← Chapters

ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း

Vol. 22 Ch. 285

ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း

Vol. 22 Ch. 285

"အဲ့ဒါတွေအားလုံး ငါ့ကို ပေး..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ယခုချိန်၌ သူလုပ်ရန် လိုအပ်သည်မှာ သူ၏ မြေခွေးညို့ငင်ကံကြမ္မာစွမ်းအင်ကို အမြန်ဆုံး ဖြည့်တင်းပြီး တတိယအဆင့်သို့ မြှင့်တင်ရန်ပင်။ အကယ်၍ သူ အောင်မြင်ပါက ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် ကြိုးစားနိုင်ပေမည်။

ဓမ္မရုပ်သွင်နယ်ပယ်တွင် မြေခွေးစိမ်းသုံးကောင်နှင့် ရင်ဆိုင်ရချိန်၌ သူ လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့သည်။ မြေခွေးစိမ်းအရေအတွက် များလာပါက သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် အနည်းငယ် ခက်ခဲနိုင်သော်လည်း သူ ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိသွားပါက အရာအားလုံး လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေလိမ့်မည်။

ထိုအချိန်ကျပါက သူ ရှန်ဝူကျွင်းကို ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် ရှုံးနိမ့်တော့မည်မဟုတ်ချေ။

ထို့ကြောင့် မြေခွေးစိမ်း မည်မျှပင် များပြားစေကာမူ အရေးပါတော့မည် မဟုတ်ချေ။

...

"ကောင်းပါပြီ"

သူမတို့၏"နတ်ဘုရား" ပြောသည်ကို ကြားလိုက်ရသဖြင့် ဖုချင်းချင်းနှင့် တခြားမိန်းကလေးများသည် တွန့်ဆုတ်မနေရဲကြချေ။ သူမတို့ ယူလာသော ကံကြမ္မာပြားများကို အလျင်အမြန် ပေးလိုက်ကြသည်။ ကျန်းရွှမ် ရေတွက်ကြည့်ရာ ကံကြမ္မာချပ်ပြား ငါးဆယ်အတိအကျရှိပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ငါးသိန်းနှင့် ညီမျှသည်။ ဤသည်မှာ သူ အဆင့်ချိုးဖျက်ရန် လိုအပ်သော စွမ်းအင်ပမာဏာနှင့် အလှမ်းကွာဟနေဆဲပင်။

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

သူ၏လက်ရှိအခြေအနေအရ မြေခွေးညို့ငင်ကံကြမ္မာကို အဆင့်မြှင့်တင်ရန် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ဆယ်သန်းခန့် လိုအပ်သည်။ စွမ်းအင်တန်းငါးသိန်း ဆိုသည်မှာ ရေပုံးတစ်ပုံးထဲသို့ ရေတစ်စက် ချလိုက်သလောက်သာ ရှိသည်ဟု ယူဆနိုင်ပေ၏။

သူ၏မျက်နှာအမူအယာကို မြင်လိုက်ရသဖြင့် ဖုယီယီက အလျင်အမြန် ပြောဆိုသည်။

"သူတို့ဆီမှာ ပိုပြီးရှိလောက်တယ်...ပြောရမယ်ဆိုရင် ရှန်ဝူကျွင်းနဲ့ရှစ်ရွှယ်ချင်းတို့ပဲ.. တစ်ယောက်က သတ္တမမင်းသား...နောက်တစ်ယောက်က ခန်းမသခင်ရှစ်ရဲ့သားဆိုတော့ ကံကြမ္မာချပ်ပြား ရာဂဏန်းလောက်ကိုထုတ်ပေးနိုင်သင့်တယ် မဟုတ်လား"

"ကျွန်တော်..."

ရှန်ဝူကျွင်းနှင့်တခြားအမျိုးသားများ၏ မျက်နှာများ နီမြန်းသွားသည်။

"ဘာလဲ.. မပေးချင်ဘူးလား...မပေးဘူးဆိုရင် နင် ထွက်သွားတော့.. ငါ့ရံ့ဘေးမှာ အသုံးမကျတဲ့ လူတွေ ရှိနေဖို့ မလိုဘူး..."

