← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

Chapter 223: သွေးနွယ်လိုဏ်ဂူပွင့်ရန် တစ်နှစ်အလို

ရှန်မို ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြ၏။

အခြားသူများအတွက် ထိုအလုပ်မှာ အလွန်ခက်မည် ထင်ရသော်လည်း သူ့အတွက်တော့ ရိုးရှင်းလှပါသည်။

မီးနဂါးကြီး၏ ကံကြမ္မာစနစ်ကိုကြည့်ရုံဖြင့် အဖြေကို ချက်ချင်း သိနိုင်သည်။

“ကောင်းပါပြီ ကျွန်တော် အားတဲ့အချိန် သွားလိုက်ပါမယ်”

ဝမ်မူရွှမ် ဝမ်းသာသွားပြီး

“ကောင်းတယ် ကောင်းတယ်… ဒီမှာ တိုကင်ပြား… ဒါ ဂိုဏ်းထဲမှာ (၃) ခုပဲ ရှိတယ်”

“ဒီတိုကင်ရှိမှ အစောင့်အရှောက်ရဲ့အဆောင်ကို သွားနိုင်တယ်”

ရှန်မို စိတ်ဝင်စားသွားပြီး

“နောက် (၂) ခုက ဘယ်သူ့ဆီမှာလဲ”

“ခေါင်းဆောင်နဲ့ ယဲ့ယန်လေ”

“ယဲ့ယန်လား”

ဝမ်မူရွှမ် ခေါင်းငြိမ့်ပြလိုက်ပြီး

“အဲ့ကောင်လေးက အေးစက်စက်ပုံစံနဲ့ သူ့နည်းလမ်းတွေကလည်း ရက်စက်တယ်… ဒါပေမဲ့ အစောင့်အရှောက်က ဘာလို့လဲမသိ သူ့ကိုတော့ သဘောကျပုံပဲ… ယဲ့ယန်ကို တိုကင်တစ်ခု ပေးထားဖို့ အစောင့်အရှောက်ကိုယ်တိုင် ပြောထားတာ”

ရှန်မို ခေါင်းငြိမ့်ပြ၏။

ထိုကဲ့သို့ သဘောကျနှစ်သက်ခြင်းမှာ ကံကြမ္မာရေစက်များကြောင့် ဖြစ်၏။

အရမ်းတွေးနေစရာ မရှိပါ။

သူ ထပ်မမေးဖြစ်တော့ချေ။ ဝမ်မူရွှမ်နှင့် ရှန်မိုတို့ စကားခဏ ပြောပြီးနောက် ဝမ်မူရွှမ် မြွေနဂါးတောင်မှ ခပ်သုတ်သုတ် ပြန်သွားလေ၏။

သူ့လမ်းကြောင်းအရ ကျောက်စိမ်းဂိုဏ်းသို့ မဟုတ်ဘဲ အနီးအနားရှိမြို့ကိုသွားခြင်း ဖြစ်သည်။

ရှန်မို အနောက်မှလှမ်းကြည့်ရင်း ရယ်မောမိလေသည်။

ထို့နောက် သူ့ကံကြမ္မာကိုလည်း ပြန်တွေးမိ၏။

“တကယ် ထူးခြားတဲ့သူပဲ”

“တောင်ထိပ် (၁၀) မှာ အံ့ဩစရာတွေချည်းပဲ”

သူ လုတုံရွှမ်၏ ကံကြမ္မာကိုလည်း ကြည့်ဖူးပြီး လှံဝိညာဉ်ဖြင့် မွေးဖွားသူ ဖြစ်သည်။

ရှန်မို ဆက်မတွေးတော့ဘဲ သူ့အဆောင်ဆီ ပြန်လာခဲ့သည်။

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဆုလာဘ်အမျိုးမျိုးကို ထုတ်ကြည့်၏။

အထူးအသွင်ပြောင်းဆေးရည် (၂) ပုလင်း။

သွေးစိတ်ဝိညာဉ်စေ့ (၁၀) ပေါင်။

ယင်ပုလဲ (၃) လုံး။

ထိုပစ္စည်းများဖြင့် သူ့တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။

“မိုင်ဟေးဟီ”

ရှန်မို လှမ်းခေါ်လိုက်၏။

မိုင်ဟေးဟီ ချက်ချင်း ရောက်လာကာ ဒူးတစ်ဖက်ထောက်လျက်

“အကြီးအကဲရှန် ပြောပါ”

ရှန်မိုပြုံး၍ အလုပ်သမားကဒ်ပြား လှမ်းပေးလိုက်ပြီး

“ဒီနေ့ကစပြီး ကျောက်စိမ်းဂိုဏ်းရဲ့ မြုတေဖွဲ့စည်းခြင်း အလုပ်သမား ဖြစ်သွားပြီနော်… ကောင်းကောင်း သုံးပါ”

မိုင်ဟေးဟီ ကဒ်ပြားကိုကြည့်ရင်း ခဏမှင်တက်နေပြီးမှ အလွန်ဝမ်းသာစွာဖြင့်

“ဟုတ်ကဲ့ ကျောက်စိမ်းဂိုဏ်းနဲ့ အကြီးအကဲရှန်ကို သစ္စာရှိရှိ အလုပ်အကျွေးပြုသွားပါမယ်”

