← Chapters

နယ်ရုပ်တစ်ရုပ်ဖြစ်လာခြင်း

Vol. 90 Ch. 1342

နယ်ရုပ်တစ်ရုပ်ဖြစ်လာခြင်း

Vol. 90 Ch. 1342

သွေးဘုရင်၏ စိန်ခေါ်သံနှင့် ပတ်သက်၍ ချူးယွင်ဖန်းသည် ၎င်းကို မကြားသည့်နှယ် သီးသန့်ကျင့်ကြံရာနယ်မြေသို့ ဝင်ရောက်ခဲ့သည်။ မြို့ဝန်ကျုံးရှင်၏ နေအိမ်သည် ၎င်းတို့၏ နယ်ချဲ့မှုကို ရပ်တန့်ကာ အစွမ်းရှိသမျှ ခုခံခဲ့ကြသည်။

ရလဒ်ကို အဆုံးအဖြတ်ပေးမည့်သူများမှာ မိမိတို့မဟုတ်ကြောင်း လူတိုင်းသိသည်။ မဟာဝေ့နိုင်ငံ၏တောင်ဘက်တစ်ခုလုံးတွင် ၎င်းတို့၏တပ်များကို တိုးချဲ့ထားသော်လည်း ချူးယွင်ဖန်းသည်သာ သွေးဘုရင်၏လုပ်ကြံမှုကို ခံခဲ့ရပါက ယနေ့သူတို့လုပ်ခဲ့သောအရာသည် မှန်ထဲကပန်းပွင့်၊ ရေပေါ်လရောင်ကဲ့သို့ဖြစ်လိမ့်မည်။

တကယ်တမ်းတွင် လူမည်မျှ လွှတ်ထားစေကာမူ ၎င်းတို့ သေရပေလိမ့်မည်ဖြစ်သည်။ ယနေ့ ၎င်းတို့အပေါ်တွင် ခိုအောင်းနေသော အင်အားစုများသည် ဝံပုလွေများဖြစ်လာကာ ၎င်းတို့ကို အပိုင်းပိုင်းပိုင်းဖြတ်ရန် ၎င်းတို့အပေါ် ခုန်ပေါက်သွားမည်ဖြစ်သည်။

ထိုအချိန်တွင် နေအိမ်သည် ပရောဂျက်အားလုံးကို ရပ်တန့်ခဲ့သည်။ ချူးယွင်ဖန်း သီးသန့်လေ့ကျင့်မှုမှ ထွက်လာသောအခါမှသာ အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။

ယခုလအတွင်းတွင် ချူးယွင်ဖန်းနှင့် နေအိမ်မှ အကြောင်းပြန်ခြင်းမရှိပေ။

တစ်လအကြာတွင် သူသည် သီးသန့်ကျင့်ကြံမှုမှ ထွက်လာခဲ့သည်။ သို့သော် မည်သူမျှ မသိပေ။ သုံးလအကြာတွင် သွေးဘုရင်သည် သီးသန့်ကျင့်ကြံရာမှ ထွက်လာရန် လူတိုင်း စောင့်မျှော်နေခဲ့သည်။ ၎င်းတို့၏ ထင်မြင်ယူဆချက်များအရ သွေးဘုရင်သည် သုံးလအကြာတွင် သီသန့်လေ့ကျင့်မှုမှ ထွက်လာမည်ဖြစ်သည်။ ၎င်းသည်သာ အရာအားလုံးကို အဆုံးအဖြတ်ပေးရမည့်အချိန်ဖြစ်၏။

ဤနေ့တွင် အိမ်ရာ၌ ချူးယွင်ဖန်းသည် လျှို့ဝှက်အေဂျင်စီ၏ ဒါရိုက်တာထံတွင် ထိုင်နေသည်။ နှစ်ဦးသား တာအိုအကြောင်း ဆွေးနွေးနေကြသည်။

