← Chapters

အခန်း (၆၉၆-၇၀၀)

Vol. 47 Ch. 696-700

အခန်း (၆၉၆-၇၀၀)

Vol. 47 Ch. 696-700

Chapter 696

"ခွေးလိုကောင်...မင်း ငါ့ကို လိမ်နေတာမဟုတ်လား"

"အစောပိုင်းက မင်းရဲ့အရှိန်က ဘာလို့အရမ်းမြန်နေတာလဲ"

ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် မန်မန်ကို ဆဲဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် ရီဖုန်းထွက်ပေါ်လာသောကြောင့် ခန်းမအတွင်းတွင်ရှိနေသော လူများအကြား၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

"ဒါက သူ မဟုတ်လား"

"ဒါက မဟာနတ်ဆိုးဝင်္ကပါကြီးကို ဖျက်ဆီးခဲ့တဲ့ စီနီယာမဟုတ်လား"

"သူက အရမ်းငယ်သေးတာပါလား...ဒါက အဲ့ဒီနဝမအဆင့် ဝင်္ကပါပညာရှင်လား"

လူတိုင်းသည် တိုင်ပင်ဆွေးနွေးနေကြကာ ရီဖုန်း၏အကြောင်းကို မှန်းဆနေကြသည်။

ထိုအချိန်မှာပင် လီယင်လန်သည် သူ၏မျက်လုံးများကိုဖွင့်လိုက်ကာ ထက်ရှသောအကြည့်ဖြင့် ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

ဤလူများအနက်မှအများစုသည် ရီဖုန်းကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။ထို့ကြောင့် သူတို့ရှေ့၌ထွက်ပေါ်လာသော လူငယ်သည် အစစ်အမှန်နဝမအဆင့် ဝင်္ကပါပညာရှင်ဟုတ်မဟုတ် သူတို့ သေချာမပြောနိုင်​ပေ။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ရီဖုန်းအား မြင်တွေ့ဖူးသော လူတချို့ရှိနေသည်။

"ဒါက သူပဲ....သူက မဟာနတ်ဆိုးဝင်္ကပါကြီးကို ဖျက်ဆီးပြီးတော့ ထျန်းယုံမြို့မှာနေထိုင်ခဲ့တဲ့ စီနီယာပဲ...ငါက သူ့ကိုတွေ့ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့တယ်"

နောက်ဆုံး၌ လူအုပ်အကြားတွင်ရှိသော တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

ထိုအတည်ပြုစကားကိုကြားချိန်တွင် ခန်းမအတွင်းရှိ လူများအားလုံးထံမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"စီနီယာကို အရိုအသေပြုပါတယ်"

"စီနီယာက သေချာပေါက်ရောက်လာမှာလို့ ငါ ခုဏကတည်းက ပြောခဲ့ပါတယ်"

"စီနီယာကို အရိုအသေပြုပါတယ်..ငါတို့ကောင်းကင်ဘုံဝင်္ကပါကုန်းမြေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်"

"စီနီယာက ငယ်ငယ်လေးရှိသေးတာပဲ"

"ဘေးဖယ်ကြပါ....ဘေးကိုဖယ်ကြပါအုံး...စီနီယာရဲ့အစစ်အမှန်မျက်နှာကို ငါ တစ်ချက်ကြည့်ပါရစေ"

ဤအချိန်အခိုက်အတန့်တွင် ရူးသွပ်စွဲလမ်းစွာပြောဆိုလိုက်သောအသံများက အရပ်မျက်နှာအသက်ဘက်မှ ထွက်ပေါ်လာသည်။ယခုအချိန်၌ လူများအားလုံး၏စိတ်ဆန္ဒများသည် ဒဏ္ဍာရီလာဆရာကြီး၏အစစ်အမှန်မျက်နှာကို မြင်တွေ့လိုကြခြင်းပင်။

ဤကဲ့သို့ ဖရိုဖရဲမြင်ကွင်းတစ်ခုတွင် အကယ်၍ ကောင်းကင်ဘုံဝင်္ကပါ ခန်းမဆောင်အတွင်းတွင် အကာအကွယ်ဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းထားခြင်းသာမရှိပါက လူများအားလုံး လွင့်ထွက်သွားပေမည်။

"ဘေးဖယ်ကြပါ....ဘေးဖယ်ကြပါအုံး...ငါတို့လည်း ကြည့်ပါရစေ"

လူအုပ်အကြားတွင်ရှိသော ဟွမ်ရှင်းထန်နှင့်လီရှုံးတို့သားအဖနှစ်ယောက်သည် လူများကိုတိုးဝှေ့ကာ နဝမအဆင့် ဝင်္ကပါပညာရှင်၏အစစ်အမှန်မျက်နှာကို မြင်တွေ့ရန် ရှေ့သို့သွားလိုကြသည်။

သို့ရာတွင် သူတို့၏အဆင့်အတန်းကြောင့် သူတို့သည် အလွန်အမင်းအစွန်အဖျားကျသောနေရာ၌ ထိုင်နေခဲ့ရသည်။ဤနေရာတွင် လူတစ်သိန်းခန့်စုဝေးနေသဖြင့် သူတို့သည် ရှေ့သို့တိုးဝှေ့သွားနိုင်ခြင်းမရှိချေ။

"စိတ်ဝင်စားစရာကောင်းတာက သူ့ရဲ့အသက်က အရမ်းငယ်နေတာပဲ"

"ဒါက ငါ နည်းနည်းတော့ မမျှော်လင့်ထားတဲ့ကိစ္စပဲ"

မိုးကောင်းကင်ယံအတွင်းတွင်ရှိနေသော ဝင်္ကပါလောကမှလူအိုကြီးနှစ်ယောက်သည် အောက်သို့တပြိုင်နက်တည်း ငုံကြည့်လိုက်ကြသည်။ထို့နောက် သူတို့ထံမှနေ၍ စိတ်ဝင်တစားပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။

မန်မန်၏အရှိန်နှုန်းကြောင့် ရုန်းကန်နေရဆဲဖြစ်သော ရီဖုန်းသည် သူ့၏နံဘေးပတ်ဝန်းကျင်၌ ယောက်ယပ်ခတ်နေသူများကိုကြည့်ကာ သူ့၏နဖူးမှ ဇောချွေးများကို တိတ်တဆိတ်သုတ်လိုက်၏။

ဤသည်မှာ အလွန်အမင်း တရားလွန်သွားလေပြီ။

ဤကိစ္စကို သူ ရှင်းရှင်းလင်းလင်းဖြေရှင်းခြင်းမပြုပါက သူ့အား မိုးထိမြင့်လုမတတ် အမွှန်းတင်ကြပေမည်။

မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေရသည်မှာ အလွန်ကောင်းသော်လည်း ပြုတ်ကျလာပါက အလွန်အမင်း အကျနာပေမည်။

ကံကောင်းထောက်မစွာဖြင့်....

ယနေ့တွင် ဤနေရာသို့ သူ ရောက်ရှိလာသည့်အကြောင်းရင်းမှာလည်း ရှင်းရှင်းလင်းလင်းပြောဆိုရန်ပင်။

သူသည် ဝင်္ကပါပညာရပ်တွင် အမှိုက်တစ်စသာဖြစ်ပြီး နဝမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြော်ငြာရပေမည်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူသည် မန်မန်၏အရှိန်နှုန်းကို ဂရုမစိုက်တော့ဘဲ မန်မန်၏ကျောပေါ်မှ ခုန်ဆင်းလိုက်၏။

ရီဖုန်းသည် ထိုနဝမအဆင့်ဝင်္ကပါပညာရှင်ဖြစ်နေသည်ကိုကြည့်ပြီး ပလ္လင်ခွေထိုင်နေသော လီယင်လန်းကလည်း မတ်တတ်ထရပ်လိုက်သည်။

ထို့နောက် သူက လိုရင်းကိုပြောဆိုလိုက်၏။

'မင်းက ဒီနေရာကို ရောက်လာမှတော့ ငါက ဒီယှဉ်ပြိုင်ပွဲရဲ့အသေးစိတ်စည်းမျဉ်းတွေကို ရှင်းပြမယ်....."

လီယင်လန်က ပြောဆိုသည်။

သို့ရာတွင် လီယင်လန်၏စကား အဆုံးမသတ်သေးမီမှာပဲ ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ကြားဖြတ်​ဟန့်တားလိုက်သည်။

လီယင်လန်က မျက်မှောင်ကြုတ်ကာ ရီဖုန်း မည်သည့်အရာအား ဆိုလိုသည်ကို မေးခွန်းထုတ်ရန်ဟန်ပြင်လိုက်သည်။သို့ရာတွင် ရီဖုန်းသည် ခြေထောက်ကိုမြှောက်ကာ သူ ခင်းကျင်းထားသော ဝင်္ကပါ၏အလယ်ဗဟိုသို့ လျှောက်လှမ်းသွားသည်ကို သူ မြင်တွေ့မိသည်။

"ကောင်းပြီလေ....မင်းက တကယ့်ကိုသတ္တိရှိတာပဲ"

"မင်း ဒီဝင်္ကပါထဲကနေ ဘယ်လိုပြန်ထွက်လာနိုင်မလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

လီယင်လန်၏မျက်စိသူငယ်အိမ်များ ရုတ်တရက်ကျဉ်းမြောင်းသွားကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

လက်ရှိနေရာတွင်ရှိနေသော တခြားလူများသည်လည်း ရီဖုန်း၏ချဉ်းကပ်သွားမှုကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရီဖုန်းသည် ဤမျှထိ အလွန်ပြတ်သားမည်ဟုမည်သူမျှ တွေးထင်မထားမိကြချေ။

'ဒီလူငယ်လေးက နည်းနည်းတော့စိတ်ဝင်စားစရာကောင်းတယ်"

မိုးကောင်းကင်ယံအတွင်း၌ရှိနေသော လူအိုကြီးတစ်ယောက်က ကြည်ညိုလေးစားသောလေသံဖြင့် ပြောဆိုသည်။

"သူက တခြားလူတွေရဲ့ရှေ့မှာ ဟန်ရေးပြချင်တာနဲ့ တမင်သက်သက် မောက်မာထောင်လွှားနေတာ မဖြစ်ဖို့ကိုပဲ ငါ မျှော်လင့်မိတယ်"

လူအိုကြီးပင်းက ပြောဆိုလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေမှာ မာန်မာနတွေရှိနေတတ်တယ်....ဝင်္ကပါကြီးထဲကို မဝင်ရောက်ခင်မှာ သူက သေသေချာချာမလေ့လာခဲ့ဘူး...သူက ဝင်္ကပါကြီးထဲကို မဆင်မခြင်ဝင်သွားခဲ့တယ်....ဒီလိုဆိုမှတော့ သူ ရှုံးနိမ့်သွားနိုင်ချေ ပိုပြီးမြင့်မားတယ်"

ရီဖုန်း လုံးလုံးလျားလျားဆွံ့အနေသည်။

ယခုလက်ရှိအချိန်၌ သူ ပြုလုပ်သောလှုပ်ရှားမှုတိုင်း လူအများ၏အာရုံစူးစိုက်မှုကိုရရှိနေသည်။

ထို့ကြောင့် သူ ဤကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရပေမည်။

သူသည် အလယ်ဗဟိုတွင်ရှိသော နေရာတစ်နေရာကိုရှာဖွေကာ သူ့၏ခေါင်းကိုမော့ပြီး သူ၏လည်ချောင်းကိုရှင်းကာ တိုက်ရိုက်အော်ဟစ်လိုက်၏။

