← Chapters

အခန်း (၇၃၁-၇၃၅)

Vol. 49 Ch. 731-735

အခန်း (၇၃၁-၇၃၅)

Vol. 49 Ch. 731-735

Chapter 731

ထိုအသံ ကျရောက်လာချိန်တွင်....

လူများအားလုံးသည် သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားမိလေ၏။

သူတို့အား ရှာတွေ့သွားသလော....

ဤသည်မှာ မဖြစ်နိုင်​ချေ။သူတို့သည် ဝင်္ကပါအမြောက်အများ၏နောက်၌ ပုန်းအောင်းနေခြင်းပင်။

သို့ရာတွင် အကယ်၍ ထိုသို့မဟုတ်ပါကဟသူသည် မည်သူ့ကို ပြောဆိုနေသနည်း....

သူတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချိန်တခဏကြာသည့်အထိ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

သူတို့သည် လုံးလုံးလျားလျား ကြက်သေသေနေပေ၏။

"ဟေး မင်းတို့ဘာတွေ ကြည့်နေကြတာလဲ...ငါက မင်းတို့ကို ပြောနေတာလေ"

ရီဖုန်းက အော်ဟစ်လိုက်သည်။

ထိုစကားလုံးများ ကျရောက်လာသောအချိန်တွင် လင်းယုဝေတို့လူစုသည် ရီဖုန်းမှ သူတို့ကို အမှန်တကယ်ရှာတွေ့သွားခြင်းဖြစ်ကြောင်း ယုံကြည်လက်ခံသွားခဲ့သည်။

ထိုမျှသာမက ရီဖုန်း၏စကားများကို နားထောင်ရသည်မှတဆင့် ကြည့်ရသည်မှာ သူသည်ဟသူတို့အား ယခုမှရှာတွေ့သွားခြင်းမဟုတ်ဘဲ ယခင်ကတည်းက သူတို့ကို ရှာဖွေတွေ့ရှိပြီးဖြစ်ပုံပင်။

ပြောရမည်ဆိုလျှင် သူတို့၏လှုပ်ရှားမှုအတိုင်းသည် တစ်ဖက်လူ၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။

လူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။သူတို့သည် မည်ကဲ့သို့လုပ်ဆောင်ပါက အကောင်းဆုံးဖြစ်မည်ကို မသိရှိတော့ပေ။

သို့ရာတွင် ရီဖုန်း၏စကားများအရ အကဲဖြတ်ကြည့်ပါက သူတို့အတွက် ကောင်းမွန်သောကိစ္စတစ်ရပ် ဖြစ်ပုံမရချေ။

အမှန်တကယ်ကိုပင်...

နောက်ထပ်အချိန်အခိုက်အတန့်တွင် ရီဖုန်းသည် မီတာပေါင်းများစွာရှည်လျားသော ဓားတစ်လက်ကိုထုတ်ယူကာ သူတို့အား ချိန်ရွယ်လိုက်၏။

ထို့နောက် ရီဖုန်းက တင်းမာခက်ထန်သော မျက်နှာအမူအယာဖြင့် ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်သည်။

"ငါ သုံးအထိရေမယ်...အခုချက်ချင်း ငါ့ရှေ့ကနေ ပျောက်ကွယ်သွားကြစမ်း"

"သုံး...."

"နှစ်..."

"တစ်..."

ထိုစကားလုံးများ ကျရောက်မလာမီမှာပင် လင်းယုဝေတို့လူစုသည် နေရာမှ ပျောက်ကွယ်သွားပြီးဖြစ်သည်။

ထိုလူတစ်စု ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

ဤလူတစ်စုကို သူ ရှာဖွေတွေ့ရှိခဲ့သည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။

ထိုလူများသည် ဤတောင်တန်းအတွင်း၌ အချိန်ကြာမြင့်စွာနေထိုင်ကာ သူ့အားမြင်တွေ့သည်နှင့် ပုန်းအောင်းနေကြသည်။အကြည့်တချက်ဖြင့်ပင် ထိုလူများသည် လူကောင်းများမဖြစ်နိုင်ကြောင်း သူ သိရှိပေ၏။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့သည် လူကောင်းများဖြစ်နေပါက သူ့အား မည်သည်ကြောင့် အတွေ့မခံဝံ့ဘဲနေမည်နည်း။

သူတို့သည် အစဉ်အမြဲ ပုန်းအောင်းနေကြသည်မဟုတ်လော....

သူ၏ပျောက်ဆုံးသွားသော ငွေအိတ်ကို ထိုလူတစ်စုမှ ခိုးယူသွားသည်ဟုပင် သူ သံသယဝင်မိသည်။

ထိုကြောင့် စိတ်ကောင်းမဝင်နေသော ရီဖုန်းသည် သူတို့အား ချက်ချင်း အဝေးသို့မောင်းထုတ်လိုက်သည်။

အချိန်တခဏကြာခန့် ဆဲဆိုပြီးနောက် ရီဖုန်းသာ် အနီးပတ်ဝန်းကျင်၌ ငွေအိတ်ကို ဆက်လက်၍ရှာဖွေလိုက်သည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ လင်းယုဝေတို့လူစုသည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးခဲ့ရာမှ ကူးပြောင်းရေးဝင်္ကပါ၏ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။

အစောပိုင်းက အချိန်အခိုက်အတန့်ကို တွေးတောမိချိန်၌ သူတို့၏နှလုံးသားများ လည်မြိုမှခုန်ထွက်တော့လုမတက်ပင်။

ဤသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ထိုလူ၏လက်အတွင်းမှဓားသည် မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက် ဖြစ်သနည်း....

ထို့ပြင် ဤလူ့ထံမှ ပွင့်အံ့ထွက်နေသည်မှာ မည်ကဲ့သို့ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါ ဖြစ်သနည်း။

သူတို့သည် အစောပိုင်းက ထွက်မပြေးခဲ့ပါက သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်မရှင်နိုင်မည်ကို စိုးရိမ်ထိတ်လန့်နေမိသည်။

"ဘာလို့လဲ...ဘာလို့ ဒီလိုတွေဖြစ်လာရတာလဲ"

ဝင်္ကပါပညာရှင်တစ်ယောက်က မလိုလားစွာဖြင့် အော်ဟစ်လိုက်သည်။

"ငါတို့ရဲ့အင်အားစိုက်ထုတ်မှုတွေအားလုံး အလဟဿဖြစ်သွားပြီ...ဒါက ဘာလို့ ဖြစ်လာရတာလဲ"

"ငါတို့က သူ့ကို ရန်မစခဲ့ဘူး အပြစ်လည်းမပြုခဲ့ဘူး...ဒါတောင်မှ သူက ဘာလို့ ငါတို့ရဲ့ဝင်္ကပါတွေကို ဖျက်ဆီးတာလဲ"

"အမှန်ပဲ..ဘာလို့လဲ...သူက အရမ်းမုန်းဖို့ကောင်းတာပဲ"

လူများအားလုံး အော်ဟစ်လိုက်ကြသည်။

သို့ရာတွင် ကူးပြောင်းရေးဝင်္ကပါရှေ့၌ ပလ္လင်ခွေထိုင်နေသော လင်းယုဝေ၏မျက်နှာထက်တွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

"ခေါင်းဆောင်...အဲ့ဒီလူက သူရဲ့ကျင့်ကြံဆင့်စွမ်းအားကြောင့် အရမ်းမောက်မာထောင်လွှားပြီးတော့ ငါတို့ကို အနိုင်ကျင့်ခဲ့တယ်...မင်း ဘာလို့ ဒေါသမထွက်တာလဲ"

ဝင်္ကပါပညာရှင်တယောက်က ပြောဆိုသည်။

"ဒါက ဒေါသထွက်စရာ မဟုတ်ဘူး"

လင်းယုဝေက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ တီးတိုးပြောဆိုသည်။

"သူက ငါတို့ဝင်္ကပါနယ်မြေရဲ့ရန်သူပဲ"

"ဘာ..."

