အခန်း (၇၁၁-၇၁၅)
Vol. 48 Ch. 711-715
Chapter 711
စုယွင်ယွင်သည် ဝတ်ရုံရှည်ကြီးတစ်ထည်ကို ဝတ်ဆင်ထားပေ၏။
သူမသည် ကုန်းမြေအရှင်အိမ်တော်၏ထိပ်ဆုံးနေရာ၌ ထိုင်နေသည်။
သူမ၏နံဘေး၌ တခြားကုန်းမြေအရှင်အမြောက်အများရှိနေကာ ဤအချိန်အခိုက်အတန့်တွင် အရေးကြီးသောကိစ္စများကို သူမနှင့်တိုင်ပင်ဆွေးနွေးနေကြသည်။
ရုတ်တရက်....
စုယွင်ယွင်သည် မတ်တတ်ထရပ်လိုက်ကာ သူမ၏ရှေ့ရှိစားပွဲကိုရိုက်ပုတ်ပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
"မင်း...."
"ကုန်းမြေအရှင်စု...မင်း ဘာလို့ဒီလိုလုပ်တာလဲ"
စုယွင်ယွင်၏ရုတ်တရက်ပြောင်းလဲသွားမှုကြောင့် လက်ရှိနေရာတွင်ရှိနေသော ကုန်းမြေအရှင်များ၏မျက်နှာများထက်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဒါက နင်တို့ကိစ္စ မဟုတ်ဘူး...ငါ အပြင်ကိုသွားဖို့လိုတယ်...ကျန်တဲ့ကိစ္စတွေကို နင်တို့ပဲ ဆက်ပြီးတိုင်ပင်ဆွေးနွေးကြတော့"
စုယွင်ယွင်သည် သူတို့အား အနည်းငယ်မျှပင်အာရုံစူးစိုက်ခြင်းမရှိဘဲ မတ်တတ်ထရပ်ကာ ပြင်ပသို့ထွက်ရန် ဟန်ပြင်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တခြားကုန်းမြေအရှင်များ၏မျက်နှာများ သုန်မှုန်သွားကာ သူတို့သည် ရှေ့သို့ခြေတစ်လှမ်းခုန်ထွက်ပြီး စုယွင်ယွင်ကို ဟန့်တားလိုက်ကြ၏။
"ကုန်းမြေအရှင်စု...ငါတို့က ဒီနေရာကို မင်းနဲ့ ညှိနှိုင်းဖို့အတွက် လာခဲ့တာပဲ...ဒီကိစ္စမပြီးခင်မှာ မင်းကထွက်သွားမယ်ဆိုတော့ ငါတို့ကို အလေးအနက်မထားတဲ့သဘောလား"
"ဘယ်လိုပဲဖြစ်ဖြစ်...."
"မင်းလည်း ကုန်းမြေအရှင်တစ်ယောက်ပဲလေ"
"တကယ်လို့ မင်းမှာ ဒီလိုအပြုအမူမျိုးရှိနေမယ်ဆိုရင် ငါတို့အားလုံး အတူပူးပေါင်းရတဲ့အတွက် မင်း အပြစ်မတင်နဲ့....တကယ်လို့ မင်းရဲ့ကွေ့ရှင်းကုန်းမြေက နောင်အနာဂတ်မှာ တစ်ခုခုဆိုးဆိုးရွားရားဖြစ်လာမယ်ဆိုရင် ကုန်းမြေအရှင်စုက ငါတို့ကို အပြစ်မတင်သင့်ဘူး"
ဤခြိမ်းခြောက်စကားထွက်ပေါ်လာချိန်တွင် စုယွင်ယွင်၏မျက်နှာ ရုတ်တရက် အေးစက်တင်းမာသွားသည်။
"ငါက နင်တို့ကို ဂရုစိုက်ရမှာလား"
စုယွင်ယွင်ထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ ကုန်းမြေအရှင်များအားလုံးကို မြေပြင်ပေါ်၌ဝတ်တွားသွားသည်အထိ ဖိနှိပ်လိုက်သည်။
"ငါက နင်တို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်းချင်ခဲ့တယ်....နင်တို့က ငါ့ရဲ့နှာခေါင်းကို တက်နင်းဖို့ ကြံစည်နေကြတာလား...နင်တို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဟန့်တားရဲတာလဲ"
"ငါ နင်တို့ကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...အခု ငါ့မှာ နင်တို့နဲ့ကစားနေဖို့ အချိန်မရှိဘူး"
"ဒါကြောင့် ဒီနေ့ကနေ စပြီးတော့...."
"နင်တို့ရဲ့ကုန်းမြေတွေအားလုံး ငါရဲ့ကွေ့ရှင်းကုန်းမြေဆီမှာ လက်အောက်ခံရမယ်"
"တကယ်လို့ နင်တို့မလုပ်ဘူးဆိုရင် နင်တို့အားလုံး သေရမယ်"
ထိုအေးစက်စက်စကားလုံးများ ထွက်ပေါ်လာချိန်တွင် မြေပြင်ပေါ်၌ဝပ်တွားနေသော ကုန်းမြေအရှင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
မည်သည်ကြောင့် သူမသည် ဤမျှထိ သန်မာအားကောင်းနေသနည်း.....
ကုန်းမြေအရှင်များကို လွယ်လင့်တကူဖြေရှင်းပြီးနောက် စုယွင်ယွင်သည် လီကျင်း လမ်းညွှန်ထားသောနေရာသို့ဦးတည်၍ အမြန်ဆုံးအရှိန်နှုန်းဖြင့် ထွက်ခွာခဲ့တော့သည်။
ထို့ပြင် မိုးကောင်းကင်ယံအတွင်း၌....
နွားရိုင်းကို အစဉ်အမြဲနောက်ပြန်စီးသော လီထျန်းပိုင်သည် ပထမဆုံးအကြိမ်အဖြစ် နွားရိုင်းကို ရှေ့ဘက်သို့လှည့်၍ စီးနင်းလာခဲ့သည်။
ကျားကျားချင်သည် ဖီးနစ်ငှက်သုံးထောင် တောရိုင်းသားရဲငါးထောင် ဗီဇာပြောင်းနဂါးသားရဲအကောင်တစ်သောင်း တခြားအမျိုးအမည်မသိရသော နတ်ဘုရားသားရဲသုံးသောင်းနှင့် ကြီးမားသောစစ်တပ်ကြီးကိုဖွဲ့စည်းကာ ကြီးကျယ်ခမ်းနားသောအရှိန်အဝါဖြင့် မိုးကောင်းကင်ယံကို ဖြတ်သန်းလာသည်။
တစ်စုံတစ်ယောက်နှင့်တိုက်ခိုက်နေမှု အလယ်တွင်ရှိကာ အစောပိုင်းကမှ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲ၍ ပြီးဆုံးသွားသော ဟုန်ဖုန်ခွမ်းသည် သူ့၏ငုတ်နှင့်ကျိုးပဲ့သွားသောခြေထောက်ကို အလွန်လျှင်မြန်သောအရှိန်နှင့် ချက်ချင်းပြန်လည်ဖွဲ့စည်းလိုက်သည်။ထို့နောက် သူသည် မီးတောက်တစ်ခုကဲ့သို့ အလွန်ပူပြင်းသောအရှိန်အဝါဖြင့် အလျှင်အမြန်ထွက်ခွာလာခဲ့သည်။
သူ၏ကတုံးပြောင်ကြောင့် မပျံသန်းနိုင်သောဟုန်ဖုန်ခွမ်းသည် ဝတ်ရုံရှည်ကြီးတစ်ထည်ကိုဝတ်ဆင်ထားကာ သူ့၏ခြေထောက်များ ကျိုးလုမတတ် ပြေးလွှားနေသည်။
တခြားတစ်ဖက်တွင် မုန့်ကျီရှန်း ရှောင်ကျန်း မိုထျန်ကျီးတို့သည် မိုးကောင်းကင်ယံကိုဖြတ်သန်း၍ အလျှင်အမြန်ပျံသန်းလာသည်။
အင်မော်တယ်နယ်မြေတစ်ခွင်လုံးအနှံ့ ပျံ့နှံ့နေသည့် သန်းရာနှင့်ချီသော ဝူချန်အန်း၏ကိုယ်ပွားများအားလုံး ချင်းလန်ကုန်းမြေထံသို့ အလျှင်အမြန်ချဉ်းကပ်လာပေ၏။
ထိုလူများအပြင် တခြားနယ်မြေဒေသများမှ ဂိုဏ်းတူမောင်နှမများသည်လည်း အမျိုးမျိုးသောနည်းလမ်းများဖြင့် အလျှင်အမြန်ပြေးလာကြသည်။
သူတို့အားလုံး၏မျက်နှာများပေါ်၌ ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
ကျန်းအိမ်တော်၌....
ကျန်းရန်ယုံသည် ကျန်းအိမ်တော်၏အရှုပ်အထွေးများကို သန့်ရှင်းရေးလုပ်ရန်အတွက် လူအနည်းငယ်ကို ခေါ်ဆောင်လိုက်သည်။
ကျန်းမိသားစုကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် လက်ဗလာသက်သက်အနေအထားမှ တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း ဤကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ၏မျက်နှာသည် ဖြူရော်နေကာ သူ့ကိုကြည့်ရသည်မှာ အလွန်အိုမင်းသွားပုံရသည်။
ကျန်းရန်ယုံ၏နံဘေးတွင်ရှိနေသော လီကျင်းသည် သူ့အားကြည့်ကာ စိတ်မသက်မသာဖြစ်နေလေ၏။
ဂိုဏ်းတူမောင်နှမများ ရောက်ရှိလာမည်ကို သူ စောင့်ဆိုင်းနေစဉ်အတောအတွင်းတွင် ကျန်းရန်ယုံနှင့်ယွင်ဝူအကြားရှိ ဆက်ဆံရေးကို သူ သိရှိထားပြီးဖြစ်သည်။ထို့ကြောင့် လီကျင်းသည် ကူကယ်ရာမဲ့စွာဖြင့် ကျန်းရန်ယုံထံသို့ လျှောက်လှမ်းသွားကာ သူ၏ပုခုံးကို ညင်သာစွာပုတ်လိုက်သည်။
ထို့နောက် သူက နူးညံညင်သာသောလေသံဖြင့် နှစ်သိမ့်ပေးသည်။
"ဘာမှမစိုးရိမ်နဲ့....ရှောင်ဝူက အဆင်ပြေသွားမှာပါ....ငါတို့တွေ သူ့ကို ပြန်ခေါ်လာခဲ့မယ်"
လူအိုကြီးကျန်းသည် သူ၏ခေါင်းကိုမော့ကြည့်ပြီးနောက် ခါးသည်းစွာပြုံးလိုက်၏။
သူသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် မည်သည်ကြောင့် လူလာရောက်၍ဖမ်းဆီးသည်ကို သူ မသိရှိပေ။သို့ရာတွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ဖမ်းဆီးသွားသောလူကို မည်သူက ကယ်တင်နိုင်မည်နည်း။
မြေကမ္ဘာအင်မော်တယ်တစ်စုမျှဖြင့် ယွင်ဝူကို ကယ်တင်နိုင်မည်လော....
အမှန်အားဖြင့် သူသည် လီကျင်းကို အထင်အမြင်သေးခြင်းမရှိချေ။
ဤသည်မှာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏စွမ်းအားသည် အင်မော်တယ်နယ်မြေ၌ နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့်ပင်။
လီကျင်းသည် ကျန်းရန်ယုံ၏အတွေးများကို ထွင်းဖောက်မြင်သွားသဖြင့် စိတ်မသက်မသာဖြစ်သွားသော်လည်း စိတ်ရှည်စွာဖြင့်ပြောဆိုလိုက်၏။
"ငါတို့ဂိုဏ်းတူမောင်နှမတွေအားလုံး စုဝေးမိတဲ့အချိန်ကျရင် မင်း သိသွားလိမ့်မယ်"
နေ့ဝက်ခန့်ကြာပြီးနောက်....
အနီးစပ်ဆုံးနေရာတွင်ရှိနေသော ရှောင်ကျန်း ရောက်ရှိလာသည်။
"စီနီယာအစ်ကိုလီကျင်း...."
"ဘာတွေ ဖြစ်သွားခဲ့တာလဲ"
ရှောင်ကျန်းသည် ရောက်ရှိလာသည်နှင့် အလျင်စလိုမေးမြန်းလိုက်၏။
"စီနီယာအစ်မယွင်ဝူ အဖမ်းခံလိုက်ရတယ်..အဲ့ဒါက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က လူတွေရဲ့လက်ချက်ပဲ"
လီကျင်းက တုံ့ပြန်အဖြေပေးသည်။
"ဘာ..."
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က စီနီယာအစ်မကို ဖမ်းသွားတာလား"
"သူတို့က ဘယ်လိုသတ္တိမျိုးနဲ့ လုပ်ရဲတာလဲ"
ရှောင်ကျန်းသည် ဒေါသထွက်သွားကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"စီနီယာအစ်ကို....ငါတို့ ဘာလုပ်ကြမလဲ...အခုချက်ချင်း ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကိုသွားပြီး တိုက်ခိုက်ကြရအောင်"
လီကျင်းက ရှောင်ကျန်းကို စိတ်အေးအေးထားရန် ဖြောင့်ဖျလေ၏။
"ငါတို့ရဲ့စီနီယာအစ်မကို သူတို့က ဘာလို့ဖမ်းသွားတယ်ဆိုတာ ငါ မသိဘူး....မဆင်မခြင်မလုပ်နဲ့....ဂိုဏ်းတူမောင်နှမတွေအားလုံး ရောက်လာတဲ့အချိန်ထိ စောင့်လိုက်အုံး...ငါတို့အားလုံး အတူတူတိုင်ပင်ဆွေးနွေးကြရအောင်"
"ဟုတ်ကဲ့"
ရှောင်ကျန်းသည် အံ့တင်းတင်းကြိတ်ပြီးနောက် ပလ္လင်ခွေထိုင်ကာ စောင့်ဆိုင်းလိုက်သည်။
နာရီအနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ပိုင်ချီယု ဆုကျူးကျင်း ချီယီထုံနှင့် တခြားလူဆယ်ယောက်ကျော် ရောက်ရှိလာသည်။ယွင်ဝူ ဖမ်းဆီးခံရသည်ကိုကြားချိန်၌ သူတို့အားလုံးအလွန်စိတ်လှုပ်ရှားသွားကာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သို့ ချက်ချင်းသွားရောက်၍ တိုက်ခိုက်လိုကြသည်။
သို့ရာတွင် လီကျင်း၏ဖြောင့်ဖျမှုကြောင့် သူတို့အားလုံးသည် ပလ္လင်ခွေထိုင်ကာ တခြားဂိုဏ်းတူမောင်နှမများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းလိုက်ကြ၏။
နံဘေးတစ်ဖက်တွင်ရှိနေသော....
