← Chapters

အခန်း (၆၉၁-၆၉၅)

Vol. 47 Ch. 691-695

အခန်း (၆၉၁-၆၉၅)

Vol. 47 Ch. 691-695

Chapter 691

"အမ်...နင်က နည်းနည်းလေးတောင် အံ့အားသင့်မသွားဘူးလား"

ရီဖုန်းထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကိုကြည့်ပြီး လီမူချူးက မြေပြင်ပေါ်သို့ ခြေထောက်ဆောင့်ကာ ပြောဆိုသည်။

"အင်း...."

ရီဖုန်းသည် သူ၏ခေါင်းကိုကုတ်ကာ တုံ့ပြန်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လီမူချူး၏မကျေမနပ်မျက်လုံးအကြည့်က ရီဖုန်းထံသို့ ကျရောက်လာသည်။

"ဆဋ္ဌမအဆင့်....စီနီယာကောင်းမုန့်ချွမ်က ဆဋ္ဌမအဆင့် ဝင်္ကပါပညာရှင်နော်...နင် သိရဲ့လား"

"နင်က အံ့အားသင့်မသွားဘူးလား...."

"သူက နင့်ရဲ့ခြံဝန်းနဲ့ မီတာနည်းနည်းလောက်အကွာကို ရောက်နေခဲ့တာလေ"

လီမူချူးက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ငါ့ခြံဝန်းနဲ့ မီတာနည်းနည်းလောက်အကွာမှာ သူ ရှိနေတာ ဘာထူးဆန်းလို့လဲ"

ရီဖုန်းက လီမူချူးကိုကြည့်ကာ ပြောဆိုသည်။

"မင်း အခုထိုင်နေတဲ့ ခုံတန်းပေါ်မှာ ခုဏက သူ ထိုင်နေခဲ့တာပဲ"

"နင်က ထပ်ပြီးကြွားနေပြန်ပြီ"

လီမူချူးက မကျေမနပ် ပြောဆိုသည်။

"နင်က လူကောင်းတစ်ယောက်ပါ...နင်က ကြွားဝါရတာကို နည်းနည်းကြိုက်ပြီးတော့ နင့်မှာ ကြောက်ရွံတက်တဲ့စိတ်မျိုးမရှိဘူး...ထားလိုက်တော့...နောက်ကျရင် ငါက ဒီလိုကိစ္စမျိုးကို နင်နဲ့ မဝေမျှတော့ဘူး....ဒါက စိတ်ပျက်ဖို့ကောင်းတယ်"

ရီဖုန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဤကဲ့သို့ အဓိပ္ပါယ်မရှိသောကိစ္စများကို သူ ပြောဆိုလိုခြင်းမရှိချေ။

"ငါ နင့်ကို နောက်ထပ်သတင်းတစ်ခုပြောပြမယ်...အရင်တစ်ခေါက်တုန်းက ငါ နင့်ကို ပြောပြခဲ့တဲ့ မဟာနတ်ဆိုးဝင်္ကပါကို ချိုးဖျက်ခဲ့တဲ့ စီနီယာကို နင် သိတယ်မဟုတ်လား...တကယ်တော့ သူက သတ္တမအဆင့် ဝင်္ကပါပညာရှင်မဟုတ်ဘူး....သူက နဝမအဆင့်ဝင်္ကပါပညာရှင်ပဲ"

လီမူချူးက ရီဖုန်း၏လက်ကိုဆုပ်ကိုင်ကာ ရူးသွပ်စွဲလန်းမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"နဝမအဆင့် ဝင်္ကပါပညာရှင်... ဒီလိုလူစားမျိုးက ငါတို့ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ တစ်ခုလုံးမှာတောင် အများကြီးမရှိဘူး....သူက အရမ်းအစွမ်းထက်တာပဲ...."

"အင်း....မင်း ဒီအကြောင်းတွေကို ထပ်ပြောပြန်ပြီ...."

အစောပိုင်းကမှ စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်နေသော ရီဖုန်း၏နဖူးပေါ်တွင် အနက်ရောင်အရေးအကြောင်းများ တဖန်ပြန်၍ထင်ဟပ်လာကာ လုံးလုံးလျားလျားဆွံ့အသွားသည်။

သူ အမှန်တကယ်ကို နားလည်သဘောပေါက်သွားလေပြီ။

ယခုချိန်၌ သူသည် နဝမအဆင့် ဝင်္ကပါပညာရှင်ဖြစ်သည်ဟူသောကိစ္စကို သူ မြစ်ဝါမြစ်အတွင်းသို့ခုန်ချ၍ ဆေးကြောလျှင်ပင် ဖျောက်ဖျက်နိုင်မည်မဟုတ်ချေ။

လီမူချူးသည် အချိန်အတော်ကြာသည်အထိ ချီးမွမ်းစကားများကို ပြောဆိုပြီးနောက် သူမ၏ပါးစပ်ကိုပိတ်ကာ စတင်၍စားတော့သည်။

"ဘယ်လိုလဲ...အရသာရှိတယ်မဟုတ်လား...ငါ နင့်အတွက် သေချာရွေးပြီးဝယ်လာခဲ့တာ...."

လီမူချူးက ရီဖုန်း၏ပခုံးကိုပုတ်ကာ အပြုံးနှင့်ပြောဆိုသည်။

"ဒါက ငါတို့ထျန်းယုံမြို့ရဲ့ ထူးခြားပြီးအရသာရှိတဲ့အစားအစာတွေပဲ"

"မိန်းကလေးလီကို ကျေးဇူးတင်ပါတယ်"

ရီဖုန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။

ဤမိန်းကလေးသည် စကားအလွန်များသော်လည်း လူကောင်းတစ်ယောက်ပင်။

ထို့ပြင် သူမ ယူဆောင်လာသော အစားအစာများသည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။ဤ

"ဒါနဲ့ အရင်တခေါက်တုန်းက ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် နင့်ကို ကျေးဇူးတင်စကား မပြောရသေးဘူး"

လီမူချူးက ဝိုင်အရက်ခွက်ကိုကောက်ယူကာ ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဒါက အသေးအဖွဲကိစ္စလေးပါ"

ရီဖုန်းက ပေါ့ပေါ့ပါးပါးအပြုံးဖြင့် ပြောဆိုပြီးနောက် မေးမြန်းလိုက်၏။

"စကားမစပ် အရင်တစ်ခေါက်တုန်းက နင့်ရဲ့ခန္ဓာကိုယ် ဘာလို့ပေါက်ကွဲသွားတာလဲ"

"ဟူး...ဒီကိစ္စကို ငါလည်း မသိဘူး"

လီမူချူးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဒါပေမဲ့ ငါ့အဖေရဲ့အပြောအရတော့ ငါတို့နဲ့ရန်ငြိုးရှိတဲ့ မိသားစုတစ်စုက ငါ့ကိုလုပ်ကြံတာ ဖြစ်နိုင်တယ်"

"မင်း လက်သည်တရားခံကို အတိအကျရှာတွေ့ပြီလား"

ရီဖုန်းက မေးမြန်းသည်။

"အခုထိ ဘာသတင်းမှမရသေးဘူး....ဒါပေမဲ့ အဲ့ဒီတရားခံကို လွတ်ပေးထားလိုက်မယ်... တကယ်လို့ သူ မသေသေးရင် ပိုပြီးအဆင်ပြေတယ်...အဲ့ဒီတရားခံကို ငါ ရှာတွေ့တာနဲ့ ငါ့ရဲ့အဖေက ငါ့အတွက် လက်စားချေပေးလိမ့်မယ်"လီမူချူးက လွတ်လပ်ပေါ့ပါးစွာပြောဆိုကာ သူမ၏ပါးစပ်ကိုဟ၍ အစားအစာများကိုစားလိုက်သည်။

ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

ဤမိန်းကလေးသည် စိတ်နေသဘောထား ကောင်းမွန်သူပင်။

သို့ရာတွင် ဤသည်မှာလည်း ကောင်းမွန်သောကိစ္စတစ်ရပ် ဖြစ်သည်။

"ဒါနဲ့ နင်နေတဲ့နေရာက အရမ်းရှာရခက်တယ်...ဒီနေရာက အရမ်းချောင်ကျပြီးတော့ စုတ်ပြတ်နေတာပဲ"

လီမူချူးက ထပ်မံ၍ပြောဆိုသည်။

"နင် ငါ့ရဲ့အိမ်တော်မှာ လိုက်နေပါလား...ငါ့ရဲ့အိမ်တော်မှာ ခြံဝန်းအလွတ်တစ်ခုရှိတယ်...အဲ့ဒီနေရာက သန့်ရှင်းပြီးတော့ ကြီးကျယ်ခမ်းနားတယ်...နင် ဘယ်လိုသဘောရလဲ"

"အမ်...."

ထိုစကားကိုကြားချိန်၌ ရီဖုန်းသည် ချက်ချင်းစိတ်ဝင်စားစပြုလာသည်။

အမှန်အတိုင်း ပြောဆိုရလျှင်....

သူသည် ဆင်ခြင်တုံတရားမရှိသူများ၏ မကြာခဏနှောက်ယှက်ခြင်းကို ခံနေရသည်။

ထိုလူများသည် သူ့ထံသို့ အဆက်မပြတ်လာကာ ကပ်ဖားရပ်ဖားလုပ်နေကြသဖြင့် သူ အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်။ထို့ပြင် သူ ရှင်းပြသည်မှာလည်း အသုံးမဝင်သဖြင့် သူ ထပ်မံ၍ရှင်းပြနိုင်ခြင်း မရှိတော့ချေ။

"ကြည့်ရတာတော့ နင်က ဒီနေရာကနေ အရမ်းထွက်သွားချင်နေတဲ့ပုံပဲ...ကောင်းပြီလေ ငါတို့စားသောက်ပြီးတဲ့အချိန်ကျရင် နင်ရဲ့ပစ္စည်းတွေကိုသိမ်းပြီး ငါ့ရဲ့နောက်ကို လိုက်ခဲ့တော့"

"လာ လာ သောက်ကြစို့...."

လီမူချူးက လွတ်လပ်ပေါ့ပါးသောအမူအယာဖြင့် သူမ၏ဝိုင်ခွက်ကိုမြှောက်ကာ ပြောဆိုသည်။

ရီဖုန်းသည် စားသောက်ပြီးနောက် သူ၏ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်းကာ လီအိမ်တော်ထံသို့ လီမူချူးနှင့်အတူ လိုက်ခဲ့တော့သည်။

ထျန်းယုံမြို့၏ နယ်မြေခံအင်အားစုတစ်စုဖြစ်သဖြင့် လီအိမ်တော်သည် အလွန်ကျယ်ဝန်းခြင်းမရှိသော်လည်း အလွန်သေးငယ်ခြင်းလည်းမရှိချေ။

ထို့ပြင် ရီဖုန်းအတွက် လီမူချူးစီစဉ်ပေးထားသောခြံဝန်းသည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။

ဤသည်မှာ အလွန်သက်တောင့်သက်သာရှိသဖြင့် ရီဖုန်းသည် ဤနေရာ၌ငြိမ်းချမ်းမှုကိုခံစားမိသည်

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာကာ....

ရက်အနည်းငယ်ခန့် ကြာညောင်းသွားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ကျင်းပမည့်စားသောက်ပွဲတွင် ကြိုဆိုရန်အတွက် ကောင်းကင်ပုံဝင်္ကပါခန်းမဆောင်မှနေ၍ တပည့်များကို အဆောင်များအားပြင်ဆင်ရန် အမိန့်ပေးထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အတိတ်မှအတွေ့အကြုံများအရ အင်အားစုများသည် စောစီးစွာရောက်ရှိလာလေ့ရှိသည်။

ထိုအင်အားစုများမှလာသောလူများကို သင့်တော်စွာ စီစဉ်ပေးနိုင်သည်မှာလည်း ဂိုဏ်းတစ်ဂိုဏ်း၏အင်အားကို ထင်ဟပ်စေသည်။

သို့ရာတွင်....