ထိုစကားကိုကြားချိန်၌ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ချက်ချင်းမတ်တတ်ထရပ်လိုက်ကြသည်။

"ခေါင်းဆောင်....သူက ငါတို့ဝင်္ကပါနယ်မြေရဲ့ရန်သူလို့ မင်း ဘာလို့ထင်တာလဲ"

"ဟုတ်တယ်....ဘာလို့လဲ"

လူများအားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်ကြ၏။

အကယ်၍ ဤလူသည် သူတို့အား နောက်ပြောင်ကျီစယ်နေခြင်းဖြစ်ပါက သူတို့ ဒေါသထွက်ရရုံသက်သက်ပင်။

သို့ရာတွင် ထိုလူသည် သူတို့၏ရန်သူဖြစ်နေပါက ဤကိစ္စ၏သဘောသဘာဝသည် လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေမည်။

လူများအားလုံး၏အကြည့်များအောက်တွင် လင်းယုဝေက တည်တည်လေးနက်သောအသံဖြင့် စကားတစ်လုံးခြင်းပြောဆိုသည်။

"သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေအရ ငါက ပြောခဲ့တာပဲ"

"သူ ခုဏကဝတ်ထားတဲ့ အဝတ်အစားတွေကို နင်တို့ မြင်ကြတယ်မဟုတ်လား...တကယ်လို့ နင်တို့ သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ဒါက အထီးကျန်နယ်မြေရဲ့ အဝတ်အစားတွေ ဖြစ်နေတာကို နင်တို့ သိလိမ့်မယ်"

"သူက ငါတို့ရဲ့ဝင်္ကပါတွေကို ဖျက်ဆီးပြီးတော့ ငါတို့ကို မောင်းထုတ်ခဲ့တဲ့အချက်ကို ထည့်တွက်မယ်ဆိုရင် သူက အထီးကျန်နယ်မြေရဲ့လူတစ်ယောက်လို့ ဆုံးဖြတ်ချက်ချဖို့ လုံလောက်တယ်"

Chapter 732

လင်းယုဝေ၏စကားလုံးများကို ကြားချိန်တွင်...

တခြားလူများအားလုံးသည် ရီဖုန်း အစောပိုင်းကဝတ်ဆင်ထားသော အဝတ်အစားများကို ပြန်လည်အမှတ်ရသွားသည်။ဤသည်မှာ အထီးကျန်တဲ့နယ်မြေ၏ဝတ်စုံ မဟုတ်လော....

ရုတ်ချည်းဆိုသလိုပင်....

သူတို့အားလုံးသည် သူတို့၏ခေါင်းများထက်သို့ မိုးကောင်းကင်ယံမှ မိုးကြိုးတစ်စင်းပစ်ချလိုက်သည့်အလား ခံစားလိုက်ရသည်။

ဤလူသည် မည်မျှထိ သန်မာအားကောင်းသည်ကို သူတို့အားလုံး သိရှိထားပေ၏။

အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ့်၏ခွန်အား...မိုင်ပေါင်းသန်းနှင့်ချီအကွာအဝေးကို အသက်ရှူချိန်အနည်းငယ်အတွင်းတွင် ခေါက်တုံ့ခေါက်ပြန်သွားလာနိုင်ခြင်း....

ဤကဲ့သို့ရန်သူတစ်ယောက်သည် သူတို့အား အသက်ရှူမွန်းကြပ်စေရန် လုံလောက်သည်။

"ဒါပေမယ့် သူက တကယ်လို့ အထီးကျန်နယ်မြေကလူ ဖြစ်နေတယ်ဆိုရင် ငါတို့ကို ဘာလို့လွှတ်ပေးထားတာလဲ"

အစစ်အမှန်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"အမှန်ပဲ...."

တခြားလူများအားလုံးသည်လည်း ထိုမေးခွန်းကို ထောက်ခံလိုက်ကြသည်။

လင်းယုဝေက သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။

"နင်တို့ရဲ့အမြင်အရ...သူက ပုရွက်ဆိတ်တချို့သတ်ရတာကို စိတ်ဝင်စားမယ်လို့ နင်တို့ ထင်လား"

ထိုစကားကိုကြားချိန်တွင်....

လူများအားလုံးသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ကြ၏။

ဤသည်မှာ အမှန်ပင်။

သူတို့သည် ဝင်္ကပါနယ်မြေ၏အလယ်အလတ်ဆင့်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်တွင်ရှိသော ဆရာကြီးတစ်ယောက်၏မျက်လုံးအတွင်း၌ သူတို့သည် ပုရွက်ဆိတ်ကဲ့သို့ လူစားများသာမဟုတ်လော....

သူ၏မျက်လုံးအတွင်း၌ သူတို့ ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမပါလှချေ။

ထိုကြောင့် သူသည် သူတို့ကဲ့သို့ ပုရွက်ဆိတ်တစ်စုကို သတ်ဖြတ်ရန် အလွန်ပျင်းရိနေပေမည်။

"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"

လူများအားလုံး၏မျက်နှာများထက်၌ တည်ကြည်လေးနက်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

"အခုအချိန်မှာ ငါတို့က ဒီသတင်းကို ဆရာဆီ အမြန်ဆုံး သတင်းပို့ရမယ်"

လင်းယုဝေက လက်သင့်မခံလိုသောလေသံဖြင့် ပြောဆိုသည်။

"အကြောင်းကတော့ ဒီအခြေအနေက ငါတို့ရဲ့ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေလို့ပဲ"

ထို့ကြောင့် သူတို့သည် တောင်တန်း၏ဗဟိုချက်ရှိ ဝင်္ကပါများ ခင်းကျင်းထားသောနေရာမှ ထွက်ခွာလာခဲ့သည်။သူတို့သည် တောင်တန်း၏အစွန်အဖျားတစ်နေရာသို့ ရောက်ရှိချိန်တွင် လင်းယုဝေသည် သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူကာ ကျန်းထျန်းမြို့ထံသို့ သတင်းပြန်ပို့လိုက်တော့သည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းထျန်းမြို့၌ ညသန်းခေါင်ယံသို့ ရောက်ရှိနေလေပြီ။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် တိတ်တဆိတ် ကျင့်ကြံနေကြ၏။

သို့ရာတွင် ထိုသတင်းကိုရရှိချိန်တွင် သူတို့အားလုံးသည် အတူတကွစုဝေးကာ မြို့လယ်ခန်းမထံသို့ ရောက်ရှိလာကြသည်။

အချိန်တိုအတွင်းတွင် မြို့၏အရေးပါသော လူအမြောက်အများ စုဝေးမိကာ သူတို့၏မျက်နှာများပေါ်၌ ပြင်းထန်သော တည်ကြည်လေးနက်မှုအရိပ်အယောင်များ ရှိနေသည်။

"ဘယ်လိုလဲ....ဘာသတင်းမှ မရကြဘူးလား ....မင်းတို့တွေ ဒီဆရာကြီးနဲ့ပုံပန်းသွင်ပြင်တူတဲ့လူတစ်ယောက်ကို ငါတို့ဝင်္ကပါနယ်မြေရဲ့ သမိုင်းဝင်စီနီယာတွေထဲမှာ ရှာတွေ့ခဲ့လား"

ချန်းရှင်းရွှမ်က မေးမြန်းသည်။

သူသည် လင်းယုဝေထံမှသတင်းကို လက်မခံလိုသည်မှာ သိသာထင်ရှားလှ၏။သူသည် နောက်ဆုံးခြေတစ်လှမ်းကို ရုန်းကန်နေဆဲဖြစ်ကာ လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။

လင်းယုဝေ၏သတင်းသည် အမှန်မဟုတ်ကြောင်း ငြင်းဆိုနိုင်ရန် သက်သေပြချက်တချို့ကို သူ ရရှိလိုသည်။

သို့ရာတွင် ရလဒ်သည် သူ့အား စိတ်ပျက်စေပေ၏။

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။

"အခုလက်တလောနေ့ရက်တွေမှာ ငါတို့က ဝင်္ကပါနယ်မြေတစ်ခုလုံးရဲ့ သတင်းစုံစမ်းရေးအဖွဲ့အစည်းတွေကို အသုံးပြုခဲ့တယ်....ငါတို့က စီနီယာတွေဆီကို အလည်အပတ်သွားပြီးမေးမြန်းခဲ့တဲ့အပြင် ကောလဟာလတွေနဲ့ဒဏ္ဍာရီအမျိုးမျိုးကို စုံစမ်းစစ်ဆေးခဲ့ပြီးတော့ သမိုင်းမှတ်တမ်းတွေ အများကြီးကိုလည်း ဖတ်ခဲ့တယ်"

"ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲ့ဒီလူရဲ့ပုံစံနဲ့ အံ့ဝင်ခွင်ကျမဖြစ်ဘူး"

အကြီးအကဲများအနက်မှတစ်ယောက်က သတင်းပို့သည်။

"ဒါကြောင့် အဲ့ဒီတစ်ယောက်က ငါတို့ရဲ့နယ်မြေကလူ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ထိုအကြီးအကဲသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

ထိုစကားကိုကြားချိန်တွင် ချန်းရှင်းရွှမ်၏ခန္ဓာကိုယ် တောင့်တင်းသွားကာ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏ပုံပန်းသွင်ပြင်သည် နှစ်ပေါင်းများစွာ အိုစာသွားပုံပင်။

"ဒါဆိုရင် အဲ့ဒီလူက အထီးကျန်နယ်မြေကလူ တကယ်ကြီးဖြစ်နေမလား"

ချန်းရှင်းရွှမ်၏အသံသည် တိုးညှင်းနေကာ သူသည် ထိုအချက်ကို လက်သင့်မခံလိုသည်မှာ သိသာထင်ရှားလှ၏။

