← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အပိုင်း ( 82 )

ဟွမ်ယွင်ရွှယ်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း ၃

လျူဟီမှ ခေါင်းငြိမ့်ပြလာခဲ့ကာ သူ့ဘေးနားရှိ ဟွမ်ယွင်ရွှယ်ကို လက်ညှိုးထိုးပြ၍ ပြောပြလိုက်သည် “ ငါ့သူငယ်ချင်းဆီမှာ လျှို့ဝှက်ချက်တွေကို ရှာနိုင်တဲ့ စွမ်းရည်ရှိတယ်။ သူသည် သားရဲဘုရင်ရဲ့နှလုံးကို ရထားတဲ့လူကို အခုလေးတင် ရှာတွေ့ထားတယ် “

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လျူတျန်မု၏ မျက်လုံးများ တောက်ပသွားပြီး၊ ဟွမ်ယွင်ရွှယ်ကို ကြည့်လာခဲ့သည်။

ဟွမ်ယွင်ရွှယ်သည် သူ၏လက်ကို မြှောက်၍ ကျန်းလန်ကို လက်ညှိုးထိုးလာခဲ့သည် “ အဲ့တာက သူမဆီမှာ “

ထိုကြေညာချက်သည် အားလုံး၏ အကြည့်များကို ကျန်းလန်နှင့် လီရို့ရှီထံသို့ ကျရောက်လာစေခဲ့သည်။

ကျောင်းကျိုးအတွင်းမြို့တော်မှ ပါရမီရှင်များသည် ကျန်းလန်ကို မှတ်မိသွားကြသည်။

“ ကျန်းမိသားစုရဲ့ သမီးတော် ကျန်းလန်လား? “

“ စိတ်ဝင်စားဖို့ကောင်းလာပြီ၊ ကျန်းမိသားစုက ကျောင်းကျိုးရဲ့ နံပတ်၁လေ၊ ပြီးတော့ သားရဲဘုရင်ရဲ့ နှလုံးကလည်း သူမလက်ထဲမှာ ရှိနေတယ်၊ လျူတျန်မုက အဲ့တာကို ယူသွားချင်နေတုန်းပဲလား? “

“ အဲ့လိုပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်၊ လျူတျန်မုက တော်တော်ကြီးကို အရှက်မရှိဘူးတဲ့ “

လူအများစုသည် တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေကြသည်၊ သို့သော် လျူတျန်မု ကြားသွားမည်ကို ကြောက်သောကြောင့် လေသံတိုးတိုးဖြင့်သာ ပြောနေခဲ့သည်။

အထက်တန်း ကျောင်းသူကျောင်းသားတစ်ချို့ကပင် ကျန်းလန်ကို ကြည့်လာကြသည်။

သူတို့ထဲရှိ လူတစ်ချို့သည် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်ကို ရောက်ရှိနေခဲ့ကြသည်၊ သို့သော် ကျောင်းကျိုးအတွင်းတွင် သူတို့အားလုံးသည် ကျန်းလန်၏ လွှမ်းမိုးမှုကိုသာ ခံနေခဲ့ရသည်။

ယခု၌ ကျန်းလန် ပစ်မှတ်ထားခံနေရသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဆော့ကစားလိုသည့် အမူအရာများသည် သူတို့၏ မျက်နှာများပေါ်တွင် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းလန်၏ သန့်စင်သော မျက်နှာသေးသေးလေးသည် အလွန်အေးစက်နေခဲ့ပြီ ဖြစ်သည်။

သူမသည် ဟွမ်ယွင်ရွှယ်ကို ကြည့်လိုက်သည် “ နင်က ငါ့ဆီမှာလို့ ပြောလိုက်တာနဲ့ ငါ့ဆီမှာ ဖြစ်သွားရောလား? ဘာလို့ နင့်ဆီမှာ မရှိရတာလဲ? “

ဟွမ်ယွင်ရွှယ်သည် မည်သည့်စကားမှ မပြောလာခဲ့ပေ၊ ထို့အစား သူ့ဘေးနားရှိ လျူဟီမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ ဘယ်သူ့ဆီမှာ ရှိလဲဆိုတာကို ရှာဖို့ လွယ်လွယ်လေးပဲ မဟုတ်ဘူးလား? ကျန်းလန်ရဲ့ အသင်းဖော်တွေကိုလည်း ရှာဖွေသင့်တယ် “

ကျန်းလန်၏မျက်နှာလေး အေးစက်သွားခဲ့ပြီး၊ သူမ၏လှံကို လျူဟီထံသို့ အကြမ်းပတမ်း လွှဲရမ်းလိုက်သည်။

“ ခလမ် !!! “

ထိုအချိန်တွင် လျူတျန်မု၏ ခန္ဓာကိုယ် လှုပ်ရှားလာခဲ့ပြီး၊ လက်နှစ်ချောင်းကို ဆန့်ထုတ်၍ လှံ၏ အဖျားပိုင်းကို တောက်ချလာခဲ့သည်။

“ မမလေးကျန်း “ လျူတျန်မုမှ ပြုံးပြလာခဲ့သည် “ သားရဲဘုရင်ရဲ့ နှလုံးကို လွှဲပေးပါ “

“ ထွက်သွား !!! “ ကျန်းလန်မှ အေးစက်စက် အော်ပြောလာခဲ့ပြီး၊ သူမ၏လှံကို ပြန်ဆွဲယူကာ လျူတျန်မုဆီသို့ လှမ်းထိုးလိုက်သည်။

လျူတျန်မုသည် တည်တည်ငြိမ်ငြိမ် ရှိနေသေးစဲဖြစ်ပြီး၊ သူ၏လက်ကို ဝှေ့ယမ်း၍ ပိတ်ဆို့ကာ ပြောလာခဲ့သည် “ ကျန်းလန်၊ မင်းရဲ့ မင်းသမီးလေးလို သဘောထားကို ဘေးဖယ်ထားဖို့ ငါအကြံပေးလိုက်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ………… “

သူသည် လက်ဝါးဖြင့် ကျန်းလန်၏ ဝမ်းဗိုက်ကို ရိုက်ချလာခဲ့သည်။

“ ဖူးးး “

ချက်ချင်းဆိုသလိုပင် ကျန်းလန် လွင့်ထွက်သွားခဲ့ပြီး၊ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် သစ်ပင်တစ်ပင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားကာ အရိုးများ ကျိုးသွားသည့် အသံများ ထွက်ပေါ်လာခဲ့သည်။

သူမသည် ပါးစပ်အပြည့် သွေးအန်ကာ လှပသော မျက်နှာလေးကို မော့၍ အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လျူတျန်မုကို စိုက်ကြည့်လာခဲ့သည်။

အရာအားလုံးသည် လျင်မြန်စွာ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လီရို့ရှီကပင် ကျန်းလန်က လျူတျန်မုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့် အချိန်အထိ အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။

ပတ်ပတ်လည်ရှိ သိုင်းပညာရှင်အားလုံး တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

လူအများစု၏ မျက်လုံးများထဲတွင် မယုံကြည်နိုင် ဖြစ်နေသည့် အကြည့်များ ရှိနေခဲ့သည်။

လျူတျန်မုသည် သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဆိုသည့် အဆင့်အတန်းကို ဂရုမစိုက်ဘဲ အထက်တန်းကျောင်းသူ တစ်ဦးကို တိုက်ခိုက်ခဲ့သည်။

ကောလဟာလတွေထဲကလို တော်တော်ကြီးကို အရှက်မရှိတာပဲ ……

လျူတျန်မုသည် ကျန်းလန်ဆီသို့ လမ်းလျှောက်လာခဲ့ပြီး၊ သူမကို ငုံ့ကြည့်ကာ ပြောလာခဲ့သည် “ ကျန်းလန်၊ တစ်ခြားလူတွေကတော့ နင့်ကျန်းမိသားစုရဲ့ အဆင့်အတန်းကို ကြောက်နေလိမ့်မယ်၊ ဒါပင်မဲ့ ငါ၊ လျူတျန်မုကတော့ မကြောက်ဘူး “

“ လိမ်လိမ်မာမာနဲ့ သားရဲဘုရင်ရဲ့ နှလုံးကို လွှဲပေးလိုက်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီနေ့ဒီနေရာမှာ နင့်ကို သတ်မယ်၊ ဘယ်သူက ဘာပြောရဲမှာလဲ? “

“ အိမ်မက်မက်နေလိုက် “ ကျန်းလန်သည် သူမ၏လှံကို ဆုပ်ကိုင်ကာ မတ်တပ်ရပ်ရန် ရုန်းကန်နေတော့သည်။

“ သေချင်နေတာပဲ “ လျူတျန်မု၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပေါ်လာခဲ့ပြီး၊ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

“ နေဦး “

လီရို့ရှီမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ သားရဲဘုရင်ရဲ့ နှလုံးက ငါ့ဆီမှာ ရှိတယ်၊ နင်ယူသွားလို့ရတယ် “

