အခန်း (၇၃၆-၇၄၀)
Vol. 50 Ch. 736-740
Chapter 736
သွေးနီရောင်သန်းသောမျက်လုံးတစ်စုံဖြင့် ရှေ့သို့စူးစိုက်ကြည့်နေသော ဦးခေါင်းပြတ်တလုံးသာ မြေပြင်ပေါ်၌ ကြွင်းကျန်ရစ်သည်။
"ဘာလို့လဲ..."
ထိုဦးခေါင်းပြတ်မှပါးစပ် ပွင့်ဟလာကာ ခပ်ဖျော့ဖျော့အသံတစ်သံ ထွက်ပေါ်လာသည်။
သူ၏အချစ်ဆုံးအဖိုးသည် မည်သည်ကြောင့် သူ့အားသတ်ဖြတ်သည်ကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
"အမ်..."
"မင်း တစ်ခုခုကို ဝင်တိုက်ခဲ့တာလား..."
နေ့လည်စာစားရန်အတွက် အထီးကျန်မြို့သို့အပြေးသွားနေသော ရီဖုန်းသည် လေထု၏အလယ်၌ရပ်တန့်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
ရီဖုန်းသည် မန်မန်၏ရှေ့သို့ခုန်ဆင်းကာ မန်မန်၏အခြေအနေကို ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။သို့ရာတွင် မန်မန်၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်ထိခိုက်မှု အရိပ်အယောင်မျှမရှိဘဲ အိပ်ချင်မူးတူးငါးသေမျက်လုံးတစ်စုံကိုလှန်ကြည့်ကာ မလှုပ်မယှက်ရှိနေသည်ကို သူ မြင်တွေ့မိသည်။
"ငါ စိတ်ထင်လို့ ဖြစ်မှာပါ"
ရီဖုန်းသည် သူ၏မေးကိုပွတ်သပ်ကာ အာရုံစူးစိုက်နေခြင်းကို ရပ်တန့်လိုက်သည်။ထို့နောက် သူသည် မန်မန်ကိုစီးနင်းကာ အထီးကျန်မြို့သို့ဦးတည်၍ ဆက်လက်ထွက်ခွာခဲ့တော့သည်။
ဤအချိန်အခိုက်အတန့်တွင် ချန်းလီယွမ်သည် ဦးခေါင်းပြတ်တလုံးသာကျန်သော ကျန်းဝူကျိကိုကြည့်ပြီး လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဇောချွေးများရွှဲနစ်နေပြီး မြေပြင်ပေါ်၌ဒူးထောက်နေကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
မောက်မာထောက်လွှားသော ကျန်းဝူကျိသည် မည်သည်ကြောင့် ဤကဲ့သို့ဖြစ်သွားသည်ကို သူ တွေးတောနိုင်ခြင်းမရှိချေ။
သူ၏ထိတ်လန့်ကြောက်ရွံ့မှုကို ဖော်ပြရန်ပင် မစွမ်းတော့ချေ။
အကယ်၍ သူသည် ရီဖုန်း၏စကားများကို အသုံးပြု၍ ထိုကိစ္စကို ဖော်ပြလိုပါက သူနှင့်စကားပြောနေသော သက်ရှိလူတစ်ယောက်သည် နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ့ရှေ့၌ ကားတိုက်ခံရကာ အစအနများအဖြစ်သို့ ပြောင်းလဲသွားသည်ဟူသော အဖြစ်နှင့် တူညီနေပေမည်။
ချန်းလီယွမ်၏ထိတ်လန့်ကြောက်ရွံ့မှုများ ပို၍ကြီးမားလာသည်။
ကျန်းဝူကျိသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင်။
အစစ်အမှန်အင်မော်တယ်တစ်ယောက်သည် ဤကဲ့သို့ သတ်ဖြတ်ခံရသည်ဟူသောကိစ္စကို မည်သူတစ်ဦးတစ်ယောက်ကမျှ မယုံကြည်မည်အား သူ စိုးရိမ်မိသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
ကျန်းဝူကျိသည် ကျန်းကျင်၏အချစ်ဆုံးမြေး မဟုတ်သလော....
အဖိုးတစ်ယောက်သည် မြေးဖြစ်သူအား သတ်ဖြတ်လိုက်သလော...
"မဟုတ်ဘူး....မဟုတ်ဘူး....ဒါက မဖြစ်နိုင်ဘူး..."
ချန်းလီယွမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ကျန်းကျင်းသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူသည် သူ၏မြေးဖြစ်သူကို အကြောင်းအရင်းမရှိဘဲ မည်သည့်နည်းနှင့်မျှ သတ်ဖြတ်မည်မဟုတ်ချေ။
"ဘယ်လိုမျိုး သောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ"
ချန်းလီယွမ်သည် ညည်းတွားကာ ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောလိုက်၏။
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ့ထံ၌ အတွေးတစ်ခုရလာကာ သူ၏မျက်လုံးများ စူးရှတောက်ပသွားသည်။
"အဲ့ဒီလူက ကျန်းကျင်း မဟုတ်တာများလား"
ထိုအကြောင်းကိုတွေးတောရင်း ချန်းလီယွမ်သည် သတင်းပို့ကျောက်စိမ်းပြားကို အလျှင်အမြန်ထုတ်ယူလိုက်သည်။
ဤကျောက်စိမ်းပြား အတွင်းတွင်....
သူတို့စုဆောင်းထားသော ကျန်းကျင်း၏ သတင်းအချက်အလက်များနှင့်ပုံတူများ ရှိနေသည်။
ထိုလူရောက်ရှိလာချိန်တွင် ချန်းလီယွမ်သည် သာမန်ကာလျှံကာ တစ်ချက်သာစောင်းငဲ့ကြည့်မိပြီး အာရုံစူးစိုက်၍ကြည်ဝံ့ခြင်း မရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ပုံတူအား တဖန်ပြန်၍ကြည့်ကာ အစောပိုင်းက မြင်တွေ့ရသောလူ၏ပုံပန်းသွင်ပြင်ကို စဉ်းစားတွေးတောလိုက်သည်။ထိုလူနှစ်ယောက်သည်အနည်းငယ်မျှ ပုံပန်းသွင်ပြင် တူညီခြင်းမရှိချေ။ ထို့ပြင် သူတို့နှစ်ယောက်သည် တူညီသယောင်ယောင်ပင် မရှိချေ။
ထို့နောက်....
ချန်းလီယွမ်သည် အစောပိုင်းက ထိုလူ ဝတ်ဆင်ထားသော အဝတ်အစားများသည် သူတို့အထီးကျန်နယ်မြေမှဝတ်စုံမဟုတ်ကြောင်း ရုတ်တရက် အမှတ်ရသွားသည်။
ဤသည်မှာ ဝင်္ကပါနယ်မြေ၏ဝတ်စုံပင်။
ထိုအကြောင်းကိုတွေးတောမိချိန်၌ ချန်းလီယွမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"ထောင်ချောက်ပဲ..."
"ဒါက ဝင်္ကပါနယ်မြေရဲ့ လှည့်ကွက်ပဲဖြစ်မယ်"
"အဲ့ဒီလူက ဝင်္ကပါနယ်မြေရဲ့လူပဲ ဖြစ်မယ်...သူက ငါတို့စီစဉ်ထားတဲ့ သူလျှိုကို သတင်းအစအနရအောင် တမင်သက်သက်လုပ်ပြီးတော့ ငါတို့အထီးကျန်နယ်မြေကို လှည့်စားခဲ့တာပဲဖြစ်မယ်"
"ဒါကြောင့် ငါတို့တွေ ဒီတောင်တန်းထဲကိုရောက်လာတာနဲ့ ကျန်းဝူကျိ သေသွားခဲ့တာပဲ"
ထိုအကြောင်းကိုတွေးတောရင်း ချန်းလီယွမ်သည် အလွန်ထိတ်လန်ကြောက်ရွံ့သွားကာ ထွက်ပြေးခဲ့တော့သည်။သူသည် အလျှင်အမြန်ပြေးနေသော်လည်း ကြောက်ရွံ့မှုကြောင့် သူ့၏ခြေထောက်များသည် မြေပြင်ပေါ်မှ မာကျောသောတစ်စုံတစ်ခုကို ဝင်တိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူ ဝင်တိုက်မိသည်မှာ ကျန်းဝူကျိ၏ခေါင်းပြတ်ကြီးဖြစ်နေသည်။
ဘုန်း...
ချန်းလီယွမ်၏ကန်ချက်နှင့်အတူ ကျန်းဝူကျိ၏ ကြွင်းကျန်သောဦးခေါင်းပြတ်ကြီး ကြေမွှပျက်စီးသွားတော့သည်။
ချန်းလီယွမ်သည် အထီးကျန်နယ်မြေ၌စောင့်ဆိုင်းနေသော ဟွမ်ထန်းလင်တို့လူစုကို အလျှင်အမြန်ဆက်သွယ်လိုက်၏။ထို့နောက် သူသည် တောင်တန်း၏အစွန်အဖျားနေရာသို့အရောက်တွင် ကူးပြောင်းရေးဝင်္ကပါမှတဆင့် အထီးကျန်နယ်မြေသို့ အလျှင်အမြန်ပြန်လည်ထွက်ပြေးခဲ့တော့သည်။
.
အထီးကျန်နယ်မြေ၌....
