← Chapters

အပြင်းအထန် ဒဏ်ရာရ

Vol. 90 Ch. 1340

အပြင်းအထန် ဒဏ်ရာရ

Vol. 90 Ch. 1340

အားလုံးက ပင့်သက်ရှိုက်၍ ၎င်းတို့ရှေ့မှ မြင်ကွင်းကို ထိတ်လန့်တကြားကြည့်နေကြသည်။ ဤမြင်ကွင်းက ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ၎င်းတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ဖူးပါက မယုံနိုင်ဖြစ်ကြပေလိမ့်မည်။

ကျင်ကျန်းဟန်မှ ရွှေအမတေ တစ်ဒါဇင်ကျော်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော အတီလာ အပါအဝင် မဟာဝေ့နိုင်ငံတွင် သေဆုံးသွားကြသည်။ ထိုသတင်းကို သိပြီးနောက် ချက်ချင်းဆိုသကဲ့သို့ပင် မဟာဝေ့နိုင်ငံတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ မဟာဝေ့နိုင်ငံရှိ မရေမတွက်နိုင်အောင် များပြားလှသော လူများသည်။ ဤအစွမ်းထက်သော ကျွမ်းကျင်သူများအဖွဲ့ကို အချိန်တိုင်း အာရုံစိုက်နေကြသည်။

ဤ ကျင်းကျန်းဟန်၏ ရွှေအမတေအဆင့် စစ်သည်တော်များကို ဝန်းရံကာ ချေမှုန်းရန် မဟာ ဝေ့နိုင်ငံသားအားလုံးကိုပင် လိုအပ်ပေမည်။ သို့ထိတိုင် လွတ်မြောက်နိုင်သေးသည်။

သို့သော် ထိုသို့သော အင်အားကြီးမားသောအဖွဲ့တစ်ဖွဲ့သည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါတွင် အလွယ်တကူပင် သုတ်သင်ခံခဲ့ရသည်။

၎င်းတို့ကို ခုန်းလုံမြို့မှ ဝေးရာသို့ မျှားခေါ်သွားပြီးနောက် သူ၏ အစွမ်းရှိသမျှ တိုက်ခိုက်နိုင်သည့် ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလာသည်။ သူသည် ကမ္ဘာပေါ်တွင် စွမ်းအားအရှိဆုံး လျှပ်စီးကို ကိုင်ဆောင်ထားသည့် မိုးကြိုးနတ်ဘုရားနှင့်တူသည်။

"ဒါကအဆုံးပဲလား?" လူတစ်ယောက်က မယုံနိုင်စွာ ပြောလိုက်သည်။

"ဒါ အရမ်းကြောက်ဖို့ကောင်းတယ်။ ချူးယွင်ဖန်းက အခုမှ ငယ်ငယ်လေးရှိသေးတာ နောက်အနှစ်နှစ်ဆယ်မှာ သူ့ကို ဘယ်သူက တားနိုင်တော့မှာလဲ"

"သူက ကမ္ဘာ့နံပါတ်တစ် ဖြစ်လာဖို့ သေချာပေါက် အလားအလာရှိတယ်” လူများစွာက ဆွေးနွေးကြသည်။

ထိုအချိန်တွင် ကောင်းကင်၌ တယ်လီပို့စနစ် လှိုင်းလုံးကြီး ပေါ်လာပြန်သည်။ ထို့နောက် လူ တစ်ဒါဇင်ကျော်ကို ခုန်းလုံမြို့အပြင်သို့ ပေးပို့ခဲ့သည်။ ဤလူများတွင် ခမ်းနားသော ရောင်ဝါများပါရှိကာ ၎င်းတို့တစ်ဦးစီသည် အလွန်ကြောက်စရာကောင်းသော အငွေ့အသက်များ သယ်ဆောင်လာကြသည်။

တယ်လီပို့ပြီးနောက် ၎င်းတို့သည် ထာဝရရေကန်သို့ ချက်ချင်းပြေးကြသည်။ သို့သော် ပိတ်မိနေသော သားရဲများကြား တိုက်ပွဲကို မတွေ့ခဲ့ရသဖြင့် အံ့ဩကုန်ကြသည်။

ကျင်းကျန်းဟန်မှလူများကိုပင် မတွေ့ခဲ့ကြပေ။

၎င်းတို့ရရှိခဲ့သော အချက်အလက်များအရ ကျင်းကျန်းဟန် စစ်သည်တော်များစွာက ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။ သို့သော်၊ ၎င်းတို့သည် ရေကန်အထက်တွင် မျောနေသည့် ချူးယွင်ဖန်းကိုသာ မြင်ခဲ့ရကာ ကျင်းကျန်းဟန်၏ သူရဲကောင်းများ မတွေ့ခဲ့ရပေ။

