← Chapters

အခန်း (၇+၈)

Vol. 1 Ch. 7+8

အခန်း (၇+၈)

Vol. 1 Ch. 7+8

အခန်း ၇

~

ချောင်မူနှင့် ချောင်စန်းရွှယ်တို့ လမ်းမဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် စနည်းနာရန် ရောက်နေကြ၏ ။

" ငါတို့ မြို့အရှင်ကုံးက တကယ်ကြင်နာတက်တဲ့သူပဲ.. "

လက်ဖက်ရည်ဆိုင်ထိုင်နေကြသူများက လေပန်းနေကြသည် ။

" ဒါပင်မယ့် အရှင်က သူ့သားကို အလိုလိုက်လွန်းတယ်ကွာ.. ဒါကြောင့် ခုလို ဖြစ်နေတာ.."

" အရှင်ရှိရင် သခင်လေးက ငြိမ်နေပင်မဲ့ လွန်ခဲ့တဲ့ ရက်အနည်းက မြို့အရှင် အပြင်သွားတုန်း တမြို့လုံး ပတ်ပြီး သောက်ကြမ်းလိုက်တာလွန်ရော.. "

လူတစ်ယောက်က ခါးသီးဟန်ဖြင့် ပြောလိုက်သည် ။

" မြို့အရှင် အမြန်ပြန်ရောက်လာတာ ကံကောင်းတာပဲ.. သခင်လေး ခဏတော့ ငြိမ်နေလောက်တယ်.. "

" သခင်လေး အပြင် ထွက်လာရင် လမ်းပေါ်တွေ့တဲ့သူတော့ ချောင်မှာ မဟုတ်ဘူး.. "

" ကြည့်ရတာ မြို့အရှင်ရဲ့သားက လူဆိုးထင်တယ်.. မြို့အရှင်ရဲ့ အနားကိုကပ်ဖို့ သူ့ကို အသုံးချရမယ်.. "

အနားရှိလူများ ထသွားသည်နှင့် ချောင်မူနှင့် ချောင်စန်းရွှယ်တို့ ခပ်တိုးတိုး စတင်ဆွေးနွေးကြတော့သည် ။

" မြို့အရှင်က ဝူကျိအသင်းဝင်ဆိုရင်.. သူအပြင်သွားတာက ဧကရာဇ်ကို လုပ်ကြံမယ့်ကိစ္စနဲ့ ပက်သက်နေနိုင်တယ်.. "

ချောင်မူက ခန့်မှန်းလိုက်သည် ။

" ကြည့်ရတာ မြို့အရှင်ရဲ့ သားကို အသုံးချတာ အကောင်းဆုံးဖြစ်မယ်.. "

ချောင်မူက လက်ဖက်ရည်သောက်ရင်း အတွေးထဲတွင် မျောသွားသည် ။ သူ သားသတ်သမားကျန့်ကို သတ်ခဲ့သည်မှာ တစ်ပတ်ပင် ရှိခဲ့လေပြီ ။ ယခုတစ်ပတ်အတွင် တစ်မြို့လုံး လှည့်လည် စုံစမ်းကြည့်သော်လည်း အကျိုးမထူးခဲ့ချေ ။ မြို့အရှင်၏ စံအိမ်နားတွင် ယောင်လယ်လယ် သွားလုပ်နေခဲ့သော်လည်း မြို့အရှင်နှင့် သူ့သား၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရ ။

ချောင်မူသည် တစ်ပတ်အတွင်း အသက် ၅ ကြိမ်အပြည့် ပြန်ဖြစ်သွားပြီဖြစ်၍ ဆက်လက်စွန့်စားရန် အသင့်ဖြစ်နေလေပြီ ။

ဤရက်အနည်းငယ် အတွင်း သူမည်မျှပင် ကြိုးစားနေကာမူ ချီကို မခံစားရဘဲ ခြေတစ်လှမ်းအကွာတွင် တစ်ဆို့နေ၏ ။

' ဒီရက်တွေမှာ အေးအေးဆေးဆေး နေရတာ မဆိုးပါဘူး.. အသက်လည်း ပြန်ပြည့်ပြီဆိုတော့.. တိုးတက်မှု နှေးကွေးတာက ပြသနာ မဟုတ်တော့ဘူး.. ငါ ကြိုးစားပြီး သေဖို့ အချိန်တန်ပြီ ..'

