အခန်း (၇၀၁-၇၀၅)
Vol. 47 Ch. 701-705
Chapter 701
ညအချိန်၌....
လမိုက်ညဖြစ်ကာ လေထန်နေသည်။
မြို့တံခါး၏အရှေ့တွင်ရှိနေသော အစောင့်များ ပျင်းရိငြီးငွေ့နေသည်။
ဆယ်ရက်ကုန်ဆုံးသည့်တိုင် မည်သည့်ကိစ္စမျှ ဖြစ်မလာသဖြင့် အစောင့်များသည် ပေါ့လျော့စပြုလာကာ ယခင်ကဲ့သို့ သတိကြီးစွာထားခြင်း မရှိတော့ချေ။
"ဆုကျူးကျင်း....အဲ့ဒီနေရာမှာပဲ အဓိပ္ပါယ်မရှိ ရပ်မနေစမ်းပါနဲ့....မင်း ပျင်းသင်းတဲ့အချိန်ကျရင် ပျင်းလိုက်စမ်းပါ...."
"ဒါက အမှန်ပဲ.....တကယ်လို့ တာရီကုန်းမြေက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ခိုးဝင်လာမယ်ဆိုရင်တောင် ငါတို့က ရှာတွေ့မှာမဟုတ်ဘူး"
ဆုကျူးကျင်းနှင့်အတူ တာဝန်ကျနေသော အစောင့်စစ်သားနှစ်ယောက်က ပြောဆိုသည်။
သို့ရာတွင် ဆုကျူးကျင်းသည် မျက်နှာအမူအယာကင်းမဲ့စွာဖြင့် မလှုပ်မယှက်မတ်တတ်ရပ်နေဆဲပင်။
ယခုချိန်သည် တာဝန်ချိန်ဖြစ်သောကြောင့် သူသည် မြို့တံခါးကို မျက်ခြေမပြတ်စောင့်ကြည့်ရမည်ဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြုနိုင်ချေ။
"ထားလိုက်တော့....ငါက ဆုကျူးကျင်းရဲ့တိကျမှုကို မေ့သွားတယ်"
အစောင့်စစ်သားနှစ်ယောက်သည် လှောင်ပြောင်သရော်ကာ သူတို့အချင်းချင်း စကားစမြည်ပြောဆိုနေကြပြီး ဆုကျူးကျင်းကို ဂရုမစိုက်ကြတော့ချေ။
ဆုကျူးကျင်း၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်ကို သူတို့နှစ်ယောက်သား သတိမပြုမိချေ။
အကြောင်းအရင်းမှာ မြို့တံခါးအမြောက်အများ၏ရှေ့တွင် ရွှမ်အင်မော်တယ်များ၏အရှိန်အဝါများ ထွက်ပေါ်လာသည်ကို သူ သတိပြုမိသောကြောင့်ပင်။
ထိုရွှမ်အင်မော်တယ်များသည် တချို့က ပြင်းပြင်းထန်ထန်တိုက်ခိုက်ကာ မြို့အတွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းနေကြပြီး တချို့ကမူ တိတ်တဆိတ်ခိုးဝင်နေကြသည်။
"ငါ ဒါကို သတိပြုမိမှတော့ ဟန့်တားရမယ်"
ဆုကျူးကျင်းက တီးတိုးရေရွတ်ပြီးနောက် သူ၏ပုံရိပ် ဖျတ်ခနဲလှုပ်ရှားသွားကာ မြို့တောင်ဘက်ရှိ နံပါတ်ဆယ့်တစ်မြို့တံခါးရှေ့၌ ချက်ချင်းထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် နံပါတ်ဆယ့်တစ်မြို့တံခါး၌....
အစောင့်များအားလုံးလဲကျနေကာ တာရီကုန်းမြေမှရွှယ်အင်မော်တယ်များသည် လှောင်ပြောင်သရော်နေကြပြီး မြို့တော်အတွင်းသို့ ဝင်ရောက်ပုန်းအောင်းရန် ပြင်ဆင်နေကြသည်။
ထိုအချိန်မှာပင်....
ဘုန်း....
ထိုရွှမ်အင်မော်တယ်များ မြို့အတွင်းသို့ ဝင်ရောက်တော့မည်အချိန်မှာပင် ဆုကျူးကျင်းသည် ပုံရိပ်တစ်ခုအသွင်ပြောင်းလဲ၍ ဖျတ်ခနဲရောက်ရှိလာသည်။
ရွှမ်အင်မော်တယ်များသည် ထိုကိစ္စကိုအနည်းငယ်မျှသတိမပြုမိချေ။သူတို့၏ဒန်တျန်များ လုံးလုံးလျားလျားပျက်စီးသွားကာ သူတို့သည် သွေးအိုင်များအတွင်းသို့ လဲကျသွားပေ၏။
သူတို့၏မျက်နှာပေါ်တွင် အပြုံးများ ထင်ဟပ်နေဆဲပင်။
အရာအားလုံး ရုတ်တရက်ဆန်စွာ ဖြစ်ပွားသွားခဲ့သည်။
နောက်ထပ်နေရာတစ်နေရာ...
မြို့၏အရှေ့ဘက်ရှိ နံပါတ်ဆယ့်သုံးမြို့တံခါး၌....
တာရီကုန်းမြေမှလာသော ရွှမ်အင်မော်တယ်ဆယ်ယောက်ကျော်သည် သူတို့၏အရှိန်အဝါများကို ကွယ်ဝှက်ထားကာ အလွန်အမင်းလျှင်မြန်သောအရှိန်ဖြင့် မြို့တံခါးထံသို့ဦးတည်၍ ပျံသန်းနေကြသည်။
မြို့တံခါး၏ရှေ့တွင် မြေကမ္ဘာအင်မော်တယ်အစောင့်များသည် သူတို့၏နေရာများတွင် မတ်တတ်ရပ်၍ စောင့်ကြပ်နေကာ ထိုရွှမ်အင်မော်တယ်များကို သတိမပြုမိချေ။
ထိုရွှမ်အင်မော်တယ်များ မြို့တံခါးထံသို့ ပျံသန်းလာတော့မည်အချိန်တွင်...
ဘုန်း....
နောက်ထပ်ပုံရိပ်တခု ဖျတ်ခနဲရောက်ရှိလာကာ ရွှေမော်တယ်ဆယ်ယောက်ကျော်သည် ချက်ချင်းသေဆုံးသွားပြီး မိုးကောင်းကင်ယံအတွင်းမှနေ၍ အစောင့်များ၏ရှေ့သို့ ပြုတ်ကျသွားလေ၏။
ထိုအချိန်ကျမှသာ အစောင့်များသည် အသိဝင်လာပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
"ရန်သူတွေ...."
သို့ရာတွင် သူတို့သည် ထိုရွှမ်အင်မော်တယ်များအနီးသို့ ချဉ်းကပ်သွားကာ ဂရုတစိုက်စစ်ဆေးကြည့်လိုက်ချိန်၌ ထိုလူများအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
...
တူညီသောကိစ္စများသည် မြို့တံခါးအမြောက်များ၌ ဖြစ်ပွားသွားခဲ့လေ၏။
ထိုကိစ္စများသည် အချိန်တခဏအတွင်း၌ ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည်။
ဆုကျူးကျင်းသည် သူ၏နေရာသို့ ပြန်လည်ရောက်ရှိလာကာ သူသည် တာဝန်ကျနေရာမှ တစ်ကြိမ်တစ်ခါမျှ ထွက်ခွာမသွားသည့်အလားပင်။
သူ၏အဖော် အစောင့်စစ်သားနှစ်ယောက်သည်လည်း ဆက်လက်၍စကားစမြည်ပြောဆိုနေဆဲပင်။
သူတို့၏မျက်လုံးများအတွင်း၌ ဆုကျူးကျင်းသည် သူ၏နေရာမှာပင် မတ်တတ်ရပ်နေကာ တစ်ကြိမ်တစ်ခါမျှ ထွက်ခွာသွားခဲ့ခြင်းမရှိချေ။
မိုးကောင်းကင်ယံကြီး တဖြည်းဖြည်းတောက်ပလာကာ ထိုကိစ္စကို ကုန်းမြေအရှင်ရှင်းထျန်းနန်ထံသို့ အလျှင်အမြန်သတင်းပို့လိုက်ကြသည်။
"ဒီလိုကိစ္စတစ်ခု ဖြစ်သွားခဲ့တာလား...မြို့တံခါးဆယ်ခုကျော်ရဲ့ရှေ့မှာ ရာနဲ့ချီတဲ့ ရွှမ်အင်မော်တယ်တွေအားလုံး သတ်ခံလိုက်ရတာလား"
ရှင်းထျန်းနန်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာဖြင့် မေးမြန်းသည်။
ကျန်းချန်းက ခေါင်းညိတ်ပြကာ တုံ့ပြန်လေ၏။
"ဒါက အမှန်ပါပဲ"
"အဲ့ဒီထက်ပိုပြီးအရေးကြီးတဲ့ကိစ္စက ရွှမ်အင်မော်တယ်တွေ ဘယ်လိုမျိုး သေဆုံးသွားလဲဆိုတာကို ငါ သွားပြီးစစ်ဆေးခဲ့တယ်...သူတို့အားလုံးက သူတို့ရဲ့ဒန်တျန်မှာရှိတဲ့ သွေးကြောတွေပေါက်ကွဲသွားတာကြောင့် သေဆုံးသွားရတာပဲ"
ကျန်းချန်းက တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် သတင်းပို့သည်။
"ရာနဲ့ချီတဲ့ရွှမ်အင်မော်တယ်တွေကို တစ်ချိန်တည်းမှာ သတ်လိုက်တာလား...မြို့တံခါးတစ်ခုနဲ့တစ်ခု အလှမ်းကွာတာတောင်မှ တူညီတဲ့နည်းလမ်းနဲ့ သူတို့တွေ သေဆုံးသွားကြတာလား"
ရှင်းထျန်းနန်သည် ပို၍ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤကဲ့သို့နည်းလမ်းတစ်ခုကို အသုံးပြုနိုင်သည့်လူများသည် အနည်းဆုံးအနေဖြင့် နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဖြစ်ရပေမည်။
ဤကဲ့သို့ဆရာကြီးတစ်ယောက်သည် ရှင်းလော့ကုန်းမြေ၏မြို့တော်အတွင်း၌ မည်သည့်အချိန်မှစတင်၍ ထွက်ပေါ်လာခဲ့သနည်း။
သူသည် ထိုကိစ္စကို သိရှိခဲ့ခြင်းပင်မရှိချေ။
"အဲ့ဒီကိစ္စကို သေသေချာချာ စုံစမ်းရမယ်...တကယ်လို့ အဲ့ဒီဆရာကြီးက ဘယ်သူလဲဆိုတာ သဲလွန်စတွေ ရခဲ့မယ်ဆိုရင် သူ့ကိုဆုလာဘ်အဖြစ် အဆင့်နိမ့်အင်မော်တယ်ရတနာတစ်ခု ချီးမြှင့်ရမယ်"
ရှင်းထျန်းနန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဟုတ်ကဲ့"
ကျန်းချန်းက အမိန့်ကိုနာခံကာ ထွက်ခွာသွားရန်ဟန်ပြင်လိုက်သည်။
"ခဏနေအုံး...ငါ စိုးရိမ်နေတုန်းပဲ...အသတ်ခံလိုက်ရတဲ့ ရွှမ်အင်မော်တယ်တွေရဲ့အလောင်းတွေကိုကြည့်ဖို့ ငါ့ကို ခေါ်သွားပေးစမ်း...သဲလွန်စတချို့ရမလားလို့ ငါ ကြည့်ချင်တယ်"
ရှင်းထျန်းနန်က ကျန်းချန်းကို တားဆီးဟန့်တားလိုက်၏။
ထိုကိစ္စတွင် အကွက်ချကြံစည်မှုတစ်ခု ရှိမရှိသိရှိနိုင်ရန် ထိုအလောင်းများကို သူကိုယ်တိုင် စစ်ဆေးကြည့်ရပေမည်။
"ဟုတ်ကဲ့"
ကျန်းချန်းသည် ခေါင်းညိတ်ပြကာ ချက်ချင်းဆိုသလိုပင် မြို့တံခါးအစောင့်များထံသို့ အကြောင်းကြားလိုက်သည်။မြို့တံခါးအစောင့်များကို အဆင်သင့်ပြင်ဆင်စေပြီးနောက် သူသည် ရှင်းထျန်းနန်ကို ခေါ်ဆောင်ခဲ့တော့သည်။
မြို့တောင်ဘက်ရှိ နံပါတ်ကိုးမြို့တံခါးရှေ့၌...
