← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အပိုင်း ( 70 )

သားရဲနှစ်ကောင် တိုက်ခိုက်သည့် အချိန်တွင်၊ ငါးဖမ်းသမားက အကျိုးအမြတ်ရသည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သည် မူလကိုယ်အား ကျောက်ဆူးမှတ် (သို့) ဆုံမှတ်အဖြစ် အသုံးပြုလေသည်။

ထို့ကြောင့် ကိုယ်ပွားက ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ဝင်သွားသည့် အချိန်တွင် မူလကိုယ်က ၎င်းနှင့် မည်မျှပင် ဝေးကွာနေခဲ့ပါစေ၊ ဟင်းလင်းပြင် နေရာလွတ်ထဲမှ ထပ်ထွက်လာခဲ့သည့် အခါတွင် ၎င်းသည် မူလကိုယ်၏ ဘေးဘက်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။

၎င်းမှာ ရှုကျိုးက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ကိုယ်ပွားကို ခေါ်လာရာတွင် အသုံးပြုခဲ့သည့် နိယာမတစ်ခု ဖြစ်သည်။

ဤအခိုက်အတန့်တွင် ရှုကျိုးသည် အဆိုပါ နိယာမကို အသုံးပြုကာ ရွှေတောင်ပံ T-Rexကြီးကို တိုက်ရိုက်ဆင့်ခေါ်၍ မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကို ပြန်လွှတ်ပေးလိုက်သည်။

ကီလိုမီတာ ရာပေါင်းများစွာ ကွာဝေးသည့် ကောင်းကင်ပေါ်တွင်

မီးနတ်ဆိုးငှက်သည် လေထုထဲတွင် ပျံသန်းကာ အံ့ဩမှင်သက်နေခဲ့သည်။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရွှေငှက်ကောင်က ဘယ်ရောက်သွားတာလဲ?

ခုနတုန်းကပဲ ငါ့ရှေ့မှာ ရှိနေပါသေးတယ်၊ စက္ကန့်ပိုင်းလေးအတွင်းမှာ ဘယ်လိုလုပ်ပြီးတော့ ပျောက်သွားရတာလဲ?

တစ်ချိန်တည်းမှာပင်

သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ကျရောက်လာခဲ့သည့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးမှာလည်း ထပ်တူထပ်မျှ အံ့အားသင့်နေလျက်ရှိသည်။

ခုနတုန်းက ငါ တရေးတမော အိပ်နေခဲ့တာပါ။

ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာခဲ့တာလဲ?

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

အပြင် ရောက်လာပြီပဲ !!

၎င်း၏ ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသော မျက်လုံးများသည် အလင်းတန်းများဖြင့် ရုတ်တရက် တောက်ပလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် မလှမ်းမကမ်းတွင် အသည်းအသန် ပြေးလွှားနေသည့် ရှုကျိုးကို မြင်တွေ့သွားခဲ့သည်။

ငါ့နယ်မြေထဲလာပြီး၊ ငါ့ဥတွေကို ခိုးသွားတဲ့ လူမသားပဲ !!

မိကျောင်းသားရဲ ခေါင်းဆောင်ကြီး၏ မျက်လုံးများသည် ချက်ချင်း ရဲရဲတောက်သွားတော့သည်။

“ ဝေါင်းးးး !! “

၎င်းသည် ဒေါသတကြီးဟိန်းဟောက်လာခဲ့သည်၊ လူမသားလေး၊ မင်း ပြေးလို့ မလွတ်တော့ဘူး။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ တောင်များကို တုန်ခါသွားစေခဲ့ကာ မြေပြင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် အနီးအနားရှိ ဆယ်ကောင်ထပ်ပိုသော သွေးတောင်ပံ ကျားပျံများသည် သွေးအန်သွားခဲ့ရပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြီးကြောင့် မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် မီတာ ၂၀ကျော် ရှည်လျားသည့် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးသည် ရုတ်တရက် ခုန်တက်လာကာ ရှုကျိုးဘက်သို့ ပြေးလာတော့သည်။

“ ဘမ်းး ဘမ်းး ဘမ်းးး “

ခုန်လာရင်းဖြင့် ၎င်းသည် စပါးအုံးမြွေကြီးကဲ့သို့ ကြီးမားသော ၎င်း၏အမြှီးဖြင့် များစွာသော သွေးတောင်ပံကျားပျံများကို ရိုက်ချနေခဲ့ရာ နေရာမှာပင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်

ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် မြေပြင်ပေါ်တွင် ပြေးလွှားနေခဲ့သည်။

ကျောက်ဟုန်ရင်သည် သူမ၏နောက်တွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော ဖြစ်ရပ်ကို သတိပြုမိသွားပြီး အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည် “ ဘာလို့ နောက်ထပ် ဧရာမသားရဲကြီးတစ်ကောင် ရှိနေရတာလဲ? “

“ အဲ့မိကျောင်းကောင်ကို လျစ်လျူရှုထားလိုက် “ ရှုကျိုးသည် လေးနက်နေသော လေသံဖြင့် ပြောလာခဲ့သည် “ မြန်မြန်ပြေးရမယ် “

ထို့နောက်တွင် မည်သည့်စကားကိုမှ ထပ်မပြောတော့ဘဲ ရှေ့သို့ သုတ်ခြေတင်နေတော့သည်။

“ မိကျောင်းသားရဲလား? “ ကျောက်ဟုန်ရင်သည် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ထိတ်လန့်သွားခဲ့သည် “ အဲ့တာက အရင်တုန်းက သူလုယက်ခဲ့တဲ့ အကောင်များ ဖြစ်နေမလား? “

ရှုကျိုးက မိကျောင်းသားရဲမျိုးနွယ်စု၏ အသိုက်ကို သိမ်းပိုက်ထားခဲ့သည်ဆိုသည်ကို သူမ မှတ်မိနေစဲဖြစ်သည်။

အခု အဲ့ကောင်ကြီးက ငါတို့ကို အမဲလိုက်ဖို့ ရောက်လာတာများလား?

ဧရာမ ဘီးကြီးကဲ့သို့ ကြီးမားသော အရိပ်တစ်ခုသည် သူမတို့နှစ်ဦးစလုံးကို ဖုံးလွှမ်းလာခဲ့သည်။

မိကျောင်းသားရဲ ခေါင်းဆောင်းကြီးမှ လိုက်မှီလာခဲ့ပြီ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ၎င်းသည် ၎င်း၏ ကြီးမားသော လက်သည်းများကို ဆန့်ထုတ်၍ ရှုကျိုးကို ကုတ်ချလာခဲ့သည်။

“ ဝေါင်းးး “

ထိုစဥ် အဆုံးမဲ့ ဒေါသများ ပါဝင်နေသည့် နောက်ထပ် ဟိန်းဟောက်သံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မီတာ ၃၀ကျော်ရှည်လျားသည့် ကျားခန္ဓာကိုယ်ကြီးနှင့် ဖြန့်ထုတ်ထားသော မီတာ ၄၀ကျော်ရှိသည့် တောင်ပံကြီးများသည် ကောင်းကင်ကိုပင် ဖုံးအုပ်လုနီးပါး ဖြစ်နေခဲ့သည်။

၎င်း၏ အဆုံးမဲ့ အင်အားများ ပါဝင်နေသည့် ကုတ်ချက်တစ်ခုသည် မိကျောင်းသားရဲကြီးဆီသို့ ကျရောက်လာခဲ့သည်။

မိကျောင်းသားရဲ ခေါင်းဆောင်ကြီး၏ အကြွေးခွံများ ထောင်ထသွားခဲ့ပြီး၊ ၎င်း၏ ကိုယ်ကို အမြန်လှည့်ကာ ၎င်း၏လက်သည်းများဖြင့် ပြန်လည်တိုက်ခိုက်လာခဲ့သည်။

“ ဝုန်းးးး ! “

၎င်း၏တို့၏ လက်သည်းများ တိုက်မိခြင်းသည် နားကွဲသွားစေနိုင်သည့် ဆူညံသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

