အခန်း (၇၄၁-၇၄၅)
Vol. 50 Ch. 741-745
Chapter 741
ဤသည်မှာ ထိုလူစုအား ဦးဆောင်လာသည့်လူနှစ်ယောက် စိတ်အားထက်သန်စွာ စကားစမြည်ပြောဆိုနေခြင်းဖြစ်သည်။
သူတို့၏နောက်၌ရှိနေသောလူများသည်လည်း သူတို့ထက်ပင်ပို၍ စိတ်အားထက်သန်စွာ စကားပြောဆိုနေကြသည်။
"အစ်ကိုကြီး...မင်းဆီမှာ ဝင်္ကပါပညာရပ်ကို အရမ်းစိတ်ဝင်စားတဲ့ တပည့်တချို့ရှိနေတယ်လို့ ငါ ကြားထားတယ်"
ဝင်္ကပါနယ်မြေမှလူတစ်ယောက်က အထီးကျန်နယ်မြေမှလူကို ပြောဆိုသည်။
"မင်း ပြန်ရောက်တဲ့အချိန်ကျရင် သူတို့ကို ငါ့ဆီလွှတ်လိုက်ပါ...ငါကိုယ်တိုင် သူတို့ကို သင်ပေးမယ်....သူတို့ ဘယ်နှစ်နှစ်ကြာအောင်နေနေ ပြဿနာမရှိဘူး"
"ငါ့ရဲ့ဝင်္ကပါပညာရပ်အပေါ် နားလည်သဘောပေါက်မှုက ငါတို့ဝင်္ကပါနယ်မြေမှာ အဆင့်အမြင့်ဆုံး မဟုတ်ဘူးဆိုပေမယ့် တပည့်တွေကိုခေါ်ယူပြီး သင်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"
"ဟေး...ညီလေး မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ"
အထီးကျန်နယ်မြေမှလူက ပြောဆိုသည်။
"အဲ့ဒီလိုဆိုမှတော့ မင်းရဲ့တပည့်တွေကိုလည်း ငါ့ရဲ့ဂိုဏ်းဆီ ပို့လိုက်ပါ...ငါ့ရဲ့အစစ်အမှန်နည်းစနစ်တွေကို ငါက သူတို့ဆီ လက်ဆင့်ကမ်းသင်ကြားပေးမယ်...ငါက သူတို့ရဲ့အရည်အချင်းတွေကို တိမ်မြှုပ်နေခွင့်ပြုမှာမဟုတ်ဘူး"
ထိုလူနှစ်ယောက် စကားစမြည်ပြောဆိုနေစဉ်တွင် တခြားနှစ်ယောက်သည်လည်း စကားပြောဆိုနေကြ၏။
"ပြောရမယ်ဆိုရင် မင်းရဲ့သားက ခွန်အားကောင်းတယ်...ငါ့ရဲ့သမီးကတော့ လှပပြီးနူးညံ့သိမ်မွေ့တယ်...ပါရမီရှင်တစ်ယောက်နဲ့ ငါ့သမီးရဲ့ပုံပန်းသွင်ပြင်က အရမ်းလိုက်ဖက်ညီတယ် ...ဒါကြောင့် ငါတို့တွေ ခမည်းခမက်တော်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...ဟား ဟား ဟား..."
လူတစ်ယောက်က ပြောဆိုသည်။
"ဟား ဟား ဟား....ဒါက အရမ်းကောင်းတဲ့ကိစ္စမဟုတ်လား"
တခြားလူတစ်ယောက်က ပြောဆိုသည်။
"ငါ့အထင်တော့ ရက်တွေရွေးနေရင် အချိန်တွေကြာကုန်လိမ့်မယ်...ငါ ဒီနေ့ အထီးကျန်နယ်မြေကို ပြန်ရောက်တာနဲ့ ရက်သတ်မှတ်ပြီး မင်္ဂလာပွဲကျင်းပဖို့ စီစဥ်ကြရအောင်"
ထိုလူများသည် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီးနောက် နှုတ်ဆက်စကားများပြောဆိုကာ လမ်းခွဲသွားကြသည်။
ဤလူများအကြားရှိ စကားပြောဆိုနေမှုများသည် မလှမ်းမကမ်းအကွာတွင်ရှိနေသော ဟွမ်ကျန်းနှင့်ချန်းရှင်းတို့ကို အံ့အားသင့်တုန်လှုပ်သွားစေသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်ကာ သူတို့ထံတွင် ဝေခွဲရခက်နေမှုများဖြင့် ပြည့်နှက်နေသည်။
ဝင်္ကပါနယ်မြေနှင့်အထီးကျန်နယ်မြေတို့သည် မီးနှင့်ရေကဲ့သို့ အချင်းချင်းမသင့်မမြတ်ဖြစ်နေသည်ဟု ပြောနေကြသည်မဟုတ်လော....
ယခုအချိန်တွင် မည်သည့်ကိစ္စများ ဖြစ်နေသနည်း...
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
ထိုနောက် သူတို့သည် ကျင့်ကြံဆင့်စွမ်းအားကိုဖုံးကွယ်ကာ နယ်မြေနှစ်ခုထံသို့ တစ်ယောက်စီလူခွဲ၍ ထွက်ခွာလာခဲ့ကြသည်။
"မိတ်ဆွေတို့...ငါတို့ဝင်္ကပါနယ်မြေနဲ့အထီးကျန်နယ်မြေကြားမှာ ရေနဲ့မီးလိုမျိုး အရမ်းဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်မဟုတ်လား...ဒါက ဘာတွေဖြစ်နေတာလဲ"
ချန်းရှင်းသည် ဝင်္ကပါနယ်မြေမှလူတချို့ကို တွေ့ချိန်၌ လိုရင်းအချက်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။
ဤလူများသည် ချန်းရှင်းကို အနည်းငယ်မျှမမှတ်မိချေ။
မည်သို့ပင်ဆိုစေကာမူ ချန်းရှင်းသည် ဝင်္ကပါနယ်မြေသို့ ပြန်ရောက်မလာသည်မှာ နှစ်ထောင်သောင်းချီပြီး ကြာနေပြီဖြစ်သောကြောင့် ထိုအချိန်တုန်းက ဤလူများသည် ခွပြဲဘောင်းဘီကိုဝတ်ဆင်ထားသည့် ကလေးအရွယ်သာ ရှိပေမည်။
ထိုလူများသည် ချန်းရှင်း၏စကားကိုကြားချိန်တွင် သူ့အား အရူးတစ်ယောက်ဟုယူဆသောအကြည့်ဖြင့် ချက်ချင်းကြည့်လိုက်ကြသည်။
"ငါယိုးမသား...ငါတို့ဝင်္ကပါနယ်မြေနဲ့အထီးကျန်နယ်မြေကြားမှာ ဆက်ဆံရေးမကောင်းဘူးလို့ မင်းကို ဘယ်ကောင်က ပြောလိုက်တာလဲ....ဘယ်သောက်ရေးမပါတဲ့ကောင်က အဓိပ္ပာယ်မဲ့တဲ့စကားတွေကို ပြောလိုက်ပါလိမ့်"
"ငါတို့ဝင်္ကပါနယ်မြေနဲ့အထီးကျန်နယ်မြေက ညီရင်းအစ်ကိုတွေလိုပဲ"
"မင်း ပါးစပ်ပိတ်ထားတာ ပိုကောင်းလိမ့်မယ်... တကယ်လို့ မင်းက ငါတို့ဝင်္ကပါနယ်မြေနဲ့ အထီးကျန်နယ်မြေကြားမှာ ဆက်ဆံရေးမကောင်းဘူးလို့ ထပ်ပြောတာကို ငါ ကြားမယ်ဆိုရင်...ငါတို့က မင်းကို ဝင်္ကပါနယ်မြေကနေ မောင်းထုတ်ရလိမ့်မယ်"
ထိုလူများသည် ချန်းရှင်းကို စူးစူးဝါးဝါးစူးစိုက်ကြည့်ပြီးနောက် ခက်ထန်တင်းမာသောအမူအယာများဖြင့် ထွက်ခွာသွားတော့သည်။
ချန်းရှင်းသည် ဒေါသထွက်သွားခြင်းမရှိသော်လည်း သူ၏မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အလွန်စိတ်ရှုပ်ထွေးသွားသည်။
ညီရင်းအစ်ကိုဆက်ဆံရေးဟု ဆိုသလော....