ရှန်မို ကျေနပ်စွာ ကြည့်နေ၏။

“ဒီ သွေးစိတ်ဝိညာဉ်စေ့ (၂) ပေါင် ယူသွားပြီး ချက်လိုက်ပါ… ခိုးမထားနဲ့ဦးနော်”

ရှန်မို လေးခံသော အိတ်တစ်အိတ် လှမ်းပေးရင်း နောက်လေသည်။

“စိတ်ချပါ အကြီးအကဲ… ကျွန်တော် မိုင်ဟေးဟီက အဲ့လို ခိုးတဲ့အကျင့်မျိုး မရှိပါဘူး”

“ကောင်းပါပြီ သွားတော့လေ”

မိုင်ဟေးဟီ ထွက်သွားပြီးနောက် ရှန်မို ယင်ပုလဲ (၃) လုံး ထုတ်ကာ စတင်မွမ်းမံလေသည်။

သူ တစ်ရက်အတွင်း အားလုံး ပြီးမြောက်၍ သရဖူအရောင်လည်း အစိမ်းမှ အပြာသို့ ပြောင်းလဲသွား၏။

“သရဖူအင်အား ပိုတိုးအောင် နောက်ထပ် ယင်ပုလဲ (၄) လုံးလောက် လိုသေးတယ်”

ရှန်မို အားမရစွာ တောက်ခေါက်မိသည်။

သူ့ခြေတည်ဝိညာဉ်အဆင့် အသုံးပြုခြင်းမှာတော့ ပိုတိုးတက်လာပြီး (၂) ရက်တစ်ကြိမ် သုံးနိုင်လေပြီ။

သူ သက်ပြင်းချ၍ အဆောင်ထဲမှ ထွက်လာသည်။

ထိုစဉ် သွားရေကျစရာရနံ့တစ်ခု ရလိုက်၏။

သူ လှမ်းကြည့်လိုက်သောအခါ အိုးကြီးတစ်လုံး အဖုံးဖွင့်ထားသည်ကို တွေ့ရပြီး ဘေးတွင် ဟွမ်ခွမ်ရင်မှာ စိတ်မရှည်စွာ လက်လှမ်းရန် ပြင်လိုက်သည်။

သို့သော် မိုင်ဟေးဟီ ချက်ချင်း ပုတ်ချ၏။

ထ်ုအခါမှ ဟွမ်ပါရီလည်း ဆက်ဆုံးမလေသည်။

ရှန်မို့ချောင်းဟန့်သံ ကြားသောအခါ မိုင်ဟေးဟီ ချက်ချင်း အရိုအသေပေး၍

“အကြီးအကဲ သွေးစိတ်ဝိညာဉ်စေ့ပြုတ် အဆင်သင့် ဖြစ်ပါပြီ… ဘယ်တော့ စားချင်လဲ”

“အခုပဲ စားတာပေါ့… ကျွန်တော် တစ်ခါမှ ဒီဟင်း မစားဖူးဘူး”

မိုင်ဟေးဟီ သူ့အတွက် တူနှင့်ပန်းကန် လှမ်းပေးသည်။

အခြား သားကောင်များလည်း ဖမ်း၍ အရံဟင်းအဖြစ် ချက်ထားသေးသည်။

အစက ရှန်မို သူ့ကို မြွေနဂါးတောင်၌ ဝိုင်းကူရန်သာ ခေါ်ထားသော်လည်း ယခုတော့ သူ့ဆုံးဖြတ်ချက် မှန်ခဲ့မှန်း သိသာ၏။

ဟွမ်ခွမ်ရင်မှာ ကြည့်ရင်းကြည့်ရင်း စိတ်မထိန်းနိုင်အောင် ဖြစ်၍ ပါးစပ်လေး တပြင်ပြင် ဖြစ်နေသည်။

ရှန်မို သူ့နှာခေါင်းလေးကို အသာဆွဲ၍

“သူ့ကိုလည်း တစ်ပန်းကန် ပေးလိုက်ပါဦး… ကျင့်ကြံမှုတော့ အရမ်းနိမ့်သေးတော့ အများကြီး စားလို့ မဖြစ်ဘူးနော်”

ဟွမ်ပါရီမှ ချက်ချင်း ကန့်ကွက်လေသည်။

“အကြီးအကဲရယ် မဟုတ်တာ… ဒီသွေးဝိညာဉ်စေ့က ဘယ်လောက် တန်ဖိုးကြီးလိုက်လဲ… ခွမ်ရင် ဘယ်လိုလုပ် စားမှာလဲ”

ရှန်မိုပြုံး၍

“ရပါတယ်ဗျာ… ထမင်းလုံးတစ်ပန်းကန်က ဘယ်လောက် ကုန်မှာမို့လို့လဲ… ခင်ဗျားတို့လည်း ပင်ပန်းသွားပြီ… ယူစားကြပါ”

“ကျေးဇူးတင်ပါတယ် အကြီးအကဲ”

မိုင်ဟေးဟီ အလွန်ဝမ်းသာနေတော့၏။

ဤသို့ဖြင့် တစ်ပန်းကန်စီ ထည့်စားကြလေသည်။ ဟွမ်ခွမ်ရင်မှာတော့ ကလေးလက်ဝါးအရွယ်မျှသာ စား၏။

