← Chapters

ကလေးကို ငါ့ရဲ့မျိုးရိုးနာမည် ပေးလို့ရတယ်လေ

Vol. 22 Ch. 283

ကလေးကို ငါ့ရဲ့မျိုးရိုးနာမည် ပေးလို့ရတယ်လေ

Vol. 22 Ch. 283

ဖုယီယီ.... နင် ဘာလုပ်နေတာလဲ"

သူမ၏လှုပ်ရှားမှုများကို မြင်လိုက်ရသဖြင့် ဖုယင်ယင် မျက်မှောင်ကြုတ်သွားသည်။

သူမသည် ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏"နတ်ဘုရား"သည် လက်ဝှေ့ယမ်းလိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် ရှေ့တိုးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"မင်းကို ခွင့်လွှတ်ရမှာလား.. ရတာပေါ့..."

"တကယ်လား..."

ဖုယီယီသည် လက်ဆန့်တန်းလိုက်ပြီး ကျန်းရွှမ်၏လက်မောင်းကိုဆွဲကာ ရှက်သွေးဖြာပြီး ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ကြည့်လိုက်သည်။

"ရှင်က တကယ့်ကို အရမ်းကြင်နာတတ်တာပဲ... ကျွန်မက သဘောထားကြီးတဲ့ ယောကျာ်းတွေကို သဘောကျတယ်..."

သူမ အနီးကပ်ကြည့်လိုက်ချိန်တွင် သူမရှေ့မှ လူငယ်သည် ကြယ်များကဲ့သို့ နက်ရှိုင်းသော မျက်လုံးမည်းများ ထင်ရှားသော မေးရိုး မြင့်မားသော နှာတံနှင့် နွေးထွေးသော ခံစားမှုကို ပေးစွမ်းသည့် ပါးလွှာသော နှုတ်ခမ်းများကို ပိုင်ဆိုင်ထားသည်။

ဖုယီယီ၏စိတ်နှလုံးသား တုန်ခါသွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ယခင်က သူမ တွေ့ခဲ့ဖူးသော အမျိုးသားများ အားလုံး မှေးမှိန်သွားကာ ထည့်ပြောစရာပင် မလိုတော့သကဲ့သို့ ခံစားလိုက်ရသည်။

...

ရှစ်ရွှယ်ချင်းဖြစ်စေ ရှန်ဝူကျွင်းဖြစ်စေ သူတို့အားလုံးသည် သူစိမ်းများကဲ့သို့ သာမန်ဖြစ်သွားပြီး သူမသည် စိတ်ဝင်စားမှု အနည်းငယ်မျှပင် မရှိတော့ချေ။

'ငါက သူ့ရဲ့နောက်ကို တသက်လုံး လိုက်ပါရဖို့ တကယ်ကြီး မျှော်လင့်မိတယ်... ဘာမှမလုပ်ရရင်တောင် အဝေးကနေ ငေးကြည့်နေရရင် ကျေနပ်ပြီ...'

အတွေးတစ်ခု ပေါက်ဖွားလာပြီးနောက် ဖုယီယီက ဆုံးဖြတ်ချက် ချလိုက်သည်။

'အင်း....မနက်ဖြန်ကျရင် သူ့အတွက် မနက်စာ ဝယ်ကျွေးလိုက်မယ်...'

သူမ အတွေးများဖြင့် နစ်မြောနေစဉ်တွင် ကျန်းရွှမ်၏လက်သီးချက်ကြောင့် လွင့်ထွက်သွားသော ရှန်ဝူကျွင်းသည် အရှက်ရစွာဖြင့် ပြန်ထလာသည်။ သူ၏မျက်နှာတစ်ခုလုံး ရှက်ရွံစိတ်ကြောင့် နီမြန်းနေကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ငါ မင်းကို သတ်မယ်..."

ထိုသို့ပြောဆိုပြီးသည်နှင့် သူ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြေးဝင်လာစဉ်မှာပင် သူ၏မျက်နှာပေါ်သို့ လက်ဝါးတစ်ချက်ကျရောက်လာကာ ကြည်လင်ပြတ်သားသော ပါးရိုက်သံကို ကြားလိုက်ရသည်။

ဖြောင်း...

