← Chapters

ဖုယင်ယင် အဆင့်တက်လှမ်းခြင်း

Vol. 22 Ch. 279

ဖုယင်ယင် အဆင့်တက်လှမ်းခြင်း

Vol. 22 Ch. 279

"ကောင်းပြီလေ"

ဖုယင်ယင်သည် သူ၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ကျောက်တုံးနောက်ကွယ်မှ ထွက်လာကာ ရှေ့ရှိမိန်းကလေးကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

"ဝေ့ဝေ့.... ငါ နင့်ကို ကယ်ဖို့ ရောက်လာပြီ"

"အစ်မယင်ယင်..."

သူမ သေရတော့မည်ဟု ထင်မှတ်ထားသော ဖုဝေ့ဝေ့သည် သူမ၏ အဆိုးရွားဆုံးအချိန်၌ သူမ အမြဲတစေ အထင်သေးခဲ့သော လူတစ်ယောက် ရုတ်တရက် ထွတ်ပေါ်လာလိမ့်မည်ဟု အနည်းငယ်မျှ ထင်မှတ်မထားခဲ့ပေ။ နောင်တနှင့် ရှက်ရွံ့မှုများက သူမ၏စိတ်နှလုံးသားထဲသို့ လှိုင်းလုံးအလား ဝင်ရောက်လာသည်။

"အခု ထွက်သွားတော့... ဒီမြေခွေးစိမ်းတွေက အရမ်းအစွမ်းထက်တယ်"

ဖုဝေ့ဝေ့က အံတင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်၏။

"သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ငါ နင့်ကို ဒီနေရာမှာ ပစ်မထားခဲ့နိုင်ဘူး"

ဖုယင်ယင်၏ခြေလှမ်းများသည် ယိမ်းယိုင်ခြင်း မရှိဘဲ အမှောင်ထုကိုအံ့တုသည့် စစ်သည်တော်တစ်ဦးအလား ရှေ့သို့တိုးဝင်သွားသည်။

ဖုဝေ့ဝေ့၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားသည်။

တစ်စုံတစ်ယောက်သည် ဒုက္ခရောက်မှသာ တခြားလူများ၏ အစစ်အမှန်စိတ်ထားကို မြင်တွေ့ရသည်။ သူမကို ချိုချိုသာသာ ပြောခဲ့သူများသည် အန္တရာယ်အရိပ်အယောင်ကို မြင်တွေ့သည်နှင့် သူရဲဘောကြောင်ကာ ထွက်ပြေးသွားကြ၏။ သို့ရာတွင် သူမ အမြဲတစေ ပစ်ပယ်ခဲ့သူကမူ သူမကို ကာကွယ်ပေးရန် အရာအားလုံးကိုရင်း၍ စွန့်စားနေသည်။ ထိုကွာခြားချက်သည် အလွန်ကြီးမားပေ၏။

သူမထံ၌ ကျေးဇူးတင်စိတ်များ လွှမ်းမိုးသွားပြီး ဖုယင်ယင်၏ ကိုယ်ကျိုးစွန့်ကာ ဝင်ရောက်လာသော ပုံရိပ်သည် ကျောက်တုံးပေါ်တွင် ဆောက်နှင့်ထွင်းသကဲ့သို့ သူမ၏စိတ်ဝိညာဉ်ထဲတွင် စွဲထင်သွားတော့သည်။ ဤမြင်ကွင်းကို သူမ ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ချေ။

သူမ၏စိတ်နှလုံးသား တုန်ခါသွားပြီး အတွေးများ ရှုပ်ထွေးလာကာ သူမသည် လုံးလုံးလျားလျား ဖမ်းစားခံလိုက်ရသကဲ့သို့ ဖြစ်သွားလေ၏။

သူမ ညို့ငင်ခြင်းခံလိုက်ရလေပြီ။

"အောင်မြင်ပြီ"

ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

သူမတို့နှစ်ယောက်လုံးသည် မြေခွေးညို့ငင် ကံကြမ္မာတွင် အဆင့်ချင်းတူညီကြသော်လည်း ဖုဝေ့ဝေ့သည် စွန့်ပစ်ခံခဲ့ရပြီး စိတ်ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေခဲ့သည်။ သူမ၏ စိတ်ဓာတ်ကျဆင်းနေမှုက သူမကို လွယ်လင့်တကူ လွှမ်းမိုးခြင်းခံရစေခဲ့သည်။