လျူတျန်မုသည် သူမကို လှည့်ကြည့်လာခဲ့သည်။

“ လီရို့ရှီ !!! “ ကျန်းလန်မှ ဒေါသတကြီး အော်ပြောလာခဲ့သည် “ နင်ဘာတွေ လုပ်နေတာလဲ? “

လီရို့ရှီသည် သူမကို လျစ်လျူရှုကာ သူမ၏ လက်သီးလေးများကို ဆုပ်နေတော့သည်၊ သူမသည် တစ်ဖက်လူက အမှန်တကယ် သတ်ဖြတ်လာလိမ့်မည်ကို ကောင်းစွာ သိနေခဲ့သည်။

လုံလုံလောက်လောက် မစွမ်းပါက ခေါင်းငုံ့ထားရမည် ဖြစ်သည်။

သူမသည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး၊ တထိတ်ထိတ် ခုန်နေသော နှလုံးကြီးတစ်ခုကို ထုတ်ယူလိုက်သည်။

“ စီနီယာ “ လီရို့ရှီမှ အေးစက်စွာ ပြောလိုက်သည် “ ရှင်က ရှင့်ရဲ့ ကတိကို တည်ပြီးတော့ ကျွန်မတို့ကို ဆယ်သန်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် “

“ ငါပေးမယ် “ လျူတျန်မုသည် ပြုံးလာခဲ့ပြီး သားရဲဘုရင်၏ နှလုံးကို ယူလိုက်သည်။

ထို့နောက်တွင် သူသည် ပို့ဆောင်ရေး လမ်းကြောင်းဆီသို့ လမ်းလျှောက်သွားတော့သည်။

လီရို့ရှီသည် သူ့ကို လျစ်လျူရှုထားပြီး၊ ကျန်းလန်ဆီသို့ သွားကာ သူမကို ထူပေးနေတော့သည်။

“ နင်ဘာလို့ သူ့ကို သားရဲဘုရင်ရဲ့ နှလုံးကို ပေးလိုက်ရတာလဲ? “ ကျန်းလန်မှ ဒေါသတကြီးဖြင့် ပြောလာခဲ့ပြီး၊ လီရို့ရှီကို စိုက်ကြည့်လာခဲ့သည်။

လီရို့ရှီကား တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေလျက်ရှိသည် “ တကယ်လို့ ငါမပေးဘူးဆိုရင်၊ နင်သေသွားလိမ့်မယ် “

ကျန်းလန်ကား တိတ်ဆိတ်ငြိမ်ကျသွားတော့သည်၊ တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူမသည် အံကြိတ်၍ ပြောလာခဲ့သည် “ လျူမိသားစုက ခွေးသူတောင်းစားတွေက အမြဲလိုလို အရှက်မရှိဘူး၊ သူတို့က ကတိတည်မှာ မဟုတ်ဘူး “

လီရို့ရှီသည် မည်သည့်စကားကိုမှ မပြောလာခဲ့ဘဲ၊ သူမ၏ဦးခေါင်းကို မော့၍ လျူတျန်မု၏ နောက်ကျောကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။

သူမသည် သူ့ကို တေးမှတ်ထားလိုက်သည်၊ ယနေ့တွင် သူမ၏ အစွမ်းက မလုံလောက်ခဲ့ပေ၊ သို့သော် နောင်အနာဂတ်တွင်မူ သူမသည် ဤအကြွေးကို ကိုယ်တိုင် ဖြေရှင်းမည် ဖြစ်သည်။

မလှမ်းမကမ်းရှိ လျူတျန်မုသည် သူမ၏အကြည့်ကို အာရုံခံမိသွားသည့်ပုံပေါ်ပြီး လှည့်ကြည့်၍ ရယ်မောကာ ပြောလာခဲ့သည် “ ငါ့ကို လက်စားချေချင်နေတာလား? ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို လာခဲ့လိုက်၊ ငါမင်းကို စောင့်နေမယ် “

ဗြွီ !!!

ပို့ဆောင်ရေး လမ်းကြောင်းပေါ်၌ အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး၊ လျူတျန်မုပါဝင်နေသည့် လက်ရှိ လူ၃၀၀အဖွဲ့ကို အပြင်ဘက်ကမ္ဘာသို့ ပို့ဆောင်နေတော့သည်။

လီရို့ရှီသည် နောက်လှည့်၍ ကျန်းလန်ကို ကြည့်လာခဲ့သည် “ နင့်ရဲ့ ဒဏ်ရာတွေက ဘယ်လိုနေလဲ? “

“ အဆင်ပြေပါတယ် “ ကျန်းလန် အံကြိတ်နေတော့သည်၊ သို့သော် သူမ၏ မျက်နှာလှလှလေးပေါ်တွင် နာကျင်မှုကို ခံစားနေရသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့ပြီး၊ သူမသည် မတ်တပ်ပင် မရပ်နိုင်ခဲ့ပေ။

ထပ်၊ ထပ်၊ ထပ် …..

ခြေသံများ ထွက်ပေါ်လာပြီး လျူဟီနှင့် ဟွမ်ယွင်ရွှယ်တို့ ရောက်ရှိလာခဲ့သည်။

“ မမလေးကျန်း “ လျူဟီသည် ကျန်းလန်ကို လှောင်ပြောင်နေသော မျက်နှာထားမျိုးဖြင့် ကြည့်လာခဲ့သည် “ မတ်တပ်ရပ်နိုင်သေးရဲ့လား? “

ကျန်းလန်သည် မည်သည့်စကားမှ မပြောဘဲ၊ သူ့ကို မော့ကြည့်လိုက်သည်၊ သူမ၏မျက်နှာပေါ်ရှိ အေးစက်မှုသည် အထွတ်အထိပ်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူမသည် မတ်တပ်ထရပ်ရန် ကြိုးပမ်းလိုက်သော်လည်း ကျိုးပဲ့နေသော အရိုးများထံမှ ဖြစ်ပေါ်လာသည့် နာကျင်မှုသည် သူမကို ပြန်၍ ထိုင်ကျသွားစေခဲ့သည်။

“ ရုန်းကန်မနေတာ ပိုကောင်းပါတယ် “ လျူဟီသည် စိုးရိမ်နေသကဲ့သို့ ဟန်လုပ်၍ ပြောလာခဲ့သည် “ အဲ့လိုမှ မဟုတ်ဘဲ မင်းရဲ့ ရွှေတစ်ထောင် ခန္ဓာကိုယ် ထိခိုက်သွားမယ်ဆိုရင်၊ မင်းကို ဘယ်သူကမှ လိုချင်တော့မှာ မဟုတ်ဘူး “

“ လျူဟီ၊ နင်သေချင်နေတာလား? “ ကျန်းလန်သည် သူ့အား အေးစက်စွာ စိုက်ကြည့်နေလျက်ရှိသည်။

“ ဘာလို့၊ မင်းဆီမှာ ငါ့ကို တိုက်ခိုက်နိုင်မဲ့ အင်အား ရှိနေသေးလို့လား? “ လျူဟီမှ အပြုံးဖြင့် ပြောလာခဲ့သည်။

ရွှမ် !!!

လီရို့ရှီသည် သူမ၏ ဓားကို ရုတ်တရက် ဆွဲထုတ်ကာ အေးစက်စွာ ပြောလာခဲ့သည် “ သူမမှာ မရှိပင်မဲ့ ငါ့ဆီမှာ ရှိတယ် “

အကယ်၍ ထိုလူနှစ်ယောက်ကြောင့်သာ မဟုတ်ဘူးဆိုပါက လျူတျန်မုသည် သူမနှင့် ကျန်းလန်တို့ကို ရှာတွေ့ခဲ့လိမ့်မည် မဟုတ်ပေ။

ကျန်းလန်သည် လျူတျန်မုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကာ ကျောရိုးပင် ကျိုးသွားခဲ့သည်။

ယခုတွင် အကြွေးဟောင်းနှင့် အကြွေးအသစ်များကို စုပြုံလာခဲ့ပြီ ဖြစ်သောကြောင့် လီရို့ရှီသည် တစ်ခုခု လုပ်ချင်နေခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် လျူဟီနှင့် ဟွမ်ယွင်ရွှယ်တို့၏ အပြုံးများသည် ပို၍ ပီပြင်ထင်ရှားလာခဲ့သည်။

“ လီရို့ရှီ၊ မင်းက ငါ့ကို တိုက်ခိုက်ချင်နေတာကို ငါသိတယ်၊ မလောပါနဲ့ “ လျူဟီမှ အပြုံးဖြင့် ပြောလာခဲ့သည် “ မင်းနဲ့ တိုက်မဲ့သူက ငါတစ်ယောက်တည်း မဟုတ်ဘူး “

ဝှစ်၊ ဝှစ်၊ ဝှစ်

ဘက်ပေါင်းစုံမှ ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့ပြီး၊ ဤနေရာကို ဝိုင်းရံလာခဲ့သည်၊ ထိုလူအားလုံးသည် ပထမအဆင့် သိုင်းပညာရှင်များ ဖြစ်သည်။

ကြေးစားသိုင်းပညာရှင်တွေ ငှားထားတာလား?