"ဒါက ဆယ်ပုံပုံရင် ကိုးပုံသေချာတယ်"

အစောပိုင်းက စကားပြောဆိုသော အကြီးအကဲက တုံ့ပြန်အဖြေပေးသည်။

"ဒါပေမဲ့ တကယ်လို့ သူက ငါတို့နယ်မြေကလူ မဟုတ်ဘူး ဆိုရင်တောင်...ယုဝေစီကရတဲ့ သတင်းသက်သက်နဲ့ သူက အထီးကျန်နယ်မြေကလူဆိုတာ သက်သေမပြနိုင်ဘူး မဟုတ်လား"

ချန်းရှင်းရွှမ်သည် ဤအချက်ကို လက်မခံလိုဆဲဖြစ်သည်မှာ သိသာထင်ရှားလှ၏။ရီဖုန်းသည် အထီးကျန်နယ်မြေမှလူ မဟုတ်ကြောင်း သက်သေပြနိုင်မည့် အကြောင်းပြချက်ကို သူ ရှာဖွေလိုဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် အထီးကျန်နယ်မြေမှလူ မဟုတ်သရွေ့ သူတို့သည် ဤကိစ္စကို လုံးလုံးလျားလျားလက်သင့်ခံနိုင်စွမ်းရှိသည်။

"ငါလည်း မင်း ပြောသလို ဖြစ်ပါစေလို့ မျှော်လင့်ခဲ့မိတယ်...ဒါပေမယ့် ခုဏကတင် ငါ သတင်းတစ်ခုကို ရခဲ့တယ်"

"ငါက ငါ့ရဲ့လက်အောက်ငယ်သားတွေကို အထီးကျန်နယ်မြေထဲမှာ အဲ့ဒီလူရဲ့ပုံပန်းသွင်ပြင်နဲ့ လိုက်ဖက်တဲ့လူမျိုးရှိမရှိ စုံစမ်းခိုင်းခဲ့တယ်"

"တစ်နာရီမပြည့်ခင်မှာပဲ ငါက သူ့ရဲ့ပုံစံနဲ့တူတဲ့ ဆရာကြီးတစ်ယောက်ကို ရှာတွေ့ခဲ့တယ်"

ထိုသို့ပြောဆိုရင်း သူသည် သတင်းပို့ကျောက်စိမ်းပြားတစ်ခုကို ချန်းရှင်းရွှမ်ထံသို့ တွန်းပို့လိုက်သည်။

ထိုသတင်းပို့ကျောက်စိမ်းပြားမှနေ၍ ကျယ်လောင်သောအသံတသံ ထွက်ပေါ်လာသည်။

"အဲ့ဒီလူရဲ့နာမည်က ကျန်းကျင်း...သူက အထီးကျန်နယ်မြေမှာ လွန်ခဲ့တဲ့နှစ်သုံးသောင်းလောက်က ထွက်ပေါ်လာခဲ့တဲ့ ဆရာကြီးတစ်ယောက်ပဲ....သူက မွေးဖွားလာစဉ်ကတည်းက ကောင်းကင်ဘုံရဲ့မျက်နှာသာပေးခြင်းကို ခံရပြီးတော့ ကံအရမ်းကောင်းတယ်"

"အဲ့ဒီအချိန်တုန်းက သူ့မှာ အရမ်းလျှင်မြန်တဲ့ သားရဲပျံတစ်ကောင်ရှိတယ်...အဲ့ဒီသားရဲက ဘယ်လိုပုံစံရှိလဲဆိုတာ ဘယ်သူမှမသိပေမယ့် ကောလဟာလတွေအရဆိုရင် အခု ငါတို့မြင်တွေ့နေရတဲ့ပုဂ္ဂိုလ် စီးနင်းနေတဲ့ သားရဲနဲ့တူနေတယ်"

"ဒါ့ပြင် သူက အရမ်းစိတ်ကူးယဉ်ဆန်ပြီးတော့အဖြူရောင်ဝတ်စုံ ဝတ်ရတာကို ကြိုက်နှစ်သက်တယ်....သူက တစ်ခါတလေကျရင် လူငယ်တစ်ယောက်လို ဝတ်စားပြင်ဆင်တယ်....အကြောင်းကတော့ သူက မြှောက်ပင့်ချီမွမ်းခံရတာကို သဘောကျလို့ပဲ...သူက နေရာငယ်လေးတွေကို မကြာခဏသွားပြီးတော့ ကျားသားစားချင်လို့ ဝက်ယောင်ဆောင်သလိုမျိုး ဟန်ဆောင်ပြီးနေလေ့ရှိတယ်"

Chapter 733

"သူ နောက်ဆုံးတကြိမ် ထွက်ပေါ်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်သုံးသောင်းလောက် အကြာတုန်းကပဲ...အဲ့ဒီအချိန်မှာ သူက အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်သုံးကို ရောက်နေပြီ"

"အဲ့ဒီအချိန်ကနေစပြီး ကျန်းကျင်းက အရိပ်အယောင်တစ်ခုတောင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့တယ်...တချို့လူတွေကတော့ သူက ဆိုးရွားတဲ့နေရာတစ်ခုမှာ သေသွားပြီလို့ ပြောကြတယ်...တချို့ကတော့ သူက ရှေးဟောင်းမဟာဝင်္ကပါကြီးတစ်ခုထဲမှာ လှောင်ပိတ်မိနေတယ်လို့ ပြောကြတယ်...ဒါပေမဲ့ အဲ့ဒီအဆင့်ကိုရောက်နေတဲ့ အစစ်အမှန်အင်မော်တယ်ရဲ့အကြောင်းကို ဘယ်သူက သိနိုင်မှာလဲ... အစစ်အမှန်အင်မော်တယ် ဒဿမအဆင့်ကို ကျော်သွားတဲ့ ဆရာကြီး‌တွေက သူတို့ မသေဆုံးလိုမချင်း သေသွားဖို့ဆိုတာ ဘယ်လောက်ထိတောင် ခက်ခဲလိုက်လဲ"

"ဒါကြောင့် လူအများစုကတော့ သူက အထီးကျန်နယ်မြေထဲမှာ လှည့်ပတ်ကစားနေတာ ပျင်းရိတာကြောင့် တခြားနယ်မြေငယ်လေးတွေဆီကို လှည့်ပတ်သွားနေတယ်လို့ ခန့်မှန်းကြတယ်"

"ဒါကြောင့် အခုချိန်မှာ နှစ်သုံးသောင်းလောက် ကြာမြင့်လာတာကြောင့် သူ့ရဲ့ပါရမီအရည်အချင်းအရဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အစစ်အမှန်အင်မော်တယ် အဆင့်အဆင့်နှစ်ဆယ်မှာ ရှိနေနိုင်တယ်"

"ဒါကြောင့်...."

ထိုသို့ပြောဆိုရင်း အကြီးအကဲသည် ရပ်တန့်လိုက်ကာ အလေးအနက်ထားသောအကြည့်ဖြင့် လူအများကိုကြည့်ပြီး စကားတစ်လုံးခြင်းပြောဆိုလိုက်၏။

"ယုဝမ်ဆီကရတဲ့ သတင်းအချက်အလက် ....သားရဲပုံစံတူညီတာတွေနဲ့ အဲ့ဒီလူနှစ်ယောက်ရဲ့ခွန်အား နီးစပ်နေတာတွေကိုကြည့်ရင် အဲ့ဒီလူက ကျန်းကျင်းလို့ ဆုံးဖြတ်ချက်ချဖို့ လုံလောက်တယ်"

ထိုအသံ ကျရောက်လာချိန်တွင်...

