ထိတ်လန့်သွားသော အေဂျင်စီ ဒါရိုက်တာ
Vol. 90 Ch. 1343
တစ်စုံတစ်ယောက်က သူ့ကို သတ်ရန်အသုံးချချင်သော်လည်း အရေးမကြီးဟု သူခံစားရသည်။ ‘သင်အိပ်ငိုက်သောအခါ တစ်စုံတစ်ယောက်က သင့်ကို ခေါင်းအုံးပို့ပေးမည်’ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်က မည်သို့ပင် ရှိစေကာမူ
သွေးဘုရင်၏ တည်ရှိမှုသည် ချူးယွင်ဖန်း၏လည်ချောင်းတွင် ကပ်နေသော ငါးရိုးကဲ့သို့ပင်ဖြစ်ရာ မဖယ်ရှားလျှင် သက်သာရရနိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် အေဂျင်စီ၏ နောက်ကွယ်တွင် မည်သူရှိသည်ကို မသိပေ။ သို့မဟုတ်ပါက အင်အားစုတစ်ခုထက်ပို၍ ပါဝင်နေခြင်းလည်းဖြစ်နိုင်သည်။ သို့သော် ၎င်းသည် တစ်ခုတည်းသော အင်အားစုမဟုတ်ကြောင်း သူသိသည်။ နောက်ဆုံးတွင်၊ အေဂျင်စီသည် ဧက ရာဇ်မင်းမြတ်၏သစ္စာရှိခွေးဖြစ်သည်။ ၎င်းတို့က ဧကရာဇ် မင်းအပေါ် အမြဲသစ္စာစောင့်သိခဲ့ကြကာ ဧကရာဇ်အလိုရှိသမျှကို သတ်ပစ်ခဲ့ကြသည်။
ဤအရာသည် ပြောင်းလဲ၍မရသော ရည်ရွယ်ချက်တစ်ခုဖြစ်ကာ အကယ်၍ ၎င်းကိုပြောင်းလဲပါက ကြီးမားသောထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်သည် ပြင်ပလူများနှင့်ဖက်တွယ်နေပါက မည်သည့်ဧကရာဇ်မင်းမှ သည်းခံနိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းကို အေဂျင်စီက သတင်းအချက်အလက်ပေးရန် အတင်းအကျပ်ခိုင်းစေချင်လျှင် အားနည်းချက်ဟု ခေါ်ရုံဖြင့် မလုံလောက်ပေ။ အင်အားစုများစွာ စုပေါင်းခြင်းဖြင့် ဖြစ်လာသော အရာဖြစ်သည်။ ဤသည်ကိုတွေး၍ ချူးယွင်ဖန်းက ဒုတိယမင်းသားကို ဆိုးရွားသော ဘဝသို့ရောက်စေချင်သည့် လူများစွာရှိကြောင်း နားလည်လိုက်သည်။ လူအများက ၎င်းတို့အပေါ်သို့ အကောင်းမြင်စိတ်မရှိကြသော်လည်း သူအနိုင်ရမည်ဟု မျှော်လင့်ထနေကြသူများလည်းရှိသည်။
"ဒါ့အပြင် ဒါက မင်းကို ကူညီချင်တာ ကျုပ်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒပါ" ဒါရိုက်တာက ပြောသည်။
“မဟာဝေ့နိုင်ငံနဲ့ကျင်းကျန်းဟန်က အပေါ်ယံမှာသာ စစ်မတိုက်ခဲ့ကြတာ လျို့ဝှက်တိုက်ပွဲတွေက ဘယ်တုန်းက ရပ်မသွားခဲ့ဘူး။ ပြီးတော့ ငါတို့ အနိုင်ရတာထက် ပိုရှုံးခဲ့တယ်”
"ဒီတစ်ခါ မင်းက အသီလာနဲ့ ရွှေအမတေအဆင့် ဆယ်ယောက်ကျော်ကို တစ်ချက်တည်းသတ်ပစ်လိုက်တာဆိုတော့ ငါတို့တိုင်းပြည်အတွက် ရှားရှားပါးပါး အောင်ပွဲတစ်ခုလို့ ပြောလို့ရပါတယ်။ သာမာန်အခြေအနေအရ မဟာဝေ့နိုင်ငံက ဒီလူတွေကို ဖယ်ရှားနိုင်စွမ်းရှိရင်တောင် ငါတို့ပေးရတဲ့ တန်ကြေးက အရမ်းကြီးတယ်။ မဟာဝေ့နိုင်ငံအတွက်ဆိုရင် ငါမင်းကို ကူညီဖို့ ဆန္ဒရှိတယ်"
ချူးယွင်ဖန်းက ဒါရိုက်တာကိုကြည့်လိုက်သော်လည်း ဒါရိုက်တာ၏ အကြောင်းပြချက်အစစ်အမှန်ကို သူကိုယ်တိုင်သာ သိသဖြင့် ဒါရိုက်တာ၏ ပြောစကားကို လုံးဝ မယုံပေ။ သို့သော် ချူးယွင်ဖန်းသည် ယခုအချိန်တွင် သွေးဘုရင်၏ သီးသန့်ကျင့်ကြံသောနေရာကို သိရပြီဖြစ်၍ လုံလောက်သည်။
သုံးလအတွင်းတိုက်ပွဲဟုတ်လား…
