← Chapters

တန်ပြန်သက်ရောက်မှု၏ အကျိုးဆက်များ

Vol. 44 Ch. 719

တန်ပြန်သက်ရောက်မှု၏ အကျိုးဆက်များ

Vol. 44 Ch. 719

အခန်း ၇၁၉ ။

"ဝိုး၊ အရမ်းလှတာပဲ။"

ကလေးနှစ်ဦးသည် ရဟက်ယာဉ်ပေါ်တွင် ထိုင်လျက် အောက်သို့ ငုံ့ကြည့်နေကြသည်။ မြင့်မားသော တောင်တန်းကြီးများ၊ မြူခိုးတို့ဖြင့် ဝေ့ဝဲနေသောမြင်ကွင်းများ၊ သို့မဟုတ် မိုးမျှော်တိုက်ကြီးများ၊ ဖြောင့်တန်းစွာ ထိုးထွက်နေပုံများ စသည့် ကောင်းကင်ယံမှ မြင်တွေ့ရသော မြင်ကွင်းမျိုးစုံကို သူတို့ ကြည့်နေကြ၏။

ကလေးနှစ်ဦးသည် ရဟက်ယာဉ်ထဲတွင် အဆက်မပြတ် အားရဝမ်းသာ အော်ဟစ်နေကြပြီး အလွန်ပင် ပျော်ရွှင်စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

လင်မယားနှစ်ယောက်သည်တော့ ကလေးတစ်ယောက်စီကို ပွေ့ချီထားရင်း သူတို့ ဤသို့ ပျော်ရွှင်စွာ အော်ဟစ်နေကြသည်ကို မြင်သောအခါ အနည်းငယ် မတတ်နိုင်ဟန်ဖြင့် ခေါင်းခါလိုက်ကြသည်။ ထားလိုက်တော့.. သူတို့ ပျော်နေရင် ပြီးတာပါပဲ။

ဤခဏမှာပင် ရှောင်လင်၏ မျက်နှာအမူအရာသည် ရုတ်တရက် တည်ငြိမ်သွားပြီး ချက်ချင်းပင် အလေးအနက်ဖြစ်ကာ တည်ကြည်သွားသည်။

ရှောင်လင်းယွီသည် တွေ့သည်နှင့် ချက်ချင်း မေးလိုက်သည်။

"လင်အာ၊ ဘယ်လိုဖြစ်တာလဲ။"

"မေမေ၊ ဦးဦးကို ရဟက်ယာဉ်ကို ဒီဘက်ကို မောင်းခိုင်းလိုက်ပါ။"

ရှောင်လင်သည် အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ချက်ချင်းပင် နားလည်သွားကြသည်။

ကုန်းထျန်းဟောက်သည် ရဟက်ယာဉ်မှူးအား တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"ရှောင်လီ၊ ကျင်းချန်ဘက်ကို ဦးတည်လိုက်ပါ။"

မှန်ပေသည်။ ရှောင်လင် ညွှန်ပြလိုက်သော နေရာသည် ကျင်းချန်(မြို့တော်)ပင် ဖြစ်လေသည်။

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့သည် ဤကိုယ်ပျောက်လူသားသည် ကျင်းချန်တွင် ပုန်းခိုနေနိုင်ခြေရှိကြောင်း ယခင်ကတည်းက တွေးထင်မှန်းဆခဲ့ကြပြီး ဖြစ်သည်။

ယခု ကံကောင်းထောက်မစွာပင် ရဟက်ယာဉ် စတင်ပျံသန်းပြီး မကြာမီမှာပင် ရှောင်လင်က ဦးတည်ရာအရပ်ကို ရှာတွေ့သွားခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

တစ်နာရီကျော် ကြာပြီးနောက် ရှောင်လင်းယွီ၏အသံသည် အနည်းငယ် လောလျက် မေးလိုက်သည်။

"လင်အာ၊ ဘယ်လိုအခြေအနေရှိလဲ။"

ရှောင်လင်၏ မျက်နှာလေးသည် တည်ကြည်နေလျက် ဆိုသည်။

"တဖြည်းဖြည်း ပိုနီးကပ်လာပြီ။"

ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ "ကြည့်ရတာ အဲ့ဒီလူက ကျင်းချန်မှာ ပုန်းနေတာ သေချာသွားပြီပဲ။"

သို့သော် တိကျသောနေရာကို ရှာဖွေရန်မှာ ရှောင်လင်အား ဆက်လက် ရှာဖွေခိုင်းရဦးမည် ဖြစ်သည်။

ကုန်းထျန်းဟောက်သည် ချက်ချင်း အမိန့်ပေးလိုက်သည်။

"ရှောင်လီ၊ ကျင်းချန်ကို ပျံသန်းပြီးတော့ ကျင်းချန်အပေါ်မှာ တစ်ပတ်လောက် ဝဲကြည့်လိုက်။"

ရှောင်လီ၏ စိတ်ထဲတွင် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားသော်လည်း သူသည် လက်အောက်ငယ်သားတစ်ဦး ဖြစ်သည်။ လက်အောက်ငယ်သားသည် အထက်လူကြီး၏အမိန့်ကို ခြွင်းချက်မရှိ နာခံရမည်ဖြစ်ပြီး အများကြီး မမေးသင့်သလို၊ စကားလည်း မများသင့်ပေ။

တစ်နာရီခန့် ကြာသော် ရဟက်ယာဉ်သည် ကျင်းချန်မြို့၏ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

ကျင်းချန်မြို့ရှိ ခမ်းနားထည်ဝါသော အိမ်ကြီးတစ်လုံး၏အတွင်း၌ အမျိုးသမီးတစ်ဦးသည် ခုတင်ပေါ်တွင် လဲလျောင်းရင်း အလွန်နာကျင်စွာ ညည်းညူနေသည်။ အကယ်၍ စောင်ကို လှန်ကြည့်လိုက်မည်ဆိုလျှင် ထိုအမျိုးသမီး၏တစ်ကိုယ်လုံးမှ သွေးများ ထွက်နေပြီး အိပ်ရာခင်းကို တစ်လွှာပြီးတစ်လွှာ စွန်းထင်းစေနေသည်ကို တွေ့မြင်ရပေမည်။ သူမ၏ လှပသော ဆံနွယ်ရှည်များသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး နေရာတွင် ပြောင်ရှင်းနေသော မီးသီးလုံးကြီးတစ်ခုကဲ့သို့ ဦးခေါင်းပြောင်က အစားထိုးဝင်ရောက်နေသည်။ မြေပြင်ပေါ်နှင့် ခုတင်ပေါ်တွင်မူ ဆံချည်မျှင်များ နေရာအနှံ့ ပြန့်ကျဲနေလေသည်။

"အား၊ အား..."

သူမသည် အလွန်နာကျင်လွန်းသဖြင့် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။

အိမ်တွင်းရှိ သက်တော်စောင့်များနှင့် အစေခံများသည် ဤ ကြောက်မက်ဖွယ်ကောင်းသော အသံကို ကြားရသောအခါ လူတိုင်း ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။

ထို့နောက် အစေခံတစ်ဦးက "သခင်မလေးက အခန်းထဲမှာ ပုန်းပြီး အော်ဟစ်နေတာ သုံးရက်ရှိပြီ။ အသံကို နားထောင်ကြည့်တာ၊ အရမ်း နာကျင်နေပုံပဲ။ ဆရာဝန် ခေါ်လိုက်ရမလားဟင်။"

အခြားအစေခံတစ်ဦး၏ မျက်လုံးထဲတွင် ကြောက်လန့်မှုအရိပ်အယောင်များ ပေါ်လာပြီး သူမက ဆိုသည်။ "နင် ရှောင်ဖန်ကို မှတ်မိသေးလား။ သူက သခင်မလေးကို စိတ်ပူလို့ သခင်မလေးရဲ့ အခန်းတံခါးကို သွားခေါက်မိတာလေးနဲ့ သက်တော်စောင့်တွေက သူ့ကို ဆွဲထုတ်သွားပြီး ရှင်းပစ်လိုက်ကြတယ်။ နင်သာ သေရဲရင် သွားခေါ်လေ။"

ဤသခင်မလေးသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လှသည်။

သူမအတွက်မူ လူသတ်ခြင်းသည် လူသတ်ခြင်းမျှသာဖြစ်ပြီး ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်လိုက်သကဲ့သို့ ရိုးရှင်းလှသည်။