ချောင်မူက မျက်စိကို မှေးကြည့်ရင်း လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများကို အကဲခပ်နေ၏ ။ ရုတ်တရက် သူ့အမြင်အာရုံ အတွင်းသို့ အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဓားသမားလူရွယ်တစ်ယောက် ရောက်ရှိလာသည် ။

လူရွယ်ဓားသမားက အသက်သုံးဆယ်ကျော် ခန့် ထင်ရပေသည် ။ မျက်ခုံးကောင်းကောင်း စူးရှထက်မြက်ပြီး ဆွဲဆောင်မှု အပြည့်ရှိသော မျက်လုံးများနှင့် ခန့်ညားသော ဟန်ပန် ရှိပြီး သူ၏ ဘေးတွင် အသက်အရွယ်တူ လှပသော အမျိုးသမီးတစ်ယောက် နှင့် အတူတွဲ၍ လမ်းမ ပေါ်မှ လျှောက်လာကြသည် ။

" အဲ့လူနှစ်ယောက်က သာမန်မဟုတ်ဘူး.. အတွင်းအား ကျင့်စဥ်တစ်ခုခု လေ့ကျင့်ထားတာ သေချာတယ်.. "

ချောင်စန်းရွှယ်က ပြောလိုက်ပြီး...

" သူတို့နှစ်ယောက်လုံး အတွင်းအားရှိတယ့် သိုင်းသမား ဖြစ်ပင်မယ့် အဆင့်တော့ သိပ်မမြင့်သေးလောက်ဘူး.. "

ချောင်မူက မနာလိုဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး...

" အတွင်းအား ရှိတဲ့ သိုင်းသမားတွေကို မြင်ရတာ အားကျစရာပဲ.. ဟမ့် ဒါပင်မယ့် ငါလည်း သိပ်မကြာတော့ပါဘူး.. "

သူ အတွင်းအား ပိုင်ဆိုင်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည် ။

" ယန်မြို့က ထူးဆန်းတယ်နော် ..အပြင်မြို့က လူဦးရေရဲ့ ၈၀ % လောက်က အငတ်ဘေးကျပြီး ဒုက္ခသည် ဖြစ်နေပင်မယ့် အတွင်းမြို့မှာတော့ အကုန်လုံး အေးဆေးပဲ.. "

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဓားသမားက သူ့ဘေးမှ အမျိုးသမီးကို ပြောလိုက်သည် ။

" အပြင်မြို့မှာ ဆင်းရဲသားတွေ နေပြီးတော့ အတွင်းမြို့က မြို့အရှင် နေတဲ့နေရာဆိုတော့ ဘယ်သူက ပြသနာရှာရဲမှာလဲ..ဒီလိုမျိုးက မြို့တိုင်းလိုလိုပဲလေ.. ဘာများ ထူးဆန်းနေလို့လဲ.. "

အမျိုးသမီးက စိတ်မဝင်စားဟန်ဖြင့် ပြန်ဖြေလိုက်သည် ။

" ငါ့အထင်တော့ ဒီမြို့အရှင်က ခေသူ ဟုတ်ပုံမရဘူး.. "

သူတို့ စကားပြောနေစဥ် ရုတ်တရက် လမ်းမပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏ ။

ပိုးထည်ဝတ်ထားသော လူငယ်တစ်ဦးက မြင်းကို ဒုန်းဆိုင်း စီးလာပြီး သူ၏ အစေခံများက လမ်းမပေါ်ရှိ လူများကို ကြာပွတ်ဖြင့် ရိုက်ရင်း လမ်းရှင်းလာသည် ။

" သောက်အရိုင်းအစိုင်းတွေ သခင်လေးကုံး ရဲ့ လမ်းကို ဖယ်ကြစမ်း.. "