လီရို့ရှီ၏ အမူအရာသည် မပြောင်းလဲသွားသကဲ့သို့ မည်သို့မျှ မအံ့ဩသွားခဲ့ပေ။

တားမြစ်နယ်မြေထဲတွင် ကြေးစားသိုင်းပညာရှင်များ ငှားရမ်းခြင်းသည် ရှားပါးဖြစ်ရပ်တစ်ခု မဟုတ်ပေ။ ကြေးစားသိုင်းပညာရှင် အများစုသည် ငွေကိုသာလျှင် ဂရုစိုက်လေ့ရှိတတ်သည်။

ငွေအလုံအလောက်သာ ရနေသရွေ့ မည်သည့်အရာကိုမဆို လုပ်ကြမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လီရို့ရှီ၏ အကြည့်သည် ပို၍ အေးစက်လာခဲ့သည်။

ထိုအချိန်တွင် ဟွမ်ယွင်ရွှယ်မှ စကားဝင်ပြောလာခဲ့သည် “ လီရို့ရှီ၊ နင့်မောင် ရှုကျိုးဘယ်မှာလဲ? သူဘယ်မှာလဲ? “

၎င်းကို ကြားလိုက်ရသောအခါတွင် ကျန်းလန်မှာ အနည်းငယ် အံ့ဩသွားရတော့သည်။

သူမသည် လီရို့ရှီကို လှည့်ကြည့်လိုက်ပြီး၊ သူမ၏မျက်နှာ လှလှလေးပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှုကျိုးက လီရို့ရှီရဲ့ မောင်လား?

လီရို့ရှီသည် ဟွမ်ယွင်ရွှယ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် “ ရှုကျိုး ဒီနေရာမှာ မရှိတာကို နင်ဝမ်းသာသင့်တယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နင် ဆိုးဆိုးဝါးဝါး သေသွားလိမ့်မယ် “

ဟွမ်ယွင်ရွှယ်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားတော့သည်။

သူသည် သူ၏ဓားတိုကို မြှောက်လိုက်ရာ ၁၅၀ ကယ်လိုရီရှိသည့် ချီ-သွေးစွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ လီရို့ရှီ “ ဟွမ်ယွင်ရွှယ်သည် သူ၏ဓားဖြင့် သူမကို ရွယ်ကာ ခြောက်ခြားဖွယ်ကောင်းသော အသံဖြင့် ပြောလာခဲ့သည် “ နောက်ကျရင်လည်း နင်က ဒီလိုမျိုး မာမာတင်းတင်း ပြောနိုင်လိမ့်မယ်လို့ ငါမျှော် …….. “

ရွှပ် !!!

ထိုစကားများ မပြီးဆုံးခင် အချိန်တွင် ဓားအလင်းတန်းတစ်ခု ရုတ်တရက် တောက်ပလာခဲ့သည်။

ရွှပ်ဟူသောအသံနှင့်အတူ ဓားကိုင်ထားသည့် ဟွမ်ယွင်ရွှယ်၏ လက်မောင်း ပြတ်တောက်သွားကာ သွေးများ ပန်းထွက်လာခဲ့သည်။

ရှုကျိုး၏ပုံရိပ်သည် ကောင်းကင်ပေါ်မှ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။

“ ဟွမ်ယွင်ရွှယ်၊ မင်းကို ငါ သည်းခံပေးထားခဲ့တာ တော်တော်ကြာနေပြီ “

သူသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြောလာခဲ့သည်၊ သို့သော် သူ၏လေသံထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေခဲ့သည်။

………………………………………………………………………………………………………

အပိုင်း ( 83 )

တိုက်ပွဲကို လွှမ်းမိုးထားခြင်း၊ လျူဟီ ခေါင်းဖြတ်ခံရပြီ

ဟွမ်ယွင်ရွှယ်သည် ထိုစကားလုံးများ ပေါ်ထွက်လာသည့် အချိန်မှသာလျှင် သတိပြန်ဝင်လာခဲ့ပြီး၊ အော်ဟစ် ညီးတွားလာတော့သည်။

ဟွမ်ယွင်ရွှယ်သည် ပြတ်တောက်သွားသည့် လက်ကို ဆုပ်ကိုင်ကာ လူသတ်လိုစိတ်ဖြင့် မာန်ဖီလာခဲ့သည် “ ရှုကျိုး !! “

သူသည် ရှုကျိုးက ထိုကဲ့သို့သော သဘောထားမျိုးဖြင့် ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူသာလျှင် မဟုတ်ဘဲ ဘေးနားရှိ သူတို့ငှားရမ်းထားသော ကြေးစားသိုင်းပညာရှင်များကပါ အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့သည် သွေးစွန်းသော ဓားသွားပေါ်တွင် လမ်းလျှောက်နေကြသည့် လူများဖြစ်သောကြောင့်၊ တစ်ခဏခန့် အံ့အားသင့်သွားခဲ့ပြီးသည့်နောက်တွင် ပြန်၍ တည်ငြိမ်သွားကြသည်။

ဝုန်းးးး၊ ဝုန်းးးးး၊ ဝုန်းးးးး

သူတို့၏ စွမ်းအားများ ပွင့်ထွက်လာခဲ့ပြီး၊ ၎င်းတို့သည် ပထမအဆင့် သိုင်းပညာရှင်တို့၏ အရိပ်အငွေ့များ ရှိနေခဲ့သည်။

၁၆၀ ကယ်လိုရီထက် မြင့်မားသည့် ချီ-သွေးစွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့သည်။

ထိုလူများသည် တက်သစ်စ ကနဦး ပထမအဆင့် သိုင်းပညာရှင်များ မဟုတ်ပေ။

အနီးရှိ ကျန်းလန်သည် ထိုလူများကို အေးစက်စွာ စိုက်ကြည့်၍ ပြောလာခဲ့သည် “ တကယ်လို့ နင်တို့က လှုပ်ရှားရဲနေမယ်ဆိုရင် နင်တို့အားလုံးက ကျန်းမိသားစုရဲ့ ရန်သူပဲ “

“ မမလေးကျန်း “ ကတုံးသိုင်းပညာရှင်တစ်ဦးသည် ကျန်းလန်ကို ကြည့်ကာ ပြုံးပြလာခဲ့သည် “ စိတ်ချလက်ချ နေပါ၊ ကျွန်တော်တို့က ခင်ဗျားကို မထိပါဘူး “

“ ကျွန်တော်တို့ရဲ့ ပစ်မှတ်က ခင်ဗျားရဲ့ အသင်းဖော်ပါ၊ သူမက ပြင်ပခရိုင်က ဖြစ်သင့်တယ်လေ၊ ဟုတ်တယ်မလား? “

သူတို့ကသာ ကျန်းလန်ကို မထိသရွေ့ ကျန်းမိသားစုသည် ပြင်ပခရိုင်မှ သာမန်လူတစ်ဦးအတွက် အလိုရှိ အမိန့်စာကို ထုတ်လိမ့်မည် မဟုတ်ပေ။

အကယ်၍ ကျန်းလန်က ဒဏ်ရာရသွားမည်ဆိုလျှင်တောင်မှ ကျန်းမိသားစုသည် အဆိုပါကိစ္စကို အဆုံးထိ လိုက်လိမ့်မည်မဟုတ်ပေ။

ကျန်းလန်သည် ကျန်းမိသားစု၏ တစ်ဦးတည်းသော တိုက်ရိုက်မျိုးဆက် မဟုတ်ပေ၊ သူမနှင့် ရွယ်တူ တစ်ဒါဇင်ကျော် ရှိနေသေးသည်။

အပြင်ဘက်တွင် လေ့ကျင့်ရင်းဖြင့် ဒဏ်ရာရခြင်းကို ရှောင်းရှားနိုင်လိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ ထိုလူများသည် ကျန်းလန်ကို မထိဝံ့ကြပေ၊ အပုံတစ်သောင်းပုံ တစ်ပုံမျှ ရှိနေမည်ဆိုလျှင်တောင်မှ ၎င်းကို မည်သူကမှ လောင်းကြေးမထပ်ရဲကြပေ။

သူတို့၏ ပစ်မှတ်သည် ရှုကျိုးနှင့် လီရို့ရှီဖြစ်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါတွင် ကျန်းလန်၏ အမူအရာသည် ပို၍ အေးစက်လာခဲ့သည် “ တကယ်လို့ နင်တို့က သူမကို ထိရဲနေမယ်ဆိုရင်၊ ငါနင်တို့ကို အလွတ်မပေးဘူး “

“ ဟားဟားဟားဟား “

ကတုံးသိုင်းပညာရှင်သည် ရယ်မောကာ သူမကို လျစ်လျူရှုထားလိုက်သည်။

သူတို့သည် ကျန်းမိသားစုကို ကြောက်ကြသည်၊ သို့သော် ကျန်လန်းကား?