ယခု သူမသည် အခန်းထဲတွင် ဤသို့ နာကျင်စွာ အော်ဟစ်နေပါလျက် မည်သူ့ကိုမျှ လာကြည့်ခွင့် မပေးသလို ဆရာဝန်လည်း ခေါ်ခွင့်မပေးသည်မှာ အတွင်း၌ တစ်စုံတစ်ရာ လျှို့ဝှက်ချက် ရှိနေမည်မှာ သေချာသည်။

ဤလျှို့ဝှက်ချက်သည် ဗုံးတစ်လုံးနှင့်တူလှပြီး မည်သူမဆို ထိမိလျှင် ပေါက်ကွဲသွားပေမည်။

ဘယ်သူကများ သေဘေးကို မကြောက်ကြလို့လဲ။ လူတိုင်းသေရမည်ကို ကြောက်ကြသည်။

ထို့ကြောင့် မည်သူမျှ ဤကံဆိုးမိုးမှောင်ကျမှုကို သွားရောက် ထိတွေ့ရဲခြင်း မရှိပေ။

သာမန်အစေခံများဖြစ်သော သူတို့ကိုထားဦး၊ ထိုသက်တော်စောင့်များပင်လျှင် များစွာ ရှင်းလင်းခံခဲ့ရပြီး ဖြစ်သည်။

ဤနေရာသည် ကျားတွင်းခြင်္သေ့တွင်းဟု ဆိုရမည်။ မဟုတ်သေး၊ ချောက်နက်ငရဲထက်ပင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသေးသည်။

မဖြစ်တော့ဘူး၊ သူမ ဒီနေရာက ထွက်သွားရမယ်။ ဒီနေရာမှာ ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူး။

ဤသို့ ပြောပြီးနောက် ထိုသူသည် အခန်းထဲသို့ ပစ္စည်းများ သိမ်းဆည်းရန် ဝင်သွားပြီး ထွက်ခွာရန် ကြံရွယ်လိုက်သည်။

တစ်ယောက်က ပစ္စည်းသိမ်းရန် သွားသည်နှင့် ချက်ချင်းပင် လူများစွာတို့သည်လည်း ပစ္စည်းများ သိမ်းဆည်းရန် လိုက်ပါသွားကြပြီး အသက်လု ထွက်ပြေးကြသည့်အလား ဤနေရာမှ ထွက်ခွာရန် ကြံရွယ်ကြသည်။

သို့သော် သူတို့တို့၏ ခရီးဆောင်အိတ်များကို ဆွဲလျက် တံခါးဝသို့ပင် မရောက်သေးမီ၊ ပထမဆုံး ထွက်ခွာရန် တောင်းဆိုခဲ့သော အစေခံ၏ ဦးခေါင်းသည် ချက်ချင်းပင် ပွင့်ထွက်သွားသည်။ နောက်မှ လိုက်ပါလာသော အစေခံများသည် ချက်ချင်း နားများကို ပိတ်လျက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ "အား။"

"ပါးစပ်ပိတ်ထား။"

အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းသော သက်တော်စောင့်တစ်ဦးက ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်စွာ အမိန့်ပေးလိုက်သည်။

"မင်းတို့ထဲက ဘယ်သူမဆို ထပ်သွားဖို့ ကြိုးစားရင် သူ့လိုပဲ အဆုံးသတ်သွားမယ်။"

"ဟင့်အင်း၊ ဟင့်အင်း၊ ကျွန်မ မသွားတော့ပါဘူး။"

"ကျွန်တော်... ကျွန်တော် မသွားတော့ပါဘူး..."

