ခါသုံးကူးပြောင်းရေးအဆောင်လက်ဖွဲ့ပဲ...တကယ်လို့ နင့်ရဲ့သေရေးရှင်ရေးအချိန်အခိုက်အတန့်ကို ရောက်လာမယ်ဆိုရင် ငါတို့ကြားကဆက်ဆံရေးကို နင် စိုးရိမ်ဖို့မလိုဘူး"
ရှီချင်းဝူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"တကယ်လို့ နင် အသက်အန္တရာယ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ဒီအဆောင်လက်ဖွဲ့ကို သုံးပြီးတော့ အချိန်မရွေးထွက်သွားနိုင်တယ်"
အဆောင်လက်ဖွဲ့ကို မည်ကဲ့သို့ အသုံးပြုရမည်အား ရှင်းပြပြီးနောက် ရှီချင်းဝူသည် တံခါးပိတ်ကျင့်ကြံမည့် အခန်းအတွင်းသို့ ချက်ချင်းဝင်သွားတော့သည်။
Chapter 749
ရှီချင်းဝူသည် မည်သည်ကြောင့် ဤမျှထိ သတိကြီးစွာထားနေကြောင်း ရီဖုန်း မသိရှိချေ။
ဤဂိုဏ်းသည် အလွန်ကြီးမားပုံရသော်လည်း ဂိုဏ်းအတွင်းရှိ လူများ၏ခွန်အားသည် နိမ့်ပါးပေ၏။
သူတို့အားလုံးကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။
ဤငတုံးငအတစ်စုသည် သူအပေါ်၌ မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။
ဤသို့ဖြင့်...
အချိန်နှစ်ရက်သုံးရက်ခန့် ကုန်ဆုံးသွားလေပြီ။
ဤနှစ်ရက်သုံးရက်အတွင်းတွင် ပြင်ပ၌ ရီဖုန်းနှင့်ပတ်သက်သည့် လှောင်ပြောင်သရော်မှုများနှင့် အတင်းအဖျင်းပြောဆိုမှုများ ပို၍များပြားလာသည်။တချို့လူများသည် ရီဖုန်း၏ခြံတံခါးရှေ့၌အော်ဟစ်၍ သူ့အား စိန်ခေါ်ကြလေ၏။
ဤကိစ္စများအားလုံးကို ရီဖုန်းက လုံးလုံးလျားလျား လျစ်လျူရှုထားသည်။
သူ ယူဆောင်လာခဲ့သော နားကြပ်တစ်စုံကိုတပ်ကာ သူသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းပြီး နေပူဆာလှုံနေခဲ့သည်။
ထိုအချိန်မှာပင် ပြင်ပမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
"သခင်လေး...မင်း ဘာစားချင်လဲ"
ရီဖုန်းက ထိုနေရာသို့လှမ်းကြည့်လိုက်ရာ သူ့အတွက် အလုပ်လုပ်ကိုင်ပေးနေသော အစေခံကောင်လေးကို တွေ့မြင်မိသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သူ့အား 'အမှိုက်ကောင်'ဟု သတ်မှတ်ကာ မည်သူကမျှ သူ့အတွက် အလုပ်လုပ်ပေးရန် မလိုလားကြချေ။ သို့ရာတွင် ဤကောင်လေးထံတွင် ကြည်လင်သော မျက်လုံးတစ်စုံရှိကာ သူ့အား အရှင်သခင်တစ်ယောက်ဟု အမှန်တကယ် မှတ်ယူထားသည်။။သူသည် ကောင်းမွန်သောအပြုအမူဖြင့် ရီဖုန်းအတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည်။
ဤအစေခံကောင်လေး၏အမည်မှာ စုပိုင်ပင်။
သူ့ကိုကြည့်ရသည်မှာ ပိန်ပါးပြီးအသားဖြူသည်။
သူ့၏ခန္ဓာကိုယ်သည် အလွန်ပိန်ပါးသဖြင့် လေပြင်းတချက်တိုက်ခိုက်လျှင် လွင့်ထွက်သွားတော့မည့်အလားပင်။
တစ်စုံတစ်ယောက်ထံတွင် အနည်းငယ်အရည်အချင်းရှိသရွေ့ သူ အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားပါက အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာနိုင်သည်။
စုပိုင်ကဲ့သို့အလယ်အလတ်အရည်အချင်းသာရှိသော တစ်စုံတစ်ယောက်အတွက်ကမူ အစေခံတပည့်အဖြစ်သာ တသက်လုံးတာဝန်ထမ်းဆောင်ရပေမည်။
စုပိုင်၏မေးခွန်းကို ကြားချိန်တွင်...
ရီဖုန်းက သူ၏ပါးစပ်ကိုဖွင့်ကာ သန်းဝါးလိုက်သည်။
"တစ်ခုခုစားဖို့ကလည်း ပျင်းဖို့ကောင်းလိုက်တာ"
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် ရှီချင်းဝူ တံခါးပိတ်ကျင့်ကြံသွားစဉ် အချိန်မှစ၍ သန့်စင်ခြင်းတစ်ရာဂိုဏ်း၏အစားအသောက်အရသာများ အလွန်ဆိုးရွားလာသည်။
ထိုကြောင့် ရီဖုန်းသည် ထမင်းစားချိန်ရောက်ရှိလာချိန်တိုင်း စိတ်ရှုပ်ထွေးနေသည်။
သူ စားသည့်အရာတိုင်း မည်သည့်တစ်ခုမျှ အရသာမရှိချေ။
ဟင်းပွဲတိုင်းသည် ပေါ့ရွှတ်ရွှတ်ဖြစ်နေကာ အရည်ကျဲနေသည်။
သူ မစားနိုင်သဖြင့် သူ၏ကိုယ်အလေးချိန်ကျသွားသကဲ့သို့ ခံစားမိသည်။
ထူးချွန်သောစားဖိုမှူးတစ်ယောက်ဖြစ်သည့် သူ့အနေဖြင့် မည်သည်ကြောင့် အစားအသောက်ကောင်းများကို မတမ်းတဘဲ နေနိုင်မည်နည်း။
ရီဖုန်းသည် ဆိုးရွားသောအစားအသောက်များကိုစားသောက်ပြီး သူ့ကိုယ်သူမညှင်းဆဲလိုဘဲ ကောင်းမွန်သောအသားဟင်းလျာတချို့ကို စားလိုခဲ့သည်။
သို့ရာတွင် သူ မည်သည့်နေရာမှနေ၍ အသားတချို့ကို ရှာဖွေရမည်နည်း။
သူသည် နောက်မှီကုလားထိုင်ပေါ်၌ တဖန်ပြန်၍လဲလျောင်းကာ စဉ်းစားတွေးသောလိုက်သည်။
သူ၏ဦးနှောက် ခြောက်ကပ်လုမတတ် ဖြစ်နေလေပြီ။
သူသည် နောက်မှီကုလားထိုင်၏လက်ရမ်း၌ အပေါက်များဖြစ်သည့်အထိ ကုတ်ခြစ်နေသည့်တိုင် သူ စားသောက်နိုင်သော တစ်စုံတစ်ခုကို စဉ်းစား၍မရ ဖြစ်နေဆဲပင်။
ထိုအချိန်မှာပင်...