လုံးဝဂရုမစိုက်ကြပေ။

“ လူကြီးမင်း “ ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ခင်ဗျားတို့အားလုံးက ပြင်ပသိုင်းပညာရှင်တွေချည်းပဲလေ၊ ငွေရဖို့ လွယ်မှာ မဟုတ်ဘူး။ မလှုပ်ရှားခင်မှာ ခင်ဗျားတို့ရဲ့ မိသားစုတွေ၊ မိဘတွေနဲ့ ကလေးအတွက် စဥ်းစားပါ “

ထိုစကားများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။

ကတုံးသိုင်းပညာရှင်သည် အပြုံးဖြင့် ပြောလာခဲ့သည် “ ကောင်ငယ်လေး၊ မင်းတို့နှစ်ယောက်က ငါတို့ညီအစ်ကိုနှစ်ယောက်ကို ယှဥ်နိုင်မယ်လို့ ထင်နေတာလား? “

“ နှစ်ယောက်လား? “

ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါယမ်းပြလာခဲ့သည် “ ခင်ဗျားတို့က ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတာပဲ၊ ကျွန်တော်တစ်ယောက်တည်းနဲ့ လုံလောက်တယ် “

“ မင်း !! “ ကတုံးသိုင်းပညာရှင် မှင်သက်သွားခဲ့သည်။

ဟွမ်ယွင်ရွှယ်မှ ဝင်ရောက်အော်ငေါက်လာခဲ့သည် “ မင်းက သူနဲ့ ဘာအတွက် စကားများနေရတာလဲ? ငါ့အတွက် အဲ့ကောင်ကို သတ်ပေး !!! “

ဝုန်း !!

ယခင်ကထပ် ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ဟွမ်ယွင်ရွှယ်၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်၊ သူသည် ဒေါသများ ပါဝင်သည့် နီရဲနေသော မျက်လုံးများဖြင့် ရန်သူကို စိုက်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြေးစားသိုင်းပညာရှင် ခြောက်ဦးမှာလည်း ချက်ချင်း လှုပ်ရှားလာခဲ့သည်။

ပထမအဆင့် သိုင်းပညာရှင်တို့၏ ချီ-သွေး စွမ်းအင်လှိုင်းများသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။

…

ဝိုင်းရံမှု၏ အပြင်ဘက်တွင် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့် သိုင်းပညာရှင်တစ်ချို့မှ စောင့်ကြည့်နေလျက်ရှိသည်။

ထိုအချိန်၌ သူတို့ထဲမှ လူအများစု၏ မျက်နှာပေါ်တွင် စိတ်တင်းကြပ်နေသည့် အမူအရာများ ရှိနေခဲ့သည်။

“ ပထမအဆင့် သိုင်းပညာခြောက်ယောက်၊ သူတို့ထဲက အနည်းဆုံး သုံးယောက်လောက်က အလယ်အလတ် ပထမအဆင့်ကို ရောက်နေကြပြီ “

“ တကယ်လို့ ငါသာဖြစ်နေရင်တော့ ….. ကိုင်တွယ်ဖို့ ခက်သွားမှာ “

သူတို့အားလုံးသည် ကိုယ်ပိုင်မာနများ ရှိကြသည့် အတွင်းမြို့တော်ကျောင်းကျိုးမှ ပါရမီရှင်များ ဖြစ်သည်၊ သို့သော် သူတို့ကပင် ပထမအဆင့် သိုင်းပညာရှင်ခြောက်ဦးကို ကိုင်တွယ်ရန် ခက်ခဲသည်ဟု ဝန်ခံပြောဆိုလာကြသည်။

ရှုကျိုးကမူ သူတစ်ဦးတည်းဖြင့် လုံလောက်သည်ဟု ကြွားဝါပြောဆိုရဲနေသည်။

အဆိုပါ ပါရမီရှင်များသည် တိုက်ပွဲ၏ ရလဒ်က သတ်မှတ်ထားခဲ့ပြီးသား ဖြစ်နေသကဲ့သို့ သူတို့၏ ဦးခေါင်းများကို ခါယမ်းနေကြသည်။

“ ဝုန်းးးး !! “

သူတို့ တွေးတောစဥ်းစားနေကြသည့် အချိန်တွင် ပထမအဆင့် သိုင်းပညာရှင် ခြောက်ဦးသည် ရှုကျိုးထံသို့ ပြေးတက်သွားကြသည်။

သူတို့သည် မြန်မြန်ဆန်ဆန် ရွေ့လျားနေကြသည်၊ အထူးသဖြင့် အလတ်အလယ် တတိယအဆင့် သိုင်းပညာရှင် သုံးဦးဖြစ်ပြီး၊ သူတို့၏လက်နက်များဖြင့် ရှုကျိုး၏ နဖူးကို ချိန်ရွယ်လာကြသည်။

“ ဖူးးးးး “

စက္ကန့်ပိုင်းမျှ အကြာတွင် ဓားရှည်သည် ရှုကျိုး၏ နဖူးသို့ စိုက်ဝင်သွားခဲ့သည်။

လူတိုင်း မှင်သက်သွားကြသည်၊ ဒီလောက်မြန်မြန်ဆန်ဆန် ပြီးသွားတာလား?

ကတုံးသိုင်းပညာရှင်မှာလည်း အံ့အားသင့်သွားခဲ့သည်။ မောက်မာတဲ့ ကောင်စုတ်လေး၊ သူ့ရဲ့ အစွမ်းက ဒီလောက်တောင် ပျော့တာလား?

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ တစ်ခုခု မှားနေပြီ “

ကတုံးသိုင်းပညာရှင်သည် သူ၏ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ရာ ရှုကျိုး၏ ပုံရိပ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်၊ ၎င်းသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေခဲ့သည်။

“ ဝှစ် !!! “

အနက်ရောင် အရိပ်တစ်ခုသည် လေပြင်းတစ်ခုကဲ့သို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့သည်။

“ သတ် !! “ ရှုကျိုးသည် ဒေါသတကြီး ကြုံးဝါးလာခဲ့ပြီး၊ သူ၏ ဆေဘာရှည်ကို မြှောက်၍ ခုတ်ပိုင်းလာခဲ့သည်။

အနီရောင် သမ်းနေသည့် ဓားအလင်းတန်းသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကတုံးသိုင်းပညာရှင်ကို တိုက်ခိုက်လာခဲ့သည်။

“ ဖူးးးးး “

ဆေဘာကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ခေါင်းတစ်လုံးသည် ကောင်းကင်ပေါ်သို့ မြောက်တက်သွားခဲ့သည်။

သို့ရာတွင် ခုတ်ချက်သည် ထိုနေရာမှာပင် မရပ်တန့်သွားခဲ့ပေ။ နောက်လူတစ်ဦးဆီသို့ လျင်မြန်စွာ ခုတ်ပိုင်းသွားခဲ့သည်။

ပြင်းထန်သော ချီ-သွေးစွမ်းအင်များသည် သွေးနီရောင် ဆေဘာအလင်းတန်းအဖြစ် အသွင်ပြောင်းသွားပြီး၊ ရပ်တန့်၍ မရနိုင်သော စွမ်းအားတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ရှိ လေထုများကိုပင် ခုတ်ပိုင်းလာခဲ့သည်။

လေပေါ်တွင် ရှိနေသည့် သိုင်းပညာရှင်တစ်စုသည် သူတို့၏ မျက်လုံးများထဲသို့ ဆေဘာအလင်းတန်း ရောက်ရှိလာသည့် အချိန်တွင် သူတို့၏ တိုက်ခိုက်မှုများကို မပြုလုပ်ရသေးပေ။

“ စခရီးးးးးးး “

ဆေဘာ ဖြတ်သန်းသွားခဲ့ရာ နောက်ထပ်ဦးခေါင်းနှစ်လုံးသည် ကောင်းကင်ပေါ်သို့ ထပ်မံ၍ ပျံတက်သွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်များက ကြာရှည်ပုံရသော်လည်း တစ်ခဏလေးအတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူတိုင်းသည် အသက်ရှူရန်ပင် အချိန်မရဘဲ၊ ဦးခေါင်းသုံးလုံးက လေပေါ်သို့ ပျံတက်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။

ထို့နောက်တွင် ဦးခေါင်းမဲ့ ခန္ဓာကိုယ်သုံးခုသည် ဘုတ်ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး၊ သူတို့၏ လည်ပင်းများဆီမှ သွေးများ ပန်းထွက်လာခဲ့သည်။

ကျန်ရှိနေသော ပထမအဆင့် သိုင်းပညာရှင်၃ဦးသည် တစ်ခဏခန့် ကြက်သေသေသွားကြသည်။

၎င်းမှာ အတော်ပင် မြန်ဆန်နေခဲ့ပြီး၊ သူတို့ကပင် မတုံ့ပြန်နိုင်ခဲ့ကြပေ။

သို့သော် သူတို့သည် အစွန်းနှစ်ဖက်တွင် နေထိုင်ခဲ့ကြသည့် လူများ ဖြစ်သည့်အလျောက် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ချက်ချင်း သတိပြန်ဝင်လာခဲ့ပြီး၊ ဆုတ်ခွာရန် ကြိုးပမ်းလာကြသည်။