ဖုယီယီက အေးစက်စက်အော်ငေါက်လိုက်သည်။

"ပေးပါ့မယ်...ငါ ပေးပါ့မယ်... ဒါဆိုရင် ရပြီမဟုတ်လား"

ရှန်ဝူကျွင်းက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။

"မင်း ပျော်မယ်ဆိုရင်....ကိုယ် ဘာမဆို ပေးပါ့မယ်"

ရှစ်ရွှယ်ချင်းလည်း အလျင်အမြန် ဝင်ရောက်ပြောဆိုသည်။

အောက်ကျို့၍ပိုးပန်းနေရသူ တစ်ယောက် အနေဖြင့် သူ၏နတ်ဘုရားမ ချစ်သူနှင့်ချိန်းတွေ့ပြီး နမ်းရှုံနိုင်ရန် ဖန်တီးပေးခြင်း အခန်းငှားပေးခြင်းမျိုးကိုပင် လိုလိုလားလား လုပ်ပေးနိုင်သဖြင့် ပစ္စည်းတချို့ ပေးရခြင်းသည် အသေးအမွှားကိစ္စတစ်ရပ်ပင်။

'ငါ့ဆီကနေ သူ ကံကြမ္မာချပ်ပြားတွေ တောင်းတာက ငါ့အတွက် ဂုဏ်ယူစရာပဲ...ဘာလို့ သူက တခြားသူတွေကို မမေးတာလဲ'

အချိန်တခဏအကြာတွင် ရှန်ဝူကျွင်း ဆုယွမ်ကျဲ့ ယန်ဆန်းရှစ်ဆန်း ရှစ်ရွှယ်ချင်းတို့ စုပေါင်းပြီး ကံကြမ္မာချပ်ပြားတစ်ထောင်ကို ရှာဖွေ စုဆောင်းနိုင်ခဲ့ကြသည်။

"ကောင်းပြီလေ... ဒီနေရာမှာ ခဏစောင့်နေကြပြီးတော့ ငါ့ကို စောင့်ရှောက်ပေးကြအုံး.."

ကံကြမ္မာချပ်ပြားများ စုပုံနေသော မြေပြင်ကို ကြည့်ရင်း ကျန်းရွှမ် ရုတ်တရက် ခံစားလိုက်ရသည်မှာ မြေခွေးညို့ငင်ကံကြမ္မာသည် သူ တွေးထင်ထားသလောက် မဆိုးလှချေ။

အကယ်၍သာ ဤမိန်းကလေးများကို အောင်မြင်စွာ ညို့ငင်ဖမ်းစားနိုင်ခြင်း မရှိသည့်အပြင် သူမတို့ကို လိုလိုလားလား အမိန့်နာခံအောင် မလုပ်နိုင်ခဲ့လျှင် သူသည် ဤမျှတိုတောင်းသော အချိန်အတွင်း၌ ယခုကဲ့သို့ များပြားသော ကံကြမ္မာချပ်ပြားများကို မည်သည့်နေရာမှ ရှာဖွေရမည်နည်း။

"ကျန်းရွှမ်... ကျွန်မ ဒီနေရာမှာနေပြီး ရှင်နဲ့ အဖော်လုပ်ပေးမယ်လေ..."

ဖုယင်ယင်က ပြောဆိုသည်။

"နင်က ဘာလို့ နေရမှာလဲ...နေသင့်တာက ငါလေ"

ဖုချင်းချင်းက ငြင်းဆန်လိုက်၏။

"ငြင်းမနေကြနဲ့ ငါက အသင့်တော်ဆုံးပဲ..."

ဖုယီယီက ဝင်ရောက်ပြောဆိုသည်။

"အပျက်မတွေ...ငါပဲ အဖော်ပြုမယ်..."

ဖုကျင်းကျင်းက ဝင်ရောက်ပြောဆိုလိုက်သည်။

မိန်းကလေးများ စတင်၍ ငြင်းခုံကြတော့သည်။

"မင်းတို့အားလုံး ထွက်သွားကြစမ်း"

ကျန်းရွှမ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

'ထားလိုက်တော့..အနာဂတ်မှာ မြေခွေးညို့ငင်ကံကြမ္မာအသုံးပြုတာကို ငါ လျှော့ချပြီးတော့ ထပ်ပြီးအဆင့်မတက်တော့ဘူး.... မိန်းမတွေက ငါ့ရဲ့တိုးတက်မှုကို နှောင့်နှေးစေနိုင်တယ်'

လူများအားလုံး လှိုဏ်ဂူထဲမှ ထွက်သွားသည်နှင့် ကျန်းရွှမ်က လေထုအတွင်းသို့ လက်ဆန့်တန်းလိုက်ရာ ကံကြမ္မာချပ်ပြားများအားလုံး ကမ္ဘာသစ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် "ဝုန်း" ခနဲမြည်သံနှင့်အတူ ထိုအရာများ ပေါက်ကွဲသွားကာ သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင် လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။

ကျန်းရွှမ်သည် စိတ်အာရုံစူးစိုက်ထားပြီး ဤစွမ်းအင်စီးကြောင်းများကို သူ့၏မြေခွေးညို့ငင်ကံကြမ္မာစွမ်းအင်မြစ်ထံသို့ တိုးဝင်သွားစေရန် ထိန်းချုပ်လိုက်၏။

ဝှစ်...

