ပြေးဖို့စဥ်းတောင်မစဥ်းစားနဲ့
Vol. 90 Ch. 1336
၎င်းက မြန်လွန်းလှသည်။ ချူးယွင်ဖန်း၏ သတ်ဖြတ်မှုက မိုးကြိုးတစ်စင်းကဲ့သို့ပင်ဖြစ်သည်။ သူသည် မိုးကြိုးအဖြစ်ပြောင်းလဲသွားကာ သူ့တစ်ကိုယ်လုံးကို တုန်လှုပ်ခြောက်ခြားဖွယ် လျှပ်စီးကြောင်းများက ဝိုင်းရံထားသည်ဟုပင် ဆိုရပေလိမ့်မည်ဖြစ်သည်။
အသီလာ၏ အမူအရာက ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းကို သုတ်သင်ရန် မလွယ်ကူကြောင်း သူသိသော်လည်း ချူးယွင်ဖန်းသည် ဤမျှ သတ်ရန် ခက်ခဲမည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ယခုမှတင်စလိုက်ခြင်းဖြစ်သော်လည်း သုံးယောက် သေသွားခဲ့ပြီဖြစ်သည်။
ဤသည်က သူစီစဥ်ထားသည်နှင့် လုံးဝမတူပေ။ သူ၏ အကြံအစည်မှာ ချူးယွင်ဖန်းက အလွန် ရက်စက်ကြမ်းကြုတ်လျှင်ပင် ၎င်းတို့ထဲမှ နှစ်ယောက် သို့မဟုတ် သုံးယောာက်ကိုသာ သုတ်သင်နိုင်မည်ဖြစ်သည်။ ၎င်းတို့၏ ခွန်အားဖြစ်စေ၊ အရေအတွက်ဖြစ်စေ ၎င်းတို့အားလုံးက ချူးယွင်ဖန်းထက် သာလွန်သည်။
ချူးယွင်ဖန်းက ဘယ်လောက်ရက်စက်ရက်စက်ပေါ့.. ဘာဖြစ်လဲ…
သို့သော် ချူးယွင်ဖန်းက သူထင်ထားသည်ထက်ပို၍ ရက်စက်နေလိမ့်မည်ဟု မည်သူသိမည်နည်း။ သူ၏ သတ်ဖြတ်နိုင်စွမ်းက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ချူးယွင်ဖန်း၏ မိုးကြိုးကို ထိန်းချုပ်နိုင်စွမ်းသည် ၎င်းတို့ရရှိထားသည့် အချက်အလက်များထက် ရှင်းလင်းစွာပင် ကျော်လွန်သွားခြင်းဖြစ်သည်။ ထိုသို့သော သူသည် ပြဿနာရှိသည့် ပြိုင်ဘက်ဖြစ်သည်မှာ သေချာလှသည်။
ဤသည်ကိုတွေး၍ သတ်ပစ်ရန် ရည်ရွယ်ချက်သည် အတီလာ၏ မျက်လုံးများထဲ၌ ပွက်ပွက်ဆူလာကာ ချူးယွင်ဖန်းကို ချိန်ရွယ်၍ ကောင်းကင်ထိ ပြည့်လျှံနေသော လူသတ်ရောင်ဝါအဖြစ်ပြောင်းလဲသွားသည်။
ထိုသို့သောသူသည် အသက် ဆက်ရှင်နေ၍ မရပေ။
ချူးယွင်ဖန်းက နောက်ဆုံးတွင် သူ၏ လှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့သည်။ သူ့အတွက် ခုန်းလုံမှ ထွက်ခွာပြီးမှ တိုက်ခိုက်လျှင် အားနည်းချက်မရှိပေ။ ခုန်းလုံ၏ အတားအဆီးများအားလုံး ဖျက်ဆီးခံခဲ့ရသည်။ ခုန်းလုံတွင် တိုက်ပွဲဖြစ်ပါက တစ်မြို့လုံးပျက်ဆီးကာ အသေအပျောက်များပေလိမ့်မည်။ ဤသည်က သူမြင်ချင်သော အခြေအနေမဟုတ်ပေ။
သို့သော် ဤနေရာတွင် သူ၏ ခွန်အားကို အပြည့်အဝ အသုံးပြုနိုင်သည်။
ဘမ်း
ချူးယွင်ဖန်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်လာပြီး ယခင်ကထက် ကျော်လွန်သွားခဲ့သည်။ ခုန်းလုံတွင်ရှိစဥ်ကာ ပေါ့ပေါ့ဆဆ မတိုက်ခိုက်ဝံ့ဘဲ အင်အားနည်းသော လှုပ်ရှားမှုများဖြင့်သာ တိုက်ခိုက်ရန် ရွေးချယ်နိုင်ခဲ့သည်။