သူ အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ချိန်တွင် သူ၏နတ်ဘုရားမ ဖုယီယီသည် ကျန်းရွှမ် ရှေ့တွင် ကာဆီး၍ မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူမ၏ မိုးမခပုံမျက်ခုံးများ မြင့်တက်နေပြီး သူမ၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ရှင်က ဘယ်သူ့ကို သတ်ချင်တာလဲ"

"ယီယီ..."

ရှန်ဝူကျွင်း၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ မနေနိုင်တော့ဘဲ ပြောဆိုလိုက်၏။

"သူ... သူက ဖုယင်ယင် ခေါ်လာတဲ့ ချစ်သူလေ..."

"ဘယ်သူ့ရဲ့ချစ်သူ ဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ....ကျွန်မ သူ့ကို သဘောကျတယ်... ဒါဆိုရင် လုံလောက်ပြီ"

ဖုယီယီက ဂရုမစိုက်သောလေသံဖြင့် ပြောဆိုသည်။

"ဒီနေ့ကစပြီး ရှင် သူ့ကို မလေးမစား လုပ်ရဲရင် ကျွန်မကို ဒီတသက် ထပ်တွေ့ဖို့ စိတ်မကူးနဲ့တော့"

"ငါ.. ငါ..."

သူမနှင့် ဘယ်သောအခါမှ စကားမပြောရတော့မည့်အတွေးက မင်းသားရှန်ဝူကျွင်း၏ခန္ဓာကိုယ်ကို အေးစက်တောင့်တင်းသွားစေသည်။ သူ့၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး အချိန်တခဏကြာပြီးနောက် နီမြန်းနေသောမျက်နှာဖြင့် ပြောဆိုလိုက်သည်။

"ဒါဆိုရင်... မင်းတို့နှစ်ယောက် အဆင်ပြေပါတယ်... နောက်ကျရင် မင်းတို့ ကလေးရလာရင် ငါ ထောက်ပံ့ပေးမယ်"

ဖုယီယီက ခေါင်းခါလိုက်သည်။

"ကျန်းရွှမ်ရဲ့ကလေးတွေကို ရှင် ထောက်ပံ့ဖို့ မလိုဘူး"

ရှန်ဝူကျွင်းက တောင်းပန်လိုက်သည်။

"ကလေးကို ငါ့ရဲ့မျိုးရိုးနာမည် ပေးလို့ရတယ်လေ..."

ဖုယီယီက တုံ့ပြန်သည်။

"အိမ်မက် မက်နေလိုက်စမ်း.."

ထိုသို့ပြောပြီးသည်နှင့် သူမသည် လူငယ်လေးကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကျွန်... ကျွန်မ လုပ်တာ အဆင်ပြေရဲ့လားဟင်"

ကျန်းရွှမ်သည် ခေါင်းခါယမ်းလိုက်ရင်း အနည်းငယ် ပင်ပန်းလာသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် သူ့ကို မြေခွေးညို့ငင်ကံကြမ္မာနှင့် ညှို့ငင်ဖမ်းစားရန် ကြိုးစားခဲ့သဖြင့် မတတ်သာသည့်အဆုံး သူသည်လည်း ပြန်လည်အသုံးပြုလိုက်ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ဖုယီယီသည် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး ညှို့ငင်ဖမ်းစားခံရရုံသာမက ဖုယင်ယင်ထက်ပင် ပို၍နက်ရှိုင်းစွာ ထိခိုက်သွားပုံရသည်...သူမသည် ရုပ်သေးရုပ်ကဲ့သို့ နာခံတတ်သွားလေပြီ။

အစစ်အမှန်ညှို့ငင်ဖမ်းစားခံလိုက်ရလျှင် တချို့သောလူများသည် တိုင်းပြည်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးကြပေ။ ထိုကြောင့် သိက္ခာဆိုသည်မှာ အသေးအမွှားသာ ဖြစ်သွားလေပြီ။

ကျန်းရွှမ်သည် စိတ်ပင်ပန်းနေပြီး သူ၏နံဘေးမှ ဖုချင်းချင်းမှာမူ လုံးလုံးလျားလျား အသိစိတ်လွတ်သွားကာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။

"ယီယီ....နင် ဘာဖြစ်နေတာလဲ"

သူမသည် ကျန်းရွှမ်ကို ဖမ်းစားရမည် မဟုတ်လော...