သူတို့သည် သေရမည်ကို ကြောက်ကြ၏။ သူတို့ နောက်တစ်ကြိမ် ထွက်မသွားရဲကြတော့ပေ။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ချက်ချင်းပင် ထိတ်လန့်တကြားဖြင့် ခရီးဆောင်အိတ်များကို ဆွဲကာ အခန်းသို့ ပြန်သွားကြသည်။ သို့သော် သူတို့အားလုံးသည် အလွန်တရာ ကြောက်လန့်တုန်လှုပ်စွာဖြင့် အချင်းချင်း ပွေ့ဖက်လျက် ငိုကြွေးနေကြလေသည်။

သူတို့ အလွန်ပင် ကြောက်ရွံ့နေကြသည်။ တကယ်ကို အလွန် ကြောက်ရွံ့နေကြသည်။

ဤမျက်တောင်မခတ်ဘဲ လူသတ်နိုင်သော နတ်ဆိုးများသည် သေနတ်တစ်ချက်ဖြင့် လူကို ပစ်သတ်လိုက်သည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ သူတို့သည် အသက်ဆက်ရှင်ရန် လိုအပ်သေးပြီး ယခုအချိန်တွင် ထွက်ခွာရန် သတ္တိ လုံးဝ မရှိကြတော့ပေ။

အခန်းတွင်း၌ ခုတင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးသည် ယခုအချိန်တွင် သွေးလူသား လုံးလုံး ဖြစ်နေပေပြီ။

သွေးတို့သည် သူမ၏မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းထားသဖြင့် မူလရုပ်ရည်ကို လုံးဝ မမြင်နိုင်တော့ပေ။

သို့သော် သူမသည် ဤအရာများကို လုံးဝ သတိမထားမိပေ။

သူမသည် ခုတင်ပေါ်မှ ယောင်ယမ်းကာ ထလိုက်သည်။ အခန်းတွင်း၌ သွေးနီရောင်များ လွှမ်းနေသည်ကို မြင်သောအခါ သူမ၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားသည်။ ထို့နောက် သူမသည် မိမိ၏သွေးနီရောင် ဝတ်စုံကို သတိပြုမိသွားပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်သော အမူအရာများ ပေါ်လာသည်။

သူမသည် အဖြူရောင်ဇာ ညဝတ်အိပ်စက်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ဘယ်လိုကြောင့် နိုးလာသောအခါ အနီရောင် ညဝတ်အိပ်စက်ဝတ်စုံ ဖြစ်နေရတာလဲ။

ထို့အပြင် ဤအနီရောင်သည် တစ်ခုခု မှားယွင်းနေသလိုပင်။

ထို့နောက် သူမသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကြည့်လိုက်ရာ အနီရောင်လက်တစ်စုံပင် ဖြစ်နေပြန်သည်။

"အား၊ ဒါက ဘယ်လိုဖြစ်တာလဲ။"

အမျိုးသမီးသည် သူမ၏လက်နှစ်ဖက်ကို ကြည့်ရင်း မျက်နှာအပြည့် ဇဝေဇဝါ ဖြစ်နေသည်။

ချက်ချင်းပင် သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရုတ်တရက် မြေပြင်ပေါ်တွင် ဆံပင်များစွာ တွေ့ရှိသွားသည်။

"ဒါ... ဒါက ဘာတွေလဲ။ ဆံပင်တွေလား။ ဒီအခန်းထဲမှာ ဆံပင်တွေ ဘယ်က ရောက်လာတာလဲ။"

သူမသည် လက်ဆန့်ကာ ခုတင်ပေါ်မှ ဆံပင်တစ်ထွေးကို ကောက်ယူလိုက်သည်။

"ဒီဆံပင်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။"

ထို့နောက် သူမသည် အလိုအလျောက်ပင် သူမ၏ဆံပင်ကို သတိပြုမိသွားသည်။ သို့သော် ဆံပင်ကို မတွေ့ရပေ။

သူမသည် တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် ချက်ချင်း လက်လှမ်းကာ သူမ၏ ဆံနွယ်ရှည်များကို သပ်တင်ရန် ကြိုးစားလိုက်သည်။ သို့သော် ဆံပင်ကို မထိမိဘဲ ပြောင်ရှင်းနေသော ဦးခေါင်းကိုသာ စမ်းမိလိုက်သည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး။"

သူမသည် ချက်ချင်းပင် ထိတ်လန့်တကြား လန့်ဖြန့်သွားသည်။

ထို့နောက် ချက်ချင်းပင် ခုတင်ပေါ်မှ ခုန်ဆင်းကာ မှန်တင်ခုံဆီသို့ လျှောက်သွားသည်။ မှန်ထဲမှ သူမ၏ပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ သူမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အား၊ သရဲ၊ သရဲ။"