ဤသည်မှာ အသည်းကွဲခြင်းကြာင့် လူအများကို တခြားလူများ၏ပစ်မှတ်အဖြစ် လွယ်လင့်တကူ ရောက်ရှိသွားစေရသည့် အဓိကအကြောင်းရင်းပင်။

ဖုဝေ့ဝေ့သည် အပြည့်အဝ ညို့ငင်ခံလိုက်ရသည်နှင့် တပြိုင်နက်တည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သော ဖုယင်ယင်၏ မြေခွေးညို့ငင်ကံကြမ္မာ သိသိသာသာ ပြောင်းလဲသွားသည်။ ဝုန်းခနဲအသံနှင့်အတူ ကောင်းကင်ကံကြမ္မာ စွမ်းအင်စီးကြောင်းများသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ သူမထံသို့ တိုးဝင်လာကြသည်။

ကောင်းကင်ကံကြမ္မာ ဒုတိယအဆင့်...

ဤအဆင့်တွင် ဖုယင်ယင်သည် ဖုကျင်းကျင်း ကဲ့သို့ ထိပ်သီးကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလေပြီ။

ကျန်းရွှမ်သည် စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုမိန်းကလေးနှစ်ဦးကို ကယ်တင်ရန် ရှေ့သို့ တိုးလိုက်စဉ်မှာပင် သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော သူ၏မြေခွေးညို့ငင်စွမ်းအင်မြစ်သည် ကန့်သတ်ချက်များကို ချိုးဖျက်ကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို အရူးအမူး စုပ်ယူလိုက်တော့သည်။

ဖုဝေ့ဝေ့ကို တိုက်ခိုက်နေသော မြေခွေးစိမ်းငါးကောင်နှင့် ကျန်းရွှမ်၏နောက်သို့ လိုက်ပါလာသော မြေခွေးစိမ်းသုံးကောင်တို့သည် ရှင်းပြ၍မရသော ဆင့်ခေါ်သံတစ်ခုကို အာရုံခံလိုက်မိသကဲ့သို့ ဖြစ်သွားကြသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် ထူထပ်သိပ်သည်းသော ကောင်းကင်ကံကြမ္မာ စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ကျန်းရွှမ်၏ ခြေလက်များနှင့်ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ သူ့ကို အားဖြည့်ပေးလိုက်ကြသည်။

"...."

ကျန်းရွှမ် ကြက်သေသေသွားသည်။

သူ ညို့င်ထားသော ဖုယင်ယင် အဆင့်တက်သွားခြင်းသည် ဖြစ်သင့်သော်လည်း ဤမြေခွေးစိမ်းများသည် ရုတ်တရက် ကောင်းကင်ကံကြမ္မာစွမ်းအင်များအဖြစ် ပြောင်းလဲသွားခြင်းကမူ ရှင်းပြ၍မရနိုင်သော ကိစ္စတစ်ရပ်ပင်။

ကမ္ဘာတစ်ခု၏ အရှင်သခင်တစ်ယောက်အနေနှင့် ကျန်းရွှမ်သည် သဘာဝကို ခြယ်လှယ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး လေဟာနယ်မှတဆင့် အရာဝတ္ထုများကို ဖန်တီးနိုင်သည်။ သို့ရာတွင် ဤနေရာ၌ ရှိနေစဉ်အတွင်း ဤရင်းမြစ်သားရဲများဆိုသည်မှာ ဖန်တီးထားသော အရာများဖြစ်ကြောင်း သူ သတိမထားမိခဲ့ချေ။

အစစ်အမှန်နှင့်တူသော လှိုဏ်ဂူ အစစ်အမှန် ရင်းမြစ်သားရဲများနှင့် တူညီသော မြေခွေးစိမ်းများ... ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေရှိ အရာအားလုံးသည် ကျန်းရွှမ်မှ ကမ္ဘာများကိုဖန်တီးပုံနှင့် ဆင်တူနေသည်။