“ သူဌေး၊ ကျွန်တော့်ကို သက်ညှာပေးပါ …… “

ထိုလူများထဲမှ လူတစ်ဦးမှ အော်ဟစ်ပြောဆိုလာခဲ့သည်။

သို့သော် ရှုကျိုး၏ အရှိန်သည် ပို၍ မြန်ဆန်နေခဲ့သည်။

“ ဝှစ် !! “

ရှုကျိုးသည် တစ္ဆေတစ်ကောင်ကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ဦး၏ အရှေ့သို့ ရောက်ရှိသွားပြီး၊ ဘေးတိုက်ခုတ်ပိုင်းလာခဲ့သည်။

တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအကွက်နှင့် အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့် ပေါင်းစပ်ခြင်းတို့သည် အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်၏ အားကုန်သုံးထားသည့် တိုက်ခိုက်မှုဖြင့် တူညီနေလိမ့်မည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် အရာအားလုံးသည် တစ်ဖက်လူထံသို့ ကျရောက်သွားခဲ့သည်။

“ ဝုန်းးးး !! “

ဆေဘာဓားသွားအောက်တွင် ထိုလူ၏ အရေပြား၊ အသွေးနှင့် အရိုးတို့သည် ချက်ချင်း ပြိုကွဲသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း နှစ်ခြမ်းကွဲသွားကာ မြေပြင်ပေါ်သို့ လဲပြိုသွားခဲ့သည်။

ရှုကျိုးသည် အေးစက်စက် မျက်နှာထားဖြင့် မည်သည့်စကားကိုမှ မပြောဘဲ နောက်လူတစ်ဦးဆီသို့ ပြေးတက်သွားတော့သည်။

သူသည် ထိုလူများကို အခွင့်အရေး ပေးထားခဲ့ပြီးပြီ ဖြစ်သောကြောင့် မည်သည့်သနားညှာတာမှုမှ ပြတော့မည် မဟုတ်ပေ။

ဓားအလင်းတန်း လင်းလက်တောက်ပလာခဲ့သည်။

ရွှပ် !!

ရွှပ် !!

ရွှပ် !!

ရှုကျိုးသည် သားသတ်သမားတစ်ဦးကဲ့သို့ ဖြစ်နေပုံရပြီး၊ သူ၏ဆေဘာကို မြှောက်ကာ ခေါင်းများကိုဖြတ်၍ ကောင်းကင်ကို သွေးများဖြင့် ခြယ်မှုန်းနေတော့သည်။

မိနစ်ဝက်အတွင်းမှာပင် တိုက်ပွဲကွင်းပြင်ထဲတွင် အလောင်း၆လောင်း ပေါ်လာခဲ့ပြီ ဖြစ်သည်။

လူတိုင်း မှင်သက်ကာ တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

ကျန်းလန်ဖြစ်စေ၊ လျူဟီဖြစ်စေ၊ ဟွမ်ယွင်ရွှယ်ဖြစ်စေ (သို့) မလှမ်းမကမ်းရှိ အတွင်းမြို့တော်မှ ပါရမီရင်များပင် ဖြစ်စေ၊ ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် အဆိုပါ မြင်ကွင်းကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။

“ ပထမအဆင့် ခြောက်ယောက်က သေသွားတာလား? “

“ အဲ့လူက ဘယ်သူလဲ၊ သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် သန်မာနေရတာလဲ? “

“ သူက သတ်ဖြတ်ခြင်း စာရင်းပေါ်မှာ အဆင့်၁ချိတ်ထားတဲ့ ရှုကျိုးများ ဖြစ်နေမလား? “

အတွင်းမြို့တော်မှ ပါရမီရှင်များသည် စကားမပြောနိုင်လောက်အောင်ပင် အံ့ဩတုန်လှုပ်သွားကြသည်၊ သူတို့အားလုံးသည် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့် ပါရမီရှင်များ ဖြစ်ကြသော်လည်း ဤအချိန်တွင် ရှက်ရွံ့မှုကို အပြည့်အဝ ခံစားနေကြရပြီ ဖြစ်သည်။

တိုက်ပွဲကွင်းပြင်ထဲရှိ လီရို့ရှီသည် သူမ၏ဦးခေါင်းလေးကို ခါရမ်းကာ လှောင်ပြောင်နေသည့် အပြုံးတစ်ခုကို ဖော်ထုတ်လာခဲ့သည်။

သူမသည် ရှုကျိုးကို ကူညီ၍ သတ်ဖြတ်ပေးချင်နေခဲ့ခြင်းဖြစ်သည်၊ သို့သော် သူသည် မြန်မြန်ဆန်ဆန် လှုပ်ရှားကာ ခေါင်းအားလုံးကို ဖြုတ်ချသွားခဲ့သောကြောင့် သူမ လှုပ်ရှားရန် မည်သည့်အခွင့်အရေးမှ မရတော့ပေ။

…

ရှုကျိုး၏ အနီးအနားတွင် ရှိနေသည့် ဟွမ်ယွင်ရွှယ်၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ဖြူဖျော့သွားခဲ့သည်။

“ ဒါက …. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “ ဟွမ်ယွင်ရွှယ်သည် သူ့ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်ပြောဆိုနေတော့သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က တစ်ဖက်လူသည် ဟွမ်ဟောင်ထပ် အနည်းငယ်မျှသာ အားကောင်းခဲ့သည်။

လပိုင်းလေးအတွင်းမှာ ရှုကျိုးက ဒီလောက်တောင် သန်မာလာတာလား?

“ ဆွစ်ရှ် !!! “

ရှုကျိုးသည် သူ၏ဓားရှည်ကို လွှဲရမ်းနေရင်းဖြင့် ဟွမ်ယွင်ရွှယ်ကို အေးစက်စွာ စိုက်ကြည့်လာတော့သည်။

“ ဟွမ်ယွင်ရွှယ် “ ရှုကျိုးသည် အေးစက်စွာ ပြောလာခဲ့သည် “ နောက်ဆုံး စကားရှိသေးလား? “

“ ရှုကျိုး၊ ဒီကိစ္စကို စကားနဲ့ ………… “ ဟွမ်ယွင်ရွှယ်သည် စကားကို ပြီးဆုံးအောင် မပြောလိုက်ရပေ။

ဆွစ်ရှ် !!!

ဓားအလင်းတန်း တောက်ပလာခဲ့ကာ သူ့အား ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းသွားခဲ့သည်။

ရှုကျိုးထံတွင် သူ၏နောက်ဆုံး စကားကို နားထောင်ချင်သည့် ရည်ရွယ်ချက် မရှိပေ။

ဓားသည် ဟွမ်ယွင်ရွှယ်၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

“ မင်းးးးး …….. “ ဟွမ်ယွင်ရွှယ်၏ ပါးစပ်ထောင့်မှာ သွေးများ စီးကျလာခဲ့ပြီး၊ သူ၏အမူအရာသည် အမုန်းတရားများဖြင့် ပြည့်နှက်သွားခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ အေးစက်နေလျက်ရှိပြီး၊ ဓားကို ဆွဲထုတ်လိုက်ရာ ဦးနှောက်များ ထွက်ကျလာခဲ့သည်။

ဘုတ် !!!

ရှုကျိုးသည် ဟွမ်ယွင်ရွှယ်၏ အလောင်းကို ရှုကျိုးဆီသို့ ကန်ထုတ်လိုက်သည်။

“ အခုတော့ မင်းအလှည့်ပဲ “ ရှုကျိုးသည် လျူဟီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် လျူဟီ၏မျက်နှာသည် အလွန်ရုပ်ဆိုးသွားခဲ့သည်။

သူသည် ရှုကျိုးကို စိုက်ကြည့်ကာ တိတ်တဆိတ် လက်သီးဆုပ်နေတော့သည်၊ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်၊ ကျန်းလန် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး၊ လီရို့ရှီအား ပထမအဆင့် သိုင်းပညာရှင် ၆ဦးဖြင့် အနိုင်ယူမည် ဖြစ်သည်။

သို့သော် ရှုကျိုးသည် မိုးပေါ်မှ ဆင်းလာခဲ့ကာ အရာအားလုံးကို ပြောင်းပြန်လှန်သွားခဲ့သည်။

လျူဟီသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ ရှုကျိုး၊ ငါတို့ကြားမှာ ရန်ငြိုးမရှိဘူးလေ၊ ဟုတ်တယ်မလား? “

“ ရန်ငြိုးမရှိဘူးလား? “

ရှုကျိုးသည် ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် ပြုံးစိစိဖြစ်သွားတော့သည်။

သူသည် သူ၏အစွမ်းပြမှုကြောင့် လျူဟီ၏ ဦးခေါင်းက အလုပ်မလုပ်တော့ဘူးဟု သံသယဝင်နေခဲ့ပြီ ဖြစ်သည်။

လျူဟီ၏ ဆိုးရွားသော ရည်ရွယ်ချက်များနှင့် လီရို့ရှီအပေါ်ထားရှိသည့် တဏှာအတွေးများကို ရှုကျိုးမှ မည်ကဲ့သို့ သတိမပြုမိဘဲ နေလိမ့်မည်နည်း?