မိကျောင်းသားရဲ ခေါင်းဆောင်ကြီး၏ ခန္ဓာသည် နောက်ဘက်သို့ အကြိမ်ကြိမ် ဆုတ်သွားခဲ့ရပြီးမှ ရပ်တန့်သွားခဲ့သည်။

“ ဝေါင်းးး !! “ ၎င်းသည် မေးခွန်းထုတ်နေသကဲ့သို့ နောက်ဘက်ရှိ သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့ရာတွင် သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးသည် ဒေါသအလွန်ထွက်နေခဲ့သောကြောင့် ၎င်းကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

၎င်းသည် အဆိုပါ မိကျောင်းသားရဲက သူ၏မျိုးနွယ်စုဝင်တစ်ကောင်ပေါ်တွင် ထိုင်၍ ဖိသတ်လိုက်ပြီး၊ ကျန်ရှိနေသော အကောင်များကိုလည်း အမြှီးဖြင့် ရိုက်သတ်လိုက်ကြောင်း မြင်တွေ့ခဲ့လေသည်။

အဆိုပါ လူမသားနှစ်ယောက်အတွက်ကား ……

၎င်းသည် သူတို့ကိုလည်း သတိပြုမိနေခဲ့ပြီ ဖြစ်သည်။

သို့သော် သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးအတွက်မူ မိကျောင်းသားရဲကြီးကသာလျှင် ကျူးကျော်မှု၏ တရားခံအစစ် ဖြစ်နေခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကို သတ်ဖြတ်ရန်အတွက် ရှေ့သို့ အကြမ်းပတမ်း ပြေးတက်လာခဲ့သည်။

၎င်းသည် အဆိုပါ ကျူးကျော်သူကို အမှုန့်ဖြစ်အောင် ကြိတ်ချင်နေလျက်ရှိသည်။

…

ထိုစဥ် တဟုန်ထိုး ပြေးလွှားနေသည့် ရှုကျိုးသည် နောက်ဘက်ရှိ တိုက်ပွဲခေါ်သံများကို ကြားကာ စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

“ သူတို့က တကယ်ကြီး ထချလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “ ရှုကျိုးသည် အနည်းငယ် ကံကောင်းနေသည်ဟု ခံစားသွားရတော့သည်။

ဤအချိန်တွင် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကို လွှတ်ပေးလိုက်ခြင်းသည် ပြဿနာကို ရှောင်ရှားရန် ကြံရွယ်သည့် နည်းဗျူဟာတစ်ခုဖြစ်သည်။

အဆင့်မြင့် သားရဲကောင်ကြီးအတွက်မူ နောက်ထပ် အဆင့်မြင့်သားရဲတစ်ကောင် ပေါ်လာခြင်းသည် KFC ကြက်ကြော်ကဲ့သို့ သေးငယ်သည့် သူ့လိုလူသားတစ်ဦးထပ် ပို၍ထင်ရှားထူးခြားနေမည် ဖြစ်သည်။

အကယ်၍ အဆိုပါ သားရဲနှစ်ကောင်သာ တိုက်ခိုက်ကြမည်ဆိုပါက အကြံအစည် အောင်မြင်သွားမည်ဖြစ်ပြီး၊ ရလဒ်မှာလည်း သူ့အတွက် စိတ်ကျေနပ်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။

ကျောက်ဟုန်ရင်မှာလည်း အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသွားခဲ့သည် “ အဲ့တာက ဖြစ်ရောဖြစ်နိုင်ရဲ့လား? “

ထို့နောက်တွင် သူမသည် မနေနိုင်တော့ဘဲ ရှုကျိုးကို လှမ်းကြည့်လိုက်ပြီး၊ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် စိတ်ရှုပ်ထွေးသွားသည့် အရိပ်အငွေ့လေးများ ဖြစ်ပေါ်လာခဲ့သည်။

သူမသည် မိကျောင်းသားရဲကြီးက မည်ကဲ့သို့ ပေါ်လာလဲဆိုသည်ကို မသိသော်လည်း ၎င်းက ရှုကျိုးနှင့် သက်ဆိုင်နေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

“ သွားကြစို့ “ ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့ပြီး၊ အမြန်လွတ်မြောက်ရန်အတွက် ဤအခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်၊ ဤကဲ့သို့ တိုက်ပွဲကြီးတစ်ခုသည် သူပါဝင်ဆင်နွှဲနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ရှုကျိုးနောက်သို့ လိုက်ကာ အပြင်ဘက်သို့ အမြန် ထွက်သွားတော့သည်။

မကြာခင်မှာပင် သူမတို့သည် သွေးတောင်ပံ ကျားပျံများ၏ ဝိုင်းရံထားမှုမှ ဖောက်ထွက်နိုင်ခဲ့သည်။

အရှေ့ဘက်ရှိ သစ်ပင်များသည် တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ ဖြစ်သည်။

“ ဟမ်? “ ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ အဲ့တာက ……. “

ကြီးမားသော ကွင်းပြင်တစ်ခု ရှေ့တွင် ရှိနေခဲ့ပြီး ထို့နောက်တွင် ကြီးမားသော ပုလ္လင်ကြီးတစ်ခုသည် သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ပုလ္လင်သည် ထောင်နှင့်ချီသော လူသားဦးခေါင်းခွံများဖြင့် ပြုလုပ်ထားခဲ့ပြီး၊ ဖြူစွပ်ကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ပုလ္လင်၏ ပတ်ပတ်လည်တွင် သာမန်ပစ္စည်းများဖြင့် မဟုတ်ဘဲ လူသားတို့၏ အရေပြားတို့ဖြင့် ပြုလုပ်ထားသော အလံများ လေထဲတွင် လွှင့်ထူထားလျက်ရှိသည်။

သွေးစွန်းနေသော လူ့အရေပြားများကို ဂူပေါက်ဝတွင် ချိတ်ဆွဲထားသည်မှာ အလွန် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း မအံ့ဩသွားခဲ့ပေ။

ဗီဇပြောင်းသားရဲများ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သောကြောင့် သူ့အရှေ့ရှိ မြင်ကွင်းသည် သူ့အား တုန်လှုပ်မသွားစေခဲ့ပေ။

“ ဒါက သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးရဲ့ အသိုက်များ ဖြစ်နေမလား? “ ရှုကျိုးသည် စဥ်းစားခန်းဝင်နေတော့သည်။

ဤကွင်းပြင်ကျယ်ကြီးသည် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပင်မနေရာဖြစ်နေမည်မှာ သေချာလှပေသည်။

သူတွေးတော စဥ်းစားနေသည့် အချိန်တွင် အဝေးက သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးမှ ရုတ်တရက် ဟိန်းဟောက်လာခဲ့သည်။

“ ဝေါင်းးးးး “

အနောက်ဘက်ရှိ သွေးတောင်ပံ ကျားပျံအုပ်သည် သူတို့ကို စတင်၍ ဝိုင်းရံလာကြသည်။

“ သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးက ငါတို့ကို တွေ့သွားပြီ “ ရှုကျိုးသည် ထိတ်လန့်သွားခဲ့သည်၊ ထို့နောက်တွင် ဤနေရာက ၎င်း၏အသိုက်ဖြစ်သည်ဆိုသည်ကို လုံးဝသေချာသွားခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ပါက သူတို့သည် ၎င်း၏ အာရုံကို ဆွဲဆောင်မိသွားလိမ့်မည် မဟုတ်ပေ။

“ မြန်မြန်ပြေး “ ရှုကျိုးသည် အချိန်ဖြုန်းမနေတော့ဘဲ ကွင်းပြင်ထဲသို့ လျင်မြန်စွာ ပြေးသွားတော့သည်။

ပြန်လမ်းမရှိသောကြောင့် ရှေ့သို့သာ ဆက်သွားရမည် ဖြစ်သည်။

“ ဟမ်? “ ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် ထူးဆန်းသော သင်းရနံ့တစ်ခုကို အနံခံမိသွားသည်။