သို့ရာတွင် ဤနယ်မြေဖွဲ့စည်းပုံသည် အလွန်ရိုးရှင်းပေ၏။ သူ၏ကမ္ဘာသစ်နှင့် နှိုင်းယှဉ်လျှင် များစွာပို၍နိမ့်ကျပြီး သူ၏ယာယီရင်းမြစ်စွမ်းအင်အိုင်ဖြစ်သော ရွှမ်ကမ္ဘာနှင့် နှိုင်းယှဉ်လျှင် ပို၍ပင်ဆိုးရွားသည်။

သူ၏ကမ္ဘာအတွင်းတွင် ကျန်းရွှမ်သည် မည်သည့် အပင် သို့မဟုတ် သတ္တဝါကိုမဆို စိတ်တိုင်းကျ ဖန်တီးနိုင်သော်လည်း ဤနယ်မြေသည် မြေခွေးစိမ်းများ ကျောက်တုံးများနှင့် ကြွေလွင့်ပုလဲများဟူသော ပျင်းရိငြီးငွေ့ဖွယ်ရာ အရာသုံးမျိုးဖြင့်သာ ကန့်သတ်ထားသည်။

မြေခွေးစိမ်းရှစ်ကောင်လုံးမှထံမှ စွမ်းအင်များကို စုပ်ယူလိုက်စဉ်တွင် ဤအတွေးများက သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားသည်။ သူ၏ အဆင့်တက်ခါစ မြေခွေးညို့ငင်ကံကြမ္မာသည် လျင်မြန်စွာ တိုးတက်လာသဖြင့် ကျန်းရွှမ်၏ မျက်ခုံးများ အထိန်းအကွပ်မဲ့စွာ လှုပ်ခတ်သွားသည်။

သူသည် ဤကံကြမ္မာကို အဆင့်မတက်လိုလေလေ ပို၍မြန်မြန်တိုးတက်လာလေပင်။ ဤသည်မှာ မည်ကဲ့သို့ အဓိပ္ပာယ်မရှိသော ကိစ္စကြီးဖြစ်သနည်း...

ဒါက အရမ်း စိတ်ပျက်ဖို့ကောင်းတယ်...အရမ်း တရားလွန်တယ်...

ဖုဝေ့ဝေ့ကမူ မည်သည့်ကိစ္စများ ဖြစ်သွားသည်ကို နားမလည်ဘဲ သူမ၏ရှေ့ရှိ မြေခွေးစိမ်းများသည် စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး သူမ အန္တရာယ်မှ လွတ်မြောက်သွားသည်ကိုသာ မြင်လိုက်ရသည်။ သူမထံတွင် စိတ်လှုပ်ရှားမှုများ လွှမ်းမိုးနေပြီး သူမ၏မျက်လုံးများ နီမြန်းနေကာ ဖုယင်ယင်ကိုကြည့်ပြီး ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသည်။

တကယ်လို့ ယောကျာ်းတွေကို အားကိုးမရရင်...အဲ့ဒီအစား မိန်းမအချင်းချင်း ပြန်ကြိုက်လိုက်ရင်တောင် ဘာဖြစ်လဲ..

ဤအချိန်တွင် ဖုယင်ယင်သည် သူမ၏အဆင့်တက်လှမ်းမှုနှင့် မြေခွေးစိမ်းများ ပျောက်ကွယ်သွားခြင်းသည် မလှမ်းမကမ်းရှိ လူငယ်လေးကြောင့်ဖြစ်ကြောင်း ကောင်းစွာသိရှိထားသည်။ ထိုကြောင့် သူမသည် ကျန်းရွှမ်ကို ပို၍ကြည်ညိုလေးစားသောအကြည့်ဖြင့် ကြည့်လိုက်၏။

ညို့ငင်ခံထားရခြင်း ဆိုသည်မှာ တစ်စုံတစ်ယောက်၏မျက်လုံးထဲတွင် ညှို့ငင်သူမှလွဲ၍ တခြားမည်သူ့ကိုမျှ မမြင်တော့ခြင်းပင်။ ကျန်းရွှမ် လျှောက်လှမ်းလာသည်နှင့်အမျှ သူ၏ပုံရိပ်သည် သူမ၏စိတ်နှလုံးသားထဲတွင် ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါး ဖြစ်လာသည်။