မှန်ထဲမှ လူသည် ဆံပင်မရှိ၊ တစ်ကိုယ်လုံး သွေးနီရောင် လွှမ်းလျက် မျက်နှာမှာလည်း ဝေဝါးနေသည်။ ကြည့်ရသည်မှာ သရဲတစ်ကောင်၏ ပုံစံပင်။

"ဒါ ငါမဟုတ်ဘူး၊ ဒါ ငါမဟုတ်ဘူး၊ ငါက ဒီလို အရုပ်ဆိုးတဲ့ ပုံစံ မဟုတ်ဘူး။"

သူမသည် ခေါင်းကိုပိုက်လျက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ငါက ဒီလို အရုပ်ဆိုးတဲ့ မိစ္ဆာ မဟုတ်ဘူး၊ ငါက ဒီလိုပုံစံ မဟုတ်ဘူး။"

"ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။ ဒါ ငါမဟုတ်ဘူး။"

သူမသည် သူမ၏သရဲသဏ္ဌာန်ကို လုံးဝ လက်မခံနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်နေသည်။

သူမသည် အိပ်ပျော်သွားခြင်းမျှသာ ဖြစ်သည်။ ဘာကြောင့် နိုးလာတာနဲ့ ဒီလိုပုံစံပြောင်းနေရတာလဲ။

တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ။

မှန်ပေသည်။ ဤသုံးရက်တာ နာကျင်စွာ နှိပ်စက်ခံရမှုကို သူမ လုံးဝ မမှတ်မိပေ။ ဤနာကျင်မှုကို အခြားတစ်ယောက်က ခံစားခဲ့ရသကဲ့သို့ပင်။

"သခင်မလေး၊ သခင်မလေး၊ အဆင်ပြေရဲ့လား။"

အစေခံတစ်ဦးသည် သက်တော်စောင့်၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် တုန်တုန်ယင်ယင်ဖြင့် လာရောက် တံခါးခေါက်မေးမြန်းသည်။

"ထွက်သွား။"

တံခါးခေါက်သံနှင့် မေးမြန်းသံကို ကြားသည်နှင့် သူမသည် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။

"ထွက်သွား၊ ထွက်သွားကြ။"

ထို့နောက် တံခါးအပြင်ဘက်မှ ထွက်ခွာသွားသော ခြေသံများ ထွက်ပေါ်လာသည်။

သူမသည် နောက်တစ်ကြိမ် ရူးသွပ်လာပြန်ပြီး ကုလားထိုင်တစ်လုံးကို ဆွဲမကာ ထိုမှန်ချပ်ဆီသို့ ပစ်ပေါက်လိုက်သည်။ ပစ်ပေါက်ရင်း တစ်ဖက်မှ ကျယ်လောင်စွာ ဆိုနေသည်။

"ငါက ဒီလိုပုံစံ မဟုတ်ဘူး၊ ငါ ဒီလို သရဲပုံစံ မဖြစ်သွားဘူး။ ဒါ မင်း၊ ဒီမှန်က ပြဿနာရှိနေတာ၊ မှန်က ပြဿနာရှိနေတာ သေချာတယ်။"

သို့သော် မှန်သည် အခြားအရာများ ကွဲကြေခြင်းနှင့် မတူညီပေ။ အခြားအရာများသည် ကွဲလျှင် ကွဲသွားသည်။ သို့သော် ဤမှန်သည် ကွဲကြေသွားသောအခါ ပို၍ များပြားသော မှန်စများအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အရွယ်အစား မည်မျှပင် ဖြစ်စေ၊ အရာအားလုံးကို ကြည်လင်ပြတ်သားစွာ ထင်ဟပ်ပြနေနိုင်သည်။

အမျိုးသမီးသည် ရူးသွပ်စွာ မှန်ကို ရိုက်ခွဲနေသည်။ ရလဒ်အနေဖြင့် မှန်စများမှာ ပို၍ များပြားလာပြီး သူမ၏ အရုပ်ဆိုးသော သရဲပုံသဏ္ဌာန်သည်လည်း ပို၍ များပြားလာကာ မှန်စတိုင်းတွင် ထင်ဟပ်လျက် မြေပြင်အနှံ့ ပြည့်နှက်သွားသည်။