မည်သည်ကြောင့် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် ဝပ်တွားနေသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်သွားရသနည်း...

'သူက ယီယီကို ပြန်ပြီးညှို့ငင်ဖမ်းစားလိုက်တာလား... '

သူမသည် ထိုသို့ မတွေးမိသည့်အပြင် တွေးလည်းမတွေးရဲချေ။

မြေခွေးညို့ငင်ကံကြမ္မာသည် သူမတို့၏ မိသားစုအမွေအနှစ် ဖြစ်ပြီး တခြားသူများကို ညှို့ငင်ဖမ်းစားရန် အစဥ်အမြဲအသုံးပြုခဲ့ကြသည်။ ထိုအရာကို သူမတို့အပေါ် ပြန်လည်၍အသုံးပြုခံရသည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မကြားဖူးပေ။

"ငါ ဘာမှမဖြစ်ဘူး..."

ဖုယီယီသည် ကျန်းရွှမ်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေပြီး သူမ၏လက်များကိုမူ အသည်းအသန် ဝှေ့ယမ်းပြနေသည်။

ဖုချင်းချင်းသည် ဖုကျင်းကျင်းကို လှမ်းကြည့်လိုက်ရာ သူမသည်လည်း မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသဖြင့် နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"သွားကြစို့"

အရိပ်အခြည်ကို နားလည်သဖြင့် စကားမပြောတော့ဘဲ သူမတို့နှစ်ယောက်သား ကြွေလွင့်ပုလဲရှိရာသို့ ခုန်ဝင်သွားကြသည်။

နောက်လိုက်ခွေးများကို အားကိုး၍မရသည့်အပြင် ဖုယီယီသည်လည်း စိတ်ရှုပ်ထွေးဖွယ်ကောင်းနေသဖြင့် သူမတို့သည် ပစ္စည်းကို အရင်ယူရန် ဆုံးဖြတ်လိုက်ကြ၏။

သူမတို့သည် လျင်မြန်စွာ ရွေ့လျားလိုက်သော်လည်း ထိုနေရာသို့ မရောက်မီမှာပင် လူရိပ်တစ်ခုက သူမတို့၏လမ်းကို ပိတ်ဆို့ထားသည်အား မြင်တွေ့လိုက်ရသည်။ ထိုလူသည် ကျန်းရွှမ်မှလွဲ၍ တခြားလူမဟုတ်ပေ။

"ဖယ်စမ်း"

ဖုချင်းချင်းက အေးစက်စက်အော်ငေါက်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

သူမသည် ကြယ်စင်မြစ်နယ်ပယ်သို့ အဆင့်တက်ထားသည်မှာ မကြာသေးသော်လည်း သူမ၏စွမ်းအားသည် မနိမ့်ကျချေ။ ဖုကျင်းကျင်းသည်လည်း အလစ်အငိုက်ဖမ်း၍ ဝင်ရောက် တိုက်ခိုက်လိုက်၏။

ညီအစ်မဖြစ်သည့်အားလျော်စွာ သူမတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်သည်။ တစ်ယောက်က ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ပြီး တစ်ယောက်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည်။ တစ်ယောက်၏တိုက်ခိုက်မှုသည် ပြင်းထန်ပြီး တစ်ယောက်က ပျော့ပြောင်းသည်။ သူမတို့၏ လက်ဝါးများသည် လိပ်ပြာများကဲ့သို့ ပျံဝံနေပေ၏။ ယန်ဆန်းရှစ်ဆန်းကဲ့သို့ ပါရမီရှင်မျိုးပင်လျှင် သူမတို့နှင့် ရုတ်တရက်ရင်ဆိုင်ရလျှင် ကမောက်ကမ ဖြစ်သွားနိုင်သည်။ ရှန်ဝူကျွင်းပင်လျှင် သူမတို့၏ပူးပေါင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရပေမည်။ သို့ရာတွင် ကျန်းရွှမ်သည် ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။ သူသည် ဘယ်လက်ဖြင့် မိုတောက်သိုင်းကွက်ကို ညာလက်ဖြင့် ဓားသိုင်းကွက်ကိုသုံးကာ တပြိုင်နက်တည်း တုံ့ပြန်လိုက်သည်။ ထိုကြောင့် သူမတို့၏ ပြင်းထန်သောတိုက်ခိုက်မှုများကို အရာမထင် ဖြစ်သွားစေခဲ့သည်။