ကျယ်လောင်သောငှက်အော်သံတစ်သံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
"ဂီး...ဂီး..."
ရီဖုန်းသည် ထိုအသံကိုကြားချိန်တွင် သူ၏မျက်ခွံကိုလှန်ကာ အထက်သို့မော့ကြည့်လိုက်သည်။
ကြီးမားသောငှက်နက်တစ်ကောင်သည် အော်မြည်ရင်း ခေါင်မိုးပေါ်၌ လှည့်ပတ်၍ပျံသန်းနေသည်။
ဤငှက်၏အသံသည် နားဝင်မချိုသော်လည်း ကြည့်ရသည်မှာ အလွန်အမင်းလှပသည်။
နေရောင်ခြည်၏ရောင်ပြန်ဟပ်မှုအောက်တွင် ထိုငှက်၏အနက်ရောင်ငှက်မွှေးများ တောက်ပနေကာ အလင်းတန်းများ ဖြာထွက်နေသည်။
ဤငှက်သည် သာမန်မဟုတ်ကြောင်း အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်သည်။
အမှန်အားဖြင့် ရီဖုန်းသည် ဤရက်များအတွင်း၌ ထိုငှက်နက်ကြီးကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးဖြစ်သည်။
ထိုငှက်နက်သည် ဂိုဏ်းအတွင်း၌ လှည့်ပတ်ပျံသန်းနေသည့်အချိန်၌ အလွန်သောင်းကျန်းကာ မောက်မာထောင်လွှားသည်။
ဂိုဏ်းအတွင်းရှိ အကြီးအကဲများနှင့်အတွင်းစည်းတပည့်များသည် ပြင်ပသို့ထွက်လာပြီး ထိုငှက်အား ဂရုတစိုက်စောင့်ရှောက်သည်ကို သူ မမြင်တွေ့မိချေ။
ထို့ပြင် ယခုလက်ရှိအချိန်သည် ညစာစားချိန်ပင်။
ထိုငှက်နက်ကို တဖန်ပြန်၍မြင်တွေ့မိချိန်တွင် ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
သူသည် နောက်မှီကုလားထိုင်လက်ရန်းကို သူ၏လက်ဖြင့်ရိုက်ပုတ်ကာ သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်တချို့ ထင်ဟပ်လာပေ၏။
နောက်ဆုံး၌ သူ မည်သည့်အရာအား စားသောက်ရမည်ကို ဆုံးဖြတ်နိုင်ခဲ့လေပြီ။
နံဘေးတစ်ဖက်တွင်ရှိသော စုပိုင်သည် ရီဖုန်း အလွန်စိတ်လှုပ်ရှားနေသည်ကို သူ မြင်တွေ့ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
ရီဖုန်း၏မျက်လုံးများ တောက်ပနေကာ သူ အလွန်အမင်းတက်ကြွနေသည်။
"သခင်လေး ဘာတွေကို စဉ်းစားမိလို့ ပျော်နေတာလဲ"
စုပိုင်က သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။
"ငါ နောက်ဆုံးတော့ ဘာကိုစားရမလဲဆိုတာ စဉ်းစားလို့ရပြီ"
ရီဖုန်းသည် စုပိုင်၏ပခုံးကိုပုတ်ကာ မိုးကောင်းကင်ယံ၌ ပျံသန်းနေသော ငှက်နက်ကြီးကို လက်ညှိုးညွှန်ပြပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
"ငါ အဲ့ဒီငှက်ကို စားချင်တယ်"
ထိုစကားကိုကြားချိန်တွင် အစေခံတယောက်ဖြစ်သော စုပိုင်၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားလုနီးပါးပင်။
"ရှောင်ပိုင်...မင်း ဘာဖြစ်တာလဲ"
ရီဖုန်းသည် ထိတ်လန့်သွားကာ စုပိုင်အား တွဲထူပေးရန်အတွက် ရှေ့သို့အလျှင်အမြန်တိုးလိုက်သည်။
မမျှော်လင့်ဘဲ စုပိုင်သည် မတ်တတ်ထရပ်ပြီးနောက် သူ၏ခြေသလုံးကြွက်သားများ တုန်ရီနေသည်။
စုပိုင်သည် သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်အုပ်ကာ မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
"သခင်လေး....မင်း ခုဏက ဘာပြောလိုက်တာလဲ....မင်း ဘာကိုစားချင်တယ်လို့ ပြောတာလဲ"
"ကောင်းကင်မှာပျံနေတဲ့ အဲ့ဒီငှက်နက်ကြီးလေ"
ရီဖုန်းသည် ကြောင်စီစီဖြစ်သွားကာ သံသယအပြည့်ဖြင့် တုံ့ပြန်မေးမြန်းလိုက်၏။
"ငှက်တကောင်ကိုစားမယ်ပြောတာနဲ့ မင်း ဒီလောက်ထိ ကြောက်ဖို့လိုလို့လား"
စုပိုင်သည် သူ၏လက်ကို သူနဖူးပေါ်သို့တင်ကာ ဖြူရော်နေသောနှုတ်ခမ်းတစ်စုံဖြင့် ပြောဆိုသည်။
"သခင်လေး...မင်း ဒီကိစ္စကို ထပ်စဥ်းစားလို့မရဘူး"
"ဘာလို့လဲ"
ရီဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ဒါက နည်းနည်းကြီးတဲ့ ကျီးကန်းတကောင်ပဲမဟုတ်လား....အဲ့ဒီကောင်က ခေါင်မိုးပေါ်မှာနေပြီးတော့ တစ်ချိန်လုံး အော်နေတာကို မြင်ရတာ ငါ့ကို စိတ်မပျော်မရွှင်ဖြစ်စေတယ်"
စုပိုင်က စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို မော့လိုက်သည်။
'သခင်လေး...မင်းစားချင်တယ်ဆိုတဲ့ငှက်က ဘာလဲဆိုတာ မင်း သိလား'
ဤသည်မှာ သူတို့ဂိုဏ်း၏ အစောင့်အရှောက်မြင့်မြတ်သားရဲဖြစ်သော ကျီးကန်းနက်ပင်။
သူ၏အသက်ခုနစ်နှစ်အရွယ်တွင် ဂိုဏ်းအတွင်းသို့ စတင်ဝင်ရောက်ခဲ့စဉ်၌ သူ ပထမဆုံးသင်ယူခဲ့ရသော သင်ခန်းစာမှာ ဂိုဏ်းအတွင်း၌ရှိသော ကျီးကန်းနက်နှင့်ပတ်သက်သည့် ဒဏ္ဍာရီများပင်။
ထိုဒဏ္ဍာရီများအရ....