ခန်းမတခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူများအားလုံးထံမှနေ၍ လေးလံသောအသက်ရှူသံများနှင့် သက်ပြင်းရှိုက်သံများကိုသာ ကြားနိုင်ပေ၏။

အကြောင်းအရင်းမှာ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်၌ရှိသော ဆရာကြီးများသည် ဂေါ်ဖီထုပ်များကဲ့သို့ ပေါများခြင်းမရှိဘဲ ရှားပါးသောတည်ရှိမှုကြီးများ ဖြစ်နေသောကြောင့်ပင်။ ထိုရှားပါးသော တည်ရှိမှုကြီးများအကြားတွင် အများစုသည် လူအုပ်အကြား၌ ရောနှောနေသဖြင့် သူတို့ကိုခွဲခြားနိုင်ရန် မလွယ်ကူချေ။

"အထီးကျန်နယ်မြေက ဒီလောက်ထိ မောက်မာထောင်လွှားနေတာ အံ့အားသင့်စရာ မရှိတော့ဘူး....အခုကြည့်ကြည့်တော့မှ ဒီကိစ္စကို သူတို့က သိထားတာပါလား"

ချန်းရှင်းရွှမ်သည် သူ၏လက်သီးဖြင့် စားပွဲခုံကိုထုလိုက်ကာ မလိုလားသောလေသံဖြင့် အော်ဟစ်လိုက်သည်။

"အခုချိန်မှာတော့ ငါတို့တွေ ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်"

အကြီးအကဲတစ်ယောက်က ပြောဆိုသည်။

"ထန်းလန်တောင်တန်းရဲ့ ဗဟိုချက်နေရာမှာနေတဲ့လူက ကျန်းကျင်းဖြစ်နေပြီးတော့ သူက ယုဝေတို့လူစု ခင်းကျင်းထားတဲ့ ဝင်္ကပါတွေအားလုံးကို ဖျက်ဆီးခဲ့တယ်...ဒါကြောင့် အဲ့ဒီလူက တောတောင်တွေကြားမှာ တံခါးပိတ်ကျင့်ကြံနေတာလောက် မရိုးရှင်းဘူးဆိုတာပြဖို့ လုံလောက်တယ်"

တခြားလူများအားလုံးသည်လည်း အလေးအနက်ထား၍ ခေါင်းညိတ်လိုက်ကြသည်။

ကျန်းကျင်သည် ထန်းလန်တောင်တန်းအတွင်း၌ နေထိုင်သောကြောင့် ဤတောင်တန်းသည် အထီးကျန်နယ်မြေ၏အပိုင်ဖြစ်ကြောင်း သူတို့ အား သတိပေးလိုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ငါက မြို့တော်ကိုပြန်ပြီးတော့ ဝင်္ကပါပညာရှင်အစည်းအရုံးနဲ့ အစည်းအဝေးတစ်ခုကို အရေးပေါ်ကျင်းပမယ်"

ချန်းရှင်းရွှမ်သည် မြို့တော်သို့မပြန်လိုသော်လည်း အကြီးအကဲတစ်ယောက်ဖြစ်သော သူသည် မည်သည့်အရာက ပို၍အရေးပါသည်ကို သိရှိသဖြင့် ပြောဆိုလိုက်၏။

"ဒီကိစ္စကြောင့် ဝင်္ကပါပညာရှင်အစည်းအရုံးရဲ့ လူအိုကြီးတွေ ထွက်လာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် သူတို့ရဲ့အမြင်တွေကို မေးမြန်းပြီးတော့ အတူတကွ စုစည်းလိုက်မယ်ဆိုရင် ငါတို့အတွက် သင့်တော်တဲ့အကြံဉာဏ်တစ်ခု ရလာလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် လေးလံစွာဖြင့်သက်ပြင်းရှိုက်ကာ အစည်းအဝေးကိုရပ်တန့်ရန်အတွက် သူ့၏လက်ကိုဝှေ့ယမ်း၍ အချက်ပေးလိုက်သည်။ထို့နောက် သူသည် တိုက်ရိုက်ထွက်ခွာခဲ့လေ၏။

တခြားလူများသည်လည်း စိုးရိမ်ပူပန်တကြီးဖြင့် ခန်းမအတွင်းမှ ထွက်ခွာသွားကြသော်လည်း လူတစ်ယောက်၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ယုဟောင်....

အထီးကျန်နယ်မြေ၏ သူလျှိုတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ဤသတင်းကိုကြားချိန်တွင် မည်မျှထိ စိတ်လှုပ်ရှားသွားသည်ကို ဖော်ပြရန်ပင် မစွမ်းတော့ချေ။

အထီးကျန်နယ်မြေ....

လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့သော အစစ်အမှန်အင်မော်တယ်အဆင့်နှစ်ဆယ်ဆရာကြီးသည် အမှန်အားဖြင့် သူတို့၏အထီးကျန်နယ်မြေမှလူ ဖြစ်နေသလော...

သူသည် ချက်ချင်းဆိုသလိုပင် လျှို့ဝှက်စာတစ်စောင်ကိုရေးသားကာ ပေးပို့လိုက်သည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာကာ ရက်အနည်းငယ် ကြာညောင်းသွားလေပြီ။

အထီးကျန်နယ်မြေအတွင်း၌ အရေးပါသောလူများအားလုံး ခန်းမတစ်ခုအတွင်း၌ စုဝေးနေကြသည်။ဝင်္ကပါနယ်မြေ၏အခြေအနေနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိအခြေအနေ လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။ပြောရမည်ဆိုလျှင် သူတို့အားလုံး၏မျက်နှာများထက်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဟား ဟား ဟား...."

"အဲ့ဒီလူက ငါတို့နယ်မြေရဲ့ စီနီယာကျန်းကျင်းနဲ့တူတယ်လို့ တွေးထင်ခဲ့ပေမယ့် ငါတို့ အတည်မပြုဝံ့ခဲ့ဘူး...ဒါပေမဲ့ သူက ငါတို့အထီးကျန်နယ်မြေရဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ ဝင်္ကပါနယ်မြေက ခင်းကျင်းထားတဲ့ ဝင်္ကပါတွေအားလုံးကို ဖျက်ဆီးခဲ့တယ်....ဒါ့ပြင် သူက ဝင်္ကပါနယ်မြေကလူတွေကို ထန်းလန်တောင်တန်းရဲ့ပြင်ပကို မောင်းထုတ်ခဲ့တယ်...ဒါကြောင့် အဲ့ဒီလူက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းအကြာတုန်းက ပျောက်ကွယ်သွားခဲ့တဲ့ စီနီယာကျန်းကျင်းဖြစ်မယ်ဆိုတာ သေချာသွားပြီ"

ဟွမ်ထန်းလင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

တခြားလူများအားလုံးသည်လည်း အလွန်ပျော်ရွှင်နေကြ၏။

"ကြည့်ရတာတော့ စီနီယာကျန်းကျင်း ငါတို့အထီးကျန်နယ်မြေနဲ့ ဝင်္ကပါနယ်မြေအကြားက ပဋိပက္ခကို သိနေတဲ့ပုံပဲ...ဒါကြောင့် သူက ငါတို့တွေ ထန်းလန်တောင်တန်းကို သိမ်းပိုက်နိုင်ဖို့ ကူညီပေးခဲ့တာပဲဖြစ်မယ်"

"ဟား ဟား ဟား...ပြောရမယ်ဆိုရင် စီနီယာကျန်းကျင်းက ငါတို့အထီးကျန်နယ်မြေရဲ့ကံကောင်းစေတဲ့ကြယ်တစ်ပွင့်ပဲ"

"သူသာ ရှိနေရင် ဝင်္ကပါနယ်မြေက ထန်းလန်တောင်တန်းကိုရဖို့အတွက် ငါတို့နဲ့ ဆက်ပြီးတိုက်ခိုက်ဝံ့တော့မှာ မဟုတ်ဘူး"

"မုန်းဖို့ကောင်းတာတစ်ခုကတော့ အရင်က ဒီစီနီယာကို စော်ကားပြောဆိုခဲ့ကြတဲ့ ဂျူနီယာတွေပဲ...သူ့မှာ ဆိုးရွားတဲ့စိတ်နေသဘောထားနဲ့ တဏှာကြီးတဲ့အကျင့်စရိုက်ရှိတယ်လို့ သူတို့က ပြောခဲ့ကြတယ်...ဒါက တကယ့်ကို သောက်ရေးမပါဘူး"

လက်ရှိနေရာတွင်ရှိနေသော လူများသည် စကားပြောဆိုရင်း စိတ်ခံစားချက်များ မြင့်တက်လာသဖြင့် ဤသည်မှာ ယခင်က သူတို့ ကဲ့ရဲ့ပြစ်တင်ခဲ့သူဖြစ်ကြောင်း မေ့လျော့သွားခဲ့ကြသည်။

"အဟွတ်...အဟွတ်...."

ယခင်က ကျန်းကျင်းကို ကဲ့ရဲ့ပြစ်တင်ခဲ့ဆုံးလူဖြစ်သော ဟွမ်ထန်းလင်သည် ရှက်ကိုးရှက်ကန်းဖြင့် ​ချောင်းနှစ်ချက်ခန့်ဆိုးကာ ပြောဆိုလိုက်သည်။

"အဲ့ဒီလူက စီနီယာကျန်းကျင်း ဖြစ်နေတယ်ဆိုမှတော့ ငါတို့က သူနဲ့ အဆက်အသွယ်လုပ်ရမယ်"

"ဒါကြောင့် ငါ ရွေးချယ်လိုက်ကဲ့လူကတော့..."

"ကျန်းဝူကျိပဲ...."