တခြားတစ်ဖက်တွင် ဟွမ်ကျန်းရရှိသော တုံ့ပြန်မှုသည်လည်း ထပ်တူထပ်မျှပင်။
လေအေးများတိုက်ခိုက်နေမှုအောက်တွင် သူတို့နှစ်ယောက်သည် နေရာမှာပင်မတ်တတ်ရပ်ကာ ကြက်သေသေနေပေ၏။
"တစ်ခုခုအမှားအယွင်း ဖြစ်သွားတာလား"
ချန်းရှင်းက အံ့အားသင့်နေသောလေသံဖြင့် ပြောဆိုသည်။
ဟွမ်ကျန်းသည် ခေါင်းညိတ်ပြပြီးနောက် သူ၏ခေါင်းကို တဖန်ပြန်၍ခါယမ်းလိုက်သည်။သူသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း အချိန်အတော်ကြာသည်အထိ စကားတစ်လုံးမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
အစောပိုင်းက သူတို့မြင်ခဲ့ကြားခဲ့ရသောအရာများသည် အစစ်အမှန်မဟုတ်ဟု သူတို့နှစ်ယောက်သား ခံစားမိသည်။
"အခု ငါတို့တွေ ပြန်သွားပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ဖော်ထုတ်ကြရအောင်"
ဟွမ်ရှန်းသည် အသိဝင်လာပြီးနောက် အလျှင်အမြန်ပြောဆိုသည်။
"မနက်ဖြန် ဒီလိုအချိန်မှာ ငါတို့ ပြန်တွေ့ကြမယ်"
ဟွမ်ကျန်းက ခေါင်းညိတ်လိုက်သည်။
အကယ်၍ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ရှာဖွေဖော်ထုတ်လိုပါက သူတို့သည် ထိုနယ်မြေနှစ်ခုထံသို့ပြန်သွားကာ စုံစမ်းရပေမည်။
သူတို့နှစ်ယောက်သည် ဝင်္ကပါနယ်မြေနှင့်အထီးကျန်နယ်မြေထံသို့ဦးတည်၍ အသီးသီးထွက်ခွာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်....
ကျန်းယန်သည် နက္ခတ်ဗေဒပညာရပ်ကိုအသုံးပြု၍ နေရာဒေသအသီးသီး၌ လုပမ်ဝေ၏အရိပ်အယောင်ကို ရှာဖွေနေခဲ့သည်။
သို့ရာတွင် ရက်အနည်းငယ်ကြာမြင့်ပြီးသည့်တိုင် သူ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။
"ဘယ်လိုသောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ....ဘိုးဘေးတွေဖန်တီးထားခဲ့တဲ့ ကောင်းကင်ဘုံနက္ခတ်တာရာကျမ်းစာကတောင် အရိုးစုလို့ခေါ်တဲ့ဆရာကြီး ဘယ်နေရာမှာရှိလဲဆိုတာကို မခန့်မှန်းနိုင်ဘူး"
"ဖြစ်နိုင်တာတော့ သူက အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ်ကိုရောက်သွားပြီးတော့ ဒီလောကကြီးထဲကနေ ထွက်သွားတာများလား"
ကျန်းယန်၏မျက်နှာအမူအယာ အလွန်ပျက်ယွင်းနေသည်။
သို့ရာတွင် သူသည် နှောင့်နှေးကြန့်ကြာဝံ့ခြင်းမရှိသဖြင့် ဦးတည်ချက်မဲ့စွာဖြင့် ဆက်လက်ရှာဖွေရုံသာ တတ်နိုင်တော့သည်။ထိုကြောင့် သူသည်နက္ခတ်တာရာကျမ်းစာကို တဖန်ထပ်၍ အသုံးပြုလိုက်၏။
သို့ရာတွင် သူသည် မည်သည့်အရာကိုမျှ ရှာမတွေ့ဆဲပင်။
သူ မသိရှိသောကိစ္စမှာ ဤအချိန်အခိုက်အတန့်တွင် လုပမ်ဝေတို့လူစုသည် 'လူချောလေး'ဟုအခေါ်ခံနေရသောနေရာတွင် လုံးလုံးလျားလျားနစ်မြုပ်နေခြင်းပင်။
တစ်ရက်ကြာပြီးနောက်....
ချန်းရှင်းနှင့်ဟွမ်ကျန်းတို့သည် မြို့အတွင်း၌ တဖန်ပြန်၍ ဆုံတွေ့မိလေ၏။
သူတို့နှစ်ယောက်သည် အသီးသီးရရှိထားသောသတင်းအချက်အလက်များကို တိုက်ကြည့်ပြီးနောက် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
နယ်မြေနှစ်ခုသည် ဤကဲ့သို့နည်းလမ်းဖြင့် တဖန်ပြန်၍ သင့်မြတ်သွားမည်ဟု သူတို့ တွေးထင်ထားမိခြင်းမရှိချေ။
သို့ရာတွင် ပြောရမည်ဆိုလျှင် ဤကိစ္စသည် သူတို့မြင်တွေ့ချင်ဆုံးအရာပင်။
သူတို့လှုပ်ရှားမှု မပြုလုပ်ရသေးမီမှာပင် နယ်မြေနှစ်ခုကြားရှိပြဿနာများကို ဖြေရှင်းပြီးလေပြီ။
"အဲ့ဒီလူက အရမ်းလိမ္မာပါးနပ်တာပဲ"
ချန်းရှင်းက လေးစားကြည်ညိုမှုများ ပြည့်နက်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"သူက နယ်မြေနှစ်ခုကြားမှာရှိတဲ့ ပဋိပက္ခတွေကို ချွေးတစ်စက်တောင် မထွက်ဘဲနဲ့ ဖြေရှင်းသွားခဲ့တယ်...ဒီလိုနည်းဗျူဟာမျိုး ဒီလိုအစီအစဉ်မျိုးက ငါ့ကို ရှက်ရွံ့သွားစေတယ်"
"ဘယ်သူက မရှက်ဘဲနေမှာလဲ"
ဟွမ်ကျန်းကလည်း ပြောဆိုလိုက်၏။
"အနည်းဆုံးတော့ ငါတို့နှစ်ယောက် ဒီနေရာကိုရောက်လာတဲ့အချိန်မှာ ငါတို့ ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့တာတောင် ဒီလိုပြီးပြည့်စုံတဲ့ဖြေရှင်းနည်းမျိုး ရမလာခဲ့ဘူး"
"တကယ်လို့ ငါတို့ပြန်သွားပြီးတော့ လူအိုကြီးကျန်းကို ဒီကိစ္စ ပြောပြမယ်ဆိုရင် သူ အရမ်းစိတ်လှုပ်ရှားသွားလိမ့်မယ်"
ဟွမ်ကျန်းက ရယ်မောလိုက်သည်။
"ဒါက သူ စိတ်လှုပ်ရှားတာထက်တောင် ပိုနေလိမ့်မယ်...အထီးကျန်နယ်မြေနဲ့ဝင်္ကပါနယ်မြေကြားမှာ သင့်မြတ်သွားတာကို ထည့်မတွက်ရင်တောင် အကြီးမားဆုံးအကျိုးအမြတ်က ငါတို့တွေ နောက်ထပ် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ"
ဟွမ်ကျန်းက ဝမ်းသာပျော်ရွှင်သောမျက်နှာဖြင့် ပြောဆိုလေ၏။
"အဲ့ဒီခွေးမသားလေးတွေက သူ့ကို အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်ဆရာကြီးတစ်ယောက်လို့ ထင်နေကြတယ်...ဒါပေမဲ့ မင်းနဲ့ငါကတော့ အဲ့ဒီလို မထင်ဘူး မဟုတ်လား"
"အမှန်ပဲ"
ချန်းရှင်းက သူ၏ခေါင်းကို အနည်းငယ်မော့၍ တုံ့ပြန်သည်။ထို့နောက် သူက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"သူတို့ပြောတဲ့ခွန်အားနဲ့ တခြားအခန်းကဏ္ဏတွေအရ အကဲဖြတ်ကြည့်မယ်ဆိုရင် သူ့ရဲ့ခွန်အားက အစစ်အမှန်အင်မော်တက်အဆင့်နှစ်ဆယ် ကျင့်ကြံသူတစ်ယောက်ထက် အများကြီးအဆင့်မြင့်နေမှာ သေချာပေါက်ပဲ"
"အနည်းဆုံးတော့..."