ချန်းလီယွမ်၏သတင်းပို့မှုကို နားထောင်ပြီးနောက် ခန်းမအတွင်းရှိအခြေအနေ လေးလံထိုင်းမှိုင်းသွားကာ လူများအားလုံး၏မျက်နှာများထက်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားမပြောဆိုကြချေ။ဤခန်းမအတွင်းရှိ တိတ်ဆိတ်ငြိမ်သက်နေမှုသည် လူအများအား တုန်ရီနေစေသည်။
ကျန်းဝူကျိ၏သေဆုံးသွားခြင်းသည် သူတို့အား ပျော်ရွှင်စေသော်လည်း ထိုအရာနှင့်ကပ်ပါလာသောသတင်းကို သူတို့ လက်သင့်မခံနိုင်ချေ။
ထိုသတင်း၏သက်ရောက်မှုသည် အလွန်ပြင်းထန်ပေ၏။
ပြောရမည်ဆိုလျှင် သူတို့သည် အောင်ပွဲမခံရသေးမီမှာပင် အောက်ခြေသို့ရိုက်ချခံရခြင်းဟု ဆိုနိုင်သည်။
အချိန်အတော်ကြာပြီးနောက် ဟွမ်ထန်းလင်သည် တိတ်ဆိတ်ငြိမ်သက်မှုကိုချိုးဖျက်ကာ သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူပြီး မတ်တတ်ထရပ်ကာ ပြောဆိုလိုက်၏။
"ငါက ဒီကိစ္စကို ဂိုဏ်းရဲ့ဌာနချုပ်ဆီ အမြန်ဆုံးသတင်းပို့ခဲ့တယ်"
"အခုအထီးကျန်ဂိုဏ်းရဲ့ဌာနချုပ်ကနေ သတင်းပြန်ပို့ခဲ့တယ်"
ထိုစကားကိုကြားချင်တွင် ခန်းမအတွင်းရှိလူများအားလုံး ဟွမ်ထန်းလင်ကို တစ်ပြိုင်နက်တည်းကြည့်လိုက်ကြသည်။
ဟွမ်ထန်းလင်က သူ၏လေသံကိုမြှင့်ကာ ထိုသတင်းကို ထုတ်ပြန်ကြော်ငြာလိုက်သည်။
"အခုအချိန်မှာ ငါတို့က ပြင်ပနယ်မြေတွေရဲ့ကျူးကျော်မှုကို ခံနေရတဲ့အတွက် အတွင်းရေးတိုက်ခိုက်မှုတွေကို ရှောင်တိမ်းရမယ်...ဒါကြောင့် အထီးကျန်နယ်မြေသခင်က အင်မော်တယ်နယ်မြေအပါအဝင် တခြားလူသားနယ်မြေရှစ်ခုလုံးနဲ့ ငြိမ်းချမ်းရေးယူရမယ်လို့ အမိန့်ပေးလိုက်တယ်....ငါတို့က ထန်းလန်တောင်တန်းအတွက် ဝင်္ကပါနယ်မြေနဲ့တိုက်ပွဲကို ငါတို့ရဲ့သဘောဆန္ဒအလျောက် လက်လျှော့အရှုံးပေးရလိမ့်မယ်"
ထိုစကားကို ကြားချိန်တွင်...
ခန်းမအတွင်း၌ အပ်တစ်ချောင်းကျသံကိုပင်ကြားနိုင်သည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။လူများအားလုံး၏မျက်နှာအမူအယာများ အလွန်အမင်းသုန်မှုန်သွားကာ သူတို့အားလုံးသည် လက်သီးတင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူတို့ထံတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင်....
ကျန်းထျန်းမြို့အတွင်း၌...
မြို့လယ်ခန်းမအတွင်းတွင် ခေါင်းဆောင်နေရာ၌ ချန်းရှင်းရွှမ် ထိုင်နေကာ ပျက်ယွင်းနေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဒါက ငါတို့ရဲ့ဝင်္ကပါအစည်းအရုံးကနေ ပေးပို့လိုက်တဲ့သတင်းပဲ"
"အထက်ကနေ ထန်းလန်တောင်တန်းအတွက် တိုက်ခိုက်နေတာကို လက်လျှော့ပြီးတော့ အထီးကျန်နယ်မြေကို မျက်နှာသာပေးရမယ်လို့ ငါတို့ကို အမိန့်ပေးလိုက်တယ်"
Chapter 737
"ဘာလို့လဲ...."
ဝင်္ကပါနယ်မြေမှလူများသည် စားပွဲကိုရိုက်ပုတ်ကာ သူတို့၏နားရွက်များ နီမြန်းလာပြီး မေးမြန်းလိုက်ကြသည်။
"ပြင်ပတိုက်ခိုက်မှုတွေ ဘယ်အချိန်ကစပြီးဖြစ်လာလဲဆိုတာ မင်းတို့အားလုံးရဲ့စိတ်ထဲမှာသိပြီးသားဖြစ်မှာပါ"
"ဒီလိုအချိန်မျိုးမှာ အစစ်အမှန်အင်မော်တယ်အဆင့်နှစ်ဆယ်မှာရှိတဲ့ လူတစ်ယောက်ရဲ့အခန်းကဏ္ဏက ဘယ်လိုမျိုးလဲဆိုတာ မင်းတို့က ငါ့ထက် ပိုသိသင့်တယ်"
ချန်းရှင်းရွှမ်က ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ဝင်္ကပါနယ်မြေမှလူများအားလုံး ဆွံ့အသွားကာ စကားမပြောနိုင်ကြတော့ချေ။
သူတို့သည် ဝန်လေးသောအမူအယာများဖြင့် ပြန်ထိုင်လိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင်....
နယ်မြေနှစ်ခုသည် တစ်ဖက်ကိုတစ်ဖက် စိတ်ဆန္ဒကောင်းပြသရန် တစ်ချိန်တည်း ဆုံးဖြတ်ချက်ချလိုက်ကြသည်။
အတိုချုပ်ပြောဆိုရလျှင် မည်သည့်နယ်မြေဘက်မှဖြစ်စေ နယ်ခြားနယ်မြေများမှကျူးကျော်တိုက်ခိုက်မှုဟူသော အကြောင်းကိုထည့်မပြောလျှင်ပင် သူတို့ထံ၌ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်တွင်ရှိသော ဆရာကြီးကိုရင်ဆိုင်ရန် နည်းလမ်းမရှိချေ။
လဝက်ကုန်ဆုံးသွားပြီးနောက်....
ထျန်းရုန်မြို့....
ဤသည်မှာ နယ်မြေရှစ်ခုပူးပေါင်း၍ ဖန်တီးထားသော ကမ္ဘာငယ်လေးတစ်ခုဖြစ်သဖြင့် နယ်မြေရှစ်ခုလုံးမှ ကူးပြောင်းရေးဝင်္ကပါများ ဤနေရာ၌ ရှိနေသည်။
သာမန်နေ့ရက်များတွင် နယ်မြေရှစ်ခု၌ တစ်စုံတစ်ခု ဆွေးနွေးရန်လိုအပ်သော အချိန်တွင် ဤနေရာ၌ တွေ့ဆုံလေ့ရှိသည်။
ထို့ပြင် ဤနေရာသည် အကြွင်းမဲ့ဘေးကင်းလုံခြုံပေ၏။
ဤနေရာတွင် တိုက်ခိုက်မှုများအားလုံးကို တားမြစ်ထားသည်။
ဤစည်းမျဉ်းကို ချိုးဖျက်ဝံ့သော မည်သူတစ်ဦးတစ်ယောက်ကိုမဆို နယ်မြေရှစ်ခု၏တိုက်ခိုက်ခြင်းကို ခံရပေမည်။
အနက်ရောင်ခန်းမအတွင်း၌ ထိုင်ခုံရှစ်လုံးကို နေရာချထားသည်။
ဝင်္ကပါနယ်မြေနှင့် အထီးကျန်နယ်မြေမှလူများ ရောက်ရှိလာသောအချိန်တွင် တခြားနယ်မြေမှလူများလည်း ရောက်ရှိနေလေပြီ။
သို့ရာတွင် အဖြူရောင်နယ်မြေ၏နေရာတွင်မူ ဗလာဟင်းလင်းဖြစ်နေသည်။
"အဖြူရောင်နယ်မြေက ဘာတွေဖြစ်နေတာလဲ"
ထိုလူများအနက်မှတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"အဖြူရောင်နယ်မြေရဲ့အရှင်သခင်အသစ်က ထီးနန်းကိုဆက်ခံခဲ့တာ အချိန်မကြာသေးတာတောင် နယ်မြေရှစ်ခုရဲ့ပထမဆုံးတွေ့ဆုံပွဲကို ပျက်ကွက်တာလား"
"ထားလိုက်တော့...နယ်မြေရှစ်ခုရဲ့တွေ့ဆုံပွဲက တစ်နှစ်ကိုတစ်ကြိမ် ကျင်းပတယ်...တစ်ခါတလေ ပျက်ကွက်တာက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး"
တခြားလူတယောက်က ဖြောင့်ဖျသောလေသံဖြင့် ပြောဆိုသည်။
"အဖြူရောင်အရှင်က သူ့အတွက် အရေးပါတဲ့ လူတစ်ယောက်ကိုရှာဖို့ ပြင်ပလောကကို ထွက်ခွာသွားတယ်လို့ ငါ ကြားထားတယ်..ဒါကြောင့် သူ ဒီနေရာကို ရောက်မလာတာပဲ"
"အမှန်ပဲ...ဒါက ပြဿနာမရှိပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်က အရမ်းအရေးကြီးတဲ့ကိစ္စအကြောင်းကို ဆွေးနွေးမှာလည်း မဟုတ်ဘူး"
တခြားလူတစ်ယောက်က ပြောဆိုသည်။
"အရေးကြီးတဲ့ တစ်ခုတည်းသောကိစ္စကတော့ ဝင်္ကပါနယ်မြေနဲ့အထီးကျန်နယ်မြေကြားက တိုက်ပွဲပဲ"
ထိုစကားကိုကြားချိန်တွင်...
လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် ဝင်္ကပါနယ်မြေနှင့် အထီးကျန်နယ်မြေတို့မှကိုယ်စားလှယ်များကို အာရုံစူးစိုက်လိုက်ကြသည်။
ထိုနယ်မြေနှစ်ခု၏ကိုယ်စားလှယ်များသည် ဟွမ်ထန်းလင်နှင့်ချန်းရှန်းရွှမ်တို့ပင်။
"မင်းတို့နှစ်ယောက်ကို ငါ ပြောမယ်...အခုချိန်မှာ နယ်ခြားကျူးကျော်မှုတွေနဲ့ ရင်ဆိုင်နေရတယ်...ဒါကြောင့် မင်းတို့နယ်မြေနှစ်ခုကြားမှာ မတိုက်ခိုက်ကြနဲ့တော့...ကိုယ့်အချင်းချင်းတိုက်ခိုက်တာက ဘာပျော်စရာကောင်းလို့လဲ"
လူအိုကြီးတစ်ယောက်က ပြောဆိုသည်။
"အမှန်ပဲ...ထန်းလန်တောင်တန်းကို ဘယ်သူ့ပိုင်ဆိုင်သင့်လဲဆိုတာ ဆက်ပြီးအငြင်းမပွားကြနဲ့တော့"
တခြားလူတယောက်ကလည်း ဖြောင့်ဖျပြောဆိုလေ၏။
ဤအချိန်အခိုက်အတန့်တွင်....