"အစ်မ ယင်ယင် အခု အစ်မရဲ့ မြေခွေးညို့ဓာတ် ကံကြမ္မာက ဒုတိယအဆင့် ရောက်သွားပြီဆိုတော့ ကျန်းရွှမ်လိုလူမျိုးက အစ်မနဲ့ မတန်တော့ပါဘူး"

ဖုဝေ့ဝေ့က ကျန်းရွှမ်ကို အထင်အမြင်သေးစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"တိတ်စမ်း"

ဖုယင်ယင်က အေးစက်စက်လေသံဖြင့် ဟန့်တားသည်။

"နင်က ကျန်းရွှမ်ကို မကောင်းပြောရဲရင် နောက်တစ်ခါ ငါ့ကို အစ်မလို့ မခေါ်နဲ့"

"ဟုတ်ကဲ့..."

ဖုဝေ့ဝေ့သည် ထိတ်လန့်သွားပြီး ဂုတ်ပုသွားကာ အနေခက်သွားသော်လည်း ချက်ချင်းဆိုသလိုပင် မျက်နှာချိုသွေးလိုက်၏။

"ဒါဆို ကျွန်မက ရှင်တို့နှစ်ယောက်အတွက် မနက်စာ နေ့တိုင်းယူလာပေးရင်ရော ဘယ်လိုလဲ"

"သွားကြစို့"

သူမတို့ စကားပြောဆိုနေသည်ကို စိတ်မဝင်စားသဖြင့် ကျန်းရွှမ်က ကြားဖြတ်ပြောဆိုလိုက်သည်။

"မင်း ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ ငါ မင်းကို အခွင့်အရေး ရှာပေးမယ်"

ဖုယင်ယင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဖုဝေ့ဝေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"နင် ငါတို့နဲ့ လိုက်မလား ဒါမှမဟုတ် တစ်ယောက်တည်း သွားမလား"

"လိုက်မှာပေါ့...အစ်မယင်ယင်နောက် လိုက်မှာပေါ့...အစ်မ ဘယ်သွားသွား ကျွန်မ လိုက်မယ်"

ဖုဝေ့ဝေ့က စိတ်အားထက်သန်စွာဖြင့် တုံ့ပြန်အဖြေပေးသည်။

ကျန်းရွှမ်က ဖုဝေ့ဝေ့ကို တစ်ချက်ကြည့်ပြီးနောက် မေးမြန်းလိုက်၏။

"ဒါနဲ့ မင်းတို့ ကြွေလွင့်ပုလဲတွေ ရှာတွေ့ခဲ့သေးလား..ပြီးတော့ မြေခွေးစိမ်းတွေအများကြီးနဲ့ ဘယ်လိုဖြစ်ပြီးကြုံတွေ့ရတာလဲ"

ဖုဝေ့ဝေ့က ဖုယင်ယင်ကို ကြည့်လိုက်သည်။ ဖုယင်ယင်က ခေါင်းညိတ်ပြပြီး သူမကို ရှင်းပြခိုင်းလိုက်သည်။ အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် သူမက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလေသည်။

"ကျွန်မတို့ ဒီနေရာကို ဝင်လာတော့ ရေကန်တစ်ခုထဲကို ကျသွားပြီး ဒီနေရာကို ရောက်လာတာပဲ...ကျွန်မက မြေခွေးညို့ငင်ကံကြမ္မာကို သုံးပြီးတော့ ကြွေလွင့်ပုလဲတွေကိုရှာဖို့ ကြိုးစားပေမယ့် မတွေ့ခင်မှာပဲ မြေခွေးစိမ်းတွေနဲ့ တွေ့ခဲ့တာ... အစကတော့ ရှန်ဝူကျွင်းက သူတို့ကို ထိန်းထားနိုင်ပေမယ့် တိုက်ခိုက်မှုကနေ အသံတွေပိုပြီးကျယ်လောင်လာပြီးတော့ မြေခွေးစိမ်းတွေ ပိုများလာတယ်...ဒါကြောင့် သူ မနိုင်တော့ဘူး..."