ကျန်းရန်ယုံသည် မူလက လီကျင်းတို့လူစုထံတွင် မျှော်လင့်ချက်တချို့ရှိနေခဲ့သည်။သို့ရာတွင် ဤနေရာသို့ ရောက်ရှိလာသူများအားလုံးသည် မြေကမ္ဘာအင်မော်တယ်များ ဖြစ်နေသည်ကိုကြည့်ပြီး သူက သက်ပြင်းရှိုက်လိုက်သည်။
အထူးသဖြင့် သူတို့အားလုံးသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို တိုက်ခိုက်မည်ဟု ကြုံးဝါးနေကြသည်အား ကြားချိန်တွင် သူ မည်သို့ပြောဆိုရမည်ကိုပင် မသိတော့ချေ။
မြေကမ္ဘာအင်မော်တယ်တစ်စုသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သို့သွားရောက်၍ တိုက်ခိုက်လိုသည်မှာ ဟာသပြက်လုံးတစ်ခုကို ကြားရသည်နှင့် တူညီနေသည်။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော် မည်ကဲ့သို့နေရာမျိုးဖြစ်သည်ကို သူတို့ သိရှိပါသလော....
"လူငယ်လေးတို့....မင်းတို့တွေက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်လို တည်ရှိမှုကြီးတစ်ခုကို သွားပြီးတိုက်ခိုက်လို့မဖြစ်ဘူး....မင်းတို့ မေ့လိုက်သင့်တယ်"
ကျန်းရန်ယုံသည် ထိုလူငယ်တစ်စုအား အလျှင်အမြန်ဖြောင့်ဖျလိုက်တော့သည်။လီကျင်းတို့လူစု၏ခွန်အားအပေါ် သူ သဘောမကျသော်လည်း ယွင်ဝူအပေါ်ထားရှိသည့် သူတို့၏ခံစားချက်များကို သူ လေးစားမိပေ၏။
သူသည် လီကျင်းတို့လူစု အလဟဿသေဆုံးသွားရမည်ကို မကြည့်ရက်ပေ။
သို့ရာတွင်....
သူ၏အသံ ကျရောက်သွားသောအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ ကြီးမားသောလှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။
မိုးကောင်းကင်ယံအတွင်း၌ သားရဲများပျံသန်းလာကာ မြို့တစ်မြို့လုံးအား လွှမ်းခြုံသွားသည်ကို သူ မြင်တွေ့မိသည်။ထိုဖိအားအရှိန်အဝါအောက်တွင် မြို့တမြို့လုံးအတွင်းတွင်ရှိနေသော လူများအားလုံး တုန်ရီနေသည်။
ကျန်းရန်ယုံသည်လည်း ဤဖိအားအရှိန်အဝါကို ခံစားမိလေ၏။
သူသည် မိုးကောင်းကင်ယံသို့ ဂရုတစိုက်မော့ကြည့်လိုက်ချိန်တွင် ဤသည်မှာ သာမာန်သားရဲများမဟုတ်ကြောင်း နားလည်သဘောပေါက်သွားသည်။
ထိုအရာများသည် ရှည်လျားသောအမြှီးပါသည့် ဖီးနစ်များ ရွှေရောင်အလင်းတန်းများဖြာထွက်နေသည့် အစစ်အမှန်နဂါးများ အစရှိသဖြင့် နတ်ဘုရားသားရဲများဖြစ်နေသည်။
"ဟူး....."
"ဒါက ဘယ်လိုငရဲမျိုးလဲ"
ကျန်းရန်ယုံသည် ထိတ်လန့်တကြားဖြင့် ညည်းတွားလိုက်၏။ထိုနတ်ဘုရားသားရဲအုပ်စု၏ရှေ့ဆုံးတွင်ရှိသော ဝက်ပျံပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို သူ မြင်တွေ့မိသည်။ထိုလူ၏လက်အတွင်းရှိ ဝါးလုံးတစ်လုံးကို ကိုင်ထားသည်။သူသည် ထိုဝါးလုံးထိပ်ကို အနီရောင်ဖဲကြိုးဖြင့်ချည်ထားကာ ထိုနတ်ဘုရားသားရဲအုပ်စုကို ဘဲကျောင်းနေသည့်အလား အမိန့်ပေးနေလေ၏။
အစစ်အမှန်နဂါးများသည် မိုးကောင်းကင်ယံအတွင်း၌ သေသပ်ကျနစွာ ရပ်တန့်လိုက်ကြသည်။ထိုနောက် ဝက်ပျံကိုစီးနင်းလာသော လူသည် ကျန်းအိမ်တော်သို့ဦးတည်၍ ပျံသန်းလာသည်။
ထိုလူသည် သူ့ထံသို့ တန်းတန်းမတ်မတ်ပျံသန်းလာသည်ကိုမြင်တွေ့ချိန်၌ ကျန်းရန်ယုံ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲ့ဒီလူက....."
"သူက ယွင်ဝူရဲ့စီနီယာအစ်ကို ဖြစ်နေမလား"
သူ ထိုကဲ့သို့ တွေးတောနေစဉ်မှာပင် ဝက်ပျံကိုစီးနင်းကာ နတ်ဘုရားသားရဲများကို ထိန်းကျောင်းလာသောလူသည် မြေပြင်ပေါ်သို့ဆင်းသက်လာပြီး အော်ဟစ်လိုက်သည်ကို သူ မြင်တွေ့မိသည်။
"စီနီယာအစ်ကိုတို့....ဘာတွေဖြစ်နေတာလဲ...စီနီယာအစ်မယွင်ဝူ ဘာဖြစ်သွားတာလဲ"
ယခုရောက်ရှိလာသည်မှာ ကျားကျားချင်ပင်။
ကျားကျားချင်၏မေးခွန်းကိုကြားချိန်တွင် ကျန်းရန်ယုံသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤအစွမ်းထက်သောလူသည် အမှန်အားဖြင့် ယွင်ဝူ၏ဂျူနီယာမောင်လေး ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
ကျားကျားချင်ထံတွင်လည်း မြေကမ္ဘာအင်မော်တယ်နယ်ပယ် အရှိန်အဝါသာရှိနေသည်။သို့ရာတွင် ကျားကျားချင်သည် နတ်ဘုရားသားရဲများကို ထိန်းကျောင်းလာသော အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျားကျားချင်သည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နေမည်ဟု သူ တွေးထင်ထားခြင်းမရှိချေ။
ရုတ်တရက် သူ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
ယခုရောက်ရှိလာသော ကျားကျားချင်သည် အလွန်အစွမ်းထက်နေသောကြောင့် အစောပိုင်းက ရောက်ရှိလာသော လီကျင်း ပိုင်ချီယုနှင့်တခြားသူများသည်လည်း....
Chapter 712
ကျန်းရန်ယုံထံ၌ ထိုအတွေးမျိုးရှိလာစဥ်မှာပင် မိုးကောင်းကင်ယံအတွင်း၌ လူအမြောက်အများပျံသန်းလာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ချုံးပိုင်ကုန်းမြေမှ ရာနှင့်ချီသောနေလအင်မော်တယ်များ ရောက်ရှိလာခြင်းဖြစ်ကာ သူတို့သည် ချီယီထုံ၏ရှေ့၌ မတ်တတ်ရပ်ကာ အရိုအသေပြုလိုက်ကြသည်။
"အရှင်ချီ....ငါတို့က မင်းကို ကူညီပေးဖို့ ရောက်လာတာပါ....တကယ်လို့ မင်းမှာ အမိန့်ပေးစရာတစ်ခုရှိရင်...ငါတို့ကို ပြောပါ"
ထို့နောက်မှနေ၍ ရှင်းထျန်းနန်ဦးဆောင်သော ရှင်းလော့ကုန်းမြေမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း ဆုကျူးကျင်းထံသို့ ရောက်ရှိလာသည်။
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင်....
ကျန်းရန်ယုံသည် ကြက်သေသေသွားပေ၏။
အလွန်များပြားသော နေလအင်မော်တယ်များ....
သူ၏ဘဝတလျှောက် ဤမျှထိများပြားသော နေလအင်မော်တယ်များကို မြင်တွေ့ဖူးခြင်းမရှိချေ။
ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ ရာနှင့်ချီသော နေလအင်မော်တယ်များအားလုံးသည် ယွင်ဝူ၏ဂိုဏ်းတူမောင်နှမများကို ရိုသေလေးစားစွာ ဆက်ဆံနေခြင်းပင်။ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။
ဆိုလိုသည်မှာ တခြားဂိုဏ်းတူမောင်နှမများသည်လည်း နတ်ဘုရားသားရဲများကို ထိန်းကျောင်းလာသော ကျားကျားချင်၏စွမ်းအားနှင့် ထပ်တူထပ်မျှပင်။သူတို့ကိုကြည့်ရသည်မှာ အပေါ်ယံတွင် မြေကမ္ဘာအင်မော်တယ်များသာဖြစ်သော်လည်း အမှန်အားဖြင့် သူတို့အားလုံးသည် အလွန်အစွမ်းထက်ပေ၏။ထိုသို့မဟုတ်ပါက နေလအင်မော်တယ်များသည် မည်သည်ကြောင့် သူတို့အား အလွန်ရိုသေလေးစားစွာ ဆက်ဆံနေမည်နည်း။
သို့ရာတွင် ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။
မြို့ငယ်လေးအတွင်းသို့ လူများ ပို၍ပို၍ စုဝေးလာသည်။
လေထုအတွင်း၌ ကြီးမားသောသင်္ဘောပျံတစ်စင်း ဖြတ်သန်းလာကာ ထိုအရာကို အမျိုးမျိုးသော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။သင်္ဘောပျံ၏ပုံစံမှ ဖွဲ့စည်းတည်ဆောက်ပုံအထိ ပြီးပြည့်စုံကာ သင်္ဘောပျံ၏နံရံသည် ကြေးနီနံရံတစ်ခုအလား ခိုင်ခံမာကြောသည်။
ထိုသင်္ဘောပျံ၏ကုန်းပတ်ပေါ်မှနေ၍ မုန့်ကျီရှန်း ခုန်ဆင်းလာသည်။
တခြားတစ်ဖက်တွင်လည်း စုယွင်ယွင်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများကိုခေါ်ဆောင်၍ အလျှင်အမြန်ရောက်ရှိလာသည်။
တခြားလူများသည်လည်း ကြီးကျယ်ခမ်းနားသောအရှိန်အဝါဖြင့် မိုးကောင်းကင်ယံအတွင်းမှ ဆင်းသက်လာကြ၏။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စမှာ မြို့ပြင်တွင် မျက်နှာပုံစံတူညီသော လူအမြောက်အများ စုဝေးနေခြင်းပင်။အကြည့်တချက်ဖြင့် သူတို့၏တူညီသောမျက်နှာများကိုကြည့်ပြီး လူအများသည် သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားမိလေ၏။
တစ်ရက်မပြည့်မီမှာပင်....
ကျုံးချင်မှလွဲ၍....
တခြားမြေကမ္ဘာအင်မော်တယ် ကိုးဆယ့်ကိုးယောက်လုံး စုဝေးမိလေပြီ။
ထို့ပြင် ဤမြေကမ္ဘာအင်မော်တယ်တစ်စုအပြင် ထောင်နှင့်ချီသော နေလအင်မော်တယ်များလည်း ရှိနေသည်။
လောကကြီးတစ်ခုလုံးအတွင်း၌ မြင်တွေ့ရသည်မှာ အလွန်ရှားပါးသော ဤကဲ့သို့မြင်ကွင်းတစ်ခုသည် ယခုအချိန်တွင် ကျန်းအိမ်တော်အတွင်း၌ ဖြစ်ပေါ်နေလေ၏။
ကျန်းရန်ယုံသည် လုံးလုံးလျားလျားကြက်သေသေနေကာ သူ့ရှေ့ရှိမြင်ကွင်းကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေမိသည်။
"ရှောင်ဝူ....ရှောင်ဝူ...မင်း ဘယ်နေရာကနေ ရောက်လာတာလဲ"
"မင်း ဘာတွေလုပ်ခဲ့တာလဲ"
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကတောင် မင်းကို လာပြီးဖမ်းဆီးခဲ့တယ်...မင်းရဲ့ဂိုဏ်းတူမောင်နှမတွေ အားလုံးကလည်း အရမ်းကြောက်ဖို့ကောင်းတယ်"
ကျိုးရန်ယုံက ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။
ဤအချိန်ကျမှသာ ယွင်ဝူ၏နောက်ခံသည် အလွန်ကြီးမားသဖြင့် သူ ရှာတွေ့နိုင်ရန် အလွန်အမင်းခက်ခဲကြောင်း သူ နားလည်သဘောပေါက်သွားသည်။
မုန့်ကျီရှင်း တည်ဆောက်ထားသော သင်္ဘောပျံပေါ်၌....