"ချူးယွင်ဖန်း ကျင်းကျန်းဟန် စစ်သားတွေဘယ်မှာလဲ" လူတစ်ယောက်က မေးလိုက်သည်။

"မင်းငါ့ကိုမေးနေတာလား ဟီးဟီး ဒါကမင်းရဲ့ထိန်းချုပ်မှုထဲမှာမဟုတ်ဘူးလား။" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

ဇာတ်လမ်း တစ်ခုလုံးကို သူ သိထားနှင့်ပြီးဖြစ်သည်။ တစ်စုံတစ်ယောက်က ကျင်းကျန်းဟန်၏ အကူအညီဖြင့် သူ့ကိုသတ်ပစ်ချင်ခဲ့သည်။

ထို့ကြောင့် ဤပညာရှင်များသည် ရည်ရွယ်ချက်ရှိရှိ နောက်ကျမှလာကြခြင်းဖြစ်သည်။ ကျင်းကျန်းဟန် စစ်သည်များက သူ့ကို ရှင်းထုတ်ပြီးသည်အထိ စောင့်ဆိုင်းချင်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် မဟာဝေ့နိုင်ငံ၏ သူရဲကောင်းများဖြစ်လာမည်ဖြစ်သည်။

"ချူးယွင်ဖန်း ဒါဘာသဘောလဲ!" ကျွမ်းကျင်သူက ဒေါသတကြီး ကြုံးဝါးသည်။

"မင်းကို ကူညီဖို့ ငါတို့ရောက်လာတာလေ”

"ငါ့ကို ကူညီမယ်ဟုတ်လား။ ဒီလိုအချိန်မျိုးမှာ မင်း လိမ်ချင်သေးလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ "မင်းနောက်ကွယ်မှာ ဘယ်သူရှိနေပါစေ သူတို့ကို သတင်းပေးလိုက်။ ကိုယ့်လည်ပင်းကိုယ် ဆေးပြီး သေခြင်းတရားကို စောင့်နေလို့ ငါ ဒီကိစ္စကို အလွတ်မပေးဘူး”

ထိုစကားကိုပြောပြီးနောက် ချူးယွင်ဖန်းလှည့်ထွက်သွားသည်။

"မိုက်မဲလိုက်တာ”

ထိုသူက အော်ဟစ်ပြီးနောက် ချက်ချင်း တိုက်ခိုက်သည်။ သူ့လက်များက စည်းချိပ်အပြည့်ဖြင့် ချူးယွင်ဖန်းအပေါ်ကို ရိုက်ချလိုက်သည်။

"မင်းက ကိုယ့်သေတွင်းကိုယ်တူးတာပဲ”

အဝေးက ဤမြင်ကွင်းကိုမြင်သော ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦးက အံကြိတ်လိုက်သည်။ ကျန်သူများကလည်း သူ့ကို သဘောတူကြသည်။

ချူးယွင်ဖန်းက အသီလာနှင့် အခြားလူများကို စောစောကသတ်ခဲ့သည်ကို အားလုံး မြင်ဖူးကြသည်။

ချူးယွင်ဖန်းမည်မျှကြောက်စရာကောင်းသည်ကို သူတို့သဘောပေါက်နားလည်ကြသည်။

သာမန် ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူ့ထံမှ ရွေ့လျားမှုတစ်ခုတည်းကိုပင် ရှင်သန်နိုင်မည်မဟုတ်ပေ။ သေချာစွာပင် ချူးယွင်ဖန်းက လှည့်၍ လက်ညှိုးတစ်ချက်ထိုးလိုက်ရာ တခဏချင်းပင် စည်းချိပ်က ကွဲအက်သွားသည်။

ချက်ခြင်းပင်၊ ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည်လည်း နှေးကွေးသွားခြင်းမရှိပေ။

ထိုရွှေအမတေအဆင့် ကျွမ်းကျင်သူက အော်ဟစ်၍ နောက်ပြန် လွင့်ထွက်သွားရာ မီတာတစ်ရာကျော် ပျံသန်းပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။ အားလုံးက ကြည့်လိုက်သောအခါ သူ့ရင်ဘတ်၌ သွေးများ စွန်းထင်းနေ၍ မျက်နှာက ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။ လက်ညှိုးတစ်ချောင်းတည်းက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

“ထင်ထားသလိုပါပဲ”

အဝေးရှိလူများအားလုံးက ဤမြင်ကွင်းကို မြင်လိုက်ကြရသောအခါ မည်သို့မျှ အမူအရာ ပြောင်းလဲသွားကြခြင်းမရှိပေ။ ၎င်းတို့အတွက် ဤမြင်ကွင်းသည် မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။

ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုနှင့် နှိုင်းယှဥ်ကြည့်လျှင် ဤသည်မှာ သေချာပေါက် သက်ညှာပေးထားခြင်းဖြစ်သည်။