အစေခံများက အထိန်းအကွပ်မရှိကြချေ ။ လမ်းပေါ်တွင် ရှိနေသော လူကြီး ၊ လူငယ် ၊ မိန်းမ ၊ ကလေးပါ မကျန် နှင်တံဖြင့် ရိုက်ပစ်ကြ၏ ။ ကျွန်များသည် သိုင်းပညာတက်မြောက်ထားပြီး အလွန်သန်မာကြသဖြင့် သူတို့ အရိုက်ခံလိုက်ရသူတိုင်း လေပေါ်သို့ လွင့်ထွက်သွားကြသည် ။ လူအများက ကြောက်လန့်တကြား ရှောင်တိမ်းကြသဖြင့် လမ်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပေသည် ။

" မြို့အရှင်ရဲ့သားလား.. အဓိက ဇာတ်ကောင် ပေါ်လာတာပဲ.. "

ချောင်မူနှင့် ချောင်စန်းရွှယ်တို့ နှစ်ယောက်လုံး စိတ်လှုပ်ရှား သွားကြ၏ ။ သူတို့ စောင့်နေသော အခွင့်ကောင်း ပေါ်ထွက်လာချေပြီ ။

အစိမ်းရောင်ဝတ်ဓားသမား၏ ဘေးမှ အမျိုးသမီးသည် သခင်လေးကုံးအား ရွံ့ရှာဟန် စိုက်ကြည့်နေသော်လည်း ဝင်မစွက်ဖက်ချေ ။

သူမ မမျှော်လင့် ထားသည်က သူမနှင့် သခင်လေးကုံးတို့ အကြည့်ချင်း ဆုံမိသွားမည်ကိုပင် ။

" ဟိတ်ကောင်တွေ.. "

သခင်လေးကုံး၏ မျက်လုံးများ တောက်ပသွားပြီး အမိန့်ပေးလိုက်သည် ။

" အဲ့ အလှလေး သွားခေါ်စမ်း.. "

တုတ်ရှည်ကိုင်ဆောင်ထားသော ကျွန်များက အစိမ်းရောင်ဝတ်ဓားသမားထံသို့ ပြေးဝင်လာကြသည် ။

အစိမ်းရောင်ဝတ် ဓားသမားနှင့် အမျိုးသမီး တို့ ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူဖြော့သွားကြသည် ။ အမျိုးသမီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး...

" မ..မလုပ်ပါနဲ့.. "

သို့သော်လည်း ကျွန်များက သူမကို ဂရုမစိုက်ဘဲ အစိမ်းရောင်ဝတ်ဓားသမားကိုသာ ဝိုင်းရံလိုက်ပြီး...

" ဆရာလေး.. ကျုပ်တို့ သခင်လေးက စကားပြောဖို့ ဖိတ်ခိုင်းလိုက်ပါတယ်.. "

' သူပြောတဲ့ အလှလေးက ငါ့ယောကျ်ားကိုလား.. "

အမျိုးသမီးက မြင်းပေါ်တွင် ဂုဏ်ယူဟန်ဖြင့် ထိုင်နေသော သခင်လေးကုံးကို ကြည့်၍ ဆွံ့အနေ၏ ။

သူမ၏ တုံ့ပြန်မှုကြောင့် သခင်လေးကုံးက အေးစက်စက် ရယ်လိုက်ပြီး မြင်းနှင့်တံကို ဝှေ့ယမ်း၍ မထီမဲ့မြင် ကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည် ။

" ငါ သောက်မြင်အကပ်ဆုံးက ကိုယ့်ကိုကိုယ်အထင်ကြီး နေတဲ့ မိန်းမတွေပဲ.. တစ်ချက်ကြည့်မိရုံနဲ့ နင့်ခန္ဓာကိုယ်ကို ငါစိတ်ဝင်စားမယ်များ ထင်နေတာလား.. အရှက်မရှိတဲ့ဟာမ ထွက်သွားစမ်း.. "

အပြာဝတ်ဓားသမားက ဒေါသထွက်သွားပြီး တိုက်ခိုက်ရန် ဓားကို ဆွဲထုတ်လိုက်၏ ။

" အိုး .. အတွင်းအား ရှိတဲ့ အဆင့် ၉ သိုင်းသမားလေးပါလား.. "

သခင်လေးကုံးက မြင်းပေါ်မှ မဆင်းဘဲ တည်ငြိမ်စွာ ပြောလိုက်သည် ။

ထွားကြိုင်းသော ခန္ဓာကိုယ် ရှိသည့် သက်တော်စောင့် တစ်ယောက်က ဓားသမားထံသို့ ချက်ချင်း ပြေးဝင်သွားသည် ။ သူတို့နှစ်ဦးက လက်ရည် တူညီနေပေသည် ။

သခင်လေးကုံးက ခေါင်းယမ်းလိုက်ပြီး...