စူးရှထက်မြက်သော မျက်လုံးများပိုင်ဆိုင်ထားသည့် ရှုကျိုးသည် ပုလ္လင်အောက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။

အနံ့မှာ သိပ်မပြင်းလှသော်လည်း၊ ရှုကျိုး၏ အာရုံငါးပါးမှာ အလွန်ထက်မြက်နေခဲ့သောကြောင့် သူသည် ၎င်းကို အဝေးမှပင် အနံ့ခံမိနေခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် ၎င်းကို သူ၏နှာခေါင်းဖြင့် အနံ့ခံနေတော့သည်။

စပယ်နှင့် နံ့သာဖြူတို့ ရောစပ်ထားသကဲ့သို့ ထူးခြားသော ရနံ့တစ်ခုသည် သူ၏နှာခေါင်းပေါက်ထဲသို့ တိုးဝင်လာခဲ့ပြီး၊ သူ့အား ဆွဲဆောင်သွားခဲ့သည်။

“ အဲ့တာက ….. “ ရှုကျိုး၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

သူသည် ၎င်းက မည်သည့်အရာဖြစ်လဲဆိုသည်ကို မသိပေ၊ သို့သော် သွေးတောင်ပံ ကျားပျံမျိုးနွယ်စုမှ ခေါင်းဆောင်ကြီး၏ ပုလ္လင်အောက်တွင် ထားထားသော အရာတစ်ခု ဖြစ်နေသောကြောင့် ၎င်းက တန်ဖိုးတစ်ခုရှိသည်ဆိုသည်ကို သိနေခဲ့သည်။

“ ငါ့ကို ခဏလောက် စောင့်နေဦး “ ရှုကျိုးမှ ကျောက်ဟုန်ရင်ကို ပြောလိုက်သည်။

ထို့နောက်တွင် သူသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ပုလ္လင်ဆီသို့ ချက်ချင်းပြေးထွက်သွားရာ ၎င်း၏အောက်ဘက်တွင် ဖွက်ထားသည့် ဝိုင်အိုးကြီးများ ရှိနေသည်ကို မြင်တွေ့သွားတော့သည်။

ရှုကျိုးသည် အဆိုပါ ဝိုင်အိုးအားလုံးကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်နေတော့သည်။

သူသည် ရွှေတောင်ပံ T-Rexကြီးကို မလွှတ်ပေးခဲ့ပေ။

၎င်း၏ ခန္ဓာကိုယ်မှာ အလွန်ကြီးထွားနေခဲ့သောကြောင့် ဧရာမ သားရဲကြီးနှစ်ကောင်၏ အာရုံများကို ဆွဲဆောင်သွားနိုင်လေသည်။

ထို့ကြောင့် လူသားပုံစံဖြင့် ပြေးလွှားနေခြင်းကသာလျှင် ပိုကောင်းနေလိမ့်မည် ဖြစ်သည်။

“ ဝှစ် !! “

ရှုကျိုးသည် ဝိုင်အိုးကို ဖက်ကာ ကျောက်ဟုန်ရင်ထံသို့ ပြန်ရောက်လာခဲ့သည်။

အရာအားလုံးက နှေးကွေးကြာရှည်နေသည့် ပုံပေါ်နေသော်လည်း၊ တကယ်တမ်းတွင် ထိုအရာအားလုံးမှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ နောက်ဘက်ရှိ သွေးတောင်ပံ ကျားပျံသားရဲများသည် သူတို့ကို ဝိုင်းရံထားကြပြီ ဖြစ်သည်။

“ ပုလ္လင်ပေါ်မှာ ရှာတွေ့ခဲ့တယ် “ ရှုကျိုးသည် ဝိုင်အိုးကို ကျောက်ဟုန်ရင်ဆီသို့ အမြန် ပစ်ပေးလိုက်သည်။

သူတို့နှစ်ဦးစလုံးသည် ဆက်လက်၍ ပြေးလွှားနေကြတော့သည်။

ကျောက်ဟုန်ရင်သည် ဝိုင်အိုးကို ဖမ်းလိုက်ပြီး၊ ချစ်စဖွယ်ကောင်းသည့် သူမ၏ မျက်နှာလှလှလေးပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူမသည် ၎င်းကို သတိမပြုမိခဲ့ပေ။

ပုလ္လင်၏ ပြင်းထန်လှသော သွေးနံ့များသည် ထိုရနံ့ကို ဖုံးနေခဲ့ပြီး၊ ရှုကျိုး၏ အားကောင်းလွန်းသော စိတ်စွမ်းအင်ကြောင့်သာလျှင် ၎င်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျောက်ဟုန်ရင်သည် ဝိုင်အိုးကို ကိုင်ထားရင်းဖြင့် တစ်စုံတစ်ခုကို အနံ့ခံမိသွားပြီး၊ သူမ၏နှာခေါင်းလေး လှုပ်ရမ်းသွားခဲ့သည်။

အဝေးသို့ ရောက်လာသောအခါတွင် သူမသည် သိလိုစိတ်ဖြင့် သူမ၏ ပွေ့ဖက်မှုကို ခံထားရသည့် ဝိုင်အိုးကို ဖွင့်ကြည့်လိုက်ရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

…………………………………………………………………………………………………………………….

အပိုင်း ( 71 )

စိတ်တိုနေသော မိကျောင်းသားရဲ ခေါင်းဆောင်ကြီး

ဝိုင်အိုးထဲတွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်သန့်စင်သော အရည်များသည် ဘေးနှစ်ဖက်သို့ ဘောင်ဘင်ခတ် သွားလာနေလျက်ရှိသည်။

“ ဒါက ….. “ ကျောက်ဟုန်ရင်သည် တအံ့တဩဖြင့် ကြည့်နေတော့သည် “ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်လား? “

“ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်လား? “ ရှုကျိုးမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် ထိုကဲ့သို့ နာမည်မျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် ကြားလိုက်ရခြင်း ဖြစ်သည်။

“ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်က ဘာကြီးလဲ? “ ရှုကျိုးသည် ပြေးလွှားနေရင်းဖြင့် ကျောက်ဟုန်ရင်ကို မေးမြန်းလိုက်သည်။

ကျောက်ဟုန်ရင်မှ လေသံတိုးတိုးလေးဖြင့် ပြောပြလာခဲ့သည် “ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်က ဗီဇပြောင်းသားရဲတွေ သောက်တဲ့ ဝိုင်ပဲ “

“ ဒါပင်မဲ့ အဲ့တာက လူတွေ သောက်တဲ့ဟာနဲ့ မတူဘူး၊ အဲ့တာကို သားရဲမျိုးနွယ်စုရဲ့ အလောင်းတွေဆီကနေ အချဥ်ဖောက်ထားတာ “

“ အလောင်းတွေလား? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။

အလောင်းတွေဆီကနေ ဝိုင်အချဥ်ဖောက်တာလား?

ကျောက်ဟုန်ရင်မှ ဆက်လက်၍ ပြောပြလာခဲ့သည် “ အဲ့တာက ရွံ့စရာကောင်းတဲ့ပုံပေါ်ပင်မဲ့ တန်ဖိုးကတော့ သားရဲအူတိုင်ထပ်တောင် ပိုမြင့်တယ် “

“ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည် ပုလင်းအသေးလေးကိုတောင် ယွမ် ၁သိန်းနဲ့ ရောင်းလို့ရတယ် “

သူမ၏ အမူအရာ လေးနက်သွားခဲ့သည် “ ဒီလိုဝိုင်အိုးကြီးဆိုရင်တော့ ယွမ်သန်းဂဏန်းနဲ့တောင် ရောင်းလို့ရတယ် “

သန်းဂဏန်းလား?