ကျန်းချွမ်သည်လည်း ထိုသတင်းကို လက်ခံရရှိသဖြင့် သူ၏အဖွဲ့ကို အလျှင်အမြန်စုဝေးလိုက်သည်။
"မင်းတို့အားလုံး နည်းနည်းသတိထားနေကြစမ်း ...ကုန်းမြေအရှင်ကိုယ်တိုင် ဒီနေရာကိုလာပြီးတော့ စစ်ဆေးလိမ့်မယ်...ဘာအမှားအယွင်းမှ မလုပ်မိစေနဲ့...နားလည်ကြလား"
ကျန်းချွမ်က ကျယ်လောင်စွာပြောဆိုသည်။
"ဟုတ်ကဲ့"
အစောင့်များက တပြိုင်နက်တည်း တုံ့ပြန်အဖြေပေးလိုက်ကြကာ သူတို့၏ကျောများကိုဖြောင့်တန်း၍ တည်ကြည်လေးနက်သောအသွင်ကိုဆောင်ပြီး လူတိုင်းသည် သူတို့၏အကောင်းဆုံးအခြေအနေကို ပြသထားကြ၏။
ဤသည်မှာ ကုန်းမြေအရှင်ပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းမွန်စွာဆောင်ရွက်နိုင်ပါက ကုန်းမြေအရှင်၏မျက်နှာသာပေးမှုကိုရရှိပြီး တိုက်ရိုက်ရာထူးတိုးသွားနိုင်သည်။
ဆုကျူးကျင်းကမူ အမူအယာကင်းမဲ့စွာဖြင့် နေရာတွင်မတ်တတ်ရပ်နေဆဲပင်။
"ကုန်းမြေအရှင် ဒီနေရာကို ရောက်လာတဲ့အချိန်ကျရင် ငါတို့အားလုံး သူ့ကို ဦးညွှတ်အရိုအသေပြုရမယ်"
ကျန်းချွမ်က ဆက်လက်၍တိုက်တွန်းနှိုးဆော်သည်။
သူ၏ညွှန်ကြားချက်များ အဆုံးသတ်သွားသောအချိန်မှာပင် ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့သည် လူတစ်စုနှင့်အတူ အဝေးတစ်နေရာမှ လျှောက်လှမ်းလာသည်ကို သူ မြင်တွေ့မိသည်။
ဤနေရာသို့ တဖြည်းဖြည်းလျှောက်လှမ်းလာသော ရှင်းထျန်းနန်သည် ထိုရွှမ်အင်မော်တယ်များ၏အကြောင်းကို သူ၏စိတ်အတွင်း၌ စဉ်းစားတွေးတောနေဆဲပင်။
ထိုရွှမ်အင်မော်တယ်များထံတွင် ဒန်တျန်ပေါက်ကွဲသွားသည်မှလွဲ၍ တခြားမည်သည့်ဒဏ်ရာမျှ ရှိမနေချေ။သူသည် ဤကဲ့သို့နည်းလမ်းတစ်ခုကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။
သူ နံပါတ်ကိုးမြို့တံခါးရှေ့သို့ ရောက်ရှိလာတော့မည့် အချိန်တွင်....
ကျန်းချွမ်က သူ၏လက်အောက်ငယ်သားများကို မျက်စပစ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အစောင့်တစ်စုသည် ရှင်းထျန်းနန်ကို တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"ကုန်းမြေအရှင်"
သံသယအပြည့်ဖြင့် စဉ်းစားတွေးသောနေဆဲဖြစ်သော ရှင်းထျန်းနန်သည် ကုန်းမြေအရှင်ဟု ခေါ်ဆိုသောအသံကိုကြားချိန်၌ အသိပြန်ဝင်လာခဲ့သည်။
သူ၏ရှေ့ရှိအစောင့်များကို ကြည့်လိုက်ချိန်၌ အစောင့်များအားလုံးသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ဖြောင့်ဖြောင့်တန်းတန်း မတ်တတ်ရပ်နေကြသည်ကို မြင်တွေ့မိသည်။ရှင်းထျန်းနန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ဒါက အရမ်းကောင်းတယ်...မြို့တောင်ဘက်မှာရှိတဲ့ မင်းတို့နံပါတ်ကိုးမြို့တံခါးက....."
ရှင်းထျန်းနန်သည် ချီးမွမ်းစကားကို ပြောဆိုတော့မည့်အချိန်မှာပင် ရုတ်တရက် မူမမှန်သောမြင်ကွင်းတစ်ခုကို မြင်တွေ့မိသဖြင့် ရပ်တန့်လိုက်သည်။
အကြောင်းအရင်းမှာ မြေကမ္ဘာအင်မော်တယ် အစောင့်တစ်ယောက်သည် သူ့၏တာဝန်ကျနေရာမှနေ၍ မြို့တံခါးထံသို့ လျှောက်လှမ်းသွားနေသည်ကို သူ မြင်တွေ့ရသောကြောင့်ပင်။
မြို့တံခါးထံသို့ ရောက်ရှိပြီးနောက်...
ထိုအစောင့်စစ်သားသည် သူ၏သံချက်ကာဝတ်စုံနှင့် သူ၏ခေါင်းဆောင်းကို ချွတ်လိုက်သည်။ထိုအရာများကို သပ်သပ်ရပ်ရပ်စီထားပြီးနောက် သူသည် အဝေးသို့ တိုက်ရိုက်ထွက်ခွာသွားတော့သည်။
သူ၏ကိုယ်ပိုင်ကိစ္စများကိုသာ လုပ်ဆောင်နေသော ထိုစစ်သားသည် ချက်ချင်းဆိုသလိုပင် လူတိုင်း၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
သို့ရာတွင် လူများအားလုံး၏မျက်လုံးအကြည့်များနှင့် ရင်ဆိုင်ရသည့်တိုင် ထိုအစောင့်စစ်သားသည် အနည်းငယ်မျှဂရုစိုက်ခြင်းမရှိချေ။
"အမ်....."
ရှင်းထျန်းနန်က မျက်မှောင်ကြုတ်လိုက်ကာ သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားပြီး ကျန်းချွမ်ကို ကြည့်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ...."
"ကုန်းမြေအရှင် ဘာပြဿနာရှိလို့လဲ"
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိရှိသည့် တစ်ဦးတည်းသောလူ ကျန်းချွမ်သည် ကုန်းမြေအရှင်၏ ရေခဲတမျှအေးစက်သောအကြည့်ကို မြင်တွေ့ချိန်၌ တုန်ရီသွားသည်။
"ဟမ့်....အဲ့ဒီအစောင့်စစ်သားက ဘာဖြစ်နေတာလဲ"
လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ဆုကျူးကျင်းကိုလက်ညှိုးညွှန်ပြပြီး ကျန်းချွမ်ကို မေးမြန်းလိုက်၏။
ကျန်းချွမ်သည် ကျန်းချန်းလက်ညှိုးညွန်သောနေရာအတိုင်း နောက်သို့အလျှင်အမြန်လှည့်ကြည့်လိုက်ရာ ထွက်ခွာရန်ဟန်ပြင်နေသော ဆုကျူးကျင်းကို မြင်တွေ့မိသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"ကုန်းမြေအရှင်....အဲ့ဒီကောင်လေးက အရမ်းခေါင်းမာတယ်....သူက နည်းနည်းပြောရဆိုရခက်တယ်"
"ကျွန်တော်....ကျွန်တော်က အခုချက်ချင်း သူ့ကို ပြန်ခေါ်လိုက်ပါ့မယ်"
ကျန်းချွမ်က တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်သည်။ဆုကျူးကျင်းသည် တိကျကာ နေ့စဥ်နေ့တိုင်း အချိန်မှန်အလုပ်သွားအလုပ်ပြန် လုပ်ကြောင်း သူ သိရှိထားသည်။
သာမန်နေ့ရက်များတွင် ကျန်းချွမ်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်စကားမျှပြောဆိုရန် မလိုအပ်ချေ။ဆုကျူးကျင်း၏ အချိန်မှန်ပြီးတိကျသောလုပ်ရပ်သည် ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။
သို့သော် ယခုအချိန်၌ ကုန်းမြေအရှင် ဤနေရာတွင်ရှိနေသည်။ဤဆုကျူးကျင်းသည် သူ၏သံချပ်ကာနှင့်ခေါင်းဆောင်းကိုချွတ်၍ အလုပ်ဆင်းရန်ဟန်ပြင်နေသလော။
ဤသည်မှာ အလုပ်ဆင်းသည့်အချိန်ဖြစ်သည့်တိုင် သူသည် အခြေအနေနှင့်အချိန်အခါကို ကြည့်သင့်သည်မဟုတ်လော....
ထိုသို့ပြောဆိုပြီးနောက် ကျန်းချွမ်သည် ဆုကျူးကျင်း၏နောက်သို့ အလျှင်အမြန်ပြေးလိုက်ကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ကုန်းမြေအရှင် ဒီနေရာမှာ ရောက်နေတာကို မင်း မမြင်ဘူးလား....မင်းကို အလုပ်ဆင်းဖို့ ဘယ်သူက ပြောလို့လဲ"
Chapter 702
ထိုစကားကိုကြားချိန်တွင်.....
ဆုကျူးကျင်းသည် ရပ်တန့်လိုက်ကာ ကျန်းချွမ်ကိုပြန်လှည့်ကြည့်ပြီး အမူအယာကင်းမဲ့စွာဖြင့် တုံ့ပြန်သည်။
"ဒါက အလုပ်ဆင်းရမယ့်အချိန်လေ"
ဤသည်မှာ အလုပ်ဆင်းရမည့်အချိန်ဖြစ်သဖြင့် သူ အိမ်သို့ပြန်ရပေမည်။
"မင်း..."
ဆုကျူးကျင်း၏အဖြေကိုကြားချိန်တွင် ကျန်းချွမ် ထိတ်လန့်တုန်လှုပ်သွားသည်။ဤဆုကျူးကျင်းသည် ကုန်းမြေအရှင်၏ရှေ့တွင်အလုပ်ဆင်းရမည့်အချိန်သို့ ရောက်ရှိနေပြီဟု အမှန်တကယ်ပြောဆိုဝံ့ရာ သူ့အား သေစေလိုသည့်အလားပင်။
"ကုန်းမြေအရှင်...ကျွန်တော် တောင်းပန်ပါတယ် ...သူက စိတ်သိပ်မမှန်ဘူး...နောင်အနာဂတ်မှာ ဒီလိုအမှားမျိုးတွေ မဖြစ်စေရဘူးလို့ ကျွန်တော်က ကတိပေးပါတယ်"
ကျန်းချွမ်သည် ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူသည် ကုန်းမြေအရှင်၏ရှေ့သို့ လျှောက်လှမ်းသွားပြီး ဒူးထောက်ကာ သူ၏အမှားကို အလျင်စလိုဝန်ခံလိုက်သည်။
အကယ်၍ ဤကိစ္စသာ အမှားအယွင်းဖြစ်သွားပါကာ သူ၏နိမ့်ကျသောဘဝသည်လည်း ပျက်စီးသွားနိုင်သည်။
"ဟမ့် ဒီကိစ္စကို သေချာပြုပြင်ထားစမ်း...နောင်တစ်ချိန်ကျရင် ဒီလိုအမှားမျိုး ထပ်ဖြစ်ခွင့်မပြုဘူး"
ရှင်းထျန်းနန်က အသံနက်ကြီးဖြင့်ပြောဆိုကာ သုန်မှုန်နေသောမျက်နှာဖြင့် ထွက်ခွာသွားတော့သည်။
အကယ်၍ ယခင်ကဆိုလျှင် သူသည် ဤကိစ္စအတွက် ပြင်းပြင်းထန်ထန်အပြစ်ပေးမည်မှာသေချာပေါက်ပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ လူအင်အားရှားပါးနေသဖြင့် သူ အပြစ်တင်စကားပြောဆိုရုံသာ တတ်နိုင်သည်။
"ကုန်းမြေအရှင်ကို ကျေးဇူးတင်ပါတယ်"
ရှင်းထျန်းနန် ထွက်ခွာသွားသည်ကိုကြည့်ပြီး ကျန်းချွမ်သည် စိတ်သက်သာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ပျော်ရွှင်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။
"ဆုကျူးကျင်း...ဒီသုံးရက်အတွင်းမှာ မင်းက ထောင်ထဲမှာနေပြီး မင်းကိုယ်မင်း ဆင်ခြင်သုံးသပ်နေစမ်း"
"မင်းတို့ သူ့ကို အကျဉ်းထောင်ထဲ ထည့်လိုက်ကြစမ်း"
ကျန်းချွမ်က ဆုကျူးကျွင်းကိုပြောဆိုကာ တခြားအစောင့်စစ်သားအား သူ့ကို အကျဉ်းထောင်အတွင်းသို့ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
တခြားအစောင့်စစ်သားက အလျှင်အမြန်တုံ့ပြန်ကာ ဆုကျူးကျင်းကို အကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
"ညီငယ်လေး....အစောင့်တပ်ခေါင်းဆောင်က မင်းကို အပြစ်ပေးချင်လို့မဟုတ်ဘူး...မင်းရဲ့စကားလုံးတွေနဲ့အမူအယာကို အချိန်အခါလိုက်ပြီးပြုမူတက်ဖို့ သင်ယူရမယ်...ကုန်းမြေအရှင် ဒီနေရာမှာရှိနေတဲ့အချိန်မှာ တကယ်လို့ မင်းက နောက်ကျမှအလုပ်ဆင်းရရင်တောင် အဆင်ပြေတယ်မဟုတ်လား"
ဤအစောင့်စစ်သားသည် ဆုကျူးကျင်းနှင့်လမ်းတစ်လှမ်းအကွာတွင် နေထိုင်သည်ဖြစ်သဖြင့် အချင်းချင်းသိကျွမ်းသည်။
ထို့ကြောင့် သာမန်နေ့ရက်များအတွင်းတွင် ဤအစောင့်စစ်သားသည် ဆုကျူးကျင်း၏တိကျမှုကို သတိပြုမိလေ၏။
"အင်း...."