" မြန်မြန် လုပ်ကြစမ်း .."

သူသည် သူ၏ ဖခင်ဖြစ်သူအား ဒေါသထွက်အောင်လုပ်မိ၍ သက်တော်စောင့် အနည်းငယ်သာ ခေါ်ခွင့် ရခဲ့သည် ။ မဟုတ်ပါက အဆင့် ၉ သိုင်းသမားလေးအား ဤမျှ ကြာအောင် စကားပြောနေမည်မဟုတ်ပေ ။

" ကျန်းလန်.. ကျွန်မလာကူမယ်.. ကျွန်မတို့က ဇနီးမောင်နှံတွေပဲ သေရင် အတူသေကြမယ်.. "

အမျိုးသမီးက ဓားဆွဲထုတ်၍ တိုက်ပွဲတွင် ပါဝင်လာ၏ ။

" အေးအေးဆေးဆေး သွားခိုင်းတာ မသွားချင်မှတော့ တစ်သက်လုံး နင့်ယောကျ်ားနဲ့ အတူနေလိုက်တော့.. အကုန်တက်ကြ.. "

သခင်လေးကုံးက သက်တော်စောင့်များအား အမိန့်ပေးလိုက်သည် ။

အဆင့် ၉ သိုင်းသမားနှစ်ယောက်အပါအဝင် ကျွန်များ၏ တိုက်ခိုက်မှုကြောင့် အပြာဝတ်ဓားသမားနှင့် အမျိုးသမီးတို့ တဖြည်းဖြည်းအောက်စီးသို့ ရောက်လာကြ၏ ။

" နင်သဘောကျတယ်လို့ ပြောတာ မဟုတ်ဘူးလား.. "

အမျိုးသမီးက တိုက်ခိုက်မှုများကို ခုခံရင်း အံကြိတ်၍ ပြောလိုက်သည် ။

" ဟားဟားဟား.. ဟုတ်တယ်.. ကြိုက်တယ်လေ ဘာဖြစ်လဲ.. "

သခင်လေးကုံးက ကျယ်လောင်စွာ ရယ်လိုက်ပြီး...

" ဒါပင်မဲ့.. ငါ့အိမ်မှာ ခွေးရိုင်းသုံးကောင် မွေးထားသေးတယ်.. "

အမျိုးသမီးက ရှက်ဒေါသထွက်သွားသဖြင့် အနဲငယ် အာရုံလွတ်သွား၏ ။ သူမ လက်မောင်းတွင် ဓားတစ်ချက်ထိသွားပြီး သွေးများ စီးကြလာသည် ။

ပွဲကြည့်နေကြသော ပြည်သူများက မအံ့သြကြပေ ။ သူတို့ သခင်လေး၏ ဝါသနာအား သူတို့ သိထားကြပေသည် ။

" ဒီလင်မယားနှစ်ယောက်က သနားစရာပဲ.. အဆင့် ၉ သိုင်းသမားက မဆိုးပင်မဲ့ သခင်လေးကို ဆန့်ကျင်ရဲရင် သေမှာပေါ့.. "

" သူတို့ အရင်ထဲက ထွက်ပြေးသင့်တာ ခုတော့ ဖမ်းခံရတော့မယ်.. သူတို့က သခင်လေးကုံးကို မသိဘူးဆိုတော့ တခြားဒေသက သိုင်းသမားတွေထင်တယ်.. "

" ဆက်ကြည့်မနေနဲ့ သွားမယ်ဟ.. ငါတို့ကိုပါ ပြသနာလာရှာရင် ဒုက္ခပဲ.. "

အမျိုးသမီးသည် ပတ်ဝန်းကျင်မှ အသံများကို ကြားလျှင် စိတ်များ ယိမ်းယိုင်လာ၏ ။ သူမက အံကြိတ်၍ ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည် ။