ရှုကျိုး၏ ရင်ခုန်သံများ ရပ်တန့်သွားခဲ့သည်။

သူသည် ဤအရာက ပစ္စည်းကောင်းဖြစ်သည်ဆိုသည်ကို သိနေခဲ့သော်လည်း ဤမျှလောက် တန်ဖိုးကြီးနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

သားရဲအူတိုင်တစ်ခုကတောင် ယွမ်တစ်သိန်းလေးပဲ ရတာ၊ ဒီအိုးတွေက ယွမ်သန်းနဲ့ချီပြီးတော့ ရတယ်ပေါ့?

ရှုကျိုးသည် ကျောက်ဟုန်ရင်ကို စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်သည်၊ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် တန်ဖိုးရှိနေရတာလဲ?

ကျောက်ဟုန်ရင်သည် သူ၏စိတ်ရှုပ်ထွေးနေမှုကို မြင်ရသောကြောင့် ရှင်းပြလာခဲ့သည် “ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်က တစ်ခါတစ်လေမှာ သားရဲနှလုံးတွေ၊ သားရဲအူတိုင်တွေကို သုံးပြီးတော့တောင် အချဥ်ဖောက်ထားတတ်တယ် “

“ သားရဲမျိုးနွယ်စုရဲ့ အစွမ်းထက် အဖွဲ့ဝင်တွေဆီမှာ ထူးခြားတဲ့ အရသာရှိပြီးတော့၊ တစ်ခြားမျိုးနွယ်စုတွေဆီက ကိုယ်အဂ်ါတွေ ဖြစ်တဲ့ နဂါးချိုတွေ၊ ဝက်ဝံလက်သည်းတွေ၊ ကျားလိင်တံ၊ သိုးမြစ်အဲ့လို ဟာတွေကို ထပ်ထည့်တတ်တယ် “

“ တိုတိုတုတ်တုန် ပြောရရင်တော့ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ရဲ့ ဖွဲ့စည်းပုံက တော်တော်လေးကို ရှုပ်တယ်၊ ဒါပင်မဲ့ ဗီဇပြောင်းသားရဲတွေထဲမှာ တတိယအဆင့်နဲ့ အဲ့အထက်က သားရဲတွေကပဲ ဝိုင်ချက်တတ်တယ် “

“ အဲ့ဒီ ဗီဇပြောင်းသားရဲတွေက အသက်စွမ်းအား တော်တော်ကောင်းပြီး အသက်ရှည်တတ်တယ်၊ ဝိုင်ချက်တာက သူတို့တွေရဲ့ ဝါသနာတွေထဲက တစ်ခုပဲ “

ကျောက်ဟုန်ရင်မှ လျင်မြန်စွာ ပြောပြလာခဲ့သည် “ ဒါပင်မဲ့ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ကို ချက်ဖို့အတွက် တော်တော်ကြီးကို အချိန်ယူရတယ်၊ တစ်ခါတစ်လေမှာ သားရဲနှလုံး ရာနဲ့ချီ ဒါမှမဟုတ် သားရဲအူတိုင်ရာနဲ့ချီ သုံးပြီးတော့ နှစ်နဲ့ချီပြီးတော့ကို အချိန်ယူရတယ် “

“ အဲ့တာကြောင့် တန်ဖိုးက တော်တော်မြင့်နေတာ “

ရှုကျိုး နားလည်သွားခဲ့သည်။

သန်းနဲ့ချီပြီးတော့ကို တန်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

“ ဒီဟာတွေနဲ့ဆိုရင် ငါ့ရဲ့ ကိုယ်ပွားက မထင်မှတ်ထားလောက်တဲ့ အဆင့်အထိ တိုးတက်သွားလောက်တယ် “ ရှုကျိုး ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ဂျက်ပေါ့ပေါက်သွားခဲ့ပြီ ဖြစ်ပြီး၊ ရိတ်သိမ်းမှုသည် မိကျောင်းသားရဲ လှိုဏ်ဂူမှ ရရှိခဲ့သည့် ပစ္စည်းများထပ် ပို၍ များပြားနေခဲ့သည်။

ထိုအချိန်တွင် ကျောက်ဟုန်ရင်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဒီဝိုင်အိုးကြီးဆိုရင် အနည်းဆုံး နှစ်၄၀လောက် အချိန်ယူခဲ့ရမယ်ထင်တယ် “

“ တကယ်လို့ သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးသာ သိသွားမယ်ဆိုရင် ငါတို့ကို ရေဆုံးမြေဆုံးအထိ လိုက်သတ်မှာကို ငါကြောက်တယ် “

ကျောက်ဟုန်ရင်၏ အမူအရာသည် အံ့ဩဖွယ်ကောင်းလောက်အောင် ဆိုးရွားလာခဲ့သည်။

သူမသည် ရှုကျိုးက အိုးမည်မျှ ယူလာခဲ့လဲဆိုသည်ကို မသိပေ။

အကယ်၍ တစ်အိုးမျှသာ ယူခဲ့သည်ဆိုလျှင်တောင်မှ သွေးတောင်ပံ ကျားပျံခေါင်းဆောင်ကြီးသည် သူမတို့ကို သက်ညှာပေးလိမ့်မည် မဟုတ်ပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာသည် အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့သည်။

သူသည် အိုးတစ်လုံးသာ ယူလာခဲ့ခြင်း မဟုတ်ဘဲ၊ ရှိသမျှ အိုးရှစ်ခုစလုံး ယူလာခဲ့ခြင်း ဖြစ်သည်၊ ကျားပျံတို့၏ အသိုက်သည် သူ့ကြောင့် ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။

“ နှစ်လေးဆယ်လား? “ ရှုကျိုးသည် မနေနိုင်တော့ဘဲ တံတွေးမျိုချလိုက်ရသည်။

သွေးတောင်ပံ ကျားပျံ ဘိုးဘေးသည် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ကို ချက်လုပ်ရန်အတွက် နှစ် ၄၀ အချိန်ယူခဲ့ရပြီး၊ သူသည် ထိုအရာအားလုံးကို ယူဆောင်လာခဲ့သည်။

အကယ်၍ ၎င်းကသာ ထိုအကြောင်းကို သိသွားမည်ဆိုပါက သူတို့ကို မသေမချင်း လိုက်သတ်လာမည် ဖြစ်သည်။

အမှန်တိုင်းပြောရမည်ဆိုပါက အကယ်၍ ရှုကျိုးက မည်သည့်အရာမှ မယူခဲ့ဘူးဆိုလျှင်တောင်မှ ၎င်းသည် သူတို့ကို လိုက်သတ်နေဦးမည် ဖြစ်သည်။

သူသည် ကျားပျံမျိုးနွယ်စု၏ အသိုက်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့မိသောကြောင့် ဖြစ်သည်။

လူ့ဦးခေါင်းများနှင့် လူ့အရေပြားတို့ကို ကြည့်ခြင်းအားဖြင့် ထိုကောင်က မည်သည့်လူသားကိုမှ အလွတ်မပေးခဲ့ဘူးဆိုသည်မှာ သိသာလွန်းလှသည်။

“ ပြေးးးး “ ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် အရှိန်တင်၍ ပြေးလိုက်ရာ သူ၏ပုံရိပ်သည် မှုန်ဝါးဝါး ဖြစ်သွားတော့သည်။

သူသည် ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရမည် ဖြစ်သည်။

ရှုကျိုးသည် ဦးတည်ရာမဲ့ ပြေးလွှားနေခဲ့ခြင်း မဟုတ်ဘဲ အစွမ်းထက် သိုင်းပညာရှင် အုပ်စု၏ ခြေရာများအတိုင်း ပြေးနေခဲ့ခြင်း ဖြစ်သည်။

…

ထိုအချိန် သွေးတောင်ပံ ကျားပျံ မျိုးနွယ်စု၏ ပိုင်နက်ထဲ၌

“ ဝေါင်းးးး “

ကြောက်မက်ဖွယ်ကောင်းသော သားရဲ ဟိန်းသံများသည် လေထုထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်နေခဲ့သည်။

ထိုအခိုက်အတန့်၌ မိကျောင်းသားရဲ ခေါင်းဆောင်ကြီး၏ စိတ်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်နေမှုများနှင့် ပြည့်နှက်နေလျက်ရှိသည်။