ပင့်ကူမျှင်ကဲ့သို့ ပါးလွှာသော ကံကြမ္မာစွမ်းအင်တန်းများ တိုးဝင်လာပြီးနောက် မြေခွေးညှို့ငင်ကံကြမ္မာစွမ်းအင်မြစ်သည် တဖြည်းဖြည်း ပို၍သန်မာလာပြီး ထူထပ်သိပ်သည်းလာကာ ခပ်ဖျော့ဖျော့အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။ အသက်ရှူချိန်ဆယ်ချိန်ကျော် ကြာပြီးနောက် ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းဆယ်သန်းကျော်သည် အပြည့်အဝ စုပ်ယူခံလိုက်ရသည်။

ဝုန်း....

သူ ခန့်မှန်းထားသည့်အတိုင်း စွမ်းအားအများအပြားကို စုပ်ယူပြီးနောက် သူ၏မြေခွေးညို့ဓာတ် ကံကြမ္မာသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများက သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားပေ၏။

တတိယအဆင့်...

ကံကြမ္မာအဆင့်တက်သွားချိန်၌ မရေမတွက်နိုင်သော ရင်းမြစ်စွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူးစီးဝင်လာသည်။ သူ၏ရွှမ်ကမ္ဘာသည် ထပ်မံ၍ကျယ်ပြန့်လာပြီး ယခင်က စေးပျစ်နေသော အစစ်အမှန်စွမ်းအားများသည် တဖြည်းဖြည်း အရည်ပျော်သွားကာ မိုးသည်းထန်စွာ ရွာသွန်းသည့်အလားပင်။ ထိုစွမ်းအားအရည်များသည် မရီဒါန်းများအတိုင်း စီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်ရှိ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ၌ တဖြည်းဖြည်း စုဝေးသွားကြသည်။

တချိန်တည်းမှာပင် ကျန်းရွှမ်၏မျက်လုံးများ ရုတ်တရက် နာကျင်လာပြီး ဝေးလံသောနေရာရှိ အရာဝတ္ထုများကို ပို၍ရှင်းလင်းစွာ မြင်လာရကာ သူမျက်လုံးများ ပို၍တောက်ပလာသည်။

ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ်... ဉာဏ်ပညာမျက်လုံး အဆင့်

သူ အဆင့်တက်သွားသည်နှင့် ဉာဏ်ပညာမျက်လုံးသည် အလိုအလျောက် ပေါက်ဖွားလာပေ၏။ ဤသည်မှာ ထိုးထွင်းသိမြင်မျက်လုံး လောက် အကျိုးသက်ရောက်မှုမရှိဘဲ ကောင်းကင်ကံကြမ္မာ စွမ်းအင်များကို မမြင်တွေ့နိုင်ချေ။ သို့ရာတွင် ထိုအရာသည် ရင်းမြစ်စွမ်းအင်များကို ရှင်းလင်းစွာ စူးစမ်းလေ့လာနိုင်ပြီး စွမ်းအင်ထူထပ်သော နေရာများကို လွယ်လင့်တကူ ရှာဖွေနိုင်သည်။

"ငါ မျှော်လင့်ထားတဲ့အတိုင်း ဒါက ကောင်းကင်ကံကြမ္မာနယ်မြေပဲ... ဒီမှာရှိတဲ့ ရင်းမြစ်စွမ်းအင် ထူထပ်သိပ်သည်းမှုက ပြင်ပလောကထက် အများကြီး ပိုအားကောင်းတယ်...ငါ့ရဲ့ကျင့်ကြံမှုကို တည်ငြိမ်အောင်လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

ကျန်းရွှမ်သည် ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော ထူထပ်သိပ်သည်းသည့် ရင်းမြစ်စွမ်းအင်များကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် ပြင်ပလောကထက် နှစ်ဆပို၍အားကောင်းသည်။

သူ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သဖြင့် ဤသည်မှာ သူ၏စွမ်းအားကို အပြည့်အဝ ကျစ်လစ်သိပ်သည်း စေရန် အကောင်းဆုံးအချိန်ပင်။ သူ ပို၍သန်မာအားကောင်းလေလေ ရောက်ရှိလာမည့် အကျပ်အတည်းများကို ဖြေရှင်းရန် ပို၍လွယ်ကူလေလေပင်။

