← Chapters

အသီလာ၏ သေဆုံးခန်း

Vol. 90 Ch. 1339

အသီလာ၏ သေဆုံးခန်း

Vol. 90 Ch. 1339

မဟာဝေ့နိုင်ငံတွင် တော်ဝင်မြို့တော်တစ်ခုရှိသော်လည်း ကျင်းကျန်းဟန်တွင်မူ မရှိပေ။ ကျင်းကျန်းဟန် ကိုယ်တိုင်သည် ခြေသလုံး အိမ်တိုင်သမားများနှင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ ၎င်းတို့တွင် တော်ဝင်မြို့တော်ဟု အယူအဆမရှိခဲ့ပေ။ နှစ်စဉ်နှစ်တိုင်း ၎င်းတို့သည် မြစ်ကမ်းနားရှိ တော်ဝင်တဲတွင် နေထိုင်ကြသည်။

နေရာကမူ နှစ်တိုင်း မတူပေ။

တော်ဝင်တဲသည် မဟာဝေ့နိုင်ငံ၏ မြို့တော်နှင့် ညီမျှသည်။ ထို့အတွက်ကြောင့် ချူးယွင်ဖန်း၏စကားများကိုကြားရသူတိုင်း ရင်တထိတ်ထိတ်ဖြစ်ကုန်သည်။

မဟာဝေ့နိုင်ငံကို ဖြိုခွင်းရန် အင်ပါယာမြို့တော်ကို ဝင်လာသော လူတစ်ဦးနှင့် ထူးမခြားနားပင်ဖြစ်သည်။ ဤသည်က လုံးလုံးလျားလျား မယုံနိုင်စရာကောင်းလှသည်။ သာမာန်လူများက တွေးပင် မတွေးရဲကြပေ။

မဟာဝေ့နိုင်ငံ၏ ဧကရာဇ်မြို့တော်ကြီးသည် ကျွမ်းကျင်ပညာရှင်များနှင့် ပြည့်နှက်နေကာ ကျင်းကျန်းဟန်၏ ညာဘုရင်ကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူပင်လျှင် ဧကရာဇ်မြို့တော်သို့ တစ်ဦးတည်း ချီတက်ဝံ့မည်မဟုတ်ပေ။

၎င်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် တူသည်။

ကျင်းကျန်းဟန်သည် မဟာဝေ့နိုင်ငံထက်ပင် အစွမ်းထက်သည်ဟု မဆိုလိုပေ။ တော်ဝင်တဲ၌ ကျွမ်းကျင်သူများစွာ ရှိသည်။ လူတစ်ယောက်က မည်မျှပင် သန်မာနေစေကာမူ မရေမတွက်နိုင်အောင် များပြားလှသော ကျွမ်းကျင်သူများ၏ ဝိုင်းရံခံရ၍ နောက်ဆုံးတွင် သေဆုံးသွားလိမ့်မည်။

ကျင်းကျန်းဟန်တွင် ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည့် ကျင်းကျန်းဟန်၏ ခန်ပင် မဆိုနှင့် မည်သူမျှ တော်ဝင်တဲကို သိမ်းယူရန် မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းအတွက်၊ ယင်းက မည်သို့မျှ မဟုတ်ပေ။ နောက်ဆုံးတွင် သူယခင်က ထိုကဲ့သို့ လုပ်ခဲ့ဖူးသည်။ လူ့အသိုင်းအဝိုင်းတွင် ရှိနေလျှင် ၎င်းကို အကောင်အထည်ဖော်ရန် နေရာကျန်သေးသည်။ မရေမတွက်နိုင်သော နျူကလီးယားဗုံးများသည် တော်ဝင်တဲကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်သည်။

ရွှေအမတေအဆင့် တစ်ဦးဖြစ်လျှင်ပင် နျူကလီးယားဗုံး၏ စွမ်းအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ စကားကို အသီလာ ကြားသောအခါ သူ့မျက်လုံးများ ချက်ချင်းနီရဲသွားသည်။ သူက အံကြိတ်ကာ ချူးယွင်ဖန်းကို ကြည့်လိုက်သည်။

"မင်းကို သေစေချင်တယ်”

ထိုသို့ပြောပြီးနောက် အသီလာသည် ချူးယွင်ဖန်းထံသို့ လျှပ်စီးလက်သည့်အရှိန်ဖြင့် ပြေးလာသည်။ နောက်အခိုက်အတန့်တွင် သူသည် ချူးယွင်ဖန်းရှေ့တွင် ပေါ်လာပြီးဖြစ်သည်။ သူ၏ ရှေးဓားသွားသည် အလင်းတန်းများ ဖြန့်ကျက်ကာ ဆောင်းရာသီကဲ့သို့ အေးမြသည်။