ဤကျီးကန်းနက်သည် ဘိုးဘေးများနှင့် မျိုးဆက်တဆက်တည်း တည်ရှိခဲ့သူဖြစ်ပြီး ဂိုဏ်းအတွင်း၌ ကြီးမားသောအခြေခံအုတ်မြစ်တစ်ခုအဖြစ် တည်ရှိနေသောသားရဲပင်။
ထိုဘိုးဘေးများ သေဆုံးသွားသည့်တိုင် ကျီးကန်းနက်သည် ဤနေရာ၌ ဆက်လက်ရှိနေဆဲဖြစ်ကာ သန့်စင်ခြင်းတစ်ရာဂိုဏ်းဂိုဏ်း၏အစောင့်အရှောက်သားရဲ ဖြစ်လာခဲ့သည်။
ဤ ကျီးကန်းနက်ကြီးထံတွင် ဒေါသကြီးသော အကျင့်စရိုက်ရှိသည်။ထိုသားရဲသည် ဂိုဏ်းတစ်ဂိုဏ်းလုံးအား ဖရိုဖရဲဖြစ်စေကာ လစဉ်လတိုင်း တပည့်တချို့ကို စားသောက်ခြင်းပင် ပြုလုပ်ခဲ့သဖြင့် ဂိုဏ်းမှလူများအားလုံး ညည်းတွားနေကြရသည်။
သို့ရာတွင် ဤသည်မှာ အစောင့်အရှောက်သားရဲဖြစ်နေသည့်အပြင် အလွန်စီနီယာကျပြီး အစွမ်းထက်သည်။
ဂိုဏ်းချုပ်နှင့်မဟာအကြီးအကဲပင်လျှင် ထိုကျီးကန်းနက်အား အပြစ်မပြုဝံ့သဖြင့် တခြားလူများအားလုံးသည် ထိုသားရဲ၏အနိုင်ကျင့်မှုကို ငြိမ်ခံနေရုံသာ တက်နိုင်တော့သည်။
ထိုအကြောင်းကိုတွေးတောရင်း စုပိုင်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
ထို့နောက် သူကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။
အကယ်၍ သူသည် ရီဖုန်းကို ထိုအကြောင်းများအား ပြောဆိုလိုက်ပါက ရီဖုန်း ထိတ်လန့်ကြောက်ရွံ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားနိုင်သည်မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ....
ရီဖုန်းထံတွင် မြင့်မားသောအဆင့်အတန်းရှိကာ ဂိုဏ်းချုပ်၏ခင်ပွန်းလောင်း ဖြစ်သော်လည်းသူ့၏ကျင့်ကြံဆင့်အခြေခံသည် မြင့်မားခြင်းမရှိချေ။ထို့ပြင် ရီဖုန်း၏ခွန်အားသည် သူ့ထက် သန်မာအားကောင်းခြင်းပင် မရှိနိုင်ချေ။
အကယ်၍ ရီဖုန်းသည် ကျီးကန်းနက်၏နောက်ခံကို သိရှိသွားပါက အလွန်ထိတ်လန့်ကြောက်ရွံ့သွားမည် မဟုတ်လော....
ရီဖုန်း ကြောက်လန့်မသွားစေရန်အတွက် ကြင်နာသောစိတ်နှလုံးသားရှိသည့် စုပိုင်သည် ဤကိစ္စအားဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။ထို့နောက် သူက ခါးသည်းသောအပြုံးတစ်ခုဖြင့် ရီဖုန်းကို ဖြောင့်ဖျလိုက်၏။
"သခင်လေး...ငါတို့ အဲ့ဒီငှက်ကို မစားသင့်ဘူးလို့ ငါ ထင်တယ်"
"ဘာလို့ မစားသင့်တာလဲ..ငါက အဲ့ဒီငှက်စုတ်တစ်ကောင်ကိုတောင် စားလို့မရဘူးလား"
ရီဖုန်းသည် မတ်တတ်ထရပ်ကာ သူ့၏လက်ဖြင့်ခါးတစ်ဖက်ထောက်ပြီး တခြားလက်တစ်ဖက်ဖြင့် စုပိုင်ကိုလက်ညှိုးထိုးကာ ပြောဆိုသည်။
"မင်း သွားစမ်း...အဲ့ဒီငှက်စုတ်ကို ရေနွေးထဲထည့်ပြုတ်ပြီးတော့ အမွှေးနှုတ်ထားစမ်း...ငါက အဲ့ဒီငှက်ကို မီးအေးအေးနဲ့ သေချာနှပ်ရမယ်...ငါ ဟင်းကောင်းကောင်းစားချင်တယ်"
သူ အသားမစားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ဤကျီးကန်းနက်ကို အမှန်တကယ်ချက်စားလိုသည်။
ယခုအချိန်၌ သူ၏ခေါင်းအတွင်းတွင် ကျီးကန်းသားစွပ်ပြုတ်အကြောင်းနှင့် ပြည့်နေသည်။
"သခင်လေး...."