သူသည် ပလ္လင်ခွေထိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်များအားလုံးကို ဖွင့်လိုက်သည်။

မူလဘူတစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မီးပြင်းဖိုသည် ရွှမ်ကမ္ဘာ၏အထက်တွင် ချက်ချင်း ထွက်ပေါ်လာပြီး ရင်းမြစ်စွမ်းအင်များကို အရူးအမူးဝါးမျိုကာ သန့်စင်သောစွမ်းအားများအဖြစ် ပြောင်းလဲပေးနေသည်။

တခြားလူများအနေနှင့် ဧကရာဇ်အဆင့်မီးပြင်းဖို ရှိနေလျှင်ပင် တစ်ရက်လျှင် ရင်းမြစ်စွမ်းအင်တစ်ထောင်ခန့်သာ အများဆုံး ဝါးမျိုချနိုင်သော်လည်း သူကမူ အကန့်အသတ်မရှိသော အရှိန်အဟုန်ဖြင့် မရပ်မနား လုပ်ဆောင်နေသည်။

အသက်ဆယ်ရှိုက်ကျော်စာ အချိန်အတွင်းမှာပင် သောင်းနှင့်ချီသော ရင်းမြစ်စွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။ သူ အလွန်လျင်မြန်စွာ ဝါးမျိုချနေသောကြောင့် သူ၏နံဘေးပတ်လည်တွင် သေးငယ်သော ရင်းမြစ်စွမ်းအင်လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာသည် ဝဲကတော့တစ်ခုနှင့် တူညီကာ ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များသည် သူ့ထံသို့ တဟုန်ထိုးတိုးဝင်လာကြ၏။

"ဘာတွေ ဖြစ်နေတာလဲ"

ရင်းမြစ်စွမ်းအင်များ ဖရိုဖရဲဖြစ်နေသည်ကို ခံစားမိသဖြင့် လှိုဏ်ဂူအဝင်ဝတွင် စောင့်နေသူများသည် အတွင်းသို့ လှမ်းကြည့်လိုက်ကြပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် မှင်သက်သွားကြသည်။

ယခုအချိန်တွင် ကျန်းရွှမ်သည် သမုဒ္ဒရာထဲမှ ချောက်နက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။ လှိုင်းထနေသော ရင်းမြစ်စွမ်းအင်များသည် မည်သည့်အတားအဆီးမျှ မရှိသည့်အလား သူ့ထံသို့ ရွေ့လျားလာပေ၏။ ထိုနေရာမှနေ၍ လေပြင်းမုန်တိုင်းတိုက်ခတ်သကဲ့သို့ ကျယ်လောင်သောအသံများ မြည်ဟီးနေကာ တုန်ခါနေသဖြင့် သူတို့၏ခြေထောက်များကိုပင် ဒယိမ်းဒယိုင်ဖြစ်သွားစေသည်။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ငါက ကျိုးယီအင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် မဟုတ်ဘူးလား"

ယန်ဆန်းရှစ်ဆန်း ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် သူ၏ပါရမီအပေါ် အမြဲတစေ ယုံကြည်မှု ရှိခဲ့ပြီး ပြိုင်ဘက်ကင်းသည်ဟု ခံစားခဲ့ရသည်။ တဖက်လူ၏ ရင်းမြစ်စွမ်းအင်ဝါးမျိုနိုင်မှုအရှိန်နှုန်းကို မြင်လိုက်ရချိန်၌ သူ ကြက်သေသေသွားသည်။

လူသားတစ်ယောက်က တကယ်ပဲ ဒီလိုကြီး လုပ်နိုင်လို့လား....

သူ့ကို မဆိုထားနှင့် ခန်းမသခင်ရှစ် သို့မဟုတ် ဂိုဏ်းခွဲသခင်ချန်ကဲ့သို့သော ထိပ်သီးကျင့်ကြံသူများပင်လျှင် ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ဤရင်းမြစ်စွမ်းအင်သန့်စင်မှု အရှိန်နှုန်းကို သူတို့အားလုံး စိတ်ကူးယဉ်ကြည့်၍ပင် မရနိုင်ပေ။

"ငါတို့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်ဖို့ တကယ်ကြီး ထိုက်တန်တယ်...သူက အရမ်းထူးချွန်တာပဲ..."