အမျိုးသမီးသည် အယောင်ပြ တိုက်ခိုက်လိုက်ပြီး လျင်မြန်စွာ ခုန်ထွက်ကာ ကိုယ်လွတ်ရုန်း ပြေးတော့သည် ။

" ကျန်းလန်.. ရှင် သည်းခံပြီး နေလိုက်အုံး.. ကျွန်မ ဂိုဏ်းက အကြီးအကဲတွေကို အကြောင်းကြားပြီး ပြန်လာကယ်မယ်.. "

သူမ၏ အသံက အဝေးမှ လွင့်ပျံ လာသည် ။

အခန်း ၈

~

သူမသည် ထွက်ပြေးရန် ကြိုးစားသော်လည်း လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများကြား တိုးဝှေ့နေရသဖြင့် ဝေးဝေးမရောက်သေးပေ ။

" ဝမ်အာ... "

အစိမ်းရောင်ဝတ် ဓားသမားက သူ၏ ဇနီး ထွက်ပြေးသွားသဖြင့် ထိတ်လန့်သွား၏ ။ သူ သတိလွတ်သွားသဖြင့် ဒဏ်ရာ ရရှိသွားသည် ။

" ကျန်းလန်.. ကျွန်မတို့က အိမ်ထောင်သည်တွေလေ.. ရှင့်ကို ချန်မထားခဲ့ပါဘူး.. "

အမျိုးသမီးက ပြေးရင်း ပြောလိုက်၏ ။

" ရှင်အဖမ်းခံရရင် ဖြူစင်မှု ဆုံးရှုံး ရယုံတင်ပဲ ကျွန်မအဖမ်းခံရရင် ခွေးတွေနဲ့ အိပ်ရမှာ .."

" အား....ယား...."

အစိမ်းရောင်ဝတ် ဓားသမားက စကားပြန်မပြောဘဲ ဓားကို ဒေါသတကြီး ဝှေ့ယမ်း၍ တိုက်ခိုက်လိုက်သည် ။

" နင်ဘာတွေ လျောက်ပြောနေတာလဲ...နားရှက်စရာကောင်းလိုက်တာ.. "

မြင်းပေါ်မှ သခင်လေးကုံး က ရွံရှာဟန်ဖြင့် ပြောလိုက်သည် ။

" ငါ့ အိမ်က ခွေးတွေကို အစာကျွေးဖို့ အစေခံ လိုလို့ ပြောတာကို နင်ဘာတွေ တွေးနေတာလဲ.. ငါ့လို လူဆိုးတောင် နင်လောက် အတွေးမမှောင်ဘူး.. "

အမျိုးသမီး...... " .... "

သူမ ပြေးနေသည်ကို ရပ်လိုက်၏ ။ ပြန်လှည့်၍ တိုက်ခိုက် ရမည်လော ဆက်ပြေးရမည်လောကို သူမ ဝေခွဲမရတော့ ။

" ဒါပင်မဲ့ နင်ပေးတဲ့ အကြံက မဆိုးတော့ မဆိုးဘူးပဲ.. "

သခင်လေးကုံးက မေးစေ့ကို ပွတ်သပ်ရင်း ပြုံးစိစိ ပြောလိုက်ပြီး ...

" မြန်မြန် အရှုံးပေးကြစမ်း.. အိမ်ပြန်ရောက်ရင် စမ်းကြည့်ရမယ်.. "

" ခွေးကောင်.. မင်းအကြံကို ငါသိတယ်.. မင်းငါတို့ကို သောက်ခွက်ပြောင်နေတာ.. "

ဓားသမားက ဒေါသတကြီး ပြောလိုက်၏ ။ ဒေါသထွက်လွန်းသဖြင့် သူ့မျက်လုံးများ ရဲရဲနီနေသည် ။

မြင်းပေါ်မှ သခင်လေးကုံး၏ လှောင်ပြောင်သော စကားများကြောင့် သူ၏ စိတ်များ ကမောက်ကမ ဖြစ်ကုန်၏ ။