"ကျန်းဝူကျိကို ထန်းလန်တောင်တန်းဆီ စာတစ်စောင်ပို့ခိုင်းဖို့ ငါက မြို့တော်ရဲ့ဌာနချုပ်ကို တိုက်တွန်းခဲ့တယ်"

တခြားလူများသည်လည်း ငြင်းဆန်ခြင်းမရှိဘဲ သဘောတူညီလိုက်ကြသည်။

အကြောင်းအရင်းမှာ ကျန်းဝူကျိသည် တခြားလူမဟုတ်ဘဲ ကျန်းကျင်း၏တိုက်ရိုက်မျိုးဆက်မှ မြေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

"တကယ်တော့ ငါတို့ရဲ့စိတ်ဆန္ဒကောင်းကို ဖော်ပြနိုင်ဖို့အတွက် ကျန်းဝူကျိနဲ့အတူသွားမယ့် တစ်ယောက်ကိုလည်း ငါတို့ထဲက ရွေးချယ်မယ်"

Chapter 734

အထီးကျန်နယ်မြေသည် အလွန်လျှင်မြန်စွာလှုပ်ရှားခဲ့လေ၏။

သူတို့သည် ကျန်းဝူကျိကို ဆက်သွယ်ခဲ့ကာအထီးကျန်မြို့ထံသို့ အလျှင်အမြန်ခေါ်ဆောင်လာခဲ့သည်။

မကြာမီမှာပင် လူအုပ်ကြီး၏ဝိုင်းရံမှုအောက်တွင် ကျန်းဝူကျိသည် ခန်းမအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"အမ်...."

ကျန်းဝူကျိသည် တံခါးထံသို့ လျှောက်လှမ်းလာစဉ်တွင် လက်ဖက်ရည်တည်ခင်းဧည့်ခံနေသော လူငယ်တစ်ယောက်က မတော်တဆ သူ့ကို ဝင်တိုက်မိသည်။ရုတ်ချည်းဆိုသလိုပင် ကျန်းဝူကျိသည် အလွန်အမင်းဒေါသထွက်သွားပေ၏။

ထက်ရှာသောလက်သည်းတစ်ချောင်းက ထိုတပည့်၏လည်ပင်းပေါ်သို့ ကျရောက်သွားကာ သွေးစို့ရာအပေါက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း..."

အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။

သို့ရာတွင် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။ထိုတပည့်သည် သေဆုံးသွားပြီးဖြစ်ကာ သူ၏အလောင်းကို ကျန်းဝူကျိက နံဘေးသို့ပစ်လွှတ်လိုက်သည်။

"မင်း ဘာလို့ ဒီလိုလုပ်တာလဲ"

ထိုအကြီးအကဲသည် ကျန်းဝူကျိကိုကြည့်ကာ အော်ငေါက်လိုက်၏။ထိုတပည့်လေးသည် အဆင့်နိမ့်တပည့်တစ်ယောက်ဖြစ်သော်လည်း အစဉ်အမြဲ အလုပ်ကို သွက်သွက်လက်လက်နှင့်လိမ္မာပါးနပ်စွာ လုပ်ကိုင်သူဖြစ်သဖြင့် သူ အလွန်ချစ်မြတ်နိုးသည်။

ဤကဲ့သို့ မတော်တဆ အနည်းငယ်ဝင်တိုက်မိရုံဖြင့် သူ၏တပည့်လေး အသတ်ခံရမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဘာလဲ....မင်းက မကျေနပ်ဘူးလား"

ကျန်းဝူကျိက ထိုအကြီးအကဲကိုကြည့်၍ မေးမြန်းသည်။

"မင်း ဒီနေရာမှာ ဘာလို့ လူသတ်တာလဲ... တကယ်လို့ သူက နိမ့်ကျတဲ့တပည့်လေးတစ်ယောက်ဆိုရင်တောင် သူက အထီးကျန်ဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်နေတုန်းပဲ...တကယ်လို့ သူက မင်းကို ဝင်တိုက်မိတယ်ဆိုရင်တောင် သူ့ကို အပြစ်ပေးပြီးတော့ ဆူပူကြိမ်းမောင်းလိုက်ရင် ရပြီမဟုတ်လား"

"ငါ သူ့ကိုသတ်လိုက်ရင်ကော ဘာဖြစ်လာမှာမလို့လဲ....ငါက ကျန်းမိသားစုဝင်တစ်ယောက်ဖြစ်ပြီးတော့ ငါ့ရဲ့အဖိုးက ကျန်းကျင်းဆိုတာ မင်းတို့ မသိဘူးလား"

ကျန်းဝူကျိသည် အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်ကာ နောက်သို့ချာခနဲလှည့်ပြီး ခန်းမအတွင်းသို့ ဝင်ခဲ့တော့သည်။

ထိုအကြီးအကဲသည် ကျန်းဝူကျိ၏စကားများကိုကြားချင်၌ အလွန်ဒေါသထွက်သွားသဖြင့်သူ၏လက်ကိုမြှောက်လိုက်သော်လည်း ဟွမ်ထန်းလင်၏ဟန့်တားထားခြင်းကို ခံလိုက်ရသည်။ဟွမ်ထန်းလင်က သူ၏ခေါင်းကိုခါယမ်းကာ ထိုအကြီးအကဲအား ပြောဆိုလိုက်၏။

"ထားလိုက်တော့...."

"ဒါပေမဲ့ သူရဲ့အပြုအမူအရကြည့်ရင် ငါတို့ကို မလေးစားဘူး....ငါတို့တွေရဲ့ရှေ့မှာ ငါတို့ဂိုဏ်းရဲ့တပည့်တစ်ယောက်ကို သူက သတ်လိုက်တယ်.... ငါကက ဒါကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ"

ထိုအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ မင်းကို သည်းခံလို့ပြောရင် မင်း သည်းခံရလိမ့်မယ်"

ဟွမ်ထန်းလင်က သူ့အား နှစ်သိမ့်ပေးသည်။

"ငါတို့ သူ့ကို အလွတ်ပေးရလိမ့်မယ်...ဘာလို့လဲဆိုရင် သူက ထန်းလန်တောင်တန်းမှာနေတဲ့ ဆရာကြီးရဲ့မြေး ဖြစ်နေလို့ပဲ"

"ဟူး...."

ထိုအကြီးအကဲသည် သူ၏လက်ကိုပြင်းပြင်းထန်ထန်ခါယမ်းကာ စိတ်ပျက်အားငယ်သော အမူအယာဖြင့် နောက်သို့ဆုတ်ခွာသွားတော့သည်။

ခန်းမအတွင်း၌....

ကျန်းဝူကျိသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ယမ်း၍ထိုင်လိုက်ကာ အထီးကျန်ဂိုဏ်း၏အကြီးအကဲများနှင့် အဆင့်မြင့်ခေါင်းဆောင်များအားလုံးကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။

သို့ရာတွင် ဟွမ်ထန်းလင်တို့လူစုသည် သူ့အား အပြုံးနှင့် ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

"ညီလေးကျန်း...ဒါက အထီးကျန်မြို့ရဲ့ပြိုင်ဘက်ကင်းအဝါရောင်လက်ဖက်ရည်ပါ...ဒါကို အရင်ဆုံး မြည်းစမ်းကြည့်ပါအုံး"

ဟွမ်ထန်းလင်က အပြုံးနှင့်ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် လူငယ်တပည့်တစ်ယောက်သည် နံဘေးရှိလက်ဖက်ရည်အိုးကိုယူဆောင်လာကာ ခွက်အတွင်းသို့ငှဲ့လိုက်သည်။

ကျန်းဝူကျိသည် ထိုအရာကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် တစ်ငုံငုံလိုက်၏။ထို့နောက် သူသည် ပင်မခန်းမ၏စားပွဲပေါ်သို့ ထွေးထုတ်လိုက်သည်။

တချိန်တည်းမှာပင် သူသည် သူ့၏လက်အတွင်းရှိ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ပေါက်လေသည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုအရသာဆိုးရွားတဲ့လက်ဖက်ရည် တိုက်ဝံ့တာလဲ"

ကျန်းဝူကျိသည် သူ၏နံဘေးရှိ လဖက်ရည်ထည့်ပေးသောတပည့်ကို ဖမ်းဆုပ်ကာ ပြင်းပြင်းထန်ထန် ပြောဆိုသည်။

"မင်းက ငါ့ကို အရှက်ခွဲချင်တာလား"

"ဆရာ....ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ....ငါက ဒါကို အမိန့်အရ ဧည့်ခံပေးရုံပါပဲ....ငါက ဘယ်လိုသတ္တိမျိုးနဲ့ မင်းကို အရှက်ခွဲဝံမှာလဲ"

ထိုတပည့်သည် အသက်ကိုအမောတကောရှုရှိုက်ကာ ထိတ်လန့်တကြားပြောဆိုလိုက်၏။

ဤမြင်ကွင်းကြောင့်....