စုပိုင်က ပျာပျာသလဲပြောဆိုသည်။
"တကယ်လို့ မင်း ဒီငှက်ကို တကယ်စားချင်တယ်ဆိုရင်တောင်...ငါ့မှာက မင်းအတွက် အဲ့ဒီငှက်ကိုဖမ်းပေးနိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး"
ဤသည်မှာ နတ်ဘုရားသားရဲတစ်ကောင်ပင်။မည်သည်ကြောင့် သူကဲ့သို့ အစေခံတစ်ယောက်သည် ထိုငှက်အား ရိုက်နှက်နိုင်မည်နည်း။
အကယ်၍ သူ ထိုသို့လုပ်ဆောင်လိုက်ပါက သူ့အား ကျီးကန်းနက်မှ တစ်ဖန်ပြန်၍စားသွားမည်ကို သူ ကြိုတင်တွေးတောပြီးဖြစ်သည်။
"မင်းရဲ့ခွန်အားက ကျီးကန်းနက်တကောင်ကိုဖမ်းဖို့တောင် မလုံလောက်ဘူးလား"
ရီဖုန်းက စုပိုင်ကိုကြည့်ကာ သက်ပြင်းရှိုက်လိုက်သည်။
"ဒါဆိုရင် မင်းက တကယ့်ကိုအားနည်းတာပါလား"
ထိုစကားကိုကြားချိန်တွင် စုပိုင်၏မျက်နှာပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်လာသည်။
'သခင်လေး...ဒါက ငါ အားနည်းတာကြောင့် မဟုတ်ဘူး...အဲ့ဒီကျီးကန်းနက်က အရမ်းသန်မာအားကောင်းတာကြောင့်ပဲ...တကယ်လို့ ဂိုဏ်းချုပ်ကိုယ်တိုင် ဒီနေရာမှာရှိနေရင်တောင် သူက အဲ့ဒီသားရဲကို ဖမ်းဝံ့မှာမဟုတ်ဘူး'
စုပိုင်၏သနားဖွယ်ကောင်းသောအကြည့်ကို မြင်တွေ့ပြီးနောက်....
ထို့ပြင် ဤရက်များအတွင်းတွင် ဤကောင်လေးသည် သူအား စိတ်ရင်းဖြင့် အလုပ်လုပ်ကိုင်ပေးခဲ့သည်ကိုလည်း သူ တွေးတောမိလေ၏။
ရီဖုန်းက သူသည် စနစ်ကိုအသုံးပြုကာ ကံကြမ္မာရမှတ်များကိုဖြုန်းတီးပြီး စုပိုင်အား ကျင့်ကြံဆင့်တချို့ပေးရန် တွေးတောလိုက်သည်။ထိုသို့ပြုလုပ်မှသာ စုပိုင်သည် သူ့အတွက် ကိစ္စတချို့ကို ပြုလုပ်ပေးနိုင်ပေမည်။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းက နောက်မှီကုလားထိုင်ပေါ်၌ ပြန်ထိုင်လိုက်သည်။
"ရှေ့ကိုတိုးခဲ့အုံး...မင်း အဲ့ဒီငှက်စုတ်ကို ဖမ်းနိုင်အောင် ငါက မင်းကို ကျင့်ကြံဆင့်အခြေခံတချို့ လွှဲပြောင်းပေးမယ်"
"ဘာ...."
စုပိုင်သည် အနည်းငယ် အံ့အားသင့်တုန်လှုပ်သွားပေ၏။
Chapter 750
စုပိုင်သည် ယုံကြည်ခြင်းမရှိသော်လည်း အမှုမဲ့အမှတ်မဲ့ဖြင့် ရှေ့သို့လျှောက်လှမ်းသွားမိသည်။
ရီဖုန်းသည် စနစ်ကိုဆင့်ခေါ်၍ ကံကြမ္မာရမှတ်အနည်းငယ်ကိုအသုံးပြုကာ စုပိုင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
စုပိုင်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားပေ၏။
သူ၏ခန္ဓာကိုယ်ရှိ အရိုးများမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။
သူ၏သွေးလှည့်ပတ်မှုနှုန်းသည် အဆတစ်ရာခန့် မြင့်တက်သွားပေ၏။
သူ၏ခန္ဓာကိုယ်မှနေ၍ အနံ့အသက်ဆိုးများ ထွက်ပေါ်လာကာ အသက်ရှုချိန်အနည်းငယ်ခန့်ကြာမြင့်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ငှက်မွှေးတစ်ခုအလား ပေါ့ပါးသွားသည်ကို သူ ခံစားမိသည်။
ကြည့်ရသည်မှာ ဤအချိန်အခိုက်အတန့်တွင် သူ ပျံသန်းသွားနိုင်တော့မည့်အလားပင်။
"ဒါ...ဒါ...ဒါက...."
စုပိုင်သည် သူ၏ပြောင်းလဲမှုကို အာရုံခံမိချိန်၌ လုံးလုံးလျားလျား ဥာဏ်မမှီနိုင်တော့ချေ။
သို့ရာတွင် စုပိုင်သည် လုံလောက်သည်အထိ ခွန်အားကောင်းခြင်းမရှိသေးဟု ရီဖုန်းက တွေးတောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ကံကြမ္မာရမှတ်တစ်မှတ်တည်းကိုအသုံးပြုပြီး စုပိုင်အတွက် ကျင့်ကြံဆင့်အခြေခံအနည်းငယ်ကို သူ မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
"ငါ နည်းနည်းလောက်ပိုပြီး ကျင့်ကြံဆင့်မြှင့်တင်ပေးလိုက်မယ်"
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ့အတွက် ကံကြမ္မာရမှတ်အနည်းငယ်ကို ဖြုန်းတီးခြင်းသာဖြစ်သည်။
ရီဖုန်းသည် ထိုသို့တွေးတောမိသဖြင့် ကံကြမ္မာရမှတ်သုံးမှတ်ကို ထပ်မံ၍အသုံးပြုလိုက်၏။
ထို့နောက် ကျင့်ကြံဆင့်အခြေခံစွမ်းအားများကို စုပိုင်ထံသို့ တဖန်ထပ်၍လွှဲပြောင်းပေးလိုက်သည်။
"ဘုန်း..ဘုန်း...ဘုန်း...."