အားလုံး စားပြီးသောအခါ အားပြည့်သလို ခံစားကြရသည်။

ဟွမ်ခွမ်ရင်မှာ မျက်လုံးများပင် စင်းလာ၏။

ရှန်မိုကြည့်ရင်း ရယ်မော၍

“သူ့ကို နားဖို့ ခေါ်သွားလိုက်ပါဦး… ပြန်နိုးလာရင် မြုတေဖွဲ့စည်းခြင်းအဆင့်တောင် ရောက်နေလောက်ပြီ”

“ဟုတ်ကဲ့”

ဟွမ်ပါရီ စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။

မိုင်ဟေးဟီမှ ရုတ်တရက်

“အကြီးအကဲ သွေးနွယ်လိုဏ်ဂူ ပွင့်တော့မယ်လို့ ကြားတယ်နော်”

“သွေးစိတ်ဝိညာဉ်စေ့ ထပ်လိုချင်ရင် လိုဏ်ဂူထဲ လိုက်ဝင်ပါလား”

ရှန်မို ခေါင်းငြိမ့်ပြ၏။

လွန်ခဲ့သော (၂) ရက်က ယဲ့ယန် ကံကြမ္မာကို ကြည့်ကာ ထိုအခွင့်အရေးအား တွေ့ထားပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ ကြီးမားသော အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ။

“လိုဏ်ဂူပွင့်မယ့်အချိန် အတိအကျကို သိလား”

“သွေးနွယ်လိုဏ်ဂူက (၅) နှစ်တစ်ကြိမ်ပွင့်ပြီး တစ်ခါပွင့်ရင် (၆) လကြာတယ်”

“လောလောဆယ်တော့ တစ်နှစ်လောက် လိုသေးတယ်”

ရှန်မို ခေါင်းထပ်ငြိမ့်ပြ၏။

တစ်နှစ်ဟူသည့်အချိန်မှာ လုံလောက်သည်ထက် ပိုပါသည်။

…

ယုကျောက် အစိုးရရုံးတော်။

ဝင်ပေါက်တွင် ကျောက်ခြင်္သေ့နှစ်ကောင် ထုလုပ်ထားပြီး (၁၀) ပေနီးပါးမြင့်၍ ခမ်းနားထည်ဝါလွန်း၏။

ဂိတ်အကျော်တွင် ဆိုင်းဘုတ်တစ်ခုရှိပြီး နိုင်ငံကိုကာကွယ်ပါ၊ မိသားစုကို ကာကွယ်ပါဟု ရေးထားသည်။

ထိုနေရာကိုကျော်လျှင် ခြံလေးတစ်ခုရှိပြီး မက်မွန်ပင်များ စိုက်ကာ ရေကန်တစ်ခု၊ ကျောက်စားပွဲများဖြင့် သာယာလှ၏။

အရပ်ရှည်ရှည် အကြီးအကဲတစ်ဦးမှာ ရေကန်ဘေးတွင် ငါးများကို အစာကျွေးရင်း ထိုင်နေသည်။

မကြာမီ သက်လတ်ပိုင်းအရွယ် စစ်သူကြီး ရောက်လာပြီး

“မြို့စားမင်း ဝူရန်ယင် ပြန်ရောက်ပါပြီ”

အကြီးအကဲမှာ လှည့်မကြည့်ဘဲ

“ကောင်းပြီ ကျောက်စိမ်းဂိုဏ်းက သားကောင်ထိန်းချုပ်ရေးဌာနကို စွန့်ပစ်ပြီလား”

ဝူရန်ယင် ခေါင်းယမ်းပြ၍

“အမြဲစိမ်းတောင်နဲ့ တိမ်ဖြူတောင်ပဲ ဖယ်ရပါသေးတယ်… မြွေနဂါးတောင်က… အောင်မြင်သွားလို့ပါ”

အကြီးအကဲမှာ မျက်နှာထား တင်းသွားပြီး

“ဘယ်လို ဖြစ်တာလဲ”

“ပြောရမှာ အရှည်ကြီးပါ… ဒါပေမဲ့ အားလုံးက လူတစ်ယောက်ကြောင့် ဖြစ်လာတာချည်းပဲ”

“ဘယ်သူလဲ”

“ရှန်မိုပါ”

Chapter 224: သွေးနွယ်လိုဏ်ဂူပွင့်ခြင်း

ယုကျောက် မြို့စားမင်း ခေါင်းယမ်း၍

“ငါလည်း သူ့ကို မသိပါလား”

ဝူရန်ယင်မှ ရှန်မို့အကြောင်း အသေးစိတ် ပြောပြလိုက်သည်။

“ချင်ရှန်မြို့မှာမွေးပြီး ချင်းရွှမ်ဂိုဏ်းမှာ သင်ယူခဲ့ပါတယ်… ခြေတည်ဝိညာဉ်အဆင့် ဂုဏ်ပြုပွဲမှာ ယောက်ယွန်းလောင်ကို သတ်လိုက်တာကနေ ကျောက်စိမ်းဂိုဏ်းကို ရောက်လာပြီး အခု မြွေနဂါးတောင်မှာ အောင်မြင်မှု ရလာတာပါ”