ဂိုဏ်းတူမောင်နှမများ ထိုနေရာ၌ စုဝေးနေကာ တင်းမာအငွေ့အသက်များဖြင့် တိုင်ပင်ဆွေးနွေးနေကြသည်။
"ဂိုဏ်းတူမောင်နှမတွေအားလုံး...အာရုံစူးစိုက်ပြီးတော့ စဉ်းစားကြပါအုံး...ငါတို့ ဘာလုပ်သင့်လဲ"
လီကျင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဒီနေ့ ငါတို့တွေ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို သွားပြီးတိုက်ကြမလား...ဒါမှမဟုတ် မတိုက်ကြဘူးလား"
"ငါတို့ တိုက်ခိုက်ရမယ်"
စုယွင်ယွင်က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဆရာကြီးက ငါတို့ကို အမြဲတမ်း သိုသိုသိပ်သိပ်နေဖို့ သင်ကြားထားခဲ့တယ်...ဒါပေမဲ့ ငါတို့က တခြားသူရဲ့အနိုင်ကျင့်တာကို မခံရဘူးလို့လည်း ဆရာကြီးက ပြောထားခဲ့တယ်"
"ယွင်ဝူက ငါတို့အားလုံးရဲ့ ချစ်ခင်ရဆုံးလူတစ်ယောက် ဖြစ်နေရုံတင်မကဘူး....ဆရာကြီးရဲ့ အချစ်ဆုံးတပည့်ပဲ...ဒီတစ်ကြိမ်မှာ စီနီယာအစ်မယွင်ဝူက ငါတို့နဲ့အတူ ထွက်လာခဲ့တယ်...တကယ်လို့ သူ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ငါတို့က ဆရာကြီးရဲ့တပည့်တွေဖြစ်ဖို့ ဘယ်လိုလုပ်ပြီး ထိုက်တန်တော့မှာလဲ"
"ဟုတ်တယ်"
"စီနီယာအစ်မယွင်ယွင်ပြောတာ အမှန်ပဲ...သာမန်အခြေအနေအရဆိုရင် ငါတို့က ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို နည်းနည်းလေးတောင် အာရုံမစိုက်ဘူး...ဒါပေမဲ့ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က အစ်မယွင်ဝူကို ဖမ်းခေါ်သွားဝံ့မယ်လို့ ငါတို့ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဘူး...ဒါက သူတို့ကို သင်ခန်းစာပေးရမယ့်အချိန်ပဲ"
လူအုပ်ကြီးက အော်ဟစ်လိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် ဂိုဏ်းတူမောင်နှမများအားလုံးသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကိုတိုက်ခိုက်ရန် တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြကာ မည်သည့်ငြင်းဆိုချက်မျှမရှိချေ။
"ဒါပေမဲ့ ငါတို့က ဒီကိစ္စကို ဆရာကြီးဆီအကြောင်းကြားသင့်လားဆိုတာ ငါ သိချင်မိတယ်"
ထိုအချိန်မှာပင် လီကျင်းက ကူကယ်ရာမဲ့စွာဖြင့် ထပ်မံ၍မေးမြန်းသည်။
"မလုပ်နဲ့"
လီထျန်းပိုင်က သူ၏လက်ကိုဝှေ့ယမ်းကာ လီကျင်း၏စကားများကို ကြားဖြတ်ဟန့်တားပြီးနောက် ပြောဆိုသည်။
"စီနီယာအစ်မယွင်ဝူအပေါ် ဆရာကြီးရဲ့ချစ်မြတ်နိုးမှုက ငါတို့အားလုံးတွေးထင်ထားတာထက် ကျော်လွန်တယ်...မင်းတို့ စဉ်းစားကြည့်ကြစမ်း...ငါတို့ထဲက လူဘယ်လောက်များများ ငါတို့ရဲ့နာမည်တွေကို ဆရာကြီးမှတ်မိအောင်လုပ်နိုင်လဲ"
လူများအားလုံး လီထျန်းပိုင်ကို ကြည့်လိုက်ကြသည်။
လီထျန်းပိုင်က နောက်တွန့်သွားခြင်းမရှိဘဲ ဆက်လက်၍ပြောဆိုသည်။
"အမှန်ပဲ...စီနီယာအစ်ကိုကျုံးချင် စီနီယာအစ်ကိုချန်အန်း စီနီယာအစ်မယွင်ယွင်နဲ့ စီနီယာအစ်ကိုချီယီထုံတို့အပါအဝင် စီနီယာအစ်မယွင်ဝူက ဆရာကြီးနာမည်မှတ်မိတဲ့ တပည့်တွေထဲကတစ်ယောက်ပဲ"
"ဒါက ဘာကိုဆိုလိုတာလဲဆိုတာ မင်းတို့ သိကြလား"
"စီနီယာအစ်မယွင်ဝူက ဆရာကြီးရဲ့အသိအမှတ်ပြုတာကို ခံယူရတဲ့ တပည့်တစ်ယောက် ဖြစ်နေတာပဲ"
ထိုစကားကိုကြားချင်တွင် တခြားသူများအားလုံး ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
အမှန်တကယ်ကိုပင်...
ဆရာကြီးမှနေ၍ သူတို့၏နာမည်ကိုခေါ်ဆိုသော ချီးမြှောက်မှုမှာ သူတို့အားလုံး ကာလရှည်အိမ်မက်မက်နေခဲ့ရသောအရာပင်။
"ဒါကြောင့် ယွင်ဝူက ဆရာကြီးအတွက် အရမ်းအရေးပါတယ်"
လီထျန်းပိုင်က ဆက်လက်၍ပြောဆိုသည်။
"စီနီယာအစ်မယွင်ဝူ အဖမ်းခံရတယ်ဆိုတာကို ဆရာကြီး သိသွားတာနဲ့...သူ ဒေါသထွက်သွားလိမ့်မယ်"
"မင်းတို့အားလုံး...ဆရာကြီး ဒေါသထွက်နေတဲ့ပုံစံကို သတ္တိမွေးပြီး စဉ်းစားကြည့်လိုက်ကြစမ်း"
လီထျန်းပိုင်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင်....
ဂိုဏ်းတူမောင်နှမများအားလုံး ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားသည်။
အကယ်၍ ဆရာကြီးဒေါသထွက်လာပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သူတို့ တွေးတောကြည့်နိုင်ခြင်းမရှိချေ။
အင်မော်တယ်နယ်မြေတစ်ခွင်လုံးသည် မြေပြင်ပေါ်၌ အသူရာကြေးချွတ်သန့်စင်ဘုံဖြစ်လာမည်ကို သူတို့အားလုံး စိုးရိမ်ထိတ်လန့်မိသည်။
"ဂျူနီယာမောင်လေးထျန်းပိုင်ပြောတာ အမှန်ပဲ...အခုချိန်မှာ ဆရာကြီးကို ဒီကိစ္စ ပြောပြဖို့အတွက် မသင့်တော်ဘူး"
စုယွင်ယွင်က ပြောဆိုသည်။
"ငါတို့တွေ စီနီယာအစ်မယွင်ဝူကို ကယ်တင်ပြီးတဲ့အချိန်ထိ စောင့်ပြီးမှ ဆရာကြီးကို ပြောသင့်တယ်လို့ ငါ ထင်တယ်"
တခြားသူများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
ဂိုဏ်းတူမောင်နှမများအားလုံး တိုင်ပင်ဆွေးနွေးနေစဉ်တွင် မြေပြင်ပေါ်၌ စုဝေးနေသော နေလအင်မော်တယ်များသည် သက်ဝင်လှုပ်ရှားစွာစုဝေးကာ စကားစမြည်ပြောဆိုနေကြသည်။
အကြောင်းအရင်းမှာ သူတို့သည် ယနေ့တွင် အစစ်အမှန်လောကကြီးကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
မြောက်များစွာသော နတ်ဘုရားသားရဲများ...
မြောက်များစွာသော နေလအင်မော်တယ်များ...
လေထုအတွင်း၌ ရပ်တန့်ထားသော သင်္ဘောပျံ...
ဤသည်မှာ သူတို့အား အဖိုးတန်သောခရီးတစ်ခုကိုထွက်လာခြင်းဟု ခံစားရစေသည်။
အမှန်အားဖြင့် သူတို့အမြင်ချင်ဆုံးလူများမှာ တခြားမြေကမ္ဘာအင်မော်တယ်များပင်။
သူတို့အားလုံး ဤနေရာ၌ရှိနေသော အကြောင်းအရင်းမှာ မြေကမ္ဘာအင်မော်တယ်ဟူသော လူများကြောင့်ပင်။
ထိုမြေကမ္ဘာအင်မော်တယ်များမှ တစ်ယောက်ပင်လျှင် သူတို့၏မျက်လုံးများအတွင်း၌ နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုးဖြစ်နေလေရာ ထိုမြေကမ္ဘာအင်မော်တယ်အမြောက်အများကို မြင်တွေ့ရသဖြင့် ဆိုဖွယ်ရာမရှိတော့ချေ။
ဤနေရာ၌ လူများအတူတကွစုဝေးမိချိန်၌ သူတို့အားလုံးသည် စိတ်အားတက်ကြွစွာဖြင့်စကားစမြည်ပြောဆိုနေကြတော့သည်။
"မင်းတို့က ဘယ်ကုန်းမြေကနေ ရောက်လာတာလဲ"
ရှင်းထျန်းနန်က သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ သူ၏နံဘေးရှိ နေလအင်မော်တယ်ကို မေးမြန်းလိုက်သည်။
"ငါတို့က အရှင်ရှောင်ကျန်းရဲ့နောက်ကိုလိုက်ပြီးတော့ ကျုံးရှင်းကုန်းမြေကနေ ရောက်လာတာပါ...မင်းတို့ရဲ့အရှင်က ဘယ်သူလဲ"
ထိုနေလအင်မော်တယ်က တုံ့ပြန်မေးမြန်းသည်။
"ဟား ဟား ဟား...ငါက ရှင်းလော့ကုန်းမြေကပါ...ငါက အစ်ကိုကြီးဆု...အာ မဟုတ်ဘူး... ဆရာကြီးဆုရဲ့နောက်ကို လိုက်လာတာပါ"
ရှင်းထျန်းနန်က အပြုံးနှင့်ပြောဆိုသည်။
"ငါတို့က ချုံးပိုင်အင်မော်တယ်ကုန်းမြေကနေ ဆရာကြီးချီရဲ့နောက်ကို လိုက်လာတာပါ...မင်းတို့အားလုံးကိုတွေ့ရတာ ဝမ်းသာပါတယ်"
သူတို့၏နောက်တွင်ရှိနေသော နေလအင်မော်တယ်များကလည်း လာရောက်၍နှုတ်ဆက်ကြလေ၏။
"ဟား ဟား ဟား...ငါတို့က ကံကောင်းလို့ဆုံတွေ့ကြရတာပါ"
"နောင်အနာဂတ်မှာ ငါတို့အားလုံးက မိသားစုတစ်စုတည်းပဲ...ငါတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြရအောင်"
"သေချာတာပေါ့"
"ဟား ဟား ဟား.....ငါတို့တွေ ဒီဆက်ဆံရေးကို ထိန်းသိမ်းပြီးတော့ နောင်အနာဂတ်ကျရင် အချင်းချင်းပိုပြီးရင်းနှီးလာအောင် လုပ်ကြမယ်"
လူများအားလုံးသည် တစ်ယောက်နှင့်တစ်ယောက် တက်ကြွစွာနှုတ်ဆက်နေကြကာ သူတို့၏အရှင်များသည် သင်္ဘောပျံပေါ်ရှိ ဂိုဏ်းတူမောင်နှမများပင်။ထို့ကြောင့် နောက်လိုက်များသည် ရောနှော၍နေရမည်မှာ သဘာဝကျသောကိစ္စဖြစ်ပေ၏။
မကြာမီမှာပင် သူတို့အချင်းချင်း ညီအစ်ကိုဟု ခေါ်ဆိုနေကြတော့သည်။
ညီအစ်ကိုဟုခေါ်ဆိုနေစဉ်တွင် သူတို့သည် သူတို့နှင့်သက်ဆိုင်သော အရှင်များ၏အရည်အချင်းကို ဂုဏ်ယူဝံ့ကြွားစွာကြွားဝါရန် မမေ့လျော့ကြချေ။
ဤအချိန်အခိုက်အတန့်တွင် ကျန်းရန်ယုံသည် အဝေးတစ်နေရာမှသာ စောင့်ကြည့်နေဝံ့သည်။ သူသည် အနီးသို့ချဉ်းကပ်ဝံ့ခြင်းမရှိသဖြင့် ထိုနေရာနှင့်ဝေးကွာသောနေရာတွင်သာ မတ်တတ်ရပ်နေခဲ့သည်။
အကြောင်းအရင်းမှာ သူသည် ထိုလူများနှင့်တန်းတူမတ်တတ်ရပ်နိုင်ခြင်းမရှိကြောင်း သူ နားလည်သဘောပေါက်ထားသောကြောင့်ပင်။
သို့ရာတွင် ထိုအချိန်မှာပင် သင်္ဘောပျံပေါ်ရှိ လူကိုးဆယ့်ကိုးယောက်လုံး သူထံသို့ ပျံသန်းလာသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကျန်းရန်ယုံသည် အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်၏။
"ကျန်းရန်ယုံက စီနီယာတို့အားလုံးကို အရိုအသေပြုပါတယ်"
သူ ဦးညွှတ်အရိုအသေပြုလိုက်စဉ်မှာပင် ညင်သာသောအားလှိုင်းတစ်ရပ်က သူ့ကို တွဲထူပေးသည်။
"ဦးလေးကျန်း...အရမ်းကြီးယဉ်ကျေးနေဖို့ မလိုပါဘူး"
ထိုလူများကိုဦးဆောင်လာသော စုယွင်ယွင်က နူးညံညင်သာစွာပြောဆိုကာ သူမ၏လက်နှစ်ဖက်ဖြင့် သူအား တွဲထူပေးလေသည်။
ကျန်းရန်ယုံသည် ကြက်သေသေသွားကာ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်သည် သူ့အား ဦးလေးကျန်းဟုခေါ်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဦးလေးကျန်း ကြောက်ရွံ့နေဖို့မလိုပါဘူး...ငါတို့ရဲ့ဂျူနီယာညီမလေး မိုထျန်ကျီးက စီနီယာအစ်မယွင်ဝူ အဖမ်းခံရတုန်းက အခြေအနေကို တွက်ချက်ပြီးပြီ...ဒါ့ပြင် စီနီယာအစ်မယွင်ဝူက ဦးလေးကျန်းနဲ့ တစ်ချိန်လုံးနေခဲ့တယ်ဆိုတာ သူ သိခဲ့တယ်...စီနီယာအစ်မကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ဦးလေးကျန်းကို ကျေးဇူးတင်ပါတယ်"
"ရှင်က စီနီယာအစ်မယွင်ဝူရဲ့ဦးလေးဖြစ်နေမှတော့ ငါတို့ဂိုဏ်းတူမောင်နှမတွေအားလုံးက ရှင့်ကို ဦးလေးကျန်းလို့ ခေါ်သင့်ပါတယ်"
Chapter 713
ထိုသို့ပြောဆိုရင်း....