ခန်းမသခင်ယင်ကွမ်းသည် ကြက်သေသေနေလေ၏။

ဤရက်များအတွင်းတွင် သူတို့၏ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်သို့ လူအမြောက်အများ ရောက်ရှိလာခြင်းမရှိချေ။ဤနေရာသို့ သုံးစားမရသောအမှိုက်ကောင်များနှင့် အဆင့်နိမ့်အင်အားစုတချို့သာ ရောက်ရှိလာခဲ့သည်။

ဤဖြစ်စဉ်အရဆိုပါက စားသောက်ပွဲကျင်းပမည့်နေ့တွင် လူအနည်းငယ်သာရှိနေမည်ဖြစ်သောကြောင့် ဘိုးဘေး စိတ်မကျေမနပ်ဖြစ်မည်ကို သူ စိုးရိမ်မိသည်။

"ဘယ်လိုသောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ"

ယင်ကွမ်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

အကယ်၍ စားသောက်ပွဲကြီးတစ်ခု ကျင်းပသည့်တိုင် လူအမြောက်အများရောက်ရှိမလာပါက သူတို့ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၏နာမည်ဂုဏ်သတင်း ကျဆင်းသွားပေမည်။

"ဒါက...ခန်းမသခင် ဒီကိစ္စကို မင်း မသိတာလည်းမဟုတ်ဘူး....အခုချိန်မှာ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးမှာရှိတဲ့ ဝင်္ကပါပညာရှင်တွေအားလုံးက ထျန်းယုံမြို့ကို သွားနေကြတယ်...အခု

ဒီသတင်းကို ကြားတာတောင်မှ ထျန်းယုံမြို့မှာ လူတွေ ပိုပြီးစုဝေးနေကြတဲ့ပုံပဲ"

အကြီးအကဲတစ်ယောက်က တိုးညှင်းသောအသံဖြင့် ညည်းတွားလိုက်သည်။

"ဟူး...."

ယင်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့ထံ၌ တခြားရွေးချယ်စရာမရှိတော့သဖြင့် ထိုကိစ္စကို လီယင်လန်ထံသို့ သတင်းပို့လိုက်၏။

"ဟမ့်....."

ထိုစကားများကိုကြားချိန်၌ လီယင်လန် အလွန်အမင်းဒေါသထွက်သွားသည်။

"ငါ လီယင်လန်က တံခါးပိတ်ကျင့်ကြံခဲ့တာ နှစ်တစ်ရာလောက် ကြာသွားခဲ့တယ်....အဲ့ဒါကြောင့် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေကလူတွေက ငါ့ကို အလေးအနက်မထားတော့တာလား"

"ငါက ထျန်းယုံမြို့မှာရှိတဲ့ နဝမအဆင့်ဝင်္ကပါပညာရှင်ဆိုတာ ဘယ်လိုကောင်လဲဆိုတာ သွားကြည့်ချင်တယ်"

"မင်းတို့တွေ ငါနဲ့အတူ လိုက်ခဲ့စမ်း"

လီယင်လန်က သူ၏လက်ဝါးတချက်ကိုရိုက်ပုတ်ကာ မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ထျန်းယုံမြို့ထံဦးတည်၍ ပျံသန်းသွားတော့သည်။

ယင်ကွမ်းသည် အကြီးအကဲတချို့ကို အလျှင်အမြန်ဆင့်ခေါ်၍ နောက်မှလိုက်ပါသွားလေ၏။

တစ်ရက်ကြာပြီးနောက် လီယင်လန်ဦးဆောင်သော ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်မှလူများ ထျန်းယုံမြို့သို့ ရောက်ရှိလာကြသည်။

လီယင်လန်သည် ထျန်းယုံမြို့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီးနောက် မြို့အတွင်း၌ အလွန်စည်ကားသိုက်မြိုက်နေသည်ကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာ ပို၍သုန်မှုန်သွားသည်။

အကြောင်းအရင်းမှာ မြို့အတွင်းရှိလမ်းများပေါ်၌ နေရာအနှံ့အပြားတွင် ဝင်္ကပါပညာရှင်များကို မြင်တွေ့နိုင်သောကြောင့်ပင်။

ဤကဲ့သို့ စည်ကားသိုက်မြိုက်မှုမျိုးသည် လီယင်လန် နဝမအဆင့်ဝင်္ကပါပညာရှင်အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့စဉ်ကပင် ဖြစ်ပွားခဲ့ခြင်းမရှိချေ။

သူတို့လူစုသည် စားသောက်ဆိုင်တစ်ဆိုင်သို့ အရင်ဆုံးသွားကာ ထိုင်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် တခြားဝင်္ကပါပညာရှင်များသည်လည်း စားသောက်ဆိုင်အတွင်း၌ ထိုင်နေကြသည်။

ထိုအချိန်မှာပင် မလှမ်းမကမ်းအကွာရှိ စားပွဲတွင်ထိုင်နေသည့် တတိယအဆင့် ဝင်္ကပါပညာရှင်များ ပြောဆိုသောစကားများက သူတို့၏နားများအတွင်းသို့ ဝင်ရောက်လာသည်။

"ဟေး အားလုံးပဲ...ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ရဲ့ နဝမအဆင့်ဝင်္ကပါပညာရှင်က တံခါးကျင့်ကြံရာကနေ ထွက်လာပြီးတော့ ရက်အနည်းငယ်ကြာရင် စားသောက်ပွဲကြီးတစ်ခုကို ကျင်းပမယ်လို့ ငါ ကြားထားတယ်...ဒါ့ပြင် သူက အဲ့ဒီစားသောက်ပွဲမှာ တိုက်ရိုက်တပည့်တစ်ယောက်ကို လက်ခံမယ်လို့လည်း ငါ သတင်းရထားတယ်"

"အမှန်ပဲ....ငါလည်း အဲ့ဒီသတင်းကို ကြားထားတယ်"

"ကောလဟာလတွေအရတော့ အဲ့ဒီစားသောက်ပွဲမှာ စားပွဲခုံတစ်သောင်းကျော်လောက် ခင်းကျင်းထားပြီးတော့ ရက်အနည်းငယ်ကြာအောင် ကျင်းပမယ်လို့ ပြောကြတယ်"

"အင်း....ဒါက ဖြစ်သင့်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီတစ်ယောက်ကလည်း နာမည်ကျော်ကြားတဲ့ လူပဲလေ"

ထိုဝင်္ကပါပညာရှင်များ၏တိုင်ပင်ဆွေးနွေးနေမှုများ လီယင်လန်၏နားအတွင်းသို့ ကျရောက်လာချိန်တွင် သူ့၏သုန်မှုန်နေသောမျက်နှာ အနည်းငယ်ပြေလျော့သွားသည်။

သူသည် တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်ပေါင်းတစ်ရာခန့် ကြာသွားသော်လည်း ပြင်ပလောက၌ သူ၏နာမည်ဂုဏ်သတင်း ရှိနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများသည်နာမည်ကျော်ကြားရန်နှင့်ကံကြမ္မာကောင်းများရရှိရန်ကို လိုလားသည်မဟုတ်လော....

ထိုလူများသည် ဆက်လက်၍စကားပြောဆိုနေကြရင်း သူတို့အနက်မှတစ်ယောက်က မေးမြန်းသည်။

"ဒီလိုဆိုမှတော့ မင်းတို့တွေက အဲ့ဒီစားသောက်ပွဲကို သွားကြမှာလား"

ထိုစကားကိုကြားချိန်တွင် လီယင်လန်၏လက်အတွင်းမှ ဝိုင်အရက်ခွက်သည် လေထုအတွင်း၌ ရုတ်တရက်ရပ်တန့်သွားကာ သူ၏နားကိုစွင့်၍ နားထောင်လိုက်၏။

"ငါ မသွားဘူး....လီယင်လန် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာက ဘာကိစ္စမလို့လဲ...ငါက ဒီနေရာမှာရှိတဲ့ စီနီယာရဲ့အစစ်အမှန်မျက်နှာကိုပဲ မြင်ဖူးချင်တယ်"

သူတို့အနက်မှတစ်ယောက်က ပြောဆိုသည်။

"ဒါက အမှန်ပဲ....လီယင်လန်က နဝမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နေရင်တောင် စီနီယာနဲ့ နှိုင်းယှဉ်လို့ရမှာမဟုတ်ဘူး...စီနီယာက ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နှလုံးသားရှိပြီးတော့ ငါတို့ကောင်းကင်ဘုံဝင်္ကပါကုန်းမြေကို ဘေးကပ်ဆိုးကြီးကနေ ကယ်တင်ခဲ့တယ်...လီယင်လန်က ဘာကြီးမလို့လဲ"

တခြားလူတစ်ယောက်က အဖြေပေးသည်။

"ပြောရမယ်ဆိုရင် လီယင်လန်က နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်ပေမယ့် မဟာနက်ဆိုးဝင်္ကပါကြီး ထွက်ပေါ်လာတဲ့နေ့တွေတုန်းက သူ ဘာလုပ်နေခဲ့လဲ...အခုအချိန်မှာ အဲ့ဒီဝင်္ကပါကြီးကို ဖြေရှင်းပြီးသွားတဲ့အချိန်ကျမှ သူက စားသောက်ပွဲကြီးတစ်ခုကျင်းပပြီး အရေးမပါတာတွေကို လုပ်ပြနေတယ်..တကယ်တော့ ဒါက အသုံးမဝင်ဘူး"

"ဟား ဟား ဟား...ညီအစ်ကိုတို့ပြောတာ အမှန်ပဲ"

သူတို့၏စကားပြောဆိုနေခြင်းကိုကြားသောတခြားစားပွဲမှာဝင်ကမ္ဘာပညာရှင်များကလည်းကျယ်လောင်စွာအော်ဟစ်၍သုံပြန်သည်

"ဒါကြောင့် ငါတို့တွေလည်း လီယင်လန်ရဲ့စားသောက်ပွဲကို မသွားဘူးလို့ ဆုံးဖြတ်ထားတယ်....သူက ငါတို့ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေအတွက် ဘာတစ်ခုကိုမှ လုပ်မပေးခဲ့ဘူး"

"အမှန်ပဲ....ဒါ့ပြင် လီယင်လန်ရဲ့စိတ်နေသဘောထားက ဆိုးရွားတယ်လို့ ငါ ကြားထားတယ်"

"ထွီ....သူက စိတ်နေသဘောထား ဆိုးရွားရုံတင် ဘယ်ကမလဲ...လူတွေရဲ့စိတ်နှလုံးသားကိုလည်း လှည့်ဖြားတတ်တယ်"

"ဘာပဲဖြစ်ဖြစ် သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါက အဲ့ဒီနေရာကိုသွားဖို့ စိတ်မဝင်စားဘူး...ထျန်းယုံမြို့မှာရှိတဲ့ စီနီယာကိုတွေ့ရဖို့ အခွင့်အရေးတစ်ခုရှာတာ ပိုကောင်းလိမ့်မယ်"

Chapter 692

"အမှန်ပဲ..."