"အားလုံးပဲ"

"ရှင်းရှင်းပြောရရင် ငါ ဒီနေ့ဒီနေရာကိုရောက်လာတာက ယှဉ်ပြိုင်ဖို့မဟုတ်ဘူး...ဘာလို့လဲဆိုတော့ ငါက ယှဉ်ပြိုင်ဖို့ကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူး"

"အမှန်တော့ တကယ်လို့ ငါက ယှဉ်ပြိုင်ပွဲကိုစိတ်ဝင်စားတယ်ဆိုရင်တောင် ငါက နဝမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် မဟုတ်ဘူး"

"ငါက ဝင်္ကပါပညာရပ်အကြောင်းကို နည်းနည်းလေးတောင်နားမလည်တဲ့ အမှိုက်ကောင်တစ်ကောင်ပဲ"

"ငါ ဒီနေ့ဒီနေရာကိုလာတာ အဲ့ဒီကိစ္စကို အထူးသီးသန့်ဖြေရှင်းဖို့ပဲ...ငါ့ကို နဝမအဆင့်ကမ္ဘာပညာရှင်လို့ ပြောနေကြတာတွေကလည်း တခြားလူတွေ သတ်မှတ်ခဲ့တဲ့ကိစ္စပဲ....ငါကတကယ်တော့ ဝင်္ကပါပညာရပ်အကြောင်းကို ဘာမှနားမလည်တဲ့ အမှိုက်ကောင်တစ်ကောင်ဖြစ်နေတယ်...မင်းတို့ယုံချင်ယုံမယုံချင်နေ ဒီကိစ္စကိုလက်ခံဖို့အတွက် မင်းတို့အဆင်ပြေပြေမပြေပြေ ဒါက အမှန်တရားပဲ"

"ကောင်းပြီလေ....ငါ အခုထွက်သွားတော့မယ် ...မင်းတို့ရဲ့စားသောက်ပွဲကို ဆက်ပြီးကျင်းပကြတော့"

ရီဖုန်း၏စကားလုံးများ ကျရောက်သွားချိန်တွင်

ခန်းမအတွင်းတွင်ရှိနေသော လူများအားလုံး ကြက်သေသေသွားသည်။

လီယင်လန်ပင်လျှင် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။

မိုးကောင်းကင်ယံအတွင်း၌ရှိနေသော လူအိုကြီးနှစ်ယောက်သည် အောက်ရှိမြင်ကွင်းကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေကြသည်။

ထိုလူငယ်လေးသည် ဝင်္ကပါပညာရပ်ကို နားလည်သည် သို့မဟုတ် နားမလည်သည်မှာ ပြဿနာမရှိချေ။

အရေးကြီးသောကိစ္စမှာ....

သူသည် ယှဉ်ပြိုင်ပွဲကိုစိတ်မဝင်စားဟု ပြောဆိုခဲ့သော်လည်း မည်သည်ကြောင့် လီယင်လန်၏ဝင်္ကပါအတွင်းသို့ ဝင်ရောက်သွားသနည်း....

အကယ်၍ သူသည် ယှဉ်ပြိုင်ခြင်းမပြုလိုပါက တစ်ဖက်လူ၏ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန်လိုအပ်သလော....

သို့ရာတွင် လူတိုင်း ကြက်သေသေနေစဉ်မှာပင် လူအုပ်အကြားရှိ တစ်စုံတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထိုအော်ဟစ်သံကြောင့်...

လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏မျက်လုံးအကြည့်များ ရီဖုန်းထံသို့ ကျရောက်သွားသည်။

ဤအကြည့်တချက်တွင်....

လူတိုင်း၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

လီယင်လန်ကိုယ်တိုင်သည်လည်း သူ၏ခြေထောက်များ ပျော့ခွေသွားကာ မတ်တတ်ဖြောင့်ဖြောင့်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျတော့လုမတတ်ပင်။

မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေကာ သူတို့၏မုတ်ဆိတ်မွေးများကို ပွတ်သပ်နေသော လူအိုကြီးနှစ်ယောက်၏အခြေအနေသည် ပို၍ဆိုးဝါးပေ၏။သူတို့သည် လေထုအတွင်းမှ ပြုတ်ကျလုနီးပါးဖြစ်နေကာ သူတို့၏မုတ်ဆိတ်အမြောက်အများကို ဆွဲနှုတ်လိုက်မိသည့်အချက်ကို ထည့်သွင်းဖော်ပြရန်မလိုတော့ချေ။

အကြောင်းအရင်းမှာ ရီဖုန်းသည် စကားပြောဆိုပြီးနောက် နောက်သို့ချာခနဲလှည့်ကာ ဝင်္ကပါအတွင်းမှထွက်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသောကြောင့်ပင်။

အမှန်တကယ်ကိုပင်....

သူသည် ဝင်္ကပါအတွင်းမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့ခြင်းပင်။

သူသည် အနည်းငယ်မျှ အင်အားစိုက်ထုတ်မှုမပြုခဲ့သည့်အပြင် အိပ်ချင်မူးတူးမျက်လုံးဖြင့် သန်းဝါးနေသည်။

Chapter 697

ဤအချိန်အခိုက်အတန့်တွင်....

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ခန်းမအတွင်းရှိလူများအားလုံး ကြက်သေသေသွားပေ၏။

လူတိုင်းသည် သူတို့၏လည်မြိုအတွင်း၌ ငါးရိုးတစ်ချောင်း စိုက်ဝင်နေသည့်အလား အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြချေ။

ခန်းမအတွင်း‌၌ အပ်တစ်ချောင်းပြုတ်ကျသံကိုပင် ကြားရနိုင်သည်။

သဲမှုန်များပျံ့လွင့်သံ လေညှင်းတစ်ရပ်က သစ်ရွက်များကို ညင်သာစွာတိုက်ခတ်သားသောအသံ သစ်ရွက်များမြေပြင်ကိုပွတ်တိုက်သွားသည့်အသံစသည့် တိုးညှင်းသောအသံများကိုပင် ကြည်လင်ပြတ်သားစွာ ကြားရနိုင်သည်။

ဤအင်မော်တယ်သတ်ဖြတ်ခြင်း မဟာဝင်္ကပါကြီးအတွင်းသို့ အကယ်၍ နဝမအဆင့် ဝင်္ကပါပညာရှင်မဟုတ်သော လူတစ်ယောက် ဝင်သွားပါက သေလမ်းရှာခြင်းဖြစ်ပေမည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရီဖုန်းသည် ဝင်္ကပါကြီးအတွင်းသို့ အဝင်အထွက်ပြုလုပ်ခဲ့သည်။ဤသည်မှာ သာမန်လူတစ်ယောက်သည် ဟင်းရွက်စျေးသို့သွား၍ ဟင်းရွက်များသွားဝယ်သည်ထက် ပို၍လွယ်ကူနေသည်။သို့ရာတွင်သူသည် ဝင်္ကပါပညာရှင်တယောက် မဟုတ်သည့်အပြင် ဝင်္ကပါပညာရပ်၌ အမှိုက်ကောင်တစ်ကောင်ဟု ပြောဆိုခဲ့သည်။သူသည် မည်သည်ကြောင့် ဝင်္ကပါပညာရပ်ကိုမသိရှိဟု ပြောဆိုခဲ့သနည်း။

ဤသည်မှာ ဝင်္ကပါပညာရပ်၌ အမှိုက်ကောင်ဖြစ်နိုင်သလော....

သူ ဝင်္ကပါပညာရပ်မှနည်းစနစ်များအား တတ်ကျွမ်းခြင်းမရှိဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသနည်း...

အကယ်၍ ဤသို့ဆိုပါက လက်ရှိနေရာတွေရှိနေသူများအားလုံးသည် ဝင်္ကပါပညာရပ်ကို မသိရှိသူထက်ပင် အရည်အချင်းနိမ့်ကျနေလေရာ သူတို့အား လူဟုပင်ခေါ်ဆိုနိုင်သလော....

လီယင်လန်၏မျက်နှာပေါ်တွင် ဇောချွေးများဖြင့်ပြည့်နှက်နေကာ နေရာမှာပင်မတ်တပ်ရပ်နေသည်။သူသည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ လူပြက်တစ်ယောက်အလားပင်။

ရီဖုန်းသည် အစွမ်းထက်သောလူဖြစ်မည်ဟု သူ မျှော်လင့်ထားပြီးဖြစ်သည်။

သူ၏ဝင်္ကပါအတွင်းမှနေ၍ ရီဖုန်းသည် သုံးရက်အတွင်း၌ ထွက်လာနိုင်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

သို့ရာတွင် ရီဖုန်းသည် ဝင်္ကပါကြီးအတွင်းသို့ ဝင်ရောက်ပြီး အချိန်တခဏအကြာမှာပင် ပြန်ထွက်လာနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် အဖြစ်မှန်ကို သူ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံရပေမည်။

သူ သရော်တော်တော်ပြုံးခဲ့မှုသည် သူ့ကိုယ်သူ ပြန်၍လှောင်ပြောင်သရော်ခဲ့သည့်အလားပင်။

သူသည် မြေကြီးအတွင်း၌ အက်ကွဲကြောင်းတစ်ခုရှာပြီး အတွင်းသို့ဝင်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

အကြောင်းအရင်းမှာ ဝင်္ကပါကြီးအတွင်းမှ ထွက်လာသောအခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်သည် အဆင့်တူတွင်ရှိမနေကြောင်း မြင်တွေ့နိုင်သောကြောင့်ပင်။

ထို့ပြင် ရီဖုန်းက သူသည် ယှဉ်ပြိုင်ရန်အတွက် စိတ်မဝင်စားဟု ပြောဆိုခဲ့သည်။ဤသည်မှာ ရီဖုန်းသည် ဝင်္ကပါနည်းစနစ်များကို နားမလည်ခြင်းကြောင့်မဟုတ်ဘဲ ယှဉ်ပြိုင်ပွဲအား အမှန်တကယ်ကို စိတ်မဝင်စားသောကြောင့်ပင်။

ဤသည်မှာ ခွန်အားကြီးမားသော ခြင်္သေ့ထီးတစ်ကောင် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်သည့်အလားပင်။

တစ်ရက်တွင် ရုတ်တရက် ပုရွက်ဆိတ်တစ်ကောင်သည် တခြားပုရွက်ဆိတ်များ၏ရှေ့တွင် ခြင်္သေ့ကြီးကို စိန်ခေါ်ခဲ့သည်။မည်သည်ကြောင့် ထိုခြင်္သေ့ကြီးသည် ယှဥ်ပြိုင်ရန် စိတ်ဝင်စားမှုရှိမည်နည်း။

ဤနေရာသို့ သူ ရောက်ရှိလာခြင်းကပင် ပုရွက်ဆိတ်တစ်စုအတွက် အကြီးမားဆုံးဂုဏ်ယူဖွယ်ရာကြီး ဖြစ်နေလေပြီ။

လီယင်လန်က သူ၏ခေါင်းကိုအောက်သို့ပိုပြီးငုံလိုက်၏။

သူသည် ဤရှုံးနိမ့်မှုနှင့်ပတ်သက်ပြီး အနည်းငယ်​မျှ စောဒကတက်ဝံ့ခြင်းမရှိချေ။

သူသည် စိတ်မကျေမနပ် မဖြစ်သည့်အပြင် ရီဖုန်းအပေါ် မည်သည့်နာကြည်းမှုန်းတီးမှုမျှလည်း မရှိချေ။အကြောင်းအရင်းမှာ ကွာဟချက်သည် အလွန်ကြီးမားသောကြောင့်ပင်။

ဤကွာဟချက်သည် အလွန်ကြီးမားသဖြင့် သူ့အား စိတ်ပျက်အားငယ်စေကာ အစွမ်းအစမဲ့သကဲ့သို့ ခံစားရစေသည်။

ရီဖုန်းသည် သူ့အား ကြီးမားသောသင်ခန်းစာတစ်ခု သင်ကြားပေးခဲ့သည်။

သူ့ကဲ့သို့ အစဉ်အမြဲမောက်မာထောင်လွှားသူတစ်ယောက်သည် ပြင်ပလောကသို့ထွက်ပါက သူ့ထက်ပို၍ထူးချွန်သောလူများ ရှိနေနိုင်သည်ကို ပြသလိုက်ခြင်းပင်။

မိုးကောင်းကင်ယံအတွင်း၌....