တခြားလူများအားလုံးထံမှလည်း တိုက်တွန်းနှိုးဆော်သံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ဤသည်မှာ ဖြောင်းဖျရုံသက်သက်ဖြစ်ပြီး သူတို့အားလုံးသည် တတ်နိုင်သမျှအကောင်းဆုံးကြိုးစားကြည့်ရုံသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုနယ်မြေနှစ်ခုကြားရှိ ဆက်ဆံရေးနှင့်ပတ်သက်ပြီး သူတို့အားလုံး အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသည်။ထိုနယ်မြေနှစ်ခုကြားတွင်ရှိနေသောပဋိပက္ခကို စကားလုံးအနည်းငယ်ပြောဆိုရုံမျှဖြင့် သင့်မြတ်အောင် ပြုလုပ်နိုင်မည်မဟုတ်ချေ။
သို့ရာတွင်....
သူတို့၏အကြံပြုချက်များကို ကြားချိန်၌ ဟွမ်ထန်းလင်နှင့်ချန်းရှင်းရွှမ်တို့၏မျက်ခုံးများ တပြိုင်နက်တည်းတွန့်သွားကာ သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း မတ်တတ်ထရပ်လိုက်မည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
မူလက သူတို့သည်နှစ်ယောက်သည် ဤကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ စတင်ပြောဆိုရမည်ကို မသိရှိချေ။
နှစ်ဖက်စလုံးသည် နှစ်ပေါင်းများစွာကြာမြင့်အောင် တိုက်ခိုက်လာခဲ့သဖြင့် သူတို့သည်တစ်ဖက်ကိုတစ်ဖက် စကားစတင်မပြောနိုင်ကြချေ။
ယခုအချိန်၌ လူများအားလုံးသည် သူတို့အား သင့်မြတ်ရန်အကြံပေးနေသဖြင့် သူတို့သည်လည်း ဤအချက်ကို အသုံးပြုကာ ရောချလိုက်တော့သည်။
သူတို့နှစ်ယောက်သည် တပြိုင်နက်တည်းဟမတ်တတ်ထရပ်ပြီးနောက် တိုင်ပင်ဆွေးနွေးထားသည့်အလား တလေသံတည်းထွက်ပေါ်လာသည်။
"ဒီနေ့ကနေစပြီးတော့ ထန်းလန်တောင်တန်းကငါတို့နယ်မြေရဲ့အပိုင် မဟုတ်တော့ဘူး...မင်းတို့နယ်မြေကပဲ စီမံခန့်ခွဲလိုက်တော့...."
သူတို့နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်မှာ အံ့အားသင့်ဖွယ်ကိစ္စတစ်ရပ်ပင်။
တခြားနယ်မြေများမှ လူများအားလုံးသည်လည်း ကြက်သေသေသွားပေ၏။
ဤသည်မှာ မည်သို့ ဖြစ်ပျက်သွားသနည်း။
တစ်ဖက်ကိုတစ်ဖက်သတ်ဖြတ်ရန် အစဥ်အမြဲဆန္ဒရှိနေသော နယ်မြေနှစ်ခုသည် ယနေ့၌ သူတို့ပေးသည့်အကြံဉာဏ်များကို အမှန်တကယ် နားထောင်ခဲ့သလော.....
သူတို့၏အကြံပေးမှုများသည် အလွန်ကောင်းမွန်သွားခဲ့သလော...
ဤအချိန်အခိုက်အတန့်တွင် တခြားနယ်မြေများမှလူများအားလုံး အံ့အားသင့်သွားသည်။
အမှန်အားဖြင့် ပို၍မယုံကြည်နိုင်သောလူများမှာ ဟွမ်ထန်းလင်နှင့်ချန်းရှင်းရွှမ်တို့ပင်။
ယနေ့တွေ့ဆုံပွဲတွင် သူတို့၏ရည်ရွယ်ချက်သည် တစ်ဖက်လူအား စိတ်စေတနာကောင်းကိုပြသနိုင်ရန်ဖြစ်သည်။
သို့ရာတွင် တစ်ဖက်လူသည်လည်း တခြားတစ်ဖက်ပေါ်၌ စိတ်စေတနာကောင်းကို ပြသမည်ဟု သူတို့နှစ်ယောက်လုံး မျှော်လင့်မထားမိချေ။
ဟွမ်ထန်းလင်နှင့်ချန်းရှင်းရွှမ်တို့သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးကြီးနှင့်မျက်လုံးငယ်စူးစိုက်၍ကြည့်နေကြသည်။
ထို့နောက် သူတို့နှစ်ယောက်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။
"မင်း ခုဏက နောက်နေတာမဟုတ်လား"
တစ်ဖက်လူသည်လည်း တူညီသောစကားမျိုးကို ပြောဆိုလိုက်သည်အား ကြားချိန်၌ သူတို့နှစ်ယောက်၏မျက်နှာများပေါ်တွင် မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် ချက်ချင်းဆိုသလိုပင် စဉ်းစားတွေးတောလိုက်ကြ၏။
'ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ...အထီးကျန်နယ်မြေက ငါတို့အပေါ် တကယ်ကြီး စိတ်စေတနာကောင်းကို ပြသချင်တာလား'
ချန်းရှင်းရွှမ်က ဟွမ်ထန်းလင်ကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် စဉ်းစားတွေးတောလေသည်။
"ဖြစ်နိုင်တာတော့ ဒါက အထီးကျန်နယ်မြေရဲ့ဆရာကြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်လား'
'ဒီလိုမျိုး မဖြစ်သင့်ဘူး...ဝင်္ကပါနယ်မြေမှာ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ဆရာကြီး ရှိနေတယ်...သူတို့က ငါတို့အထီးကျန်နယ်မြေအပေါ် စိတ်စေတနာကောင်းကို ဘာလို့ပြသချင်တာလဲ....ဘာတွေဖြစ်နေတာလဲ..."
ဟွမ်ထန်းလင်သည် ချန်းရှင်းရွှမ်ကိုကြည့်ကာ သူ၏မျက်လုံးများကိုမှေးစင်း၍ စဉ်းစားတွေးတောလိုက်သည်။
"ဖြစ်နိုင်တာတော့ ဒါက ဝင်္ကပါနယ်မြေရဲ့ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ဆရာကြီးရဲ့ဆုံးဖြတ်ချက်လား"
သူတို့နှစ်ယောက်သည် ထိုကိစ္စကိုတွေးတော့ရင်း ဤကိစ္စတွင် ဖြစ်နိုင်ချေတချို့ရှိသည်ဟု ခံစားမိသည်။
မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်၌ရှိသော ဆရာကြီးတစ်ယောက်၏အတွေးအမြင်သည် တခြားကျင့်ကြံသူများနှင့် လုံးလုံးလျားလျားကွဲပြားခြားနားသည်။ထိုအဆင့်ကျင့်ကြံသူများသည် ပြင်ပစက်ဝိုင်းသို့ ထိတွေ့ဆက်ဆံရန်အရည်အချင်းပြည့်မီသွားလေပြီ။
သူတို့၏မျက်လုံးများအတွင်း၌ ပြင်ပစက်ဝိုင်းသည် လောကီလောကအတွင်းရှိ တိုက်ပွဲငယ်လေးများထက် ပို၍အရေးကြီးသည်။
ထို့ကြောင့် ထိုဆရာကြီးထွက်ပေါ်လာခြင်းသည် နယ်မြေနှစ်ခုကြားရှိ တိုက်ပွဲကိုဖြေရှင်းရန် ဖြစ်နိုင်ချေအလွန်များသည်။
ထိုအကြောင်းကို တစ်ချိန်တည်းတွေးတောမိသဖြင့် သူတို့နှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အဲ့ဒီလူကြောင့် မင်းတို့တွေ ဒီဆုံးဖြတ်ချက်ကိုချခဲ့တာလား"
သူတို့နှစ်ယောက်သား တပြိုင်နက်တည်း မေးမြန်းလိုက်ကြ၏။
တစ်ဖက်လူ၏စကားလုံး ကျရောက်လာသောအချိန်တွင် နှစ်ဖက်စလုံးသည် ထိုကိစ္စကို အတည်ပြုနိုင်ခဲ့သည်။
'ပြောရမယ်ဆိုရင် ဝင်္ကပါမြေမှာ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ဆရာကြီးတစ်ယောက်ရှိနေတောင်မှ ငါတို့အထီးကျန်နယ်မြေအပေါ် စိတ်စေတနာကောင်းကို အရင်ဦးအောင်ပြသခဲ့တယ်'
ဟွမ်ထန်းလင်က တီးတိုးရေရွတ်လိုက်သည်။
'အထီးကျန်နယ်မြေမှာ အစစ်အမှန်နယ်ပယ် အဆင့်နှစ်ဆယ်ဆရာကြီးတစ်ယောက် ရှိနေတောင်မှ သူက ငါတို့ ဝင်္ကပါနယ်မြေအပေါ် စိတ်စေတနာကောင်းကို အရင်ဦးအောင် ပြသခဲ့တာပါလား'
ချန်းရှင်းရွှမ်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ်ရွေ့လျားသွားကာ စဉ်းစားတွေးတောလိုက်၏။
ထိုသို့တွေးတောရင်း သူတို့၏စိတ်အတွင်း၌ လေးစားကြည်ညိုမှုများ ပေါက်ဖွားလာကာ တစ်ချိန်တည်းမှာပင် သူတို့သည် အနည်းငယ်ရှက်ရွံလာမှုကို ခံစားလိုက်ရသည်။
အကယ်၍ ဤသို့ဖြစ်လာပါက သူတို့သည် မည်သည်ကြောင့် တစ်ဖက်နှင့်တစ်ဖက် ဆက်လက်၍တိုက်ခိုက်နေမည်နည်း...