ထိုစကားကိုပြောဆိုရင်း ချန်းရှင်းသည် အနည်းငယ်ရပ်တန့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စကားတစ်လုံးချင်းပြောဆိုလိုက်သည်။
"အနည်းဆုံးတော့ သူက အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ့်ငါးမှာရှိတဲ့ ဆရာကြီးတစ်ယောက်ပဲ"
Chapter 742
"အမှန်ပဲ....သူက အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ့်ငါး ဆရာကြီးတစ်ယောက်ပဲ ဖြစ်လိမ့်မယ်"
ဟွမ်ကျန်းက တုံ့ပြန်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေတောင် မိုင်သန်းနဲ့ချီပြီးတော့ ဝေးကွာတဲ့နေရာကို ချက်ချင်းရောက်မသွားနိုင်ဘူး"
"အစစ်အမှန် အဆင့်နှစ်ဆယ့်ငါးဆရာကြီး..."
"ဒါဆိုရင် ငါတို့အတွက် အရမ်းကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်လာနိုင်တယ်"
ချန်းရှင်းက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
"ငါတို့တွေက ဒီလိုသတင်းကောင်းကို အကြီးအကဲတွေဆီ ချက်ချင်းသတင်းပို့ကြစို့"
ထိုသို့ပြောဆိုပြီးနောက် ချန်းရှင်းသည် အထူးနည်းစနစ်တစ်ခုကို အသုံးပြုကာ လူအိုကြီးကျန်းတို့လူစုကို ဆက်သွယ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူတို့ ဤနေရာ၌ဆက်နေပါကလည်း လုံးလုံးလျားလျား အသုံးဝင်တော့မည်မဟုတ်ပေ။
"ဘာ..."
"ဒီလိုကိစ္စတစ်ခု ရှိတာလား"
မဟာလွင်တီးခေါင်ပြင်ကြီးအတွင်းတွင်ရှိနေသော လူအိုကြီးကျန်းတို့လူစုသည် ထိုသတင်းကိုကြားပြီးနောက် အလွန်ပျော်ရွှင်သွားသည်။
"အခုအချိန်မှာ မင်းတို့နှစ်ယောက် အလျင်စလိုပြန်မလာကြနဲ့အုံး....မင်းတို့က ထန်းလန်တောင်တန်းဆီသွားပြီးတော့ သူ့ကို ချက်ချင်းဖိတ်ခေါ်ခဲ့ပါ....ဒါဆိုရင် ငါတို့အပေါ်သက်ရောက်နေတဲ့ဖိအားတွေ အများကြီးလျော့ပါးသွားလိမ့်မယ်"
လူအိုကြီးကျန်းက ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်အား အမိန့်ပေးလိုက်သည်။
တချိန်တည်းမှာပင် သူသည် ထိုသတင်းကောင်းကို တခြားလူများအား မျှဝေလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင်ရှိနေသော လူများအားလုံးသည် ဖိအားအရှိန်အဝါအောက်၌ အဆက်မပြတ်ကျရောက်နေသည်။သို့ရာတွင် မည်သည့်သတင်းကောင်းတစ်ခုမဆို သူတို့၏စိတ်မွန်းကြပ်နေမှုများအား အလွန်အမင်းလျော့ပါးစေသည်။
ဟွမ်ကျန်းတို့နှစ်ယောက်သည် အမိန့်ကိုလက်ခံရရှိပြီးနောက် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ထန်းလန်တောင်တန်းထံသို့ အပြေးသွားလိုက်သည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ထန်းလန်တောင်တန်းအတွင်းမှ ထွက်ခွာသွားပြီးဖြစ်သည်။
သူသည် မန်မန်ကိုစီးနင်းကာ တခြားနေရာဒေသများသို့ ဦးတည်ရာမဲ့သွားလာရင်း သူ့၏တပည့်သစ်ကို အဆက်မပြတ်ရှာဖွေနေခဲ့သည်။
ထိုကြောင့် ချန်းရှင်းနှင့်ဟွမ်ထျန်းရောက်ရှိသွားချိန်၌ သက်ကယ်အိမ်တစ်လုံးနှင့်မစင်တွင်းတစ်တွင်းသာ ကျန်ခဲ့တော့သည်။
"သူက ထွက်သွားပြီလား"
ချန်းရှင်းသည် သူ၏နှာခေါင်းကိုအုပ်ကာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် အမှုမဲ့အမှတ်မဲ့ဖြင့် ထိုမစင်များကို တစ်ချက်ကြည့်လိုက်သည်။
"ဒါက နည်းနည်းတော့ နံသလိုပဲ"
"ဒါပေမဲ့ ငါ ဒီအနံ့ကို နည်းနည်းရှုမိတဲ့အချိန်မှာ ဘာလို့ ငါ့ရဲ့စိတ်တွေ လန်းဆန်းလာပြီးတော့ ပျော်ရွှင်တဲ့ခံစားချက်မျိုး ရလာတာလဲ"
ဟွမ်ကျန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုပြီးနောက် ထိုမစင်တွင်းအနီးသို့ လျှောက်လှမ်းသွားလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
ချန်းရှင်းက မေးမြန်းလိုက်၏။
"ငါက အဲ့ဒီမစင်တွင်းကို သွားကြည့်မလို့လေ"
ဟွမ်ကျန်းက ပြောဆိုသည်။
"အဲဒီအနံ့က နည်းနည်းနံပေမယ့် စိတ်ကိုလန်းဆန်းစေပြီးတော့ ငါတို့ရဲ့ခွန်အား နည်းနည်းလေးမြင့်တက်လာတာကို မင်း မခံစားမိဘူးလား"
"ဒါက ငါ နည်းနည်းသက်သောင့်သက်သာဖြစ်လာတာ အမှန်ဆိုပေမယ့် မစင်တွင်းထဲကနေ အခွင့်အရေးတစ်ခု ရလာမယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
ချန်းရှင်းသည် ကူကယ်ရာမဲ့စွာဖြင့် ဟွမ်ကျန်းကို မျက်စောင်းတချက်ထိုးလိုက်သည်။
"ငါတို့ ဒီလိုခံစားရတဲ့ အကြောင်းအရင်းက ငါတို့တွေ မဟာလွင်တီးခေါင်ပြင်မှာ အချိန်အကြာကြီး နေလာခဲ့တာကြောင့်ပဲ ဖြစ်မယ်....ငါတို့က ရုတ်တရက်ကြီး ဘာဖိအားမရှိတဲ့ ပြင်ပလောကကို ရောက်လာတာကြောင့် ဒီလိုမျိုးစိတ်လန်းဆန်းလာတာက သဘာဝကျတဲ့ကိစ္စပဲလေ"
"အင်း...အမှန်ပဲ"
ဟွမ်ကျန်းသည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် တုံ့ပြန်ပြီးနောက် နောက်သို့ပြန်ဆုတ်ကာ မေးမြန်းလိုက်၏။
"ငါတို့ ဘာဆက်လုပ်ကြမလဲ"
"အဲ့ဒီလူက အပြင်ကို ခဏထွက်သွားတာဖြစ်နိုင်တယ်..ငါတို့တွေ ဒီနေရာမှာ သူ့ကိုစောင့်ကြရအောင်"
ချန်းရှင်းက အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ကောင်းပြီလေ...ဘယ်လိုပဲဖြစ်ဖြစ် လူအိုကြီးကျန်းကလည်း အမိန့်ပေးထားတယ်...ဘယ်လိုကိစ္စမျိုးပဲရှိနေနေ ငါတို့က သူ့နဲ့ အဆက်အသွယ်လုပ်ရလိမ့်မယ်...တကယ်လို့ သူက ငါတို့ကို ချက်ချင်းကူညီမပေးနိုင်သေးဘူးဆိုရင်တောင် ငါတို့တွေ အချင်းချင်းသိကျွမ်းထားတာက ကိစ္စကောင်းတစ်ခုပဲ"
ဟွမ်ကျန်းက သဘောတူညီလိုက်သည်။
ထို့နောက် သူတို့သည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်ကာ စျာန်ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်သွားပြီးနောက် ရီဖုန်းပြန်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းလိုက်ကြ၏။
သိုင်းပညာနယ်မြေ၌....