လူအိုကြီးတစ်ယောက်သည် နှလုံးဖောက်နေသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

"လူအိုကြီးကျန်း...စိတ်အေးအေးထားပါအုံး"

သူ၏နံဘေးတွင်ရှိနေသော လူအိုကြီးပင်းက သူ့အား အလျှင်အမြန်သတိပေးသည်။

"သူတော်စင်အဆင့်...ဒါက သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ပဲ"

လူအိုကြီးကျန်းက သူ၏နှလုံးနေရာကိုဖိကာ တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် လူအိုကြီးပင်းသည်လည်း ကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်၏။

ဤကိစ္စသည်မဟုတ်မမှန်ဟု မည်သူက ပြောဆိုနိုင်မည်နည်း....

ဤကဲ့သို့ ဝင်္ကပါအဆင့်မျိုးကို အကယ်၍ သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက်မဟုတ်ပါက လွယ်လင့်တကူထွက်လာနိုင်မည် မဟုတ်ချေ။

သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက်၏အရှိန်အဝါသည် အလွန်ကြီးမားပေ၏။

နဝမအဆင့်ကိုကျော်လွန်ပြီးနောက် တော်ဝင်အဆင့် ဝင်္ကပါပညာရှင်ဖြစ်သည်။တော်ဝင်အဆင့်ကိုကျော်လွန်ပြီးချိန်တွင်မူ သူတော်စင်အဆင့်ပင်။

လူအိုကြီးကျန်း ဤကဲ့သို့ဖြစ်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

သူတော်စင်အဆင့် ဝင်္ကပါပညာရှင်များသည် ဝင်္ကပါလမ်းကြောင်း၏သမိုင်းစဉ်တလျှောက်၌ လက်တစ်ဖက်ချိုးရေနိုင်သည်ထက် မပိုချေ။

ထို့ထက်ပို၍ရယ်ရွှင်ဖွယ်ကောင်းသည်မှာ တော်ဝင်အဆင့် ဝင်္ကပါပညာရှင်များဖြစ်သော သူတို့နှစ်ယောက်သည် မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်ကာ သူတော်စင်အဆင့် ဝင်္ကပါပညာရှင်အပေါ်၌ ဝေဖန်နေကြခြင်းပင်။

ပြောရမယ်ဆိုလျှင် ဤသည်မှာ သူတို့၏မျက်နှာများကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်ခြင်းပင်။

"ရှက်ဖို့ကောင်းလိုက်တာ"

"သူတော်စင်အဆင့် ဝင်္ကပါပညာရှင်က ငါတို့ကို အပြစ်မတင်မို့ မျှော်လင့်မိတယ်"

လူအိုကြီးပင်းက အော်ဟစ်လိုက်သည်။သူသည် အလွန်အမင်းကြီးမားသော အရှက်ရမှုကိုခံစားရကာ ရီဖုန်းအပေါ် သူ၏သဘောထားသည် ရိုသေလေးစားမှုသို့ ပြောင်းလဲသွားလေပြီ။သူတို့သည် မိုးကောင်းကင်ယံအတွင်း၌ ဆက်မနေဝံ့တော့သဖြင့် အောက်သို့အလျှင်အမြန် ဆင်းသက်လိုက်သည်။

"ဒါက ချိုးဖျက်လိုက်တာလား"

"အဲ့ဒီဝင်္ကပါကြီးကို အချိန်ခဏလေးနဲ့ တကယ်ပဲ ချိုးဖျက်လိုက်တာလား"

လူအုပ်အကြားတွင်ရှိနေသော ဟွမ်ရှင်းထန်သည် လီရှုံးနှင့်လီမူချူးတို့ကို ဦးဆောင်၍ ရှေ့သို့တိုးဝှေ့သွားရင်း ထိတ်လန့်တုန်လှုပ်နေသည်။

သူတို့သည် မူလကအစွန်အဖျားနေရာတွင် ထိုင်နေရသည့်အတွက် ဤကိစ္စသည် ပို၍မယုံကြည်နိုင်ဖွယ်ကောင်းနေသည်။

အကြောင်းအရင်းမှာ ရီဖုန်း၏မျက်နှာကို မြင်တွေ့နိုင်ရန်အတွက် သူတို့ အရှေ့သို့တိုးဝှေ့မသွားနိုင်သေးမီမှာပင် သူသည် ဝင်္ကပါကြီးကိုချိုးဖျက်ပြီးဖြစ်သောကြောင့်ပင်။

ကံကောင်းထောက်မစွာဖြင့်....

ရှေ့ဆုံးတွင်ရှိနေသောသူများသည် အံ့အားသင့်တုန်လှုပ်နေကြသဖြင့် သူတို့သည် နောက်ဆုံး၌ ရှေ့သို့တိုးဝှေ့သွားနိုင်ခဲ့ကာ ထိုစီနီယာ၏အစစ်အမှန်မျက်နှာကို မြင်တွေ့ခွင့်ရတော့ပေမည်။

သူတို့သုံးယောက်သား ရှေ့သို့ကြည့်လိုက်ကြသည်။

ယနေ့တွင် သူတို့၏စိတ်ဆန္ဒများ နောက်ဆုံး၌ ပြည့်ဝတော့ပေမည်။

အထူးသဖြင့် လီမူချူးပင်။သူမသည် နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ သူမ၏လှပသောမျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံး၌....

သူတို့သုံးယောက်သည် ရှေ့မှပိတ်နေသောလူများကိုဖြတ်ကျော်၍ အလယ်ဗဟိုနေရာသို့ ရောက်ရှိသွားခဲ့သည်။

ရီဖုန်း၏ပုံပန်းသွင်ပြင်သည် နောက်ဆုံး၌ သူတို့သုံးယောက်၏မျက်လုံးများအတွင်းသို့ ဝင်ရောက်လာပေ၏။

သူသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကြီးမားသောခရုကြီးတကောင်ထံသို့ ​ဖြည်းညှင်းစွာလျှောက်လှမ်းသွားနေကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။

"သူက ဝင်္ကပါပညာရှင်လား...သူက တကယ့်ကို အသက်ငယ်ငယ်လေး ရှိသေးတာပဲ"

လီရှုံးသည် ရီဖုန်းကိုစူးစိုက်ကြည့်ကာ ကြည်ညိုလေးစားစွာ ပြောဆိုလိုက်သည်။တချိန်တည်းမှာပင် သူက ဟွမ်ရှင်းထန်အား မေးမြန်းလိုက်၏။

"ဒါပေမဲ့ ဆရာကြီးဟွမ်....သူ့ကို ငါ ကြည့်ရတာ ဘာလို့ရင်းနှီးနေသလိုမျိုး ခံစားနေရတာလဲမသိဘူး"

သူ မေးမြန်းပြီးနောက် အချိန်အတော်ကြာသည့်တိုင်...

မည်သည့်တုံ့ပြန်မှုမျှ မရရှိချေ။

လီရှုံးသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို နောက်သို့လှည့်ကြည့်လိုက်ရာ ဆရာကြီးဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

Chapter 698

"ဆရာကြီးဟွမ်...အဲ့ဒီစီနီယာကို မင်း အရမ်းရိုသေလေးစားတယ်ဆိုတာ ငါ နားလည်ပေးလို့ရတယ်....ဒါပေမဲ့ မင်းရဲ့ပုံစံကိုကြည့်ရတာ အရမ်းဆိုးဝါးနေတယ် မဟုတ်လား"

လီရှုံးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။တစ်ချိန်တည်းမှာပင် သူ၏ခေါင်းကိုတိမ်းစောင်း၍ လီမူချူးကိုကြည့်ကာ ပြောဆိုလိုက်၏။

"သမီး....အဖေပြောတာ မှန်တယ်မဟုတ်လား"

သို့ရာတွင်....

လီမူချူးသည်လည်း သူ့အား လျစ်လျူရှုထားလေ၏။

ထိုအစား သူမသည်လည်း ရှေ့သို့စူးစိုက်ကြည့်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"ရီဖုန်း..."

"ဒါက တကယ့်ကို ရီဖုန်းပဲ"

"ရီဖုန်းက အဲ့ဒီနဝမအဆင့် ဝင်္ကပါပညာရှင်ဖြစ်နေတာပါလား"

လီမူချူး၏စကားလုံးများ ကျရောက်လာချိန်တွင် ကြောင်စီစီဖြစ်နေသောလီရှုံးသည် ချက်ချင်းတုန်လှုပ်​ချောက်ချားသွားပေ၏။

"အမ်....ဒါက ရီဖုန်းလား"

သူသည် ထိုစီနီယာကို အာရုံစူးစိုက်၍ကြည့်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ မိုးကြိုးမုန်တိုင်းတစ်ခု ထွက်ပေါ်လာသည့်အလားပင်။ရီဖုန်းသည် မည်သူမည်ဝါဖြစ်သည်ကို သူ ချက်ချင်းအမှတ်ရသွားခဲ့သည်။

ဤသည်မှာ သူ မောင်းထုတ်ခဲ့သော လူငယ်မဟုတ်လော....

သူ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သူ....

သူသည် ဒဏ္ဍာရီလာဝင်္ကပါပညာရှင်တစ်ယောက်ကို သူ၏အိမ်တော်မှ မောင်းထုတ်ခဲ့မိသလော....