"မဟာနတ်ဆိုးဝင်္ကပါကြီး ထွက်ပေါ်လာတဲ့အချိန်တုန်းက ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ကနေ လှုပ်ရှားပေးဖို့အတွက် လူတွေအများကြီး သွားပြီးတောင်းဆိုခဲ့ကြတယ်... ဒါပေမဲ့ သူတို့က တယောက်မှထွက်မလာခဲ့ကြဘူး...သူတို့ရဲ့ဘိုးဘေး တံခါးပိတ်ကျင့်ကြံနေတာကြောင့် မလုပ်ဝံ့ဘူးလို့ပဲ ပြောနေကြတယ်"

"အခုအချိန်မှာ သူက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ တပည့်သစ်ခေါ်ယူမယ့် အစီအစဉ်ကို အသုံးပြုပြီး လူတွေရဲ့စိတ်နှလုံးသားကို ပြန်ပြီးသိမ်းသွင်းချင်နေတယ်....ငါတို့က ဒါကိုထွင်းဖောက်မမြင်နိုင်ဘူးလို့ သူတို့ တကယ်ကြီး ထင်နေကြတာလား"

"ဒါက အမှန်ပဲ...ငါက ထျန်းယုံမြို့မှာရှိတဲ့ စီနီယာကို အင်အားစုအသစ်တစ်ခု တည်ထောင်ပြီးတော့ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ရဲ့နေရာမှာ အစားထိုးစေချင်တယ်"

ထိုလူများသည် စကားများပို၍ပြောဆိုလေလေ စိတ်ခံစားချက်များ ပို၍မြင့်တက်လာလေလေပင်။

ယခင်က ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတွင် နဝမအဆင့်ကမ္ဘာပညာရှင်ဟူ၍ လီယင်လန်တစ်ယောက်တည်းသာရှိသဖြင့် အကယ်၍ သူတို့သည် သူ့အားသဘောမတွေ့လျှင်ပင် တခြားရွေးချယ်စရာမရှိခဲ့ချေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ တခြားနဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ထွက်ပေါ်လာလေပြီ။အထူးသဖြင့် ထိုနဝမအဆင့် ဝင်္ကပါပညာရှင်သည် ဘေးကပ်ဆိုးကြီးမှ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေကို ကယ်တင်ခဲ့ခြင်းပင်။ထို့ကြောင့် နှိုင်းယှဉ်ကြည့်ပါက ထျန်းယုံမြို့မှ စီနီယာဘက်တွင် လူများ ပို၍အလေးသာနေကြသည်။

ထိုကြောင့် လူတစ်ယောက်ပြီးတစ်ယောက် ထိုနဝမအဆင့် ဝင်္ကပါပညာရှင်အား တွေ့လိုသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ထိုစကားများကိုကြားချိန်တွင် ခန်းမသခင်ယင်ကွမ်းနှင့်တခြားလူများသည် ရှက်ရွံမှုကြောင့် သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။

အမှန်အားဖြင့် မဟာနတ်ဆိုးဝင်္ကပါကြီး ထွက်ပေါ်လာသောအချိန်တွင် သူတို့သည် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် မစဉ်းစားခဲ့ကြခြင်းမဟုတ်သည်။သူတို့သည် ဘိုးဘေးထံမှနေ၍ ညွှန်ကြားချက်များ တောင်းခံခဲ့သည်။

သို့ရာတွင် လီယင်လန်သည် သူတို့အား လှုပ်ရှားခွင့်မပြုခဲ့ချေ။

လီယင်လန်၏စကားများအရ မဟာနတ်ဆိုးဝင်္ကပါကြီးကို မည်သူ​မျှ မထိန်းချုပ်နိုင်တော့သည့် အခြေအနေတွေထိ စောင့်ဆိုင်းပြီးမှ လှုပ်ရှားမှသာ သူတို့ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၏ အရေးပါမှုကို ပို၍ပြသနိုင်ပေမည်။

ရိုးရိုးသားသားဝန်ခံရလျှင်....

ယင်ကွမ်းနှင့်တခြားအကြီးအကဲများသည် ထိုဆုံးဖြတ်ချက်ကို သဘောမတူညီခဲ့ချေ။

သို့ရာတွင် ဘိုးဘေးကိုယ်တိုင် ပြောဆိုခဲ့ခြင်းဖြစ်သဖြင့် သူတို့ ငြင်းဆန်ဝံ့ခဲ့ခြင်းမရှိပေ။

ဤကိစ္စများသည် ယခုအချိန်၌ ဤ​မျှအထိ ထောက်ပြစရာဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

လီယင်လန်ကိုယ်တိုင်သည်လည်း ထိုမှတ်ချက်စကားများကို ကြားလိုက်ရသည်။

ဤကိစ္စတွင် သူ အမှားအယွင်းတစ်ခုရှိသည်ဟု သူ မခံစားရသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ အပြာရောင်သွေးကြောကြီးများ ထောင်ထလာသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာပေ၏။

သူသည် ဂုဏ်သိက္ခာကြီးမားသော နဝမအဆင့်ဝင်္ကပါပညာရှင်တယောက်ပင်။တခြားလူများ၏စော်ကားခြင်းကို သူ မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။

ဤမြို့ငယ်လေးအတွင်း၌ တတိယအဆင့်ဝင်္ကပါပညာရှင်များဖြစ်သော အမှိုက်ကောင်များ၏ စော်ကားပြောဆိုခြင်းကို သူ ခံနေရမည်ဟု မျှော်လင့်မထားမိချေ။

"ဘိုးဘေး...စိတ်အေးအေးထားပါ...စိတ်အေးအေးထားပါအုံး"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ယင်ကွမ်းတို့လူစုက အလျှင်အမြန် နှစ်သိမ့်ပေးလေသည်။

"ဘိုးဘေးရဲ့ဒေါသတွေကို ထိန်းချုပ်ထားပါအုံး....တကယ်လို့ ဘိုးဘေးက ဒီလိုလုပ်လိုက်မယ်ဆိုရင် တကယ်ကြီး အရှက်ရစရာကိစ္စဖြစ်သွားလိမ့်မယ်....အဲ့ဒီအချိန်ကျရင် ငါတို့ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ရဲ့နာမည်ဂုဏ်သတင်းက ဘယ်လိုမှ အဖတ်ပြန်ဆယ်လို့မရတော့မှာကို ငါ စိုးရိမ်မိတယ်"

"ဟမ့် ငါ့ကို မင်း သင်ပြပေးဖို့ လိုလို့လား"

လီယင်လန်က ယင်ကွမ်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ထို့နောက် မမြင်နိုင်သောစွမ်းအားလှိုင်းတစ်ရပ်သည် တတိယအဆင့်ဝင်္ကပါပညာရှင်များ၏ ခန္ဓာကိုယ်များအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားလေ၏။

ထိုလူများသည် ဤကိစ္စကို အနည်းငယ်မျှသတိပြုမိခြင်း မရှိချေ။

သို့ရာတွင် ယင်ကွမ်းကမူ လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အကြောင်းအရင်းမှာ ထိုလူများသည် ခုနစ်ရက်အတွင်း၌ ပြင်းပြင်းထန်ထန်ခံစားရပြီး သေဆုံးရမည်ကို သူ သိရှိသောကြောင့်ပင်။

စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ပြီးနောက်...

လမ်းတစ်လျှောက်လုံး၌ ဖြတ်သွားဖြတ်လာလူများထံမှနေ၍ သူတို့အတွက် အဆင်မပြေသော မှတ်ချက်စကားများကိုသာ ကြားခဲ့ရသည်။

"ကောင်းတယ်...အရမ်းကောင်းတယ်"

"တော်လိုက်တဲ့ကောင်တွေ...ငါက အခုအဆိုးအကောင်းနဲ့ ပတ်သက်ပြီးတော့ မပြောချင်ဘူး...ဒါပေမဲ့ အခု မင်းတို့မှာ သဘောကျတဲ့လူတစ်ယောက် ရှိလာတာနဲ့ ငါက နေရင်းထိုင်ရင်း မကောင်းတဲ့လူတယောက် ဖြစ်သွားခဲ့ရတယ်...ဒါက ဖြစ်သင့်တဲ့ကိစ္စလား"

လီယင်လန်သည် အော်ငေါက်လိုက်ကာသူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ဒေါသများဖြင့်ပြည့်နှက်နေသည်။

"ဘိုးဘေး....စိတ်အေးအေးထားပါအုံး...အဲ့ဒီနဝမအဆင့် ဝင်္ကပါပညာရှင်က အခုအချိန်မှာ ထင်ရှားကျော်ကြားနေတယ်....အရင်ဆုံး ငါတို့တွေက ပြန်သွားပြီးတော့ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုကနေ ရှောင်နေသင့်တယ်...ပြီးတော့မှ ဘိုးဘေးရဲ့ကြီးကျယ်ခမ်းနားတဲ့အစီအစဉ်ကြီးနဲ့ ပြန်စကြရအောင်"

အကြီးအကဲတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ဟမ့်...."

လီယင်လန်၏မျက်လုံးများ အေးစက်တင်းမာသွားကာ ထိုအကြီးအကဲ၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

"မင်းက ဘာကိုဆိုလိုချင်တာလဲ"

"ငါ့ကို ပြန်ပြီးမေးခွန်းထုတ်နေတာလား"

"ငါက နောက်မှရောက်လာတဲ့ လူသစ်တစ်ယောက်ကို မယှဥ်နိုင်ဘူးလို့ မင်း ထင်နေတာလား"

လီယင်လန်၏အက်ရှရှအသံ ထွက်ပေါ်လာသည်။

ထိုအကြီးအကဲသည် အသက်မရှူနိုင်တော့ဘဲသူ၏မျက်နှာနီမြန်းနေလေပြီ။သို့ရာတွင် သူ၏ခေါင်းကိုမော့ကာ ပြောဆိုလိုက်၏။

"ဒီနိမ့်ကျတဲ့လူက ဘိုးဘေးကို မေးခွန်းမထုတ်ဝံ့ပါဘူး...ဒါပေမဲ့ မဟာနတ်ဆိုးဝင်္ကပါကြီး ထွက်ပေါ်လာတဲ့အချိန်လုံးက ငါတို့တွေ လှုပ်ရှားမှုမလုပ်ခဲ့တာကလည်း အမှန်ပဲလေ....ဒါကြောင့်ငါတို့က လူတွေရဲ့စိတ်နှလုံးသားကို ဆုံးရှုံးသွားခဲ့တယ်"

"သေလမ်းရှာနေတာလား..."