နယ်မြေကြီးရှစ်ခုအနက်မှတစ်ခုဖြစ်သော သိုင်းပညာနယ်မြေအတွင်းရှိ ကျင့်ကြံသူများသည် တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးလူများပင်။
ရှေးဟောင်းခေတ်မှဖန်တီးခဲ့သော အမွေအနှစ်ဆက်ခံမှုတွင် သိုင်းပညာနယ်မြေသည် တခြားနယ်မြေများနှင့် ကွဲပြားခြားနားပေ၏။
ထို့ကြောင့် ဤနေရာရှိ ဓလေ့ထုံးစံများသည် တခြားနယ်မြေများနှင့် အလွန်ကွဲပြားခြားနားကာ ကိစ္စများအပေါ် သူတို့လုပ်ဆောင်သည့်နည်းလမ်းသည်လည်း အလွန်တဲ့တိုးဆန်သည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် မန်မန်ကိုစီးနင်းကာ သိုင်းပညာနယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့သည်။
"ဟူး..."
မြို့တစ်မြို့၏ လမ်းများအတွင်း၌လမ်းလျှောက်ရင်း ရီဖုန်းသည် သူ၏ငွေအိတ်ကို ကိုင်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
တပည့်သစ်ရှာဖွေရသောကိစ္စသည် သူ့အတွက် အလွန်ကုန်ကျစရိတ်ကြီးမားပေ၏။
ယခုအချိန်တွင် သူသည် ယခင်က ပင်ကျင်းမြို့အတွင်း၌ နေထိုင်သကဲ့သို့ စာအုပ်များကိုရေးသား၍လည်း ငွေကြေးရှာဖွေ၍ ရမည်မဟုတ်ချေ။
ထိုကြောင့် ယခုအချိန်တွင် သူ့ထံ၌ အိမ်တစ်လုံးဝယ်ယူ၍နေထိုင်ရန်ပင် ငွေကြေးမရှိတော့ချေ။ အကယ်၍ သူ၏ငွေကြေးများအားလုံးကို ခြစ်ကုတ်၍စုပေါင်းလိုက်ပါက သူသည် ထမင်းအနပ်အနည်းငယ်ကို ဝယ်စားနိုင်ရုံသာ တတ်နိုင်ပေမည်။
"တော်ပြီ....ဘာကိုမှ ဂရုမစိုက်တော့ဘူး...အရင်ဆုံး ငါ ထမင်းတနပ်သွားစားမယ်"
ရီဖုန်းက သူ၏ရှေ့တွင်ရှိနေသောစားသောက်ဆိုင်ကို တစ်ချက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
Chapter 743
စားသောက်ဆိုင်အတွင်း၌...
လူအနည်းငယ် စည်ကားနေသည်။
ရီဖုန်းသည် ပြတင်းပေါက်တစ်ပေါက်၏နံဘေးရှိထိုင်ခုံတစ်လုံး၌ သာမန်ကာလျှံကာဝင်ထိုင်လိုက်၏။
သူနှင့်မလှမ်းမကမ်းအကွာတွင် လူနှစ်ယောက်သည် သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် အငြင်းပွားနေကြသည်။
"မင်း ဘာကြည့်တာလဲ"
"မင်းကို ကြည့်လို့လား"
"မင်း နောက်တချက်လောက် ထပ်ကြည့်လိုက်စမ်း"
"ကြည့်တော့ဘာဖြစ်လဲကွာ"
ဤသို့ဖြင့် ထိုလူနှစ်ယောက် တိုက်ခိုက်ကြသဖြင့် သိုင်းပညာနယ်မြေအတွင်းတွင်ရှိသော လူများ၏ခက်ထန်မှုကို မြင်တွေ့ရန် လုံလောက်သည်။
မလှမ်းမကမ်းအကွာတွင်...
ပြတင်းပေါက်တစ်ခု၏နံဘေး၌ ရှီချင်းဝူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်တင်းမာသောမျက်နှာဖြင့် ထိုင်နေသည်။သူမကိုကြည့်ရသည်မှာ လူစိမ်းများ သူမ၏အနီးသို့ မချဥ်းကပ်ဝံ့သည့်ခံစားချက်တစ်ခု ပေးစွမ်းနိုင်သည်။
သူမ၏နံဘေးတွင် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ရိုသေလေးစားသော အမူအယာဖြင့် မတ်တတ်ရပ်နေသည်။
အချိန်အတော်ကြာပြီးနောက် ရှီချင်းဝူသည် လက်ဖက်ရည်ကို တစ်ငုံငုံပြီး သူမ၏လက်အတွင်းရှိ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ပြန်ချကာ ဖြည်းညှင်းစွာပြောဆိုသည်။
"ပြောစမ်း"
"ဟုတ်ကဲ့"
အနက်ရောင်ဝတ်စုံဝတ်လူက ရိုသေလေးစားစွာတုံ့ပြန်ကာ ပြောဆိုသည်။
"ဂိုဏ်းမှာရှိတဲ့အကြီးအကဲတွေက ဂိုဏ်းချုပ်ကို လက်ထပ်ပေးဖို့အတွက် လူရွေးပြီးတော့ ပြင်ဆင်နေကြတယ်....လက်ထပ်ရမယ်နေ့က နောက်သုံးရက်အကြာမှာပဲ"
ရှီချင်းဝူ၏မျက်နှာပေါ်၌ အေးစက်တင်းမာသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။
သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ မျိုးဆက်သစ်ဂိုဏ်းချုပ်တယောက်ဖြစ်သော သူမအနေဖြင့် အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် လူအများ၏မကျေနပ်မှုများကို မြင့်တက်စေခဲ့သည်။
သို့ရာတွင် သူမ၏ခွန်အား ဂိုဏ်းကိုအုပ်ချုပ်သောနည်းလမ်းများကြောင့် ထိုလူများသည် သူမကို ပြောင်ပြောင်တင်းတင်း ပြဿနာမရှာဝံ့ကြချေ။
သူမအတွက် အခက်တွေ့စေသောကိစ္စမှာ ဂိုဏ်း၏ပထမဆုံးဘိုးဘေးမှ ချမှတ်ခဲ့သောစည်းမျဉ်းများပင်။
အကယ်၍ ဂိုဏ်းကိုစီမံအုပ်ချုပ်သောလူသည် အမျိုးသမီးတစ်ယောက်ဖြစ်နေပါက တစ်နှစ်အတွင်းတွင် လက်ထပ်ရပေမည်။
ဤလက်ထပ်ပွဲ၏တစ်ဖက်လူသည် ဂိုဏ်းမရှိ အဖွဲ့အစည်းမရှိသော လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်စေ သန့်စင်ခြင်းတစ်ရာဂိုဏ်းမှလူဖြစ်စေ ပြဿနာမရှိချေ။
ဤစည်းမျဥ်းချမှတ်ခဲ့ရသောအကြောင်းအရင်းမှာ တစ်နေ့နေ့တစ်ချိန်ချိန်၌ ဂိုဏ်း၏အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်သော မျိုးဆက်ကျန်ရှိရန်ပင်။
ဤစည်းမျဉ်းရှိနေခြင်းကြောင့် ဂိုဏ်းတွင်ရှိနေသော သူမအား မကျေနပ်သည့်အကြီးအကဲများမှ စာတန်းရှည်ကြီးများကိုရေးသား၍ သူမထံသို့ တင်သွင်းလာကြ၏။
သူတို့အားလုံးသည် အတူပူးပေါင်း၍ ပထမအကြီးအကဲ၏တပည့်ဖြစ်သော စွန်းကျုံးဟွမ်နှင့်လက်ထပ်ရန် သူမကို အကြံပြုခဲ့သည်။
စွန်းကျုံးဟွမ်သည် သူမ မမြင်တွေ့ဖူးသောလူ ဖြစ်နေသည်ကို ထည့်မပြောလျှင်ပင် ရှီချင်းဝူသည် ထိုအကြီးအကဲများ၏ မကောင်းသောရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး အလွန်ရှင်းလင်းစွာ သိရှိထားသည်။