တစ်ဖက်နယ်မြေထံတွင် အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ဆရာကြီးတစ်ယောက် ရှိနေသည်။သို့ရာတွင် ထိုဆရာကြီးသည် သူ၏ပုံရိပ် ထိခိုက်မည်ကို မစိုးရိမ်ဘဲ အရင်ဦးအောင်စိတ်စေတနာကောင်းအား ပြသခဲ့သည်။ မည်သည်ကြောင့် သူတို့သည် ဤကဲ့သို့ သဘောထားကြီးမှုမျိုးကို လက်မခံဘဲနေရမည်နည်း။
တစ်ဖက်လူသည် ဤကဲ့သို့ပြောဆိုလာသည့်တိုင် တောင်တန်းတစ်ခုအတွက် သူ ဆက်လက်၍တိုက်ခိုက်လိုသည်ကို စဉ်းစားမိချိန်၌ သူတို့နှစ်ယောက်သည် ကျင်းတစ်ကျင်းတူး၍ ဝင်ရောက်ပုန်းအောင်းနေရန် မစောင့်ဆိုင်းနိုင်တော့ချေ။
"ငါတို့အထီးကျန်နယ်မြေက တကယ်ပဲ အရှက်ရမိပါတယ်"
ဟွမ်ထန်းလင်က သူ၏ခေါင်းကို အောက်သို့ငုံကာ ပြောဆိုသည်။
"မဟုတ်ဘူး...မဟုတ်ဘူး...အဲ့ဒီလို မဟုတ်ဘူး..ငါတို့ဝင်္ကပါနယ်မြေက ဒီနှစ်တွေအတွင်းမှာ တရားလွန်ခဲ့တာပါ"
ချန်းရှင်းရွှမ်က ကြားဖြတ်၍ အလျှင်အမြန် ပြောဆိုလိုက်သည်။
"ဟေး မင်း ဘာလို့ ဒီလိုစကားတွေ ပြောနေတာလဲ"
ဟွမ်ထန်းလင်ကလည်း သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ကြားဖြတ်ဟန့်တားကာ တည်ကြည်လေးနက်စွာ ပြောဆိုလေ၏။
"ဘယ်လိုပဲဖြစ်ဖြစ်....ဒီနေ့ကနေစပြီးတော့ ငါတို့အထီးကျန်နယ်မြေနဲ့ ထန်းလန်တောင်တန်းက ဘာမှမသက်ဆိုင်တော့ဘူး"
"အဲ့ဒီလိုလုပ်လို့ ဘယ်ဖြစ်မှာလဲ...ထန်းလန်တောင်တန်းက မင်းတို့အထီးကျန်နယ်မြေရဲ့အပိုင်ပဲ ဖြစ်သင့်တယ်"
ချန်းရှင်းရွှမ်က တင်းမာခက်ထန်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
Chapter 738
ဤအချိန်အခိုက်အတန့်တွင်...
သူတို့နှစ်ယောက်သား အငြင်းပွားနေကြသည်။
သူတို့သည် အချေအတင်ငြင်းခုံနေခြင်းကြောင့် သူတို့၏မျက်နှာများ နီမြန်းနေပေ၏။
နှစ်ဖက်စလုံး၏သဘောထားများသည် ထပ်တူထပ်မျှပင်။တစ်ဖက်လူသည် အားသာချက်တစ်ခုရှိနေသည့်တိုင် နောက်ဆုတ်ပေးရန် ဆန္ဒရှိနေသည်ကိုကြည့်ပြီး ထိုလူ၏စိတ်သဘောထားကြီးမှုကြောင့် သူတို့သည် ရှက်ရွံမှုကို ပို၍ခံစားမိလေ၏။
ထိုမြင်ကွင်းကြောင့် ကြွင်းကျန်သောနယ်မြေများမှ လူများအားလုံး အံ့အားသင့်သွားသည်။
"ငါ အမြင်များမှားနေတာလား"
"အမှန်ပဲ...သူတို့က ဘာတွေဖြစ်နေတာလဲ"
"ရေနဲ့မီးလိုဖြစ်နေတဲ့ အဲ့ဒီနယ်မြေနှစ်ခုက ဘယ်အချိန်ကစပြီးတော့ ခုလိုဖြစ်သွားတာလဲ"
သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် သူတို့အမြင်မှားမည်ကို စိုးရိမ်သောကြောင့် သူတို့၏မျက်လုံးများကို ပွတ်သပ်နေကြသည်။
ထို့ပြင် သူတို့၏ပြူးကျယ်နေသောမျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ချန်းရှင်းရွှမ်နှင့်ဟွမ်ထန်းလင်တို့သည် တခြားလူများအားလုံးကို လုံးလုံးလျားလျားလျစ်လျူရှုထားကာ သူတို့၏မျက်လုံးများအတွင်း၌ အလင်းတန်းများဖြင့် ထင်ဟပ်နေသည်။
ရှက်ရွံမှုကြောင့် လွန်ဆွဲပွဲ ...
သို့ရာတွင် သူတို့၏ငြင်းခုံမှုများ ပို၍ပြင်းထန်လာကာ သူတို့နှစ်ယောက်အနက် မည်သူကမျှ နောက်ဆုတ်ရန်ဆန္ဒမရှိချေ။အကယ်၍ တစ်ဖက်လူသည် ထန်းလန်တောင်တန်းကို လက်ခံခြင်းမရှိပါက သူတို့အတွက် စိုးရိမ်ပူပန်စရာကိစ္စကြီးတစ်ရပ် ဖြစ်နေသည့်အလားပင်။
အချိန်အတော်ကြာငြင်းခုံပြီးသည့်တိုင် မည်သည့်ရလဒ်မျ ထွက်မလာသောကြောင့် သူတို့နှစ်ယောက်သည် နီမြန်းနေသောမျက်နှာများဖြင့် ပြန်ထိုင်လိုက်၏။
တခြားလူများ၏ အကြံပြုချက်အောက်တွင် ထန်းလန်တောင်တန်းကို တစ်ဝက်စီပိုင်းခြားယူရန်ဟူသော ဆုံးဖြတ်ချက်ကို နောက်ဆုံး၌ အတည်ပြုနိုင်ခဲ့သည်။
ဤဆုံးဖြတ်ချက်သည်ပင် နှစ်ဖက်စလုံးကို အရှက်ရစေပေ၏။
"မင်း နည်းနည်းလောက် ပိုယူလိုက်ပါလား"
ချန်းရှင်းရွှမ်က ပြောဆိုသည်။
"မင်း အဲ့ဒီနယ်မြေအစိတ်အပိုင်းလေးသုံးပိုင်းကို ယူလိုက်တော့"
"ငါတို့ မယူဘူး...ငါတို့အထီးကျန်နယ်မြေအတွက် လုံလောက်အောင် ယူပြီးပြီ"
ဟွမ်ထန်းလင်ကလည်း ပြင်းပြင်းထန်ထန်ငြင်းဆန်သည်။
သူတို့နှစ်ယောက်သည် တဖန်ထွက်၍ ငြင်းခုံကြတော့မည်ကိုကြည့်ပြီး တခြားသူများမှ ဝိုင်းဝန်း၍ဖြေရှင်းပေးလိုက်ကြသည်။
ထို့နောက် သူတို့အားလုံး သက်ပြင်းရှိုက်လိုက်ကြ၏။
ကိစ္စများသည် ဤကဲ့သို့အဆုံးသတ်သွားမည်ဟု သူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးထင်ထားမိခြင်းမရှိပေ။
"လူအိုကြီးချန်း...ငါ ဒီနေရာမှာပဲ စကားချန်ထားခဲ့မယ်...တကယ်လို့ နောင်အနာဂတ်မှာ မင်းတို့နယ်မြေ အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါတို့အထီးကျန်နယ်မြေက ကူညီပေးမယ်လို့...အထီးကျန်နယ်မြေရဲ့ကိုယ်စား ငါ ကတိပေးတယ်"
ဟွမ်ထန်းလင်က ပြောဆိုသည်။
ချန်းရှင်းရွှမ်သည်လည်း ချက်ချင်းမတ်တတ်ထရပ်ကာ သူ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးလိုမှုများဖြင့် ပြည့်နှက်နေသည်။တစ်ဖက်နယ်မြေဘက်တွင် အစစ်အမှန်အင်မော်တယ်အဆင့်နှစ်ဆယ် ဆရာကြီးတစ်ယောက်ရှိနေသည့်တိုင် သူတို့အား အနိုင်ကျင့်ခြင်းမပြုဘဲ အကူအညီပေးမည်ဟု သူ မျှော်လင့်မထားမိချေ။ထို့ကြောင့် သူသည် ဟွမ်ထန်းလင်၏လက်ကိုကိုင်ကာ တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်၏။
"လူအိုကြီးဟွမ်...မင်း ဘယ်လိုစကားတွေ ပြောနေတာလဲ...ငါ တကယ်ကို အရှက်ရမိပါတယ်....ငါတို့နယ်မြေက အင်အားမကောင်းဘူးဆိုပေမယ့် တကယ်လို့ မင်းတို့နယ်မြေမှာ အခက်အခဲတစ်ခုခုတွေ့မယ်ဆိုရင် ငါတို့ဝင်္ကပါနယ်မြေက အင်တိုက်အားတိုက်ကူညီပေးမယ်လို့ ငါတို့နယ်မြေရဲ့ကိုယ်စား ငါ ကတိပေးတယ်"
ထိုစကားကိုကြားချိန်တွင် ဟွမ်ထန်းလင်၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။
ဤသည်မှာ အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ အချိန်အတော်ကြာ တွေ့ဆုံရခြင်းမရှိသော ညီအစ်ကိုများအလားပင်။
ဤအချိန်အခိုက်အတန့်တွင် နှစ်ဖက်စလုံးသည် ထန်းလန်တောင်တန်းအတွင်းရှိ အစစ်အမှန်အင်မော်တယ်အဆင့်နှစ်ဆယ် ဆရာကြီးသည် တဖက်နယ်မြေ၏လူဖြစ်ကြောင်း တွေးတောနေသည်မှာ သိသာထင်ရှားလှ၏။
တစ်ဖက်နယ်မြေထံတွင် ဤကဲ့သို့ ဆရာကြီးတစ်ယောက်ရှိနေသည့်တိုင် သူတို့နယ်မြေကို ဖိအားများမပေးရုံသာမက စိတ်သဘောထားကြီးမှုကို ပြသနေသည်။ဤကဲ့သို့ စိတ်နေသဘောထားသည် ဖြောင့်မတ်မှန်ကန်ပြီး မြင့်မြတ်သဖြင့် သူတို့သည် ထိုဆရာကြီးကို အလွန်ကြည်ညိုလေးစားနေကြ၏။
နယ်မြေရှစ်ခုတွေ့ဆုံပွဲ အဆုံးသတ်သွားသောအချိန်တွင် ချန်းရှင်းရွှမ်နှင့်ဟွမ်ထန်းလင်တို့သည် သူတို့၏သက်ဆိုင်ရာနယ်မြေများရှိ ဌာနချုပ်များထံသို့ ပြန်လိုက်ကြသည်။
ထို့နောက် ယနေ့တွင် ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို သူတို့နှစ်ယောက်လုံး သတင်းပို့လိုက်ကြ၏။
နယ်မြေတစ်ခုလုံးတွင်ရှိသော လူများအားလုံး အလွန်အမင်းစိတ်ကျေနပ်သွားကြသည်။
အထူးသဖြင့် သူတို့သည် တစ်ဖက်နယ်မြေရှိအစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ဆရာကြီးအပေါ် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
"မဟုတ်ဘူး....တစ်ဖက်လူက သဘောသားကြီးမှုကို ပြနေမှတော့ ငါတို့ဝင်္ကပါနယ်မြေကလည်း ဆင်ခြင်တုံတရား ကင်းမဲ့လို့မရဘူး...ငါတို့ ဝင်္ကပါနယ်မြေကို အထီးကျန်နယ်မြေက အထင်သေးသွားလို့မဖြစ်ဘူး....ငါက အဖွဲ့တစ်ခုကိုဦးဆောင်ပြီးတော့ အထီးကျန်နယ်မြေကို ငါကိုယ်တိုင်သွားပြီး လက်ထပ်ကြောင်းလမ်းမယ်"
ဝင်္ကပါနယ်မြေမှ အကြီးအကဲတစ်ယောက်က လက်ခုပ်လက်ဝါးတီး၍ ပြောဆိုသည်။
တစ်ချိန်တည်းမှာပင်...