ထိုအကြောင်းကြားသောအခါ မြို့စားမင်း၏ တည်ငြိမ်နေသော မျက်ဝန်းများ ရုတ်တရက် လှုပ်ခတ်သွား၏။

“သူကိုး”

“ရွှမ်ကျန်းဒေသမှာ ကျီရှီလုံရဲ့ အစီအစဉ်ကို လုံးဝ ဖျက်ဆီးလိုက်တဲ့သူပဲ”

“မင်းအစက ပြောတုန်းက ဒီအတိုင်း သိုင်းသမားထင်တာ… သားကောင်ထိန်းချုပ်ရေးအထိ ကျွမ်းကျင်မယ်လို့ မထင်ထားဘူး”

“ပြောရရင် ကျောက်စိမ်းဂိုဏ်းတစ်ခုလုံးမှာ ဒီနယ်ပယ်အရတော့ အတော်ဆုံးပဲပေါ့”

ဝူရန်ယင် ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“ယန်ချီယဲ့လည်း သူ့ကြောင့်ပဲ လက်လျှော့လိုက်ရတာ”

မြို့စားမင်းမှ

“ကိစ္စမရှိပါဘူး… အစီအစဉ်အတိုင်းသွားရင် ငါလည်း ပျင်းတာပေါ့”

“ယန်ချီယဲ့ဘက်က အားလုံး စီစဉ်ပြီးပြီလား”

ဝူရန်ယင် ခေါင်းငြိမ့်ပြကာ

“သူ့ကို အထူးစိတ်ဝိညာဉ်မွမ်းမံဆေး (၂) ပုလင်း ပေးထားပါတယ်… ယန်ချီယဲ့က ဉာဏ်ကောင်းတော့ ဘာဆက်လုပ်ရမလဲ နားလည်မှာပါ”

မြို့စားမင်း တည်ငြိမ်စွာဖြင့်

“ဉာဏ်ကတော့ ကောင်းပါတယ်… ဒါပေမဲ့ သူ့အတွက်သူ ကောင်းတာပါ”

“ဂိုဏ်းအတွက်ဆိုတာထက် သူ့တစ်ယောက်တည်း ရပိုင်ခွင့်တွေပဲ အရင်ကြည့်တာ”

“ကျောက်စိမ်းဂိုဏ်းကတော့ ယန်ချီယဲ့လိုလူရှိနေတာ အန္တရာယ်ပုန်းပဲ… ဒါပေမဲ့ ငါ့အတွက် အသုံးဝင်တာပေါ့”

ဝူရန်ယင် ချက်ချင်း မြှောက်ပင့်ပြော၏။

“အားလုံးအဆင်ပြေနေတာ မြို့စားမင်းရဲ့ အကြံကောင်းတွေကြောင့်ပါ”

မြို့စားမင်းမှာ သူ့စကားကို ဂရုမစိုက်ပေ။

“နတ်ဆိုးတစ်သောင်းနယ်မြေကို လူသားမျိုးနွယ်တွေ ပို့လိုက်တာ အားလုံး ဝင်ခွင့်ရပြီလား”

ဝူရန်ယင် ခေါင်းငြိမ့်ပြ၍

“သူတို့ နယ်စပ်ကို ဖြတ်တဲ့အခါ တချို့ကိုသတ်ပြီး တချို့ပဲ ပေးဝင်ဖို့ ပြောထားပြီးပါပြီ… အခု ယုကျောက်နယ်မြေထဲမှာပါ”

မြို့စားမင်း ကျေနပ်စွာ ခေါင်းငြိမ့်၍

“ကောင်းပြီ… ဒီလိုဆို ဘယ်သူမှ သံသယဝင်တော့မှာ မဟုတ်ဘူး… ဝူကျောက်ကနေ ယုကျောက်ကို အားလုံး အေးဆေး ဖြတ်နိုင်ရင် အဓိပ္ပာယ်မရှိဘူးလေ”

“ပွဲစဖို့ ထိုင်စောင့်ရုံပဲ ကျန်တာပေါ့”

သူ ပြုံး၍

“ကျောက်စိမ်းဂိုဏ်းက မီးနဂါးကြီးက အရမ်းအင်အားကြီးတာပဲနော်… နတ်ဘုရားပြောင်းလဲအဆင့် (၃) ယောက်နဲ့တောင် ယှဉ်နိုင်တယ်… သူ အသက်ရှင်နေသရွေ့ ကျောက်စိမ်းဂိုဏ်း ဘယ်လောက် အားနည်းနည်း လုံးဝ ပြိုလဲသွားမှာ မဟုတ်ဘူး”

“နောက်ပြီး သွေးနွယ်လိုဏ်ဂူထဲ ဝင်ပြီး ကျန်နေသေးတဲ့ ကောင်းကင်နွယ်ပင်ကိုယူဖို့ ပြင်နေကြတယ်… အဲ့ဒါသာ အောင်မြင်သွားရင် ဂူထဲဝင်ခဲ့တဲ့ အကြီးအကဲတွေ တော်တော် ဒုက္ခရောက်မှာ… အဲ့ဒါလည်း ကောင်းပါတယ်”