သို့ရာတွင် ဆုကျူးကျင်းက ခေါင်းညိတ်ပြပြီးနောက် တစ်ချိန်တည်းမှာပင် သူ၏နံဘေးရှိနံရံမှ ရှေ့သို့ထွက်နေသော အနီရောင်အုတ်ခဲတစ်ခဲကို အတွင်းသို့ပြန်ထည့်လိုက်သည်။
"မင်း မင်း....ငယ်ရွယ်တဲ့လူတွေက နည်းနည်းလေးတောင် လိုက်လျောညီထွေမနေတတ်ကြဘူး"
"မင်း ဒီအကျဉ်းခန်းထဲမှာ နေရမယ်...ခဏနေကျရင် ငါ မင်းဆီကို စောင်တစ်ထည်လာပို့ပေးမယ်"
ထိုအစောင့်စစ်သားသည် ကူကယ်ရာမဲ့စွာဖြင့် သူ့ရှေ့ရှိ သန့်ရှင်းသောအကျဉ်းခန်းကိုလက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်၏။
ဆုကျူးကျင်းထံတွင် စည်းကမ်းတိကျသော အကျင့်စရိုက်တစ်ခုရှိသည်ကို သူ သိရှိထားသဖြင့် အသန့်ရှင်းဆုံးနှင့်အရိုးရှင်းဆုံး အကျဉ်းခန်းကို သူ စီစဉ်ပေးခဲ့သည်။
မကြာမီမှာပင်....
ထိုအစောင့်စစ်သားသည် စောင်တစ်ထည်ကိုယူလာပေးပြီးနောက် ထွက်ခွာသွားတော့သည်။
အကျဥ်းခန်းအတွင်း၌ ဆုကျူးကျင်းသာလျှင် ကျန်ရှိခဲ့ပေ၏။
သူသည် ခါးမတ်မတ်ရပ်ကာ သူ၏မျက်လုံးကိုစုံမှိတ်ပြီး စတင်၍ကျင့်ကြံကာ စိတ်တည်ငြိမ်သောအခြေအနေသို့ ဝင်ရောက်သွားတော့သည်။
နေမွန်းတည့်ချိန်သို့အရောက်၌...
အစောင့်စစ်သားသည် အကျဉ်းခန်းထံသို့လာကာ မြေပဲတထုပ် အမဲသားခြောက်နှစ်ချောင်း အရက်တစ်အိုးကို ယူဆောင်လာပြီး ဆုကျူးကျင်း၏အကျဥ်းခန်းတံခါးရှေ့သို့ ချပေးလိုက်သည်။
"ညီငယ်လေး....ဒါတွေက မင်းအတွက်ပဲ...ငါ တာဝန်သွား ထမ်းဆောင်တော့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူ ထွက်ခွာသွားတော့သည်။
ထိုအချိန်ကျမှာသာ ဆုကျူးကျင်းသည်သူ၏မျက်လုံးကိုဖွင့်ကာ ထိုင်ချလိုက်ပြီး သူ၏နေ့လည်စာကို ဖြည်းညှင်းစွာစားသောက်တော့သည်။
မိုးကောင်းကင်ယံကြီး မှောင်စပြုလာလေပြီ။
ဆုကျူးကျင်းသည် ကျောက်ရုပ်ထုတစ်ခုအလား မလှုပ်မယှက်ရှိနေကာ သူ၏အိပ်ပျော်နေသော ကိုယ်နေဟန်ထားပင်လျှင် အလွန်အမင်း စည်းစနစ်ကျပေ၏။
ရုတ်တရက် သူ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားကာ သူ၏မျက်လုံးများ တောက်ပသွားသည်။
ထို့နောက် ဆုကျုးကျင်းက သူ၏ခေါင်းကိုမော့လိုက်သည်။
မြို့တံခါး၏ရှေ့၌ ရာနှင့်ချီသော ရွှမ်အင်မော်တယ်များရှိနေကာ မြို့အတွင်းသို့ခိုးဝင်ရန် ကြံရွယ်နေကြသည်။
မြို့တံခါး၏ရှေ့၌ မတ်တတ်ရပ်နေသော အစောင့်များသည် ပြူးကျယ်နေသောမျက်လုံးများဖြင့် သူတို့၏ရှေ့သို့ စူးစိုက်ကြည့်နေကြသည်။သို့ရာတွင် ဤရွှမ်အင်မော်တယ်များ၏တည်ရှိမှုကို သူတို့ အနည်းငယ်မျှ သတိပြုမိခြင်းမရှိပေ။
ဆုကျူးကျင်းသည် လှုပ်ရှားခြင်းမပြုဘဲ တိတ်တဆိတ်စောင့်ကြည့်လိုက်၏။
နေဝင်ချိန်အရောက်တွင် မြို့အတွင်းမှနေ၍ ရုန်းရင်းဆန်ခတ်အသံများ ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး....တစ်ခုခု ဖြစ်ပျက်သွားပြီ....စုံစမ်းထောက်လှမ်းရေးရုံးတော် ပေါက်ကွဲသွားခဲ့တယ်"
လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းက ကုန်းမြေအရှင်ထံသို့ သတင်းပို့သည်။
"မင်း ဘာပြောလိုက်တာလဲ...ဘာတွေဖြစ်သွားခဲ့တာလဲ"
ရှေ့တန်းစစ်မျက်နှာစာမှပြန်လာသော ရှင်းထျန်းနန်သည် ထိုစကားကိုကြားချိန်၌ သူ၏မျက်နှာ သုန်မှုန်သွားကာ သူ၏စိတ်နှလုံးသား လေးလံသွားသည်။
"ကုန်းမြေအရှင် မနေ့ညက မြို့တော်ထဲကို ရာနဲ့ချီတဲ့ရွှမ်အင်မော်တယ်တွေ ကျူးကျော်ဝင်ရောက်လာပြီးတော့ ငါတို့ရဲ့စုံစမ်းထောက်လှမ်းရေးရုံးတော်ကို ဖျက်ဆီးသွားခဲ့တယ်"
"တာရီကုန်းမြေမှာရှိတဲ့ သူလျှိုတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ တာဝန်ယူတဲ့လူလည်း အသတ်ခံလိုက်ရတယ်"
"အဲ့ဒီရွှမ်အင်မော်တယ်တွေ သေဆုံးသွားခဲ့ပေမယ့် အခုအချိန်မှာ ငါတို့က တာရီကုန်းမြေထဲမှာရှိတဲ့ သူလျှိုတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ"
ကျန်းချန်းသည် ရှင်းထျန်းနန်ကို ဖြစ်စဉ်တစ်ခုလုံးအား အသေးစိတ်ကျကျ ရှင်းပြလေသည်။
"သောက်ချေးပဲ...."
ထိုစကားကိုကြားချိန်တွင် ရှင်းထျန်းနန်သည် ဒေါသတကြီးဆဲဆိုလိုက်၏။သူ၏လက်ဝါးဖြင့် နံဘေးရှိစားပွဲပေါ်မှ အနက်ရောင်သံမဏိလက်ဖက်ရည်အိုးကို ရိုက်နှက်လိုက်ရာ လက်ဖက်ရည်အိုး ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။
စုံစမ်းထောက်လှမ်းရေးရုံး ပေါက်ကွဲသွားခြင်းမှာ သူတို့ကုန်းမြေသည် တာရီကုန်းမြေနှင့်တိုက်ခိုက်ရာ၌ ရှုံးနိမ့်ရန် တစ်ဝက်ခန့်သေချာသွားပြီဟု ဆိုလိုခြင်းပင်။
"ဘာလို့လဲ....အရင်တစ်ခေါက်က ရာနဲ့ချီတဲ့ ရွှမ်အင်မော်တယ်တွေကို ဟန့်တားထားနိုင်ခဲ့တယ်....ဒါပေမဲ့ ဒီတကြိမ်မှာတော့ အဲ့ဒီရွှမ်အင်မော်တယ်တွေက မြို့တော်ထဲကို ဝင်လာရုံမကဘူး ငါတို့စုံစမ်းထောက်လှမ်းရေးရုံးကို ဖျက်ဆီးသွားခဲ့တယ်"
"အရင်တစ်ကြိမ်တုန်းက ရှေ့ထွက်ပြီးတိုက်ခိုက်ခဲ့တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူက ဒီတစ်ကြိမ်မှာ အဲ့ဒီအင်မော်တယ်တွေကို ဝင်ခွင့်ပြုလိုက်တာလား"
ရှင်းထျန်းနန်သည် အနည်းငယ်စိတ်တည်ငြိမ်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ သူ၏မျက်နှာပေါ်၌ ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါက....."
ကျန်းချန်းသည်လည်း သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ထိုဆရာကြီးသည် မည်သည့်အရာအား စဥ်းစားတွေးတောနေသည်ကို သူ မသိရှိချေ။
"စစ်ဆေးစမ်း....အဲ့ဒီကိစ္စကို သေသေချာချာဂရုစိုက်ပြီး စစ်ဆေးရမယ်"
"ဒီတစ်ကြိမ်မှာ စုံစမ်းထောက်လှမ်းရေးရုံး ပေါက်ကွဲသွားခဲ့တယ်...နောက်တစ်ကြိမ်ကျရင် သူတို့ ဘယ်နေရာကိုတိုက်ခိုက်မယ်ဆိုတာ ငါတို့ မသိနိုင်ဘူး...ငါတို့ကို အရင်ကကူညီပေးခဲ့တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူကိုလည်း ငါတို့ အမြန်ဆုံးရှာရမယ်"
ရှင်းထျန်းနန်က အလေးအနက်ထားသောလေသံဖြင့် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ကျန်းချန်းက အမိန့်ကိုနာခံကာ ထွက်ခွာသွားတော့သည်။
သုံးရက်ကြာပြီးနောက်....
အကျဉ်းခန်းအတွင်းမှာနေ၍ ဆုကျူးကျင်း ပြန်လွတ်လာခဲ့သည်။
"ညီငယ်လေး...ငါက စားသောက်ဆိုင်ကိုပြောခဲ့ပြီးပြီ...မင်း အဲ့ဒီကို တိုက်ရိုက်သွားလို့ရတယ်"
ဆုကျူးကျင်း၏အကျဥ်းခန်းတံခါးကို ဖွင့်ပေးပြီးနောက် အစောင့်စစ်သားက အပြုံးနှင့်ပြောဆိုသည်။
ဤသည်မှာ တာဝန်ချိန်မဟုတ်သဖြင့် ဆုကျူးကျင်းက ခေါင်းညိတ်လိုက်၏။ထို့နောက် သူသည် အကျဉ်းခန်းအတွင်းမှထွက်ကာ စားသောက်ဆိုင်ထံသို့ လျှောက်လှမ်းသွားတော့သည်။
စားသောက်ဆိုင်သို့ ရောက်ရှိပြီးနောက်....
ပြတင်းပေါက်၏နံဘေးရှိစားပွဲတွင် ဆုကျူးကျင်းက ပုံမှန်အတိုင်းထိုင်လိုက်သည်။
ဝိုင်အရက်နှင့်အစားအစာများကို စားသောက်ပြီးနောက် သူသည် မိုးကောင်းကင်ယံကို တစ်ချက်မော့ကြည့်လိုက်၏။ဤသည်မှာ သူ အလုပ်သွားရန်အတွက် အချိန်ကျလာလေပြီ။
ထို့နောက် သူသည် သံချပ်ကာဝတ်စုံကိုဝတ်ဆင်ကာ မြို့တံခါးထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
ထိုအချိန်မှာပင် ရှေ့ရှိလမ်းထောင့်တစ်နေရာမှနေ၍ အော်ဟစ်ငိုယိုပြီး အကူအညီတောင်းခံသံတစ်သံ ထွက်ပေါ်လာသည်။
"ကယ်ကြပါ....ကယ်ကြပါအုံး"
"ငါ နင်တို့ကို မသိဘူး....နင်တို့ ဘာလုပ်မလို့လဲ"
ဤသည်မှာ မိန်းကလေးတစ်ယောက် အော်ဟစ်၍ အကူအညီတောင်းခံနေခြင်းပင်။သူမ၏အသံသည် အလွန်အမင်းတုန်ရီနေကာ ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုနှင့်ရင်ဆိုင်နေရသည်မှာ သိသာထင်ရှားလှ၏။
ဆုကျူးကျင်းသည် အမူအယာကင်းမဲ့စွာဖြင့် လမ်းထောင့်သို့ လျှောက်လှမ်းသွားလိုက်ရာ ချက်ချင်းဆိုသလိုပင် သူ မြင်တွေ့လိုက်ရသည်မှာ....
ရွှေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်တွင်ရှိသော လူများသည် ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် အဝါရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားသည့် လှပချောမောသော မိန်းကလေးတစ်ယောက်ကို လိုက်လံသတ်ဖြတ်နေသည်။
ထိုမိန်းကလေးကိုကြည့်ရသည်မှာ အလွန်ထိတ်လန့်ကြောက်ရွံ့နေပြီး ခုခံရေးမှော်ရတနာတစ်ခု၏အတွင်း၌ ပုန်းအောင်းကာ သူမ၏ခန္ဓာကိုယ် တုန်ရီနေသည်။
ဤသည်မှာ မူမိသားစု၏သခင်မလေး မူချင်းချန်ပင်။
ရွှေအင်မော်တယ်နယ်ပယ် လူထွားကြီးများသည် အကာအကွယ်မှော်ရတနာ၏အလင်းလွှာကို ပြင်းပြင်းထန်ထန်ရိုက်နှက်နေကြ၏။
ခရက်....
မှော်ရတနာအကာအကွယ်အလင်းလွှာ၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ စတင်၍ထွက်ပေါ်လာသည်။
ထိုလူများ၏အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အက်ကွဲကြောင်းသည် အဆက်မပြတ်ပြန့်ကားနေပေ၏။နောက်ထပ်အချိန်တခဏအတွင်းမှာပင် ထိုအကာအကွယ်အလင်းလွှာ ကြေမွှပျက်စီးသွားမည့်ပုံပင်။
"ဟမ့်...မင်းတို့မူမိသားစုဝင်တွေအားလုံး သေသင့်တယ်....ငါတို့က မင်းရဲ့အဖေကို မသတ်နိုင်မှတော့ မင်းကိုသတ်ပြီး အဲ့ဒီလူအိုကြီးရဲ့ကျန်နေတဲ့ဘဝတစ်လျှောက်လုံး နောင်တရအောင်လုပ်ရမယ်"
ရွှေအင်မော်တယ်များအနက်မှတယောက်က သရော်တော်တော်ပြောဆိုကာ သူ၏တိုက်ခိုက်မှုခွန်အားကို အနည်းငယ်မြှင့်တင်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် မိန်းကလေး၏မျက်နှာဖြူရော်သွားကာ သူမ၏လှပသောမျက်လုံးအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် သူမ၏ရှေ့ရှိ ရွှေအင်မော်တယ်များသည် သူမဖခင်၏ရန်သူများဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
ယနေ့တွင် သူမသည် ဘေးဒုက္ခနှင့်တွေ့ကာ သေဆုံးရတော့ပေမည်။
ဆုကျူးကျင်းသည် မလှမ်းမကမ်းမှနေ၍ ဤမြင်ကွင်းကို တိတ်တဆိတ်စောင့်ကြည့်နေကာ မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ချေ။
ဘုန်း....
နောက်ထပ်အချိန်အခိုက်အတန့်တွင်....
ရွှေအင်မော်တယ်သုံးယောက်၏ ပြင်းထန်သောတိုက်ခိုက်မှုများအောက်၌ အကာအကွယ်အလင်းလွှာ ကြေမွှပျက်စီးသွားတော့သည်။
ရွှေမော်တယ်သုံးယောက်သည် အလွန်ပျော်ရွှင်သွားကာ မူချင်းချန်ထံဦးတည်၍ လက်ဝါးရိုက်ချက်များ ထုတ်လွှတ်လိုက်ကြသည်။
မူချင်းချန်က စိတ်ပျက်အားငယ်စွာဖြင့် သူမ၏မျက်လုံးကို စုံမှိတ်လိုက်၏။
သူမ၏ခွန်အားဖြင့် ရွှေမော်တယ်သုံးယောက်နေနေသာသာ ရွှေအင်မော်တယ်တစ်ယောက်ပင်လျှင် သူမကို သတ်ဖြတ်နိုင်ပေမည်။
'ငါက ဒီအတိုင်းသေရတော့မှာလား'
မူချင်းချန်က သူမ၏စိတ်နှလုံးသားအတွင်းမှ ခါးသည်းစွာညည်းသွားလိုက်ကာ သေဆုံးရန်အတွက် သူမ၏စိတ်ကို ပြင်ဆင်လိုက်တော့သည်။
ထိုအချိန်မှာပင် ဆုကျူးကျင်းက မိုးကောင်းကင်ယံထံသို့ တစ်ချက်မော့ကြည့်လိုက်သည်။
ဤသည်မှာ သူ့၏တာဝန်ချိန်သို့ ရောက်ရှိလာလေပြီ။
တချိန်တည်းမှာပင် သူ လှုပ်ရှားလိုက်၏။
ပုံရိပ်ယောင်တစ်ခုအလား သူသည် ရွှေအင်မော်တယ်များ၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားကာ လက်ဝါးတစ်ချက်ဝှေ့ယမ်းလိုက်၏။
ဘုန်း...
ခပ်အုပ်အုပ်အသံတစ်သံ မြည်ဟီးသွားခြင်းနှင့်အတူ ရွှေအင်မော်တယ်သုံးယောက်လုံး လွင့်ထွက်သွားကာ မျက်နှာချင်းဆိုင်ရှိနံရံနှင့်ရိုက်ခတ်မိပြီး ချက်ချင်းသေဆုံးသွားတော့သည်။
အသက်ရှူချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက်...
မူချင်းထျန်သည် သူမ အသက်ရှင်သန်နေဆဲဖြစ်သည်ကို သိရှိသွားသဖြင့် သံသယအပြည့်ဖြင့် သူမ၏မျက်လုံးကိုဖွင့်လိုက်သည်။
သူမ၏မျက်လုံးကိုဖွင့်လိုက်သော အချိန်အခိုက်အတန့်၌ သူမရှေ့ရှိမြင်ကွင်းကို တွေ့မြင်မိလေ၏။
ရွှေအင်မော်တယ်လူထွားကြီးသုံးယောက်လုံး သေဆုံးသွားကာ သူတို့၏အလောင်းများမြေပြင်ပေါ်၌ လဲကျနေသည်ကို သူမ မြင်တွေ့မိသည်။
ထိုအလောင်းများ၏နံဘေး၌ ခံစားချက်ကင်းမဲ့သောမျက်နှာအမူအယာဖြင့် လူတစ်ယောက် မတ်တတ်ရပ်နေသည်။
မူချင်းချန်က ဤလူသည် သူမအား ကယ်တင်ခဲ့ခြင်းဖြစ်မည်ကို ချက်ချင်းသိနားလည်သွားသည်။
"ကျေးဇူးတင်ပါတယ်...."
"ကယ်တင်ရှင် နင်က အရမ်းတော်တာပဲ...."
"ငါ့ရဲ့နာမည်က မူချင်းချန်....ငါက မူအိမ်တော်ကပါ...ကယ်တင်ရှင်ရဲ့နာမည်ကို ငါ မေးလို့ရမလား...ငါက နင့်ရဲ့ကျေးဇူးကို ပြန်ပြီးပေးဆပ်ချင်လို့ပါ"
မူချင်းချန်က ကျေးဇူးတင်စွာဖြင့် ဆုကျူးကျင်းကိုကြည့်ကာ မေးမြန်းလိုက်သည်။
မူလက သူမသည် လုံးလုံးလျားလျားစိတ်ပျက်အားငယ်နေသော်လည်း မမျှော်လင့်ဘဲ သူမ ကယ်တင်ခြင်းခံလိုက်ရသည်။
သို့ရာတွင် မူချင်းချန်၏ကျေးဇူးတင်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ဆုကျူးကျင်းသည် အမူအယာကင်းမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ငါက ဘာမှတော်တဲ့ကောင် မဟုတ်ဘူး...ငါက မြေကမ္ဘာအင်မော်တယ် အစောင့်စစ်သားလေးတစ်ယောက်ပဲ...ငါ အခု တာဝန်ကျနေရာကိုသွားပြီး စောင့်ကြပ်တော့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူ ထွက်ခွာသွားတော့သည်။
Chapter 703
လမ်းပေါ်၌....
မူချင်းချန်သည် နေရာမှာပင် ကြက်သေသေနေကာ ဆုကျူးကျင်း၏နောက်ကျောပြင်ကိုကြည့်ပြီး သူမ၏မျက်နှာပေါ်၌ ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤလူသည် ရွှေအင်မော်တယ်သုံးယောက်ကိုလွယ်လင့်တကူဖြေရှင်းနိုင်ခဲ့သည့်တိုင် သူသည် လူတော်တစ်ယောက်မဟုတ်ဟု ပြောဆိုခဲ့သလော....
ထို့ပြင် သူ၏နာမည်ကိုပင် ပြောပြခဲ့ခြင်းမရှိချေ။
"ငါက သူ့ကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမှာလဲ"
"ဒါက တကယ့်ကို ပြဿနာပဲ"
မုချင်းချန်က ညည်းတွားလိုက်သည်။ထို့နောက် သူမသည် ရွှေအိမ်မော်တယ်သုံးယောက်၏အလောင်းများကို အဝေးသို့ဖယ်ထုတ်လိုက်၏။
ထိုအလောင်းများကို ဖယ်ထုတ်ပြီးနောက် မူချင်းချန်သည် လမ်းကြားအတွင်းမှ ထွက်လာခဲ့သည်။ဆုကျူးကျင်းသည် မြို့စောင့်စစ်သားတစ်ယောက်၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့်အား သူမ အမှတ်ရမိသည်။ထို့ပြင် သူသည် မြို့စောင့်စစ်သားတစ်ယောက်ဟုလည်း သူကိုယ်တိုင်ပြောဆိုသွားခဲ့သဖြင့် သူမ၏နီမြန်းသောနှုတ်ခမ်းပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။
နောက်တစ်နေ့၌....
ဆုကျူးကျင်းသည် သူ၏ပုံမှန်အချိန်အတိုင်း တာဝန်ကျနေရာသို့ သွားလိုက်သည်။
သူ၏သံချပ်ကာနှင့်ခေါင်းဆောင်းကို ဝတ်ဆင်ပြီးနောက် အမူအယာကင်းမဲ့စွာဖြင့် နေရာတွင်မတ်တတ်ရပ်၍ စောင့်ကြပ်နေလေ၏။
အရာအားလုံးသည် စည်းစနစ်တကျပင်။
တခြားအစောင့်စစ်သားများသည် အဆင့်နိမ့်ဆေးလုံးတချို့ကိုသောက်သုံးကာ သူတို့၏စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိ၌ စစ်ပွဲအချိန်ကာလဖြစ်သဖြင့် လူတိုင်းသည် စိတ်များမွန်းကြပ်နေပေ၏။ဤကဲ့သို့ပြင်းထန်သောဖိအားအောက်တွင် သူတို့၏စိတ်ဝိညာဥ်စွမ်းအားများ အလျှင်အမြန်ကုန်ဆုံးနေသည်။
ဆုကျူးကျင်းတစ်ယောက်တည်းသာ တာဝန်ကျနေရာ၌ မလှုပ်မယှက်မတ်တတ်ရပ်နေဆဲပင်။
ထိုအချိန်မှာပင် ဆုကျူးကျင်း၏မိတ်ဆွေ အစောင့်စစ်သားရောက်ရှိလာကာ သူ့၏အထောက်အပံပစ္စည်းများကို တစ်ဝက်ခွဲ၍ ဆုကျူးကျင်းအား ပေးလေ၏။
ဆုကျူးကျင်းသည် ဤအရာများကို မလိုအပ်ချေ။သို့ရာတွင် သူသည် ထိုအစောင့်စစ်သား၏ကြင်နာမှုကို မငြင်းဆန်လိုသဖြင့် ထိုပစ္စည်းများကို အစဥ်အမြဲလက်ခံခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ထိုအထောက်အပံ့ပစ္စည်းတစ်ဝက်ကို ယူဆောင်ပြီးနောက် ဆုကျူးကျင်းက ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
"ကျေးဇူးရှင်...ငါ နင့်ကိုလာတွေ့တာ...ငါက နင့်အတွက် အရသာရှိတာလေးတွေ ယူလာတယ်"
မိန်းကလေးတစ်ယောက်၏နူးညံ့ညံသာစွာ ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။ဤသည်မှာ မနေ့က ဆုကျူးကျင်းကယ်တင်ခဲ့သော မူချင်းချန်ပင်။
မူချင်းချန်သည် သူမ၏လက်အတွင်း၌ အစားအစာခြင်းတောင်းကိုကိုင်ကာ နံပါတ်ကိုးမြို့တံခါးထံသို့ ရောက်ရှိလာသည်။တချိန်တည်းမှာပင် သူမသည် ဆုကျူးကျင်းရှိနေသောနေရာကို မြင်တွေ့မိလေ၏။
သူမ၏ခန့်မှန်းချက်မှန်ကန်သဖြင့် သူမ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
သို့ရာတွင်....
မူချင်းချန်၏နှုတ်ဆက်မှုကို မြင်တွေ့ရသည့်တိုင် ဆုကျူးကျင်းသည် နေရာမှာပင် အမူအယာကင်းမဲ့စွာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး ဝတ်ကျေတန်းကျေ အဖြေပြန်ပေးသည်။
"အင်း...."