ယခုမူကား၊ သူ့တွင် ချို့ယွင်းချက်မရှိပေ။
“ချီးပဲ”
အသီလာသည် သူ့အပေါ် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ့အမူအရာက ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ဖုံးကါဘ်ထား၏။
ယခင်က ချူးယွင်ဖန်းသည် အမတေမဲ့အဆင့်အလယ်အလတ်အဆင့်၏ အစွမ်းသတ္တိကို ပြသခဲ့သည်။
သူသည် အလယ်အလတ် အမတေမဲ့အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော်လည်း ၎င်းသည် ထောက်လှမ်းရေးပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။
သို့သော် အတီလာက ယင်းကို ဂရုမစိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အမတေမဲ့အဆင့် နှောင်းပိုင်းတွင်ရှိနေပြီဖြစ်သည်။ ခွန်အားကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးကြား ခြားနားချက်ကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းက ကျင်းကျန်းဟန်၏ ဆရာများကို အစွမ်းပြကာ သုတ်သင်ခဲ့သော်လည်း သူ လုံးဝမကြောက်ခဲ့ပေ။ သို့သော် ယခုက မတူပေ။ ချူးယွင်ဖန်းက သူ့ကို လှည့်စားခဲ့သည်ကို သူ သဘောပေါက်နားလည်သွားသည်။
ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ဖုံးကွယ်ထားကာ အလွယ်တကူ သတ်ပစ်နိုင်သည်ဟု ထင်စေခဲ့သည်။ အစကတည်းက ယင်းက သူ၏ အစီအစဥ်တစ်ခုဖြစ်ကာ ၎င်းတို့ လှည့်ဖြားခံခဲ့ရခြင်းပင်ဖြစ်၏။
အကယ်၍ ၎င်းတို့သည် ခုန်းလုံတွင် တိုက်ခိုက်မည်ဆိုပါက ချူးယွင်ဖန်းက ထိန်းထားလိမ့်မည်ဖြစ်သော်လည်း ၎င်းတို့သည်မူ စိုးရိမ်ခြင်းမရှိပေ။ ဤသည်က ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကို ကန့်သတ်ချက် ကြီးကြီးမားမား ဖြစ်စေသည်။ တိုက်ပွဲအရှိန်အဟုန်က မနက်အစောပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
အသီလာသာမက အခြားသူများကလည်း ယင်းကို ချက်ချင်းသဘောပေါက်နားလည်သွားကြသည်။ ၎င်းတို့သည် ရူးသွပ်သော လူအလူမိုက်များဟု ထင်ရသော်လည်း ဤအတိုင်းအတာထိ မည်သူက တကယ် ရူးမိုက်သူဖြစ်မည်နည်း။ ၎င်းတို့အားလုံးသည် အခြားသူများထက် ဉာဏ်ကောင်းကြသူများဖြစ်ကြသည်။ ထို့ကြောင့် ချက်ချင်းဆိုသကဲ့သို့ပင် ချူးယွင်ဖန်း၏ လက်ထဲတွင် လှည့်စားခံနေရကြောင်း ချက်ချင်းသိလိုက်ကြသည်။
“ငါ ဒီမြို့ကို အစုလိုက်အပြုံလိုက်သတ်ပစ်မယ်”