သူမသည် စွန်းကျုံးဟွမ်ကို သူမ၏လင်ယောက်ျားအဖြစ် လက်ထပ်လိုက်ပါက ထိုအကြီးအကဲများ၏ကူညီထောက်ပံ့မှုဖြင့် ထိုလူသည် တစ်ဆင့်ပြီးတစ်ဆင့် သူမ၏ခေါင်းပေါ်သို့ တက်နင်းလာပေမည်။
သို့ရာတွင် သူမ လက်ထပ်ခြင်းမပြုပါက တစ်နှစ်တာအချိန်ကာလ ပြည့်တော့မည်ဖြစ်သောကြောင့် သူတို့သည် သူမအား စွပ်စွဲပြစ်တင်ရန် အကြောင်းပြချက်များ ရရှိသွားပေမည်။
"ဂိုဏ်းချုပ်...ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုလောက် စဉ်းစားပါအုံး"
အနက်ရောင်ဝတ်စုံဝတ်လူက တည်ကြည်လေးနက်စွာပြောဆိုသည်။
"စွန်းကျုံးဟွမ်က သန့်စင်ခြင်းတစ်ရာဂိုဏ်းမှာ ပါရမီအရည်အချင်းအရှိဆုံးနဲ့ အစွမ်းထက်ဆုံး တပည့်တစ်ယောက်ပဲ"
"ဒီလက်ထပ်ပွဲက အခုလတ်တလောအချိန်မှာ ဂိုဏ်းရဲ့ရေပန်းအစားဆုံးသတင်း ဖြစ်နေတယ်"
ရှီချင်းဝူသည် ထိုစကားများကိုကြားချိန်၌ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
အချိန်အတော်ကြာပြီးနောက် သူမသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကာ သူမ၏ရေခဲတမျှအေးစက်နေသောမျက်နှာ အနည်းငယ်ပြောင်းလဲသွားသည်။
တချိန်တည်းမှာပင် သူမ၏ထက်ရှသောမျက်လုံးအကြည့်သည် စားသောက်ဆိုင်အတွင်းသို့ ဝေ့ဝိုက်၍ ကျရောက်သွားပေ၏။
နောက်ဆုံး၌....
သူမ၏မျက်လုံးအကြည့်သည် ပြတင်းပေါက်တစ်ခု၏နံဘေး၌ထိုင်နေကာ အတွေးများအတွင်း နစ်မြောနေပုံရသော လူငယ်တစ်ယောက်ထံသို့ အခိုင်အမာကျရောက်သွားသည်။
"သူပဲ...."
ရှီချင်းဝူ၏နီမြန်းသောနှုတ်ခမ်းလေးများ အနည်းငယ်လှုပ်ရှားသွားသည်။
"ဒါက..."
အနက်ရောင်ဝတ်စုံဝတ်လူ မတုံ့ပြန်နိုင်သေးမီမှာပင် ရှီချင်းဝူသည် နေရာမှပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။သူမသည် မျက်နှာချင်းဆိုင်ရှိ ပြတင်းပေါက်နံဘေးတွင်ထိုင်နေသော လူငယ်၏စားပွဲထံသို့ ရောက်ရှိသွားပေ၏။
"ဟူး...ငါ ဘာလုပ်ရင် ငွေရနိုင်လဲ"
"လုရမလား...."
"ငါက သန်မာအားကောင်းတယ်ဆိုပေမယ့် လူကောင်းတစ်ယောက်ဖြစ်နေတယ်"
ရီဖုန်းသည် စိတ်ပျက်လက်ပျက်ဖြစ်နေစဉ်မှာပင် မိန်းမလှတယောက်သည် သူနှင့်မျက်နှာချင်းဆိုင်နေရာ၌ဝင်ထိုင်ကာ သူ့အား အမူအယာကင်းမဲ့စွာဖြင့် စူးစိုက်၍ကြည့်နေကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။
ရီဖုန်းသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်တိမ်းစောင်းလိုက်ရာ ထိုမိန်းကလေး၏မျက်လုံးသူငယ်အိမ်များလည်း ရွေ့လျားသွားကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။
"အင်း....."
"အလှလေး ဘာကိစ္စရှိလို့လဲ"
ရီဖုန်းက ရှက်ကိုးရှက်ကန်းအမူအယာဖြင့် မေးမြန်းလိုက်သည်။ဤမိန်းကလေး၏အကြည့်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည်။
ရှီချင်းဝူသည် အမူအယာကင်းမဲ့စွာဖြင့် ထိုင်နေဆဲပင်။ရီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် ရှီချင်းဝူသည် သူမ၏လက်ကို ဝှေ့ယမ်းကာ နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ်ကို ချိတ်ပိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမသည် တံဆိပ်ပြားတစ်ခုကို စားပွဲပေါ်သို့ ပစ်ချလိုက်၏။
ဤသည်မှာ မိတ်ဆက်ခြင်းပင်။
"ငါက ရှီချင်းဝူ...သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ...ဒါက သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့အမိန့်ပေးတံဆိပ်ပြားဖြစ်ပြီးတော့ ငါ့ရဲ့အဆင့်အတန်းကို ကိုယ်စားပြုတယ်"
"နင်က ငါ့ကို လက်ထပ်ရမယ်...နင်လိုချင်တဲ့ ဘယ်အရာကိုမဆို တောင်းဆိုနိုင်တယ်"
Chapter 744
"ဘာ..."
"ဘုရားရေ...."
ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူသည် ကူကယ်ရာမဲ့ဖြစ်သွားသော်လည်း အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏မျက်နှာကို ထိတွေ့လိုက်သည်။
သူသည် အလွန်ချောမောခန့်ညားသူတစ်ယောက် ဖြစ်နေသလော...
သူ၏ပုံပန်းသွင်ပြင်သည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုထိရောက်အောင် ချောမောခန့်ညားနေသလော...
ဤသည်မှာ အလွန်အမင်း လှပချောမောသော မိန်းမပျိုလေးတစ်ယောက် ဖြစ်သည့်အပြင် ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ပင်။
အတိုချုပ်ပြောဆိုရလျှင် လှပချောမောပြီးအစွမ်းထက်သော မိန်းမပျိုလေးတစ်ယောက်သည် သူ့ထံသို့လာရောက်၍ သူမ၏ချစ်ခြင်းကိုဖွင့်ဟဝန်ခံနေခြင်းပင်။
"မိန်းကလေး...ငါက ချောမောခန့်ညားတယ်ဆိုတာ ငါ သိပေမယ့် မင်းရဲ့အပြုအမူက နည်းနည်းတော့ အလျင်လိုနေတာ မဟုတ်ဘူးလား...ဒါက ဘဝတစ်သက်စာလုံး ပျော်ရွှင်မှုအတွက်လေ...ငါ ဘယ်သူလဲဆိုတာတောင် မင်း သိလို့လား"
ရီဖုန်းက စိတ်အားထက်သန်စွာဖြင့် ပြောဆိုကာ တစ်ချိန်တည်းမှာပင် အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏အဝတ်အစားများကိုခါကာ သူ၏ဆံပင်ကိုလက်ဖြင့်သပ်လိုက်သည်။
ပြောရမည်ဆိုလျှင် သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်ဘဝင်ခိုက်မှုကို ခံစားနေရသည်။
သို့ရာတွင်....
သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် အေးစက်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည့် ဓားတစ်လက်က သူ၏လည်ပင်းပေါ်သို့ ကျရောက်လာသည်။ဤသည်မှာ ရှီချင်းဝူနှင့်အတူလိုက်ပါလာသည့် အနက်ရောင်ဝတ်ရုံဝတ်လူ၏လှုပ်ရှားမှုပင်။
သူသည် ရှီချင်းဝူအပေါ် သစ္စာစောင့်သိဆုံး လက်အောက်ငယ်သားတစ်ယောက်ပင်။
ရှီချင်းဝူသည် ရီဖုန်းထံသို့သွားရောက်၍ စကားပြောဆိုသည်ကို မြင်တွေ့သည်နှင့် သူမ မည်သို့ပြုလုပ်ရန် ကြံစည်နေသည်ကို သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"ဘာ...နေ့လယ်ခင်းကြောင်တောင်အချိန်မှာတောင် မင်းတို့က လူကို ပြန်ပေးဆွဲကြမလို့လား"
သူ၏လည်ပင်းပေါ်ရှိ အေးစက်စက်အထိအတွေ့ကို ခံစားမိသည့်တိုင် ရီဖုန်းသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံ့သွားခြင်း မရှိချေ။မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ဆရာကြီးတစ်ယောက်ပင်။
ဤလူများ၏ခွန်အားအတိအကျကို သူ မသိရှိသော်လည်း သူ့ထက်ပို၍ ကျင့်ကြံဆင့်နိမ့်ပါးသူများဖြစ်သည်ကို သူ မြင်တွေ့နိုင်သည်။
"နင် နားလည်မှုလွဲနေပြီ"
ရှီချင်းဝူက သူမ၏လက်ကို ညင်သာစွာဝှေ့ယမ်းကာ ရီဖုန်း၏လည်ပင်းပေါ်မှဓားရှည်ကို တွန်းထုတ်လိုက်သည်။ထို့နောက် သူမက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။
"ငါက နင်နဲ့အပေးအယူတစ်ခု လုပ်ချင်တာပါ"
"အပေးအယူတစ်ခု လုပ်မှာလား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ရှီချင်းဝူသည် စကားပြောဆိုခြင်းမရှိသော်လည်း သူမ၏နောက်ရှိ အနက်ရောင်ဝတ်ရုံဝတ်လူကို လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုအခြင်းအရာကို မြင်တွေ့ချိန်၌ အနက်ရောင်ဝတ်စုံဝတ်လူသည် ဖြစ်စဉ်တစ်ခုလုံးအား ရီဖုန်းကို ပြောဆိုလိုက်၏။
အတိုချုပ်ပြောဆိုရလျှင် ရီဖုန်းသည် ရှီချင်းဝူ၏ငယ်ချစ်ဦးအဖြစ် အယောင်ဆောင်ရပေမည်။ထို့နောက် ရှီချင်းဝူသည် အကြီးအကဲများအားလုံး၏ပါးစပ်ပေါက်များ ပိတ်သွားစေရန်အတွက် ရီဖုန်းကို ဂိုဏ်းသို့ခေါ်ဆောင်သွားပေမည်။
"မင်း ကြိုသိထားဖို့လိုတဲ့ အချက်ကတော့ ဒီကိစ္စက အရမ်းအန္တရာယ်များတယ်....မင်းက တခြားလူတွေရဲ့ပစ်မှတ် ဖြစ်လာနိုင်တယ်"
အနက်ရောင်ဝတ်စုံဝတ်လူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ရှီချင်းဝူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"ဒါကြောင့် နင် သဘောတူတာမတူတာက နင့်အပေါ်မှာပဲ မူတည်တယ်....တကယ်လို့ နင် သဘောမတူဘူးဆိုရင် အခုချက်ချင်း ထွက်သွားလို့ရတယ်....နင် သဘောတူတယ်ဆိုရင်တော့ ငါတတ်နိုင်တဲ့အရာ ဖြစ်နေသရွေ့ နင့်ရဲ့တောင်းဆိုချက်တွေအားလုံးကို လိုက်လျောပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရှီချင်းဝူက အမူအယာကင်းမဲ့စွာဖြင့် ရီဖုန်းကို ကြည့်လေသည်။
သူမအတွက် ဤလူသည် မည်သူမည်ဝါဖြစ်ကာ မည်ကဲ့သို့အကျင့်စရိုက်မျိုးရှိသည် ဟူသောအချက်များမှာ အရေးမကြီးချေ။မည်သို့ပင်ဆိုစေကာမူ သူမသည် ဤကဲ့သို့ယောက်ျားသားတစ်ယောက်ကို လိုအပ်နေပေ၏။
ရီဖုန်းကို ကြည့်ရသည်မှာ သူမ၏မျက်လုံးအတွင်း၌ အနည်းငယ်စိတ်ကျေနပ်မှုကို ခံစားမိစေသည်။
အကယ်၍ ရီဖုန်းသဘောတူညီခြင်းမရှိပါက သူမသည် တခြားလူတစ်ယောက်ကို ထပ်မံ၍ရှာဖွေရပေမည်။
သို့ရာတွင်...
ရီဖုန်းသည် ထိုစကားကိုကြားချိန်တွင် ဤကိစ္စ အန္တရာယ်များသည်မများသည်ကို အနည်းငယ်မျှ ဂရုမစိုက်တော့ချေ။သူ၏စိတ်အတွင်း၌ 'နင် ဘယ်အရာကိုမဆို တောင်းဆိုနိုင်တယ်'ဟူသော စကားသာ ထပ်ခါတလဲလဲ ထွက်ပေါ်နေသည်။
"ကောင်းပြီလေ"
"ငါရဲ့တောင်းဆိုချက်တွေကို လိုက်လျောနိုင်မယ်ဆိုရင် ငါ ဒီကိစ္စကို သဘောတူမယ်"
ရီဖုန်းက စားပွဲကိုရိုက်ပုတ်ပြီး မတ်တတ်ထရပ်ကာ ပြောဆိုလိုက်၏။
ရှီချင်းဝူက အံ့အားသင့်သောအကြည့်ဖြင့် ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ပိုင်းခြားသိမြင်နိုင်သောစိတ်ရှိသည့် မည်သူမဆို ဤကိစ္စ၏ကောင်းကျိုးဆိုးကျိုးကို တွေ့မြင်နိုင်သဖြင့် သူတို့သည် အသက်အန္တရာယ်ရှိနိုင်သော အလုပ်တစ်ခုကို အလိုရှိမည်မဟုတ်ချေ။
သို့ရာတွင် ဤလူသည် ချက်ချင်းသဘောတူညီလိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ သူမ၏မျှော်လင့်ချက်များထက် အမှန်တကယ်ကို ကျော်လွန်နေပေ၏။
"ကောင်းပြီလေ....နင့်ရဲ့တောင်းဆိုချက်ကို ပြောပါ"
ရှီချင်းဝူ၏မျက်နှာသည် တဖန်ပြန်၍အေးစက်တင်းမာသွားကာ ဗြောင်ကျကျမေးမြန်းသည်။
"အင်း....အဟန်း...ဒါပေမယ့် ငါရဲ့တောင်းဆိုချက်က နည်းနည်းတော့မြင့်တယ်"
ရီဖုန်းက ချောင်းတစ်ချက်ဟန့်ကာ သူ၏မျက်လုံးဖြင့် ရှီချင်းဝူကို စူးစမ်းလေ့လာလိုက်သည်။
"နင် ပြောပါ"
ရှီချင်းဝူထံ၌ မျက်နှာအမူအယာကင်းမဲ့နေဆဲဖြစ်သော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ ပြင်ဆင်ထားပြီးလေပြီ။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် အလွန်လျှင်မြန်စွာသဘောတူညီလိုက်သဖြင့် သူ့ထံ၌ တောင်းဆိုချက်တစ်စုံတစ်ခု ရှိနေမည်မှာ သေချာပေါက်ပင်။
ရီဖုန်း၏တောင်းဆိုမှုသည် အလွန်မြင့်မားနိုင်ချေရှိကာ ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်တစ်ခု သို့မဟုတ် ကောင်းကင်အဆင့်အင်မော်တယ်မှော်လက်နက်တစ်ခုကိုပင် တောင်းဆိုလာနိုင်သည်။
သို့ရာတွင် သူမသည် ထိုကိစ္စကို စဉ်းစားတွေးတောပြီးဖြစ်သည်။အကယ်၍ ရီဖုန်းသည် သူမ၏အခက်အခဲများကို ဖြတ်ကျော်ပေးနိုင်ရန် အမှန်တကယ်ကူညီပေးပါက ထိပ်တန်းအဆင့်အင်မော်တယ်ရတနာ တစ်ခုနှစ်ခုကို သူ့အားပေးရမည်ဆိုလျှင်ပင် သူမ လက်သင့်ခံနိုင်သည်။
"ကောင်းပြီလေ....ဒါဆိုရင် ငါ ပြောတော့မယ်....မင်း သေချာနားထောင်တော့"
ရီဖုန်းက ထပ်မံ၍ချောင်းတစ်ချက်ဟန့်ကာ သူ၏လက်ညှိုးတစ်ချောင်းကိုထောင်ပြီး သူ၏မျက်နှာအမူအယာ အနည်းငယ်ပျာယာခတ်နေသည်။
ထို့နောက် သူ၏မျက်နှာအမူအယာ တဖြည်းဖြည်း တည်ကြည်လေးနက်စပြုလာပေ၏။
ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရှီချင်းဝူသည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ သူ့အား အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
နောက်ဆုံး၌...