“အချိန်အတော်ကြာပြီ။ မင်း ငါမမေးတာကို ရှာတွေ့ပြီလား” ချူးယွင်ဖန်းက ပြောလိုက်သည်။

“အဲ့ တန်စီယုလို့ ခေါ်တဲ့ မိန်းကလေး… ကျုပ်တို့ မဟာဝေ့နိုင်ငံတစ်ခုလုံးကို ရှာပြီးပြီ။ ကျုပ် သူ မဟာဝေ့နိုင်ငံမှာမရှိဘူးဆိုတာ သေချာပေါက် ပြောနိုင်တယ်။ အခု မဟာဝေ့နိုင်ငံအပြင်မှာရှာနေတယ်။ ဒါပေမဲ့ အပြင်ဘက်နယ်ပယ်မှာတော့ ကျုပ်တို့ အေဂျင်စီရဲ့ အင်အားက ပိုအားနည်းတယ်။ အရာအားလုံးကို ထိန်းချုပ်ထားတဲ့ မဟာဝေ့နိုင်ငံနဲ့ မတူဘူး" ဒါရိုက်တာက ဖြည်းညှင်းစွာပြောသည်။

ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။ ဤနေရာက ပြည်ထောင်စုမဟုတ်ပေ။ အင်တာနက်မရှိပေ။ တစ်လအတွင်း တစ်နိုင်ငံလုံးကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သည့်အတွက် အေဂျင်စီ၏ စွမ်းအားသည် အလွန်တုန်လှုပ်ခြောက်ခြားစရာကောင်းနေပြီဖြစ်သည်။

"ဒါပေမယ့် မင်းမတွေ့သေးဘူးလို့ ပြောဖို့ ဒီနေ့ ငါ့ကို လာရှာတာတော့မဟုတ်ဘူးမလား” ချူးယွင်ဖန်းက ပြောသည်။

“ဟုတ်တယ်။ မင်း သွေးဘုရင်ရဲ့ နေရာကို စိတ်များဝင်စားလား ဆရာချူး” ဒါရိုက်တာက ပြောသည်။

ချူးယွင်ဖန်း၏ မျက်စံများက ကျဥ်းသွားသည်။ သူအစိုးရိမ်ဆုံးမှာ သွေးဘုရင်၏ တည်နေရာဖြစ်သည်။ ယခုမှနေ၍ သုံးလအတွင်း သွေးဘုရင်သည် သီးသန့်ကျင့်ကြံရာမှ ထွက်လာတော့မည်ဖြစ်သည်။ အားလုံးက သူပေါ်လာရန် စောင့်နေကြသည်။

သို့သော် ချူးယွင်ဖန်းသည် သွေးဘုရင်ပေါ်လာမည်ကို မည်သို့ထိုင်စောင့်နေနိုင်မည်နည်း။

ချူးယွင်ဖန်း၏ ခွန်အားများ တိုးတက်လာသော်လည်း ခွန်အားများ တိုးမြင့်လာသော သွေးဘုရင်ကို အနိုင်ယူရန် အခွင့်အလမ်း မရှိတော့ပေ။ အများစုမှာ မိမိကိုယ်မိမိ ကာကွယ်နိုင်ရုံသာ ရှိပေလိမ့်မည်။ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ချူးယွင်ဖန်းအတွက် အဓိပ္ပါယ်မရှိပေ။

ထို့ကြောင့် ချူးယွင်ဖန်းသည် မြို့ဝန်ကျုံးရှင် နေအိမ်တစ်ခုလုံးကို သွေးဘုရင်အားရှာရန် အစွမ်းကုန်လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ အဆင့်ကျော်ပြီးမှ တွေ့သည်ထက် အဆင့်မတက်ရသေးသောအချိန်တွင် အခွင့်ကောင်းယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

ချူးယွင်ဖန်းသည် ရန်သူကို မတိုက်ခိုက်မီ အဆင်သင့်ဖြစ်ရန် စောင့်ဆိုင်းနေမည် မဟုတ်ပေ။

သွေးဘုရင်အဆင်သင့်မဖြစ်သေးသောကြောင့် ယခုအချိန်သည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