နံဘေးတဖက်တွင်ရှိနေသော ဟွမ်ထန်းလင်တို့လူစု၏မျက်နှာပေါ်မှ ကြွက်သားများ တဆတ်ဆတ်တုန်ရီသွားသည်။

ဟွမ်ထန်းလင်သည် သုန်မှုန်နေသောမျက်နှာဖြင့် စားပွဲခုံကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်သည်။

"အမ်....အကြီးအကဲဟွမ်က ငါ့ကို မကျေနပ်တာတစ်ခုခု ရှိနေလို့လား"

ကျန်းဝူကျိသည် ထိုတပည့်လေးကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်ကာ ဟွမ်ထန်းလင်ကိုစူးစိုက်ကြည့်ပြီး ပျင်းတိပျင်းရွဲလေသံဖြင့် မေးမြန်းလေသည်။

ဟွမ်ထန်းလင်၏မျက်နှာ သုန်မှုန်နေကာ ဝေခွဲရခက်မှုများဖြင့် ပြည့်နှက်နေသည်။သူ၏အကျီလက်အတွင်း၌ သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသော်လည်း အချိန်အတော်ကြာခန့် တွေဝေစဉ်းစားနေပြီးနောက်သူ၏မျက်နှာပေါ်၌ အားယူ၍​ပြုံးထားသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ညီလေးကျန်းက ရယ်စရာ ပြောနေပြန်ပါပြီ....ညီလေးကျန်းက ငါတို့ရဲ့အဝါရောင်လက်ဖက်ရည်ကို မကြိုက်ဘူးဆိုမှတော့ တခြားလက်ဖက်ရည်တစ်မျိုးကို ပြင်ဆင်ပေးပါ့မယ်"

"ဟမ့်..."

ကျန်းဝူကျိသည် သူ၏ခေါင်းကို နံဘေးသို့တိမ်းစောင်းလိုက်ကာ နှာတစ်ချက်မှုတ်ပြီး သူ၏မျက်လုံးအတွင်း၌ လှောင်ပြောင်သရော်လိုမှုများဖြင့် ပြည့်နှက်နေသည်။

အချိန်တခဏကြာပြီးနောက် အစေခံမလေးတစ်ယောက်သည် နောက်ထပ်လက်ဖက်ရည်အိုးတစ်လုံးကိုကိုင်ပြီး တုန်တုန်ရီရီဖြင့် ရောက်ရှိလာသည်။သူမသည် ကျန်းဝူကျိကို ကြည့်ရှုဝံ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ သူမသည် ကျန်းဝူကျိအား အပြစ်ပြုမိမည်ကို အလွန်စိုးရိမ်နေသောကြောင့်ပင်။

ဤအစေခံမလေးကို မြင်တွေ့ချိန်တွင် ကျန်းဝူကျိသည် မည်သည့်စကားတစ်ခွန်းမျှ မပြောချေ။သို့ရာတွင် သူသည် လူသူအများရှေ့၌ သူမကို ပွေ့ဖက်လိုက်သဖြင့် အစေခံမလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

လက်ဖက်ရည်အိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လက်ဖက်ရည်များက နေရာအနှံ့အပြားသို့ ဖိတ်စင်သွားတော့သည်။

"ဟား ဟား ဟား...."

"ဒီကောင်မလေးကိုကြည့်ရတာ မဆိုးဘူး"

​ကျန်းဝူကျိက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ထို့နောက် သူသည် သူ့အား စူးစူးဝါးဝါးစိုက်ကြည့်နေသော ဟွမ်ထန်းလင်တို့လူစုကိုကြည့်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

"မင်းတို့က ဒီနေရာမှာ ဘာလုပ်နေကြတာလဲ... ငါ့မှာ လုပ်စရာကိစ္စတစ်ခုရှိနေတာကို မင်းတို့ မမြင်ကြဘူးလား"

လူများအားလုံးသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ကြကာ ကျန်းဝူကျိကိုကြည့်နေသော သူတို့၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ရှိအခြေအနေ ရုတ်တရက် တင်းမာစပြုလာသည်။

"ဟမ့် မင်းတို့က ငါတို့ကျန်းမိသားစုရဲ့ ရန်သူတွေဖြစ်ချင်ကြတာလား"

ကျန်းဝူကျိသည် ထိတ်လန့်ကြောက်ရွံခြင်း မရှိရုံသာမက လူများကိုကြည့်၍ အော်ဟစ်လိုက်သည်။ထို့နောက် သူသည် မတ်တတ်ထရပ်ကာ အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလေ၏။

"မင်းတို့တွေက အစွမ်းထက်ပြီးတော့ အထီးကျန်နယ်မြေရဲ့ အထွတ်အထိပ်မှာရှိတဲ့ အရှင်သခင်တွေပဲ"

"ဒါပေမဲ့ အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လာမှာမလို့လဲ"

"တကယ်လို့ အထီးကျန်ဂိုဏ်းမှာရှိတဲ့ မင်းတို့လူအိုကြီးတွေအားလုံးကို စုစည်းလိုက်ရင်တောင် ငါ့အဖိုးရဲ့ပြိုင်ဘက် ဖြစ်နိုင်လို့လား"

ဤစကားများကိုကြားချိန်တွင် ဟွမ်ထန်းလင်တို့လူစုသည် ဒေါသထွက်သွားကာ သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကြ၏။

သို့ရာတွင် ကျန်းဝူကျိပြောဆိုသော စကားများသည် မှားယွင်းခြင်းမရှိချေ။

အစစ်အမှန်အင်မော်တယ်နယ်ပယ် အဆင့်နှစ်ဆယ်တွင်ရှိနေသော ဆရာကြီးတစ်ယောက်သည် သူတို့၏အထီးကျန်ဂိုဏ်းကိုသာမက အထီးကျန်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးရန်လုံလောက်သည်။

ထို့ပြင် သူတို့အလိုရှိသည်မှာ အထီးကျန်နယ်မြေနှင့်ကျန်းကျင်း ပြန်လည်ပေါင်းစည်းနိုင်ရန်ဖြစ်ပြီး ရန်သူတစ်ယောက်ဖြစ်လာရန် မဟုတ်ချေ။

ထိုအကြောင်းကို တွေးတောရင်း....

ဟွမ်ထန်းလင်သည် သူ၏အင်္ကျီလက်ကို ခါယမ်းကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ကြွင်းကျန်သော လူများအားလုံးသည်လည်း နီမြန်းနေသောမျက်လုံးများဖြင့် ကျန်းဝူကျိကို မလိုလားစွာကြည့်ကာ ထွက်ခွာသွားလေ၏။

ခန်းမတံခါးပိတ်သွားချိန်တွင် အတွင်းမှနေ၍ ကျန်းဝူကျိ၏ မောင်မာထောင်လွှားစွာ အော်ဟစ်ရယ်မောသံ ထွက်ပေါ်လာသည်။ထိုရယ်သံနှင့်ဆန့်ကျင်ဘက်နိုင်စွာ အစေခံမလေး၏ စူးရှနာကျင်စွာ အော်ဟစ်ငိုကြွေးသံကိုလည်း ကြားနေရသည်။

"အဲ့ဒီမိန်းကလေး အပြင်ကိုထွက်လာတာနဲ့ နှစ်သိမ့်ပေးလိုက်ပါ"

"သူ တောင်းဆိုတဲ့ ဘယ်အရာမဆို ဖြည့်ဆည်းပေးလိုက်ကြပါ...တခြားတပည့်တွေအတွက်လည်း လျော်ကြေးပေးဖို့ စီစဉ်ရမယ်"

ဟွမ်ထန်းလင်၏နဖူးပေါ်၌ အပြာရောင်သွေးကြောကြီးများ ထောင်ထနေသည်။

အထီးကျန်ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် မည်သည့်အချိန်တုန်းက ဤကဲ့သို့ စော်ကားခြင်းကို သည်းခံနိုင်မည်နည်း။

ယခုအချိန်တွင် သူတို့၏ရှေ့၌ တစ်စုံတစ်ယောက်သည် ဂိုဏ်းမှအမျိုးသမီးတပည့်ကိုဖျက်ဆီးနေသည်။ထို့ကြောင့် သူသည် ကျန်းဝူကျိကိုဆုံးမလိုသော်လည်း အခြေအနေအရပ်ရပ်ကိုထောက်ရှု၍ သူ အတင်းအကြပ်သည်းခံထားရုံသာ တတ်နိုင်တော့သည်။

နောက်ဆုံး၌ အချိန်နာရီဝက်ခန့် ကြာပြီးနောက် ခန်းမတံခါး ​ဖြည်းညှင်းစွာပွင့်သွားသည်။

ဟွမ်ထန်းလင်တို့လူစု အတွင်းသို့ဝင်ရောက်သွားချိန်၌ အစေခံမလေး၏အဝတ်များ စုတ်ပြတ်သတ်နေကာ စားပွဲပေါ်၌ သေဆုံးနေသည်ကို မြင်တွေ့လိုက်ရသည်။သူမ၏မျက်လုံးသူငယ်အိမ်များ သွေးနီရောင်သန်းနေသည်။

ဤသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ဟွမ်ထန်းလင်တို့လူစုသည် အသက်ရှူမွန်းကြပ်ခြင်းကို ခံစားမိလေ၏။

ဟွမ်ထန်းလင်သည် သူ၏လည်မြိုအတွင်းသို့ သွေးတလုတ်ထိုးထွက်လာသည်ကို ခံစားမိသော်လည်း သူသည် အတင်းအကြပ်ပြန်မျိုချလိုက်၏။

သူ၏ခံစားချက်များ အနည်းငယ်မျှ ကောင်းမွန်နေခြင်းမရှိပေ။

သူသည် အသက်ပြင်းပြင်းအနည်းငယ်ခန့်ရှူရှိုက်ပြီးနောက် ထိုအစေခံမလေးကို မြှုပ်နှံရန်နှင့် သူမ၏မိသားစုအတွက် လျော်ကြေးအမြောက်အများပေးရန် တခြားလူများအား အမိန့်ပေးလိုက်သည်။ထို့နောက် သူသည် ကျန်းဝူကျိ၏ရှေ့၌ ထိုင်လိုက်၏။

"ဟား ဟား ဟား...."