" ဟင်း.. သေအတူ ရှင်မကွာ သိုင်းလောက ဇနီးမောင်နှံတွေ ဆိုပင်မယ့် အကြပ်အတည်း ကြုံလာတော့ ကိုယ်လွတ်ရုန်း ပြေးကြတာပဲ.. "

ချောင်စန်းရွှယ်က တီးတိုး ငြီးညူလိုက်သည် ။ သူမသည် မိသားစုကြီး တစ်ခုမှ ဆင်းသက်လာသဖြင့် ဤသို့သော အကြောင်းမျိုးစုံကို ကြားဖူးပေသည် ။

" အသဲလေး.. စိတ်မဆိုးနဲ့လေ.. မင်းဘေးက လူရဲ့ စိတ်ဓာတ်အစစ်အမှန်ကို သိအောင် ကူညီပေးတာပါ.. "

သခင်လေးကုံးက ကြင်နာဟန်ဖြင့် ပြုံး၍ ပြောလိုက်သည် ။ သူ မြင်းပေါ်မှ မဆင်းဘဲ တချိန်လုံး ထိုင်ပြောနေခြင်းပင် ။

" လိုက်ကြစမ်း.. အဲ့ဟာမ မလွတ်စေနဲ့.."

သခင်းလေးကုံး အမိန့်ပေးလိုက်သဖြင့် သူ့အနားမှ သက်တော်စောင့်များက အမျိုးသမီး၏ နောက်သို့ ပြေးလိုက်သွားကြသည် ။ သူ့ပတ်ဝန်းကျင်တွင် အစောင့်နည်းနည်းသာ ကျန်တော့သည် ။

ထိုအခိုက်...

ချောင်စန်းရွှယ်သည် သူမဘေးမှ လေတစ်ချက်ဝှေ့သွားသည်ကို ခံစားမိလိုက်၏ ။ သူမ အလိုလို လက်ဖြင့် စမ်းလိုက်မိလိုက်သည်တွင် သူမဘေးမှ ချောင်မူ မရှိတော့ ။

' သူဘာလို့ ဝင်ပါရတာလဲ.. အတွင်းအား ရှိတဲ့ ဟိုနှစ်ယောက်တောင် အခြေအနေမကောင်းတာကို ..သူဝင်ပါရင် သေမှာပေါ့..'

ချောင်စန်းရွှယ် ရင်တုန်သွား၏ ။ ထိုစဥ် ဆူညံနေသော အသံများကို သူမ ကြားလိုက်ရသည် ။

အစောင့်နှစ်ယောက်ကို ကန်ထုတ်၍ မြင်းပေါ်မှ သခင်လေးကုံးကို လူတစ်ယောက်က ဝင်ဖမ်းလိုက်ခြင်းပင် ။

ရုတ်တရက်မို့ အစောင့်များ အငိုက်မိ သွား၏ ။ အစောင့်များ သတိပြန်ဝင် လာချိန်တွင် သခင်လေးကုံး၏ လည်ပင်းကို ချောင်မူက ဆုပ်ကိုင်၏ ဖမ်းချုပ်ထားသည် ။

" သခင်လေး.. "

" မင်းဘယ်သူလဲ.. "

အစောင့်များ ထိတ်လန့်သွားကြသော်လည်း ချောင်မူက သခင်လေးကုံး၏ လည်ပင်းကို ဆုပ်ကိုင်ထား၍ အနားမကပ်ရဲပေ ။ သခင်လေးကုံး တစ်ခုခုဖြစ်လျှင် သူတို့ ခေါင်းနှင့်ကိုယ် အိုးစားကွဲရချေမည် ။

သခင်လေးကုံးသည် ယန်မြို့တစ်ခုလုံးတွင် သောင်းကြမ်းနေကြ ဖြစ်သော်လည်း မည်သူမှ အန္တရာယ် မပြုရဲချေ ။ ထို့ကြောင့် အစောင့်များသည် လူဖမ်းရန်သာ အာရုံစိုက်နေကြပြီး သတိလက်လွတ် ဖြစ်သွားကြခြင်းပင် ။

" မြို့အရှင်ရဲ့သား အဖမ်းခံလိုက်ရပြီ.."