ထို့ကြောင့် နေအိမ်တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားမလုပ်ခဲ့ဟု ထင်ရသော်လည်း အမှန်မှာ သူလျှိုအားလုံးကို လျှို့ဝှက်စေလွှတ်ခြင်းခံခဲ့ရသည်။ သွေးဘုရင်ကို ရှာတွေ့ပြီးသည်နှင့် ချူးယွင်ဖန်းသည် သူ့အား လှုပ်ရှားစေခဲ့သည်။

သို့သော် ယခုအချိန်တွင် သူနေထိုင်ရာ ကွန်ရက်သည် အားနည်းလွန်းသည်။ ကိုယ်ခံပညာကျွမ်းကျင်သူတစ်ဦး သီးသန့်လေ့ကျင့်ရာနေရာသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

သွေးဘုရင်သည် ကိုယ်ပိုင်နေရာရှိသော မီစစ်ယွမ်နှင့်မတူပေ။ အကယ်၍ သွေးဘုရင်သည် ထိုသို့သော အခြေအမြစ်ရှိခဲ့ပါက ချူးယွင်ဖန်းကြောင့် သုတ်သင်ခံရနှင့်ပြီးသည်မှာ ကြာနှင့်ပေမည်ဖြစ်သည်။ ပုံစံမဲ့ဂိုဏ်းကဲ့သို့ အင်အားကြီးမားခဲ့လျှင်ပင်၊ ချူးယွင်ဖန်းက သုတ်သင်ပစ်ပေမည်ဖြစ်သည်။

ယခု စစ်မှန်သော ပြဿနာမှာ ၎င်းတို့က သူ့ကို မရှာနိုင်ခြင်းဖြစ်သည်။ ဒါရိုက်တာမလာခဲ့လျှင်ပင် ချူးယွင်ဖန်းက သူ့ကို ရှာနေဆဲဖြစ်၏။ သို့သော် ချူးယွင်ဖန်းသည် ဒါရိုက်တာသည် သူ့အား ကိုယ်တိုင်လာရှာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

"ဘာလို့လဲ၊ မင်း သူ့အကြောင်း သတင်းရှိလား" ချူးယွင်ဖန်းဖြည်းညှင်းစွာမေးလိုက်သည်။

"မှန်ပါတယ်။ ကျွန်တော်သိသလောက်တော့ သူက လွမ်ယွင်မှာရှိတဲ့ လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခုမှာ ပုန်းနေတယ်။ သူ့ရဲ့ တည်နေရာက ထိပ်တန်းလျှို့ဝှက်ချက်မို့ အခြားသူတွေ မသိအောင် ဖုံးကွယ်ထားနိုင်ပေမယ့် ကျွန်တော့်ကို ဖုံးကွယ်ဖို့ မဖြစ်နိုင်ဘူး" ဒါရိုက်တာက ပြောကြားခဲ့သည်။

"ဒါဆို သူက လွမ်ယွင်မှာရှိနေတာပေါ့”

ချူးယွင်ဖန်းသည် သွေးဘုရင် မည်သည့်နေရာ၌ ရှိသည်ကို ချက်ချင်းသိသည်။ မကြာသေးမီက သူသည် မဟာဝေ့နိုင်ငံ၏ မြေပုံကို ကြည့်နေခဲ့သည်။

"သူ တကယ်ကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ။ မင်းကြောင့်သာမဟုတ်ရင် သူ့ကို ရှာဖို့ အတော်ခက်မှာစိုးတယ်”

"ဒါပေမဲ့ မင်းငါ့ကိုဘာလို့ကူညီပေးတာလဲ။ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ ဘာလို့ဒီရွှံ့ရေထဲဆင်းဖို့ရွေးချယ်ခဲ့တာလဲ" ချူးယွင်ဖန်းက မေးသည်။

ဒါရိုက်တာရဲ့ ရည်ရွယ်ချက်ကို သံသယဝင်လာသည်။ ဒါရိုက်တာက မဟာဝေ့နိုင်ငံတွင် သစ္စာစောင့်သိသည့်အကြောင်းလူတိုင်းသိသည်။

ဤကိစ္စက ဒုတိယမင်းသားနှင့်ပတ်သက်နေခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ သို့သော် သူသည် ဤမျှ ရူးသွပ်စွာ ပတ်သက်နေမည်ဆိုလျှင် ဒုတိယမင်းသားကို ဆန့်ကျင်မိမည်ကို မစိုးရိမ်သလော။