ထိုစကားကိုကြားချိန်တွင် လီယင်လန်၏မျက်လုံးများ အေးစက်တင်းမာသွားကာ သူ၏လက်ဝါးဖြင့် ထိုအကြီးအကဲ၏လည်ပင်းကို ရိုက်ချိုးလိုက်တော့သည်။

"ဟမ့်....မင်းတို့ထဲက ဘယ်ကောင်က ငါ့ကိုမလေးမစားလုပ်ဝံ့လဲဆိုတာ ငါ ကြည့်အုံးမယ်"

လီယင်လန်သည် ထက်ရှသောမျက်လုံးတစ်စုံဖြင့် သူ၏နောက်လိုက်များကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်၏။

လူတိုင်းသည် သူတို့၏ခေါင်းများကို အောက်သို့တိတ်တဆိတ်ငုံထားကြကာ သူတို့၏မျက်နှာများပေါ်၌ စိတ်ရှုပ်ထွေးနေသောအမူအယာများ ရှိနေသည်။

"လူတွေရဲ့စိတ်နှလုံးသားကို အနိုင်ရအောင် ဘာလို့လုပ်ရမှာလဲ"

"ဒီလောကကြီးထဲမှာ ဘယ်လိုပဲဖြစ်နေနေ ခွန်အားကသာ အရေးကြီးဆုံးအရာပဲ"

လီယင်လန်က သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ငါက ဝင်္ကပါပညာရပ်မှာ ဘယ်သူက ပိုပြီးထူးချွန်လဲဆိုတာ အဲ့ဒီလူနဲ့ယှဉ်ပြိုင်မယ်"

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ငါ လီယင်လန်က ရက်အနည်းငယ်ကြာရင် ကျင်းပမဲ့စားသောက်ပွဲကို တက်ရောက်ဖို့ သူ့ကို ဖိတ်ခေါ်တယ်....တချိန်တည်းမှာပဲ ငါက လူသူအများရှေ့မှာ သူနဲ့ယှဉ်ပြိုင်ဖို့ စိန်ခေါ်တယ်"

"တကယ်လို့ သူ ရောက်လာရင် မျိုးဆက်ဟောင်းရဲ့အစစ်အမှန် နဝမအဆင့် ဝင်္ကပါပညာရှင်က ဘယ်လိုမျိုးလဲဆိုတာ သူ့ကို မြင်ခွင့်ပြုလိုက်မယ်"

"တကယ်လို့ သူ မလာဘူးဆိုရင် သူက ငကြောက်ကောင်တစ်ယောက်ပဲ...သူ့မှာ နဝမအဆင့် ဝင်္ကပါပညာရှင်လို့ ခေါ်ဆိုခံနိုင်တဲ့ အရည်အချင်းမရှိဘူး...သူက ဘယ်လိုလုပ်ပြီးတော့ လူတွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်မှာလဲ"

ထိုသို့ပြောဆိုပြီးနောက် လီယင်လန်သည် ဒေါသတကြီးဖြင့် နှာတစ်ချက်မှုတ်ကာ လေထုအတွင်းသို့ ပျံသန်းသွားတော့သည်။

ထိုစကားများကိုကြားချိန်တွင် ကူကယ်ရာမဲ့ဖြစ်နေသော ယင်ကွမ်းတို့လူစုသည် ရွေးချယ်ရန်မရှိတော့သဖြင့် အမိန့်အတိုင်း ပြုလုပ်လိုက်ရတော့သည်။

နေရာရွှေ့ပြောင်းပြီးနောက် ရီဖုန်းသည် နောက်ဆုံး၌ စိတ်အေးချမ်းစွာနေရသော ရက်အနည်းငယ် ရှိလာခဲ့သည်။

လူအများ၏နှောက်ယှက်မှုမရှိသောကြောင့် ရီဖုန်းသည် သူ၏ကံကိုစမ်းကာ နောက်ဆုံးတပည့်တစ်ယောက်ရှာဖွေရန်အတွက် ပြင်ပသို့ပို၍သွားနိုင်ခဲ့သည်။

သို့ရာတွင် ရီဖုန်းသည် အကြောင်းမထူးသဖြင့် အချည်းနှီးပြန်လာကာ ခြံဝန်းအတွင်း၌ လဲလျောင်း၍အနားယူနေခဲ့သည်။

ထိုအချိန်မှာပင် လီမိသားစုခေါင်းဆောင်လီရှုံးသည် ဝင်္ကပါပညာရှင်တစ်ယောက်နှင့်အတူ လီအိမ်တော်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုဝင်္ကပါပညာရှင်သည် ဝင်္ကပါပညာရှင်များဝတ်ဆင်ရသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ရင်ဘတ်၌ စတုတ္ထအဆင့်ဝင်္ကပါပညာရှင်ဟူသော အဆင့်အတန်းကို ကိုယ်စားပြုသည့် တံဆိပ်ပြားကို ချိတ်ဆွဲထားသည်။

ထိုဝင်္ကပါပညာရှင်သည် သူ၏ခေါင်းကိုမော့ထားကာ သူ၏မျက်လုံးအတွင်း၌ ဂုဏ်ယူဝံ့ကြွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

စတုတ္ထအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်သည် နဝမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်၏ရှေ့၌ အသေးအဖွဲပင်။သို့ရာတွင် သာမန်လူများ၏ရှေ့၌ စတုတ္ထအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်သည် အလွန်လေးစားဖွယ်ကောင်းပေ၏။

သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူအများထံမှ ရိုသေလေးစားစွာ ဆက်ဆံခြင်းကို ခံရပေမည်။

ထျန်းယုံမြို့၏နယ်မြေခံအင်အားစုတစ်ခုမှ မိသားစုခေါင်းဆောင်ဖြစ်သော လီရှုံးသည်လည်း သူ့အားသိကျွမ်းပြီးနောက် ရိုသေလေးစားစွာ ဆက်ဆံခဲ့သည်။

"ဆရာကြီးဟွမ်....မင်းက ငါ့ရဲ့အိမ်တော်မှာ အေးအေးဆေးဆေး အနားယူနိုင်ပါတယ်"

လီရှုံးက နံဘေးတစ်ဖက်မှနေ၍ ကပ်ဖားရပ်ဖားပြောဆိုသည်။

"ငါတို့ လီအိမ်တော်ထဲမှာ ခြံဝန်းအလွတ်တစ်ခုရှိနေတယ်"

"အဲ့ဒီခြံဝင်းက တိတ်ဆိတ်ငြိမ်သက်ပြီးတော့ သန့်ရှင်းတယ်...အဓိကသော့ချက်ကတော့ အဲ့ဒီခြံဝန်းက အရမ်းကြီးကျယ်ခမ်းနားတာကြောင့် ဆရာကြီးရဲ့အဆင့်အတန်းနဲ့နေဖို့ ထိုက်တန်တယ်"

"လီမိသားစုခေါင်းဆောင်က တကယ်တော်တဲ့လူပဲ""

စတုတ္ထအဆင့် ဝင်္ကပါပညာရှင်က သူ၏ခေါင်းကိုအနည်းငယ်မော့ကာ ပြောဆိုသည်။

"အခုက ထျန်းယုံမြို့ထဲမှာ နေစရာနေရာကောင်းတစ်ခုကို ရှာဖို့မလွယ်တော့ဘူး....ဒါကြောင့် ငါက မင်းရဲ့ခြံဝန်းထဲမှာ နေမယ်"

"နောင်တစ်ချိန်ကျရင် လီမိသားစုခေါင်းဆောင်က ငါ ဟွမ်ရှင်းထန်ဆီကနေ အကူအညီတစ်ခုခု တောင်းခံချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်"

"ဟုတ်ကဲ့"

ထိုစကားကိုကြားချိန်တွင် လီရှုံးသည် ရယ်ပြုံးလိုက်ကာ သူ၏ပါးစပ်ကိုပင် ပြန်မစေ့နိုင်တော့ချေ။

သူသည် ထိုစကားလုံးများ ထွက်လာမည်ကို စောင့်ဆိုင်းနေခြင်းပင်။

အချိန်တခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် လီအိမ်တော်၏ပင်မခန်းမကို ဖြတ်ကျော်ကာ အနောက်ဖက်ခြံဝန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။သို့ရာတွင် ခြံဝန်းအတွင်း၌ လူနေထိုင်သော အရိပ်အယောင်များရှိနေသည်ကို သူတို့ မြင်တွေ့မိလေ၏။

ခြံဝန်းအတွင်းမှ ဟောက်သံသဲ့သဲ့ထွက်ပေါ်နေသဖြင့် လူနေထိုင်သည်မှာ သိသာထင်ရှားသည်။

"လီမိသားစုခေါင်းဆောင်...ဒါက ဘယ်လိုဖြစ်တာလဲ"

"ငါ့အတွက် လွတ်လွတ်လပ်လပ် နေနိုင်မယ့် ခြံဝန်းတစ်ခုကို စီစဉ်ပေးမယ်လို့ မင်း ပြောခဲ့တာမဟုတ်လား...မင်းက ငါ့ကို တခြားလူတွေနဲ့အတူ နေခိုင်းမလို့လား"

ဟွမ်ရှင်းထန်က မျက်မှောင်ကြုတ်ကာ သူ၏မျက်နှာပေါ်၌ စိတ်မကျေမနပ်ဖြစ်သွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဆရာကြီးဟွမ် စိတ်အေးအေးထားပါ....ဒီကိစ္စက ဘယ်လို ဖြစ်သွားတာလဲဆိုတာ ငါ မေးလိုက်အုံးမယ်"

လီရှုံးသည် သူ၏နံဘေးမှဖြတ်လျှောက်သွားသော အစေခံတစ်ယောက်ကိုခေါ်ကာ ဒေါသတကြီးမေးမြန်းလိုက်သည်။

"မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်"

အစေခံက ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေ ပြုလေသည်။

"ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောစမ်း"

လီရှုံးက အသံနက်ကြီးဖြင့် မေးမြန်းသည်။

"ဘယ်လိုလုပ်ပြီးတော့ ဒီခြံဝန်းထဲမှာ လူရောက်နေတာလဲ"

"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်....​ခြံဝန်းထဲမှာနေနေတာက သခင်မလေးရဲ့မိတ်ဆွေပါ"

အစေခံက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးသည်။

"သခင်မလေးရဲ့မိတ်ဆွေလား"

လီရှုံးက မျက်မှောင်ကြုတ်ကာ ထပ်မံ၍မေးမြန်းလိုက်၏။

"ငါ့ကို အသေးစိတ်ကျကျ ပြောပြစမ်း"

"မိသားစုခေါင်းဆောင်ကို သတင်း​ပို့ပါတယ်....အသေးစိတ်အချက်တွေကိုတော့ ကျွန်တော် မသိပါဘူး....ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကနေ ဘာစွမ်းအားလှုပ်ခတ်မှုမှ ထွက်ပေါ်နေတာကို မမြင်ရဘူး....သူ့ရဲ့ခွန်အားက အရမ်းနိမ့်ကျတာကြောင့် လူသားအင်မော်တယ်တစ်ယောက် ဖြစ်လိမ့်မယ်"

အစေခံက အမှန်အတိုင်း သတင်းပို့လေသည်။

"လူသားအင်မော်တယ်လား...."

ထိုစကားကိုကြားချိန်၌ လီရှုံး အလွန်အမင်း ဒေါသထွက်သွားသည်။

"ဟမ့်....ဘယ်ကလာတဲ့ ခွေးမသားလဲ...ငါ့ရဲ့လီအိမ်တော်ထဲက ခြံဝင်းမှာ ဒီလိုလူတစ်ယောက်ကို နေခွင့်ပြုတာက ငါ့အတွက် ဘယ်လောက်တောင် ဂုဏ်သိက္ခာကျဆင်းစေလဲ"

"မင်း အဲ့ဒီကောင်ကို အခုချက်ချင်း မောင်းထုတ်လိုက်စမ်း"

Chapter 693

ခြံဝန်းအတွင်း၌ သက်တောင့်သက်သာနေထိုင်နေသော ရီဖုန်းသည် မောင်းထုတ်ခြင်းခံလိုက်ရလေ၏။

သူ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။

အကယ်၍ သူ ဤနေရာတွင်ဆက်နေရန် အဆင်မပြေပါက သူ့အားထွက်သွားရန် ပြောလိုက်ရုံပင်။သူသည် ထွက်ခွာသွားရန်အတွက် ဝန်လေးနေမည် မဟုတ်ချေ။သို့ရာတွင် သူ့အား မည်သည်ကြောင့် မောင်းထုတ်ရသနည်း။

ရီဖုန်းသည် သူ၏ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ပြင်ပသို့ထွက်လာခဲ့သည်

သူ ခြံဝန်းတံခါးထံသို့ ရောက်ရှိစဉ်တွင် စိတ်မရှည်သောအမူအယာများဖြင့် စောင့်ဆိုင်းနေသော လီရှုံးနှင့်ဟွမ်ရှင်းထန်တို့ကို တွေ့မြင်မိသည်။

"ဟမ့်...."