ပွဲကြည့်နေသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏ ။ သူတို့ ကျေနပ်မှုကို လျို့ဝှက်စွာ ခံစားမိသော်လည်း စိတ်မသက်မသာ ဖြစ်သည်က ပိုပေသည် ။

" သူလည်း အပြင်လူလား.. အရှင့်သားကို ဖမ်းရဲတယ်လား.. စိတ်တိုစရာကောင်းလိုက်တာ.. "

" လူငယ်တွေက မဆင်မခြင်လုပ်လွန်းတယ် .. သူက ဒီကိစ္စပြီးရင် ထွက်ပြေးလို့ရပင်မယ့် ပြသနာက ငါတို့ဘက် မြှားဦးလှည့်လာမှာဟ.. "

" ရောင်းရင်း ..ရောင်းရင်း ..စကား ပြောရအောင်.. ကျုပ်တို့ စကားပြောရအောင်.. "

သခင်လေးကုံးသည် လည်ပင်း အညှစ်ခံထားရ၍ မျက်နှာနီရဲလာ၏ ။ သူက တည်ငြိမ်အောင် ကြိုးစား၍ စကားပြောလိုက်သည် ။

" ရောင်းရင်း.. ကျုပ်က မြို့အရှင်ရဲ့ သားဆိုတာ ရောင်းရင်း မသိဘူးလား.. ယန်တစ်မြို့လုံးကို ကျုပ်တို့ ကုံးမိသားစု ပိုင်တာနော်.. "

" အဲ့တော့ ဘာဖြစ်လဲ.. "

ချောင်မူက သခင်ကုံးကို လည်ပင်းမှ မ၍ ကြက်ကလေးတစ်ကောင်လို လေပေါ်မြှောက် ထားလိုက်သည် ။

" ဒီနေရာက မြို့အရှင် စံအိမ်နဲ့ မဝေးဘူးနော်.. ကျုပ်တစ်ခုခု ဖြစ်ရင် ကျုပ်အဖေ ချက်ချင်း ရောက်လာလိမ့်မယ်.. "

ဤ ကဲ့သို့ ကောင်းသည်မျိုး ရှိသည်လော ။ ချောင်မူ၏ မျက်နှာက ဝင်းပသွားသည် ။ သူ ပျော်သွား၏ ။ ဤအခိုက်အတန့်တွင် သူ၏ စိတ်ထဲရှိ သက်ရှည်သော့က အလင်းဖျော့ဖျော့ လင်းလက်လာလေသည် ။ ယခု သေဆုံးမှု အတွက် အကဲဖြတ်ချက်က အဆင့်နိမ့်ပုံ မပေါ်ပေ ။ အစောင့်များ သတ်သည်ကို ခံရသည်ထက် မြို့အရှင်ကိုယ်တိုင် ရောက်လာပြီး သူ့အား သတ်လျှင် သေဆုံးမှု အကဲဖြတ်ချက်က ပိုမြင့်ပေတော့မည် ။

ချောင်မူက ဤသည်ကို တွေးပြီး သခင်လေးကုံး၏ ပါးကို ရိုက်လိုက်သည် ။ သူ၏ လက်မောင်း သန်မာမှုက ကီလို ၅၀၀ လောက်ရှိသဖြင့် သာမန်လူများအား ပါးရိုက်၍ သတ်ပစ်နိုင်ပေပြီ ။ ထို့ကြောင့် အားကုန်မသုံးဘဲ ထိန်း၍ ရိုက်လိုက်သည် ။

" ဖြောင်း... ဖြောင်း..."

ကျယ်လောင်ပြီး ပြတ်သားသော ပါးရိုက်သံက လမ်းမတစ်လျောက် ပဲ့တင်ထပ် သွားသည် ။

ဘယ်ပြန်ညာပြန် အရိုက်ခံလိုက်ရသဖြင့် သခင်လေးကုံး၏ ခေါင်းတစ်ခုလုံး မူးနောက်သွားပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည် ။

" သခင်လေး...."

" မင်း လုပ်ရဲလား...."