"ပြောရမယ်ဆိုရင် မင်းတို့ အထီးကျန်ဂိုဏ်းရဲ့ဧည့်ဝတ်ပြုမှုက အရမ်းကောင်းတယ်...နောင်အနာဂတ်ကျရင် ငါက ဒီနေရာကို မကြာခဏလာလည်မယ်"

ကျန်းဝူကျိက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဒါကြောင့် မင်းတို့နဲ့ ရင်းနှီးခင်မင်တဲ့မျက်နှာကိုထောက်ပြီးတော့ ငါ့ရဲ့အဘိုးဆီကို ငါ သွားပေးမယ်"

ထိုစကားကိုကြားချိန်တွင်....

လူများအားလုံး၏စိတ်နှလုံးသားအတွင်းမှ လေးလံနေမှုများ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းဝူကျိသည် ကျန်းကျင်း၏နောက်ခံရှိနေမှုကြောင့် သူတို့အပေါ် မောက်မာထောင်လွှားခဲ့သော်လည်း ထန်းလန်တောင်တန်းအတွင်းသို့သွားရန် မငြင်းဆိုခဲ့ချေ။

ထိုသို့မဟုတ်ပါက သူတို့ထံတွင် ကျန်းဝူကျိကို အတင်းအကြပ်ခေါ်ဆောင်သွားရန်အတွက် နည်းလမ်းမရှိချေ။

အကြောင်းအရင်းမှာ ကျန်းဝူကျိသည် ကျန်းကျင်းထံသို့ သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ကျန်းကျင်း၏မျိုးဆက်ဟူသော သူ၏အဆင့်အတန်းသည် ပြောင်းလဲသွားမည်မဟုတ်ချေ။

ကျန်းကျင်း၏နောက်ခံရှိနေသရွေ့ သူတို့၏အထီးကျန်ဂိုဏ်းအပါအဝင် အထီးကျန်နယ်မြေတစ်ခုလုံး၌ မည်သူကမျှ ကျန်းဝူကျိကို ဆန့်ကျင်ဝံ့မည်မဟုတ်ပေ။

"ထန်းလန်တောင်တန်းကို သွားရမယ့်ခရီးလမ်းက အရှည်ကြီးပဲ...ကူးပြောင်းရေးဝင်္ကပါကလည်း ဖျက်ဆီးခံလိုက်ရပြီ....ဒါကြောင့် ငါတို့က အထီးကျန်ဂိုဏ်းရဲ့အဆင့်မြင့်ဆုံး အင်မော်တယ်အကြီးအကဲတစ်ယောက်က အဖော်ပြုပြီးတော့ မင်းကို အဲ့ဒီနေရာဆီ ပို့ပေးမယ်"

ဟွမ်ထန်းလင်က ပြောဆိုသည်။

"ကောင်းပြီလေ"

ကျန်းဝူကျိက ထိုင်ခုံပေါ်၌ မောက်မာထောင်လွှားသောအမူအယာဖြင့် ထိုင်နေကာ သာမန်ကာလျှံကာ တုံ့ပြန်သည်။

"ငါတို့ အတည်ပြုဖို့လိုတဲ့ ကိစ္စတစ်ခုရှိသေးတယ်...စီနီယာကျန်းကျင်းက မင်းကိုမြင်ရင် မှတ်မိလောက်တယ်မဟုတ်လား"

ဟွမ်ထန်းလင်က မေးမြန်းသည်။

"အပိုစကားတွေ မပြောနဲ့...သူ့ရဲ့မြေးတစ်ယောက်ဖြစ်တဲ့ငါ့ကို သူက ဘယ်လိုလုပ် မမှတ်မိဘဲနေမှာလဲ"

ကျန်းဝူကျိက သရော်တော်တော် ပြောဆိုလိုက်၏။

"ဒါဆိုရင် မင်းကရော သူ့ကို မှတ်မိလား"

ဟွမ်ထန်းလင်က ထပ်မံ၍မေးမြန်းသည်။

"ငါ မှတ်မိတာပေါ့...ငါ့ရဲ့အဖိုး အိမ်ကနေ ထွက်မသွားခင် လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းအကြာတုန်းက သူ အချစ်ဆုံးမြေးက ငါပဲ...ဒါကြောင့် သူ့ရဲ့ပုံပန်းသွင်ပြင်က ငါ့ရဲ့စိတ်ထဲမှာ ထွင်းထုထားသလိုမျိုး မှတ်မိတယ်"

ကျန်းဝူကျိ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ စကားပြောဆိုနေရင်း မောက်မာထောင်လွှားသောအကြည့်ဖြင့် ခန်းမအတွင်းရှိ လူများအားလုံးကို ကြည့်လိုက်သည်။

သူ ကျန်းဝူကျိနှင့် ကျန်းကျင်းတို့၏အကြားရှိ ပတ်သက်ဆက်နွယ်မှုသည် သွေးသားဆက်နွယ်မှုတစ်ခုကဲ့သို့ ရိုးရှင်းခြင်းမရှိကြောင်း လူများအားလုံးကို ပြောဆိုလိုသည်မှာ သိသာထင်ရှားလှ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အား ထိတွေ့လိုပါက သူတို့အားလုံး ဂရုတစိုက်စဉ်းစားချင့်ချိန်ရပေမည်။

Chapter 735

ထန်းလန်တောင်တန်း၌...

ရက်ပေါင်းများစွာကြာအောင် ရှာဖွေပြီးနောက် ရီဖုန်းသည် နောက်ဆုံး၌ သူ၏ငွေအိတ်ကို ပြန်တွေ့ခဲ့သည်။

ထိုကြောင့် သူသည် မန်မန်ကိုစီးနင်းပြီး တပည့်တစ်ယောက်ရှာဖွေရမည့် လုပ်ငန်းစဉ်ကို စတင်၍လုပ်ဆောင်ခဲ့တော့သည်။

ထိုအချိန်မှာပင်...

တောင်တန်း၏ဗဟိုချက်နေရာရှိ လေဟာနယ်တစ်နေရာ လှုပ်ခတ်သွားသည်။

ထိုလေဟာနယ် အက်ကွဲကြောင်းအတွင်းမှနေ၍ လူနှစ်ယောက်ထွက်လာသည်။

သူတို့အနက်မှ တစ်ယောက်သည် ကျန်းဝူကျိပင်။

တခြားတစ်ယောက်သည် ကျန်းဝူကျိကိုအဖော်ပြု၍ လိုက်ပါလာသော အထီးကျန်ဂိုဏ်းမှအကြီးအကဲ ချန်းလီယွမ်ပင်။

"ဒါက ငါ့ရဲ့အဖိုးနေတဲ့နေရာလား"

ကျန်းဝူကျိသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့ထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ထိုစကားကိုပြောဆိုပြီးနောက် သူ့ထံမှနေ၍ အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ လေထုအတွင်းသို့ တိုက်ရိုက်ပျံသန်းလိုက်သည်။

"အဖိုး....အဖိုးရဲ့မြေး ကျန်းဝူကျိက ဒီနေရာကိုလာပြီးတော့ အဖိုးကို လာတွေ့တာပါ"

ကျန်းဝူကျိက ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်ရာ တောအုပ်တစ်ခုလုံး တုန်ခါသွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ချန်းလီယွမ်က နောက်မှနေ၍ အလျင်စလိုလိုက်ပါသွားလေ၏။

"မင်း ဘာလို့ လျှောက်သွားနေတာလဲ"

ကျန်းဝူကျိသည် ချန်းလီယွမ်ကို မျက်စောင်းထိုးကြည့်ကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။

"မင်းက ငါနဲ့အတူ လိုက်လာနိုင်တဲ့ အရည်အချင်းမျိုး ဘယ်နေရာကနေ ရလာတာလဲ....မင်းက ငါ့ရဲ့အဖိုးကို နှောက်ယှက်ဝံ့လို့လား"