"ဆရာကြီးဟွမ်....ငါတို့ ဘယ်လိုလုပ်ကြမလဲ"

လီရှုံးသည် တုန်ရီနေသောအသံဖြင့် သူ၏နံဘေးရှိ ဟွမ်ရှင်းထန်ကို စိုးရိမ်ပူပန်တကြီးမေးမြန်းလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ဟွမ်ရှင်းထန်သည်လည်း ထိတ်လန့်ကြောက်ရွံ့နေပေ၏။သူသည် လီရှုံးကို ပါးတစ်ချက်ဖြတ်ရိုက်ကာ ဒေါသတကြီးပြောဆိုသည်။

"မင်းရဲ့ခွေးမျက်လုံးကကန်းပြီးတော့ စီနီယာကို အိမ်တော်ကနေ မောင်းထုတ်ခဲ့တယ်...ဒီနေ့ကနေစပြီးတော့ မင်း ငါနဲ့သိတယ်လို့ မပြောစမ်းနဲ့"

"အမ် ဆရာကြီးဟွမ်.....ဒါတွေအားလုံးက မင်းကြောင့်ပဲမဟုတ်လား"

လီရှုံးက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

"ဟမ့်.....ငါက ငါနေဖို့အတွက် ခြံဝန်းတခု စီစဉ်ပေးဖို့ မင်းကို တောင်းဆိုခဲ့ရုံပဲ....ဒါပေမဲ့ တခြားလူတွေကို မောင်းထုတ်ဖို့ ငါ မင်းကို မတောင်းဆိုခဲ့ဘူး"

ဟွမ်ရှင်းထန်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဆရာကြီးဟွမ် မင်း အဲ့ဒီလိုပြောလို့မရဘူး...စီနီယာကို မောင်းထုတ်ခဲ့တဲ့အချိန်တုန်းက မင်းလည်း အဲ့ဒီနေရာမှာရှိနေတာပဲ...အဲ့ဒီအချိန်တုန်းက မင်း ဘာစကားတစ်ခွန်းမှ ဝင်မပြောခဲ့ဘူးလေ"

"ဟမ့် အဲ့ဒါက မင်းရဲ့အိမ်တော်လေ...ငါက ဘာဝင်ပြောလို့ရမှာလဲ"

"မင်း...."

သူတို့နှစ်ယောက်သည် အချိန်အတော်ကြာသည်အထိ အငြင်းပွားနေကြတော့သည်။

ယခုအချိန်၌ သူတို့၏အူများ အစိမ်းရောင်သို့ပြောင်းလုမတတ် နောင်တရနေလေပြီ။

သူတို့နှစ်ယောက်သည် ဒဏ္ဍာရီလာဝင်္ကပါပညာရှင်ကို အိမ်တော်မှ မောင်းထုတ်ခဲ့မိမည်ဟု မည်သူက တွေးထင်မိမည်နည်း။

အကယ်၍ သူတို့သည် ထိုအခွင့်အရေးကိုဆုပ်ကိုင်ကာ ရီဖုန်းထံမှ လမ်းညွှန်ချက်တစ်ခုတောင်းခံနိုင်ပါက ယခုထက် အဆင့်မြင့်သောနေရာသို့ တက်လှမ်းနိုင်ပေမည်။

ပြောရမည်ဆိုလျှင် သူ၏အိမ်တော်၌ ရီဖုန်းနေသည်ကို တခြားလူများ သိရှိသွားပါက လူအမြောက်အများ သူ့အား မနာလိုအားကျဖြစ်နေကြပေမည်။

သို့ရာတွင် ယခုချိန်၌ အကယ်၍ ဤကိစ္စကိုသာ လူအများသိရှိသွားပါက မနာလိုအားကျဖြစ်ရန်နေနေသာသာ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတခွင်လုံးရှိ လူအများ၏တံတွေးခွက်ကြား၌ သူ နစ်မြုပ်သွားပေမည်။

တခြားတစ်ဖက်တွင် လီမူချူးသည် အချိန်အတော်ကြာသည်အထိ အသိပြန်ဝင်လာခြင်းမရှိချေ။

ရီဖုန်းသည် နဝမအဆင့် ဝင်္ကပါပညာရှင်ဖြစ်နေမည်ဟု သူမ တစ်ကြိမ်တခါမျှ တွေးထင်ထားမိခြင်းမရှိပေ။

သူမ အလွန်တွေ့ချင်နေသောပုဂ္ဂိုလ်သည် တစ်ချိန်က သူမနှင့် ရင်းရင်းနှီးနီးဆက်ဆံခဲ့ဖူးသူတစ်ယောက် ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိပေ။

သို့ရာတွင် ဤသည်မှာ တစ်ချိန်ကကိစ္စရပ်များပင်။

နောက်အနာဂတ်တွင် သူမအတွက် မည်သည့်အခွင့်အရေးမျှ မရှိတော့မည်ကို သူမ စိုးရိမ်မိသည်။

ရီဖုန်းသည် မငြိမ်မသက်ဖြစ်နေသော လူအုပ်ကြီးကိုကြည့်လိုက်သည်။သူသည် သူတို့ မည်သည့်အရာအား ပြောဆိုနေသည်ကို ဂရုမစိုက်တော့ချေ။မည်သို့ပင်ဆိုစေကာမူ သူတို့၏စကားများကို သူ ရှင်းရှင်းလင်းလင်းမကြားရသဖြင့် မျက်တောင်တစ်ခတ်စာအချိန်မှာပင် အဝေးသို့ပျံသန်းခဲ့တော့သည်။

ရီဖုန်း၏ပျံသန်းသွားသော နောက်ကျောပြင်ကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေသောလူများ အသိပြန်ဝင်လာကာ အလျင်စလိုအော်ဟစ်လိုက်ကြ၏။

"စီနီယာက ထွက်သွားပြီ"

"ငါက ခုထိစီနီယာကို မတွေ့ရသေးဘူး...ဘာလို့ စီနီယာက ထွက်သွားတာလဲ"

"အမှန်ပဲ....ငါလည်း သူ့ကို အခုထိ သေချာမမြင်လိုက်ရဘူး"

ရူးသွပ်စွဲလမ်းစွာ အော်ဟစ်နေသောအသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

"ငါ့အထင်တော့ စီနီယာက ငါတို့ကို နည်းနည်းလေးတောင် ဂရုစိုက်ပုံမရဘူး...သူက ငါတို့ကြောင့် ဒေါသထွက်နေတာပဲဖြစ်မယ်"

"အမှန်ပဲ....စီနီယာက နဝမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်လို့ ဘယ်ခွေးမသားကပြောတာလဲ....ရှေ့ကိုထွက်လာခဲ့စမ်း"

"လီယင်လန်ရဲ့ဝင်္ကပါကို စီနီယာ ချိုးဖျက်ခဲ့တဲ့အရှိန်နှုန်းကိုကြည့်ရင် သူက အနည်းဆုံးတော့ တော်ဝင်အဆင့် ဝင်္ကပါပညာရှင် ဖြစ်နေနိုင်တယ်"

"မဟုတ်ဘူး....ငါ့အထင်တော့ သူက သူတော်စင်အဆင့် ဝင်္ကပါပညာရှင်ပဲ"

"အမှန်ပဲ....စီနီယာက သူတော်စင်အဆင့် ဝင်္ကပါပညာရှင်ပဲဖြစ်မယ်....အဲ့ဒီလိုမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး သူက ဒီလောက်ထိအစွမ်းထက်နေမှာလဲ"

"သူတော်စင်အဆင့် ဝင်္ကပါပညာရှင်....ဒါကအင်မော်တယ်နယ်မြေရဲ့ ထိပ်သီးတည်ရှိမှုကြီးတစ်ခုပဲ"

"စီနီယာက နဝမအဆင့် ဝင်္ကပါပညာရှင်ဆိုတဲ့ ကောလဟာလစကားတွေကို ငါတို့ယုံခဲ့တာ ရယ်စရာကောင်းလိုက်တာ....အဲ့ဒီထက်ပိုပြီးဒေါသထွက်စရာကောင်းတဲ့ကိစ္စက စီနီယာက သတ္တမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်လို့ သတင်းထွက်ခဲ့တာပဲ....ဒါက ခွေးမသားတွေရဲ့မျက်လုံးတွေကန်းပြီးတော့ ဒီလိုကောလဟာလတွေကို ဖြန့်ခဲ့တာကြောင့် ဖြစ်လာခဲ့တာပဲ"

လူအများထံမှနေ၍ အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။

ရီဖုန်းအပေါ် သူတို့၏လေးစားကြည်ညိုမှုကို သာမန်လူများ တွေးတောကြည့်နိုင်ရန် အလွန်ခက်ခဲပေမည်။

ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတွင် နေထိုင်သော သူတို့အတွက် ရီဖုန်းကဲ့သို့ ဝင်္ကပါပညာရှင်တစ်ယောက်သည် လမ်းလျှောက်နေသော သက်ရှိကံကြမ္မာကောင်းကြီးတစ်ခုပင်။

လူအမြောက်အများသည် လေထုအတွင်းသို့ခုန်တက်ကာ ရီဖုန်း ထွက်ခွာသွားသောနေရာသို့ဦးတည်၍ လိုက်ပါသွားကြသည်။

မကြာမီမှာပင်....

မူလက ဆူညံပွက်လောရိုက်နေသော ကောင်းကင်ဘုံဝင်္ကပါခန်းမဆောင်တခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကာ အမှိုက်သရိုက်များသာ ကြွင်းကျန်တော့သည်။

"အင်း ဘိုးဘေး ဒီကိစ္စက...."

သနားဖွယ်ကောင်းသော ပုံစံမျိုးရှိနေသည့် လီယင်လန်ကိုကြည့်ပြီး ယင်ကွမ်းသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ ခါးသည်းစွာပြုံးရင်း သူ့အားနှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

"ဟား ဟား ဟား....."

သို့ရာတွင် လီယင်လန်က ရယ်မောလိုက်၏။

"ယင်ကွမ်း.....အခုချက်ချင်း ဒီနေ့ကိစ္စကို ငါတို့ဂိုဏ်းရဲ့သမိုင်းစာအုပ်မှာ မှတ်တမ်းတင်ထားစမ်း"

"ပြောရမယ်ဆိုရင် မင်းတို့ရဲ့ဘိုးဘေး ငါက တူညီတဲ့စင်မြင့်ပေါ်မှာ သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တယ်"

"ဟား ဟား ဟား....မင်း မှတ်ထားရမှာ ဒါက သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ပဲ"

လီယင်လန်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

လီယင်လန်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ယင်ကွမ်း၏နှစ်သိမ့်ပေးမည့် စကားများသည် လည်မြိုမှာပင်တစ်သွားကာ ခက်ခက်ခက်ခဲပြန်မြိုချလိုက်ရသည်။

သူ၏ဘိုးဘေးသည် မည်သည့်အချိန်ကစ၍ ဤမျှထိ အလွန်စိတ်သဘောထားကြီးမားသွားသနည်း....

ယင်ကွမ်း၏အတွေးများကို နားလည်သဘောပေါက်ပုံဖြင့် လီယင်လန်က သူ့အား မျက်စောင်းထိုး၍ကြည့်လေသည်။

သူသည် အရူးတစ်ယောက်မဟုတ်ချေ။

အကယ်၍ ရီဖုန်းသည် သူ့ထက် အနည်းငယ်သာသန်မာအားကောင်းနေပါက သူသည် ဤကိစ္စကို လက်ခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် ရီဖုန်းသည် သူတော်စင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နေနိုင်ကြောင်း သူ နားလည်သဘောပေါက်ချိန်တွင် သူ၏မောက်မာထောင်လွှားမှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာများအားလုံး ကြေမွှပျက်စီးကာ ဗလာဟင်းလင်းဖြစ်သွားလေပြီ။

အနိုင်ရခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် ပြဿနာတစ်ရပ်မဟုတ်တော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဤမတော်တဆကိစ္စကြီးသည် သူ့အတွက် ဂုဏ်ယူဖွယ်ရာကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ဤကိစ္စအတွက် အကယ်၍ သူ၏အသက်သေဆုံးရလျှင်ပင် ထိုက်တန်ပေ၏။

"ခရုကောင် ပြောစမ်းပါ....ဒါက ဘာဖြစ်နေတာလဲ"

ရီဖုန်းသည် ထျန်းရုံမြို့ရှိအိမ်တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် မန်မန်ကိုကြည့်ကာ ချက်ချင်းမေးခွန်းထုတ်လိုက်သည်။

"ဖရူးဖရူး...."