မြို့စားမင်းမှာ ရယ်မော၍ ထိုအသက်များကို ဂရုမစိုက်စွာ ပြောသည်။

ဝူရန်ယင်လည်း ရယ်လျက်

“မြို့စားမင်းရဲ့ ကျားကို ဝံပုလွေဖမ်းခိုင်းတဲ့ အစီအစဉ်က တကယ် ကောင်းတာပဲ”

“အရင်ဆုံး ယုကျောက်ရဲ့ အားအနည်းဆုံး (၃) ဂိုဏ်းကို ဖယ်ပစ်ရမယ် ပြီးမှ ဆက်လျှောက်တာပေါ့”

မြို့စားမင်း ပြုံးလျက် လက်ကျန်ငါးစာအချို့ကို ရေကန်ထဲ ပစ်ကျွေးလိုက်သည်။

“ဒါနဲ့ ကျီရှီလုံရော ဒီတစ်လော ဘယ်လိုလဲ”

ဝူရန်ယင် အသံခပ်တိုးတိုးဖြင့်

“ဒီလပိုင်းမှာတော့ နတ်ဆိုးစစ်သူကြီး (၃) ယောက်နဲ့ စစ်သည် (၁) သောင်းကျော် ရှင်းလင်းနိုင်လိို့ အမှတ်ကောင်းနေပါတယ်… ဝူကျောက်မြို့စားမင်းက သဘောကျလို့ ရွှေအဆင့် စစ်သူကြီးရာထူး တိုးပေးလိုက်ပါပြီ”

ရွှေအဆင့် စစ်သူကြီးမှာ ဝူကျောက်တွင် ဂုဏ်ယူစရာ ဖြစ်၏။

ယုကျောက်မြို့စားမင်း အားရပါးရ ရယ်မော၍

“အာ… ဒီအဘိုးကြီးက ကျီရှီလုံလောက်ရှိတာကို ပျော်နေတာပဲ”

“ဝူကျောက်ကစစ်ပွဲကို စောင့်ကြည့်ထား… နည်းနည်းမှ မလွတ်စေနဲ့”

“ဝူကျောက်အနေနဲ့ နတ်ဆိုးတစ်သောင်းနယ်မြေရဲ့ ကျူးကျော်မှုကို ခံနိုင်ရည်မရှိမှာ စိုးရိမ်မိတယ်”

“ဟုတ်ကဲ့ နားလည်ပါတယ်”

မျက်စိတစ်မှိတ်အတွင်း အချိန်တစ်နှစ် ကုန်ဆုံးသွား၏။

မြွေနဂါးတောင်၏ အကြီးဆုံးအဆောင်တွင် ရှန်မို့အရှိန်အဝါများ အပြင်းအထန် တောက်ပ၍ မီးတောက် ပေါက်ကွဲနေသလို ထင်ရသည်။

အတိုင်းအဆမဲ့ စိတ်ဝိညာဉ်စွမ်းအင်များမှာလည်း ပုံရိပ်ငယ်ထဲမှတစ်ဆင့် ခြေတည်ဝိညာဉ်ထဲသို့ စိမ့်ဝင်နေသည်။

ထိုအခါ ခြေတည်ဝိညာဉ်စွမ်းအင်များလည်း ပိုမို အားကောင်းလာ၏။

ရှန်မို လေအဝရှူသွင်းရင်း မျက်လုံးပွင့်လာသည်။

မျက်နှာမှာလည်း ပြုံးရွှင်နေ၏။

ထင်ထားသည့်အတိုင်း အထူး အသွင်ပြောင်းဆေးရည် တစ်ပုလင်းတည်းဖြင့် ခြေတည်ဝိညာဉ် အလယ်အဆင့်သို့ တက်နိုင်လေပြီ။

ကျင့်ကြံမှုမစမီလည်း သွေးစိတ်ဝိညာဉ်စေ့ကို အဝစားလေ့ရှိ၏။

ဤသို့ဖြင့် တစ်နှစ်အတွင်း ထိုသို့ တိုးတက်လာခြင်း ဖြစ်သည်။

ပုံမှန်အခြေအနေတွင် (၅) နှစ်မျှ အနည်းဆုံး အချိန်ယူရလေ၏။

“အကြီးအကဲ တောင်တန်းဂိတ်ကနေ စာလာပါတယ်… သွေးနွယ်လိုဏ်ဂူက နောက် (၂) ရက်နေရင် ပွင့်ပါပြီတဲ့”

အပြင်ဘက်မှ မိုင်ဟေးဟီအသံကို ကြားရသည်။

ရှန်မို ချက်ချင်း တံခါးဖွင့်ပေးလိုက်သောအခါ မိုင်ဟေးဟီ ဝမ်းသာအားရ ဝင်လာပြီး

“နောက်ဆုံးတော့ အခန်းပိတ်ကျင့်ကြံမှု ပြီးသွားပြီနော်”

သူ့အနောက်တွင် အခြားအစေခံအချို့လည်း ဒူးတစ်ဖက်ထောက်လျက် ရှန်မို့အား လေးစားအားကျစွာ ကြည့်နေ၏။