ဤလူ့အား ရှုကျိုး သည်းခံထားခဲ့ရသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။

အမှန်တိုင်းပြောရမည်ဆိုပါက လီရို့ရှီ၏ ကိစ္စ မရှိဘူးဆိုလျှင်တောင်မှ ရှုကျိုးသည် လျူဟီကို အလွတ်ပေးမည် မဟုတ်ပေ။

“ လျူဟီ “ ရှုကျိုးမှ အေးစက်စွာ ပြောလာခဲ့သည် “ မင်းငါ့ဆီမှာ အကြွေးတင်ထားတဲ့ တစ်ဘီလီယံကို ပြန်ပေးလိုက်၊ မင်းရဲ့အသက်ကို သက်ညှာပေးဖို့ ငါစဥ်းစားကောင်း စဥ်းစားပေးနိုင်တယ် “

“ ဘာ !!! “ လျူဟီ မှင်သက်သွားတော့သည် “ တစ်ဘီလီယံလား? “

ငါက ပိုက်ဆံအများကြီးကို ရှုကျိုးဆီမှာ ဘယ်အချိန်တုန်းက အကြွေးတင်သွားတာလဲ?

ရှုကျိုးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ သားရဲဘုရင်ရဲ့ နှလုံးကိစ္စလေ၊ မင်းက ဒီလောက်မြန်မြန်ကြီး မေ့သွားတာလား? “

ယခင်က သူသည် ဤနေရာတွင် ရှိမနေခဲ့ပေ။

သို့သော် သူ၏စိတ်စွမ်းအားမှာ အလွန် မြင့်မားလှသောကြောင့် မီတာ ၁ထောင်အကွာမှ ဖြစ်ရပ်များကို သတိပြုမိနေခဲ့သည်။

သားရဲဘုရင်၏နှလုံးသည် အဖိုးတန်သော ကံကြမ္မာကောင်းတစ်ခု ဖြစ်ပြီး၊ တရားဝင်လမ်းကြောင်းမှ ရောင်းချမည်ဆိုပါက သန်း၈၀အထိပင် ရရှိမည် ဖြစ်သည်။

သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အချိန်အတော်ကြာ လှည့်လည်သွားလာနေခဲ့ပြီး၊ တတိယအဆင့် သားရဲနှစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံနေခဲ့ရသော်လည်း၊ ထိုကဲ့သို့သော ကံကြမ္မာကောင်းမျိုးကို မရရှိခဲ့ပေ။

လျူဟီကြောင့်သာ မဟုတ်ဘူးဆိုပါက လီရို့ရှီနှင့် ကျန်းလန်တို့မှာ အဖော်ထုတ်ခံလိုက်ရမည် မဟုတ်ပေ။

ရှုကျိုးသည် လျူဟီကို အေးစက်စွာ စိုက်ကြည့်နေလျက်ရှိသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူဟီသည် ချက်ချင်းနားလည်သွားခဲ့ပြီး၊ မျက်နှာအမူအရာ အကြိမ်ကြိမ်အခါခါ ပြောင်းလဲသွားတော့သည်။

“ အဲ့တာကို မထုတ်ပေးနိုင်ဘူးလား၊ ဟမ့်? “ ရှုကျိုးသည် ပေါ့ပေါ့တန်တန် ပြောဆိုလာခဲ့သည် “ ဒါဆိုရင် မင်းသေလို့ရပြီ “

ထိုစကားလုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဓားချက်တစ်ချက် ထွက်ပေါ်လာခဲ့သည်။

လျူဟီသည် ခုခံတားဆီးရန်အတွက် သူ၏ဓားကို လွှဲရမ်းလာခဲ့သည်။

သူသည် Aအဆင့် စွမ်းရည် ပိုင်ဆိုင်ထားသည့် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး၊ သူ၏စွမ်းအားသည် အတွင်းမြို့တော်ထဲရှိ လူတော်တော်များများထပ်ပင် သာလွန်နေခဲ့သည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် …….. ဖူးးးးးး

လျူဟီ သွေးအန်လာခဲ့ရပြီး၊ သူ၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။

“ သေ !!! “ ရှုကျိုးသည် အေးစက်စက် အော်ပြောလာခဲ့ပြီး၊ ပြင်းထန် အားကောင်းသော ချီ-သွေး စွမ်းအင်များ တရကြမ်း ပေါ်ထွက်လာခဲ့သည်။

ယခင်က သူသည် သူ၏ အရှိန်အဝါကို မထုတ်လွှတ်ခဲ့ပေ၊ သို့သော် ယခုတွင်ကား သူသည် မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ပေ။

လျူဟီနှင့် ရင်ဆိုင်နေရသောအခါတွင် ရှုကျိုးသည် မည်သည့်လွတ်လမ်းကိုမှ မပေးခဲ့ချေ။

ဘုန်းးးး !!!

အကာအယံတစ်ခု ကျိုးပေါက်သွားသကဲ့သို့ ချီ-သွေးစွမ်းအင်များသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

ဒီအရှိန်အဝါက တော်တော်ကြီးကို အားကောင်းတာပဲ၊ အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်နယ်ပယ်ထပ်တောင် တော်တော်ကြီး အားကောင်းနေပြီ။

သို့သော် သူတို့အားလုံးသည် ရှုကျိုးက ပထမအဆင့် သိုင်းပညာရှင် မဟုတ်သေးဘူးဆိုသည်ကို အာရုံခံမိနေကြသည်၊ အဘယ့်ကြောင့်ဆိုသော် ပထမအဆင့်သိုင်းပညာရှင်အဖြစ် အဆင့်တက်သွားခဲ့ပါက သိသာထင်ရှားသည့် လက္ခဏာများ ရှိနေသောကြောင့် ဖြစ်သည်။

အနီးဆုံးတွင် ရှိနေသည့် လျူဟီ၏ အမူအရာသည် ချက်ချင်း ဖြူဖျော့သွားကာ အော်ဟစ်လာခဲ့သည် “ ဒါက ……. မဖြစ်နိုင်ဘူး !!! “

သူက ပထမအဆင့်ကိုတောင် မရောက်သေးဘူးလေ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် စွမ်းနေရတာလဲ?

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် တောက်လောက်နေသော နေမင်းကြီးကဲ့သို့ လျူဟီကို အပြင်းအထန် ဖိနှိပ်လာခဲ့သည်။

“ အားး …….. “ လျူဟီသည် ပြင်းထန်လှသော ဖိအားကြောင့် ဒူးထောက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

သူသည် Sအဆင့် စွမ်းရည်ပိုင်ရှင်၏ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

သွေးမျိုးဆက်နှင့် အဆင့်တို့ ပေါင်းစပ် ဖိနှိပ်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ဖိအားမျိုးအောက်၌ လျူဟီသည် မည်သို့မျှ တောင့်မခံနိုင်ခဲ့ပေ။

“ ဘုတ် “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အမှန်တကယ် ဒူးထောက်ကျသွားတော့သည်၊ သူ၏လိုအင်ဆန္ဒကြောင့် မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်ဖြင့် အတင်းအကြပ် ဖိအားပေးခံလိုက်ရခြင်း ဖြစ်သည်။

“ ရွှပ် !!! “

ဒူးထောက်ကျသွားခဲ့သော်လည်း ရှုကျိုးသည် မည်သည့် သနားညှာတာမှုကိုမှ မပြသဘဲ ပြတ်ပြတ်သားသား ခုတ်ပိုင်းလိုက်ရာ လျူဟီ၏ ဦးခေါင်းသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

“ ဆွစ်ရှ် !! “

ရှုကျိုးသည် သူ၏ဆေဘာကို ပြန်သိမ်းလိုက်ပြီး၊ သူ့ရှေ့ရှိ ဒူးထောက်လျက်သား ဖြစ်နေသော လျူဟီ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကြီး၏ ပြတ်တောက်သွားသည့် လည်ပင်းနေရာမှ သွေးများ ပန်းထွက်လာတော့လေသည်။

ကွင်းပြင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ် ငြိမ်ကျသွားခဲ့သည်။

သို့သော် ဤတစ်ကြိမ် ခံစားရသည့် အံ့ဩတုန်လှုပ်မှုသည် ယခင်တစ်ကြိမ်ကထပ် များစွာ ပိုနေခဲ့သည်။

အရှေ့ပိုင်း လျူမိသားစုမှ အဖွဲ့ဝင်တစ်ဦးသည် ဒူးထောက်လျက် ခေါင်းဖြတ်ခံလိုက်ရသည်။

အဆိုပါ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းသည် လူတော်တော်များများကို အချိန်အတော်ကြာ ဆွံ့အ ငြိမ်သက်သွားစေခဲ့သည်။

အထူးသဖြင့် ကျောင်းကျိုးမှ ပါရမီရှင်များဖြစ်ပြီး၊ သူတို့သည် ခြေလက်များပင် အေးစက်ထုံကျင်နေကြပြီ ဖြစ်သည်။

ရှုကျိုးသည် ပထမအဆင့် သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည်၊ ၎င်းမှာ အရေးမကြီးလှပေ၊ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပထမအဆင့် သိုင်းပညာရှင်များက ပြင်ပသိုင်းပညာရှင်များဖြစ်ပြီး၊ အမြင့်ဆုံးအနေဖြင့် Dအဆင့် စွမ်းရည်မျှသာလျှင် ပိုင်ဆိုင်ထားမည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့သော လူများကို အများအပြား သတ်ပစ်မည်ဆိုလျှင်တောင်မှ မည်သူကမှ ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် လျူဟီမှာ ကွဲပြားခြားနားလှပေသည်။

လျူဟီသည် Aအဆင့် စွမ်းရည်ပိုင်ဆိုင်ထားသည့် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူ၏ အစွမ်းသည် အတွင်းမြို့တော်ထဲမှာပင် အဆင့်မြင့်သည်ဟု ယူဆ၍ ရလေသည်။

ရလဒ်ကား ရှုကျိုး၏ ခြေရင်းတွင် အရှက်တကွဲ အကျိုးနည်းစွာဖြင့် ဒူးထောက်လျက် အသတ်ခံလိုက်ရလေသည်။

အကယ်၍ သူတို့ကသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက …………

လူတိုင်း၏ နှလုံးသားများ အေးစိမ့်သွားတော့လေသည်။

………………………………………………………………………………………………………………

အပိုင်း ( 84 )

အထူးဝင်ခွင့်၊ သိုင်းပညာ တက္ကသိုလ်များ အလုအယက် ပြိုင်ဆိုင်နေကြပြီ !!!