ဖုချင်းချင်း ဖုယင်ယင် ဖုကျင်းကျင်း ဖုယီယီတို့အားလုံး၏ မျက်လုံးများအတွင်းတွင် လေးစားကြည်ညိုမှုများ တပြိုင်နက်တည်း ထင်ဟပ်လာပြီး သူမတို့၏စွဲလမ်းမှု ပို၍နက်ရှိုင်းလာသည်။

ဤကဲ့သို့လူစားမျိုးကသာ သူမတို့အားလုံး တပြိုင်နက်တည်း ကြိုက်နှစ်သက်ရန် ထိုက်တန်ပေမည်။

ဖုဝေ့ဝေ့ကမူ ထိတ်လန့်တုန်လှုပ်မှု ပျက်ပြယ်သွားပြီးနောက် ဝမ်းသာပျော်ရွှင်စွာဖြင့် ဖုယင်ယင်ကို ကြည့်လိုက်သည်။

"နတ်ဘုရားမရဲ့ အမြင်က တကယ့်ကို ငါ့ထက် အများကြီး ပိုသာတာပဲ"

"မဟုတ်သေးဘူး....ဒါက..."

ကျန်းရွှမ်၏စွမ်းအင်စုပ်ယူမှုသည် အသက်ရှူချိန်အနည်းငယ်အတွင်း၌ ပြီးဆုံးမည်ဟု သူမတို့ မျှော်လင့်ထားသော်လည်း ဆယ်မိနစ်ကျော် ကြာမြင့်ပြီးသည့်တိုင် ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသေးချေ။ ဖုကျင်းကျင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ပထမဆုံး သတိထားမိပြီး မနေနိုင်တော့ဘဲ ပြောဆိုလိုက်၏။

"ဘာဖြစ်လို့လဲ"

ဖုယင်ယင် နားမလည်နိုင်စွာဖြင့် သူမကို ကြည့်လိုက်သည်။

ဖုကျင်းကျင်းက ရှင်းပြသည်။

"ဒီ မြေခွေးတစ်သောင်းကျင်းက သဘာဝအတိုင်း ရှိခဲ့တာ မဟုတ်ဘူး.... ဒါက ငါတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ကောင်းကင်ကံကြမ္မာ နယ်မြေလေ... ဒီနယ်မြေရဲ့လုပ်ဆောင်ချက်တွေက မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းရယ်.....ဖုမိသားစုဘိုးဘေးပူဇော်ပွဲတွေမှာ ဘိုးဘေးတွေကို ပူဇော်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေရယ်အပေါ်မှာ မှီခိုနေတာ... ငါတို့တွေ ပုံမှန်အတိုင်း လေ့ကျင့်တာက ကိစ္စမရှိပေမယ့် ဒီလိုမျိုး စုပ်ယူနေတာက နယ်မြေရဲ့ အခြေခံအုတ်မြစ်ကို ဝါးမျိုနေတာနဲ့ အတူတူပဲ...ငါကြောက်တာက... ဒီနေရာက တောင့်ခံနိုင်မှာ မဟုတ်ဘဲ ပြိုကျသွားမှာကိုပဲ"

"..."

ဖုယင်ယင်၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားသည်။

ယခင်က သူ ကောင်းကင်ကံကြမ္မာခန်းမကို သွားပြီးနောက် ခန်းမကြီး ပြိုကျသွားခဲ့သည် မဟုတ်လော....

အကယ်၍ စွမ်းအင်များ အကုန်အစင် စုပ်ယူခံလိုက်ရလျှင် သူမတို့မိသားစု၏ မြေခွေးညို့ငင်ကံကြမ္မာကို မည်ကဲ့သို့ ဆက်လက်၍ ထိန်းသိမ်းနိုင်မည်နည်း....

"ကောင်းကင်ကံကြမ္မာ နယ်မြေမှာ အရမ်းကြီးမားတဲ့စွမ်းအင်တွေ ရှိနေတယ်...လူတစ်ယောက်တည်းနဲ့ ပြိုကျပျက်စီးသွားဖို့ဆိုတာ ခက်ခဲမှာပါ..."

ဖုချင်းချင်းက ကြားဖြတ်ပြောဆိုလိုက်သော်လည်း သူမ၏စကား မဆုံးမီမှာပင် ရင်းမြစ်စွမ်းအင်ဝဲကတော့အတွင်းသို့ မြေခွေးစိမ်းတချို့ မျောပါသွားပြီး စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ လူငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး တိုက်ရိုက် သန့်စင်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည်။

All Chapters