ကျန်းရွှမ်သည် တစ်ယောက်တည်း မတ်တတ်ရပ်နေသော်လည်း သူမတို့၏ရှေ့တွင် တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက်ရှိနေပြီး သူမတို့ ကျော်လွှားနိုင်ရန် အလွန်ခက်ခဲနေသည်။

သူမတို့၏တိုက်ခိုက်မှုများ ဖရိုဖရဲဖြစ်နေစဉ်တွင် ကျန်းရွှမ်က အော်ဟစ်လိုက်သည်။

"ယင်ယင်..."

ဖုယင်ယင်က ချက်ချင်းလှုပ်ရှားလိုက်ကာ သူမသည် စကားပြောဆိုပြီး အချိန်ဖြုန်းမနေတော့ဘဲ သူမ၏ရှေ့ရှိ ကြွေလွင့်ပုလဲကို လှမ်းယူလိုက်သည်။ သူမ၏လက်ချောင်းများသည် ထိုသစ်သီးနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက်တည်း ကြွယ်ဝသောစွမ်းအားများ သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထိုစွမ်းအားများသည် သူမ၏ကျင့်ကြံဆင့် အတားအဆီးနေရာအား ထိုးဖောက်ဝင်ရောက်ရန် တိုးဝင်သွားပေ၏။

ဝုန်း....

သူမ၏အရှိန်အဝါသည် သူမ၏ခေါင်းပေါ်တွင် လှည့်ပတ်နေပြီး မရေမတွက်နိုင်သော ရင်းမြစ်စွမ်းအင်များက သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

ကြယ်စင်မြစ်နယ်ပယ်...

ဖုယင်ယင်သည် ဖုဝေ့ဝေ့ကို ညှို့ငင်ဖမ်းစားပြီးနောက် ကောင်းကင်ကံကြမ္မာ ဒုတိယအဆင့်သို့ တက်လှမ်းခဲ့သည်။ ယခုအချိန်၌ ကြွေလွင့်ပုလဲကို စုပ်ယူပြီးနောက် သူမသည် အဆင့်တက်သွားပြီး သူမ၏စွမ်းအားသည် ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည်။

"ဒါက ကြွေလွင့်ပုလဲလေ... နင်က ဒါကို ဒီအတိုင်း စုပ်ယူလိုက်တာလား..."

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဖုချင်းချင်းသည် စိတ်မထိန်းနိုင်တော့ဘဲ အံ့အားတသင့်ရေရွတ်လိုက်၏။

သူမ၏အသံကို ကြားသဖြင့် ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် ဖုချင်းချင်းကို ကြည့်လိုက်သည်။

"ဒီနည်းလမ်း မဟုတ်ရင်.... တခြားနည်းလမ်း ရှိသေးလို့လား"

"ဒါပေါ့ နင် လုပ်ရမှာက..."

ဖုချင်းချင်းသည် စကားတစ်ဝက်တစ်ပျက်သာ ပြောရသေးချိန်တွင် ဖုကျင်းကျင်းက ကြားဖြတ်ဟန့်တားလေသည်။

"ချင်းချင်း"

"ဟုတ်သားပဲ..."

ဖုချင်းချင်းက သူမ၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။

"ငါတို့နှစ်ယောက် ပူးပေါင်းပြီးတော့ ဒီကောင်ကို အရင် သတ်ရအောင်..."