မန်မန်က အပြစ်ကင်းစင်သော မျက်နှာအမူအယာဖြင့် ရီဖုန်းကို ကြည့်လေသည်။

"အမ်..."

ရီဖုန်း၏မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ ထို့နောက် သူသည် မန်မန်ကို နံရံ၏ခြေရင်းနားသို့တွန်းပို့ကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

"ခရုကောင်.....ငါ့ကို မြန်မြန်ပြောစမ်း...ဘာတွေ ဖြစ်နေတာလဲ"

"မင်းက ဒီလောက်ထိ မြန်မြန်ပျံသန်းနိုင်တယ်...ငါ့ကို အရင်က ဘာလို့လိမ်နေခဲ့တာလဲ"

ရီဖုန်းက အော်ငေါက်လိုက်သည်။

"ဖရူးဖရူး...."

မန်မန်၏ခေါင်းထက်ရှိ ဦးမှင်မွှေးနှစ်ချောင်း တုန်ရီနေကာ သူ၏ယခုလက်ရှိကြောက်ရွံ့နေမှုကို ပြသနေသည့်အလားပင်။

လုပမ်ဝေသည် သခင်အား မည်သည်ကြောင့်အလွန်ထိတ်လန့်ကြောက်ရွံသည်ကို သူ နားလည်သဘောပေါက်သွားသည်။

သခင်သည် သူ့ကိုလည်း အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲတော့မည်လော.....

ထိုအကြောင်းကိုတွေးတောရင်း မန်မန်၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် မန်မန်ကို ရိုက်နှက်ခြင်းမပြုဘဲ စနစ်ကို ဆင့်ခေါ်လေသည်။

"စနစ်စုတ်....ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကိုပြောစမ်း"

စနစ်...မင်းဘာတွေမေးနေတာလဲ

ရီဖုန်း၏မျက်နှာပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်လာသည်။

ရုတ်တရက် သူသည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းတစ်ကြောင်းအောက်သို့ ခုန်ဝင်နေသော ဖားပြုတ်ကို မြင်တွေ့မိသည်။ထိုကြောင့် သူသည် ထိုနေရာသို့ အပြေးသွားကာ ဖားပြုတ်ကိုသူ၏လက်ဝါးဖြင့်အုပ်ဖမ်းပြီး နောက်ခြေနှစ်ချောင်းကိုကိုင်၍မလိုက်၏။

"ဒီဖားပြုတ်က ဘာလဲ"

ရီဖုန်းက အသံနက်ကြီးဖြင့် မေးမြန်းသည်။

"အဲ့ဒီကောင်က ပိုးမွှားလေးတွေကိုစားတဲ့ ဖားပြုတ်လေ"

စနစ်ထံမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်း သေချာလား"

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"အရမ်းသေချာတယ်"

စနစ်မှ တုံ့ပြန်သည်။

ရီဖုန်းက ထိုဖားပြုတ်ကို မြေပြင်ပေါ်သို့လွှင့်ပစ်ပြီးနောက် သူ၏စိတ်အတွင်း၌ လူပုလေးတစ်ယောက် ထွက်ပေါ်လာသဖြင့် မေးမြန်းလိုက်သည်။

"အဲ့ဒီလူပုလေးလုပမ်ဝေကရော ဘာလဲ"

Chapter 699

"သူ့မှာ ခွန်အားနည်းနည်းတော့ရှိတယ်...ဒါပေမဲ့ သေချာတာတစ်ခုကတော့ မင်းနဲ့တူတူလောက်ပဲ ဒါမှမဟုတ် မင်းထက်တောင် ပိုဆိုးနေနိုင်တယ်"

စနစ်ထံမှာနေ၍အခိုင်အမာပြောဆိုလိုက်သောအသံသက်သက်ထပ်မံ၍ထွက်ပေါ်လာသည်

"မင်း ငါ့ကိုလိမ်မပြောဘူးဆိုတာ သေချာလား"

ရီဖုန်းက သံသယအပြည့်ဖြင့် မေးမြန်းသည်။

"သေချာတယ်"

စနစ်မှနေ၍ အသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။

စနစ်၏အခိုင်အမာပြောဆိုလိုက်သောအသံကို နားထောင်ပြီးနောက် ရီဖုန်းထံ၌ သံသယများမရှိတော့ချေ။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသက်သက် ဖြစ်နေနိုင်သည်။

ဥပမာအနေဖြင့် မြေပြင်ပေါ်ရှိ ဖားပြုတ်ပင်။ပြောရမည်ဆိုလျှင် ထိုဖားပြုတ်ထံတွင် အရည်အချင်းများရှိနေသည်ဟု ရီဖုန်းအားပြောဆိုလျှင် သူ ယုံကြည်နိုင်မည်မဟုတ်ချေ။

လုပမ်ဝေကမူ ရီဖုန်းသည် တစ်ချိန်က လောကကြီးအတွင်း၌နံပါတ်တစ်ကျင့်ကြံသူဟူသော လုပမ်ဝေ၏ခွန်အားကို သံသယဝင်ခဲ့ဖူးသည်။

သို့ရာတွင် သူ သေမျိုးဘဝ၌ရှိနေစဉ်၌ လုပမ်ဝေကို ရိုက်နှက်ခြင်းမှတဆင့် အဖြစ်မှန်ကိုသိရှိခဲ့ရသည်။

အတိုချုပ်ပြောဆိုရလျှင် လုပန်ဝေကိုသူ ရိုက်နှက်ခါးတစ်စစီဖြုတ်သည့်အချိန်၌ ရလဒ်မှာအလိုအလျောက်ပြန်လည်ကောင်းကိုသွားခြင်းပင် ဤသည်မှာအမှန်တကယ်အစွမ်းထက်သော်လည်း ရလဒ်တစ်ခုမဟုတ်ချေ

ထို့ကြောင့် ရီဖုန်းသည် ဤပြဿနာနှင့်ပတ်သက်ပြီး ထပ်မံ၍ စိတ်အနှောင့်အယှက်ဖြစ်မခံတော့ချေ။မန်မန်၏အရှိန်နှုန်းသည် သူ့အတွက်ဝမ်းသာစရာတစ်ခုဟုသာ ယူဆလိုက်သည်။

တစ်ရက်ကြာပြီးနောက်....

ယခင်ကခြောက်ကပ်သွားသော ထျန်းယုံမြို့အတွင်း၌ အမှန်တကယ်ကိုပင် တဖန်ပြန်၍ သက်ဝင်လှုပ်ရှားလာသည်။

လမ်းများပေါ်တွင် ယခင်ထက်ပို၍ပင် လူများစည်ကားနေပေ၏။

ကောလဟာလအမျိုးမျိုးသည်လည်း တောမီးအလား ပျံ့နှံနေသည်။

တပည့်သစ်ကိုရှာဖွေရန်အတွက် ပြင်ပသို့ထွက်တော့မည့် ရီဖုန်းသည် ထိုသတင်းများကိုကြားချိန်၌ ကြက်သေသေသွားတော့သည်။

"အိုး ဘုရားရေ...."

"သူတော်စင်အဆင့်တဲ့လား..."

"ငါက ဘယ်လိုလုပ်ပြီးတော့ သူတော်စင်အဆင့် ဝင်္ကပါပညာရှင် ဖြစ်သွားတာလဲ"

"ကောင်းကင်ဘုံဝင်္ကပါကုန်းမြေမှာ နေတဲ့လူတွေရဲ့ဦးနှောက်မှာ အပေါက်တွေများရှိနေတာလား"

ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်ကာ ဤကိစ္စကို သူ မည်ကဲ့သို့ရှင်းပြရမည်အား မသိတော့ချေ။

အမှန်အားဖြင့် ရီဖုန်းသည် မရေမတွက်နိုင်သောလူများရှေ့၌ လီယင်လန်ခင်းကျင်းထားသော သတ်ဖြတ်ခြင်းဝင်္ကပါကြီးအတွင်းမှ သူ အဝင်အထွက်ပြုလုပ်ခဲ့မိသည့်ကိစ္စကို သိရှိနိုင်မည်မဟုတ်ချေ။

ထိုကြောင့် ရီဖုန်းသည် အကြိမ်ရေအနည်းငယ်ခန့် ဆဲဆိုကာညည်းတွားလိုက်၏။ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကာ အိမ်သို့ပြန်သွားပြီး သူ၏ပစ္စည်းများကို စတင်၍ထုတ်ပိုးလိုက်တော့သည်။

သူသည် ဤလူများကို မည်သို့မျှရှင်းပြနိုင်မည်မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သွားလေပြီ။သူ ဤကိစ္စကိုရှင်းပြနိုင်ခြင်း မရှိတော့သောကြောင့် ထွက်ပြေးရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထျန်းယုံမြို့အတွင်း၌ အချိန်ကြာမြင့်စွာဆက်နေပါက ဤကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေသော အခြေအနေများအောက်တွင် တပည့်တစ်ယောက်တစ်လေကို​မျှ ရှာဖွေနိုင်မည်မဟုတ်ချေ။အကယ်၍ သူသည် ဤနေရာ၌ဆက်နေပါက မည်သည့်အကျိုးအမြတ်မှ ရရှိမည်မဟုတ်ပေ။

အဝေးတစ်နေရှိ မိုးကောင်းကင်ယံအတွင်း၌....

အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ပိုင်ဖျောင်ဖျောင်သည် မိုးကောင်းကင်ယံရှိ တိမ်တိုက်တစ်ခုပေါ်သို့ ခြေချလိုက်ကာ သူ၏နံဘေး၌ လူအိုကြီးကျန်းယွင်ရှိနေသည်။

"ဘာသတင်းမှ မရသေးဘူးလား"

ပိုင်​ဖျောင်ဖျောင်က သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ တိုးညှင်းသောအသံဖြင့်မေးမြန်းသည်။

"အဖြူရောင်ဧကရီ ဒါက တကယ့်ကိုပဲ ဘာသတင်းမှ မရသေးပါဘူး....."

"ကြယ်တာရာခြေရာခံခြင်း တွက်ချက်မှုကို အသုံးပြုခဲ့တာတောင် သူ့ရဲ့သတင်းအချက်အလက်ကို နည်းနည်းမှတွက်ချက်လို့မရခဲ့ဘူး"

လူအိုကြီးကျန်းယွင်က သူ၏ခေါင်းကိုအောက်သို့ငုံကာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင်.....

ပိုင်ဖျောင်ဖျောင်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားကာ သူမ၏နီမြန်းသောနှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ်ကိုက်လိုက်၏။

"အဖြူရောင်ဧကရီ...ငါ ပြောသင့်လား မပြောသင့်လားလို့မသေချာတဲ့ စကားတစ်ခွန်းရှိနေတယ်"

လူအိုကြီးကျန်းယွင်က အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သတိကြီးစွာထား၍ပြောဆိုသည်။

"ပြောပါ..."

ပိုင်​ဖျောင်ဖျောင်က တုံ့ပြန်သည်။

"ငါ ပြောချင်တာက အဖြူရောင်ဧကရီရဲ့စိတ်ကို နည်းနည်းတော့ ကြိုပြီးပြင်ဆင်ထားသင့်တယ်.... ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တာရာခြေရာကောက်ခြင်းတွက်ချက်မှုနဲ့တောင် မတွေ့နိုင်တဲ့လူတစ်ယောက်က ဖြစ်နိုင်တာတော့...."

