လေနှင့်တိမ်များ
Vol. 90 Ch. 1341
ချူးယွင်ဖန်းသည် အသီလာနှင့် ကျင်းကျန်းဟန်၏ အခြား ရွှေအမတေအဆင့်များကို သတ်ခဲ့သည့် သတင်းသည် မဟာဝေ့နိုင်ငံတစ်ခုလုံးသို့ တစ်ညတာအတွင်း ပျံ့နှံ့သွားခဲ့သည်။ ချက်ခြင်းပင် လူတိုင်း တိတ်ဆိတ်သွားကြသည်။ လူတိုင်း အံသြသွားကြသည်။ ဤသည်က ၎င်းတို့ တွေးထားခဲ့သော အခြေအနေနှင့် လုံးဝမတူပေ။
ချူးယွင်ဖန်း၏ ခွန်အားက ၎င်းတို့ တွေးနိုင်သော ပမာဏထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ လူအမျတားသည် ချူးယွင်ဖန်း၏ ခွန်အားကို အကဲဖြတ်ရန် ပြန်လည်ကြိုးစားကြသည်။ အများစုက ရွှေအမတေများကြား ခွဲခြားနည်းကို မသိကြတော့ပေ။ ကွာခြားချက်များကို သိကြလျှင်ပင် မပြောတတ်ကြပေ။ ရွှေအမတေအဆင့်မှ မည်သူမဆို သည် ရွှေအမတေအဆင့်အောက်ရှိသော သူများအတွက် ကြောက်မက်ဖွယ် ပြိုင်ဘက်များဖြစ်ကြသည်။
သို့သော် ကျွမ်းကျင်သူများကြားတွင် ရွှေအမတေအဆင့်အထက် ကျွမ်းကျင်သူများလည်းရှိသည်။ ၎င်းတို့သည် ပုန်းအောင်းနေကြကာ လူသိရှင်ကြား ထုတ်ဖော်ပြလိုခြင်းမရှိကြပေ။ အခင်းဖြစ်ပွားရာနေရာ၌ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်အရ၊ အသီလာသည် အမတေမဲ့အဆင့် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော အစွမ်းထက်သောတည်ရှိမှုတစ်ခုဖြစ်ကြောင်း သေချာသည်။
ထိုသို့သောတည်ရှိမှုသည် မဟာဝေ့နိုင်ငံရှိ ဖီးနစ်အမွေးများနှင့် ချီလင် ဦးချိုများကဲ့သို့ ရှားပါးသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုဟုပင် ဆိုနိုင်သည်။ သို့သော်လည်း အသီလာသည် ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားခဲ့သည်။
သံသယမရှိဘဲ အတည်ပြုနိုင်သည့်အချက်မှာ ချူးယွင်ဖန်းသည် အမတေမဲ့အဆင့် နှောင်းပိုင်း သို့မဟုတ် အထက်တွင်ရှိသော ခွန်အားရှိမည်မှာ သေချာပါသည်။
ယင်းနှင့်ပတ်သက်၍ သံသယရှိရန်မလိုပေ။
ဤသည်က ချူးယွင်ဖန်း၏ ခွန်အားနှင့်ပတ်သက်၍ လူတိုင်း၏ ခန့်မှန်းမှုများကို ပြန်လည် ဆန်းစစ်စေသည်။
ယခုတစ်ကြိမ်တွင် ဆယ်ဆပို၍ ကြောက်စရာကောင်းသော အသီလာသည်လည်း ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားခဲ့သည်။ သူပြန်မတိုက်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် နှောင်းပိုင်းအမတေမဲ့အဆင့်၏ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်ဟု လူတိုင်းက နောက်ဆုံးတွင် နားလည်ခဲ့ကြသည်။ သူသည် သွေးဘုရင်နှင့် ယှဉ်နိုင်သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသည်။ သွေးဘုရင်ကို မကြောက်သည်မှာလည်း အံ့သြဖွယ်မဟုတ်တော့ပေ။
"နောက်ဆုံးတော့ ငါနားလည်သွားပြီ။ ဒါ ချူးယွင်ဖန်းပဲ၊ သူက ကောင်စီကို ဂရုမစိုက်တာ အံ့သြစရာတော့ မဟုတ်ဘူး။"
“ဒီလို ကျင့်ကြံမှုနှုန်းနဲ့ အနှစ် ၂၀ မပြည့်ခင်မှာ ကောင်စီတစ်ခုလုံးက သူ့ကို နာခံရမှာကိုစိုးတာ”