ရီဖုန်းထံတွင် အားနည်းသော ပုံပန်းသွင်ပြင်မျိုးရှိသည်ကို မြင်တွေ့ချိန်၌ လီရှုံးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ထပ်မံ၍လှည့်ကြည့်ခြင်း မပြုတော့ချေ။

ဟွမ်ရှင်းထန်ကမူ သူ၏ခေါင်းကို ခပ်မြင့်မြင့်မော့ထားကာ သူ၏မျက်လုံးများကိုမှေးစင်း၍ ရီဖုန်းကိုကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အရိပ်အယောင်များ ရှိနေသည်။

ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် ဤကိစ္စများကို ဂရုမစိုက်ချေ။

လီအိမ်တော်မှထွက်လာခဲ့ပြီးနောက် ရီဖုန်းသည် ကြွင်းကျန်သော အင်မော်တယ်သလင်းကျောက်များဖြင့် နောက်ထပ်ခြံဝန်းတစ်ခုကို ငှားလိုက်၏။

ဤသည်မှာ သူ့အတွက် ပို၍အဆင်ပြေသည်။

သူ့အားသိကျွမ်းသူဟူ၍ တစ်စုံတစ်ယောက်မှမရှိပါက မည်သူ​မျှ သူ့အား လာရောက်နှောက်ယှက်နိုင်မည်မဟုတ်ချေ။ထို့ကြောင့် သူသည် ပြပသို့သွားကာ သူ၏တပည့်ဖြစ်လာမည့်လူကို စိတ်အေးလက်အေး ရှာဖွေနိုင်ပေမည်။

တချိန်တည်းမှာပင်.....

လီယင်လန်သည် စားသောက်ပွဲသို့လာရောက်ရန် ရီဖုန်းအား စိန်ခေါ်လိုက်သည့်ကိစ္စသည် ရက်အနည်းငယ်အတွင်း၌ ထျန်းယုံမြို့တမြို့လုံးအနှံ့ အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

"သွားကြည့်ကြစို့....ငါက ဘယ်လိုဖြစ်လာမလဲဆိုတာ တကယ်ကြီး မြင်တွေ့ချင်နေပြီ"

"အမှန်ပဲ....နဝမအဆင့် ဝင်္ကပါပညာရှင်နှစ်ယောက် ပညာချင်းဖလှယ်ကြမယ့်ကိစ္စကို ငါရဲ့ဘဝတလျှောက်မှာ တစ်ကြိမ်တခါ​မှ မကြုံတွေ့ခဲ့ဖူးဘူး"

"သူတို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီးသန်မာအားကောင်းတယ်ဆိုတာ ငါ မသိဘူး"

"သွားကြစို့....ငါတို့တွေ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ကို အမြန်ဆုံးသွားပြီးတော့ နေရာကောင်းကောင်း ယူထားကြရအောင်"

လူအများထံမှ တိုင်ပင်ဆွေးနွေးမှုများ မြင့်တက်လာသည်။

တစ်ချိန်တည်းမှာပင် ဝင်္ကပါပညာရှင်အမြောက်အများသည် ထျန်းယုံမြို့မှထွက်ခွာကာ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်သို့ ဦးတည်၍ အပြေးသွားကြတော့သည်။

ဤသို့ဖြင့် ယခင်က ခြောက်ကပ်နေသော ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင် တဖြည်းဖြည်းစည်ကားစပြုလာသည်။

လီအိမ်တော်...

ထိုသတင်းကိုကြားပြီးနောက်သည် လီမူချူးသည် ရီဖုန်းကိုပြောပြရန် မစောင့်ဆိုင်းနိုင်တော့သဖြင့် အနောက်ဘက်ခြံဝန်းထံသို့ အပြေးရောက်လာသည်။

သို့ရာတွင် သူမ ခြံဝန်းတံခါးကို ဖွင့်လိုက်စဉ်တွင် အတွင်း၌ လီရှုံးနှင့်ဟွမ်ရှင်းထန်တို့ ထိုင်နေသည်ကို တွေ့မြင်မိလေ၏။

"အဖေ...အဖေက ဘာလို့ ဒီနေရာမှာရောက်နေတာလဲ....ရီဖုန်း ဘယ်ရောက်သွားတာလဲ"

လီမူချူးက မျက်မှောင်ကြုတ်၍မေးမြန်းသည်။

"မူချူး....မရိုင်းနဲ့...ဒီနေရာကိုလာပြီးတော့ ဆရာကြီးဟွမ်ကို နှုတ်ဆက်စမ်း"

လီရှုံးက အလျှင်အမြန်ပြောဆိုပြီးနောက် ဟွမ်ရှင်းထန်ကို မိတ်ဆက်ပေးလေသည်။

"ဆရာကြီးဟွမ်....ဒါကငါ့ရဲ့သမီး လီမူချူးပါ"

"အင်း....ငယ်ရွယ်ပြီးတော့ ထက်မြက်မယ့်ပုံပဲ"

ဟွမ်ရှင်းထန်က ခေါင်းညိတ်ပြကာ ချီးမွမ်းစကားပြောဆိုသည်။

"ဆရာကြီးဟွမ်ကို နှုတ်ဆက်ပါတယ်"

ဟွမ်ရှင်းထန်၏ရင်ဘတ်ပေါ်ရှိ ဝင်္ကပါပညာရှင်တံဆိပ်ပြားကို မြင်တွေ့ချိန်တွင် လီမူချူးသည် မဆင်မခြင်မပြုဝံ့ချေ။သူမသည် ဦးညွှတ်အရိုအသေပြုကာ ရိုးရှင်းစွာနှုတ်ဆက်လိုက်၏။ထို့နောက် သူမက လီရှုံး၏လက်ကိုဆုပ်ကိုင်ကာ တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။

"အဖေ...အဖေကို ကျွန်မ မေးပါရစေ....ရီဖုန်း ဘယ်ရောက်သွားတာလဲ"

"ဒါက မင်းရဲ့မိတ်ဆွေလား...ငါ သူ့ကို မောင်းထုတ်လိုက်ပြီ"

လီရှုံးက သာမန်ကာလျှံကာ ပြောဆိုသည်။

"ဘာ....အဖေက တကယ်ကြီး သမီးရဲ့မိတ်ဆွေကို မောင်းထုတ်လိုက်တာလား"

လီမူချူးက ဒေါသတကြီး ပြောဆိုလေ၏။

"အဖေ....ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ...သူက ငါ့ရဲ့မိတ်ဆွေလေ...ဒီခြံဝန်းက အမြဲတမ်းလွတ်နေခဲ့တာ...ငါ့ရဲ့မိတ်ဆွေကို ဒီနေရာမှာနေခိုင်းတာ ဘာမှားလို့လဲ...ဒါ့ပြင် သူက ငါ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်....နောက်ဆုံးတစ်ကြိမ်တုန်းက မတော်တဆကိစ္စကို အဖေ မှတ်မိတယ်မဟုတ်လား....တကယ်လို့ သူ့ကြောင့်သာမဟုတ်ရင် ကျွန်မက အခုအချိန်မှာ သေနေလောက်ပြီ"

"ဘာကျေးဇူးရှင်လဲ....မင်းရဲ့အသက်ကို သူ ကယ်တင်ခဲ့တာမဟုတ်ဘူး....ငါ့ရဲ့အဖိုးတန်သမီးလေးဖြစ်နေတာကြောင့် ငါ မင်းကို သေချာကုသမပေးခဲ့ရင် မင်း အသက်ရှင်နိုင်မှာလား"

လီရှုံးက လီမူချူးကို အေးစက်စက်ကြည့်ကာ ပြောဆိုသည်။

"ဒါ့ပြင် ဆရာကြီးက ဒီနေရာမှာရောက်နေတယ်... ငါက ဆရာကြီးဟွမ်ကို ဒီနေရာမှာနေဖို့အတွက် စီစဉ်ထားတယ်....ဘာလ ငါက ဆရာကြီးဟွမ်ကို လမ်းပေါ်မှာအိပ်ခိုင်းရမှာလား"

"ဒါကြောင့် မင်းရဲ့မိတ်ဆွေကို မောင်းထုတ်လိုက်တာပဲ....အဓိကသော့ချက်က ငါတို့တွေ ဆရာကြီးဟွမ်နဲ့ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ဖို့လိုတယ်"

"ဒါပေမဲ့ တကယ်လို့ ဆရာကြီးဟွမ်ကိုဒီနေရာမှာ အဖေက နေစေချင်တယ်ဆိုရင်တောင် ကျွန်မရဲ့မိတ်ဆွေကို မောင်းမထုတ်သင့်ဘူး...သူ့ကို တခြားနေရာဆီ ပြောင်းပြီးနေစေချင်တယ်ဆိုရင်တောင် ကျွန်မကို ပြောသင့်တယ်မဟုတ်လား"

လီမူချူးက နီမြန်းနေသော မျက်လုံးတစ်စုံဖြင့် ပြောဆိုသည်

"အဖေက ကျွန်မရဲ့မိတ်ဆွေကို မလေးမစားဆက်ဆံလိုက်တာပဲ"

"အိုက်ယား...ကောင်မလေး ငါ မင်းကိုပြောမယ်...အဲ့ဒီအရေးမပါတဲ့လူတွေနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်နေစရာမလိုဘူး....ဆရာကြီးဟွမ်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ကသာ ကိစ္စကြီးတစ်ခုပဲ"

လီရှုံးက တိုးညှင်းသောလေသံဖြင့် ချော့မြူသည်။

"ဒါ့ပြင် ငါ မင်းကို အရေးကြီးတဲ့သတင်းတစ်ခုပြောစရာရှိတယ်....လီယင်လန်က စားသောက်ပွဲတစ်ခုကိုကျင်းပပြီးတော့ ဝင်္ကပါပညာရှင်တွေအားလုံး တက်ရောက်ဖို့ဖိတ်ခေါ်ထားတယ်...သူက အဲ့ဒီစားသောက်ပွဲမှာ ထျန်းယုံမြို့က နဝမအဆင့် ဝင်္ကပါပညာရှင်နဲ့ ယှဉ်ပြိုင်မယ်လို့ စိန်ခေါ်ခဲ့တယ်"

"အစကတော့ ငါတို့က ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ကိုသွားဖို့ အရည်အချင်းမပြည့်မီဘူး....ဒါပေမဲ့ ဆရာကြီးဟွမ်က ငါတို့ကို စားသောက်ပွဲဆီ ခေါ်သွားပေးမယ်လို့ ပြောခဲ့တယ်.....မင်းက ထျန်းယုံမှာရှိတဲ့ နဝမအဆင့်ဝင်္ကပါပညာရှင်ကို အမြဲတမ်းတွေ့ချင်နေတာမဟုတ်လား..အခု မင်းက သူနဲ့လီယင်လန်ကြားက ယှဉ်ပြိုင်ပွဲကို မြင်ခွင့်ရမယ်...မင်း ဒီအခွင့်အရေးမျိုးကို လက်လွတ်မခံချင်ဘူး မဟုတ်လား"

ထိုစကားကိုကြားချိန်တွင်....