ရုတ်ချည်းဆိုသလိုပင် စုပိုင်၏ဆံပင်များ လူးလွန့်သွားကာ သူ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်တန်း ရစ်သိုင်းလွှမ်းခြုံသွားသည်။သူ၏ခန္ဓာကိုယ်အနှံ့ သွေးများတလိမ့်လိမ့်စီးဆင်းနေသည်ကို သူ ခံစားမိလေ၏။
သူက မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ငါ....ငါက အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်သွားတာလား"
စုပိုင်သည် သူ၏အပြောင်းအလဲကို ခံစားမိသဖြင့် ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်နေမှုကို စကားလုံးဖြင့်ဖော်ပြရန်ပင် မစွမ်းတော့ချေ။
"ဘာအစစ်အမှန်အင်မော်တယ်လဲ...."
ရီဖုန်းက ရယ်မောရင်းပြောဆိုသည်။
"ဒါက ကျင့်ကြံဆင့်စွမ်းအားလေး နည်းနည်းပဲမဟုတ်လား"
စုပိုင်သည် ထိုအသံကိုကြားချိန်၌ အသိပြန်ဝင်လာခဲ့သည်။
သူသည် ချက်ချင်းဆိုသလိုပင် ဒူးထောက်ကာ ရီဖုန်းကို အဆက်မပြတ် ဦးညွှတ်အရိုအသေပြုလိုက်၏။
"သခင်လေးကို ကျေးဇူးတင်ပါတယ်...ငါ့ကို ပြန်လည်မွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယခုအချိန်၌ သူ နားလည်သဘောပေါက်သွားလေပြီ။
သူ၏အရှင်သခင်သည် အမှန်အားဖြင့် ဖုံးကွယ်ထားသော ဆရာကြီးတစ်ယောက်ပင်။
"ရှောင်ပိုင်....မင်း ဘာလုပ်တာလဲ"
ရီဖုန်းက စုပိုင်အား မတ်တတ်ထရပ်ရန် အလျှင်အမြန်တွဲထူပေးလိုက်သည်။
"ဒါက ကျင့်ကြံဆင့်အခြေခံလေး နည်းနည်းပဲလေ...မင်း ဒီလောက်ထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး"
ဤသည်ကို ကျင့်ကြံဆင့်အခြေခံအနည်းငယ်ဟု ခေါ်သလော....
သို့ရာတွင် သူသည် အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာသည်ကို သူ ရှင်းရှင်းလင်းလင်းခံစားမိသည်။
စုပိုင်၏စိတ်နှလုံးသား ပြိုလဲသွားတော့လုမတတ်ပင်။
ရီဖုန်း၏မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသော အမူအယာတစ်ရပ်သာရှိနေပြီး မည်သည့်ဟန်ဆောင်မှုမျိုးမျှ ရှိပုံမရချေ။
'ဖြစ်နိုင်တာတော့ သခင်လေးရဲ့မျက်လုံးထဲမှာ ဒီကျင့်ကြံဆင့်နယ်ပယ်က တကယ့်ကိုပဲ အသေးအမွှားဖြစ်နေတာလား"
စုပိုင်က ညည်းတွားလိုက်ကာ သူ၏စိတ်အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရန် အလွန်အမင်းခက်ခဲနေသည်။
ရီဖုန်းကိုကြည့်သော သူ၏အမြင်သည်လည်း ရုတ်တရက်ပြောင်းလဲသွားပေ၏။
ဆရာကြီး....
ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ပင်...
'ဒါက ဆရာကြီးတစ်ယောက်ရဲ့အမူအကျင့်ဖြစ်ပြီးတော့ ရိုးရှင်းမှုကိုပြန်ရောက်တဲ့အဆင့်မှာ သခင်လေးရီက ရှိနေလောက်ပြီ'
'သခင်လေးရီက အပြင်က လှောင်ပြောင်သရော်မှုတွေနဲ့ အတင်းအဖျင်းစကားတွေကို ဂရုမစိုက်တာ အံ့အားသင့်စရာ မရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ ဒီလိုကိစ္စမျိုး ရှိနေတာပါလား...ဘယ်လိုပဲဖြစ်ဖြစ် ကျားတကောင်က ပုရွက်ဆိတ်တွေရဲ့ ပူညံပူညံလုပ်တာကို ဘာလို့ဂရုစိုက်နေမှာလဲ"
"ဂိုဏ်းချုပ်က သခင်လေးရီကို ချစ်ကျွမ်းဝင်သွားတာ အံ့အားသင့်စရာ မရှိတော့ဘူး...ဂိုဏ်းချုပ်လို အေးစက်ပြီးတော့ မာနကြီးတဲ့လူတစ်ယောက်က လူသူအများရှေ့မှာ သခင်လေးရီကို ပွေ့ဖက်ခွင့်ပေးခဲ့တယ်"
"သခင်လေးရီက အစွမ်းထက်တဲ့လူဆိုတာကိုသာ ဂိုဏ်းချုပ်သိသွားရင် သူ့ရဲ့စိတ်နှလုံးသားနဲ့ခန္ဓာကိုယ်နှစ်ခုလုံးကို သခင်လေးရီဆီ အပ်နှံ့လိုက်မှာကို ငါ စိုးရိမ်မိတယ်"
"ဒီနေ့ ငါ စုပိုင် နောက်ဆုံးတော့ နားလည်သဘောပေါက်သွားပြီ"
ရီဖုန်းသည် နားမလည်နိုင်လောက်အောင် ခံစားနေရသည်။
ဤအစေခံတပည့်လေးသည် ကျင့်ကြံဆင့်အခြေခံစွမ်းအား အနည်းငယ်ရရှိရုံမျှဖြင့် မည်သည်ကြောင့် အလွန်စိတ်ကူးယဉ်ဆန်သွားသနည်း။
သူထံတွင် စုပိုင်၏ ထောင်နှင့်ချီ၍ အက်ကြောင်းထပ်နေသော ကျေးဇူးတင်စကားများကို နားထောင်ရန်အတွက် အချိန်မရှိချေ။ထိုကြောင့် သူသည် စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ရှောင်ပိုင် ငါ ပြောမယ်...မင်း ငါ့ကိုကူညီပြီးတော့ အဲ့ဒီငှက်စုတ်ကို ဖမ်းပေးနိုင်မလား...ငါ အခု အသားစားချင်နေတယ်"
"ငါ လုပ်နိုင်တယ်"
စုပိုင်က ချက်ချင်းမတ်တတ်ထရပ်ပြီး သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်ပုတ်ကာ ပြောဆိုသည်။
"အဲ့ဒီငှက်စုတ်ကို မပြောနဲ့....တကယ်လို့ သခင်လေးက နဂါးအသည်းနဲ့ဖီးနစ်ခြင်ဆီကိုစားချင်တယ်ဆိုရင်တောင် ဓားတောင်ကိုဖြတ်ရဖြတ်ရ ဒါမှမဟုတ် မီးပင်လယ်ကိုပဲကျော်ရကျော်ရ ငါက မင်းအတွက် ကြိုးစားပေးမယ်"
ရီဖုန်းသည် အလွန်ဆွံ့အသွားပေ၏။
ဤအစေခံကောင်လေးသည် မည်သည်ကြောင့် ရုတ်တရက်ကြီး အလွန်စကားများသူ ဖြစ်သွားသနည်း။
သူသည် ဤကိစ္စကို အလေးအနက်မထားတော့ဘဲ အလျင်စလိုတိုက်တွန်းလိုက်၏။
"မင်း သွားတော့....အခုချက်ချင်း သွားလိုက်တော့...ငါက ဘာနဂါးအသည်းနဲ့ဖီးနစ်ခြင်ဆီကိုမှ မလိုချင်ဘူး....အခု ငါ အဲ့ဒီငှက်စုတ်ကို စားချင်တယ်"
"အမိန့်ကို နာခံပါတယ်"
စုပိုင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုကာ အခန်းအတွင်းမှ ထွက်သွားတော့သည်။
အခန်းအတွင်းမှ ထွက်သွားပြီးနောက်...
သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အရှိန်အဝါများကိုထုတ်လွှတ်ကာ ကျီးကန်းနက်၏အသိုက်ထံသို့ စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျီးကန်းနက်....မင်းက ငါတို့ဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲဖြစ်ပေမယ့် ငါ့ရဲ့အရှင်က မင်းကိုစားချင်နေတယ်...ဒါကြောင့် ဒီဂျူနီယာလေးက မင်းကို အပြစ်ပြုရလိမ့်မယ်"
ထိုအသံကျရောက်သွားသည်နှင့်အတူ....
စုပိုင်သည် လေဟာနယ်ကိုဆုတ်ဖြဲကာ ထိုနေရာသို့ ရောက်ရှိသွားသည်။
...
မကြာမီမှာပင်...
ကျီးကန်းနက်၏အသိုက်ထံမှနေ၍ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
ထို့နောက်မှနေ၍....
ရွှေရောင်အလင်းတန်းတတန်း ပျံ့လွင့်သွားကာ....
မြေပြင်တပြင်လုံး တုန်ခါသွားခြင်းနှင့်အတူ ကျီးကန်းနက်၏စူးရှသောအော်သံသည် ဂိုဏ်းအတွင်းမှ တပည့်များအားလုံးနီးပါး၏နားများအတွင်းသို့ ဝင်ရောက်သွားသည်။
အကြီးအကဲများပင်လျှင် သူတို့၏နေထိုင်သောနေရာများမှ ပျံသန်းထွက်လာပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို စုံစမ်းရန် သွားရောက်ကြတော့သည်။
သို့ရာတွင် ထိုမတော်တဆကိစ္စသည် ကျီးကန်းနက်၏အသိုက်အတွင်း၌ ဖြစ်ပွားနေသည်ကိုကြည့်ပြီး မည်သူမျှ အနီးသို့ မချဉ်းကပ်ဝံ့တော့ချေ။
အကြောင်းအရင်းမှာ ဤကျီးကန်းနက်သည် အလွန်ဗိုလ်ကျသောကြောင့်ပင်။
ဂိုဏ်းချုပ်နှင့်မဟာအကြီးအကဲတို့မှလွဲ၍ ထိုကျီးကန်းနက်သည် သူ၏အနားသို့ တခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ချဥ်းကပ်ခွင့်မပြုချေ။
မကြာသေးမီက အပြင်စည်းတပည့်နှစ်ယောက်သည် ထိုကျီးကန်းနက်၏နယ်မြေအတွင်းသို့မတော်တဆ ဝင်သွားမိသဖြင့် ထိုသားရဲ၏စားခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့်....
ဤအချိန်အခိုက်အတန့်တွင် လူများအားလုံး ရှေ့သို့မတိုးဝံ့ကြချေ။
ဤကိစ္စသည် သူတို့အပေါ် သက်ရောက်လာမည်ကို ထိတ်လန့်ကြောက်ရွံနေကြ၏။
ကံကောင်းထောက်မစွာဖြင့် ဤပြင်းထန်သော တုန်ခါမှုလှိုင်းများသည် အချိန်ကြာမြင့်ခြင်းမရှိချေ။
မကြာမီမှာပင် ကျီးကန်းနက်၏အသိုက်နေရာ၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျီးကန်းနက်၏စူးရှသောအော်သံသည်လည်း ရုတ်တရက် ရပ်တန့်သွားပေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံးသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။
တစ်စုံတစ်ယောက်က ခန့်မှန်းပြောဆိုသည်မှာ....
အစောပိုင်းက ဂိုဏ်းအားတိုက်ခိုက်ရန် ကြံရွယ်နေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ကျီးကန်းနက်မှ မြင်တွေ့သွားသဖြင့် ထိုရန်သူအား အချိန်မီဟန့်တားလိုက်ခြင်း ဖြစ်ပေမည်။
တခြားတစ်စုံတစ်ယောက်က ထင်ကြေးပေး၍ ပြောဆိုသည်မှာ....