ရှန်မို ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြသည်။

တစ်နှစ်အတွင်း အစေခံ (၁၀) ဦးနှင့် တပည့်ပေါင်း (၁၀၀) ကျော်တို့ မြွေနဂါးတောင်တွင် အလုပ်လုပ်ရန် ရောက်လာကြသည်။

ထိုလူသစ်များကိုတော့ မိုင်ဟေးဟီနှင့် ဟွမ်ပါရီကိုသာ စီစဉ်ထိန်းသိမ်းစေ၏။

ရှန်မို တည်ငြိမ်စွာဖြင့်

“အင်း… ဒီတစ်ခေါက် သွေးနွယ်လိုဏ်ဂူကိုတော့ သွားလိုက်ဦးမယ်… မြွေနဂါးတောင်ကို အပ်ပါတယ်နော်… ပြဿနာမရှာနဲ့… တောင်ကို ထိခိုက်အောင် လုပ်တဲ့သူလည်း မရှိစေနဲ့… နားလည်ကြလား”

“နားလည်ပါတယ်… ကျွန်တော်တို့အသက်နဲ့ရင်းပြီး မြွေနဂါးတောင် မထိခိုက်အောင် စောင့်ရှောက်ပါမယ်”

မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့ ပြန်ဖြေကြ၏။

ရှန်မို ကျေနပ်စွာ ခေါင်းငြိမ့်မိသည်။

…

ကျောက်စိမ်းဂိုဏ်း၊ တောင်တန်းဂိတ်။

ယနေ့ ဂိုဏ်းထဲတွင် အရင်ထက် ပို၍ ရှုပ်ထွေးနေသည်။

ကျင့်ကြံသူများလည်း အရင်ထက် အဝင်အထွက် များနေ၏။

အကြောင်းအရင်းမှာတော့ ရှင်းပါသည်။

ယနေ့ သွေးနွယ်လိုဏ်ဂူပွင့်မည့်နေ့ ဖြစ်၏။

ထိုပွဲကြီးမှာ (၅) နှစ်တစ်ကြိမ်သာ ရှိလေသည်။

သို့သော် လိုဏ်ဂူထဲဝင်ရန် အဆင့်မြင့်အကြီးအကဲများ မပါချေ။ အထဲတွင်ရမည့် ရတနာမှာ သူတို့အတွက် အရမ်း အသုံးမဝင်လှချေ။

ထိုအချိန်တွင် အကြီးအကဲ အယောက် (၇၀) ကျော်မှာ လေ့ကျင့်ရေးကွင်းထဲတွင် စုဝေး၍ ကိုယ့်အစုနှင့်ကိုယ် စကားပြောနေကြသည်။

မကြာမီ ရှန်မိုရောက်လာကာ အားလုံး အာရုံစိုက်မိကြ၏။

သူ တမင် အာရုံစိုက်ခံရရန် ပြုလုပ်နေ၍မဟုတ်ဘဲ ငယ်ရွယ်သော အသွင်အပြင်နှင့် ဒုတိယအဆင့်အကြီးအကဲဝတ်ရုံကြောင့် ထင်ရှားနေခြင်းပင်။

အချို့မှာ လေးစား၍ အချို့မှာ အားကျသည်။ အချို့လည်း မနာလိုဝန်တိုကြလေ၏။

ရှန်မိုမှာ ထိုအကြည့်များကို ရိုးနေလေပြီ။ ခပ်တည်တည်သာ လျှောက်၍ တစ်နေရာတွင် ရပ်နေလိုက်၏။

“အာ အဆောင်သခင်ဟီရော သွားမှာလား”

“ဟုတ်ပါ့… တတိယအဆင့်အကြီးအကဲ ပါနေမှတော့ ကျွန်တော်တို့အတွက် ရတနာကျန်ပါဦးမလား”

“ဟားဟားဟား မြှောက်လွန်းနေပါပြီဗျာ… အဲ့လောက် အင်အားကြီးတာမျိုးတော့ မဟုတ်ပါဘူး… ခြေတည်ဝိညာဉ်နောက်ဆုံးအဆင့် ရောက်ရုံပါပဲ”

လူအများဝိုင်း၍ မြှောက်ပင့်နေကြသော ထိုလူမှာ ရှန်မိုကိုတွေ့ပြီး ချက်ချင်း စကားဝိုင်းထဲမှ ထွက်လာ၏။

“အကြီးအကဲရှန် မတွေ့ရတာ ကြာပြီနော်”

ဟီထျန်းချောင် စိတ်လိုလက်ရ နှုတ်ဆက်လေသည်။

Chapter 225: သွေးမြစ်နဂါးဘုရင်

ရှန်မို ဟီထျန်းချောင်ကိုကြည့်ကာ ပြန်ပြုံးပြလိုက်သည်။

“အဆောင်သခင်ဟီက ဘာလို့ ဝင်ချင်တာလဲ”

ဟီထျန်းချောင် နေရခက်စွာ ရယ်မော၍

“ရှက်တော့ ရှက်မိပါတယ်… ဒါပေမဲ့ ဒီတစ်ခေါက် ဝင်ချင်တာက ကျွန်တော့်အတွက်ပဲ ရှာဖို့ထက် ဂိုဏ်းအတွက် များများရှာပေးပြီး အမှတ်လဲချင်တာပါ”