လီမူချူးသည် အံ့အားသင့်သွားလေ၏။

"အဖေ အမှန်အတိုင်း ပြောနေတာလား"

"အမှန်ပဲပေါ့"

ထိုအချိန်မှာပင် သူ၏နံဘေးတွေရှိနေသော ဟွမ်ရှင်းထန်သည် လီမူချူး၏လှပသောပုံပန်းသွင်ပြင်ကို ရမ္မက်အပြည့်ဖြင့်ကြည့်ကာ ပြောဆိုသည်။

"ခုဏက မင်းအဖေနဲ့ငါ အဲ့ဒီအကြောင်းတွေ ပြောနေခဲ့တယ်"

"ထျန်းယုံမြို့ထဲမှာရှိတဲ့ နဝမအဆင့် ဝင်္ကပါပညာရှင်ကို မင်းတို့အဆင့်နဲ့မပြောနဲ့....ငါတောင်မှ သူ့ကိုတွေ့ဖို့ အခွင့်အရေးမရဘူး...ဒါကြောင့် ငါက ဘဝတစ်သက်တာမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကို အသုံးပြုပြီးတော့ သူ့ရဲ့အစစ်အမှန်မျက်နှာကို မြင်တွေ့ချင်တယ်"

"ငါ့အထင်တော့ မိန်းကလေးလီလည်း ဒီလိုကြီးကျယ်ခမ်းနားတဲ့ကိစ္စကြီးကို လက်လွတ်မခံနိုင်ဘူးမဟုတ်လား"

"ငါ....ငါ တကယ်သွားလို့ရတာလား"

လီမူချူးသည် ထိုစကားကိုကြားချိန်တွင် အလွန်စိတ်လှုပ်ရှားသွားသည်။

ထိုစီနီယာသည် ထျန်းယုံမြို့အတွင်း၌ နေထိုင်သည်ကို သူမ သိရှိသည့်တိုင် သူမ၏အရည်အချင်းဖြင့် သူ့အားမြင်တွေ့နိုင်ရန် အရည်အချင်းမပြည့်မီချေ။

ယခင်ကဆိုလျှင် သူမသည် ထိုကိစ္စကို တွေးတောကြည့်ဝံ့ခြင်းပင်မရှိချေ။

ယခုအချိန်၌ ဤကဲ့သို့ အခွင့်အရေးတစ်ခု ရရှိလာသဖြင့် သူမ၏အံ့အားသင့်မှုကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်ခြင်းမရှိတော့ချေ။

"အမှန်ပဲ...မင်း သွားလို့ရတယ်"

လီရှုံးက အပြုံးနှင့်ပြောဆိုသည်။

"ဒါကြောင့် မူချူး....မင်းရဲ့ပစ္စည်းတွေကို အမြန်ထုတ်ပိုးသင့်တယ်....ငါတို့က နှစ်ရက်အတွင်းမှာ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ကို သွားမယ်"

"အမ်...နှစ်ရက်အတွင်းသွားမှာလား...."

"မဟုတ်ဘူး....ကျွန်မက အရင်ဆုံး ရီဖုန်းဆီကို သွားရအုံးမယ်....သူ့ကို ရှင်းရှင်းလင်းလေးပြောပြပြီးတော့ ကျွန်မကိုယ်တိုင် သူ့ကို တောင်းပန်ရမယ်"

လီမူချူးသည် ရီဖုန်း အလွန်စိတ်မသက်မသာခံစားရမည်ဟု တွေးတောမိသဖြင့် သူမ၏နှုတ်ခမ်းကိုစူကာ ပြောဆိုလိုက်သည်။

ယခင်က သူမသည် ရီဖုန်းအား ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်သော နေရာတစ်နေရာပေးမည်ဟု ကတိပေးခဲ့သည်။သို့ရာတွင် ယခုအချိန်၌ ဤကဲ့သို့ကိစ္စတစ်ခု ဖြစ်ပွားလာမည်ဟု သူ မျှော်လင့်မထားမိချေ။

ရီဖုန်းသည် သူမအပေါ် သဘောသားကြီးစွာဆက်ဆံခဲ့ခြင်းကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

လီမူချူးသည် ထိုသို့ပြောဆိုပြီးနော် ရီဖုန်းကိုရှာရန်အတွက် အလျှင်အမြန် ပြေးထွက်သွားတော့သည်။

Chapter 694

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။

လီမူချူးသည် နှစ်ရက်အတွင်းတွင် အဆက်မပြတ်ရှာဖွေခဲ့သော်လည်း ရီဖုန်း၏အရိပ်အယောင်ကို ရှာမတွေ့ခဲ့ချေ။ထို့ပြင် သူမသည် အသံပေးပို့ခြင်းတံဆိပ်ပြားမှ ဆက်သွယ်ရာတွင်လည်း မည်သည့်တုံ့ပြန်မှုမျှမရှိပေ။

ဟွမ်ရှင်ထန်းနှင့်လီရှုံးတို့သည် ထွက်ခွာသွားရန် ဟန်ပြင်နေသည်ကို မြင်တွေ့ချိန်၌ သူမထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ရီဖုန်းကို ဆက်လက်ရှာဖွေရန် သူမ၏အစေခံများကို ညွှန်ကြားခဲ့ရတော့သည်။

သူတို့သုံးယောက်သည် ဟွမ်ရှင်းထန်၏စိတ်ဝိညာဉ်လေလှံကိုစီး၍ ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်ထံသို့ ထွက်ခွာခဲ့သည်။

"ဟား ဟား ဟား....ထျန်းယုံမြို့ထဲမှာနေတဲ့ စီနီယာက ဘယ်လိုပုံစံမျိုးရှိလဲဆိုတာ ငါ မသိခဲ့ရဘူး.....ဒါပေမယ့် ဒီတကြိမ်မှာတော့ စားသောက်ပွဲမှာ ငါ့ရဲ့မျက်လုံးနဲ့ သူ့ကို မြင်တွေ့ရတော့မယ်"

စိတ်ဝိညာဥ်လှေပျံပေါ်၌ လီရှုံးက ရယ်မောရင်းပြောဆိုကာ သူ့ထံတွင် မျှော်လင့်စောင့်စားခြင်းများဖြင့် ပြည့်နှက်နေသည်။

လီမူချူး၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်း၏အကြောင်း ရှိနေဆဲဖြစ်သော်လည်း သူမ၏မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ အနည်းငယ်ပြေလျော့သွားသည်။အကြောင်းအရင်းမှာ သူမသည် နဝမအဆင့် ဝင်္ကပါပညာရှင်ကို မကြာမီ မြင်တွေ့ရတော့မည်ဖြစ်သောကြောင့်ပင်။

"ထျန်းယုံမြို့ထဲမှာနေတဲ့ နဝမအဆင့် ဝင်္ကပါပညာရှင်က အသက်အရမ်းငယ်တယ်လို့ ငါ ကြားထားတယ်.....မိန်းကလေးလီက သူ့ရဲ့အစစ်အမှန်မျက်နှာကို မြင်တွေ့တဲ့အချိန်ကျရင် သူ့ကို အရမ်းလေးစားကြည်ညိုသွားမှာကို ငါ စိုးရိမ်မိတယ်"

ဟွမ်ရှင်းထန်က ပြောဆိုသည်။

"အော်....သူက အသက်ငယ်သေးတာလား"

လီမူချူးက အံ့အားတသင့် တုံ့ပြန်မေးမြန်းသည်။

"အမှန်ပဲ...."

ဟွမ်ရှင်းထန်က ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။

"ငါနဲ့သိတဲ့ စီနီယာတွေထဲမှာ တချို့က ကံအရမ်းကောင်းပြီးတော့ သူ့ရဲ့အစစ်အမှန်မျက်နှာကို မြင်ခွင့်ရခဲ့တယ်...သူက အရမ်းငယ်ရွယ်ပြီးတော့ ချောမောခန့်ညားတယ်....အဲ့ဒီစီနီယာတွေရဲ့ပြောစကားအရဆိုရင် သူက မိန်းကလေးလီနဲ့ သက်တူရွယ်တူလောက်ပဲ ရှိလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင်...

လီမူချူး၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ထင်ဟပ်လာသည်။

ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတွင် နေထိုင်သော လူများအားလုံးအတွက် ငယ်ရွယ်စဉ်ကတည်းက ဝင်္ကပါပညာရှင်များအကြောင်းကိုနားထောင်ပြီး ကြီးပြင်းလာခဲ့ကြသည်။

ဤကဲ့သို့ပတ်ဝန်းကျင်အောက်တွင် လူငယ်တိုင်းသည် အဆင့်မြင့်ဝင်္ကပါပညာရှင်များကို သူတို့၏ရိုးတွင်းခြင်ဆီထိလှိုက်အောင် ရိုသေလေးစားကြသည်။

လူငယ်တချို့သည် သူတို့၏ဘဝတလျှောက်လုံး ဝင်္ကပါပညာရှင်များ ဖြစ်လာရန်အတွက် ကြိုးစားကြသည်။

သို့ရာတွင် ဝင်္ကပါပညာရှင်တယောက်ဖြစ်လာရန်အတွက် လိုအပ်သောအခြေအနေများသည် အလွန်ခက်ခဲကြမ်းတမ်းပေ၏။ဤလိုအပ်သော အခြေအနေများနှင့် ပြည့်စုံသောလူများပင်လျှင် အဆင့်မြင့်ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်လာရန် အလွန်အမင်းခက်ခဲသည်။

ထို့ကြောင့် ငယ်ရွယ်သော နဝမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်သည် လူအများ၏ လေးစားကြည်ညိုမှုကိုခံယူရသူ ဖြစ်လာသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။

ထျန်းယုံမြို့၌ရှိနေသော ရီဖုန်းကမူ လမ်းများအတွင်း၌သွားလာကာ တပည့်သစ်တစ်ယောက်ရရှိရန် ရှာဖွေနေခဲ့သည်။

လူအများ သူအား မှတ်မိသွားမည်ကို စိုးရိမ်သဖြင့် ရီဖုန်းသည် သူ့ကိုယ်သူ အနည်းငယ်ရုပ်ဖျက်ထားလေ၏။ထို့ကြောင့် လီမူချူးသည် သူ့အားရှာမတွေ့ခဲ့သည်မှာ သာမန်ကိစ္စတစ်ရပ်ပင်။

ထို့ပြင် လီမူချူး၏အသံပေးပို့ခြင်းကျောက်စိမ်းပြားကို သူ ပျောက်ဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သူ့အား နှင်ထုတ်ခဲ့သည့်အတွက် လီမူချူးအပေါ်တွင် မကျေမနပ်ဖြစ်နေခြင်း မရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည် ထိုကိစ္စကို သူ၏စိတ်အတွင်း၌ တေးမှတ်မထားချေ။

သူနှင့်လီမူချူးတို့သည် မတော်တဆ တွေ့ဆုံခဲ့ခြင်းသက်သက်ပင်။သူသည်လည်း ဤနေရာပတ်ဝန်းကျင်တွင် လူစည်ကားမှုကို အခွင့်ကောင်းယူ၍ တပည့်သစ်ရှာရန် ထျန်းယုံမြို့၌ ယာယီနေထိုင်ခြင်းဖြစ်သည်။အကယ်၍ သူ တပည့်သစ်တစ်ယောက်ကို ရှာတွေ့သည်ဖြစ်စေ ရှာမတွေ့သည်ဖြစ်စေ ပြဿနာမရှိချေ။ သူသည် အချိန်တခဏကြာသည်နှင့် ထျန်းယုံမြို့မှ ထွက်ခွာသွားရပေမည်။

ထို့ကြောင့် ဤကိစ္စသည် ပြဿနာမရှိချေ။

သို့ရာတွင်....

ယနေ့တွင် လမ်းပေါ်၌ အချိန်တခဏကြာ လှည့်လည်သွားပြီးနောက် ရီဖုန်းသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။

ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်မှ နဝမအဆင့် ဝင်္ကပါပညာရှင်သည် သူနှင့်ယှဉ်ပြိုင်ရန်အတွက် စိန်ခေါ်ခဲ့သလော....