"အား။"

သူမသည် နောက်တစ်ကြိမ် နားများကို ပိတ်လျက် ရူးသွပ်စွာ အော်ဟစ်လိုက်ပြန်သည်။

အမျိုးသမီးတစ်ဦးအတွက် ရုပ်ရည်သည် အသက်ထက်ပင် ပို၍ အရေးကြီးသည်။

သူမသည် တစ်ညတည်းနှင့် ဆံပင်မရှိသူ ဖြစ်သွားပြီး တစ်ညတည်းနှင့် သွေးလူသား ဖြစ်သွားသည်။ ဤသည်မှာ သူမ၏ရုပ်ရည်ကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်ရာ သူမအား မရူးသွပ်စေဘဲ ရှိနေပါတော့မလား။

ထို့နောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ၏ ညာဘက်လက်ကောက်ဝတ်ကို မြှောက်ကာ ထိုကြိုးနီလေးကို ကြည့်လျက် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။

"မင်း ငါ့ကို ပြောစမ်း၊ ဒါက ဘာဖြစ်တာလဲ။ ဒါက ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ ဘာလို့ ဒီလို သရဲပုံစံ ဖြစ်သွားရတာလဲ။"

သူမသည် ကြိုးနီလေးတစ်ချောင်းကို စကားပြောနေရင်း မိမိဘာသာ ရေရွတ်နေသည်မှာ အရူးတစ်ယောက်နှင့် အမှန်တကယ်ပင် တူလှသည်။

"မင်း ပြောလေ၊ မင်း ပြောလေ။"

သို့သော် သူမ မည်သို့ပင် အော်ဟစ်စေကာမူ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိပေ။

ဤသည်မှာ သာမန်ကြိုးနီလေးတစ်ချောင်းသာ ဖြစ်သည်။

သူမသည် ဒေါသတကြီးဖြင့် ကြိုးနီလေးကို လက်ကောက်ဝတ်မှ ဆွဲဖြုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် ဒေါသမပြေသေးဟန်ဖြင့် ၎င်းကို နင်းရန် ကြိုးစားလိုက်သည်။

သို့သော် သူမ၏ ခြေထောက်သည် အောက်သို့ ကျရောက်သွားသည်နှင့် ကြည်လင်သော အလင်းတန်းတစ်ခုသည် သူမ၏တစ်ကိုယ်လုံးကို လွင့်စဉ်သွားစေပြီး နံရံနှင့် သွားရောက် ဆောင့်တိုက်မိစေသည်။

ဒုန်း။

အလွန်လေးလံသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် အလွန်ကြည်လင်သော ကလေးအသံလေးတစ်သံက အလွန်ဒေါသထွက်နေဟန်၊ သြဇာအာဏာပါသော လေသံဖြင့် ဆိုလာသည်။

"ရိုင်းလိုက်တာ၊ ငါကိုယ်တော်ကို နင်းရဲတယ်။ ကြည့်ရတာ မင်း အသက်မရှင်ချင်တော့ဘူးထင်တယ်။ ဒီလိုမှတော့ ငါကိုယ်တော် မင်းကို ခရီးတစ်ခေါက် ပို့ပေးလိုက်မယ်။"

ဤအမျိုးသမီး၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူမသည် ချက်ချင်း မြေပြင်မှ ပြန်ထလာပြီး အဆက်မပြတ် အသနားခံ တောင်းပန်လိုက်သည်။

"နတ်မင်းကြီး အသက်ချမ်းသာပေးပါ၊ နတ်မင်းကြီး အသက်ချမ်းသာပေးပါ၊ ကျွန်မ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး။"

"နောက်တစ်ခါ ထပ်မဖြစ်စေနဲ့၊ မဟုတ်ရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်။"

ထိုအသံက ဆိုသည်။

အမျိုးသမီးသည် ထို့နောက် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

"နတ်မင်းကြီး၊ ကျွန်မကို ပြောပြလို့ရမလား၊ ကျွန်မ ဒါက ဘယ်လိုဖြစ်သွားတာလဲဟင်။"

"တန်ပြန်သက်ရောက်မှုပဲ။"

***

All Chapters