ထိုသို့ပြောဆိုပြီးနောက် သူ တိတ်ဆိတ်ငြိမ်သက်သွားသည်။
'အင်း'ဟူသော စကားလုံးတစ်လုံးနှင့် ရင်ဆိုင်ရချိန်တွင် မူချင်းချန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ယမန်နေ့က ဖြစ်ရပ်မှတစ်ဆင့် ဆုကျူးကျင်း၏အကျင့်စရိုက် မည်ကဲ့သို့ရှိသည်ကို သူမ သိရှိထားသဖြင့် ဂရုမစိုက်တော့ချေ။
ထိုအစား သူမသည် ဆောင့်ကြောင့်ထိုင်ကာ မြေပြင်ပေါ်၌ နေ့လည်စာခြင်းတောင်းကိုချပြီး သူမ ပြုလုပ်ခဲ့သော ဟင်းပွဲများကို ထုတ်ယူလိုက်၏။
"ကျေးဇူးရှင်.....ဒါက ငါ နင့်အတွက်ယူလာတဲ့ အစားအသောက်တွေပါ"
"ပူတုန်းလေးစားလိုက်အုံး...ဒါက ငါ နင့်ရဲ့ကျေးဇူးကို ပြန်ပေးဆပ်တဲ့အနေနဲ့ ကျွေးတာပါ"
မူချင်းချန်က ဆုကျူးကျင်းကိုကြည့်ကာ နူးညံညင်သာစွာပြောဆိုသည်။
ဤတစ်ကြိမ်တွင် ဆုကျူးကျင်း စကားမပြောဆိုသေးမီမှာပင် သူ၏နောက်၌ရှိသော အစောင့်စစ်သား၏မျက်လုံးများ တောက်ပသွားကာ နေရာမှနေ၍ ချက်ချင်းထွက်ခွာသွားတော့သည်။
"ညီငယ်လေး....ဒီနေ့ ငါ မင်းအတွက် နေ့လည်စာချန်မထားတော့ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် မြို့ရိုး၏တစ်နေရာ၌ ဆောင့်ကြောင့်ထိုင်ကာ အပြုံးတစ်ခုနှင့် ဆုကျူးကျင်းကို ကြည့်လိုက်သည်။
"ဒီညီငယ်လေးက ပုံမှန်အတိုင်းဆိုရင် အရမ်းစကားနည်းတယ်....ဒါပေမဲ့ သူက အသံတိတ်ပြီး ကိစ္စကြီးတွေလုပ်တတ်တဲ့လူမျိုး ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထိုအစောင့်စစ်သားသည် စိတ်လှုပ်ရှားမှုကို ခံစားမိလေ၏။
"ကျေးဇူးရှင်....မနေ့က နင် ငါ့ကိုကယ်ခဲ့တယ်....နင့်ကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ ငါ မသိဘူး"
မူချင်းချန်က အလေးအနက်ထား၍ပြောဆိုကာ မနေ့က သူမ မြင်တွေ့ခဲ့ရသည့် ဆုကျူးကျင်း၏ကြီးကျယ်ခမ်းနားသောပုံစံကိုတွေးတောရင်း သူမ၏လှပသောမျက်နှာလေး အနည်းငယ်နီမြန်းသွားသည်။
"ကျေးဇူးတင်ပါတယ်"
မူချင်းချန်ကိုကြည့်ပြီး ဆုကျူးကျင်းသည် ထပ်မံ၍ခေါင်းညိတ်ပြကာ ခံစားချက်ကင်းမဲ့သောအမူအယာဖြင့် အစားအသောက်များကို စားလိုက်သည်။
ဤကဲ့သို့ပုံစံအတိုင်း ရက်အနည်းငယ်ကြာသည်အထိ ဖြစ်ပွားနေခဲ့သည်။
နေ့စဉ်နေ့တိုင်း မူချင်းချန်သည် နေ့လည်စာစားချိန်အရောက်တွင် အိမ်ချက်အစားအသောက်များကို ယူဆောင်လာသည်။အကြိမ်တိုင်း ဆုကျူးကျင်းသည် ခေါင်းညိတ်ပြကာ သူမအား ကျေးဇူးတင်စကားပြောဆိုသည်။
လဝက်ကြာသည်အထိ မူချန်းချင်သည် ထိုသို့ပြုလုပ်နေဆဲပင်။
သို့ရာတွင် ယနေ့၌ မူချန်းချင်သည် လက်ဗလာဖြင့်ရောက်ရှိလာကာ အချိန်အတော်ကြာသည်အထိ တွေဝေတုံ့ဆိုင်းနေသည်။
ထို့နောက် သူမက ပြောဆိုသည်။
"ကျေးဇူးရှင်....ငါ့ရဲ့အိမ်ကိုလိုက်ပြီးတော့ နေ့လည်စာ လိုက်စားပါလား....အရင်တစ်ကြိမ်တုန်းက နင် ငါ့ကိုကယ်တင်ခဲ့တဲ့အတွက် ငါ့ရဲ့အဖေကလည်း နင့်ကို ကျေးဇူးတင်စကားပြောချင်နေတယ်"
မူချင်ချန်းက မျှော်လင့်စောင့်စားသောအကြည့်ဖြင့် ဆုကျူးကျင်းကို ကြည့်လိုက်၏။
ယနေ့တွင် သူမ ပြင်ပသို့ထွက်မလာမီ သူမ၏ဖခင်မှ အစားအသောက်ခြင်းကို သိမ်းဆည်းသွားခဲ့သည်။ထို့နောက် သူသည် ဆုကျူးကျင်းကို အိမ်တွင်ထမင်းလာစားရန်ဖိတ်ခေါ်ကြောင်း တည်ကြည်လေးနက်စွာ ပြောဆိုသည်။ထိုသို့ပြုလုပ်မှသာ သူကိုယ်တိုင် ဆုကျူးကျင်းကို ကျေးဇူးတင်စကား ပြောဆိုနိုင်ပေမည်။
မူချင်းချန်သည် ထိုအကြောင်းကို တွေးတောကြည့်ချိန်၌ ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသဖြင့် သူမ သဘောတူညီလိုက်သည်။
"သူ လာလိမ့်မယ်...သူ လာမှာပေါ့..."
ဤတစ်ကြိမ်တွင် ဆုကျူးကျင်း စကားပြောဆိုမည်ကို စောင့်ဆိုင်းမနေဘဲ သူ၏မိတ်ဆွေအစောင့်စစ်သားက သူ့အစား သဘောတူညီလိုက်သည်။
"ညီငယ်လေး....အစ်ကိုကြီးက မင်းအတွက် ကူညီပေးလိုက်တာပဲ"
အစောင့်စစ်သားက ပေါ့ပေါ့ပါးပါးပါးပြောကာ ဆုကျူးကျင်းကို မျက်စပစ်လိုက်သည်။
"အင်း...."
ဆုကျူးကျင်းက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်၏။
"ကျေးဇူးရှင်...အရမ်းကောင်းတာပဲ"
မူချင်းချန်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားကာ သူမသည် မြို့အဝင်ဝရှိ စားသောက်ဆိုင်အတွင်း၌ ထိုင်လိုက်သည်။ ထို့နောက် သူမ၏မေးကိုထောက်၍ထိုင်ကာ ဆုကျူးကျင်း အလုပ်ဆင်းမည်အချိန်ကို စောင့်ဆိုင်းလိုက်၏။
နောက်ဆုံး၌ ဆုကျူးကျင်းသည် တာဝန်ချိန်ပြီးဆုံးသွားသဖြင့် သူမက ဝမ်းသာပျော်ရွှင်စွာဖြင့် လမ်းပြခေါ်ဆောင်ခဲ့တော့သည်။
မူအိမ်တော်....
မူချင်းချန်၏ဦးဆောင်မှုအောက်၌ ဆုကျူးကျင်းသည် ပင်မခန်းမအတွင်းသို့ ရောက်ရှိလာခဲ့သည်။
"ကျေးဇူးရှင်...ဒါက ငါ့ရဲ့အဖေပါ"
"အဖေ....ဒါက ကျွန်မကိုကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ပဲ"
မူချင်းချန်သည် အတိုချုပ်မိတ်ဆက်ပေးပြီးနောက် ဆုကျူးကျင်းနှင့်မူမိသားစုခေါင်းဆောင်တို့ အချင်းချင်းသိကျွမ်းသွားလေပြီ။
"တွေ့ရတာ ဝမ်းသာပါတယ်"
ဆုကျုးကျင်းသည် မူချင်းချန်၏ဖခင်ကိုကြည့်ပြီးနောက် အမူအယာကင်းမဲ့စွာပြောဆိုသည်။
တခြားတစ်ဖက်တွင်ရှိနေသော မူမိသားစုခေါင်းဆောင်သည် ဆုကျူးကျင်းကိုကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တစ်ခုခုမှားယွင်းနေလေပြီ။
ဤသည်မှာ ရွှေအင်မော်တယ်များထက် ပို၍အစွမ်းထက်သူမဟုတ်လော....
မည်သည်ကြောင့် သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေသနည်း။
သမီးဖြစ်သူ၏ပြောစကားများအရ သူမသည် သူ၏ရန်သူများမှ လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းပင်။ထိုလူများအားလုံးသည် ရွှေအင်မော်တယ်များဖြစ်သဖြင့် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မူချင်းချန်ကို သတ်ဖြတ်နိုင်စွမ်းရှိသည်။
ဆုကျူးကျင်းသည် ရွှမ်အင်မော်တယ်တစ်ယောက်ဖြစ်နေမည်ဟု မူမိသားစုခေါင်းဆောင်က ခန့်မှန်းမိသည်။
သူသည် ရွှေမော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိနေသည်။
သူ၏သမီးဖြစ်သူသည် ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် လက်ထပ်နိုင်ပါက ကိစ္စကောင်းတစ်ခုဖြစ်ပေမည်။
ရလဒ်အနေဖြင့် မူမိသားစုခေါင်းဆောင်သည် မူချင်းချန်မှနေ၍ ဆုကျူးကျင်း၏အနီးသို့ ချဉ်းကပ်နေခြင်းကို မဟန့်တားခဲ့ချေ။
ယနေ့တွင် သူ့အားနေ့လည်စာဖိတ်ကျွေးခြင်းသည် ဤဆက်ဆံရေးအား အဆင့်မြှင့်တင်ရန်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့ရှေ့ရှိ ဆုကျူးကျင်းသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သာဖြစ်နေကြောင်း မြင်တွေ့မိသည်။ထို့ကြောင့် သူ၏မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်းပျောက်ကွယ်သွားပေ၏။
"အရင်ဆုံးစားကြစို့"
"ဒါနဲ့ ချင်းချန်...နောက်ထပ်စွပ်ပြုတ်ပူတစ်ခွက်လောက် မီးဖိုချောင်မှာ သွားလုပ်လိုက်အုံး...မင်းက ကိုယ်တိုင်ကိုယ်ကျလုပ်ပြီးတော့ ကျေးဇူးရှင်အပေါ် မင်းရဲ့ကျေးဇူးသိတတ်မှုကို ပြရမယ်"
မူမိသားစုခေါင်းဆောင်က မူချင်းချန်ကို ပြောဆိုသည်။
"ဟုတ်ကဲ့"
မူချင်းချန်သည် အနည်းငယ်မျှစဉ်းစားခြင်းမပြုဘဲ မီးဖိုချောင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။
မူချင်းချန်ထွက်ခွာသွားပြီးနောက် ဆုကျူးကျင်းသည် ထိုင်ခုံပေါ်၌ အမူအယာကင်းမဲ့စွာထိုင်နေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုချေ။
မူမိသားစုခေါင်းဆောင်သည် မူချင်းချန်ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။ထို့နောက် သူသည် အဆင့်နိမ့်အင်မော်တယ်ရတနာတစ်ခုကို ထုတ်ယူကာ ဆုကျူးကျင်း၏ရှေ့သို့ ချလိုက်၏။
"ဒါကို ယူလိုက်စမ်း...အဆင့်နိမ့်အင်မော်တယ်ရတနာတစ်ခုက ငါ့ရဲ့သမီးကိုကယ်တင်ခဲ့တဲ့ မင်းရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ လုံလောက်တယ်"
"ကျန်တဲ့ကိစ္စတွေကိုတော့ မင်း နည်းနည်းလေးတောင်မစဉ်းစားနဲ့...မြေကမ္ဘာအင်မော်တယ်လေးတစ်ယောက်က ငါ့ရဲ့သမီးကို လိမ်ညာချင်နေတာလား....မင်းက ငန်းသားစားချင်နေတဲ့ ဖားပြုတ်တစ်ကောင်ပဲ"
"ဒီအဆင့်နိမ့်အင်မော်တယ်ရတနာကိုယူပြီး ထွက်သွားတော့....နောင်အနာဂတ်ကျရင် မင်း ငါ့ရဲ့သမီးနဲ့ နည်းနည်းလေးတောင် မပတ်သက်နဲ့"
မူမိသားစုခေါင်းဆောင်က ဆုကျူးကျင်းကိုကြည့်ကာ အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"အင်း...."