အထီးကျန်နယ်မြေမှ အကြီးအကဲတစ်ယောက်ကလည်း ဤကဲ့သို့ တစ်ထပ်တည်းတူညီသော အကြံပြုမှုကို လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့်....
နယ်မြေရှစ်ခုတွေ့ဆုံပွဲပြီးဆုံးပြီးနောက် တစ်လအတွင်း၌ ယခင်က ရေနှင့်မီးကဲ့သို့ဖြစ်နေသော နယ်မြေနှစ်ခုသည် မကြာခဏသွားလာလည်ပတ်မှုများ ပြုလုပ်ကြတော့သည်။
အဆင့်မြင့်မိသားစုများ၏သားသမီးချင်း ဖလှယ်၍လက်ထပ်သည်ကို ထည့်မပြောလျှင်ပင် နယ်မြေနှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် လေ့လာသင်ယူရန်အတွက် ပါရမီရှင်အမြောက်အများကို ဖလှယ်၍စေလွှတ်ကြသည်။
ဤအပြောင်းအလဲများကို ဖြစ်ပွားစေခဲ့သော ရီဖုန်းကမူ ထိုကိစ္စများကို အနည်းငယ်မျှပင်မသိရှိဘဲ ကျင်းတစ်ကျင်းရှာကာ ဆက်လက်၍မစင်စွန့်နေခဲ့သည်။
အကြောင်းအရင်းမှာ ယခုလတ်တလောတွင် သူ ဗိုက်မကောင်း ဖြစ်နေသောကြောင့်ပင်။
ကျယ်ပြန့်သော စွန့်ပစ်နယ်မြေတစ်ခု၌...
အနက်ရောင်နံရံကြီးများသည် မိုးကောင်းကင်ယံအတွင်းထိမြင့်တက်နေကာ ကြည့်ရသည်မှာ အကန့်အသတ်ရှိပုံမရချေ။
တစ်စုံတစ်ယောက်သည် လက်ဝဲလက်ယာကြည့်ပါက ထိုအနက်ရောင်နံရံများကို အဆုံးမရှိတွေ့မြင်နိုင်ပေမည်။
အကယ်၍ တစ်စုံတစ်ယောက်သည် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ကြည့်ရှုပါက ဤအနက်ရောင်နံရံကြီးသည် အင်မော်တယ်နယ်မြေနှင့်တခြားနယ်မြေရှစ်ခုလုံးကို လွှမ်းခြုံနေကြောင်း တွေ့မြင်ရပေမည်။
ထိုနယ်နမိတ်နံရံကြီး၏ နံဘေးတွင်ရှိနေသော လွင်တီးခေါင်ပြင်အတွင်း၌....
လူအိုကြီးဆယ်ယောက်ကျော်သည် ပလ္လင်ခွေထိုင်နေကာ သူတို့၏လက်များအတွင်း၌ စွမ်းအားများကိုနှိုးဆွထားပြီး ရှေ့ရှိနယ်နမိတ်နံရံကြီးပေါ်သို့ ကျရောက်သွားစေသည်။
သူတို့အားလုံးသည် ပိန်ပါးပြီး သူတို့၏မျက်လုံးများ အတွင်းသို့ချိုင့်ဝင်နေကာ မျက်ကွင်းဟောက်ပက်ဖြစ်နေသည်ကို သိသာထင်ရှားစွာမြင်တွေ့နိုင်သည်။သူတို့ကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံပင်။
အကယ်၍ သူတို့၏ခန္ဓာကိုယ်များတွင် ရောယှက်နေသော အနက်ရောင်အခိုးအငွေ့တချို့ကြောင့်သာမဟုတ်ပါက တခြားလူများသည် သူတို့အား လူသေများဟု တွေးထင်ကြပေမည်။
ထို့ပြင် သူတို့ရှေ့ရှိ နယ်နမိတ်နံရံကြီးပေါ်၌ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။
သူတို့ထံ၌ ရောယှက်နေသော အနက်ရောင်အခိုးအငွေ့များသည် ထိုအက်ကွဲကြောင်းအကြားမှ စိမ့်ထွက်လာခြင်းဖြစ်ပေ၏။
ဤအနက်ရောင်ချီစွမ်းအားများကြောင့် ပတ်ဝန်းကျင်သည် အလွန်အမင်းခြောက်ကပ်နေကာ မြက်တစ်ပင်မျှမပေါက်ဘဲ ကျောက်တုံးများလည်း မညီမညာဖြစ်နေသည်။
အကယ်၍ ခွန်အားနည်းပါးသော ကျင့်ကြံသူတစ်ယောက် ဤနေရာသို့ ရောက်ရှိလာပါက အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် ရူးသွပ်သွားပေမည်။
ထိုအချိန်မှာပင် ကျင့်ကြံသူဆယ်ယောက်ကျော် မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
ထိုလူများအကြားတွင် အမျိုးသား အမျိုးသမီးရောယှက်နေသော်လည်း သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်မကြီးသေးချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုလူလတ်ပိုင်းများ၏မျက်နှာများ မည်းမှောင်နေကာ ပင်ပန်းနွမ်းနယ်သော အရိပ်အရောင်များရှိနေသည်။ဤသည်မှာ သူတို့ကဲ့သို့ ကျင့်ကြံဆင့်မြင့်မားသူများတွင် ရှိနေရမည့်အမူအယာမျိုး မဟုတ်ချေ။
"တစ်နှစ်ကုန်သွားခဲ့ပြီ....ဒါက နေရာလဲရမယ့်အချိန်ပဲ"
ထိုလူစုအားခေါင်းဆောင်လာသော လူတစ်ယောက်က ပြောဆိုသည်။
ထိုအသံထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေသော လူအိုကြီးများ အနည်းငယ်လှုပ်ရှားသွားသည်။ထိုနောက် လူအိုကြီးများအနက်မှတစ်ယောက်က သူ၏မျက်လုံးကိုဖွင့်ကြည့်ကာ ပြောဆိုသည်။
"မင်းတို့ ထိန်းသိမ်းရမယ့် နောက်တစ်နှစ်က ငါတို့ထက်ပိုပြီးခက်ခဲမှာကို ငါ စိုးရိမ်မိတယ်"
"ဒီအက်ကွဲကြောင်းက တဖြည်းဖြည်းပိုကျယ်လာပြီ....အခြေအနေက အဆိုးဘက်ကို နည်းနည်းသက်ရောက်လာတယ်"
သူ၏စကားကို ကြားချိန်တွင်....
လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ဤကဲ့သို့ မျှော်လင့်ချက်မရှိသော ခုခံကာကွယ်ရမှုမျိုးသည် အမှန်တကယ်ကို စိတ်ပျက်ဖွယ်ကောင်းပေ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ လူအိုကြီးတစ်ယောက်က အလျင်စလို အားပေးစကားပြောဆိုလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အချိန်နည်းနည်းလောက်ဆွဲထားနိုင်ရင် အဆင်ပြေသွားလိမ့်မယ်"
"အင်မော်တယ်နယ်မြေနဲ့ နယ်မြေကြီးရှစ်ခုမှာရှိတဲ့ ငါတို့ရဲ့မျိုးဆက်တွေက ဒီကိစ္စကို ရှောင်ဖယ်နေကြမယ်လို့ ငါ မထင်ဘူး
တခြားလူများအားလုံး တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဒါ့ပြင် ဒီကိစ္စက မျှော်လင့်ချက်မရှိတာ မဟုတ်ဘူး"
ထိုအချိန်မှာပင် ခေါင်းဆောင်လူအိုကြီးက ပြောဆိုသည်။
"အခုလတ်တလောမှာ အဖြူရောင်နယ်မြေက မိန်းကလေးတစ်ယောက်ကို အဖြူရောင်ဧကရီအဖြစ် ခန့်အပ်ခဲ့တယ်...သူ့ရဲ့ပါရမီအရည်အချင်းက အရမ်းကြောက်ဖို့ကောင်းပြီးတော့ သူက ပြန်လည်ဝင်စားသူတွေထဲကတစ်ယောက်ပဲ"
"ဝင်္ကပါနယ်မြေကလူအိုကြီး ဒီအက်ကွဲကြောင်းကြီးရဲ့ရှေ့မှာ ပြန်လည်ဝင်စားသူတစ်ယောက်က ဘာအသုံးဝင်မှာလဲ"
တခြားလူတစ်ယောက်က ခါးသည်းသောအပြုံးဖြင့် ပြောဆိုသည်။
"မင်း အဲ့ဒီလို ပြောလို့မရဘူး....သူက သာမန်ပြန်လည်ဝင်စားသူတစ်ယောက်မဟုတ်ဘူး။ သူ့ရဲ့အတိတ်ဘဝက ပြတ်လည်းဝင်စားခြင်းကခုထိနိုးထမလာသေးဘူး။
ခေါင်းဆောင်လူအိုကြီးကပြောဆိုသည်
ဒါကြောင့်အခုအချိန်မှာသူက အခြေအနေမှာရှိနေတာတောင် အဖြူရောင်နယ်မြေရဲ့ဧကရီဖြစ်နေပြီ သူ့ရဲ့ပါရမီအရည်အချင်းနဲ့ဆိုရင် သူ ဒီနေရာကို ရောက်လာပြီးတော့ ငါတို့ကို ကူညီပေးဖို့က အချိန်အတိုင်းအတာတစ်ခုထိပဲ စောင့်ရလိမ့်မယ်"
"နောင်တစ်ချိန်မှာ သူက အကြောင်းအရင်းတစ်ခုခုကြောင့် သေမသွားဘူးဆိုရင် ငါတို့ဆီကိုလာပြီး သေချာပေါက်ကူညီပေးနိုင်လိမ့်မယ်"
တခြားလူများအားလုံး ခေါင်းညိတ်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အလင်းရောင်တချို့ ထင်ဟပ်လာသည်။
"စကားမစပ် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဖျက်ဆီးလိုက်တဲ့ ဆရာကြီးအရိုးစုလို့ခေါ်တဲ့ လူတစ်ယောက်လည်း ရှိနေသေးတယ်"
ခေါင်းဆောင်လူအိုကြီးက ပြောဆိုသည်။
"တကယ်လို့ ငါတို့က သူ့ကို ဒီနေရာဆီ ဆွဲခေါ်နိုင်မယ်ဆိုရင် ငါတို့အတွက် ကြီးမားတဲ့အကူအညီ ရလာနိုင်တယ်"
"ရှုံးထျန်း....သူက မင်းရဲ့ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဖျက်ဆီးလိုက်တယ်ဆိုပြီးတော့...မင်း သူ့ကို ရန်ငြိုးမထားသင့်ဘူး"
ခေါင်းဆောင်လူအိုကြီးသည် သူ၏နံဘေးတွင်ရှိနေသော လူလတ်ပိုင်းကြီးတစ်ယောက်ကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဆရာကျန်း....ဘယ်လိုစကားမျိုးကို ပြောလိုက်တာလဲ"
"ကိစ္စကြီးတစ်ခုရှိနေတဲ့အချိန်မှာ သေးငယ်တဲ့ရန်ငြိုးလေးတစ်ခုက ထည့်ပြောဖို့တောင်မထိုက်တန်ဘူး"
ရှုံးထျန်းဟုအမည်ရသောလူက ခါးသည်းစွာပြုံးလိုက်သည်။
"ဒါ့ပြင် နန်းတော်ကလူတွေဆီကို အနက်ရောင်ချီစွမ်းအားတွေ ကူးစက်ခံရတာက ဒီနေရာမှာရှိတဲ့ငါတို့တွေရဲ့ပေါ့ဆမှုကြောင့်ပဲ...အဲ့ဒီဘေးကပ်ဆိုးကို ဖြေရှင်းပေးခဲ့တဲ့အတွက် ငါက သူ့ကိုကျေးဇူးတောင်တင်နေမိတယ်"
"ကောင်းပြီလေ....အင်မော်တယ်နယ်မြေနဲ့နယ်မြေရှစ်ခုက လူအိုကြီးတွေအားလုံး အတူပူးပေါင်းပြီးတော့ တောင့်ခံထားမယ်ဆိုရင် မျှော်လင့်ချက်တစ်ခု ရှိလာမှာပါ...နောင်အနာဂတ်မှာလည်း မျိုးဆက်သစ်လူငယ်တွေက အစွမ်းထက်ကျင့်ကြံသူတွေအဖြစ် တဖြည်းဖြည်း ကြီးပြင်းလာကြလိမ့်မယ်"
ခေါင်းဆောင်လူအိုကြီးက အပြုံးနှင့်ပြောဆိုသည်။
"ဒါနဲ့ ဆရာကျန်းကို ငါ ပြောစရာကိစ္စတစ်ခု ရှိသေးတယ်"
ထိုအချိန်မှာပင် သူတို့အနက်မှတစ်ယောက်က ပြောဆိုသည်။
"ပြင်ပလောကကရခဲ့တဲ့ သတင်းတွေအရ ဝင်္ကပါနယ်မြေနဲ့ အထီးကျန်နယ်မြေကြားမှာရှိတဲ့ ဆက်ဆံရေးက ပိုပြီးဆိုးဝါးလာတယ်...ကြည့်ရတာတော့ သူတို့က တိုက်ခိုက်တော့မယ်ပုံပဲ...မင်းက အခွင့်အရေးတစ်ခုရှာပြီးတော့ အပြင်ကိုထွက်ပြီး ဖြေရှင်းပေးသင့်တယ်လို့ ငါ ထင်တယ်"
"ဟမ့် အဲ့ဒီခွေးမသားလေးတွေကတော့ ဒါက ဘယ်လိုအချိန်မျိုးမလို့လဲ....သူတို့က ခုထိ ကိုယ့်အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲ"
လူအိုကြီးကျန်း၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားတော့သည်။
Chapter 739
မူလက ခေါင်းဆောင်လူအိုကြီးကျန်းသည် ဤကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိချေ။သို့ရာတွင် ထိုကိစ္စကို ဂရုတစိုက်စဉ်းစားတွေးတောပြီးနောက် မသင့်လျော်ဟု ခံစားမိသည်။
ဤသည်မှာ သာမန်ရန်ပွဲငယ်များဖြစ်ပါက ပြဿနာမရှိချေ။သို့ရာတွင် အကယ်၍ သူ လွှတ်ပေးထားပါက ပဋိပက္ခများ ရပ်တန့်ခြင်းမရှိဘဲ စစ်ပွဲများဖြစ်သည်အထိ ဦးတည်သွားမည်ကို သူ စိုးရိမ်မိသည်။
ဤကဲ့သို့အချိန်မျိုးတွင် အတွင်းရေးစစ်ပွဲများ ဖြစ်ပွားလာမည်ကို သူ ခွင့်မပြုနိုင်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် လူများအားလုံးသည် အတူပူးပေါင်း၍ နောင်အနာဂတ်တွင် ဖြစ်ပွားလာမည့် ဘေးကပ်ဆိုးကြီးကို ရင်ဆိုင်ဖြေရှင်းသင့်သည်။
"ဟွမ်ကျန်း ချန်းရှင်း...မင်းတို့နှစ်ယောက် ပြန်သွားပြီးတော့ ဒီကိစ္စကို ဖြေရှင်းလိုက်စမ်း"
လူအိုကြီးကျန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ဟွမ်ကျန်းနှင့်ချန်းရှင်းတို့သည် တပြိုင်နက်တည်း ရှေ့သို့ထွက်လာကြ၏။
သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် ဝင်္ကပါနယ်မြေမှဖြစ်ပြီး တခြားတစ်ယောက်သည် အထီးကျန်နယ်မြေမှပင်။
သူတို့နှစ်ယောက်၏ခွန်အားနှင့်အရည်အချင်းများသည် နယ်မြေအရှင်သခင်များလောက် မြင့်မားခြင်းမရှိသော်လည်း ဤနေရာတွင် မတ်တတ်ရပ်နေနိုင်ခြင်းမှတဆင့် သူတို့၏အဆင့်အတန်းကို သက်သေပြရန် လုံလောက်သည်။
ဝင်္ကပါနယ်မြေနှင့်အထီးကျန်နယ်မြေတို့အတွင်းတွင်ရှိသော မည်သည့်တစ်ယောက်မဆို သူတို့အား မြင်တွေ့သည်နှင့် ရိုသေလေးစားစွာဖြင့် ဘိုးဘေးဟု ခေါ်ဆိုရပေမည်။
"လူအိုကြီးကျန်း...ငါတို့ပြန်သွားရတာက ပြဿနာမရှိဘူး"
ထိုအချိန်မှာပင် ဟွမ်ကျန်းက ပြောဆိုသည်။
"ဒါပေမဲ့ နယ်မြေနှစ်ခုကြားက ပဋိပက္ခတွေကို လွယ်လင့်တကူဖြေရှင်းလို့မရမှာကို ငါ စိုးရိမ်မိတယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက အဲ့ဒီနယ်မြေနှစ်ခုကို မစီမံနိုင်ခဲ့တာ နှစ်ပေါင်းသုံးသောင်းလောက်ကြာနေပြီ"
"အမှန်ပဲ....ငါတို့တွေက ပြန်သွားပြီးတော့ အမိန့်ပေးလို့လည်း မရနိုင်ဘူး"
ချန်းရှင်းကလည်း မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"တကယ်လို့ ငါတို့က သူတို့ရဲ့ကြားကတိုက်ပွဲကိုရပ်တန့်နိုင်ရင်တောင် ပြဿနာရဲ့ရင်းမြစ်ကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး"
ထိုစကားကို ကြားချိန်တွင်....
လူအိုကြီးကျန်း၏မျက်နှာ သုန်မှုန်သွားသည်။
သူတို့နှစ်ယောက် ပြောဆိုသောစကားများမှာ အမှန်ပင်။
ဤလူနှစ်ယောက်၏အဆင့်အတန်းသည် မြင့်မားကာ အမိန့်တစ်ခုထုတ်ပြန်၍ တခြားလူများအားနာခံအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
သို့ရာတွင် ယခုလတ်တလောကိစ္စများကို ဖြေရှင်းရန်ထက် အရင်းခံအကြောင်းရင်းကို အမြစ်ဖြတ်နိုင်ရန် ပို၍အရေးကြီးသည်။
သူတို့သည် အခွင့်ကောင်းတစ်ခုကိုရှာဖွေ၍ နယ်မြေနှစ်ခုကြားမှ ပြဿနာအရင်းအမြစ်ကိုဖြေရှင်းကာ ညှိနှိုင်းပေးမှသာ ပဋိပက္ခများကိုပြေလည်အောင် ဆောင်ရွက်နိုင်ပေမည်။
"ဟူး ဒါက ငါ့ရဲ့အမှားပါ...အရင်က ငါ့ရဲ့မျိုးဆက်တွေကို လုံလောက်အောင်မဆုံးမနိုင်ခဲ့တာကြောင့် ဒီလိုတွေ ဖြစ်လာခဲ့တာပဲ"
လူအိုကြီးကျန်းသည် အနည်းငယ်ဝမ်းနည်းကြေကွဲမှုကို ခံစားမိလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ဟွမ်ကျန်းနှင့်ချန်းရှင်းတို့သည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။ထို့နောက် သူတို့၏ခေါင်းများကိုမော့ကာ လူအိုကြီးကျန်းကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"လူအိုကြီးကျန်း...အဲ့ဒီကိစ္စကို မေ့ထားလိုက်တော့...ဘာမှ မစိုးရိမ်နဲ့...နယ်မြေနှစ်ခုလုံးရဲ့ကိစ္စတွေကို ငါတို့နဲ့လွှဲထားလိုက်ပါ...ငါတို့က အကောင်းဆုံးကြိုးစားပြီးတော့ အဖြေတစ်ခုရှာကြည့်ပေးမယ်"
"ဟူး...."