ရှုကျိုးသည် လူအုပ်ကြီး၏ အံ့ဩတုန်လှုပ်မှုများကို လျစ်လျူရှုထားခဲ့သည်။

သူသည် သူ၏ဓားကို သိမ်းကာ လီရို့ရှီကို လှည့်ကြည့်လိုက်သည် “ တောင်းပန်ပါတယ်၊ ငါနောက်ကျသွားတယ် “

ထိုအခိုက်အတန့်တွင် လီရို့ရှီသည် အနည်းငယ် အံ့အားသင့်သွားပြီး၊ သူမ၏ သေသပ်လှပသော အေးစက်စက် မျက်နှာလေးသည် အနည်းငယ် မိန်းမောသွားခဲ့သည်။

အကယ်၍ အစောပိုင်း အချိန်များအတွင်းက ရှုကျိုးမှာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုလျှင်တောင်မှ သူသည် လျူတျန်မုကို ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။

လျူဟီကမူ …….

အရိုးသားဆုံးပြောရပါက သူမကိုယ်တိုင် လျူဟီကို သတ်နိုင်လေသည်။

သို့ရာတွင် ရှုကျိုး၏ ယခုလက်ရှိ ပိုင်ဆိုင်ထားသော စွမ်းအားသည် သူမ၏ စိတ်ခံစားချက်များကို ရှုပ်ထွေးသွားစေခဲ့သည်။

တစ်ချိန်က သူမ၏ ကာကွယ်စောင့်ရှောက်ပေးမှုအောက်တွင် ရှိနေခဲ့ရသည့် မောင်ငယ်လေးသည် ယခုတွင် သူမထပ် သာလွန်သွားသည့်ပုံပင်။

သို့ရာတွင် လီရို့ရှီကား စိုးရိမ်ပူပန်မှု မရှိဘဲ၊ သူမ၏ သက်ပြင်းချမှုများအလွန်တွင် ပျော်ရွှင်မှုများ ရှိနေခဲ့သည်၊ ရှုကျိုး၏ ကြီးထွား တိုးတက်လာမှုသည် သူမကို အလွန်စိတ်ကျေနပ်သွားခဲ့သည်။

“ လန်လန်၊ နင် အဆင်ပြေရဲ့လား? “

တစ်ဖက်ရှိ ကျောက်ဟုန်ရင်သည် အလောတကြီး ပြေးလာခဲ့သည်။

သူမသည် အစောပိုင်းအချိန်များအတွင်းက ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်၊ သို့သော် ကြမ်းတမ်းသော တိုက်ပွဲကို မကျော်ဖြတ်နိုင်သောကြောင့် စိုးရိမ်တကြီးဖြင့်သာ စောင့်ဆိုင်းနေခဲ့ရလေသည်။

ယခုတွင် တိုက်ပွဲပြီးသွားခဲ့ပြီ ဖြစ်သောကြောင့် ကျောက်ဟုန်ရင်သည် အလောတကြီး ပြေးလာ၍ ကျန်းလန်ကို ထူမပေးနေတော့သည်။

ကျန်းလန်၏ အပြင်းအထန် ဒဏ်ရာရထားမှုကို သတိပြုမိသွားသောအခါတွင် သူမသည် ဒေါသတကြီးဖြင့် အော်ဟစ်လာခဲ့သည် “ နင့်ကို ဘယ်သူက ဒီလိုလုပ်လိုက်တာလဲ? “

သူမသည် အစောပိုင်း အချိန်များအတွင်းက ဖြစ်ရပ်များကို သတိမပြုမိခဲ့ပေ။

ကျန်းလန်သည် အံကိုကြိတ်ကာ စကားလုံးသုံးလုံးကို ထုတ်ပြောလာခဲ့သည် “ လျူတျန်မု “

“ လျူတျန်မုလား? “ ကျောက်ဟုန်ရင်၏ မျက်နှာလေးထံတွင် အလွန်မကျေမနပ်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ သူက တက္ကသိုလ်ကျောင်းသားမဟုတ်ဘူးလား? နင့်ကို တကယ်ကြီးတိုက်ခိုက်ခဲ့တယ်ပေါ့? အရှက်မရှိလိုက်တာ !!! “

ရှုကျိုးသည် ကျောက်ဟုန်ရင်အား အနည်းငယ် ထူးဆန်းသော အကြည့်မျိုးဖြင့် ကြည့်လာခဲ့သည်၊ ကျောက်ဟုန်ရင်က ကျန်းလန်ရဲ့ အသင်းဖော်လား?

ဒီလောက်တောင် တိုက်ဆိုင်တာလား?

ရှုကျိုးသည် ကျောက်ဟုန်ရင်ကို ကြည့်ကာ မေးမြန်းလိုက်သည် “ လျူဟီနဲ့ လျူတျန်မုက မိသားစုတစ်ခုတည်းကလား? “

“ လျူဟီက မျိုးဆက်ခွဲတစ်ယောက် “ ကျောက်ဟုန်ရင်သည် အံကြိတ်၍ ပြောပြလာခဲ့သည် “ လျူတျန်မုကတော့ တိုက်ရိုက်မျိုးဆက်။ ပြီးတော့ သူ့ဆီမှာ Sအဆင့် စွမ်းရည်ရှိတယ်၊ အဲ့လူက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ကြားထဲမှာတောင်မှ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်လို့ ပြောလို့ရတယ် “

သူမသည် ပိုပို၍ ဒေါသတကြီး ဖြစ်လာတော့သည် “ အဲ့ဒီခွေးသူတောင်းစားက အထက်တန်းကျောင်းသူတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်၊ လူယုတ်မာ “

ရှုကျိုးကား ပြောစရာစကား ပျောက်ရှသွားတော့သည်။

ဒီလျူတျန်မုနဲ့ လျူဟီက ညီတူညီမျှ အရှက်မရှိကြတာပဲ။

“ လျူတျန်မု ……. “ ရှုကျိုးမှ ရေရွတ်ပြောနေလျက်ရှိသည်။

သူသည် ၎င်းကို တေးမှတ်ထားလိုက်သည်၊ ထိုလူသည် သူ့အား တစ်ဘီလီယံ အကြွေးတင်နေသော လူဖြစ်သည်။

သူသည် ၎င်းကို အနှေးနှင့်အမြန်ဆိုသလို ပြန်တောင်းမည် ဖြစ်သည်။

“ ဒီလျူတျန်မုက ” ရှုကျိုးသည် ကျောက်ဟုန်ရင်ကို ကြည့်ကာ မေးမြန်းလိုက်သည် “ အခုလက်ရှိ သူ့ရဲ့ နယ်ပယ်ကဘာလဲ? “

“ နယ်ပယ်လား? “ ကျောက်ဟုန်ရင်သည် အတွင်းမြို့တော်၏ တိုက်ရိုက်မျိုးဆက်တစ်ဦး ဖြစ်သောကြောင့် ဤကိစ္စကို နားလည်မှု တစ်ချို့ရှိထားပြီး၊ ပြောလာခဲ့သည် “ သူက ဒုတိယအဆင့်မှာ ရှိသင့်တယ်၊ မကြာခင်မှာပဲ တတိယအဆင့်ကို ရောက်သွားလောက်တယ် “

“ တတိယအဆင့်နဲ့ နီးနေပြီလား? “ ရှုကျိုး၏နှလုံးသား တင်းကြပ်သွားခဲ့သည်။

ကိစ္စက ဒီလိုဆိုရင်တော့ တစ်ဘီလီယံ ပြန်တောင်းမည့်ကိစ္စက နည်းနည်းတော့ ခက်လာပြီပဲ။

“ တတိယအဆင့် ………. “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည် “ ငါက အဲ့အဆင့်ကို ဘယ်အချိန်မှာ ရောက်သွားလောက်မလဲ သိချင်မိတယ် “

ဘေးနားရှိ ကျန်းလန်သည် ထိုလူနှစ်ဦးက စိမ်ပြေနပြေ စကားပြောနေသည်ကို ကြည့်နေခဲ့ပြီး၊ သူမ၏အကြည့်သည် ပိုပို၍ ထူးဆန်းလာတော့သည်။

သူမသည် ရှုကျိုးကို ကြည့်လိုက်သည်၊ ထို့နောက်တွင် ကျောက်ဟုန်ရင်ကို ကြည့်ကာ မေးမြန်းလိုက်သည် “ နင်တို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား? “

ကျောက်ဟုန်ရင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြလိုက်သည် “ အဲ့လိုပြောလို့ရတယ် “

ကျန်းလန် အံ့အားသင့်သွားတော့သည်၊ သူမက ရှုကျိုးနဲ့ ဘယ်အချိန်တုန်းက ဆက်သွယ်မိသွားတာလဲဟ?