"ဒါဆိုရင် မင်းတို့က ကြွေလွင့်ပုလဲတွေကို လုံးဝမတွေ့ခဲ့ဘူးပေါ့"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဖုဝေ့ဝေ့က ခေါင်းခါပြလေ၏။

"မတွေ့ဘူး...ကျွန်မတို့ တစ်လုံးမှ ရှာမတွေ့သေးဘူး..."

အသေးစိတ်အချက်အလက်များကို မေးမြန်းပြီးနောက် ကျန်းရွှမ်၏မျက်မှောင်ကြုတ်မှု ပို၍ပြင်းထန်လာသဖြင့် ဖုယင်ယင် သိချင်စိတ်ပြင်းပြသွားသည်။

"ကျန်းရွှမ်...ရှင် တစ်ခုခုကို တွေ့ထားလို့လား"

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။

"ဘာများလဲ"

ဖုယင်ယင်က အတင်းအကြပ် မေးမြန်းလိုက်သည်။

ကျန်းရွှမ်က ရှင်းပြလိုက်၏။

"မြေခွေးညို့ငင်ကံကြမ္မာကို သုံးတာက ကြွေလွင့်ပုလဲတွေကို တိုက်ရိုက်ရှာဖို့ မဟုတ်ဘဲနဲ့ ဒီမြေခွေးစိမ်းတွေကို မျှားခေါ်ဖို့များ ဖြစ်နေမလား...ပြီးတော့ သူတို့ကို ညို့ငင်နိုင်မှ ရတနာတွေကို ရရှိတာများလား "

အစောပိုင်းက သူသည် မြေခွေးစိမ်းသုံးကောင်ကို နိုင်ပြီးနောက် သူတို့သည် ကြွေလင့်ပုလဲရှိရာသို့ လမ်းပြခဲ့ပုံကို ပြန်ပြောပြလိုက်သည်။

သူတို့၏ စဦးပိုင်းအခြေအနေသည် ဖုဝေ့ဝေ့တို့နှင့် တူညီနေသော်လည်း ကွာခြားချက်မှာ သူသည် မြေခွေးစိမ်းများကို ညို့ငင်နိုင်ခဲ့ပြီး သူမကမူ မညို့ငင်နိုင်ခဲ့ခြင်းပင်။

"ဒါက အဓိပ္ပာယ် ရှိတယ်..."

ဖုယင်ယင်သည် အချိန်တခဏကြာခန့် စဉ်းစားပြီး ကျိုးကြောင်းဆက်စပ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ မြေခွေးညို့ငင်ကံကြမ္မာကို စမ်းသပ်ခြင်း ဖြစ်သည့်အတွက် အောင်မြင်မှုသည် မြေခွေးစိမ်းများကို ညို့ငင်နိုင်စွမ်းအပေါ် မူတည်သည်မှာ ကျိုးကြောင်းဆီလျော်သည်။ သူမတို့ ရှာတွေ့သော ကြွေလွင့်ပုလဲအရေအတွက်သည် နိုင်နင်းနိုင်သော မြေခွေး အရေအတွက်နှင့် ဆက်စပ်နေနိုင်သည်။

"မင်းရဲ့ မြေခွေးညို့ငင်ကံကြမ္မာကို နောက်တစ်ခေါက် ပြန်သုံးကြည့်အုံး... မြေခွေးစိမ်းတွေကို မျှားခေါ်နိုင်မလားဆိုတာ ကြည့်ကြရအောင်"

ကျန်းရွှမ်က အကြံပြုလိုက်သည်။

"ကောင်းပြီလေ"

ဖုယင်ယင်က သဘောတူလိုက်ပြီးနောက် သူမ၏ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ထုတ်သုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူမသည် ကြွေလွင့်ပုလဲများ၏တည်ရှိမှုကို အာရုံခံမိသည်နှင့် လှိုဏ်ဂူ၏အမှောင်ထုထဲမှ မြေခွေးစိမ်းအမြောက်အများ ထွက်ပေါ်လာကြသည်။ သူတို့၏မျက်လုံးများသည် အနီရောင်တောက်ပနေပြီး သူတို့၏ဟိန်းဟောက်သံများတွင် မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေပေ၏။

All Chapters