ဤဓားရှည်၏အလင်းသည် ကမ္ဘာပေါ်ရှိ တက်ကြွမှုအားလုံးကို စုပ်ယူထားပုံရသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော ရှည်လျားသောရေစီးကြောင်းထဲသို့ စုစည်းကာ ချူးယွင်ဖန်း၏ ဦးတည်ရာဆီသို့ ပြင်းထန်စွာ ဖြတ်သွားခဲ့သည်။

ထိုအချိန်တွင် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အတွင်းခံချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာသည်။ ၎င်းသည် သူ့ပတ်ဝန်းကျင်တွင် ရှည်လျားသော အနက်ရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ချက်ချင်းဆိုသကဲ့သို့ပင် သူ့ကို အကာအကွယ်ပေးကာ ချည်နှောင်လိုက်သည်။

ချွင်

ဓားရှည်သည် နဂါးနက်ကို ခုတ်လှဲလိုက်၏။

"မင်းငါ့ကို ထိခိုက်အောင်လုပ်နိုင်မယ်ထင်နေလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

"စစ်မှန်တဲ့ စွမ်းအားကို မင်းမမြင်ဖူးဘူး”

အသီလာက ရုတ်တရက် ၎င်းကိုမြင်လိုက်ရကာ ကျိန်ဆဲလိုက်သည်။

“ချီးပဲ”

ချူးယွင်ဖန်းသည် ရှောင်တိမ်းခြင်းမရှိဘဲ သူ၏တိုက်ခိုက်ခြင်းကို ခံရမည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။ ၎င်းက သူ့အစီအစဉ်များအားလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

သေချာသည်၊ နောက်အခိုက်အတန့်တွင် ချူးယွင်ဖန်းက သူ့ရှေ့သို့ရောက်လာကာ သူ့ကို လက်သီးနှင့်ထိုးလိုက်သည်။

ဘမ်း!

အသီလာသည် ယင်းနှင့် တိုက်ရိုက်ထိမှန်ခဲ့ကာ တခဏအတွင်း မီတာရာနှင့်ချီ အနောက်သို့ ပျံသန်းသွားခဲ့ပြီးမှ ဟန်ချက်ထိန်းနိုင်ခဲ့သည်။

"ဟူး ဟူး ဟူး”

အသီလာ၏ အသက်ရှူသံ မြန်လာသည်။ ဤတိုက်ခိုက်မှုကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ့မျက်နှာတွင် မသိသာသော်လည်း သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းက လုံးဝ ထုံကျင်နေသည်။

အနည်းငယ် တုန်လှုပ်ခြင်းနှင့်အတူ အတွင်းခံချပ်ဝတ်တန်ဆာ အပိုင်းအစများ သူ့ခန္ဓာကိုယ်မှ ပြုတ်ကျသွားသည်။ အကယ်၍ ၎င်းသည် ယခုတိုက်ခိုက်မှုကို တားဆီးရန် အထောက်အကူဖြစ်စေသော ချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်ပါက ချူးယွင်ဖန်း၏လက်ထဲတွင် ထက်ဝက်ပိုင်းဖြတ်ခြင်း ခံရမည်ဖြစ်သည်။

၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ဤမျှ ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကျင့်ကြံမှုမျိုး ရှိသောသူကို တစ်ခါမျှ မတွေ့ဖူးပေ။ သန်မာသောကိုယ်လုံးကိုယ်ပေါက်ကြောင့် ကျော်ကြားသော ကျင်းကျန်းဟန် တွင်ပင် ချူးယွင်ဖန်းအဆင့်အထိ ကျင့်ကြံနိုင်သူ မရှိပေ။

အသီလာသည် ဤမျှထိတ်လန့်စရာကောင်းသော တည်ရှိမှုမျိုးကို သူ အမြဲနှိမ်ချဆက်ဆံခဲ့သော ဝေ့လူမျိုးများကြားတွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ဝှက်ဖဲအစစ်အမှန်ကို သူ လုံးလုံးနားလည်ခဲ့သည်။ ၎င်းသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားပင်ဖြစ်သည်။

ချူးယွင်ဖန်းက မဟာဝေ့နိုင်ငံ၏ ကျွမ်းကျင်သူများ ကူညီရန် ရောက်လာသော အချိန်ထိ အချိန်ဆွဲရန် ကြိုးစားနေသည်ဟုသာ သူထင်မှတ်ခဲ့သည်။

တကယ်တမ်းတွင် ထိုလူများသည် ချူးယွင်ဖန်းကို မည်မျှပင် မကြိုက်သည်ဖြစ်စေ ၎င်းသည် မဟာဝေ့နိုင်ငံ ဆယ်ခုကြားတွင် ပဋိပက္ခဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့သည် ရန်သူများဖြစ်ခဲ့သည်။