သုံးလကြာအောင်ဘယ်သူက စောင့်နေမှာလဲ…
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
“ဒါဆိုရင် ဆုံးရှုံးဖို့အချိန်မရှိဘူး။ ငါ ချက်ချင်း သွားတော့မယ်။ မင်းပြောခဲ့တာသာအမှန်ဆို ပြန်ရောက်ရင် ငါမင်းကို ကောင်းကောင်း ကျေးဇူးဆပ်ပါမယ်”
“မင်း ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်မှာ ရပ်မနေဘဲ ရွှေအမတေအဆင့်ကို ဖြတ်ကျော်နိုင်အောင် ငါကူညီပေးနိုင်တယ်”
ချူးယွင်ဖန်း၏စကားကြောင့် ငြိမ်သက်နေသော ဒါရိုက်တာကို ချက်ချင်းပင် စိတ်လှုပ်ရှားစေခဲ့သည်။ သူသည် သာမန်လူများ၏အမြင်တွင် အုပ်စိုးသူဟု သတ်မှတ်ခံရသော်လည်း ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်တွင် ကြာရှည်စွာရပ်နေခဲ့သည်။ သို့သော် သူသည် စစ်မှန်သော ရွှေအမတေအဆင့်ရှေ့တွင် မည်သည့်အရာမျှ မရှိကြောင်း သူကောင်းစွာသိသည်။ လျို့ဝှက်အေဂျင်စီ၏ ဒါရိုက်တာဖြစ်သော သူ၏ အဆင့်အတန်းကို အားကိုးခြင်းဖြင့်သာ ရွှေအမတေအဆင့်များမှ ညီတူညီမျှ ဆက်ဆံခြင်းခံရသည်။ သို့သော် ယခု သူ့ကို မျက်နှာသာပေးကြခြင်းမဟုတ်ဘဲ မဟာဝေ့နိုင်ငံကို သူက မျက်နှာသာ ပေးနေရခြင်းဖြစ်သည်။ အကယ်၍ ဤလူများသာ ရန်လိုလာကြပါက သူ့တွင် လက်တုံ့ပြန်ရန် အင်အားမရှိပေ။
နှစ်များတစ်လျှောက်တွင် သူသည် မရေမတွက်နိုင်အောင်များပြားလှသော နည်းလမ်းများကို ကြိုးစားခဲ့သော်လည်း အကန့်အသတ်ကို ကျော်ဖြတ်ကာ ရွှေအမတေအဆင့်သို့ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ သူကိုယ်တိုင်ပင်လျှင် မျှော်လင့်ချက်ကို စွန့်လွှတ်၍ မဖြစ်နိုင်ဟု ခံစားခဲ့ရသည်။ ထိုအချိန်၌ ချူးယွင်ဖန်းက သူ့ကို မျှော်လင့်ချက်ပြန်ပေးနိုင်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
သူသည် အလွန် လိမ္မာပါးနပ်သော်လည်း ထိန်းမထားနိုင်တော့ဘဲ စိတ်လှုပ်ရှားမှုကို ပြလိုက်သည်။
“တကယ်လား… တကယ်လား ဆရာချူး ကျွန်တော် ရွှေအမတေအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိလား”
“မှန်တယ် ငါမမှားရင် မင်းရဲ့ အစောပိုင်းနှစ်တွေက ကျင့်ကြံရေးမှာ နည်းနည်း သတိလက်လွတ်ဖြစ်နေတာကြောင့်ဆိုတာ သေချာတယ်။ မင်း အဲ့တာကြောင့် လုံးဝ ပြန်မကောင်းလာသေးတာ။ အဲ့တာကြောင့်ပဲ ရွှေအမတေအဆင့်ကို မဝင်နိုင်သေးတာ” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ဒါရိုက်တာက ချက်ချင်း မျက်လုံးပြူးသွားကာ ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာပြောလိုက်သည်။ ချူးယွင်ဖန်းက မည်သို့ပြောမည်ကို သူသိချင်ခဲ့သည်။ ချူးယွင်ဖန်း ပြောသည်က အမှန်ပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏ အစောပိုင်းနှစ်များတွင် သူ၏စွမ်းအင်သွေဖည်မှုကိုပင် မြင်တွေ့ခဲ့ရသည်။ ဤလျို့ဝှက်ချက်ကို မည်သူ့ကိုမျှ မထုတ်ဖော်ဖူးပေ။ ထို့ကြောင့် ထိုအကြောင်းကိုသိသော ဒုတိယလူမရှိသင့်ပေ။ ချူးယွင်ဖန်းသည် ဤမျှလောက်များစွာသော အရာများကို ကြည့်ခြင်းဖြင့် ရှင်းရှင်းလင်းလင်း ပိုင်းခြားနိုင်သည်။