ပိုင်ဖျောင်ဖျောင်၏ရေခဲတမျှအေးစက်သောအကြည့် ကျရောက်လာသဖြင့် လူအိုကြီးကျန်းယွင်သည် သူ ဆက်ပြောမည်စကားများကို အတင်းအကြပ်မြိုသိပ်လိုက်၏။

ထိုနောက် သူမ၏အဖြူရောင်ဝတ်ရုံရှည် လူးလွန့်သွားသည်။

ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်း၌ ယခင်က တစ်ကြိမ်တခါမျှ မမြင်တွေ့ဘူးသည့်ထက်ရှမှုမျိုး ထင်ဟပ်နေသည်။

"တကယ်လို့ နင် ပြောသလိုဖြစ်လာမယ်ဆိုရင် သူ့ကိုထိခိုက်နာကျင်အောင်လုပ်တဲ့သူက ဘယ်သူပဲဖြစ်နေနေ ငါက အဲ့ဒီကောင်နဲ့အတူအင်မော်တယ်လောကတစ်ခုလုံးကို မြေမြုပ်ပစ်မယ်...ငါ ပြောတဲ့စကားအတိုင်း ငါ ဖြစ်အောင်လုပ်မယ်"

ပိုင်ဖျောင်ဖျောင်၏ပါးစပ်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

ဤစကားလုံးများသည် လူအိုကြီးကျန်းယွင်၏ နားအတွင်းသို့ ကျရောက်သွားချိန်တွင် သူ ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားတော့သည်။

...

တစ်ချိန်တည်းမှာပင်....

အနက်ရောင်ခန်းမ၏လိုက်ကာနောက်တွင်ရှိသည့် မည်သူကမျှ သူ၏အစစ်အမှန်မျက်နှာကို မြင်တွေ့ဖူးခြင်းမရှိသော သံတမန်ကြီးက မြေပြင်ပေါ်ရှိလူကို စူးစိုက်၍ကြည့်လိုက်သည်။

"အထက်ဆင့်သုံးဆင့်က ကုန်းမြေတွေရဲ့ ကံကြမ္မာစွမ်းအားက ဘယ်လိုအခြေအနေရှိလဲ"

သူက တည်ငြိမ်စွာမေးမြန်းသည်။

"ဒီငယ်သားက အပြစ်ကိုခံယူသင့်ပါတယ်....ဒီငယ်သားမှာ အပြစ်ရှိပါတယ်"

ထိုစကားကိုကြားချင်တွင် မြေပြင်ပေါ်၌ ဝပ်တွားနေသောလူကြီးသည် ချက်ချင်းဆိုသလိုပင် ခွင့်လွှတ်မှုရရန်အတွက် အသနားခံတောင်းပန်တော့သည်။

"ဘာသောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ"

သံတမန်ကြီးက မေးမြန်းသည်။

"အထက်ဆင့်သုံးဆင့်ထဲက ကုန်းမြေတစ်ခုဖြစ်တဲ့ ချုံးပိုင်ကုန်းမြေမှာ ပြဿနာတစ်ခုရှိနေတယ်"

ထိုလူက ထိတ်လန့်တကြား တုံ့ပြန်အဖြေပေးသည်။

"ဘာ...."

လိုက်ကာ၏နောက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

"သံတမန်ကြီးကို သတင်းပို့ပါတယ်...ချုံးပိုင်ကုန်းမြေမှာ ငါတို့ထောက်ပံ့ပေးထားတဲ့ အနက်ရောင်ကောင်းကင်ဘုံဂိုဏ်းက အစကတော့ ငါတို့အတွက် ကံကြမ္မာစွမ်းအားတွေကို ယူဆောင်ပေးဖို့ ပြင်ဆင်ထားခဲ့တယ်...ဒါပေမဲ့ မမျှော်လင့်တဲ့ကိစ္စတစ်ခု ဖြစ်လာပြီးတော့ ဂိုဏ်းကိုဖျက်သိမ်းပြီး အဝေးကိုထွက်ပြေးသွားကြပြီ"

လက်အောက်ငယ်သားက တုန်တုန်ရီရီဖြင့် ပြောဆိုသည်။

"ဘာ...ထွက်ပြေးသွားကြတာလား...."

"ဘာအကြောင်းအရင်းမှမရှိဘဲနဲ့ ကြီးမားတဲ့ဂိုဏ်းတစ်ဂိုဏ်းက ဖျက်သိမ်းပြီးတော့ အဝေးကိုထွက်ပြေးမှာလား"

လိုက်ကာ၏နောက်မှနေ၍ ဒေါသတကြီးအော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ ရုတ်တရက် ပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက် သူက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"မင်း သိလား....ချုံးပိုင်ကုန်းမြေက အထက်ဆင့်သုံးဆင့်ထဲမှာ ဘာမှအရေးမပါဘူး...ဒါပေမဲ့ အဲ့ဒီကုန်းမြေရဲ့တည်နေရာအရ အရှင်ရဲ့အစီအစဉ်ထဲမှာ ချုံးပိုင်ကုန်းမြေက ထိပ်သီးဦးစားပေးနေရာဖြစ်နေတယ်"

"ဒီငယ်သားက သိပါတယ် "

မြေပြင်ပေါ်၌ဝပ်တွားနေသောလူက တုန်တုန်ရီရီဖြင့် ပြောဆိုသည်။

"ငါ့ရဲ့အမိန့်ကို နားထောင်စမ်း...ချုံးပိုင်ကုန်းမြင့်မှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အမြန်ဆုံးရှာဖွေဖော်ထုတ်ရမယ်...ဒါ့ပြင် ငါတို့က ချုံးပိုင်ကုန်းမြေရဲ့ကံကြမ္မာစွမ်းအားတွေကို ထိန်းချုပ်နိုင်အောင်ကြိုးစားရမယ်"

"အရှင့်ရဲ့စကားတွေအရဆိုရင် ရှင်းလော့ကုန်းမြေကလည်း ချုံးပိုင်ကုန်းမြေလို အရေးကြီးတဲ့နေရာတစ်ခုပဲ...ဒါကြောင့် မင်းက ချုံးပိုင်ကုန်းမြေမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ရှာဖွေဖော်ထုတ်ရမယ့်အပြင် ရှင်းလော့ကုန်းမြေရဲ့လုပ်ငန်းစဉ်တွေမှာလည်း မတော်တဆမှုတွေမဖြစ်ပွားအောင် အမြဲစောင့်ကြည့်နေရမယ်"

လိုက်ကာ၏နောက်တွင်ရှိနေသော သံတမန်ကြီးက အလေးအနက်ထားသောအသံဖြင့် ရှင်းပြသည်။

"ဟုတ်ကဲ့ပါ သံတမန်ကြီး....ဒီငယ်သားက အစည်းအဝေးပြီးတာနဲ့ ဆောင်ရွက်လိုက်ပါ့မယ်"

ထိုလူက ရိုသေလေးစားစွာပြောဆိုသည်။

"စကားမစပ်...ဖျက်ဆီးခြင်းအရှင် ဘာဖြစ်သွားတာလဲ မင်း သူ့ကို ရှာတွေ့ပြီလား"

သံတမန်ကြီးက မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင်....

လက်အောက်ငယ်သားလူကြီးသည်မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့စွာဖြင့်ပြောဆိုလိုက်၏။

"သံတမန်ကြီး အရင်နဲ့အတူတူပါပဲ....ဖျက်ဆီးခြင်းအရှင်ရဲ့ စိတ်ဝိညာဥ်မီးအိမ်က အခုထိမငြိမ်းသေးပေမယ့် သူက ပျောက်ကွယ်နေခဲ့တယ်"

"အဲ့ဒီအမှိုက်ကောင်က ဘာသောက်ရေးမပါတဲ့အလုပ်တွေကို လုပ်နေတာလဲ"

သံတမန်ကြီးက အသံနက်ကြီးဖြင့် အော်ငေါက်လိုက်သည်။

"ဖျက်ဆီးခြင်းအရှင်ကို ရှာဖို့အတွက် လူတချို့ကိုလွှတ်လိုက်စမ်း....ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်နယ်မြေရဲ့ ကံကြမ္မာစွမ်းအားတွေကိုသိမ်းပိုက်မယ့် အရှင့်ရဲ့အစီအစဉ်ထဲမှာ သူက အရေးကြီးတဲ့နယ်ရုပ်တစ်ခု ဖြစ်နေတယ်..သူ့မှာ ဘာအမှားအကြွင်းမှ ဖြစ်လို့မရဘူး"

"ဟုတ်ကဲ့...ဒီငယ်သားက ပြန်ရောက်တာနဲ့ ချက်ချင်းဆောင်ရွက်လိုက်ပါ့မယ်"

...

မိုးမြေကျွန်း....

ရေအိုင်အတွင်း၌ အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။

လူအိုကြီးများနှင့်အဒေါ်ကြီးအမြောက်အများသည် ရီဖုန်းနှင့်အတူ အင်မော်တယ်နယ်မြေအတွင်းသို့ လိုက်သွားကြသော်လည်း ကျွန်းသည် အလွန်လှုပ်ရှားသက်ဝင်နေဆဲပင်။

ကျွန်း၏အစွန်အဖျားတစ်နေရာ၌....

မဖြီးမသင်သောဆံပင်ရှည်များရှိသော လူတစ်ယောက်သည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်နေကာ သူ၏အရှိန်အဝါကိုဖုံးကွယ်ထားပြီး သူ၏အသက်ရှူနှုန်းကို အဆုံးစွန်ဆုံးထိ လျှော့ချထားသည်။

ဤသည်မှာ ရက်ပေါင်းများစွာ​ကြာအောင် ပျောက်ကွယ်နေခဲ့သော ဖျက်ဆီးခြင်းအရှင်ပင်။

"အဲ့ဒီလူတွေက အရမ်းအစွမ်းထက်ပေမယ့် ဖုံးကွယ်တဲ့နည်းလမ်းတွေကို အသုံးပြုတဲ့နေရာမှာတော့ ငါက သာလွန်တယ်....ငါ ဒီနေရာမှာပုန်းအောင်းနေတာ အချိန်အတော်ကြာနေပြီ...ဘယ်သူမှ ငါ့ကို ရှာမတွေ့သေးဘူး.....ဒါက တစ်စုံတစ်ခုကို သက်သေပြနေတာပဲ"

ဖျက်ဆီးခြင်းအရှင်က သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။သူ့ထံတွင် အလွန်အမင်းစိတ်ကျေနပ်နေသော ခံစားချက်တစ်ခုရှိနေလေ၏။

မလှမ်းမကမ်းတစ်နေရာတွင် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သော ဝင်္ကပါကိုကြည့်ပြီး သူက ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်သည်။

"အရှင်ကိုးယောက်က ဘာလို့ ခုထိပြန်မလာကြသေးတာလဲ"

"အချိန်ကိုတွက်ကြည့်မယ်ဆိုရင် ဒါက တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် နီးပါးလောက်ရှိနေပြီ"