ကျီးကန်းနက်သည် အမဲလိုက်ရန်အတွက် အနောက်ဖက်တောင်တန်းသို့သွားစဉ်တွင် ဤတစ်ကြိမ်၌ သူ ဖမ်းဆီးသောသားကောင်သည် အနည်းငယ်အစွမ်းထက်နေသောကြောင့် ဤကဲ့သို့ ကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်ပွားလာခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သန့်စင်ခြင်းတစ်ရာဂိုဏ်း၏နောက်တွင် မြေနဂါးတောင်နန်းရှိနေသဖြင့် ထိုတောတောင်အတွင်း၌ မရေမတွက်နိုင်သောသားရဲများ ရှိနေသည်။
ထိုနေရာတွင် အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိနေသော မဟာနတ်ဆိုးသားရဲကြီးများလည်း ရှိနေပေ၏။
နတ်ဘုရားသားရဲတစ်ကောင်ဖြစ်သော ကျီးကန်းနက်သည် အစာအရသာကို ပြောင်းလဲလိုသောအချိန်တိုင်း ထိုနတ်ဆိုးသားရဲကြီးများကို မကြာခဏအမဲလိုက်လေ့ရှိသည်။
ဖြစ်နိုင်သည်မှာ ယနေ့သည် ကျီးကန်းနက်၏ အစာပြောင်းလဲသောနေ့ဖြစ်ပုံပင်။
သူတို့အားလုံး စကားအမြောက်အများ ပြောဆိုနေချိန်၌....
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် မီးဖိုချောင်အတွင်း၌ထိုင်ကာ မီးမွှေးနေသည်။
ထို့နောက် သူသည် ကြက်သွန်နီ ဂျင်းနှင့်ကြက်သွန်ဖြူတို့ကို ရောနှော၍ထည့်ထားသော ကြီးမားသောရေနွေးအိုးကြီးတစ်လုံးကို မီးဖိုပေါ်သို့တင်လိုက်သည်။
သူသည် ကျီးကန်းသားစွပ်ပြုတ်အတွက် အခြေခံပစ္စည်းများကို ပြင်ဆင်နေသည်မှာ သိသာထင်ရှားလှ၏။စုပိုင်သည် ကျီးကန်းနက်ကိုဖမ်းလာသည်နှင့် ဆူပွက်ပြီးသားဖြစ်သော ရေနွေးအတွင်းသို့ သူ ပစ်ထည့်ရပေမည်။
ရီဖုန်းသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလိုခြင်းမရှိချေ။
ရေနွေးပွက်စပြုလာသောအချိန်မှာပင် စုပိုင်က မီးဖိုချောင်အတွင်းသို့ ဝင်ရောက်လာသည်။
သူ၏အဝတ်အစားများ သေသပ်နေကာ သူ၏မျက်နှာအမူအယာ တည်ငြိမ်နေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်စပင် ကပ်နေခြင်းမရှိချေ။
သူ၏လက်ဖြင့် ကျီးကန်းနက်၏လည်ပင်းကို ညှစ်ထားရုံသက်သက်ပင်။
ကျီးကန်းနက်၏ပါးစပ် ကျယ်လောင်စွာပွင့်ဟနေကာ လျှာတန်းလန်းထွက်နေသည်။ထိုသားရဲ၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အမွှေးအတောင်များ ပြောင်လက်နေဆဲဖြစ်သည်ကိုကြည့်ပြီး သေဆုံးသွားသည်မှာ အချိန်မကြာသေးကြောင်း သိသာထင်ရှားသည်။
အကယ်၍ သူ၏ခန္ဓာကိုယ်ပေါ်မှ ဖျာထွက်နေသော ရွှေရောင်အလင်းတန်းများကြောင့်သာ မဟုတ်ပါက ဤကျီးကန်းနက်သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဗိုလ်ကျစိုးမိုးနေသော သားရဲဖြစ်မည်ဟု မည်သူကမျှ တွေးထင်မိမည်မဟုတ်ချေ။
ရီဖုန်းသည် မီးဖိုရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ထင်းထိုးနေသည်အား စုပိုင်က တွေ့မြင်မိသည်။
စုပိုင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကျင့်ကြံဆင့်အရှိန်အဝါများ ချက်ချင်းပျောက်ကွယ်သွားကာ သူက ရီဖုန်းကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"သခင်လေး....ငါက ဒီနတ်ဘု....ကျီးကန်းနက်ကို မင်းအတွက် ယူလာခဲ့ပြီ"
သူသည် နတ်ဘုရားသားရဲဟု ပြောဆိုမိတော့မည့်အချိန်မှာပင် ချက်ချင်းရပ်တန့်လိုက်သည်။
အလွန်လျှို့ဝှက်ဆန်းကြယ်သော ဆရာကြီးတစ်ယောက်၏ရှေ့တွင် ဤကျီးကန်းနက်သည် နတ်ဘုရားသားရဲဟု ခေါ်ဆိုခံရရန် ထိုက်တန်ပါသလော....
"အရမ်းကောင်းတယ်"
ရီဖုန်းသည် ထိုစကားကိုကြားချိန်တွင် ဝမ်းသာပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။နောက်ဆုံး၌ သူ စားရန် အသားတချို့ရလာလေပြီ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကျီးကန်းနက်က တော်တော်သေးတာပါလား"
သူသည် ကျီးကန်းနတ်ကို သာမန်ကာလျှံကာကြည့်ကာ အလေးချိန်ကိုခန့်မှန်းလိုက်၏။
ဤသည်မှာ တစ်ပေါင်ကျော်ခန့်သာ ရှိပေမည်။
ဤမျှနည်းပါးသောအသားသည် သူ့အတွက်သွားကြားညှပ်ရန်ပင် မလုံလောက်ချေ။
စုပိုင်က ရိုသေလေးစားစွာဖြင့် ပျာပျာသလဲပြောဆိုသည်။
"သခင်လေး ဒီငှက်ကိုအရင်ဆုံး မင်းရဲ့အာသီသပျောက်သွားအောင် စားလိုက်ပါအုံး...ပြီးတာနဲ့ ငါက အနောက်ဖက်တောင်တန်းကို သွားပြီးတော့ အမဲလိုက်ပေးမယ်...ဒါဆိုရင် မင်း နေ့တိုင်း အသားစားလို့ရပြီ"
နတ်ဆိုးသားရဲတစ်ကောင်သည် မည်မျှပင်အစွမ်းထက်နေပါစေ သေဆုံးသွားပြီးနောက်သူ၏အစစ်အမှန်ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။
ကျီးကန်းနက်သည် မည်မျှပင် သန်မာအားကောင်းခဲ့ပါစေ သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် ကျီးကန်းတကောင်ပင်။ထိုငှက်ထံတွင် အသားမည်မျှရှိနေနိုင်မည်နည်း...