ချောင်မူက သခင်လေးကုံးကို လက်တစ်ဖက်ဖြင့် ကော်လာမှ ဆွဲကိုင်ရင်း အစောင့်များအား အမူအရာ ကင်းမဲ့စွာ ကြည့်လိုက်၏ ။

" အ..အကိုကြီး... ကျုပ်အရှုံးပေးပါတယ်... ကျုပ်တောင်းပန်ပါတယ်.. "

သခင်လေးကုံးက မျက်လုံးကို ကြိုးစားဖွင့်ပြီး တုန်တုန်ရီရီ တောင်းပန်လိုက်၏ ။ သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သွားရည်များ သွေးများနှင့် အတူ ကျိုးသွားသော သွားများပါ ထွက်ကျလာသည် ။

ချောင်မူက ဤစကားကို ကြားလျှင် ပို၍ ဒေါသထွက်လာ၏ ။

" မင်း အရှုံးပေးတာ ငါဘာလုပ်ရမှာလဲ... မင်းအဖေကို ခေါ်လိုက်စမ်း.. "

ချောင်မူက ပြောရင်းဆိုရင်း သခင်လေးကုံးအား ပါး နောက်တစ်ချက် ရိုက်လိုက်၏ ။

" ဝါး..ဝါး.. မန်မန်ဝါး... ငါ့အဘေကို ဝါးခေါ်ကြပါဟ.."

သခင်လေးကုံးက စကားပီအောင် မပြောနိုင်တော့ဘဲ အမိန့်ပေးလိုက်၏ ။ မြင်းပေါ်တွင် မောက်မာနေသော သူ၏ ဟန်ပန်မှာ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ ။

ထိုအခိုက်အတန့်တွင်...

အစိမ်းရောင်ဝတ်စုံ ဓားသမားက ဓားကို အားပြု၍ ရပ်ရင်း အသက်လုရှုနေရသည် ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဓားဒဏ်ရာ အပြည့်ဖြစ်နေ၍ နာကျင်လှလေပြီ ။ သူ့ခေါင်းကို နောက်လှည့်ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည် ။ နောက်တွင် သူ၏ ဇနီး မရှိတော့ ။ ချောင်မူ ပေါ်ထွက် လာချိန် အခွင့်သာခိုက်တွင် ထွက်ပြေးသွားလေပြီ ။

ဓားသမားက ချောင်မူကို မယုံနိုင်သည့် အကြည့်များနှင့် ပြန်လှည့်ကြည့်လိုက်သည် ။ အဆင့် ၉ သိုင်းသမားနှစ်ယောက် ချောင်ပိတ်အရိုက်ခံ နေရချိန်တွင် အတွင်းအား မရှိသည့် လူငယ်လေးက ဝင်၍ တိုက်ခိုက်ရဲပါသည်လော ။ အမှန်တကယ် အောင်မြင်ခဲ့ပါသည်လော ။

သူ၏ သေအတူရှင်မကွာ လက်တွဲဖော်က စွန့်ပစ်သွားခဲ့သော်လည်း လူစိမ်းတစ်ယောက်က အသက်ကို ပဓာန မထားဘဲ သူ့ကို ဝင်ကူညီခဲ့သည်လော ။ သူ အတွေးများ ရှုပ်ရှက်ခက် သွားစဥ် သူ၏ မျက်လုံးများက လမ်းမပေါ်သို့ ရုတ်တရက် ကြည့်လိုက်မိ၏ ။

" ခွပ်...ခွပ်...ခွပ်..."

ကျယ်လောင်သော မြင်းခွာသံ များက အဝေးမှ တဖြည်းဖြည်း နီးလာသည် ။

သူ၏ အမြင်ထဲသို့ အင်အားတစ်ရာကျော်သည့် မြင်းစီးစစ်သည်များ ပေါ်ထွက်လာ၏ ။ ဒုန်းစိုင်း စီးလာကြသော်လည်း ဖရိုဖရဲ မဖြစ်ဘဲ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည် ။ မြေပြင်တစ်ခုလုံး ငလျင်လှုပ် သကဲ့သို့ တုန်ခါနေသည် ။

ဤကဲ့သော ကြီးမားသော မြင်ကွင်းနှင့် တင်းမာစွာ ချီတက်လာသူက ယန်မြို့၏ မြို့အရှင်ဖြစ်သူ ကုံးယန်ပင် ဖြစ်လေတော့သည် ။

All Chapters