"ငါ့ရဲ့ဘေးကနေ ထွက်သွားပြီးတော့ အဲ့ဒီနေရာမှာ ဒူးထောက်နေစမ်း"

ကျန်းဝူကျီး၏ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ဤသည်မှာ ချန်းလီယွမ်၏မျက်နှာကို အလွန်အမင်း သုန်မှုန်သွားစေသည်။

လမ်းတစ်လျှောက်လုံး၌ သူသည် ကျန်းဝူကျိကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော်လည်း ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိပေ။

သို့ရာတွင် ယခုအချိန်၌ ကျန်းဝူကျိသည် သူကဲ့သို့ ဂုဏ်သိက္ခာမြင့်မားသော အကြီးအကဲတစ်ယောက်ကို ဒူးထောက်ခိုင်းမည်ဟု သူ မျှော်လင့်မထားမိပေ။

သို့ရာတွင် ကျန်းဝူကျိ၏အဖိုးအကြောင်းကို တွေးတောမိချိန်၌ ချန်းလီယွမ်သည် ထိုကိစ္စကို သည်းခံလိုက်၏။

သူသည် သုန်မှုန်နေသောမျက်နှာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

အကြောင်းအရင်းမှာ ကျန်းဝူကျိပြောဆိုသော စကားများသည်လည်း မှန်ကန်နေသောကြောင့်ပင်။ကျန်းဝူကျိသည် ဤတောတောင်အတွင်းရှိ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းကာ ကျယ်လောင်စွာအော်ဟစ်နိုင်သော်လည်း သူ ထိုသို့ မလုပ်ဝံ့ချေ။

ထိုအချိန်မှာပင်...

မိုးကောင်းကင်ယံအတွင်း၌ ဝှစ်ခနဲအသံတစ်သံနှင့်အတူ ပျံသန်းလာသော ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်၏ရှေ့ ပေတစ်ရာအကွာအဝေးသို့ ကျရောက်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

"အဖိုး....ဒါက ငါ့ရဲ့အဖိုးပဲ..."

ကျန်းဝူကျိက သူ၏ပါးစပ်ကိုဖွင့်ဟကာ အော်ဟစ်လိုက်သည်။

ချန်းလီယွမ်သည်လည်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

မည်သည့်ကိစ္စမဆို ကြားသိရသည်ထက် မြင်တွေ့ရသည်က ပို၍ကောင်းမွန်သည်။

သို့ရာတွင် အဝေးတစ်နေရာ၌ရှိနေသော ရီဖုန်းသည် သူတို့အား အနည်းငယ်မျှ ဂရုမစိုက်ဘဲနေမည်ဟု သူတို့ မျှော်လင့်မထားမိပေ။

ရီဖုန်းသည် သူ၏နားများကိုကလော်နေကာ သူ၏မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရန် မေ့လျော့နေပုံရပြီး သူ၏မျက်နှာပေါ်တွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။

"တစ်ယောက်ယောက်က အဖိုးလို့ခေါ်နေတာလား"

"ငါ နားကြားမှားတာပဲဖြစ်မယ်...ဒီတောတောင်ထဲမှာ ဘယ်လိုလုပ်ပြီးတော့ တစ်ယောက်ယောက်ရဲ့အဖိုး ရှိနေနိုင်မှာလဲ"

ထိုနောက် ရီဖုန်းသည် နေရာမှာပင်ဆီးသွားကာ အဝေးသို့ပျံသန်းသွားတော့သည်။

ရီဖုန်းကိုစူးစိုက်ကြည့်နေသော ချန်းလီယွမ်နှင့်ကျန်းဝူကျိတို့နှစ်ယောက်လုံး နေရာမှာပင် ကြက်သေသေသွားလေ၏။

သူ ဤသို့ ထွက်ခွာသွားခဲ့သလော....

"ဘာလို့လဲ...."

ကျန်းဝူကျိသည် အံ့အားသင့်တုန်လှုပ်နေကာ သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ချန်းလီယွမ်သည်လည်း ကြက်သေသေနေပေ၏။

သူ၏မျိုးဆက်သည် သူနှင့်နီးကပ်သောနေရာတွင် ရှိနေသည့်တိုင် မည်သည်ကြောင့် သူသည် သူတို့အား တစ်ချက်ပင်လှည့်ကြည့်ခြင်းမပြုသနည်း။

ဤသည်မှာ အဓိပ္ပာယ်မရှိချေ။

သူသည် သူတို့ကို ရှာမတွေ့ခြင်းဖြစ်သလော...

ဤသည်မှာလည်း ပို၍ပင် မဖြစ်နိုင်​ချေ။

ထိုဆရာကြီး၏နည်းလမ်းများ ခွန်အားများနှင့်ဆိုပါက ဤတောတောင်အတွင်းတွင် ကျန်းဝူကျိ၏အရှိန်အဝါ ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် သူ သိရှိပြီးဖြစ်ပေမည်။

ကျန်းဝူကျိသည် မျက်နှာသားပေးခြင်းမခံရသူ ဖြစ်နေသလော....

ဤသည်မှာလည်း မဖြစ်နိုင်ဆုံးကိစ္စပင်။သူတို့သည် ဤကိစ္စအား ယခင်ကတည်းက ကြိုတင်စုံစမ်းပြီးဖြစ်သည်။ကျန်းဝူကျိသည် အကြောင်းအရင်းတချို့ကြောင့် ရူးသွပ်နေသော်လည်း သူသည် ကျန်းကျင်း၏အချစ်မြတ်နိုးဆုံးမြေးဖြစ်သည်မှာ အမှန်တရားပင်။

ထို့ပြင် ကျန်းကျင်းသည် သူ၏မျိုးဆက်များကို အလွန်အမင်း ကာကွယ်ပေးတတ်သူတစ်ယောက်ပင်။ထို့ကြောင့် အကယ်၍ ကျန်းဝူကျိ ဤနေရာ၌ ရှိနေသည်ကို သူ သိရှိသွားပါက မည်သည်ကြောင့် တစ်ချက်ပင် လှည့်ကြည့်ခြင်းမပြုဘဲ နေမည်နည်း။

"ဖြစ်နိုင်တာတော့ ငါတို့ရဲ့ရှေ့ကို ရောက်လာတဲ့လူက စီနီယာကျန်းကျင်း မဟုတ်တာများလား"

ချန်းလီယွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ပါးစပ်ပိတ်ထားစမ်း...."

ကျန်းဝူကျိက တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်၏။

"သူက ငါ့ရဲ့အဖိုးပဲ"

ဤလူ၏မျက်နှာသည် တစ်ချိန်က သူ မှတ်မိခဲ့ဖူးသောတစ်ယောက်နှင့် ကွဲပြားခြားနားနေသော်လည်း ကျန်းဝူကျိသည် ဤကိစ္စကို အနည်းငယ်မျှ လက်သင့်ခံနိုင်ခြင်းမရှိချေ။

သူသည် နောက်ဆုံး၌ သူ၏အဖိုး ပြန်လည်ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းပြီးမှ သူ ကျန်းဝူကျိသည် အထီးကျန်နယ်မြေတခွင်လုံး၌ ထင်ရာစိုင်းဝံ့ခြင်းဖြစ်သည်။ထို့ပြင် သူသည် အထီးကျန်ဂိုဏ်းကိုလည်း အနည်းငယ်မျှဂရုမစိုက်ဘဲ သောင်းကျန်းခဲ့သည်။အကယ်၍ ဤလူသည် သူ၏အဖိုးမဟုတ်ပါက သူသည် လူသေတစ်ယောက် ဖြစ်သွားနိုင်သည် မဟုတ်လော။

သူသည် အလျှင်အမြန်ပျံသန်းကာ ရီဖုန်း ထွက်ခွာသွားသောနေရာသို့ ဦးတည်၍ လိုက်လံရှာဖွေခဲ့သည်။

သူ ပျံသန်းနေသောအချိန်မှာပင် လေထုအား ထွင်းဖောက်လာသော အသံတစ်သံကို သူ ကြားလိုက်ရသည်။

ကျန်းဝူကျိ၏မျက်လုံးများ တောက်ပသွားက သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

"ဟား ဟား ဟား...ငါ ပြောခဲ့ပါတယ်..ဘာလို့ ငါ့ရဲ့အဖိုးက ငါ့ကိုတွေ့တဲ့အချိန်မှာ သူ ငါ့ဆီမလာဘဲ နေမှာလဲ"

ကျန်းဝူကျိက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

ဘန်းခနဲမြည်သံနှင့်အတူ ကျန်းဝူကျိသည် တစ်စုံတစ်ခု၏ဝင်တိုက်ခံရခြင်းကြောင့် မြေပြင်ပေါ်သို့ ​ပြုတ်ကျသွားတော့သည်။

Thank For Reading.

All Chapters