စုယွင်ယွင်သည် ကျန်းရန်ယုံထံ ဦးတည်၍ အနည်းငယ်ဦးညွှတ်အရိုအသေပြုလိုက်ရာ တခြားဂိုဏ်းတူမောင်နှမများအားလုံးကလည်း ထိုအတိုင်း လိုက်ပါလုပ်ဆောင်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းရန်ယုံသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။
သူသည် မည်ကဲ့သို့ကုသိုလ်ကောင်းမှုမျိုးကို ပြုလုပ်ခဲ့သဖြင့် ဤဆရာကြီးများသည် သူ့အားအလွန်ရိုသေလေးစားစွာ ဆက်ဆံနေသနည်း.....
သူ စကားမပြောဆိုနိုင်သေးမီမှာပင် စုယွင်ယွင်က တခြားအမိန့်များကို ပေးအပ်ပြီးဖြစ်သည်။
ဟွာထောင်သည် စုယွင်ယွင်၏အမိန့်ကိုကြားသည်နှင့် သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဆယ်နှင့်ချီသောဆေးလုံးများက ကျန်းရန်ယုံ၏လက်အတွင်းသို့ ကျရောက်လာသည်။
"မင်းရဲ့မိသားစုဝင်တွေက သူတို့ရဲ့အသက်တွေပျက်ပြယ်သွားပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်တွေ ပျောက်ကွယ်မသွားသေးဘူး...သူတို့ရဲ့အလောင်းတွေကို ဒီဆေးလုံးတိုက်ကျွေးလိုက်ရင် သူတို့တွေ ပြန်ပြီးနိုးထလာလိမ့်မယ်...သူတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက သိသိသာသာနိမ့်ကျသွားနိုင်ပေမယ့် သူတို့ အသက်ပြန်ရှင်သန်နိုင်လိမ့်မယ်"
ဟွာထောင်ကရှင်းပြကာ သူ၏မျက်နှာပေါ်၌ ခါးသည်းမှုအရိပ်အယောင်တချို့ရှိနေသည်။ အကယ်၍ ဆရာကြီးသာ ဤနေရာတွင်ရှိနေပါက သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံပင်။သူသည် ထိုလူများအားလုံးကို အသက်ပြန်ရှင်သန်အောင် လုပ်နိုင်သော်လည်း ချို့ယွင်းချက်အမြောက်အများ ရှိနေဆဲပင်။
သို့ရာတွင် ကျန်းရန်ယုံအတွက်ကမူ ဤသည်မှာ လုံလောက်သည်အထိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေလေပြီ။
သို့ရာတွင် သူသည် ကျေးဇူးတင်စကား မပြောဆိုရသေးမီမှာပင် ဝင်္ကပါပညာရပ်တွင်ထူးချွန်သော တခြားတပည့်တစ်ယောက် ရှေ့သို့တိုးလာသည်။ထို့နောက် သူသည် ကျန်းအိမ်တော်၏နံဘေးပတ်လည်တွင် ဝင်္ကပါတစ်ခုကို ခင်းကျင်းပေးလေ၏။
"ဒီဝင်္ကပါနဲ့ဆိုရင် အစစ်အမှန်အင်မော်တယ်တစ်ယောက်က လာပြီးမတိုက်ခိုက်မချင်း ရှင်တို့ကျန်းမိသားစု ထာဝရလုံခြုံဘေးကင်းနိုင်လိမ့်မယ်"
စုယွင်ယွင်က ရှင်းပြသည်။
"အစစ်အမှန်.....အစစ်အမှန်အင်မော်တယ်လား...."
ကျန်းရန်ယုံ၏အသံ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။
ထို့နောက် စုယွင်ယွင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ယူကာ ကျန်းရန်ယုံထံသို့ လက်ကမ်းပေးလေသည်။
"ဒီသိုလှောင်လက်စွပ်ထဲမှာ ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက် တစ်ရာကျော်ပါတယ်...ရှင် အဲ့ဒီအရာတွေအားလုံးကို ယူလိုက်ပါ"
ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက် တစ်ရာကျော်ဟု ဆိုသလော....
ထိုစကားတစ်ခွန်းကို နားထောင်ပြီးနောက်....
ကျန်းရန်ယုံသည် ရူးသွပ်သွားသည့်အလား ခံစားမိပေ၏။
သူသည် အချိန်အတော်ကြာသည်အထိ ကြက်သေသေနေခဲ့သည်။သူ၏အသိစိတ် ပြန်ဝင်လာသောအချိန်တွင် ထိုဂိုဏ်းတူမောင်နှမများသည် နေလအင်မော်တယ်တစ်စုနှင့်အတူ သင်္ဘောပျံပေါ်တက်၍ ပျောက်ကွယ်သွားတော့သည်။
...
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်....
ဤနေရာသည် အင်မော်တယ်ကုန်းမြေတချို့ထက်ပင် ပို၍ကြီးမားသည်။
အဝေးတစ်နေရာမှကြည့်ပါက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ရှေ့တွင် ကြီးမားသောဂိတ်တံခါးကြီးတစ်ခု ရှိနေသည်။
နန်းတော်၏နံဘေးပတ်လည်တွင် မရေမတွက်နိုင်သော အရောင်အသွေးစုံလင်သည့် မင်္ဂလာတိမ်တိုက်များ မျောလွင့်နေကာ တိမ်မြူခိုးများ ရစ်သိုင်းလွှမ်းခြုံနေသည်။
နန်းတော်တံခါး၏ဘေးတစ်ဖက်တချက်တွင် အဖြူရောင်ကျောက်စိမ်းတိုင်လုံး အမြောက်အများရှိသည်။ထိုတိုင်လုံးများ၏နံဘေးပတ်လည်တွင် ရွှေရောင်အကြေးခွံများ တောက်ပနေကာအနီရောင်မုတ်ဆိတ်မွှေးရှည်များရှိသော နဂါးများ လှည့်ပတ်ပျံသန်းနေသည်။
နန်းတော်တံခါးကို ကျော်လွန်ပြီးနောက်....
မိုးကောင်းကင်ယံအတွင်း၌ အရောင်အသွေးစုံသောဖီးနစ်များ ပျံသန်းနေကာ တိမ်တိုက်တံတားအမြောက်အများရှိပြီး အလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းကာ ဒဏ္ဍာရီများအတွင်းရှိ သုခဘုံနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏နံဘေးပတ်လည်တွင် အနက်ရောင်သံချပ်ကာဝတ်စုံများကိုဝတ်ဆင်၍ ကင်းလှည့်နေသော ကျင့်ကြံသူအမြောက်အများရှိသည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက သူတို့၏မျက်နှာများခြောက်ကပ်နေပြီး သူတို့၏မျက်လုံးများထိုင်းမှိုင်းနေကာ ဖုတ်ကောင်များအလား လမ်းလျှောက်နေသည်ကို မြင်တွေ့ရပေမည်။သူတို့ကိုကြည့်ရသည်မှာ သူတို့၏စိတ်ဝိညာဥ်များကိုနှုတ်ယူခြင်း ခံထားရသည့်အလားပင်။
ကောင်းကင်ဘုံအင်မော်တယိနန်းတော်အတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသော မင်္ဂလာတိမ်တိုက်များအကြား၌ ပိုးမွှားငယ်လေးများအလား အနက်ရောင်အခိုးအငွေ့အမျှင်တန်းများရှိနေသည်။ထိုအရာများသည် နန်းတော်၌တွယ်ကပ်နေသဖြင့် မင်္ဂလာမရှိသော အရာတစ်ခုအလား နန်းတော်တစ်ခုလုံးကို အနည်းငယ်မှောင်မိုက်သွားစေသည်။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏အတွင်းနှင့်အပြင်သည် လုံးလုံးလျားလျား ကွဲပြားခြားနားသော မြင်ကွင်းနှစ်ခုဖြစ်နေသည်။
မြင်ကွင်းတစ်ခုသည် သက်ဝင်လှုပ်ရှားမှုများနှင့်ပြည့်နက်နေကာတခြားတစ်ခုသည်အသက်ကင်းမဲ့နေသည်။တံခါးတစ်ချပ်သာကွာခြားသော်လည်း ဤမြင်ကွင်းနှစ်ခု၏ကွာဟချက်သည် ထူးဆန်းမှုတစ်ခုကို ပေါ်လွင်စေသည်။
ဤအချိန်တွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ ဗဟိုရင်ပြင်၌....
လျှပ်စီးမိုးကြိုးများ တစ်စင်းပြီးတစ်စင်း ကျရောက်လာပြီးနောက် ဗဟိုရင်ပြင်၏အလယ်ဗဟိုတွင် အက်ကွဲသံများထွက်ပေါ်လာကာ လှောင်အိမ်တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ယွင်ဝူကို ထိုအရာအတွင်း၌ လှောင်ပိတ်ထားလေ၏။
ယွင်ဝူသည် လှောင်အိမ်အတွင်း၌ သတိလစ်မေ့မျောနေပုံရသည်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ အနက်ရောင်ချီစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
ထိုအနက်ရောင်ချီများကို ကြည့်ရသည်မှာ မျှော့များနှင့်တူညီပြီး ယွင်ဝူ၏ခန္ဓာကိုယ်အတွင်းမှစွမ်းအားများကို ဆွဲထုတ်ကာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ စုပ်ယူသွားခဲ့သည်။
"ဟမ့်...မင်းက ကံကြမ္မာစွမ်းအားတွေကို ရယူဖို့အတွက် အရှင်နဲ့ယှဉ်ပြိုင်ဝံ့တယ်...အခု မင်းက လိမ်လိမ်မာမာနေပြီးတော့ မင်းရဲ့စွမ်းအားတွေကို အရှင်ရဲ့စုပ်ယူတာကို ခံလိုက်စမ်း"
သံတမန်ကြီးသည် လှောင်အိမ်၏ရှေ့တွင် မတ်တတ်ရပ်ကာ သတိလစ်မေ့မျောနေသော ယွင်ဝူကိုကြည့်ပြီး သူ၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
ထိုအချိန်မှာပင် ရွှမ်အင်မော်တယ်တစ်ယောက်က ထိတ်လန့်တကြားပြေးဝင်လာကာ သတင်းပို့သည်။
"မကောင်းတော့ဘူး...တစ်ယောက်ယောက်က ငါတို့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေပြီ"
"ဟမ့်...."