ရှန်မို သဘောပေါက်သွား၏။

အကြီးအကဲများမှာ ၇၀% ယူ၍ ၃၀% ကို ဂိုဏ်းအတွက် ပြန်ပေးရပါသည်။ သို့သော် ဝေစုကိုပါ ဂိုဏ်းအတွက် ပေးပါက အပိုအမှတ်များ ရနိုင်၏။

“အကြီးအကဲရှန် သွေးနွယ်လိုဏ်ဂူထဲမှာ နွယ်ပင်တွေ အရမ်းကြီးထွားနေလို့ ဒီနှစ် တော်တော်လေး ဂရုစိုက်ရမယ်လို့ ပြောနေကြတယ်နော်”

“အထဲမှာ တစ်ခုခုအန္တရာယ်ကြုံရင် ပြောပါ… ကျွန်တော် ကူညီပါ့မယ်… ကျွန်တော် ဒုက္ခရောက်ရင်လည်း ပြန်ကူညီမယ်လို့ ကတိပေးနော်”

ဟီထျန်းချောင် ရယ်မော၍ စိတ်လှုပ်ရှားစွာ ဆိုသည်။

ရှန်မိုပြုံးလျက်

“ကျွန်တော်နဲ့အဆင်ပြေတဲ့သူတွေကို လက်ကမ်းပေးဖို့ ဝန်မလေးပါဘူးဗျာ”

ဟီထျန်းချောင် စိတ်အေးသွား၏။

ထို့နောက် သူ ရုတ်တရက် သတိရကာ

“ဒါနဲ့ အထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာ အပြင်ကလူတွေက သိမှာမဟုတ်ဘူး… အကြီးအကဲရှန် တချို့လူတွေကို သတိထားနော်”

ရှန်မို ခေါင်းငြိမ့်ပြသည်။

သူ ထိုအချက်ကို တွေးထားပြီး ဖြစ်ပါသည်။

ကျောက်စိမ်းဂိုဏ်းအကြီးအကဲများမှာ အလွန်များ၍ ရှုပ်ထွေး၏။

ယန်ချီယဲ့မှာလည်း သူနှင့် ရန်ငြှိုးရှိထားသည်။

သူ့ကြောင့်သာ မဟုတ်လျှင် ယန်ချီယဲ့မှာ သားကောင် ထိန်းချုပ်ရေးဌာနကို စွန့်ဖယ်၍ ယုကျောက်မြို့စားမင်း၏ အရေးပေးမှု ခံနေရလေပြီ။

“ယဲ့ယန် ရောက်လာပြီ”

ဟီထျန်းချောင် ခပ်တိုးတိုးပြော၏။

ရှန်မို လှည့်ကြည့်လိုက်သောအခါ အရင်အတိုင်း အေးစက်စက်အမူအရာဖြင့် ယဲ့ယန်ကို တွေ့ရသည်။ အနီရောင်ဝတ်ရုံကို ဝတ်ဆင်၍ ခါးတွင်ချိတ်ထားသော ဓားရှည်တို့ကြောင့် ကြက်သီးထဖွယ် အရှိန်အဝါကို ခံစားရ၏။

သူပေါ်လာသည်နှင့် အားလုံး ဦးညွှတ်ချင်လောက်အောင် ဆွဲဆောင်နိုင်သည်။

ရှန်မို သူ့ကံကြမ္မာကိုလှမ်းကြည့်ကာ ဝမ်းသာသွား၏။

ယဲ့ယန်မှာ အရင်နှစ်ကထက်ပင် အခွင့်အရေးများ တိုးလာသည်။

ယဲ့ယန် လျှောက်လာရင်း ရှန်မို့ကျေနပ်နေသော အကြည့်ကြောင့် စိတ်ရှုပ်ထွေးသွားသည်။

ဘာလဲဟ…

ဒီအကြည့်က ဘာကြီးလဲ။

ငါ ယဲ့ယန်ရဲ့ တစ်သက်လုံး ဒီလိုမျိုး အကြည့်မခံရဖူးဘူး။

သူကတော့ မကျေနပ်စွာဖြင့် ပြန်စိုက်ကြည့်နေ၏။

သို့သော် ရှန်မို သူ့ကို ဆက်မကြည့်ဘဲ တစ်ဖက်သို့ လှည့်သွားကာ တွေ့ရသော အခွင့်အရေးများကို ပြန်စဉ်းစားနေသည်။

[လတ်တလောအခွင့်အရေးများ]

[သွေးနွယ်လိုဏ်ဂူသို့ဝင်ရန် ယဲ့ယန်မှာ အစေ့နက်ကို ကျင့်ကြံ၍ ပွင့်ချပ် (၉) လွှာလသစ်ခွအဖြစ် ကျင့်ကြံနိုင်၍ ကြိုပြင်ထားမည်]

[လိုဏ်ဂူထဲတွင် သွေးနွယ်ပင်များတိုက်ခိုက်မှုကို ထိုလသစ်ခွဖြင့် ကာကွယ်၍ ဂူအဆုံးကို ပထမဆုံး ရောက်ရှိသူ ဖြစ်လာမည်]