သူသည် သောက်ကျိုးနည်း နေရာလွတ်ထဲမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပြီး၊ မုန်းစရာကောင်းသည့် ထိုလူမသားလေးကို မြင်တွေ့ခဲ့သည်။

၎င်းသည် ထိုလူမသားကို ဖမ်းမိကာ ရန်ကြွေးဟောင်းများကို လက်စားချေနိုင်တော့မည့်အတွက် ကံကောင်းသည်ဟု ထင်နေခဲ့မိသည်။

သို့သော် ကြီးမားသော ကျားပျံသားရဲကြီးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး မည်သည့်စကားမှ မပြောဘဲ၊ သေဆုံးသည်အထိ တိုက်ခိုက်ရန် သူ့ကို စိန်ခေါ်လာခဲ့သည်။

ရန်ပွဲသည် ရန်ပွဲဖြစ်သော်လည်း မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် မည်သည့်အရာကိုမှ မကြောက်ပေ။

သို့သော် တိုက်ခိုက်နေရင်းဖြင့် ၎င်းသည် သူက ပြိုင်ဘက်ကို အနိုင်မတိုက်နိုင်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

“ ဖု !!! “

မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် ကျားပျံခေါင်းဆောင်ကြီး၏ လက်သည်းကုတ်ချက်ကို ခံလိုက်ရပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှ သွေးများ စီးကျလာခဲ့ကာ နာကျင်စွာ အော်မြည်လာခဲ့သည်။

ငါက ဘယ်လိုကောင်ကြီးကို ဆန့်ကျင်ခဲ့မိတာလဲ?

ပထမဦးဆုံးအနေဖြင့် သူ၏ မိကျောင်းဥများ အခိုးခံရပြီး၊ ယခုတွင်မူ အကြောင်းပြချက်မရှိဘဲ အရိုက်အနှက်ခံနေခဲ့ရပြီ ဖြစ်သည်။

ဒီရက်တွေအတွင်းမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ?

ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ?

ယခုတွင် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် အခြေအနေကို အကြမ်းဖျင်းနားလည်နေခဲ့ပြီ ဖြစ်သည်။

ငါ ပြုတ်ကျလာခဲ့တဲ့ အချိန်တုန်းက ကျားပျံတွေကို မတော်တဆ တက်နင်းခဲ့မိလို့များလား?

ကျားပျံကြီးက ငါ့ကို ကျူးကျော်သူအဖြစ် သတ်မှတ်ပြီးထားတော့ သတ်ချင်နေတာပဲ။

“ အဲ့တာက ဟိုလူမသားရဲ့ အကြံအစည်တွေပဲ ဖြစ်ရမယ် “ မိကျောင်းသားရဲခေါင်းဆောင်ကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် ငိုကြွေးနေတော့သည်။

၎င်းသည် အဆိုပါ လူမသားက ဤကိစ္စကို မည်ကဲ့သို့ စီစဥ်ခဲ့လဲဆိုသည်ကို မသိသော်လည်း၊ ၎င်းက ထိုကောင်နှင့် သက်ဆိုင်နေသည်ဆိုသည်ကို အလွန်သေချာနေခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ၏အခြေအနေသည် ဤမျှလောက် ဆိုးရွားနေလိမ့်မည် မဟုတ်ပေ။

“ ဟပ် !!! “

ယခုတွင် ကျားပျံ ခေါင်းဆောင်ကြီးသည် နောက်ထပ်တစ်ကြိမ် ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။

မီတာ ၃၀ကျော် ရှည်လျားကာ ကြောက်မက်ဖွယ် စွမ်းအားများ သယ်ဆောင်ထားသည့် ကျားပျံကြီးသည် မိကျောင်းကြီးဆီသို့ ပြေးဝင်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် မိကျောင်း သားရဲခေါင်းဆောင်ကြီးမှ အလျင်အမြန် တိမ်းရှောင်လိုက်သည်။

“ ဝေါင်းးးး !! ဝေါင်းးးး !! ဝေါင်းးးး !! “

မိကျောင်းသားရဲကြီးသည် ဆက်တိုက် ဟိန်းဟောက်၍ တစ်စုံတစ်ခုကို ရှင်းပြရန် ကြိုးပမ်းလာခဲ့သည်။

သို့ရာတွင် မျိုးနွယ်စုနှစ်ခုကြားရှိ ဘာသာစကားများသည် လုံးဝ အချိတ်အဆက် မိမနေခဲ့ချေ။

ကျားပျံခေါင်းဆောင်ကြီးသည် မိကျောင်းကြီးက ဒေါသတကြီး ဟိန်းဟောက်လာသည်ကို မြင်တွေ့လိုက်ရသည့် အချိန်တွင် ၎င်းက သူ့အား စော်ကားနေသည်ဟု အထင်မှားကာ ပို၍ ဒေါသထွက်သွားခဲ့သည်။

ငါ့ပိုင်နက်ထဲ ကျူးကျော်လာတယ်၊ ငါ့မျိုးနွယ်ဝင်တွေကို သတ်တယ်၊ အခုတော့ ငါ့ကိုပါ စော်ကားရဲနေပြီပေါ့။

သေချင်နေတာပဲ !!

“ ဝေါင်းးး !! “

ကျားပျံ ခေါင်းဆောင်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်၍ ၎င်း၏လက်သည်းကို လွှဲရမ်းလိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော အားတစ်ခုသည် လေထုကို ဖိနှိပ်ကာ ပေါက်ကွဲသံများ ဖြစ်ပေါ်လာစေခဲ့သည်။

အားပါပြင်းထန်လှသော ကုတ်ချက်တစ်ခုသည် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးထံသို့ တည့်တည့်ကျရောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် မရှောင်ရှားနိုင်တော့သောကြောင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် သွေးစွန်းနေသော ဒဏ်ရာကို ပို၍ ဆိုးရွားသွားစေခဲ့သည်။

“ ဇွီ !!! “

မိကျောင်းကြီးသည် ဟိန်းဟောက်နေခြင်းကို ရပ်တန့်ကာ စိတ်စွမ်းအင် လှိုင်းတစ်ခု ထုတ်လွှင့်လိုက်သည်။

၎င်းသည် သားရဲမျိုးနွယ်စုများ၏ စွမ်းရည်တစ်ခု ဖြစ်သည်။

စိတ်စွမ်းအင် လှိုင်းများမှတစ်ဆင့် မျိုးနွယ်ပေါင်းစုံ ဆက်သွယ် စကားပြောနိုင်ကြလေသည်။

အဆိုပါ စွမ်းရည်သည် အလွန်ရှားပါးလွန်းလှပြီး၊ ဗီဇပြောင်းသားရဲများကြားမှာပင် မြင်ရခဲလျက်ရှိသည်။

ယခင်က ၎င်းမှ ရှုကျိုးကို လျင်မြန်စွာ ရှာတွေ့သွားခဲ့ခြင်းမှာ သူ၏အနံ့ကို ခံနေခဲ့ခြင်းကြောင့် မဟုတ်ဘဲ အဆိုပါ စွမ်းရည်ကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။

အဆိုပါ စွမ်းရည်အား ပေါ့ပေါ့ပါးပါး အသုံးပြု၍ မရပေ။ ၎င်းကို အသုံးပြုခဲ့သည့် အချိန်တိုင်းတွင် ၎င်း၏ စိတ်စွမ်းအားသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားလေ့ရှိသည်။

သို့သော် ယခု၌ မိကျောင်းသားရဲကြီးသည် ရွေးချယ်စရာ မရှိတော့သောကြောင့်၊ အဆိုပါ စွမ်းရည်ကို ထပ်မံ၍ အသက်သွင်းကာ ကျားပျံခေါင်းဆောင်ကြီးနှင့် စကားပြောရန် ကြိုးပမ်းလိုက်သည်။

“ ဝေါင်း? “

ချက်ချင်းဆိုသလိုပင် ကျားပျံခေါင်းဆောင်ကြီးသည် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခုကို ချပြလာခဲ့သည်။

၎င်းသည် မိကျောင်းသားရဲ၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။

ဒါက အထင်လွဲနေတာလား?