ဟိုစကားကိုကြားချိန်တွင် သံတမန်ကြီးသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်နှာအမူအယာ သုန်မှုန်သွားပြီး တိုက်ခိုက်ရန်အတွက် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူသည် ရုတ်တရက် တစ်စုံတစ်ခုကိုအာရုံခံမိသွားပုံဖြင့် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။သူသည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ အလျင်စလိုဒူးထောက်လိုက်၏။
"အရှင့်ကို အရိုအသေပြုပါတယ်”
သံတမန်ကြီးက အလွန်အမင်းရိုသေလေးစားသောလေသံဖြင့် ပြောဆိုသည်။
ထိုအသံကျရောက်သွားချိန်တွင် ရင်ပြင်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်တိမ်တိုက်အစုအဝေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ဤအရာသည်မျက်နှာကြီးတစ်ခုနှင့် တူညီသော်လည်း အလွန်အမင်းမှုန်ဝါးနေသဖြင့် မျက်နှာပုံပန်းသွင်ပြင်များကို မမြင်နိုင်ချေ။
ထိုမျက်နှာကြီးထံမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"အင်မော်တယ်နန်းတော်ရဲ့အပြင်မှာ ဘာတွေဖြစ်နေတာလဲ"
ထိုစကားကိုကြားချိန်တွင် သံတမန်ကြီး၏ခန္ဓာကိုယ် တုန်ရီသွားကာ အလျှင်အမြန်ရှင်းပြသည်။
"အရှင်...ကျွန်တော်က အရှင်ရဲ့ကံကြမ္မာစွမ်းအားတွေ ခိုးယူနေတဲ့လူကို ဖမ်းထားပြီးပြီ"
"သူတို့တွေက အရင်က ပိုက်ကွန်ထဲကနေ ချော်ထွက်သွားတာကြောင့် ကျွန်တော် ထည့်မတွက်ခဲ့မိတဲ့ ငါးလေးတွေပါပဲ...သူတို့က ဒီမိန်းကလေးကိုကယ်ဖို့ ကျွန်တော်ရဲ့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို တိုက်ခိုက်တာပါ...အရှင် ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်က လူတွေခေါ်သွားပြီးတော့ သူတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းလိုက်မယ်"
သံတမန်ကြီးကပြောဆိုကာ မတ်တတ်ထရပ်ပြီး တိုက်ခိုက်ရန်အတွက် ဟန်ပြင်လိုက်သည်။
"မလိုဘူး"
အနက်ရောင်တိမ်အစုအဝေးအကြားမှနေ၍ ဟန့်တားလိုက်သော အသံတစ်သံထွက်ပေါ်လာသည်။
အချိန်တခဏကြာခန့် ရပ်တန့်သွားပြီးနောက် အနက်ရောင်မျက်နှာကြီးက သရော်တော်တော်ပြောဆိုသည်။
"သူတို့အားလုံး ဒီနေရာကိုရောက်လာမှတော့ သူတို့ကို ဝင်ခွင့်ပြုလိုက်တော့"
သံတမန်ကြီးသည် အချိန်ခဏကြာခန့် ကြက်သေသေသွားပြီးနောက် အဓိကသော့ချက်ကိုနားလည်သဘောပေါက်သွားကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"အရှင်ဆိုလိုတဲ့ ဝင်ခွင့်ပြုလိုက်ဆိုတာက....အိုးထဲကိုဝင်လာတဲ့ လိပ်တွေကို ဖမ်းသလိုမျိုး သူတို့အားလုံးကို တစ်ချက်တည်းနဲ့ ဖမ်းရမှာလား...အမှန်ပဲ ကျွန်တော်က အဲ့ဒီကိစ္စကို မစဉ်းစားခဲ့မိဘူး"
"အရှင်က တကယ့်ကို ဥာဏ်ပညာကြီးမားတဲ့လူပဲ"
သံတမန်ကြီးက ချီးမွမ်းစကားပြောဆိုပြီးနောက် တခြားလူများအားလုံးကို အမိန့်ပေးလိုက်သည်။
ထိုအမိန့်ကိုလက်ခံရရှိပြီးနောက် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်တွင်ရှိသော ကျင့်ကြံသူများအားလုံး ပင်မခန်းမအတွင်းသို့ ဆုတ်ခွာလိုက်ကြ၏။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ပုန်းကွယ်နေကာ ကျူးကျော်ဝင်ရောက်လာသူများအား အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ရန်အတွက် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည်။
တစ်ချိန်တည်းမှာပင်....
စုယွင်ယွင်၏ဦးဆောင်မှုအောက်တွင် ဂိုဏ်းတူမောင်နှမကိုးဆယ်ကျော်နှင့် နေလအင်မော်တယ်များသည် ကြီးကျယ်ခမ်းနားသောကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ရှေ့သို့ ရောက်ရှိလာကြသည်။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်...
"ဒါက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်လား...အရမ်းကြီးကျယ်ခမ်းနားတာပဲ...ငါတို့တွေ စီနီယာအစ်မယွင်ဝူကို ကယ်တင်ပြီးတဲ့အချိန်ကျရင် ငါ့ရဲ့နန်းတော်ကို ဒီနေရာဆီရွှေ့ပြောင်းတာ ပိုကောင်းလိမ့်မယ်"
ဝူထျန်းက သူ့ရှေ့ရှိ လှပသောမြင်ကွင်းကိုကြည့်ပြီး သူ၏စိတ်နှလုံးသားအတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က တကယ့်ကို သာလွန်ထူးကဲတယ်"
လူများအားလုံးသည် သူတို့ရှေ့ရှိ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကိုကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြ၏။
သို့ရာတွင် သင်္ဘောပျံ၏ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေသော စုယွင်ယွင်၏မျက်နှာပေါ်တွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်လာသည်။သူမ၏ရှေ့ရှိ အစောင့်အကြပ်မရှိသော ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကိုကြည့်ပြီး သူမ၏စိတ်နှလုံးသားအတွင်း၌ သတိကြီးစွာထားရန်လိုသော အရိပ်အယောင်များ မြင့်တက်လာသည်။
"ရပ်လိုက်စမ်း"
သူမက ချက်ချင်းဆိုသလိုပင် သင်္ဘောပျံအား ဟန့်တားလိုက်သည်။
"စီနီယာအစ်မ...ဘာပြဿနာရှိလို့လဲ...အထဲကိုတိုက်ရိုက်ဝင်ပြီးတော့ စီနီယာအစ်မယွင်ဝူကိုကယ်မှာ မဟုတ်လား"
လီကျင်းက သံသယအပြည့်ဖြင့် မေးမြန်းသည်။
"ထူးဆန်းတယ်..ဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှာ ဘာလို့ အစောင့်တစ်ယောက်မှ မရှိတာလဲ...ဒါက ပုံမှန်မဟုတ်ဘူး...ထောင်ချောက်တစ်ခု ဖြစ်နေနိုင်တယ်
စုယွင်ယွင်က တည်ကြည်လေးနက်စွာပြောဆိုသည်။
"စီနီယာအစ်မ...တကယ်လို့ ထောင်ချောက်တစ်ခုဆိုရင်တောင် ငါတို့က ချိုးဖျက်ဝင်ရမယ်...ငါတို့အချိန်ဆွဲနေမယ်ဆိုရင် စီနီယာအစ်မယွင်ဝူအတွက် အန္တရာယ်ပိုများသွားနိုင်တယ်"
လီထျန်းပိုင်က ပြောဆိုသည်။
"ဒါက အမှန်ပဲ...ငါတို့ဘက်မှာ လူတွေအများကြီးရှိတယ်...ငါတို့က ဘာလို့ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ကြောက်နေရမှာလဲ"
တခြားဂိုဏ်းတူတပည့်များ၏စကားများကို နားထောင်ပြီးနောက် စုယွင်ယွင်သည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီး သဘောတူညီလိုက်သည်။
စီနီယာအစ်မယွင်ဝူသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ လက်အတွင်း၌ ရှိနေဆဲပင်။အကယ်၍ ဤနေရာသည် ကျားလှိုဏ်ဂူတစ်ဂူဖြစ်နေလျှင်ပင် သူမတို့အားလုံး ထိုအထဲသို့ ချိုးဖျက်ဝင်ရောက်ရပေမည်။
"ဝင်ကြစို့"
စုယွင်ယွင်သည် သင်္ဘောပျံအား တံခါးမကြီးအား တိုက်ရိုက်ဖြတ်ကျော်ဝင်ရောက်ရန် အမိန့်ပေးကာ နန်းတော်အတွင်းသို့ ဝင်ခဲ့တော့သည်။
"ဒါက စီနီယာအစ်မယွင်ဝူ မဟုတ်လား"
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ ရှုပ်ထွေးသောနန်းဆောင်များအကြား၌ ဖြတ်သန်းခဲ့ပြီးနောက် မကြာမီမှာပင် အဝေးတစ်နေရာတွင် ရင်ပြင်တစ်ခုကို မြင်တွေ့မိသည်။ထိုရင်ပြင်၏အလယ်တွင် လှောင်ပိတ်ခံထားရသော ယွင်ဝူကို မိုထျန်ကျီးက ချက်ချင်းရှာဖွေတွေ့ရှိသွားသည်။
"မကောင်းတော့ဘူး...ယွင်ဝူရဲ့အခြေအနေက အရမ်းဆိုးနေပြီ"
ဝူချန်အန်းက ချက်ချင်းဆိုသလိုပင် တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။
တခြားလူများအားလုံးသည် ယွင်ဝူထံသို့ အလျှင်အမြန်ကြည့်လိုက်ကြ၏။
ဤအချိန်တွင် မြေပြင်ပေါ်၌ လဲကျနေသော ယွင်ဝူသည် သတိလစ်မေ့မျောနေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အနက်ရောင်ချီစွမ်းအားလှိုင်းများ ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ အလွန်အမင်းထူးဆန်းနေသည်။
"နင်တို့တွေအားလုံး ဘာကောင်တွေပဲဖြစ်နေနေ...စီနီယာအစ်မယွင်ဝူနဲ့ ဒီကိစ္စရဲ့လက်သည်တရားခံတွေအားလုံးကို ထုတ်ပေးစမ်း...မဟုတ်ရင် ငါတို့က နင်တို့ရဲ့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်မယ်"
စုယွင်ယွင်သည် လေထုအတွင်းသို့ပျံသန်းကာ သူမထံမှနေ၍ ဧကရီတစ်ပါး၏အရှိန်အဝါ ထွက်ပေါ်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံဖြင့်ပြောဆိုသည်။သူမ၏အသံတွင် ချိုးဖျက်၍မရသော အခွင့်အာဏာများဖြင့် ပြည့်နှက်နေပေ၏။
"စီနီယာအစ်မကို လက်လွှဲပေးစမ်း...မဟုတ်ရင် ငါက မင်းတို့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖောက်ခွဲပစ်မယ်"
ဟုန်ဖုန်ခွမ်းက ဒေါသတကြီး ပြောဆိုသည်။
"တကယ်လို့ မင်းတို့က ငါ့ရဲ့စီနီယာအစ်မကို ထိဝံ့မယ်ဆိုရင် ငါက မင်းတို့အားလုံးကို ခုတ်ပိုင်းပစ်မယ်"
ချီယီထုံက သူ၏လက်အတွင်းရှိ မီးဖိုချောင်သုံးဓားကိုမြှောက်ကာ အော်ဟစ်လိုက်သည်။
တခြားဂိုဏ်းတူမောင်နှမများသည်လည်း ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
မရေမတွက်နိုင်သော နေလအင်မော်တယ်ကျင့်ကြံသူများသည် သူတို့၏အစစ်အမှန်အနှစ်သာရများကိုသိပ်သည်းကာ တိုက်ခိုက်ရန်အတွက် စုယွင်ယွင်မှအမိန့်ပေးမည်ကို စောင့်ဆိုင်းနေကြသည်။
ထိုအချိန်မှာပင်....
ဝှစ်....ဝှစ်...ဝှစ်...
အနက်ရောင်ပုံရိပ်အမြောက်အများသည် အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာကာ သူတို့အားလုံးသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။ထို့ပြင် သူတို့၏အရေအတွက်သည် စုယွင်ယွင်တို့လူစုထက် အဆများစွာ ပို၍များပြားနေသည်။ထိုလူများသည် စုယွင်ယွင်တို့လူစုကို ဝိုင်းရံလိုက်ကြ၏။
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးသည် နေလအင်မော်တယ်များဖြစ်ပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် စုယွင်ယွင်တို့ကို မျက်နှာချင်းဆိုင်လိုက်ကြသည်။
စုယွင်ယွင်တို့လူစုသည် ချက်ချင်းဆိုသလိုပင် ဝိုင်းရံခြင်းခံလိုက်ရသည်။
တချိန်တည်းမှာပင် သံတမန်ကြီး၏လက် တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အတွင်းရှိ ဝင်္ကပါများအားလုံး အသက်ဝင်လာသည်။
ဘုန်း...ဘုန်း....
ကျယ်လောင်သောအသံများ ပဲ့တင်ထပ်လာခြင်းနှင့်အတူ ဓားများ လျှပ်စီးမိုးကြိုးများ မီးလုံးများက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာကာ ဝင်္ကပါအမျိုးမျိုး အသက်ဝင်လာပြီး အောက်သို့ အချိန်မရွေး ပြုတ်ကျလာတော့မည့်အလားပင်။
ထိုဝင်္ကပါများ၏အလယ်တွင် မတ်တတ်ရပ်နေသော သံတမန်ကြီးကပြောဆိုသည်။
"ဟီး ဟီး ဟီး...ငါတို့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က ဖမ်းထားတဲ့ လူတစ်ယောက်ကို မင်းတို့ဆီ လွှဲပြောင်းပေးစေချင်တာလား"
"အခုချိန်မှာ မင်းတို့တွေက ဒီနေရာကိုရောက်လာပြီးမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားကြနဲ့တော့...ဒီနေ့ မင်းတို့အားလုံး သေရမယ်"
"တိုက်ကြစမ်း"
သံတမန်ကြီး၏အသံ ကျရောက်သွားခြင်းနှင့်အတူ တိုက်ပွဲစတင်လာတော့သည်။
မိုးကောင်းကင်ယံအတွင်း၌ မိုးသီးမိုးပေါက်များကဲ့သို့ ထူထပ်သိပ်သည်းသော ဓားချီအလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။
မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးလှိုင်းများသည် မီးလုံးကြီးများနှင့်အတူယှဥ်တွဲ၍ ကျရောက်လာသည်။ထို့ပြင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ၏ အစစ်အမှန်အနှစ်သာရစွမ်းအားများသည်လည်း ကျရောက်လာလေပြီ။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်၌ အရောင်အသွေးစုံလင်ပြီး ပြင်းထန်သော မှော်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
ကောင်းကင်ဘုံအင်မတန်နန်းတော်မှ လက်ဦးမှုယူ၍ စတင်တိုက်ခိုက်သည်ကိုကြည့်ပြီး စုယွင်ယွင်က အေးစက်တင်းမာသောအသံဖြင့် တိုက်ပွဲစရန်အမိန့်ပေးကာ သံတမန်ကြီးထံသို့ တိုးဝင်လိုက်၏။
"ဟမ့်...နင်တို့က ခေါင်းမာနေမှတော့ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က ဒီနေ့ ပျက်စီးရမယ်"
စုယွင်ယွင်၏အမိန့်ကိုကြားသည်နှင့် လူများအားလုံး တိုက်ပွဲအတွင်းသို့ ဝင်လိုက်ကြတော့သည်။
ဘုန်း....