ထို့ပြင် ကောင်းကင်ဘုံဝင်္ကပါကုန်းမြင်မှ ဝင်္ကပါပညာရှင်များအားလုံးရှေ့တွင် ဖြစ်နေသလော....

အိုး ဘုရားရေ....

မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....

သူ တပည့်သစ်ရှာဖွေခြင်းသည် ယခုအချိန်ထိ အရိပ်အယောင်ပင် မတွေ့ရသေးချေ။

သို့ရာတွင် ပြဿနာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရီဖုန်းသည် သူ၏ခေါင်းနှင့်နားရွက်များကို ကုတ်လိုက်၏။

သူ အလွန်ဆွံ့အနေမိသည်။

သူ လုံးလုံးလျားလျား ဆွံ့အနေသဖြင့် အိမ်သို့ပြန်ကာ အိပ်စက်လိုက်တော့သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ....

ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၏ စားသောက်ပွဲကျင်းပသောနေ့သို့ ရောက်ရှိလာလေပြီ။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၌ ဧည့်သည်များဖြင့် ပြည့်နှက်နေကာ အဓိကအင်အားစုများမှ ဝင်္ကပါပညာရှင်များအားလုံး ဤနေရာ၌ စုဝေးနေသည်။

ဤလူများကို ဧည့်ခံရန်အတွက် ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်သည် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ၏နံပါတ်တစ်အင်အားစုဟူသော ဂုဏ်သတင်းနှင့်ကိုက်ညီစွာ စားပွဲခုံပေါင်းတစ်သိန်းကျော်ကို ခင်းကျင်းထားခဲ့သည်။

ဤစားသောက်ပွဲ၏အလယ်ဗဟိုတွင် ကျယ်ပြန့်သောမြေကွက်လပ်ကြီးတစ်ခု ရှိနေလေ၏။

ပိုင်းခြားသိမြင်နေသော အမြင်အာရုံရှိသည့်မည်သူမဆို ဤမြေကွက်လပ်ကြီးသည် နောင်လာမည့်တိုက်ပွဲအတွက် ပြင်ဆင်ထားကြောင်း တွေ့မြင်နိုင်သည်။

ဤသည်မှာ သမိုင်းအတွင်း၌ရှားပါးသောကိစ္စတစ်ရပ်ဖြစ်ပြီး နဝမအဆင့် ဝင်္ကပါပညာရှင်နှစ်ယောက်အကြားမှ ယှဉ်ပြိုင်ပွဲပင်။

ကောင်းကင်ဘုံဝင်္ကပါကုန်းမြင့်မှ ဝင်္ကပါပညာရှင်များအားလုံး ဤနေရာ၌ စုဝေးနေသည်ကိုကြည့်ပြီး လီယင်လန်၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင်....

သူ၏ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်သည် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတခွင်လုံးကို အခိုင်အမာထိန်းချုပ်နိုင်သော အခွင့်အရေးကြီး ရရှိတော့ပေမည်။

တချိန်တည်းမှာပင် လီယင်လန် ရှေ့သို့မားမားမတ်မတ်ထွက်လာရန်အတွက် အခွင့်အရေးကောင်းကြီးတခုလည်း ဖြစ်နေသည်။

"ဟမ့်..."

"ဒီတစ်ကြိမ်တော့ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေရဲ့အခွင့်အာဏာက ဘယ်သူ့ဆီမှာရှိလဲဆိုတာနဲ့....ဘယ်သူရဲ့နာမည်ဂုဏ်သတင်းက ပိုပြီးမြင့်မားလဲဆိုတာ ငါ မင်းတို့ကိုပြမယ်"

လီယင်လန်က အေးစက်တင်းမာစွာပြုံးကာ လေထုအတွင်းသို့ခုန်တက်ပြီး မြေကွက်လပ်၏အလယ်ရှိ စင်မြင်ထံသို့ဦးတည်၍ ပျံသန်းသွားလိုက်သည်။

"စီနီယာလီကို အရိုအသေပြုပါတယ်..."

"အကြီးအကဲလီ..."

"နဝမအဆင့် ဝင်္ကပါပညာရှင်ရဲ့အရှိန်အဝါက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ"

"ငါ အရင်တုန်းက ဒီနေရာကိုလာဖို့ ဆန္ဒမရှိခဲ့ဘူး ....ဒါပေမဲ့ အခု ဒီနေရာကိုရောက်လာမှ စီနီယာလီရဲ့အရှိန်အဝါက တကယ်ကို အံ့အားသင့်ဖို့ကောင်းတာပါလား"

လူအများကြားမှနေ၍ ချီးမွမ်းပြောဆိုသံများ ထွက်ပေါ်လာသည်။

မည်သို့ပင်ဆိုစေကာမူ လီယင်လန်သည်လည်း နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ပင်။

ထျန်းယုံမှဝင်္ကပါပညာရှင် ထွက်ပေါ်မလာသေးမီအချိန်၌ သူသည် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ၏အစွမ်းထက်ဆုံးလူပင်။

လီယင်လန် စင်မြင့်ပေါ်သို့ ရောက်ရှိလာချိန်တွင် လူတိုင်းက မတ်တတ်ထရပ်ကာ သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်၍ နှုတ်ဆက်လိုက်ကြသည်။

"မင်းတို့အားလုံး ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ငါ အပိုစကားတွေကို မပြောတော့ဘူး...အားလုံးပဲ ဆန္ဒရှိသလိုစားသောက်ကြပါ"

"ငါက ကိစ္စနှစ်ခုကိုပဲပြောမယ်....ပထမဆုံးကိစ္စက တခြားဝင်္ကပါပညာရှင်နဲ့ငါ ယှဉ်ပြိုင်ဖို့ပဲ"

"တခြားကိစ္စတစ်ခုကတော့ ယှဉ်ပြိုင်ပွဲကြီး ပြီးတဲ့အချိန်မှာ ငါက လူငယ်တစ်ယောက်ကိုရွေးချယ်ပြီးတော့ တိုက်ရိုက်တပည့်အဖြစ် လက်ခံမယ်"

လီယင်လန်သည် မည်သည့်အပိုစကားတစ်ခွန်းမျှမပြောဘဲ လိုရင်းကိုသာ တန်းတန်းမတ်မတ် ပြောဆိုလိုက်သည်။

"အဲ့ဒီတစ်ယောက်က ဘယ်သူလဲဆိုတာ ငါ မသိဘူး....မင်း အခု ဒီနေရာမှာ ရှိနေလား"

သူ၏ထက်ရှသောမျက်လုံးများဖြင့် လူအုပ်ကြီးကိုစူးစိုက်ကြည့်ကာ အဓိပ္ပါယ်အပြည့်ပါသောစကားကို ပြောဆိုသည်။

တခြားလူများသည်လည်း နံဘေးဝဲယာကိုကြည့်၍ ရှာဖွေလိုက်ကြ၏။

"အဲ့ဒီစီနီယာက အခုထိ မလာသေးဘူးလား"

"အမှန်ပဲ....တကယ်လို့ သူ မလာဘူးဆိုရင် ငါတို့ဒီနေရာကို ပြေးလာတာက အချည်းနှီးပဲမဟုတ်လား"

"သူက မဟာနတ်ဆိုးဝင်္ကပါကြီးကိုတောင် ဖြိုခွင်းရတဲ့ သတ္တိရှိမှတော့...ဒီနေရာကို မလာရဲတာက မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်"

"ဒါက အမှန်ပဲ....ငါတို့ကုန်းမြေမှာ ရေးမှတ်မထားတဲ့ စည်းမျဉ်းတစ်ခုရှိနေတာ အချိန်အတော်ကြာနေပြီ...အဆင့်တူအချင်းချင်း ဝင်္ကပါပညာရပ်ကို ယှဉ်ပြိုင်တဲ့နေရာမှာ တိုက်ပွဲကိုရှောင်လွှဲတာက အရှုံးကိုဝန်ခံတာနဲ့ အတူတူပဲ...သူက ဘယ်လောက်ထိ သိုသိုသိပ်သိပ်နေတတ်တဲ့လူ ဖြစ်နေပါစေ...သူ့ရဲ့နာမည်ဂုဏ်သတင်းကိုတော့ ဂရုစိုက်ရမယ်"

လူများအကြားတွင် တိုင်ပင်ဆွေးနွေးမှုများ မြင့်တက်လာကာ အကန့်အသတ်မရှိတော့ချေ။

သို့ရာတွင် သူ ဤနေရာ၌ရှိမရှိ မည်သူ​မျှ အတပ်မပြောနိုင်​ချေ။မည်သို့ပင်ဆိုစေကာမူ ထျန်းယုံမြို့မှဝင်္ကပါပညာရှင်ကို မြင်တွေ့ဖူးသူ အလွန်ရှားပါးပြီး သူ၏သတင်းအချက်အလက်များကို မည်သူမျှ မသိရှိကြချေ။

လူအုပ်ကြီးကိုကြည့်ပြီး....

လီယင်လန်က ထပ်မံ၍ပြောဆိုလိုက်သည်။

"မင်း ရောက်လာတာပဲဖြစ်ဖြစ် ရောက်မလာတာပဲဖြစ်ဖြစ် ဒီလူအိုကြီးက ညနေထိစောင့်မယ်"

"ဒီယှဉ်ပြိုင်ပွဲရဲ့ရလဒ်ကိုတော့ ဒီစင်မြင့်ပေါ်ကနေ ဆုံးဖြတ်ပေးလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် လီယင်လန်က သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ​စင်မြင့်၏အလယ်ဗဟို၌ အရပ်မျက်နှာအဘက်ဘက်မှနေ၍ အလင်းရောင်တန်းများ တောက်ပလာကာ ရှုပ်ထွေးသည့် သင်္ကေတအက္ခရာအမြောက်အများ ထွက်ပေါ်လာသည်။ထို့နောက် ထိုအရာများအကြားမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ပျံ့နှံလာသည်။

"ဟူး...."

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဝင်္ကပါလဲ"

"ဒါကို တစ်ချက်ကြည့်မိရုံနဲ့ ငါက အဲ့ဒီအနားကို မချဥ်းကပ်ဝံ့တော့ဘူး"

"ဒီလိုအရှိန်အဝါမျိုး...တကယ်လို့ ငါတို့အားလုံး အဲ့ဒီနေရာကို ဝင်သွားရင်တောင် ..ဘယ်သူမှ အသက်ရှင်ရက် ပြန်ထွက်မလာနိုင်မှာကို ငါ ကြောက်ရွံမိတယ်"

စင်မြင့်ပေါ်၌မျောလွင့်နေသော ဝင်္ကပါကြီးကိုကြည့်ပြီး လက်ရှိနေရာတွင် ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

လူအများသည် လီယင်လန်နှင့်ပတ်သက်ပြီး နှစ်ခြိုက်သဘောကျခြင်း မရှိသည့်တိုင် ဤဝင်္ကပါကြီးကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်တော့ကြသည်။လီယင်လန်သည် နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်ပေ၏။

"ကောင်းပြီလေ"

"ဒီနေရာမှာ ထွက်ပေါ်လာတာက ငါ ခင်းကျင်းထားတဲ့ အင်မော်တယ်သတ်ဖြတ်ခြင်း မဟာဝင်္ကပါကြီးပဲ"

"သူက ဒီဝင်္ကပါကြီးထဲကို ဝင်သွားပြီးတော့ တစ်လအတွင်းမှာ ချောချောမွေ့မွေ့ ပြန်ထွက်လာနိုင်ရင် ငါ့ကိုယ်ငါ ရှုံးနိမ့်သူလို့ သတ်မှတ်မယ်"

"တကယ်လို့ သူ ထွက်မလာနိုင်ဘူးဆိုရင် ငါက အနိုင်ရသူပဲ"

"ဒါပေမဲ့ ငါက အားလုံးရှေ့မှာ ကြိုပြီးပြောပြထားမယ်....သူ ဝင်္ကပါထဲကို ဝင်သွားပြီးတဲ့နောက်မှာ သူရဲ့သေရေးရှင်ရေးက ငါနဲ့ဘာမှမဆိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက်....