ဖုကျင်းကျင်းက အံ့တင်းတင်းကြိတ်လိုက်၏။

"ကောင်းပြီလေ"

ဖုချင်းချင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူမတို့၏တိုက်ခိုက်မှုများ ပို၍လျင်မြန်လာသည်။

ကျန်းရွှမ်ပင်လျှင် တောင့်မခံနိုင်တော့ဘဲ နောက်သို့ဆုတ်ခွာလိုက်ရသည်။

သူသည် အရှိန်အဟုန်ကံကြမ္မာကို အသုံးပြုပြီး ရှန်ဝူကျွင်းကို အနိုင်ယူခဲ့ခြင်းပင်။ သူ၏အစစ်အမှန်စွမ်းအားသည် ထိုအဆင့်သို့ မရောက်သေးချေ။ ယခုချိန်၌ သူမတို့၏ ရူးသွပ်စွာ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သူသည် လျင်မြန်စွာပင် အရေးနိမ့်လာပေ၏။

ကျန်းရွှမ်၏မျက်နှာအမူအယာ သုန်မှုန်သွားပြီး ဖုယင်ယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မြန်မြန်လုပ်...."

ဖုယင်ယင်သည် အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံနိုင်ရန်အား သေချာစေလိုလျှင် ကျင့်ကြံဆင့်နှင့် ကောင်းကင်ကံကြမ္မာကို အဆင့်တက်ရုံနှင့် မလုံလောက်ချေ။ စိတ်ချရဆုံးနည်းလမ်းမှာ ဖုချင်းချင်းနှင့်ဖုကျင်းကျင်း နှစ်ယောက်လုံးကို ညှို့ငင်ဖမ်းစားလိုက်ခြင်းပင်။

ပထမအချက်မှာ ထိုညီအစ်မနှစ်ယောက်လုံးသည် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိနေကြသည်။ ဤကိစ္စ အောင်မြင်သွားလျှင် မြေခွေးညို့ငင်ကံကြမ္မာအပေါ် ဖုယင်ယင်၏နားလည်သဘောပေါက်မှုကို ပို၍နက်ရှိုင်းသွားစေပေမည်။ ဒုတိယအချက်မှာ ဖုမိသားစု ခေါင်းဆောင်၏ မြေးမများဖြစ်သဖြင့် အကယ်၍ သူမတို့ကကိုယ်တိုင် အရှုံးပေးပြီး ဖုယင်ယင်ကို ထောက်ခံကြောင်း ပြောဆိုလာလျှင် အောင်မြင်နိုင်ခြေသည် ပို၍မြင့်မားလာပေမည်။

"ကျွန်မ နားလည်ပါပြီ....."

ဖုယင်ယင်သည် ကျန်းရွှမ်၏သတိပေးမှုကို နားလည်သဘောပေါက်ပေ၏။ သူမ၏ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ပြီးနောက် ချက်ချင်းဆိုသလိုပင် မြေခွေးညို့ငင်ကံကြမ္မာကို အသက်သွင်းကာ တိုက်ပွဲဝင်နေသော မိန်းကလေးနှစ်ဦးထံသို့ ထုတ်လွှတ်လိုက်သည်။

"ငါတို့နှစ်ယောက်ကို ညှို့ငင်ဖမ်းစားရဲတယ်ပေါ့.... ဖုယင်ယင် နင်က သေချင်နေတာပဲ"

ဖုချင်းချင်းသည် ဖုယင်ယင်၏ရည်ရွယ်ချက်ကို မြင်တွေ့မိသဖြင့် အေးစက်စက်အော်ငေါက်လိုက်၏။

ဖုကျင်းကျင်းကလည်း မျက်မှောင်ကြုတ်လိုက်သည်။

"နင့်မှာ ငါတို့အပေါ် မြေခွေးညို့ငင်ကံကြမ္မာ သုံးဖို့ အရည်အချင်း မရှိဘူး... နင်က ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ ငါတို့လည်း အားနာမနေတော့ဘူး... ချင်းချင်း...သူက ကျန်းရွှမ်ကို အားကိုးနေတာ...သူ့ကို ညှို့ငင်ဖမ်းစားလိုက်....ပြီးရင် အဲ့ဒီမိန်းမ ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရအောင်"

"ကောင်းပြီလေ"

ဖုချင်းချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ဆောင်းဦးရေပြင်အလား ရီဝေသော မျက်လုံးများဖြင့် သူမနှင့်တိုက်ခိုက်နေသော လူငယ်လေးကို စူးစိုက်၍ကြည့်လိုက်သည်။

All Chapters