သူသည် အဝေးတနေရာရှိကျွန်းထံသို့ကြည့်ကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"အဲ့ဒီကျွန်းငယ်လေးကခသာမန်ဖြစ်ပုံရပေမယ့် သံတမန်ကြီးက ဗိုလ်ချုပ်ဆယ်ယောက်ကို တပြိုင်နက်တည်း စေလွှတ်လိုက်တယ်...အဲ့ဒီကိစ္စကိုကြည့်ရင် ဒီကျွန်းငယ်လေးက ထူးခြားနေတယ်ဆိုတာကို ပြသနေတာပဲ"

"အဲ့ဒီနေရာမှာ သတင်းသွားစုံစမ်းတာက ခြေတစ်လှမ်းတိုင်းမှာ တုန်လှုပ်​ချောက်ချားဖို့ကောင်းတဲ့ကိစ္စတွေ ရှိနေနိုင်တယ်"

"ဒါကြောင့် အလျင်စလိုလုပ်လို့ရမှာ မဟုတ်ဘူး"

"ဒီလိုဆိုမှတော့ အချိန်တစ်နှစ် နှစ်နှစ်ဆိုတာက ဘာမှမဟုတ်တော့ဘူး"

ဖျက်ဆီးခြင်းအရှင်က ထိုသို့စဉ်းစားလေ၏။

ယခင်က သူ အချိန်တစ်နှစ်နှစ်နှစ်ခန့် ဤနေရာ၌ စောင့်ဆိုင်းနေရခြင်းသည် အရေးပါသောကိစ္စတရပ်မဟုတ်ချေ။သူသည် ဤနေရာ၌ ကျင့်ကြံနေခဲ့ကာ သူ၏မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက်ပြုလုပ်ရုံပင်။

"အရှင့်ရဲ့အစီအစဉ်အရ အဲ့ဒီလူကိုးယောက်က ကျွန်းပေါ်မှာနေထိုင်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့်လှုပ်ရှားရမယ်...သူတို့က အလျင်စလို ပြန်လာလို့ရမှာမဟုတ်ဘူး...ငါက ဒီလိုမျိုး လုံခြုံစိတ်ချရတဲ့ နေရာတနေရာမှာ နေနေရပြီးတော့ ဘာလို့စိုးရိမ်ပူပန်နေရမှာလဲ"

"တကယ်လို့ ငါ့မှာ စိတ်ရှည်သည်းခံနိုင်မှုမရှိဘူးဆိုရင် အရှင့်အတွက် အရေးကြီးတဲ့ကိစ္စတွေကိုလုပ်ပေးဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မီတော့မှာလဲ"

ထိုအကြောင်းကိုတွေးတောရင်း သူက တည်ကြည်ပြတ်သားသောအမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။

"ငါ စောင့်ရမယ်..."

Chapter 700

အဝေးတစ်နေရာရှိ ရှင်းလော့ကုန်းမြေ၌....

ရီဖုန်း၏နံပါတ်လေးဆယ့်တစ်ယောက်မြောက်တပည့်ဖြစ်သော ဆုကျူးကျင်းသည် ရီဖုန်း၏ညွှန်ကြားချက်များနှင့်အညီ ရှင်းလော့ကုန်းမြေ၌ နှစ်လကြာအောင်နေထိုင်ခဲ့သည်။

သူသည် အနောက်ဘက်မြို့တံခါးရှေ့တွင် အာရုံစူးစိုက်သော မျက်နှာအမူအယာဖြင့် မတ်တတ်ရပ်နေပြီး သူ့၏နာမည်အတိုင်း စေ့စပ်ပြီးဖြောင့်မတ်မှန်ကန်ကန်ကာ တည်ကြည်လေးနက်သည်။

ယခင်နှစ်လအတွင်း၌ သူသည် ဤနေရာ၌ မနက်ကိုးနာရီမှညနေငါးနာရီအထိ စောင့်ကြပ်နေခဲ့ကာ သူ့ကိုယ်သူ မြို့စောင့်စစ်သားတစ်ယောက်အဖြစ် အပြည့်အဝပေါင်းစပ်ထားသည်။

ဤအချိန်အခိုက်အတန့်တွင် ဆုကျူးကျင်းသည် သူ၏စိတ်အခြေအနေ အလွန်အမင်းတိုးတက်လာသည်ကို ခံစားမိသည်။ထို့ပြင် သူ ယခင်က နားလည်သဘောပေါက်ခြင်းမရှိသော ကိစ္စအမြောက်အများကိုလည်း သိရှိလာပေ၏။

အမှန်တကယ်ကိုပင်....

ဆရာကြီးသည် သူတို့အား မြေကမ္ဘာအင်မော်တယ်နယ်ပယ်၌ အခြေကျစေပြီး သေမျိုးလူသားများ၏စိတ်နှလုံးသားကို လေ့လာဆင်ခြင်ခိုင်းသည်မှာ အဓိပ္ပါယ်ရှိပေ၏။

သို့ရာတွင်.....

ဤအချိန်အခိုက်အတန့်သည် ရှင်းလော့ကုန်းမြေ၌ အရေးပါသောဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့သောရာသီတစ်ခု ဖြစ်ခဲ့သည်။

ဤကုန်းမြေသည် အိမ်နီးနားချင်းကုန်းမြေဖြစ်သော တာရီကုန်းမြေနှင့် မကြာခဏ စစ်ပွဲများ ဖြစ်ပွားနေခဲ့သည်။ရှေ့တန်းတွင် အသေအပျောက်များသည်ကို ထည့်မပြောလျှင်ပင် နောက်တန်းတွင်လည်း အခြေအနေဆိုးဝါးနေသဖြင့် လူအများ ထိတ်လန့်တကြားဖြစ်နေကြ၏။

"မင်းတို့ ကြားပြီးပြီလား...မနေ့က အနောက်တောင်မြို့တံခါးကို စောင့်ကြပ်တဲ့ အစောင့်တွေ အသတ်ခံလိုက်ရတယ်...ကြည့်ရတာတော့ တာရီကုန်းမြေက သူလျှိုတွေ ခိုးဝင်လာပုံပဲ"

"ဟူး....မင်း မပြောနဲ့တော့....နောက်တစ်နေ့ကျရင် အသတ်ခံရတဲ့သူက ငါလည်းဖြစ်နိုင်တယ်"

"မပြောနဲ့....မပြောကြနဲ့တော့...ငါတို့က မြို့တံခါးကို ဆက်ပြီးစောင့်နေရုံပဲ တတ်နိုင်လိမ့်မယ်"

မြို့တံခါးစောင့်စစ်သားများသည် တိုးညှင်းသောအသံများဖြင့် စကားစမြည်ပြောဆိုနေကြကာ သူတို့၏မျက်နှာများပေါ်၌ အလေးအနက်ထားသော အမူအယာများရှိနေသည်။

ဆုကျူးကျင်းတစ်ယောက်တည်းကသာ မြို့တံခါးရှေ့၌ အခိုင်အမာမတ်တတ်ရပ်၍ စောင့်ကြပ်နေကာ သူ၏မျက်နှာပေါ်၌ မည်သည့်အမူအယာမျှ မရှိချေ။

ရှေ့တန်းရှိတိုက်ပွဲတပွဲတွင်ဖြစ်စေ နောက်တန်းရှိလျှို့ဝှက်လုပ်ကြံမှုများတွင်ဖြစ်စေ ဤကဲ့သို့ကိစ္စများဖြစ်ပွားနေသည်ကို သူ ဂရုစိုက်ရန်မလိုအပ်ချေ။

သူသည် အချိန်မှန် အလုပ်လုပ်ရပေမည်။

သူ့၏တာဝန်ချိန်ပြီးဆုံးသွားချိန်တွင် ပုံမှန်အတိုင်း ပထမဆုံး သူ၏လက်များကိုဆေးကြောကာ သူ၏အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ရပေမည်။

နောက်ဆုံး၌ သူသည် မြို့အတွင်းရှိ စားသောက်ဆိုင်ငယ်လေးတစ်ခု၌ ညစာထွက်စားရပေမည်။

အကြောင်းအရင်းမှာ ဆရာကြီးသည် တချိန်က လူအများသည် အစားအစာကို သူတို့၏ကောင်းကင်ဘုံအဖြစ် သတ်မှတ်ထားကြောင်း ပြောဆိုထားခဲ့သောကြောင့်ပင်။

သူသည် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်သွားချိန်၌ စားပွဲထိုးမှ အဆင်သင့်ပြင်ဆင်ပြီးဖြစ်သည်။အကြောင်းအရင်းမှာ ဆုကျူးကျင်းသည် နေ့စဉ်နေ့တိုင်းအချိန်မှန်ရောက်ရှိလာပြီး အချိန်တခဏမျှ နောက်ကျခြင်းမရှိသောကြောင့်ပင်။

ဆုကျူးကျင်း မှာယူသောအစားအစာများမှာ မများလှချေ။

အစေ့တစ်ရာပါသော မြေပဲတစ်ပန်းကန် အမဲသားပြားနှစ်ပြားပါဝင်သော အမဲခြောက်ကြော်တစ်ပန်းကန် နှင့် အင်မော်တယ်သလင်းကျောက်သုံးရာနှစ်ဆယ့်ရှစ်တုံးတန် စိတ်ဝိညာဥ်ဝိုင်အရက်တစ်အိုး....

ဤသည်ကို သူ နေ့စဉ်နေ့တိုင်း တူညီစွာစားသောက်ခြင်းဖြစ်ပြီး သူ လာစားသည်အချိန်မှာလည်း အချိန်မှန်ပင်။

တစ်ချိန်က စားပွဲထိုးသည် သူ့အား မည်သည်ကြောင့် ဤမျှထိအများကြီး နေ့စဉ်နေ့တိုင်းသောက်ရသလောဟု မေးမြန်းခဲ့ဖူးသည်။ဆုကျူးကျင်း၏ ရိုးစင်းသောအဖြေမှာ သူ အလွန်အကျွံ့သောက်နိုင်သောကြောင့်ဟု ဖြစ်ပေ၏။

သူသည် နေ့ရက်များကို သာယာငြိမ်းချမ်းစွာ ဖြတ်သန်းနေပေ၏။

ရှင်းလော့ကုန်းမြေနှင့်တာရီကုန်းမြေအကြားရှိ တိုက်ပွဲများ အကြိမ်ရေစိပ်လာကာ အခြေအနေ တစတစပို၍ပြင်းထန်လာသည်။

ရှင်းလော့မြို့၏ပင်မခန်းမအတွင်း၌....

အညိုရင့်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသောလူကြီးတစ်ယောက်သည် သုန်မှုန်နေသောမျက်နှာဖြင့် ခေါက်တုံခေါက်ပြန်သွားလာနေသည်။

သူ၏ရှေ့ရှိစားပွဲပေါ်တွင် သတင်းအချက်အလက်များ တောင်တလုံးစာမျှ စုပုံနေလေပြီ။

ကုန်းမြေအရှင် ရှင်းထျန်းနန်သည် သူ၏ခေါင်း ပေါက်ကွဲထွက်လုမတတ် ခံစားနေရသည်။အကြောင်းအရင်းမှာ သတင်းကောင်းတစ်ခုတစ်လေမျှမရှိဘဲ သတင်းဆိုးများသာ ဖြစ်နေသောကြောင့်ပင်။

သူ မည်သည်ကြောင့် ထိုသတင်းများကို ကြည့်ရမည်နည်း.....