သို့ရာတွင် သခင်လေး စားလိုသရွေ့ အကယ်၍ သူသည် မြေနဂါးတောင်တန်းအတွင်းမှ နတ်ဆိုးသားရဲများအားလုံးကို ဖမ်းဆီးရမယ်ဆိုလျှင်ပင် မည်သည်ကြောင့် ကြောက်ရွံ့ရမည်နည်း...
"ကောင်လေး....မင်းက အရမ်းတော်တယ်"
ရှီဖုန်းက စုပိုင်ကိုတစ်ချက်ကြည့်ကာ ချီးမွမ်းစကားပြောဆိုသည်။
ကျီးကန်းနက်ကို အမွေးနှုတ်နေစဉ်၌ သူသည် စုပိုင်အား ဆုလာဘ်အဖြစ် ကျင့်ကြံဆင့်အခြေခံအနည်းငယ် ထပ်မံ၍ပေးအပ်လိုက်သည်။
ရှီဖုန်း၏ချီးမွမ်းမှုကို ခံရသဖြင့် စုပိုင်သည် အလွန်အမင်း စိတ်သက်တောင့်သက်သာဖြစ်သွားသကဲ့သို့ ခံစားမိသည်။
သူသည် ယခုချက်ချင်း တောင်တန်းများအကြားသို့ သွားရောက်ကာ ရှီဖုန်းအတွက် နတ်ဆိုးသားရဲများကို ဖမ်းဆီးပေးလိုသည်။
...
ဤသို့ဖြင့်....
ရီဖုန်း၏ကြွင်းကျန်သောရက်များသည် ပို၍ သက်သောင့်သက်သာရှိလာသည်။
စုပိုင်၏ဝန်ဆောင်မှုအောက်တွင် နေ့စဉ်နေ့တိုင်း သူ့အတွက် အသားများ ရရှိလာပေ၏။
ထို့ပြင် နေ့စဉ်နေ့တိုင်း အသားအမျိုးမျိုးကိုလည်း သူ ပြောင်းလဲ၍စားသုံးရသည်။
ယနေ့တွင် ငါးဖြစ်ပြီး မနက်ဖြန်သည် သမင်သားဖြစ်ကာ သဘက်ခါတွင် ငှက်သားဖြစ်၍ လေးရက်မြောက်နေ့တွင် ဖားသားကိုစားသုံးရသည်။
ဤဟင်းလျာတိုင်းကို ရီဖုန်းသည် ဝေဖန်သုံးသပ်ချက်များ ပြုလုပ်လေ၏။
"ဒီနေ့က မနေ့ကလောက် မကောင်းဘူး"
"ဒီအသားက အရသာနည်းနည်းဆိုးတယ်"
"ဟေး ဒီနေ့အရသာကတော့ မဆိုးဘူး...ဒါပေမဲ့ ဟိုကျီးကန်းနက်လောက်တော့ မကောင်းသေးဘူး"
"..."
တဖြည်းဖြည်းနှင့်...
အစေခံတပည့်လေးစုပိုင်သည် ရီဖုန်း၏သတ်မှတ်ချက်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
ဤသည်မှာ ထိုသားရဲများ၏ကျင့်ကြံဆင့် ပို၍မြင့်မာလေလေ ရီဖုန်း ပို၍ကြိုက်နှစ်သက်လေလေပင်။
ထိုသတ်မှတ်ချက်အရ....
စုပိုင်သည် သားကောင်များကို ပစ်မှတ်ထား၍ စတင်ဖမ်းဆီးတော့သည်။
ထို့ကြောင့်....
မြွေနဂါးတောင်တန်းအတွင်းရှိ နတ်ဆိုးမှော်သားရဲများ အသတ်ခံရမှု များပြားလာသည်။
အစပထမတွင် စုပိုင်သည် အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ခါစ နတ်ဆိုးသားရဲများကိုသာ သတ်ဖြတ်ခဲ့သည်။
တဖြည်းဖြည်းနှင့်...
ရီဖုန်း၏ဟင်းပွဲအရသာများ ပို၍ကောင်းမွန်လာခြင်းနှင့်အတူ....
စုပိုင်သည်လည်း အစစ်အမှန်အင်မော်တယ်ပဉ္စမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တောတောင်အတွင်းရှိ အနက်ရှိုင်းဆုံးအစိတ်အပိုင်းများတွင် နေထိုင်သော နတ်ဆိုးသားရဲအိုကြီးများအားလုံးသည်လည်း တစ်ကောင်ပြီးတစ်ကောင် စုပိုင်၏ဆွဲထုတ်ခြင်းကို ခံရတော့သည်။
ထိုအရာများသည် ရီဖုန်းအတွက် အရသာရှိသော ဟင်းပွဲတစ်ပွဲ ဖြစ်သွားပေ၏။
အချိန်အတော်ကြာပြီးနောက်....
မြွေနဂါးတောင်တန်းအတွင်းသို့ အဆင့်မြင့်အစစ်အမှန်အင်မော်တယ်တစ်ယောက် ဝင်ရောက်လာကာ နတ်ဆိုးသားရဲအိုကြီးများကိုရှာဖွေ၍ သတ်ဖြတ်နေသောသတင်းက နတ်ဆိုးသားရဲများအကြား၌ ပျံ့နှံ့သွားတော့သည်။
ဤနတ်ဆိုးသားရဲအိုကြီးများသည် ယခင်က အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ကာ သူတို့၏ခြေတစ်ဖက်ဆောင့်နင်းလိုက်ရုံဖြင့် မြေနဂါးတောင်တန်းတခွင်လုံးကို တုန်ခါစေနိုင်စွမ်းရှိသူများပင်။
သို့ရာတွင် ယခုအချိန်၌ ထိုနတ်ဆိုးသားရဲအိုကြီးများသည် တုန်လှုပ်ချောက်ချားစွာဖြင့် လှိုဏ်ဂူများအတွင်း၌ ပုန်းအောင်းနေရသည်။
သူတို့အားလုံးသည် တစ်ရက်ပြီးတစ်ရက်ကို စိုးရိမ်ပူပန်စွာ ဖြတ်ကျော်နေရသည်။
အကြောင်းအရင်းမှာ နောက်တစ်နေ့တွင် ထိုအဆင့်မြင့်အစစ်အမှန်အင်မော်တယ်သည် သူတို့၏တံခါးရှေ့သို့ ရောက်လာမလာကို သူတို့ မသိနိုင်သောကြောင့်ပင်။
Thank For Reading.