"ဒီကိစ္စက ဒုတိယမင်းသားနဲ့ ပတ်သက်တာ လူတိုင်းသိတယ်မဟုတ်လား မင်းက ဒုတိယမင်းသားနဲ့ ဆက်ဆံရေးပြတ်ဖို့ စဥ်းစားထားတာလား”

ယင်းနှင့်ပတ်သက်၍ သူထူးဆန်းသည်ဟုထင်သည်။ အေဂျင်စီ၏အခြေအနေအရ ဒုတိယမင်းသားသည် ထီးနန်းမတက်မီတွင် အေဂျင်စီကို မျက်နှာသာပေးရန်အတွက် ရွေးချယ်မည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သူသည် အေဂျင်စီကဲ့သို့ ကျွမ်းကျင်သူများကို ၎င်း၏ပြိုင်ဘက်ထံ ကျရောက်စေမည်မဟုတ်ပေ။

"ဆရာချူးက ထက်မြက်ပါပေတယ်။ မင်းမေးမှတော့ ကျုပ် အမှန်အတိုင်းပြောပေးမယ်”

ဒါရိုက်တာသည် ချူးယွင်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီး ချူးယွင်ဖန်း သံသယဝင်နေကြောင်း သိလိုက်သည်။ သူ့တွင် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်မရှိပါက ချူးယွင်ဖန်းက သူ့ကို ယုံမည်မဟုတ်ပေ။

"ဒုတိယမင်းသားက နန်းတွင်းမှာ ကျယ်ပြန့်တဲ့ ကွန်ရက်ရှိပြီး သြဇာကြီးမားပေမယ့် သူ့ကို မကြိုက်တဲ့သူတွေ အများကြီးရှိပါတယ် ရိုးရိုးသားသားပြောရရင် သူတို့က ကျုပ်အားနည်းချက်ကို အသုံးချနေကြတာ။ သူတို့ကို ကူညီဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး" ဒါရိုက်တာက ပြောသည်။

ချူးယွင်ဖန်းအနည်းငယ် အံ့သြသွားသည်။ ဒါရိုက်တာက ဤအတိုင်းအတာထိ ဝန်ခံခဲ့ကာ ၎င်းတို့က သူ့ကို အမြတ်ယူနေသည်ဟုပင် ထုတ်ဖော်ခဲ့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း နားလည်သွားသည်။ ဤသည်က ချူးယွင်ဖန်း၏ ယုံကြည်မှုကို အရယူရန်ဖြစ်ကာ အရေးအကြီးဆုံးအချက်မှာ ဒါရိုက်တာ၏ နောက်၌ မည်သည့် တွန်းအားပေးသူရှိနေသနည်းဟူသည်ပင်ဖြစ်သည်။

ခဏမျှ စဥ်းစားပြီးနောက် ဒုတိယမင်းသားကို အသေသတ်ချင်သူများ အများအပြားရှိကောင်းရှိနိုင်ကြောင်း သူနားလည်သွားသည်။ ရာဇပလ္လင်အတွက် တိုက်ပွဲက အမြဲတစေ သွေးထွက်သံယိုပင်ဖြစ်ရပေမည်ဖြစ်သည်။

အသီလာကိုသတ်ခြင်းဖြင့် သူ့ကိုယ်သူ နာမည်ရလာစေခဲ့သော ဒုတိယမင်းသားသည် လူများစွာ မမြင်လိုသော အရာမဟုတ်ကြောင်း ထင်ရှားသည်။ အသီလာသည် တစ်စုံတစ်ယောက်၏လက်တွင် နယ်ရုပ်တစ်ရုပ်ဖြစ်သကဲ့သို့ ချူးယွင်ဖန်းသည် အသီလာကိုသတ်ရန် အခြားသူ၏ နယ်ရုပ်ဖြစ်လာခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ထိုနယ်ရုပ်ဖြစ်ရန် ဆန္ဒရှိနေသည်။

All Chapters