ကျင်းကျန်းဟန်၏ စစ်သည်တော်တစ်ယောက်က ချက်ချင်းဒေါသထွက်သွားကာ ခုန်းလုံဘက်သို့ ထွက်ပြေးရန် ပြင်လျက် သူ့ခြေထောက်အောက်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ချူးယွင်ဖန်းက သူ့ကို လုံးလုံးလျားလျား ဒေါသထွက်လျက်ရှိသည်။ သူ့ကိုယ်သူ ရှေးမြေခွေးတစ်ကောင်ကဲ့သို့ တွေးထားခဲ့သော်လည်း နောက်ဆုံးတွင်မူ ချူးယွင်ဖန်းကဲ့သို့ လူငယ်တစ်ဦး၏ လှည့်စားခြင်းခံခဲ့ရသည်။
"မဟုတ်ဘူး၊ မင်းမလုပ်ပါဘူး” ချူးယွင်ဖန်း၏ အေးစက်သော အသံကို အားလုံးကြားလိုက်ရသည်။ အဆုံးမဲ့မိုးကြိုးက သူ့ခန္ဓာကိုယ်မှ ထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးကို အဆုံးမဲ့မိုးကြိုးအဖြစ်ပြောင်းလဲဖြစ်လိုက်ရာ မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့အရှိန်အဝါမျိုးဟုပင် ထင်ရသည်။
ယခင်က သူသည် သူ၏ ဧကရာဇ် ကိုယ်ခန္ဓာ၏ အစွမ်းထက်သော ခွန်အားကို ပြသခဲ့သည်။ ယခုတွင်၊ သူသည် သူ၏ အခြားခန္ဓာကိုယ်ဖြစ်သော မိုးကြိုးကိုယ်ထည်၏ အစွမ်းကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီဖြစ်သည်။ မိုးကြိုးကိုယ်ခန္ဓာသည် ရှေးဟောင်းလူသားကာလအတွင်း ကမ္ဘာကြီးကို တုန်လှုပ်စေသည့် အထူးကိုယ်ခန္ဓာတစ်ခုဖြစ်သည်။ မိုးကြိုး၏ အစွမ်းဖြင့် လူတစ်ဦးသည် ကောင်းကင်ကိုးပါးအထက် မိုးကြိုးဧကရာဇ်တစ်ပါးဖြစ်လာနိုင်သည်။ မည်သူမျှ ယှဥ်နိုင်မည်မဟုတ်ပေ။
ဝှစ်
ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာကာ ကျင်းကျန်းဟန်၏ စစ်သည်တော်ကို ဖမ်းဆုပ်လိုက်သည်။ စစ်သည်တော်က လွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်း၏ တိုက်ခိုက်မှု၏ သူ၏အကာအကွယ်စွမ်းအင်ဒိုင်းကို အလွယ်တကူ ကွဲအက်သွားစေခဲ့ကာ ခန္ဓာကိုယ်ကိုလည်း စည်းချိပ်ပိတ်လိုက်သည်။
“အားးး” ကျင်းကျန်းဟန်၏ စစ်သည်တော်က နာကျင်စွာအော်လိုက်ပြီးနောက် ပြည်နယ်တစ်ခုလုံးတွင် မီးလောင်ကျွမ်းမှု၏ အနံ့အသက်များပျံ့နှံ့သွားသည်။ မိုးကြိုးကြောင့် သူ့အရေပြားတစ်ခုလုံးလောင်ကျွမ်းသွားကာ ခဏတာအတွင်း၌ပင် ညိုမဲသွားသည်။
“ဟား” ချူးယွင်ဖန်းက အေးစက်စွာ နှာခေါင်းရှုတ်လိုက်သည်။
သူသည် မိုးကြိုးကို အသုံးပြု၍ ဤအားကောင်းသော ရွှေအမတေအဆင့်ကျွမ်းကျင်သူကျင်သူကို သတ်ပစ်လိုက်သည်။ ထို့နောက် ကောင်းကင်ထိ ပျံ့ကျဲသွားသည့် သွေးမှုန်သွေးမွှားများကို စုစည်းကာ ဗြဟ္မာသစ်ပင်ဆီသို့ ယူသွားလိုက်သည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးနည်းစနစ်သည် လူတိုင်းကို လုံးဝ ထိတ်လန့်စေခဲ့သည်။ တိုက်ပွဲကို အဝေးမှကြည့်နေသော ကျွမ်းကျင်သူများသည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ချူးယွင်ဖန်း၏လက်ထဲတွင်၊ အမတေမဲ့အဆင့်ကျွမ်းကျင်သူများသည် လမ်းဘေးတွင် အမြစ်တွယ်နေသော ပေါင်းပင်များနှင့် ထူးမခြားနားပင်ဖြစ်သည်။