ဟုန်ဖုန်ခွမ်းသည် လုံးလုံးလျားလျား ရူးသွပ်နေကာ လူအထူထပ်ဆုံးနေရာသို့ပြေးဝင်ပြီး သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ရာနှင့်ချီသော နေလအင်မော်တယ်များ သေဆုံးသွားသည်။
သူ၏သွေးများ အရိုးများ အသားများ ခြေထောက်များသည် တဖန်ပြန်၍ဖွဲ့စည်းသွားပြီးနောက် သူက ထပ်မံ၍ဖောက်ခွဲလိုက်သည်။
တိုက်ပွဲကွင်းပြင်တစ်ခုလုံးအတွင်း၌ မရေမတွက်နိုင်သောမီးတောက်များ လောင်ကျွမ်းနေသည်။
ဝူထျန်းသည် ဟုန်ဖုန်ခွမ်း၏နောက်သို့လိုက်ကာ အကောင်းမွန်ဆုံးပူးပေါင်းမှုကို ဆောင်ရွက်လိုက်သည်။
ဟုန်ဖုန်ခွမ်း ရူးသွပ်စွာ ဖောက်ခွဲလိုက်သည့်အချိန်တိုင်း ဝူထျန်းက သူ၏နောက်မှနေ၍ အသေခံလိုက်လံတိုက်ခိုက်သည်။ဝူထျန်းသည် အသေခံ၍တိုက်ခိုက်ကာ သူ အသက်ပြန်ရှင်သန်လာချိန်၌ ပို၍သန်မာအားကောင်းသွားသည်။သူ သေဆုံးသွားသည့်အချိန်တိုင်း သူသည် ရုပ်ရှင်ကားကြီးတစ်ခုကို ရိုက်နေသည့်အလားပင်။
"ငါ့ရဲ့စီနီယာအစ်မကို အနိုင်ကျင့်ဝံ့လူတွေ ငါ့ရဲ့ဓားကို ခံယူကြစမ်း"
လီကျင်းက သူ၏ဓားကို ရှေ့သို့ညွှန်လိုက်ရာ ဓားချီအလင်းတန်းများက ပတ်ဝန်းကျင်နေရာတဝိုက်ကို ရစ်သိုင်းလွှမ်းခြုံသွားသည်။
ဆယ်နှင့်ချီသော နေလအင်မော်တယ်များသည် ပူးပေါင်း၍တိုက်ခိုက်သည့်တိုင် သူတို့အားလုံးသည် ဒူးထောက်ကာ သူတို့၏ လက်များကို ပူးဆုပ်လိုက်ကြ၏။သူတို့သည် လီကျင်း၏ဓားချက်ကို လက်ဗလာဖြင့်ခံယူရပြီးနောက် သေဆုံးသွားကြတော့သည်။
"မင်းတို့ရဲ့ခေါင်းတွေကို မြင့်မြင့်မော့ထားစမ်း"
လေထုအတွင်း၌ နွားရိုင်းစိမ်းတစ်ကောင် ထွက်ပေါ်လာပြီးနောက် လီထျန်းပိုင်သည် သူ၏လက်မှ နွားမြှီးကြာပွတ်ကိုဝှေ့ယမ်းကာ ဆယ်နှင့်ချီသော အင်မော်တယ်များ၏ခန္ဓာကိုယ်များကို တစ်ဝက်ပြတ်တောက်သွားစေသည်။
Chapter 714
ချီယီထုံသည် သူ၏လက်ဝဲဘက်လက်အတွင်း၌ သံဇွန်းကြီးကိုကိုင်ပြီး သူ၏လက်ယာဘက်လက်အတွင်း၌ မီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။ထို့နောက် သူသည် ဖရဲသီးများဟင်းသီးဟင်းရွက်များကို ဖြတ်တောက်သည့်အလား ခုတ်ပိုင်းနေလေ၏။
နေလအင်မော်တယ်တစ်ယောက်၏ခေါင်းကို ဖြတ်တောက်ပြီးနောက် သံဇွန်းကြီးဖြင့်ပုတ်လိုက်ရာ ထိုခေါင်းပြတ်ကြီးသည် ပျံ့လွင်သွားပြီး တခြားနေလအင်မော်တယ်ဆယ်ယောက်ကျော်၏ရင်ဘတ်များအတွင်းသို့ ထွင်းဖောက်သွားသည်။
ဆုကျူးကျင်းသည် လူအုပ်အကြား၌ ခေါက်တုံ့ခေါက်ပြန့်ဖြတ်သန်း၍ တိုက်ခိုက်နေကာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရှိ နေလအင်မော်တယ်များသည် သူတို့၏ဒန်တျန်များ ပေါက်ကွဲပြီး သေဆုံးသွားသည်။
ကျားကျားချင်သည် ဝက်ပျံ၏ခေါင်းပေါ်၌ထိုင်ကာ ဖီးနစ်ငှက်သုံးထောင် တောရိုင်းသားရဲငါးထောင် ဗီဇာပြောင်းနဂါးအကောင်တစ်သောင်းနှင့် တခြားနတ်ဘုရားသားရဲသုံးသောင်းကျော်ကို ထိန်းကျောင်းနေသည်။
ဝူချန်အန်းသည် ကျားကျားချင်နှင့်အတူ ဝက်ပျံကိုစီးကာ အဆောင်လက်ဖွဲ့များကို ဗုန်းဗောလအောဖြန့်ကျဲနေသည်။
ဝတ်ရုံရှည်ကြီးတထည်ကို ဝတ်ဆင်ထားသော ပိုင်ချီယု၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေကာ သူ့၏လက်သီး တချက်ထိုးနှက်လိုက်ချိန်တိုင်း နေလအင်မတန်အမြောက်အများ သွေးမြူများအဖြစ် ပေါက်ကွဲသွားသည်။
ချီယီထုံ၏နောက်သို့လိုက်လာသော ချုံးပိုင်ကုန်းမြေမှ မိသားစုခေါင်းဆောင်ငါးယောက်သည်လည်း တိုက်ပွဲအတွင်းသို့ဝင်ရောက်ကာ နေလအင်မော်တယ်များကို ပါးဖြတ်ရိုက်လိုက်ကြသည်။
"လူအိုကြီးရှောင်....တခြားလူတွေကို ပါးရိုက်ရတာက တကယ်ခံစားလို့ကောင်းတာပဲ"
တခြားမိသားစုခေါင်းဆောင်လေးယောက်က ရယ်မောရင်းပြောဆိုသည်။
ဝမ်ကျင်းထန်နှင့်ဝမ်လော့လီတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
"နင်က ဆယ့်ငါးယောက် သတ်ခဲ့တယ်...ငါက ဆယ့်ခြောက်ယောက် သတ်ထားတယ်"
"မဟုတ်ဘူး မင်းရေတာမှားနေပြီ...ငါ ဆယ့်ခုနစ်ယောက် သတ်ထားတာ...."
သူတို့နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံနေကြသည်။သူတို့သည် တစ်ဖက်လူက တယောက်ပိုသတ်လိုက်သည်နှင့် ထိုလူထက် ပိုသတ်နိုင်ရန် နည်းလမ်းများရှာဖွေကြသည်။
"ခုလိုမျိုး ယောက်ယပ်ခတ်နေတဲ့ အခြေအနေမှာ တစ်ဖက်လူတွေကို အသေရိုက်သတ်ရမှာလား"
တောက်မေးယွင်က တစ်ယောက်တည်း ရုန်းကန်တိုက်ခိုက်နေရင်း စဥ်းစားတွေးတောလိုက်သည်။
ထို့ပြင် အဝေးတွင်ရှိနေသော စုယွင်ယွင်၏တိုက်ပွဲမှ နောက်ချန်အားလှိုင်းများကြောင့် နေလအင်မော်တယ်အမြောက်အများ သေဆုံးသွားခဲ့သည်။
ညီအစ်ကိုကောင်းများဖြစ်သော ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့သည်လည်း အတူပူးပေါင်းကာ တစ်ဖက်ရန်သူများကို ရင်ဆိုင်လိုက်ကြ၏။
"အစ်ကိုကြီး...ငါ့ကို ကယ်ပါအုံး"
...
မုန့်ကျီရှန်းသည် ဤအချိန်ကိုအခွင့်ကောင်းယူ၍ ဝင်္ကပါကိုချိုးဖျက်ကာ အတွင်း၌ လှောင်ပိတ်ခံထားရသော ယွင်ဝူကို ကယ်တင်လိုက်သည်။ထို့နောက် သူသည် ယွင်ဝူကို အားအကောင်းဆုံးခုခံကာကွယ်မှု ရှိသောနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
ထောင်သောင်းချီသော နေလအင်မော်တယ်များ တိုက်ခိုက်နေကြသဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားလှိုင်းများက မိုင်သန်းနှင့်ချီအကွာအဝေးထိ ပျံ့နှံ့သွားသည်။
"ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားဖို့ကောင်းတယ်စွမ်းအားလဲ...ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှာ တစ်ခုခုဖြစ်နေတာလား"
အနီးရှိကုန်းမြေများတွင်ရှိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။သူတို့သည် နတ်ဘုရားစိတ်အာရုံများကိုအသုံးပြုကာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရှိရာနေရာသို့ ကြည့်လိုက်ကြ၏။
"အိုး ဘုရားရေ....တစ်ယောက်ယောက်ကတကယ်ကြီး ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေတာပါလား"
"သောက်ချေး...ဒါက အမှန်ပဲလား"
"ကုန်းမြေအကာအကွယ်ဝင်္ကပါကြီးကို ဖွင့်လိုက်ကြတော့"
ကုန်းမြေအရှင်များသည် ပျာပျာသလဲအော်ဟစ်လိုက်ကြ၏။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုတိုက်ပွဲ၏နောက်ချန်အားလှိုင်းများသည် ကြုံရာကျပန်းကျရောက်သွားသောကြောင့် မဟာအကာအကွယ်ဝင်္ကပါကြီးများအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။ထိုကြောင့် ကုန်းမြေများအတွင်းရှိ ထောင်နှင့်ချီသောတောင်များ ကြေမွှပျက်စီးသွားပေး၏။
ဗဟိုရင်ပြင်၌...
တိုက်ပွဲသည် အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိနေလေပြီ။
"မပြေးနဲ့...."
ဟုန်ဖုန်ခွမ်းသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ရာနှင့်ချီသောအင်မော်တယ်များနောက်သို့ လိုက်လံဖမ်းဆီးနေကာ ဝူထျန်းက သူ၏နံဘေးမှနေ၍ အဆက်မပြတ် အသေခံတိုက်ခိုက်နေသည်။
ထိုလူများ မပြေးနိုင်တော့သည့်အချိန်တွင် ဟုန်ဖုန်ခွမ်းသည် ရူးသွပ်စွာဖြင့် သူ့ကိုယ်သူထပ်မံ၍ဖောက်ခွဲလိုက်၏။
သူတို့၏လိုက်လံဖမ်းဆီးခြင်းကိုခံရသော နေလအင်မော်တယ်များအားလုံး ရူးသွပ်လုမတတ်ခံစားနေရသည်။
"သူတို့က လူမဟုတ်ဘူး...သားရဲနှစ်ကောင်ပဲ...ပြေးကြတော့...."
သူတို့နှစ်ယောက်၏လိုက်လံဖမ်းဆီးခံရသော ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ကျင့်ကြံသူများ အော်ဟစ်ဆဲဆိုလိုက်ကြသည်။
ဝူချန်အန်းအန်သည် အဆောင်လက်ဖွဲ့များကိုအသုံးပြု၍ မရေမတွက်နိုင်သောကိုယ်ပွားများအဖြစ်သို့ ထပ်မံ၍ပြောင်းလဲထားသည်။ထို့နောက် သူ၏ကိုယ်ပွားတစ်ယောက်စီဖြင့် ထွက်ပြေးသွားသောလူတစ်ယောက်ကို လိုက်လံသတ်ဖြတ်စေသည်။
...
သုံးနာရီခန့်ကြာမြင့်သွားပြီးနောက် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ နေလအင်မော်တယ်များ၏ ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် သေဆုံးသွားကာ တိုက်ပွဲတစ်ခုလုံး အဆုံးသတ်တော့မည့်အချိန်သို့ ရောက်ရှိသွားလေပြီ။
ကြီးမားသော ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် ထိုတိုက်ပွဲ၏အရှိန်အဟုန်ကြောင့် စုတ်ပြတ်သွားကာ အက်ကွဲကြောင်းများက နေရာအနှံ့အပြား၌ ထွက်ပေါ်နေသည်။နန်းတော်၏အကာအကွယ်ဝင်္ကပါကြီးသည်လည်း ပို၍ပင်ကြေမွှပျက်စီးသွားပေ၏။
"သောက်ချေးပဲ...အဲ့ဒီလူတွေက ဘယ်သူတွေလဲ....ဘာလို့ မြေကမ္ဘာအင်မော်တယ်တွေက နေလအင်မော်တယ်တွေထက် ပိုပြီးသန်မာအားကောင်းနေတာလဲ"
"အင်မော်တယ်နယ်မြေမှာ ဒီလိုမျိုးပြိုင်ဘက်ကင်းတည်ရှိမှုကြီးတွေ ဘယ်အချိန်တုန်းက ထွက်ပေါ်လာတာလဲ"
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်တောင် ပျက်စီးသွားပြီ....ဒီအင်အားစုက ဘယ်နေရာကနေ ရောက်လာတာလဲ"
ဤနေရာနှင့်အနီးတွင်ရှိသော ကုန်းမြေများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ဝင်္ကပါကြီးမှတဆင့် တိုက်ပွဲမြင်ကွင်းကို မြင်တွေ့နိုင်ကြသည်။ရုတ်ချည်းဆိုသလိုပင် အထက်ဆင့်သုံးဆင့်မှ ကုန်းမြေများအတွင်းရှိ မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော် ပျက်စီးသွားသည်ကို မြင်တွေ့မိလေ၏။
"ဟူး...."