လူအိုကြီးကျန်းသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုမှတော့ ငါက မင်းတို့ကို အခက်တွေ့စေမိပြီ....မင်းတို့နှစ်ယောက် အမြန်ဆုံး ထွက်သွားကြတော့"
"ဟုတ်ကဲ့"
သူတို့နှစ်ယောက်သည် အချိန်ဆွဲဝံ့ခြင်းမရှိချေ။ သူတို့သည် ထိုကိစ္စကို ချက်ချင်းဖြေရှင်းကာ ဤနေရာသို့ အမြန်ဆုံးပြန်လာလိုပေ၏။မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် လူတစ်ယောက်လျော့နည်းသွားချိန်တိုင်း တခြားလူများအပေါ် ပို၍ကြီးမားသောဖိအားကို သက်ရောက်စေသည်။
သူတို့နှစ်ယောက်သည် အလင်းတန်းများအသွင်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး ဝင်္ကကါနယ်မြေနှင့်အထီးကျန်နယ်မြေထံသို့ ဦးတည်၍ ထွက်ခွာသွားတော့သည်။
သို့ရာတွင် သူတို့နှစ်ယောက် ထွက်သွားပြီးနောက် မကြာမီမှာပင် မတော်တဆကိစ္စတစ်ခု ဖြစ်ပွားလာခဲ့သည်။
ပလ္လင်ခွေထိုင်နေသော လူအိုကြီးများအနက်မှတစ်ယောက်၏ဆံပင်များ ရုတ်တရက် အဆုံးထိထောင်ထသွားကာ သူ၏အရှိန်အဝါမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
"လူအိုကြီးယွင်....."
"အကြီးအကဲယွင်...."
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လူအိုကြီးကျန်းအပါအဝင် တခြားလူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်ကြသည်။
"သတ်...ငါ့ကို အခုချက်ချင်း သတ်လိုက်တော့...ငါ့ကို သတ်စမ်း"
မိုးကောင်းကင်ယံအတွင်း၌ရှိနေသော လူအိုကြီးယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏အသံကျရောက်လာသောအချိန်မှာပင် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် သူ၏မျက်လုံးသူငယ်အိမ်များ သွေးနီရောင်သန်းလာသည်။ထို့နောက် အနက်ရောင်အခိုးအငွေ့များက သူ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်စပြုလာကာ သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ အလွန်အမင်းထူးဆန်းသော အနက်ရောင်သင်္ကေတအက္ခရာများ ထွက်ပေါ်လာသည်။
"မဟုတ်ဘူး....ငါ မင်းကို ကယ်နိုင်တယ်"
လူအိုကြီးကျန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက်နီမြန်းသွားကာ သူ၏မျက်နှာပေါ်တွင် လက်မခံလိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။ ထို့နောက် သူသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာ အော်ဟစ်လိုက်၏။
"မင်း ရပ်လိုက်တော့"
လူအိုကြီးယွင်၏မျက်လုံးများ သွေးနီရောင်သန်းနေကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...အများဆုံးအနေနဲ့ ငါက အသက်ဆယ်ရှိုက်စာပဲ တောင့်ခံထားနိုင်တော့မယ်...အဲ့ဒီအသက်ဆယ်ရှိုက်စာ ကုန်သွားတာနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ မင်းက ငါ့ထက်ပိုသိမှာပါ"
ထိုစကားကို ကြားချိန်တွင်....
လူအိုကြီးကျန်းသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။
"မင်း ခုထိ ဘာရပ်လုပ်နေတာလဲ...အခုချက်ချင်း လှုပ်ရှားတော့"
မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်ချီစွမ်းအားများ ပို၍ပြင်းထန်လာသည်နှင့်အမျှ လူအိုကြီးယွင်က ထပ်မံ၍အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် လူအိုကြီးကျန်းသည် အံ့တင်းတင်းကြိတ်လိုက်၏။
ထို့နောက် သူ၏အင်္ကျီလက်အတွင်းမှ အင်မော်တယ်ဓားတစ်လက် ပျံ့လွင့်သွားသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အနက်ရောင်ချီစွမ်းအားများ၏ လွှမ်းခြုံခြင်းကို ခံထားရသော လူအိုကြီးယွင်သည် သူ၏ရင်ဘတ်ကိုဖွင့်၍ အင်မော်တယ်ဓားကို ဆီးကြိုလိုက်သည်။
"မှတ်ထားကြစမ်း မင်းတို့က ငါတို့ကိုကူညီနိုင်ဖို့အတွက် ပိုပြီးသန်မာအားကောင်းတဲ့လူကို ရှာရမယ်...မဟုတ်ရင်...."
"အား...."
လူအိုကြီးယွင်၏စကား အဆုံးမသတ်သေးမီမှာပင် အင်မော်တယ်ဓားသည် သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပေ၏။
ထို့နောက် အလွန်များပြားသော အနက်ရောင်ချီစွမ်းအားများ ချက်ချင်းပျောက်ကွယ်သွားကာ အကြီးအကဲယွင်၏ခန္ဓာကိုယ်ကြီးသည်လည်း လေထုအတွင်းမှ ပြုတ်ကျလာတော့သည်။
Chapter 740
ဤနေရာတွင်ရှိနေသော လူအများစု၏မျက်လုံးများ နီမြန်းနေသည်။
တချို့လူများသည် သူတို့၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကြ၏။
တစ်ချို့လူများ၏မျက်လုံးအတွင်း၌ ခံစားချက်ကင်းမဲ့နေကာ အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်းမရှိချေ။သူတို့သည် ဤကဲ့သို့ကိစ္စတစ်ရပ်ကို မြင်တွေ့ရသဖြင့် အံ့အားသင့်သွားပုံမရပေ။
လူအုပ်ကြီးသည် ဤနေရာသို့စုဝေးလာကာ ရိုးရှင်းသောထမ်းစင်တစ်ခုကိုအသုံးပြု၍ လူအိုကြီးယွင်ကို သယ်ဆောင်သွားတော့သည်။
နယ်နမိတ်နံရံကြီးနှင့် မလှမ်းမကမ်းအကွာတွင် သေဆုံးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသော နေရာတနေရာရှိကာ ပတ်ဝန်းကျင်၌အပုပ်နံ့များဖြင့် ပြည့်နှက်နေသည်။
အကြည့်တချက်ဖြင့်ပင် နှစ်ပေါင်းသုံးသောင်းအချိန်ကာလအတောအတွင်းတွင် ရှိနေခဲ့သောမြေပုံတစ်ရာကျော်ကို မြင်တွေ့နိုင်ပေမည်။ထိုမြေပုံများပေါ်တွင် ပေါင်းပင်များ ပေါက်နေလေပြီ။
ထိုမြေပုံတစ်ပုံစီ၏ရှေ့တွင် ရိုးရှင်းသောကျောက်ပြားတစ်ချပ်စီ စိုက်ထူထားပေ၏။
'ဝင်္ကပါနယ်မြေမှ ချန်ဖန်း၏သင်္ချိုင်းဂူ...'
'အထီးကျန်နယ်မြေမှ ရှောင်လင်း၏သင်္ချိုင်းဂူ...'
'အင်မော်တယ်နယ်မြေမှ ဖန်းကျီ၏သင်္ချိုင်းဂူ...'
"..."
ဤနေရာ၌ရှိနေသူများသည် မသေဆုံးမီအချိန်တွင် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး နယ်မြေတစ်ခုအတွင်း၌ ဘိုးဘေးအဆင့်အတန်းကို ပိုင်ဆိုင်ထားသူများပင်။
မူလအတိုင်းဆိုပါက သူတို့၏သေဆုံးသွားခြင်းသည် လောကကြီးအတွင်း၌ အကြီးကျယ်ခမ်းနားဆုံး စျာပနအခမ်းအနားတစ်ခု ဖြစ်နိုင်သော်လည်း ယခုလက်ရှိအချိန်တွင်မူ.....
ယနေ့တွင်...
နောက်ထပ်မြေပုံတစ်ခု ထပ်မံ၍တိုးလာလေပြီ။
ဤသည်မှာ အစောပိုင်းက သေဆုံးသွားခဲ့သော လူအိုကြီးယွင်ပင်။
လူများအားလုံးသည် ထိုမြေပုံ၏ရှေ့၌ စုဝေးကာ ဦးညွှတ်အရိုအသေပြုလိုက်ရုံသက်သက်ပင်။
သူ့အား ပို့ဆောင်နှုတ်ဆက်ရန်အတွက် သစ်သီးများမရှိသည့်အပြင် ငွေစက္ကူများလည်း ရှိမနေချေ။
မူလက သူတို့၏အလောင်းများကို ထာဝရတည်မြဲအောင် ထိန်းသိမ်းထားကာ နောင်အနာဂတ်မျိုးဆက်များ အရိုအသေပြုနိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေများသို့ ပြန်ပို့လိုကြသည်။
သို့ရာတွင် ဤနေရာ၌ သေဆုံးသွားသူများသည် သူတို့၏အသက်ရှင်သန်နေစဉ်ကာလအတွင်း၌ အစွမ်းထက်သော တည်ရှိမှုကြီးများပင်။ထို့ကြောင့် သူတို့သေဆုံးသွားပြီးနောက် ကြွင်းကျန်သောစွမ်းအားများသည် အက်ကွဲကြောင်းများအတွင်းမှ စိမ့်ထွက်လာသော အနက်ရောင်ချီစွမ်းအားများကို အတိုင်းအတာတစ်ခုထိ ဟန့်တားထားနိုင်သည်။
ပြောရမည်ဆိုလျှင်....