“ နင်နဲ့ လမ်းကွဲသွားပြီးသည့်နောက်မှာ ငါက သူနဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲမှာ တွေ့ခဲ့တာ “

ကျောက်ဟုန်ရင်မှ ဝန်ခံလာခဲ့သည် “ အဲ့တာနဲ့ ငါတို့က ယာယီ ပူးပေါင်းလိုက်ပြီးတော့ တစ်လကျော်ကျော်လောက် အသင်းဖော် ဖြစ်သွားကြတယ် “

“ ဘာ !!! “ ကျန်းလန် အံ့ဩသွားတော့သည် “ နင်က ဘယ်လိုလုပ်ပြီးတော့ အတွင်းပိုင်းနယ်မြေထဲကို ရောက်သွားရတာလဲ? “

တစ်ချိန်တည်းမှာပင် လီရို့ရှီမှာလည်း အံ့အားသင့်သွားကာ၊ ရှုကျိုးကို ကြည့်လာခဲ့သည် “ နင်က အတွင်းပိုင်းနယ်မြေထဲကို သွားခဲ့တာလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

လီရို့ရှီ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့လေသည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေ !!

၎င်းမှာ သူမပင် ခြေမချရဲသော နေရာတစ်ခု ဖြစ်သည်။

ရှုကျိုးက အဲ့လိုနေရာကို ဘယ်လိုလုပ်ပြီးတော့ သွားရဲနေရတာလဲ?

ကျန်းလန်မှာလည်း အနည်ငယ် အံ့အားသင့်သွားခဲ့သည်၊ အတွင်းပိုင်းနယ်မြေထဲမှာ တစ်လကျော်ကျော် နေနေခဲ့တာလား?

ထိုအချိန်တွင် သူတို့အပေါ်သို့ ကျရောက်နေခဲ့သည့် အန္တရာယ်အဆင့်ကား မှန်းဆ၍ပင် ရမည် မဟုတ်ပေ။

…

သူမတို့ ဘေးနားရှိ ကျောက်ဟုန်ရင်သည် ကျန်းလန်၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် စိတ်ခံစားချက်များ ရှုပ်ထွေးသွားတော့သည်။

အကယ်၍ သူမတို့က အတွင်းပိုင်းနယ်မြေထဲတွင် တစ်လကျော်ကျော် နေနေခဲ့ရုံတင် မဟုတ်ဘဲ၊ တတိယအဆင့် သားရဲနှစ်ကောင်နှင့် တတိယအဆင့် အမှောင်သိုင်းပညာရှင်တို့၏ လိုက်ဖမ်းခြင်းကို ခံနေခဲ့ရသည်ကို သိသွားမည်ဆိုပါက တစ်ဖက်လူမှာ မည်ကဲ့သို့ ဖြစ်သွားလိမ့်မည်နည်း?

မေ့လိုက်ပါတော့၊ သူမကို စိတ်မညစ်သွားစေတာက ပိုကောင်းပါတယ်။

၎င်းကို တွေးမိသွားသောအခါတွင် ကျောက်ဟုန်ရင်သည် မနေနိုင်တော့ဘဲ ရှုကျိုးကို ထပ်ကြည့်လာခဲ့သည်၊ ဒီလူက တော်တော်ကြီးကို အံ့ဩဖို့ကောင်းလွန်းသည် ………

ကျန်းလန်ကမူ ကျောက်ဟုန်ရင်၏ စိတ်ထဲတွင် ဖြစ်ပေါ်နေခဲ့သည့် အတွေးများကို မသိပေ။

ထိုအခိုက်အတန့်တွင် သူမသည် သူမ၏ပါးပြင်များက ပူလောင်နေသည်ဟု ခံစားနေခဲ့ရသည်။

ယခင်က သူမသည် ရှုကျိုးက Dအဆင့် ထောက်ပံ့မှုဖြင့်သာ ထိုက်တန်သည်ဟု ပြောခဲ့သည်။

ယခုတွင်ကား သူသည် ပထမနေရာကို ရရှိသွားရုံတင်မကဘဲ၊ သူမ၏ အချစ်ဆုံး သူငယ်ချင်းနှင့် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲတွင် တစ်လကျော်ကျော် အတူတူ နေထိုင်ခဲ့လေသည်။

၎င်းမှာ မည်ကဲ့သို့သော အခြေအနေမျိုး ဖြစ်သနည်း?

ကျန်းလန်သည် သူမ၏ခေါင်းလေးကို စောင်း၍ ကျောက်ဟုန်ရင်ကို လှည့်ကြည့်လိုက်ရာ တစ်ဖက်လူမှာ ရှုကျိုးကို ငေးကြည့်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့်၊ သူမ၏မျက်လုံးလေးများ ခုန်ထွက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

ကျန်းလန်မှ ရုတ်တရက် ထရပ်လိုက်ရာ ကျောက်ဟုန်ရင်သည် သူမကို အလျင်အမြန် ထူမပေးလာခဲ့သည်။

“ ငါ့ကို ထူပေးဖို့ မလိုဘူး “ ကျန်းလန်သည် အံကြိတ်၍ ပြောလိုက်သည်။

“ လန်လန်၊ နင် ………. “ ကျောက်ဟုန်ရင် အံ့ဩသွားပြီး၊ သူမ၏မျက်နှာလှလှလေးသည် စိတ်ရှုပ်ထွေးများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ အဆင်ပြေပါတယ်၊ ထူပေးဖို့ မလိုပါဘူး “ ကျန်းလန်သည် အံ့ကြိတ်၍ ပြောလိုက်ပြီး၊ မတ်တပ်ရပ်နေရသောကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော နာကျင်မှုကို သည်းခံနေတော့သည်၊ ထို့နောက်တွင် စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းဆီသို့ တစ်ကိုယ်တည်း လမ်းလျှောက်သွားတော့သည်။

ရုတ်တရက်ဆိုသလိုပင် ကျန်းလန် တုန်ရင်သွားခဲ့ပြီး၊ သူမ၏နောက်ကျောဘက်ရှိ ကျိုးပဲ့နေသော အရိုးများသည် ပြင်းထန်သော နာကျင်မှုကို ထုတ်လွှတ်လာကာ သူမကို လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။

ကျောက်ဟုန်ရင်သည် ရှေ့သို့ အလောတကြီး ပြေးသွားတော့သည် “ လန်လန်၊ ငါနင့်ကို ကူညီပါရစေဟာ “

“ မလိုဘူး၊ ငါ့ဘာသာ လုပ်မယ် “ ကျန်းလန်မှ ပြတ်ပြတ်သားသား ပြန်ပြောလာခဲ့သည်၊ ငါ့ရဲ့ အားနည်းချက်ကို ဒီလူ့ကို မြင်တွေ့ခွင့် မပေးဘူး။

လှံကိုင်ကာ၊ အဖြူရောင် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကိုယ်နေဟန်ထား ဖြောင့်တန်းနေသော ကျန်းလန်၏ နောက်ဘက်ကျောပြင်လေးသည် ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့ပြီး၊ စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေခဲ့ကာ စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားနေတော့သည်။

ထိုနေရာသို့ ရောက်ရှိသွားသောအခါတွင် သူမသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ကျန်းလန်သည် နောက်သို့ ပြန်လှည့်ကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ နင်က တော်တော်လေး အထင်ကြီးဖို့ကောင်းပါတယ်၊ ငါထင်ထားတာထပ် နည်းနည်းလေး ပိုကောင်းတယ်။ ငါပြန်သက်သာလာတာနဲ့ နင်နဲ့ တိုက်မယ် “

ရှုကျိုးမှ ပထမနေရာကို ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး၊ သူမ အလွန် မကျေမနပ် ဖြစ်နေခဲ့သည်။

ရှုကျိုးမှ လျူဟီကို သတ်လိုက်သည့် မြင်ကွင်းမှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော်လည်း၊ သူမမှာလည်း သူမ၏ ကိုယ်ပိုင်အစွမ်းဖြင့် လျူဟီ့ကို အလွယ်တကူ ချေမှုန်းနိုင်လေသည်။

၎င်းကား Sအဆင့် စွမ်းရည်၏ ယုံကြည်မှုပင် ဖြစ်သည် !!!

………………………………………………………………………………………………………………………

All Chapters