အင်မော်တယ်နယ်မြေ၏ ကုန်းမြေများတွင်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။
ထိုအချိန်မှာပင် စုယွင်ယွင်နှင့်သံတမန်ကြီးတို့အကြားရှိ တိုက်ပွဲသည်လည်း အဆုံးသတ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားလေပြီ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူတို့အားလုံး သေသွားပြီလား"
သံတမန်ကြီးသည် မြေပြင်ပေါ်၌ပြန့်ကျဲနေသော အလောင်းများကို မယုံကြည်နိုင်စွာကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ဤအလောင်းများသည် သူ၏ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ နေလအင်မော်တယ်များပင်။
ထောင်သောင်းချီသော နေလအင်မော်တယ်များသေဆုံးသွားရသည်မှာ နှစ်ပေါင်းရာနှင့်ချီကြာမြင့်ပြီးနောက် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏သမိုင်း၌ ပထမဆုံးဖြစ်ခဲ့သောကိစ္စပင်။
သံတမန်ကြီးသည် ထိတ်လန့်တုန်လှုပ်သွားကာ တိုက်ခိုက်နေခြင်းကို အလျှင်အမြန်ပြန်ရုတ်သိမ်းပြီး နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
"မင်းက ဘယ်နေရာကို ပြေးမလို့လဲ"
ကျားကျားချင်သည် ဝက်ပျံကိုစီးနင်းရင်း အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲကာသံတမန်ကြီးနောက်သို့လိုက်လံဖမ်းဆီးသည်
မုန့်ကျီရှန်းသည်လည်း သံတမန်ကြီးထွက်ပြေးနိုင်သည့် လမ်းတလျှောက်လုံး၌ အတားအဆီးများကို တစ်ခုပြီးတစ်ခုနေရာချထားလေသည်။
ပိုင်ချီယုသည် ပျံသန်းနိုင်ခြင်းမရှိသော်လည်း သူ၏ခြေထောက်များကျိုးလုမတတ် သံတမန်ကြီး၏နောက်သို့ လိုက်လံဖမ်းဆီးလေ၏။
သံတမန်ကြီး၏နောက်သို့ မရေမတွက်နိုင်သောတိုက်ခိုက်မှုများ နောက်မှထပ်ချပ်မကွာ လိုက်ပါလာသည်။
"အရှင် ကယ်ပါအုံး"
သံတမန်ကြီးသည် သူ၏သွေးစွမ်းအားများကို လောင်ကျွမ်းစေကာ အားကုန်ပျံသန်းလိုက်သည်။သူသည် စုယွင်ယွင် တစ်ယောက်တည်းကိုပင် အနိုင်မယူနိုင်ချေ။ဤမျှထိများပြားသောလူများ သူကိုဝိုင်းရံတိုက်ခိုက်ပါက သူ သေဆုံးရမည်မှာ သေချာပေါက်ပင်။ထိုကြောင့် သူသည် မိုးကောင်းကင်ယံထံသို့မော့ကြည့်ကာ အလျင်စလိုအော်ဟစ်လိုက်၏။
မရေမတွက်နိုင်သော တိုက်ခိုက်မှုများသည် သံတမန်ကြီးထံသို့ ရောက်ရှိလုဆဲဆဲအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်လက်ကြီးတစ်ဖက် ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအနက်ရောင်လက်ကြီးကိုကြည့်ရသည်မှာ ကုန်းမြေတစ်ခု အရွယ်အစားခန့်ရှိနေသည်။ထိုအနက်ရောင်လက်ကြီး ထွက်ပေါ်လာမှုနှင့်အတူ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် ပြန်လည်ဖွဲ့စည်းသွားကာ ကောင်းကင်နှင့်မြေမြေပြင်ကို ဖျက်ဆီးလုမတတ် အလွန်ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်။
ပတ်ဝန်းကျင်ရှိ မင်္ဂလာတိမ်တိုက်များအားလုံး ပျောက်ကွယ်သွားကာ မိုးကောင်းကင်ယံကြီး မည်းမှောင်သွားပြီး နေမင်းကြီး၏အလင်တန်းများသည်လည်း လွှမ်းခြုံခြင်းခံလိုက်ရပုံပင်။
ဤအချိန်အခိုက်အတန့်၌ မိုးကောင်းကင်ယံကြီး မည်းမှောင်သွားကာ နေနှင့်လ ပျောက်ကွယ်သွားလေပြီ။
ထိုအနက်ရောင်လက်ကြီးသည် သံတမန်ကြီးအား ဖမ်းဆုပ်လိုက်၏။
"အရှင်..."
သံတမန်ကြီးသည် သူ့အရှင်သခင်၏အငွေ့အသက်ကို အာရုံခံမိချိန်၍ အပျော်လွန်သွားကာ ချက်ချင်းတည်ငြိမ်သွားသည်။
"ဟား ဟား ဟား ဟား....ကျွန်တော်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်"
သံတမန်ကြီးက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။အကယ်၍ အရှင်ကိုယ်တိုင် လှုပ်ရှားမှုတစ်ခုပြုလုပ်ပါက သူ့အား မည်သူက သတ်နိုင်မည်နည်း။
သို့ရာတွင် သူ ရယ်မောနေစဉ်မှာပင် လေဟာနယ်အတွင်းရှိအနက်ရောင်မျက်နှာကြီးသည် သူ့အား စောင်းငဲ့ကြည့်ပြီးနောက် အနက်ရောင်လက်ကို ပြန်လည်၍ဖြေလျော့လိုက်သည်။
"အရှင် မလုပ်ပါနဲ့"
"အရှင် ဘာလုပ်တာလဲ...ဘာလို့ ကျွန်တော်ကို မကယ်တာလဲ"
"အရှင် ကျွန်တော်ကို ကယ်ပါအုံး....ကျွန်တော်က အရှင်အပေါ် သစ္စာစောင့်သိပါတယ်"
သံတမန်ကြီးက တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်သည်။အရှင်၏ဧရာမလက်ကြီးမှ ကာကွယ်ပေးမှုမရှိပါက သူ သေဆုံးရပေမည်။
"ဟား ဟား ဟား...အောင်မြင်မှုတစ်ခုတောင်မှမယူနိုင်တဲ့ အမှိုက်ကောင်တစ်ကောင်က သေသင့်တယ်...မင်းရဲ့နောက်ဆုံးအသုံးဝင်မှုကို ပြစမ်း... မင်းရဲ့အသက် ငါ့ကိုပေးပြီးတော့ မင်းရဲ့စွမ်းအားတွေအားလုံးကို ငါ ဝါးမြိုရလိမ့်မယ်"
လေဟာနယ်အတွင်းမှနေ၍ အနက်ရောင်မျက်နှာကြီး ထွက်ပေါ်လာကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"မလုပ်နဲ့"
သံတမန်ကြီးသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကာ စုယွင်ယွင်တို့လူစုသည် ထိုအခွင့်အရေးကို ဖမ်းဆုပ်လိုက်ကြသည်။
ဖီးနစ်များ၏အစစ်အမှန်မီးတောက် ပိုင်ချီယု၏လက်သီး ချီယီထုံ၏မီးဖိုချောင်သုံးဓား ဟုန်ဖုန်ခွမ်း၏ရူးသွပ်စွာဖောက်ခွဲခြင်း အစရှိသဖြင့် သူတို့အားလုံး သံတမန်ကြီးကို တိုက်ခိုက်လိုက်သည်။သံတမန်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကြောင့် ပေါက်ကွဲသွားကာ သူ၏စိတ်ဝိညာဥ်ပင် ပျက်စီးသွားပြီး အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုအနက်ရောင်အခိုးအငွေ့များကို အနက်ရောင်လက်ကြီးမှ ချက်ချင်းဝါးမြိုလိုက်၏။
ထိုသို့ဝါးမြိုနေသည်ကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသောလူများသည် အနက်ရောင်မျက်နှာအရှင်၏အရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားမိပေ၏။ထို့ပြင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်အတွင်းမှ အနက်ရောင်ချီစွမ်းအားများအားလုံး ထိုလူထံသို့ အရူးအမူးစီးဝင်နေသည်။
အကန့်အသတ်မရှိသော အနက်ရောင်ချီစွမ်းအားများ တလိမ့်လိမ့်ထလာကာ ဗဟိုရင်ပြင်မှတစ်ဆင့် အနက်ရောင်မျက်နှာကြီးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
Chapter 715
ဤအချိန်အခိုက်အတန့်၌ လူများအားလုံးသည် သူတို့၏ခေါင်းများကိုမော့ကာ လေဟာနယ်အတွင်းသို့ ကြည့်လိုက်ကြသည်။
ယခင်က သူတို့သည် ဤလျှို့ဝှက်ဆန်းကြယ်သော သရဲတစ္ဆေ၏တည်ရှိမှုကို ရှာမတွေ့ခဲ့ချေ။
ထိုပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်နှင့် လူအများကို အလွန်အမင်းအန္တရာယ်များပြီး စိတ်ပျက်အားငယ်စေသော ခံစားချက်တစ်ခုကို ရရှိစေသည်။
ဤသည်ကြောင့် ဂိုဏ်းတူမောင်နှမများအားလုံး၏မျက်နှာများထက်တွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာကာ သတိကြီးစွာထားလိုက်ကြသည်။
သူတို့သည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သို့ ဝင်ခဲ့စဥ်အခိုက်အတန့်၌ တစ်စုံတစ်ခုမူမမှန်သည်ကို ခံစားမိသည်။ဤသည်မှာ သူတို့၏ရှေ့ရှိ သရဲတစ္ဆေနှင့် ဆက်စပ်နေခြင်းဖြစ်ပေမည်။
"ဟေး...မင်းက ဘယ်လိုသောက်ရေးမပါတဲ့ကောင်လဲ"
ယခုမှ အသက်ပြန်ရှင်သန်လာသော ဝူထျန်းသည် မိုးကောင်းကင်ယံအတွင်းရှိ သရဲတစ္ဆေကိုကြည့်ကာ သံသယအပြည့်ဖြင့် မေးမြန်းလိုက်၏။
ဤအနက်ရောင်မျက်နှာကြီး ထွက်ပေါ်လာခြင်းကြောင့် သူ၏ပြန်လည်ရှင်သန်မှုအရှိန်နှုန်း များစွာနှေးကွေးသွားသည်ကိုပင် သူ ခံစားမိသည်။ဝူထျန်း၏နံဘေးရှိ ဟုန်ဖုန်ခွမ်းသည်လည်း ယခုချိန်တွင် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်း၍ ပြီးဆုံးသွားလေပြီ။
ဤပုံရိပ်ယောင်ကြီးသည် ဥပဒေသစွမ်းအားတစ်ခုကို အသုံးပြုထားပုံရကာ လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို အေးခဲတောင့်တင်းနေစေသည်။
"ဟား ဟား ဟား...ဒီအရှင်က ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ရဲ့ အစစ်အမှန်အရှင်သခင်...မိုးကောင်းကင်တာအိုရဲ့ကိုယ်ပွားပဲ"
ထိုအနက်ရောင်မျက်နှာကြီးသည် အေးစက်စက်အော်ဟစ်လိုက်ကာ သူ၏လေသံသည် အလွန်မောက်မာထောင်လွှားပေ၏။သူ ရယ်မောနေစဥ်တွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်တခွင်လုံး လှုပ်ခတ်သွားသည့်အလားပင်။
"ဟမ့်...နင်က စီနီယာအစ်မယွင်ဝူကို ဖမ်းဆီးခဲ့တဲ့ လက်သည်တရားခံလား"
စုယွင်ယွင်၏မျက်လုံးများ အေးစက်တင်းမာနေကာ မိုးကောင်းကင်ယံအတွင်းရှိ အနက်ရောင်မျက်နှာကြီးကို စူးစိုက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
တခြားဂိုဏ်းတူမောင်နှမများသည်လည်း ထိူသရဲတစ္ဆေကို ဒေါသတကြီးကြည့်လိုက်ကြသည်။
"ဟီး ဟီး...မင်းတို့ရဲ့မိတ်ဆွေကို ဖမ်းခဲ့တာက ငါးစာအနေနဲ့ အသုံးပြုပြီးတော့ မင်းတို့ကို ဖမ်းခေါ်ချင်လို့ပဲ....ဒါတွေအားလုံးက ဒီအရှင်ရဲ့အစီအစဥ်တွေပဲ"
"ဒီနေ့ ငါက ကစားပွဲတစ်ခုကို ခင်းကျင်းပြီးတယ်...ငါ့ရဲ့ရည်ရွယ်ချက်က မင်းတို့အားလုံးကို ဝါးမြိုဖို့ပဲ...အကြောင်းကတော့ မင်းတို့ရဲ့နောက်မှာရှိတဲ့ ဆရာကြီးက အရမ်းအစွမ်းထက်တဲ့သူဖြစ်တာကြောင့် သူ့ရဲ့တပည့်တွေဖြစ်တဲ့ မင်းတို့ထဲက ဘယ်တစ်ယောက်မဆို ကံကြမ္မာရဲ့ကလေးငယ်တွေပဲ...မင်းတို့အားလုံးမှာ သာလွန်ထူးကဲတဲ့ကံကြမ္မာတွေရှိတယ်"
"ဒါကြောင့် ဒီနေ့ မင်းတို့ကို တိုက်ခိုက်စေတာက မင်းတို့ရဲ့သွေးချီတွေကို လှုံဆော်ပေးတာပဲ...ဒီအရှင်က မင်းတို့ကို ဝါးမြိုပြီးတာနဲ့ မင်းတို့ရဲ့အထွတ်အမြတ် သွေးချီတွေနဲ့ကံကြမ္မာကောင်းတွေကို ရသွားလိမ့်မယ်"
"ငါက ကြီးမားတဲ့စွမ်းအားတွေကို ရပြီးတာနဲ့ အချိန်ကျလာရင် မင်းတို့ရဲ့ဆရာသခင်ကို ထပ်ပြီးဝါးမြိုမယ်...ဟား ဟား ဟား...."