ဤနေရာ၌ရှိနေသော တည်ရှိမှုကြီးများသည် သူတို့၏သက်တမ်းကုန်ဆုံးပြီး သူတို့၏အလောင်းများ ပုပ်သိုးဆွေးမြည့်သွားသည်အထိ အင်မော်တယ်နယ်မြေနှင့်နယ်မြေကြီးရှစ်ခုအတွက် သူတို့ကိုယ်သူတို့ ပေးဆပ်ထားကြသည်။
သူတို့သေဆုံးသွားသည့်တိုင် ကြွင်းကျန်သော စွမ်းအားအနည်းငယ်ဖြင့် ဤနေရာအား ဆက်လက်၍ကာကွယ်ပေးနေဆဲပင်။
ဆိုရိုးစကားအရပြောဆိုရလျှင် ပိုးဖလံကောင်များသည် သေဆုံးသွားချိန်အထိ ဖယောင်းတိုင်မီးအတွင်းသို့ပြေးဝင်ကြကာ သူတို့၏ခန္ဓာကိုယ်များ ပြာမှုန်များပြောင်းလဲသွားသည့်အလားပင်။သူတို့အားလုံး၏မျက်ရည်စများလည်း ခြောက်ကပ်နေလေပြီ။
"ကောင်းပြီလေ"
လူအိုကြီးကျန်းသည် သူ၏အနည်းငယ်တုန်ရီနေသောလက်များကို ပြန်ရုတ်သိမ်းကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။
"ဆက်ပြီးတော့ စောင့်ကြပ်ကြစို့"
တခြားလူများအားလုံးသည်လည်း တိတ်တဆိတ်ထွက်ခွာခဲ့ကြကာ စကားများစွာပြောဆိုခြင်းမပြုချေ။
အကြောင်းအရင်းမှာ ဤနေရာတွင် နောက်ထပ် မည်သူ လဲလျောင်းရမည်ကို မည်သူမျှ မသိရှိသောကြောင့်ပင်။
ဤကဲ့သို့ကိစ္စမျိုးကို ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရသဖြင့် သူတို့၏စိတ်နှလုံးသားများ ထုံနေလေပြီ။
"ကျန်းယန်...မင်း ခဏထွက်သွားရလိမ့်မယ်"
လူအိုကြီးကျန်းသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ၏နံဘေးရှိလူကိုကြည့်ပြီး ပြောဆိုလေ၏။
"လူအိုကြီးကျန်း....ကျေးဇူးပြုပြီးတော့ အမိန့်ပေးပါ"
ကျန်းယန်ဟုခေါ်သောလူက တုံ့ပြန်သည်။
"မင်း သိတဲ့အတိုင်းပဲ...ဒီနှစ်အတွင်းမှာ အကြီးအကဲယွင်အပါအဝင် လူသုံးယောက်ထွက်သွားခဲ့ပြီ"
လူအိုကြီးကျန်းက စိတ်ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါတို့က တခြားဖြေရှင်းနည်းတစ်ခုကို မစဉ်းစားထားရင် ငါတို့ ကြာကြာတောင့်ခံနိုင်တော့မှာမဟုတ်ဘူး"
ကျန်းယန်သည် ထိုစကားကိုကြားချိန်၌ သူ၏ခေါင်းကိုအောက်သို့ငုံထားကာ သူ၏မျက်လုံးအတွင်း၌ လေးလံထိုင်းမှိုင်းမှုများဖြင့် ပြည့်နှက်သွားသည်။
သူတို့၏ခုခံရေးစွမ်းအား ပို၍နိမ့်ပါးလာလေလေ အနက်ရောင်ချီစွမ်းအားများမှ သူတို့အားတိုက်စားမှု ပို၍ပြင်းထန်လာလေလေပင်။
အကြောင်းအရင်းမှာ စွမ်းအားအနည်းငယ်လျော့နည်းသွားတိုင်း လူတစ်ယောက်စီသည် အက်ကွဲကြောင်းကြားမှ ကျူးကျော်လာသော အနက်ရောင်ချီစွမ်းအားများကို ပို၍ပိတ်ဆို့ဟန်တားရန် လိုအပ်သောကြောင့်ပင်။
"လူအိုကြီးကျန်းက ဘာကိုပြောချင်တာလဲ"
ကျန်းယန်က မေးမြန်းသည်။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဖျက်ဆီးခဲ့တဲ့ အရိုးစုလို့ခေါ်တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူကို မင်း သွားရှာရမယ်....ဒီနေရာရဲ့ အကောင်းအဆိုးကို သူ့ကိုသေချာရှင်းပြပြီးတော့ ဘယ်လိုတန်ကြေးမျိုးပဲ ပေးဆပ်ရပါစေ သူ့ကို ဒီနေရာဆီရောက်အောင် ဖိတ်ခေါ်ရမယ်"
ထိုစကားကိုပြောဆိုရင်း လူအိုကြီးကျန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ဖျက်ဆီးခဲ့တုန်းက သူ ထုတ်ဖော်ပြသခဲ့တဲ့ ခွန်အားအရဆိုရင် ငါတို့အတွက် သူက ကြီးမားတဲ့အကူအညီကို ပေးနိုင်လိမ့်မယ်"
"ဟုတ်ကဲ့.....ငါကသူ့ကို သွားရှာလိုက်ပါ့မယ်"
ကျန်းယန်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။သူသည် အချိန်ဆွဲမနေဝံ့သဖြင့် သူ၏ခြေထောက်ကို တစ်ချက်မြှောက်လိုက်ခြင်းနှင့်အတူ အလင်းတန်းတတန်းအသွင်ပြောင်းလဲပြီး အဝေးသို့ထွက်ခွာသွားတော့သည်။
ကျန်းယန် ထွက်ခွာသွားပြီးနောက်....
လူအိုကြီးကျန်းသည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ သက်ပြင်းတချက်ရှိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ လေးလံထိုင်းမှိုင်းမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် အင်မော်တယ်နယ်မြေနှင့်နယ်မြေကြီးရှစ်ခုအတွက် မျှော်လင့်ချက်အလင်းရောင်ကို မမြင်တွေ့ချေ။
ကျန်းထျန်းမြို့၌...
လူရိပ်နှစ်ရိပ် ထွက်ပေါ်လာသည်။
ဤသည်မှာ ဟွမ်ကျန်းနှင့်ချန်းရှင်းတို့ပင်။
"ငါတို့ ဘာလုပ်ကြမလဲ"
ဟွမ်ကျန်းက မေးမြန်းသည်။
ချန်းရှင်းက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"နယ်မြေနှစ်ခုကြားမှာရှိတဲ့ ပဋိပက္ခကို အပြီးပြတ်ဖြေရှင်းပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး...ငါ အရင်ကပြောခဲ့သလိုပဲ ငါတို့က အခွင့်ကောင်းတစ်ခုကို ရှာရမယ်"
"ဟူး...."
ဟွမ်ကျန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒါပေမဲ့ ငါတို့ ဒီနေရာမှာ ကြန့်ကြာနေလို့မရဘူး...ငါတို့မှာ အချိန်အများကြီးမရှိဘူး"
"ဒါကြောင့် အခုအချိန်မှာ မင်းက အထီးကျန်နယ်မြေကိုပြန်သွားပြီးတော့ ငါက ဝင်္ကပါနယ်မြေကိုသွားမယ်...ငါတို့ တစ်ဆင့်ပြီးတစ်ဆင့် လှုပ်ရှားကြစို့"
ချန်းရှင်းက ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီလိုလုပ်တာက အဆင်မပြေဘူးဆိုရင် သူတို့ကို ပဋိပက္ခဖြစ်တာနဲ့ သေမိန့်ပေးမယ်လို့ အမိန့်ထုတ်ပြန်လိုက်မယ်....သူတို့ နားမထောင်ဘဲ နေဝံ့မှာလား"
"အင်း...ဒီလိုပဲ လုပ်ကြတာပေါ့"
ဟွမ်ကျန်းက သဘောတူညီလိုက်သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားတော့မည်အချိန်မှာပင်....
ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကာ အားကောင်းသောအရှိန်အဝါများရှိသည့်လူလတ်ပိုင်းကြီးတစ်စု သူတို့၏နံဘေးသို့ရောက်ရှိလာသည်။
သူတို့၏အဝတ်အစားများနှင့်အရှိန်အဝါများအရ အကဲဖြတ်ကြည့်ပါက နယ်မြေ၏အရေးပါသောလူများ ဖြစ်ပုံပင်။
သို့ရာတွင် သဟဇာတမဖြစ်သောကိစ္စမှာ ဤအချိန်အခိုက်အတန့်၌ ထိုလူတစ်စုသည် အရက်မူးနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်၍ လမ်းလျှောက်နေကြခြင်းဖြစ်သည်။
"လူအိုကြီးဟွမ်...ဒီတစ်ကြိမ်မှာ ငါတို့ဝင်္ကပါနယ်မြေက မင်းကို ကောင်းကောင်းဧည့်ခံမပေးနိုင်ခဲ့ဘူး"
ထိုလူများအနက်မှတစ်ယောက်က ရှက်ရွံ့သောလေသံဖြင့်ပြောဆိုသည်။
"အမ်...မင်း ဒီလိုစကားမျိုးကို ဘာလို့ပြောတာလဲ....ငါတို့နယ်မြေနှစ်ခုက ညီရင်းအစ်ကိုတွေပဲလေ.....အကောင်းအဆိုးကို ငါတို့က မျှဝေခံစားရမယ်...တကယ်လို့ မင်း ဒီစကားမျိုးထပ်ပြောမယ်ဆိုရင် ငါ စိတ်ဆိုးမိလိမ့်မယ်"
တခြားလူတစ်ယောက်က တင်းမာခက်ထန်သောမျက်နှာဖြင့် တုံ့ပြန်သည်။
ထိုစကားကိုကြားချိန်တွင် အစောပိုင်းကစကားပြောဆိုလိုက်သောလူသည် အနည်းငယ်ပျာယာခတ်သွားပေ၏။သူသည် သူ၏လက်ဖြင့် သူ၏လက်မောင်းကိုပုတ်ကာ ပြောဆိုလိုက်သည်။
"လူအိုကြီးဟွမ်....ငါက ဝင်္ကပါနယ်မြေရဲ့ကိုယ်စား ကတိပေးတယ်...နောင်တချိန်မှာ မင်းတို့အထီးကျန်နယ်မြေ တစ်ခုခုလုပ်မယ်ဆိုရင် မင်း ပွင့်ပွင့်လင်းလင်းပြောနိုင်တယ်...အတိုချုပ်ပြောရရင် မင်းတို့အထီးကျန်နယ်မြေရဲ့ကိစ္စက ငါတို့ဝင်္ကပါနယ်မြေရဲ့ကိစ္စပဲ"
"ငါလည်း အတူတူပဲ"
တခြားလူအိုကြီးကလည်း သူ၏လက်မောင်းကို သူ့လက်ဖြင့်ပုတ်ကာ ပြောဆိုသည်။
"မင်းတို့ဝင်္ကပါနယ်မြေရဲ့ကိစ္စကလည်း ငါတို့အထီးကျန်နယ်မြေရဲ့ကိစ္စပဲ"