“မင်းအသက်ကို ငါသက်ညှာပေးမယ် ထပ်တိုက်ရဲရင်တော့… အေး ငါ့အဆိုးမဆိုနဲ့” ချူးယွင်ဖန်းက အေးစက်စွာ ကြုံးဝါးလိုက်သည်။

ဤလူများသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာကြသော်လည်း၊ ၎င်းတို့သည် ကျင်းကျန်းဟနဟန်ကဲ့သို့သော လူမျိုးခြား ခြေသလုံးအိမ်တိုင်များမဟုတ်ကြပေ။ ထို ကျွမ်းကျင်သူနှင့်အတူပါလာသည့် အခြား ရွှေအမတေအဆင့်ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသော်လည်း တိုက်ခိုက်ရန် မဝံ့ရဲကြပေ။ ချူးယွင်ဖန်း ပြသသော ခွန်အားက ၎င်းတို့ကို အံ့အားသင့်စေခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ငြိမ်သက်စွားပြီးနောက် ထာဝရရေကန်၏ နေရာတိုင်းတွင် အပျက်အစီးများရှိနေသည်ကို ၎င်းတို့ သိလိုက်ကြရခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ထပ် တိုက်ပွဲတစ်ခုဖြစ်ခဲ့ကြောင်း ထင်ရှားလှသည်။

၎င်းတို့အားလုံးသည် တိုက်ပွဲအတွေ့အကြုံအပြည့်ရှိသူများဖြစ်ကြသောကြောင့် ကျန်ရစ်ခဲ့သည့် သဲလွန်စများမှ တစ်ဆင့် မည်သို့ တိုက်ပွဲမျိုးဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်သည်။

အသီလာနှင့် အခြားသူများက ချူးယွင်ဖန်းကို သတ်ပစ်ချင်ကြသည်။ သို့သော် ကြီးမားသော တိုက်ပွဲတစ်ခုပြီးနောက် အသီလာနှင့်အခြားသူများ ပျောက်ကွယ်သွားသော်လည်း ချူးယွင်ဖန်းမှာမူ ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။

အဖြေက သိသာလှသည်။ အသီလာနှင့် အခြားသူများက ဤနေရာတွင် ရှိနေခြင်းကြောင့် နောက်ဆုတ်မည်မဟုတ်ကြောင်း ထင်ရှားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ အဖော်တစ်ဦးကို အလွယ်တကူ ဒဏ်ရာရစေသည့် အချက်နှင့်ပေါင်းစပ်လိုက်သောအခါ မည်သို့ဖြစ်သွားသည်ကို ခန့်မှန်းရန် မခက်ခဲပေ။ အသီလာနှင့် အခြားသူများသည် ချူးယွင်ဖန်း၏ လက်၌ သေဆုံးသွားခဲ့သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့ထဲမှ အများစုသည် ချူးယွင်ဖန်း၏ လက်ဖြင့်သေဆုံးသွားခဲ့သည်။

ဤသို့ကောက်ချက်ချပြီးသောအခါတွင် ၎င်းတို့သည် တစ္ဆေမြင်ရသကဲ့သို့ ပင့်သက်ရှိုက်လိုက်မိကြသည်။

ဤသို့ ရယ်စဖွယ်ကောင်းသော အချက်ကို ၎င်းတို့ မယုံချင်ကြပေ။ ၎င်းတို့ကို ဤနေရာသို့ အသီလာနှင့် ကျန်သူများ၏ အလောင်းများရှိ အရှုပ်အထွေးများကို ရှင်းလင်းရန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ပထမအသုတ်ရောက်ရှိလာသည့် ကျွမ်းကျင်သူများဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်မှာ အသီလာကို နှောင့်နှေးစေကာ ထွက်မပြေးစေရန်ဖြစ်သည်။ သို့သော် ၎င်းတို့ ရောက်လာသည်နှင့် တိုက်ပွဲပြီးသွားလိမ့်မည်ဟု မည်သူသိမည်နည်း။

သေပြီဟုထင်ခဲ့သော ချူးယွင်ဖန်းသည် အသက်ရှင်နေသေးသော်လည်း အသီလာ နှင့် အခြားအသက်ရှင်နေသင့်သောသူများမှာ သေဆုံးသွားနိုင်ဖွယ်ရှိသည်။ ယင်းကြောင့် အားလုံးက မည်သို့လုပ်ရမည်ကိုမသိဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ အထူးသဖြင့် ယခုအချိန်တွင် မည်သို့ လှုပ်ရှားရမည်ကို မသိကြသေးပေ။

သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့အတွက် အချိန်ဖြုန်းနေမည်မဟုတ်ကြောင်း ထင်ရှားသည်။ သူသည် အလင်းတန်းတစ်ခုပေါ် တက်လှမ်းကာ အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လူတစ်ယောက်ကပြောလိုက်သည်။

“အစီအရင်မှားယွင်းသွားတဲ့အကြောင်း ဘုရင်မင်းမြတ်ကို အကြောင်းကြားပါ”

All Chapters