လူမသားရဲ့ လှည့်စားမှုလား?

“ ဝေါင်းး “ ကျားပျံခေါင်းဆောင်ကြီးသည် သူ့ကို ပြန်၍ ဟိန်းဟောက်လာခဲ့သည် “ မင်းကမှ လှည့်စားနေတာနဲ့ တူတယ် “

၎င်းကို မြင်လိုက်ရသောအခါတွင် မိကျောင်းသားရဲကြီးသည် ချွေးပြန်သွားခဲ့ပြီး၊ အလောတကြီး ဆက်ရှင်းပြလာခဲ့သည်။

၎င်းသည် ဤရက်ပိုင်းအတွင်းတွင် သူကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော အဖြစ်အပျက်များအကြောင်းကို ပြောပြနေတော့သည်။

၎င်းမှာ အလွန် ရှက်ဖွယ်ကောင်းလှသည်။

သို့သော် ရှင်သန်နိုင်ရန်အလို့ငှာ၊ ထိုလူမသားကို သတ်နိုင်ရန် အလို့ငှာ ၎င်းထံတွင် ရွေးချယ်စရာ မရှိတော့ပေ။

သို့ရာတွင် ၎င်း၏ စကားကို နားထောင်ခဲ့ပြီးသည့်နောက်မှာပင် ကျားပျံခေါင်းဆောင်ကြီးသည် ၎င်းကို ဂရုစိုက်မနေခဲ့ပေ၊ သူသည် အဆိုပါ လူမသားများကို လုံးဝအလွတ်ပေးမည် မဟုတ်ပေ။

သူ၏ ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် အချိန်ကတည်းက ထိုလူမသားနှစ်ကောင်ကို လူသားအလံပြုလုပ်ရန်အတွက် ရည်ရွယ်ထားခဲ့ပြီးပြီ ဖြစ်သည်။

ကျားပျံခေါင်းဆောင်ကြီး အတွက်မူ သူ့ရှေ့ရှိ မိကျောင်းသားရဲကြီးက မည်သည့်တန်ဖိုးမှ မရှိပေ။

ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့အတွက်ကား …….

ထိုလူမသားနှစ်ဦးက ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင်တောင်မှ အကယ်၍ သူ၏အမြန်နှုန်းနှင့်သာဆိုပါက လျင်မြန်စွာ လိုက်မှီသွားမည် ဖြစ်သည့်အတွက် ၎င်းက အရေးပါနေလိမ့်မည် မဟုတ်ပေ။

လူသားတို့သည် အနိမ့်ကျဆုံးသော မျိုးနွယ်စုဖြစ်ပြီး၊ သူ၏ခြေအောက်တွင် ရှိနေသင့်ကာ၊ ကျားပျံမျိုးနွယ်စု၏ ကျော်ကြားမှုအတွက် လူသားအလံများသာ ဖြစ်လာသင့်ပေသည်။

ထိုအခိုက်အတန့်တွင် ကျားပျံ ခေါင်းဆောင်ကြီးသည် မိကျောင်းသားရဲကြီးကို သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်၊ အဆိုပါ လူမသားနှစ်ကောင်ကို မကိုင်တွယ်ခင် အချိန်တွင် ၎င်းသည် မိကျောင်းကြီးကို အရင်အပြတ်ရှင်းချင်နေသည့်ပုံပင်။

“ ဟမ်? “

ထိုအချိန်တွင် ကျားပျံခေါင်းဆောင်ကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ပုလ္လင်ဘက်သို့ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လှည့်ကြည့်နေတော့သည်။

၎င်း၏ မျက်လုံးကြီးများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

“ ဝှစ် !! “

နောက်ထပ် စက္က့န်ပိုင်းအတွင်းတွင် ၎င်းသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ပုလ္လင်ဆီသို့ ပြေးသွားတော့သည်။

သုံးစက္ကန့်အကြာတွင်

ကမ္ဘာမြေ တုန်ခါသွားစေသည့် ဟိန်းဟောက်သံကြီးတစ်ခုသည် ပုလ္လင်ဘက်မှ ပေါ်ထွက်လာခဲ့သည်။

………………………………………………………………………………………………………

အပိုင်း ( 72 )

ရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ် !!

တောအုပ်ထဲတွင်

ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် သုတ်ခြေတင် ပြေးလွှားနေလျက်ရှိသည်။

ထိုအချိန်၌ သူတို့သည် သွေးတောင်ပံ ကျားပျံတို့၏ ပိုင်နက်နှင့် မိုင်၁၀၀ကျော် ကွာဝေးသော နေရာအထိ ပြေးလာခဲ့ပြီးပြီ ဖြစ်သည်။

ရှုကျိုး၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ကြည့်ရတာတော့ အကြပ်အတည်းကို ယာယီ ရှောင်ရှားနိုင်သွားတဲ့ပုံပဲ။

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူခရီးစဥ်က တကယ် တန်တာပဲ ” ရှုကျိုးသည် တစ်ကိုယ်တည်း စဥ်းစားနေလျက်ရှိပြီး၊ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကို မဖိနှိပ်ထားနိုင်ခဲ့ပေ။

တစ်ဒါဇင်(သို့) ထို့ထပ် ပိုသော မိကျောင်းသားရဲဥများက သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင်‌ နေရာလွတ်ထဲ၌ ရှိနေသေးစဲဆိုသည်ကို သူသတိပြုမိသွားခဲ့သည်။

သူတို့တွေက ရှိနေသေးတာပဲ !!

မိကျောင်းသားရဲကြီးက သတိမမူမိသည့် အချိန်တွင် အပြင်ဘက်သို့ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည် ဆိုသည်မှာ သိသာလွန်းလှသည်။

အဆိုပါ မိကျောင်းသားရဲဥများ၏ တန်ဖိုးမှာလည်း အတော်အတန် များပြားလှသည်၊ ယခု၌ သူ့တွင် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည် ဝိုင်အိုး၇လုံးပါ ရှိနေခဲ့ပြီ ဖြစ်သည်။

သူ၏ကြွယ်ဝချမ်းသာမှုသည် သန်း၂၀ကိုပင် ကျော်လွန်သွားလောက်ပြီ ဖြစ်သည်။

၎င်းကို တွေးမိသွားသောအချိန်၌ ရှုကျိုး၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သို့သော် မကြာခင်မှာပင် စိုးရိမ်စိတ် ဝင်လာခဲ့သည်။

“ လီရို့ရှီကော ဘယ်လိုနေလဲ မသိဘူး “ ရှုကျိုး တွေးပူသွားတော့သည်။

သူတို့ လူချင်းကွဲလာခဲ့သည်မှာ တစ်လကျော်နေခဲ့ပြီ ဖြစ်သည်။

လီရို့ရှီက သူမတစ်ယောက်တည်းနဲ့ ဒီလောက်အကြာကြီး တောင့်ခံထားနိုင်ပါ့မလား?