ထိုလူနှစ်ယောက်၏အကြည့်များအောက်၌ ရီဖုန်းက စကားတစ်လုံးခြင်းပြောဆိုသည်။
"ငါက အင်မော်တယ်သလင်းကျောက်တစ်သိန်း လိုချင်တယ်"
"အမ်....."
ထိုတောင်းဆိုချက်ကိုကြားချိန်တွင် စိတ်ကိုအဆင်သင့်ပြင်ဆင်ထားသော ရှီချင်းဝူသည် အနည်းငယ်ကြက်သေသေသွားပေ၏။
'ဒါပဲလား....'
'အင်မော်တယ်သလင်းကျောက်လေး တစ်သိန်းပဲလား'
ရှီချင်းဝူ၏မျက်နှာပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်လာသည်။ရီဖုန်းသည် အလွန်အလေးအနက်ထားနေသဖြင့် ဤသည်မှာ အင်မော်တယ်သလင်းကျောက်တစ်သိန်းသာဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိပေ။
အကယ်၍ တစ်စုံတစ်ယောက်သည် အင်မော်တယ်ကျောက်တစ်သိန်းကို အသုံးပြုပါက အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတစ်ခုကို ဝယ်ယူရန်သာ လုံလောက်ပေမည်။
ထိုလူနှစ်ယောက် တိတ်ဆိတ်ငြိမ်သက်သွားသည်ကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်ကိုးရိုးကားယားဖြစ်သွားလေ၏။
အမှန်တကယ်ကိုပင်...
သူတို့ဖော်ပြထားချက်အရဆိုပါက ဤကိစ္စသည် အလွန်အန္တရာယ်များသည် မဟုတ်လော....
ထိုကြောင့် သူသည် အင်မော်တယ်သလင်းကျောက်အမြောက်အများကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။
သို့ရာတွင် ရီဖုန်းသည် ထိုသို့အလွန်အကျွံ့တောင်းဆိုမိသဖြင့် နောင်တရနေသောအချိန်မှာပင်....
သူ၏ရှေ့သို့ သိုလှောင်လက်စွပ်တစ်ကွင်း ပြုတ်ကျလာသည်။
"ဒါက စရံအနေနဲ့ပေးတဲ့ အင်မော်တယ်သလင်းကျောက်နှစ်သိန်းပဲ...ဒီကိစ္စတွေပြီးရင် ငါ နင့်ကို အင်မော်တယ်သလင်းကျောက်သုံးသိန်း ထပ်ပေးမယ်"
Chapter 745
ဤအချိန်တွင်...
ရီဖုန်းသည် အံ့အားသင့်သွားပေ၏။
သူသည် တခြားရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘဲ သူ့ရှေ့ရှိ သိုလှောင်လက်စွပ်ကိုကောက်ယူကာ ဖွင့်ကြည့်လိုက်သည်။ထိုနောက် လက်စွပ်အတွင်းတွင် အပုံလိုက်ရှိနေသော အင်မော်တယ်သလင်းကျောက်များကြောင့် သူ၏မျက်လုံးများ ကျိမ်းစက်သွားတော့သည်။
"ပျော်ဖို့ကောင်းလိုက်တာ"
ရီဖုန်းသည် ဝမ်းသာအားရရေရွတ်ကာ တစ်ချိန်တည်းမှာပင် သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပေ၏။
မူလက သူသည်အလွန်ဆင်းရဲသူတစ်ယောက်ပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည်သဌေးလက်သစ်တစ်ယောက် ဖြစ်လာလေပြီ။
ဤသည်မှာ အင်မော်တယ်သလင်းကျောက်တစ်သန်းမပြည့်သော်လည်း သန်းတစ်ဝက်ရှိသည်။
အနက်ရောင်ဝတ်ရုံဝတ်လူသည် ရီဖုန်း၏မယုံကြည်ရသော ပုံပန်းသွင်ပြင်ကိုကြည့်ကာ ကူကယ်ရမဲ့စွာဖြင့် မေးမြန်းသည်။
"ဂိုဏ်းချုပ်...ဒီလူကို အားကိုးလို့ရပါ့မလား"
"ပြဿနာမရှိဘူး....လူတိုင်းက အတူတူပဲ"
ရှီချင်းဝူက အမူအယာကင်းမဲ့စွာဖြင့် တုံ့ပြန်သည်။
ထို့နောက် သူမ၏မျက်လုံးအကြည့်သည် ရီဖုန်းထံသို့ တဖန်ပြန်၍ကျရောက်သွားကာ ပြောဆိုသည်။
"နင်က တခြားအထွေအထူး ဘာမှလုပ်စရာမလိုဘူး....ငါနဲ့အတူလိုက်ခဲ့ပြီးတော့ နင်က ငါ့ရဲ့ငယ်ချစ်ဦးလို့ ပြောရုံပဲ...တခြားအသေးစိတ်ကိစ္စတွေကိုတော့ နင်ဟာနင် အခြေအနေကြည့်ပြီး လှုပ်ရှားရလိမ့်မယ်"
"ဒါပေမဲ့...."
ထိုသို့ပြောဆိုရင်း သူမ၏အသံ ရပ်တန့်သွားကာ သူမ၏မျက်လုံးများ အေးစက်တင်းမာသွားပြီး ခြိမ်းခြောက်စကား ပြောဆိုလေ၏။
"တကယ်လို့ နင်က ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်မယ်ဆိုရင် နင်က ဆုလာဘ်မရရုံတင်မကဘူး...နင့်ရဲ့အသက်ကိုလည်း ငါ ယူရလိမ့်မယ်"
"ပြဿနာ မရှိဘူး...ငါက အမြဲတမ်း ရိုးရိုးသားသားနေလာခဲ့တဲ့ လူတစ်ယောက်ပဲ...ဒါ့ပြင် ငါက သရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်တယ်"
ရီဖုန်းက သူ၏ရင်ဘတ်ကိုပုတ်ကာ အာမခံစကားပြောဆိုသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ရှီချင်းဝူသည် ခေါင်းညိတ်ပြကာ သူ့၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူကို ကြည့်လိုက်သည်။ထိုလူသည် ရီဖုန်းကိုဆွဲခေါ်ကာ အဝေးသို့ပျံသန်းခဲ့တော့သည်။
ထို့နောက် သူတို့သည် သင်္ဘောပျံတစ်စီးပေါ်သို့ တက်လိုက်ကြ၏။
ထိုသင်္ဘောပျံသည် သန့်စင်ခြင်းတစ်ရာဂိုဏ်းထံသို့ဦးတည်၍ ပျံသန်းနေခြင်းဖြစ်သည်။
လမ်းတလျှောက်၌...