"ကောင်စီတင်မဟုတ်ပဲ အနှစ် ၂၀ မှာ မဟာဝေ့နိုင်ငံတစ်ခုလုံးက သူ့ကို ဦးညွှတ်ပြီး ကောင်းကင်ကို ထိန်းထားတဲ့ ထောက်တိုင်ဖြစ်လာမှာစိုးတယ်”
"မဟာဝေ့နိုင်ငံမှာ ဒီလိုကြောက်စရာကောင်းတဲ့ တည်ရှိမှုက ဘယ်လိုပေါ်လာတာလဲ၊ သူ့နောက်ကွယ်က ဂိုဏ်းအကြောင်း ဘာသဲလွန်စမှမရှိဘူး"
အားလုံးဆွေးနွေးကြသည့်အတိုင်း ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို ပျံ့နှံ့စေခဲ့သည်။ ယခုမူ မူလက သူ့ကို မထီမဲ့မြင်ပြုသူများပင် သူ့ကို လျှော့မတွက်ဝံ့ကြပေ။
သွေးဘုရင်သည် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။ တကယ်တမ်းတွင် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ပါက မီစစ်ယွမ်သည် မည်သို့မျှမဟုတ်ပေ။ ၎င်းတို့က အရည်အချင်းဖြစ်စေ ခွန်အားဖြစ်စေ တူညီသောအဆင့်၌ မရှိကြသဖြင့် နှိုင်းယှဥ်ရန် မထိုက်တန်ပေ။ အနာဂတ်ဥ ချူးယွင်ဖန်း မည်သို့ဖြစ်လာနိုင်သည်ကို မည်သူကမျှ သံသယမဝင်ကြပေ။
အင်ပါယာမြို့တော်ရှိ နန်းတော်တစ်ခုတွင် ဒုတိယမင်းသားက သူ၏လက်ထဲတွင်ကိုင်ထားသော ကြွေလက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချကာ အပိုင်းပိုင်းခွဲပစ်လိုက်သည်။
"အမှိုက်တွေ မင်းတို့အားလုံး အမှိုက်တွေပဲကွ”
ဒုတိယမင်းသား၏ အမူအရာသည် ငရဲမှ ထွက်လာသော နတ်ဆိုးကဲ့သို့ အလွန်ရက်စက်ကြမ်းကြုတ်နေသည်။ အစီရင်ခံစာကို မြင်သောအခါ သူ လုံးဝ မယုံနိုင်ဖြစ်သွားသည်။ မဟာဝေ့နိုင်ငံမှ ကျွမ်းကျင်သူအားလုံးကို ထိတ်လန့်စေခဲ့သော စွမ်းအားကြီးသည့် အတီလာနှင့် သူ၏လူများသည် ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားခဲ့သည်။
ချူးယွင်ဖန်းမည်မျှ ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။
ချူးယွင်ဖန်း၏ နောက်ဆုံးစကားများကို တွေးတောရင်း ကျောရိုးတစ်လျှောက် အေးဆိမ့်မှုကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်းက ဤကိစ္စကို အလွယ်တကူ ငြိမ်ခံမည်မဟုတ်ကြောင်း သူခံစားလိုက်ရသည်။
သို့သော် ယခုနောင်တရနေသော်လည်း သူ မည်သို့မျှ မလုပ်နိုင်တော့ပေ။ သူသည် ချူးယွင်ဖန်းကို လုံးလုံး စော်ကားခဲ့သည်။ ထို့ကြောင့် သူသည် သူ၏မျှော်လင့်ချက်အားလုံးကို သွေးဘုရင်အပေါ်ထားခဲ့သည်။ သွေးဘုရင်ထွက်လာပြီး ချူးယွင်ဖန်းကိုသတ်လိုက်သမျှ အန္တရာယ်အားလုံး ပြေလည်သွားလိမ့်မည်ဖြစ်သည်။
“သွေးဘုရင် သီးသန့်လေ့ကျင့်ထာကနေ ထွက်လာဖို့ ဘယ်လောက်ကြာမလဲ။”ဒုတိယမင်းသားက မေးသည်။
"သုံးလ၊ သုံးလကြာရင် သူ သီးသန့်ကျင့်ကြံနေရာက ထွက်လာလိမ့်မယ်။ အဲ့အချိန်ရောက်ရင် ကျုပ်တို့ရထားတဲ့ အချက်အလက်တွေအရ သွေးဘုရင်က အမတေမဲ့အထွတ်အထိပ်အဆင့်ကို ရောက်သွားလိမ့်မယ်။ အဲ့ကျ ချူးယွင်ဖန်းကို သတ်ဖို့က လက်ညှိုးထိုးသလိုပဲ လွယ်လိမ့်မယ်” အဘိုးအိုတစ်ဦးက ပြောသည်။
"မှန်တယ် နောက်သုံးလလောက် စောင့်ရင် သူသေမှာ သေချာတယ်" ဒုတိယမင်းသားက အံကြိတ်ကာပြော၏။
သို့သော် ဤကာလအတွင်း သူမည်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စွာနေရမည်ကိုတွေး၍ စိတ်ထဲတွင် ဒေါသထွက်လာသည်။ ဤအရာများအားလုံးသည် ချူးယွင်ဖန်းကြောင့်သာဖြစ်သည်။