“ ဒီကိစ္စတွေ ရှင်းပြီးသွားရင် အပြင်ပိုင်းနယ်မြေကို ပြန်ဖို့ လမ်းအမြန်ရှာရမယ် “ ရှုကျိုးမှ သန္နိဌာန် ချလိုက်သည်။

ဆယ်ရက်ကျော်အတွင်းတွင် စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းက ထပ်မံ၍ အသက်ဝင်လာမည် ဖြစ်သည်။

ထိုအချိန်တွင် အားလုံးသည် စုမှတ်တွင် လူစုရမည် ဖြစ်သည်။

အကယ်၍ လီရို့ရှီကသာ တောင့်ခံထားနိုင်မည်ဆိုပါက သူသည် သူမကို ထိုနေရာတွင် မြင်တွေ့ရလိမ့်မည် ဖြစ်သည်။

သို့သော် ရှုကျိုးသည် ဗီဇပြောင်းသားရဲတို့၏ အန္တရာယ်များကို စိုးရိမ်ပူပန်မနေခဲ့ပေ။

“ လျူဟီနဲ့ ဟွမ်ယွင်ရွှယ် …… “ ရှုကျိုး၏ မျက်လုံးများ အေးစက်သွားခဲ့သည်။

သူသည် လီရို့ရှီ၏ အစွမ်းကို ယုံကြည်သည်၊ သို့သော် အကယ်၍ သူမကသာ ရက်အတော်ကြာ မအိပ်ထားရသည့် သနားဖွယ်ကောင်းသော အခြေအနေဖြင့် ထိုနှစ်ကောင်နှင့် တွေ့သွားမည်ဆိုပါက ၎င်းမှာ ဘေးဥပဒ်ဖြစ်သွားမည် ဖြစ်သည်။

ရှုကျိုးသည် စိတ်မသက်မသာ ဖြစ်သွားခဲ့ပြီး၊ သူ၏အရှိန်မှာလည်း တဖြည်းဖြည်း နှေးကျသွားခဲ့သည်။

နောက်မှ လိုက်လာသည့် ကျောက်ဟုန်ရင်ကမူ ရုတ်တရက် အရှိန်တင်ကာ ရှေ့သို့ ပြေးတက်လာခဲ့သည်။

“ နင်က ကျောင်းကျိုးက မဟုတ်ဘူးလေ၊ ဟုတ်တယ်ဟုတ်? “ ကျောက်ဟုန်ရင်မှ သူ့အား ဘေးတိုက်လှည့်ကြည့်လာခဲ့သည်။

ရှုကျိုး အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည် “ ငါက ကျောင်းကျိုးကလေ၊ ဘာဖြစ်လို့လဲ? “

ကျောက်ဟုန်ရင် အံ့အားသင့်သွားတော့သည်။

ကျောင်းကျိုးကလား?

သူမသည် ကျောင်းကျိုးရှိ ထိပ်တန်းပါရမီရှင်အားလုံးကို သိနေခဲ့သည်။

သို့သော် ရှုကျိုး၏ အကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။

ကျောက်ဟုန်ရင်သည် အနည်းငယ် တွေဝေသွားခဲ့ပြီး၊ ရှုကျိုး၏ အမည်ကို မေးရန် ပြင်လိုက်သည်။

“ ဝေါင်းးးး !! “

ရုတ်တရက်ဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးသည် အနောက်ဘက် မိုင်၁၀၀ကျော်အကွာမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာခဲ့သည်။

ကိုယ်ပျောက် အသံလှိုင်းတစ်ခုသည် အလွန်အားကောင်းနေခဲ့သောကြောင့် လေထုကိုပင် ထင်သာမြင်သာ ရှိသည်အထိ တွန့်ခေါက်သွားစေခဲ့သည်။

ကျောက်ဟုန်ရင် ထိတ်လန့်သွားပြီး၊ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

တောင်တန်းကဲ့သို့ ကြီးမားသော အရာကြီးတစ်ခုသည် လေထုထဲသို့ ဖြည်းညှင်းစွာ မြောက်တက်လာခဲ့ပြီး၊ ထို့နောက်တွင် သူမတို့ဆီသို့ တဟုန်ထိုး ပြေးထွက်လာသည်ကို သူမ မြင်တွေ့သွားခဲ့သည်။

“ မကောင်းတော့ဘူး “ ကျောက်ဟုန်ရင်၏ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေး ဖြူဖျော့သွားတော့သည် “ အဲ့ဒီ ကျားပျံခေါင်းဆောင်ကြီးက ငါတို့ကို လိုက်မှီလာပြီ “

ရှုကျိုးသည် မည်သည့်စကားမှ မပြောဘဲ၊ လေချွန်လိုက်သည်။

“ ဝှစ် !!! “

၇မီတာရှည်လျားပြီး ၃မီတာမြင့်သော ရွှေတောင်ပံ T-Rexကြီးသည် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲမှ ထွက်လာခဲ့ပြီး၊ ၎င်း၏ ခြေသည်းများကို ဖြန့်ကာ သူတို့နှစ်ဦးကို ဖမ်းဆုပ်လာခဲ့သည်။

ယခင်က သူသည် သားရဲကြီးများ၏ အာရုံများကို ဆွဲဆောင်မိသွားမည်ကို စိုးရိမ်နေခဲ့သောကြောင့် ကိုယ်ပွားကို မလွှတ်ပေးခဲ့ပေ။

ယခုတွင် ပြိုင်ဘက်မှ သူတို့ကို သတ်ရန် ကြံရွယ်လာခဲ့ပြီ ဖြစ်သောကြောင့်၊ မည်သည့်အရာကိုမှ ဖုံးကွယ်ထားရန် မလိုတော့ပေ။

“ မရုန်းနဲ့ “ ရှုကျိုးမှ သတိပေးလာခဲ့သည်။

ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမတို့နှစ်ဦးစလုံးသည် ရွှေတောင်ပံ T-Rexကြီး၏ ခြေသည်းများဖြင့် ကုတ်ဆွဲခြင်းကို ခံလိုက်ရသည်။

“ ဝှစ် !! “

ရွှေတောင်ပံ T-Rexကြီးသည် တစ်ဖက်လျှင် ၁၀မီတာစီရှိသည့် ၎င်း၏ တောင်ပံကြီးများကို ဖြန့်ကာ အဝေးရှိ လေထုထဲသို့ ခုန်တက်သွား‌တော့သည်။

၃၀m/s ၄၀m/s ၅၀m/s ……

ပျံသန်းမှု အမြန်နှုန်းသည် အမြင့်ဆုံးဖြစ်သော ၅၀m/sအထိ ရောက်ရှိလာခဲ့သည်။

သို့သော် …….

၎င်းသည် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ မြန်နှုန်းနှင့် ယှဥ်လိုက်မည်ဆိုပါက များစွာကွာဟနေသေးစဲ ဖြစ်သည်။

“ ဝုန်းးးး !! “

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် လျင်မြန်စွာ လွှမ်းခြုံလာခဲ့သည်။

ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် လျင်မြန်စွာ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် နောက်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးကသာလျှင် သူတို့နောက်သို့ လိုက်နေခြင်း မဟုတ်ဘဲ၊ မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကပါ အရှိန်အဟုန်ဖြင့် ပြေးလာနေလျက်ရှိပြီး၊ အဆိုပါ ဧရာမကြီးနှစ်ကောင်သည် တစ်ချို့သော အကြောင်းပြချက်များကြောင့် ယာယီပူးပေါင်းထားကြသည့်ပုံပင်။

“အဲ့နှစ်ကောင်က ဘာလို့မချရတော့တာလဲဟ? “ ရှုကျိုးကား စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။

သူသည် မိကျောင်းသားရဲကြီး အသတ်ခံလိုက်ရသောကြောင့် ကျားပျံသားရဲကြီးက သူတို့နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု၌ ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ သားရဲကြီးနှစ်ကောင်သည် သူတို့နှစ်ဦးကို လိုက်ဖမ်းနေခဲ့ပြီ ဖြစ်သည်။

“ ဝေါင်းးး !! “

နောက်ဘက်ရှိ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးမှ ဟိန်းဟောက်လာခဲ့ပြီး၊ ၎င်း၏ အသံထဲတွင် အဆုံးအစမဲ့သည့် ဒေါသများ ပြည့်နှက်နေခဲ့သည်။

၎င်း၏ ကြီးမားသော မျက်လုံးကြီးများသည် ပေါက်ကွဲထွက်လာသည့် မီးတောင်မှ မီးတောက်များကဲ့သို့ ရဲရဲနီနေလျက်ရှိသည်။

ယခုအချိန်တွင် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် ရူးသွပ်နေသော အခြေအနေထဲသို့ ကျ‌ရောက်နေခဲ့ပြီ ဖြစ်သည်။