ဆုကျူးကျင်းသည် မူမိသားစုခေါင်းဆောင်မှ သူ့အားထွက်ခွာသွားရန် ပြောဆိုသည်ကို ကြားချိန်တွင် မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"ဒီအဆင့်နိမ့်အင်မော်တယ်ရတနာကို ယူသွားအုံး"
မူမိသားစုခေါင်းဆောင်က သတိပေးသည်။
သူ၏အမြင်အရ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို ကျေးဇူးဆပ်ရန်အတွက် အဆင့်နိမ့်အင်မော်တယ်ရတနာတစ်ခုသည် လုံလောက်ပေ၏။
"ငါက ဒီနေရာကို နေ့လည်စာစားဖို့ ရောက်လာတာ....မင်းအတွက် အမှိုက်ပစ်ပေးဖို့ မဟုတ်ဘူး"
ဆုကျူးကျင်းက သူ၏ခေါင်းကိုခါယမ်းကာ ထိုအဆင့်နိမ့်အင်မော်တယ်ရတနာကို တချက်ပင်လှည့်ကြည့်ခြင်းမပြုဘဲ ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး မူမိသားစုခေါင်းဆောင်က သရော်တော်တော်ပြုံးလိုက်၏။ထို့နောက် အဆင့်နိမ့်အင်မော်တယ်ရတနာကို သူ၏အင်္ကျီလက်အတွင်းသို့ ပြန်သိမ်းကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဟမ့်.....သူကအဆင့်နိမ့်အင်မော်တယ်ရတနာကိုတောင် ယူမသွားဘူး....မာန်မာနကြီးချင်ယောင်ဆောင်နေတဲ့ကောင်ပဲ..."
မူမိသားစုခေါင်းဆောင်က သရောတော်တော်ပြောဆိုလိုက်သည်။ဆုကျူးကျင်းသည် ပစ္စည်းကိုယူဆောင်မသွားသည့်အတွက် သူ ပို၍ပင်သက်သာသွားလေပြီ။
ထိုအချိန်မှာပင်....
မူချင်းချန်သည် သူမကိုယ်တိုင်ပြုလုပ်ထားသော စွပ်ပြုတ်တစ်ခွက်ကိုကိုင်ကာ မီးဖိုချောင်မှပြန်ရောက်လာသည်။
သို့ရာတွင် ဆုကျူးကျင်း ထွက်ခွာသွားပြီဖြစ်ကြောင်းကို သူမ တွေ့မြင်မိလေ၏။
"အဖေ....ကျေးဇူးရှင် ဘယ်ရောက်သွားပြီလဲ"
မူချင်းချန်က သူမ၏ဖခင်ကို သံသယအပြည့်ဖြင့်ကြည့်ကာ မေးမြန်းသည်။
"အော် ကျေးဇူးရှင်က ပြောသွားတယ်...သူ့ရဲ့သနားကြင်နာမှုအတွက် မင်း ပြန်ပြီးပေးဆပ်ပြီးပြီ....ဒါကြောင့် အခုချိန်ကစပြီး သူနဲမင်းကြားမှာ ပတ်သက်ဖို့မလိုတော့ဘူး"
မူမိသားစုခေါင်းဆောင်က ခပ်ဖျော့ဖျော့ပြုံးကာ စွပ်ပြုတ်ပန်းကန်ကိုယူပြီး သောက်လိုက်သည်။
"အဲ့ဒီလိုလား....."
မူချင်းချန်သည် သူမဖခင်၏စကားများကို နားထောင်ပြီးနောက် သူမ၏မျက်နှာပေါ်၌ ဇဝေဇဝါအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။သူမသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"မဟုတ်ဘူး...ကျွန်မ သူ့ကို သွားမေးမယ်"
မူချန်းချင်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် ဆုကျူးကျင်း၏နောက်သို့လိုက်ကာ ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးမြန်းလိုသည်။
သို့ရာတွင် သူမ၏ဖခင်သည် သူ့၏လက်ကို ဝှေ့ယမ်းကာ သူမကို ဟန့်တားထားလေ၏။
"အခုချိန်ကနေစပြီး အဲ့ဒီကိစ္စကို မစဉ်းစားနဲ့တော့"
"မြေကမ္ဘာအင်မော်တယ်တစ်ယောက်က မင်းနဲ့မထိုက်တန်ဘူး....ငါ သူ့ကို မောင်းထုတ်လိုက်ပြီ"
"ချင်းချန်....အဖေ ဒီလိုလုပ်ရတာက မင်းရဲ့ကောင်းကျိုးအတွက်ပဲ...မဟုတ်ရင် မင်းရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး နောင်တရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် မူချင်းချန်ကို ပင်မခန်းမအတွင်း၌ ဝင်္ကပါတစ်ခုဖြင့်ပိတ်လှောင်ကာ ပြင်ပသို့ထွက်ခွာသွားတော့သည်။
Chapter 704
ဆုကျူးကျင်းသည် မနေ့က မူအိမ်တော်၌ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး ဂရုမစိုက်ချေ။
"ညီငယ်လေး....မင်း မနေ့က မူအိမ်တော်မှာ ထမင်းသွားစားတာ ဘယ်လိုအခြေအနေရှိလဲ"
"အဲ့ဒီကောင်မလေး ဘာလို့ ဒီနေ့မလာတော့တာလဲ"
အစောင့်စစ်သားက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းသည်။
ဆုကျူးကျင်းသည် တိတ်ဆိတ်ငြိမ်သက်နေကာ သူ၏တာဝန်ကျနေရာ၌ စောင့်ကြပ်နေဆဲပင်။
အစောင့်စစ်သားသည် ကိုးရိုးကာယားပြုံးကာ ဆုကျူးကျင်း၏အကျင့်စရိုက်ကို သိရှိထားသဖြင့် သူ မည်သည့်စကားကိုမျှ ထပ်မံ၍မပြောဆိုတော့ချေ။
ရှင်းလော့မြို့တော် ပင်မခန်းမအတွင်း၌....
လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းသည် ယခင်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှင့် ပတ်သက်သောသတင်းကို ရှင်းထျန်းနန်ထံသို့ သတင်းပို့လေ၏။
"မင်း ဆိုလိုချင်တာ အဲ့ဒီဆရာကြီးက ဖြတ်သွားဖြတ်လာတစ်ယောက် သက်သက်လား"
ရှင်းထျန်းနန်က မျက်မှောက်ကြုတ်ကာ သံသယအပြည့်ဖြင့် ကျန်းချန်းကို စူးစိုက်၍ကြည့်လိုက်သည်။
"အမှန်ပါပဲ...အခုချိန်မှာ ဒီအကြောင်းအရင်းတစ်ခုတည်းပဲဖြစ်နိုင်တယ်"
ကျန်းချန်းက ခေါင်းညိတ်ပြလေသည်။လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူသည် နေရာအနှံ့အပြား၌ စုံစမ်းခဲ့သော်လည်း မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ချေ။
ထို့ကြောင့် ဖြစ်နိုင်ချေအရှိဆုံးအချက်မှာ ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူသည် ဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပင်။
"ဟူး...."
ရှင်းထျန်းနန်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်ကာ ဤရလဒ်ကိုလက်ခံရုံသာ တတ်နိုင်တော့သည်။ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ကျန်းချန်းကိုထွက်ခွာသွားရန် အချက်ပေးလိုက်၏။
ကျန်းချန်းသည် ချက်ချင်းဆိုသလိုပင်ခန်းမအတွင်းမှ ရိုသေလေးစားသောအပြုအမူဖြင့် ထွက်ခွာသွားကာ သူ၏မျက်နှာပေါ်၌ ခါးသည်းသောအမူအယာတစ်ရပ် ရှိနေသည်။
ကျန်းချန်းသည် စိတ်ပျက်လက်ပျက်ဖြင့် မြို့တံခါးများထံသို့သွားကာ ကင်းလှည့်စစ်ဆေးလိုက်တော့သည်။
"စိတ်ပျက်ဖို့ကောင်းတာတစ်ခုကတော့ အဲ့ဒီအစွမ်းထက်ကျင့်ကြံသူက ဖြတ်သွားဖြတ်လာတစ်ယောက် ဖြစ်နေတာပဲ....မဟုတ်ရင် ငါတို့ရှင်းလော့ကုန်းမြေအတွက် အစွမ်းထက်တဲ့အကူအညီတစ်ယောက် ရှိလာနိုင်တယ်"
ကျန်းချန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
သို့ရာတွင် သူ အမှတ်ကိုးမြို့တံခါးထံသို့ ရောက်ရှိခါနီးအချိန်တွင် အစွမ်းထက်သောအရှိန်အဝါအမြောက်အများနှင့်အတူယှဉ်တွဲ၍ စိုးရိမ်ပူပန်တကြီးပြောဆိုသံများ ထွက်ပေါ်လာသည်။
"လက်ထောက်ကုန်းမြေအရှင်....သူတို့ကို ဟန့်တားပေးပါအုံး တာရီကုန်းမြေကလူတွေက မြို့တံခါးအနီးမှာ ချောင်းမြောင်းပြီးတော့မြို့တော်ထဲကိုခိုးဝင်ဖို့ ကြံစည်နေကြတယ်...သူတို့ကို ကျွန်တော်က ရှာတွေ့ခဲ့တာကြောင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တယ်...ဒါပေမဲ့ သူတို့က မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိသွားတာကြောင့် သူတို့ကိုယ်သူတို့ဖောက်ခွဲပြီး မြို့တံခါးကိုဖျက်ဆီးဖို့ ကြံရွယ်နေကြတယ်"
"သူတို့ကို ဟန့်တားပေးပါအုံး"
လူတစ်ယောက်က ကျန်းချန်း၏ရှေ့သို့ ရောက်ရှိလာကာ ဆောက်တည်ရာမရသောအသံဖြင့် ပြောဆိုသည်။
ဘာ....
ဤကဲ့သို့ ကိစ္စတစ်ခု ရှိနေသလော....
ထိုစကားကိုကြားချိန်တွင် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် ကျန်းချန်းသည် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ကာ သူ၏နေလအင်မော်တယ်နယ်ပယ်စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။ထို့နောက် သူသည် တာရီကုန်းမြေမှလာသော ကြယ်အင်မော်တယ်ကျင့်ကြံသူများကို သူ၏စွမ်းအားဖြင့် ချက်ချင်းလွှမ်းခြုံလိုက်၏။
"ငါ သူတို့ကို ထိန်းထားလိုက်မယ်"
ကျန်းချန်းက အော်ဟစ်လိုက်သည်။
အကယ်၍ သူသည် ဤလူများ၏အကြံအစည်ကို အောင်မြင်ခွင့်ပြုလိုက်ပါက မည်ကဲ့သို့အကျိုးဆက်များ ဖြစ်ပွားလာမည်ကို နားလည်သဘောပေါက်သည်။
ဤသည်မှာ မြို့တော်၏ အကာအကွယ်ဝင်္ကပါအား အလွန်အမင်းထိခိုက်ပျက်စီးစေပေမည်။
ထိုအကာအကွယ်ဝင်္ကပါကြီးမရှိတော့ပါက နောင်အနာဂတ်တွင် မြို့တော်သို့ကျရောက်လာနိုင်သော ဘေးအန္တရာယ်များ ပို၍မြင့်မားလာပေမည်။
သို့ရာတွင် ကျန်းချန်း၏နှောက်ယှက်မှုကို အာရုံခံမိသဖြင့် ကြယ်အင်မော်တယ်များအနက်မှတစ်ယောက်က သူ့ထံသို့ တရကြမ်းပြေးဝင်လာသည်။
ဘုန်း....
ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ ထိုလူသည် သူ့ကိုယ်သူ ချက်ချင်းဖောက်ခွဲလိုက်၏။
ကြယ်အင်မော်တယ်တစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်းဖြစ်သဖြင့် ထွက်ပေါ်လာသောစွမ်းအားသည် အသေးအမွှားကိစ္စမဟုတ်ချေ။နေလအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်ရှိသော ကျန်းချန်း၏ခွန်အားပင်လျှင် တည်ငြိမ်ခြင်းမရှိတော့ချေ။
တချိန်တည်းမှာပင် ထိုလူ၏ဖောက်ခွဲမှုမှ အကြွင်းအကျန်စွမ်းအားလှိုင်းများသည် မြို့တံခါးရှေ့ရှိမြေပြင်ကို ကွဲထွက်သွားစေကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။
ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ကြွင်းကျန်သော ကြယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် မြို့တံခါးထံသို့ တဟုန်ထိုးပြေးဝင်လိုက်ကြ၏။
သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် မြို့တောင်ဘက်ရှိနံပါတ်ကိုးမြို့တံခါးပင်။
"သောက်ချေးပဲ
ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းချန်း ထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် ထိုလူများအား တားဆီးရန်ဟန်ပြင်လိုက်သော်လည်း အစောပိုင်းက ကြယ်အင်မော်တယ်၏ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုကြောင့် သူ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း သိရှိလိုက်ရသည်။
အမှတ်ကိုးမြို့တံခါးသည် သူနှင့်အနည်းငယ်အလှမ်းကွာဟနေသည့်အချက်ကို ပေါင်းလိုက်ပါက ထိုလူများအား သူ ဟန့်တားရန်မှာ မည်သို့မျှမဖြစ်နိုင်ချေ။
ဤအချိန်အခိုက်အတန့်တွင် ကျန်းချန်း၏မျက်လုံးသူငယ်အိမ်များ သွေးနီရောင်သန်းနေကာ သူ၏နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်၏။
သူ၏မျက်နှာပေါ်တွင် မလိုလားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်၌ သူ ပြုလုပ်နိုင်သည်မှာ ဆုံးရှုံးမှုကို တတ်နိုင်သမျှလျှော့ချရန်ပင်။
ထို့ကြောင့် သူ၏အင်မော်တယ်စွမ်းအားများဖြင့် ရောယှက်နေသောအသံက သူ့၏ပါးစပ်မှ ထွက်ပေါ်လာသည်။
"ရန်သူတွေ တိုက်ခိုက်နေကြပြီ"
"ကြယ်အင်မော်တယ်ကျင့်ကြံသူတွေ သူတို့ကိုယ်သူတို့ ဖောက်ခွဲနေကြတယ်...မင်းတို့အားလုံး အခုချက်ချင်း အဝေးကိုပြေးပြီးပုန်းအောင်းနေကြစမ်း"
ကျန်းချန်းက ဆောက်တည်ရာမရဖြစ်နေသောအသံဖြင့် အမှတ်ကိုးမြို့တံခါးတွင် စောင့်ကြပ်နေသောအစောင့်များကို အော်ဟစ်ပြောဆိုလိုက်သည်။
ထိုအော်သံကိုကြားချိန်တွင်....