လီယင်လန်သည် စင်မြင့်၏အောက်သို့ခုန်ဆင်းကာ ရီဖုန်းရောက်ရှိလာမည်ကို စောင့်ဆိုင်းလိုက်၏။

ကြွင်းကျန်သောလူများအားလုံးသည်လည်း ရီဖုန်းရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြတော့သည်။

Chapter 695

သို့ရာတွင် သူတို့စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

စင်မြင့်ပေါ်တွင်ရှိနေသောဝင်္ကပါကို ချိုးဖျက်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်ရှိမလာသဖြင့် လူတိုင်း စိတ်မကျေမနပ်ဖြစ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ ရောက်ရှိလာသောလူအများစုသည် စားသောက်ရန်အတွက်လာခြင်း မဟုတ်ချေ။သူတို့သည် နှစ်ပေါင်းတစ်သောင်းအတွင်း၌ ရှားရှားပါးပါးမြင်တွေ့ရသော နဝမအဆင့်ဝင်္ကပါပညာရှင်နှစ်ယောက်၏ယှဉ်ပြိုင်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံလိုသောကြောင့်ပင်။

"အခုထိ အဲ့ဒီစီနီယာ ရောက်မလာသေးတာလား"

"အမှန်ပဲ...သူက မလာတော့ဘူးထင်တယ်"

လူအများကြားမှနေ၍ တိုင်ပင်ဆွေးနွေးသံများထွက်ပေါ်လာသည်။

ထိုစီနီယာရောက်ရှိလာမည်ဟု တွေးတောနေသောလူများအားလုံး သူတို့၏စိတ်နှလုံးသားများအတွင်း၌ စတင်၍မွန်းကြပ်စပြုလာသည်။

"ဟမ့်...သူက ရှုံးမယ်ဆိုတာကိုသိလို့ မလာရဲတဲ့ ငကြောက်တစ်ကောင်မဟုတ်လား"

ထိုင်ခုံပေါ်တွင်ပလ္လင်ခွေထိုင်နေသော လီယင်လန်က သူ၏မျက်လုံးများကိုဖွင့်ကာ အထင်အမြင်သေးစွာဖြင့် သရော်တော်တော်ပြောဆိုသည်။

လူတိုင်းသည် ရီဖုန်းရောက်ရှိလာမည်ကို စောင့်ဆိုင်းနေချိန်မှာပင် မဖိတ်ခေါ်ထားသောဧည့်သည်နှစ်ယောက်က ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်၏ အထက်ကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်သည် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး တိမ်တိုက်များပေါ်၌ခြေချကာ အောက်သို့ငုံကြည့်လိုက်သည်။

"ဒီရှုပ်ယှက်ခတ်နေတဲ့ ကုန်းမြေလေးက မဆိုးဘူး"

ထိုလူနှစ်ယောက်အနက်မှတစ်ယောက်က ပြောဆိုသည်။

"အမှန်ပဲ....ဒါက ငါတို့ဝင်္ကပါလောကကိုမှီဖို့ အလှမ်းကွာဟတယ်ဆိုပေမယ့် တချိန်တည်းမှာ နဝမအဆင့် ဝင်္ကပါပညာရှင်နှစ်ယောက် ထွက်ပေါ်လာတာက အရမ်းကောင်းတဲ့ကိစ္စပဲ.... ကောင်းကင်ဘုံဝင်္ကပါကုန်းမြေက အထက်ဆင့်သုံးဆင့်ထဲက ကုန်းမြေတစ်ခုဖြစ်ဖို့ ထိုက်တန်တယ်"

လူအိုကြီးတစ်ယောက်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ အသိအမှတ်ပြုသောစကားကိုပြောဆိုသည်။

"တကယ်လို့ အဲ့ဒီလူနှစ်ယောက်ယှဉ်ပြိုင်ရင် ဘယ်သူနိုင်မယ်လို့ မင်း ထင်လဲ"

သူ၏နံဘေးရှိ တခြားလူအိုကြီးတစ်ယောက်က ပြောဆိုသည်။

ထိုလူအိုကြီးသည် စင်မြင့်ပေါ့၌ထွက်ပေါ်နေသော ဝင်္ကပါကိုစူးစိုက်ကြည့်ကာ သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး ပြောဆိုသည်။

"ငါက ဒီလီယင်လန်အကြောင်းကို ဘာတစ်ခုမှမသိပေမယ့် သူက အင်မော်တယ်နယ်မြေထဲမှာ ကောင်းမွန်တဲ့နာမည်ဂုဏ်သတင်းရှိတယ်...ဒီနေ့သူ ခင်းကျင်းထားတဲ့ ဝင်္ကပါကလည်း သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ့်ကိုကိုက်ညီတယ်"

သူခင်းကျင်းထားတဲ့ ဝင်္ကဘာက ပညာရပ် အရာပြောမယ်ဆိုရင်ထူးချွန်တယ်လို့ယူဆနိုင်တယ်။

"ဒီအဆင့်ဝင်္ကပါတစ်ခုကို တကယ်လို့ ငါတို့ကသုံးရက်အတွင်းမှာ ချိုးဖျက်ချင်တယ်ဆိုရင် နည်းနည်းတော့ခက်ခဲလိမ့်မယ်"

"ဒါကြောင့် အဲဒီ့ တက်သစ်စနဝမအဆင့်ဝင်္ကပါပညာရှင်က ရှုံးနိမ့်သွားနိုင်တယ်"

လူအိုကြီးက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ အဖြေပေးလေသည်။

"လူအိုကြီးပင်းက အဲ့ဒီလူရှုံးနိမ့်မယ်လို့ ထင်နေတာလား"

သူ၏နံဘေးရှိလူက အပြုံးနှင့်ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တက်သစ်စနဝမအဆင့် ဝင်္ကပါပညာရှင်ကို မမြင်ရသေးဘူး...ဒါပေမဲ့ သူ့ရဲ့နာမည်ကတော့ အရမ်းထင်ပေါ်ကျော်ကြားနေတယ်...ဒါကြောင့် မမျှော်လင့်ထားတဲ့အရာရာတိုင်း ဖြစ်လာနိုင်တယ်"

"ဟား ဟား ဟား...."

"သူ နာမည်ကျော်ကြားလာတာက မဟာနတ်ဆိုးဝင်္ကပါကြီးကို ချိုးဖျက်နိုင်ခဲ့တဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ...ဒါကြောင့် တခြားလူတွေအားလုံးက သူကို အမွှန်းတင်ပြီး ပြောဆိုနေကြတယ်"

"မဟာနတ်ဆိုးဝင်္ကပါကြီးကို ချိုးဖျက်ဖို့ဆိုတာက တကယ်တော့ အဆင့်မြင့်ဝင်္ကပါနည်းစနစ်တွေကိုတောင် သုံးစရာမလိုဘူး"

"အကောင်းဆုံးအနေနဲ့ အဲ့ဒီလူမှာ ကောင်းမွန်တဲ့အကျင့်စရိုက်ရှိနေရုံပဲ...ဒါပေမဲ့ အဲ့ဒီကိစ္စက သူ့ရဲ့အရည်အချင်းနဲ့ ဘာမှမသက်ဆိုင်ဘူး"

လူအိုကြီးပင်းက ရယ်မောရင်းပြောဆိုသည်။

"ဒါက အမှန်ပဲ"

ထိုစကားကိုကြားချိန်တွင် တခြားလူအိုကြီးက ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။

"လူအိုကြီးပင်းတောင်မှ ဒီဝင်္ကပါကိုချိုးဖျက်ဖို့အတွက် အချိန်သုံးရက်ယူရမယ်ဆိုရင်...တခြားလူတွေက သုံးရက်အတွင်းမှာ ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"အဲ့ဒီလူက နဝမအဆင့်ဝင်္ကပါပညာရှင်တယောက်ပဲ ဖြစ်နေတယ်"

"ဒါပေမဲ့ ငါတို့က အင်မော်တယ်နယ်မြေနဲ့ အလှမ်းကွာဟတဲ့နေရာမှာ နေတာကြောင့် အဲ့ဒီလူရဲ့ဝင်္ကပါပညာရပ်အရည်အချင်းက ဘယ်လောက်ထိမြင့်မားတယ်ဆိုတာ မသိနိုင်ဘူး"

"ကောင်းပြီလေ...ငါတို့ စောင့်ကြည့်ကြတာပေါ့"

လူအိုကြီးပင်းက အပြုံးနှင့်ပြောဆိုသည်။

"အဲဒီလူ ရောက်လာမလာဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ဘူး"

အချိန်များ;တဖြည်းဖြည်းကုန်ဆုံးလာကာ...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာလေပြီ။

လူတိုင်းသည် ရီဖုန်း ရောက်လာတော့မည်မဟုတ်ဟု တွေးတောနေစဉ်မှာပင် အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်း၌ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

ဤသည်မှာ မန်မန်ကိုစီးနင်းရင်း မိုးကောင်းကင်ယံအတွင်း၌လူးလွန့်၍​ ဖြည်းညှင်းစွာသွားနေသော ရီဖုန်းပင်။

"မင်း မြန်မြန်မသွားဘူးဆိုရင် ငါ မင်းကို လွှင့်ပစ်ပစ်လိုက်ရမလား...ငါ မင်းကို လွှင့်ပစ်လိုက်ရတော့မလား"

"ငါတို့စထွက်လာတဲ့အချိန်တုန်းက နေ့လည်စာစားချိန်ပဲ ရှိသေးတယ်...အခု မှောင်တော့မယ်"

ရီဖုန်းသည် ပတ်ဝန်းကျင်၌မျောလွင့်နေသောအဖြူရောင်တိမ်တိုက်များကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုပုတ်ပြီး ညည်းတွားလိုက်သည်။

သို့ရာတွင်...

ရီဖုန်းမျှော်လင့်မထားသော ကိစ္စတစ်ခု ဖြစ်ပွားလာခဲ့သည်။

သူသည် ထိုစကားများကိုပြောဆိုပြီးနောက် 'ဟမ့်'ဟု နှာတစ်ချက်မှုတ်လိုက်သည်နှင့် မန်မန်သည် ကြယ်ပျံတစ်စင်းအလား ရှေ့သို့ပျံသန်းသွားသည်။

ဤအရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် ရီဖုန်းအသိဝင်ရန်ပင် အချိန်မရှိခဲ့ချေ။ထို့ကြောင့် သူသည် ကောင်းကင်ပုံဝင်္ကပါခန်းမဆောင်၏စားသောက်ပွဲကျင်းပရာနေရာသို့ မန်မန်၏သယ်ဆောင်သွားခြင်းကို ခံလိုက်ရလေ၏။

"သောက်ချေးပဲ...."

"သောက်ချေးပဲ...မင်း...မင်း...မင်း...."

"မင်းရဲ့အရှိန်နှုန်းက ဘယ်လိုလဲ...."

ရီဖုန်းက သူ၏တင်ပါးအောက်ရှိ ခရုကြီးကိုစူးစိုက်ကြည့်ကာ သူ့ထံတွင် ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။

All Chapters