သူ ထိုအရာများကို မြင်တွေ့လိုခြင်းမရှိချေ။

သူ၏စိတ်နှလုံးသားအတွင်း၌ အပူသောကများ ပို၍ပို၍မြင့်တက်လာသည်။

သူသည် တာရီကုန်းမြေထံသို့ အပြေးသွား၍ ထိုကုန်းမြေတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

သို့ရာတွင် သူ ဤသို့လုပ်ဆောင်နိုင်စွမ်းမရှိချေ။

ရှင်းလော့ကုန်းမြေ၏အင်အားသည် တာရီကုန်းမြေနှင့်နှိုင်းယှဉ်ပါက အနည်းငယ်နိမ့်ကျသည်။အထူးသဖြင့် တိုက်ပွဲဝင်အင်အားတွင် ရှင်းလော့ကုန်းမြေသည် အလွန်အမင်းနိမ့်ကျနေပေ၏။

"ကုန်းမြေအရှင် မကောင်းတော့ဘူး..."

ထိုအချိန်မှာပင် လက်ထောက်ကုန်းမြေအရှင် ကျန်းချန်းက ပြေးဝင်လာသည်။သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာတစ်ရပ် ထင်ဟပ်နေကာ သူ၏လက်အတွင်း၌ သတင်းပို့ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။.

"ဖတ်ပြစမ်း"

ရှင်းထျန်းနန်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ငါတို့ရဲ့သူလျှိုတွေဆီကရတဲ့ သတင်းတွေအရ တာရီကုန်းမြေက ရွှမ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်စုကို စေလွှတ်လိုက်ပြီးတော့ ငါတို့ရဲ့မြို့တော်ထဲကို ရောနှောပြီးဝင်ခိုင်းထားတယ်"

ကျန်းချန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင်....

ရှင်းထျန်းနန်၏မျက်နှာပေါ်တွင် ဒေါသထွက်သွားသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်​လာသည်။

"ဟမ့်....ငါတို့ရှင်းလော့ကုန်းမြေမှာ လူတစ်ယောက်မှမရှိတော့ဘူးလို့ သူတို့က ထင်နေကြတာလား"

"မြို့တော်ထဲကို ဘယ်နည်းနဲ့မှ သူတို့ကို ဝင်ခွင့်ပြုလို့မရဘူး"

"အမိန့်ထုတ်ပြန်လိုက်စမ်း...မြို့စောင့်တပ်မှာရှိတဲ့လူတွေအားလုံး အရင်ထက် နှစ်ဆသတိထားပြီး စောင့်ကြပ်ရမယ်...ဒီရက်အနည်းငယ်အတွင်းမှာ ဘယ်သူ့ကိုမှ မြို့ထဲဝင်ခွင့်မပြုရဘူး"

"ဟုတ်ကဲ့....ငါက အမိန့်ထုတ်ပြန်လိုက်ပါ့မယ်...ဒါပေမဲ့...."

ကျန်းချင်းသည် အမိန့်ကိုနာခံလိုက်သော်လည်း သူ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်တစ်ရပ် ရှိနေဆဲပင်။

"ဒါပေမဲ့ ဘာဖြစ်လဲ...."

ရှင်းထျန်းနန်က အသံနက်ကြီးဖြင့် မေးမြန်းသည်။

"ကုန်းမြေအရှင်...မြို့တံခါးတွေကို စောင့်ကြပ်နေတဲ့ ငါတို့ရဲ့အစောင့်စစ်သားတွေထဲမှာ အများစုက မြေကမ္ဘာအင်မော်တယ်တွေ ဖြစ်နေတယ်....မြို့တော်က အရမ်းကြီးမားတာကြောင့် မြို့တံခါးကြီးကြီးငယ်ငယ်ပေါင်းလိုက်ရင် ဆယ်ခုကျော်လောက်ရှိတယ်....တကယ်လို့ ရွှမ်အင်မော်တယ်တွေက ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် အစောင့်တွေတားဆီးဖို့ခက်ခဲမှာကို ငါ စိုးရိမ်မိတယ်"

လက်ထောက်ကုန်းမြေအရှင်က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။အကယ်၍ အစောင့်များသည် သတိကြီးစွာထားလျှင်ပင် ခုခံကာကွယ်ရာ၌အကျိုးသက်ရောက်မှုသည် နိမ့်ပါးနေမည်ဖြစ်သောကြောင့် သူ သတိပေးလိုက်၏။

"ဟူး ဘယ်လိုလုပ်ရမယ်ဆိုတာ ငါလည်း မသိတော့ဘူး....ဒီအခြေအနေက တော်တော်လေး ဆိုးရွားနေပြီ"

ရှင်းထျန်းနန်က လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ယခုအချိန်၌ စစ်ပွဲသည် အရှိန်မြင့်နေကာ နေရာအနှံ့အပြား၌ လူအင်အားလုံလောက်ခြင်း မရှိတော့ချေ။ကောင်းကင်အင်မော်တယ်နှင့်အထက်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအများစုကို ယခုအချိန်၌ ရှေ့တန်းသို့စေလွှတ်ထားရသည်။မြို့တော်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအနည်းငယ် ကျန်ရှိသော်လည်း သူတို့အနက်မှတချို့သည် ပို၍အရေးကြီးသောကိစ္စများကို လုပ်ဆောင်နေရပေ၏။ကြွင်းကျန်သောလူအင်အားဖြင့် ဤမျှကြီးမားသောမြို့တော်ကို တင်းတင်းကျပ်စောင့်ကြပ်စေလိုပါက မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင်။

အမှန်အားဖြင့် ဤကိစ္စကို သူကိုယ်တိုင် ဝင်ရောက်ဆောင်ရွက်ရမည်ဆိုပါက လွယ်လင့်တကူဖြေရှင်းနိုင်စွမ်းရှိသည်။

သို့ရာတွင် သူ ဤသို့လုပ်ဆောင်နိုင်ခြင်း မရှိချေ။

ဤအဆင့်တိုက်ပွဲတပွဲတွင် နှစ်ဖက်စလုံး၌ ဖွင့်ဟပြောရန်မလိုဘဲ နားလည်မှုယူထားသောအချက်များရှိနေသည်။နောက်ဆုံးအချိန်အခိုက်အတန့်ထိ နှစ်ဖက်စလုံးမှထိပ်သီးတိုက်ခိုက်ရေးစွမ်းအားရှိသူများ ပါဝင်ဆင်နွှဲရန်မှာ မဖြစ်နိုင်​ချေ။

တစ်စုံတစ်ယောက်သည် ဤစည်းမျဉ်းကိုချိုးဖောက်လိုက်သည်နှင့် ပို၍ကြီးမားသောတိုက်ပွဲတစ်ခုစတင်လာကာ အဆုံးသတ်ရလဒ်သည် မည်သည့်ဘက်မှဖြစ်စေ မမြင်တွေ့လိုသောကိစ္စဖြစ်လာပေမည်။

ထိုအချိန်ကျပါက အစစ်အမှန်အင်မော်တယ်များ၏တိုက်ပွဲ ဖြစ်လာနိုင်သည်။

ယခုအခြေအနေတွင် တိုက်ပွဲအတွင်း၌ တိုက်ခိုက်နေသည်မှာ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်ကျင့်ကြံသူများပင်။

"ငါတို့တွေ အရင်ဆုံး အဲ့ဒီအစီအစဉ်အတိုင်း လုပ်ကြတာပေါ့"

ရှင်းထျန်းနန်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့"

လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းသည်လည်း ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုညိတ်ကာ ဤကိစ္စကို မြို့စောင့်တပ်များထံ အကြောင်းကြားရန် ထွက်ခွာသွားတော့သည်။

နောက်တနေ့တွင်...

ကျန်းချန်း၏အမိန့်အတိုင်း မြို့တံခါးများကိုတာဝန်ယူသော အစောင့်စစ်သားများအားလုံး ချက်ချင်းဆောင်ရွက်လိုက်ကြသည်။

မြို့၏တောင်ဘက်ရှိ နံပါတ်ကိုးမြို့တံခါးတွင် အစောင့်တပ်ခေါင်းဆောင် ကျန်းချွမ်က ဆုကျူးကျင်းနှင့်တခြားလူများအားလုံးကို အမိန့်ပေးသည်။

"လက်ထောက်ကုန်းမြေအရှင်က အမိန့်ထုတ်ပြန်ထားတယ်...အခုလာမယ့်ရက်အနည်းငယ်အတွင်းမှာ တာရီကုန်းမြေက သူလျှိုတွေ ခိုးဝင်လာမှာကြောင့် ငါတို့က သတိကြီးကြီးထားပြီးတော့ မြို့တံခါးကို စောင့်ကြပ်ရမယ်"

"တကယ်လို့ မင်းတို့တွေက သူတို့တွေထဲကတစ်ယောက်ယောက်ကို ရိပ်မိနေရင် သေသေချာချာပိတ်ဆို့ဟန့်တားထားရမယ်....သူတို့ကို ဝင်ခွင့်ပြုလို့မဖြစ်ဘူး"

"ဘာကိစ္စပဲဖြစ်နေနေ မြို့တံခါးကို လုံခြုံအောင်သေချာဂရုစိုက်ပြီး စောင့်ကြပ်ရမယ်"

ကျန်းချွမ်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဟုတ်ကဲ့"

မြေကမ္ဘာအင်မော်တယ်အစောင့်များအားလုံး စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

အစောင့်များအားလုံးခေါင်းညိတ်ပြသည်ကိုကြည့်ပြီး ကျန်းချွမ်က စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။

တာရီကုန်းမြေမှနေ၍ မြို့တော်အတွင်းသို့ ခိုးဝင်ရန်ကြိုးစားသော မည်သူ့ကိုမဆို အစောင့်တပ်ခေါင်းဆောင်များမှ ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဖြစ်ကြောင်း သူက အလေးအနက်ထား၍ပြောဆိုခဲ့သည်။

"ငါတို့တွေ ထပ်ပြီးမတိုက်ခိုက်ရတော့ဘူး မဟုတ်လား"

"မသေချာဘူး...ဒီရက်တွေအတွင်းမှာ ငါတို့အသက်ရှင်သန်နေရတာကတင် မဆိုးတော့ဘူး"

အစောင့်စစ်သားတချို့သည် ညည်းတွားကာ စကားအနည်းငယ်ပြောဆိုပြီးနောက် သူတို့၏နေရာများသို့ တဖန်ပြန်သွား၍ မတ်တတ်ရပ်လိုက်ကြသည်။သူတို့သည် မြေကမ္ဘာအင်မော်တယ်များသာဖြစ်သဖြင့် ဤစစ်ပွဲအတွင်း၌ ပြင်းပြင်းထန်ထန်ဝင်ရောက်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ဆုကျူးကျင်းကမူ မျက်နှာအမူအယာကင်းမဲ့နေဆဲဖြစ်ပြီး သူ၏နေရာ၌ မတ်တတ်ရပ်နေသည်။

အစောင့်တပ်ခေါင်းဆောင်ကျန်းချွမ်း ပြောဆိုခဲ့သောစကားများက သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာပေ၏။

'တကယ်လို့ မင်းတို့က သူတို့ကို စုံစမ်းထောက်လှမ်းမိတယ်ဆိုရင် ပိတ်ဆို့ဟန့်တားထားရမယ်'

"ငါ ပိတ်ဆို့ဟန့်တားထားရမယ်"

ဆုကျူးကျင်းက တောင့်တင်းသောအမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။

All Chapters