အနက်ရောင်ဝတ်စုံဝတ်လူသည် ရှီချင်းဝူနှင့်ပတ်သက်သော အခြေခံအချက်အလက်များနှင့်နောက်ခံအကြောင်းအရာများကို ရီဖုန်းအား ပြောပြလေ၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်စုံဝတ်လူသည် အလွန်လျှင်မြန်သောအရှိန်နှင့် ရီဖုန်းအတွက် မွေးနေနှင့်နောက်ခံအကြောင်းအရာများကို အတုဖန်တီးလိုက်သည်။
ဤသတင်းအချက်အလက်နှစ်ခုကို ပေါင်းစည်းခြင်းဖြင့် တခြားလူများသည် သူတို့နှစ်ယောက်အကြား၌ ပတ်သက်တစ်ခု အမှန်တကယ်ရှိနေသည်ဟု သက်သေပြရန် လုံလောက်သည်။
"ဒါပေမဲ့ သူတို့က ဒါကို ယုံပါ့မလား"
ရီဖုန်းက သံသယအပြည့်ဖြင့် မေးမြန်းသည်။
"မင်းက ဒီကိစ္စကို ဘာမှစိုးရိမ်ပူပန်ဖို့မလိုဘူး...အချိန်ကျလာရင် မင်း ကောင်းကောင်းသရုပ်ဆောင်နိုင်တာနဲ့ ငါတို့က တခြားကိစ္စတွေကို ဖြေရှင်းလိုက်မယ်...ဒါကြောင့် မင်းနဲ့ပတ်သက်တဲ့ ဘာအမှားအတွင်းကိုမှ တခြားလူတွေက ရှာတွေ့မှာမဟုတ်ဘူး"
အနက်ရောင်ဝတ်စုံလူက ပြောဆိုသည်။
"ကောင်းပြီလေ...ငါ နားလည်ပြီ"
ရီဖုန်းက ခေါင်းညိတ်ပြလေသည်။
တစ်ရက်ကြာပြီးနောက် ကြီးမားသောဂိုဏ်းတစ်ဂိုဏ်းက သူတို့အားလုံး၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
အစမှအဆုံးတိုင်ကြည့်ပါက ဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်း၌ အဆောက်အအုံများသည် အကန့်အသတ်မရှိများပြားသည်။မြင့်မားသောတောင်ထိပ်များသည် တိမ်တိုက်များအကြား၌ ပုန်းကွယ်နေကာ လူအများအား လျှို့ဝှက်ဆန့်ကျင်ခြင်း၏နက်နဲသိမ်မွေ့မှုကို ပေးစွမ်းနိုင်သည်။
အထူးသဖြင့် ဂိုဏ်း၏ပင်မခန်းမသည် အလွန်အမင်းကြီးကျယ်ခမ်းနားပေ၏။
ဤသည်မှာ သန့်စင်ခြင်းတစ်ရာဂိုဏ်းပင်။
"ငါ့ရဲ့အမြင်အရဆိုရင် ဒီလူတွေရဲ့ခွန်အားက အရမ်းမသန်မာပေမယ့် ဒီအဆောက်အအုံတွေကို ကြည့်မယ်ဆိုရင် သူခိုးတစ်ယောက်က ချမ်းသာကြွယ်ဝနေတဲ့အတိုင်းပဲ....ဖြစ်နိုင်တာတော့ ဒီဂိုဏ်းက ငွေရှာလို့ အရမ်းလွယ်တာများလား"
ရီဖုန်းသည် ဂိုဏ်းအတွင်း၌ ရှုပ်ယှက်ခတ်နေသော အဆောက်အအုံများကိုကြည့်ကာ သူ၏စိတ်အတွေး၌ ပထမဆုံးထွက်ပေါ်လာသည်မှာ ထိုအတွေးပင်။
"ငါက တပည့်သစ်တစ်ယောက် ရှာပြီးတော့ ကျင့်ကြံဆင့်အခြေခံကို တည်ငြိမ်အောင်လုပ်ပြီးပြီဆိုရင် အင်မော်တယ်နယ်မြေမှာ ဒီလိုမျိုးဂိုဏ်းတစ်ဂိုဏ်းကိုဖန်တီးရင် ကောင်းမလား"
ရီဖုန်း၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။
အမှန်အားဖြင့် ဂိုဏ်းတစ်ဂိုဏ်း၌ အမှိုက်ကောင်များ ရှိနေပါစေ အနည်းဆုံးအနေဖြင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားမှုမျိုး ရှိနေရပေမည်။
ဂိုဏ်းမှလူများ ထူးချွန်သည်ဖြစ်စေ မထူးချွန်သည်ဖြစ်စေ အရေးမကြီးချေ။အရေးအကြီးဆုံးကိစ္စမှာ သူ့ထံ၌ ငွေကြေးရှိနေရန်ပင်။
ကြည့်ရသည်မှာ ဤသန့်စင်ခြင်းတစ်ရာဂိုဏ်းသည် အလွန်ချမ်းသာကြွယ်ဝပုံရပေ၏။
သူ အတွေးလွန်နေသောအချိန်မှာပင် သင်္ဘောပျံသည် ရုတ်တရက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ သူ၏နံဘေးရှိ အနက်ရောင်ဝတ်စုံဝတ်လူထံမှနေ၍ အလေးအနက်ထား၍ပြောဆိုလိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်ရဲ့အချက်အလက်တွေနဲ့ မင်းကို လမ်းမှာပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို မှတ်ထားပါ...အခုအချိန်မှာ ငါတို့တွေ ဂိုဏ်းထဲကို ဝင်လိုက်တာနဲ့ မင်းရဲ့တာဝန်စပြီဆိုတဲ့သဘောပဲ"
အနက်ရောင်ဝတ်ရုံဝတ်လူက ရှင်းပြသည်။
ထိုစကားကိုကြားချိန်တွင်...
ရီဖုန်းသည် တုံ့ပြန်အဖြေပေးခြင်းမရှိသော်လည်း သူ၏ရင်ကိုကော့ကာ သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ဤအချိန်အခိုက်အတန့်၌ သူ၏ပုံပန်းသွင်ပြင်ကို ရုတ်ချည်းပြောင်းလဲလိုက်၏။
ဤမြင်ကွင်းကြောင့် သူ၏နံဘေးတွင်ရှိနေသော ရှီချင်းဝူနှင့်အနက်ရောင်ဝတ်စုံဝတ်လူတို့ အံ့အားသင့်သွားသည်။
ဤကောင်လေးကိုကြည့်ရသည်မှာ မှီခိုအားထား၍ရပုံ မပေါ်သော်လည်း သရုပ်ဆောင်အရည်အချင်း အလွန်ကောင်းမွန်သည်။
ဤကဲ့သို့အခြေအနေမျိုးသို့ သူ အလွန်လျှင်မြန်စွာ ရောက်ရှိသွားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သူသည် ဤကဲ့သို့ ဟန်ဆောင်ပန်ဆောင်လုပ်နေရန် မလိုအပ်သော်လည်း ဤသည်မှာ အပေါ်ယံအခြေအနေကို ကြည့်ကောင်းသွားစေသဖြင့် သူတို့နှစ်ယောက် အလွန်ပျော်ရွှင်သွားသည်။
သို့ရာတွင် ရီဖုန်းသည် ရှီချင်းဝူ၏နူးညံ့သေးသွယ်သောလက်ကို သူ၏လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်ကိုကြည့်ပြီး သူတို့နှစ်ယောက် ပို၍အံ့အားသင့်သွားသည်။
ဤသည်မှာ ရှီချင်းဝူ၏ခန္ဓာကိုယ်ကို အနည်းငယ်တုန်ရီသွားစေသည်။
ထို့နောက် သူမ၏ရေခဲတမျှအေးစက်သောမျက်လုံးအကြည့်သည် ရီဖုန်းထံသို့ ကျရောက်သွားကာ ခက်ထန်တင်းမာစွာပြောဆိုသည်။
"နင်က ဘယ်လိုသတ္တိနဲ့ ငါ့ကို ကိုင်ရဲတာလဲ"