ဒါရိုက်တာ၏ နှလုံးသားထဲတွင် လုံးဝ ကမောက်ကမဖြစ်နေသည်။ သူ့ကို ကုသရန် နန်းတော်ရှိ သမားတော်များစွာကို လျို့ဝှက် ရှာဖွေခဲ့သော်လည်း ၎င်းတို့အားလုံးအသုံးမဝင်ပေ။ သမားတော်အများစုသည် ပြဿနာဖြစ်နေသည့် နေရောကိုပင် မသိကြပေ။ သို့သော် ချူးယွင်ဖန်းက ၎င်းကို မြင်နိုင်ကာ သူ့တွင် နည်းလမ်းရှိသည်ဟုပင် ပြောခဲ့သည်။ ၎င်းက ဒါရိုက်တာကို စိတ်လှုပ်ရှားစေသည်။
ဤကမ္ဘာကြီးတွင်၊ ရွှေအမတေအဆင့်ရှိသူများကိုသာ ပုဂ္ဂိုလ်ကြီးများဟု ယူဆနိုင်သည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့ရောက်နေသော မည်မျှပင် ကျားတစ်ကောင်၏ အစွမ်းကို ပြနေစေကာမူ …. မဟာဝေ့နိုင်ငံပေါ်သို့ ကျားသားရေနှင့်ဖုံးနေစေကာမူ သူ့ကို မျက်နှာသာမပေးသော လူများစွာ ရှိနေသေးသည်။ သို့သော် သူ ရွှေအမတေအဆင့်သို့ရောက်သွားလျှင်မူ ကွာခြားသည်။ သူသည် ထိုပညာရှင်များနှင့် တန်းတူ ဖြစ်လာနိုင်သည်။ ထို့အပြင် သူ့လက်ထဲတွင် အေဂျင်စီကဲ့သို့ ကြီးမားသော အဖွဲ့အစည်းတစ်ခုရှိသည်။ သူ့ကို မည်သူက လျှော့တွက်ဝံ့မည်နည်း။
ထောက်လှမ်းရေးအစီရင်ခံစာထဲတွင် ချူးယွင်ဖန်းက မြို့ဝန်အန်းကော်၏ အကြီးဆုံးသမီး အန်းရှို့ရှို့ကို ကုသပေးနိုင်သည်ဟူသော သတင်းတစ်ပုဒ်ရှိနေသည်ကို သူ ချက်ချင်သတိရလိုက်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် တိုက်ပွဲဝံပုလွေဂိုဏ်းခေါင်းဆောင်ကို သေခြင်း၏ အစွန်းမှ ကယ်တင်ခဲ့သည်။
ချက်ချင်းပင် သူ့စိတ်ထဲတွင် သံသယများ မရှိတော့ပေ။ ချူးယွင်ဖန်းသည် နိုင်ငံတော်အဆင့်မှ ဆေးဆရာတစ်ဦးလည်း ဖြစ်နိုင်သည်။
"ဆရာချူး ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါ” ဒါရိုက်တာသည် အမြန်ထရပ်၍ ချူးယွင်ဖန်းအား လေးလေးနက်နက် ဦးညွှတ်ပြလိုက်သည်။
ထိုအချိန်၌ သူ့ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သူ့ဒဏ်ရာများကို ကုစားခြင်းထက် ပိုအရေးကြီးသောအရာမရှိပေ။
“ထတော့” ချူးယွင်ဖန်းသည် လက်ကို ဆန့်ထုတ်လိုက်ရာ ဒါရိုက်တာက သူ့ကို ကြီးမားသော အင်အားဖြင့် ထောက်ထားသော လက်တစ်ဖက်ကို နောက်ကျောမှ ခံစားလိုက်မိသည်။
သူတုန်လှုပ်သွားသည်။ ချူးယွင်ဖန်း၏ စွမ်းအားသည် ကောလာဟလများကဲ့သို့ပင် နားမလည်နိုင်အောင်ဖြစ်သည်။ မဟုတ်… ကောလဟာလများထက် အဆတစ်ရာမျှ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
“ကိစ္စမရှိဘူး။ ငါ အရင်က ပြောဖူးတယ်။ မင်း ငါ့ကိုသာ သွေးဘုရင်ရဲ့ နေရာပြောပြရင် ငါက ကျေးဇူးဆပ်ရမယ့်အရာ လက်စားချေရမယ့်အရာကို ရှင်းရှင်းလင်းလင်းသိတယ်။ မင်း ငါ့ကို ကူညီနေတာဆိုတော့ ငါတွန့်တိုနေမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ပြောလိုက်သည်။
"မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး လွယ်ပါတယ်”
“ဒီမှာ ခဏစောင့်နေ… သွေးဘုရင်ကို သတ်ပြီးရင် ငါမင်းကို ကယ်ပြီး သက်သာလာအောင်ကူပေးမယ်”