သို့သော် သူ၏ ယခင်အတွေးများက မည်မျှ ရယ်စရာကောင်းသည်ကို သူ နောက်ဆုံး နားလည်ခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အား ခုန်းလုံမှ ဝေးရာသို့ ခေါ်သွားချင်ခြင်းသာဖြစ်သည်။ စစ်ကူစောင့်ရန် ဘယ်သောအခါကမျှ မတွေးဖူးကြပေ။

‘သူ့ခွန်အားနဲ့သူ စစ်ကူလိုဦးမလား’

အသီလာ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

သူမရောက်ခင်တွင် ညာညုရင်က ချူးယွင်ဖန်းကို အရှင်လတ်လတ် ဖမ်းရန် ဖြစ်နိုင်ချေရှိပါက ယင်းကို လုပ်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ်မည်။ ကျင်းကျန်းဟန်တွင် လူများကို ဦးနှောက်ဆေးကာ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပေးနိုင်သော လျှို့ဝှက်နည်းပညာတစ်ခုရှိသည်။

ချူးယွင်ဖန်း၏ အရည်အချင်းနှင့် ယှဉ်ပါက နောင်ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်အတွင်း ကောင်းကင်သို့ ပျံတက်သွားနိုင်သည်။ အကယ်၍ ထိုလူကို ညာဘုရင်က အသုံးချနိုင်လျှင် တိုက်ပွဲဝင်ရာတွင် ပို၍ယုံကြည်မှုရှိလာမည်ဖြစ်သည်။

ကျင်းကျန်ဟန်တွင် လက်ဝဲဘုရင်က ထီးနန်းဆက်ခံသူဖြစ်ပြီး လက်ယာဘုရင်က ဒုတိယဖြစ်သည်။

ယခု အသီလာက ယင်းကို တွေးကြည့်လိုက်သောအခါ ထိုစဉ်က လက်ယာဘုရင်လုပ်ခဲ့သော အရာသည် ရိုးရှင်းစွာပင် ရယ်စဖွယ်ကောင်းလွန်းလှသည်။ ချူးယွင်ဖန်း၏ ကြီးမားလှသော ခွန်အားဖြင့်၊ လက်ယာဘုရင် ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားပါက၊ ကျင်းကျန်းဟန်က တပ်မည်မျှစေလွှတ်သည်ဖြစ်စေ အသုံးမဝင်ပေ။

သူ့အား ပို၍ပင် ကမောက်ကမ ဖြစ်စေခဲ့သည်မှာ လက်တွေ့တွင် အသက်များစွာကို အသုံးပြုခြင်းဖြင့် ထိုရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် အသီလာကို တုံ့ပြန်ရန် အချိန်မပေးပေ။ သူသည် ပျံတက်သွားကာ ကမ္ဘာကြီးကို ထက်ခြမ်းပိုင်းတော့မည့်နှယ် သူ့ဓားနှင့် ခုတ်လှဲလိုက်သည်။

ဘမ်း

အသီလာသည် ၎င်း၏ဓားကို တားဆီးရန် အလိုလို မြှင့်တင်ခဲ့သော်လည်း ယှဉ်နိုင်ခြင်းမရှိသဖြင့် လွင့်ထွက်သွားခဲ့သည်။

ချူးယွင်ဖန်း၏တိုက်ခိုက်မှုအောက်တွင်၊ အသီလာ၏ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်း၏ ထူးဆန်းသော စွမ်းအားက သူ့ကို ထိုအခြေအနေသို့ တုန်လှုပ်သွားစေသောကြောင့် ဖြစ်သည်။

“နောက်တစ်ခေါက်”

ချူးယွင်ဖန်းက အော်လိုက်ရာ သူ့လက်ထဲက လျှပ်စီးဓားကြီးက အသီလာ၏ လက်ထဲမီ ဓားရှည်ကို ထက်ခြမ်းပိုင်းလိုက်သည်။

အသီလာက ၎င်းကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ချူးယွင်ဖန်း၏ ဓားဖြင့် ထက်ဝက်ပိုင်းထံလိုက်ရသည်။

သွေးများ ဘေးသို့ ပျံ့နှံ့သွားသည်။ ချူးယွင်ဖန်းက အသီလာ၏ အလောင်းကို ဆုပ်ကိုင်ထားပြီးနောက် မြေပြင်ပေါ်သို့ ပစ်ထျလိုက်သည်။

ထို့နောက် တောင်မြစ်ပန်းချီကားထဲသို့ ထည့်ကာ အမှုန်အမွှားများဖြစ်စေလျက် ဗြဟ္မာသစ်ပင်ပေါ်သို့ သွေးမိုးများအဖြစ် သွန်းလောင်းလိုက်သည်။

All Chapters