အစောင့်များသည် ဒယ်အိုးပူတလုံးပေါ်ရှိ ပုရွက်ဆိတ်များအလား အဝေးတစ်နေရာသို့ အလျှင်အမြန် ထွက်ပြေးသွားကြတော့သည်။
ထိုအစောင့်များ ပြေးထွက်သွားသည်ကိုကြည့်ပြီး ကျန်းချန်း၏မျက်နှာအမူအယာ အနည်းငယ်ကောင်းမွန်သွားသည်။
သို့ရာတွင် သူသည် မည်သည့်အသေအပျောက်မျှမရှိနိုင်ဟု တွေးတောကာ ဝမ်းသာပျော်ရွှင်နေစဉ်မှာပင် ရူးသွပ်နေသောစစ်သားတစ်ယောက်သည် မြို့တံခါးရှေ့၌ မလှုပ်မယှက်မတ်တတ်ရပ်နေဆဲဖြစ်သည်ကို သူ မြင်တွေ့မိလေ၏။
"အဲ့ဒီအစောင့်စစ်သားက ရူးနေတာလား"
ကျန်းချန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ညီငယ်လေး....မြန်မြန်ပြေးတော့"
တခြားတစ်ဖက်တွင် ဆုကျူးကျင်း၏မိတ်ဆွေ အစောင့်စစ်သားကလည်း စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။ကြယ်အင်မော်တယ်များ၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသောစွမ်းအားသည် သူတို့ကဲ့သို့ မြေကမ္ဘာအင်မော်တယ်များ ခုခံနိုင်မည့် တစ်စုံတစ်ခုမဟုတ်ချေ။
သို့ရာတွင် ဆုကျူးကျင်းသည် နေရာ၌ မလှုပ်မယှက်မတ်တတ်ရပ်နေဆဲပင်။
"ဒါက အဆုံးသတ်သွားပြီ"
တခြားလူများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကြယ်အင်မော်တယ်များ၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်းပင်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် ပေါက်ကွဲသွားပြီး အရိုးအစအနပင် ကျန်ရှိမည်မဟုတ်ချေ။
ဆုကျူးကျင်း၏မိတ်ဆွေ အစောင့်စစ်သား၏မျက်လုံးအိမ်များ စိုစွတ်စပြုလာသည်။သူသည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲတော့မည်ဖြစ်သော ဆုကျူးကျင်းကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"အဲ့ဒီကောင်လေးက တော်တော်လေးရူးမိုက်တာပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းသည် စိတ်မသက်မသာ ခံစားလိုက်ရသည်။သူသည် လေထုအတွင်းသို့ ပျံသန်းရန်ပင် ခွန်အားမရှိတော့သဖြင့် ဤကိစ္စကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာတတ်နိုင်ပေ၏။ဤအချိန်အခိုက်အတန့်တွင် သူသည် အလွန်အမင်းအသက်အိုမင်းသွားပုံရသည်။
ဤပေါက်ကွဲမှုကြောင့် ထိုအစောင့်စစ်သား၏အသက် ဆုံးရှုံးသွားနိုင်သည်။ထို့ပြင် သူ လက်ခံနိုင်ရန်အတွက် အခက်ခဲဆုံးကိစ္စမှာ မြို့တော်၏အကာအကွယ် ဝင်္ကပါကြီးသည် အကြီးအကျယ်ထိခိုက်သွားမည့်အချက်ပင်။
ကျန်းချန်းသည် ထိုမြင်ကွင်းကို မကြည့်လိုသဖြင့် သူ၏ခေါင်းကို အောက်သို့ငုံလိုက်၏။
သို့ရာတွင်....
အသက်တစ်ရှိုက်စာ ကြာမြင့်ပြီးနောက် မည်သည့်ပေါက်ကွဲသံမျှ ထွက်ပေါ်မလာချေ။ ထို့နောက် အသက်ဆယ်ရှိုက်စာကုန်ဆုံးသွားသည့်တိုင် မည်သည့်လှုပ်ရှားသံကိုမျှ မကြားရပေ။
ဤသည်ကြောင့် ကျန်းချန်းသည် ဇဝေဇဝါဖြစ်သွားလေ၏။ထို့ကြောင့် သူသည် အံ့တင်းတင်းကြိတ်ကာ ခေါင်းမော့၍ကြည့်လိုက်သည်။
ဂေ့....
သူ့ရှေ့ရှိမြင်ကွင်းသည် သူ့အား ချက်ချင်းကြက်သေသေသွားစေကာ သူ၏ပါးစပ်မှနေ၍ ဝမ်းဘဲအော်သံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။
သူတို့ကိုယ်သူတို့ ဖောက်ခွဲရန်ဟန်ပြင်နေသော ကြယ်အင်မော်တယ်တချို့သည် တုံးအသောစစ်သားကြောင့် မြေပြင်ပေါ်၌လဲကျနေကာ သူတို့၏မျက်နှာများပေါ်၌ အလွန်အမင်းနာကျင်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ထို့ပြင် သူတို့ကိုယ်သူတို့ဖောက်ခွဲမည့် အရှိန်အဝါများသည် အလျှင်အမြန်လျော့ကျသွားပုံရသည်။
Chapter 705
ကျန်းချန်းသည် ကြက်သေသေနေပေ၏။
ဤသည်မှာ ထူးခြားနေသည်မဟုတ်လော....
ထိုကြယ်အင်မော်တယ်များသည် သူတို့ကိုယ်သူတို့ဖောက်ခွဲရန် ဟန်ပြင်နေသည်မဟုတ်လော....
သူတို့ကိုယ်သူတို့ ဖောက်ခွဲမည့်စွမ်းအားများသည် ဖိနှိပ်ခြင်းခံလိုက်ရသလော...
ဤအစောင့်စစ်သားသည် မည်သူဖြစ်သနည်း....
ကျန်းချန်းသည် ထိုမြင်ကွင်းကိုစူးစိုက်၍ကြည့်ကာ အားတင်း၍ ထိုနေရာသို့ အလျှင်အမြန်ပျံသန်းသွားလိုက်သည်။
ထိုနေရာအနီးသို့ရောက်ရှိချိန်၌ သူသည် ထိုအစောင့်စစ်သားကို မှတ်မိသွားလေပြီ။ဤသည်မှာယခင်တစ်ကြိမ်တွင် ကုန်းမြေအရှင် စိတ်မကျေမနပ်ဖြစ်ခဲ့သော အစောင့်စစ်သားမဟုတ်လော။
ကြည့်ရသည်မှာ ထိုအစောင့်စစ်သား၏နာမည်သည် ဆုကျူးကျင်းဟု ခေါ်ပုံရသည်။
သို့ရာတွင် အံ့အားသင့်ဖို့ကောင်းသည်မှာ ထိုအစောင့်စစ်သားသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် မဟုတ်လော....
မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် ဤမျှထိ အလွန်အစွမ်းထက်သလော...
ကြယ်အင်မော်တယ်များ၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်းအား ပြန်လည်၍ဖိနှိပ်နိုင်ရန်ကို အနည်းဆုံးအနေဖြင့် နေလအင်မော်တယ်နှင့် အထက်အဆင့် ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်ပေမည်။
ကျန်းချန်းက ဆုကျူးကျင်း၏အရှေ့သို့ ပျံသန်းသွားလိုက်သည်။ကြယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် ဆုကျူးကျင်း၏ခြေထောက်ဖြင့် တက်နင်းခြင်းကို ခံထားရသည့်အပြင် သူတို့၏ဒန်တျန်များကို ဖျက်ဆီးခံထားရကြောင်း သူ မြင်တွေ့မိသည်။
သူသည် အသက်ပြင်းပြင်းရှိုက်ကာ ခေါင်းမော့၍ သူရှေ့ရှိအစောင့်စစ်သားကို ကြည့်လိုက်သည်။
"ဆုကျူးကျင်း....မင်း...မင်း..."
ကျန်းချန်သည် ပါးစပ်ဟလိုက်သော်လည်း မည်သည့်အရာအား ပြောဆိုရမည်ကို မသိတော့ချေ။
တခြားလူများသည်လည်း ထိုမြင်ကွင်းကိုမြင်ချိန်၌ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
"ဘာတွေဖြစ်သွားတာလဲ...."
လက်ရှိနေရာတွေရှိနေသူများအားလုံး ကြက်သေသေနေသည်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် ကြယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများကို တက်နင်းခဲ့သည်မှာ ကောင်းကင်ဘုံကိုပင်ဆန့်ကျင်နေသော ကိစ္စမဟုတ်လော....
လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာများထက်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့၏အမှတ်ကိုးမြို့တံခါး၌ အထွတ်အထိပ်ဆရာကြီးတယောက်ရှိနေကြောင်း သူတို့သိနားလည်သွားလေပြီ။
အစောင့်တပ်ခေါင်းဆောင်ကျန်းချွမ်က ထိတ်လန့်ကြောက်ရွံ့သော အမူအယာဖြင့် ဆုကျူးကျင်းကိုကြည့်လိုက်သည်။သူသည် ဆုကျူးကျင်းအပေါ်တွင် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့ခြင်း မရှိသော်လည်း အလွန်ပျော့ပျောင်းခဲ့သည်မဟုတ်ချေ။
"ညီငယ်လေးက အခုကြည့်ကြည့်တော့မှ အရမ်းအစွမ်းထက်တာပါလား"
"သူက အမြဲတမ်း တိတ်တဆိတ်နေခဲ့တယ်...ညီငယ်လေးက တုံးအတယ်လို့ ငါ ထင်ခဲ့ပေမယ့် အခုကြည့်ကြည့်တော့မှ သူက လူတွေအားလုံးကို အထင်သေးနေတာပါလား"
နံဘေးတဖက်တွင်ရှိနေသော အစောင့်စစ်သားသည် ဆုကျူးကျင်း ခေါင်းမာစွာဖြင့် နေရာမှာပင် မတ်တပ်ရပ်နေဆဲဖြစ်သည်ကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ရပ် ထင်ဟပ်လာသည်။
ရက်ပေါင်းများစွာကြာအောင် သူ ညီငယ်လေးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့မိသူသည် နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်ကြောင်း တွေးတောမိချိန်၌ သူ၏စိတ်နှလုံးသား တုန်ရီသွားသည်။
သို့ရာတွင်....
လူများအားလုံး၏အံအားတသင့်အကြည့်များဖြင့် ရင်ဆိုင်ရသည့်တိုင် ဆုကျူးကျင်းသည် အမူအယာကင်းမဲ့စွာဖြင့် မြို့တံခါးရှေ့ရှိ တာဝန်ကျနေရာတွင် မတ်တတ်ရပ်နေဆဲပင်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းချန်းက သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဆုကျူးကျင်း...မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘာလဲ"
"မြေကမ္ဘာအင်မော်တယ်...."
ဆုကျူးကျင်းက အမူအရာကင်းမဲ့စွာဖြင့် တုံ့ပြန်သည်။
ကျန်းချန်း၏နှုတ်ခမ်း တဆတ်ဆတ်တုန်ရီသွားကာ အော်ဟစ်မိတော့လုမတတ်ပင်။
'မင်းက မြေကမ္ဘာအင်မော်တယ်ဆိုရင် ကြယ်အင်မော်တယ်တွေကို ဖိနှိပ်နိုင်မှာလား'
သို့ရာတွင် သူ ဆက်လက်၍ စကားပြောဆိုတော့မည့် အချိန်မှာပင်....
မြို့၏ပြင်ပသို့ အစွမ်းထက်သော အရှိန်အဝါတချို့ ထပ်မံ၍ရောက်ရှိလာသည်။
ဤအချိန်အခိုက်အတန့်တွင်....
တာရီကုန်းမြေမှ နေလအင်မော်တယ်များ လေထုအတွင်းမှ ဆင်းသက်လာကြ၏။
သူတို့ထံမှနေ၍အလွန်ပြင်းထန်သောအရှိန်အဝါများထွက်ပေါ်နေသည်
ထိုလူများ၏ဖိအားအရှိန်အဝါအောက်တွင် ကျန်းချန်သည် သူကိုယ်သူ မတ်တတ်ရပ်နိုင်ရုံသာ တောင့်ခံထားနိုင်ပြီး တခြားလူများ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဟမ့် အမှိုက်တစ်သိုက်...."