“ချူးယွင်ဖန်း သေသွားရင် မြို့ဝန်ကျုံးရှင်ရဲ့နေအိမ်ကို ဖျက်ပစ်ချင်တယ်” ဒုတိယမင်းသားက အေးစက်စွာပြောခဲ့သည်။
"ချူးယွင်ဖန်းသေသွားရင် မြို့ဝန်လေးတင်မကဘဲ အရှင် အမိန့်ပေးလိုက်တာနဲ့ အိမ်တော်တစ်ခုလုံး ပြာဖြစ်သွားပါလိမ့်မယ်”
ထိုမှသာ ဒုတိယမင်းသားက ခေါင်းကို တွန့်ဆုတ်စွာ ငြိမ့်ပြလိုက်သည်။ သူသည် သူ့စိတ်ထဲမှ ဒေါသနှင့် ကြောက်စိတ်တို့ကို တွန်းထုတ်လိုက်သည်။
ပြင်ပကမ္ဘာတွင် အပြင်းအထန် ဆွေးနွေးမှုများကို ရင်ဆိုင်ရင်း၊ ဤအချိန်တိုင်း တိတ်ဆိတ်နေခဲ့သော ရွှေအမတေကောင်စီသည် နောက်ဆုံးတွင် ပေါ်လာသည်။ သွေးဘုရင်သည် ကောင်စီ၏ လက်ထောက်ဥက္ကဌဖြစ်သောကြောင့် ၎င်းတို့ လျစ်လျူမရှုနိုင်ပေ။
သွေးဘုရင်သည် သီးသန့်လေ့ကျင့်ရာမှထွက်လာပြီးနောက် ချူးယွင်ဖန်းကို သုံးလအတွင်း သတ်မည်ဟု ကြေညာခဲ့သည်။
ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ယခုအချိန်မှ သုံးလအတွင်း သွေးဘုရင်သည် သီးသန့်ကျင့်ကြံရာမှ ထွက်လာတော့မည်ဖြစ်သည်။
ရုတ်တရက်ပင် လေတိုက်ခတ်သည့် လမ်းကြောင်းပြောင်းသွားသည်။
ချူးယွင်ဖန်းကို လွန်စွာတွေးတောဖူးသူများသည် သူ့အား ဆန့်ကျင်ခဲ့ကြသည်။ သီးသန့်ကျင့်ကြံပြီးနောက် သူသည် တိုးတက်ကောင်းမွန်လာသော်လည်း သွေးဘုရင်နှင့်သာ တန်းတူသာဖြစ်သည်။ လူအများ၏ နှလုံးသားထဲတွင် သူသည် သွေးဘုရင်နှင့် မယှဉ်နိုင်ပေ။
သွေးဘုရင်က တစ်လှမ်းပြီးတစ်လှမ်း တိုးလာသည်နှင့်အမျှ ပျံ့နှံ့နေသော သတင်းများအရ အမတေမဲ့ အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ လက်ရှိကမ္ဘာ့နံပါတ်တစ်ပညာရှင် ယွင်ဟွမ်သည် အမတေမဲ့အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်၍ အဆိုပါ ကျင့်ကြံသူသည် နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သည်။
သွေးဘုရင်သည် သီးသန့်လေ့ကျင့်ရာမှ ထွက်လာသောအခါတွင် သူ၏ ကြီးထွားမှု တိုးတက်လာကာ ယွင်ဟွမ်နှင့် ပုခုံးချင်းဆိုင် ရပ်တည်နိုင်မည်ဖြစ်သည်။
ထိုကျင့်ကြံမှုသည် ချူးယွင်ဖန်းအတွက် မိုးကြိုးနှင့်တူသည်။
ထိုအဆင့်မှ ကျွမ်းကျင်သူတစ်ဦးကို ဆန့်ကျင်သည့်အနေဖြင့် ချူးယွင်ဖန်းသည် အနိုင်ရရန် အခွင့်အရေးမရှိပေ။
အချိန်အတော်ကြာသောအခါ မဟာဝေ့နိုင်ငံ၏ အခြေအနေ ပြောင်းလဲသွားသည်။ လူတိုင်းသည် ချူးယွင်ဖန်းအပေါ် အကောင်းမြင်စိတ်မရှိကြသည့်နှယ် မြို့စားကျုံးရှင်၏ နေအိမ်ကို အလွန်အမင်းမစဥ်းစားခဲ့ကြတော့ပေ။ အချိန်အတိုင်းအတာတစ်ခုအထိ၊ သူတို့ကိုအားကိုးလိုသော ကျွမ်းကျင်သူများစွာသည်လည်း စောင့်ဆိုင်းကြည့်ရှုလာကြသည်။
ရလဒ်ကို မဆုံးဖြတ်ခင်မှာ တစ်ဖက်ကို ဘယ်သူမှ မရွေးချယ်ချင်ကြပေ။ ၎င်းတို့သာ ဘက်မှားရွေးမိပါက အားလုံးပြီးဆုံးသွားပေလိမ့်မည်ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအထိ လေနှင့် တိမ်တိုက်များ မြင့်တက်လာသည်။