[ဂူထဲမှ သွေးမြစ်နဂါးများကို သုတ်သင်၍ ယင်ပုလဲ (၉) လုံးနှင့် သွေးမြစ် (၆) ခုရရှိမည်]

[သွေးမြစ်နဂါးများကို ခြေရာခံလိုက်ရင်း သွေးမြစ်နဂါးဘုရင်ကို နှောင့်ယှက်မိ၍ ဒေါသတကြီး အလိုက်ခံရမည်]

[ကျောက်စိမ်းဂိုဏ်းအကြီးအကဲများ ထိုအတွက် ပျက်စီးကြမည်။ ယဲ့ယန် ထွက်ပြေးရင်း ရှန်မို၊ ရှောင်ဖန်တို့နှင့်တွေ့ကာ (၃) ယောက်ပေါင်း၍ သွေးမြစ် နဂါးဘုရင်ကို ရှင်းလင်းနိုင်မည်]

[နဂါးဘုရင်ကို ရှင်းလင်းပြီးနောက် ယဲ့ယန်နှင့် ရှောင်ဖန်တို့ပေါင်းကာ ရှန်မိုကို ပြန်တိုက်ခိုက်မည်။ ယဲ့ယန် ယင်ပုလဲ (၆) လုံးနှင့် ကောင်းကင်နွယ်ပင်ကို ရယူမည်။ ရှောင်ဖန်မှာ တောအုပ်ဓားနှင့် သွေးမြစ် (၈) ခု ယူမည်]

ရှန်မို အချက်အလက်များကိုကြည့်ကာ ကျေနပ်နေသည်။

“ဒီ ပွင့်ချပ် (၉) လွှာ လသစ်ခွပင်က တကယ့်ရတနာပဲ… ငါသာရရင် လိုဏ်ဂူထဲ မြန်မြန်ဝင်ပြီး ဘေးကင်းကင်း ပြန်ထွက်နိုင်ပြီ”

သွေးနွယ်လိုဏ်ဂူမှာ ဘူးသီးပုံစံရှိပြီး အပြင်ပိုင်းနှင့် အတွင်းပိုင်းဟူ၍ ခွဲခြားထားသည်။

အတွင်းလိုဏ်ဂူမှာ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝ၍ ရှားပါးရတနာများ ပိုပေါသည်။ သို့သော် အင်အားကြီး သွေးနွယ်ပင်များလည်း များ၏။

ရှန်မို အခြားသူများ၏ အခွင့်အရေးများကိုပါ လိုက်ကြည့်မိသည်။

သွေးမြစ်နဂါးအပြင် အခြားသားကောင်များလည်း ရှိပြီး ဒေါသကြီးကာ အချင်းချင်းတိုက်ခိုက်သည်များပင် ဖြစ်တတ်သည်။

လွန်ခဲ့သောနှစ်များက ကျောက်စိမ်းဂိုဏ်းမှ အကြီးအကဲ (၁၁) ဦးပင် သားကောင်များကြောင့် ဆုံးရှုံးခဲ့ရသည်။

သွေးမြစ်နဂါးများကြောင့် အများဆုံးဖြစ်၏။

ဘာလို့ အခုမှ ပြန်ပေါ်လာတာလဲ။

“တောအုပ်ဓားက… ကောင်းကင်ဓားကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းပဲ”

“သွေးနွယ်လိုဏ်ဂူရဲ့ အကာအကွယ်က အပြင်လူတွေ မဝင်နိုင်အောင် လုပ်ထားတာကို… ရှောင်ဖန် ဘယ်လို ဝင်လာတာလဲ… တကယ် ကံကောင်းလွန်းတဲ့ကောင်ပဲ”

ရှန်မို တောက်တစ်ချက်ခေါက်ကာ တွေးမိ၏။

ထိုစဉ် အရှိန်အဝါကြီးသော အကြီးအကဲတစ်ဦး ရောက်လာသည်။

အကြီးအကဲချုပ် ဖြစ်လေ၏။

“အားလုံးပဲ သွေးနွယ်လိုဏ်ဂူ ပွင့်ပါပြီ… ကျွန်တော့်နောက် လိုက်ခဲ့ကြပါ”

ထို့နောက် မြောက်ဘက်သို့ ပျံသွားပြီး အနောက်မှ အခြားအကြီးအကဲများလည်း ချက်ချင်း လိုက်သွားကြ၏။

သွေးနွယ်လိုဏ်ဂူမှာ ဟုန်ထိုင်းတောင်ဘက်တွင်ရှိပြီး ကျောက်စိမ်းဂိုဏ်း တောင်တန်းဂိတ်နှင့် သိပ်တော့ မဝေးလှချေ။

မကြာမီ သွေးနွယ်လိုဏ်ဂူရှေ့ ရောက်သွားကြသည်။

ဂူထဲမှ အလင်းရောင် အနည်းငယ်လက်၍ အပြင်လူမဝင်နိုင်ရန် အကာအကွယ် ချထားသည်။

ဝှစ် ဝှစ် ဝှစ်!

လူအများ သွေးနွယ်လိုဏ်ဂူဝင်ပေါက်သို့ ရောက်လာကြ၏။

All Chapters