လေဟာနယ်အတွင်းရှိ အနက်ရောင်မျက်နှာကြီးထံမှ ပို၍ပို၍စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။
သူသည် ရီဖုန်းကိုဝါးမြိုနိုင်ပါက သူ၏ခွန်အားသည် မကြုံစဖူးအဆင့်တခုထိ မြင့်တက်သွားမည်ဟုလည်း သူ တွေးတောထားပြီးလေပြီ။
"ထွီ....မင်းလိုကောင်က ဆရာကြီးလိုအစွမ်းထက်တဲ့လူနဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်လို့လား...မင်းက ဆရာကြီးကို မလေးမစား ပြောဝံ့တယ်....မင်းက သေလမ်းရှာနေတာပဲ"
ဟုန်ဖုန်ခွမ်းသည် သူ၏ခြေထောက်ကို မြေပြင်ပေါ်သို့ဆောင့်နင်းပြီး လေထုအတွင်းသို့ခုန်တက်ကာ အနက်ရောင်မျက်နှာကြီးထံဦးတည်၍ သူ့ကိုယ်သူဖောက်ခွဲလိုက်သည်။
ဘုန်း....
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လေထုအတွင်း၌ မီးတောက်များထွက်ပေါ်လာကာ အခိုးအငွေ့များနှင့်အမှုန်အမွှားများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။
သို့ရာတွင် အခိုးအငွေ့များ ပျက်ပြယ်သွားပြီးနောက် ထိုအနက်ရောင်မျက်နှာကြီးသည် အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရရှိမသွားသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ထို့ပြင် သူ၏အရှိန်အဝါသည် ပို၍ပင်အစွမ်းထက်သွားပုံရသည်။
"ဟမ့်....တကယ်လို့ အရင်က တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့စွမ်းအားက ငါ့ကို နည်းနည်းလောက်တော့ သက်ရောက်နိုင်အုံးမယ်...ဒါပေမဲ့ သွေးချီတွေအများကြီးကို ငါ စုပ်ယူပြီးတဲ့နောက်မှာ မင်းရဲ့တိုက်ခိုက်မှုက ငါ့ကို မလှုပ်ခတ်စေနိုင်ဘူး"
အနက်ရောင်မျက်နှာကြီးထံမှနေ၍ သရော်တော်ရယ်မောသံထွက်ပေါ်လာကာ ဟုန်ဖုန်ခွမ်း၏ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုသည် သူ့အား အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိချေ။
"ဘာ...."
ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဟုန်ဖုန်ခွမ်း၏ဖောက်ခွဲမှုစွမ်းအားအကြောင်းကို သူတို့အားလုံး သိရှိထားသဖြင့် သူတို့ပင်လျှင်ခုခံဝန်းကျင်မရှိချေ။ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏ နေရာအများစုကို ပြားချပ်သွားသည်အထိ ဖောက်ခွဲခဲ့ခြင်းမှာ သူ၏လက်ချက်ပင်။
သို့ရာတွင် လေဟာနယ်အတွင်းရှိ ဤသရဲတစ္ဆေအပေါ်၌ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။
"မဟုတ်ဘူး...သူက သာမန်သက်ရှိပုံစံမျိုး မဟုတ်ဘူး...ဒါကြောင့် ဖောက်ခွဲမှုရဲ့စွမ်းအားကသူ့ကို နည်းနည်းလေးတောင် သက်ရောက်မှာမဟုတ်ဘူး"
လူများအားလုံး ထိတ်လန့်တုန်လှုပ်နေစဉ်တွင် မိုထျန်ကျီး၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေသည်။သူမသည် အစောပိုင်းက ဟုန်ဖုန်ခွမ်း သူ့ကိုယ်သူဖောက်ခွဲလိုက်သောအချိန်အခိုက်အတန့်ရှိ အရာရာတိုင်းကို တွက်ချက်နိုင်ခဲ့သည်။
"ဒါဆိုရင် ငါ့ရဲ့လက်သီးကို မြည်းစမ်းကြည့်စမ်း"
ပိုင်ချီယု၏ဝတ်ရုံရှည်ကြီး လူးလွန့်သွားကာ သင်္ဘောပျံ၏ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်ပြီး လေဟာနယ်အတွင်းရှိ အနက်ရောင်မျက်နှာကြီးထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
ဘုန်း....
သို့ရာတွင် ဤလက်သီးချက်သည် ဟုန်ဖုန်ခွမ်း၏ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုနှင့်တူညီကာ မိုးကောင်းကင်ယံအတွင်း၌ ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။သို့ရာတွင် အနက်ရောင်မျက်နှာကြီးကို အနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိပေ။
"ဒါက အသုံးမဝင်ဘူးလို့ ငါ ပြောပြီးပြီ"
အနက်ရောင်မျက်နှာကြီးက လှောင်ပြောင်သရော်လိုက်သည်။
"ငါတို့အားလုံး အတူပူးပေါင်းပြီးတော့ ခွန်အားကုန်တိုက်ခိုက်ကြရအောင်"
ထိုမြင်ကွင်းကိုကြည့်ပြီး စုယွင်ယွင်သည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကိုချပြီး အမိန့်ပေးကာ ဂိုဏ်းမောင်နှမများအားလုံးကို တပြိုင်နက်တည်းလှုပ်ရှားစေသည်။မရေမတွက်နိုင်သော နေလအင်မော်တယ်များသည်လည်း အချင်းချင်းပူးပေါင်းလိုက်ကြကာ ကြီးမားသောတိုက်ပွဲဝင်ဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းလိုက်၏။
မရေမတွက်နိုင်သောတိုက်ခိုက်မှုများသည် တစ်ခုတည်းအဖြစ် စုပေါင်းသွားကာ တောက်ပသောအလင်းတန်းကြီးအဖြစ် ဖွဲ့စည်းသွားပြီး အမှောင်ထုကိုထွင်းဖောက်ကာ လေဟာနယ်အတွင်းရှိ အနက်ရောင်မျက်နှာကြီးထံသို့ တိုးဝင်သွားသည်။
"ပုရွက်ဆိတ်တွေက မိုးကောင်းကင်ယံကြီးကို လှုပ်ခတ်ချင်တယ်...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"
ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် အနက်ရောင်မျက်နှာကြီးထံမှနေ၍ လှောင်ပြောင်ရယ်မောသံတစ်သံသာ ထွက်ပေါ်လာသည်။
ထို့နောက် တိမ်မြူခိုးများအကြားမှနေ၍ အကန့်အသတ်မရှိသော အနက်ရောင်အခိုးအငွေ့များ ဖြာထွက်နေသော အနက်ရောင်လက်ကြီးနှစ်ဖက်ထွက်ပေါ်လာကာ အောက်သို့တလိမ့်လိမ့်ကျရောက်လာသည်။
ဘုန်း...
လူများအားလုံး ပူးပေါင်းဖွဲ့စည်းထားသောစွမ်းအားသည် အနက်ရောင်လက်ကြီးနှစ်ဖက်အနက်မှ တစ်ဖက်နှင့်ရင်ဆိုင်ရချိန်တွင် ရှေ့မတိုးနောက်မဆုတ် အနေအထား၌ရှိနေပြီး အချိန်တခဏကြာသည်အထိ လက်ရည်တူဖြစ်နေသည်။
သို့ရာတွင် ဒုတိယအနက်ရောင်လက်ကြီး ကျရောက်လာချိန်၌ ထိုအလင်းတန်းများ၏စွမ်းအားများ တိုက်ရိုက်ပြိုလဲသွားသည်။လက်ရှိနေရာတွင်ရှိနေသူများအားလုံး တန်ပြန်ဒဏ်ခံစားလိုက်ရကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး နောက်သို့လွင့်ထွက်သွားတော့သည်။
ကျားကျားချင်၏ ဖီးနစ်များနှင့်တောရိုင်းသားရဲများပင်လျှင် တစ်ဝက်ခန့်သေဆုံးသွားပေ၏။
နေလအင်မော်တယ်များအနက်မှ ရာနှင့်ချီသောလူများသည်လည်း တန်ပြန်ရိုက်ခတ်မှုဒဏ်ကြောင့် သေဆုံးသွားကြသည်။
ကြွင်းကျန်သောနေလအင်မော်တယ်များသည်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကာ သေလုမျောပါးအခြေအနေသို့ ရောက်ရှိသွားလေပြီ။
စုယွင်ယွင် ပိုင်ချီယုနှင့် တခြားဂိုဏ်းတူတပည့်များသည်လည်း ဒဏ်ရာရရှိသွားပေ၏။
ဟုန်ဖုန်ခွမ်းနှင့်ဝူထျန်းတို့၏ ပြန်လည်ရှင်သန်မှုအရှိန်နှုန်းသည်လည်း လိပ်နှုန်းဖြင့်ရွေ့လျားနေသည်။နေ့တစ်ဝက်အချိန်အတွင်းတွင် ဟုန်ဖုန်ခွမ်းသည် လက်သည်းခွံတစ်ခုကိုသာ ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
"ဟား ဟား ဟား...မင်းတို့အားလုံး ငါ့ရဲ့ဝါးမြိုတာကို ခံလိုက်ကြစမ်း"
လေဟာနယ်အတွင်းတွင်ရှိနေသော အနက်ရောင်မျက်နှာအရှင်က မနှစ်မြို့ဖွယ်ကောင်းသောမျက်နှာဖြင့် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
အနက်ရောင်လက်ကြီးနှစ်ဖက် ဝှေ့ယမ်းကျလာပြီးနောက် အနက်ရောင်ချီစွမ်းအားများ ပြန့်ကျဲလာသည်။ထို့နောက် ရီဖုန်း၏တပည့်များဖြစ်စေ နေလအင်မော်တယ်များဖြစ်စေ သူတို့အားလုံးပေါ်သို့ ထိုအနက်ရောင်ချီစွမ်းအားများ ဖြာကျလာတော့သည်
ထိုအနက်ရောင်ချီစွမ်းအားများသည် လူများအားလုံး၏အသက်စွမ်းအားကို အရူးအမူးဝါးမြိုနေပေ၏။သူတို့အားလုံး၏အရေပြားများပေါ်တွင် အရေးအကြောင်းများ ထင်ဟပ်လာကာ သူတို့၏ဆံပင်များဖြူဖွေးသွားပြီး သူတို့၏ခန္ဓာကိုယ်များမှနေ၍ ချွေးစော်ကဲ့သို့အနံ့ဆိုးများ ထွက်ပေါ်လာသည်။
ထိုစွမ်းအားများအားလုံးကို အနက်ရောင်မျက်နှာအရှင်သခင်အရှင်မှ ဝါးမြိုလေသည်။
သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့်သူ၏အရှိန်အဝါ တစတစပို၍သန်မာအားကောင်းလာကာ သူ့၏ခန္ဓာကိုယ်သည် စတင်၍သိပ်သည်းလာပြီး ခြေလက်များ မျက်နှာပုံပန်းသွင်ပြင်များစသဖြင့် ဆင့်ကဲပေါက်ဖွားလာသည်။
"ငါတို့ သေရတော့မှာလား"
ပိန်းပိတ်သည်အထိ မှောင်မည်းနေသော လေဟာနယ်ကြီးကိုကြည့်ပြီး မရေမတွက်နိုင်သောလူများ၏စိတ်နှလုံးသားများအတွင်း၌ စိတ်ပျက်ညှိုးငယ်မှုများ ထင်ဟပ်လာသည်။
အဝေးတစ်နေရာရှိ ကုန်းမြေတစ်ခုမှ စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌....
မိန်းမလှလေးအမြောက်အများသည် ခိုးခိုးခစ်ခစ်ရယ်မောကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏လက်မောင်းကြား၌ ကျီစယ်ဆော့ကစားနေကြသည်။
သို့ရာတွင် အနက်ရောင်ဝတ်ရုံလူသည် ရုတ်တရက် အဝေးတစ်နေရာထံသို့ မော့ကြည့်လိုက်၏။
"ဟူး...ငါက မိန်းမလှလေးတွေနဲ့ ကောင်းကောင်းကိုမပျော်ရဘူး"
"မင်းတို့ကောင်စုတ်လေးတွေက တကယ့်ကိုအမှိုက်တွေပဲ...လေလုံးထွားတဲ့ကောင်တစ်ကောင်ကိုတောင် မသတ်နိုင်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် မိန်းမလှလေးတချို့၏တင်ပါးကိုရိုက်ကာ ပြောဆိုလိုက်၏။
"ဟေး အလှလေးတို့...ဒီဆန်ကုန်မြေလေး ပြန်လာတဲ့အထိ စောင့်ကြအုံး...ဒီဆန်ကုန်မြေလေးမှာ လုပ်စရာ ကိစ္စတစ်ခုရှိနေတယ်...ခဏနေကျရင် ပြန်လာခဲ့မယ်"
"လာပါအုံး ....နည်းနည်းလောက်ထပ်ပြီး နမ်းကြရအောင်"
"မွ...မွ...မွ..."
မိန်းမလှလေးတစ်ယောက်ချင်းစီကိုနမ်းပြီးနောက် လုပမ်ဝေသည် စိတ်ကျေနပ်သွားပုံဖြင့် သူ၏ခေါင်းကိုမော့ကာ ခွေးတို့တစ်သိုက်ကိုခေါ်၍ တံခါး၏ပြင်ပသို့ ထွက်သွားတော့သည်။
ထို့နောက် သူသည် ကျစ်လစ်မာကျောသော လေဟာနယ်ကိုဆုတ်ဖြဲကာ အတွင်းသို့ တိုက်ရိုက်လျှောက်လှမ်းဝင်လိုက်သည်။