ထိုနေလအင်မော်တယ်များသည် ဒန်တျန်ပျက်စီးသွားသော ကြယ်အင်မော်တယ်များကိုကြည့်ကာ အေးစက်စက်အော်ငေါက်လိုက်သည်။ထို့နောက် သူတို့သည် မည်သည့်အပိုစကားတစ်ခွန်းမျှမဆိုဘဲ စတင်၍တိုက်ခိုက်ကြတော့သည်။
ဘုန်း.....
ပြင်းထန်သောတိုက်ခိုက်မှုဆယ်ခုကျော်သည် မြို့တော်၏အကာအကွယ်ဝင်္ကပါကြီးပေါ်သို့ တိုက်ရိုက်ကျရောက်သွားလေ၏။
အကာအကွယ်ဝင်္ကပါကြီး တုန်ခါသွားခြင်းကြောင့် မြို့တစ်မြို့လုံးလည်း တုန်ခါသွားသည်။
မြို့တော်အတွင်းရှိ မရေမတွက်နိုင်သောအိမ်များ ယိမ်းယိုင်စပြုလာကာ မြေပြင်ပေါ်၌ အက်ကွဲကြောင်းကြီးများ စတင်၍ထွက်ပေါ်လာသည်။
"တာရီကုန်းမြေကလူတွေ လာပြီးတိုက်ခိုက်တာလား"
"ပြေးကြတော့"
"ရှေ့တန်းမှာ စစ်ပွဲဖြစ်နေတာ မဟုတ်ဘူးလား...ဒါက မဖြစ်နိုင်ဘူး....ဘယ်လိုလုပ်ပြီးတော့ သူတို့တိုက်ခိုက်မှာကို ဘာသတင်းမှမရတာလဲ"
"ငါတို့ သေရတော့မှာလား...."
မြို့တော်အတွင်းတွင်ရှိနေသော ကျင့်ကြံသူအမြောက်အများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။
လမ်းများပေါ်တွင် အမျိုးသမီးများ၏အော်သံများ ကလေးငယ်များ၏ငိုယိုသံများ ထွက်ပေါ်နေကာ လူအများ အလျှင်အမြန်ထွက်ပြေးနေကြသည်။
ရှင်းလော့ကုန်းမြေ၏မြို့တော်တခုလုံးကို ရုတ်ချည်းဆိုသလိုပင် စိတ်ပျက်အားငယ်သောအငွေ့အသက်များ လွှမ်းခြုံသွားတော့သည်။
နေလအင်မော်တယ်ဆယ်ယောက်ကျော်၏ တပြိုင်နက်တည်းတိုက်ခိုက်မှုအောက်တွင်....
အချိန်တခဏအတွင်း၌ မြို့တော်၏အကာအကွယ်ဝင်္ကပါကြီးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနေလအင်မော်တယ်များသည် အက်ကွဲကြောင်းရှိရာနေရာသို့ ဦးတည်၍ ပျံသန်းသွားကြ၏။
ဤရုတ်တရက်အပြောင်းအလဲကြောင့်....
ကျန်းချန်းပင်လျှင် အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။
တာရီကုန်းမြေမှ နေလအင်မော်တယ်ဆယ်ယောက်ကျော်သည် ရုတ်တရက်ကြီး လာရောက်တိုက်ခိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ပြင် ဤလူများ ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး မည်သည့်သတင်းမျှ သူ မရရှိထားပေ။
ဤနေလအင်မော်တယ်ဆယ်ယောက်ကျော်သာ မြို့တော်အတွင်းသို့ ဝင်ရောက်သွားပါက အကျိုးဆက်များကို တွေးတောကြည့်၍ပင် မရနိုင်ချေ။
နေလအင်မော်တယ်ဆယ်ယောက်ကျော်၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို မြို့တော်အတွင်း၌ မည်သူက ဟန့်တားနိုင်မည်နည်း....
ထိုကြောင့် သူသည် စွမ်းအားများကိုစုစည်းကာ လေထုအတွင်းသို့ ခုန်တက်လိုက်သည်။
သို့ရာတွင် ကျန်းချန်း လေထုအတွင်းသို့ ရောက်ရှိသွားသောအချိန်မှာပင် နေလအင်မော်တယ်များအနက်မှတစ်ယောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
နေလအင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူသာဖြစ်သော ကျန်းချန်းသည် ယခင်က ကြယ်အင်မော်တယ်၏ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုတွင်လည်း ဒဏ်ရာရရှိထားခဲ့သည်။ ထို့ကြောင့် သူသည် ဤလူများကို ဟန့်တားနိုင်ခြင်းမရှိပေ။ထို့ပြင် အကယ်၍ သူ ရှေ့သို့ထွက်သွားနိုင်လျှင်ပင် ထိုလူများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
ကျန်းချန်းသည် လေထုအတွင်းမှပြုတ်ကျလာကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိတော့သည်။
သူ၏ခန္ဓာကိုယ်၌ သွေးများဖြင့်ရွှဲနစ်နေကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူ့ထံတွင် လက်မခံလိုမှုများဖြင့် ပြည့်နှက်နေသည်။
ရှင်းလော့ကုန်းမြေ....
အကယ်၍ ဤအတိုင်းသာဆက်သွားပါက ကုန်းမြေတစ်ခုလုံး ပျက်စီးရတော့မည်မဟုတ်လော....
နေလအင်မော်တယ်ဆယ်ယောက်ကျော်က အထင်အမြင်သေးသောအကြည့်ဖြင့် ကျန်းချန်းကို ကြည့်လေသည်။ကျန်းချန်းသည် လက်ထောက်ကုန်းမြေအရှင်ဖြစ်သည်ကို သူတို့ သိရှိထားသော်လည်း သူ့အားတိုက်ခိုက်၍ အချိန်ဖြုန်းလိုခြင်းမရှိချေ။
ထိုနေလအင်မော်တယ်များသည် မြို့တော်ထံဦးတည်၍ ပျံသန်းသွားလေ၏။
သို့ရာတွင် သူတို့သည် အကာအကွယ်ဝင်္ကပါကြီး၏အက်ကွဲကြောင်းကိုဖြတ်၍ ပျံသန်းတော့မည့်အချိန်၌....
"ရပ်လိုက်ကြစမ်း ...."
သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော အစောင့်စစ်သားတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်။သူ၏လက်အတွင်း၌ လှံရှည်တစ်လက်ကိုကိုင်ထားကာ အမူအယာကင်းမဲ့သောမျက်နှာအမူအယာဖြင့် သူတို့ကို ဟန့်တားလေ၏။
"ဆုကျူးကျင်းလား...."
စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျန်းချန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်အလင်းရောင်တချို့ ထင်ဟပ်လာသည်။
"ငါ့ဆီမှာ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုရှိနေတယ်...ညီလေးဆု မင်း အဲ့ဒါတွေကိုအသုံးပြုပြီးတိုက်ခိုက်ပါ"
ကျန်းချန်းက ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။သူသည် မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားဝံ့ခြင်းမရှိတော့ချေ။သူသည် သိုလှောင်လက်စွပ်အတွင်းမှ အင်မော်တယ်ရတနာနှစ်ခုကိုထုတ်ယူကာ ဆုကျူးကျင်းထံသို့ဦးတည်၍ ပစ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင်....
သူသည် သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူကာ ရှင်းထျန်းနန်နှင့် ဆက်သွယ်လိုက်၏။
ရှေ့တန်းစစ်မျက်နှာစာမှ ဆုတ်ခွာလာသော ရှင်းထျန်းနန်က ထိုသတင်းကို လက်ခံရရှိသွားသည်။
ထို့နောက် သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ရှင်းလော့ကုန်းမြေ၏မြို့တော်သည် အဆုံးသတ်နေ့သို့ ရောက်ရှိတော့မည်လော....
ထို့နောက် ကျန်းချန်း၏အသံသတင်းစကားက ထပ်မံ၍ထွက်ပေါ်လာသည်။
"ကုန်းမြေအရှင်....အမှတ်ကိုးမြို့တံခါးရဲ့ရှေ့မှာ တာရီကုန်းမြေရဲ့နေလအင်မော်တယ်ဆယ်ယောက်ကျော် ရောက်လာပြီးတော့ မြို့တော်ရဲ့အကာအကွယ်ဝင်္ကပါကြီးကို တိုက်ခိုက်နေတယ်"
"အခုအချိန်မှာ ဆုကျူးကျင်းက သူတို့ကို တားဆီးဟန့်တားထားတယ်....ကုန်းမြေအရှင် အမြန်ဆုံးလာခဲ့ပါ"
ကျန်းချန်း၏စကားနှစ်ခွန်းသည် အခြေအနေကို အတိုချုပ်၍ ရှင်းရှင်းလင်းလင်း သတင်းပို့ထားခြင်းဖြစ်သည်။
"ဆုကျူးကျင်း...."
"ဆုကျူးကျင်းဆိုတာက ဘယ်သူလဲ"
ရှင်းထျန်းနန်က စိုးရိမ်ပူပန်စွာဖြင့် အသံပေးပို့သည်။
"ဆုကျူးကျင်းက ငါတို့ရဲ့အမှတ်ကိုးမြို့တံခါးမှာ တာဝန်ကျတဲ့အစောင့်စစ်သားပဲ"
ကျန်းချန်းက စိုးရိမ်ပူပန်တကြီး အော်ဟစ်ပြောဆိုသည်။
"ဘာ.....ကျန်းချန်း မင်း ငါ့ကို နောက်နေတာလား"
"မင်းက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို ခုခံခိုင်းထားတာလား...တကယ်လို့ မြို့တော်ကိုလက်လွတ်ရမယ်ဆိုရင်တောင် မင်းရဲ့အသက်ကို မဆုံးရှုံးစေနဲ့....မြန်မြန်ပြန်ဆုတ်ခဲ့စမ်း"
ရှင်းထျန်းနန်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။
ဤကျန်းချန်းသည် သူ၏အသက်ကို မလိုချင်တော့သလော....
မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် နေလအင်မော်တယ်ဆယ်ယောက်ကျော်ကို မည်သည်ကြောင့် အချိန်ဆွဲထားနိုင်မည်နည်း.....
ဤကျန်းချန်းဟူသောကောင်၏ခေါင်းကို ထိခိုက်သွားသလော....
တစ်ချိန်တည်းမှာပင် သူသည် အချိန်ဆွဲမနေဝံ့တော့ချေ။
"ကျန်းချန်း...မင်း သေလို့မရဘူး"
"မင်း အသက်ရှင်ရမယ်...."
ရှင်းထျန်းနန်သည် အလွန်အမင်း စိုးရိမ်ပူပန်နေပေ၏။ကျန်းချန်းသည် လက်ထောက်ကုန်းမြေအရှင် ဖြစ်သည့်အပြင် နှစ်ပေါင်းများကြာအောင် သူနှင့်ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေတစ်ယောက်လည်းဖြစ်သည်။သူသည် အလွန်အမင်းစိုးရိမ်ပူပန်နေကာ ကျန်းချန်း တစ်ခုခုဖြစ်မသွားစေရန် ဆုတောင်းနေမိသည်။
မြို့အကာအကွယ်ဝင်္ကပါကြီး၏ရှေ့တွင်ရှိနေသော ဆုကျူးကျင်းသည် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုကိုကြည့်ကာ စိတ်မသက်မသာခံစားနေရသည်။
သူ့ထံတွင် အစွဲအလန်းကြီးသော အကျင့်စရိုက်တစ်ခုရှိပေ၏။ဤထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုကိုကြည့်ပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။
ဤအမှိုက်နှစ်စကို သူ၏လက်အတွင်း၌ ကိုင်ထားရသည်မှာ သူ့အား အလွန်အမင်းစိတ်မသက်မသာခံစားရစေသည်။
"အမှိုက်တွေ...."
သူ အလွန်စိတ်မသက်မသာခံစားရသဖြင့် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုကို လွှင့်ပစ်လိုက်တော့သည်။
ရှင်းထျန်းနန်ထံသို့ သတင်းပို့နေသော ကျန်းချန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကြက်သေသေသွားပေ၏။
ဤကောင်သည် အလွန်အမင်း ရူးသွပ်ပေ၏။
"သောက်ချေးပဲ...."
"မင်း...မင်း ဘာလုပ်လိုက်တာလဲ...."
"အခု မင်း သေရတော့မယ်"
ကျန်းချန်းသည် လွှင့်ပစ်ခံလိုက်ရသော ထိပ်တန်းအဆင့် အင်မော်တယ်ရတနာနှစ်ခုကိုကြည့်ပြီး သူ၏အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
စိတ်ပျက်အားငယ်မှုအရိပ်အယောင်များက သူ့အား ချက်ချင်းလွှမ်းခြုံသွားပေ၏။
ဆုကျူးကျင်း၏ခွန်အားသည် မဆိုးလှသည်ကို သူ သိရှိထားသည့်တိုင် ဤနေလအင်မော်တယ်ဆယ်ယောက်ကျော်ကို လက်ဗလာဖြင့်ဟန့်တားရန် မည်သည်ကြောင့် လုံလောက်မည်နည်း...
Thank For Reading.