၎င်းသည် ခုနကလေးတင် ၎င်း၏ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်များက အခိုးခံလိုက်ရပြီဆိုသည်ကို သိသွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် ဆယ်စုနှစ်များစွာကြာသည်အထိ သိမ်းဆည်းထားခဲ့သော သူ၏ အဖိုးတန် ရတနာများ ဖြစ်သည်။

သူကပင် ၎င်းကို သောက်သုံးရန် တုံ့ဆိုင်းနေခဲ့ပြီး၊ နှစ်ချို့အောင် ထပ်ထားရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု၌ ၎င်းတို့ကို တစ်စုံတစ်ဦးမှ အလစ်သုတ်သွားခဲ့ပြီဖြစ်ကာ၊ ဝိုင်းတစ်အိုးမှ ကျန်မနေခဲ့ပေ။

“ ဝေါင်းးးး “

ထိုအချိန်တွင် ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် အရှေ့ဘက်ရှိ လူမသားသမီးနှစ်ဦးကို အဆုံးမဲ့ ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏နောက်ဘက်ရှိ မိကျောင်းသားရဲခေါင်းဆောင်ကြီးကမူ ကျေနပ်ပီတိဖြစ်နေသည့် အမူအရာတစ်ခုကို ဆင်မြန်းထားခဲ့သည်။

၎င်းသည် ကျားပျံခေါင်းဆောင်ကြီး၏ ဒေါသကြောင့် မအံ့ဩသွားခဲ့ပေ။

တတိယအဆင့် အထက်မှ ဗီဇပြောင်းသားရဲများသည် လူသားများကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ၎င်းတို့ထံတွင် လူသားများကဲ့သို့ ဖျော်ဖြေရေး ရွေးချယ်စရာ များများစားစား မရှိခဲ့ပေ၊ ထို့ကြောင့် တစ်ချို့သော ဗီဇပြောင်း သားရဲများအတွက် ဝိုင်သောက်ခြင်းသည် ၎င်းတို့၏ အနည်းငယ်သော ဝါသနာများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ထို့ကဲ့သို့ပင် ဤကျားပျံခေါင်းဆောင်ကြီးသည် ဝိုင်ချစ်သူ ဖြစ်လာခဲ့လေသည်။

၎င်းသည် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်များကို ဆယ်စုနှစ်များစွာ ကြာသည်အထိ အထူးတလည် သိမ်းဆည်းထားခဲ့ပြီး၊ ၎င်းတို့ကို ရာစုနှစ် ဝိုင်များဖြစ်သွားစေရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုတွင် လူမသားသည် ၎င်းတို့ကို ခိုးယူသွားခဲ့သည်။

မိကျောင်းသားရဲကြီးသည် ရှေ့ဘက်ရှိ ရှုကျိုးကို စိုက်ကြည့်ကာ ၎င်း၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ဒီတစ်ခါတော့ လက်ချောင်းလေးတောင် မြှောက်စရာ မလိုဘဲ အဲ့လူမသား သေမှာ သေချာနေပြီ။

“ ဝှစ် !! “

ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သားရဲကြီးနှစ်ကောင်သည် ရှုကျိုးနားသို့ လျင်မြန်စွာ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။

အကွာအဝေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျဥ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။

…

သေခြင်းရှင်ခြင်း အကြပ်အတည်းကို ခံစားလိုက်ရသောကြောင့် ရှုကျိုး၏ ဆံပင်များ ထောင်ထသွားခဲ့ပြီး၊ သူသည် ကွေ့ဝိုက်ရန် ရွှေတောင်ပံ T-Rexကြီးကို ချက်ချင်း ညွှန်ကြားလိုက်သည်။

“ ဝုန်းးးး !! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ကျားလက်သည်းကြီးတစ်ခု ရောက်ရှိလာခဲ့ပြီး၊ ပြင်းထန်သော အားတစ်ခုသည် လေထုကို ကွဲအက်သွားစေခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် အချိန်မှီ လှုပ်ရှားခဲ့သောကြောင့် သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်။

“ ဝေါင်း “ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ မျက်လုံးများ အေးစက်နေလျက်ရှိပြီး၊ ရွှေတောင်ပံ T-Rexကြီးကို ချိန်ရွယ်ကာ ၎င်း၏ လက်သည်းကြီးများဖြင့် ထပ်မံ၍ ကုတ်ချလာခဲ့သည်။

၎င်းအတွက် ရွှေတောင်ပံ T-Rexကြီးကို သတ်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို ချေမွရသကဲ့သို့ များစွာလွယ်ကူနေခဲ့သည်။

“ ဝှစ် !! “

ရွှေတောင်ပံ T-Rexကြီးသည် ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့ကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်သို့ ထိုးဆင်းသွားခဲ့သည်။

အကယ်၍ လေပေါ်တွင် မနိုင်ပါက မြေပြင်ပေါ်သို့ ပြေးဆင်းရမည် ဖြစ်သည်။

သို့ရာ၌ ထိုအခိုက်အတန့်တွင် မြေပြင်သည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့ပြီး၊ မိကျောင်းသားရဲကြီးသည် နောက်ဘက်မှ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။

မိကျောင်းသားရဲကြီးသည် ကျားပျံ ခေါင်းဆောင်ကြီးလောက် မမြန်ဆန်ပေ၊ သို့သော် ၎င်းသည် ရှုကျိုးထပ် မြန်နေသေးစဲဖြစ်သည်။

၎င်းသည် ကောင်းကင်ကို ဖုံးလွှမ်းကာ ရှုကျိုးကို ကုတ်ချလာခဲ့သည်။

“ ဝုန်းးးးး !! “

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ ခွန်အားကို အကုန်အစင် ထုတ်သုံးလိုက်ရာ၊ ၎င်း၏ အမွှေးများ ထောင်ထလာခဲ့ပြီး၊ ၎င်း၏ အရှိန်အဟုန် ပေါက်ကွဲထွက်လာခဲ့ကာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ဧရာမ သားရဲကြီးနှစ်ကောင်မှ ထပ်လိုက်ရန် ပြင်လိုက်သည့် အချိန်တွင်

“ ဝှစ် !!! “

ကြီးမားသော ရွှေတောင်ပံ T-Rexကြီးသည် လေထုထဲမှာပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ကျားပျံ ခေါင်းဆောင်ကြီးသည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်၊ ၎င်း၏အကြည့်သည် ရွှေရောင်ငှက်ထံတွင်သာ ရှိနေခဲ့ပြီး၊ ၎င်းက ထိုကဲ့သို့ ရုတ်တရက် ပျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

၎င်းသာလျှင် မဟုတ်ဘဲ မိကျောင်းသားရဲကြီးကပါ ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။

အဲ့ကောင်က ဘယ်လိုလုပ်ပြီးတော့ ပျောက်သွားရတာလဲ?

တည်နေရာ ကူးပြောင်းသွားတာလား?

အဆင့်မြင့်သားရဲများကပင် ထိုကဲ့သို့သော နည်းစနစ်ကို မကျွမ်းကျင် မတတ်မြောက်ထားကြပေ။

ဧရာမ သားရဲကြီးနှစ်ကောင် မှင်သက်နေသည့်အချိန်တွင် ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် မီတာရာနှင့်ချီသော အဝေးတစ်နေရာသို့ ကျရောက်သွားပြီး၊ ဆက်လက်၍ ပြေးလွှားနေလျက်ရှိသည်။

“ ဝုန်းးးး “

ထိုအချိန်တွင် ရှုကျိုးသည် စစ်မှန်သည့် သေခြင်းရှင်ခြင်း အကြပ်အတည်းကို ခံစားနေရသောကြောင့် သူ၏ချီ-သွေး စွမ်းအားကို အပြည့်အဝအသုံးချ၍ တဟုန်ထိုး ပြေးလွှားနေခဲ့သည်။

ထို့နောက်၌ ရုတ်တရက်ဆိုသလိုပင် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ် !!

………………………………………………………………………………………………………….

All Chapters