“ဆိုတော့ ဒါက ချူးယွင်ဖန်းရဲ့ ခွန်အားအစစ်လား”
“ဒါက ဘာလို့ ဆန်းကြယ်တယ်လို့ ခံစားမိတာလဲ။ အနာဂတ်မှာ ဘယ်သူက ဘယ်သူ့ကို သတ်မလဲ ဘယ်သူက မုဆိုးဖြစ်မလဲဆိုတာ ပြောဖို့ ခက်တယ်”
“စွမ်းအားကြီးလိုက်တာ… မိုးကြိုးနတ်ဘုရားကျနေတာပဲ”
လူအမြောက်အမြားက အံ့သြနေကြသည်။ မိုးကြိုးပညာကို ကျင့်ကြံထားသော ပညာရှင်တစ်ဦးမှမရှိထားသဖြင့် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်လျှင် ၎င်းတို့သည် ရိုးရှင်းစွာပင် ပြက်လုံးတစ်ခုဖြစ်သည်။
သာမန်အားဖြင့် ၎င်းတို့သည် အစွမ်းရှိသမျှ ကြိုးစားကာ ရေကန်ကဲ့သို့ ထူထဲသော လျှင်စီးတစ်ခုကို ထုတ်လွှတ်နိုင်ကြသည်။ ထိုအချိန်၌ပင် ထိုစွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
ချူးယွင်ဖန်းဝန်းကျင်ရှိ မိုးခြိမ်းသံ၏ စွမ်းအားသည် မိုးကြိုးနဂါးများကဲ့သို့ဖြစ်ကာ တစ်ခုစီတိုင်းက ၎င်းတို့ ထုတ်လွှတ်နိုင်သည့် ကန့်သတ်ချက်ကို ကျော်လွန်နေသည်။ ချူးယွင်ဖန်း၏ မိုးကြိုးနဂါးနှင့် နှိုင်းယှဥ်ပါက ၎င်းတို့ကို မြွေငယ်တစ်ကောင်ဟုပင် မယူဆနိုင်ပေ။
၎င်းတို့သည် တူညီသောအဆင့်တွင်မရှိနေကြပေ။
ချူးယွင်ဖန်းက အလွန်အစွမ်းကြီးလွန်းလှကာ မိုးကြိုးပညာများအပေါ် သူ၏ နားလည်မှုသည် ထိတ်လန့်တုန်လှုပ်ဖွယ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့မသိခဲ့ကြသည်မှာ ချူးယွင်ဖန်းတွင် မိုးကြိုးခန္ဓာကိုယ်ရှိသည်ဟူသောအချက်ပင်ဖြစ်သည်။ တစ်ကြိမ်မြင်လိုက်ရုံဖြင့် မိုးကြိုးဥပဒေနှင့်သက်ဆိုင်သော ကျင့်ကြံနည်းကို လေ့လာနိုင်ခဲ့သည်။ သူ၏ ကျင့်ကြံမှုသည် အခြားသူများ စိတ်ကူးနိုင်သော အတိုင်းအတာကို များစွာ ကျော်လွန်သွားခဲ့သည်။
"ဒီနေ့ ခင်ဗျားတို့ ဒီကိုလာပြီးတော့မှ ထွက်သွားချင်နေပြီလား” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
“ခင်ဗျားတို့ ကျုပ်ကို သီးသန့်ကျင့်ကြံတဲ့နေရာကနေ အတင်းထွက်လာစေချင်နေတာ… အခု ဒီကာလအတွင် ကျုပ် ကျင့်ကြံရေး ဘယ်လောက်တိုးတက်လာလဲဆိုတာ ကြည့်ဖို့ အချိန်ကော်းပဲ”
“ခင်ဗျားတို့ ဉာဘုရင်က ကျုပ်ကို သတ်ဖို့ လူတွေလွှတ်ရဲတယ်ဆိုတော့ မကြာခင် ကျုပ် သူ့ကို သတ်ပစ်မယ်”